Saturday, September 13, 2014
ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ
ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ
======================================
မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။
၁။ စိဉ္စမာဏ
စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။
K.K(ကနောင်
Friday, September 12, 2014
အထူး ပရိုမိုးရှင်းးးပါတဲ့ ခင်ဗျာ.....
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ ငွေဖြည့်ကတ်အထူး
ပရိုမိုးရှင်းအနေနဲ့ GSM နဲ့ WCDMA တွေ ( စက်တင်ဘာ ၁၃| ၁၄ ရက် ) တွေမှာငွေဖြည့်သွင်းရင်
ကျပ်ငါးထောင်တန် ငွေဖြည့် ကတ်အတွက် အပိုငွေ ၂၀၀၀ကျပ်နဲ့ ငွေကျပ်တစ်သောင်းတန်ဆိုရင် အပိုငွေကျပ်ခြောက်ထောင်ပေးမှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၄ ရက်ကနေ ၁၂ ရက်နေ့အတွင်းငွေဖြည့်သူတွေကိုပေးတဲ့ အပိုနှုန်းထက် နှစ်ဆတိုးမြှင့်ပေးခဲ့ပါသေးတယ်
အဆိုပါအပိုငွေ ကို စက်တင်ဘာ ၃၀ ရက်နေ့အထိအသုံးပြုနိုင်မယ်လို့
သိရပါတယ်။
Author ရဲလင်းလင်းသန်း
facebook မှာ တွေ့လို့ share လုပ်လိုက်တာပါ......
mawlu news 12.9.14
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း စတင်
မော်လူး ၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့က စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း ကွန်ကရစ်လမ်းခင်းနိုင်ရန်အတွက် လမ်းမြေသား ညှိခြင်းလုပ်ငန်းကို သြဂုတ်လကဆောင်ရွက်ခဲ့ပြီး ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်းကို ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း  အင်းတော်မြို့အထွက်မှ နဘားလမ်းခွဲအထိ ၁ မိုင် ၁ ဖာလုံ၊ နဘားလမ်းဆုံ ၁ မိုင်၊ မိုင်တိုင်အမှတ် ၁၄၄/၆ (နဘားမှ ပင်ဝယ်ထိ) ၅ မိုင် ၄ ဖာလုံ စုစုပေါင်း ၇ မိုင် ၄ ဖာလုံ အထိ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကွန်ကရစ်လမ်း၏ အကျယ်မှာ ၁၈ ပေ၊ အမြင့် ၉ လက်မရှိမည်ဖြစ်ကြောင်း၊ အထူးစီမံကိန်းကြီး အဖွဲ့ (၁)မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြုရံပုံငွေ ကျပ်သန်း ၂၆၀၀ ဖြစ်ကြောင်းတို့ကို ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေသည့် အထူးစီမံကိန်းကြီး အဖွဲ့(၁) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကျေးရွာချင်းဆက် လမ်းတံတား အဆင့်မြှင့်တင်ရန် တာဝန်ရှိသူများမှ ကွင်းဆင်း တိုင်းတာ ဆောင်ရွက်
မော်လူး၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်တော်မြို့နယ်၊ မော်လူးဒေသတွင် ကျေးရွာချင်းဆက်လမ်းတံတားများ အဆင့်မြှင့်တင်ရန်အတွက် အင်တော်မြို့နယ်မှ တာဝန်ရှိသူများ စက်တင်ဘာ ၁၀ ရက်နေ့က  ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ရာသို့ အင်တော်မြို့ ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်အထောက်အကူပြု ကော်မတီမှ ဦးချစ်ဆွေ၊ နမီးကျေးရွာ အုပ်စု၊ ဂွေ့ကြီးကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ လိုက်ပါပြီး မော်လူး - ဂွေ့ကြီး (၂ - မိုင် )ကျေးလက်လမ်းကို အကျယ် ၁၂ ပေ၊ အမြင့် ၁ပေ ၉ လက်မအဖြစ် ကျောက်ချောလမ်းခင်းခြင်း၊  သက်ရင်းသာ- ဂွေ့ကြီး လေးတန်ချောင်းကူးတံတားအား ကမ်းကပ်ခုံ ဆောက်လုပ်ရန်၊ နမီးကျေးရွာ - ဂွေ့ကြီးကျေးရွာ မြေသားလမ်း (၈)မိုင် ဖောက်လုပ်ရန်နှင့် နမီးကျေးရွာ - ညောင်ပင်ဆိပ်ကျေးရွာ ချောင်းကူးတံတား(အရှည် ၂၀၀ ပေ၊ အကျယ် ၁၈ပေ၊ အမြင့် ၁၅ပေ) ဆောက်လုပ်ရန်တို့ကို  ကျေးလက်ဦးစီးဋ္ဌာနသို့ တင်ပြတောင်းဆိုနိုင်ရေးအတွက် ကွင်းဆင်တိုင်းတာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အင်းတော်မြို့ သို့ ခရီးသွားမည့်သူများးးး သတိထားနိုင်ကြစေဖို့ ..........
ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများအား အရေးယူဆောင်ရွက်ခြင်းပြုလုပ်
အင်းတော်၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့နယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများအား နေ့စဉ်ရုံးဖွင့်ရက်တိုင်း အရေးယူဆောင်ရွက်လျှက်ရှိကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က သိရသည်။
" ကျွန်တော်တို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့ လမ်းညွှန်မှုနဲ့ ယာဉ်ထိန်းရဲ၊ မြို့နယ်စည်ပင်၊ မစက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ဒေသအရံမီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူတွေကို အရေးယူဆောင်ရွက်နေတာပါ။ အဓိကကတော့ မော်တော်ဆိုင်ကယ် စီးနင်းရာမှာ ဆိုင်ကယ်စီးဦးထုပ် မဆောင်းတာ၊ ယာဉ်မောင်းလိုင်စင် မရှိပဲ မောင်းနှင်တာ၊ လမ်းစည်းကမ်း မလိုက်နာတာတွေကို အရေးယူဆောင်ရွက်နေတာပါ။ စကတင်ဘာ ၁၁ ရက်နေ့ ဒီနေ့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတဲ့ မော်တော်ဆိုင်ကယ် ၂၃ စီးကို မော်တော်ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများကို ပုဒ်မ ၂၂ အရ အရေးယူပြီး ဒဏ်ငွေ ၁၅၀၀ ကျပ်၊ ယာဉ်မောင်းလိုင်စင် မပါသူတွေကို ပုဒ်မ ၂၁ အရ အရေးယူပြီး ဒဏ်ငွေ ၅၀၀ ကျပ် ဒဏ်ငွေ ဆောင်ရပါတယ်။ ဒဏ်ငွေကိုတော့ တရားရုံးမှာ သွားဆောင်ရတာပါ။ ကျွန်တော်တို့ ဒီလို ရုံးဖွင့်ရက်တိုင်း အရေးယူဆောင်ရွက်နေခြင်းဟာ မော်တော်ယာဉ် မောင်းနှင်သူတွေ၊ မော်တော်ဆိုင်ကယ် စီးနင်းသူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာလာအောင်နဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ရည်ရွယ်ပါတယ်" ဟု အင်းတော်မြို့မှ ယာဉ်ထိန်းရဲတပ်ကြပ်ကြီး စန်းယုအောင်မှ ပြောပြသည်။
kms
Thursday, September 11, 2014
♪ Video Call ပါခေါ်လို့ရလာပြီဖြစ်တဲ့ Viber v5.0.0.4083 APK (11-Sept) ♫
ဒီနေ့ Sept-11 ရက်နေ့မှာဘဲ Viber နောက်ဆုံးထွက် Version လေးထွက်လာပါပြီဗျာ။ ဆန်းပြားတဲ့အသွင် သစ်များအပြင် Video Call ပါပါဝင်လာပြီဆိုတော့ လုံးဝကိုလန်းသွားပါပြီ။ အသွင်အပြင်တွေကလည်း အရင် Version အဟောင်းတွေနဲ့မတူဘဲ ပြောင်းလဲသွားပါပြီ။ Sticker အသစ်တွေလည်းပါဝင်လာပါပြီ။ အောက်က Link မှာသာဒေါင်းယူသွားကြပါဗျာ
ဒီမှာ
ဒေါင်းလိုက်ပါ
ကိုယ်ကမှန်နေသော်လည်း တစ်ခြားသူက မှားနေတာ မဟုတ်ပါဘူး တစ်ခါတစ်လေ မိမိကိုယ်ကိုယ်..
ကိုယ်ကမှန်နေသော်လည်း တစ်ခြားသူက မှားနေတာ မဟုတ်ပါဘူး
တစ်ခါတစ်လေ မိမိကိုယ်ကိုယ် မှန်နေတယ်လို့ ထင်လိုက်တိုင်း တစ်ခြားသူတွေရဲ့ လုပ်ရပ်တွေကို မှားနေတယ်လို့ ထင်မြင်မိကြတယ်။ တကယ်တော့ တစ်ခြားတစ်ဖက် အပေါ်ကို မငှဲ့ကွက်ဘဲ မိမိအတွက်သာ စဉ်းစားလိုက်တဲ့ အချက်တစ်ခုသာ ဖြစ်ပါတယ်။
ဒါကြောင့် ပြဿနာတစ်ခု ရှိတိုင်း သူ့ဘက်ရော ကိုယ်ဘက်ပါ ညီမျှအောင် စဉ်းစားမှသာ အကောင်းဆုံးနဲ့ နည်းလမ်းအမှန်ဆုံး အဖြေတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မိမိဘက်ကိုပဲ စဉ်းစားနေတယ် ဆိုရင် ဘယ်လောက်ပဲ မှန်နေမှန်နေ တရားမျှတသော ဆုံးဖြတ်ချက် တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် မိမိရဲ့ ဆုံးဖြတ်ချက်သည် အကောင်းဆုံးနဲ့ နည်းလမ်း အမှန်ဆုံး ဖြစ်အောင် တစ်ခြားတစ်ဖက်ကိုပါ ကြည့်၍ ထည့်သွင်း စဉ်စားစေချင်ပါတယ်။
ကျော်လင်းနိုင် (ရိုးရာလေး
Wednesday, September 10, 2014
ပရိဘောဂ လုပ်ငန်းရှင်များအား မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်းရှိ
ပရိဘောဂလုပ်ငန်းရှင်များ၏ လုပ်ငန်းရုံများသို့ မော်လူးကျေးရွာ
အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ စက်တင်ဘာ ၁၀ ရက် နေ့ ၁၂
နာရီအချိန်က လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသတွင်းရှိ ပရိဘောဂလုပ်ငန်းရှင်များ လုပ်ငန်းလိုင်စင်
လျှောက်ထားခြင်းရှိမရှိ၊ တစ်ပေထက်ကျော်သည့် ပြန်စိတ် လွှဝိုင်းများ
တပ်ဆင်အသုံးပြုနေခြင်းရှိမရှိ၊ နိုင်ငံတော်မှ တားမြစ်ထားသည့် ကျွန်း၊
တန်မလန်းသစ်များ အသုံးမပြုရန်နှင့် တစ်ပေထက်ကျော်သည့်
ပြန်စိတ်လွှဝိုင်းများ တပ်ဆင်အသုံးမပြုရန်များကို
ပရိဘောဂလုပ်ငန်းရှင်များထံမှ ဝန်ခံကတိ လက်မှတ်များ ရေးထိုးစေခဲ့ကြောင်း
သိရသည်။ အဆိုပါ ဒေသတွင်း ပရိဘောဂလုပ်ငန်းရှင်များ၏ အလုပ်ရုံများသို့
လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ရာသို့ မော်လူးကျေးရွာ အုပ်စု
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့်အတူ ကျေးရွာများမှ
အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသတွင်း အရံမီးသတ် တပ်ဖွဲ့ဝင်များ
လိုက်ပါ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်
တရားဝင်သစ်အသုံးပြု နိုင်ရန်
သစ်ခွဲသားအရောင်းဆိုင်  မေိာလူးတွင် လိုအပ်ပါသည်
မ်ာလူး စည်ပင်သာယာဈေးသို့ မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး စည်ပင်သာယာဈေးသို့
အင်းတော်မြို့နယ် စည်ပင် ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့်
အဖွဲ့ဝင်များမှ စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်း ကြည့်ရှု
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ် စည်ပင်ဦးစီးအရာရှိ
ဦးအေးမင်းထွန်း၊ မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်
စည်ပင်ဈေး တာဝန်ခံ ဦးတင်မောင်အေး၊ ဈေးခေါင်း ဦးကံမောင်၊ မော်လူး
စည်ပင်သာယာဈေး ဈေးခေါင်း ဦးအောင်ကြူးတို့သည် မော်လူး
စည်ပင်သာယာဈေးအတွင်း ဈေးသူဈေးသားများနှင့် တွေ့ဆုံပြီး
ဈေးသူဈေးသားများ ရောင်းချရာတွင် အသုံးပြုသည့် အလေးချိန်ခွင်
မှန်ကန်မှုရှိမရှိ၊ သားငါးများ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း
ရောင်းချပေးခြင်းရှိမရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်
မော်လူး  ကျေးရွာတွင်း  အမှိုက်များ  စွန့်ပစ်ရာတွင်
အဆင်ပြေစေရန်အတွက်တော့  ဆောင်ရွက်သွားခြင်း
မရှိကြောင်းသိရ။
ရွာချင်းဆက် လမ်းမပေါ်ရှိ တံတားအား ကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးမှ
လေးတန်းရိုးကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ
တံတားအား ကွန်ကရစ်တံတားအဖြစ် စက်တင်ဘာ ၅ ရက်နေ့က စတင်ဆောင်ရွက်နေကြောင်း
သိရသည်။
အဆိုပါ ကွန်ကရစ်တံတား၏ အရှည် ၁၈ ပေ၊ အကျယ် ၇ ပေခန့်ရှိပြီး
စည်ပင်နယ်နမိတ်အတွင်းရှိသည့် တံတားဖြစ်သဖြင့် အင်းတော်မြို့နယ်
စည်ပင်ဦးစီးဋ္ဌာနမှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ
ကွန်ကရစ်တံတား ဆောက်လုပ်နေမှုကို စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ခန့်က
အင်းတော်မြို့နယ် စည်ပင်ဦးစီးအရာရှိ ဦးအေးမင်းထွန်း၊ မြို့နယ်
စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်မြို့ စည်ပင်ဈေးတာဝန်ခံ
ဦးတင်မောင်အေး၊ အင်းတော်မြို့ စည်ပင်သာယာဈေး ဈေးခေါင်း ဦးကံမောင်၊
မော်လူး စည်ပင်သာယာဈေး ဈေးခေါင်း ဦးအောင်ကြူးနှင့် စည်ပင်သာယာဈေး
ကော်မတီဝင်များမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မော်လူးဒေသ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ အခြားတံတားများကိုလည်း
ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်းလည်း
သိရသည်။
ကျေးရွာမှ  တာဝန်ရှသူများကလည်း  တံတာအဆငိ့မီ ခိုင်ခန့်ရန်  ကြပ်မှတ်သင့်ဘာကြောင်း
တက္ကသိုလ်ဝင်တန်း စာမေးပွဲအစား အခြေခံပညာ အထက်တန်းစာမေးပွဲဟု အမည်ပြောင်းရန် စီစဉ်..
The Voice Weekly's Facebook Wall
တက္ကသိုလ်ဝင်တန်း စာမေးပွဲအစား အခြေခံပညာ အထက်တန်းစာမေးပွဲဟု အမည်ပြောင်းရန် စီစဉ်
ရန်ကုန်၊ စက်တင်ဘာ ၉
အဆင့်မြင့်ပညာ တက္ကသိုလ်များ ဝင်ခွင့်အတွက် ဖြေဆိုရသော တက္ကသိုလ်ဝင်တန်း စာမေးပွဲ နေရာတွင် အခြေခံပညာ အထက်တန်းစာမေးပွဲဟုသာ ပြောင်းလဲခေါ်ဆိုရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ စီစဉ်နေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ် ပြောင်းလဲရန် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်၍ အကောင်အထည် ဖော်မည့် နှစ်ကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ပညာရေးနယ်ပယ် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးကမူ အဆိုပါ နာမည် အပြောင်းအလဲကို လာမည့် ၂၀၁၅ ခုနှစ်မှစ၍ ပြောင်းလဲနိုင်ဖွယ် ရှိကြောင်း ပြောဆိုသည်။
“အတည်ပြုချက်တော့ မရှိသေးဘူး။ တချို့လည်း ဆွေးနွေးနေတုန်းပဲ။ မပြီးပြတ်သေးပါဘူး” ဟု ဒေါက်တာစိုးဝင်းက The Voice သို့ ရှင်းပြသည်။
ယင်းမှာ ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ် စာမေးပွဲစနစ် ပြောင်းလဲရန် ကနဦး အစီအစဉ်အဖြစ် စတင်ခြင်း ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း စာမေးပွဲအဖြစ် ပြောင်းလဲခြင်းကြောင့် အထက်တန်း ပြီးဆုံးသူများသည် ကြိုက်နှစ်သက်ရာ တက္ကသိုလ်တိုင်းကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုကာ တက်ရောက်နိုင်မည် ဖြစ်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သော ပညာရေး ဆွေးနွေးပွဲများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် အခြေခံပညာ အထက်တန်းစာမေးပွဲ အသုံးအနှုန်းတို့ကို ပြောင်းလဲရန် အချေအတင်ဝေဖန် ထောက်ပြလေ့ရှိပြီး လက်ရှိအချိန်ထိ သဘောတူညီချက် မရနိုင်သေးကြောင်း အခြေခံပညာ အသိုင်းအဝိုင်းထံ စုံစမ်းသိရှိရသည်။
သို့သော် လက်ရှိ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီးသော အမျိုးသားပညာရေး ဥပဒေတွင် တက္ကသိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ သတ်မှတ်ချက်အလိုက် ရွေးချယ်လက်ခံသောစနစ် ပြောင်းလဲရန် ထည့်သွင်းထားသည်။
Admin  kmk
Monday, September 8, 2014
ကူညီပါရစေ...
"ဝယ်ပေးပါဦး အစ်ကိုရာ အကူအညီတောင်းတာပါ...။ ဘာမှမပါပဲ သက်သက်အကူအညီ တောင်းတာမျိုးဆို မကောင်းဘူးလေ...။ အခု ဒီပုံလေးတွေက အပြင်မှာဆို တစ်ထောင်လောက်ပေးရမှာပေါ့.... ကျနော်တို့က တစ်ထောင့်ငါးရာဆိုတော့ များတော့များတာပေါ့ အစ်ကိုလေးရာ ... ဒါပေမယ့် များနေတဲ့ ငွေငါးရာနဲ့ ကျနော်တို့ မိသားစုတွေကို ထောက်ပံ့ပေးတယ် ကူညီပေးတယ်လို့ တွေးပါဗျာ...။" ကျနော့်ရှေ့မှ စစ်ယူနီဖောင်း ဝတ်ထားသည့် စစ်သားမှ ကျနော့်ကို ဘုရားပုံတော်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများကို ပြသပေးရင်း ပြောနေခြင်းပါ။ ကျနော် ဘာမှပြန်မပြောဖြစ် ... ဒီလိုမျိုးတွေက ခဏခဏကြုံနေရတာ မဟုတ်လား။ ၂၀၁၀ ခုနှစ် မတိုင်မီကတော့ ယခုလိုပုံစံမျိုး မဟုတ်ပါချေ။ ယူနီဖောင်းဝတ် စစ်သားတွေ ရွာခံ ဥက္ကဋ္ဌ ဒါမှမဟုတ် ဆယ်အိမ်ခေါင်းကို ခေါ်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် မဝယ်မနေရဆိုတဲ့ ပုံစံမျိုးဖြင့် မျက်နှာထားခပ်တင်းတင်းနဲ့ အတင်းရောင်း အတင်းဝယ်ခိုင်းခဲ့ကြတာပါ။ မှတ်မှတ်ရရ ကျနော့်အမေနဲ့ ဒီလို ဘုရားပုံတွေ လာရောက်ရောင်းချတဲ့ စစ်သားကြီးတစ်ဦး စကားများဘူးသည်။ ထိုအချိန်က စစ်သားကြီးက အမေ့ကို လက်ညှိုးငေါက်ငါက်ထိုးပြီး အသံခပ်မာမာဖြင့် "ဒီမှာဗျ.... ခင်ဗျားတို့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့အတွက် ကျုပ်တို့က အသက်စွန့်ပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့တာ ... တိုက်ပွဲမှာ ဒဏ်ရာရလို့ ခြေလက်မျက်စိတွေ စွန့်ရသူက စွန့်ရ အသက်သေတဲ့သူကသေနဲ့ ... ဒီလောက် ခင်ဗျားတို့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးခဲ့တာတောင် ခင်ဗျားတို့က ဒီလောက်လေး ကူညီပေးရတာကို မကူညီပေးနိုင်ဘူးလား...."ဆိုပြီး ပြောသွားပါတယ်။ ပြောရက်လေခြင်း..... အခုအချိန်မှာ ပြန်တွေ့လို့ မေးခွင့်ရှိရင် မေးကြည့်လိုက်ခြင်စမ်းပါဘိ။ "ကျနော်တို့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ ဟုတ်စ.... သေချာမှလည်း ပြောပါဗျာ.... ခင်ဗျားတို့ ရှေ့တန်းထွက်ရင် ပစ္စည်းတွေ သယ်ပိုးပို့ဖို့ ဘယ်သူ့တွေကို ပေါ်တာဆွဲခဲ့သလဲ... နောက်ပြီး ခင်ဗျားတို့က တိုင်းပြည်ရန်ကို ကာကွယ်နေတာရော ဟုတ်လို့လား ... တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်နေကြတာ မဟုတ်လား ...။ ခင်ဗျားတို့ကြောင့် မြေစာပင် ဖြစ်ခဲ့ကြရတာ ဘယ်သူတွေလဲ .... ခင်ဗျားတို့ ငြိမ်းငြိမ်းချမ်းချမ်းနေစေချင်ပါတဲ့ ဆိုတဲ့ ပြည်သူတွေမဟုတ်လား..." ဆိုပြီးတော့လေ။ ကျနော်တို့ အထက်မြန်မာပြည်ဘက်က နယ်မြေတွေမှာ ပြည်သူတွေဟာ အေးအေးချမ်းချမ်း မနေခဲ့ရပါဘူး။ မငြိမ်းချမ်းတဲ့ကာလမှာ စစ်တပ်က ပေါ်တာဆွဲတယ်။ စစ်တပ် လုံခြုံဖို့အတွက် နယ်ခံတွေက စစ်တပ်ကို ခြံစည်းရိုးတွေ ကာပေးရ၊ ဝါးတွေချွန်ပြီး ညှောင့်သွားစိုက်ပေးရ... မီးရထားလမ်း ကားလမ်းလုံခြုံရေးအတွက်ဆိုပြီး ညကင်းစောင့်ရတာမျိုးတွေ လုပ်ပေးခဲ့ရတာပါ။ ပြည်သူဆိုတာက စစ်တပ်ခြံစည်းရိုး ကာခိုင်းရင် သွားကာပေးရတာပါပဲ။ ညကင်းစောင့်ဆိုတော့လည်း စောင့်ကြရတာပါပဲ။ ပြည်သူတွေ ညကင်းစောင့်ဆို စောင့်ရုံကလွဲပြီး ဘာလုပ်နိုင်မှာလဲ ဝေးဝေးရောက်အောင် ပစ်နိုင်တဲ့ လက်နက်ဆိုလို့ လေးခွလောက်သာရှိတဲ့ ပြည်သူတွေပါ။ တကယ်ဖြစ်လာရင် ဟိုဘက်က သေနတ်နဲ့ပစ် ... လက်ပစ်ဗုံးနဲ့ ထုလိုက်မှာလေ...။ ညကင်းစောင့်ချိန်မှာ သူတို့ စစ်သားတွေ ကင်းစစ်လာလို့ ကင်သမားတွေ အိပ်နေတာတွေ့ရင် ရိုက်နှက်ကန်ကျောက် ဟိန်းဟောက်ဆဲဆိုခြင်းတွေလည်း ခံကြရတာပါပဲ။ ပြီးတော့ ရပ်ရွာလုံခြုံရေးအတွက် ဆိုပြီး စစ်သင်တန်းတွေ ပို့ချတော့လည်း ကိုယ့်စားဝတ်နေရေးအတွက် ကုန်းရုန်းရှာဖွေနေရတဲ့ကြားက စစ်သင်တန်း တက်ကြရပြန်ရော။ သြော်.... ကျနော်တို့ပြည်သူတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့ သူတို့တွေ အသက်စွန့်ပြီး တိုင်ပြည်တာဝန် ထမ်းနေကြလို့သာပေါ့....။ အသက်မစွန့်ပဲ တိုင်းပြည်တာဝန်ထမ်းနေတာဆိုရင်တော့ ကျနော်တို့ ပြည်သူတွေအတွက် မတွေးဝံ့စရာပါ...။  မကူညီပေးချင်ဘူးလား...ဟုတ်စ... ကူညီပေးချင်တာပေါ့ဗျာ.... ကျနော်တို့ လူမျိုးတွေဟာ စာနာတတ်တဲ့ သနားတတ်တဲ့ သူတစ်ပါးကို ကူညီတတ်တဲ့ လူမျိုးတွေပါ..... ခက်တာက ခင်ဗျားတို့လို အကူအညီလိုနေတဲ့ လူတွေက နည်းမှမနည်းတာ တစ်ဖွဲ့ရောက်လာပြီး ဆယ်ရက် မကြာဘူး နောက်ထပ်တစ်ဖွဲ့ ထပ်ရောက်လာပြန်ရော ... သူတို့ကလည်း ခပ်မာမာနဲ့ အကူအညီတောင်းပြန်တော့ ... ကျနော်တို့ တောသူတောင်သားတွေ ဘယ်တတ်နိုင်ပါတော့မလဲ.... ပထမအဖွဲ့က ဘုရားပုံတွေရောင်းသွားရင် နောက်တစ်ဖွဲ့က စာအုပ်တွေ ရောင်းပြန်ရော.... ရောင်းတာတော့ ဟုတ်ပါပြီ....ဈေးနှုန်းကိုလည်း ကြည့်ပါဦး အပြင်မှာ ၂၀၀ လောက်တန်တဲ့ စာအုပ်ကို ၁၀၀၀ ကျပ်နဲ့ ရောင်းလိုရောင်း ... အပြင်မှာ ၅၀၀ ကျပ်လောက်ပေးရတဲ့ ဘုရားပုံတော်ကို ၁၅၀၀ / ၂၀၀၀ ကျပ်နဲ့ ရောင်းလိုရောင်းဆိုတော့ မခက်ဘူးလားဗျ။ အကူအညီက သူတို့တွေသာ လိုနေတယ်ထင်နေကြတာ .... ကျနော်တို့ ပြည်သူတွေလည်း အကူအညီလိုနေတာပဲဆိုတာ မတွေးမိကြပုံပါပဲ...။
တကယ်တမ်းပြောရရင် ကျနော်ငယ်ငယ် ကလေးဘဝက စစ်သားအလွန်ဖြစ်ချင်ခဲ့တာပါ။ ကြားဘူးတဲ့ သီချင်းလေးတစ်ပုဒ်တောင် မှတ်မိပါသေးရဲ့ " မေရယ်.... အထင်တော့ မလွဲလိုက်နဲ့ ဦး စာလွှာများ မရောက်လာခဲ့ရင် မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့လေ.... အစ်ကိုလို စစ်သားဘဝက ချစ်သူကို လွမ်းဖို့ရာ တစ်ခါတစ်လေ အချိန်တော့ မပေးနိုင်ပါ.... တောတောင်ကို ကျော်ကာဖြတ်လို့ ကျောပိုးအိတ်ကိုလွယ်ကာ ဒါတွေကို တောင်ပြာတန်းက အသိဆုံးပါ မေရယ်...." ဆိုတဲ့ သီချင်းပေါ့။ နောက်တစ်ခုက မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အားကျတာလည်း ပါတာပေါ့လေ....။ ဒီလို ငယ်ငယ်က စိတ်ကူးတွေ ပထမဆုံး အရောင်မှိန်သွားခဲ့စေတာက ကျနော် ခြောက်တန်းကျောင်းသားနှစ်ကပါ။ ကျနော်ဟာ ကျောင်းကို ၂ မိုင်လောက်ဝေးတဲ့ နေရာကနေ စက်ဘီးလေးနဲ့ ကျောင်းတက်ရတဲ့ ကျောင်းသားပါ။ တစ်ညနေ ကျောင်းဆင်းချိန်မှာ စက်ဘီးလေးနင်းပြီး ပြန်လာတော့ လမ်းမှာ ကျနော့်ရှေ့ကနေ စစ်သားတွေ တန်းစီပြီး သွားနေတာကို တွေ့ရတယ်။ စစ်ယူနီဖောင်း အပြည့်အစုံ၊ ကျောပိုးအိတ်တွေလွယ်ပြီး သေနတ်တွေ ထမ်းလို့ပေါ။ ကျနော်လည်း သူတို့ ဘေးနားကနေ စက်ဘီးလေးအသာနင်းပြီး ကျော်တက်တာပေါ.။ ပထမတစ်ယောက်၊ နောက်တစ်ယောက်၊ နောက်ထပ်တစ်ယောက်ကို ကျော်တက်တော့ "ဟေ့ကောင် .... ငါတို့သွားနေတာ မမြင်ဘူးလား ... မင်းရပ်နေခဲ့စမ်း..."ဆိုပြီး ကျနော့်ကို ဟောက်ပါတယ်။ ကျနော်လည်း ကြောက်ကြောက်နဲ့ စက်ဘီးပေါ်ကဆင်းပြီး ရပ်နေလိုက်ရပါတယ်။ ကြောက်ရတာပေါ့နော့။ သူတို့က သေနတ်ကြီးတွေနဲ့လေ စိတ်မထင်လို့ ပစ်လိုက်မှဖြင့် သေမှာပေါ့နော့။ အဲ့အချိန်က ကျနော့်စိတ်ထဲမှာ ဖြစ်သွားတဲ့ ခံစားလိုက်ရတဲ့ ခံစားချက်အတွေးကတော့ စစ်သားဆိုတာ ညှာတာမှု မရှိတဲ့သူတွေပါလားဆိုတဲ့ ခံစားချက်အတွေးမျိုးပါ။ ဆရာကြီး ရွှေဥဒေါင်း စကား ငှားသုံးရရင် ကျနော့်စိတ်ထဲမှာ ဆူးတစ်ချောင်း ပေါက်သွားတယ် ဆိုရမှာပါ။ နောက်ထပ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုက ကျနော် ရှစ်တန်းကျောင်းသားဘဝကပါ။ နွေရာသီ သင်္ကြန်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ပါ။ သင်္ကြန်အတွင်းမှာ ကျနော်တို့ရွာမှာက သင်္ကြန်သီချင်းတွေ၊ ခေတ်ပေါ်သီချင်းတွေ ဖျော်ဖြေတဲ့ မဏ္ဍပ်တစ်ခုရှိပါတယ်။ သိကြတဲ့အတိုင်း တီးဝိုင်းရှိတဲ့နေရာမှာ ရန်ပွဲဆိုတာကလည်း ရှိနေကြမဟုတ်လား။ အဲ့နေ့က မဏ္ဍပ်မှာ နေ့လည်ပိုင်းမှာ ရန်ပွဲလေးတွေ ဖြစ်ပြီး ဖျော်ဖြေမှုကို ရပ်လိုက်ရတဲ့ အထိ ဖြစ်သွားရပါတယ်။ ဒါပေမယ့် ကျနော်ဒေသမှာ တာဝန်ယူထားတဲ့ တပ်ရင်းမှူးက ဖျော်ဖြေရေးအစီအစဉ်ကို ဆက်ပြီး ဖျော်ဖြေခိုင်းပါတယ်။ သူကိုယ်တိုင်လာမယ်ဆိုတဲ့ သတင်းနဲ့အတူပါ။ ကံဆိုးချင်တော့ သူလာနေတဲ့ လမ်းကြောင်း ကျနော်တို့ အိမ်ရှေ့လမ်းမပေါ်မှာ လူသုံးယောက် စကားများပြီး စိန်ခေါ်နေကြချိန်နဲ့ တိုက်ဆိုင်သွားပါလေရော...။ စကားများနေတဲ့ လူသုံးယောက်ကို သူနဲ့အတူပါလာတဲ့ ရဲတွေ၊ စစ်သားတွေက သေနတ်တွေမောင်းတင်သံတွေနဲ့အတူ "ဟေ့ကောင်တွေ တစ်ယောက်မှ မလှုပ်နဲ့နော် အကုန်ပစ်သတ်ပစ်မယ်"ဆိုပြီး လက်မြှောက်ခိုင်းပြီး လမ်းမပေါ်မှာပဲ လက်တွေ ခေါင်းပေါ်တင် ဆောင့်ကြောင့် ထိုင်ခိုင်းထားပါတယ်။ နောက်ကပါလာတဲ့ အရပ်ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်းနဲ့ တပ်ရင်းမှူးက လမ်းဘေးမှာ ရှိနေတဲ့ တစ်ထောင်သာသာလောက်ရှိမဲ့ အဆစ်ပိတ်ဝါးကျစ်ကိုကိုင်ပြီး "မင်းတို့လားကွ ရန်ဖြစ်တဲ့ကောင်တွေ " ဆိုပြီး လက်တွေခေါင်းပေါ်တင်ပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ သုံးယောက်ရဲ့ ကျောပြင်တွေကို အားရှိအားကုန် လွဲလွဲပြီး ရိုက်လိုက်ပုံများ ရွာဦးကျောင်းက စည်ကြီးကို ကျနော်တို့ ငယ်ငယ်က သင်္ကန်းကိုကျစ်ထားတဲ့ ကြိုးကြီးနဲ့ လွဲလွဲရိုက်ရင် မြည်တဲ့အသံလိုပဲ ဗိန်းးးးဗိန်းးးးကြားရတော့တာ။ တစ်ယောက်ကို အနည်းဆုံး ငါးချက်စီလောက်ရိုက်ပြီး ရဲစခန်းကို ခေါ်သွားခိုင်းတော့တာပါ။ ကျနော့်စိတ်ထဲမှာ တော်တော်လေး ခံပြင်းသွားပါတယ်။ စကားများရုံများနေတဲ့ လူတွေကို သေနတ်နဲ့ချိန် လက်တွေခေါင်းပေါ်တင်ခိုင်း ဘာမှမေးမြန်းခြင်းမရှိပဲ ကျောပြင်ကို ဗြောအထင်နဲ့ ရိုက်နှက်သွားတာ လွန်လွန်းတယ်လို့ ခံစားရတာပါ။ သြော်..စစ်သားဆိုတာ အကြင်နာတရားမရှိတဲ့လူတွေ တော်တော်ရက်စက်တဲ့ လူတွေပါလားဆိုတဲ့ အတွေးနဲ့အတူ ဒုတိယ ဆူးတစ်ချောင်း ပေါက်လာရပြန်ပါတယ်။ နောက်ထပ်လည်း ကြုံတွေ့ရတာတွေရှိနေသေးပေမယ့် မရေးပြတော့ပါဘူး။ အဲ့အချိန်က သူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်နေရတာလေ။ သူတို့က လက်ရှိ ကျနော်တို့ပြည်သူတွေက လက်မဲ့မဟုတ်လား။ သေနတ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တာ မိုးပေါ်ထောင်မပစ်ဘူးလို့ ပြောထားတယ်လေ...။ ဒီလိုနဲ့ ကျနော်တို့ပြည်သူတွေဟာ စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေခဲ့တာပါ။
၂၀၁၀ ရွေးကောက်ပွဲကြီးပြီးလို့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်လာချိန်မှာတော့ .... ငါတို့ပြည်သူတွေ ဒီမိုကရေစီရပြီဟဲ့ .... ဒါမျိုးတွေလွတ်ပြီ ကျွတ်ပြီဆိုပြီး တွေးထားပေမယ့် အရင်လို ခပ်မာမာ လေသံမဟုတ်ပဲ အပျော့ဆွဲလေသံနဲ့ .... "ကျနော်တို့က အကူအညီတောင်းတာပါ အစ်ကိုရာ ...ကျနော်တို့ စစ်မှုထမ်းဟောင်း မိသားစုတွေ အခက်အခဲတွေ့နေလို့ပါ ဆိုပြီး ပြောလာတာရယ် ... အရင်က ဘယ်တော့မှ မရောင်းဘူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေပါလာတာရယ်ကြောင့် သြော်...တတ်လည်း တတ်နိုင်တဲ့ လူတွေပါလားလို့ပဲ တွေးမိပါတယ်။ သူတို့ဘက်က ကူညီပေးပါလို့ ပြောလာတော့လည်း ကျနော်တို့ပြည်သူတွေက ဘာသားနဲ့ ထုထားတာမို့ ခံနိုင်မှာလဲ... ဝယ်လိုက်ရပြန်တာပေါ့.... အပြင်မှာဆို သူတို့ရောင်းတဲ့ ပုံမျိုး အလွန်ဆုံးပေးရ ၈၀၀ ကျပ်ပေါ့...သူတို့ရောင်းတဲ့ စာရွက်သား ညံ့ညံ့နဲ့ စာအုပ်မျိုးတွေ အပြင်မှာ ပေးရ ၅၀၀ ကျပ်ပေါ့... ဘာပဲဖြစ်ဖြစ် သူတို့လေသံတွေ ပြောင်းသွားပျော့သွားတာ အပြောင်းအလဲပဲမဟုတ်လား။ အပြောင်းအလဲကို ကျနော်တို့ပြည်သူတွေ လိုချင်နေကြတာ မဟုတ်လား ...(သူတို့ အောက်ခြေက တပ်သားတွေရဲ့ဘဝတွေကလည်း အထက်က အဘတွေရဲ့ ဘဝနဲ့ မိုးနဲ့မြေ ကွားခြားလွန်းတယ်မဟုတ်လား) ကူညီပေးရမှာပေါ့ဗျာ... အပြောင်းအလဲလေ.... ကျနော်တို့မျှော်လင့်နေတဲ့ အပြောင်းအလဲ.... အရင်က တပ်မတော်သာ အမိ တပ်မတော်သာ အဖတဲ့... ဟော... အခုတော့ ပြည်သူသာ အမိ ပြည်သူသာ အဖဆိုပဲ.... အပြောင်းအလဲကို မျှော်လင့်နေတဲ့ ကျနော်တို့အတွက် ရဲစခန်းတွေရှေ့မှာ ရေးထားတဲ့ ဆိုင်းဘုတ် ကျနော်တို့ ပြည်သူတွေရဲ့ အိမ်တွေရှေ့မှာ ပြောင်းကပ်လိုက်ရင် ကောင်းမှာပါ... ဒါလည်း အပြောင်း အလဲ တစ်ခုပဲလေ... ဘာဆိုင်းဘုတ်လည်း  သိတယ်မဟုတ်လား ....."ကူညီပါရစေ..." ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ပေါ့။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ.........
K.T.W.L
Sunday, September 7, 2014
ဆက်သွယ်ရေးက ကျပ်ငါးထောင်ထက်နည်းသည့် ငွေဖြည့်ကတ်များ ရောင်းချမည် ----
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းအသုံးပြုသူများအဆင်ပြေစေရန်အတွက် တန်ဖိုးနည်းငွေဖြည့်ကတ်များ ထုတ်လုပ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ယနေ့ တော်သလင်းလပြည့်နေ့ ဘုရားကြီးကျောင်း တရားပွဲ
တော်သလင်းလပြည့်နေ့ တရားပွဲစဉ်အမှတ်
(၁၀)ဓမ္မကထိကဆရတော်. အမရပူရမြို့ 
မဟာဂန္ဓာရုံကျောင်းတိုက်. စာချဆရာတော်
ဗဟုဇနဟိတဓရ. အရှင်ဣန္ဒာလောကာလင်္ကာရ  
ဓမ္မဒါနအလှူရှင် မော်လူးမြို့ (ဦးကောင်း)
ဒေါ်ခင်ဝင်း မိသားစု. ဒေါ်မူမူ. မဟာမိတ်မိ
သားစု ဒေါ်ထွေးမိသားစု   
အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား ဟူသည် = မှတ်သားစရာလေးမို့ တင်ပေးလိုက်တယ်
အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား ဟူသည်
==============================
(၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။
(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-၀ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။
(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်း
ရသည့်အရာကိုဆိုသည်။
(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။
(၅) မန္တရား - သြောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊
ဥပမာ "သြောင်း ဒူရေ ဒူရေ သွာဟ" စသည်မျိုး။
(၆) မန္တာန် - ဥုံ= အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊
ဥပမာ- "ဥုံ စွာရတီကျ မေ မာတာ" စသည်။
(၇) ဂါထာ - ဥုံ သြောင်း မပါသော ရွတ်ဆိုမှု။
ပရိတ်ကြီး(၁၁) သုတ်-သမ္ဗုဒ္ဓေဂါထာ၊ ဒိဝါ တပတိ စသော ဂါထာတို့သည် ဥုံ ၊ သြောင်း စသည် မပါသောကြောင့် သံသယ ရှင်းရှင်း ရွတ်ဖတ်သရဇ္ဈာယ် ကောင်း၏။ အထူးအဆန်း အသစ်အဆန်း အနေဖြင့် အများသူငါ မရဖူး မကြားဖူးသော ဂါထာများကိုသာ ရွတ်ရန် စိတ်ဝင်စားကြသော သူများ သတိမူကြပါကုန်။
ဂါထာ ရှေ့၌ဖြစ်စေ ၊နောက်၌ဖြစ်စေ ဥုံ - သြောင်း စသည် တွေ့မြင်ပါက ဘုရားဟော ဂါထာ မဟုတ်ဘဲ လောကီ ၀ိဇ္ဖာပညာရှင်တို့ လောကီအကျိုးအတွက် ရေးသွင်းခဲ့သော အစီအရင်ဂါထာများဖြစ်ပေသည်။
အင်းကန်းခြင်း ၇-ပါး
အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇-ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည် သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏၊
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့်ရှင်း ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။
အင်းကျိုးခြင်း ၇-ပါး
အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီ လေချွန်ခြင်း၊
(၃) လူးလဲလှယ်၍ စီစဉ်ခြင်း၊
(၄) စီရင်မပြီးဆုံးခင် ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမတားမီ အတွင်းမျဉ်းများကိုတားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။
အင်းချသူ အင်္ဂါ ၈-ပါး
ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည် ဟူ၏၊
(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊
(၂) ကောင်းသောအလိုဆန္ဒ ၀ီရိယရှိရခြင်း၊
(၃) ကောင်းမှန်သောအသိဥာဏ် ပညာရှိရခြင်း၊
(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊
(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊
(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊
(၇) မပြီးခင် ခေတ္တခဏမျှ ထ၍မသွားရခြင်း၊
(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကို
မတွေးတောရခြင်း။
အင်းပေါက်ခြင်း ၇ ပါး
ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိ တတ်ဟူ၏၊
(၁) အင်းဘောင်ချင်းမထိစပ်ခြင်း၊
(၂) အင်းဘောင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချ မမှန်ခြင်း၊
(၄) အင်းဘောင်နှင့် အင်းဆံ ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့် မကိုက်ခြင်း၊
(၆) အက္ခရာမပီသ မမှန်ခြင်း၊
(၇) အင်းကွက်ချ မညီခြင်း။
ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ် တစ်စောင်မှ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။
မှတ်ချက်။ ။ယုံသော်ရှိ မယုံသော်ရှိ မိမိတို့ ကိုယ်ပိုင်အမြင်သာဖြစ်ပြီး ဗဟုသုတ ရစိမ့်သောငှာတင်ပေးခြင်းပါသည်။
ကိုးကား- ဘားမဲ့လောကီကျမ်း
Aye Chan Mon Credit To;The Express Times
ခွေးဖြစ်သွားတဲ့ ည....
တိတ်ဆိတ်ငြိမ်သက်နေသည့် ညတွင် အတွေးများ ယောက်ယက်ခတ်စွာဖြင့် အိပ်မပျော်နိုင်သည့်
ကျနော့်အတွေးများသည် ဟိုမှသည်သို့ ကူးလူးပျံသန်း ခြေဆန့်နေကြပေသည်။ မနက်ဖြန်တွင်
တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့ပင်..... ကောင်းကင်ကို မော်ကြည့်မိတော့
ကောင်းကင်ပြာပြာမှာ လမင်းကြီးက ထိန်ထိန်သာနေ၏။ သြော်...လွန်ခဲ့တဲ့ သုံးနှစ်က ဒီလိုအချိန်
ဒီလိုညတစ်ညကို ကျနော်စိတ်ထဲမှာ သတိရလာမိတော့သည်။ လွန်ခဲ့တဲ့ သုံးနှစ်...ဟုတ်ပါသည်....
လွန်ခဲ့တဲ့ သုံးနှစ်က ယခုလိုည......
လွန်ခဲ့တဲ့ သုံးနှစ်က ကျနော်ဟာ ကျူရှင်ဆရာတစ်ယောက်ပါ။ ဘော်ဒါဆောင်တစ်ခုကို
သူငယ်ချင်းတစ်ဦးနဲ့ စပ်တူဖွင့်ပြီး စာသင်ခြင်းအလုပ်ကို လုပ်နေခဲ့တဲ့ကောင်ပေါ့။ ရွာက လူကြီးတစ်ဦးက
ကျနော့်ကို တွေ့တိုင်း ရိုက်စားကောင်တဲ့လေ..... အဆောင်လာထားတဲ့ ကလေးတွေကို ရိုက်လည်း
ရိုက်သေးတယ် ပိုက်ဆံလည်း ရတယ်ဆိုတဲ့ သဘောနဲ့ ရိုက်စားလို့ ခေါ်တာပါ။ တကယ်တမ်းပြောရရင်
ကျနော်စာသင်ခဲ့တဲ့ ကာလတစ်လျှောက်မှာ ဘယ်ကျောင်းသား/သူကိုမှ သင်ကြားရေးနဲ့ ပတ်သက်ပြီး
ရိုက်နှက်တာမျိုး မရှိခဲ့ပါ။ ကျနော်နဲ့ စာအတူသင်တဲ့ ဆရာတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက
ရိုက်တယ်ဆိုတာ ရိုက်ချင်လို့မှ မဟုတ်တာ ကလေးတွေ စာရအောင် စာကျက်အောင် ရိုက်ပေးရတာပဲတဲ့။
သူကို ကျနော်ပြန်ပြောဖြစ်တာက ကျနော်က ငယ်ငယ်ကတည်း မိဘတွေရဲ့ ရိုက်နှက်ဆုံးမမှုကို
အမြဲခံခဲ့ရတဲ့သူပါ။ နောက်ကျောင်းနေတော့လည်း အရိုက်ကြမ်းတဲ့ ဆရာနဲ့ကြုံရပြန်ရော.... ဒါကြောင့်
ကျနော် စာသင်တဲ့ ဆရာတစ်ယောက်ဖြစ်လာတဲ့ အချိန်မှာ ရိုက်နှက်ဆုံးမခြင်းဆိုတဲ့ ဝေါဟာရကို
တော်တော်လေး မုန်းတီးနေပါတယ်လို့ ပြန်ပြောမိတာပါ။ စာအတူသင်ကြတဲ့ ဆရာ/မတွေကြားမှာ
ကျနော်ဟာ လူထူးလူဆန်းတစ်ယောက်ဖြစ်နေတော့တာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်ကတော့
တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပြီး ကိုယ်ပေးနိုင်သလောက် ပေးနိုင်အောင် ကြိုးစားခဲ့တာပါ။
စာသင်နေရတဲ့ အချိန်ဆို အမြဲပျော်နေခဲ့ရတာ....။ ဒါပေမယ့် ဘဝဆိုတာက ဖြစ်ချင်သလို
ဖြစ်လာတတ်တာမျိုး မဟုတ်ဘူးလေ...။ လွန်ခဲ့တဲ့ သုံးနှစ် ဒီနေ့ညလို အချိန်ပေါ့.... နောက်ရက်ကို
တော်သလင်းလပြည့်နေ့ဆိုတော့ အဆောင်မှာ နေကြတဲ့ ကျောင်းသား/သူတွေကို
နားရက်တစ်ရက်ပေးလိုက်တာမို့ ကျနော်တို့ စာသင်ဆရာတွေအတွက်လည်း နားရက်ရတယ်ဆိုပါတော့။
 ကျနော်တို့ ဘော်ဒါဆောင်မှာ စာသင်တဲ့ ဆရာက သုံးယောက်ရှိပါတယ်... ကျနော်ရယ်၊
ကျနော့်သူငယ်ချင်းရယ်၊ နောက်ဆရာတစ်ယောက်ရယ်ပေါ့။ နားရက်ဆိုတော့ အေးအေးဆေးဆေး
နားမယ်ဆိုပြီး ညနေပိုင်းကို ရေမိုးချိုးပြီး အခန်းထဲမှာ စာအုပ်တစ်အုပ်နဲ့ ငြိမ့်နေတာပေါ့...။ ညနေ ၆
နာရီခွဲလောက်ကျတော့ ကျနော့်သူငယ်ချင်းဆရာက ရောက်လာပါတယ်။ ညကို သောက်ပွဲလေး
လုပ်ရအောင်ဆိုပြီး လာခေါ်တာပါ။ ကျနော်ဆိုတာကလည်း သောက်ပြီဆိုရင် အန်လစ်မစ်ဆိုတော့
မသောက်ချင်ပါဘူး။  အခါတိုင်းကတော့ ငြင်းခဲပါတယ်။ လာခေါ်ရင်လိုက်သွားပြီး
သောက်လိုက်တာပါပဲ....။ သောက်မိရင်လည်း ဘယ်တော့မှ နည်းနည်းနဲ့ နားတယ်မရှိ... အန်လစ်မစ်....
အော့တဲ့ အန်တဲ့အထိ  သောက်လုံးကြီးတတ်တာမို့ပါ။ သောက်လုံးကြီးပေမယ့် ပြဿနာတော့
မရှာတတ်ပါဘူး။ ခက်တာက ကျနော့်သူငယ်ချင်းပါ။ သူက မူးလာရင် ဘဝကြီးနဲချီပြီး စကားလုံး
အကြီးကြီးတွေ ပြောတတ်တာရယ်... နောက်တစ်ခုက သောက်မဲ့နေရာကလည်း
ဘော်ဒါဆောင်ထဲမှာဆိုတော့ မကောင်းဘူးလို့ တွေးမိတာရယ်ကြောင့်ပါ။ မသောက်ချင်ဘူး ငြင်းပေမယ့်
သူက အားလုံးစီစဉ်ပြီးပြီ လိုက်သာလိုက်ခဲ့တော့ဆိုပြီး ခေါ်လို့ ကျနော်လည်း လိုက်ခဲ့ရတယ် ဆိုပါစို့။
လမ်းရောက်တော့ ကျနော်ကသူ့ကို ကျန်တဲ့ဆရာတစ်ယောက်ကိုရော သွားခေါ်ရအောင်ဆိုပြီး ကျန်တဲ့
ဆရာကို သွားခေါ်ကြပါတယ်။ ဟိုဆရာကလည်း မလိုက်ချင်ပေမယ့် ကျနော်ဇွတ်အတင်းခေါ်လို့
လိုက်လာခဲ့ပါတယ်။ အဆောင်ရောက်တော့ ကိုယ့်ကောင်က အားလုံးပြင်ဆင်ပြီးသားဖြစ်နေတယ်...
ဟိုက်ကော်မရှင်တစ်လုံး၊ အချိုရည်ဘူး၊ အကင်၊ ကြက်သားကြော်၊ လိမ္မော်သီး၊ ပန်းသီး စုံလို့ပေါ့။
ဘော်ဒါဆောင်က ကျနော့်သူငယ်ချင်းအိမ်မှာ လုပ်ထားတာပါ။ အိမ်တစ်ဝင်းထဲကို အဆောက်အဦး
သုံးခု.... အရှေ့အနောက်တန်းထားတဲ့ အဆောက်အဦးကနှစ်ခု တောင်မြောက်တန်းထားတဲ့
အဆောက်အဦးက တစ်ခု.... အရှေ့အနောက်တန်းထားတဲ့ အဆောက်အဦးနှစ်ခုမှာ တစ်ခုက
ကျနော့်သူငယ်ချင်းဆရာနဲ့ သူ့အဖေ နေကြတဲ့ အဆောက်အဦးဖြစ်ပြီး နောက်တစ်ခုကတော့
အပေါ်ထပ်မှာ ကျောင်းသူတွေ နေကြပြီး၊ အောက်ထပ်မှာတော့ စာသင်ခန်းပါ။ နောက်
တောင်မြောက်တန်းထားတဲ့ အဆောက်အဦးကတော့ ကျောင်းသားတွေ အပေါ်ထပ်မှာနေပြီး
အောက်ထပ်ကတော့ စာသင်ခန်းပါပဲ။ အဆောင်ပိတ်ထားမို့ ကျနော်တို့ သုံးယောက် အရှေ့
အနောက်တန်းထားတဲ့ အဆောက်အဦးက စာသင်ခန်းလေးထဲမှာ ဝိုင်းဖွဲ့ကြပါတယ်။ ကျနော်နဲ့
ဆရာကတော့ သိပ်မသောက်ချင်တာမို့ အမြည်းများများစားနေကြပါတယ်။ ကျနော့်သူငယ်ချင်းကတော့
တစ်ခွက်ပြီး တစ်ခွက်ဆက်ချနေလို့ ဒီအတိုင်းသွားရင် ဒီကောင်မှောက်တော့မှာပဲဆိုတဲ့ အသိနဲ့
ကျနော်လည်း သူနဲ့အပြိုင် ခွက်ဆင့်သောက်ပါတော့တယ်။ ကျန်တစ်ယောက်ကတော့
နည်းနည်းပဲသောက်ပြီး ကျနော်တို့ ပြောတာတွေ နားထောင်ပေးနေတာပေါ့။ ကျနော်တို့ပြောတာတွေ
ဆိုပေမယ့် ကျနော်လည်း နားထောင်သူနေရာမှာ ပါနေတာပါပဲ။ ကျနော်တို့ဝိုင်းမှာ ပြောသူက
ကျနော့်သူငယ်ချင်း၊ နားထောင်သူက ကျနော်နဲ့ ကျန်တစ်ယောက်၊ ဒါပေမယ့် တစ်ခါတစ်ခါမှာ ကျနော်က
ဝင်ဝင်ပြောတာမို့ စကားပြောသူရော နားထောင်သူပါ ဖြစ်နေတယ်ဆိုပါစို့။ သောက်ရင်းစားရင်း
ထွေရာလေးပါးပြောနေကြရင်း အချိန်က ညဆယ်နာရီနားကပ်လာပါပြီ... ဟိုက်ကော်မရှင်ပုလင်း တစ်ဝက်
ကျိုးချိန်မှာတော့.... ရေချိန်လည်းတော်တော်လေး ရလာကြပြီမို့ .... ကျနော့်သူငယ်ချင်းက "ဟေ့ကောင်
ဘဝဆိုတာကြီးကို မင်းဘယ်လိုမြင်သလဲ"လို့ မေးလာပါတယ်။ ကျနော်စိတ်အညစ်ဆုံးက
အရက်သောက်ပြီး ဘဝအကြောင်းတွေ၊ တရားအကြောင်းတွေ ပြောတာမျိုးကို မနှစ်သက်ဆုံးပါပဲ။
ကျနော့်ဘဝမှာ အရက်ဆိုတာကို စိတ်ညစ်လို့ဆိုပြီး ဘယ်တော့မှ မသောက်ခဲ့ဘူးပါ။ ပျော်လို့၊
သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ကြလို့သောက်ဖြစ်တာများပါတယ်။ သောက်ပြီးရင်လည်း စကားကို
များများစားစား သိပ်မပြောတတ်ပါဘူး။ ကျနော့်အကျင့်က မူးပြီဆိုရင် အိပ်ချင်လာတာပါပဲ။ အခုလည်း
ကျနော့်သူငယ်ချင်းက ရေချိန်မှန်လာပြီး ဘဝနဲ့ချီတဲ့ စကားစလာတာမို့ ကျနော် စိတ်ပျက်သွားပါတယ်။
"ဘဝဆိုတာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက ကာလလို့ ဆရာဦးအောင်သင်းက ပြောတာပဲကွ"လို့
ပြန်ပြောတော့ "မဟုတ်ဘူးကွ သူငယ်ချင်းရ သူများအမြင်ကို မေးတာမဟုတ်ဘူး မင့်အမြင်ကို
မေးတာ"ဆိုပြီး စောဒကတက်လာတာမို့ " ဘဝဆိုတာ ဘကုန်းနဲ့ ဝလုံးပေါင်းထားတာလေ...
အရေးကြီးတာက ဘုန်းခနဲလဲပြီး ဝုန်းခနဲ မကွဲဖို့ပေါ့"ဆိုပြီး ပါးစပ်ထဲတွေ့ရာ ပြောချလိုက်တယ်။
"ငါကတော့ကွာ ဘဝဆိုတာကြီးကို စိတ်ပျက်တယ်"ဟု ဆိုလာပြန်ရာ....."ဘာလို့လဲကွ"ဆိုပြီး ကျနော်မှ
စကားထောက်ပေးလိုက်ရာ... "ဘာလို့လဲဆိုတော့ ငါအသက်မရှင်ချင်တော့လို့" ဟုပြန်ဖြေရာ...
ကျနော့်စိတ်ထဲမှ "ဗုဒ္ဓေါ...."ဟု တလိုက်မိတော့သည်။ သူကဆက်ပြီး "မင်းဘဝဆိုတာကြီးကို
ဘယ်လိုဖြတ်သန်းမလဲ... ပြီးတော့ အိမ်ထောင်ပြုဖို့ရော အစီအစဉ်ရှိသလား... လူတစ်ယောက်ဟာ
ဘဝဆိုတာ ရလာရင် အိမ်ထောင်ပြုဖို့ရော လိုအပ်သလား... ကဲ..မင်းရော... ဆရာရော..... ဖြေကြပါဦး"
နားထောင်သူဖြစ်နေတဲ့ ဆရာကတော့ "ဘဝဆိုတာကြီးကို ဘယ်လိုဖြတ်သန်းမယ်ဆိုပြီး
အစီအစဉ်တွေချထားပေမယ့် အစီအစဉ်အတိုင်း ဖြစ်လာတာမှ မဟုတ်တာ ဒီလိုပဲ ဖြတ်သန်းကြရတာပေါ့...
တစ်ခါတစ်လေ အစီအစဉ်အတိုင်းဖြစ်တယ် ... တစ်ခါတစ်လေ အစီအစဉ်အတိုင်း မဖြစ်ဘူး...
ဘယ်လိုပဲဖြစ်လာဖြစ်လာ ကြိုးစားဖြတ်သန်းရမှာပဲလေ... ဘာလို့လဲဆိုတော့ ငါတို့က ဘဝဆိုတာကြီးကို
ရနေကြပြီပဲ...နောက်တစ်ခုက ဘဝဆိုတာရလာတယ်... ဘဝထဲမှာမှ လူ့ဘဝဆိုတာရလာတယ်...
လူဖြစ်လာပြီဆိုမှတော့ လူ့တာဝန်ကျေပွန်ရမှာပေါ့ လူသားတာဝန်ထဲမှာ မျိုးဆက်ပြန့်ပွားအောင်
ဆောင်ရွက်ခြင်းကလည်း လူသားတာဝန်တစ်ရပ်ပဲလေ.... ဒီတော့ အိမ်ထောင်ပြုသင့်တာပေါ့"ဟု
ဝင်ပြော၏။ "မဟုတ်ဘူးဆရာ....... ဘဝဆိုတာကြီးကို ဆရာပြောသလိုဖြတ်သန်းရင် အဓိပ္ပာယ်မရှိတဲ့
ဖြတ်သန်းမှု မျှော်လင့်ချက်မရှိတဲ့ ဖြတ်သန်းမှုလို့ ခေါ်မှာပေါ့.... ဆရာ့မှာ သတ်မှတ်ထားတဲ့ ပန်းတိုင်မှ
မရှိတာ....နောက်တစ်ခု လူသားတာဝန်တစ်ရပ်ဖြစ်တဲ့ မျိုးဆက်ပြန့်ပွားရေးဆိုတာကိုလည်း
ကျနော်လက်မခံဘူးဗျ..... ကျနော်မျှော်လင့်ခဲ့တဲ့ ဘဝက ကျနော်တို့ ဘဝကို ပေးဆပ်ခြင်းတွေနဲ့
ဖြတ်သန်းကြမယ်.... အိမ်ထောင်မပြုဘူးဗျာ... ကလေးတွေကို စာသင်မယ်... အားလပ်ချိန်တွေကို
စာဖတ်မယ်... တစ်ခါတစ်လေ အခုလို ဝိုင်းဖွဲ့မယ်.... ဘယ်လောက်ပေါ့ပါး ဘယ်လောက်
လွတ်လပ်သလဲ... မဟုတ်ဘူးလား သူငယ်ချင်း...."ဟု ဆိုကာ မြှားဦးက ကျနော့်ဘက်လှည့်လာပြန်တာမို့
"မဟုတ်ဘူးကွ... မမှန်ဘူး .... ငါတို့ဒီအတိုင်းနေသွားလို့ မရဘူး မဟုတ်ဘူး ရတယ်... ဒါပေမယ့်
အသက်တွေကြီးလာရင် အလုပ်တွေ မလုပ်နိုင်ရင် ကျန်းမာရေး မကောင်းရင် ဘယ်လိုလုပ်မလဲ...."ဟု
ပြန်ဖြေတော့ သူက တဟားဟားးးအော်ရယ်ရင်းးးးးး"မင်းက ဆရာပြောတာကို သဘောတူတယ်ပေါ့.....
ကောင်းတယ်ကွာ....ကောင်းတယ်....မင်းတို့က ဘဝကြီးကို လူသားတာဝန်ကျေပွန်စွာ ထမ်းဆောင်ကြ....
ငါကတော့ မထမ်းဆောင်ချင်တော့ဘူးကွ.... ဒီမှာ သူငယ်ချင်း ငါ့အပေါ်မှာ မင်းဟာ ငါ့ညီအစ်ကို
မောင်နှမတွေထက်မကဘူး ကောင်းခဲ့တယ်.... ကျေးဇူးတင်တယ်ကွာ... ဒါပေမယ့် ဒီကျေးဇူးတွေကို
နောက်ဘဝမှပဲ ဆပ်တော့မယ်....." ဟုဆိုလာပြန်ရာ... ကျနော့်စိတ်ထဲမှာ ဒီကောင် အမူးလွန်သွားလို့
ပါးစပ်ထဲတွေ့ရာ လျှောက်ပြောနေတာလား ဘာအဆင်မပြေမှုတွေရှိနေလို့လဲဆိုတဲ့
အတွေးဝင်လာပါတယ်။ "မဟုတ်သေးပါဘူးကွာ.... ကျေးဇူးဆပ်တာတွေ ဘာတွေ အသာထား
နောက်ဘဝမှာ မင်းက လူဖြစ်ပါမယ်လို့ သေသေချာချာ ပြောလို့ရလို့လား...မင်းဘာတွေ
လျှောက်ပြောနေတာလဲ... အဓိပ္ပါယ်မရှိတဲ့ စကားတွေ မပြောနဲ့ကွာ... ငါတို့ အရက်သောက်တယ်ဆိုတာ
စိတ်ညစ်လို့ မဟုတ်ဘူး... ပျော်လို့သောက်တာ... စိတ်ညစ်စရာတွေ မပြောနဲ့ကွာ"ဆိုပြီး
ပြောလိုက်ပေမယ့်...."ငါ့ကိုခွင့်လွှတ်ပါ သူငယ်ချင်း တကယ်ကို ဘဝဆိုတာကြီးကို စိတ်ပျက်လို့
ပါ....."ဟုဆိုလာပြန်ရာ.... နားထောင်နေသူ ဆရာမှာ အပေါ့စွန့်သွားလိုက်ဦးမယ် ဆိုပြီး
ထသွားတော့သည်။ "ခက်တော့ ခက်နေပါပြီကွာ.... မင်ဘဝဆိုတာကြီးကို စိတ်ပျက်တယ်ဆိုပြီး
ထွက်သွားချင်တိုင်း ထွက်သွားလို့ ရတာမျိုးမှ မဟုတ်တာ ....."ဟုဆိုတော့.... "ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ....
မင့်ကျေးဇူးတွေကို နောက်ဘဝမှပဲ ဆပ်ပါရစေတော့......ငါ့ကို
ခွင့်လွှတ်ပါကွာ....."ဆိုလာပြန်ရာ..."ဟေ့ကောင် ငါက မင်းကို ကျေးဇူးဆပ်ပါလို့ ပြောဘူးလို့လား"ဟု
ပြန်မေးမိသည်။ ညဆယ့်တစ်နာရီခန့်ရှိပြီမို့ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်နေချိန် နှစ်ယောက်သား မူးမူးနှင့်
စကားကို အာလေး လျှာလေးနဲ့ အာကြီးအာကျယ် ပြောနေကြတာမို့ ( ကျနော့်တို့ကတော့
တိုးတိုးလေးပြောနေတာဟု ထင်နေကြတာပါ) ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်မိ.... ထိုအချိန်တွင်
အဆောင်ရှေ့ဘက် ဝင်းထရံကို "ဖောင်းးးးးဖောင်းးးးးဘုန်းးးးဘန်းးးးး"ဆိုတဲ့ အသံတွေနဲ့ အတူ
"တော်တော်ဆိုးတဲ့ ခွေးတွေ" ဆိုတဲ့ အသံကို ကြားရပါတယ်....။ ပြီးတော့ အပြင်ထွက်သွားတဲ့ ဆရာနဲ့
ကျနော့် သူငယ်ချင်းရဲ့ အဖေ စကားပြောနေသံကို ကြားရပါတယ်။ ကျနော့်သူငယ်ချင်းကတော့ ကျနော့်ကို
ကျေးဇူးတွေ နောက်ဘဝမှပဲ ဆပ်တော့မယ်....ခွင့်လွှတ်ပါ...ဟုသာ ပြောနေတော့သည်။ မကြာခင်မှာပဲ
အပြင်ထွက်သွားတဲ့ ဆရာပြန်ဝင်လာပြီး ကျနော့်နားကပ်ကာ "ဟေ့ကောင်..... ပြန်စို့ မင့်ကောင်အဖေက
မင်းမူးပြီး ပြဿနာရှာနေတာ ... ပြန်ခေါ်သွားတော့တဲ့....ခဏက လေးခွနဲ့ ပစ်တာလည်း ဘာခွေးမှ
မဟုတ်ဘူး"ဟု လေသံတိုးတိုးဖြင့်ပြောလာသည်။ ကျနော်နားလည်လိုက်ပါပြီ....။ မူးနေတယ်ဆိုပေမယ့်
ကျနော် အသိစိတ်လွှတ်အောင် မမူးပါ။ သူငယ်ချင်းဖြစ်သူပြောနေတဲ့ စကားတွေက
လမ်းကြောင်းလွဲနေတယ်ထင်လို့ ဖြန်ဖြေပြောနေရုံမျှသာ..... သို့သော်..... အမြင်လွဲမှားမှုကို
ခံလိုက်ရချေပြီ။ ကျနော့် သူငယ်ချင်းအဖေ စိတ်ထဲမှာ ကျနော်တို့နှစ်ယောက်က သူ့သားကို
အရက်သောက်ဖို့ရာ အဖော်ညှိ သောက်ပြီးတော့  ပြဿနာရှာနေတာဟု ထင်မှတ်သွားပုံရသည်။
ကျနော်လည်း သူငယ်ချင်းကို "ကဲ...ထတော့ကွာ မင့်ကို အိပ်ယာထဲ ပို့ပေးထားခဲ့မယ်... မင်းလည်း
မူးနေပြီ... မိုးလည်းချုပ်ပြီ... ငါလည်း ပြန်တော့မယ်...."ဟု ဆိုကာ သူ့ကို သူ့အခန်းထဲ တွဲပို့ပြီး
အိပ်ယာပေါ်တင်ပေးကာ ကျနော်နဲ့ ဆရာ အိမ်ပြန်လာရင်း လမ်းမှာ ဆရာက "ဟေ့ကောင် ငထွန်း
အဲ့တာကြောင့် ငါ မလိုက်ချင်ဘူးပြောတာ .... မင့်ကြောင့် ငါပါ ဒီည ခွေးဖြစ်သွားပြီ.... ငါတို့ကို
တော်တော်ဆိုးတဲ့ ခွေးတွေတဲ့..... မင့်ကောင် အဖေက....."ဟု ပြောလာတော့.... ကျနော် မဲ့ပြုံးပြုံးရင်း
"ခွေးဖြစ်သွားခဲ့တဲ့ ကျေးဇူးရှင်ကြီးပေါ့ ဆရာရယ်....."ပြန်ပြောလိုက်တော့ သူရော ကျနော်ပါ
တဟားဟားးရယ်မောရင်းးးးးးးးးးပြန်လာခဲ့ကြတာပေါ့။  တော်သလင်းလရဲ့  အမှတ်တရ
ညတစ်ညဖြစ်ခဲ့ပါလေရောဗျာ..... သြော်...လွန်ခဲ့တဲ့ သုံးနှစ်.....သုံးနှစ်...သုံးနှစ်...... ဟော............
ကျနော်ဒီစာရေးနေရင်း လမ်းထိပ်မှာ ခွေးသံတွေ ဆူညံနေပြီ......
ပျော်ရွှင်ချမ်းမြေ့ကြပါစေ......
K.T.W.L
Saturday, September 6, 2014
ကသာခရိုင်အမျိုးသမီးအလွတ်တန်း ဘောလုံးပွဲကို အင်းတော်မြို့နယ်ကိုယ်စားပြုတဲ့ မော်လူးဘောလုံးအသင်းက ပထမ..
ကသာခရိုင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ
မော်လူးဒေသ  အမျိုးသမီး ဘောလုံးအသင်းက
ကသာအသင်းကို  ၁ ဂိုး   ဂိုး မရှိ  နဲ့  အနိုင် ရရှိ ကာ
ဒိုင်းဆု  ရယူခဲ့ပါသည်။
Friday, September 5, 2014
ဇ ရှိရင် လုပ်ကြလေ မော်လူးသားတွေ အင်းတော်မှာ ဆန္ဒပြပြန်ပြီတဲ့
အင်းတော်မှာဆန္ဒပြ ပြန်ပြီတဲ့
အင်းတော်မြို့နယ် က ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ
ပွင့်လင်းမြင်သာမှု မရှိသည်ကို
မကျေနပ်သဖြင့် အင်းတော်မြို့နယ်သူ/သားများ
ဆန္ဒထုတ်ဖေါ်ကြပါကြောင်း သိရှိရပါ၏။
Wednesday, September 3, 2014
မော်လူးသူ တစ်ယောက် facebook မှာ ခံစားပြလိုက်တဲ့ ရင်ဘတ်ထဲစကားလုံးများ
{တော်တော် ထိတယ် ဘာတွေ လဲသိဘူး }
အေးချမ်း လို့ မှိုင်းရီနွေးထွေး
မြူးခိုးဝေး လှတဲ့ တို့များဌာနေ မော်လူး မြေ၀ယ်
သာယာညိမ့်ညောင်း ရှူခင်းတွေ ကောင်း
အခွင့်သာခိုက်¿¿??g
အလယ်တစ်ခေါက် လာရောက်မည်
ရှိငြားသော်လည်း လူသူ ကင်းရှင် တစပြင် တွင်
ဂူသင်္ချိုင်းလည်း မူးရစ်သားကောင် များလှပေတယ် ...
သိသာသိစေမမြင်စေနဲ့
ခရိုနီ ခေတ် စစ်လက်နက် ထက်ပြင်း အနူမြူဗုံး ပမာ
သြော်.... ဒို့ရွာ လေ သာယာပေ မဲ့ တနယ်တကြေး
ရထားကြီး ခရီးထွက် ဖို့ လက်မှတ် ၀ယ်ရန် ခက်လှတယ်
နင်း လည် ခရိုနီ များလာကွယ်..¿¿¿¿¿?????
သြော် မေ့နေလို့ တောင်းပန်း ပါရစေ ....
စာလုံး ပေါင်မှား ရင် ပြင်ဖက်လိုက် ကြ
ရေးတဲ့သူ က<<< အရိပ် >>
Admin= kmk
မော်လူးဒေသ မီးခဏခဏ မပျက် ဖို့ ထရန်စဖော်မာကြီး ရန်ကုန်က သယ်လာပြီတဲ့
မော်လူး  ဒေသ အတွက်  ယခု အသုံးပြုနေသော  အင်းတော် မြို့ တွင် တပ်ဆင်ထားသည့်
ထရန်စဖော်နေရာတွင်  အစားထိုးရန်
၂၀၀၀ ကေဗွီအေ  ထရန်စဖော်မာကြီးအား
3.9.2014 နေ့  တွင် ရန်ကုန်မှ သယ်ယူလာပြီဟု
သိရပါ၏
Tuesday, September 2, 2014
ကြွက်တက်ခြင်းကာကွယ်ရန် နည်းလမ်းများ လူတိုင်း သိထားသင့်ပါတယ်
သင်သည် ပုံမှန်လေ့ကျင့်ခန်းလုပ်သူမဟုတ်ပါက ကြွက်တက်လေ့ရှိခြင်းမှာ မထူးဆန်းပေ။ သို့သော် ကြွက်တက်ခြင်းကို လျစ်လျူရှုထားပါက နောင်တွင် ဒဏ်ရာအနာတရဖြစ်နိုင်သည်။ ကြွက်တက်ခြင်းကိုကာကွယ်နိုင် မည့်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါသည်။
ရုတ်တရက်မထင်မှတ်ဘဲ ကြွက်သားများကျုံ့သွားချိန်တွင် ကြွက်တက်ခြင်း (သို့မဟုတ်) အကြောဆွဲခြင်းတို့ ဖြစ်တတ်သည်။ ယင်းအကြောဆွဲခြင်းများက ကြွက်သားတစ်ခု (သို့မဟုတ်) ကြွက်သားအုပ်စုတစ်စုကို ရုတ်တရက်ကျုံ့သွားစေနိုင်သည်။ ကြွက်တက်ခြင်းမှာ စက္ကန့်အနည်းငယ်(သို့) မိနစ်အနည်းငယ်မှ ယင်းထက်လည်းပိုကြာနိုင်သည်။
ကြွက်သားနှစ်မျိုးရှိပြီး တစ်မျိုးမှာ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း စသည်တို့ပြုလုပ်ချိန်တွင် သုံးနိုင်သည့် ခြေနှင့်လက်တို့ရှိ ကြွက်သားများကဲ့သို့ ထိန်းချုပ်နိုင်သော ကြွက်သားများဖြစ်သည်။နောက်တစ်မျိုးမှာ မထိန်းချုပ်နိုင်သောကြွက်သားများဖြစ်သည်။ မထိန်းချုပ်နိုင်သော ကြွက်သားများမှာ အကြောဆွဲခြင်း၊ ကြွက်တက်ခြင်းတို့ဖြစ်စေနိုင်သည်။
ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များမရှိ ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် ကြွက်တက်ခြင်းကိုဖြစ် စေနိုင်သည်။ အာရုံကြော (သို့မဟုတ်) ကြွက်သားဒဏ်ရာရပါက အကြောဆွဲခြင်းကိုဖြစ်စေနိုင်သည်။ ကြွက်သားများသို့ သွေးလည်ပတ်မှုညံ့ဖျင်းခြင်းကလည်း ကြွက်တက်စေနိုင်ပြီး ခြေချင်းချိတ်၍ အချိန်အကြာကြီးထိုင်ပြီးနောက် ကြွက်တက်နိုင်သည်။
အချို့သောဆေးဝါးများကြောင့်လည်း ကြွက်တက်နိုင်သည်။ ဇရာကြိုရောဂါ(အယ်လ်ဇိုင်းမား)ကို ကုသရာတွင်သုံးသော ဆေးဝါးအချို့၊ ပါကင်ဆင်ရောဂါ၊ သွေးတိုးရောဂါနှင့် ကိုလက်စထရောလျှော့ချစေရန်သုံးသောဆေးဝါးအချို့ကြောင့် ကြွက်တက်နိုင်သည်။ သို့သော် ယင်းဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆေးသောက်သုံးသူအားလုံးကို ထိခိုက်ခြင်းမရှိဘဲ လူအနည်းငယ်မျှကိုသာ ထိခိုက်စေသည်။
ကြွက်တက်ခြင်းကိုကုသရန် ကြွက်သားများကို သက်သောင့် သက်သာဖြစ်အောင်လုပ်ပါ။ ကြွက်သားပေါ်တွင် အပူဖိကပ်ပါ။ ကြွက်သားကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပါ။ နှိပ်ပေးခြင်းကလည်း ကြွက်တက်ခြင်းကို ကုသရာတွင် ကောင်းသည်။ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ဓာတ်များချို့တဲ့နေပါက ဖြည့်စွက်စာစားပေးပါ။ ရေသောက်ပါ။ လျှပ်စစ်ဓာတ်ဖြတ်နိုင်သော ဖျော်ရည်များသောက်ပါ။ လမ်းလျှောက်ခြင်း (သို့မဟုတ်) မတ်တတ်ရပ်ခြင်းမျိုးပြုလုပ်ပါ။
ခြေဆန့်လက်ဆန့်လုပ်ခြင်း၊ သွေးပူလေ့ကျင့်ခန်းလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီး အကြောလျှော့ခြင်းတို့ပြုလုပ်ခြင်းဖြင့် ကြွက်တက်ခြင်းကိုကာကွယ်နိုင်သည်။ အားသွန်ခွန်စိုက်လှုပ်ရှားမှုမျိုးပြုလုပ်ရမည်ဆိုပါက ရေဓာတ်ဖြည့်တင်းထားပါ။ ချွေးအလွန်ထွက်ချိန်တွင် လျှပ်စစ်ဓာတ်ဖြတ်နိုင်သောဖျော်ရည်များ သောက်သုံးပေးရန် အထူးအရေးကြီးသည်။
အသက်ကြီးသူများအိပ်နေချိန်တွင် သွေးလည်ပတ်မှုနှေးကွေးသွားသဖြင့် ကြွက်တက်နိုင်ပြီး လှုပ်ရှားမှုမရှိခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ သို့သော် ကိုယ်နေဟန်ထားတစ်မျိုးတည်း အချိန်အကြာကြီးရပ်နေခြင်း၊ ကုလားထိုင်ပေါ်တွင်ထိုင် နေရခြင်းတို့ကြောင့် ကြွက်တက်ခြင်းမှာ မည်သူမဆို ဖြစ်နိုင်သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကိုယ်ဝန်သက်တမ်းဒုတိယ သုံးလပတ်ကာလအတွင်း ခြေနှင့်လက်တို့ ကြွက်တက်လေ့ရှိသည်။ ကိုယ်ဝန်ဆောင်များမည်သည့်အတွက်ကြောင့် ကြွက်တက်သည် ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း ကိုယ်အလေးချိန်ပိုများခြင်းနှင့် ဆက်နွှယ်ဖွယ်ရှိသည်။ အနှိပ်ခံခြင်းက ကြွက်တက်ခြင်းကိုသက်သာနိုင်သည် ဆိုသော်လည်း မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တက်ခြင်းကိုပိုမိုဆိုးရွားစေနိုင်သည်။      Ref - TOI
စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းရန် ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခြင်း..
စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းရန် ဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ခြင်း မရှိသေး
ရန်ကုန်၊ စက်တင်ဘာ ၁
ပညာရေး ဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ်များ ပြင်ဆင်ပြောင်းလဲမည် ဖြစ်ကြောင်း တရားဝင် ပြောကြားထားသော်လည်း ယခုနှစ် သြဂုတ်လကုန်အထိ အခြေခံပညာ ကျောင်းများထံ ဝန်ကြီးဌာနက တရားဝင် စာပို့အကြောင်းထားခြင်း မရှိသေးကြောင်း အခြေခံပညာရေး ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။
ကျောင်းတွင်းစစ် စာမေးပွဲမှ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့် စာမေးပွဲများအဖြစ် ပြောင်းလဲရန် ညွှန်ကြားချက်ကြောင့် အခြေခံပညာကျောင်း အများစုတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်း စာမေးပွဲ စစ်ဆေးနည်းများကို ပညာသင်နှစ် အစပိုင်းကတည်းက ပြောင်းလဲထားသော်လည်း လက်ရှိအချိန်ထိ ဝန်ကြီးဌာနမှ တရားဝင် ညွှန်ကြားချက် မရသောကြောင့် ယင်းစနစ်အတိုင်း ဆက်လက် ကျင့်သုံးသင့်၊ မသင့် မသိနိုင်သေးကြောင်း အမည်မဖော်လိုသူ မူလတန်း ကျောင်းအုပ်တစ်ဦးက ရှင်းပြသည်။
“လေးတန်း စာမေးပွဲကတော့ လောလောဆယ် မသေချာလောက်သေးဘူး။ အခုထိ ဘယ်လိုစာမေးပွဲ စစ်ရမယ်။ သုံးလပတ် စာမေးပွဲ ဘယ်လိုစစ်ရမယ် ဆိုတာ ညွှန်ကြားထားတာလည်း မရှိသေးဘူး။ မဖြေနိုင်တဲ့ သူတွေကို ဒီအတိုင်းပဲ အကျထားခဲ့ရမလား။ ဘယ်လိုလုပ်ရမလဲ မသိသေးဘူး” ဟု ၎င်းက The Voice သို့ ပြောဆိုသည်။
ပညာရေး ဝန်ကြီးဌာနရှိ အခြေခံပညာ ဦးစီးဌာနများထံ စက်တင်ဘာလ ၁ ရက်နေ့အထိ တရားဝင် အကြောင်းကြားစာ ပေးပို့ထားခြင်း မရှိကြောင်း အမှတ် (၁) အခြေခံပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
လတ်တလော အချိန်အထိ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူများက ယင်းစာမေးပွဲစနစ် အပြောင်းအလဲကို အကြံပြုချက် အမျိုးမျိုး ပြောထားနေသောကြောင့် တိကျသောအဖြေ မထွက်သေးကြောင်း အဆိုပါဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောကြားသည်။
ယင်းအပြင် ဇူလိုင်လအတွင်းက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ကျင်းပသော အခြေခံပညာရေး ဆွေးနွေးပွဲတွင် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှုကော်မတီ အကြံပေးပညာရှင် ဦးသန်းဦး ကိုယ်တိုင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် ပြောင်းလဲမည့် သတင်းမှာ ကောလာဟလသာ ဖြစ်ပြီး ဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်း မရှိကြောင်း ဇူလိုင်လ ၂၃ ရက်နေ့က ပြောကြားထားသည်။
သို့သော် အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်က စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစနစ် အပြောင်းအလဲကို ယခုပညာသင်နှစ်တွင် စတင်မည် ဖြစ်ကြောင်း The Voice သို့ ယမန်နေ့က ထပ်မံအတည်ပြု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို ယခင်က မြို့နယ်အဆင့်၊ တိုင်းအဆင့် စစ်ဆေးခဲ့သော်လည်း ပညာရေးမြှင့်တင်မှု အစီအစဉ် စတင်ပြီး နောက်ပိုင်းမှ လက်ရှိအချိန်အထိ စဉ်ဆက်မပြတ် အကဲဖြတ် အတန်းတင်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့သည်
the voice weekly  facebook wall
Monday, September 1, 2014
မော်လူးဒေသ အမျိုးသမီးဘောလုံးသင်း ကသာခရိုင် ပြိုင်ပွဲတွင် နိုင်ပွဲ ဆက်ပြန်ပြီ
1•9•2014မှာအင်းတော်မြို့နယ်ကိုယ်စားပြု မော်လူးဒေသ အမျိုးသမီးဘောလုံးအသင်းက ပင်လယ်ဘူးမြို့နယ်အသင်းကို 9:0ဖြင့် အပြတ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်ကိုတက်ခဲ့ပါပြီ 4•9•2014တွင်ကောလင်းမြို့နယ်အသင်းနှင့်ကစားရမည်
ဖြစ်ပါကြောင်း သိရပါ၏။
ကဲကဲ မော်လူးသားတွေ mpt ဆင်းကဒ် တွေ မန္တလေးမှာ တကယ် ဝယ်လို့ရပြီ
ယနေ့ နေ့လည်ပိုင်းက စပြီး
မှတ်ပုံတင် တစ်ခု လျှင်  တစ်ကဒ်
၁၅၀၀  ကျပ်နေ့  ရောင်းနေပြီ
ကဲ အောင်ရနာနဲ့  လိုက်ပြီး ဝယ်ကြပေတော့
Sunday, August 31, 2014
ထွန်းထွန်းမင်းကို ထိုင်းလက်ဝှေ့သမား ကြောက်ရှုံးရှုံး စင်ကာပူနိုင်ငံမှာ ဒီနေ့ကျင်း..
The Voice Weekly's Facebook Wall / The Voice Weekly
ထွန်းထွန်းမင်းကို ထိုင်းလက်ဝှေ့သမား ကြောက်ရှုံးရှုံး
စင်ကာပူနိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ မြန်မာ-ထိုင်း-ဖိလစ်ပိုင် သုံးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ထိုးသတ်ပွဲမှာ မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ထိုင်းလက်ဝှေ့သမား ခရွန် ကြောက်ရှုံးနဲ့ အရေးနိမ့်သွားခဲ့တယ်လို့ ပွဲသွား ရောက်ကြည့်ရှုခဲ့သူ တချို့က ပြောပါတယ်။
အဲဒါကြောင့် ထွန်းထွန်းမင်းက အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။
လက်ဝှေ့စိန်ခေါ်ပွဲမှာ ပထမတန်း လက်ဝှေ့သမား ထွန်းထွန်းမင်းနဲ့ ဒုတိယတန်း ကစားသမား ထက်အောင်ဦး တို့ဟာ ပြိုင်ဘက်ကစားသမား တွေကို ပွဲချီမပြည့်ခင် အလဲထိုးနဲ့ အနိုင်ရခဲ့တယ်လို့ ပွဲသွားရောက် ကြည့်ရှုသူတွေက ပြောပါတယ်။
မြန်မာလက်ဝှေ့သမား ငါးဦး သွားရောက် ယှဉ်ပြိုင်တာမှာ နှစ်ဦးက အလဲထိုးနဲ့ အနိုင်ရခဲ့ပြီးတော့ ကျန်သုံးဦးကတော့ သရေကျခဲ့ပါတယ်။ ထက်အောင်ဦးက ဖိလစ်ပိုင် လက်ဝှေ့သမားကို ပထမအချီမှာ အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။
စောဖြိုးဝေနဲ့ ဂျနီတို( ဖိလစ်ပိုင်)၊ ကြယ်စင်ဖြိုးနဲ့ ဖက်မွန်ခွန်း(ထိုင်း)၊ ရဲတံခွန်နဲ့ ထိုင်းကစားသမားတို့ ပွဲမှာတော့ ငါးချီပြည့်တဲ့အထိ ထိုးသတ်ကြပြီးတော့ သရေပွဲနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်
ဘယ် ခေတ် က ဘိုးတော်မင်းတရားရဲ့ ပေါက်ကွဲသံစစဉ်လည်းမသိပါ
မော်လူး နှင့် သက်ဆိုင်သည့်  ကဗျာမို့ facebook  သယ်ဆောငိလာပါ၏
“ဥပုသ်နေ့နဲ့ပတ်သက်သမျှ သိကောင်းစရာများ”
“ဥပုသ်နေ့နဲ့ပတ်သက်သမျှ သိကောင်းစရာများ”
•••••••••••••••••••••••••••••••••••••••••••••••••
ဥပုသ်နေ့အကြောင်းနဲ့ပတ်သက်သမျှကို သိရှိနားလည်ဖို့ရန်
လိုမယ်ထင်လို့ မိမိသိရှိသမျှ စုံလင်အောင်
ရေးသားတင်ပေးလိုက်ပါတယ်။
ဥပုသ်ဆိုသည်မှာ “ဥပေါသထ”-ဟူသောပါဠိကို
ဥပုသ်-ဟု မြန်မာပြန်ထားကြတာပါ။
ဥပ-ညစာမစားခြင်း၊ မေထုန်ရှောင်ခြင်းစတဲ့
ကောင်းသော အကျင့်များနဲ့ ပြည့်စုံစွာ
ဝသထ-နေထိုင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
ကိုယ်ကျင့်သီလမပျက်အောင် စောင့်ထိန်းကျင့်သုံးတာကို
ဥပုသ်စောင့်တယ်လို့ ခေါ်တာပါ။ ဥပုသ်စောင့်ဖို့ အတွက်
နေ့ရက်များကို ဘုရားပွင့်တော်မမူမီကပင် သူတော်ကောင်းတို့
သတ်မှတ်ခဲ့ကြပါတယ်။ ဥပုသ်သီလဆောက်တည်ရန်အတွက်
ရှေးအစဉ်အလာကပင် ရက်သတ်မှတ်ထားတာကို
အောက်ပါ အတိုင်း တွေ့ရပါတယ်။
တစ်လကို
(၁) အဋ္ဌမီ လဆန်း၊ လဆုတ်(ရှစ်ရက်မြောက်နေ့)ဥပုသ်။
(၂) စတုဒ္ဒသီ (ရက်မစုံလအတွက် (၁၄)ရက်မြောက်လကွယ်နေ့) ဥပုသ်။
(၃) ပန္နရသီ (၁၅)ရက်မြောက် လပြည့်၊လကွယ်နေ့)ဥပုသ်။
(၄) ပါဋိဟာရိက (အကြိုအပို) ဥပုသ်ဟု အကျဉ်းအားဖြင့်
(၄)မျိုးရှိကြောင်း ကျမ်းဂန်များ တွင် ဖော်ပြထားကြပါတယ်။
ပါဋိဟာရိက-အကြိုဥပုသ်နဲ့ အပိုဥပုသ်ဆိုတာကတော့
ထို(၃)ရက်မရောက်မီ ကြိုတင်စောင့်ရတဲ့ (၇)ရက်မြောက်၊
(၁၃)ရက်မြောက်၊ (၁၄)ရက်မြောက်ဥပုသ်တို့ ဖြစ်ပါတယ်။
အပိုဥပုသ်ဆိုတာကတော့ ထို(၃)ရက်နောက်တွင်
အပိုဖြည့်စွက်ပြီး စောင့်ရသော (၉)ရက်၊
လပြည့်ကျော်(၁)ရက်၊ လဆန်း(၁)ရက်ဥပုသ်၊
ဝါတွင်းမှာဆိုရင်တော့ (၁၅)ရက်ဖြစ်စေ၊
တစ်ဝါတွင်းလုံးဖြစ်စေ စောင့်ထိန်းကြတဲ့ ဥပုသ်များလည်း ရှိပါတယ်။
အဲဒီလို ဥပုသ်စောင့်ရက်ကို ရှေးရှေးက သတ်မှတ်ထားကြပါတယ်။
ဘာဖြစ်လို့ ဒီလိုရက်ရှည်ကာလများစွာ ဥပုသ်သီလ
ဆောက်တည်ကြတာလဲဆိုတော့ လူများရဲ့ စိတ်အစဉ်မှာ
ကိလေသာမြူတွေ နေ့စဉ်တင်နေတဲ့အတွက်
ထိုကိလေသာမြူတွေကို ဥပုသ်သီလ စောင့်ထိန်းပြီး
ဆေးကြောသုတ်သင်ကြဖို့ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓကိုယ်တိုင်ကလည်း ဥပုသ်စောင့်ခြင်းကို
ဦးခေါင်းလျှော်ခြင်းနဲ့ ဥပမာပြပြီး ၀ိသာခါကျောင်းအမကြီးကို
ဒီလိုဟောကြားပေးခဲ့ပါတယ်။
လဆန်း (၁)ရက်နေ့ဆို နေရောင်ရှိလို့ ဆံပင်ခြောက်သွေ့မည်ကို
မြင်တဲ့ အမျိုးသမီးဟာ ရေချိုးခေါင်းလျှော်ကြတယ်။
အဲဒီလို ခေါင်းလျှောက်လိုက်တော့ ဦးခေါင်းမှာ
အညစ်အကြေးသန့်ရှင်းလိုက်တဲ့အခါ ဆံပင်လည်း
သွေ့ခြောက်သွားလို့ ဦးခေါင်းဟာ သန့်ရှင်းပြီး
ပေါ့ပါး သွားတယ်။ ဒါပေမဲ့ နောက်ရက်များမှာ
ဦးခေါင်းပေါ်ဝယ် မြူမှုန်ကျခြင်း၊ အတွင်းက အညစ်အကြေးများ
ဦးခေါင်းပေါ်ထွက်လာတဲ့အခါ (၇)ရက်လောက်ကြာတော့
ဦးခေါင်းဟာ လေးလံလာပြန်တယ်။
အဲဒါနဲ့ တစ်ပါတ်လောက်ကြာတဲ့ အခါ
နောက်တစ်ကြိမ် ခေါင်းလျှော်ရတယ်။
အဲဒီလိုပဲ လူတို့ရဲ့စိတ်မှာ နေ့စဉ် စီးပွားရှာတဲ့အခါဖြစ်စေ၊
ပျော်ပါးတဲ့အခါဖြစ်စေ၊ ပုံစံမျိုးစုံနဲ့နေထိုင် သွားလာ
လှုပ်ရှားနေရင်း ရာဂ၊ ဒေါသစတဲ့ ကိလေသာမြူမှုန်တွေဟာ
ကပ်ငြိနေတယ်။ သံသရာတစ်လျှောက်လုံးကလည်း
ဘ၀မျိုးစုံနဲ့ ကပ်ငြိလာခဲ့ကြတယ်။
အဲဒါကြောင့် မိမိတို့သန္တာန်မှာ ကိလေသာတွေဟာ
မရေတွက်နိုင်အောင် များနေတယ်။
တစ်ဦးနဲ့တစ်ဦး တရားထူးရတာချင်း မတူတာ၊
တရားအသိမတူတာ၊ အကျိုးပေးမတူတာတွေဟာ
မိမိတို့ရဲ့ ကျင်လည်ခဲ့ရတဲ့ဘ၀တွေမှာ ကိလေသာတွေ
ဘယ်လောက်ညစ်ကြေးလာအောင် ပြုလုပ်ခဲ့သလဲဆိုတာ
မသိရတဲ့အတွက် မတူကြတာပါ။
တချို့က သူများလို ခဏလေးနဲ့တရားမှတ်ရင်
တရားသိမယ်ထင်တယ်။ သူများလို ကောင်းတာလေး
တစ်ခုလောက်လုပ်ရင် အကျိုးပေးမယ်ထင်နေတာလေ။
မိမိမှာ ဘ၀များစွာက ကောင်းမှု၊ မကောင်းမှုကို မသိလို့ဖြစ်စေ၊
သိလျက်နဲ့မိုက်ခဲ့လို့ဖြစ်စေ ပြုလုပ်ခဲ့တဲ့ ကိလေသာအညစ်ကြေးတွေက
ဘယ်လောက်များ သလဲဆိုတာ မသိရဘူးလေ။
ဒါကြောင့် မိမိတို့က မိမိတို့သန္တာန်မှာရှိတဲ့ ကိလေသာ
အညစ်ကြေးတွေကို များများပယ်သတ်နိုင်အောင်
ကြိုးစားမှ ကိလေသာကင်းရာကိုရောက်မှာဖြစ်သလို
မရောက်ခင်မှာလည်း ကိလေသာနည်းတဲ့
အကျိုးပေးကောင်းမှုတွေကို ခံစားရမှာပါ။
အဲဒီလို မိမိတို့ရဲ့စိတ်အစဉ်မှာ ကပ်ငြိမ်နေတဲ့
ကိလေသာမြူမှုန်တွေ သန့်ရှင်းအောင် အိမ်ရာအလုပ်တွေကို
အနားပေးပြီး မကောင်းမှုများကိုလည်း ရှောင်ကြဉ်ကာ
ဥပုသ်သီလဆောက်တည်ခြင်းနဲ့ ဆေးကြောပေးရပါတယ်။
တစ်ပါတ်တစ်ခါလောက် မိမိသန္တာန်မှာရှိတဲ့
ကိလေသာညစ်ကြေးတွေ မသန့်ရှင်းနိုင်၊
မလျှော့ပါးနိုင်သေးလို့ အကြိုရက်၊ အပိုရက်များမှာပါ
ဥပုသ်သီလ စောင့်ထိန်းပေးရခြင်း ဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာဆိုရင်တော့ ရုံးပိတ်ရက်များဖြစ်တဲ့ စနေ၊
တနင်္ဂနွေနေ့များကို ဥပုသ်နေ့များလို့သတ်မှတ်ပေးပြီး
စောင့်ထိန်းကြရင် ပိုမိုကောင်းမွန်ပါလိမ့်မယ်။
တစ်ပါတ်ရဲ့ အစဆုံးနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ
တစ်ခါသန့်ရှင်းထားလိုက်ပြီး တစ်ပါတ်ရဲ့အဆုံးဖြစ်တဲ့
စနေနေ့မှာ ထပ်သန့်ရှင်းလိုက်မယ်ဆိုရင် ကိလေသာတွေဟာ
ကပ်လိုက်၊ လျှော့လိုက်နဲ့ဆိုတော့ ခံသာသေးတာပေါ့လေ။
အဲဒီလိုမဟုတ်ဘဲ တစ်ပါတ်တစ်ခါလောက်ဆို
ကိလေသာကပ်တာကပိုများပြီး လျှော်တာကနည်းနေရင်
ကိလေသာက ဘယ်တော့မှ ကင်းမှာမဟုတ်တော့ဘူး။
ပြောသာ ပြောရတာပါ။ ခုခေတ်က တစ်ပါတ်တစ်ခါမပြောနဲ့
ဝါတွင်းလေး(၃)လကိုတောင်မှ တစ်ပါတ်တစ်ခါ
ကိလေသာမလျှော်တဲ့လူတွေက များနေတာပါလေ။
အဓိကကတော့ မိမိစောင့်ထိန်းနိုင်တဲ့ရက်ကို
စောင့်ထိန်းရင် အကောင်းဆုံးပါပဲ။ ကောင်းမှုကုသိုလ်ဖြစ်တဲ့
သီလစောင့်ထိန်းမှုကို မြတ်ဗုဒ္ဓက ဘယ်နေ့မှ စောင့်ထိန်းရမယ်လို့
သေချာမပြောခဲ့ဘဲ အနည်းဆုံးတစ်ပါတ်တစ်ခါလောက်တော့
ဦးခေါင်းလျှော်သလို စောင့်ထိန်းသင့်တယ်လို့ပဲ ပြောခဲ့ပါတယ်။
မိမိတို့က နေ့စဉ်စောင့်ထိန်းနိုင်လေ ကောင်းလေပါပဲ။
ငါးပါးသီလကတော့ လူသားတွေ စောင့်ထိန်းရမဲ့ အရာပါ။
ရှစ်ပါးသီလဥပုသ်သီလကတော့ အရိယာ
သူတော်ကောင်းဖြစ်အောင် စောင့်ထိန်းတဲ့ သီလပါ။
အဲဒီတော့ မိမိက လူသားတစ်ယောက်ဖြစ်ချင်ရင် ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းရမယ်။ အရိယာသူတော်ကောင်းတစ်ယောက်ပါ ဖြစ်ချင်ရင်တော့
ရှစ်ပါးသီလဥပုသ်သီလကို နေ့စဉ် စောင့်ထိန်း ရမယ်။
ဒါမှမဟုတ် မိမိက တစ်ပါတ်တစ်ခါပဲ အရိယာ
သူတော်ကောင်းဖြစ်ချင်တယ်ဆိုရင်တော့ တစ်ပါတ်တစ်ခါ
ဥပုသ်သီလ စောင့်ထိန်းပေါ့။
ဘယ်တော့မှမဖြစ်ချင်ဘူးဆိုရင်တော့
ဘယ်တော့မှဥပုသ် မစောင့်နဲ့ပေါ့လေ။
အဲဒီတော့ ရှစ်ရက်၊ လပြည့်၊ လကွယ်နေ့များကို
ဥပုသ်နေ့ဟု သတ်မှတ်ကြတာဟာ လူသားတွေရဲ့
အချိန်အခါအခြေအနေကိုကြည့်ပြီး သတ်မှတ်ကြတာပါ။
ဥပုသ်သီလကို မြတ်ဗုဒ္ဓအလိုကျဆိုရင် အနည်းဆုံးတော့
တစ်ပါတ်တစ်ခါတော့ စောင့်ထိန်းပေးရမှာဖြစ်ပြီး၊
မိမိစောင့်ထိန်းနိုင်ရင် မိမိစောင့်ထိန်းတဲ့နေ့ဟာ
ဥပုသ်နေ့ဖြစ်တာမို့ စောင့်ထိန်းနိုင်လေ
ကောင်းလေးဆိုတာပဲ မှတ်သားထားကြပါလေ။
“ညစာမစားရခြင်း”
••••••••••••••••••••••••••••••
တစ်ခါ ဥပုသ်စောင့်တဲ့အခါ ညစာမစားရခြင်းနဲ့ပတ်သတ်ပြီး
မြတ်စွာဘုရားရှင်လက်ထက် စတင်ဖြစ်ပေါ်လာပုံကို
ပြောပြပေးပါမယ်။
မြတ်စွာဘုရားရှင်လက်ထက်က အစပထမပိုင်းမှာ
ရဟန်းသံဃာများပင် ညနေစာအတွက်
ဆွမ်းခံထွက်စားခဲ့ကြပါတယ်။
ဒါပေမဲ့ မြတ်စွာဘုရားရှင် ၀ိနည်းသိက္ခာပုဒ်များပညတ်ရာ
မြတ်ဗုဒ္ဓ၀ါတော်(၂၀)လွန်တဲ့နောက်ပိုင်းမှာတော့
ဝိကာလဘောဇန သိက္ခာပုဒ်လည်း ပညတ်ဖို့ရန်
အကြောင်းဖြစ်ပေါ်လာတာကြောင့် ပညတ်ခဲ့ရပါတယ်။
ပညတ်ရခြင်းအကြောင်းကတော့
•••••••••••••••••••••••••••••••••••••••
(၁) ရဟန်းတော်တစ်ပါး ညပိုင်းဆွမ်းခံထွက်တဲ့အခါ
အိမ်တစ်အိမ်ရှေ့ဆွမ်းခံသွားရပ်ရာ အိမ်ရှင်မက ရဟန်းတော်ရဲ့
သင်္ကန်းရောင်ကိုမြင်ပြီး ရဟန်းတော်ကို အစိမ်းသရဲ၊
မြေပုံဘီလူးလို့ထင်တဲ့အတွက် ဆန်ဆေးရည်နဲ့ ပတ်ခဲ့မိပါတယ်။
အဲဒီတော့ ရဟန်းသံဃာတွေ ညနေဆွမ်းခံတာဟာ
လူတွေအတွက် အပြစ်ဖြစ်ကြတယ်။
(၂) ညနေပိုင်းမှာ ရဟန်းတော်များဆွမ်းခံသွားတဲ့ အခါ
နွားအုပ်တွေရွာထဲသွင်းချိန်မို့ နွားရောင်နဲ့သင်္ကန်းရောင်
ရောနှောနေတဲ့အတွက် လူတွေက ရဟန်းတွေကို
နွားတွေထင်ပြီး နွားတွေနဲ့ရောနှော ပြစ်မှားမိကြပါတယ်။
အဲဒီလိုပြစ်မှားမိရင် လူတွေမှာ အပြစ်ဖြစ်ကြရတယ်။
(၃) ရဟန်းတော်များ ညနေပိုင်းမှာ ဆွမ်းခံသွားရခြင်း၊
ဆွမ်းစားပြီးသား သပိတ်တို့ကို ဆေးကြောသန့်ရှင်းရခြင်းစတဲ့
ဗာဟိယအလုပ်တွေကြောင့် ရဟန်းတော်များရဲ့
ပရိယတ္တိ စာသင်၊ စာချ၊ ပရိပတ္တိ တရားအားထုတ်မှုတို့
အချိန်လျှော့နည်းသွားတယ်။
အဲဒီလို အချိန်လျှော့နည်းနေမယ်ဆိုရင် တရားထူးရဖို့ရန်
ခက်ခဲမှာဖြစ်သလို သံဃာ့ဝေယျာဝစ္စ၊ လူတွေအား
တရားဟောသွန်သင်ပေးဖို့ကိစ္စ၊ စာချ၊ စာသင်ကိစ္စတွေပါ
နောင့်နှေးမှုများဖြစ်တာမို့ ညစာမစားကြ ရန်
မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
အဲဒီလိုပဲ လူတွေမှာလည်း အရိယာသူတော်ကောင်း
တစ်ယောက်ဖြစ်အောင်၊ ကိလေသာများကပ်ငြိနေတာကို
လျှော့ပါးသွားအောင်ပြုလုပ်တတ်တဲ့ ဥပုသ်ရှစ်ပါးသီလ
ဆောက်တည်တဲ့အခါမှာ ညစာမစားခိုင်းခြင်းဟာ
အလုပ်ရှုပ်သက်သာပြီး သမထ၊ ၀ိပဿနာတရားများ
ပိုမိုပွားများအားထုတ်နိုင်အောင်၊ အစာစားလျှင်
အိပ်ချင်စိတ်လျင်မြန်စွာဖြစ်ခြင်း၊ အိပ်ချင်စိတ်နောက်ကနေ
ဗိုက်ထဲမှာအစာပြည့်နေရင် ကိလေသာစိတ်တွေ
ဖြစ်ပေါ်လာခြင်းတို့ကြောင့် ဥပုသ်သီလဆောက်တည်တဲ့ရက်လေးမှာ
ညစာ မစားရခြင်း ဖြစ်ပါတယ်။
အစာစားလျှင် ကိလေသာစိတ်ဖြစ်တယ်၊
ကိလေသာကိုပိုမိုအားပေးတယ်ဆိုတာကို ဦးဇင်းအရင်ကလည်း
အမေးအဖြေများမှာ ဖြေပေးထားတာရှိသလို၊
အွန်လိုင်းမှာတင်ထားတဲ့ တရားခွေထဲမှာ လည်း
ပြောထားပါတယ်။ ညစာစားထားလို့ရှိရင် စိတ်ကမကောင်းမှု
ဘက်ကို အာရုံရောက်သွားတတ်ပါ တယ်။
တချို့ဆို ညပိုင်းမှာ ကိလေသာစိတ်တွေ
စိတ်တိုင်းကျဖြစ်ပြီး စိတ်တိုင်းကျပျော်ပါးဖို့အတွက်
စားသောက်ဆိုင်များမှာ ရှယ်သွားစားကြတာမျိုးတောင်
ရှိကြပါတယ်။ ကောင်းစွာစားပြီး ကောင်းစွာပျော်ပါး
ချင်ကြလို့ ဖြစ်မှာပါ။ ဒါကြောင့်လည်း တချို့စားသောက်ဆိုင်တွေမှာ
နေ့နဲ့ညဆို ညမှာပိုရောင်း ရပြီး နေ့စာထက်ညစာက
ပိုမိုတန်ဖိုးများနေတာလည်း ရှိပါတယ်။
နောက်တစ်ခုက မိမိတို့ခန္ဓာကိုယ်ထဲက အစာအိမ်ဟာ
နေ့စဉ်စားသောက်သမျှကို အစာချက်နေရတဲ့အတွက်
အနားမယူရသလို အညှီအနှောက်၊ အသိုးအပုပ်တွေနဲ့
အမြဲလိုလိုဖြစ်နေလို့ အစာအိမ်ဟာ မနားရတဲ့အပြင်
အစာအိမ်လည်း သန့်ရှင်းမှုမရှိဘဲ ဖြစ်နေတာကြောင့်
ကျန်းမာရေးလည်း ထိခိုက်ပါတယ်။
ခုလို တစ်ပါတ်တစ်ခါ ဥပုသ်စောင့်တဲ့နေ့မှာ
ညစာမစားတဲ့အခါကျတော့ အစာအိမ်လည်း နားရတယ်။
အသိုးအပုပ်တွေလည်း သန့်ရှင်းပေးရာရောက်တာကြောင့်
အစာအိမ်ကောင်းတဲ့အတွက် ကျန်းမာရေးလည်း
ကောင်းမွန်မှုအကျိုးရလာဒ်တွေ ရရှိပါတယ်။
ဒါဟာ ဥပုသ်စောင့်ရခြင်း မျက်မှောက်ရရှိတဲ့ အကျိုးရလာဒ်ပါ။
ဥပုသ်သီလဆောက်တည်တဲ့နေ့ရက်မှာ
“၀ိကာလဘောဇနသိက္ခာပုဒ်”-ညစာနဲ့ပတ်သက်ပြီး
သိသင့်ထားတဲ့ အချက်အလက်တွေကို ရေးသားပေးရမယ်ဆိုရင်
နေ့မွန်းတည့်ချိန်မှစပြီး နောက်နေ့နံနက် လစဉ်အလိုက်
အရုဏ်တက်ချိန်ထိအတောအတွင်း ဘောဇဉ်
(၅)မျိုးဖြစ်တဲ့ ဆွမ်း၊ မုယောမုန့်၊ ပဲမုန့်လုံး၊ ငါး၊
အသားတွေနဲ့ ခဲဖွယ်ဖြစ်တဲ့ ယာမကာလိက၊
သတ္တာဟကာလိက၊ ယာဝဇီဝိကအစာတွေကို မစားရပါ။
နေမွန်းတည့်ချိန်မှ အရုဏ်တက်သည့်အချိန်ထိလို့
ဝိကာလဘောဇနသိက္ခာပုဒ်က ပြောဆိုထားတဲ့အတွက်
နေမွန်းတည့်သည် ဆိုတာနဲ့ ဘာမှစားလို့မရတော့ပါ။
စားနေဆဲဖြစ်ရင်လည်း ကားဘရိတ်အုပ်သလို
ဘရိတ်အုပ်ပြီးသကာလ ပါးစပ်ထဲရောက်နေတာကို
ထွေးထုတ်ပစ်ရပါမယ်။ နေ့မွန်းတည့်ကျော်သွားပါလျက်
ပါးစပ်ထဲကစားစရာ ကို ထွေးမထုတ်ဘဲ မျိုချလျှင်လည်း
အပြစ်ဖြစ်ပါတယ်။ ၀ိကာလဘောဇနသိက္ခာပုဒ်က
နေ့မွန်းတည့်လျှင်ကို ဘာမှမျိုချလို့ မရတော့ပါ။
နေမွန်းတည့်ချိန်မမြင်ရရင် သူ့နိုင်ငံအလိုက်
သတ်မှတ်ထားတဲ့ နေမွန်တည့်ချိန်ကို ယူရပါမယ်။
အရုဏ်တက်ချိန်ကိုလည်း နိုင်ငံအလိုက်၊
လအလိုက်ယူရပါမယ်။ အကောင်းဆုံးနည်းကတော့
မိမိနေထိုင်ရာနိုင်ငံမှာရှိတဲ့ နေ့တည့်တည့်အချိန်(၁၂)နာရီနဲ့
မနက်(၆)နာရီအတွင်း ၀ိကာလဘောဇန သိက္ခာပုဒ်ကို
စောင့်ထိန်းတာဟာ အကောင်းဆုံးပါပဲ။
မနက်အရုဏ်တက်ချိန်ကတော့ တချို့လတွေမှာ
မနက်(၄)နာရီကျော် အရုဏ်တတ်တာလည်းရှိပါတယ်။
မိမိက ဥပုသ်သီလယူထားလို့ မနက်စောစော ဗိုက်စာနေတဲ့အတွက်
မနက်စာကို စောစောစားချင်တယ်ဆိုရင် အရုဏ်တက်ချိန်ကို
လေ့လာပြီး စားကြပါလေ။
ခုပြောခဲ့တဲ့ နေမွန်းတဲ့ချိန်နဲ့မနက်အရုဏ်တက်ချိန်အတွင်း
ကလွဲရင် ကျန်တဲ့အချိန် ဘယ်ချိန်ပဲစားစား စားသောက်ပြီး
သကာလ ဥပုသ်သီလဆောက်တည်နိုင်ပါတယ်။
●ခဲဖွယ်များဖြစ်တဲ့ ယာမကာလိကဆိုသည်မှာ
အရုဏ်မတက်မီ မိုးသောက်ယံတိုင်အောင် သောက်ကောင်းတဲ့
“သပြေသီး၊ သရက်သီး၊ မုဒရက်သီး၊ စပျစ်သီး၊ ဖက်သက်သီး၊
သစ်မည်စည်သီး၊ တောငှက်ပျောသီး၊ အိမ်ငှက်ပျောသီး၊
ကြာစွယ်” တို့ရဲ့ ဖျော်ရည်နဲ့မန်ကျည်း၊ ဆီး၊ ရှောက်ဟူသော
“အနုလောမဖျော်ရည်” များ ဖြစ်ပါတယ်။
●“သတ္တာဟကာလိက”ဆိုသည်မှာ (၇)ရက်လုံးလုံးထားပြီး
စားသုံးနိုင်တဲ့ ထောပတ်၊ ဆီဦး၊ ဆီ၊ ပျား၊ တင်းလဲ၊ ထန်းလျက်၊
ကြံသကာ၊ သကြားဆိုတဲ့ ဆေးငါးမျိုးကို
“သတ္တာဟကာလိက”လို့ ခေါ်ပါတယ်။
●“ယာဝဇီဝိက”ဆိုသည်မှာ တစ်သက်ပတ်လုံးစားကောင်းတဲ့
ဆား၊ ဂျင်း၊ ဆီးဖြူ၊ ဖန်ခါးစတဲ့ ဆေးဖက်ဝင် အမြစ်၊ အရွက်၊
အသီး၊ အခေါက်များ ဖြစ်ပါတယ်။
ရဟန်းတော်များအတွက် ပညတ်ထားတဲ့ (ဝိ၊ ၂၊ ၁၁၂)
ဝိကာလဘောဇနသိက္ခာပုဒ်မှာတော့
အထက်ပါ ယာမကာလိက၊ သတ္တာဟကာလိက၊
ယာဝဇီဝိက(၃)မျိုးကို ရဟန်းတော်များ အလှူခံရင်ဖြစ်စေ၊
စားသောက်ရင်ဖြစ်စေ ပါစိတ်အာပါတ်မသင့်ဘဲ
ဒုက္ကဋ်အာပါတ်သာ သင့်တယ်လို့ အပြစ်လျှော့ပါး
သွားတာကို တွေ့ရပါတယ်။
ဒါပြင် မနေနိုင်အောင် ဆာလောင်မွတ်သိပ်လို့ဖြစ်စေ၊
အနာရောဂါ ကျန်းမာရေးကြောင့်ဖြစ်စေ အထက်ပါ
ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ
စားသောက်ရင် အပြစ်မရှိပါပေ။
ရူးသွတ်နေသူများလည်း အပြစ်မရှိပါ။
အဲဒီတော့ လူတွေမှာလည်း ဥပုသ်သီလ
ဝိကာလဘောဇနသိက္ခာပုဒ်ကို စောင့်ထိန်းတဲ့ရက်မှာ
မနေနိုင်အောင် ဆာလောင်တဲ့အခါ၊ အသက်အန္တရာယ်အတွက်
ကျန်းမာရေးထိခိုက်နိုင်တဲ့အခါမျိုး ဆိုရင်တော့ အထက်ပါ
ခဲဖွယ်(၃)မျိုးကို အဆာပြေ၊ ကျန်းမာရေးသက်သာရုံ
စားသောက်နိုင်ပါတယ်။ အစာပြေမဟုတ်ဘဲ အ၀စားလျှင်၊
ကျန်းမာရေးသက်သာရုံမဟုတ်ဘဲ လွန်လွန်ကဲကဲတော့
မပြုလုပ်ရပါ။ ဆာလောင်မှုလည်းမဖြစ်၊
ကျန်းမာရေးလည်းကောင်းနေရင်တော့
ဘာမှမစားသောက်ရပါ။ စားသောက် လျှင်
သီလသိက္ခာပုဒ် မကျိုးပေါက်နိုင်သော်လည်း
သီလအကျိုးပေးတော့ လျှော့ပါးနိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ ဥပုသ်နေ့နဲ့ပတ်သက်သမျှ
ပြည့်စုံလိမ့်မယ်ထင်ပါတယ်။
စာဖတ်ပရိတ်သတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး
လိုရာဆန္ဒပြည့်ဝကာ သူတော်ကောင်း များဖြစ်အောင်
ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်…။
-【အရှင်ကောမလ ဆန်နီနေမင်း】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
Visit website
( မိခင်ငါးရံ့များ ) အကြောင်း ဗဟုသုတဖြစ်တာမို့ မျှဝေ လိုက်ပါ၏
( မိခင်ငါးရံ့များ )
ဧရာဝတီမြစ်အတွင်း မိုးလေငြိမ်သက်သည့် ဆောင်းကုန်နွေကူးကာလတွင် ငါးဖမ်းလှေတို့သည် တောက်-တောက်-တောက် အသံပေးလျက် ငါးရံ့ဖမ်းကြပါသည်။ ထိုအသံ ကြားသည့်အခါ ငါးရံ့တို့သည် ရန်သူနီးကပ်လာကြောင်း သိကြပါသည်။ ရေအောက်တွင် ပါးစပ်ကို ဟလျက် မိမိ၏ သားပေါက်ငါးရံ့လေးများကို လိုက်ခံသိမ်းဆည်းပါသည်။ ပြီးလျှင် ခံတွင်း၌ ငုံလျက် ဝေးရာသို့ ကူးခတ်ပြေးသွားကြပါသည်။
အသက်အောင့်ထားရသဖြင့် ကြာရှည်မနေနိုင်ပါ။ ဘေးလွတ်ရာရောက်လျှင် ငါးသားပေါက်လေးများကို အန်ထုတ်ပြီး ရေပေါ်၌ လေရှူရပါသည်။ တခါတရံ ငါးလေးများကို တကောင်မျှ မကျန်အောင် သိမ်းဆည်းနေမိသည့်အတွက် အချိန်ကြာပြီး ရေလုပ်သားတို့၏ ဖမ်းဆီးခြင်းကို ခံရပါသည်။ ဤသည်မှာလည်း မိခင်ငါးရံ့တို့၏ မေတ္တာစိတ်ကို သိသာစေသော ပြရုပ်တခုပင် ဖြစ်ပါတော့သည်။
Credit to unknown
admin  MMT
Saturday, August 30, 2014
တော်သလင်းလဆန်း. ၈. ရက်. 1.9.14.နေ့ ဝါတွင်းတရားပွဲစဉ် အမှတ် (၉)
တော်သလင်းလဆန်း. ၈. ရက်. 1.9.14.နေ့
ဝါတွင်းတရားပွဲစဉ် အမှတ် (၉)
ဓမ္မုကထိကဆရာတော်. ,ဦးစန္ဒာဝရ
ရတနာသိမ်ကျောင်း .ပဲကတိုးရွာ
စစ်ကိုင်းမြို့ နယ် စစ်ကိုင်းတိုင်း..,,
ဓမ္မပူဇာအလှူရှင် ဒေါ်နှင်းရီမိသားစု
ဒေါ်ခင်နွယ်မောင်နှမတစ်စု စတိုင်မိသားစု
ဦးကျော်ဦး+ ဒေါ်စိန်စိန်မြင့် နှင့်
ကိုထိုက် +မထားထားနွယ်မိသားစု
စုပေါင်းကောင်းမှူ....ဟု သိရ
မ်ာလူး အထကတွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ် အာဟာရဒါနတိုက်ကျွေး မော်လူး၊ သြဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ
အထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကြက်သားဆန်ပြုတ်
အာဟာရဒါန တိုက်ကျွေးခြင်းကို သြဂုတ် ၃၀ ရက် နံနက် ၁၀ နာရီအချိန်
ပြုလုပ်ခဲ့ကြောင်း သိရသည်။ အလှူရှင်များမှာ ဦးသိန်းတန်+ဒေါ်စုလှိုင်
မိသားစု (စီးမော်ကျေးရွာ)ဖြစ်ပြီး သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းသား/သူ
၇၈၅ ဦးတို့အား အာဟာရဒါန တိုက်ကျွေး လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး
ဒေါ်သောင်းတင့်နှင့် ဆရာ/မများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
တာင်ယာအခင်းတွင် မိုးကြိုးပစ် အမျိုးသားတစ်ဦး သေဆုံး အမျိုးသမီး ဒဏ်ရာရ မော်လူး ၊ သြဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
ပုန်းဟုန်ကျေးရွာအုပ်စု၊ တောင်ဖီလာကျေးရွာ တောင်ယာအခင်းတွင် သြဂုတ် ၃၀
ရက် နံနက် ၂ နာရီခန့်က မိုးကြိုးပစ်၍ အမျိုးသားတစ်ဦး သေဆုံးပြီး
အမျိုးသမီးတစ်ဦး စက်ကွင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၃၀ ရက်နေ့ နံနက် ၂ နာရီခန့်က လေပြင်းတိုက်ခတ်ပြီး
လျှပ်စီးများလက်ကာ မိုးရွာသွန်းစဉ် ဇော်ဆန်းဦး ၂၆ နှစ်(ဘ)ဦးဘရီ၊
တောင်ဖီလာကျေးရွာနေသူသည် တောင်ယာတဲကို မိုးထားသည့် သက်ငယ်များ
လှန်သွားသဖြင့် မိုးများယိုစိမ့်သောကြောင့် တောင်ယာတဲ
အမိုးပေါ်သို့တက်ပြီး မိုးမယိုစေရန် ဆောင်ရွက်နေစဉ် ဇနီးဖြစ်သူ
ခင်ဋ္ဌေးမြင့် ၂၃ နှစ်(ဘ)ဦးကျော်မြင့်သည် ခင်ပွန်းသည်အား
အလင်းရောင်ရရှိစေရန် လက်နှိပ်ဓာတ်မီးဖွင့်ပြီး ထိုးပြရာ ရုတ်တရက်
လျှပ်စီးဝင်ရောက်ကာ မိုးကြိုးထိမှန်ပြီး ဇော်ဆန်းဦးမှာ တောင်ယာတဲ
အမိုးပေါ်မှ ပြုတ်ကျပြီး ဘယ်ဘက်ပခုံးညိုမည်းဒဏ်ရာ၊ ဘယ်ဘက်ရင်အုံ
ညိုမည်းဒဏ်ရာ၊ ညာဘက်နားအုံ ညိုမည်းဒဏ်ရာ၊ ညာဘက်နှာခေါင်း
ညိုမည်းဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရ၍ မော်လူး တိုက်နယ်
ဆေးရုံသို့ ဆေးစာနှင့်အတူ ပို့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း
ဟုတ်မဟုတ်ကို စစ်ဆေးရန် မော်လူးနယ်မြေ ရဲစခန်းမှ ခေတ္တစခန်းမှူး
တပ်ကြပ်ကြီး ကျော်ဝင်းမှ သေမှုသေခင်း ရေးဖွင့်ခဲ့ကြောင်း၊ ဇနီးဖြစ်သူ
ခင်ဋ္ဌေးမြင့်မှာ ညာဘက်လက် ညိုမည်းပေါက်ပြဲ ဒဏ်ရာ၊ ညာဘက် ဝမ်းဗိုက်
ပေါင်တစ်ခြမ်း ညိုမည်းပေါက်ပြဲ ဒဏ်ရာတို့ ရရှိခဲ့ပြီး မော်လူး
တိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျှက်ရှိကြောင်းသိရပြီး၊
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မော်လူး ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၄
အရ အမှုစစ် ခေတ္တစခန်းမှူး တပ်ကြပ်ကြီး ကျော်ဝင်းမှ စစ်ဆေးဆောင်ရွက်ပြီး
မြို့နယ်တရားရုံးသို့ တင်ပို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်
Friday, August 29, 2014
ကဲ လာပြန်ြပီတမျိုး ဟုတ်ကောဟုတ်ပါ့မလားမောင် MPT ဆင်းကဒ်တွေ 1.9.2014 ရက်နေ့ မှာ သက်ဆိုင်ရာ ဆိုင်တွေမှာ စရောင်းမယ်တဲ့
ကဲပုံမှာ ပါတဲ့  သတင်း အသေးစိတ် ဖတ်လိုက်ကြအုန်း
ဒါပေမဲ့ဝါးတားတားပါ ဘယ်လိုရောင်းမယ်ဆိုတာမပါဘူး
အင်းတော်မြို့နယ်ကိုယ်စားပြု မော်လူးဒေသ အမျိုးသမီးဘောလုံးအသင်း နိုင်ပွဲရ
ကသာမြို့တွင်ကျင်းပနေသော ကသာခရိုင် အမျိုးသမီး
ဘောလုံးပွဲ 29-8-14 ရက်နေ့ပွဲစဉ်
ဗန်းမောက်အမျိုးသမီးအား
မော်လူဒေသအသင်းက   4  :  0 ဖြင့် အနိုင်ရရှိပါကြောင်း
အသိပေးလိုက်ပါတယ်။
Thursday, August 28, 2014
မိမိဖုန်းကို လက်​က​လေး၂ချက်​ပုတ်​ပြီးဖုန်းscreenဖွင့်​ရ​အောင်​လုပ်ပေးနိုင်တဲ့Knockr-v1.5 Apk and Soft Lock Screen v2.2 apk
မိမိတို့ဖုန်းရဲ့screen​လေး​ပေါ်ကိုdouble tapလက်​​ချောင်းထိပ်​​နဲ့နှစ်​ချက်​ပုတ်​​ပေးလိုက်​တာနဲ့ဖုန်းရဲ့screenကိုဖွင့်​​ပေးမယ့်​application​လေးတစ်​ခု
ကိုတင်​​ပေးလိုက်​ပါတယ်​-ဒီapkကိုandroid version 4.1နဲ့အထက်​ရှိတဲ့
ဖုန်း​တွေမှာပဲinstallလုပ်​ပြီးသုံးလို့ရမှာပါ။အခြားအသုံးဝင်
တဲ့featuresများစွာပါဝင်​​ပေးထားတာမို့အသုံးပြုလို့အဆင်​​ပြေ​ကောင်းမွန်​ပါတယ်​။
ပါဝင်​လုပ်​​ဆောင်​နိုင်​မှု​တွေက..........
Double Tap, Swipe Up, Swipe Down, Swipe Left, Swipe Right, Long Press, Up Arrow, Double Up Arrow, Down Arrow, Double Down Arrow, Right Arrow, Left Arrow, Clockwise circle, Double Clockwise Circle, Counter-Clockwise Circle, and Double Counter-Clockwise Circle.
Volume Up button when in Landscape: Pressing the volume up button when the device is in Landscape will automatically open the cameraစတာတွေပေါ့..
ဖုန်းစကရင်​မ်​ကိုhome keyမသုံးပဲအဆင်​​ပြေ​ပြေဖွင့်​နိုင်​ပြီ
ဆို ​တော့သူနဲ့တွဲဖက်​သုံးလို့​ကောင်းမယ့်​"Soft Lock Screen v2.2"ဆိုတဲ့apk​လေးကိုပါတွဲဖက်​ပြီးတင်​​ပေးလိုက်​ပါတယ်​။အဲ့ဒိ​တော့ဖုန်းရဲ့စကရင်​မ်​ကိုပိတ်​ချင်​ရင်​power keyကိုမသုံးပဲနဲ့"Soft LockScreen"ဆိုတဲ့apk​လေးကိုနှိပ်​လိုက်​ရုံနဲ့ပိတ်​​ပေးမှာဖြစ်​ပြီး၊ဖုန်းစကရင်​မ်​ကိုဖွင့်​ချင်​ရင်​​တော့"Knockr v1.5"ဆိုတဲ့apk​လေးကိုအသုံးပြုကာမိမိဖုန်းရဲ့screen​လေးကိုလက်​နဲ့၂ချက်​ ပုတ်​​ပေးလိုက်​တာနဲ့
ဖုန်းစကရင်​မ်​ကိုပွင့်​​ပေး​စေမှာပဲဖြစ်​ပါတယ်​။အဖွင့်​အတွက်​​ကောအပိတ်​အတွက်​ ပါapk၂ခုစလုံးတင်​ပေးလိုက်​ပါတယ်​။apk၂ခုစလုံးကfile size 1MB​တောင်​မရှိပါဘူး။ဒါ့​ကြောင့်​မိမိဖုန်းရဲ့internal
apkက ​တော့ဖုန်းဗားရှင်း4.1နဲ့အထက်​​တွေမှသာအသုံးပြုလို့ရမှာဖြစ်​တာ​ကြောင့်၊မိမိဖုန်းဗားရှင်းနဲ့ချိန်​ညှိပြီးမှသာ​ဒေါင်းလုပ်​ဆွဲယူပါ-
Knockr-v1.5 Apk
Download Here
Soft Lock Screen  v2.2  apk
Download Here
www.winhlaing.org
ဝင်းလှိုင်(နည်းပညာ
မှုခင်းဆိုင်ရာ အသိပညာပေး ဟောပြော နန့်စီးအောင်၊ သြဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
နန့်စီးအောင်-ပေကုန်းကျေးရွာတွင် မှုခင်း အသိပညာပေး ဟောပြောပွဲကို သြဂုတ်
၂၅ ရက် နံနက်၁၀နာရီက နန့်စီးအောင်-ပေကုန်းကျေးရွာ
အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မှုခင်း အသိပညာပေးဟောပြောပွဲသို့  နန့်စီးအောင်-ပေကုန်း ရဲကင်း
ရဲအုပ် မင်းဇော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ နန့်စီးအောင်ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ အထွေထွေအုပ်ချုပ်ရေး စာရေး အဆင့်(၁)
ဒေါ်ဝင်းဝင်းခိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီဝင်များ၊
ရပ်ကွက်မှူးများ၊ ရပ်မိရပ်ဖများ၊ ရာအိမ်စုမှူးများ၊ အသင်းအဖွဲ့များ
အပါအဝင် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ
နန့်စီးအောင်-ပေကုန်း ရဲကင်း ရဲအုပ် မင်းဇော်ဦးမှ မှုခင်းကျဆင်းရေးအတွက်
ပြည်သူဗဟိုပြု ရဲလုပ်ငန်းဆိုင်ရာများ၊ ပြည်သူများ၏
ပါဝင်ကူညီဆောင်ရွက်ရမည့် မှုခင်းပိုင်းဆိုင်ရာများကို အသိပညာပေး
ဟောပြောခဲ့ကြောင်း၊ မှုခင်းဆိုသည်မှာ နေ့စဉ်နှင့်အမျှ အများပြည်သူများ
အကြားတွင် ပြဋ္ဌာန်းထားသည့် ဥပဒေကို ဆန့်ကျင်ပြီးဖြစ်နေတတ်သော
ကိစ္စအရပ်ရပ်ကို မှုခင်းဟုခေါ်ကြောင်း၊ ပေကုန်းကျေးရွာတွင်
အများဆုံးဖြစ်ပေါ်နေသည့် မှုခင်းဖြစ်စဉ်များမှာ အရက်သေစာသောက်စား၊ မူးယစ်၊
ရမ်းကားရန်ဖြစ်မှုများ၊ ငွေကြေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲ
ရောင်းဝယ်မှုများဖြစ်ကြောင်း၊  ပြည်သူများမှ လာရောက်တိုင်တန်းလျှင်
အမှုဖွင့် အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်စားနေသည့်
ငွေကြေးလိမ်လည် ပြီး ထွက်ပြေးမှုများစသည့် မှုခင်းများကို မဖြစ်ပွားခင်က
ကြိုတင်ကာကွယ်ခြင်းက ပိုမို၍ အကျိုးရှိကြောင်း၊ ရပ်မိရပ်ဖ
မိဘညီအစ်ကိုမောင်နှမများမှ ဝိုင်းဝန်းကူညီ ထိန်းသိမ်းခြင်းဖြင့်
မှုခင်းကျဆင်း လျှော့နည်းစေမည်ဖြစ်ကြောင်း စသည့် မှုခင်းဆိုင်ရာ
အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့သည်
သိရပါကြောင်း
မော်လူးဒေသ သားများ ဖူးမြော် နိုင်ရန် ရွှေတိဂုံ စေတီ နှင် ကောင်းကင်ယံ ထီးတော် အရိပ်
facebook  မှ ပင့်ဆောင်ခဲ့သော
ရွှေတိဂုံ ရင်ပြင်  တော် မှာ
ဖုန်းဖြင့်ရိုက်ကူးထား သော  ပုံတော်ပါ
ကြည်ညို ဖူးမြော်  ကြပါအုန်းခင်ဗျာ။
ရန်ငြိုးကြောင့် မှောင်ရိပ်ခိုပြီး ရိုက်နှက်သွားသည့် တရားခံ ဖမ်းဆီးရမိ မော်လူး၊ သြဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မော်လူးရဲစခန်းပိုင်နယ်မြေအတွင်း သြဂုတ် ၂၃ရက်နေ့ နံနက် ၁နာရီအချိန်ခန့်က
ရန်ငြိုးကြောင့် မှောင်ရိပ်ခိုပြီး ရိုက်နှက်ပြီး
ထွက်ပြေးတိမ်းရှောင်သွားသည့် တရားခံကို သြဂုတ် ၂၇ ရက်နေ့ နံနက် ၇
နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ် ၂၂ ရက်နေ့က မြစ်ကြီးနားမြို့မှ အထူးအမြန်ရထား(အမှတ်
၅၆)၊ တွဲအမှတ် ၅တွင် လိုက်ပါစီးနင်းပြီး  ဈေးရောင်းပြန်လာကြသည့်
အမျိုးသမီးလေးဦးသည် မော်လူးမီးရထားဘူတာမှ သြဂုတ် ၂၃ ရက်နေ့ နံနက် ၁
နာရီအချိန်ခန့်တွင် သုံးမိုင်ခန့်ကွာဝေးသည့် ၄င်းတို့နေထိုင်ရာ နန့်ရုံ၊
ရွာရှည်ကျေးရွာသို့အပြန် မော်လူး -လေးတန်ရိုးသွား
ကျေးရွာချင်းဆက်လမ်းမကြီးပေါ် သက်ရင်းသာကျေးရွာနှင့် ပေ ၃၀၀ ခန့်အကွာ
ရေအေးချောင်း တံတားအနီး ပေ ၂၀ ခန့်အကွာ ဆီးပင်ချုံဘေးတွင် မှောင်ရိပ်ခို
အသင့်စောင့်ဆိုင်းကာ အမျိုးသမီးလေးဦးအား အရှည် ၄ တောင် တစ်ထွာ၊ လုံးပတ်
၅ လက်မခန့်ရှိ ကျွန်းပင်ပေါက်ခြံတိုင်ဖြင့် ရိုက်နှက်သဖြင့် ဒေါ်ထွေးကြည်၊
ဒေါ်မပုတ်၊ မဥမ္မာကျော်၊ ဒေါ်ခင်ညွှန့်တို့အား ရိုက်နှက်ခဲ့ရာ ဒေါ်ခင်ညွှန့်မှာ
ထွက်ပြေးလွှတ်မြောက်ခဲ့ကြောင်း၊ အရိုက်ခံခဲ့ရသည့် အမျိုးသမီးသုံးဦးကို
မော်လူးတိုက်နယ်ဆေးရုံးသို့ အရေးပေါ် တင်ပို့ရာ ဒဏ်ရာမှာ စိုးရိမ်ရသဖြင့်
ကသာခရိုင် ပြည်သူ့ဆေးရုံးသို့ ဆေးစာဖြင့် လွဲပြောင်းပို့ဆောင်ခဲ့ရာ၊
မဥမ္မာကျော်မှာ ဦးခေါင်းငယ်ထိပ် အရိုးကျိုး ပေါက်ပြဲ ဒဏ်ရာဖြင့် အဆိုပါ
နံနက် ၇ နာရီအချိန်တွင် သေဆုံးသွားခဲ့ပြီး ကျန်နှစ်ဦးမှာ
အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း၊ ၄င်းအမှုကိစ္စနှင့် ပတ်သက်၍
တရားခံအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် ကသာခရိုင် ရဲတပ်ဖွဲ့မှူး
ဒုတိယ ရဲမှူးကြီး စိုးမြင့်၏ လမ်းညွှန်မှုကို ခံယူ၍ ခရိုင် မှု/ကူ ရဲအုပ်
အောင်ကြည်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မော်လူးနယ်မြေ ရဲတပ်ဖွဲစခန်းမှ
စခန်းမှူး ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ အပူတပြင်း
စုံစမ်းရှာဖွေဖော်ထုတ်ခဲ့ရာ သြဂုတ် ၂၇ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင်
တရားခံဖြစ်သူ ခင်မောင်လွင်(ခ)အမောင် ၂၉ နှစ်(ဘ) ဦးမဲမောင်၊
ပဲခူးကျေးရွာနေသူအား ဖမ်းဆီးရမိခဲ့သည်။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍
အမှုအခင်းဖြစ်ပွားသည့်နေရာသို့  တရားခံနှင့်အတူ ကသာခရိုင် မှု/ကူ ရဲအုပ်
အောင်ကြည်မြင့်နှင့် တပ်ဖွဲ့ဝင်များ၊ မော်လူးနယ်မြေ ရဲစခန်းမှ စခန်းမှူး
ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မော်လူးကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့် အဖွဲ့ဝင်များ၊ သက်ရင်းသာကျေးရွာ၊
ဂွေ့ကြီးကျေးရွာ၊ ပဲခူးကျေးရွာ၊ ရွာရှည်ကျေးရွာများမှ
အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့ဝင်များ လိုက်ပါ၍
လိုက်လံပြသခိုင်းပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခြင်းနှင့်
ရဲလုပ်ငန်းဆောင်ရွက်ချက်များကို ပြည့်စုံစွာ လုပ်ဆောင်ကာ
မော်လူးရဲစခန်းမှ  (ပ)၄၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၅/၃၀၂ ဖြင့် အရေးယူပြီး
တရားခံအား ထိရောက်စွာ ပြစ်ဒဏ်ရရှိရေးအတွက် အမှုစစ် ရဲအုပ်
မင်းသိန်းထွန်းမှ စစ်ဆေးဆောင်ရွက်ပြီး ခရိုင်တရားရုံးသို့
တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
Wednesday, August 27, 2014
အမျိုးသမီးဘော့လုံးအားကစား အောင်နိုင်ရေး အလံနှင့် အားကစားဝတ်စုံ ပေးအပ်ပွဲ အခမ်းအနားပြုလုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး
အုပ်ချုပ်ရေးမှူးရုံးတွင် သြဂုတ် ၂၆ ရက် နေ့လည် ၁ နာရီအချိန်က
အမျိုးသမီးဘော့လုံး အားကစား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနား
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် စတင်ကျင်းပမည့် ကသာခရိုင် ၇ မြို့နယ်
အမျိုးသမီးဘော့လုံးပြိုင်ပွဲသို့ အင်းတော်မြို့နယ် ကိုယ်စားပြု သွားရောက်
ယှဉ်ပြိုင်မည့် မော်လူးဒေသ အမျိုးသမီးလက်ရွေးစင် အားကစားသမားများ၊
အသင်းနည်းပြ အုပ်ချုပ်သူများအား မော်လူးဒေသ အားကစားနှင့် ကာယပညာ ကော်မတီ
ဥက္ကဋ္ဌ ဦးဝင်းစိန်မှ အောင်နိုင်ရေးအလံနှင့် အားကစားဝတ်စုံမျာ
ပေးအပ်ခဲ့ကြောင်း သိရသည်
Tuesday, August 26, 2014
ကျွန်တော်တို့ ရွှေလေးတန်မြေမှ ကိုကို မမ များ မေိာလူးသို့ ညနေခင်း နေဝင်ဆည်းဆာ အလှ ခံစားရင်း စကိတ်စီး မာလာဟင်းစား သွားလို့ရပြီ
လေးတန်းရိုး  မှာ  သောင်ကျန်းသွားသော  တရားခံ ဖမ်းမိသွားလို့  ကသာ ခေါ်သွား သောကြောင့် သာသာယာယာ ဖြစ်သွားပါပြီ
ရွှေလေးတန်မြေ မှ  အများပြည်သူများ ကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့နိုင်ပါပြီ။
admin  ရွာချစ်သား  လေးတန်မြေ
ဓမ္မစေတီ ခေါင်းလောင်းကြီး တွေ့ ကြောင်း ရှာဖွေရေးအဖွဲ့ မှ ထုတ်ပြန်ကြေငြာ
ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ ဆုံရာ မြစ်လယ်တွင် နှစ်ပေါင်းလေးရာကျော်ကြာ နစ်မြှပ်နေသည့် ဓမ္မစေတီ ခေါင်းလောင်းကြီးအား  ရှာတွေ့ခဲ့ပြီးဟု ရခိုင်လူမျိုးတစ်ဦးဖြစ်သူ ဦးစံလင်းက ဦးဆောင်သော ခေါင်းလောင်း ရှာဖွေရေးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
ဦးစံလင်းထုတ်ပြန်လိုက်သော သတင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁၃၇၆ ခု တော်သလင်းလဆန်း (၂)ရက်၊ ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ကျွန်တော် (မြေပုံ မောင်စံလင်း) ကော့သောင်းအဖွဲ့မှ တွေ့ရှိထားပြီး ဖြစ်ပါသည်။
နဂါးများမှ အကြီးဆုံးရွှေရောင် နဂါးမင်းကြီးနှင့် တကွ နဂါးအပေါင်းတို့က ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို အကြီးကျယ်ဆုံး ခမ်းခမ်းနားနား ဆီမီးပူဇော်နေသည့်အတွက်ကြောင့် သတ်မှတ်ရက်နေ့ကို သတင်းထုတ်ပြန်ရန် နောက်ကျခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်တို့၏ မြန်မာနည်း၊ မြန်မာဟန်၊ မြန်မာ့နည်းပညာသည် လျှို့ဝှက်ချက်များ ရှိနေခြင်းကြောင့် နှုတ်မှ ဖွင့်ဟ၍ မပြောရပါ။ အရိယာဝိဇ္ဇာအပေါင်းတို့ကို ခွင့်ပြုချက်တောင်းခံပြီးမှ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအားတွေ့ရှိကြောင်း အတိအလင်းကြေငြာခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ အပေါ်တွင် စေတနာထားသော ရဟန်းရှင်လူ ပြည်သူ ပြည်သားအပေါင်း ၊ ဝိုင်းဝန်းပြီးဆောင်ရွက်ပေးကြပါသော အလှူရှင်များနှင့် ခုနှစ်ရက် သားသမီးအပေါင်းတို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ကျွန်တော်တို့ဘက်မှ သတင်းထုတ်ပြန်ခြင်း နောက်ကျခြင်းကို နားလည်ပေးကြပါရန် ကျွန်တော်မှ တောင်းပန်အပ်ပါသည်ဟု ကျေညာချက်တွင် ဖေါ်ပြထားသည်။
မကြာမီ ရက်အတွင်း ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ကုန်းပေါ်သို့ အရောက်ေ ဆာင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
(နိရဉ္စရာ- ၂၆ သြဂုတ် ၂၀၁၄) / လင်းမြတ်
Monday, August 25, 2014
facebook သုံးစွဲ သူ မော်လူးဒေသသားများအတွက် အထူး သတင်းလေးပါ
Facebook အသုံးပြုသူအချင်းချင်း Free Video Call ခေါ်နိုင်မယ့် - Seen v1.8 APK ♫
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ အသစ်တော့မဟုတ်ပါဘူး။ ထွက်ထားတာ အတော်လေး ကြာခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ အခုနောက်ပိုင်းမှ Facebook ခေတ်စားတာတဲ့အတွက် Seen ဆိုတဲ့ Application လေးကိုပြန်တင်ပေးလိုက်တာပါ။ ဒီကောင်လေးက Facebook ထဲမှာ မိမိနဲ့ Friend ဖြစ်တဲ့သူအချင်းချင်း Free Video Call ခေါ်ဆိုပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်။ ခေါ် ဆိုပုံလည်း လွယ်ကူတဲ့အတွက် ကျွန်တော်မရှင်းပြတော့ပါဘူးနော်။ Skype တို့ Tango တို့မှာအသုံးပြုရ တဲ့အတိုင်းပါပဲ။ Android OS 21. နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ
ဒီမှာ
ဒေါင်းလိုက်ပါ
နန့်စီးအောင် သစ်ဆိပ်မှ လေလံအောင် အင်ကညင်သစ်လုံး တန် ၂၀၀ အား ကုမ္ပဏီမှ သယ်ယူခြင်း ဆောင်ရွက်
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် သစ်ဆိပ်မှ  လေလံအောင်
အင်ကညင် သစ်လုံးတန် ၂၀၀ အား ကုမ္ပဏီမှ သယ်ယူခြင်းလုပ်ငန်းများ
ဆောင်ရွက်နေကြောင်း သြဂုတ် ၂၅ ရက်နေ့က သိရသည်။
အဆိုပါ သစ်ဆိပ်တွင် အင်ကညင် သစ်လုံး တန် ၆၀၀ ရှိသည့် အနက်မှ တန် ၂၀၀ အား
လေလံအောင်သဖြင့် နန့်စီးအောင် သစ်ဆိပ်မှ ကသာမြို့ အောင်ချမ်းသာ
သင်္ဘောဆိပ်သို့ သစ်တင်ကားများဖြင့် ကုမ္ပဏီမှ
သယ်ယူခြင်းလုပ်ငန်းဆောင်ရွက်လျှက်ရှိကြောင်း၊ သစ်လုံးတင်ကားတစ်စီးလျှင်
အင်ကညင် သစ်လုံး ၈/၉ လုံးတင်နိုင်ကြောင်း၊ သစ်လုံးတင်ကား အစီးရေ ၁၂
စီးဖြင့် သယ်ယူနေခြင်းဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အင်ကညင် သစ်လုံး တန်
၄၀၀ ကိုမူ မည်သည့် ကုမ္ပဏီမှ လေလံဆွဲ ဝယ်ယူခြင်းမရှိသေးကြောင်း၊ ယခင်
သစ်လုံးများ သယ်ယူခဲစဉ်က သစ်ထုတ်ရေးမျှောစာဖြင့် သယ်ယူခွင့်ပြုပြီး
ယခုအခါ သစ်လုံးများ သယ်ယူခွင့်ကို ကချင်ပြည်နယ် မိုးညှင့်မြို့နယ်
သစ်တော်မျှောစာ ရယူပြီးမှ သယ်ယူနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ
နိုင်ငံခြားသို့ သစ်များကို အလုံးလိုက် တင်ပို့ရောင်းချခြင်း
မပြုလုပ်တော့သဖြင့် နိုင်ငံအတွင်းတွင်သာ ခွဲစိတ်ပြီး သစ်ခွဲသားများကို
ရာင်းချမည်ဖြစ်ကြောင်း နန့်စီးအောင် သစ်ဆိပ် တာဝန်ခံထံမှ သိရသည်
Sunday, August 24, 2014
ကဲ ပြီးတော့မယ်တဲ့ ထီးတင် မယ်ဆိုလား
မော်လူး ဘုရားကြီးကျောင်း  အပေါ်ဆုံး  ရှုခင်းသာ အထပ်တွင်
တည်းထားသော ဘုရားကြီးကျောင် ဝတ်ကြီးသင်းအဖွဲ့၏
စေတီးလေး ပြီးတော့မည်
ဖုန်းအတွက်အရေးကြီးတဲ့ Android Assistant Pro v.13.0 apk
ဖုန်းအတွက်အရေးကြီးတဲ့ Android Assistant Pro v.13.0 apk
အောင်ကျော်ခိုင်(ပုသိမ်) / 5 mins ago
ဒီတစ်ခေါက် apkကတော့ ကျနော်တို့ Android Internal storage တွေအနည်းဆုံး 1GBလောက်ပါတဲ့ဖုန်းတွေမှာတခါတခါဘာမှာမထည့်ပဲ ရပဲ storage Fullဖြစ်ဖြစ်နေတဲ့ ကိစ္စအတွက် အထူးသင့်လျော်တဲ့ app တခုဖြစ်သလိုတခြား အသုံးတဲ့မယ့် toolsတွေအများကြီးပါတဲ့ apk ဖိုင်လေး
တခုကိုမိတ်က်ပေးချင်ပါတယ်။သူနံမယ်ကတော့ဗျာAndroid Assistantဆိုတဲ့
app လေးတခုဖြစ်ပါတယ်ဗျာ။ အဲ့မှာဘာတွေပါလည်းဆိုတော့အဓိဖြစ်ကတော့screen shot လေးကိုအရင်ပြောချင်းပါတယ် အဲ့ထဲက system clean ဆိုတာကိုဝင်လိုက်မယ်ဆိုရင်ဖြင့် screenလေးပေါ်လာပါ့မယ်အဲ့မှာ full Scan လေးကိုနှိပ်လိုက်မယ်ဆို screen shortလေးမှာပါတဲ့အတိုင်း အနီရောင်းလေးနဲ့ပြထားတဲ့ ဟာလေးတွေက အသုံးမလိုဖျက်လို့ရတဲ့ filesတွေဖြစ်ပါတယ်။ဘာမှ မထည့်ပဲနဲ့ Storage ပြည့်နေတဲ့ ဖုန်းတွေဆို Thumbnail Cache File ဆိုတဲ့နေရာမှာfile size အများကြီးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အနီရောင်လေးတွေနဲ့ ပြထားဒါတွေ အားလုံးကိုကလစ်ပေး ပေးပြီး Clean Selected ကို နှိပ်လိုက်ရင် အားလုံးကိုရှင်းပေးသွားပြီး Storage
တွေလည်းအများကြီးပေါ်လာပါလိမ့်မယ်။ Browser History ကနေ သူအောက်က ဟာလေးတွေကိုတော့
ကိုယ်ဖျက်ချင်မှ ဖျက်ပေါ့။ တချို့ဟာတွေက လိုတတ်လို့ပါ။ အဓိက ကျွန်တော် အဲ့ အကြောင်းလေးပဲ
ပြောချင်ပါတယ်။ ကျန်တာတွေကတော့ ကိုယ့်ဘာသာကိုယ်လေ့လာ ကြည့်ပါနော်အာလုံးအဆင်ပြေနိုင်ပါတယ်စေလိုဆုတောင်လိုက်ပါတယ်ဗျာ
ဒီမှာ
နှိပ်ပြီးဒေါင်းနိုင်ပါတယ်။
တကယ်လန်းလွန်းလို့ တင်ပေးလိုက်တယ်
Admin-KMK