" ၆ လအတွင်း ရင်သွေးမယူကြရန် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူပြော "
ကိုယ်ဝန်ယူရန် ပြင်ဆင်ထားသူများ ခြောက်လအတွင်း ကိုယ်ဝန်မယူရန် ကျန်းမာရေးဦးစီးဌာန၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက မြန်မာနိုင်ငံတွင် ဇီကာရောဂါလက္ခဏာ စတွေ့ကြောင့်း  ကြေငြာအပြီး ယနေ့( အောက်တိုဘာ ၂၈ရက် )တွင် နေပြည်တော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
''ကျွန်တော်ခုပြောချင်တာက တိုင်းပြည်မှာ ဇီကာ ဗိုင်းရပ်စ်ရှိပြီ။ ကျွန်တော်အဓိကပြောလိုတာက တော့ ရန်ကုန်တိုင်းပေါ့။ ခြင်ကြားတွေအပေါက်များ တဲ့ သွေးလွန်တုပ်ကွေးတွေအဖြစ်များတဲ့ နေရာတွေမှာရှိတဲ့ နောက်ကိုယ်ဝန်ယူဖို့အတွက် ပြင်ဆင် ထားတဲ့လူတွေ တတ်နိုင်သလောက် ဒီရက်ထဲမှာ တတ်နိုင်ရင် နောက်ထပ် (၆) လလောက်အတွင်းမှာ ကိုယ်ဝန်မယူဖို့အတွက် ပြင်ဆင်ထားရမယ်။ လက်ရှိ ကိုယ်ဝန်ရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ လည်း ခြင်ကြားအကိုက်မခံရအောင် ပိုမိုဂရုစိုက်ပြီး နေရမယ် "ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်ထိ လူနာသစ်မတွေ့ရှိသေးသော်လည်း ကိုယ်ဝန်ဆောင်များကို မြို့နယ်တိုင်းတွင် ခေါ်ယူ၍ မိမိကိုယ်ကို ကာကွယ်နည်းများ ပညာပေးနေကြောင်း သိရသည်။
(၇၃) နိုင်ငံမြောက် ဇီကာကူးစက်ခံရသည့်  မြန်မာနိုင်ငံအနေဖြင့် ခြင်ကျားနှိမ်နင်းရေးကို အဓိကထား ဆောင်ရွက်နေပြီး ရောဂါဖြစ်ပွားနိုင်မှု အများဆုံးတိုင်းဒေသကြီး အဖြစ် နိုင်ငံတကာခရီးသည်များ အများဆုံးဝင်ထွက်သွားလာနေသည့် ရန်ကုန်တိုင်းဒေသကြီးကို သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် ရောဂါတွေ့ရှိသော လူနာသည် ဧရာဝတီတိုင်း ဘက်သို့ သွားရောက်ထားသည့်အတွက် သွားခဲ့သော နေရာအသေးစိတ်ကို မှတ်၍ လူနာရှာဖွေရေး လုပ်ငန်းများနှင့် ပိုးလောက်လမ်း ခြင်ကြားနှိမ်နင်းရေးများ ဆောင်ရွက်နေကြောင်း သိရသည်။
(ဒေါက်တာစိုးလွင်ငြိမ်း)
No comments:
Post a Comment