Monday, October 12, 2015

သတင်းထူးဗျို့ မော်လူးကျေးရွာ မြို့ ဖြစ်ပြီတဲ့

မော်လူးသားတွေပျော်ကြဖို့
အနှစ်နှစ်အလလကလိုချင်သော
မြို့အဆင့်ရပါပြီ။ရွေးကောက်ပွဲကာ
လအပြီးဆောင်ရွက်ပေးမည်ဟုသတင်း
ကောင်းရရှိပါသည်။သူများတော့မသိ။
ကျွန်တော်ကတောါပျော်လိုက်တာ။ရုံးမြေနေရာတွေလိုလာပြီ။

fb  မှ  သိရ


အားလူး  မဟုတ်   ဘူးဗျို့

ဒီ fb  အကောင့်  သတင်းအရင်းအမြစ်က  သေချာပါ၏


ဖုန်း ဗိုင်းရပ်စ် ထိလို့ စက်လေးနေသူများအတွက် ဖြေရှငါးနည်းတဲ့

ဒီမှာ

ဒေါင်းလိုက်ပါ



Saturday, October 10, 2015

မော်လူးသားတွေ မအဘို့ ဒီသတင်းကို ဖတ်ထားစို့ "တမြို့နယ်လျှင် တရွာနှုန်း မြေငှားဂရန် ချထားပြီ မော်လူးသားတွေ ကံဆိုးပြန်ပြီ (or) မြို့နယ်က ပညာပြခြင်း"

အောက်ကသတင်းကိုသာ ဖတ်ကြည့်တော့ဗျာ====
မော်လူးရွာက  အထုပ်   ပစ်ချခံရတာပါ


ဧရာဝတီ  သတင်း
တမြို့နယ်လျှင် တရွာနှုန်း မြေငှားဂရန် ချထားပြီ
ဖိုးစမ်းချောင်း (GG)| October 10, 2015 | Hits:1,149
0 | |

ကျောက်ဆည်ခရိုင် အတွင်းရှိ ကျေးရွာတခုတွင် မြေငှားဂရန် ပေးအပ်နေစဉ် (ဓာတ်ပုံ – ဖိုးစမ်းချောင်း(GG))
သမ္မတ ဦးသိန်းစိန်၏ တနိုင်ငံလုံးရှိ ကျေးရွာများကို မြေငှားဂရန် လုပ်ဆောင်ပေးရမည် ဆိုသည့် လမ်းညွှန်ချက်အရ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် တမြို့နယ်လျှင် ရွာတရွာနှုန်း ရွေးချယ်ကာ ပိုင်ဆိုင်မှု အထောက်အထား ခိုင်မာသည့် မြေငှားဂရန်များ ပေးအပ်လျက် ရှိကြောင်း သတင်း ရရှိသည်။

ကျေးရွာနေ ပြည်သူများ ပိုင်ဆိုင်မှု အထောက်အထား ရရှိနိုင်ရန်အတွက် မန္တလေးတိုင်းအတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာလ အတွင်း၌ မြေငှားဂရမ်များ ပေးအပ်လျက်ရှိသကဲ့သို့ အခြားတိုင်းနှင့် ပြည်နယ် အသီးသီးတွင်လည်း လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဋ္ဌာနက ပြောသည်။

အိမ်ဝင်းအတွင်း ဆောက်လုပ်ထားသည့် အဆောက်အဦ ခိုင်မာမှုအပေါ် မူတည်၍ ၁၀ နှစ်ဂရန်နှင့် နှစ် ၃၀ ဂရန်ဟူ၍ မြေငှား ဂရန် အမျိုးအစား ၂ မျိုး ခွဲခြား သတ်မှတ်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှုး ဦးမြင့်နိုင်က ဧရာဝတီသို့ ပြောသည်။

ဦးမြင့်နိုင်က“အခုပေးတဲ့ မြေငှားဂရန်က မူလရွာမြေကိုပဲ ပေးတာ ဖြစ်ပါတယ်။ လယ်မြေတွေအပေါ် တိုးချဲ့ထားတဲ့ ရွာမြေတွေကိုတော့ မပေးပါဘူး။ မြေငှား ဂရန်သက်တမ်းကုန်ဖို့ ၃ လလိုရင် သက်တမ်းတိုး ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

၁၀ နှစ် ဂရန်အား နှစ် ၃၀ ဂရန်အဖြစ် ပြောင်းလဲလိုပါက အဆောက်အဦ ခိုင်မာအောင် ဆောက်လုပ်ပြီး နောက်တကြိမ် သက်တမ်း တိုးချိန်တွင် ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ကျောက်ဆည် ခရိုင်အုပ်ချုပ်ရေးမှူးက ဖြည့်စွက် ပြောကြားသည်။

ကျေးရွာများအား မြေငှားဂရန် ပေးအပ်ရာတွင် တစ်ဧကလျှင် တသိန်းနှုန်း တန်ဖိုးသက်မှတ်ကာ တနှစ်လျှင် ခြောက်ရာခိုင်နှုန်း အခွန် ဆောင်ရမည် ဖြစ်သောကြောင့် အိမ်ဝင်းမှာ တစ်ဧကကျယ်လျှင် ၆၀၀၀ ကျပ်၊ ဧက တဝက် ကျယ်လျှင် ၃၀၀၀ ကျပ် စသည်ဖြင့် မြေအကျယ်အဝန်းကို လိုက်၍ အခွန်ဆောင်ရမည် ဖြစ်သည်ဟု သိရသည်။

အနိမ့်ဆုံး အိမ်ခြေ ၁၀၀ ရှိခြင်း၊ မြေပိုင်ဆိုင်မှု အရှုပ်အရှင်း ကင်းခြင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းခြင်း၊ ရွာ၏ တည်ဆောက်ပုံ နေရာ အနေအထား ကောင်းခြင်းစသည့် စံနှုန်းများအပေါ် မူတည်၍ တမြို့နယ်လျှင် တရွာနှုန်းစံပြကျေးရွာအဖြစ် ရွေးချယ်ကာ မြေငှား ဂရန်များ စတင်လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ကျန်ရှိသောရွာများအတွက် မြေငှားဂရန်များ ဆက်လက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွာတရွာအတွက် ဂရန်ပြုလုပ်ပေးရာတွင် အချိန် ၃ လ ခန့်ကြာမည်ဟု ခန့်မှန်းထားသော်လည်း သုံးလခွဲခန့် အထိ ကြာမြင့်လျက် ရှိကြောင်း၊ အခြားသော ကျေးရွာများတွင် ဆက်လက် လုပ်ဆောင်ပေးနိုင်ရန်အတွက် ဝန်ထမ်း အင်အားများစွာ သုံးစွဲရမည် ဖြစ်သော ကြောင့် မန္တလေးတိုင်းအတွင်း စံပြသက်မှတ်ထားသော ကျေးရွာများအားလုံးကို မြေငှားဂရန် ပေးနိုင်မည့် အချိန်ကိုမူ အတိအကျ မပြောနိုင်သေးကြောင်း ကြေးတိုင်နှင့် မြေစာရင်းဌာနမှ ဝန်ထမ်းတစ်ဦးက ဧရာဝတီသို့ ပြောသည်။

ယင်းဝန်ထမ်းက“အခြားကျေးရွာတွေကိုလည်း ဆက်လုပ်ပေးမှာပါ။ လုပ်ငန်းစဉ် များပြားတဲ့အတွက် အချိန်ကာလကတော့ နှစ်နဲ့ချီ ကြာနိုင်ပါတယ်။ မြေပိုင်ဆိုင်မှု အရှုပ်အရှင်းကင်းရင်တော့ မြန်ပါတယ်”ဟု ဆိုသည်။

လူနေထိုင်ခွင့်အတွက် မြေငှားဂရန်၊ စက်မှုလုပ်ငန်းသုံး မြေငှားဂရန်၊ သာသနာ့ လုပ်ငန်းသုံး မြေငှားဂရန် စသည်ဖြင့် မြေငှားဂရန် ၇ မျိုး ရှိသည့်အနက် ယခုပေးသည့် မြေငှားဂရန် အမျိုးအစားမှာ လူနေထိုင်ခွင့်ပေးသည့် မြေငှားဂရန် ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းအတွင်းရှိ ကျောက်ဆည်၊ မြစ်သား၊ စဥ့်ကူး၊ တံတားဦး၊ အမရပူရနှင့် ပုသိမ်ကြီးစသည့် မြို့များမှ စံပြကျေးရွာများအား မြေငှားဂရန် ပေးအပ်သည့် အခမ်းအနားများကို အောက်တိုဘာလအတွင်း အဆိုပါ ကျေးရွာများ၌ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

Thursday, October 8, 2015

ရေနစ်တာတနာရီမကျော်သေးရင် ကယ်လို့ရတဲ့နည်း တဲ့

ရေနစ်တာတနာရီမကျော်သေးရင် 🏊
°°°°°°°°°°°°°°°°°°°°°°°°°°°°
အသက်မရှူတော့လည်း ကယ်နိုင်သေးပါတယ်ဆိုတဲ့ နည်းလမ်းလေးကိုပြောပြချင်ပါတယ်
( ရေနစ်သူကို ခြေထောက်ကနေကိုင်ပြီး ပြောင်းပြန်လှန်
ပြီးတော့ ကျောပေါ် ပိုးပြီး၁၀မိနစ်လောက်ပြေးလိုက်ပါ ရေနစ်သူပါးစပ်ကနေရေတွေအန်ချလိုက်ရင်
ပြန်နိုးလာမည်ဖြစ်ပါသည်)
တယောက်ပိုသိရင် တယောက်အသက်ကယ်နိုင်တဲ့%ပိုများမည်ဖြစ်၍ မျှဝေခံစားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်..



Saturday, October 3, 2015

မော်လူးဒေသ ဂွေ့ကြီးရွာက ကျောင်းသူလေး ဖဲကြိုးဖြတ်ဖွင့်ခဲ့သော ကသာမြို့ကခန်းမ

မြို့နယ်အတွက်ဂုဏ်ယူစရာ
(၃.၁၀.၁၅)ရက်နေ့၊ကသာခရိုင်၊ကသာမြို့၊မြို့တော်ခန်းမဖွင့်ပွဲသို့ အင်းတော်မြို့နယ်မှသုံးထပ်ကွမ်းလူရည်ချွန် မဇင်မာစိုးကဦးဆောင်၍ဖဲကြိုး
ဖြတ်ဖွင့်လှစ်ပေးခဲ့ရပါသည်။
ထိုအမ်းအနားသို့အင်းတော်မြို့နယ်
မှလူရည်ချွန်(၃)ဦးတက်ရောက်ခဲံ့ရပြီး
ဂုဏ်ပြုဆုငွေ(၁)သိန်းကျပ်ချီးမြှင့်ခြင်း
ခံရပါသည်။
လိုက်ပါဆောင်ရွက်ကူညီပေးသော
သား(၁)၊သမီး(၂)လူရည်ချွန်မောင်မယ်
များကိုလည်းကျေးဇူးတင်ပါသည်။ယခုထက်ထူးချွန်ထက်မြက်အောင်ကြိုးစား
နိုင်ကြပါစေ။


အင်းတော်မှာ စည်ပင်သာယာကို ဆန္ဒပြ ကြပြီ

၃.၁၀.၂၀၁၅...ကျွန်တော့်အိမ်ရှေ့ဖြတ်သွားတဲ့..စည်ပင်နေ့စားသမားလစာတိုးပေးရေး...တို့အရေးအော်လို့..ထွက်ကြည့်မိတယ်။
မဌေး...နေ့စားသမားက...`ကျွန်မက...လုပ်သက်(၇)နှစ်ရှိပြီ...လစာက...၆၀၀၀၀...ပဲရတယ်။လစာတိုးပေးဖို့ပြောတာမရဘူး။ခု..ရန်ကုန်မှာ...တရက်...၃၆၀၀...ရတယ်။ဘယ်လိုရပ်တည်မလဲ...ကျွန်မတို့တွေ။´...ဟု..အင်းတော်မြို့နယ်စည်ပင်သာယာနေ့စားဝန်ထမ်း...လုပ်သက်(၇)နှစ်ရှိသူမဌေးကပြောကြားသွားပါတယ်။

fn  မှ  မလာ၏

Wednesday, September 30, 2015

မန္တလေး-မြစ်ကြီးနား အမြန်ကားလမ်းမကြီး အသစ်ဖေါက်တော့မည် တဲ့ မော်လူး ကို ဖြတ်ဘူးဆိုလား

မန္တလေးမှ မြစ်ကြီးနားသို့ အမြန်လမ်း ဆက်ဖောက်မည်၊ ရန်ကုန်မှ မြစ်ကြီးနားသို့ ၁၂ နာရီအတွင်း အရောက်သွားနိုင်မည်
(ရန်ကုန်-မန္တလေးအမြန်လမ်းကဲ့သို့ မန္တလေး-မြစ်ကြီးနားကို ဧရာ
ဝတီမြစ်နှင့်အပြိုင် အဝေးပြေးအမြန်လမ်းမကြီးဖောက်မည်)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကဲ့သို့ မန္တလေးမှ မြစ်ကြီးနားကို ဧရာဝတီမြစ်နှင့်အပြိုင် အဝေးပြေးအမြန်လမ်းမကြီးတစ်ခု ဖောက်လုပ်ရန်ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် မန္တလေး - မြစ်ကြီးနားလမ်းဟောင်းက ရှိနေပြီးသားဖြစ် ပြီးပုံမှန်အားဖြင့် ၂၄ နာရီထက်မနည်းမောင်းနှင်နေရသော အဆိုပါ ခရီးလမ်းပိုင်းကို အချိန် ထက်ဝက်ကျော်လျှော့ချနိုင်ရန် ၀န်ကြီးဌာန
က ပြင်ဆင်နေခြင်းလည်းဖြစ်ကြောင်းသိရသည်။ " Express Way အမြန်လမ်းသစ်တစ်ခုထပ်ဖောက်ဖို့ ပေါ့၊ဒါကလည်းလမ်းအူကြောင်း
ကို ဧရာဝတီမြစ်ကြီးနဲ့ အပြိုင်ဖောက်ဖို့ ပြင်ဆင်ထားတယ်၊ ရန်ကုန် - မန္တလေး အမြန်လမ်းကြီးလိုမျိုးပေါ့ " ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြည်မြန်မာသို့ ပြော သည်။
ယင်းအတွက် အစိုးရကဘက်ဂျက်လုံလောက်မှုမရှိသဖြင့် အာရှဖွံ့ ဖြိုးမှုဘဏ် ( ADB ) ကို တင်ပြအကူအညီတောင်းခံထား
ကြောင်း ၄င်းကဆိုသည်။
" အသစ်ဆိုရင်တော့ လမ်းအူကြောင်းက အရေးကြီးပါတယ်၊ လမ်းဟောင်းကို အဆင့်မြင့်တင်ရင်လည်း ဖြစ်
နိုင်တာပဲ ။ ဒါပေမယ့်နည်းနည်းတော့ ခရီးထောက်တယ် " ဟု လမ်း တံတားဆောက်လုပ်ရေးလုပ်ငန်းစု Asian Square Power မှ MD ဒေါ်မီမီခင်ကသုံးသပ်ပြောကြားသည်။
ရန်ကုန်-မန္တလေးအမြန်လမ်း
ကြီးနှင့်ပတ်သက်၍အများပြည်သူ၏ဝေဖန်မှုမျိုးစုံရှိခဲ့သဖြင့်ဆောက်
လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယင်းကို သတိပြုကာ ဝေဖန်မှု နည်း
နိုင်သမျှနည်းအောင် နည်းပညာပိုင်း အထူးဂရုပြုရန်လိုကြောင်း ၄င်းက အကြံပြုပြောကြားသည်။
" ဖြစ်နိုင်ခြေကိုတော့ ကျွန်တော်
တို့ က လေ့လာပြီးပြီ ၊ ဒါတွေကရေရှည်မှာ မြန်မာနိုင်ငံရဲ့ လမ်းပန်း ဆက်သွယ်ရေးတွေ အကောင်းဘက်ရောက်လာစေဖို့ လုပ်တာပါ ၊ ရေရှည်မှာတော့ ကောင်းသွားမှာပါ " ဟု ဦးကျော်လင်းကဆိုသည်။
မန္တလေးမှ မြစ်ကြီးနားသို့ တစ်ဖြောင့်တည်းအားဖြင့် ၄၈၈ မိုင်ရှိထား
ပြီး ရန်ကုန်မှ မြစ်ကြီးနားသို့ တစ်ဖြောင့်တည်း ၉၂၀ မိုင် ရှိကြောင်း သိရကာ မြစ်ဆုံနှင့် ၂၅ မိုင်သာဝေးသော မြစ်ကြီးနားသို့ ရန်ကုန်မှ ၂၄ နာရီအတွင်းအရောက်သွားနိုင်စေတော့မည့် အဆိုပါ စီမံကိန်းမှာ မြန်မာနိုင်ငံ၏ အနာဂတ်ကုန်သွယ်ရေးအပါအ၀င်လမ်းတစ်လျှောက်
ဒေသဖွံ့ ဖြိုးရေးမှာ အဆပေါင်းများစွာ ကောင်းကျိုးရနိုင်မည်ဟု သိရသည်။ မြစ်ကြီးနားမှ နှစ်စဉ် ကျောက်မျက်ရတနာမျိုးစုံ ဒေါ်လာ နှစ်ဘီလျံကျော် ပြည်ပသို့ ထွက်ရှိနေပြီး သစ်အပါအ၀င် သဘာဝ သယံဇာတမျိုးစုံကို မြစ်ကြီးနားမှ တစ်ဆင့် တစ်နိုင်ငံလုံးကို ယင်းလမ်းသစ်ကြီးမှ ၂၄ နာရီအတွင်း မြန်ဆန်စွာစီးဆင်းလာနိုင်စေမည်
ဟုလည်းသိရသည်။
" အန်တီကတော့ ဒီလမ်းသစ်နဲ့ ပတ်သက်ရင် သဘောကျတယ်၊ လမ်းအပြင် လမ်းပိုင်းမှာပါတဲ့တံတားတွေကိုပါ
အရည်အသွေးပိုင်း အထူးသတိပြုဖို့ ထပ်ပြီးပြောချင်တယ် " ဟု
ဒေါ်မီမီခင်က သုံးသပ်ပြောကြားသည်။
အမြန်လမ်းဖောက်လုပ်ရေးအတွက် အစိုးရဘတ်ဂျက်ကို အဓိကထားမည် မဟုတ်ဘဲ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြုပ်နှံသူများအား BOT ပေးအပ်၍ ဆောင်ရွက်သွားမည် ဖြစ်သည်။
Credit - Kyaw Myo Min



Tuesday, September 29, 2015

ပယင်း အတု အစစ် >> စစ်နည်း ၁၀ ချက်



ပယင်း အတု အစစ် >> စစ်နည်း ၁၀ ချက်

မူရင်း ရေးသားသူ ကိုညီညီနိုင်
++++++++++++++++


1.Floating Test or Salt water Test (ဆားရည်ဖြင့် စမ်းခြင်း)
စမ်းသပ်လိုသောပယင်းကို .. (အထည်ဖြစ်ပါက အထည်မှ ဖြုတ်ပါ) ဆားရည်တွင် စိမ်ပါ..
ထိုအခါ ပယင်းသည် ဆားရည်ပေါ်တွင် ပေါလောပေါ်ရမည်..

ပြချက် ..
ပယင်းသည် ရေချိန်သိပ်သည်းဆ (Specific gravity) 1.04 ရှိတယ်
ရေချိန် သိပ်သည်းဆသည် 1 အတိရှိပါတယ်..
ရေတစ်ဖန်ခွက်ကို ဆား tea spoon (လက်ဖက်ရည်ဇွန်း) ၇ ဇွန်း ဖြင့် ပြည့်ဝဆားပျော်ရည် ပြုလုပ်သော် .. သိပ်သည်းဆသည် 1.1ဖြစ်လာပါသည်ထို့ကြောင့် ဆားရည်ပေါ်တွင် ပယင်းမပေါ်နိုင်ပါ ..
×××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက် .. ယင်စမ်းသပ်မှုမှာ ၁၀၀ % မသေချာသေးပါ ..  pressed amber သည်လည်း
ဆားရည်တွင်ပေါ်ပါသည်..
×××××××××××××××××××××××××××××××××××××××××××××××××××××××
Press amber ဆိုသည်မှာ ကွဲအက်နာများဖြင့် (ရောင်းပန်းမလှ) ပယင်းအစစ်ကို ဓါတုဗေဒနည်းဖြင့် ..
ဖိသိပ်ပီး သဘာဝ ပယင်းကဲ့သို့ ပြန်လည် ပြုပြင်ထားခြင်း
Press amber နဲ့ natural amber ကို ခွဲနိုင်ရန် အပ် (သို့) အခြား .. နီရဲအောင် မီးကင်ပြီး ပယင်းကို
ထိုးကြည့်ပါအစစ်ဆိုရင် ထင်းရှူးနံ့(သို့) ချယ်ရီ (သို့) သစ်သားနံ ထွက်ပါမည်.. အတုဆိုရင် ပလစ်စတစ်
ညော်နံ့ ၀ါယာ ညော်နံ့ ထွက်ပါမယ်
××××××××××××××××××××××××××××××××××××××××××××××××××××××××
ပျက်စီးမှု အနည်းအများရှိနိုင်သည့်အတွက် စမ်းသပ်ရန်မသင့်တော်ပါ ...
++++++++++++++++++++++++++++++++++++++++++++++++++++++++


၂ရေနွေးပူဖြင့် စမ်းသပ်ခြင်း
ပယင်းကို ရေနွေးပူဖြင့် စိမ်ပီး အနံ့ခံကြည့်လျှင်
အစစ်ဆိုလျှင် = သစ်မွှေးနံ့ ရမယ်၊ ချယ်ရီသားနံ့၊ ထင်းရှူးနံ့
အတုဆိုလျှင် = ကာဘော်လစ်နံ့ ၊ ညော်နံ၊
××××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက် ပယင်းသည် ရေနွေးစိမ်ခံပါတယ် ..
ပြချက်
ပယင်းသည် အပူချိန် 200°C to 300° C ရှိပီး
ရေနွေးသည် 100°C မျှသာရှိပါတယ် .. ဒီထက် များသွားရင် အငွေ့ပျံသွားပါတယ်
+++++++++++++++++++++++++++++++++++++++++++++++++++++++


၃. လက်သည်းဖျက်ဆေးကို ၀ါဂွမ်းမှာ တို့ပီး ပယင်းကို ခပ်နာနာပွတ်ကြည့်ပါ ..
ပယင်း စစ်လျှင် မည်သို့မျှ မထူးခြားပါ ..
ပယင်းအတု ဆိုလျှင် (Copal . plastic) များဆိုလျှင် ၀ါဂွမ်းတွင် စေးကပ်ကပ်ဖြစ်ကာ
အစေးများ ကပ်ပါလိမ့်မယ်
××××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက်
ဖန်ဖြင့် ပြုလုပ်ထားသော ပယင်း ဆိုလျှင် သည်နည်းဖြင့် မစမ်းနိုင်ပါ
++++++++++++++++++++++++++++++++++++++++++++++++++++++++


၎ အပ် သို့မဟုတ် ဓါးဦးချွန် ဖြင့် အနည်းငယ်ခြစ်ကြည့်ပါ ..
ပယင်းစစ်လျှင် .. အမှုန့်များ လွယ်ကူစွာကျလာပါလိမ့်မယ် .. အစလေးတွေ ပဲ့ကျပါလိမ့်မယ် ..
ပလတ်စတစ် ဆိုလျှင်.. ငြိနေလိမ့်မယ် .. အစအန အမှုန့်များလည်း လျောလျောရှုရှု မကျနိုင်ပါ
ဖန် ဆိုလျှင် အပ်.. ဓါးဦးမတိုးပါ
မှတ်ချက်
Copel အား မစစ်နိုင်ပါ .. မပေါ်ပါ
+++++++++++++++++++++++++++++++++++++++++++++++++++++++


၅. rubbing test. .
ပယင်း ကို ချည်ထည် သိုးမွှေး တို့ဖြင်နာနာပွတ်ပါ . .
electro meganetic field ( negative) ထွက်လို့ ပေါ့ပါးတဲ့ ဆံပင် ဌက်မွှေး စက္ကူ အပိုင်းအစ လေးများ
ကို ဆွဲငင် တယ် . .plastic . .ဖန် . .မဆွဲငင်ပါ.
+++++++++++++++++++++++++++++++++++++++++++++++++++++++


၆. taste
ဒါကတော့ အတွေ့ အကြုံ ရှိမှပါ . .ပယင်းကို အနံ့မပါသော ဆပ်ပြာဖြင့်ရေစင်အောင်ဆေးပါ . .
လျှာဖျားလေးနဲ့တို့ကြည့် ချယ်ရီသား အရသာ . .ထင်းရှူးအရသာ ခံစားမိမယ် . .plastic . .ဖန် . .မရှိပါ . .
××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက်- copal စမ်းမရပါ.. မပေါ်ပါ
++++++++++++++++++++++++++++++++++++++++++++++++++++++


၇. smell
ထိုနည်း၎င်း ပဲရှူကြည့် . . ချယ်ရီိ ထင်းရှူးနံ့ ရမယ်...
+++++++++++++++++++++++++++++++++++++++++++++++++++++++


၈ touch !
ပယင်းဟာ နွေးတဲ့အထိ အတွေရှိပါတယ် . .plastic . .ဖန် မရှိပါ . .
×××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက် - copal စမ်းမရပါ
++++++++++++++++++++++++++++++++++++++++++++++++++++++++


၉. Uv
ပယင်း ဟာ short wave ultraviolet ခရမ်းလွန် ရောင်ခြည် နဲ့ စမ်းရင် glow ခေါ် မီးစုန်း တောက်ပါတယ် ဖန် နဲ့ ပလပ်စတစ် ကတော့ မပြပါ . .
××××××××××××××××××××××××××××××××××××××××××××××××××××××
မှတ်ချက်
Ambriod နှင့် copal မှာလဲ ထိုနည်းလည်းကောင်း glow ပြပါတယ် . . . မပေါ်ပါ ..
++++++++++++++++++++++++++++++++++++++++++++++++++++++++
10. ဆားပြည့်ဝ ပျော်ရည်မှာ စိမ်
အထက်၌ ဖော်ပြပြီး . . .

ရည်ရွယ်ချက် ။ ၊၊ မြန်မာ့ပယင်း အား အတုအစစ်ခွဲခြားတတ်စေရန် မျိုးဆက်သစ်လူငယ်များ အား
လက်လမ်းမှီသလောက် ပြန်လည်မျှဝေပေးချင်းမျှသာ ဖြစ်ပါသည်..
အထက်ပါ အားလုံးနဲ့ ကိုက်ညီမှသာ တန်ဖိုးမြင့်မားသော .. ပယင်းရတနာကို ၀ယ်ယူရန် တိုက်တွန်းရင်း
နိဂုံးချူပ်ပါသည်..
NNN (burmite fossils )
Visit website

katha town မှာ တင်ထားသော မော်လူး အကြောင်းလေး

ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးစံပြကျေးရွာ (ယခင်-မော်လူးမြို့)ရှိ
ရိုးရာလက်မှုပညာများအား ဖေါ်ပြလိုက်ပါသည်။
( Photo- Nay Thu Rein & Nyi Nyi Aung )


ပင်ဝယ်မှာ ဓါတ်တိုင် တိုက်တဲ့ကား

အင်းတော်မြို့နယ်ပင်ဝဲကျေးရွာရဲကင်းအနီးစက်တင်ဘာ၂၆ရက်နံနက်၎နာရီခန့်၌လမ်းဘေးရှိလျှပ်စစ်ကွန်ကရစ်တိုင်အမှတ်၂၉၇တိုင်ကိုကျိုးအောင်တိုက်သည့်ယာဉ်


Sunday, September 27, 2015

ချစ်ဦးမေ . . .



ချစ်ဦးမေ

အချစ်မယွင်း
သစ္စာခင်းလျက်
ချစ်ဦးမေ့ကို
မုန်းရစ်လေဘူး
ချစ်ဦးမေရေ။
ကာလတာရှည်
အညာပြည်မှ
တာမာဖြူပွင့်လေတိုင်း
မောင့်မှာမူမျက်ရည်ဝိုင်း၍
လွမ်းရက်ဆက်နှင့်
နွမ်းလျက်ကယ်ပျော်မရွှင်
မောင့်ကိုမြင်လျှင်
ချစ်ဦးမေသည်
မုန်းရစ်လေဘူး
အချစ်ဦးဟု
ဆိုလေမည်လား။
တမ်းတမိသည်။
မှန်းဆမိသည်။
ချစ်ဦးမေရေ။

နေခြည်နွေးနွေး

Tuesday, September 22, 2015

ရထားတွေ အချိန် ပြောင်းမည်တဲ့

မန္တလေး မြစ်ကြီးနားအစုန် အဆန်ပြေးဆွဲလျက်ရှိသည့်ရထားအချိန်များအားစက်တင်ဘာ၂၆ရက်နေ့မှစ၍ရထားအချိန်များကိုပြန်လည်၍ရထားအချိန်ေုပြာင်းလဲသတ်မှတ်ပြေးဆွဲမည်၊






ရိုးသားကြိုးစားသူအားဂုဏ်ပြုအပ်ပါသည် fbမှ

ရိုးသားကြိုးစားသူအားဂုဏ်ပြုအပ်ပါသည်
___________________________
၂၁.၉.၂၀၁၅ရက်နေ့ ညနေ ၅နာရီအချိန် ခန့်ကမိုးညှင်းဆေးရုံကြီးမှ ဆေးကု၍ပြန်လာသော မဆီးစော့ ခေါ် မခင်စန်းကြွယ် သမီး မဆုပြည့်ပြည့်လှိုင် ၅နှစ် မော်လူး ဆေးမှတ်တမ်းစာအုပ်ဖြင့် ကချင်ပြည်နယ် မော်ဟဲ တံတား အထူးအဖွဲ့ အမှတ်၁ SAE ဦးအောင်သန်းဦး အဖွဲ့မှ
ဦးဝင်းမြင့်နှင့်အဖွဲ့ တို့ ရွှေလက်ကောက် အပါအဝင် ငွေတန်ဖိုး စုစုပေါင်း
၁၁သိန်းခန့် ကောက်ရသဖြင့်ပိုင်ရှင်ဖြစ်သူအား ရိုးသားစွာ ပြန်လည် အပ်နှံနိုင်ခဲ့သဖြင့်ကျေးဇူးတင်သည့်အနေဖြင့် ပိုင်ရှင်ဖြစ်သူ မခင်စန်းကြွယ်(ညီမ မထွေးစုလှိုင်) မှ တစ်သိန်းကျပ် ဂုဏ်ပြုငွေပေးအပ်ခဲ့ပါတယ် အားလုံး သူ့လိုစိတ်ဓာတ်မျိုး စိတ်ကောင်း စေတနာ ထားရှိနိုငိကြပါစေ



Saturday, September 19, 2015

မော်လူး အထက ကျောင်းဆောင်သစ် တိုင်ထူ fb မှ

မော်လူးအထကကျောင်းဆောင်သစ်(၂)ဆောင်တစ်ပြိုင်တည်း.ဒီနှစ်ဘတ်ဂျက်အတွင်းအပြီးဆောက်လုပ်ရမှာဖြစ်ပေမယ့်အခက်အခဲလေးတွေကြောင့်(19.9.2015)ရက်နေ့မှကျောင်းဆောင်(၁)ဆောင်အတွက်ပဲတိုင်ထူနိုင်ပါသေးတယ်..

Friday, September 18, 2015

ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး"

"ဘုရားရှိခိုးရသော အကျိုး (၁၇) ပါး"

၁။ သူတစ်ပါးတို့  ရှိခိုးခံထိုက်ခြင်း။
၂။ စိတ်၏ ရဲရင့် တည်ကြည်ခြင်း။
၃။ သေသည်၏ အခြားမဲ့၌ သုဂတိဘ၀ကို ရခြင်း။
၎။ နောင်ဘုရားနှင့် တွေ့ သည့်အခါ သစ္စာလေးပါးကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတစ်ပါးတို့ ၏ အရိုအသေအပြုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အဂါင်္နှင့် ပြည့်စုံခြင်း။
၈။ အဆင်းလှခြင်း။
၉။ ကိုယ်အနံ့ မွှေးခြင်း။
၁၀။ ခံတွင်းအနံ့ မွှေးခြင်း။
၁၁။ ကြီးကျယ်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်သော ဥာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျင်မြန်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၅။ ရွှင်သော ဥာဏ်နှင့် ပြည့်စုံရခြင်း။
၁၆။ ဆန်းကြယ်သော ဥာဏ်ပညာနှင့် ပြည့်စုံရခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။
— မေတ္တာဖြင့် စုစည်းဝေမျှပါသည် ..။ —

Sunday, September 13, 2015

၂၀၁၆-၂၀၁၇ ပညာသင်နှစ် မှာ ၁၂ တန်း ပညာရေးစနစ်စတော့မည်

၂၀၁၆-၂၀၁၇  ပညာသင်မှ  စတင်၍ သူငယ်တန်း ကျောင်း  နေသူများသာ
၁၂တန်း  ပညာရေး  စနစ်ကို  တက်ရောက်ရမည်
ပထမတန်း  မှ  ဒသမတန်း  အထိ   တက်ရောက်ရန်  မလိုတဲ့
ဒါကြောင့်  ၁၂  တန်း  အတွက်  စာသင်ခန်းသည်  ကျောင်းများတွင်
၂၀၂၈  ခုနှစ်မှ  ပေါပေါက်လာမည်

၁၂-၉-၂၀၁၅  မြန့်အလင်းသတင်းစာ တွင်  ဖတ်ရှုနိုင်ပါသည်


မော်လူး ချောင်း ကမ်းနားနေသူများ ဖတ်ရန်

စက်တင်ဘာ၁၁ရက်နေ့ ညနေ၃နာရီအချိန်က မော်လူးအရှေ့တောင်ကနေပြီးတော့ မော်လူးအထိမိုးက၂နာရီလောက်သဲသဲမဲမဲရွာလိုက်လို့ မော်လူးစီးမော်ချောင်းဟာရေကြီးေ
ရေလျှံဖြစ်ပြီးတော့ စီးမော်ချောင်းရိုးတလျှောက်နေထိုင်ကြတဲ့ မော်လူး၊ အုန်းဒုတ်၊ မင်းသာရွာတွေက တခဏအတွင်းရေကြီးရလျှံဖြစ်တော့တာပါဘဲ။ အခုမြင်တွေနေရတဲ့အုန်းဒုတ်ရွာဆိုရင် မိုးကဒီထက်ကိုများပိုရွာခဲ့ရင်ခက်ချီရဲ့ဆိုတဲ့အတွေးက ရှိနေတာမို့ နွားတွေရေဘေးလွှတ်ရာကိုချက်ချင်းပြောင်းရွှ့နေကြရတာပါ ရေကအုန်းဒုတ်ရွာမကြီးအတိုင်းကားလမ်းတွေပေါ်၂ပေ တချိုနေရာတွေမှာ၃ပေလောက်ရောက်နေတာမို့ တအုံနွေနွေးစိုးရိမ်ပူပန်နေကြရတော့တာပါ တော်ပါသေးရဲ့မိုးကတိပ်ပြီးတော့နောက်ထပ်၇နာရီကြာ ညရောက်တော့မှရေကပြန်ကျသွားလေရဲ့။ မော်လူးမှာကတော့ ဒီလိုဖြစ်စဉ်တွေမဆန်းတော့ပေမဲ ရေကဒီထက်ပိုကြီးလာရင်ဘယ်လိုလုပ်
ကြမလဲရေဘေးကယ်ဆယ်ရေးတွေဘယ်လိုစီစဉ်မလဲဒါလည်းတကယ်လည်းအဆင်ပြေအောင်တော့လုပ်ကြမှာပါ။ အဲဒီအချိန်ကိုစောင့်နေမဲ့အစား သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းကြရအောင်ဆိုပြီးတောတောင်တွေကိုအပြစ်တင်နေမဲ့အစား အဲဒီမရှိတာတွေကို
ပြန်ပြောနေမဲ့အစား ရှေဆက်ဘယ်လိုပြင်ဆင်ထိမ်းသိမ်းဆောင်ရွက်ကြရင်ကောင်းမယ်ဆိုတာဘဲ အကြံပြုကြရမယ်။ အထိကမော်လူးဒေသမှာ
စီးဆင်နေတဲ့ချောင်းတွေဖြစ် ဟဲနုချောင်း၊ မော်လူးချောင်းတွေက်ုရေစီးရေလာကောင်းအောင်ပြန်လည်ပြုပြင်ဆောင်ရွက်သင့်ကြောင်း ဒါလဲအားသိကြပြိးဘဲဖြစ်မှာပါ ပြီးတော့မော်လူးမြို့ပေါ်ရပ်ကွက်ကရေမြောင်းတွေကို ပြန်လည်ပြု ပြင်ပြီးရေစီးရေလာကောင်းအောင်ဆောင်ရွက်သင့်ပါကြောင်း---


 အင်းတော်မြို့နယ်၊ မော်လူးပညာရေးအုပ်စုတွင် မူလတန်းဆင့်ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကျင်းပ


အင်းတော်မြို့နယ်၊ မော်လူးပညာရေးအုပ်စုတွင် မူလတန်းဆင့်ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကျင်းပ

မော်လူး စက်တင်ဘာ ၁၃

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

၂၀၁၅/၁၆ ပညာသင်နှစ် မူလတန်းဆင့်ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးပညာရေးအုပ်စု အုန်းဒုတ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စက်တင်ဘာ၁၃ရက် နံနက်၁၀နာရီအချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါမူလတန်းဆင့်ပညာတန်ဆောင်ရုပ်ပြစာစီစာကုံးပြိုင်ပွဲကို မော်လူးဒေသမှ မော်လူးအထက၊ နန့်စီးအောင်အထက(ခွဲ)၊ မော်လူးပညာရေးအုပ်စု (အမက-၁၇)ကျောင်း၊ နန့်စီးအောင်ပညာရေးအုပ်စု(အမက-၂၀)ကျောင်းများမှ ဖြေဆိုသူကျောင်းသား ကျောင်းသူ(၃၉)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း၊ ကသာခရိုင်ပညာရေးဋ္ဌာန၏စီစဉ်ညွှန်ကြားမှုဖြင့် မော်လူးအထက ကျောင်းအုပ်ဆရာမကြီးဒေါ်သောင်းတင့်နှင့် အုပ်စုဆရာ ဆရာမများကဦးစီးဦးဆောင်ပြုကာ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်


Saturday, September 12, 2015

ပေကုန်း ဘုန်းတြော်ကီး ဈာပနပွဲ

အင်းတော်မြို့နယ်မော်လူးဒေသမန်ဟဲအုပ်စုပေကုန်းကျောင်းတိုက်ကြီး၏ဦးစီးပဓာနနာယကဆရာတော်ဘဒ္ဒနစာန္ဒမဟာထေရ်ဈာပနပွဲတော်ကိုမန္တလေးတက္ကသိုလ်နှင်းခိုင်ဇာတ်ပွဲဖြင့်ဝါခေါင်လ္ဆုတ်၁၀ရက်နေ့တွင်ပေကုန်းဘုန်းတော်ကြီးကျောင်း၌ပွဲစာချုပ်ချုပ်ဆိုပြီးတပို့တွဲလဆန်း၃ ၄ ၅ရက်၃ရက်တိုင်ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်။




Saturday, September 5, 2015

မူးယစ်ဆေး ပိုင်ရှင်မဲ့ သိန်း ၂၀၀၀ နီးပါးဘိုး


ကျပ်သိန်း ၂၀၀၀ ခန့်တန်ဘိုးရှိ မူယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
မော်လူး | စက်တင်ဘာ ၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မန္တလေး - မြစ်ကြီးနား မီးရထားလမ်း ပင်ဝ်ဲမီးရထားဘူတာနှင့် မော်လူးမီးရထားဘူတာအကြား ကြို့ပင်ချောင်းအနီးတွင် စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်အချိန်က မီးရထားလမ်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်စစ်ကြောင်းမှ ကျပ်သိန်း ၂၀၀၀ ခန့်တန်ဘိုးရှိ မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်အချိန်တွင် ခလရ(၂၇) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်ဦး ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်ဇင်ဦး ဗိုလ်ကြီး ဝေလင်းမောင်တို့ ဦးဆောင်သည့် တပ်မတော်သားများသည် မန္တလေး - မြစ်ကြီးနား မီးရထားလမ်း ပင်ဝဲမီးရထားဘူတာနှင့် မော်လူးမီးရထား ဘူတာအကြားတွင် မီးရထားလမ်းလုံခြုံရေးတာဝန်ထမ်းဆောင်နေစဉ် အမည်မသိအမျိုးသား ၄ ဦးသည် တပ်မတော်သားများအားမြင်တွေ့ပြီး ၄င်းတို့သယ်ဆောင်လာသည့် ပစ္စည်းများ ပစ်ချပြီး ထွက်ပြေးသွားခဲ့ကြကြောင်း ၄င်းတို့ ပစ်ထားခဲ့သည့် အဝါရောင် ပလပ်စတစ်ပုံး ၅ ပုံးအား စစ်ဆေးရာ ပလပ်စတစ်ပုံးများအတွင်းမှ အပြာရောင် ဆပ်ပြာခွက် ၄၂ ခွက် ပန်းရောင် ဆပ်ပြာခွက် ၄၁ ခွက် အစိမ်းရောင် ဆပ်ပြာခွက် ၄၀ခွက် အနီရောင်ဆပ်ပြာခွက် ၄၉ ခွက် စပ်ကြားဆပ်ပြာခွက် ၂ ခွက် စုစုပေါင်း ဆပ်ပြာခွက် ၁၇၄ ခွက်အတွင်းမှ မူယစ်ဆေးဝါးများဟုယူဆရသော အဖြူရောင်နှင့် အဝါရောင်အမှုန့် အလေးချိန် ၁၆၁၃ ဂရမ်နှင့် စိတ်ကြွဆေးပြား ၆၉၅၀ ပြား (စုစုပေါင်းကာလတန်ဘိုး ကျပ်သိန်း ၁၉၆၀၅၀၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့ရာ နေ့လည် ၁၂ နာရီအချိန်တွင် မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ လွဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ အဆိုပါ အမှုအား မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ မယ- ပ/ ၂၇ | ၁၉က/၁၂ ကျင့် ၅၁၂ အရ အမှုဖွင့် အရေးယူထားပြီး တရားခံမျာကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရန် ဆက်လက်စုံစမ်း စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ခင

Friday, September 4, 2015

COC မှာ မြန်မာစာ မပေါ်လို့ စိတ် ညစ်နေတဲ့ ကိုကို ညီညီ ဦးကြီးများ အတွက် သတင်းကောင်း

huawei  y 625

honor  G620S

ဖုန်း  တွေမှာ   COC  ကို  မြန်မာစာ   မြင်လိုသူများ   မော်လူးက   ဖုန်းဆိုင်တစ်ဆိုင်  မှာရနေပြီ  ဘယ်ဆိုင်လဲတော့သိဘူး

စုံစမ်းပြီး  ထည့်လိုက်ကြတော့



Thursday, September 3, 2015

တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြဌာန်း

မြန်မာ နိုင်ငံသား မှန်ရင်  သိထား မှတ်သား သင့်ပါတယ်


တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပြဌာန်




တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ
(၂ဝ၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၅၄။)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်၊ သက်ဆိုင်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေသည် မြန်မာနိုင်ငံတွင် နေထိုင်သူအားလုံးနှင့် လည်းကောင်း၊ မြန်မာနိုင်ငံပြင်ပတွင် နေထိုင်သော နိုင်ငံသားနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ တွင်နေထိုင်စဉ် နိုင်ငံသားနှင့် ထိမ်းမြားသော နိုင်ငံခြားသားနှင့်လည်းကောင်း သက်ဆိုင်စေရမည်။
၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) နိုင်ငံသား ဆိုသည်မှာ မြန်မာနိုင်ငံသားဥပဒေတွင် နိုင်ငံသား အဖြစ် ဖော်ပြထားသည့် မြန်မာနိုင်ငံသားကို ဆိုသည်။ ယင်း စကားရပ်တွင် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ လည်းပါဝင်သည်။
( ခ ) မြန်မာနိုင်ငံတွင်နေထိုင်သူ ဆိုသည်မှာ မြန်မာနိုင်ငံတွင် အမြဲ ဖြစ်စေ၊ ယာယီဖြစ်စေနေထိုင်သူကို ဆိုသည်။
( ဂ ) ယောက်ျား ဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူယောက်ျားကို ဆိုသည်။
(ဃ) မိန်းမ ဆိုသည်မှာ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ လူမိန်းမကိုဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၎။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
(က) ဥပဒေနှင့်အညီ ထိမ်းမြားကြသော လင်နှင့်မယားတို့ တစ်ဦး အပေါ်တစ်ဦး သစ္စာရှိစွာဖြင့် သာယာချမ်းမြေ့သည့် အိမ်ထောင် တည်ဆောက်နိုင်စေရန်၊
(ခ) တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဖြင့် အမျိုးသမီးများ တရားမဝင်မယားအဖြစ် ရောက်ရှိခြင်းမှကာကွယ်ရန်၊
(ဂ) အိမ်ထောင်ဘက် တစ်ဦးထက်ပို၍ ယူခြင်းကြောင့် ဖြစ်ပွားနိုင် သည့် အိမ်ထောင်ရေး ပြဿနာနှင့် အိမ်ထောင်ရေးမှုခင်းများကို တားဆီးနိုင်ရန်၊
(ဃ) အမျိုးသား၊ အမျိုးသမီးများ၏ ကိုယ်ကျင့်တရား ပိုမိုထိန်းသိမ်း နိုင်ကြစေရန်။
အခန်း (၃)
တစ်လင်တစ်မယားစနစ်ဖြင့် ထိမ်းမြားခြင်း
၅။ မည်သည့်ယောက်ျားနှင့် မိန်းမမဆို ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ပါက တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာ အရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ တရားဝင်ထိမ်းမြားခြင်း ပြုနိုင်သည်။
၆။ ဤဥပဒေအာဏာတည်ပြီးနောက် ယောက်ျားနှင့် မိန်းမတို့သည် ဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်း အရဖြစ်စေ ထိမ်းမြားမှုပြုလုပ်ရာတွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း သာလျှင် တရားဝင်အတည်ဖြစ်သည်။
၇။ မြန်မာဗုဒ္ဓဘာသာဝင်အချင်းချင်း ထိမ်းမြားခြင်းသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် ညီညွတ်ပါက တရားဝင် အတည်ဖြစ်သည်။
၈။ ဗုဒ္ဓဘာသာဝင်မိန်းမနှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားတို့ ထိမ်းမြားခြင်းသည် ဤဥပဒေနှင့်မဆန့်ကျင်သရွေ့ မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနှင့်ညီညွတ်ပါက တရားဝင် အတည်ဖြစ်သည်။
၉။ ဗုဒ္ဓဘာသာဝင်မဟုတ်သူအချင်းချင်း ယင်းတို့နှင့်သက်ဆိုင်သည့် ဥပဒေ၊ ဘာသာ၊ ဓလေ့ထုံးတမ်းနှင့်အညီ ထိမ်းမြားခြင်းသည် ဤဥပဒေနှင့် မဆန့်ကျင် သရွေ့ အတည်ဖြစ်သည်။
အခန်း (၄)
တားမြစ်ချက်များ
၁ဝ။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ လင်နှင့်မယားတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ တရားဝင်ထိမ်းမြားပြီးသည့် ယောက်ျား သို့မဟုတ် မိန်းမသည် အဆိုပါ ထိမ်းမြားမှုတည်မြဲနေစဉ်ကာလအတွင်း ဤဥပဒေအာဏာတည်သည့်နေ့မှ စ၍ အခြားသူတစ်ဦးနှင့် ထပ်မံထိမ်းမြားခြင်းမပြုရ သို့မဟုတ် လင်မယား အဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်းမပြုရ။
၁၁။ ယောက်ျား သို့မဟုတ် မိန်းမသည် ယခင်က ထိမ်းမြားခဲ့ဖူးလျှင် ယင်းသို့ ထိမ်းမြားခဲ့ဖူးကြောင်း အသိပေးကြေညာ၍ ယခင်အိမ်ထောင်နှင့် တရားဝင် ကွာရှင်းပြတ်စဲပြီးဖြစ်ကြောင်း ခိုင်မာသည့် အထောက်အထား တင်ပြနိုင်လျှင် အခြားသူတစ်ဦးနှင့်ထပ်မံ၍ ထိမ်းမြားနိုင်သည်။
၁၂။ မည်သူမျှ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် ထပ်မံ၍ ထိမ်းမြား မှုမပြုရ သို့မဟုတ် လင်မယားအဖြစ် တရားမဝင်နေထိုင်ပေါင်းသင်းခြင်း မပြုရ။
အခန်း (၅)
ပြစ်ဒဏ်များ
၁၃။ မည်သူမဆို ပုဒ်မ ၁ဝ သို့မဟုတ် ပုဒ်မ ၁၂ ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
၁၄။ တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် လင် သို့မဟုတ် မယားသည် အခြားသူနှင့်ထပ်မံ၍ ထိမ်းမြားလျှင် ဤဥပဒေအရ အိမ်ထောင် ရေးပြစ်မှုကို ကျူးလွန်ခြင်းဖြစ်၍ ကျန်သည့်မယား သို့မဟုတ် လင်က လင်မယားကွာရှင်းခွင့်ရှိသည်။
၁၅။ ပုဒ်မ ၁၄ အရ လင်မယားကွာရှင်းရာတွင် အိမ်ထောင်ရေးပြစ်မှု ကျူးလွန်သူသည် နှစ်ဦးပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ ¤င်း၏အခွင့်အရေးများ ဆုံးရှုံးခြင်းခံရမည်။
၁၆။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျားတစ်ဦးသည် အဆိုပါ ထိမ်းမြားမှုအတည်ဖြစ်နေစဉ် အခြားမိန်းမတစ်ဦးနှင့် ထပ်မံထိမ်းမြားပါက တရားမဝင်ထိမ်းမြားခြင်းဖြစ်သဖြင့် နောက်မိန်းမသည် ထိုယောက်ျား၏ အမွေကိုဆက်ခံခွင့်မရှိစေရ။ နောက်မိန်းမယူသည့် ယောက်ျားသည်လည်း ပထမမိန်းမနှင့် နောက်မိန်းမတို့၏ အမွေကိုဆက်ခံခွင့်မရှိစေရ။
၁၇။ မည်သူမဆို ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရ ဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦးသည် အဆိုပါထိမ်းမြားမှုအတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှု ကို ထိမ်ချန်၍ အခြားယောက်ျား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြား ပါက ၁ဝ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
အခန်း (၆)
အထွေထွေ
၁၈။ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ ထုံးတမ်းအရဖြစ်စေ ထိမ်းမြားပြီးသော ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦး သည် အဆိုပါထိမ်းမြားမှု အတည်ဖြစ်နေစဉ် ယင်းထိမ်းမြားမှုကို ထိမ်ချန်၍ အခြားယောက်ျား သို့မဟုတ် မိန်းမတစ်ဦးကို ထပ်မံထိမ်းမြားပါက နစ်နာသူ သည် တရားမကြောင်းအရ တရားစွဲဆိုပိုင်ခွင့်ရှိသည်။
၁၉။ ဤဥပဒေ အာဏာမတည်မီက တည်ဆဲဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ကိုးကွယ်ရာဘာသာအရဖြစ်စေ၊ ဓလေ့ထုံးတမ်းအရဖြစ်စေ တရားဝင် အတည်ဖြစ်သည့် ထိမ်းမြားခြင်းကို ဤဥပဒေက မထိခိုက်စေရ။
၂ဝ။ တရားမဝင်ထိမ်းမြားလက်ထပ်ခြင်း သို့မဟုတ် ထိမ်ချန်ထိမ်းမြားလက်ထပ် ခြင်းကြောင့် ရရှိလာသော သား၊ သမီးများသည် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆုံးရှုံးခြင်း မရှိစေရ။
၂၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမ များ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များကို ထိခိုက်ခြင်း မရှိစေရ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

.. https://www.facebook.com/MyanmarExpress

10.4KShare on facebookShare on twitterShare on emailShare on print
Visit website


ဈေးနား က အပေါက်ဖာဘို့ ၆ ရက်နေ့ ပိုက်ဆံ ထုတ်ပေးတော့ မှာတဲ့

fb  မှာ  ပြောသွားတယ်ဗျာ  မြို့နယ်  ထောက်ကူ  အဖွဲ့  က  ထင်တာဘဲ
ပုံမှာ  တာ  ကြည့်လိုက်တော့


စည်ပင် ဆရာတို့ ဒါမှမဟုတ် တာဝန်ရှိသူတွေ fb မှာ ပါလာပြန်ပြီနော့

ဟိုရှောင်ဒီလျှောင်  လုပ်နေလို့  ရဘူးနော့
fb  မှာ တက်အော်  နေတဲ့ သူတွေ  ဘက် ကမလွန်ဘူး  မမြင်သေးရင်  သွားရောက်  လေ့လာနိုင်ပါတယ်

နေရာမသိမှာစိုးလို့  လျှပ်စစ်ရုံး  နဲ့  ဈေးဒေါင့်က တံတာြး


Wednesday, September 2, 2015

အမျိုးစောင့် ဥပဒေ အောင်ပွဲခံမည် ရန်ကုန်သွားကြစို့

အမျိုးစောင့်ဥပဒေအောင်ပွဲခံဖို့ အားမွေးထားကြစို့ 
______________________
အမျိုးစောင့်ဥပဒေလေးရပ်အားနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကိုယ်တိုင်လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့ပြီးဖြစ်၍အောင်မြင်မှု့အထိမ်းအမှတ်အဖြစ်ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝန်းတိုင်းနှင့်ပြည်နယ် ၁၄ ခု၌တော်သလင်းလ္ဆန်း ၁ ရက်နေ့ မှ ၁၄ ရက်နေ့ ထိမဘသ-ဗဟိုမှညွန်ကြားသည့်အတိုင်းသတ်မှတ်ရက်များအလိုက်စည်းကမ်းရှိရှိစနစ်တကျ"အမျိုးစောင့်ဥပဒေ"အောင်ပွဲများအားတိုင်းနှင့်ပြည်နယ်အလိုက်ခြိမ့်ခြိမ့်သဲသဲကျင်းပမည်ဖြစ်ပြီး၊တော်သလင်းလ္ဆန်း ၁၅ ရက် (တော်သလင်းလပြည့် / ၂၈-၉-၂၀၁၅)နေ့ တွင်"အမျိုးစောင့်ဥပဒေ"အတည်ပြုနိုင်ရေးအတွက်စတင်ဆန္ဒဖော်ထုတ်ပွဲကျင်းပခဲ့သည့်လေးဆူဓာတ်ပုံရွှေတိဂုံဘုရားတည်ရှိရာမြို့တော်ရန်ကုန်၌တစ်နိုင်ငံလုံးကိုကိုယ်စားပြုသည့် ခြိမ့်ခြိမ်သဲသဲဂုဏ်ပြုကြိုဆိုပွဲအားကျင်းပသွားမည်ဖြစ်ကြောင်း (၃၁-၈-၂၀၁၅)နေ့ မဘသ(ဗဟို)၌ကျင်းပသည့်ဗဟိုဦးဆောင်ဆရာတော်များအထူးအစည်းအဝေး၌ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါကြောင်းသီတင်းကောင်းပါးအပ်ပါသည်။ ။


မော်လူးတွင် သွေးလွန်တုပ်ကွေး တားဆီးကာကွယ် နှိမ်နင်းရေးဆောင်ရွက်





စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးဒေသ ပဲခူးကျေးရွာ အုန်းဒုတ်ကျေးရွာ မြမာလာရပ်ကွက် များသို့ အင်းတော်မြို့နယ် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဋ္ဌာနမှ ဦးစိုးနိုင် ဦးတင်အုန်း ဦးအောင်သန်းဝင်း မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့်အဖွဲ့ မော်လူးတိုက်နယ် ဆရာဝန် Dr လာမာမီး ဦးကြည်ကိုကို ( ကျန်းမာရေး ကြီးကြပ် ၁ ) ဦးမောင်မောင်တာ ( ကျန်းမာရေး ကြီးကြပ် ၂) နှင့် ကျန်းမာရေး ဝန်ထမ်းများမှ ၂.၉.၂၀၁၅ ရက်နေ့တွင် သွေးလွန်တုပ်ကွေးရောဂါ တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြပါသည်။

Tuesday, September 1, 2015

သဟပုညကာရီ ဆွမ်းကပ်အဖွဲ့ ရဲ့ ရေဘေးအလှူ


မော်လူး ဒေသ မှ  ရေဘေး  သင့် အိမ်ပါသွားသော မိသားစုများ  အား  လှူဒါန်း


Monday, August 31, 2015

ဖုန်းအားသွင်းတဲ့အခါ အားမြန်မြန်ပြည့်အောင် ဆောင်သင့်၊ ရှောင်သင့်သော အချက်များ

ဖုန်းအားသွင်းတဲ့အခါ အားမြန်မြန်ပြည့်အောင် ဆောင်သင့်၊ ရှောင်သင့်သော အချက်များ

အခုဆိုရင် မြန်မာနိုင်ငံမှာ ၉၀ ရာခိုင်နှုန်းသော လူတိုင်းရဲ့ လက်ထဲမှ Smart ဖုန်းကိုယ်စီရှိနေကြမှာပါ။ မိမိရဲ့ ဖုန်းကို ဂရုစိုက်ကြတဲ့ လူတွေရှိသလို အလုပ်များလို့ ဂရုမစိုက်နိုင်တဲ့ လူတွေလည်း ရှိကြပါတယ်။  ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရံဖန်ရံခါမှာတော့ မိမိဖုန်းကို အားသွင်းဖို့ မေ့တာတို့ ၊ ဖုန်းအရမ်းသုံးရင်းနဲ့ အားကုန်သွားတာတို့ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဖုန်းအားသွင်းတာကို မြန်မြန်ပြည့်စေချင်တဲ့ ဆန္ဒတွေအရမ်းထက်သန်နေပါလိမ့်မယ်။ အရာရာတိုင်းဟာ မိမိရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ အခုဆောင်းပါးမှာတော့ ဖုန်းအားသွင်းခြင်းနဲ့ ပတ်သက်ပြီး မိမိရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း မကျပေမဲ့ မိမိရဲ့ ဆန္ဒစောနေတဲ့ အချက်လေးကိုတော့ အနည်းငယ် သက်သာစေမဲ့ နည်းလမ်းအချို့ကို ရေးသားဖော်ပြလိုက်ပါတယ်။

ဖုန်းအားသွင်းတဲ့အခါ ကွန်ပျူတာမှာပါဝင်တဲ့ USB အပေါက်တွေနဲ့ အားသွင်းခြင်းကို ရှောင်ကြဉ်ပါ
————————————————————————————
ဖုန်းအားသွင်းတဲ့အခါ အချို့ကွန်ပျူတာရှိသည့် သူများမှ ကွန်ပျူတာတွင် ပါဝင်သည့် USB အပေါက်များတွင် ကွန်ပျူတာ သုံးရင်းဖြင့် ဖုန်းအားသွင်းကြလေ့ရှိပါတယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်နေရင်း ဖုန်းအားသွင်းတော့ အလုပ်လည်းပြီးဖုန်းလည်းအားမြန်မြန်အားပြည့်တယ်ဆိုပြီး ထင်ကောင်းထင်ကြပါလိမ့်မယ်။ ဖုန်းအားသွင်းခြင်းအတွက်ကတော့ အလျင်အမြန်အားပြည့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သာမန် USB 1.0 နဲ့ 2.0 တို့ရဲ့ လျပ်စစ်စီးနှုန်းဟာ 0.5 A (A=Ampere) ပဲရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် အခု ခေတ်စားနေတဲ့ USB 3.0 မှာတော့ လျပ်စစ်စီးနှုန်းဟာ 0.9 A (A=Ampere) ထိရှိလာပါတယ်။ ထိုသို့ ကွန်ပျူတာတွင် ပါဝင်သည့် USB အပေါက်များတွင် ဖုန်းအားသွင်းခြင်းထက် ဖုန်းအားသွင်းသည့် Charger နှင့် အားသွင်းခြင်းသည် လျပ်စစ်စီးနှုန်း ပိုမိုမြန်ဆန်ပါတယ်။ Charger ဖြင့် အားသွင်းသည့်အခါ လျပ်စစ်စီးနှုန်းက 1.5 A (A=Ampere) အထိရှိတဲ့အတွက်ကြောင့်  ဖြစ်ပါတယ်။

လျပ်စစ်စီးနှုန်း ပိုမိုမြန်သည့် Charger များကို အသုံးပြုပါ
————————————————–
မိမိရဲ့ Charger ထက် လျပ်စစ်စီးနှုန်း ပိုမိုမြန်ဆန်သည့် Charger များကိုအသုံးပြုခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာ iPhone 6 မှာ ပါဝင်တဲ့ Charger ဟာ 1A (5W) သာလျပ်စစ်စီးနှုန်းရှိပါတယ်။ ဒါပေမဲ့ iPad မှာပါဝင်တဲ့ Charger ခေါင်းကတော့ 2.1A (12W) လျပ်စစ်စီးနှုန်းရှိပါတယ်။ ထို့အတွက်ကြောင့် iPhone 6 ကိုအားမြန်မြန်ပြည့်ချင်တဲ့အတွက် iPad Charger ခေါင်းနဲ့ အားသွင်းမည်ဆိုပါက သာမန်ထက် လျပ်စစ်စီးနှုန်းမြန်ဆန်ပြီး ဘက်ထရီအားပိုမိုမြန်ဆန်စွာ ပြည့်လာမှာဖြစ်ပါတယ်။
သို့သော်လည်း Charger တိုင်းကို မဆိုလိုပါဘူး။ မိမိပစ္စည်းရဲ့ Brand နဲ့ ကိုက်ညီမှုရှိတဲ့ Charger တွေသာ အဆင်ပြေပါလိမ့်မယ်။ ဥပမာ iPhone Charger နဲ့ iPad Charger လိုပေါ့။

ကောင်းမွန်တဲ့ USB ကြိုးတွေကို အသုံးပြုပါ
———————————————-
ကျွန်တော်တို့ဟာ ဖုန်းဝယ်တဲ့အခါပါဝင်တဲ့ Original USB ကြိုးနဲ့အားသွင်းတဲ့အခါ ပုံမှန် ကြာသင့်တဲ့ အချိန်ပမာဏ အတိုင်းကြာကြတယ်။ ဒါပေမဲ့ Original USB ကြိုးပျောက်သွားခြင်းဖြစ်စေ ၊ ပျက်စီးသွား၍ ဖြစ်စေ ဈေးနှုန်းသက်သာတဲ့ USB ကြိုးတွေဝယ်ပြီး အစားထိုးတတ်ကြပါတယ်။ ဒါဆိုရင်တော့ သေချာပါတယ်။ ပုံမှန်ထက် အားသွင်းနှုန်း ပိုကြာသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ USB ကြိုး ၊ မိမိ device နဲ့ ကိုက်ညီမှုရှိတဲ့ USB ကြိုးတို့ကိုသာ အသုံးပြုသင့်ပါတယ်။

ဖုန်းအားသွင်းတဲ့အခါ ချထားပါ
———————————-
အခုဆိုရင် COC ကစားတဲ့လူတွေများပြားလာတော့ ဒီအချက်ကို ထည့်သွင်းပေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ဖုန်းနဲ့ Game ကစားနေရင်း ဖုန်းအားနည်းသွားတဲ့အတွက်ကြောင့် Game ကစားရင်းနဲ့ အားသွင်းတတ်ကြပါတယ်။ ဒါဟာ ဖုန်းအားသွင်းမြန်ဆန်ခြင်းကို အနှောက်အယှက် ဖြစ်စေတဲ့အချက်ပဲဖြစ်ပါတယ်။ အချို့ Blog တွေမှာ ဖော်ပြချက်အရတော့ ဖုန်းအားသွင်းတဲ့အခါ ဖုန်းကို Airplane Mode အဖြစ်သို့ ဖြစ်စေ ၊ ပါဝါပိတ်ထားခြင်းအဖြစ်သို့ ဖြစ်စေ ပြုလုပ်ထားသင့်တယ်လို့ရေးသားဖော်ပြကြပါတယ်။ ဒါဟာ တကယ်လိုက်နာသင့်တဲ့အချက်ဖြစ်ပါတယ်။ ဒီလို မလိုက်နာနိုင်ဘူးဆိုရင်တောင် မိမိဖုန်းအားသွင်းတဲ့အခါ ဖုန်းနဲ့ ဘာအလုပ်မှမလုပ်ပါနဲ့။ ဒါဆိုရင်တော့  သင့်ဖုန်းအားသွင်းခြင်း မြန်ဆန်လာမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါအချက်တွေကတော့ ဖုန်းအားသွင်းတဲ့အခါ မြန်ဆန်စေမဲ့ တကယ်အသုံးဝင်တဲ့ နည်းလမ်းတွေကို ရှာဖွေကာ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
Ref : Geek
credit - Aung Ko Htet (MMAS



မော်လူးအုပ်စုက တာဝန်ရှိသူများ ပရဟိတ များ #$% အဖွဲ့အစည်းများ အခွင့်အရေး လက်လွတ်မခံနဲ့ နန်းခွင်ကျင်တံတားတဲ့

နန်ခွင်းကျင်ရွာတံတားသွားရလာရတာတော်၂စိတ်ပျက်
ဘို့ကောင်းဆိုင်ကယ်လည်းတွန်းပြီးသွားရတယ်
သက်ဆိုင်သူများဒီအတိုင်းကြည့်နေတော့မှာလား

fb  မှာတွေ့လို့


Sunday, August 30, 2015

မေတ္တာအခါတော်နေ့ အကြောင်း

•••••••••••••••••••••••••••••••••••••••••••••••
ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ-
“မေတ္တသုတ် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း”
နှင့် ဆက်စပ်၍ ကျင်းပခြင်း ဖြစ်ပါတယ်။

❖(၁)။မေတ္တာသည် ပါဠိဝေါဟာရဖြစ်၍ မြန်မာလို
ချစ်ခြင်းဟု အဓိပ္ပါယ်ရ၏။

❖(၂)။မေတ္တာဓာတ်သည် ကြည်လင်အေးမြ၍ ငြိမ်းချမ်းသော
သဘောကို ဆောင်၏။တဏှာကဲ့သို့ နောက်ကျူ
ပူလောင်သော သဘောမျိုး မဟုတ်ချေ။

❖(၃)။မေတ္တာသည် ဗြဟ္မဝိဟာရ တရားလေးပါးတွင်
တစ်ပါး အပါအဝင်ဖြစ်၏။

❖(၄)။မေတ္တာသည် အတိုင်းမသိသော သတ္တဝါတို့
အပေါ်တွင် အာရုံရောက်၍ “အပ္ပမညာတရား”ဟုတွင်၏။

❖(၅)။မေတ္တာသည် ဈာန်ကို ရနိုင်စေသော
“ဗြဟ္မဝိဟာရတရားထူး” ဖြစ်၏။

❖(၆)။မေတ္တာဗြဟ္မစိုရ်ကို ပွါးများနေလျှင် ကမ္ဘာလောကကြီး
ထာဝရ ငြိမ်းချမ်းနိုင်၏။

❖(၇)။မေတ္တာအကျိုး ၁၁မျိုးကို အဂုင်္တ္တရပါဠိတွင်
မြတ်စွာဘုရား ဟောကြားထားပါသည်။

❖(၈)။မေတ္တာပွါးနည်း ၁၁နည်းကို မေတ္တာသုတ်၌
မြတ်စွာဘုရား ဟောကြား ထားပါသည်။

❖(၉)။မေတ္တသုတ်မှာ ခုဒ္ဒကပါဌနှင့် သုတ္တနိပါတပါဠိတွင်
လာရှိပါသည်။

❖(၁၀)။ငါးရာ့နှစ်ဆယ်ရှစ်သွယ် မေတ္တာပွါးနည်းများကို
ပဋိသမ္ဘိဒါမဂ်တွင် ပြည့်စုံစွာ ဟောကြားထားပါသည်။

❖(၁၁)။မေတ္တာကို အဒေါသ၏ပရိယာယ်အဖြစ်
ပဋိကတ်ကျမ်းဂန်တို့၌ ဟောကြားထားပါသည်။

❖(၁၂)။မေတ္တာ၏ အဝေးရန်သူမှာ ဒေါသဖြစ်၍၊
အနီးရန်သူကား တဏှာလောဘ ဖြစ်လေသည်။

❖(၁၃)။တဏှာရာဂသည် မေတ္တာအယောင်ဆောင်၍
သတ္တဝါကို လှည့်စားတတ်လေသည်။

❖(၁၄)။မေတ္တာသည် ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်၍၊
ဒေါသဖက်သူက ကြမ်းတမ်းသလောက်၊
မေတ္တာဖက်သူက ယဉ်ကျေးသိမ်မွေ့လေသည်။

❖(၁၅)။မေတ္တာဓာတ်သည် သီတာရေ နှင့်
လရောင်တမျှ အေးမြပြီး၊ဒေါသမှာမူ နေနှင့်မီးပမာ
အပူဓာတ်ကိုသာ ပေးမြဲဖြစ်လေသည်။

❖(၁၆)။ရေမြေခြား၍ ဝေးကွာနေသော်လည်း
“မေတ္တာ”ဖြင့် ဆက်သွယ်လျှင် အနီးကလေးဟု
ဆိုရ၏။

❖(၁၇)။မေတ္တာကို အလျားအနံ မရှိသော်လည်း၊
အသွားအပြန် ရှိသောတရား ဟုဆိုကြ၏။

❖(၁၈)။စောင်ခြုံ၍ မလုံနိုင်၊မေတ္တာခြုံမှ လုံနိုင်၏။

❖(၁၉)။ငွေဖြင့် ဆက်ဆံရုံနှင့် မမြဲ၊
မေတ္တာဖြင့် ဆက်ဆံမှ တစ်သက်ပန် မြဲနိုင်၏။

❖(၂၀)။စက်၊ဗုံး၊အမြောက်မက ထက်မြက်ထိရောက်ပြီး၊
တစ်သက်လုံး အောက်ကျနိုင်သော လက်နက်မှာ
“သည်းခံခြင်း” ဆိုသော မေတ္တာလက်နက်ပင်ဖြစ်လေသည်။

❖(၂၁)။မေတ္တာစွမ်းရည်ကြောင့် ဆန့်ကျင်ဘက်ပြုသူတို့အပေါ်
အနိုင်ရရှိပုံကို “သာမာဝတီမိဖုရား၊ဥတ္တရာ အမျိုးသမီးနှင့်
မာဃလုလင်” တို့ကို သာဓက အဖြစ် ကြည့်သင့်၏။

❖(၂၂)။အိုးအလုံး ၁၀၀ဖြင့် တစ်နေ့လျှင်သုံးကြိမ်ချက်၍
လှူဒါန်းသော ဒါနထက် နို့တစ်ညှစ်စာ တစ်ခဏတာမျှ
ပွါးများသော မေတ္တာဘာဝနာက ပို၍အကျိုး
ကြီးမားကြောင်းမြတ်စွာဘုရားက
ဟောကြားထားလေသည်။

“မေတ္တာသုတ်အမွှန်း ဧကပိုဒ်ရတု”
•••••••••••••••••••••••••••••••••••••••••••••••
သုံးလူ့ထွတ်တင်၊မြတ်ရှင်ပင်၏၊
သွန်သင်ဟောကြား၊မြတ်တရားကို၊
နာကြားပြီးကာ၊ထေရ်ငါးရာတို့၊
မဟာမြိုင်တွင်း၊ဝင်ကာချဉ်းလျက်၊မယွင်းနေ့ည၊
မြတ်ဓမ္မကို ကျနသေချာ၊အားထုတ်ကာဖြင့်၊
သီလတန်ခိုး၊အရှိန်မိုး၍၊ရုက္ခစိုးနတ်၊ဗိမာန်ရပ်မှ၊
မပြတ်စွန့်ခွါ၊မခံသာကား၊ကြံရာမရ၊ခြောက်လှန့်ကြသော်၊
သပ္ပါယကင်း၊ထိုဝါတွင်းဝယ်၊ရှင်ရင်းထံပါး၊
ဝင်ခစားစဉ်၊ဘုရားမြတ်စွာ၊တို့ဆရာက၊
မေတ္တာမည်ခေါ်၊ပရိတ်တော်ကို၊အဖော်ပြုကာ၊
တောဝနာသို့၊ဆောစွာမသွေ၊သွားရောက်စေလျှင်၊
ထွေထွေဘယာ၊ကင်းစင်ကွာလျက်၊
ဒေဝါအများ၊ မေတ္တာထား၍၊မအားနေ့ည၊
အားထုတ်ကြသဖြင့်၊အာသဝကုန်ခန်း၊
ရဟန္တာစစ်၊အမှန်ဖြစ်သည့်၊မေတ္တသုတ္တန်၊
ဓမ္မက္ခန်ကို၊သံပြိုင်ကြေညာ၊ရွတ်ချိန်သာပြီ၊
သေချာမောင်တို့ ရွတ်ပါစို့။
(သေချာမယ်တို့ ရွတ်ပါစို့။)
[အထူးပရိတ်ကြီးမှ ဖော်ပြပါသည်။]
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】