Thursday, October 27, 2016
သီရိလင်္ကာပြည်တွင်းစစ်ကို အတုယူပါ ဝ အကြောင်းစိတ်ဝင်စားရင်ဖတ်လိုက်
သီရိလင်္ကာပြည်တွင်းစစ်ကို အတုယူပါ 
****************************************
ကမ္ဘာမှာ အင်အားအကြီးဆုံး သူပုန်အုပ်စုဖြစ်ခဲ့တဲ့ တမီးလ်ကျားသူပုန်အဖွဲ့ ကို သိရိလင်္ကာမှာ
ဘယ်လိုနှိမ်နှင်းခဲ့သလည်းဆိုတာ ဒီနေ့ ဖော်ပြချင်ပါတယ်။ပြီးတော့ သင်ခန်းစာဖော်ထုတ်သင့်တယ်လို
အပ်ရင် အတုယူသင့်ရင် အတုယူရမယ်လို့ ထင်ပါတယ်။
တမီးလ်ကျားသူပုန်အဖွဲ့ ရဲ့ အစ TNT လို့ ခေါ်တဲ့ Tamil New Tiger အဖွဲ့ ကို ၁၉၇၂ မှာစတင်
တည်ထောင်ခဲ့ပါတယ်။အဖွဲ့ ခေါင်းဆောင်ကတော့ ရာမန်ကာလမ်လို့ ခေါ်ပါတယ်။ ၁၉၇၆ ခုနှစ်ရောက်
မှ Libration of Tiger Tamil Elam(LTTE)လို့ နာမည်ပြောင်းခဲ့တာပါ။ထိထိရောက်ရောက် တိုက်ခိုက်
မူ့ တွေကို တော့ ၁၉၈၃ခုနှစ်မှစတင်ခဲ့တာပါ။အဲ့ဒီအချိန်လောက်တုန်းက ကမ္ဘာပေါ်မှာ ရေငုတ်သဘောင်္
တောင်ပိုင်ဆိုင်ဆဲအခြေထိရောက်ခဲ့ပြီး တိုင်းပြည်ရဲ့ သုံးပုံတစ်ပုံထိကိုတောင်ထိမ်းချုပ်နိုင်ခဲ့တဲ့ အင်အား
အကြီးမားဆုံး သူပုန်အဖွဲ့ ပါ။
၁၆ရာစုလောက်မှာ သီရိလင်္ကာကို ပေါ်တူဂီတို့  ဒတ်ခ်ျ တို့ ဝင်ရောက်လာခဲ့ပြီး ၁၉ရာစုလောက်
မှာ ဗြိတိန်ကိုလိုနီအဖြစ်သိမ်းပိုက်ခံလိုက်ရပါတယ်။ဗြိတိသျှကိုလိုနီနယ်တွေကတော့ ထုံးစံအတိုင်းသွေး
ခွဲအုပ်ချုပ်ခံရမယ်၊စစ်ရှုံးနိုင်ငံကလူတွေဟာ ဗြိတိသျှအင်ပါယာအတွက် နောက်တစ်နိုင်ငံအတွက် စစ်
သားအဖြစ်စုဆောင်းရမယ်၊ လူမျိုးဇာတ်ဖြတ် ခံရမယ့်ကိစ္စတွေ လုပ်ကြတာပေါ့။ အဲ့ဒီတုန်းကလည်း
တောင်ပိုင်းမှာရှိတဲ့ တမီးလ်လူနည်းစုတွေနဲ့ မြောက်ပိုင်းမှာရှိတဲ့ ဆင်ဟာလီလူအများစုကိုသွေးခွဲအုပ်
ချုပ်ခဲ့ပါတယ်။ အင်္ဂလိပ်တွေဟာ မြေလွတ်မြေရိုင်းတွေမှာ ကော်ဖီစိုက်ပျိုးဖို့ အတွက် အိန္ဒိယဘက်က
တမီးလ်မျိုးနွယ်စုတွေကိုအလုပ်သမားအဖြစ် ခေါ်သွင်းလာကြပါတယ်။တမီးလ်တွေကိုစာသင်ပေးတယ်
အုပ်ချုပ်သူလူတန်းစားနေရာမှာထားတဲ့အတွက် လူအများစုဖြစ်တဲ့ ဆင်ဟာလီတွေကမကျေနပ်ကြပါ
ဘူး။ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရတဲ့အချိန် နိုင်ငံစတင်ထူထောင်ကြတော့ ဆင်ဟာလီတွေဟာအုပ်
ချုပ်သူလူတန်းစားဖြစ်လာပြီးနောက်မှာတော့ တမီးလ်တွေဟာ မကြေနပ်ပဲခွဲထွက်ခွင့်တောင်းကြတယ်။
ပြသနာကအဲ့ဒီကနေစတာပါပဲ။
တမီးလ်တွေဟာအင်အားကြီးလာတာနဲ့ အမျှ အိန္ဒိယဘက်မှာရှိတဲ့ တမီးလ်မျိုးနွယ်စုတွေဟာ
သီရိလင်္ကာတမီးလ်တွေထိမ်းချုပ်ရာဒေသဘက်ကို ကူးလာကြပြီးနောက် နိုင်ငံရေးပေါက်ကွဲမူ့ တွေပြင်း
ထန်လာခဲ့ပါတယ်။ ၁၉၈၃ခုနှစ် ဇူလိုင်လထဲမှာ သီရိလင်္ကာ စစ်တပ်ယာဉ်တန်းတစ်ခုခြုံခိုတိုက်ခိုက်ခံရ
ပြီး စစ်သည် ၁၃ယောက်ကျသွားရာနေ စစ်ရေးတင်းမာမူ့ တွေစတင်လာပါတော့တယ်။ဒီလိုနဲ့ စစ်ဖြစ်ပြီး
လေးနှစ်လောက် ကြာတဲ့အချိန် ၁၉၈၇ ခုနှစ်လောက်မှ အိန္ဒိယကကြားဝင်ဖြန်ဖြေပေးတယ်။မအောင်
မြင်ခဲ့ပါဘူး။ တမီးလ်တွေဟာ လုံးဝင်ခွဲထွက်ရေးကိုသာ ဦးတည်နေခဲ့ပါတယ်။ အိန္ဒိယကလည်း India
Peace Keeping Force ဆိုတဲ့အဖွဲ့ တွေစေလွှတ်ပြီးဖြန်ဖြေပေးတယ်။အိန္ဒိယနဲ့ ပါထပ်ပြသနာတက်ပြီး
အိန္ဒိယစစ်တပ်ယာဉ်တန်းခြုံခိုတိုက်ခိုက်ခံခဲ့ရပြီးနောက် အိန္ဒိယအစိုးရဟာ တမီးလ်တွေကိုလက်နက်
ဖြုတ်သိမ်းဖို့ ကြိုးစားလာတယ်။ဒါပေမယ့်မအောင်မြင်ခဲ့ပါဘူး။ တမီးလ်တွေ အနေနဲ့ အိန္ဒိယမထောက်ခံ
ပေမယ့် အနောက်အုပ်စုကထောက်ခံနေတဲ့အတွက် အိန္ဒိယအပေါ်သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး။
ဒီလိုနဲ့ သီရိလင်္ကာပြည်တွင်းစစ်ဟာ အနှစ် ၂၀ကျော်ကြာတဲ့ထိထူးခြားမလာခဲ့ပါဘူး။အစိုးရက
ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းတာကို အခွင့်ကောင်းယူပြီး အင်အားပြန်လည်ဖြည့်တင်းလာတာပဲအဖတ်
တင်ခဲ့ပါတယ်။မကြာခဏဆိုသလို လေဆိပ်တွေ၊ဘဏ်တွေ၊ဘူတာရုံတွေ မိုင်းခွဲခံရသလို ငြိမ်းချမ်းရေး
လိုချင်တဲ့သိရိလင်္ကာခေါင်းဆောင်ကုမာရကွန်ခါလုပ်ကြံခံရလို့  မျက်စိတစ်ဖက်ကန်းခဲ့သလို သမ္မတပရီ
မာဒါဆာလည်းလုပ်ကြံခံခဲ့ရတယ်။အဲ့ဒီနောက် မဟိန္ဒရာဇာဟာ တမီးလ်တွေကိုအပြုတ်ဖြုတ်မယ်ဆိုတဲ့
ကြွေးကြော်သံနဲ့ အတူလူထုထောက်ခံမူ့ တွေရလာခဲ့တယ်။ ၂၀၀၈ခုနှစ်အပစ်အခတ် ရပ်စဲရေးသက်
တမ်းကုန်တဲ့အချိန်မှာတော့ သက်တမ်းမတိုးတော့ပဲ တိုင်းပြည် ဘတ်ဂျတ်ကို စုပုံသုံးစွဲပြီး စစ်အင်အား
ကို ၂သိန်းအထိတိုးချဲ့ ခဲ့တယ်။အဲ့ဒီနောက်အပြင်းအထန်ထိုးစစ်တွေဆင်နွဲပြီးနောက်မှာတော့ တမီးလ်
တွေအရှုံးပေးလာ ရပါတော့တယ်။ ဒီဖြစ်စဉ်မှာ လူ ၇၀၀၀ လောက်သေကြေပျက်ဆီးခဲ့ကြပြီးနောက်မှာ
တော့ တမီးလ်ကျားသူပုန်အဖွဲ့ လည်း ချုပ်ငြိမ်းသွားပါတော့တယ်။
ဒီဖြစ်စဉ်တွေကိုကျွန်တော်တို့ သင်ခန်းစာဖော်ထုတ်ကြည့်ကြစို့။ ငြိမ်းချမ်းရေးရဖို့ အတွက်အ
ပြင်းထန်ဆုံးထိုးစစ်ကြီး တစ်ရပ်ဆင်နွဲခဲ့ရတယ်။ ဒီလိုထိုးစစ်ဆင်ဖို့ အတွက်ကိုဘတ်ဂျက်စုပြုံသုံးစွဲခဲ့ကြ
သလို တစ်တိုင်းပြည်လုံးလူထုကလည်း ထောက်ခံခဲ့ကြတယ်။အခုကျွန်တော်တို့ နိုင်ငံမှာ ကအစိုးရစစ်
တပ်နဲ့ သောင်းကျန်းသူ အင်အားအတူတူလောက် ရှိတဲ့အခြေနေမှာ ရွှေပြည်အေးတရားဟောလို့ က
တော့ဘယ်တော့မှ အဆင်ပြေလာမှာမဟုတ်ပါဘူး။ KIA နဲ့ အစွယ်အပွားအဖွဲ့ တွေဆိုရင်လည်းကလိမ်
ကကျစ်အမြဲတမ်းလုပ်နေသလိုUWSAကလည်း အင်အားလေးတောင့်လာတော့ လက်မထောင်ပြီးနယ်
မြေချဲ့ ထွင်လာတာ အခုထက်ထိကိုပြန်မဆုတ်သေးဘူး။ ကြာလာရင် သံလွင်အရှေ့ ခြမ်းတစ်ခုလုံးပါ
လွှတ်တော်မှာ တင်တောင်းမယ့်အခြေနေရောက်လာတော့မယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ အ
ခုချိန်ကတည်းက လိုအပ်လို့ စစ်ပွဲဆင်နွဲရမယ်ဆိုရင် လူထုထောက်ခံမူ့ ရအောင်အခုကတည်းဖြစ်စဉ်
တွေချပြ ကြေညာပြီး စည်းရုံးထားသင့်ပြီး လူထုတစ်ရပ်လုံးရဲ့ ထောက်ခံမူ့ ရအောင်ကြိုတင်ကြိုးစား
သင့်ပြီလို့ တိုက်တွန်းရင်းနဲ့ ပဲ နိဂုံးချုပ်လိုက်ပါတယ်။
.
ဗိုလ်ဇင်ယော်
မော်လူးဖြစ်ကို အားပေးလိုက်ကြပါစို့
မင်္ဂလာပါခင်​ဗျာ
မော်​လူးမှာဒီလို ခိုင်​ခန့်​ပြီလှပတဲ့
ဖိနပ်​​တွေကို စိတ်​ကြိုက်​ဒီဆိုင်းမျိုးစုံ ​အော်​ဒါမှာယူနိုင်​ပြီ
နော်
လူတွေ ဘာကြောင့် ဒေါသထွက်ရင် အော်ပြောသလဲ?
လူတွေ ဘာကြောင့် ဒေါသထွက်ရင် အော်ပြောသလဲ?
•••••••••••••••••••••••••••••••••••••••••••••••••••••
(တန်ဖိုးမဖြတ်နိုင်တဲ့ စာသားလေးမို့ ဖတ်ဖြစ်အောင်ဖတ်ခဲ့ပါ။)
တစ်နေ့သ၌ သူတော်စင်တစ်ပါးနှင့် တပည့်ယောဂီတစ်စု တို့သည် မြစ်ဆိပ်သို့ ရေချိုးရန်ထွက်လာ ကြသည်။
မြစ်ဆိပ်သို့ ရောက်သော် တစ်ယောက်ကို တစ်ယောက် ဒေါသတကြီးနှင့် အော်နေကြသော မိသားစုတစ်စုကို တွေ့လေ၏။
ဤတွင် သူတော်စင်သည် တပည့်တို့ဖက်သို့လှည့်၍ အပြုံးဖြင့် မေး၏။
"တပည့်တို့... လူတွေဟာ ဘာအတွက်ကြောင့် ဒေါသထွက်ရင် တစ်ယောက် နဲ့ တစ်ယောက် အော်ပြောကြလဲ သိကြသလား?"
ယောဂီတွေဟာ ခေတ္တမျှ စဉ်းစားကြပြီးတော့ တစ်ယောက် သော ယောဂီက ထပြောတယ်။
"တပည့်တော်ထင်တာတော့... တည်ငြိမ်ရင့်ကျက်မှုဟာ
ဒေါသ ဖြစ်စဉ် ခနမှာ ပျောက်သွားတဲ့ အတွက်
ကြောင့် လူတွေ အော်ရတယ် ထင်ပါတယ်"
ဒီအခါမှာ သူတော်စင်က ပြန်မေးတယ်။ 
"ဒါပေမယ့်လို့ မိမိ ဒေါသ ထွက်နေတဲ့ လူဟာ
မိမိအနားမှာ ရှိနေခဲ့တယ်ဆိုရင် အကျယ်ကြီးပြောလို့ အကျိုးများလာပါ့မလားကွယ့်...
တိုးတိုးညင်သာစွာ နားလည်အောင်ပြောတာဟာ လူတစ်ယောက်ကို ပိုနားဝင်စေမယ်မဟုတ်လား။"
အခြားတပည့်တို့ကလဲ အဖြေမျိုးစုံဝိုင်းပေးကြတယ်။ ဒါပေမယ့် အဖြေ တစ်ခုမှစိတ်တိုင်း ကျဖွယ်မရှိဘူး။ ဒါနဲ့ နောက်ဆုံးသူတော်စင်က ရှင်းပြတယ်။
"တပည့်တို့... သေချာမှတ်ထားပါ။ လူနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ဒေါသထွက်တဲ့အခါ သူတို့ရဲ့နှလုံးသားဟာ ဝေးကွာသွားလေ့ရှိတယ်။
ဒီလို ကွာခြားသွားရတဲ့ အကွာအဝေးအလိုက် သူတို့ရဲ့စကားသံ ဟာလဲတစ်ဖက်သား ကြားရအောင် ကျယ်လာလေ့ ရှိတယ်။
ဒေါသ ထွက်ရလေလေ... ဒီဒေါသ ကြောင့်
ဝေးသွားတဲ့ တစ်ဖက်နှလုံးသား ကြားနိုင်အောင်
အသံကို ပို၍ ပို၍ ကျယ်ရလေလေပဲ။"
"ဒီလိုပဲ... လူနှစ်ဦး မေတ္တာမျှလာပြီ ဆိုရင်လည်း.. နှလုံးသားချင်း တဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့ အတွက်ကြောင့် အသံဟာတိုးသထက်တိုးလာတယ်။
မေတ္တာမျှနေသူ နှစ်ဦးအတွက် အကွာအဝေးဆိုတာ မရှိသလောက်ကို နီးသွားတဲ့ အထိ တစ်ယောက်ကိုတစ်ယောက်ကို အချစ်နဲ့ဆွဲခေါ်လေ့ရှိတယ်။"
ဆက်လက်ပြီး သူတော်စင်က ရှင်းပြတယ်။ "ဒီလို တိုးသထက်တိုးလာ၊ တစ်ယောက်နဲ့ တစ်ယောက် နီးသထက်နီးလာရာကနေ အချစ်ကြီးဆုံးဆိုတဲ့အချိန်မှာ စကားအနေနဲ့တောင် မပြောကြတော့ဘူးကွယ့်... တစ်ယောက်နဲ့ တစ်ယောက် တီးတိုးရွတ်ရုံ လောက်နဲ့သူတို့နှစ်ဦးလောကဟာ လှပနေတတ်တယ်။ နောက်ဆုံး အချစ်တတ်ဆုံးဆိုတဲ့ အချိန်မှာတီးတိုး ရွတ်ဖို့တောင် မလိုတော့လောက်အောင် အကြည့် တစ်ချက်နဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်နေကြတယ်။"
စကားအဆုံးမှာ သူတော်စင်ဟာ တပည့်အားလုံးကို ဝေ့ကြည့်လိုက်ပြီး-
"ဒါ့ကြောင့် တပည့်တို့သင်ခန်းစာ အနေနဲ့မှတ်ပါ... မိမိချစ်ရတဲ့ မိသားစုဝင်တွေ တပည့်တို့ကိုယ်စီမှာရှိကြတယ်မဟုတ်လား... တစ်ခါတစ်လေ စိတ်အခန့်မသင့်လို့ ဒေါသများထွက်ခဲ့မိရင် စကားတတ်နိုင်သလောက် ကျယ်ကျယ်မပြောပါနဲ့..
နှလုံးသားချင်း မဝေးစေအောင် တတ်နိုင်သလောက်ထိန်းကြပါ.. အကယ်၍ ပြောမိဆိုမိရင်.. တစ်ခါ... နှစ်ခါ မသိသာပေမယ့်.. တစ်ချိန်ချိန်မှာ နှလုံးသားချင်း
အဝေးဆုံးကို ရောက်မှန်းမသိ ရောက်သွားတဲ့အခါ ဘယ်တော့မှ ပြန်နီးနိုင်မှာမဟုတ်တော့...ပါဘူး။
°•°•••°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°°•
Ref: why do people shout in anger
လေယာဉ်တွေ သဘောင်္တွေ ခဏခဏပျောက်တဲ့ Bermuda Triangle 
လေယာဉ်တွေ သဘောင်္တွေ ခဏခဏပျောက်တဲ့ Bermuda Triangle အကြောင်း သိကောင်းစရာများ
Bermuda Triangle တည်နေရာ
1 ဒီထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ Devil's Triangle လို့ ခေါ်လေ့ရှိတဲ့ Bermuda Triangle ဟာ မြောက် Atlantic Ocean ရဲ့ အနောက်ဖက်ပိုင်းမှာရှိတဲ့ မြောက်များစွာသော လေယာဉ်တွေ၊ အာကာသယာဉ်တွေနဲ့ သဘောင်္တွေ ထူးဆန်းစွာ ပျောက်ကွယ်သွားလေ့ရှိတဲ့ နေရာလေးပါ။ လူအများစုကတော့ ဒီထူးဆန်းစွာ ပျောက်ပျက်သွားမူကို ထူးခြားတဲ့ကုန်းမြေ ဖြစ်တည်မူကြောင့်လို့ မှတ်ယူထားပါတယ်။ Bahamas, the Straits of Florida, Caribbean Island နဲ့ Atlantic သမုဒ္ဒရာတို့ ပတ်ပတ်လည် ၀န်းရံထားတဲ့ ထူးခြားတဲ့ နေရာလေးပါ။ ဒါ့အပြင် ဒီနေရာလေးက ပင်လယ်ကူး သဘောင်္ကြီးတွေ အမေရိက နဲ့ Europe နိုင်ငံတွေအတွက် အဓိက ကူးဖြတ်လေ့ရှိတဲ့ နေရာလေးဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်းဆိုလည်း မမှားပါဘူး။ ဇိမ်ခံသဘောင်္ကြီးတွေလည်း Florida နဲ့ ကျွန်းငယ်လေးတွေကို သွားတဲ့အခါ မဖြစ်မနေ ဖြတ်သန်းရတဲ့ နေရာလေးပါ။ လေကြောင်းတွေအတွက် ကုန်တင်လေယာဉ်တွေ တောင်အမေရိက၊ Florida၊ နဲ့ Caribbean ကျွန်းတွေအတွက် အဓိကကုန်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်ပါတယ်။
History
2ပထမဦးဆုံး ထူးဆန်းစွာ ပျောက်ကွယ်သွားမှု ဖြစ်စဉ်ဟာ Bermuda ဧရိယာမှာ ဖြစ်ပွားခဲ့တယ်လို့ ၁၉၅၀ ပြည့်နှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ဝေတဲ့ Edward Van Winkle Jones ရေးသားထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာ George X ရေးသားတဲ့ Fate မဂ္ဂဇင်း က ဆောင်းပါးမှာလည်း Sea Mystery At Our Back Door ဆိုတဲ့ ဆောင်းပါးတိုလေးမှာလည်း ဒီနေရာလေးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ရေးသားထားပါတယ်။ Sand က ဖော်ပြထားတဲ့ ဆောင်းပါးလေးမှာလည်း လေယာဉ်နဲ့သဘောင်္တွေ အမြောက်အမြား ပျောက်ကွယ် သွားတယ်လို့ ဆိုပါတယ်။ ဒါအပြင် Flight 19 လို့လူသိများတဲ့ US navy TBM avenger bombers လေယာဉ်ငါးစီးဟာ December 5, 1945 မှာ Naval Air Station Fort Lauderdale, Florida ကနေ Navigation problem No. 1 လို့ခေါ်တဲ့ လေ့ကျင့်မူတစ်ခုကို ပြုလုပ်နေစဉ်မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားပါတယ်။ အဲဒီပျောက်ကွယ်မူမှာ လေယာဉ်မောင်း ၁၄ ယောက်ဟာလည်း အတူပျောက်ကွယ်သွားပါတယ်။ ဒါ့အပြင် အဲဒီ လေယာဉ်တွေကို ရှာဖွေတဲ့ဝန်ထမ်း ၁၃ယောက် ပါဝင်တဲ့ PBM Mariner flying boat ဟာလည်း ရေထဲမှာ သူ့အလိုလို ပေါက်ကွဲသွားတယ်လို့ ယူဆရပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။ အမေရိကန် ရေတပ်ကတော့ ဒီဖြစ်စဉ်တစ်ခုလုံးကို သေချာတိကျတဲ့ အဖြေမပေးနိုင်ခဲ့ပဲ လေယာဉ်တွေ ဓာတ်ဆီကုန်ပြီး သူ့အလိုလို ပျက်သွားတယ်လို့ ယူဆရပါတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီနောက်ပိုင်းကစပြီး ဒီထူးခြားတဲ့ နေရာလေးအကြောင်းကို လူတွေစိတ်ဝင်စားမှု ပိုများလာခဲ့ပြီး လေ့လာဖော်ပြချက်တွေ၊ ငြင်းခုံမှုတွေ အမြောက်အမြား ပေါ်ပေါက်လာပါတယ်။
Explanations (ဘာကြောင့် နစ်မြုပ်တွေ ဖြစ်ပေါ်စေတာလည်း)
အ နာယကဂုဏ် (၆)ပါး ဆန်းတော့အဆန်းသား
နာယကဂုဏ် ၆ ပါးနှင့် အ နာယကဂုဏ် ၆ ပါး
.
နာယကဂုဏ် (၆) ပါး
.
၁။ ထကြွ
၂။ နိုးကြား
၃။ သနား
၎။ သည်းခံ
၅။ ဝေဖန်
၆။ ထောက်ရှု
ဤ (၆)ခု ကြီးသူကျင့်ဝတ်သာ
.
အ နာယကဂုဏ် (၆)ပါး
.
ဂဏန်း၊
ပုတ်သင်၊
ကိုင်းပင်၊
လိပ်မျိုး၊
 နွားသိုး၊
ခွေးအ
ဤခြောက်ဝ နာယက မတင်ထိုက် ။
ဂဏန်း=ဂဏန်းသည် တည့်တည့်မသွား
ဘေးတိုက်သွား၏ 
ငါတည်းဟူသောမာနနှင့် 
လက်မတစ်ထောင်ထောင်ရှိလှ၏။
ပုတ်သင်=ပုတ်သင်သည် 
ရာသီအလိုက်အရောင်ပြောင်းတတ်၏ 
မှန်သည် မှားသည် သင့်သည် မသင့်သည် မစဉ်းစား
နေရာတိုင်းမှာ ခေါင်းတညိတ်ညိတ်ရှိ၏။
ကိုင်းပင်=ကိုင်းပင်သည်မားမားမတ်မတ်မရှိ၊
လေယူရာယိမ်း၏ 
ဆိတ်ခလောက်နှင့် ဆင်တူ၏ 
သို့သော် သူတစ်ပါးအပေါ်၌
စိုးမိုးအုပ်ချုပ်လိုသော ဆန္ဒအမြဲရှိ၏။
လိပ်မျိုး=လိပ်သည်လေးတုန့်နှေးကန်စွာ
သွားလာတတ်၏ 
ယက်လေသမျှ ဝမ်းဗိုက်အောက်သို့သွင်း၏ 
ရလေသမျှ ငါ့ဥစ္စာချည်းဟုထင်၏ 
တစ်ကိုယ်ကောင်းဆန်လွန်းသောကြောင့် 
ကိုယ့်ဘက်ကို ယက်သော လိပ်ဟုပင် စကားပုံပြုကြ၏။
နွားသိုး=နွားသိုးသည်ရှုးရှုးရှဲရှဲနှင့် ဒေါသ
ထွက်လွယ်၏ 
မြင်သမျှနွား ငါ၏ပြိုင်ဘက် ဟုထင်၏ 
မိန်းမမြင်သော်ကြိုးပြတ်အောင်ရုန်းသောကြောင့် 
နွားသိုးကြိုပြတ်ဟု ခိုင်းနှိုင်းပြောဆိုကြ၏။
ခွေးအ=ခွေးအသည်သူတစ်ပါးအူသံ
ကြားသော် လိုက်၍အူတတ်၏ 
အူသော်လည်းဘာမှအရာမထင် 
ကျိုးကြောင်းရင်းကို မစဉ်းစား 
မိမိအူသံ ဘယ်သို့ ရှိသည်ကိုမသိ။
ဤသို့ဖြင့် အထက်ပါအချက်တို့မှ 
တပါးပါး ဖြင့်သော်လည်းကောင်းအား
လုံးဖြင့်သော်လည်းကောင်း ငြိစွန်းခဲ့သော်
ဤသူကို ခေါင်းဆောင်မတင်သင့်
ဟူ၍ နောင်လာနောက်သား ပြည်သူအများတို့အား 
ရှေးပညာရှိကြီးများ လမ်းညွှန်ပြခဲ့ကြသည်။
သမ္မတ နားမှာ နေပြီး ဝန်ထမ်းလုပ်လိုသူများအတွက်
နိုင်ငံတော် သမ္မတရုံးမှ အငယ်တန်းစာရေး နေရာ(၂၀) အတွက် အလုပ်လျှောက်လွှာခေါ်နေပါတယ်။လစာ
၁၆၀၀၀၀ကျပ်။ရိုးရိုးဘွဲ့ရအသက် ၂၅နှစ်အောက် မဟာဘွဲ့ရ ၃၀အောက်။ လျှောက်လွှာပိတ်ရက်
၁၆့၁၁့၂၀၁၆။
ဝ နဲ့ တပ် အခြေအနေ
မြန်မာ့တပ်မတော်၏ရာဇသံကြောင့် ဝ တို့ရဲ့သွေးသံလျင်မြစ်ထဲစီမျောရတော့မည်လား
UWSAဝအဖွဲ့ မိုင်းလားကနေ ၅၀ရာခိုင်နူန်း
မျှသာဆုတ်ခွာပြီး အင်အား၅၀၀ကျော်နီးပါး
ကျန်ရှိနေသေးပါတယ် တပ်မတော်ဘက်ကတော့
ဟိုပန် နဲ့ ကွန်လုံဒေသတွေကိုMPT
ဖုန်းလိုင်းတွေပိတ်လိုက်ပါပြီ ။
ဘာသဘောနဲ့အကုန်မဆုတ်သေးလဲဆို
တာကိုတော့ တပ်မတော်က ထိုင်ကြည့်နေမှာ
မဟုတ်တော့ပါ တပ်မတော်က ဝ အဖွဲ့ကို
၂၄.၁၀.၂၀၁၆နေ့နောက်ဆုံးထားပြီးမိုင်းလား
ကနေဆုတ်ခွာပေးဖို့ အမိန့်ပေးခဲ့ပေမဲ့
အင်အား၅၀၀ကျော်လောက် ဟာ၂၆.၁၀.၂၀၁၆
နေ့ထိကျန်ရှိနေသေးတာကြောင့် 
ဒါဟာ ဝ အနေနဲ့နှိင်ငံတော်အစိုးရသစ်ကို
သွေးတိုးစမ်းချင်တဲ့သဘောမှာသက်ရောက်
နေပါတယ် အစိုးရကိုသွေးတိုးစမ်းတာမစမ်း
တာတော့ ဝ အပိုင်းဘဲ
တပ်မတော်ကတော့ တိုင်းရင်းသားပြည်သူ
လူထုဘက်ကဘဲရပ်တည်ပြီး
ဝ အဖွဲ့တစ်ယောက်မကျန်အကုန်ဆုတ်ဖို့
ရာဇသံပေးခဲ့တာ သတ်မှတ်ရက်၂ရက်ကျော်
လာပြီမို့ ထိပ်တိုက်တွေ့ဖို့၈၀ရာခိုင်နူန်းသေချာ
သွားပါပြီ ဒေသ၄နေရာလောက်စစ်မြေပြင်
ဖြစ်သွားနှိင်တာကြောင့် ဒေသခံတိုင်းရင်းသား
များတကျော့ပြန်နေရပ်ဆုတ်ခွာပေးရမဲ့
အခြေနေကိုရောက်ရှိနေပါပြီ ။
သို့သော် ကျန်ရှိနေသေးတဲ့ ဝ အင်အား၅၀၀ကျော်
ရဲ့ထွက်ဆိုချက်အရတော့ ဝ ခေါင်းဆောင်
တွေရဲ့အထက်မိန့်မရသေးလို့စောင့်နေတယ်
လို့ပြောပါတယ် ရတာနဲ့အကုန်ဆုတ်သွား
မှာပါပြောပေမဲ့ တပ်မတော်ကအမိန့်ပေး
ထားတာ ၂ရက်ကျော်လာပြီမို့
တပ်မတော်ကို မထိလေးစား လုပ်တဲ့
သဘောသက်ရောက်မူ့ရှိနေတာကြောင့်
တပ်မတော်အနေနဲ့ ပြင်းပြင်းထန်ထန်
တုန့်ပြန်သွားမှာပါ တပ်မတော်မှသံချပ်ကာ
တွေ၁၀ထက်မနည်း လားရိုးဘက်ကို
အပြင်းချီတက်မောင်းနှင်းသွားပါပြီ ။
လူစကားကိုနားမလည်တဲ့ လူပါးဝတဲ့ ဝ
အတွက်တော့ အလာကောင်းပေမဲ့အခါနှောင်း
သွားခဲရ့ပါပြီ  ၂ရက်နဲ့တန်တဲ့ ပြစ်ဒဏ် ဝ ခံနှိင်ပါ့မလား???
Cd..Sitt Min
Via မောင်
Wednesday, October 26, 2016
သူရဲစီး စာသင်ကျောင်းအတွင်း ပရလောကသားများကို သေနတ်ပစ်ဖောက်နှင်ထုတ်
သူရဲစီး စာသင်ကျောင်းအတွင်း ပရလောကသားများကို သေနတ်ပစ်ဖောက်နှင်ထုတ်
———————-
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာ အထက(ခွဲ) စာသင်ကျောင်းမှာ သုသာန်မြေ နယ်နိမိတ်ပိုင်းခြားသတ်မှတ်အမိန့်ပြန်ပြီး ပရလောကသားတွေကို သေနတ် ၁၈ ချက် ပစ်ဖောက်နှင်ထုတ်ခဲ့တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပါတယ်။ 
ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူတွေက အောက်တိုဘာ ၂၅ ရက် နေ့လယ်က ရှမ်းရေကျော် အထက(ခွဲ) ကျောင်းမှာ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ ရွာသားတွေနဲ့ တွေ့ဆုံပြီးနောက် ခုလို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။ 
မြောင်းမြမြို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦးက ၀န်ကြီးချုပ်ဦးမန်းဂျော်နီက ကျောင်းပိုင်မြေဖြစ်လို့ ပရလောညကသားတွေ ရှိရင်လည်း ထွက်သွားဖို့ အမိန့်ပြန်တမ်း ထုတ်တာလို့ ပြောပါတယ်။
“ကျမတို့ဘက်က တာဝန်ရှိတဲ့အနေနဲ့ သင်္ချိုင်းကုန်းရဲ့နယ်မြေကို မြေသွားပြီး သတ်မှတ်ပေးတာ ပါ။ မြေသတ်မှတ်ပေးပြီး ကျောင်းဧရိယာဖြစ်သွားပါပြီဆိုတာရယ် ကျောင်းဧရိယာ ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ဥပမာ ပရလောကသားတွေ ရှိမယ် ဆိုရင် ထွက်သွားပေးပါဆိုတဲ့ ကြေညာစာမျိုး ကို ၀န်ကြီးချုပ်က သွားထုတ်ပေးတာပါ။”
တိုင်းဝန်ကြီးချုပ်ရဲ့ အမိန့်ပြန်တမ်းမှာ “၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက် ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာ အထကခွဲ ကျောင်းဆောင်သစ် ဆောာက်လုပ်ရာမှာ သုသာန်မြေနေရာမှ သုည ဒသမ ၃၆ ဧက ကျုးကျော် ပါသွားခဲ့ပါသည်။ သို့ဖြစ်ရာ သုသာန်နှင့် တောင်ဘက်ကပ်ရပ်ရှိ ကျောင်းဆောင်မြေနေရာမှ သုည ဒသမ ၃၆ ဧက ထုတ်နုတ်ပြီး သူသာန်မြေအဖြစ် အစားထိုး ပြန်လည်ပေးအပ်ကာ ကျေးရွာသုသာန်ဧရိယာအား ပြောင်းလဲသတ်မှတ်လိုက်သည်။ ရှမ်းရေကျော်ကျေးရွာ အထက ခွဲမှ ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကျုးကျော်ပါဝင်သွားသည့် ဧရိယာအစား ကျေးရွာသုသာန်မြေအား အစားထိုး ပြန်လည်ပေးအပ်ရွေ့ ကျေးရွာသုသာန်မြေအား ပြင်ဆင်သတ်မှတ်လိုက်သည်။ ထို့အတွက် ရှမ်းရေကျော်သုသာန်အတွင်း နေထိုင်ကြသည့် မြင်အပ် မမြင်အပ် ပုဂ္ဂိုလ်များအနေဖြင့် ရှမ်းရေကျော် အထကခွဲအတွင်း ပညာသင်ကြားနေသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ၀င်ရောက်ပူးကပ်နှောင့်ယှက်ခြင်း၊ အခြား မလိုလားအပ်သော ခြောက်လှန့်မှု များ မပြုလုပ်ကြရန် ဤအမိန့်ကို ကျွန်ုပ်ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်” လို့ ဖော်ပြပါရှိပါတယ်။
မြောင်းမြခရိုင် ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညွန့်ဇော်ကလည်း ရှမ်းရေကျော် အထက ကျောင်းကွဲမှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသူလေးတွေကို တစ္ဆေ၊ သရဲ ပရလောကသား တွေ ပူးကပ်သည်ဟုဆိုကာ ငိုယိုအော်ဟစ်ခြင်း၊ မူးဝေအော့အန်ခြင်းနဲ့ သတိလက်လွတ် ဖြစ်ပေါ်ခြင်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ် ၁၈ ချက် ပစ်ဖောက်ကာ ပရ လောကသားတွေကို အချက်ပေးနှင်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ကျောင်းသူ ၁၈ ဦး ဟာ သြဂုတ်လကစလို့ ကျောင်းမှာ သရဲပူးတယ်ဆိုတဲ့ အပြုအမူတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
ဆေးပညာရှင်တွေကတော့ ဒါဟာ လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအပေါ် မူတည်ပြီး အုပ်စုဖွဲ့ တုံ့ပြန်တဲ့ အပြုအမူ ပြုမူနေကြတာလို့ပြောပါတယ်။ 
The post သူရဲစီး စာသင်ကျောင်းအတွင်း ပရလောကသားများကို သေနတ်ပစ်ဖောက်နှင်ထုတ် appeared first on DVB.
Tuesday, October 25, 2016
အလုပ် ရှာနေ သူများအတွက် ဒုဦးစီးကနေ အစောင့်ထိ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုဦးစီးမှုးမှ အစောင့်အထိအလုပ်တွေ အများကြီးခေါ်နေတယ်ဟေ့ ။လစာက(၁၃၀၀၀၀မှ၁၉၀၀၀၀)ထိ နေရာအလိုက်။
ဝ နဲ့ မိုင်းလား ပြသနာ စိတ်ဝင်စားသူများ ဖတ်ဖို့
----------------------------------------------------------------
ရေးသားသူ - နေရီ
ဒီ လပိုင်း ရက်ပိုင်းမှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းရဲ့ နိုင်ငံရေး စစ်ရေး လှုပ်ရှားမှုတွေ အများကြီး ပေါ်ထွက်လာပါတယ် ။ အရင်က ဒီလောက် ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့တာ အတော်ကြာပါပြီ ။ အခုမှ ဘာလို့ ဖြစ်လာရသလဲ မေးလျှင်တော့ တစ်ခုပဲ ဖြေစရာရှိပါတယ် ။ နိုင်ငံရေး အခင်းအကျင်းတွေ ပြောင်းလဲကုန်လို့ ပါ ။ စစ်ရေးဟာ နိုင်ငံရေးထဲက နည်းလမ်းတစ်ခု ဖြစ်တဲ့ အတွက် နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာတဲ့ အခါမှာ စစ်ရေးအရလှုပ်ရှားမှုတွေလဲ အများကြီး ဖြစ်လာတာ ဖြစ်ပါတယ် ။ 
နိုင်ငံရေးသမားတွေ သတိထားတဲ့
နိုင်ငံရေးသမားတွေသတိထား
--------------------------------------
အမေရိကန်သမ္မတ ဘုရှ်ကို ဘာ့ကြောင့် ဘုရားကျောင်းမသွားတာလဲ ဆိုတော့
ငါ အလုပ်မအားလို့  မသွားနိုင်ဘူးတဲ့
အဲဒီဘာသာရေးနဲ့ ပါတ်သတ်တဲ့စကားကို
ပြောခဲ့ပေမဲ့ သူ ဘာမှမဖြစ်ဘူး။
သခင်သန်းထွန်းဟာ နိုင်ငံရေးသမားကောင်းတဦးပဲ ဒါပေမဲ့ ငါသာနိုင်ငံ့ခေါင်းဆောင်ဖြစ်ခဲ့ရင် ရွှေတိဂုံဘုရားကရွှေတွေကိုခွါပြီုးပြည်သူလူထုအတွက် အသုံးချမယ်တဲ့ အဲဒီစကားတစ်ခွန်းက သူ့ ကိုကျရှုံးစေခဲ့ပြီး ပြည်သူလူထုရဲ့ မုန်းတီးမှုကို ရရှိစေခဲ့တယ်။
မိုးသီးဇွန်ဟာ မြန်မာနိုင်ငံပညာရေးနိမ့်ပါး
တာဟာ ဗုဒ္ဓဘာသာတွေရဲ့ စာပေတွေ
ကြောင့်လို့ ပြောခဲ့တယ် သူအခု မြန်မာ့
နိုင်ငံရေးလောကမှာ မဝင်ဆန့် တော့ဘူး
ဘင်လာဒင်ဟာ အာဖဂန်နစ္စတန်ကဗုဒ္ဓ
ဆင်းတုတော်တွေကို ဖျက်စီးတော့ 
ဆင်းတုတော်ရဲ့နောက်ကျောနံရံမှာ 
ဤဆင်းတုတော်ကိုဖျက်ဆီးသူသည်
တလအတွင်း သေပွဲဝင်ပါစေဆိုတဲ့စာမ်း
ကိုတွေ့ ရှိခဲ့တယ် ဒါပေမဲ့ သူဖျက်စီးခဲ့တယ်
ဆင်းတုတော်ဖျက်စီးပြီးတလပြည့်ဲ့တဲ့နေ့ မှာ သူ အသတ်ခံခဲ့ရတယ်။
ဘာသာတရားကိုစော်ကားတာချင်းတူ
ပေမဲ့ ပျက်စီးပုံချင်းအကျိုးပေးကျတော့
မတူတော့ဘူး။
အဲဒါဟာ ဘာသာတရားရဲ့မြင့်မြတ်ပုံချင်း
ကွာခြားလို့ ပဲ။
မြန်မာ့နိုင်ငံရေးလုပ်ရင် ဘာသာရေးကို
ဥပေက္ခာပြုလို့ မရဘူး ဘာဖြစ်လို့ လည်း
ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ 
ဘာသာရဲ့စစ်မှန်မှူ့ နဲ့ အတိမ်အနက်ကို
သိလို့ ပဲ။
ဒါဟာ မြန်မာ့နိုင်ငံရေးသမားတွေ
သတိထားသင့်တယ်။
နောက်ပြီး ဘုရားရှင်တွေရဲ့ ဂုဏ်ကျေးဇူး
ကွာတဲ့အတွက် စော်ကားသူကိုအကျိုး
ပေးတာလည်းကွာခြားလိမ့်မယ်။
ဗုဒ္ဓဘာသာကိုစော်ကားမိရင်တော့
စော်ကားသူရဲ့အကြောင်းမကောင်းနိုင်ဘူး။
ဘာ့ကြောင့်လည်းဆိုတော့
တခြားဘုရားတွေလို လွယ်လွယ်ဘုရား
ဖြစ်လာတာမဟုတ်ပဲ
လေးသင်္ချေကမ္ဘာတစ်သိန်းပေးဆပ်ခဲ့ရတဲ့
မဟာကရုဏာတော်ကြောင့်ပဲ။
@@@ သီတဂူဆရာတော်-
(သာသနနွယ်fbစာမျက်နှာမှ)
နီးနီးနားနားက အလုပ်အကိုင် အခွင့်အလမ်း ဒါပေမယ့် မလုပ်သင့်ပေ
Shwe Hla Khaing Co.,Ltd.
October 23 at 3:27pm · 
#ရွှေလှခိုင်ကုမ္ပဏီမှ
#ကချင်ပြည်နယ်အတွင်း လမ်း/တံတားလုပ်ငန်းများတွင်တာဝန်ထမ်းဆောင်နိုင်ရန် အောက်ပါဝန်ထမ်းများအလိုရှိသည်
1. အထွေထွေမန်နေဂျာ ကျား ( 1 ) ဦး
2. စတိုတာဝန်ခံ ကျား ( 1 ) ဦး
3. ယာဉ်မောင်း ကျား ( 3 ) ဦး
4. Helper ကျား ( 7 ) ဦး
အရည်အချင်းသတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်သည်-
#အမှတ်စဉ် (1)အတွက် ပညာအရည်အချင်း ဘွဲ့ရ
အသက်(40)ဝန်းကျင် သွက်လက်ဖျတ်လတ်ပီး အစိုးရရုံးများသို့ဝင်ထွက်သွားလာနိုင်ရမည်၊ နေရာဒေသမရွေးသွားလာနိုင်သူဖြစ်ရမည်၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်
#စိတ်ပါဝင်စားစွာရည်ရှည်လုပ်နိုင်ပီးအတွေ့အကြုံရှိသူဦးစားပေးမည်
#အမှတ်စဉ် (2)အတွက် ပညာအရည်အချင်း (10) တန်းအောင်
လက်ရေးလက်သားကောင်းမွန်ပီး စိတ်ပါဝင်စားစွာရေရှည်လုပ်နိုင်ရမည်
နေရာဒေသမရွေးသွားလာနိုင်ရမည်
မိမိအရည်အချင်းပေါ်မူတည်၍ လစာညှို့နှိုင်းပေးမည်
#အမှတ်စဉ် (3 & 4) အတွက် ပညာအရည်အချင်းသတ်မှတ်ချက်မရှိပါ
ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်
#ယာဉ်မောင်းများ ယာဉ်အားကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်နိုင်ရမည်
ယာဉ်မောင်းလိုင်စင်ရှိရမည်
#ဖော်ပြပါဝန်ထမ်းများအားလုံးအတွက် မိသားစုအရေးပေါ်ကိစ္စမှလွှဲ၍ အလုပ်ချိန်အတွင်း #ခွင့် လုံးဝ(လုံးဝ)မပေးပါ
ကျန်းမာရေးနှင့်ပါတ်သက်၍ ဖျားနာပါက ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ပေးမည်
နေစားစရိတ်ငြိမ်း
စိတ်ပါဝင်စားသူများ
အသေးစိတ်သိရှိလိုပါက
#ရွှေလှခိုင်ကုမ္ပဏီလီမိတက်၏ ဖုန်းများသို့ဆက်သွယ်စုံစမ်းနိုင်သည်
ရွှေလှခိုင်ကုမ္ပဏီလီမိတက်
09-49311321 / 09-258380273
ဖုန်းဘေလွဲနည်း mpt telenor ooredoo
သိသလိုလိုနဲ့  မေ့တတ်ကြလွန်းလို့
မှတ်ထားကြပါအုန်း
Friday, October 14, 2016
မိုးညှင်းမြို့ အကြောင်းတစေ့တစောင်း
မိုးညှင်း
မိုညှင်းမြို့ကို သက္ကရာဇ် ၃၀၂(ခရစ် ၉၀၄) ခန့်ကတည်သည်ဆို၏။ တည်သူမှာ ဥတည်ဘွားနှင့် ကိန္နရာဒေ၀ီတို့၏ မျက်မမြင်သမီးတော်စာလှမှဖွားမြင့်သော တတိယသားဖြစ်သည်။ သမီးတော် အရွယ်ရောက်ခါစတွင် ဖောင်နှင့် မျှောလိုက်ရာ ရှေးကခင်ပွန်းဖြစ်ခဲ့သော ကျားတစ်ကောင်နှင့် တွေ့ရှိသည်တွင် ကျားနှင့်သင်၍ သား ၄ ယောက်ဖွားမြင့်၏။ သားတော်များ အရွယ်ရောက်သောအခါ အဖိုးဖြစ်သူ ဥတည်ဘွားထံ စေလွှတ်၏။ ဘိုးတော်က မြေးတော်အကြီးဆုံးအား မောင်း တစ်လုံး၊ ဒုတိယမြေးတော်အား ဓားမြှောင်၊ တတိယမြေးတော်အား ဗျိုင်းတစ်ကောင်ပေ၍ တိုင်ပြည်တည်ထောင်ရန်မှာကြား၏။ မြေးတော် အငယ်ဆုံးကိုမူ အဖကျားထံသို့ပြန်စေ၏။
တတိယမြေးတော် မင်းသားသည် ဘိုးတော် မှာသည့်အတိုင်း တိုင်းပြည်ထူထောင် မင်းပြုလုပ်ရန်လာသည်တွင် ယခု မိုးညှင်းမြို့တည်ရာဒေသသို့ ရောက်ရှိသောအခါ ဗျိုင်းသည် ကျယ်လောင်စွာအော်၏။ ယင်းဒေသတွင်မြို့တည်ထောင်၍ မိုင်းယန်းဟု အမည်ပေးသည်။ ဥဗျိုင်းမြို့ဟု အဓိပ္ပါယ်ရ၏။ နောင်သော် မိုင်းယန်းမှ မိုးညှင်းဖြစ်လာသည်ဟုဆိုလေသည်။
မိုးညှင်းမြို့သည် ယခုအခါ ခရိုင်မြို့ဖြစ်သော်လည်း ရှေးအခါက ရှမ်းစော်ဘွားများတန်ခိုးထွားစဉ်က မိုးကောင်မြို့နှင့် တလှည်စီဆိုသလို ရှမ်းမြို့တော်ဖြစ်ခဲ့သည်။ မိုးညှင်းတရား၊ မိုးညှင်းစလုံတို့၏ နယ်မြေဒေသဖြစ်သည့်အလျောက် သမိုင်းဝင်မြို့ဖြစ်ပေသည်။
မိုးညှင်းမြို့သည် ယခင်က မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းနယ်တွင်ပါဝင်၍ မြို့ပိုင်ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က တိုက်နယ်ဖြစ်ခဲ့၍ ၁၉၅၇ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေတွင် မိုးညှင်းမြို့နယ် ဖွဲ့စည်းသည်တွင် မြို့နယ်၏ရုံးစိုက်မြို့ဖြစ်လာသည်။ ၂၀၀၄ ခုနှစ်တွင် သီးခြားခရိုင်ဖြစ်လာခဲ့ပြီး မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်ဟူ၍ မြို့နယ် ၃ ခုနှင့် ကာမိုင်းမြို့နယ်ခွဲ၊ ဟိုပင်မြို့နယ်ခွဲ ဟူ၍ မြို့နယ်ခွဲ ၂ ခုပါရှိသည်။
credit – my.wikipedia.org
photo credit – original uploader
Thursday, October 13, 2016
အသက် (၅ဝ) မှာ အကောင်းဆုံး ရပ်တည်နေနိုင်ဖို့ အခုလုပ်သင့်သော အရာများ
အသက် (၅ဝ) အရွယ် ရောက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဘယ်လိုပုံစံမျိုးနဲ့ ပြန်မြင်ချင်ပါသလဲ။ သင့်အသက် (၅ဝ)မှာ သင်ကိုယ်တိုင် မျှော်လင့်မထားတဲ့ ပုံစံမျိုးနဲ့ သင့်ကိုယ်သင်ပြန်မြင်ရဖို့ အောက်ဖော်ပြပါ အမူအကျင့်လေးတွေ ရှိနေရင် ခုပဲ ပြုပြင်လိုက်ပါ။
၁။ ဒီနေ့လုပ်ရမယ့် အရာတွေကို မနက်ဖြန် မရွှေ့ဆိုင်းပါနဲ့။
၂။ ကျန်းမာရေးကို ဘာမှမဖြစ်ခင် ကြိုတင်ဂရုစိုက်ပါ။
၃။ ကိုယ်ရှာ နိုင်တာထက် ဘယ်တော့မှ ပိုမသုံးပါနဲ့။
၎။ ဆင်ခြေပေးတတ်တဲ့ အကျင့်တွေကို ဖျောက်ပါ။
၅။ ကိုယ်နဲ့ အဆင်မပြေတဲ့ Relationshipထဲမှာ ပိတ်မနေပါနဲ့။
၆။ အမှတ်တရ ဖြစ်ရပ်လေးတွေကို တန်ဖိုးထားတတ်ပါ။
၇။ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာတွေ ရပ်လိုက်ပါ။
ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၈။ လူတိုင်းရဲ့ ဆန္ဒတွေကို လိုက်ဖြည့်ဆည်းပေးချင်လို့ မရဘူးဆိုတာ သိထားပါ။
၉။ အချိန်တွေကို အကျိုးမရှိဘဲ အသုံးချနေတာတွေ ရပ်လိုက်ပါ။
၁၀။ ပြုခဲ့ဖူးတဲ့ ကျေးဇူးတရားကို မမေ့ပါနဲ့။
၁၁။ အခြားသူတွေနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်နေတာတွေ ရပ်လိုက်ပါ။
၁၂။ ပျော်ရွှင်မှုကို ဝယ်ယူဖို့မကြိုးစားပါနဲ့။ ငွေနဲ့ဝယ်ယူလို့ ရတဲ့အရာ မဟုတ်ပါဘူး။ ကိုယ်ကိုတိုင် ဖန်တီးပါ။
၁၃။ တစ်ခုခုဆို တစ်ချိန်လုံး ဝမ်းနည်းပူဆွေးမနေပါနဲ့။
၁၄။ အခြားသူတွေကို ပဲ ထိုင်အားကျမနေပါနဲ့။
၁၅။ အလွယ်လမ်းပဲ လိုက်ဖို့ မကြိုးစားပါနဲ့။
၁၆။ အခြားသူတွေကို တစ်ချိန်လုံး အပြစ်တင်နေတာမျိုး မလုပ်ပါနဲ့။
၁၇။ ပြဿ     နာဖြစ်လာရင် ခေါင်းရှောင်ဖို့ မကြိုးစားပါနဲ့။
၁၈။ ကိုယ့်ပျော်ရွှင်မှုက အခြားသူတွေအပေါ် မှီခိုနေတာမျိုး မဖြစ်ပါစေနဲ့။
၁၉။ ဘာမှ အကျိုးထူးမလာစေမယ့် အတွေးတွေကို ရပ်တန့်လိုက်ပါ။
Friday, October 7, 2016
မော်လူး ဒေသသားတွေ သမ္မတရုံးက ဝန်ထမ်းခေါ်နေပြီ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
■ အလုပ်လျှောက်လွှာခေါ်ယူခြင်း ■ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အလုပ်လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်(  ၁ / ၂၀၁၆ )
၁။ နိုင်ငံတော်သမ္မတရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေးရာထူး (လစာနှုန်း ကျပ်၁၅၀၀၀၀-၂၀၀၀-၁၆၀၀၀၀)(၂၀)နေရာအတွက် လျှောက်လွှာတင်သွင်းနိုင်ပါသည်။
၂။ အငယ်တန်းစာရေးရာထူးနေရာများ အတွက်အောက်ပါသတ်မှတ် ချက်များနှင့် ကိုက်ညီသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာပုံစံနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်းများ ပူးတွဲ၍  နိုင်ငံတော်သမ္မတရုံး၊  ရုံးအမှတ်-၁၈(နေပြည်တော်)သို့  ၁၆- ၁၁ -  ၂၀၁၆ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ၊  စာတိုက်မှဖြစ်စေ လျှောက်ထား နိုင်ပါ သည်-
 (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
 ( ခ ) တက္ကသိုလ်တစ်ခုခုမှ အင်္ဂလိပ်စာ (သို့မဟုတ်) နိုင်ငံတကာ ဆက်ဆံရေး (သို့မဟုတ်)ကွန်ပျူတာ အထူးပြုဘာသာဖြင့် ဘွဲ့ရရှိထားသူဖြစ်ရပါမည်။
 ( ဂ ) အထူးပြုဘာသာရပ်ဆိုင်ရာ ရိုးရိုးဘွဲ့ရပြီးသူ  ၃၁- ၁၀- ၂၀၁၆ ရက်တွင် အသက်( ၂၅ )နှစ်ထက် မကျော်လွန်စေရ။ 
 (ဃ) အထူးပြုဘာသာရပ်ဆိုင်ရာ မဟာဘွဲ့ရရှိပြီးပါက ၃၁-၁၀-၂၀၁၆ ရက်တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်စေရ။
 ( င ) (၆)လအတွင်း ရိုက်ထားသော ပတ်စ်ပို့ဓာတ်ပုံ(၃)ပုံ၊ ဘွဲ့လက်မှတ်မိတ္တူ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊ အခြားတတ်ကျွမ်းသော ဘာသာရပ်များအတွက် အောင်လက်မှတ် မိတ္တူနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ။
 ( စ ) (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေး ကောင်း မွန်ကြောင်း ဆေး ထောက်ခံစာ၊ အကျင့်စာရိတ္တကောင်း မွန်ကြောင်း ကျေးရွာ/ ရပ်ကွက် ထောက်ခံစာနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ။
 (ဆ) (၆)လအတွင်း ပြုလုပ်ထားသော အလုပ်သမားများမှတ်ပုံတင်မိတ္တူ။
 ( ဇ ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုကြောင်း  ထောက်ခံစာ( မူရင်း၊ မိတ္တူ )
၃။ အဆိုပါအငယ်တန်းစာရေးရာထူး(၂၀)နေရာအတွက် အရည်အချင်းစစ် ရေးဖြေ စာမေးပွဲတွင် မြန်မာစာ၊အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတတို့ကို စစ်ဆေးမည်ဖြစ်ပြီး ၂၇-၁၁-၂၀၁၆ရက်(တနင်္ဂနွေနေ့)   နံနက် ၁၀ နာရီ မှ  မွန်းလွှဲ ၁ နာရီအထိ  နေပြည်တော် ၌ ဖြေဆိုရ မည်ဖြစ်ပါသည်။
၎။ စာမေးပွဲဖြေဆိုခွင့်ခုံအမှတ်များကို ၂၅-၁၁-၂၀၁၆ရက် (သောကြာနေ့)တွင် နိုင်ငံတော်သမ္မတရုံး၊ ရုံးအမှတ် (၁၈)၊ နေပြည်တော်၌ ရုံးချိန်အတွင်းထုတ်ပေးသွား မည်ဖြစ်ပါသည်။
၅။ ရေးဖြေစာမေးပွဲအောင်မြင်သူများကို လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့လက်မှတ်၊ နိုင်ငံသား စိစစ်ရေးကတ်၊ တက္ကသိုလ် ဝင်တန်း အောင်လက်မှတ်နှင့် အခြားအောင်လက်မှတ်များ၊   အလုပ်သမား မှတ်ပုံတင် စသည်တို့ကို   မူရင်းတင်ပြနိုင် ရပါမည်။   အသေးစိတ် သိရှိလိုပါက  နိုင်ငံတော်သမ္မတရုံး၊ ရုံးအမှတ်-၁၈ (နေပြည်တော်) 
 ဖုန်း- ၀၆၇- ၄၀၉၁၁၆၊ ၄၀၉၁၂၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Credit: Myanmar president office
Thursday, October 6, 2016
ကုလ သမဂ္ဂ အတွင်းရေးမှုး ချုပ် အသစ် ရွေးချယ်လိုက်ပြီ တဲ့ ပေါ်တူဂီသားတဲ့
ကုလ သမဂ္ဂ အတွင်းရေးမှုး ချုပ် အသစ် ရွေးချယ်လိုက်ပြီ 
=====================================
ယခင် ပေါ်တူဂီ ၀န်ကြီးချုပ်ဟောင်း အန်တိုနီယို ဂူတာရက်စ် (António Manuel de Oliveira Guterres) အား ကိုးကြိမ်မြောက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အသစ် အဖြစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေး မှ ယနေ့ တညီတညွတ်တည်း အတည်ပြူလိုက်ပြီ ဖြစ်ပါတယ်။
နောက်အပါတ်အတွင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ အဆိုပါ အမည် စာရင်းတင်သွင်းမှုကို အတည်ပြုဖို့ ရှိနေပါတယ်။
"ကမ္ဘာနဲ့ တ၀ှမ်း ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုများ၊ ဆင်းရဲတွင်း နက်နေရမှု များနဲ့ မတရားမှု မှန်သမျှ တို့ တွင် ထိခိုက်နစ်နာ ခဲ့ရသူ များအတွက် အမှုတော် ထမ်းရွက် သွားမည်" ဟု မြို့တော် လစ်စဘွန်းမှ ဂူတာရက်စ်က ကြေငြာချက် ထုတ်လိုက်ပါတယ်။
ဘန်ကီမွန်းမှ အဆိုပါ ရွေးချယ်မှုအား superb choice ဟု ဆိုကာ ကြိုဆိုလိုက်ပြီး ကမ္ဘာနိုင်ငံရေးတွင် သြဇာတက္ကိမ ကြီးထွားလျက်ရှိသော ကိုဖီအာနန် ဦးဆောင်သည့် The Elders အဖွဲ့ကလည်း အလားတူ ကြိုဆိုလိုက်ပါတယ်။
ယခုလို မျှော်မှန်းထားတာထက် စောစီးစွာ ရွေးချယ်ခဲ့မှုသည် ကုလသမဂ္ဂနှင့် ပါတ်သင်ပြီး ဖွဲ့စည်းထားသော နိုင်ငံတရာ မြို့ပြဆိုင်ရာ အဖွဲ့အစည်း တခု ဖြစ်သော 1 for 7 Billion movement ရဲ့ ဖိအားပေးမှုကြောင့် လို့ ယူဆနေကြပါတယ်။
ဂုတာရက်စ် သည် ယခုအခါ အသက် ၆၇ နှစ် ရှိပြီ ဖြစ်ပါတယ်။ နိုင်ငံရေး နယ်ပါယ်ထဲ မ၀င်ရောက်မှီ ဆရာအတတ်သင် သိပ္ပံတွင် လက်ထောက် ပရော်ဖက်ဆာ တဦး အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
၁၉၇၄ တွင် ပေါ်တူဂီ ၏ ဆိုရှယ်လစ်ပါတီ သို့ ၀င်ရောက်ခဲ့ပြီး ၁၉၉၂ တွင် ပါတီ အထွေထွေ အတွင်းရေးမှုးချုပ် ဖြစ်လာခဲ့ပါတယ်။ ယင်းနောက် ၁၉၉၅ တွင် ၀န်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၀၁ တွင် ရွေးကောက်ပွဲ ရှုံးနိမ်ခဲ့ရတဲံ အတွက် ရာထူးမှ နှုတ်ထွက်ပေးခဲ့ပါတယ်။
ပေါ်တူဂီ နိုင်ငံရေး လောက မှ အနားယူခဲ့ပြီးနောက် ဆိုရှယ်လစ် အင်တာနေရှင်နယ် တွင် ဥက္ကဌ အဖြစ် ထမ်းရွက်ခဲ့ပါတယ်။
၂၀၀၅ တွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အဖြစ် ခန့်အပ်ခံခဲ့ရပြီး သက်တမ်း အရှည်ကြာဆုံး ထမ်းရွက်နိုင်ခဲ့သူ ဖြစ်လာပြီး နိုင်ငံပေါင်း ၁၂၆ နိုင်ငံရှိ ဒုက္ခသည်များ အဖြစ် သတ်မှတ်ခံရသူ သန်း ၆၀ အတွက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
၁၉၉၈ တွင် ကင်ဆာရောဂါ ဖြင့် ဇနီးသည် ကွယ်လွန်ခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ကလေးတယောက် မိခင် တဦးနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ပထမ အိမ်ထောင်မှ သားသမီး ၂ ဦး ထွန်းကားခဲ့ပါတယ်။
ပေါ်တူဂီ ဘာသာ အပြင် အင်္ဂလိပ်၊ စပိန် နဲ့ ပြင်သစ် ဘာသာ စကားများကို ကောင်းစွာ ပြောနိုင်သူ လည်း ဖြစ်ပါတယ်။
ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး အဖြစ် ဆောင်ရွက်ခဲ့တဲ့ အတွက် ဒုက္ခသည်များ အရေး ဦးစားပေး ဆောင်ရွက် သွားဖို့ ရှိနေတယ်လို့ ယူဆရပါတယ်။
HSW
Wednesday, October 5, 2016
ဒီနှစ်သီတင်းကျွတ်မှာ ရွားတွင်းဖြစ်ကို အားပေးရင်း ဗျောက်ဖေါက်ခြင်းရောင်းခြင်းကို တားဆီးသတင်းပေးကြပါစို့
မော်လူးမှတိမ်မြုပ်ပျောက်ကွယ်လုနီးပါး
ရောင်စုံမီးပုံးလုပ်ငန်းလုပ်ကိုင်နေသော
ရွှေလဝင်းမိသားစု
Tuesday, October 4, 2016
မော်လူး အထက မှာ ကျင်းပတဲ့ ပထမ အကြိမ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆရာကန်တော့ပွဲ
ယနေ့ညနေ  ၃နာရီခွဲအချိန်တွင်မော်လူးအထက သရဖီခန်းမထဲမှာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်ပွဲတွင် စိတ်ပါဝင်စားသူကျောင်းသူကျောင်းသားဟောင်းများနှင့် အထကပညာရေးမိသားစုတို့က  ဂါရဝပြု ခဲ့ကြပါသည်။
Monday, October 3, 2016
လာပြန်ပြီတစ်မျိုး အထက်တန်းပြ ဆရာ၊ ဆရာမဦးရေ နှစ်ထောင်ကျော် ကန်ထရိုက်စနစ်ဖြင့် ခန့်အပ်မည်
နေပြည်တော်(အောက်တိုဘာ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လက်ရှိပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်းခွဲအဖြစ် အဆင့်မြှင့်တင်ခဲ့သော စာသင်ကျောင်းပေါင်း ၃၁၉ကျောင်းအတွက် ဆရာ၊ ဆရာမဦးရေ နှစ်ထောင်ကျော်ကို ယခုလအတွင်း ကန်ထရိုက်စနစ်ဖြင့် ဖြည့်ဆည်းသွားမည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောဆိုလိုက်သည်။
“တနိုင်ငံလုံးမှာရှိတဲ့ ၂၀၁၆-၁၇ ပညာသင်နှစ်မှာ အထက်တန်းကျောင်းခွဲအဖြစ် အဆင့်တိုးမြှင့်ပေးတဲ့ ၃၁၉ ကျောင်းအတွက် အောက်တိုဘာမှာ တစ်ကျောင်းကို ၇ ဦးနှုန်းနဲ့ ခန့်ထားပေးဖို့အတွက် လိုအပ်တဲ့ဆရာ၊ ဆရာမ ၂၂၃၃ ဦးကိုတော့ ဘွဲ့ရထားသူတွေကို ကန်ထရိုက်စနစ်နဲ့ အထက်တန်းပြဆရာ၊ ဆရာမအဖြစ်နဲ့ ဖြည့်ဆည်းပေးဖို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများခန့်ထားနိုင်ရန်အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း အမရပူရမြို့နယ်အမတ် ဦးစိုးမြင့်(ခ)ဦးအောင်ဇော်မြင့်က အောက်တိုဘာ ၃ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမှုအပေါ် ဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိပညာသင်နှစ်တွင် ကျောင်းသား၊ ဆရာ အချိုးသည် ၂၃:၁ ရှိပြီး ကျောင်းများတွင် သိပ္ပံခန်းများအတွက် လိုအပ်သော အခြားကာယနှင့်ပတ်သက်သည့် အထက်တန်းပြဆရာ/မများ၊ ကွန်ပျူတာနှင့်ပတ်သက်ပြီး ဆရာ/မများ ဖြည့်ဆည်းခန့်ထားပေးရန် နောင်လာမည့် ပညာသင်နှစ်များတွင် ဆက်လက် စီစဉ်ဆောင်ရွက်သွားမည်ဟုလည်း ဝန်ကြီးက လွှတ်တော်တွင် ပြောဆိုသွားသည်။
Telenor Sim Card မှတ်ပုံတင်ခြင်း ပြုလုပ်ပုံ အဆင့်ဆင့်
Telenor Sim Card မှတ်ပုံတင်ခြင်း ပြုလုပ်ပုံ အဆင့်ဆင့်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ 
■ ပထမဆုံး ဒီလင့်ကနေ ၀င်ရောက်ပါ 
👉  https://ecaf.telenor.com.mm
■ သတိ 👉 မှတ်ပုံတင် ရှေ့နောက် ဓါတ်ပုံရိုက်ထားပါ။
■ အောက်ပါအဆင့်အတိုင်း တစ်ဆင့်ခြင်းပြုလုပ်သွားပါ။
Sunday, October 2, 2016
မိုးကြိုးပစ်ပြန်ပြီ
မော်လူးဒေသတွင် မိုးကြိုးပစ်၍ ကျွဲ(၃)ကောင်သေဆုံး
@@@@@@@@@@@@@@@@@@@@@@@@@@ oct 2
၂.၁၀.၂၀၁၆ရက်နေ့ နေ့လည် (၁၀)ချိန်တွင် မိုးကြိုးပစ်ခတ်မှု့ကြောင့် ပုန်းဟုန်ကျေးရွာအုပ်စု ပုန်းဟုန်ကျေးရွာ၏ အရှေ့တောင်ဘက် ၂မိုင်ခန့်တွင် ကျွဲသုံးကောင် မိုးကြိုးပစ်ခတ်သေဆုံး
အခင်းဖြစ်နေရာသို့ ပုန်းဟုန်အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း၊ ထွေအုပ်စာရေး ဦးသန်းစိုးငြိမ်း၊ တိကု ဒုဦးစီးမှူး ဒေါက်တာ အောင်ဇော်သိန်း တို့မှ လာရောက်စစ်ဆေးဆောင်ရွက်ကြကြောင်း သိရှိရ
Soe Nyein
Saturday, October 1, 2016
လွိုင်မောက်တောင် ပဋ္ဌာန်းကျောင်းဆောင်အတွက် လှူဒါန်းနိုင်တယ်တဲ့
လွိုင်မောက်တောင်စိန္တာမုနိစေတီဝတ္တမြေအတွင်းတည်ဆောက်လျက်ရှိသည့် သံဃာတော်များသီတင်းသုံးရန် မဟာပဋ္ဌာန်းကျောင်းဆောင်တော်ကြီးပါ
ကျောင်းခန်း နှင့်ကျောင်းတိုင်များကို ဒါယကာအမည်ပေါက်လှူဒါန်း နိုင်
ကြောင်းလည်း ဂေါပကအဖွဲ့မှနှိုးဆော်ထားကြောင်းသိရှိရပါသည်..,,