Tuesday, May 19, 2015
လင်းယုန် Eagle ငှက် အကြောင်း မှတ်သားဖွယ်
လင်းယုန် (Eagle)
***************
ရှင်နေထိုင်နိုင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက်
ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်(40)နှစ်
သူ့အသက် (40) နှစ်
သူ့မှာရွေးချယ်
မြတ်ပါလိမ့်မယ်။
ပါးကြာပါတယ်။
ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ ပြန်လည်ပြုလုပ်နိုင်ခဲ့ပါပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။
တွေချကြရပါတယ်။
နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်
ဆောက်နိုင်ရပါမယ်။
အသိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ်
မလုပ်နိုင်ကြဘူးလား? လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲ
စွာပြောင်းရတာပါ။
လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား?
ပါတယ်။
လိုရာပန်းတိုင်ကို ထက်သန်သောယုံကြည်ချက်၊ပြင်းထန်သော လုံ့လဝီရိယနဲ့ သည်းခံတတ်သောစိတ်တို့ဖြင့် ရောက်အောင် လျှောက်လှမ်းနိုင်ကြပါစေ။
unicode version
ဆရာတော် ဦးနရိန္ဒ ငြိမ်းချမ်းရေး added 3 new photos.
လင်းယုန် (Eagle)
***************
လင်းယုန်ငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး
ငှက်တစ်မျိုးဖြစ်ပြီး အသက်(70)နစ်အထိအသက်
ရှင်နေထိုင်နိူင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက်
ရှည်ရှည်နေနိူင်ဖို့အတွက် သူတို့ရဲ့အသက်(40)နှစ်
မှာ ခက်ခဲတဲ့ဖြစ်စဥ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်
ချက်တစ်ခုကိုချကြရပါတယ်။
သူ့အသက် (40) နှစ်
ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး
ကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ
ပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်
ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။
သူ့မှာရွေးချယ်
စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ်
တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဥ်ကို
ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲ
သေရတာထက်စာရင် စွန့်စားပြီးသေရတာကပို
မြတ်ပါလိမ့်မယ်။
ဒါကြောင့်အလွန်မြင့်တဲ့တောင်
တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက်
လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနား
နားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဥ်ကိုကျော်ဖြတ်
ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး
ပါးကြာပါတယ်။
ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့နုတ်သီး
အသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့်
ဆိုင်းနေခဲ့ရပါတယ်။နုတ်သီးအသစ်ထွက်လာတော့
အဲ့ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတသ်ခု
ဆွဲနုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရ
ပြန်ပါတယ်။အတောင်ပံအသစ်တွေထွက်လာတော့
သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150)
ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မှျ ပြန်လည်ပြုလုပ်နိုင်ခဲ့ပါပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိူင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်း
လဲမှု့ကိုပြောခြင်တာပါ။ တသ်ခါတစ်ရံမှာ ကျွန်တော်
တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။
ဘဝကိုအောင်အောင်မြင်မြင်
နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့
ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ်မယ်
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ
ကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုပ်
နိူင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်
ဆောက်နိူင်ရပါမယ်။
တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်
တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါ
အသိတ်အပိုင်းကို နုတ်ပယ်နူိင်သေးရင် အသိဥာဏ်
ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို(change)
မလုပ်နိူင်ကြဘူးလား? လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲ
စွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ကျွန်တော်တို့
က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူ
အကျင့်အဟောင်း မကောင်းတဲ့စရိုက် တွေကိုမစွန့်
လွှတ်နိူင်ကြဘူးလား? မပြောင်းလဲ နိူင်ကြဘူးလား?
ဒီအတိုင်းဆက်သွားမလား ဆိုတာ စဥ်းစားစေခြင်
ပါတယ်။
ဒီပံုပြင်လေးကိုသဘောကျနှစ်ခြိုက်လွန်းလို့မကြာခဏဖတ်မိပါတယ်။မူရင်းလင့်ကိုတင်ပေးသူကို ရှာမတွေ့နိုင်တော့လို့ credit မပေးဖြစ်တာကို ခွင့်လွှတ်စေချင်ပါတယ်။သူရေးထားတာကို မူရင်းအတိုင်းပဲ တတ်နိုင်သမှျကိုးကားပေးထားပါတယ်။အနဲငယ်ပဲ ပြင်ပေးလိုက်ပါတယ်။အဲဒါက မူရင်းမှာ သိမ်းငှက်လို့ခေါင်းစဥ်တပ်ထားတာကြောင့်ပါ။
ဘဝမှာဆံုးဖြတ်ချက်တွေကြီးကြီးမားမားချလိုက်ရလေတိုင်း ကျွန်တော်မကြာခဏ ဖတ်ဖြစ်တဲ့ ပံုပြင်လေးတစ်ပုဒ်ပါ။ နောက် စာအုပ်တစ်အုပ်ရှိပါသေးတယ်။အဲဒါက Johnathan Livingston Seagull ဆိုတဲ့စာအုပ်ပါ။နောင် အားတဲ့အချိန်မှာ အဲဒီစာအုပ်အကြောင်းသံုးသပ်ချက်မှတ်ချက်တွေကို ရေးသားပါအံုးမယ်။
လိုရာပန်းတိုင်ကို ထက်သန်သောယံုကြည်ချက်၊ပြင်းထန်သော လံု့လဝီရိယနဲ့ သည်းခံတတ်သောစိတ်တို့ဖြင့် ရောက်အောင် လှေ ျာက်လှမ်းနိုင်ကြပါစေ။
ကဲ ဒီနေ့ အမျိုးသား လွှတ်တော် မှာ ပိုက်ဆံ တစ်သိန်းတစ်သောင်း သွင်းခိုင်းပြီး လိမ်နေသော ကုမ္ပဏီ အကြောင်း ဆွေးနွေး
ဟဲဟဲ  မော်လူးမှာလည်း  ခေတ်စားခဲ့တယ်
ခုတော့ ငြိမ်သွားပြီ
မကွေးတိုင်း  မဲဆန္ဒနယ် အမှတ်  ၁၂  မှ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏
သိန်းတစ်သောင်းကိစ္စ
မေးမြန်းချက်ကို
ဒီနေ့  အစိုးရအဖွဲ့ ------ဒုဝန်ကြီးကလည်း  ဘာမှ မတတ်နိုင်လို့ ထင်တယ် အခြေခံဥပဒေနဲ့  ငြိလို့
ဆိုလား  ဘာလားဆိုလား  မယောင်ရာ  ဆီလူး လုပ်သွားပါ၏။
တိုင်ကြား  လာမှု မရှိဘူးလို့ပြောသွား
မကျေနပ်တာ ရှိ  ရင် ဥပဒေ နဲ့ အညီ တိုင်ကြားနိုင်တယ်  လို့ပြော,.
လွှတ်တော်ကိုယ်စားလှယ်ကလည်း  လုပ်ထားတာပိရိလို့  တိုင်လို့  ကို မရဘူးဖြစ်နေတယ်ပြောလို့
အမျိုးသားလွှတ်တော် ဥက္ကဌကြီးက
ဖြေရှင်းတဲ့  ဝန်ကြီးဌာန  မှားနေတယ်
မဆိုင်ဘူးထင်တယ်
တခြား
တိုင်တဲ့ နေရာ  မှာ  တိုင်ပါဆိုပြီး  ပြောလိုက်ပါ၏။
ကဲ  သတင်းစာထဲမှာ  ဖတ်ကြပါစို့
19.5.15  အမျိုးသား လွှတ်တော်သတင်း နော့
ပိုက်ဆံ တစ်သိန်း ရလိုရငြား  လုပ်လိုက်ကြအုန်း
Monday, May 18, 2015
မိုဘိုင်းဖုန်းသုံးစွဲသူတိုင်း ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်
မြန်မာပြည်ရဲ့ အဓိက မိုဘိုင်းဖုန်း အော်ပရေတာလုပ်ငန်း ၃ ခုဖြစ်တဲ့ အမ်ပီတီ၊ တယ်လီနော်နဲ့ အော်ရီဒူး ကုမ္ပဏီတွေက ဆင်းမ်ကတ်ဝယ်ယူ ငွေဖြည့်သုံးစွဲသူတွေထံက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့ စကောက်ခံ သွားမယ်လို့ အစိုးရက ဒီကနေ့ ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂ဝ၁၅/၂ဝ၁၆ ပြည်ထောင်စု အခွန်ဥပဒေသစ်အရ ခုလို ဖုန်းသုံးစွဲသူတွေထံက ကောက်ခံတာဖြစ်ပြီး အော်ပရေတာတွေအနေနဲ့လည်း သုံးစွဲသူတွေလိုပဲ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို အစိုးရ ထံပေးဆောင်ရမှာဖြစ်ပါတယ်။
အခွန်သစ်ကောက်ခံရခြင်းနဲ့ ပတ်သက်ပြီး မေလ ၁၈ ရက်က နေပြည်တော် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က “ကုန်သွယ်ခွန် Commercial Tax ဆိုတာကတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့အတွက် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ကောက်ခံတာဖြစ်ပါတယ်။ ဒီကရရှိတဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်ရဲ့ လိုအပ်တဲ့ ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် အသုံးပြုရတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။
သုံးစွဲသူတွေ ပေးဆောင်ရမယ့် ကျသင့်နှုန်းထားသစ်တွေကိုတော့ ကုမ္ပဏီတွေရဲ့ အင်တာ နက်စာမျက်နှာ ၀က်ဆိုက်နဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွေမှာ ထုတ်ပြန်ထားသလို သုံးစွဲသူ တွေရဲ့ မိုဘိုင်းဖုန်းတွေဆီကို လည်း သတင်းတို မတ်ဆေ့ခ်ျတွေပေးပို့ထားပါတယ်။
သုံးစွဲသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ အော်ရီဒူးကုမ္ပဏီ ဆက်သွယ်ရေးဌာန ၀န်ထမ်းတဦးက “မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်ဖုန်းကိုပဲသုံးသုံး ၃ ခုစလုံးမှာ အကုန်လုံးက ငွေဖြည့်မယ်ဆိုရင် ငွေဖြည့်တဲ့ ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အခ အနေနဲ့ ပေးရမှာ ၁ထောင်ကျပ်ဖြည့်မယ်ဆိုရင် သုံးစွဲသူက ၉၅၂ ကျပ်သုံးရပြီးတော့ ၄၈ ကျပ်ကို အခွန်အဖြစ်ပေးရမယ်၊ ၃၀၀၀ ကျပ်ဖြည့်မယ်ဆိုရင် ၂၈၅၇ ကျပ်ကို သုံးရပြီး ၁၄၃ ကျပ်ကို အခွန်အဖြစ်ပေးရမယ်အဲလိုမျိုး ဒီဥစ္စာက မဖြစ်မနေပေါ့။ ဥပဒေက သတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် မဖြစ်မနေ ကောက်ခံရမှာပါ မေ ၃၁ ရက်အထိကတော့ ပုံမှန်အတိုင်းပဲ သုံးစွဲလို့ရမယ် ဇွန်၁ ရက်နေ့ကစပြီးနောက်ပိုင်း ငွေဖြည့်တဲ့ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အဖြစ်ပေးရမှာပါ”လို့ ပြောပါတယ်။
ခုလိုအခွန်ပေးထပ်ပေးဆောင်ရတာနဲ့ ပတ်သက်ပြီး ငွေဖြည့်ကတ် ၀ယ်ယူ သုံးစွဲသူတွေအကြား ကျေနပ်သူတွေရှိသလို မကျေနပ်တဲ့ သူလည်းရှိနေပြီး ဖေ့စ်ဘတ်လူမှုကွန်ရက်တွေကနေ ဝေဖန်ရေးသားမှုတွေလည်း အများအပြား ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးသူအရေအတွက်ဟာ နိုင်ငံခြားအော်ပရေတာတွေ ၀င်ရောက် လုပ်ကိုင်ခွင့်မရခင် ၂၀၁၃ ခုနှစ်မတ်လက ၄ ဒသမ ၄ သန်းရှိခဲ့ရာက ၂၀၁၅ မတ်လကုန်မှာ မိုဘိုင်းဖုန်းသုံးသူ ၁၈ ဒသမ ၁ သန်းထိ ရှိလာတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန် ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)ဟာ ဈေကွက်ပမာဏ အများဆုံး ဆက်ရှိနေပေမယ့် ၂၀၁၅ ဇန်န၀ါရီမှာ သုံးစွဲသူ ၁၁သန်းရှိရာက မတ်လကုန်မှာ ၈ ဒသမ ၄ သန်းအထိ ကျဆင်းသွားပြီး တယ်လီနော်ကတော့ သုံးစွဲသူ လက်ရှိ ၆ ဒသမ ၄ သန်းအထိရှိလာပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
unicode version
မြန်မာပြည်ရဲ့ အဓိက မိုဘိုင်းဖုန်း အော်ပရေတာလုပ်ငန်း ၃ ခုဖြစ်တဲ့ အမ်ပီတီ၊ တယ်လီနော်နဲ့ အော်ရီဒူး ကုမ္ပဏီတွေက ဆင်းမ်ကတ်၀ယ်ယူ ငွေဖြည့်သံုးစွဲသူတွေထံက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့ စကောက်ခံ သွားမယ်လို့ အစိုးရက ဒီကနေ့ ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂ဝ၁၅/၂ဝ၁၆ ပြည်ထောင်စု အခွန်ဥပဒေသစ်အရ ခုလို ဖုန်းသံုးစွဲသူတွေထံက ကောက်ခံတာဖြစ်ပြီး အော်ပရေတာတွေအနေနဲ့လည်း သံုးစွဲသူတွေလိုပဲ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို အစိုးရ ထံပေးဆောင်ရမှာဖြစ်ပါတယ်။
အခွန်သစ်ကောက်ခံရခြင်းနဲ့ ပတ်သက်ပြီး မေလ ၁၈ ရက်က နေပြည်တော် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ၀န်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က “ကုန်သွယ်ခွန် Commercial Tax ဆိုတာကတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့အတွက် နိုင်ငံတကာ လုပ်ထံုး လုပ်နည်းတွေနဲ့အညီ ကောက်ခံတာဖြစ်ပါတယ်။ ဒီကရရှိတဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်ရဲ့ လိုအပ်တဲ့ ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသံုးပြုပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် အသံုးပြုရတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။
သံုးစွဲသူတွေ ပေးဆောင်ရမယ့် ကျသင့်နှုန်းထားသစ်တွေကိုတော့ ကုမ္ပဏီတွေရဲ့ အင်တာ နက်စာမျက်နှာ ၀က်ဆိုက်နဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွေမှာ ထုတ်ပြန်ထားသလို သံုးစွဲသူ တွေရဲ့ မိုဘိုင်းဖုန်းတွေဆီကို လည်း သတင်းတို မတ်ဆေ့ချ်တွေပေးပို့ထားပါတယ်။
သံုးစွဲသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ အော်ရီဒူးကုမ္ပဏီ ဆက်သွယ်ရေးဌာန ၀န်ထမ်းတဦးက “မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်ဖုန်းကိုပဲသံုးသံုး ၃ ခုစလံုးမှာ အကုန်လံုးက ငွေဖြည့်မယ်ဆိုရင် ငွေဖြည့်တဲ့ ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အခ အနေနဲ့ ပေးရမှာ ၁ထောင်ကျပ်ဖြည့်မယ်ဆိုရင် သံုးစွဲသူက ၉၅၂ ကျပ်သံုးရပြီးတော့ ၄၈ ကျပ်ကို အခွန်အဖြစ်ပေးရမယ်၊ ၃၀၀၀ ကျပ်ဖြည့်မယ်ဆိုရင် ၂၈၅၇ ကျပ်ကို သံုးရပြီး ၁၄၃ ကျပ်ကို အခွန်အဖြစ်ပေးရမယ်အဲလိုမျိုး ဒီဥစ္စာက မဖြစ်မနေပေါ့။ ဥပဒေက သတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် မဖြစ်မနေ ကောက်ခံရမှာပါ မေ ၃၁ ရက်အထိကတော့ ပံုမှန်အတိုင်းပဲ သံုးစွဲလို့ရမယ် ဇွန်၁ ရက်နေ့ကစပြီးနောက်ပိုင်း ငွေဖြည့်တဲ့ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အဖြစ်ပေးရမှာပါ”လို့ ပြောပါတယ်။
ခုလိုအခွန်ပေးထပ်ပေးဆောင်ရတာနဲ့ ပတ်သက်ပြီး ငွေဖြည့်ကတ် ၀ယ်ယူ သံုးစွဲသူတွေအကြား ကျေနပ်သူတွေရှိသလို မကျေနပ်တဲ့ သူလည်းရှိနေပြီး ဖေ့စ်ဘတ်လူမှုကွန်ရက်တွေကနေ ဝေဖန်ရေးသားမှုတွေလည်း အများအပြား ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသံုးသူအရေအတွက်ဟာ နိုင်ငံခြားအော်ပရေတာတွေ ၀င်ရောက် လုပ်ကိုင်ခွင့်မရခင် ၂၀၁၃ ခုနှစ်မတ်လက ၄ ဒသမ ၄ သန်းရှိခဲ့ရာက ၂၀၁၅ မတ်လကုန်မှာ မိုဘိုင်းဖုန်းသံုးသူ ၁၈ ဒသမ ၁ သန်းထိ ရှှိလာတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန် ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)ဟာ စျေကွက်ပမာဏ အများဆံုး ဆက်ရှိနေပေမယ့် ၂၀၁၅ ဇန်န၀ါရီမှာ သံုးစွဲသူ ၁၁သန်းရှိရာက မတ်လကုန်မှာ ၈ ဒသမ ၄ သန်းအထိ ကျဆင်းသွားပြီး တယ်လီနော်ကတော့ သံုးစွဲသူ လက်ရှိ ၆ ဒသမ ၄ သန်းအထိရှိိလာပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
By ပိုင်စိုး (ဒီဗီွဘီ)
http://burmese.dvb.no
Sunday, May 17, 2015
ဓမ္မစကူး သင်တန်း မော်လူး မှာ ယနေ့စဖွင့်
ဓမ္ဓစကူးလ်
unicode version
မော်လူးဒေသ မော်လူး မြို့ ဘုရားကြီးကျောင်းတိုက်ကြီးတွင် ယနေ့ 18/5/2015
ဓမ္ဓစကူးလ်
သင်တန်းဖွင့်လှစ်ပါပြီ အနယ်နယ်အရပ်ရပ် မှ သင်တန်း တက်ရောက်ချင်သူများ တက်ရောက် နိုင်ပါကြောင်းသိစေပါသည်
fb က မ လာ တဲ့ အင်းတော် ဘက်ကသတင်း ဆိုလား
unicode version
ယမန်နေ့၁၇ ၅ ၂၀၁၅ မှာအင်းတော်မှာသတင်းနှခုဖြစ်တယ်။
ကျနော်သိသမျှ ပထမသတင်း နေ့ ၁ နာရီကျော်မှာအောင်သာယာကုန်းနေအိမ်တခုနောက်တွင် ၁၇ နှစ်အရွယ်အမျိုးသားတဦးကြိုးဆွဲချသေဆံုးမ ဖြစ်ခ့ဲတယ်။အကြောင်းမေးတော့ ဒီကလေးအိမ်ထောင်မရှိ စိတ်မှုမမှန်ခြင်း မရှိ ပန်းရံ ကျဘမ်းလုပ် အရက်မှုးယစ်ဆေးမသံုးဟုသိရ ။အလုပ်နားနေ့ ဖခင်ဆိုင်ကယ်ယူစီးအပြင်သွားရာမှအပြန် ဖခင်ကဆူသည် ထို့နောက်ဖခင်နှင့် အတူဗီွဒီယိုကြည့်နေရာမှ ရုတ်တရက်အောက်ဆင်းသွားပြးအိမ်နောက်တနေရာတွင်ကျိူးဆွဲချသေဆံုးမှုဖြစ်သည်။ဒုတိယသတင်းမှာ အောင်မိုးစံ
ဘော်ဒါတွင် ရဲမှ မှုးယစ်ဆေးဖမ်းသည့်သတင်းပါ။ ကျနော်သိသမျှမှာ ည၉နာရီကျော်တွင် သတင်းရရှိမှုအရ ရဲမှစောင့်နေ၏ အောင်မိုးစံ နေအိမ်သို့ လူနှစ်ဦးဝင်ရောက်စဥ်ရဲမှဝင်ရောက်စစ်ဆေးနေချိန်တွင်တစ်ဦးမှာသက်သေခံဘိန်းဖြူများကိုသွန်ချပြီးရှေ့ပြတင်းမှခံုချပြေးပြီးကျန်တစ်ဦးမှာအိမ်ဝင်နောက်ဘက်သို့ပြေးရာ ရဲနှင့်ပြည်သူများမှ ဝိုင်းဖမ်း ရမိပြီး နေအိမ်တွင်းရဲမှတာဝန်အရ ဆက်လက်ရှာဖွေရာ အိမ်ရှင်တယောက်မှ ဒါးဖြင့်ရန်ပြုနေသည့်အတွက် ဝရုနး်သုန်းကာဖြစ်နေစဥ် လူ့ အခွင့်အရေးသမားလားဥပဒေဆရာကြီးလား ဘာမှန်းညာမှနး်မသိသူ ကဟေ့ ဘာဖြစ်နေကြတာလည်းတရာခံကိုမရိုက်နဲ့ကွဟုအော်သတဲ့ဗျဟို ရဲတွေက ဒါးကိုင်ထားတ့ဲ သူနဲ့ ရင်ဆိုင်နေတာပါ။တိုတိုပြောကြစို့ရဲ့ မြို့လည်ခေါင်က မှုးယစ်ဆေးဖြန့်နေတာကိုဖမ်းဆီးနိုင်ခဲ့တာကောင်းတ့ဲသတင်းပေါ့နော်
ဆက်လက်ဖေါ်ထုတ်နိုင်ပါစေ ။
ကားမှောက်တာတဲ့
ဆန်အိတ်များ တင်ဆောင်လာသည့် SKAT ခြောက်ဘီးယာဉ် တံတားပေါ်မှ ထိုးချမှု ဖြစ်ပွား
မော်လူး၊ မေ ၁၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးနှင့် နန့်စီးအောင်အကြား ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းပေါ်ရှိ တံတားအမှတ် ၁၆၇/၁ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ဘက်မှ ကချင်ပြည်နယ် နမ္မားမြို့ဘက်သို့ မောင်းနှင်လာသည့် ဆန်အိတ် ၁၀၀ လုံး တင်ဆောင်လာသော SKAT ခြောက်ဘီးယာဉ် (ယာဉ်အမှတ် 2G/4397)၊ ယာဉ်မောင်း …….. သည် မေ ၁၇ ရက် နံနက် ၃ နာရီ ၃၀ မိနစ်အချိန်တွင် တံတားလက်ရန်းတိုင်များကို တိုက်မိပြီး တံတားပေါ်မှ ထိုးချမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ ယာဉ်မတော်မဆဖြစ်ပွားရခြင်းမှာ ကားတိုက်ရော့ရ်တံ ကောက်ကွေးသွားမှုကြောင့် ဖြစ်ကြောင်း သိရသည်
မိုးကြိုးပစ် ပြန်ပြီတဲ့
မော်လူး၊ မေ ၁၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဟောင်းတုန်းကျေးရွာအုပ်စု၊ ဟောင်းတုန်းကျေးရွာ မြေပဲခင်းအတွင်းတွင် မေလ ၁၇ ရက် နေ့လည် ၂ နာရီ ၃၃ မိနစ်အချိန်က ပဲနုတ်ပဲခြွေပြုလုပ်နေစဉ် မိုးကြိုးထိမှန်ပြီး တစ်ဦးသေဆုံးကာ ခြောက်ဦးစက်ကွင်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၇ ရက် နေ့လည် ၂ နာရီ ၃၃ မိနစ်အချိန်တွင် ကွင်းအမှတ် ၅၃၂၊ ဦးပိုင် ၇ တွင်ရှိသည့် မြေပဲခင်းအတွင်းတွင် ပဲနုတ်ပဲခြွေပြုလုပ်နေကြစဉ် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ မခင်စန်းဝင်း ၃၈ နှစ် (ဘ) ဦးတင်ငွေ၊ ဟောင်တုန်းရွာနေသူမှာ ယာဘက်ပါးနှင့် လက်မောင်းတွင် ညိုးမည်းဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဒေါ်ခင်စီဝင်း ၃၈ နှစ် (ဘ) ဦးကြွယ်၊ ဒေါ်မအောင် ၅၃ နှစ်(ဘ) ဦးစောရ၊ ဒေါ်ခင်မာ ၂၉ နှစ် (ဘ) ဦးထွန်းရွှေ၊ ဦးသိန်းဝင်း ၄၀ နှစ် (ဘ) ဦးစောရ၊ ဒေါ်အေးမေ ၄၈ နှစ် (ဘ) ဦးစောရ၊ ဒေါ်ခင်စန်းအုန်း ၄၂(ဘ) ဦးသန်းအောင် ဟောင်းတုန်းကျေးရွာနေကြသူ ၆ ဦးမှာ မိုးကြိုးစက်ကွင်း မိသဖြင့် မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးလွှဲစာဖြင့် ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်
unicode version
မပဲခင်းအတွင် ပဲနုတ်/ပဲခြွေနေစဥ် မိုးကြိုးထိမှန်၍ တစ်ဦးသေ ခြောက်ဦးစက်ကွင်းမိ
မော်လူး၊ မေ ၁၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဟောင်းတုန်းကျေးရွာအုပ်စု၊ ဟောင်းတုန်းကျေးရွာ မြေပဲခင်းအတွင်းတွင် မေလ ၁၇ ရက် နေ့လည် ၂ နာရီ ၃၃ မိနစ်အချိန်က ပဲနုတ်ပဲခြွေပြုလုပ်နေစဥ် မိုးကြိုးထိမှန်ပြီး တစ်ဦးသေဆံုးကာ ခြောက်ဦးစက်ကွင်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မေ ၁၇ ရက် နေ့လည် ၂ နာရီ ၃၃ မိနစ်အချိန်တွင် ကွင်းအမှတ် ၅၃၂၊ ဦးပိုင် ၇ တွင်ရှိသည့် မြေပဲခင်းအတွင်းတွင် ပဲနုတ်ပဲခြွေပြုလုပ်နေကြစဥ် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ မခင်စန်းဝင်း ၃၈ နှစ် (ဘ) ဦးတင်ငွေ၊ ဟောင်တုန်းရွာနေသူမှာ ယာဘက်ပါးနှင့် လက်မောင်းတွင် ညိုးမည်းဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆံုးခဲ့ပြီး၊ ဒေါ်ခင်စီဝင်း ၃၈ နှစ် (ဘ) ဦးကြွယ်၊ ဒေါ်မအောင် ၅၃ နှစ်(ဘ) ဦးစောရ၊ ဒေါ်ခင်မာ ၂၉ နှစ် (ဘ) ဦးထွန်းရွှေ၊ ဦးသိန်းဝင်း ၄၀ နှစ် (ဘ) ဦးစောရ၊ ဒေါ်အေးမေ ၄၈ နှစ် (ဘ) ဦးစောရ၊ ဒေါ်ခင်စန်းအုန်း ၄၂(ဘ) ဦးသန်းအောင် ဟောင်းတုန်းကျေးရွာနေကြသူ ၆ ဦးမှာ မိုးကြိုးစက်ကွင်း မိသဖြင့် မော်လူးတိုက်နယ်ဆေးရံုသို့ ပို့ဆောင်ခဲ့ရာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရံုသို့ ဆေးလွှဲစာဖြင့် ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်
အင်းတော်မြို့တွင် နွေရာသီ ပဲတီစိမ်း စမ်းသပ်စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်မဟုတ်လေးကျေးရွာ ကွင်းအမှတ် - ၁၀၂၉၊ ဦးပိုင်အမှတ်(၅)ရှိ တောင်သူ ဦးခင်ဖေ၏ လယ်မြေ ၂ ဧကပေါ်တွင် နွေပဲတီစိမ်းအဖြစ် ရေဆင်း (၁၁)ပဲတီစိမ်းမျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။
ရေဆင်း ၁၁ ပဲတီစိမ်းမျိုးသည် မှိုဇိပ်ရောဂါဒဏ်ကို ခံနိုင်ရည်ရှိပြီး သက်တမ်းအားဖြင့် ရက် ၇၀ ခန့်ရှိသည့် အထွက်ကောင်းမျိုးဖြစ်ကြောင်း၊ အင်းတော်မြို့နယ် အနေဖြင့်  ယခုနှစ်နွေရာသီတွင် နွေစပါး ၆၁၄ ဧက စိုက်ပျိုးထားပြီး လာမည့်နှစ်နွေရာသီတွင် တောင်သူဦးကြီးများ ဝင်ငွေတိုးတက်လာစေရန် ရေလိုအပ်ချက်နည်းသည့် ရေဆင်း ၁၁ ပဲတီစိမ်းမျိုးကို ပိုမိုစိုက်ပျိုးနိုင်ကြရန် တိုးချဲ့စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အင်းတော်မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်ထံမှ သိရသည်။
unicode version
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်မဟုတ်လေးကျေးရွာ ကွင်းအမှတ် - ၁၀၂၉၊ ဦးပိုင်အမှတ်(၅)ရှိ တောင်သူ ဦးခင်ဖေ၏ လယ်မြေ ၂ ဧကပေါ်တွင် နွေပဲတီစိမ်းအဖြစ် ရေဆင်း (၁၁)ပဲတီစိမ်းမျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလှျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဆင်း(၁၁) ပဲတီစိမ်းမျိုးကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စမ်းသပ် စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး အင်းတော်မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်၊ ဒုတိယ မန်နေဂျာ ဦးစိုးရွှေနှင့် ဝန်ထမ်းများ၊ နတ်မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခင်ဖေနှင့် တောင်သူများက ဧပြီ ၂၅ ရက်နေ့တွင် သွားရောက်ကွင်းဆင်း မှတ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ရေဆင်း ၁၁ ပဲတီစိမ်းမျိုးသည် မှိုဇိပ်ရောဂါဒဏ်ကို ခံနိုင်ရည်ရှိပြီး သက်တမ်းအားဖြင့် ရက် ၇၀ ခန့်ရှိသည့် အထွက်ကောင်းမျိုးဖြစ်ကြောင်း၊ အင်းတော်မြို့နယ် အနေဖြင့်  ယခုနှစ်နွေရာသီတွင် နွေစပါး ၆၁၄ ဧက စိုက်ပျိုးထားပြီး လာမည့်နှစ်နွေရာသီတွင် တောင်သူဦးကြီးများ ဝင်ငွေတိုးတက်လာစေရန် ရေလိုအပ်ချက်နည်းသည့် ရေဆင်း ၁၁ ပဲတီစိမ်းမျိုးကို ပိုမိုစိုက်ပျိုးနိုင်ကြရန် တိုးချဲ့စည်းရံုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အင်းတော်မြို့နယ် စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်ထံမှ သိရသည်။
Saturday, May 16, 2015
စောစောစီးစီး fb က မ လာတာ မြို့နယ် တာဝန်ရှိသူတွေ အဲ့လိုရေးထားတယ်
ကည့်လည်းလုပ်ကြပါဦး မြို့နယ်ပညာရေးက ဆရာဖြစ်သင်တန်းဆရာတို့ရယ်......
အင်းတော်မြို့. အထက မှာပြုလုပ်နေတဲ့ ကျောင်းဆရာ ဆရာမ. ဆရာဖြစ်သင်တန်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရောပါ ကာယလေ့ကျင့်ခန်းလုပ်ခိုင်းနေလို့. ဆေးရုံဆေးခန်းတွေ ရောက်ကုန်တယ်တဲ့ဗျာ ဒီထက်ပိုပြောရင်မကောင်းလို့ဒီလောက်ပဲပြောလိုက်တယ်။
Friday, May 15, 2015
မိမိရဲ့ မိသားစုများရဲ့ တည်နေရာတွေကို သိရှိနိုင်တဲ့ Phone Tracker ကဲ ကျောင်းတက်နေတဲ့ သူ တွေ အိမ်က မိဘ တွေကို လိမ်ဘို့ ကြိုးစားရင်တော့ ကွိကနဲဘဲ
မိမိရဲ့ မိသားစုများရဲ့ တည်နေရာတွေကို သိရှိနိုင်တဲ့ Phone Tracker
============================
ဒီ PhoenTracker ဟာ မိသားစုဝင်တွေအတွက် အတော်လေးအဆင်ပြေပါတယ်။ သူက ကိုယ်ဘယ်နေရာရောက်နေတယ်ဆိုတာကို GPS နဲ့ Internet ကိုဖွင့်ထားပြီး Update လုပ်ထားရင်ရပါပြီ။
ကျွန်တော်ဆို ဒီလိုလုပ်ထားတယ်ဗျာ… ကျွန်တော်ရဲ့ အမေက စိတ်ပူတက်လွန်းလို့ အမေကို ဒီ Software သူဖုန်းမှာထည့်ထားပြီး ကျွန်တော် ဘယ်နေရာရောက်တယ်ဆိုတာကို အတိအကျသိအောင်လို့လုပ်ပေးထားပါတယ်။ အခုဆိုရင် အမေက ကျွန်တော်ဆီဖုန်းဆက်ရင် ဘာမှမမေးတော့ဘူး Internet ဖွင့် GPS ဖွင့်လို့ပဲပြောပြီဖုန်းချသွားတယ်။ ဘာမှမမေးတော့ဘူး….
ဘော်ဒါတို့လဲ ကိုယ်ရဲ့မိသားစု ဒါမှမဟုတ် ကိုယ်ရဲ့ချစ်သူ၊ ရည်စား တို့ကို ဘယ်နေရာရောက်နေသလဲဆိုတာကို တိတိကျကျဖော်ပြပေးနိုင်တဲ့ ဒီ Phone Tracker ကို ဆောင်ထားသင့်ပါတယ်။
ပြုလုပ်ပုံတွေကိုတော့အောက်မှာ ဖော်ပြပေးပါမယ်။
၁။ အရင်ဆုံး Phone Tracker ကို Install လုပ်ပါ။
၂။ Phone Number ကို ထည့်ပါ။
ပြီးရင် Sign Up လုပ်ပါ။
ရှေ့ဆက်သွားစရာရှိတာတွေကိုသွားပါ။
၃။ Phone Tracker ရောက်ပြီဆိုရင်
ကိုယ်ထည့်ချင်တဲ့သူကိုရွေးပါ။ ဒါမှမဟုတ် ကိုယ်သူငယ်ချင်း
ရဲ့ဖုန်းနံပါတ်ကContact ထဲမှမရှိဘူးဆိုရင် Add ကိုနှိပ်ပါ။ ပြီးရင် Enter
Information Manually ၀င်ပြီး ဖုန်းနံပါတ်ထည့်ပါ။
၎။ ရပြီဆိုရင်
အဲဒီမှာ မိမိထည့်ထားသောဖုန်းနံပါတ်ထဲက သူရဲ့ဖုန်းထဲကို Phone
Tracker ကို Installလုပ်ပါ။ Install ပြီးသွားရင် GPS နဲ့ Internet
ကိုဖွင့်ပါ။ ချိတ်ဆက်နေပါလိမ့်မယ်။ WiFi ရနေတယ်ဆိုရင်လဲရပါတယ်။
၅။ ပုံ ၆ အတိုင်းတွေ့ရပါလိမ့်မယ်။
အဲဒီမှာ ကိုယ်သိချင်တဲ့သူကဘယ်နေရာရောက်နေသလဲဆိုတာကို
သိနိုင်ဖို့အတွက် အောက်ဖက်အနားမှာရှိတဲ့ bar မှာ
သိချင်တဲ့သူကိုရွေးပါ။ ရွေးပြီးရင် Update ကိုနှိပ်ပါ။
၆။ ဒါဆို သူ Update လုပ်နေပါလိမ့်မယ်။
ပြီးသွားရင် အပေါ်နားက ခေါင်းလောင်းပုံစံ Notification မှာ
ဝင်ကြည့်လိုက်ရင် သူဘယ်မှာရှိနေလဲကို သိရပါပြီ။
နောက်သူမှာ Free Message လဲပို့လို့ရပါတယ်....
တစ်ခုကျန်သေးတယ်ဗျာ....
History လဲကြည့်လို့ရပါတယ်။ History မှာတော့ သူနောက်ဆုံးဘယ်နေရာမှာ၊ ဘယ်အချိန်ရှိတယ်ဆိုတာပါသိရပါတယ်။
အဲဒီမှာသတိပြုရမှာက ကိုယ်သိချင်တဲ့သူက နောက်ဆုံး Update လုပ်ထားတဲ့နေရာကိုပဲတွေ့မှာပါ။
နေရာအတိအကျတွေ့ချင်ရင်တော့ နှစ်ယောက်စလုံး GPS ရော၊ Internet ပါဖွင့်လိုက်ပါ။ ဒါဆို Location အတိအကျသိရပါပြီ။
အဆင်ပြေပါစေဗျာ
အောက်ကလင့်မှာယူနိုင်ပါတယ်...
ဒီမှာ
ဒေါင်းလိုက်
မိဘတွေ  မလုပ်တတ်ရင်  သားဖုန်း  သမီးဖုန်းတွေ  ယူပြီး  ဖုန်းဆိုင်မှာ
သွားခိုင်းထားလိုက်။
မှတ်ချက်  ဖုန်းကတော့  GPS ပါရမယ်နော့
သာသနာ့အလံကို တီထွင်ခဲ့တဲ့သူ
Theingi Shwe Zin added 5 new photos.
သာသနာ့အလံ တီထွင်သူ အမှန် by အရှင်သုနန္ဒာလင်္ကာရ
Wednesday, June 2, 2010
သာသနာ့အလံ တီထွင်သူ အမှန်
(၁၈၈၅) ခုနှစ်၊ ဧပြီလ(၂၈)ရက်တွင် (သီဟိုဠ်ကျွန်း) သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)ကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန် အထူးအစီအစဉ်ရှိ နေသည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲတော်ကြီးနှင့် အခြား ဘာသာရေးပွဲတော်များတွင်ပါ သာသနာ့အလံတော်ကို အမှတ်တရ အဖြစ်လွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်သော ကိုလံဘို မြို့သူမြို့သားတို့သည် မိရိုးဖလာ ကိုးကွယ်မှုအထိမ်း
အမှတ်အဖြစ် ဗုဒ္ဓအလံတော် တစ်ခုကို တီထွင်ပြုလုပ်ရန်အတွက် ကြိုးပမ်းခဲ့ကြ၏။
ထိုအလံတော်ကို (၁၈၈၅) ခုနှစ်တွင်ပြုလုပ်ခဲ့သော်လည်း ဗုဒ္ဓအလံတော်ကို ကမ္ဘာအရပ်ရပ်က အသိအမှတ် ပြုလာကြသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့်မျှသာ ရှိပေသေးသည်။ ကမ္ဘာ့ဗုဒ္ဓသာသနာ့အလံတော်အဖြစ် (၁၉၅၁) ခုနှစ်သို့ ရောက်သောအခါမှသာ ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသော ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်းဖြစ်သည်။
တီထွင်သူ အစစ်
(သာသနာ့အလံကို ကနဦး တီထွင်သောသူသည် ဟင်နရီ စတီးလ် အိုကော့ ( Henry Steele Olcott ) ဟု ထင်နေကြပြီး အမှန်တကယ်မှာ စီ ပီ ဂုဏ၀ဍ္ဎန ခေါ် ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) ဖြစ်သည်။)
ဟင်နရီစတီးအိုကော့ ( H.S. Olcott )
ဟင်နရီစတီးအိုးကော့ သည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီး တစ်ဦးဖြစ်သည်။ အောလ်ကော့ကို ၁၈၃၂ခုနှစ်၊ ဩဂုတ်လ၂ရက်နေ့တွင် နယူးဂျာစီပြည်နယ်၊ Orange မြို.၌ ပရိုတင့်စတင့်ခရစ်ယန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ အသက်(၂၉) နှစ်တွင် အမေရိကန်ပြည်တွင်းစစ်
အတွင်းတပ်မတော်သို့ဝင်ရောက်အမှုထမ်းခဲ့ပြီးဗိုလ်မှူးကြီးအဖြစ်အငြိမ်းစား ယူခဲ့သည်။
အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ် မှာထင်ရှားသူ ဖြစ်ပြီး သီအိုဆိုဖီပညာများကို လေ့လာလိုက်စား၍ တစ်စတစ်စ ဗုဒ္ဓ၀ါဒများကို လိုက်စားရင်းမှ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်လာခဲ့သူပင်။
၁၈၆၁ခုနှစ် အမေရိကန် ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်ရှိနေစဉ်အချိန်က ဗုဒ္ဓဘာသာနှင့် ခရစ်ယန်ဘာသာတို. စကားရည်လုပွဲကြီး ကျင်းပနေသည့်အချိန် ဖြစ်သည်။ ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏာနန္ဒဆရာတော်နှင့် ခရစ်ယန်ဘက်မှ ဓမ္မဆရာ များ ၁၈၇၃ခုနှစ်တွင် ပနာဒူရမြို.၌ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကား ခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ဤပွဲ ဖြစ်ပွားပြီးနောက် ဗိုလ်မှုးကြီးအောလ်ကော့သည် သီရိလင်္ကာ၊ ဂေါလေ (Galle) ၌ တရားဝင် ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ခုနှစ်တွင်မန္တလေးသို.လာရောက်ပြီး
သံဃာတော်များကို လာရောက်ဖူးမြော် သေးသည်။
စီပီဂုဏ၀ဍ္ဎန(C.P. Gune Wardene)
စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် ဖွားမြင်သူဖြစ်သည်။ ထိုအချိန်ကာလက သီဟိုဠ်တွင် ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရေး နှင့် ဗုဒ္ဓဘာသာဝင်တို့ ဆုံးရှုံးနေသော အခွင့်အရေးများ ပြန်ရရေးအတွက် “ဗုဒ္ဓသာသနာ ကာကွယ်ရေး ကော်မတီ” ကို ၁၈၈၄-ခုနှစ် ဇန်န၀ါရီ(၂၇)ရက်နေ့ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီး
အိုးကော့ က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင် အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးအတွက် နှစ်ပေါင်း (၄၀)ခန့်အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့လေသည်။
စီပီဂုဏ၀ဍ္ဎန က “ခရစ်ယာန်ဘာသာဝင်များ အတွက် ကြက်ခြေနီ အထိမ်းအမှတ် ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓ သာသနာဝင် အားလုံး အသုံးပြုနိုင်ရန် အလံတော်ကို ဗုဒ္ဓနှင့် သက်ဆိုင်သည့် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်တို့ကို အသုံးပြုရန်” အကြံပေး တင်ပြခဲ့သည်။ ၎င်း အကြံပေး တင်ပြသော ဗုဒ္ဓသာသနာ့ အလံကို ၁၈၈၅-ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ တင်ရန် ကော်မတီဝင် အားလုံးက လက်ခံခဲ့ကြသည်။ ၎င်းအလံပုံစံကို သရသ၀ိ သန္ဒရေသ ( Sarasavi Sandaresa ) စာစောင်တွင် အချပ်ပိုထည့်၍ ၁၈၈၅-ခုနှစ်၊ ဧပြီလ(၁၇)ရက် တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစဉ်က အလံပုံစံ တီထွင်သူ၏ အမည်ကို မဖော်ပြခဲ့ချေ။ သို့သော် စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီးနောက် နှစ်နှစ်အကြာ ၁၉၂၈-ခုနှစ်၊ မေလ(၁)ရက်နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီ အသင်း ရာပြည့်စာစောင်တွင် ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ဟင်နရီစတီးအိုးကော့ ကိုယ်တိုင်ကလည်း သူ၏မှတ်တမ်းဟောင်း စာမျက်နှာ( ၄၆၉ ) ၌ “ဗုဒ္ဓသာသနာ့ အလံ တီထွင်ရေးဆွဲသူမှာ သူမဟုတ်ကြောင်း” ထုတ်ဖော် ၀န်ခံထားခဲ့သည်။ အလံလွှင့်တင်ရာ (ဗုဒ္ဓနေ့)တွင် အိုးကော့မှာ အိန္ဒိယနိုင်ငံသို့ ရောက်နေခဲ့ပြီး ၁၈၈၆-ခုနှစ်၊ ဇန်န၀ါရီလ(၂၈)ရက်တွင် သီဟိုဠ်သို့ ပြန်လည်ရောက်မှ သာသနာ့ အလံကို ဦးစွာ မြင်ဖူးခြင်း ဖြစ်သည်။ သို့သော် အလံမှာ အနည်းငယ် ရှည်လျားနေသဖြင့် အမျိုးသား အလံများကဲ့သို့ အချိုးအစားကျအောင် ဆောင်ရွက်ရန် အကြံပေးခဲ့သည်သာရှိ၏။
မြန်မာနိုင်ငံ နှင့် သာသနာ့အလံ
သာသနာ့အလံတော်ကို သီဟိုဠ် ဂိုဏ်းချုပ် ဆရာတော် အရှင်သီရိ သုမင်္ဂလာထေရ် သည် ၁၉၅၀ ပြည့်နှစ်တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အဖွဲ့ကြီး၏ ဥက္ကဌ ဒေါက်တာဂျီပီမာလာ
ဆေထေရ် ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓသာသနာ ကွန်ဂရက် အစည်းအဝေးကြီးကို ဖိတ်ခေါ်၍ အစည်းအဝေးပြုလုပ် ခဲ့သည်။ မြန်မာနိုင်ငံတွင် (၁၉၅၆) ခုနှစ် ဆဌသင်္ဂါယနာ တင်သည့်နေ့မှစ၍ အထက်ပါ ကမ္ဘာ့ ဗုဒ္ဓသာသနာ့အလံတော် ကို သာသနာ့အလံတော်ကြီး အဖြစ် အောင်မြင်စွာ
အတည်ပြုလွှင့်ထူနိုင်ခဲ့လေသည်။ ၁၉၈၀ပြည့်နှစ်တွင် ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးမှလည်း ဗုဒ္ဓသာသနာ့ အလံတော်နှင့် ပတ်သက်၍ အညီအညွတ်ဆုံးဖြတ်ပြီး သံဃနာယက လက်စွဲကျမ်းတွင် ပြဋ္ဌာန်း ခဲ့သည်။
အလံတော် အဓိပ္ပါယ်
သာသနာ့အလံတော်ကြီးသည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ် သရုပ်ဖော်ထားပြီး ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့် ဘုရားရှင်၏ ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရားတော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်းကြခြင်းဖြစ်၏။ ထို့ကြောင့် ရောင်ခြည်တော် ခြောက်သွယ် အရောင်ကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ခြင်း
ဖြစ်ပါသည်။
အရွယ်အစား/အရောင်
• အကြီး = အလျား - ၉ပေ x အနံ - ၅ပေ
• အလတ် = အလျား - ၄ပေ ၆လက်မ x အနံ - ၂ပေ ၆လက်မ
• အလတ် = အလျား - ၂ပေ ၃လက်မ x အနံ - ၁ပေ ၃လက်မ
• အသေး = အလျား - ၉လက်မ x အနံ - ၅လက်မ ဟူ၍ လေးမျိုး သတ်မှတ်ထားသည်။
ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော်
1. နီလ = အပြာရင့်ရောင်
2. ပီတ = အ၀ါရင့်ရောင်
3. လောဟိတ = အနီရောင်
4. သြဒါတ = အဖြူရောင်
5. မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို ဒေါင်လိုက်ထားရှိပြီးလျှင်-
6. ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်)အပေါ်ဘက်မှ နေ၍ အပြာ၊ အ၀ါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိချုပ်လုပ်ရမည်။
အသုံးပြုပုံ
မြန်မာနိုင်ငံရှိ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သည် အလံတော်ကို သံဃနာယက လက်စွဲ၊ အပိုဒ်(၅)၊ အခန်း(၂၉) ၌ သာသနာ့အလံတော် အခန်း အပိုဒ်(၃၅၅)၌ အသုံးပြုရမည့်နေ့ရက်များ သတ်မှတ်ထားသည်မှာ-
(က)အခါကြီး ရက်ကြီးများ
1. ကဆုန်လပြည့် (ဗုဒ္ဓနေ့)
2. နယုန်လပြည့် (မဟာသမယနေ့)
3. ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
4. ၀ါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
5. တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
6. သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
7. တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
8. တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)
(ခ)ပွဲတော်နှင့် အခမ်းအနားများ
1. ၀ါဆိုပွဲတော် အခမ်းအနား
2. အဘိဓမ္မာအခါတော်နေ့
3. ကထိန်ပွဲတော်
4. ရဟန်းခံရှင်ပြုပွဲ
5. ဆွမ်းကြီးလောင်းလှူပွဲ
6. စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
7. နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
8. ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
9. ဘုရားထီးတင်ပွဲ
10. ဗုဒ္ဓပူဇနိယပွဲတော်
11. အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
12. သံဃာ့အစည်းအဝေး
13. သံဃ၀ိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
14. ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင် အသုံးပြုနိုင်သည်။
(ဂ)လွှင့်ထူ အသုံးပြုနည်း၊ အပိုဒ်(၃၅၈) အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရမည်။ လက်ယာအစွန်းမှ အရောင်ငါးမျိုး ရောယှက်ရောင်တွင် အပြာရင့်ရောင်သည် အပေါ်တွင်လက်ျာဘက်ရှိနေစေရမည်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏ အမိုးအရှေ့ပိုင်းတွင် ဖြစ်ရမည်။ ကားငယ်များတွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရမည်။ သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာ တပ်ဆင်ရမည်ဟူ၍ ဖော်ပြ ထားသကဲ့သို့၊
(ဃ)ရှောင်ကြဉ်ရမည့်အချက်များ၊ အပိုဒ်(၃၉၅)
1. ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မည်သည့်ဘုရားဖူးယာဉ်တွင်မှ မသုံးစွဲရ။
2. လမ်းဘေး၊ လမ်းခွ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးရ။
စူးရှသော စိတ်ကူးဥာဏ် ရှိခဲ့သော စီ ပီ ဂုဏ၀ဍ္ဎန( ခေါ် )ကာရိုလစ် ပူဂျသ ဂုဏ၀ဍ္ဎန (Carollis Pujitha Gune Wardene) အား ဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား လေးစားသမှု့ ပြုအပ်ပါသည်။
အရှင်စန္ဒောဘာသ(ရွှေဘို)ရေးသားသော `သာသနာ့အလံတော်´ စာအုပ်နှင့် ဒီဝက်ဆိုက် (http://www.buddhistchannel.tv/index.php?id=43,4030,0,0,1,0) မှ မှီငြမ်းရေးသားပါသည်။
အရှင်သုနန္ဒာလင်္ကာရ
Tuesday, May 12, 2015
ကင်ဆာရောဂါ ပျောက်သည်ဆို၍ မြန်မာ့ရှာပါးသစ်ခွ တရုတ်အဝယ် လိုက်နေ ==
ကင်ဆာရောဂါ ပျောက်သည်ဆို၍ မြန်မာ့ရှာပါးသစ်ခွ တရုတ်အဝယ် လိုက်နေ
=================================================
ရှားပါးစာရင်းဝင် ဂရေ့နီးမီး ယပ်ခေါ် သစ်ခွမျိုးစိတ်များကို တရုတ်သို့ တရားမဝင်တင်ပို့ရောင်း ချနေမှုများ ရှိလာသည့်အတွက် သစ် တောဦးစီးဌာနမှ တားဆီးပေး ရန် လိုအပ်နေပြီဖြစ်ကြောင်း မြန် မာနိုင်ငံ ပန်းဝါသနာရှင်အသင်းမှ သတင်းရရှိသည်။
”သစ်ခွပန်းမှာပါတဲ့ ဓာတ် တစ်မျိုးက ကင်ဆာရောဂါကို နှိမ် နင်းနိုင်တယ်လို့ ယူဆပြီး တရုတ် သမားတော်တွေ ဆေးဖော်ကြတာ။ သူ့ဘာသာပျောက်ပျောက် မပျောက် ပျောက်နိုင်ငံရဲ့ပန်းမျိုးစိတ်တွေ မျိုး တုန်းမှာကို လက်မခံနိုင်ပါဘူး”ဟု ယင်းအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာ စောလွင်က ပြောသည်။
အဆိုပါ သစ်ခွပန်းမျိုးစိတ်ကို ဒေသခံအများစုက ဂနိုင်နဘေး ပေါက်ဟု ခေါ်ဝေါ်သုံးစွဲကြပြီး တရုတ်ဘက်မှ အမြဲလက်ခံဝယ်ယူ သော ဈေးကွက်သဖွယ်ဖြစ်ပေါ်ေ န နေကြောင်း သိရသည်။
ယင်းသစ်ခွမျိုးရင်းများကို ချင်းပြည်နယ်တောင်တန်းများတွင် အများဆုံးတွေ့ရှိရပြီး ရှမ်းပြည် နယ်၊ ကချင်ပြည်နယ်၊ မန္တလေး စ သော သစ်တောဧရိယာများတွင် လည်း ရှိတတ်ကြောင်း သိရသည်။
”တိုင်းရင်းသားတွေက ဒီဂရေ့ နီးမီးယပ်ပန်းဆိုတာလည်း ဘယ် သိကြမလဲ။ ရောင်းချနိုင်ရင် ဈေး ကောင်းရတော့ တောတောင်ထဲ ရှာကြံခူးတာပေါ့။ ဒေသခံတွေကို အသိပညာပေးမှုလုပ်ပြီး ဈေးကွက် ကို ထိန်းချုပ်ဖို့လိုပါတယ်” ဟု အ မည်မဖော်လိုသည့် ပန်းပညာရှင် တစ်ဦး ပြောသည်။
ထိုကဲ့သို့ ပန်းမန်သစ်ပင်များ အား တရားမဝင်မှောင်ခိုကူးမှုကို သစ်တောဥပဒေပုဒ်မ ၃၇ အရ အ ရေးယူနိုင်သော်လည်း စောင့်ကြည့် စစ်ဆေးမှုပြုလုပ်ခြင်း နည်းပါး ကြောင်း သိရသည်။
အဆိုပါ သစ်ခွမျိုးစိတ်များနှင့် ပတ်သက်၍ သစ်တောဦးစီးဌာနရှိ သဘာဝတောနှင့် စိုက်ခင်းများလုပ် ငန်းဌာနမှညွှန်ကြားရေးမှူး ဦးကျော် ကျော်လွင်က”သစ်တောထွက် ပစ္စည်း တွေကို မှောင်ခိုသွင်းတာနဲ့အတူ သစ်ခွပန်းခြောက်တွေ မိတာရှိပါ တယ်။ ဒါကိုသီးခြားအနေနဲ့ မိတာ ရှားပါးတယ်။ အားလုံးကတော့ ဥပ ဒေအရအရေးယူတာချည်း ပါပဲ”ဟု ၄င်းကပြောသည်။
မြန်မာနိုင်ငံအတွင်း သစ်ခွမျိုး စိတ်ပေါင်း ၈၄၁ မျိုး ရှိသည့်အနက် ဥပဒေအရ ကာကွယ်ထားသော မျိုးစိတ်လေးမျိုးခန့်ရှိကြောင်း သစ် တောဦးစီးဌာနမှ သိရသည်။
ထို့အပြင် သစ်ခွအခြေခံ စိုက် ပျိုးမှုနှင့် ထုတ်လုပ်ရောင်းချမှုလုပ် ငန်းကိုပါလက်တွေ့ သင်ကြားပေး မည့် သင်တန်းတစ်ခုကို လာမည့် မေ ၁၈ ရက်မှ ၂၈ ရက်အထိ ပြည် သူ့ဥယျာဉ်အတွင်းရှိ ပန်းဝါသနာ ရှင်များအသင်းတွင် ဖွင့်လှစ်သွား ရန်စီစဉ်ထားကြောင်း သိရသည်။
အောင်ဇော်ထူး
Popular Myanmar News Journal
ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းဖွင့်မည်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ အမျိုးဘာသာ သာသနာ ထွန်းကားပြန့်ပွားရေးအသင်း၏ ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းကို မော်လူးမြို့ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်တွင် (18-5-2015)တနင်္လာနေ့မှစ၍ (၇)ရက်တိုင်သင်ကြားပေးပြီး အပတ်စဉ် တနင်္ဂနွေ နေ့တိုင်း သင်ကြားဖွင့်လှစ်မည် ဖြစပါသည်
Sunday, May 10, 2015
ဟောင်းတုန်းဆည် ပြန်တည်ဆောက်ပြန်ပြီ
တောင်သူဦးကြီးများ ရွာသူ/သားများရဲ့ စိတ်ရှည် ဇွဲသန် ပင်ပန်းတဲ့ ဒဏ်တွေကို သည်းခံပြီး တည်ဆောက်နေဆဲဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ နယ် ဟောင်းတုန်းကျေးရွာနှင့် အခြားသောကျေးရွာများ လယ်ရေရှိရေးကို ဘိလပ်မြေအလုံး 600 ကျော် ကျောက်ကားအစီးရေ 148 စီး ဖြင့် ကိုယ့်အားကိုယ်ကိုးကာ တည်ဆောက်နေပါသော ရေကာတာကြီးပါ။
Saturday, May 9, 2015
ကဲ mawlu news group မှ Admin များ သတိရှိကြပါ
ရင်​ဖွင့်​လာ​သော​မော်​လူးမြို့ဝပ်​​ရှော့ဆိုင်​ကသတင်းအမှားတစ်​ခု
➳ ၁၁.ဧပြီ.၂၀၁၅ရက်​​နေ့တွင်​mawlu new
သတင်းတွင်​ရပ်​​ကွက်​(၃)မှအရပ်​သားတစ်​ဦး၏
တင်​ပြထား​သောသတင်းတစ်​ခုတွင်​၀ပ်​ရှော့​တွင်​ရေ​လှောင်​ကန်​မလုပ်​ဘဲ​ရေများသုံး​နေသည်​ဟုတင်​ပြထားသည်​မှာတစ်​စုံတစ်​ယောက်​အတွက်​နစ်​နာမှုတစ်ခု​ဖြစ်​သည်​ဟုဝပ်​​ရှော့လုပ်​ကိုင်​သူတစ်​​ဦးက​ပြောပါသည်​။
၎င်း​ပြောဆိုချက်​မှာကျွန်​​တော်​တို့၏၀ပ်​​ရှော့တွင်​အများပြည်​သူသုံး​ရေများကိုစနစ်​တကျ​ရေ​လှောင်​ပုန်းများနှင့်​ပြုလုပ်​​၍သုံး​နေကြပါသည်​ဟု​​ပြော
ဒါအပြင်​၎င်းကသတင်းများတင်​မည်​ဆိုပါက​သေချာ​လေ့လာစုံစမ်း၍တင်​ပြရန်​​တောင်းဆိုအပ်​ပါသည်​ဟု​ပြောကြားချက်​အရသိရ.....
......မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမျှမရည်​ရွယ်​ရပါခဗျာ.......
                               တိမ်​လွှာ(​နောင်​ကွတ်
မိုးပွင့် အထူး မှတ်ပုံတင်များ နေ့ချင်းပြီး ဆောင်ရွက်ပေး
 အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်တွင် နိုင်ငံသား စိစစ်ရေးကတ်ပြားများ နေ့ချင်းပြီးဆောင်ရွက်ပေး
> အင်းတော် မေ ၈
> @@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းတွင် မေ ၈ ရက် နံနက် ၈ နာရီအချိန်က မိုးပွင့်အထူးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
> မိုးပွင်း အထူး နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရာသို့ အင်းတော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစံရွှင် အင်းတော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းမြစိုးလှိုင် လက်ထောက်လဝကမှူး ဒေါ်အေးအေးဆွေ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် ရာအိမ်မှူးများ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဝင်တို့မှ
> အသက်  ၁၀နှစ်ပြည့် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများ ပျောက်ဆုံး ပျက်စီးသွားသူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းနှင့်အတူ အိမ်ထောင်စုစာရင်းစာရွက်များ ဟောင်းနွမ်းစုတ်ပြဲနေခြင်းများကိုလည်း လဲလှယ်ပေးခဲ့သည်။ မေလ ၈ရက်နေ့တွင်ု အောင်မင်္ဂလာရပ်ကွ့က်
> အတွင်း ၇၆ဦးကို  နိုင်ငံသားစိစစ်
> ရေးကတ်ပြားများကို နေ့ချင်းပြီးဆောင်ရွက ပေးနိုင်ခဲ့ကြောင်း သိရသ
ဆိုင်ကယ်နဲ့ တိုက်မိပြီး တာဝန်မဲ့စွာ လုပ်ရက်သည့် သစ်တောဝန်ထမ်း
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် အလယ်ကျွန်းကျေးရွာအုပ်စု ဂွေ့ကြီးကျေးရွာမှ သတင်းလေးပါ facebook မှ ကူးယူဖော်ပြပါသည်။
credit to Chan Aung
Friday, May 8, 2015
နိုင်ငံကျော်သည့် တစ်ချိန်က လူမိုက်ကြီး လမ်းမတော် ဖိုးတုတ်အကြောင်း ဖတ်ကြည့်ကြပါအုန်း
GK Aung Aung added 2 new photos.
ဖိုးတုတ် လူမိုက်ဖြစ်သွားပြီ
၁၉၃၂ ခုနှစ် ၊ရန်ကုန်မြို့၊ လမ်းမတော် (၁၁)လမ်း ၊လမ်းမတော်တစ်ရပ်ကွက်လုံး မှ ဆင်းရဲသား ၊ လူချမ်း သာ ၊ ဖိုးတုတ်၏ မိဘများပါမကျန် ဖိန့်ဖိန့် တုန်အောင် ကြောက်ရွံ့ရသော ၊ ရန်ကုန်မြို့အတွင်းရှိ အခြား နယ်မြေအပိုင်စား လူမိုက်အခြင်းခြင်းပင် ဆရာကြီး ဟု ရှေ့က တပ်ခေါ်ရလေသော ပုဏားဘထွန်း ၏ အိမ်ရှေ့သို့ မြနေအောင်သွေးထားသည့် ငှက်ကြီးတောင်ဓါးဖြင့် လူမိုက်ပေါက်စတစ်ယောက်ရပ်နေသည်။
ဖိုးတုတ်……ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး တစ်ယောက်ချင်း ဓါးချင်း ယှဉ်ခုတ်မည် အိမ်ပေါ်က ဆင်းခဲ့ ဖို့ စိန်ခေါ်ပါတယ် ။တပည့်တပန်းအလွန်ပေါများပြီး လူမိုက်အချင်းချင်းပင် ကြောက် ရသော လူမိုက်ကြီး ပုဏားဘထွန်း အိမ်ပေါ်က လုံးဝ ဆင်းမလာ ။
တကယ်တော့ ပုဏားဘထွန်းနဲ့ ဖိုးတုတ် အသက်ချင်းအရွယ်ချင်း ကွာလွန်းနေပြီ ။ ဘယ်လောက်ပဲ မိုက်ခဲ့မိုက်ခဲ့ နွားအိုက ပေါင်ကျိုးနေပြီဖြစ်တဲ့ ပုဏားအနေဖြင့် ဖိုးတုတ် နှင့် တစ်ယောင်ချင်း ယှဉ်လို့ မဖြစ်နိုင်တော့မည်မှန်း သိသည်.. အိမ်ပေါ်က လုံးဝဆင်းမလာ ။
အကြိမ်ကြိမ်စိန်ခေါ်ပြီး ဖိုးတုတ်က စကားတစ်ခွန်းပြောသွားသည် ။
" ခင်ဗျားက လူမိုက်ပုဏား မဟုတ်တော့ဘူး.. ဆန်တောင်းတဲ့ ပုဏားဖြစ်သွားပြီ……….
ဖိုးတုတ် က ဒီနေ့က စပြီး လမ်းမတော်လူမိုက်ဖြစ်သွားပြီ "
တကယ့်ဝါရင့်လူမိုက်ကြီး ပုဏားဘထွန်းကိုပင် အိမ်ရှေ့သွားစိန်ခေါ်သော ဖိုးတုတ် သတင်း က တစ်ခြားနယ်ပယ်ပိုင် လူမိုက်ကြီးတွေကြား ဂရပ်ရိုက်သွားပါတော့တယ်…။
အဲ့ဒီလိုနဲ့ ရန်ကုန်လူမိုက်လောကမှာ လမ်းမတော်ဖိုးတုတ် က အချိန်တိုအတွင်း နေရာရခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်..။
နယ်ချဲ့ဖိုးတုတ်
အဲ့ဒီခေတ်က ရန်ကုန်မြို့ ရပ်ကွက်အသီးသီးမှာ တစ်ဗိုလ်တစ်မင်း စိုးမိုးမင်းမူနေသည့် ရပ်ကွက် အပိုင်စား လူမိုက်များ သာ ကြီးစိုးပါတယ်..။ လူမိုက်အချင်းချင်းနယ်မကျော်ကျပဲ နယ်ကျော် တဲ့ လူမိုက်တွေအတွက် လည်း ဇာတ်သိမ်းမကောင်းခဲ့တာ ထုံးစံလိုဖြစ်နေခဲ့ပါတယ်..။ဒါပေမယ့် လမ်းမတော်ဖိုးတုတ်ကတော့ လမ်းမတော်တစ်ရပ်ကွက်ထဲမှာ ထိုင်ပြီး မင်းမူနေရုံနဲ့ ကျေနပ်နိုင်သူမဟုတ်ပါဘူး..။ ဖိုးတုတ် ပထမဆုံး မျက်စောင်းထိုးတာကတော့ ပန်းဆိုးတန်းလမ်းပါ.. ။ပန်းဆိုးတန်းလမ်းမှာက ဗိုလ်တစ်ထောင် ကျောက်
တံတား လူမိုက် မတ်စတီးခန်း ကြီးစိုးနေပါတယ် ။
မတ်စတီးခန်းက တော့ သူ့လက်ရုံးမာမွတ်ကိစ္စပြီးကတည်းက ဖိုးတုတ်ကိုေ၇ှာင်ဖို့ သူ့တပည့်တွေကို မှာပါတယ်.. ဒါပေမယ့်…………ဖိုးတုတ် ပန်းဆိုးတန်းကို ကိစ္စတစ်ခုနဲ့သွားတဲ့ညမှာ မတ်စတီးခန်း တပည့် တစ်ယောက်က နယ်ကျော်လာ တယ်ဆိုပြီး ဖိုးတုတ်ရင့်ရင့်သီးသီးပြောခဲ့တဲ့အတွက် အဲ့ဒီ လူမိုက် ဟာ ဖိုးတုတ်ဓါးချက်နဲ့ အူပွင့်တဲ့အထိ အထိုးခံခဲ့ရပါတော့တယ်..။
မတ်စတီးခန်း ဟာ ဖိုးတုတ် နဲ့တိုက်ရိုက်တွေ့မယ် ထင်ခဲ့ပေမယ့်… သူတကယ်ရင်ဆိုင်လိုက်ရတာက သူ့ဗိုလ်တစ်ထောင်နယ်ထဲက လူမိုက်ပေါက်စလေး ငမိုး ပါပဲ..။
မတ်စတီးခန်း ရဲ့ တပည့်တွေ ကြီးစိုးနေတဲ့ ဗိုလ်တစ်ထောင်ဘုရားပွဲတော် ညတစ်ညမှာ ဗိုလ်တစ်ထောင်မြို့ နယ်ထဲက ပျံကျပေတေနေတဲ့ ဆိုးသွမ်းလူငယ်လေးတစ်ယောက်က မတ်စတီးခန်း တပည့် ကုလားလူမိုက် (၈)ယောက်ကို ဓါးနဲ့ ၀င်ပိုင်းပါတယ် ။ကုလားလူမိုက်(၃)ယောက် သေလုမျောပါးဒဏ်ရာရသွားကြပြီး ကျန် တဲ့ လူမိုက်တွေလည်းခွေးပြေး ၀က်ပြေး ပြေးခဲ့ရပါတော့တယ်….ဒီအချိန်ကစလို့ မက်စတီးခန်း ဟာ ပန်းဆိုး တန်းကို ဖိုးတုတ်လက် ၊ ဗိုလ်တစ်ထောင်ကို ငမိုးလက် အပ်ပြီး လူမိုက်လောက ကနေ တစ်ဖြည်းဖြည်း
နောက် ဆုတ်သွားပါတော့တယ်..။
လမ်းမတော်ဖိုးတုတ် နဲ့ မရှေးမနှောင်းမှာပဲ ဓားရေးကြွယ်ပါတယ်ဆိုတဲ့ ဗိုလ်တစ်ထောင်ငမိုး ရဲ့ နာမည် ဟာလည်း ရန်ကုန်လူမိုက်လောကမှာ တဖြည်းဖြည်းကြီးမားလာပါတော့တယ်..။
ဗိုလ်တစ်ထောင်ငမိုးရဲ့ ဧည့်ဝတ်
ငမိုးပခုံးချင်းယှဉ်လာပြီဆိုတာနဲ့ လမ်းမတော်ဖိုးတုတ်က သူ့ထုံးစံအတိုင်း ထိပ်တိုက်တွေ့ဖို့ ဆုံးဖြတ် လိုက် ပါတော့တယ်..။ရန်ကုန်ရဲ့ ချမ်းစီးစီးဒီဇင်ဘာ မနက်ခင်းတစ်ခုမှာ သက္ကလပ်အင်္ကျီအထူစားအောက်မှာ ဓား ရှည်တစ်ချောင်းကို လွယ်ပြီး ဘိုကလေးဈေး (ဘရုတ်ကင်းဈေး) လမ်းထဲကို ၀င်လာတဲ့ ဖိုးတုတ် ကို တွေ့ ရပါတယ်..။ဖိုးတုတ်က ဗိုလ်တစ်ထောင်ငမိုးအိမ်ရှေ့ ရပ်လိုက်တယ်ဆိုလျှင်ပဲ…ငမိုး ဘာလုပ်ရမှန်း မသိ ပြူးပြူး ပြာပြာဖြစ်သွားပါတယ် …. ငမိုးချက်ချင်း အိမ်ပေါ်ကပြေးဆင်းပြီး လာရင်းကိစ္စကိုမေးပါတော့ တယ်.။
ဖိုးတုတ်က သက္ကလပ်အင်္ကျီကို စွဲချွတ်ပြီး ရင်ဘတ်ကိုကော့ပေးသည်.. အေး ငမိုး မင်းဓါးရေးထက် တယ်ဆို လို့ ငါလာအထိုးခံကြည့်တာ ဟု အော်ကြီး ဟစ်ကျယ်ပြောတော့သည် ။ငမိုးကလည်း လူနပ်။ ပုဏ္ဏာဘကွန် လိုတော့ အရှက်ကွဲမခံနိုင် ။ ဒီတော့ ဖိုးတုတ်ကို ပြုံးပြရင်း
"ဟာ အကိုကြီးကလည်း မဟုတ်တာ ဒီအကြောင်းတွေမပြောပါနဲ့ ကျွန်တော်တို့ဗမာညီအစ်ကိုချင်း ကြားမှာ ဒါမျိုးတွေရှိသေးလားဗျာ.. အကိုတွေ့ချင်ရင်ခေါ်ခိုင်းလိုက်ပေါ့..တကူးတက ကျွန်တော့်ဆီလာနေရတယ်လို့"
"အေး မင်းက ဗိုလ်တစ်ထောင်မှာ ဗိုလ်မထားဘူးဆိုလို့.. ငါကလည်း ဗိုလ်လာလုပ်တာလေကွာ"
"ဟာအကိုကြီးရာ ကျွန်တော့်ကို မကြိုက်တာရှိရင်ဆုံးမလို့ရပါတယ်.. နာခံပါ့မယ်..ကျွန်တော် အကိုကြီးကို ဧည့်ဝတ်ပြုပါရစေ "
ဖိုးတုတ် ဘာမှမပြောတော့ပါ… ဗိုလ်တစ်ထောင်ငမိုး ဧည့်ဝတ်ပြုတာကိုလည်းလက်မခံ… နယ်မြေ ချင်း စည်းမကျော်ဖို့သာပြောခဲ့ပြီး ပြန်လာခဲ့ပါတယ်..။အပြန်တွင်တော့ အလာတုန်းကလို မဟုတ် ဗိုလ် တစ်
ထောင် ငမိုးပိုင် ရထားလုံးနှင့် ဖိုးတုတ်ကို အိမ်အရောက်လိုက်ပြန်ပို့ပေးပါတော့တယ်………….။
အဲ့ဒီအချိန်ကစပြီး ဗိုလ်တစ်ထောင်ငမိုး သေဒဏ်ကျသွားတဲ့အချိန်အထိ ဖိုးတုတ်နဲ့ ငမိုးတို့ဟာ သံခင်း တမန်ခင်းဆက်ဆံရေးနဲ့ ဘာပြသနာမှ ထပ်မဖြစ်ကြတော့ပါဘူး..။
သူဌေးဖိုးတုတ်
လမ်းမတော်ဖိုးတုတ် ဟာ အရင်လူမိုက်တွေလို ကိုယ့်နယ်မြေကျဉ်းကျဉ်းလေးထဲ မင်းမူနေတာ မဟုတ် တဲ့ အတွက် ကြည်မြင့်တိုင် ၊ ပုဇွန်တောင် ၊ လသာ ၊ ကမ်းနားလမ်း သိမ်ကြီးဈေးလူမိုက်တွေက အစ ဖိုးတုတ်ရဲ့ တပည့်အဖြစ် ၀င်ရောက်လာပြီး နယ်မြေဆိုင်ရာ ဆက်ကြေးတစ်ပုံကို လမ်းမတော် ဖိုးတုတ်ထံ သွင်းကြရ ပါတော့တယ် ..။ရန်ကုန်မြို့ထဲက ဘိန်းခန်းများ ၊ ဇိန်ခန်းများ ၊ ဟိုတယ်များ ၊ ပျော်ပွဲစား ရုံကြီးများမှ အစ သိမ်ကြီးဈေး၊ သံဈေးရှိ အရောင်းအ၀ယ်ဒိုင်ကြီးများ၊ လောင်းကစားဝိုင်းများ အလယ် ၊ ကြည့်မြင့်တိုင် စက် ဆန်း ပြေးဆွဲသော ဘတ်စ်ကားလိုင်းတွေ ၊ ဂိတ်ထိုးသည့် Taxi ကားများအဆုံး လစဉ်ဆက်ကြေးများ အား ဖိုးတုတ်ထံ ပေးသွင်းရတော့သည်..။
လမ်းမတော်ဖိုးတုတ် ၀င်ငွေက တစ်လလျှင် (၃၀၀၀)နီးပါးရှိသည်ဟု ခန့်မှန်းကြသလို ဖယ်မလီယာကား(၂) စီးနှင့် မော်တော်တစီးပိုင်သည်အထိ ကြွယ်ဝချမ်းသာ လာခဲ့တော့သည်..။လမ်းမတော်ဖိုးတုတ်က ရာဇ၀တ် မှုများလိုက်ရာတွင် နာမည်ကြီးသော ရှေ့နေကြီး ပန်ကာအေးကို လိုလူကိုပင် ဥပဒေအကြံပေးအဖြစ် လစာပေးငှားထားလိုက်သေးသည်..။
နာမည်ကြီးလာသည်နှင့်အမျှ အပေါင်းအသင်းများလာသည် ။ ဗိုလ်အောင်ဒင်ရုပ်ရှင်မင်းသား ခင်မောင်ရင် ၊ ဇာတ်မင်းသားရွှေကျီးညို တို့ ဖိုးတုတ်နှင့်တတွဲတွဲ ဖြစ်လာသည် ။ နိုင်ငံရေးလောကမှ အမတ်များနှင့် တစ် စားပွဲ တည်းထိုင်သောက်နိုင်သည်အထိ ဖိုးတုတ်ပါဝါက ကြီးမားခဲ့သည် ။
အချစ်လူကြမ်းဖိုးတုတ်
လူမိုက်ဆိုတာ ဂျိုနဲ့လားဆိုသော ဆိုရိုးစကားရှိပါတယ်… ဖိုးတုတ်က ဂျိုနဲ့ လူမိုက်မဟုတ်ပေမယ့် နှလုံးသား နဲ့ လူမိုက်ပါ……….။ဖိုးတုတ် နှလုံးသားကို ညှိငင်ဖမ်းစားထားတာက လမ်းမတော်သူ တရုတ်ကပြား မသင်းမြ..။မသင်းမြက အဖေမရှိတော့ အမေနဲ့အဒေါ်က လမ်းမတော်(၂၄)လမ်း၊ ကွမ်းတန်းဈေးတွင် ဈေးရောင်း တဲ့သူတွေ.. ဖိုးတုတ် အမေနဲ့ မသင်းမြ အမေက ဥပုသ်စောင့် ၊ ဘုရားသွားအတူတူ လူရင်း
တွေ..။ငွေရေးကြေးရေးတောင့်တင်းပြီး ဖိုးတုတ်အမေ ဒေါ်ချစ်ပု ငွေလိုလျှင် မသင်းမြ တို့ မိဘတွေ က ထောက်ပံ့နေကြ။
မသင်းမြကို ဖိုးတုတ် ကြိုက်တယ်.. ဒါပေမယ့် ဖွင့်မပြောရဲခဲ့… မသင်းမြ ရှေ့ရောက်လျှင်ပင် လူမိုက်ကြီး က ရဲရဲဝံ့ဝံ့ စကားမပြောရဲရှာ ..။ဒါပေမယ့် တပည့်အရင်းတွေ..အပေါင်းအသင်းအရင်းတွေနဲ့ အတူတူသောက် ကြ တဲ့အရက်ဝိုင်းမှာတော့ ဖိုးတုတ်ကြီးရဲ့ ရင်တွင်းဝေဒနာတွေက အန်အန်ထွက်လာ တတ်လို့…. ဖိုးတုတ် ရင်တွင်းက အချစ်ဓာတ်တွေ ကို သူ့ညီဘသိန်းနဲ့ တပည့်ရင်းတွေဖြစ်တဲ့ လသာလူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင် ၊ ကမ်းနားလမ်း အုန်းဖေ ၊ လွစ်စ်လမ်းငညွန့် ၊ တာမွေအောင်ဘ ၊ လက်ကောက် ချန်ထွန်း တို့က အူမချေးခါး မကြားချင်မှအဆုံး သိထားပြီးသား..။
မသင်းမြက ဘာသာ တရားရဲ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ မိန်းကလေးပီပီ ဖိုးတုတ်လို နာမည်ကြီး လူမိုက်ကို ဝေးဝေးရှောင်ပါတယ်.. ဒါပေမယ့် မသင်းမြက ဖိုးတုတ်ညီ ကိုဘသိန်း နဲ့တော့ တော်တော် ရင်းနှီး ပါတယ်တဲ့……။ဈေးထဲမှာ မသင်းမြကလည်း မဟုတ်မခံဇတ်ဇတ်ကြဲ…ဆိုတော့ ဘသိန်းက သူ့အကို နဲ့ စိတ်ချင်းတူသဟဲ့ဆိုပြီး မသင်းမြကို သူ့အကိုဖိုးတုတ်နဲ့ ကြိတ်သဘောတူနေပါတယ် ။
ဖြစ်ချင်တော့ အဲ့ဒီနေ့က…မသင်းမြ ဈေးရောင်းတဲ့နေရာကို ဘသိန်း ရောက်လာပြီး ကိုဖိုးတုတ်က မသင်းမြ ကို ချစ်ကြောင်းကြိုက်ကြောင်း ကို အောင်သွယ်ပြောပါတော့တယ်..အဲ့ဒီမှာ မသင်းမြက ဘသိန်းကို ခဲနဲ့
ကောက်ထုလိုက်ပါလေရောလား…နဖူးအာလူးသီးကြီးကို အုပ်ပြီး အောင်သွယ်တော် ဘသိန်းက စပ်ဖြဲဖြဲ နဲ့ နောက်ကြောင်းပြန်လှည့်ပြေးလာခဲ့ပါတယ်..။
အဲ့ဒီညက လမ်းမတော်ဖိုးတုတ် နှင့် တွဲဖက် ရုပ်ရှင်မင်းသားခင်မောင်ရင် ၊ ဇာတ်မင်းသား ရွှေကျီညို ၊ ရုပ်ရှင် မင်းသားကျော်စိုး တို့ နန်းသီတာဆိပ်ကမ်းက သင်္ဘောတစ်စီးပေါ်မှာ လေညှင်းခံရင်း အရက်သောက် ခဲ့ရာမှ အမူးလွန်သွားခဲ့ပါတယ်..။
ခင်မောင်ရင် ကားနဲ့ ဖိုးတုတ်ကို အိမ်အထိလိုက်ပို့ကြပြီး သူငယ်ချင်းတွေပြန်သွားကြတော့ ဖိုးတုတ် အိပ်ပျော်သွားပါလေရောလား..။
မနက်မိုးလင်းတော့ အခန်းတံခါးခေါက်သံကြောင့် ဖိုးတုတ် တံခါးကို ဆွဲဖွင့်လိုက်တော့…သူ့ညီ ဘသိန်း နဲ့ တပည့်တွေက မိန်းမတစ်ယောက်ကို အတင်းဆွဲခေါ်လာပြီး ဖိုးတုတ်အခန်းထဲ အတင်း တွန်းပို့တော့ပါလေရော..။
"ဟေ့ ကောင်တွေ ဒါဘာလုပ်တာလဲ"
"အကိုပဲ ညက မသင်းမြကို မရရင် သေတော့မယ်ဆို..အဲ့ဒါနဲ့ ကျုပ်တို့ စီမံလာပေးတာ" ဘသိန်းက ပြောပြောဆိုဆိုနှင့် တံခါးကို ဆွဲပိတ်လိုက်ပြီး အပြင်က သော့ခတ်လိုက်ပါတော့တယ်..။
(အမှန်က မင်းသားခင်မောင်ရင် စနက်ပါ.. ကိုဖိုးတုတ်ကိုလိုက်ပို့ရင်းကနေ ဖိုးတုတ်ညီနဲ့တပည့် တွေကို မင်းတို့အကိုတော့ မသင်းမြကို မရရင် နန်းသီတာဆိပ်က ခုန်ချမယ်လုပ်နေလို့ မူးအောင် တိုက်ပြီြး ပန်ခေါ် လာ တာဆိုပြီး သရုပ်ဆောင်ပြသွားတာကို တပည့်တွေက အတည်ထင်ပြီး အခုလို လုပ်ပေးလိုက်ကြတာ ပါ..ပဲ)
ဖိုးတုတ် တပည့်တွေကို ဒေါသထွက်သလို..မသင်းမြကို အားနာနေသည် ။
မသင်းမြက ငိုယိုနေတာမြင်ရတော့ သူစိတ်မကောင်း ပြီးတော့ မသင်းမြအမေတွေက သူ့အမေ ရဲ့ ကျေးဇူး ရှင်တွေ…. အခုတော့ ဘသိန်းနဲ့ တပည့်တွေကြောင့် အမေမျက်နှာပျက်ရတော့မည်.မသင်းမြက ဖိုးတုတ်ကို ဆဲသည် ။ ဖိုးတုတ်က ရှင်းပြသည် ။
တကယ်တော့ ဘသိန်းနှင့်တပည့်များက မသင်းမြ အိမ်ကနေ ဈေးကိုအထွက်မှာ ကားပေါ်တင်ဆွဲလာ ခဲ့ခြင်းတဲ့…..
ရန်ကုန်တစ်မြို့လုံးလွှမ်းမိုးနေသည့် ဖိုးတုတ် ၊ ဒုစရိုက်သမားတိုင်းဦးညွှတ်ရသောဖိုးတုတ် ၊ အသက် အရွယ် နှင့် ဥစ္စာပစ္စည်းရှိသော သူဌေးလေးဖိုးတုတ် ၊ သေရဲ ၊ သတ်ရဲ ၊ ရိုက်ရဲ လူမိုက်ကြီးဖိုးတုတ် .. အခုတော့ မသင်းမြကို တောင်းပန်စကားတွေ တတွတ်တွတ်ဆိုနေရှာသည်။
မသင်းမြကလည်း လူမိုက်တွေ ပေါများလှသည့် ရန်ကုန်မြို့ကြီးတွေ မိန်းမသားတွေချည်း ဈေးရောင်း စားနေ ရသည့် ဘ၀က မလုံခြုံ.. ဖိုးတုတ်နှင့်ပတ်သက်မိလျှင် မိမိမိဘအသိုင်းအ၀ိုင်းအားလုံးကို ဘယ်သူမှ မတို့ ရဲမ ထိရဲသည့် လုံခြုံမှုရလာနိုင်သည်ကိုတွေးမိသွားတယ်ထင်ပါရဲ့…။အဲ့ဒီအခန်းလေးထဲမှာ ဖိုးတုတ် လူပျိုဘ၀ တစ်စခန်းသိမ်းသွားတော့သည်။
ဖိုးတုတ်အတု (သို့) လမ်း(၃၀)ဖိုးတုတ်
မင်္ဂလာဆောင်ခါနီး ပျော်ရွှင်နေသော လမ်းမတော်ဖိုးတုတ် ဒေါသထွက်နေပါတယ်..။သားလုပ်သမျှ ချိုသည် ခါးသည် မပြောဖူးသော မိခင်ကြီး ဒေါ်ချစ်ပုက အခု နာနာကြည်းကြည်းနှင့် လာပြောသွားတဲ့ စကားက…. .ဖိုးတုတ် ကို ယမ်းမီးပုံကျစေပါတော့တယ်။
"ဖိုးတုတ် နင် လူမိုက် ရုံတင်မကတော့ဘူး လူလိမ် လူယုတ်မာဖြစ်နေပြီ…. ငါတို့ ဈေးရောင်းစားလာ တာ တစ်သက်လုံး သူတစ်ပါးပစ္စည်းကိုမလိမ်မညာခဲ့ဘူး..နင့်ကျမှ တစ်ဈေးလုံး ဟိုးဟိုးကျော် ကလိမ်ဖိုးတုတ်ဖြစ်
နေပါလားဟဲ့" တဲ့ ။
တပည့်တွေကို စုံစမ်းခိုင်းကြည့်တော့ ဟုတ်သည် ။
သိမ်ကြီးဈေး နဲ့ လသာတစ်ဝိုက်မှာ ဖိုးတုတ် ဆိုတဲ့နာမည်နဲ့ ကုန်တွေမှာပြီးနယ်ပို့သတဲ့.. ပြီးတော့ ကုန်သည်တွေကို ပိုက်ဆံမရှင်းပဲ ဗြောင်လိမ်သည် ။ကုန်သည်တွေခမျာလည်း ဖိုးတုတ် ဆိုသည့် နာမည် ကြား သည်နှင့်ပင် သွားမတောင်းရဲတော့ချေ..။
ဖိုးတုတ် ဓါးဆွဲပြီးဆင်းလာခဲ့သည်…။ ………..အဲ့ဒီ ဖိုးတုတ်က ဘယ်သူလဲ ။ ကြာကြာမစုံစမ်းရ..လမ်းမတော် ဖိုးတုတ်တော့ မဟုတ် လမ်း(၃၀)ဖိုးတုတ် တဲ့ ပွဲစားဖိုးတုတ်လို့လဲ ခေါ်သတဲ့..။လမ်းမတော်ဖိုးတုတ်… .. လမ်း(၃၀)ဖိုးတုတ်ကြောင့် ဒေါသထွက်ရပြီ..။
မကြာမီ……..ဖိုးတုတ်တပည့်တွေ လက်ထဲမှာ ယက်ကန်ယက်ကန်နဲ့ မူးနေတဲ့ လူတစ်ယောက် ပါလာ ပါ
တော့တယ်..။လမ်းမတော်ဖိုးတုတ်ကို အထင်သေးသည့် အမူအယာဖြင့် လမ်း(၃၀)ဖိုးတုတ်က ကြည့် လိုက်သည်။
"ခင်ဗျား..ဘယ်သူလဲ..ကျုပ်ကို ဘယ်သူမှတ်လို့ ဒီလိုခေါ်လာတာလဲ ..သေချင်လို့လား"
လမ်း(၃၀)က ဟောက်သည်..
လမ်းမတော်က ရယ်သည်.။
"ကျုပ်နာမည် ဖိုးတုတ်ဗျ..ဖိုးတုတ်..ခင်ဗျားကြားဖူးတယ်မှတ်လား" လမ်း(၃၀)က ထပ်ဟောက်သည်။
"အေး မင်းက ဖိုးတုတ် ဆို ရော့.."
လမ်းမတော်ဖိုးတုတ်ကိုင်နေကျ မူလီခေါင်းတပ်ကြိမ်လုံးက လမ်း(၃၀)ဖိုးတုတ် မျက်နှာပေါ် ကန့်လန့်ဖြတ် ကျသွားသည် ။
လမ်း(၃၀) ဖိုးတုတ်ခွေသွားသည်..။
"ခင်ဗျား ဘယ်သူလဲ..ကျုပ်အကြောင်း မသိသေးဘူးထင်တယ်"
"အေး..မင်း ငါ့ကို သိက္ခာချတယ်..လူလိမ်..ခွေး"
"ကျုပ်အလုပ်ကျုပ်လုပ်တာ ခင်ဗျားကို ဘာသိက္ခာချနေလို့လဲ"
လမ်း(၃၀)ဖိုးတုတ်ကလည်း…….ပြန်ခံပက်သည် ။
"မအေ -ိုး………..ငါ လမ်းမတော် ဖိုးတုတ် ကွ"
ဒီတော့မှ လမ်း(၃၀)ဖိုးတုတ် ခေါင်းနပန်းကြီးသွားပါတော့တယ်……သွားပြီ သူ့ဘ၀..။
"မင်းလိမ်ထားတာတွေ (၃)ရက်အတွင်း ပြန်ပေး..မပေးရင်………………"
လမ်းမတော်ဖိုးတုတ် စကားမဆုံးလိုက်သလို လမ်း(၃၀)ဖိုးတုတ်လည်း စကားပြောခွင့်မရလိုက်ပါ.မူလီခေါင်း တပ်ကြိမ် လုံးက လမ်း(၃၀)ဖိုးတုတ်ခေါင်းပေါ်အချက်ပေါင်းများစွာကျရောက်လာပါတော့ တယ်…………။
(၃)ရက်မြောက်နေ့တွင် လမ်း(၃၀)ဖိုးတုတ် သည် သူ့အိမ်ကိုရောင်းချပြီး အကြွေးများ ချေသွားပါတော့ တယ်……….။
ဖိုးတုတ်ကို နိုင်တဲ့သူ ပေါ်ပြီ
လမ်းမတော် ဖိုးတုတ်.. မသင်းမြနဲ့ မင်္ဂလာဆောင်အပြီးမှာတော့ ဖိုးတုတ်ကို နိုင်တဲ့သူ ပေါ်လာခဲ့ပါပြီ။
ဟုတ်ပါတယ်………..သူကတော့ ဖိုးတုတ်ရဲ့ ချစ်လှစွာသော ဇနီး မသင်းမြ ပါပဲ..။အိမ်ပေါ်တွင် အရင်လို တပည့်တွေ ဘော်ဒါတွေနှင့် အရက်ဝိုင်းဖွဲ့မသောက်ရ ။တစ်ခြားမိန်းမတွေ မခေါ်တင်ရ..။ဝက်သား မစား ရ..။လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် ဒီဥပဒေတွေကို နာခံရသည်……..။
လမ်းမတော်ဖိုးတုတ်ကို ပြောချင်ဆိုချင်သည့်ကိစ္စများအတွက် မသင်းမြကို သွားကပ်ရတဲ့သူတွေ တောင် ရှိလာပါတော့တယ်…….။တစ်ခါတော့ လမ်းမတော်ဖိုးတုတ် နှင့် လမ်းမတော်အက်စပက်တော်(၁)ဦးတို့ လသာလမ်းရှိ တရုတ်ထမင်းဆိုင်တစ်ခုတွင် သွားစားကြပါတယ်…။
ဖိုးတုတ်တို့က ဟင်းရည်ထပ်တောင်းသည့်အခါ ဆိုင်ရှင်နှင့်စကားများကြပါတယ်.. ဆိုင်ရှင်တရုတ် ကလည်း လမ်းမတော်ဖိုးတုတ်မှန်းမသိပါဘူး..။ လမ်းမတော်ဖိုးတုတ်က ငွေရှင်းဖို့ တရုတ်ထမင်းဆိုင်ရှင် ရှိရာ ကောင် တာကို လှမ်းခေါ်တဲ့အခါ ဆိုင်ပိုင်ရှင်တရုတ်က အလုပ်သမားရှိတယ် ငါဆိုင်ရှင်ကွ..မင်းဘာကောင်လဲဆိုပြီး ရင့်ရင့်သီးသီး ပြောလာပါတော့တယ်…
ဖိုးတုတ်က ကောင်တာကို ထသွားပြီး ဆိုင်ရှင် မျက်နှာကို လက်သီးနဲ့ထိုးလိုက်ပါတယ်…. အဲ့ဒီမှာ ဆိုင်ရှင် တရုတ်ကလည်း တုတ်နှင့်ရိုက်ရန် ပြေးထွက်လာပါတော့တယ်။ ဖိုးတုတ်က ခါးကြားက ဓါးကိုထုတ်လိုက်ပေ မယ့်..အတူပါလာတဲ့ ပုလိပ်အရာရှိက ဆွဲခေါ်သွားလို့ လှည့်ပြန်ခဲ့ရပါတယ်..။ ဆိုင်ပိုင်ရှင် လည်း နောက် ပိုင်း မှ လမ်းမတော်ဖိုးတုတ်မှန်းသိလို့ တော်တော်ထိတ်လန့်သွားပါတယ်..။
ဒါပေမယ့် နောက်ကျသွားပါပြီ……….။
သူတို့ဆရာကိုမလေးမစားလုပ်ရကောင်းလားဆိုပြီး ဒီကိစ္စကိုသိသွားတဲ့ ဖိုးတုတ်တပည့်တွေက ဒေါသူပုန် ထကြပါတယ်……..။
အထူးသဖြင့် လသာလူမိုက် စံဘသောင်းရီ (ခေါ်) ဂန္ဒမာ ဆောင်းရင်ပါ။သူ့နယ်မြေထဲမှာ သူ့ဆရာဖိုးတုတ် မလေးမစားလုပ်ခံရသည်ဆိုကတည်းက သောင်းရီ ဒေါသအလိပ် လိုက်ထွက်လာပါတော့တယ်.. ပြီးတော့ ကိုဖိုးတုတ် သူ့ကိုညိုးမည်ကို သူကြောက်သည် ။
ဒီတော့ နောက်တစ်နေ့မှာပဲ စံဘသောင်းရီ တို့အုပ်စု တရုတ်ထမင်းဆိုင်ကို ၀င်ရောက်ဖျက်ဆီး ပါတော့ တယ် ။ ဆိုင်ပိုင်ရှင်တရုတ်ကိုလည်း ကြေးအိုးပြုတ်သည့်အိုးထဲ လက်ထည့်နှစ်သည့်အထိ လုပ်ခဲ့ကြ သည် ……လူမိုက်တို့၏ နှိပ်စက်မှုကြောင့် ဆိုင်ရှင်တရုတ် ရန်ကုန်ဆေးရုံတင်လိုက်ရ ပါတော့တယ် …….။
အင်္ဂလိပ်အစိုးရပိုင်းအထိပေါက်နေသော ဆိုင်ရှင်တရုတ်၏ ဆွေမျိုးများက ဖိုးတုတ်၏ ဇနီး မသင်းမြထံ လာရောက်ပြီး ဖိုးတုတ်အား ကူညီထိန်းသိမ်းပေးရန် လာရောက်အသနားခံသွားကြပါတယ်..။မသင်းမြ နှင့် ဖိုးတုတ်ရန်ဖြစ်ကြသည်……..။
နောက်ဆုံးကွဲမည် ကွာမည်အထိဖြစ်လာတော့……ဖိုးတုတ်ညီ ဖူးစာရှင် ဘသိန်းက ဖိုးတုတ် လေးစားရတဲ့ ငယ်ဆရာကြီးများဖြစ်တဲ့ ဦးဆင် ၊ ဦးသင် ၊ ဦးအောင်ဒွန်း ၊ လမ်းမတော် ဘုံကျောင်း ဆရာ ဘောမျိုးရှူး တို့ကို သွားခေါ်ရပါတော့တယ်။ လူကြီးတွေဆုံးမတော့ ဖိုးတုတ်နာခံရှာသည်..အထူးသဖြင့်လူမိုက်မယား သောက များ ဆိုသည့် စကားကို ဖိုးတုတ်နာခဲ့သည်….။ မသင်းမြကို တောင်းပန်တော့ မသင်းမြက လမ်းမတော် ဖိုးတုတ် ကို ဘာသာရေးကိစ္စဘက်အားစိုက်ရန် တိုက်တွန်းတော့သည်..။
လူမိုက်ကြီး ဖိုးတုတ် ကျွတ်တန်းဝင်မည်လား……….။
ကုလား - ဗမာ ရိုက်ပွဲ
၁၉၃၈ ခုနှစ်………
ရန်ကုန်ဆိပ်ကမ်းရှိ မြန်မာပြည်အခြေချ ကုလားနိုင်ငံရေးသမားများက မြှောက်ပင့်ပေးကြသဖြင့်အိန္ဒိယကူလီ များ လုပ်ခတိုးပေးရေး သပိတ်မှောက်ကြသည် ။ထိုခေတ်က ရန်ကုန်ဆိပ်ကမ်းတွင် ဗမာလူမျိုးကူလီများ အလုပ်လုပ်ခွင့်မရကြ ။ ကူလီခေါင်း နာရရမ်းဆင် ဆိုသည့်ကုလားက ဆိပ်ကမ်းအာဏာပိုင်များနှင့်ပေါင်းပြီး ကြီးစိုးထားပါတယ်..။ အိန္ဒိယကူလီတွေ သပိတ်မှောက်လိုက်တဲ့အတွက် ရန်ကုန်ဆိပ်ကမ်းလုပ်ငန်းရှင်တွေ အတွက် အကြီးအကျယ်ဂယက်ရိုက်စရာဖြစ်လာပါတော့တယ်…..။
နဂိုကတည်းက နရရမ်းဆင် ကို အငြိတိုက်ဖို့ကြံရွယ်ထားတဲ့ ဖိုးတုတ်အတွက်တော့ အခွင့်အရေး ဖြစ်လာခဲ့ ပါတော့တယ်…။ လမ်းမတော်ဖိုးတုတ် က သူ့တပည့်တွေကို စုဝေးပြီး ရန်ကုန်မြို့ထဲ ကူလီလုပ်ချင်တဲ့ မြန်မာ လူမျိုး အလုပ်လက်မဲ့တွေကို စုဝေးစေခဲ့ပါတယ်..။
ပြီးတော့ ဆိပ်ကမ်းအာဏာပိုင်နဲ့သွားရောက်တွေ့ဆုံပြီး သပိတ်မှောက်နေတဲ့ ကုလားကူလီတွေ အစား ဗမာကူလီတွေကအလုပ်ဝင်နိုင်ကြောင်း သွားရောက်ညှိနှိုင်းပါတော့တယ်…..။ဆိပ်ကမ်းအာဏာပိုင်တွေနဲ့ ကုန်သည်ကြီးတွေက ၀မ်းသာအားရ သဘောတူပြီး ဗမာကူလီတွေကို ချက်ချင်းအလုပ်ဆင်းခိုင်း ပါတော့ တယ်…။
ဒီလိုနဲ့ ကြာကြာမနေနိုင်တော့တဲ့ ကုလားကူလီတွေ က သပိတ်လှန်ပြီး လုပ်ငန်းပြန်ဝင်တဲ့ အခါ ဗမာကူလီ
တွေ နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်…။အဲ့ဒီ ဂယက်ကစပြီး မြန်မာပြည်အနှံ ကုလား - ဗမာ ရိုက်ပွဲတွေ ဖြစ် ကုန်ပါတော့တယ်..။အလုပ်ရဖို့ ကူညီပေးခဲ့တဲ့ လမ်းမတော်ဖိုးတုတ်ကို ဗမာကူလီတွေက တစ်နေ့ကို ငွေ (၃၀၀)ကျပ်နေ့စဉ် ပေးနေရတဲ့အချိန်ပါ……….။
ဖိုးတုတ်နဲ့ သူ့တပည့်လူမိုက်တွေ ကုလား - ဗမာ အဓိကရုဏ်းထဲပါဝင်လာတဲ့အခါ အထူးသဖြင့် ရန်ကုန် ဆိပ်ကမ်းတ၀ိုက်က ဂေါ်ရင်ဂျီကုလားများအထိနာကုန်ပါတော့တယ်..။ဒီတော့မှ အစိုးရကလည်း အဓိကရုဏ်းကို ၀င်ရောက်နှိမ်နင်းရပါတော့တယ် လမ်းမတော်ဖိုးတုတ်နှင့် အစိုးရကပါ အဓိကရုဏ်းထဲပါပြီ ဆိုတော့ အားလုံးငြိမ်ကျသွားတော့သည်……..။
ဒီလိုနဲ့ အဲ့ဒီအချိန်ကစလို့ အစိုးရအဖွဲ့နိုင်ငံရေးသမားတွေအတွက် ဖိုးတုတ် ဟာ လျော့တွက်လို့မရ တဲ့ အင်အားစုတစ်ခုမှန်း သိသွားကြပါတော့တယ်..။
ဘုရားဒကာဖိုးတုတ်
ကုလား - ဗမာ အဓိကရုဏ်းပြီးတဲ့နောက် မသင်းမြ ကို ကတိပေးခဲ့တဲ့အတိုင်း ဖိုးတုတ် ဘာသာရေး လုပ် ပါပြီတဲ့…ရန်ကုန်မြို့ အရှေ့ ရွှေဂုံတိုင်က မွန်ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဦးဖိုးတုတ် မသင်းမြ တို့ ရေတွင်း တစ်တွင်းလှူပါတယ်..သရက်တောကျောင်းဝင်းကြီးထဲ ဇရပ်တစ်ဆောင်ေ၇စက်ချလှူရင်း ဖိုးတုတ် နှင့်တပည့်များက ရဟန်းခံ ကြပါတယ်..။အဲ့ဒီနောက်တော့ လပြည့်လကွယ် နံနက်တိုင်း ဆွမ်းခံကြွသည့် သံဃာတော်များကို ဆွမ်းလောင်းနေသည့် ဖိုးတုတ်တို့ ဇနီးမောင်နှံကို မြင်ရပါတော့တယ်……..။
သံဃာတွေကို ဆွမ်းလောင်းပြီး မိခင်နှင့် ယောက္ခမအိမ်ကို ဖိုးတုတ်နှင့်တပည့်တွေက ဟင်းသွား ပို့လေ့ရှိ သည် ။
"င့ါသမက်က လူမိုက်မဟုတ်ဘူး လူလိမ္မာလေး…."
မသင်းမြအမေ အမြဲပြောသည့် စကား။
သူ့ယောက္ခမပြောသည့် လူလိမ္မာလေးဖိုးတုတ် က သူ့ပိုင်တိုက်အိမ်တွင် တစ်လကို သံဃာ အပါး (၅၀) ကို ဆွမ်းကပ်.. တစ်လလျှင် တစ်ကြိမ် ဘုရားကိုးဆူ ပင့် ပြီး ပူဇော်သည်…ဒီလိုဆိုတော့ ဘုရားဒကာလူမိုက်လေ လား……….။
မစ္စတာစကော့ဘရောင်းနှင့် See You Next Time
ကုလား - ဗမာ အရေးအခင်းပြီးခါစ ၁၉၃၈ နှောင်းပိုင်းမှာ သာယာဝတီဒီစတြိတ်မှ နာမည်ကျော် ရာဇ၀တ် ၀န် (ယခုခေတ် ခရိုင်ရဲမှူးအဆင့်) ရှိ အင်ဂလိုအိုင်းရစ်လူမျိုး မစ္စတာစကော့ဘရောင်း သည် ရန်ကုန် အနောက်ပိုင်းရာဇ၀တ်ဝန်အဖြစ် ပြောင်းရွေ့လာပါတော့တယ်…။
ဘရောင်းသခင် လို့ ခေါ်ကြတဲ့ ရာဇ၀တ်ဝန်ဟာ အင်မတန်မှ လူဆိုးလူမိုက်ပေါများခဲ့တဲ့ သာယာဝတီ ဒီစတြိတ်မှာ အရက်စက်ဆုံးလို့ နာမည်ကြီးခဲ့သူပါ..။ဆရာစံအရေးအခင်းကာလ ဖားရွှေကျော်တိုက်ပွဲ အပြီး မှာ လယ်သမားခေါင်းတွေကို ကိုယ်တိုင်ဖြတ်ခဲ့ သူလို့လည်း ကျော်ဇောပါတယ်.။တစ်ညမှာတော့ ရာဇ၀တ် ၀န် မစ္စတာဘရောင်းနှင့် လမ်းမတော်ဌာနအုပ် ကိုခင်မောင် တို့ လမ်းမတော်မြို့နယ် အတွင်း နယ်မြေ အခြေအနလှည့်လည်ကြည့်ရှုနေချိန် ..ဖိုးတုတ်တို့ အဖွဲ့နဲ့ တိုးပါတော့တယ်..။
ကုလားဗမာအရေးအခင်းပြီးခါစဖြစ်သည့်အတွက် လမ်းမတော်ရပ်ကွက်ငြိမ်ဝပ်ရေးအတွက် ဖိုးတုတ် နဲ့ သူတပည့်တွေက ဘုန်းကြီးလမ်းထိပ်မှာ ကြက်ကာလသားဟင်းချက် အရက်ဝိုင်းဖွဲ့ရင်း ကင်းစောင့်ပေးနေ ကြပါတယ်..။မစ္စတာဘရောင်း က ကားကိုရပ်လိုက်ပြီး အချိန်မတော် ဘာတွေလုပ်နေတာလဲ လို့ မေးပါ တယ်..။
ဖိုးတုတ်က ကင်းစောင့်ပေးနေတာဖြစ်ကြောင်းပြန်ဖြေတော့.. ဒါ နင်တို့အလုပ်မဟုတ်ဘူး ငါတို့အလုပ် ဟု ပြောဆိုပြီး ကင်းသမားတွေချက်စားနေတဲ့ ဟင်းအိုးထမင်းပန်းကန်တွေကို စောင့်ကန် သွားပါ တော့ တယ်……….။
ပြီးတော့ ဖိုးတုတ် ရင်ဘတ်ကို စောင့်ဆွဲပြီး "See You Next Time" နောက်တစ်ကြိမ်ပြန်ဆုံမယ် လို့ ပြော သွားပါတော့တယ်.။လမ်းမတော်ဌာနအုပ် ကိုခင်မောင်က တော့ လမ်းမတော်ဖိုးတုတ်နဲ့ ရင်းနှီးသူဖြစ်တဲ့ အတွက် အားနာ နေရှာပါတယ်………။
နောက်(၅)ရက်ခန့်အကြာမှာတော့………..။
တာမွေမြင်းပြိုင်ကွင်း အတွင်းသို့ ကားအနက်တစ်စီး ထိုးဝင်လာသည် ။ အချိန်ကား ည(၁၀)နာရီ ။
ကားပေါ်တွင်တော့ အရပ်(၅)ပေ၊ (၁၀)လက်မခန့်ရှိ အနောက်ပိုင်းရာဇ၀တ်ဝန် မစ္စတာ စကော့ဘရောင်း နှင့် ပုလိပ်သား(၂)ယောက် ၊ ပုလိပ်သား(၂)ယောက်ကြားမှာ လမ်းမတော်ဖိုးတုတ် ပါလာ ပါတော့တယ်….။
ကားကိုထိုးရပ်လိုက်သည်နှင့် မစ္စတာဘရောင်းက လမ်းမတော်ဖိုးတုတ်ကို ကားပေါ်မှ ဆွဲချပြီး အဆဲမျိုးစုံ ဆဲကာ ထိုးကြိတ်ကန်ကြောက်ပါတော့တယ်..။
အတူပါလာတဲ့ ဌာနအုပ် ကိုခင်မောင်နဲ့ ပုလိပ်သား(၂)ယောက်က လမ်းမတော်ဖိုးတုတ်အကြောင်း သိ သဖြင့် ဘာမှ ၀င်မလုပ်ရဲကြ..။မစ္စတာဘရောင်း လုပ်သမျှ ဖိုးတုတ်က ခံနေသည်..လဲကျသွားသော ဖိုးတုတ် အပေါ်မှ တက်ခွကာ ဖိုးတုတ်၏ နှုတ်ခမ်းမွှေးများကို ဆွဲနုတ်ရာ ဖိုးတုတ်နှုတ်ခမ်းမှ သွေးများပါ ထွက်လာ ပါတော့တယ်..။
ဖိုးတုတ်နှင့်ခင်မင်သူ ဌာနအုပ် ကိုခင်မောင် က ဒီကိစ္စကိုလုံးဝ မကျေနပ်..ဒါပေမယ့် အထက်အရာရှိ မျက်နှာဖြူဖြစ်နေပြန်တော့.. စိတ်မကောင်းရုံမှ တပါး ဘာမှ မတတ်နိုင်..။
(၃)ရက်ခန့်အကြာမှတော့……….
ည(၉)နာရီခန့် ဘုရင်ခံအိမ်တော်မှ ကင်းစစ်ဆေးပြီး (၆)မိုင်ရှိနေအိမ်သို့ ပြန်လာသည့် ရာဇ၀တ်ဝန် မစ္စတာ ဘရောင်း၏ ကားရှေ့တွင် လူ(၃)ယောက်က ပိတ်ရပ်လိုက်ကြသည်။မစ္စတာဘရောင်း က ကားပေါ်က ဆင်းရန်ပြင်လိုက်စဉ်တွင်ပင် လူ(၃)ယောက်က ဇာဝီတုတ်များဖြင့် ၀ိုင်းရိုက်ကြပါတော့တယ်………..
သွေးအလူးလူးဖြစ်နေတဲ့ မစ္စတာဘရောင်း လမ်းမပေါ်မှာပဲ သတိလစ်သွားပါတော့တယ်..။
မစ္စတာဘရောင်းကိစ္စတွင် ပုလိပ်ဌာနမှ လမ်းမတော်ဖိုးတုတ် ကိုခေါ်ယူစစ်ဆေးခဲ့သော်လည်း ထိုည တွင် ဖိုးတုတ် သည် လမ်းမတော်မြို့နယ်အမတ်တစ်ဦးနှင့်အတူ ကမ်းနားလမ်းတွင် ရှိနေကြောင်းအလီဘိုင် ပြနိုင် ခဲ့သည်။
အဆိုပါပြသနာဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ မစ္စတာဘရောင်း ယောနယ်သို့ ပြောင်းရွေ့သွားရပါ တော့တယ်…။ရန်ကုန် လူမိုက်လောကမှာတော့ ဖိုးတုတ် ဟာ ပြည်ထဲရေးအတွင်းဝန်အထိ ပေါက်ရောက်တယ်လို့ သတင်းကြီးကျန်ခဲ့လေရဲ့……..။
ဖိုးတုတ်နှင့် လွတ်လပ်ရေးအတွက် တစ်ထောင့်တစ်နေရာ
ဖိုးတုတ် အမ၀မ်းကွဲ မမြရီ က သတင်းစကားတစ်ခုပါးလာပါတယ်…သခင်အောင်ဆန်းတို့ ဂျပန်ပြည်မှာ စစ်ပညာသင်ပြီး ပြန်အလာ ယိုးဒယားမှ စရိတ်ပြတ်ပြီး ၀မ်းတွေ လျောနေကြတယ်.. မကြာခင် ဗမာ လွတ်လပ် ရေးတပ်မတော်ဖွဲ့မယ်.. အဲ့ဒီအတွက် ငွေလိုနေတယ်.. တို့ဗမာအစည်းအရုံးက သခင်တွေ မမြရီတို့အိမ်မှာ အလှူခံရင်း လာတည်းနေတယ်တဲ့…။
ဖိုးတုတ် ချက်ချင်းပဲ မမြရီ တို့အိမ်လိုက်ရင်း သခင်တွေနှင့်တွေ့ပြီး ငွေ(၅၀၀၀)လှူလိုက်သည်.. ထိုခေတ် က ငွေ(၅၀၀၀)က အမတ်တစ်ဦး၏ လစာနှင့်ညီမျှသည်..။နောက်ထပ်လည်း ရံပုံငွေလိုအပ်ပါက မမြရီက တဆင့် ဆက်သွယ်ဖို့ သခင်တွေကို အထပ်ထပ်မှာ ခဲ့ပါတယ်…။
တကယ်လည်း ငွေကြေးတွေလှူဒါန်းခဲ့ပါတယ်……။
သခင်တွေကတော့ တို့ဗမာအစည်းအရုံးအတွက် ရဲဘော်(၃)ကျိပ် အတွက် ငွေသောင်းဂဏန်းအထိ လှူဒါန်းခဲ့သည့်သူမှာ နာမည်ကျော်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် ဆိုတာ သိရတဲ့အခါမှာတော့ ပါးစပ် အဟောင်သားကျန်ခဲ့ပါတော့တယ်……..။
ဖိုးတုတ် နှင့် လူမှားတဲ့ဓါး
လမ်းမတော်ဖိုးတုတ် ထက် စီနီယာကျခဲ့ပေမယ့် နောက်ပိုင်း လမ်းမတော်ဖိုးတုတ် ရဲ့ တပည့် ဖြစ်ခဲ့ရတဲ့ ကြည်မြင့်တိုင်လူမိုက် ကြက်ကျား အသတ်ခံရပါတယ်… တစ်ပတ်အကြာမှာပဲ ကြည်မြင့်တိုင် ဆက်ဆန်း ရက်ကွက်က ပြည့်တန်ဆာအိမ်တစ်ခုမှာ ဖိုးတုတ်ရဲ့ အချစ်ဆုံးတပည့်တွေထဲပါတဲ့ ကမ်းနားလမ်း ငညွန့် အသတ်ခံရပါတယ်…
ပုလိပ်က တရားခံစုံစမ်းဆဲမှာပဲ ဖိုးတုတ် တပည့်တွေဆီက သတ်တဲ့သူကို စုံစမ်းလို့ရလာပါတယ်..
ကြက်ကျား ကိုရော ငညွန့်ကို ပါ သတ်တာက ကြည်မြင့်တိုင်ကမ်းနားက နောက်ပေါက်ကုလား လူမိုက် ဂန်ဂယား ပါ….
ဖိုးတုတ်တပည့်တွေကို ရွေးသတ်ခဲ့တဲ့ ဂန်ဂယား ဟာ ဖိုးတုတ်ကို စိန်ခေါ်တာပါပဲ…။ဒီတစ်ခေါက်တော့ ဖိုးတုတ် ဂန်ဂယားနေတဲ့ ဆက်ဆန်း ရပ်ကွက်ထဲကို ဓါးရှည်တစ်လက်ခါးကြားထိုးပြီး ၀င်သွားပါတယ်………
ဖိုးတုတ်ရဲ့ လက်စွဲ လသာလူမိုက် ဂန္ဒမာ ဆောင်းရင် ကတော့ ဖိုးတုတ်ရဲ့ မလှမ်းမကမ်းကနေ ဓါးရှည် တစ်လက်လွယ်ပြီး ပါလာပါတယ်..။
ဂန်ဂယားနေတဲ့ ကြည်မြင့်တိုင် ဆက်ဆန်းထဲက ပြည့်တန်ဆာတွေရှိတဲ့ ဂိုထောင် တွေရှေ့မှာဖိုးတုတ်ရပ်ပြီး ဂန်ဂရားကို မေးပါတယ်……….။
ဂန်ဂရားရှိနေတဲ့ ဂိုထောင် အပြင်ကနေ ဖိုးတုတ် စိန်ခေါ်ထုတ်ပါတော့တယ်…။ ဂိုထောင်က မှောင်မဲနေတဲ့ အတွက် ခေါ်ထုတ်ရခြင်းပါ……….။ဂန္ဒမာဆောင်းရင်ကလည်း ဖိုးတုတ်ဘေးမှာရပ်နေပါတယ်……..။
ရုတ်တရက် ဂိုထောင်အမှောင်ထဲကနေ တစ်စုံတစ်ယောက်ပြေးထွက်လာတာနဲ့ ဖိုးတုတ် က ဂန်ဂယားအမှတ်နဲ့ (၂)ချက်တိတိ ပိုင်းချလိုက်ပါတယ်………
နောက်ထပ်တစ်ယောက်ထပ်ထွက်အလာမှာ ဂန္ဒမာဆောင်းရင်က ထပ်ပိုင်းချလိုက်ပါတယ် နှစ်ယောက်လုံး ညည်းသံသဲ့သဲ့ကြားပြီး အသက်ထွက်သွားတော့မှ နောက်က ပါလာတဲ့ ဖိုးတုတ်တပည့်တွေ က အလောင်း
ဖျောက်ဖို့ရောက်လာကြပါတော့တယ်…ဓာတ်မီးခြစ်အလင်းရောင်အောက်မှာ ကြည့်တော့မှ ဖိုးတုတ်ပိုင်းချလိုက်တာ ကုလားမလေး တစ်ယောက်ပါ………..ဆောင်းရင် လက်ချက်မိသွားတာကမှ ဂန်ဂယားပါ..။
တပည့်တွေ ပြောတော့မှ ကြည်မြင့်တိုင်ကမ်းနားမှာကြင်လည်နေတဲ့ ရှာမီဒါ ဆိုတဲ့ ဘင်္ဂါလီ ပြည့်တန်ဆာ မလေး တစ်ယောက်မှန်း ဖိုးတုတ်သိလိုက်ရပါတယ်……။ အသင့်ပါလာတဲ့ ဂုန်နီအိတ်ထဲ အလောင်းတွေနဲ့ အတူ မော်တော်ကားအင်ဂျင်တုံးအစုတ်ကြီး တစ်ခုကို ထည့်ပြီး ဖိုးတုတ်တပည့်တွေက ရန်ကုန်မြစ်ထဲ ပစ်ချလိုက်ပါတော့တယ်…..။အဲ့ဒီ ရှာမီဒါ ဟာ ဖိုးတုတ်ကို နောက်ဆုံးထွက်သက်အထိ ဒုက္ခလိုက်ပေး ခဲ့မယ်မှန်း ဖိုးတုတ် သိခဲ့လျှင်ဖြင့်.............
ဖိုးတုတ် နှင့် အချုပ်
အမည် - ဖိုးတုတ်
မိဘအမည် - ဦစံညိမ် ၊ ဒေါ်ချစ်ပု
မွေးသက္ကရာဇ် - မြန်မာသက္ကရာဇ် ၁၂၅၁ ခုနှစ်
မွေးရာဇာတိ - ဟံသာဝတီဒီစတြိတ် ၊ ကမာစဲကျေးရွာ
မွေးချင်း - (၅)ယောက် ၊ဘိုးသီ(အကို)၊ မမကြီး(အစ်မ)၊မမလေး(အစ်မ)၊ ဘသိန်း(ညီ)
အလုပ်အကိုင် - ဦးလေးဖြစ်သူ ဦးဘိုးသင် ထံ ကားစပါယ်ရာလုပ်ခဲ့ဖူး ၊ အငြိမ့်ကားမောင်းလုပ်ခဲ့ဖူး၊
ဗဟန်းဂါတ် အတွင်း ဌာနအုပ် ဦးစံထွန်းရင် ၊ လသာလမ်းဌာနအုပ် မစ္စတာဗောဘရေး တို့မှ ဖိုးတုတ် ၏ ကိုယ်ရေးမှတ်တမ်းအား စစ်ဆေးနေ ခြင်းဖြစ်ပါတယ်…။
ဖိုးတုတ် အချုပ်ထဲရောက်ပါပြီ…အမှုက လူသတ်မှု.သေဆုံးသူက ဖိုးတုတ်နဲ့ အရင်းနှီးဆုံး ပုလိပ် အင်စပက်
တော် ဦးဟုတ်ဂွမ်း။
အဲ့ဒီညက လမ်းမတော်ဖိုးတုတ် ၊ ကမ်းနားလမ်း အုန်းဖေ ၊ ထွန်းတင် တို့ လမ်းမတော် အရက်ဆိုင်တွင် ဇာတ်မင်းသားရွှေကျီးညိုနှင့် ချိန်းထားသဖြင့် အရက်ထိုင်သောက်နေကြပါတယ်.. အချိန်တန်လို့ ရွှေကျီးညို က ရောက်မလာတဲ့အခါ အနားက အငှားကားတစ်စီးကို ဖိုးတုတ်ကိုယ်တိုင် မောင်းပြီး ရွှေကျီးညိုအိမ်ကို လိုက်သွားကြပါတယ်..
မြေနီကုန်းအရောက်မှာ ပုလိပ်အင်စပက်တော် ဦးဟုတ်ဂွမ်း ကို တွေ့တာနဲ့ အတူတူအရက်သောက် ခဲ့ကြ ပါတယ်…နောက်တော့ လမ်းမတော်ဖိုးတုတ်တို့(၃)ယောက်နဲ့ ဦးဟုတ်ဂွမ် တို့ ကားဖြင့် မြို့ပတ်ကြ ပါ တယ်..။
ရွှေဂုံတိုင်လမ်းနားအရောက်မှာ ဦးဟုတ်ဂွမ် က အုန်းဖေ နဲ့ ထွန်းတင်ကို ဘားလမ်းလုယက်မှုတစ်ခုမှာ ပါ သည်ဟု စွပ်စွဲရာက စကားများပါတော့တယ်… ဦးဟုတ်ဂွမ်က အုန်းဖေ ကို ဆဲဆိုတဲ့အခါ အုန်းဖေက ရင်ဝ ကို ဓါးနဲ့ထိုးစိုက်လိုက်ပါတယ်…………
ကားမောင်းနေတဲ့ လမ်းမတော်ဖိုးတုတ်က တားပေမယ့်လည်းနောက်ကျသွားပါပြီ..ဒါနဲ့ ဖိုးတုတ်လည်း သွေး ထွက်လွန်ပြီး ဆန့်ငင်ဆန့်ငင်ဝေဒနာခံစားနေတဲ့ ဦးဟုတ်ဂွမ်ကို ကားပေါ်ကဆွဲချပြီး အနီးအနား လန်ခြား အပျက်တစီးမှ ၀င်ရိုးကိုယူပြီး အဆုံးစီရင်လိုက်ပါတော့တယ်.. ထိုခေတ်က ရွှေဂုံတိုင်က လူနေအိမ်ခြေ သိပ်မရှိသေး…… ဦးဟုတ်ဂွမ်အလောင်းကို ..ခြုံထဲပစ်ထားခဲ့လိုက်သည်..။
လမ်းမတော်ဖိုးတုတ် ၊ အုန်းဖေ နဲ့ ထွန်းတင် တို့ အဖမ်းခံရသည်။လမ်းမတော်ဖိုးတုတ် က ရှေ့နေကြီး ဦးကျော်ဇံကို ငှားရမ်းထားခဲ့ပါတယ်… တရားခွင်မှာ အုန်းဖေ က ဖြောင့်ချက်ပေးသော်လည်း မျက်မြင် သက်သေ မရှိ ဟူသောအကြောင်းပြချက်ဖြင့် ဖိုးတုတ်တို့ အုပ်စု တရားသေလွှတ်ခဲ့သည်..။
ဖိုးတုတ်ကိစ္စနှင့်ပတ်သက်ပြီး ပုလိပ်လောက နှင့် တရားစီရင်ရေးလောကအကြား ပြသနာ များဖြစ်ပွားခဲ့ ပါတယ်..။ပျက်ယွင်းနေသော တရားစီရင်ရေးစနစ်တစ်ခု၏ အကျိုးဆက်အဖြစ် ဖိုးတုတ်နှင့်တပည့်များ ကြိုးဒဏ် မှ လွတ်သွားကြပြန်သည်…..။
ငွေများ အမှုနိုင်ခေတ်ပျက်ကြီးထဲ.ဦးဟုတ်ဂွမ် ဆိုသော ပုလိပ်အရာရှိတစ်ဦးအတွက် အမှန်တရားသည်
နေရာမရနိုင်ခဲ့ရှာပေ……..။ဦးဟုတ်ဂွမ် ကိစ္စပြီးကတည်းက လမ်းမတော်ဖိုးတုတ် လူမိုက်ဘ၀ကို စိတ်ကုန်ခဲ့ပါတယ်..
မိတ်ဆွေအရင်းအချာတစ်ယောက်ကို အရက်ရှိန် ၊ တပည့်ဇောများနှင့် သတ်ပစ်ခဲ့မိသည့် အတွက် စိတ်မကောင်းဖြစ်ခဲ့ပါတယ်..
ပုလိပ်အဖွဲ့များကလည်း ဖိုးတုတ် အမှားကိုစောင့်နေကြတော့သည်.. ဘာပဲပြောပြော ဖိုးတုတ် က ဥပဒေစိုးမိုးရေးဝန်ထမ်းတွေကိုပါ ထိခိုက်လာပြီ မဟုတ်ပါလား……….။ လမ်းမတော်ရဲစခန်း က ဖိုးတုတ်ကို ရာဇ၀တ်အက်ဥပဒေ ၁၀၉ ၊ ၁၁၀ အရ ခြေချုပ်ဖြင့်လက်မှတ်ထိုးစေသည်။
အဲ့ဒီနောက်တော့ လမ်းမတော်ဘိုးတုတ် သရက်တောဘုန်းကြီးကျောင်းအတွင်း သင်္ကန်းစည်း ပြီး လူမိုက်လောကကို ခေတ္တအဆက်အသွယ်ဖြတ်ခဲ့လေတော့သည် ။
ဂျပန်ခေတ်ဖိုးတုတ်
၁၉၄၂ ဒုတိယကမ္ဘာစစ် ၊
စစ်အတွင်း ဖိုးတုတ် တို့မိသားစု တွံတေးဝက်ကင်းကျေးရွာ နှင့် ဆိပ်ကြီးရွာတို့တွင် တစ်လှည့်စီ သွား ခိုအောင်းနေပါတယ်…။ဘီအိုင်အေနှင့် ဂျပန်တပ်များ ရန်ကုန်ကို သိမ်းပြီးသည့်အချိန်မှ ဖိုးတုတ်တို့ မိသားစု အိမ်ပြန်လာ ကြပါတော့တယ်..။ပြန်လာလာချင်း ရဲဘော်သုံးကျိပ် ရဲ့ ဆရာရင်းဖြစ်သလို အဲ့ဒီအချိန်က ဗမာ လွတ်လပ်ရေးတပ်မတော် ရဲ့ အကြံပေး ဗိုလ်မှူးကြီး ဆူဇူးကီး (ခ) ဗိုလ်မိုးကြိုး ကို လမ်းမတော်ဖိုးတုတ်က ဖိတ်ခေါ် ပြီး မြို့တော်ခန်းမ မှာ ဧည့်ခံပွဲလုပ်ပေးခဲ့ပါတယ်..။
ရဲဘော်သုံးကျိပ် ကို ငွေကြေးကူညီပေးခဲ့တဲ့ ဖိုးတုတ် အကြောင်းကို အရင်ရန်ကုန်မှာ နေပြီး မီနာမီ ကီကန်း အဖွဲ့ထောက်လှမ်းရေးလုပ်ခဲ့ဖူးတဲ့ ဗိုလ်မှူးကြီး ဆူဇူးကီးက ကောင်းကောင်းကြားဖူးထား ပါတယ်..။
မကြာမီ ဂျပန်စစ်ဝတ်စုံနှင့် မြင်းတစ်ကောင်ကို စီးပြီါ် မြို့တွင်းလှည့်လည်နေသော လမ်းမတော်ဖိုးတုတ် ကို တွေ့မြင်ရပါတော့သည်..။
အင်္ဂလိပ်ခေတ် လူသတ် ၊ လုယက်မှုများတွင် ပါဝင်ခဲ့သော လူမိုက်ကြီး ဖိုးတုတ်သည် ဂျပန်ခေတ်စစ် အုပ်ချုပ်ရေးတွင် ရန်ကုန်မြို့ငြိမ်ဝပ်ပိပြားရေးအတွက် လုံခြုံရေးအရာရှိ ရာထူး ရခဲ့ပါတော့တယ်………။
ဂျပန်ဝင်လာပြီး တစ်နှစ်ကျော်သည့်အခါ ရန်ကုန်မြို့သို့ အင်္ဂလိပ်ခေတ်အရာရှိများ တဖွဲ့ဖွဲ့ပြန်လာ တာနဲ့ အမျှ ဖိုးတုတ်အတွက်နေရာမရှိတော့ပါဘူး..။
ယခင် အင်္ဂလိပ်လက်ထက်က တာဝန်ထမ်းဆောင်သူများကို ရာထူးပြန်ပေးတဲ့အခါ လမ်းမတော် ဖိုးတုတ် မှာ နဂိုမူလ လူမိုက်အလုပ်ကိုသာ ဆက်လက်လုပ်ကိုင်ခဲ့ပါတော့တယ်..။
ဖိုးတုတ် နေ၀င်ချိန်
၁၉၄၄ ခုနှစ်တွင် လမ်းမတော်ဖိုးတုတ် ၏ သြဇာအာဏာ ကျဆင်းလာပါတယ်..။ဆိုးသွမ်းရက်စက်ခဲ့သော တပည့်များကိုလည်း ဘီအိုင်အေစစ်သားများ ၊ ၈ျပန်စစ်ရဲများက လက်စတုံး စီရင်နေသည့်အတွက် တပည့် များ သိပ်မကျန်တော့ ။ စစ်အတွင်းစစ်ပြေးရင်း တပည့်တွေလည်း တကွဲတပြားဖြစ်ခဲ့ရသည် ။
ဒေါက်တာဘမော် က အစိုးရအဖွဲ့အတွင်း အဓိပတိ ဖြစ်လာခဲ့သည် ။လမ်းမတော်ဖိုးတုတ် နေရာတွင် ပုသိမ်ညွန့်ဘဘိုး က နေရာဝင်ယူလာသည် ။ပုသိမ်ညွန့်ဘဘိုး ကို ဖိုးတုတ် မယှဉ်နိင် ။ဒေါက်တာဘမော် နန်းရင်းဝန် ဘ၀တွင်လည်း ပုသိမ်ညွန့်ဘဘိုးက အိမ်တော်စောင့်လုပ်ခဲ့သဖြင့် ရင်းနှီးမှုရှိနေသည်။ဘဘိုး က ဂျပန်ခေတ် သာသနာရေးဝန်ကြီး ဗန္ဒုလဦးစိန် ၏ တူဝမ်းကွဲတော်သလို ညာလက်ရုံးလည်းဖြစ်သည် ။
လမ်းမတော်ဘိုးတုတ် နေ၀င်ပြီ…………။
တစ်ရက်မှာတော့ ဒေါက်တာဘမော် အစိုးရအဖွဲ့မှ လုံခြုံရေးအကြောင်းပြချက်ဖြင့် လမ်းမတော်ဖိုးတုတ်ကို ဖမ်းဆီးကာ တရားရုံးတင်ပို့ချင်းမရှိဘဲ မြောင်းမြထောင်သို့ ချုပ်နှောင်ထားလိုက်ပါတော့တယ်…….။
ဖိုးတုတ်နိဂုံး
မြောင်းမြထောင် ဆေးရုံကြီး တွင် လူမိုက်ကြီးဖိုးတုတ် တစ်ယောက် လိပ်ခေါင်းရောဂါ ၊ အသဲရောဂါ တို့ဖြင့် အသည်းအသန်ဝေဒနာခံစားနေရသည်..။ဘာကိုမှ မကြောက်တတ်ဘူးဆိုသော လူမိုက်ကြီး အခု တစ်စုံ တစ်ရာကို ကြောက်နေသည်။သေခြင်းတရားနှင့်.နောက်တစ်ခုက..။ခေတ်ကောင်းစဉ်က ရင်းနှီးခဲ့သည့် ပုလိပ်အက်စပက်တာ ကိုခင်မောင်က ဆေးရုံကို လာကြည့်သည်…။
"ကျွန်တော် ဘာကူညီပေးရမလဲ ကိုဖိုးတုတ်"
"ကျွန်တော် သေတော့မှာပါ… ကျွန်တော့်ကို လွန်ခဲ့တဲ့ နှစ်တွေကစပြီး ချောက်လှန့်နေတာရှိတယ်.. အခု ထောင်ထဲရောက်တဲ့အထိ သူပါလာတယ်….
"ဘယ်သူလဲ ကိုဖိုးတုတ်..ဘယ်သူက ပါလာတာလဲ"
"ဆက်စန်းက ဂန်ဂရားကို ကျွန်တော်တို့သတ်ခဲ့တုန်းက ကုလားမလေး..သူ..သူ ကျွန်တော့် အချုပ်ခန်းမှာ ညတိုင်းလာငိုတယ်…. အခု ဆေးရုံရောက်တော့ ကျွန်တော့် ကုတင်ခြေရင်းမှာ လာငိုနေ တယ်..သူ့မှာ အပြစ်မရှိပါဘူးဗျာ.."
"ကိုဖိုးတုတ် ခင်ဗျားဘာတွေပြောနေတာလဲ..စိတ်ကိုထိန်းပါဗျာ "
"ဆရာ ဆေးပြင်းလိပ် ၊ ထန်းလျက် နဲ့ ကြက်စွပ်ပြုတ်လေး စားချင်တယ်"
ကိုခင်မောင်မျက်ရည်လည်သွားသည်။ တစ်ချိန်က ဘာမထီလူမိုက်ကြီး ရဲ့ နောက်ဆုံး အချိန်က ခရိုင် ရဲဝန်
ဖြစ်နေပြီဖြစ်သည့် ကိုခင်မောင် အိမ်ချက်ခြင်းပြန်ပြီး ဖိုးတုတ်မှာသည့်အရာတွေကို စီစဉ်ပေးလိုက်သည် ။
ကြက်စွပ်ပြုတ်ကိုသောက်နေရင်းက….
"ဒါတွေ စားရလို့ ဆရာ့ကိုကျေးဇူးတင်ပါတယ်. .တစ်ခုပဲစိတ်မကောင်းတာ… .ဗမာပြည် လွတ်လပ်ရေး မရသေးဘူး.. ကိုအောင်ဆန်းတို့ကို အားကိုးပါတယ် လို့…..ပြောပေးပါဗျာ "
လမ်းမတော်ဖိုးတုတ်ရဲ့ စကားက နောက်ဆုံးကိုကြားရတော့ ကိုခင်မောင်ရင်ထဲနင့်သွားရသည်..။
၁၉၄၄ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရဲ့ နာမည်ကျော်လူမိုက်ကြီး လမ်းမတော်ဖိုးတုတ် အသက် (၄၆)နှစ်အရွယ်တွင် မြောင်းမြအကျဉ်းထောင်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်..။
လမ်းမတော်ဦးဖိုးတုတ်ရဲ့အလောင်းကို ညီဖြစ်သူ ဘသိန်းကိုယ်တိုင် မြောင်းမြမြို့မှာပဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ ပါတယ်…။
……………. ပြီးပါပြီ…………………။
မင်းပုည ရေးသား လမ်းမတော်ဖိုးတုတ် ၊ ဆရာကြီးသော်တာဆွေ ၏ ဘ၀ဇာတ်ကြောင်း ၊ စန္ဒာမဂ္ဂဇင်းပါ
ဆောင်းပါး ၊ ဦးဖိုးတုတ်၏ ညီ ဦးဘသိန်း ဒေါ်ကြင် တို့၏ သမီးဒေါ်ခင်ခင် ၏ ပြောကြားချက်များအား မှီငြမ်းပါသည်။
ကိုကိုမောင်ရေးသားသည်။
ကို စောမောင် အချိန် 16:10
ကဲကဲ ကျောင်းဆရာ ဆရာမ တွေ သိထားသင့် သည့် အကြောင်းအရာလေးပါ facebook က မ လာတာပါ
ပညာရေးမိသားစုသို့
ရာထူးတိုး နှင့် အပြောင်းအရွေ့ ကိစ္စ
များတွင်တိုင်း ခရိုင် မြို့နယ် ရုံးများက
လုပ်ချင်ရာလုပ်၍မရတော့ပါ။
၂၀၁၄/၂၀၁၅ ပညာသင်နှစ်မှစ၍
တိုး/ပြောင်း လျှောက်လျှင်ရမှတ် တန်းစီ
ရပါတယ်။ထိုရမှတ်တန်းစီဇယားကို
သက်ဆိုင်သူများကြည့်ရှုခွင့်ရှိပါတယ်။
ရုံးများကလည်း ကြည့်လိုသူများ
ကိုမပြမဖြစ်ပြပေးရပါတယ်။မိမိထက်
ရမှတ်နည်းသူများကပြောင်း/တိုးသွား
ပါက(မိမိမရ)တိုင်ကြားနိုင်ပါသည်။
သတိမထားမိကြတာက ဆန္ဒပြုနယ်ပယ်အကျယ်အဝန်းဖြစ်ပါ
တယ်။မိမိရချင်သောကျောင်းလစ်လပ်
မရှိလျှင်လည်း ထည့်လျှောက်ပါ။
ကိုယ်ကရမှတ်တော့များပါရဲ့ မသိလို့
ထည့်မလျှောက်မိ နည်းတဲ့သူကထည့်
လျှောက်ထားရင် သူပဲရမှာပါ။
အဲ့ဒီမှာပြဿနာစတာပဲ။
တန်းစီရမှတ်တူလျှင်ဆန္ဒပြုနယ်အကျယ်ဝန်းကိုရာထူးတိုးကိစ္စများတွင်ဦးစား
ပေးပါသည်။
ယခုနောက်ပိုင်းတွင် ကိုယ်ရေးကိုယ်တာအခက်အခဲများကို
သီးခြားရေးတင်ခွင့်ရှိပါသည်။ဝန်ထမ်းမိသားစုပေါင်းစည်းရေးဦးစားပေးပါသည်
ကျောင်းအနီးအဝေး(တာဝန်ထမ်းဆောင်နေသော)အဆင့် E D C B Aအလိုက်
ဦးစားပေးရပါသည်။
ရာထူးတိုး ပြောင်းရွေ့ကိစ္စများမမှန်
မကန်လုပ်လျှင်တိုင်းပါ။
သို့သော် မိမိကလည်းမူဝါဒကိုသေ
သေချာချာနားလည်ဖို့လိုပါသည်။
ရုံးတွေကလူတွေကိုအကူညီတောင်း
လျှင်လည်းဘောင်ထဲကပဲကူညီလို့ရမှာ
ပါ။အလိမ်မခံရပါစေနဲ့။
အဆင်ပြေကြပါစေ။
from  thein swe win `s facebook post
ဆွေသဟာ ဖြုတ်နည်း
ဆွေသဟာ အစီအစဉ်အား အသုံးမပြုလိုတော့ပါက UNSUB SWE ဟုရိုက်ကာ 1332 သို့ မက်ဆေ့ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်ခင်ဗျာ။
မင်္ဂလာညချမ်းလေးဖြစ်ပါစေခင်ဗျာ။
လယ်ထဲ၌ နှမ်းစိုက်ရန် ရေသွင်းနေစဉ် ဖုန်းပြောသူ မိုးကြိုးပစ်ခံ
နေပြည်တော်၊ မေ ၈
၂ဝ၁၅ ခုနှစ်၊ မေလ ၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ပေကုန်းကျေးရွာတွင် လူတစ်ဦးမိုးကြိုးပစ်ခံရသဖြင့် သေဆုံးသွားကြောင်း သတင်းအရ စကုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာနေ ကိုသူသူမင်း(၁၉)နှစ်သည် ကျေးရွာတောင်ဘက်ရှိ လယ်ထဲ၌ နှမ်းစိုက်ရန်ရေသွင်းကာ ဖုန်းပြောနေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခံရသဖြင့် ဒဏ်ရာများရရှိသေဆုံးသွားကြောင်း သိရှိရ၍ စကုနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၄/၂ဝ၁၅)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
Wednesday, May 6, 2015
လွိုင်မောက်တောင်စေတီ ပဌာန်းပွဲ မှတ်တမ်း ဗွီဒီယို မှတ်တမ်း
ကြည့်လိုသူများ
ဒီမှာ
ကြည့်နိုင်ပါသည်။
လွိုင်မောက်တောင် စေတီ အတွက် ငွေလှူဒါန်း
လွိုင်မောက်တောင် ဆုတောင်းပြည့်စေတီ
မွမ်းမံပြုပြင်တည်ထားသည့် ကုသိုလ်သတင်း
ကြောင့်. ရန်ကုန်မြို့ မှ ဦးဝင်းအောင်. ဒေါ်မူမူ
မြင့်. တို့ မှ ဗုဒ္ဓရုပ်ပွားတော်ပါလှိုင်မုခ်စေတီ
တစ်ဆူပူဇော်ရန်. အလှူတော်ငွေ. ၂၄,၀၀၀၀၀ ကျပ်ကိုလှူဒါန်းခဲ့ပါသည်.
Tuesday, May 5, 2015
လွိုင်မောက်တောင် စေတီ ပန္နက် ရိုက်
မော်‌လူး‌ဒေသလွိုင်‌‌မောက်‌‌တောင် စိန္တာမုနိ‌စေတီ‌တော်‌ ယ‌နေ့နံနက်‌ ၉နာရီ၉မိနစ်‌ မင်္ဂလာ အချိန်‌တွင်‌ ပန္နက်‌တင်‌မင်္ဂလာ ကျင်းပ‌
Monday, May 4, 2015
You Tube မှာ တင်ထား တဲ့ mawlu pagoda myanmar ဗွီဒီယို လေးပါ
ကြည့်လိုသူများ
ဒီမှာ
နှိပ်ပြီး ကြည့်နိုင်တယ်
ကွန်နက်ရှင် ကောင်းဖို့တော့လိုကါ၏
Sunday, May 3, 2015
လွိုင်မောက် တောင် အမှတ်တရ ကဗျာလေး favebook က မလာတာ
Koko Gyii added 4 new photos.
မော်လူးနယ်က ဘုရားငယ်ငယ်
ငယ်သာငယ် လူစည်တဲ့ဘုရား
ပန္နက်တင်မင်္ဂလာပြုတယ်
ဥာဏ်တော်ကိုမြင့်အာင်ပြုမယ်
ထူးတဲ့ဘုရား..
လွိုင်မောက်တောင် ပဌာန်းပွဲ စပြီ
၎.၅.၁၅ ယနေ့  နံနက် ၉:၀၉ နာရီအချိန်
လွိုင်မောက်တောင် စိန္တာမုနိစေတီ. ပန္နက်တင်မင်္ဂလာပြုလုပ်မည်
သံဃာတော်များမှအသံမစဲမဟာပဋ္ဌာန်းရွတ်
ဖတ်ပူဇော်ခြင်း ...အလှူရှင်များမှစတုဒိသာ
ထမင်းကျွေးခြင်း. ပြု၍
အာမိသပူဇာ. ဓမ္မပူဇာတို့ ဖြင့်ပူဇော်ကြမည် ..
တိုးချဲ့ကျောင်းဆောင်များဆောက်လုပ်ရန် ပန္နက်ရိုက်
မော်လူး အထက တိုးချဲ့ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာကျင်းပ
မော်လူး၊ မေ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းတွင် မေလ ၂ ရက် နံနက် ၇ နာရီအချိန်က တိုးချဲ့ကျောင်းဆောင်သစ် နှစ်ဆောင် ဆောက်လုပ်ရန်အတွက် ပန္နက်တင် မင်္ဂလာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လူး အခြေခံပညာအထက်တန်းကျောင်းတွင် လက်ရှိ ကျောင်းသား/သူဦးရေ ၂၂၂၅ ယောက်ရှိပြီး နှစ်စဉ်တိုးမြင့်လာသော ကျောင်းသားဦးရေများအပေါ် မူတည်၍ ကျောင်းဆောင်အဆောက်အဦးများ လိုအပ်လျှက်ရှိရာ ထိုအခက်အခဲများကို ကျော်လွှားဖြေရှင်းနိုင်ရန်အတွက် ပညာရေးဝန်ကြီးဋ္ဌာနမှ ငွေလုံးငွေရင်း ခွင့်ပြုငွေ ကျပ်သိန်း (၁၀၀၈)သိန်းကို ချမှတ်ပေးထားခဲ့ကြောင်း၊ ၄င်းငွေဖြင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ အမြင့် ၂၃ ပေရှိ SS 2,4  အုတ်ညှပ်သွပ်မိုးနှစ်ထပ်ကျောင်းဆောင် နှစ်ဆောင်ကို ဆောက်လုပ်နိုင်ရန် ပန္နက်တင် မင်္ဂလာကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ကျောင်းအကျိုးတော်ဆောင် ကော်မတီများထံမှ သိရသည်။
ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၊ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့်နှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်
အင်းတော်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ တားဆီးကာကွယ်ရေးဆောင်ရွက်
အင်းတော်မြို့တွင် နိုင်ငံတော် အမျိုးသားရေး စီမံချက်ဖြင့် သွေးလွန်တုပ်ကွေး ခြင်လောက်လန်းများ နှိမ်နင်းရေး ဆောင်ရွက်
အင်းတော်၊ မေ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့၊ အောင်ဇေယျရပ်ကွက်တွင် မေလ ၂ ရက် နံနက် ၇ နာရီက နိုင်ငံတော် အမျိုးသားရေး စီမံချက်ဖြင့် သွေးလွန်တုပ်ကွေး ခြင်လောက်လန်းများ နှိမ်နင်းရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အင်းတော်မြို့နယ် ဆရာဝန် ဒေါက်တာ ကျော်ကျော်လင်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ အင်းတော်မြို့နယ် ငှက်ဖျားတိုက်ဖျက်ရေးမှူး ဦးတင်အန်း၊ အင်းတော်မြို့နယ် စည်ပင်သာယာရေး ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့် ဝန်ထမ်းများ၊ အောင်ဇေယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွှန့်ရွှေ၊ အင်းတော်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ လိုက်ပါလျှက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရေးအတွက် နေအိမ်များရှိ ရေသိုလှောင်ထားရှိသည့် ရေလှောင်ကန်များ၊ စဥ့်အိုးများ၊ ရေအိုးများအစရှိသည်တို့အား နေ့စဉ် သို့မဟုတ် သုံးရက်တစ်ကြိမ် ဖုံးသွန်လဲစနစ်ကျင့်သုံးရန် အသိပညာပေးဟောပြောခြင်း စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ သွေးလွန်းတုပ်ကွေးရောဂါကာကွယ်တားဆီးရေးအတွက် စနေနေ့တိုင်း ယခုကဲ့သို့ ရပ်ကွက်များအတွင်းသို့ လှည့်လည် စစ်ဆေးပြီး အသိပညာပေးဟောပြောခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်
ရေတိုင် အသစ်ယူလိုသူများ လေးသိန်းကျပ်နှုန်းဖြင့် ဝယ်ယူနိုင်မည်
အင်းတော်မြို့က သတင်းလေးပါ facebook ကနေ ကူးလာတာပါ
မူလတန်းဆရာ အတတ်ပညာသင်တန်းဖွင့်
အင်းတော်မြို့တွင်  မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ သင်တန်းဖွင့်ပွဲကျင်းပ
> အင်းတော်၊ မေ ၂
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် မေလ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာ သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
> သင်တန်းဖွင့်ပွဲတွင် အင်းတော်မြို့နယ် ပညာရေးမှူး ဦးကျော်စံလင်းမှ အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ယခုဖွင့်လှစ်သည့် သင်တန်းတွင် တိုင်းအဆင့် နည်းပြသင်တန်းဆင်းပြီးသူ ၁၃ ဦးမှ သင်တန်းနည်းပြအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သင်တန်းသား/သူ  ၁၇၅ ဦး တက်ရောက်လျှက်ရှိပြီး နံနက် ၆ နာရီ မှ  ညနေ ၄ နာရီ ၄၅ မိနစ်အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း၊ ၂၀၁၄/၁၅  ပညာသင်နှစ်တွင် ခန့်အပ်ထားခဲ့သည့် နေ့စားလပေး မူလတန်းပြ ဆရာ/မများကို ၂၀၁၅/၁၆ ပညာသင်နှစ်အစ နွေရာသီသင်တန်းပေးပြီးမှ အစိုးရခန့် ဆရာ/မများအဖြစ် ခန့်အပ်မည်ဖြစ်ကြောင်း၊ သင်တန်းသား/သူ ၁၇၅ ဦးအား သင်တန်းကာလအတွင်း စားသောက်ရေးအတွက် နန့်စီးအောင် ပညာရေးအုပ်စုမှ တာဝန်ယူကျွေးမွေးမည်ဖြစ်ပြီး၊ နေထိုင်ရေးအတွက်မူ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆောင်ရွက်ပေးကြောင်း ပညာရေးရပ်ဝန်းမှ သိရသည်။
>
Friday, May 1, 2015
> ညောင်ပင်ဆိပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီး
> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ကုန်းခါးကျေးရွာအုပ်စု၊
> ညောင်ပင်ဆိပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ်
> ဆောက်လုပ်ပြီးစီးခဲ့သဖြင့် ယခုနှစ်ကျောင်းဖွင့်ချိန်တွင် ကျောင်းသူ၊
> ကျောင်းသားများပညာကောင်းစွာသင်ကြားနိုင်တော့ မည်ဖြစ်ကြောင်းသိရသည်။
> ဆောက်လုပ်ပြီးစီးခဲ့သော
> ညောင်ပင်ဆိပ်ကျေးရွာအခြေခံပညာမူလတန်းကျောင်းဆောင်သစ်မှာ အုပ်ညှပ်သွပ်မိုး
> ၁၂ပေခန်း ၁၂ခန်းပါ နှစ်ထပ်ဆောင် ရှေ့မုဒ်ဦး ၁၀ပေပတ်လည် ၄ခန်းစီရှိသော
> ကျောင်းဆောင်သစ်အမျိုးအစားဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ
> ကျပ်သိန်း၄၀၀ကျော်ခန့်နှင့်အတူ ဒေသခံများမှထည့်ဝင်ငွေမှာငွေကျပ်
> ၁၀၀သိန်းခန့်ရှိကြောင်း၊
> နိုင်ငံတော်မှထောက်ပံ့ငွေကျပ်သိန်း၃၁၄သိန်းရှိပြီး
> ၂၀၀၉ခုနှစ်မှစတင်တည်ဆောက်ခဲ့ရာအချိန် ၅နှစ်ကျော်ကြာမြင့်ခဲ့ကြောင်း၊
> ယခင်ကျောင်းဆောင်ဟောင်းနေရာတွင် တိုးပွါးလာသောကျောင်းသားဦးရေကြောင့်
> ပညာသင်ကြားရာတွင်လိုအပ်လျှက်ရှိသော
> အဆိုပါကျောင်းဆောင်သစ်ကိုဆောက်လုပ်ရခြင်းဖြစ်ကြောင်း ညောင်ပင်ဆိပ်ကျေးရွာ
> ကျောင်းအ ကျိုးတော်ဦးချစ်ဝယ်က ပြောပြသည်
မော်လူးဒေသ မှ ရထားလမ်းချော်သတင်းပါ သတင်း ၂ပုဒ်
> ဆောင်းမြေပဲသိမ်းချိန်တွင် ပဲနုတ် ပဲခြွေသူများ တွက်ချေကိုက်
> မော်လူး၊ ဧပြီ ၃၀
> @@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထားကြသည့် ဆောင်းမြေပဲ သိမ်းချိန်တွင် ပဲနုတ် ပဲခြွေသူများအတွက် တွက်ချေကိုက်ကာ ဝင်ငွေအဆင်ပြေလျှက်ရှိကြောင်း သိရသည်။
>
> ''ကျွန်မတို့ လယ်မြေ တစ်ဧကကျော်မှာ မိုးစပါးရိတ်သိမ်းပြီးချိန်မှာ ဆောင်းသီးနှံအဖြစ် မြေပဲကို စိုက်ပျိုးထားတာပါ။ စိုက်တုန်းက မျိုးမြေပဲတစ်တင်းကို ၁၀၀၀၀ ကျပ် ပေးရပါတယ်။ မြေပဲကို မိုးစပါးသိမ်းပြီးချိန်ဖြစ်တဲ့ နတ်တော်လပြည့်ကျော်က စိုက်ပျိုးခဲ့ပြီး ငါးလကျော်ကြာ တန်းခူးလကုန် ကဆုန်လဆန်းပိုင်းမှာ သိမ်းရပါတယ်။ မြေပဲသိမ်းချိန်မှာ ပဲနုတ်၊ ပဲခြွေတွေကို ငှားကြရတာပါ။ ပဲနုတ်၊ပဲခြွေသူတွေကို တစ်တင်းကို တစ်ထောင်နှုန်းပေးပြီး ငှားကြရတာပါ။ ပဲနုတ်၊ ပဲခြွေသူတွေတစ်ယောက်ဟာ တစ်ရက်ကို အနည်းဆုံး ငါးတင်းကနေ အများဆုံး ခုနှစ်တင်းအထိ ရကြပါတယ်။ လစဉ်မိုးမှန်ရင် မြေပဲတစ်ဧကကို တင်း ၁၀၀ နှုန်းလောက်ထွက်ပါတယ်။ မြေပဲအခြောက်ငါးတင်းကို ဆီတစ်ပုံး(၁၀ ပိဿာ)ရပါတယ်။ "ဟု မော်လူးဒေသ၊ သက်ရင်းသာကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးထွန်းရီမှ ပြောပြသည်။
>
> အမှတ် ၉၃၉ အဆန် မီးရထား မော်လူး - ပင်ဝဲ မီးရထားဘူတာကြား ဘီးချော်မှုဖြစ်ပွား
> မော်လူး၊ ဧပြီ ၃၀
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> မန္တလေး - မြစ်ကြီးနား မီးရထားလမ်း မော်လူမီးရထားဘူတာနှင့် ပင်ဝဲမီးရထားဘူတာအကြားတွင် ဧပြီ ၂၉ ရက် နေ့လည် ၁ နာရီ ၄၀ မိနစ်အချိန်က ရထားဘီးချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
> မန္တလေးဘက်မှ မြစ်ကြီးနားဘက်သို့ စက်ခေါင်းမောင်း ဦးမောင်မောင်လတ်၊ ရထားထိန်း ဦးကျော်ကျော်ထူးတို့ လိုက်ပါ မောင်းနှင်လာသော အမှတ် ၉၃၉ အဆန် မီးရထား စက်ခေါင်းအမှတ် DD – 11140 သည် ပင်ဝဲမီးရထားဘူတာမှ နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်က ထွက်ခွာလာခဲ့ပြီး မိုင်တိုင်အမှတ် ၆၀၀(၉/၁၀)ကြားအရောက်တွင် တွဲအမှတ် GBHAH 40868 မှ ဘီးအမှတ် ၃ သည် သံလမ်းအတွင်းဘက်ကပ်ကျပြီး
> ဘီးအမှတ် ၆ သည် သံလမ်းအပြင်ဘက်ကပ်ကျကာ ဘီးချော်မှုဖြစ်ပွားခဲ့သည်။ အဆိုပါ မီးရထားဘီးချော်ကျမှုကို ခ.လ.ရ ၁၈ မှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး ပြည့်ခိုင်ဦးစီးပြီး ဗိုလ်မှူး ကျော်ထက်ခိုင်နှင့် တပ်မတော်သားများမှ လုံခြုံရေးတာဝန်ယူကာ မော်လူး မီးရထားဘူတာမှ လမ်းဗိုလ်လေးနှင့် အဖွဲ့၊ နဘားမီးရထားဘူတာမှ လမ်းဗိုလ်လေးနှင့် အဖွဲ့တို့နှင့်အတူ တာဝန်ရှိသူများမှ အမြန်ဆုံး လမ်းပိုင်းပြန်ပွင့်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြရာ ည ၈ နာရီ အချိန်ခန့်တွင် ဘီးချော်ကျမှုကို ပြုပြင်ကာ လမ်းပိုင်းကို ပုံမှန်ပြန်ပွင့်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ မီးရထားဘီးချော်မှုကို ပြုပြင်နေစဉ်တွင် မော်လူးမီးရထားဘူတာ၌ အမှတ် ၅၆ အစုန် မီးရထားနှင့် ပင်ဝဲမီးရထားဘူတာတွင် အမှတ် ၄၁ အဆန် မီးရထားတို့ကို ရပ်နားထားခဲ့ကြောင်း၊ မီးရထားဘီးချော်မှုကြောင့် မီးရထားပေါ်ပါ  ဝန်ထမ်းများ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ၊ မီးရထားဘီးချော်မှုကြောင့် မီးရထားလမ်းရှိ ကွန်ကရစ်ဇလီဖားတုံးများ ၂၀၀ ခန့် ကွဲအက်မှုအနည်းငယ် ဖြစ်ပွားခဲ့ကြောင်း သိရသည်
နန့်ရုံ-နမီးကားလမ်းမ စုပေါင်းပြုပြင်
 စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးတွင်ဧပြီ ၂၇
> ရက်နေ့ကနန့်ရုံ-နမီးကားလမ်းမကြီး ကိုစုပေါင်းပြုပြင်ခဲ့ကြောင်းသိရသည်။
> ထိုသို့ဆောင်ရွက်ရာတွင်နန့်ရုံကျေးရွာရာအိမ်မှူးဦးလှမျိုးအောင်
> လမ်းဖြစ်မြောက်ရေးအကျိုတော်
> ဆောင်ဦးသောင်းညိုနှင့်ဒေသခံများကမော်လူးထုံးတောင်မှော်မှ
> ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ ဖြစ်သောဓူဝံကြယ်ကုမ္ပဏီနှင့်
> အိမ်မက်ကျောက်ကုမ္ပဏ်ီမှဘက်ဟိုးယန္တယား ၂စီး၊ မြေသယ်ယာဉ် ၄စီး တို့ဖြင့်
> လမ်းအကျယ် ၁၈ပေ၊ အရှည် ၃မိုင်ကို နန်ရုံကျေးရွာဘော့လုံးကွင်းမှ စတင်ကာ
> သဲကျောက်များခင်းခြင်းလုပ်ငန်းကို
> ၀ိုင်းဝန်းကူညီဆောင်ရွက်လုပ်ကိုင်ကြသည်။
> …ဒီကားလမ်းမကို ရွှေလေးတန်ကားလမ်းမလို့ခေါ်ပါတယ် ။
> အခုလိုပွင့်လင်းရာသီမှာသွားလာရတာ အဆင်ပြေပေမဲ့ မိုးတွင်းမှာသွားလာလို့
> ခက်ခဲပါတယ် ။ ဒါကြောင့်ကျွှန်တော်တို့ဒေခံတွေနဲ့ ခရီးသွားတွေ
> နွေမိုးဆောင်ရာသီမရွေးသွားလာလို့ရအောင်  ကျောက်မျက်တူးဖေါ်ရေးကုမ္ပဏီက
> အကူအညီတွေနဲ့ တက်ညီ လက်ညီ ၀ိုင်းဝန်းလုပ်ဆောင် နေတာပါ ။ဒီကားလမ်းမကြီးဟာ
> အင်းတော်မြို့နယ်ပါမက ဗန်းမောက်မြို့နယ် အထိပါသွားလာနေကြတဲ့
> အရေးပါတဲ့ကားလမ်းမပါ ။ ဒါကြောင့်မို့
> အချိန်မီပြီးစီးအောင်ဆောင်ရွက်နေပါတယ်..
> ဟုလမ်းဖြစ်မြောက်ရေးအကျိုးတော်ဆောင်ဖြစ်သူ နန့်ရုံကျေးရွာနေသူ
> ဦးသောင်းညိုကပြောသည်။ ယင်းကားလမ်းမကြီးကို ဧပြီ ၂၇ရက်မှမေ၂ရက်နေ့ထိ
> လမ်းအရှည် ၃မိုင်ကို
> သဲကျောက်ခင်းခြင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်
> နန်ရုံကျေးရွာမှ ရွှေလေးတန်ချောင်းကူးတံတားထိ
> ကျေးရွာအတွင်းအရှည်၁မိုင်ကိုဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း
> ၄င်းကပြောပြသည်