Friday, January 24, 2014

မော်လူး ဒေသ အတွင်း ထူးခြား ဖြစ်စဉ် သတင်းထူး ပို့လိုသူများအား ကြိုဆိုပါတယ်

မော်လူး ဒေသ နှင့် သက်ဆိုင်သော  ဆောင်းပါးများ

ကဗျာ များ

ကာတွန်းများ


မိမိ ခံစားချက် ပေါက်ကွဲသံစဉ်များ

သတင်းပို့လိုသော်လည်း စာမရိုက်တတ်သူများ အတွက်
မိမိရေးသားလိုသော အကြောင်းအရာများကို
စာရွက်ပေါ်တွင် ရေးပြီး ဓါတ်ပုံ ရိုက်ကာ
သက်ဆိုင်ရာ ဓါတ်ပုံ နှင့်အတူ ပေးပို့ နိုင်
ပါသည်

သတင်းစာသားများတွင် ပုဂ္ဂိုလ်ရေး ထိခိုက်နိုင်သော စာသားများကို ချန်လပ်ထားပါမည်

mawluuvillagers@gmail.com  သို့

အင်တာနက် မှတဆင့် ပေးပို့နိုင်ပါသည်

အားလုံးအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
   
                           MAWLUNEWS
                           ***************


အင်တာနက် မှ တဆင့် ပေးပိုခဲ့သော မော်လူသားတစ်ဦးရဲ့ ရင်ဖွင့်သံ


မော်လူးဒေသ  မျိုးဆက်သစ် လူငယ်တွေလမ်းမှားမရောက်ဘို့ တားဆီးရမဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်  အင်းတော်မြို့နယ် မော်လူးဒေသဟာ ကချင်ပြည်နယ် နှင့် နယ်နိမိတ်ချင်း နီးစပ်နေတာမို့ မူးယစ်ဆေးဝါး တွေ ဟာ အရမ်းကို စိမ့်ဝင်ရောက်ရှိလာပြီး လူငယ်တွေကြားမှာခေတ်စားလာပါတယ် မူးယစ်ဆေးဝါး တွေကို အခုအရမ်းခေတ်မီ လာပါပြီ ရွေ့လျား စနစ်ရောင်းဝယ်ဖေါက်ကား လာကြပါတယ် သူတို့ရဲ့ နေရာတွေကတော့ ခြုံကောင်းရင် သူတို့နေရာ ပွဲတွေလမ်းဆိုတာသူတို့နေရာ လူရောက်နည်းတဲ့ သင်္ချိုင်းကုန်းဟာ သူတို့နေရာ ဆက်သွယ်မှုကတော့ အရမ်းကောင်း နေတဲ့မူးယစ်ရာဇာတို့ တစ်စထက်တစ်စ အတင့်ရဲလာနေကြတာကို အသိပညာ  ပေးဟောပြောပွဲတွေကို လုပ်ခွင့်မပေးဘူး အဲဒီလိုဆိုတော့ မော်လူးဒေသဟာ မကြာခင်ကာလမှာ အဖြူရောင်နယ်မြေ ဖြစ်မှာ သေချာနေပါပြီ ဘယ်လိုပဲဖြစ် မူးယစ်ဆေးဝါး အလွန်ပေါများနေသော်လည်း မူးယစ်ဆေးဝါး မသုံးစွဲသေးသော လူငယ်များ လမ်းမှားမရောက်စေချင်ပါ ကျနော်တို့ စဥ့်ခိုးရွာ မှာ နံပါတ်ဖိုး ခေါ် မူးယစ်ဆေးဝါးသုံးစွဲကြသူ များပေမယ့် မူးယစ်ဆေးဝါး မသုံးစွဲ အားကစား နဲ့ ကြိုးစားနေတဲ့ လူငယ်တွေလည်း ရှိပါတယ်။၂၀၁၃ခုနှစ် ဆီးဂိမ်းအကြိုဘော့လုံးပြိုင်ပွဲမှာ ဒုတိယဆုရအောင်ကြိုးစားခဲ့တာ သာဓကပဲလေ။ အဲဒါကြောင့်မို့ ကျနော်တို့ လူငယ်တွေလို အားကစားစိတ်ဓါတ် အပြည့် နဲ့ အဖြူရောင်လွမ်း နေတဲ့ မော်လူးဒေသ မူးယစ်ဆေးဝါး ကို တိုက်ဖျက်ကြဖို့ ကြိုးစားကြပါလို့ တိုက်တွန်း လိုက်ရပါတယ်









Tuesday, January 21, 2014

၅၀၀၀ ကျပ်တန်ဆင်းကဒ် နှင့် မော်လူးဒေသခံများ

မော်လူး ၅ဝဝဝိ/ တန်ဖုန်း ခေတ်စားနေသည်

ဘယ် ကုမ္ပဏီ မှ ထုတ်လုပ်ဖြန့်ဖြူးမည့် ဆင်းကဒ် တော့ မသိပါ

မော်လူး ဒေသသားတွေကတော့ ကြော်ငြာကို သဘောကျပြီး
ငွေ ၅ဝဝဝ ကျပ် ကို ရင်းနှီး လိုက်ကြပါပြီ

ရမည် မရမည်တော့ မသိသေးပါ

အချိန်အတိုင်းအတာ တစ်ခု တော့ စောင့်ရမှာ သေချာပါတယ်

ဖုန်းလျှောက်ခြင်းကို လက်ခံသည့် သူများအတွက်တော့
လျှောက်ထားသူ တစ်ဦးလျှင် ၅ဝဝဝိ/
လျှောက်ထားသူ ဦးရေ တစ်သောင်းရှိခဲ့လျှင်
ကျပ်သိန်းပေါင်း ငါးရာ ရရှိသွားမည်မှာ တော့ အသေအချာပါ ...

နိုင်ငံတော်က ဖုန်းချပေးချိန်တွင် ၁၅ဝဝိ/ ဖြစ်သဖြင့်
နိုင်ငံတော်မှ ဖုန်းချပေးသောအချိန်အခါမှ ရရှိခဲ့လျှင့်တော့

လျှောက်လွှာ လက်ခံသည့်သူများအနေဖြင့် ဖုန်းတစ်ကဒ်လျှင်
၃၅ဝဝိ/ အမြတ်ရရှိနိုင်ပါသည်။
ထို့ကြောင့် ဖုန်းကဒ် တစ်သောင်း တွင်
မြန်မာကျပ်ငွေ သိန်း ၃၅၀ ကျပ် အမြတ်ရရှိမည်မှာ ဧကန်မုချပင်။

အဲ့ဒါကြောင့် ၅ဝဝဝိ/ နှင့် ဖုန်းလျှောက်ထားသူများမှာလည်း
အမှန်ဧကန်ပင် ဖုန်းကဒ် ရနိုင်လိမ့်ဖြစ်နိုင်ပါကြောင်း တွေးတောမိပါ၏....

     မော်လူးသတင်း မှ ယူဆချက်ပါ





Saturday, January 18, 2014

မြတ်ပါရမီ ပညာရေး ဖောင်ဒေးရှင်း အစည်းအဝေး

မော်လူးဒေသ၏
တစ်ခုတည်းသော ဂုဏ်ယူဖွယ်

မြတ်ပါရမီ ပညာရေးဖေါင်ဒေးရှင်း၏
အသင်း တစ်နှစ်ပြည့် အထိမ်းအမှတ် နှင့်
သင်းလုံးကျွတ်အစည်းအဝေးပွဲကို

၁၉.၁.၂၀၁၄
နေ့လည် (၁၁)နာရီ
မော်လူး အ.ထ.က သရဖီခန်းမတွင်
ကျင်းပပါမည်။

အလှူရှင်များ အားလုံး တက်ရောက်နိုင်ကြရန်
အသိပေး နှိုးဆော် ပေးကြပါအုန်း.....


မြတ်ပါရမီ
*******
အလှထူးသည်
ရှုမငြီးဖွယ်၊ တောင်စဉ်သွယ်နှင့်
ကွေ့ဝိုက်ဝန်းကာ၊ လှမြေချာမှာ
မိမိမွေးအပ်၊ ဇာတိရပ်မို့
ကျေးဇူးဆပ်မည်၊ စိတ်ကရည်သည်
ကြည်ရွှင်နှလုံးတပြုံးပြုံး။

ဖေးမကြသည်
တို့ရပ်တို့ရွာ၊ တို့မြေသာမှာ
ပညာလင်းရောက်၊ ထွန်းတောက်ပြောင်လည်း
တောက်ရန်ဆီမီး ချို့တဲ့သည်မို့
ကူညီဖြည့်စွက်၊ ဆီတစ်စက်ကို
စုကာပေါင်းရုံးတအုန်းအုန်း။

မြတ်ပါရမီ
အသင်းစုသည်၊ ဖေးကူညီခဲ့
မရှိနွမ်းပါး၊ လူချွန်များကို
ကြယ်စင်လမင်း၊ နေတစ်စင်းသို့
ထွန်းလင်းပါစေ၊ ပညာတွေနှင့်
တောင်မည့်မီးလုံး တဟုန်းဟုန်း။

                      (မင်းသန့်စင်)

                                           







Thursday, January 16, 2014

မော်လူး ဘောလုံးကွင် မြောက်ဘက် ဈေးတိုက်တန်းဖွင့်ရန်ပြင်ဆင်

မော်လူး ဘောလုံးကွင်းမြောက်ဘက်ခြမ်း  လျှပ်စစ်ရုံး မျက်နှာစာရှေ့ တွင် လူနေနိုင်
သော တိုက်ခန်း

တစ်ခန်းလျှင်  ကျပ်သိန်း ၄၀  ဖြင့်
ရောင်းချမည် ဖြစ်ကြောင်း

အလိုရှိသူများ  စာရင်းပေးသွင်း နိုင်ကြောင်း

မော်လူး အုပ်ချူပ်ရေးမှူး ရုံးတွင်

ကြေငြာချက်  ကပ်ထားပါကြောင်း






မော်လူး ဒေသ သားများအတွက် သတင်းကောင်း

မြန်မာ့ ဆက်သွယ်ရေး

မော်လူး စာတိုက်တွင်

fax  လက်ခံခြင်း   ပေးပို့ခြင်းများ  လုပ်ဆောင်နိုင်ပြီ

အေ ဝး ရောက်နေသော ဆွေမျိုးသားချင်းများ
ထံသို့
ပုံစံ  ၁၀  ပေးပို့ခြင်း   မှတ်ပုံတင်မိတ်တူ ပေး
ပို့ခြင်းများ  လွယ်ကူစွာ ပြုလုပ်နိုင်ပါပြီ



Tuesday, January 14, 2014

စာအုပ်လှူဒါန်း

မော်လူး သုတ ဥယျာဉ် စာကြည့်တိုက်သို့

စာအုပ်များ လှူဒါန်းခြင်း အခမ်း အနား

မော်လူး ကျေးရွာ အုပ်ချုပ် ရေးမှူး ရုံးတွင်

14.1.2014  ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ရာ

အလှူရှင်မိသားစုဝင်များနှင့်  စာကြည့်တိုက်မှ
တာဝန်ရှိသူများ အုပ်ချုပ်ရေး အဖွဲ့ဝင်များ

တက်ခဲ့ကြောင်း ကြားသိ


ပျောက်ဆုံးကလေး နှစ်ဦး မှ ကလေးငယ် တစ်ယောက် ပြန်ရောက်နေပြီ

ကလေး သူခိုး လက်ထဲ မှ မော်လူး ဒေသ မှ ကလေးငယ်တစ်ဦး လွတ်မြောက်ခဲ့ပြီ

ယခုအခါ ကလေးငယ်မှာ မိခင် နှင့် အတူ ပျော်ရွှင် နွေးထွေးစွာ နေနိုင်ခဲ့သော်လည်း

ဖမ်းသွားတဲ့ ကလေး ဆိုပြီး ကြီးပြီ ထင် နေကြသလား

ဓါတ်ပုံမှာ ကြည့် လိုက်ပါ
မိခင်နှင့်အတူ ပျော်ရွှင်နေသော မောင်ကံကောင်း
လေးပါ

မိမိ ရင်သွေးငယ် ကလေး ကျောင်းသားသူအရွယ် မှ အစ အထူးသတိထား
စောင့်ရှောက်ရန် လိုအပ်ပါကြောင်း


Monday, January 13, 2014

ဒီပင်္ကရာပဌာန်းပူဇော်ပွဲညဘက်မြင်ကွင်း

ညဘက် ပဌာန်းပွဲမရောက် ဖြစ်သူများ
အတွက်

ဒီပင်္ကရာမဟာစေတီအား ကြည်ညို ပူဇော်
နိုင်စေရန်




Saturday, January 11, 2014

မော်လူး ကျေးရွာ ရှုခင်းသာ

ဒီနေရာလေးကို သိသလား  မသိသေးရင် သွားရှာ လိုက်ပါ


Tuesday, January 7, 2014

မော်လူး တိုက်နယ် ဆေးရုံ ဆက်လက်တိုးတက်ရန် အစည်းအဝေးကျင်းပ

7.1.2013  ရက်နေ့ က  မော်လူး ဆေးရုံး တွင် ကျေးရွာ အတွင်း ဆေးရုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ


သက်ဆိုင်အဖွဲ့အစည်းမှ တာဝန်ရှိသူများ

အလှူရှင်များ တက်ရောက်ဆွေးနွေး တိုင်ပင်ခဲ့သည်ဟုဆို



ပြည်သူ့လွတ်ကိုယ်စားလှယ် ဦးကျော်နိုင်ဌေး မော်လူးဒေသတွင် ဒေသခံများနှင့်ဆုံတွေ့


  စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ ရှိကျေးလက်ဒေသဖွံ့ဖြိုး
ရေးလုပ်ငန်းများကို ဇန်န၀ါရီလ ၇ ရက် နေ့ ၂ နာရီအချိန်က ကုန်းခါးအုပ်စု၊ လေဘိုရွာ ဘုန်းတော်
ကြီးကျောင်းဇရပ်တွင် ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်းသိရသည်
  အင်းတော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးကျော်နိုင်ဌေး ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးချစ်ဆွေ နှင့် အဖွဲ့သည် ဇန်န၀ါရီလ ၆ ရက်တွင်
ကုန်းခါကျေးရွာအုပ်စုအတွင်းရှိ ညောင်ပင်ဆိပ်ရွာ၊ နောင်ကွတ်ရွာ၊ ညောင်ကုန်းရွာ ကျေးရွာသူကျေးရွာ
သားများနှင့်လည်းကောင်း ဇန်န၀ါရီ ၇ရက်နေ့တွင် နမီးကျေးရွာအုပ်စု ကွင်းငို့ရွာ၊ လေဘိုရွာ ကျေးရွာ
သူကျေးရွာသားများနှင့်လည်းကောင်း ကျေးရွာတွင်းလိုသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
အခြေခံဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ လုပ်ငန်းအတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခြင်းများ
ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်



Monday, January 6, 2014

မော်လူး ဒေသ ကိုးတိုက် နယ်ဒီပင်္ကရာမဟာစေတီ တော် မဟာပဌာန်းပွဲ

မော်လူးဒေသကိုးတိုက်နယ် ဒီပင်္ကရာမဟာမဟာစေတီတော်
၃၅ ကြိမ်မြောက် မဟာပဋ္ဌာန်း ပူဇော်ပွဲကို


ယနေ့ ၁၃၇၅ခုနှစ် ပြာသိုလဆန်း ၆ ရက် နေ့
(၆.၁.၂၀၁၄) ရက်နေ့
တွင် စတင်ကျင်းပခဲ့

ဆွမ်းဒကာ များသဖြင့် ပုံမှနကျင်းပသည့်ရက် ထက် ၂ ရက်  စောကျင်းပခဲ့

ပြာသိုလဆန်း  ၆  ရက် မှ  လပြည့် နေ့ ထိ ကျင်းပ


အားလုံး အတွက် အဆင်ပြေသွားခဲ့




Friday, January 3, 2014

မော်လူးဒေသမှ တိုင်းဒေသကြီး အမျိုးသမီး ဘောလုံးအားကစားသမား

မော်လူးဒေသအတွက် ဂုဏ်ယူစရာ
ပုန်းဟုန်အုပ်စု မှ မနှင်းပွင့်ဝေ သည်
စစ်ကိုင်းတိုင်းဒေသကြီး u16 အမျိုးသမီးဘော့လုံး
လက်ရွေးစဉ်အဖြစ် နေပြည်တော်သို့ သွားရောက်ပါပြီ
အသက် (၁၂)နှစ်၊ (၆)တန်းတွင်ပညာသင်ကြားနေသူပါ
မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့် တို့တွင့်
ရှေ့တန်း အကောင်းဆုံး ဆုရရှိခဲ့ပါတယ်


မော်လူးသားများ သတိရှိရန်လိုပြီ

မော်လူးဒေသသားများ သတိထားကြပါ
အရင်က ပုံပြင်တစ်ပုဒ်လိုဘဲ ကြားဘူး ဖတ်ဘူးနေသော
ဖြစ်ရပ်များ မော်လူးဒေသသို့ ရောက်လာပါပြီ

အမျိုးသမီးများ ကို ဖြားယောင်းသွေးဆောင်ပြီ တရုတ်ပြည်ပို့သည့်
ဇာတ်လမ်းတော့ အားလုံးသိကြပါပြီ

အခု အဲ့ဒီလောက် မက မော်လူးဒေသမှာ ဖြစ်လာပါပြီ
ကလေး ငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားသော ဖြစ်ရပ်
၂၀၁၃ နှစ် ကုန် တွင် ဖြစ်လာပါပြီ

မသိသေးသူမျာ အားလုံးကို ပြောကြားပေးကြပါ
မိမိကလေးငယ်များ အထူးစောင့်ရှောက်ပါလို့

လိုအပ်ရင် &&&&&&&&&&




Sunday, December 29, 2013

ပထမ ဆု ရဘောလုံးသင်း ဂုဏ်ပြု

2013ခုနှစ်  မော်လူး  အားကာဖလား  ဘောလုံးပြိုင်ပွဲတွင်

အုန်းဒုတ်ရွာ ဘောလုံး အသင်း က
စဥ့်ခိုးရွာ  ဘောလုံး အသင်းကို  အနိုင်ရ ဗိုလ်စွဲ  ခဲ့သောကြောင့်

30-12-2013 နေ့ အုန်းဒုတ်ရွာ  ဓမ္မာရုံ တွင်
အုန်းဒုတ်ဘောလုံသင်းအား  ဂုဏ်ပြုပွဲကျင်းပ


မော်လူး အထက အာစရိယပူဇော်ပွဲကျင်းပ

မော်လူး အထက တွင် ပညာသင်ကြားသွားသော  ကျောင်းသားကျောင်းသူ
တို့၏ ဒုတိယအကြိမ်မြောက်
အာစရိယပူဇော်ပွဲကို  29-12-2013
ရက်နေ့က ကျင်ပသွားခဲ့ပါသည်


Wednesday, December 18, 2013

Tuesday, December 17, 2013

မော်လူးမှာ အေးနေပြီ

ယခုနှစ်  ဆောင်းရာသီ  မော်လူးတွင်

အအေးဓါတ် များနေပါသည်


Thursday, December 12, 2013

facebook ပေါ်မှ သတင်းဆန်း

အိန္ဒိယ နိုင်ငံ ရောက် မော်လူးဒေသမှ ဦးပစင်း

တင်ခဲ့သော ဓါတ်ပုံတွေပါ

ဂျိန်းဘူန်းတော်ကြီးတွေပါ




Wednesday, December 11, 2013

ကမ္ဘာလှည့်ခရီးသည် မော်လူး ဖြတ်သန်း

ကမ္ဘလှည့်ခရီးသည်နှင့် မော်လူး

ကချင်ပြည်နယ်သို့ နောက်တွဲစက်ဘီးဖြင့် သွားရောက်ခဲ့သော

နိုင်ငံခြားသား ရီးသွား မော်လူးသို့ ဖြတ်သန်းသွား


အခမဲ့ ဆေးကုပေးပြီ

အင်းတော်မြို့တွင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးမည်

 စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်း
တွင် ဒီဇင်ဘာ ၁၀ ရက်နံနက် ၉ နာရီအချိန်က ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းမှ ပြည်သူ
များ၏ ကျန်းမာရေးစောင့်ရှာက်မှုလုပ်ငန်းများကို ၁၂၊ ၁၃၊ ၁၄၊ ၁၅ ထိ(၄)ရက်တိတိ အခမဲ့ဆောင်
ရွက်ပေးမည်ဟု သိရသည်။
 အင်းတော်မြို့ စေတနာရှင် အလှူရှင် မိဘပြည်သူများ လူမှုကူညီရေးအသင်း အဖွဲ့အစည်း
များမှ ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိကနှင့် ဆရာဝန်/ဆရာမ(၈၀) ဦးအား တည်းခိုရေးနှင့် စား
သောက်ရေးကို သီးသန့်စီစဉ်ပေးပြီး လူနာများတွက် တည်းခိုရေးနှင့် စားသောက်ရေးတို့ကို စီစဉ်
ဆောင်ရွက် ပေးထားမည်ဟု သိရသည်။



Sunday, December 8, 2013

ဆီးဂိမ်း တွင် မေိာလူး သား အားကစားသမားပါဝင်

ဆီးဂိမ်း မြန်မာဘော့လုံးအသင်းတွင် မော်လူး ရတနာလမ်းမှ

လူငယ် တစ်ဦးပါဝင်ပါသည်

မော်လူး သားများ မြန်မာဘော့လုံးသင်းကို

အထူး အားပေးကြပါစို့


Saturday, December 7, 2013

နန့်စီးအောင်ဘူတာ စင်္ကြန် သွပ်မိုး

နန့်စီးအောင် (ပေကုန်း)ဘူတာ တိုးချဲ့

ဘူတာ စင်္ကြန်  သွပ်မိုး မှု ပြီးစီး


Thursday, December 5, 2013

gsm ဖုန်း တာဝါ တိုင်မှာ မီးစက် အမြန်ဆင်ပေးရန်လိုပြီ

မော်လူး ရှိ GSM ဖုန်းများ (၂၄)နာရီမီးပျက်လျှင် ဖုန်းပြောမရ


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာရှိ GSMဖုန်းများ

(၂၄)နာရီမီးပျက်လျှင် ဆိုလာမီးတစ်မျိုးတည်း ဖြင့် လျှပ်စစ်ဓာတ်အား သုံးထားသော

GSM တာဝါတိုင်ကြောင့် ဖုန်းပြောဆိုရာတွင် မော်လူး ဒေသရှိပြည်သူလူထုများ

အခက်အခဲ များ ကြုံတွေ့ နေရပါသည်

ထို့ကြောင့် မော်လူးကျေးရွာရှိ GSM တာဝါ အတွက် မီးစက် သီးသန့်မရှိသဖြင့်

အမြန်ဆုံး မီးစက် တပ်ဆင်ရန် ဆောင်ရွက်ပေးစေလို..

ဆိုလာဘက်ထရီ ရှိသော်လည်း မကြာခဏဆိုသလို အမြဲပျက်နေသော

  (၂၄)နာရီ လျှပ်စစ်မီးပျက်ချိန်များတွင် ဆိုလာဘက်ထရီ တစ်ခုတည်း

ဖြင့် အဆင်မပြေနိုင်တော့ပေ သို့ပါ၍ ဒေသခံ ပြည်သူများ အခြားမြို့/ကျေးရွာများ

နည်းတူ ၀န်ဆောင်မှု အပြည့်အ၀ပေးနိုင်ရန် အမြန်ဆုံး ဆောင်ရွက်ပေးစေ

လိုကြောင်း GSM ဖုန်း သုံးစွဲသူများ
facebookမှ ပြောဆိုနေကြပါသည်။


          GSM ဖုန်းသုံးစွဲသူများ


Tuesday, December 3, 2013

ငွေကျပ် သိန်း ၈၀ လှူဒါန်း

မော်လူး ဒက္ခိဏာရာမ ဘုးကြီးကျောင်းတိုက် အတွင်းရှိ

အသစ်ဆောက်လုပ်ဆဲ သုံးထပ် ကျောင်း အတွက်

အမည်မဖေါ်လိုသူ မှ

ငွေကျပ်  သိန်း  ၈၀  လှူဒါန်းသွားပါသည်





ရပ်ကွက်ချင်းကူး နန့်သဲလိမ်ချောင်းကူးတံတားဆောက်

ပေကုန်းကျေးရွာဘုန်းတော်ကြီး ဦးဆောင်ပြီး

ရပ်ကွက် သူ/သားတို့၏ လုပ်အားဖြင့် ချောင်းကူး

တံတား ဆောက်လုပ်


စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ် ကူးတံတားအသစ်ဆောက်တော့မည်

ပေကုန်း ကျေးရွာ နှင့် နန့်စီးအောင် ချောင်းကူးတံတား အသစ်ဆောက်လုပ်ပါတော့မည်
ခရီးသွားပြည်သူများအဆင်ပြေစေရန် ယာယီတံတား ဆောက်လုပ်နေပါပြီ


ခိုးကောင် ညောင်ကုန်းလမ်းပြင်

အင်းတော်မြို့နယ်၊ မော်လူးဒေသ

သူရောင်းအုပ်စု၊ ခိုးကောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာ

နောင်ကွတ်ကျေးရွာ၊ ကုန်းခါးကျေးရွာ ဆက်သွယ်ထားသော

လမ်းမှ ပျက်စီးနေသော အပိုင်းများကို ပြင်ဆင်


Sunday, December 1, 2013

တရားစခန်း ယနေ့ ၂.၁၂.၂၀၁၃ စမည်

မော်လူးကျေးရွာ ၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်တွင်

၂.၁၂.၂၀၁၃ မှ ၁၈.၁၂.၂၀၁၃ထိ ကျင်းပပြုလုပ်သည့်

ဧကာဒသမအကြိမ်မြောက် ၀ိပဿနာ(၁၅)ရက်တရာစခန်းကို

ယနေ့ စတင်ပါပြီ