ကျောက်စိမ်းဆေးဆိုးကျောက်အကြောင်း သိကောင်းစရာ အချို့....
ဆေးဆိုးကျောက်ပြုလုပ်နည်း ( မှတ်ချက် ... ဗဟုသုတအတွက်သာ )
*****************************
၁။ အသားကောင်း ကြည်လင်ပြီး အပြစ်အနာကင်းသောကျောက်ကို ပထမဦးဆုံး ရွှေးချယ်ရသည်။
၂။ ရွှေးချယ်ထားသောကျောက်စိမ်းကို သံဇကာပေါ်တွင်တင်ကာ ၄င်းသံဇကာကို မီးသွေးမီးဖိုပေါ်တင်ပြီး အပူပေးရသည်။
၃။ အပူပေးပြီးနောက် အချိန်အတော်ကြာအောင် အအေးခံရသည်။
၎။ ၄င်းကျောက်အေးသွားသောအခါ အသင့်ဖေါ်စပ်ထားသော ဆိုးဆေးရည်တွင် ၄၈ နာရီခန့် ကြာအောင်စိမ်ထားရသည်။
၅။ ဆိုးဆေးရည်ထဲမှ ဆယ်ယူပြီးနောက်အရက်ပျံနှင့်ဆေးကာ အ၀တ်သန့်သန့်နှင့်သုတ်ပြီး ခြောက်သွေ့ စေရသည်။
၆။ ကျောက်ခြောက်သွားသောအခါ ပွက်ပွက်ဆူနေသောဖယောင်ရည်ထဲတွင် ခဏကြာမျှနှစ်စိမ်ပြီး ဆယ်ယူကာနူးညံသောအ၀တ်စဖြင့် ပွတ်တိုက်သန့် စင်ရသည်။
ဆိုးဆေးစပ်နည်း
*****************
အ၀တ်အထည်များ ၊ ချည်ထည်ချည်မျှင်များ ဆိုးသောဆိုးဆေးကဲ့သို့ အက်ဆစ်ကိုအခြေပြုသော ဆိုးဆေးကိုအသုံးပြုရသည်။
အသုံးပြုသောအရောင်မှာ - အ၀ါ နှင့် အပြာဖြစ်သည်။
အ၀ါ = ဗြိတိသျှဆိုးဆေး company ကထူတ်လုပ်သော No.62 (Metallic Yellow)
အပြာ = နေဗီတံဆိပ် ပထမတန်းစား ဆိုးဆေး
စပ်ပုံစပ်နည်း
အပြား အ၀ါ = ၁း ၃
ထို့ နောက် မိမိစိတ်ကြိုက်အရာင်ကို ထပ်မံပြီး ညှိယူရသည်။
https://www.facebook.com/aungsiamjewelleryshop
ဆေးဆိုးကျောက်စိမ်းကို စစ်ဆေးနည်း
**************************************
၁။ ချယ်ဆီးအရောင်စစ်ကိရိယာ (Chealsea Filter) ဖြင့်ကြည့်လျှင် အနီရောင် (သို့ ) ပန်းရောင်ပြောင်းသွားသည်။ ကျောက်စိမ်းအစစ်ဆိုလျှင်အရောင်မပြောင်းပါ။
၂။ လက်ကိုင်မှန်ဘီးလူး (Hand Lens) ဖြင့်စစ်ဆေးလျှင် ကျောက်၏ အက်ကြောင်များထဲတွင် ဆိုးဆေးအစအနကလေးများတွေ့ ရသည်။
၃။ ဆီပူပူထဲတွက်နှစ်ပြီးကြော်လိုက်လျှင် ဆေးဆိုးထားသော အစိမ်းရောင်သည် ကျွတ်သွားလေသည်။
၎။ ဘော်စားငရဲမီး (Nitric Acid) အပြင်းစားဖြင့်တို့ကြည့်ပါက ဆေးဆိုးထားသော အစိမ်းရောင်သည် ကျွတ်သွားသည်။
၅။ စပက်ထရိုကုတ် (Spectro Scope) ခေါ်ရောင်စဉ်ကြည့်ကရိယာဖြင့်စစ်ဆေးလျှင် အနီရောင်ဒေသတွင် မကြည်လင်မပြတ်သားသော ခပ်ဝါးဝါး စုပ်ယူရောင်စဉ်ကြီးကိုတွေ့ ရသည်။
၆။ ဆေးဆိုးထားသောကျောက်စိမ်းသည် သဘာဝ ကျောက်စိမ်းအစစ်၏ အရည်နှင့် နိုင်ယှဉ်လျှင် နဲနဲပိုပြီး ၀ါတတ်သည် သို့  ပြာ တတ်သည်။
၇။ မတန်တစဈေးနှင့် လျှော့ရောင်းတတ်သည်။
၈။ အက်စစ်စိမ်ပြီးပြုလုပ်ထားသော ဆေးဆိုးကျောက်ဖြစ်ပါက အသေအချာနမ်းကြည့်လျှင် အစ်ဆစ်အချဉ်နံ့ ရတတ်သည်။
၉။ ဆေးဆိုးကျောက်သည် အချိန်ကြာလျှင်အရာင်လွင့်သွားတတ်သည်။
မှတ်ချက်
*********
အကြမ်းဖျင်းကတော့ A jade ကတော့ ဘာမှ မပြုပြင်ထားတဲ့ သဘာဝ ကျောက်စိမ်းပါ။
B ကတော့ Bleach ( chemical) နဲ့ဆေးထားတယ်လို့ဆိုပါတယ်။
ဒီအထိက ဟောင်ကောင်နဲ့အမေရိက သတ်မှတ်ချက်တူပါတယ်။
အာရှက C jade က အရောင်ဆိုးတာပါ ။
အမေရိက ဘက်ကတော့ C jade ကအရောင်လှအောင်ဆိုးပြီး ,Polymer သွင်းထား တယ်လို့ ဆိုပါတယ်။
အရောင်ဆိုးတာသက်သက်ကို D လို့ပြောပါတယ်။
အာရှကတော့ B,C နှစ်မျိုးမှာ Polymer သွင်းထားရင်B+ Polymer
C+Polymer လို့ခေါ်ကြပါတယ်။
အာရှမှာ Chemical နဲ့ဆေးပြီး, Polymer သွင်းပြီး အရောင်ဆိုးထား
ရင် B+ C Jade လို့ခေါ်ပါတယ်။
မိမိမှတ်သားမိသော စာစုများမှ ပြန်လည် ဗဟုတုသ မျှဝေပေးလိုက်ပါတယ်။
ထပ်မံဖြည့်စွက်လိုသည်များ ဖြည့်စွက်ပေးကြခြင်းဖြင့် ကျောက်မျက်အသိပညာ
တိုးပွားလာမည်လို့ မိမိခံယူထားပါတယ် ခင်ဗျာ.....
No comments:
Post a Comment