မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Sunday, September 22, 2013
အင်းတော်မြို့တွင် အောင်ရတနာ မှန်လုံယာဉ်လိုင်းများ အစီအစဉ်အသစ်ဖြင့် တိုးချဲ့ပြေးဆွဲ
အင်းတော်မြို့တွင် အောင်ရတနာ မှန်လုံယာဉ်လိုင်းများ အစီအစဉ်အသစ်ဖြင့် တိုးချဲ့ပြေးဆွဲ
နောက်မိုးကောင်း၍ စပါးအောင်မြင်
နောက်မိုးကောင်း၍ စပါးအောင်မြင်
မော်လူး၊ စက်တင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် စပါးစိုက်ဧရိယာ ( ) ခန့်ရှိရာ ယခုနှစ် မိုးရာသီတွင် စပါးစိုက်ပျိုးချိန်၌ မိုးဦးမကောင်း၍ ဒေသခံတောင်သူ လယ်သမားများအနေဖြင့် ချောင်းများမြောင်းများမှ ငွေကုန်ကြေးကျခံ၍ ရေတင်ပြီး ပျိုးထောင် စိုက်ပျိုးကြရသည်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် တစ်ကြိမ်မျှ မဖြစ်ဘူးသော မိုးခေါင်ရေရှားဒဏ်ကို ဒေသခံလယ်သမားများ အလူးအလဲ ခံကြရသည်။ သက်ဆိုင်ရာတို့မှ ထုတ်ချေးပေးသော စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧက တစ်သိန်းသာရ၍ အချို့ လယ်သမားတို့မှာ ရေတင်ရန် ဒီဇယ်ပင် ပြည့်စုံအောင် မရနိုင်ကြပေ။ ထို့ကြောင့် လယ်သမားအများစုမှာ မိုးခေါင်လွန်း၍ သီးနှံမအောင်မြင်လျှင် ချေးငွေမည်သို့ပေးဆပ်ရမည်ကို စိုးရိမ်စိတ်များဖြင့် သောက ရောက်နေကြရသည်။
သြဂုတ်လစတုတ္ထပတ်တွင် မိုးမှာ ကောင်းလာရုံမျှမက အားကြီးသည်းထန်လွန်း၍ လယ်များပင်မက မော်လူးရွာထဲတွင်ပါ ရေကြီးခြင်း အကြိမ်ကြိမ်ကြုံရတော့သည်။
မိုးဦးတံ့သော်လည်း မိုးလယ်၊ မိုးနှောင်း ဤလိုကောင်းခဲ့လျှင် လယ်စိုက်စပါးပင်များ ဖြစ်ထွန်းကောင်းမွန်၍ အသီးအနှံ အောင်မြင်ရန် အလားအလာကောင်းသဖြင့် စိုက်စရိတ် ချေးငွေများ ပေးသွင်းနိုင်ကြမည်ကို တွေး၍ ပျော်ရွှင်နေကြသည်။
"ပျိုးထောင်ချိန်တုန်းက ရေကမရ၊ ရေတင်ပြန်တော့လည်း၊ လယ်ကျယ်သူနဲ့ ချောင်းဝေးလွန်းသူတို့အတွက် ကုန်ကျစရိတ်ကများ အတော်ကြီးဒုက္ခရောက်ခဲ့ရတယ်။ ကျွန်တော်ဆိုရင် ရေတင်လို့ စိုက်ပြီးတဲ့နောက်တစ်နေ့စ မိုးရွာလိုက်တာ စိုက်စမှာ ကောက်ပင်တွေ အကုန်မြုပ်တယ် သွားတယ်။ တစ်ညနဲ့ ရေပြန်ကျသွားလို့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် ပိုးမကျဖို့ တစ်ခုဘဲ စိုးရိမ်ရတာပေါ့။"ဟု လယ်သမားကြီး တစ်ဦးက ပြောပြသည်။
မိုးဦးတွင် မိုးခေါင်၍ စိတ်သောကရောက်ကြရသော လယ်သမားများအဖို့ ယခုလို စပါးစိုက်လယ်များ အောင်မြင်ဖြစ်ထွန်းကြသဖြင့် ကျေးရွာ အထောက်အကူပြု ကော်မတီမှ လိုအပ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ ပံ့ပိုးပေးနိုင်ရန် ဒေသခံ စပါးစိုက်တောင်သူ လယ်သမားများက စောင့်စားနေကြကြောင်း သိရသည်။
စစ်ကိုင်းဝင်းရွှေ
Saturday, September 21, 2013
တွေးမိ တွေးရာ ရေးမိ ရေးရာ (၃)
တွေးမိတွေးရာ ရေးမိရေးရာဆိုတဲ့ ခေါင်းစဉ်လေးကို အမှတ်စဉ်လေးတွေ ခွဲပြီး ရေးလာတာ အခုဆိုရင် အမှတ်(၄)ကို ရောက်လာပါပြီ...။ ရှေ့က နှစ်ပုဒ်က ဝေဖန်ရေးလေးတွေမို့ ဒီတစ်ပုဒ်မှာတော့ လေကန်ရေးလေး ပေါ့ပေါ့ ပါးပါးရေးပါရစေ... စပ်မိစပ်ရာ ရောက်တတ်ရာရာလေးတွေပေါ့...။ တောမှာနေတဲ့လူဆိုတော့ တောက အကြောင်းလေးတွေပဲ ရေးစရာရှိတာမို့ နည်းနည်းပျင်းစရာ ကောင်းသပဆိုရင်လည်း သည်းခံပြီးသာ ဖတ်ပေးကြပေရော့.... စာကတော့ ခေါင်းစဉ်တပ်ထားပြီမို့ မရေးမဖြစ်ရေးရတော့မယ်ဗျို့....။
အခုတစ်လော ကျနော်တို့ ရွာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် မော်တော်ဆိုင်ကယ်စီးနင်းသူတွေကို စည်းကမ်းရှိစွာ စီးနင်းကြစေဖို့ ရည်ရွယ်ပြီး ဆိုင်ကယ်ဦးထုပ်မပါပဲ စီးနင်းသူတွေကို ဖမ်းဆီးအရေးယူနေပါတယ်..ဗိုလ်လိုမပြောတတ်တော့ ဆပ်ပလိုင်းချက်လုပ်တယ်ပေါ့ခင်ဗျ... ဖြစ်သင့်တာက ဗမာအခေါ် ဆပ်ပလိုင်းမချက်ခင် ပြည်သူတွေ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာအောင် ပထမဦးစွာ အသိပညာပေးဟောပြောမှုတွေ ပြုလုပ်ပေးသင့်တယ်ထင်တာပါပဲ...။ ဟဲ..ဟဲ.. ဝေဖန်ရေးမဟုတ်ဘူးလို့ ဆိုထားပေမယ့်... မြင်မိပြန်တော့လည်း ရေးချင်လာပြန်ရော... ထားလိုက်ပါစို့... အပေါ်က ဆပ်ပလိုင်းချက်တယ်ပေါ့..။ ဆိုင်ကယ်ဦးထုပ်မပါပဲ စီးနင်းသူတွေကို အရေးယူဆောင်ရွက်နေတယ်ပေါ့..။ ကျနော်တို့ အရပ်အခေါ် ဆိုင်ကယ် ဦးထုပ်ဖမ်းတယ်ပေါ့...။ ပြဿနာက ဆိုင်ကယ်ဦးထုပ်ဖမ်းတဲ့ဆီကစတာပါ...။ ကျနော်တို့ရွာနဲ့ ငါးမိုင်လောက်ဝေးတဲ့ ရွာလေးကနေ ဈေးဝယ်တက်လာတဲ့ ဦးကြီးနှစ်ယောက်ဟာ မော်တော်ဆိုင်ကယ်ကြီး စီးပြီး လာကြသဗျာ...။ ကျနော်တို့ဘက်က လူတွေက ဆိုင်ကယ်ကို တော်တော် အသုံးချတတ်တဲ့ လူတွေလို့ပြောရမယ်... တရုတ်ဆိုင်ကယ်နဲ့ ကျနော်တို့ ဒေသဘက်ကလူတွေနဲ့ အဆင်ပြေလိုက်ဖက်လွန်းလှတယ် ဆိုရမယ်... အများဆုံး အသုံးပြုကြတဲ့ မော်တော်ဆိုင်ကယ်က 125 ဆိုင်ကယ်တွေပါ... တရုတ်ဘက်က ဝင်လာတဲ့ ဈေးပေါပေါဆိုင်ကယ်တွေ ကွာလတီနိမ့်တဲ့ ဆိုင်ကယ်တွေပေါ့...။ ကျနော်တို့ လူမျိုးတွေက တရုတ်ဆိုင်ကယ်လေးတွေ စီးနေရတော့ ပေါက်ဖော်ကြီးကို ကျေးဇူးတင်နေကြသေးရဲ့...။ ပေါက်ဖော်ကြီးတွေ ထုတ်ပေးလို့ အခြေခံလူတန်းစားတွေ ဆိုင်ကယ်စီးနေရတာဆိုပဲ... လိုက်လည်းလိုက်ဖက်လွန်းတဲ့ လူကြီးနဲ့ ပြည်သူတွေ..ဟဲဟဲ...။ ခက်တာက ဆိုင်ကယ်တစ်စီးဝယ်ပြီး အပိုပစ္စည်းတွေကို ဆိုင်ကယ်တစ်စီးစာထက်မက ဝယ်ယူပြီး ပြင်ဆင်ရတာတွေ မမြင်ကြရှာဘူး.. ဒါကြောင့်လည်း ဆင်းရဲတွင်းနက်နေကြရတာ...အဲ့ဒီတရုတ်ဆိုင်ကယ်တွေကို ဘေးကာတွေ အကုန်ဖြုတ်.. နောက်ခုံမှာ သစ်သားတန်းလေးတွေထိုးပြီး ပစ္စည်းတွေတင် ရွာတစ်ကာ ရပ်တစ်ကာလှည့် ဈေးရောင်း.. ရွှေတွင်း ကျောက်တွင်းတွေဆီ ပစ္စည်းတွေကယ်ရီပို့ သူ့ဟာသူတော့ အလုပ်ဖြစ်နေတာပါပဲ.. မိုးတွေရွာလို့ လမ်းတွေချောနေရင် ဆိုင်ကယ်တာယာမှာ ချိန်းကြိုးတွေကို အပိုင်းလေးတွေဖြစ်အောင်ဖြတ် တာယာနဲ့ ဆိုင်ကယ်ဂွေမှာ ပတ်ပြီး စီရင်ထားလိုက်တာများ လမ်းချောခြင်သလောက်ချောနေပါစေ.. တောင်တက်လည်း အတူတူပဲ အေးအေးဆေးဆေးဖြစ်သွားတော့တာ..။ မြန်မာ့နည်း မြန်မာ့ဟန်တွေ တရုတ်တွေသိသွားရင် မြန်မာပြည်က ဈေးသည်တွေအတွက်ဆိုပြီး သပ်သပ်ထုတ်လုပ်ရမယ် ထင်ပါတယ်..။ ဈေးသည်တွေကက ဆိုင်ကယ်တစ်စီးကို တင်လို့ရတဲ့နေရာတွေမှာ အကုန်တင်လိုက်ကြတာ နွားလှည်တစ်စီးစာမျှ မကရှိလိမ့်မယ်... ဆိုင်ကယ်အိတ်ဇောကိုလည်း အပေါက်ကျယ်တဲ့ အိတ်ဇောတပ်ပြီး မောင်းကြတာ ... တထုန်းးထုန်းးးတထိုင်းးထိုင်းးးးပေါ့....။ ကဲ...ဆိုင်ကယ်အကြောင်း လေနည်းနည်းရှည်လိုက်တာ ဇာတ်လမ်းလေးက ဘယ်ရောက်သွားမှန်းမသိဘူး...။ ရွာက ဦးကြီးနှစ်ယောက် ဈေးဝယ်တက်လာကြတယ်... အဲ့ဒီနေ့က ကျနော်တို့ တောမကမြို့မကျတဲ့ မော်တော်ကားလမ်းမကြီးမှာ ဆိုင်ကယ် ဦးထုပ်ဖမ်းနေတဲ့ နေ့ပေါ့.... သူတို့က ဈေးဝယ်အလာ... သူတို့ရွာက လူတစ်ယောက်က ဈေးဝယ်ပြီး အပြန် လမ်းမှာ ဆုံကြတော့ ပြန်လာတဲ့ လူကလည်း ဆိုင်ကယ်မှာ ပစ္စည်းတွေတင်ထားတာမို့ ရပ်စကားမပြောနိုင်ရှာဘူး.. လမ်းမှာ ဆိုင်ကယ် တစ်စီးနဲ့ တစ်စီး ရှောင်ကြရင်း "ဟေ့လူတွေ ... ဟိုမှာ ဆိုင်ကယ် ဦးထုပ်တွေ ဖမ်းနေတယ်..."ဆိုပြီး လှမ်းအော်ပြောသွားတယ်...။ အဲ့ဒီသတိပေးသံကြားတော့ ဈေးဝယ်တက်လာတဲ့ လူကြီးနှစ်ယောက်ဟာ သူတို့ ခေါင်းပေါ်က ဆိုင်ကယ်စီး ဦးထုပ်တွေကို စမ်းပြီး .. ဆိုင်ကယ်လေးကို အရှိန်လျှော့.. ဦးထုပ်လေးတွေချွတ်ပြီး လမ်းဘေးက ခြုံလေးထဲမှာ သွားဝှက်ထားလိုက်ကြတယ်... အပြန်မှ ယူဆောင်းပြီး ပြန်မယ်ပေါ့.. ဆိုင်ကယ်စီးဦးထုပ်ဆိုတာကလည်း တရုတ်ကလုပ်တာဆို ၁၅၀၀ ကျပ် ယိုးဒယားဆို ၄၀၀၀ ကျပ်လောက် ပေးရတာကိုးဗျ... ဒီလိုနဲ့ ခရီးဆက်လာလိုက်တာ မော်တော်ပီကယ် ဆပ်ပလိုင်းချက်နေတာတဲ့ ဦးကြီးနှစ်ယောက် တည့်တည့်ကို တိုးတော့တာပေါ့.. မော်တော်ပီကယ်က ရွှီးးးးးးး ဆိုပြီး ခရာတွတ်လိုက်တော့ ဦးကြီးတို့ ဆိုင်ကယ်ကလည်းးး ကာရံသင့်စွာ ကျွီ.........ဆိုပြီး ရပ်သွားပါလေရော... မော်တော်ပီကယ်က ဆိုင်ကယ်စီးဦးထုပ် ဘာလို့ မဆောင်းလာတာလဲ မေးတော့.. ဦးထုပ်ဖမ်းနေတယ်ဆိုလို့ မဆောင်းလာတာလို့ ပြန်ဖြေတာပေါ့.. မော်တော်ပီကယ်ကိုကို တော်တော်ဒေါသူပုန်ထတာပေါ့... လမ်းစည်းကမ်းမသိဘူးလား..ယာဉ်စည်းကမ်း မသိဘူးလား.. ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ရမယ်ဆိုတာ မသိဘူးလား...စသဖြင့် ဖိဟောက်..တော့တာပေါ့.. ဒီတော့ ဦးကြီးတစ်ယောက်က ခပ်ကြောက်ကြောက်နဲ့ ပြန်ဖြေပါတယ်... "ဦးလေးတို့က ရွာကထွက်လာတုန်းက ဆောင်းလာပါတယ် ဆရာရယ်.. လမ်းမှာတွေ့တဲ့ ရွာကတစ်ယောက်က ဆိုင်ကယ် ဦးထုပ်တွေ ဖမ်းနေတယ်ဆိုလို့ ဦးလေးတို့က ဦးထုပ်တွေကို ချွတ်ပြီး လမ်းမှာ ဝှက်ထားခဲ့တာပါ... အခု ဦးထုပ်ဖမ်းတာ မဟုတ်ဘူးလားးး ဦးလေးတို့ ဦးထုပ်မပါဘူးလေ..... ဖမ်းလို့မရဘူး မဟုတ်လားးး" ဆိုပြီးပြန်ပြောတာပေါ့...။ မော်တော်ပီကယ်ကိုကိုခမျာ ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားရရှာတာပေါ့.. ဒါကြောင့် ပြောပါတယ်.. ကျနော်တို့ လူမျိုးတွေဟာ ရိုးသားလွန်းပါတယ်လို့.. ရိုးအလွန်းတဲ့ လူတွေကို စည်းကမ်းနည်းလမ်းတွေ သေသေချာချာသင်ပေးကြပါလို့..... သူတို့ ထင်တာက ဆိုင်ကယ် ဦးထုပ်ဖမ်းတယ်ဆိုတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းလာတဲ့ လူတွေရဲ့ ဦးထုပ်တွေကို ဖမ်းတယ် ထင်နေကြရှာတာကိုး...။ အခုတော့ ဦးကြီးနှစ်ယောက် ဥပဒေအရ အရေးယူခံရတော့တာပေါ့... ဒါတောင်... ဦးကြီးတစ်ယောက်က " ဆရာရယ်... ဒဏ်ကြေးက ငါးထောင်ဆိုတော့ မများဘူးလား လျှော့လို့ရရင် လျှော့ပေးပါဦး" ဆိုပြီး ဈေးဆစ်နေသေးရဲ့.... ကဲ..ကျနော်တို့ လူမျိုးတွေ ဥပဒေအရ သတ်မှတ်ထားတဲ့ ကြေးကိုတောင် ဈေးဆစ်လို့ ရတယ် ထင်နေကြသေးတာ.....။ အဲ့ ဦးကြီးရဲ့နာမည်က ဦးမောင်ရွှေတဲ့ဗျ....။ တကယ်လူရိုး လူအေးကြီးပါ..။ သူရဲ့ အလွဲလေးတွေက တော်တော်လေးကို ရယ်စရာကောင်းသလို မောစရာလည်း ကောင်းရှာပါတယ်...။ တစ်ခါကလည်း သူ့တူတစ်ယောက်ခေါ်သွားလို့ မြို့ကို ရောက်သွားရှာတယ်... မနက်ပိုင်းမှာ သူတည်းနေတဲ့ ဘုန်းကြီးကျောင်းနားက လဘက်ရည်ဆိုင်ကို ဗိုက်ဆာလို့ တစ်ယောက်တည်း လဘက်ရည်သွားသောက်တာပေါ့..။ ဆိုင်ထဲရောက်တော့ သူ့ထိုင်နေတဲ့ စားပွဲဘေးကိုလည်း လူလေးယောက် သူနဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာတာပေါ့...။ စားပွဲထိုးလေးက သူ့စားပွဲဘေးက လူလေးယောက်ဆီကို ဘာမှာမလဲ အရင်မေးတယ်... ဟိုက လဘက်ရည်လေးပွဲ ထပ်တရာ တစ်ပွဲ မှာလိုက်တာကို ဦးမောင်ရွှေကြားတော့..ထပ်တရာဆိုတာ ဘာမှန်း မသိရှာတော့ "သြော်.. သူတို့ကလူလေးယောက်ကို အထပ်တစ်ရာမှာတယ်ဆိုတော့ ငါကတစ်ယောက်တည်း အထပ်တစ်ရာ မကုန်လောက်ဘူး လေးယောက်ဆိုတော့ တစ်ယောက်ကို အထပ်အစိတ်လောက်ကုန်တာပေါ့...ငါလည်း အထပ် အစိတ်လောက်ဆို ဝမှာပါလေ..."လို့ တွေးပြီး စားပွဲထိုးလေး ရောက်လာပြီး ဘာမှာမလဲ မေးတော့ "လဘက်ရည်ချိုချို တစ်ခွက်နဲ့ အထပ်အစိတ် တစ်ပွဲပေးကွာ"ဆိုပြီး မှာလိုက်တာပေါ့....။ သူ့အတွေးနဲ့ သူတော့ မှန်နေတာပေါ့နော့...။ နောက်တစ်ရက် ညနေပိုင်းမှာ ဦးမောင်ရွှေဟာ သူ့တူနဲ့ ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းသွားစားကြတာပေါ့.... လဘက်ရည်ဆိုင်မှာတုန်းက ခံထားရတာမို့ ထမင်းဆိုင်မှာတော့ သူ့တူကိုပဲ အားလုံးတာဝန်လွဲပေးထားလိုက်တယ်...ထမင်းဟင်းတွေ မှာယူစားသောက်ပြီး ရေသောက်ဖို့အတွက် အသင့်ချထားပေးတဲ့ ရေသန့်ဗူးကို ဖွင့်ပြီး ရေသောက်မယ်လုပ်တော့ ရေဗူးထဲက ရေကခဲပြီး သွန်ချလို့မရဖြစ်နေတယ်... ဒီတော့ ဦးမောင်ရွှေ ပြောလိုက်ပုံက " တော်တော်အံ့သြဖို့ကောင်းတယ်.. ရေဗူးအဝကျဉ်းကျဉ်းလေးက ဒီလောက်ကြီးတဲ့ ရေခဲတုံးကြီး ဘယ်လိုများထည့်ထားတာပါလိမ့်"တဲ့လေ...။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....
K.Latt
ခရီးသွားပြည်သူများအတွက် ဖားပန်ချောင်းကူး ယာယီတံတားဆောက်လုပ်ပေးစေလို
ခရီးသွားပြည်သူများအတွက် ဖားပန်ချောင်းကူး ယာယီတံတားဆောက်လုပ်ပေးစေလို
မော်လူး၊ စက်တင်ဘာ ၂၀
@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
ပင်ဝယ်ကျေးရွာအုပ်စု၊ ဖားပန်ကျေးရွာအနီးတွင် ပေ ၄၀၀၀ ခန့်ကျယ်ဝန်းသည့်
ဖားပန်ချောင်းကိုဖြတ်သန်း၍ ကွန်ကရစ်တံတားကြီးတစ်စင်းကို ဆောက်လုပ်နေပြီး၊
တံတားကြီးပြီးစီးခဲ့ပါက ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးအတွက်
အရေးပါသည့် တံတားတစ်စင်းဖြစ်လာကာ ဒေသခံပြည်သူများ ခရီးသွားလာရာတွင်
အဆင်ပြေချောမွေ့မည်မှာ အမှန်ပင်ဖြစ်သော်လည်း ၊ ယခုကဲ့သို့ မိုးများသော
မိုးရာသီတွင် ချောင်းရေမှာ များပြားပြီး ရေစီးသန်သဖြင့် ချောင်းကို
ဖြတ်သန်းသွားလာနေကြရသည့် ခရီးသွားပြည်သူများအတွက်
အသက်အန္တရာယ်နှင့်အခက်အခဲများစွာကြုံတွေ့နေကြရကြောင်း၊
မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားကြသည့် ပြည်သူများသည် ချောင်းကို
ဖြတ်ကူးနိုင်ရန်အတွက် ဆိုင်ကယ်သယ်ဆောင်ခအဖြစ် ငွေ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊
၃၀၀၀ ကျပ် အစရှိသဖြင့် ပေးနေကြရကြောင်း၊ တံတားကြီး၏
ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း အစမျှသာရှိနေပြီး
အချိန်ကြာမြင့်မည်ဖြစ်သည့်အတွက် ဖားပန်ချောင်းကူး ယာယီတံတားတစ်စင်းကို
ဆောက်လုပ်ပေးလျှင် အဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံခရီးသွားပြည်သူတစ်ဦးထံမှ
ကြားသိရသည်။
ခင်မောင်ဆွေ ( မော်လူး )၊ သတင်းဓာတ်ပုံ - နီတိုး
မော်လူး၊ စက်တင်ဘာ ၂၀
@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
ပင်ဝယ်ကျေးရွာအုပ်စု၊ ဖားပန်ကျေးရွာအနီးတွင် ပေ ၄၀၀၀ ခန့်ကျယ်ဝန်းသည့်
ဖားပန်ချောင်းကိုဖြတ်သန်း၍ ကွန်ကရစ်တံတားကြီးတစ်စင်းကို ဆောက်လုပ်နေပြီး၊
တံတားကြီးပြီးစီးခဲ့ပါက ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးအတွက်
အရေးပါသည့် တံတားတစ်စင်းဖြစ်လာကာ ဒေသခံပြည်သူများ ခရီးသွားလာရာတွင်
အဆင်ပြေချောမွေ့မည်မှာ အမှန်ပင်ဖြစ်သော်လည်း ၊ ယခုကဲ့သို့ မိုးများသော
မိုးရာသီတွင် ချောင်းရေမှာ များပြားပြီး ရေစီးသန်သဖြင့် ချောင်းကို
ဖြတ်သန်းသွားလာနေကြရသည့် ခရီးသွားပြည်သူများအတွက်
အသက်အန္တရာယ်နှင့်အခက်အခဲများစွာကြုံတွေ့နေကြရကြောင်း၊
မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားကြသည့် ပြည်သူများသည် ချောင်းကို
ဖြတ်ကူးနိုင်ရန်အတွက် ဆိုင်ကယ်သယ်ဆောင်ခအဖြစ် ငွေ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊
၃၀၀၀ ကျပ် အစရှိသဖြင့် ပေးနေကြရကြောင်း၊ တံတားကြီး၏
ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း အစမျှသာရှိနေပြီး
အချိန်ကြာမြင့်မည်ဖြစ်သည့်အတွက် ဖားပန်ချောင်းကူး ယာယီတံတားတစ်စင်းကို
ဆောက်လုပ်ပေးလျှင် အဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံခရီးသွားပြည်သူတစ်ဦးထံမှ
ကြားသိရသည်။
ခင်မောင်ဆွေ ( မော်လူး )၊ သတင်းဓာတ်ပုံ - နီတိုး
Friday, September 20, 2013
်facebook အကောင့်သစ် ရလိုသူတွေအတွက် သတင်းကောင်း
facebook အကောင့်သစ် မရလို့ စိတ်ညစ်နေသလား အကူအညီလိုရင်
မော်လူးက ဖုန်းအရောင်းဆိုင် တစ်ဆိုင်မှာ လုပ်လို့ရနေပြီ
ဖုန်းတော့ တစ်ညပေးထားရမည်
ဘယ်ဆိုင်ဆိုတာတော့ ပြောပြမနေတော့
ခပ်ဆိုးဆိုး ဖုန်းဆိုင်တစ်ဆိုင်ပါ..
မော်လူးက ဖုန်းအရောင်းဆိုင် တစ်ဆိုင်မှာ လုပ်လို့ရနေပြီ
ဖုန်းတော့ တစ်ညပေးထားရမည်
ဘယ်ဆိုင်ဆိုတာတော့ ပြောပြမနေတော့
ခပ်ဆိုးဆိုး ဖုန်းဆိုင်တစ်ဆိုင်ပါ..
မော်လူးဒေသတွင်း ယစ်မျိုးလိုင်စင်မရှိပဲ အရက်မျိုးစုံ ထုတ်လုပ် ရောင်းချနေသူများအား အုပ်ချုပ်ရေးမှူးမှ တွေ့ဆုံ အသိပေး
မော်လူးဒေသတွင်း ယစ်မျိုးလိုင်စင်မရှိပဲ အရက်မျိုးစုံ ထုတ်လုပ်
ရောင်းချနေသူများအား အုပ်ချုပ်ရေးမှူးမှ တွေ့ဆုံ
အသိပေး
မော်လူး၊ စက်တင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊
အုပ်ချုပ်ရေးမှူးရုံးတွင် မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ
မော်လူးဒေသအတွင်း ယစ်မျိုး လိုင်စင်မရှိပဲ အရက်မျိုးစုံ
ထုတ်လုပ်ရောင်းချနေသူများအား စက်တင်ဘာလ ၂၀ ရက် နေ့လည် ၁၂ နာရီ အချိန်က
ခေါ်ယူတွေ့ဆုံပြီး ယစ်မျိုးဥပဒေအကြောင်း အသိပေးပြောကြားခဲ့သည်။
၎င်းတွေ့ဆုံ အသိပေးပွဲသို့ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး
ဦးဝင်းစိန်၊ ရာအိမ်မှူးများ၊ ရပ်ကွက်မှုများနှင့် ယစ်မျိုး
လိုင်စင်မရှိပဲ အရက်မျိုးစုံ ရောင်းချသူများ စုစုပေါင်း ၅၀ ဦးခန့်
တက်ရောက်ကြသည်။ အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ အရက်ချက်သူများ၊
အရက်မျိုးစုံရောင်းချသူများသည် ထုတ်လုပ်ခွင့်၊ ရောင်းချခွင့်လိုင်စင်များ
ရှိမှသာ ထုတ်လုပ်ရောင်းချမှုများကို ပြုလုပ်ကြရန်၊ လုပ်ငန်းလိုင်စင်မရှိပဲ
ထုတ်လုပ်ရောင်းချမှုများကို တွေ့ရှိပါက ယခင်က ဒဏ်ကြေးငွေမျှနှင့်သာ
ပြီးစီးနိုင်သော်လည်း ယခုအခါ ဒဏ်ကြေးငွေနှင့် မပြီးစီးနိုင်တော့ပဲ
ယစ်မျိုးဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟု
သတင်းရရှိသည်။
ခင်မောင်ဆွေ ( မော်လူး)၊ သတင်းဓာတ်ပုံ - နီတိုး
မော်လူး ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပြန်လည်နိုးထစေချင်
မော်လူး ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပြန်လည်နိုးထစေချင်
မော်လူး၊ စက်တင်ဘာ ၁၉
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပြန်လည်နိုးထလာစေရန် ဒေသခံပြည်သူများလိုလားလျက်ရှိနေကြသည်။
အလိမ္မာစာမှာရှိ ၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် လူတိုင်း အတွေးအခေါ်အမြော်အမြင်ရင့်ကျက်လာစေရန်အတွက် လူတိုင်း စာဖတ်ရကြမည်ဖြစ်သည်။ သို့အတွက် ဗဟုသုတဟင်းလေးအိုးကြီးသဖွယ် ပညာမျက်စိအလင်းပေးစွမ်းနိုင်သော စာကြည့်တိုက်များကို နိုင်ငံနှင့်အဝန်း ဖွင့်လှစ်လျှက်ရှိကြသည့်အလျောက် မော်လူးကျေးရွာတွင် ပညာအလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်တစ်ခုကို ၁၉၉၈ ခုနှစ်ကစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဖွင့်စအချိန်တွင် စာပေဝါသနာရှင်များဖြင့် အထူးစည်ကားလှသော်လည်း ယခုအခါ စာကြည့်တိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ပြီး စာဖတ်လာသူပြည်သူများ အဆင်ပြေစေရန်နှင့် စာအုပ်စာပေများကို စနစ်တကျ စီစဉ်ထားပေးနိုင်မည့် စာကြည့်တိုက်မှူး မရှိသဖြင့် ပိတ်ထားခဲ့ရသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သည်။ မော်လူးဒေသတွင် ကျေးရွာအုပ်စုပေါင်း(၁၀)အုပ်စု၊ တိုက်နယ်(၉)ခု၊ ကျေးရွာပေါင်း(၄၃)ရွာရှိသည့်အတွက် ဒေသခံ စာဖတ်ဝါသနာရှင်များ၊ စာပေလေ့လာလိုက်စားသူများပြားကြောင်း၊ ယနေ့အချိန်အခါတွင် လူငယ်လူရွယ်များသည် သောက်စားမူးယစ်ပျော်ပါးသူများ၊ အပျော်အပါးလိုက်စားသူများသာ တိုးတက်များပြားလာသည့်အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်များနှင့် ကြုံတွေ့နေရကြောင်း၊ ထိုကဲ့သို့သောဖြစ်ရပ်များကို လျှော့ကျသွားစေရန်နှင့် ကျေးလက်မှသည် မြို့ပြဆီသို့ ခေတ်မီဖွံ့ဖြိုးတိုးတက်လာနိုင်ရန် လူတိုင်းစာပေများကို ဖတ်ရှု့လေ့လာသင့်ကြောင်း၊ စာကြည့်တိုက်ကြီးအတွက် လိုအပ်သည့် စာအုပ်စာပေများကို လှူဒါန်းမည့် အလှူရှင်များရှိသော်လည်း စာကြည့်တိုက်ကြီး မဖွင့်လှစ်နိုင်သဖြင့် စာပေမြတ်နိုးကြသည့် ဒေသခံများ အားမလိုအားမရဖြစ်နေကြကြောင်း၊မော်လူးဒေသတွင် စာကြည့်တိုက်ကြီးကို ပြန်လည်နိုးထလာစေနိုင်စေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ဆောင်ရွက်သင့်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးထံမှ ကြားသိရသည်။
နွယ်နီ
မော်တိတ်ကျေးရွာ မကြာမီ ၂၄နာရီ လျှပ်စစ်မီးရရှိတော့မည်
မော်တိတ်ကျေးရွာ မကြာမီ ၂၄နာရီ လျှပ်စစ်မီးရရှိတော့မည်
အင်းတော်၊ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်တိတ်ကျေးရွာတွင် မကြာမီအချိန်အတွင်း ၂၄ နာရီ လျှပ်စစ်မီးရရှိနိုင်တော့မည်ဖြစ်ကြောင်း ဒေသခံများထံမှ ကြားသိရသည်။
မော်တိတ်ကျေးရွာသည် အင်းတော်မြို့နှင့် ဗန်းမောက်မြို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် အရေးပါသော ဗျူဟာလမ်းမကြီးပေါ်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ထောင်စု(၁၄၀)ကျော်၊ လူဦးရေ ၇၀၀ ခန့်၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ကျေးလက်ကျန်းမာရေးဋ္ဌာနတို့ရှိပြီး၊ ဂဒူးနှင့် ရှမ်းဗမာလူမျိုးများ နေထိုင်ကြကာ အများစုမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ အင်းတော် - ဗန်းမောက် ၂၄နာရီ လျှပ်စစ်မီးလိုင်းများ သွယ်တန်းစဉ် အချိန်မှ အစပြု၍ ကျေးရွာ၂၄နာရီ လျှပ်စစ်မီးလင်းရေးကို ကြိုးစားအကောင်အထည်ဖော်ခဲ့ရာ ယခုအခါ ကျေးရွာအတွင်း ကွန်ကရစ်တိုင်များ စိုက်ထူပြီး ပင်မလျှပ်စစ်ဓာတ်ကြိုးများကိုလည်း သွယ်တန်းပြီးစီးနေပြီဖြစ်သည်။ ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း(၅၀၀)ခန့်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါမီးလင်းရေးကို ၂၀၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊မကြာမီအချိန်တွင် ၂၄နာရီ လျှပ်စစ်မီး ရရှိတော့မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိပါက ကျေးရွာ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးတို့သည် အမှန်တကယ် တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ဒေသခံ မီးလင်းရေးကော်မတီဝင်များထံမှ ကြားသိရသည်။
နွယ်နီ
Wednesday, September 18, 2013
တုံးလုံကျေးရွာတွင် အမျိုးသမီးတစ်ဦး ပန်း ရေဆေးစဉ် ရုတ်တရက် သေဆုံး
တုံးလုံကျေးရွာတွင် အမျိုးသမီးတစ်ဦး ပန်း ရေဆေးစဉ် ရုတ်တရက် သေဆုံး
အင်းတော်၊ စက်တင်ဘာ ၁၈
@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအုပ်စု၊ တုံးလုံကျေးရွာတွင် အမျိုးသမီးတစ်ဦး ကျောက်စိမ်းဂမုန်းပန်းများကို ရေဆေးနေစဉ် ရုတ်တရက်သေးဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၁၈.၉.၂၀၁၃ ရက်နေ့ နံနက် ၈နာရီ ၁၅ မိနစ်အချိန်ခန့်က မော်လူးရဲစခန်းမှ စခန်းမှူး ရဲအုပ် အေးမင်းသိန်း တာဝန်ထမ်းဆောင်နေစဉ် ပင်ဝယ်ရဲကင်းမှ တက ဇေယျာစိုး၏ သတင်းပေးပို့ချက်အရ တုံးလုံကျေးရွာတွင် အမျိုးသမီးတစ်ဦး ရုတ်တရက်သေဆုံးကြောင်း သိရသဖြင့် သက်သေများဖြစ်သော ပင်ဝယ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ တုံးလုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းညိုတို့နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းရွာနေ မခင်ဆန်းမြင့် ၃၃နှစ် (ဘ) ဦးကျော်ဦး (မှီခို)သည် တုံးလုံရွာ၏ မြောက်ဘက်၊ ရွာနှင့်ကပ်လျက်ရှိသည့် စိမ့်ရေတွင်းဘေးတွင် ပြင်ပဒဏ်ရာ မရှိပဲ သေဆုံးနေသည်ကို တွေ့ရသည်။ သေဆုံးသူ မခင်ဆန်းမြင့်သည် အတက်ရောဂါ ရှိသူတစ်ဦးဖြစ်၍ စိမ့်ရေတွင်း၏ဘေးတွင် ကျောက်စိမ်းဂမုန်းပန်းများကို ဘုရားကပ်လှူရန် ရေဆေးနေစဉ် ရုတ်တရက် အတက်ရောဂါကြောင့် မှောက်လျက်လဲကာ ခြောက်လက်မခန့်ရှိသော ရေတိမ်တွင် ရေနစ်သေဆုံးရခြင်း ဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ခင်ပွန်းဖြစ်သူ ဦးမောင်ကြီးမှာလည်း ခရီးလွန်နေကြောင်း၊ အနီးပတ်ဝန်းကျင်တွင်လည်း တစ်စုံတစ်ယောက်မှ မရှိကြောင်း ဒေသခံများမှ ပြောကြားခဲ့သည်။ အတက်ရောဂါရှိသူများသည် ရေဘေး၊ မီးဘေးအန္တရာယ်များ ကြုံတွေ့နိုင်မှု များပြားသဖြင့် အထူးသတိထား စောင့်ကြည်ပေးရန် လိုအပ်ကြောင်း တာဝန်ရှိသူများက ဒေသခံများကို သတိပေးပြောကြားခဲ့ကြောင်း၊ အဆိုပါအမှုနှင့် ပတ်သက်၍ မော်လူးရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် ၂/၁၃ ဖြင့် အမှုဖွင့်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန်အတွက် အမှုစစ် ရဲအုပ် အေးမင်းသိန်းမှ စစ်ဆေးလျက်ရှိပြီး၊ အခင်းဖြစ်ရာနေရာတွင် မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်းစသည်တို့ကို ပြုလုပ်ကာ သေဆုံးသူအား ဆေးစာနှင့်အတူ မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
နွယ်နီ
မော်လူး ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက် ၀ါတွင်းတရားပွဲ
၁၃၇၅ခုနှစ် တော်သလင်းလပြည့်နေ့ မော်လူးဒက္ခိဏာရာမ ဘရားကြီးကျောင်းတိုက် ၌
နှစ်စဉ်ကျင်းပမြဲဖြစ်သော တရားပွဲတွင်
မဟာဂန္ဓာရုံကျောင်းတိုက် ဓမ္မကထိကဆရာတော်
ဦးဣန္ဒာလောကာလင်္ကာရ
မှ နိဗ္ဗာရောက်ကြောင်း တရားတော်များ ဟောကြားပါမည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သော တရားပွဲတွင်
မဟာဂန္ဓာရုံကျောင်းတိုက် ဓမ္မကထိကဆရာတော်
ဦးဣန္ဒာလောကာလင်္ကာရ
မှ နိဗ္ဗာရောက်ကြောင်း တရားတော်များ ဟောကြားပါမည်။
Tuesday, September 17, 2013
မော်လူး တခွင်က ထူးခြားဖြစ်စဉ်
ကွယ်လွန် ပြီးသော်လည်း
ခန္ဓာကိုယ်ပျော့ပြောင်းပြီး
လက်အုပ်ချီ နိုင်ခဲ့သော
မော်လူးဒေသ ဂွေ့ကြီးကျေးရွာနေ
ဘုရားဒါယိကာမ ရဟန်းဒါယိကာမ ကျောင်းဒါယိကာမကြီး
ဒေါ်မြရီ ၏
ဗွီဒီယိုမှတ်တမ်း
Sunday, September 15, 2013
တွေးမိ တွေးရာ ရေးမိ ရေးရာ ၂
သတင်း တစ်ပုဒ်၏ နောက်ကွယ်
@@@@@@@@@@@@@@@@@@
ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ချီတက်နေသည့် မြန်မာနိုင်ငံတော်ကြီးတွင် မီဒီယာသမားတို့၏ အခန်းကဏ္ဍအား မဏ္ဍိုင်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းထားခဲ့သည်မို့ မီဒီယာသမားတို့၏ တာဝန်မှာ မသေးလှဟု ဆိုရပေလိမ့်မည်။ မီဒီယာသမားဟု ဆိုရာဝယ် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည် စသည်တို့မှ သတင်းထောက်များဟု အများအားဖြင့် သတ်မှတ်သိရှိထားကြပေသည်။ ၄င်းသတင်းထောက်များတွင်လည်း တိုက်ပိုင် သတင်းထောက် အလွတ်တန်း သတင်းထောက်၊ ကော်လံစား သတင်းထောက် အစရှိသဖြင့် ထပ်မံခွဲထွက်သွားပြန်သည်။ ထိုသတင်းထောက်တို့၏ ဖော်ထုတ်ရေးသားမှုများကြောင့် ပြည်သူများ သတင်းမှန်များကို သိရှိကြရသည်။ ဒေသတွင်း နိုင်ငံတွင်း နေ့စဉ်ဖြစ်ပျက်နေမှုများအား ပြည်သူတို့ထံ တင်ပြနေကြသူများပင်.....ဤသို့ဆိုလျှင် သူတို့တွေ၏ ကျေးဇူးတွေ ကျွန်တော်တို့ ပြည်သူတွေဆီမှာ ရှိနေကြသည်ဆိုရမည်ပင်... သို့တည်းမဟုတ် ကျွန်တော်တို့ပြည်သူများ၏ ဖတ်ရှု့အားပေးမှုများကြောင့် သူတို့တွေ ရေးသားမှုကို ဆက်လက်လုပ်ကိုင်နိုင်ကြသည်ဟု ဆိုလျှင်လည်း မှားယွင်းလိမ့်မည် မဟုတ်ပါ... ဒီတော့ သတင်းထောက်နှင့် ပြည်သူဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့...။ သတင်းသမားနှင့် ပြည်သူတို့ တစ်သွေးတည်း တစ်သားတည်းဖြစ်နေလျှင် မတရားမှုများ၊ မှောင်ခိုမှုများ၊ မူးယစ်ဆေးမှုများ စသည့်..စသည့် ... အဖြစ်အပျက်များ ကင်းဝေးကာ အေးချမ်းသာယာသည့် ဒီမိုကရေစီနိုင်ငံကြီးကား ပေါ်ပေါက်လာမည်မှာ ဧကန်မလွဲပင်....။ သို့သော်.... သတင်းသမားနှင့် ပြည်သူကြားဝယ် တစ်သွေးတည်း တစ်သားတည်း မဖြစ်ပဲ တစ်ဦးအပေါ်တစ်ဦး မယုံကြည်မှုများ မသင်္ကာမှုများ ရှိနေသဖြင့် မလိုလားအပ်သော ဖြစ်ရပ်များ ဖြစ်ပွားနေရသည်ကို မြင်တွေ့ရသည်မှာ စိတ်မချမ်းသာစရာကောင်းလှပေသည်။ ယခု ဖြစ်စဉ်မှာ သတင်းသမားနှင့် ပြည်သူအကြား အထင်လွဲမှားမှု တစ်ခု၏ ပြယုဂ်ဖြစ်ကြောင်း သိရှိကြစေရန် ရည်ရွယ်၍လည်းကောင်း သတင်းအချက်အလက်ကို သေသေချာချာ သိရှိနားလည်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန်လည်းကောင်း ဤစာအား ရေးသားရခြင်း ဖြစ်ကြောင်း ရှေးဦးစွာ သိစေအပ်သလို မည်သူတစ်ဦးတစ်ယောက်အပေါ်တွင်မှ ထိခိုက်လိုစေသော စိတ်ထား မြူတစ်မှုန်စာမျှ မရှိကြောင်း ဦးစွာပဏာမ ရေးသားတင်ပြအပ်ပါသည်။ ဤစာကို ပြည်သူတစ်ယောက်အနေဖြင့်လည်းကောင်း သတင်းသမားတစ်ဦး၏ အမြင်ဖြင့်လည်းကောင်း နှစ်ဖက်စလုံးမှ စဉ်းစားတွေးခေါ်ရေးသားပါသည်။ ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းတွင် တင်ပြဆွေးနွေးမှုကို လက်ခံပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ မှားနေသည်ဟု အချက်အလက်ခိုင်လုံလျှင် အမှားကို လက်ခံပြုပြင်ဝံ့ခြင်း၊ မိမိစိတ်ခံစားမှုကို ရှေးတန်းမတင်ပဲ သုံးသပ်ဝေဖန် ဆုံးဖြတ်နိုင်မှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိခံစားနိုင်မည်ဟုလည်း ယုံကြည်မိပါသည်။ ဤကား စကားနိဒါန်း ဖြစ်၏။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက လ္ဘက်ရည်ဆိုင်တွင် အလွတ်တန်းသတင်းထောက်နှစ်ဦး လဘက်ရည်သောက်နေစဉ် သစ်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးသမားတစ်ဦးမှ သတင်းသမားအား သူ၏ သစ်များကို သက်ဆိုင်ရာသို့ ဖမ်းဆီးရန် သတင်းပေးသည်ဟု စွပ်စွဲကာ လူများရှေ့တွင် ပြောဆိုကြောင်း၊ ထို့ပြင် စီးပွားရေးသမားသည် အရိုးအသွား ၁၂ လက်မခန့်ရှိသော ဓားမြောင်တစ်ချောင်းကိုလည်း ခါးတွင်ချပ်ထားကြောင်း၊ တစ်ယောက်တစ်ခွန်း စကားများနေကြရင်း အခြေအနေဆိုးဝါးလာမည်ကို စိုးရိမ်သဖြင့် ကျန်သတင်းသမားတစ်ဦးက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသော်လည်း တစ်ဦးတစ်ယောက်မျှ ရောက်ရှိလာခြင်း မရှိကြောင်း၊ ဆိုင်တွင်းရှိ တခြားသူများက ဝိုင်းဝန်းဖျန်ဖြေကြသဖြင့် အခြေအနေသည် စကားများရုံအဆင့်တွင်သာ ပြီးဆုံးသွားခဲ့ကြောင်း၊ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သတင်းသမားက သတင်းအဖြစ်ရေးသားပြီး နေ့စဉ်သတင်းစာသို့ ပေးပို့လိုက်လေရာ စက်တင်ဘာ ၇ ရက်နေ့ စံတော်ချိန် နေ့စဉ်သတင်းစာတွင် "တရားမဝင် စီးပွားရေးသမားက မီဒီယာကို ခြိမ်းခြောက်" ဟူသည့် ခေါင်းစဉ်ဖြင့် ပါရှိလာလေတော့သည်။ ထိုသတင်းသည် မကျယ်ဝန်းသည့် မော်လူးကျေးရွာအတွင်း ပျံ့နှံ့သွားကာ ဟိုးလေးတကြော်ကြော် ဖြစ်သွားတော့၏။ ဖြစ်စဉ်က ထိုမျှ အဆုံးမသတ်သေးချေ...။ သတင်းကိုရေးသားသူက တစ်ယောက် သတင်းစာတွင်ပါလာသည့် သတင်းသမားအမည်က တစ်ယောက်ဖြစ်လေသောအခါ အမည်ဖော်ပြခံရသည့် သတင်းထောက်က သူရေးသားခြင်းမဟုတ်ကြောင်း အများသိရှိစေရန် သတင်းစာမူကို မိတ္တူကူးကာ ဖြန့်ဝေပြန်တော့သည်။ သတင်းစာတွင် ပါလာကတည်းက ပေါက်နေသည့် သတင်းမို့ ယခုကဲ့သို့ ဖြစ်ကုန်ပြန်လေသောအခါ ပိုပြီး ဟော့ ပိုပြီး ပေါက်သွားတော့သည်။ နောက် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မော်လူးကျေးရွာ၏ လူစည်ကားသည့် လမ်းဆုံလမ်းခွနေရာ၌ စံတော်ချိန်သတင်းစာပါ သတင်းသည် သတင်းသမားတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်ထံ ငွေတောင်းခံရာမှ စတင်ပေါ်ပေါက်လာခဲ့ခြင်းသာဖြစ်ကြောင်း ရေးသားထားသည့် စာရွက်ကို အမည်ဖော်ပြထားခြင်းမရှိပဲ တိတ်တဆိတ် လာရောက် ကပ်ထားပြန်သောအခါ ပြည်သူအများကြားဝယ် သို့လော...သို့လော..ဟူသည့် အတွေးများဖြင့် မည်သူက မှန်၍ မည်သူကမှားသည်ကို ဝေခွဲမရ ဖြစ်ကုန်ကြတော့၏။
ကဲ.. ပြဿနာရင်းမြစ်ကို တစ်စခြင်းဆွဲထုတ်ကာ ဝေဖန်သုံးသပ် တင်ပြပါတော့မည်။ စီးပွားရေးသမားက စွပ်စွဲပြောဆိုသည့် သတင်းသမားသည် ဒေသတွင်း တရားမဝင်လုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံမှုများ ရှိနေသည်ဆိုသည်မှာ အားလုံးသိနေကြပေသည်။ သို့သော် တရားမဝင်လုပ်ငန်းရှင်များကလည်း မတောင်းလျှင်လည်း ပေးကြရမည်သာလျှင်.. ဆိုလိုသည်မှာ သူတို့က ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်ကို လုပ်ကိုင်နေကြသည် မဟုတ်လား..။ ဥပမာ တရားမ၀င် ကျွန်းသစ်များကို သစ်စက်ထောင်ခွဲစိတ်ခြင်း၊ ကျွန်းတံခါးချပ်လုပ်ငန်း၊ ကျွဲနွားမှောင်ခိုကူးသန်းရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း အစရှိသည့် လုပ်ငန်းရှင်များက သတင်းသမား သတင်းတစ်ပုဒ်ရေးလိုက်လျှင် သူတို့တွေ မည်သို့ဖြစ်ကုန်မည်ကို သိရှိကြသည် မဟုတ်လား...။ ဒီတော့ သတင်းသမားသည် ပေးလျှင်ယူ၏ ... မပေးလျှင် ရေးမည်..ဆိုသကဲ့သို့ ဖြစ်ကာ ... ပြည်သူများ၏ အားထားရာ မဟုတ်တော့ပဲ အမြင်ကတ်စရာ မျက်စိနောက်စရာ ဖြစ်လာရတော့သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု ဆိုငြားအံ့... လူတို့သည် လောဘ၏ သားကောင်များဖြစ်သလို.. စနစ်၏ သားကောင်များလည်း ဖြစ်၏။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးချိန်မို့ တရားမဝင်လုပ်ငန်းအများစုကို ပါးရည်နပ်ရည်ရှိသည့် လူတွေက လုပ်ကိုင်ကြသကဲ့သို့ အခြေခံလူတန်းစားတို့က ထိုလုပ်ငန်းရှင်တို့ လက်အောက်တွင် အလုပ်လုပ်ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရသည့် အဖြစ် မဟုတ်လား။ ထိုကဲ့သို့ တရားမဝင်လုပ်ငန်းများက ကြီးစိုးလာချိန်ကြာလာသည်နှင့် အမျှ အမှားမှ အမှန်အဖြစ်သို့ ရောက်လာသည်ဟု ဆိုရမလိုပင်... တရားမဝင်လုပ်ငန်းဟု ဆိုသော်လည်း ခိုးကြောင်ခိုးဝှက် မဟုတ် ပေါ်ပေါ်ထင်ထင်ပင် လုပ်ကိုင်နေကြတော့သည်။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ရောက်ရှိလာခဲ့ရာ စီးပွားရေးတင်မကပဲ ပြည်သူတို့၏ စာရိတ္တမဏ္ဍိုင်များမှာလည်း ပြားပြားဝပ်သွားခဲ့ရသည်။ ဗုဒ္ဓဘာသာဝင်များ အများစုရှိရာ မြန်မာပြည်တွင် ယုံကြည်စရာ မကောင်းလောက်အောင် မတရားမှုများ၊ တရားမဝင်လုပ်ငန်းများ ပေါများလာလေတော့သည်။ သက်ဆိုင်ရာဋ္ဌာနများမှလည်း အရေးယူဆောင်ရွက်ခြင်းမရှိ အရေးယူဆောင်ရွက်ပြန်လျှင်လည်း တရားရုံးတွင် ငွေများတရားနိုင်မို့ အောက်ခြေဝန်ထမ်းတို့မှာ ငပေါကြီးသာလျှင်ဖြစ်ကျန်ရစ်ခဲ့သမို့ တရားမဝင်လုပ်ငန်းရှင်တို့၏ ပေးစာကမ်းစာ မသထာရေစာ ဘယ်လိုဖြစ်ဖြစ် သူတို့စားဝတ်နေရေး အဆင်ပြေရေးကိုသာ ဦးတည်ကြကုန်တော့သည်။ ဒါကလည်း အပြစ်ဆိုဖွယ်ရာမရှိ မြန်မာပြည်ကို အုပ်ချုပ်ခဲ့သည် စစ်တပ်ကပင် လစာမလုံလောက်၍ ဦးပိုင် ကုမ္ပဏီထောင်ကာ စီးပွားရေးလုပ်ရသည်ဟု တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖတ်လိုက်ရသေးပေသည်။ဒီတော့ သက်ဆိုင်ရာဋ္ဌာနများနှင့် တရားမဝင် စီးပွားရေးသမားတို့မှာ လင်နှင့်မယားလိုပင် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်... ထိုစီးကြောင်းအတွင်းသို့ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသမားတို့ကလည်း စီးမျှောပါသွားလေသောအခါ အများပြည်သူတို့၏ အားထားရာ မဟုတ်တော့ပဲ အမြင်စောင်းစရာ ကဲ့ရဲ့စရာများဖြစ်လာလေတော့သည်။ တကယ်တမ်း အခက်အခဲများကို ခံစားရသူများမှာ မှန်မှန်ကန်ကန် ရိုးရိုးသားလုပ်ကိုင်စားသောက်ကြသည့် အခြေခံလူတန်းစားများပင် သက်ဆိုင်ရာဋ္ဌာနများ၏ လျှစ်လျူရှုထားမှုတွေကြောင့် တရားမဝင်စီးပွားရေးသမားတို့၏ ထင်သလို စော်ကားမှုများကို ခံစားရပါတော့သည်။ ကျွန်တော်တို့မော်လူးဒေသတွင် တရားမဝင်လုပ်ငန်းများစွာရှိသည့် အနက် ကျွန်းတံခါးချပ်လုပ်ငန်းရှင်များ၏ နှိပ်စက်မှုကို အနီးအနားရှိ လူများမှာ နေ့စဉ်ကြုံတွေ့ခံစားနေရပေသည်။ ဥပမာတစ်ခုပြရလျှင် အိမ်တစ်အိမ်မှ သေလုမြောပါးနာမကျန်းဖြစ်နေရှာသည့် လူမမာတစ်ဦးမှာ ထိုအိမ်မှ တဂျီဂျီ တဝီဝီမြည်နေသည့် သစ်ခွဲလွှဝိုင်းသံ၊ စက်ရွေဘော်အသံများကို နားမခံသာရှာသဖြင့် ခေတ္တနားပေးရန် သို့မဟုတ် နေရာပြောင်းရွေ့ပြီး အလုပ်လုပ်ပေးရန် ပြောကြားသောအခါ လုပ်ငန်းရှင်ဖြစ်သူက တိုင်ချင်ရာသို့တိုင်ပါ.. ရဲစခန်းကိုရော သစ်တောကိုရော ငွေပေးထားကြောင်း ပြန်လည်ပြောဆိုပါတော့သည်။ ဒီလို သတင်းတွေကို အဘယ်ကြောင့် သတင်းသမားမရေးကြသနည်းဆိုသော် ငွေကြေးယူထား၍ဟု ကောက်ချက်ချရမည်သာ .... သို့သော် သတင်းသမားတစ်ဦးက ရင်ဖွင့်ပြောပြသည်မှာ ဒေသခံလူများသည် ဤလိုလုပ်ငန်းများရှိနေ၍ အလုပ်အကိုင် အခွင့်အလမ်းပေါများနေကြောင်း သတင်းအဖြစ်ရေးသားလိုက်ပါက တစ်ပါးသူ၏ စီးပွားရေးကို ထိခိုက်စေကြောင်း ဤသို့ဖြစ်နေသည်မှာ မော်လူးတစ်နယ်တည်း မဟုတ်ကြောင်း ပြန်လည် ရှင်းလင်းပြောဆိုလာလေသောအခါ မည်သူ့ကို အပြစ်တင်ကြမည်နည်း။ မည်သည့်အရာကို ယိုးမယ်ဖွဲ့စွပ်စွဲကြရမည်နည်း။ စနစ်၏ သားကောင်ဖြစ်သော အခြေခံလူတန်းစားတို့၏ ကိုယ်ကျင့်တရား ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံစောင့်စည်းအပ်သော တရားတို့မှာ အဝေးသို့လွှင့်စင်ကုန်တော့သည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဤကဲ့သို့ ဖြစ်ရပ်များ မြို့၊ ရွာမည်မျှခန့်တွင် ဖြစ်ပျက်နေကြသည် မသိ.... အဓိက တရားခံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းတို့က အဓိက လက်သည် တရားခံပင်... ဤသို့ ဤပုံသာ ဆက်ပြီး သွားနေလေလျှင် အစိုးရသစ်ကြွေးကြော်နေသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ အဘယ်မှာလျှင် ရောက်နိုင်ပါအံ့နည်း.... ပြောင်းလဲမှုများကို အောက်ခြေအဆင့်အထိ ရောက်အောင် ဆောင်ရွက်သင့်သကဲ့သို့ ပြည်သူများအတွက် အဆင်ပြေမည့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးသင့်ဟု ထင်မြင်ယူဆမိပါသည်။ အလုပ်အကိုင်အခွင့်အလမ်းပေါများပြီး ဝင်ငွေများအဆင်ပြေလာမှသာ သိသင့်သိထိုက်သည့် အခြားအရာများကို လေ့လာနိုင်ပြီး အသိပညာတိုးတက်လာနိုင်မည်။ ခေတ်အဆက်ဆက် ရှေးရိုးစွဲ အယူအဆများဖြင့် မောင်နှင်နေကြသည့် ဦးနှောက်များ အသိပညာဖြင့် မောင်းနှင်သည့် အဆင့်သို့ တိုးမြင့်ရောက်ရှိလာမှသာ ယခုကဲ့သို့သော အဖြစ်အပျက်များကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ပြည်သူများဘက်မှလည်း ဒီမိုကရေစီဟူသည့် အခွင့်အရေးကို မိမိအခွင့်အရေးသာမက သူတစ်ပါးအခွင့်အရေးတွေကိုပါ နားလည်သိရှိလာနိုင်မည်ဟု ယုံကြည်မိပါသည်။
ယခု အဖြစ်အပျက်ကို အနှစ်ချုပ်ဝေဖန်ရလျှင် သတင်းသမားတို့သည် မှန်မှန်ကန်ကန်ဖြင့် သတင်းသမားတစ်ဦး၏ ကျင့်ဝတ်ကို စောင့်ထိန်းအပ်သကဲ့သို့ မိမိတစ်ဦးကြောင့် အခြားသတင်းသမားများပါ အမဲစက်စွန်းထင်းစေမည့် ဖြစ်ရပ်မျိုးများကို ရှောင်ရှားသင့်ပေသည်။ မရေးသားသင့်ဟု ယူဆသော သတင်းကို မရေးပဲနေလျှင် နေနိုင်ပါသည် သို့သော် သတင်းကိုဖြစ်စေမည့် သူတို့က ပေးအပ်၍ဖြစ်စေ ကိုယ်တိုင်ကတောင်းခံ၍ဖြစ်စေ ငွေကြေးတစ်စုံတစ်ရာကိုလည်း လက်မခံသင့်သလို ယူလည်း မယူသင့်ပေ... သို့မှသာ အများပြည်သူတို့က ယုံကြည်ကိုးစားသည့် သတင်းသမားဖြစ်လာမည်။ ထို့ပြင် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဟု ကြွေးကြော်ထားသည့် မီဒီယာ အခန်းကဏ္ဍမှာ ပိုမိုလင်းလက်တောက်ပလာမည်ဖြစ်ပေသည်။
ယခုတော့ တရားမဝင်စီးပွားရေးသမားများနှင့် သတင်းသမားတို့မှာ (မော်လူးတွင်သာ) လင်နဲ့မယားကဲ့သို့ ဖြစ်နေပါသည်။ ယခုဖြစ်ရပ်သည် သူတို့ လင်မယားအချင်းအချင်း မသင့်မမြတ်ဖြစ်ကာ စကားများရန်ဖြစ်ကြခြင်းသာ ဖြစ်ပေသည်။ မကြာမီအချိန်တွင် ပြန်လည်သင့်မြတ်ကာ ဇာတ်ပေါင်းထုတ်ပြီး ဒုံရင်း ဒုံရင်း ပြဇာတ်ကို ဆက်လက် အသုံးတော်ခံ ဖျော်ဖြေတင်ဆက်လိမ့်ဦးမည်ဟု မျှော်လင့်ရပါကြောင်း .....
ပျော်ရွှင်ချမ်းမြေ့ကြပါစေ....
K.Latt
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံ
မော်လူး၊ စက်တင်ဘာ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ
အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာလ ၁၅ ရက် နေ့လည် ၁၂ နာရီအချိန်က
အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်ဋ္ဌေးမှ
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မော်လူးဒေသမှ တာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးကျော်နိုင်ဋ္ဌေး၊ အင်းတော်မြို့ ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှုး ဦးချစ်ရွှေ၊ မော်လူးဒေသတွင်းရှိ
အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များ တက်ရောက်ကြသည်။ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်မှ ကျေးလက်ဒေသများရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊
အုပ်ချုပ်ရေးနှင့် သောက်သုံးရေ လုံလုံလောက်လောက်ရရှိစေရေးတို့ကို
ရှင်းလင်းပြောကြားပြီး၊ မော်လူးဒေသ တာဝန်ရှိသူများမှ ဒေသတွင်း
ပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်ကိုယ်စားလှယ်အား ရင်းရင်းနှီးနှီး
ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ကြပြီး နေ့လည် ၂ နာရီ ၃၀ မိနစ်တွင်
ဆွေးနွေးပွဲ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
မနက်ဖြန် နံနက် ၁၀ နာရီတွင် အုန်းဒုတ်ကျေးရွာ၌ လွှတ်တော်ကိုယ်စားလှယ်နှင့်ပြည်သူများ တွေ့ဆုံကြဦးမည် ဖြစ်ပါကြောင်းးးးးးးး
မော်လူး မီဒီယာ ဂရုဖ်
မော်လူးသမိုင်းမှာ ပါးစပ် ရာဇာဝင်ကျန်ခဲ့တော့မည် ဟဲနုခံတပ်
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်အား တိုက်ခိုက်ခဲ့သည့် မဟာမိတ်စစ်တပ်မှ အင်္ဂလိပ်စစ်သားတစ်ဦး
ဟဲနုခံတပ် (ယခု-တပ်ဦးဓာတ်ပေါင်းစုစေတီတော်) တွင် ကျဆုံပြီး ဘွဲတံဆိပ်ရခဲ့သည့်အကြောင်းရေးသား
ထားသည့် မှတ်တမ်းအမှန်အကန်လေးပါ သိချင်ရင် ဒီမှာနှိပ်ပြီး ကြည့်လိုက်ပါ....
ဟဲနုခံတပ် နှင့် ပတ်သက်နေတဲ့အကြောင်းတွေ ဒုတိယကမ္ဘာ စစ်ကို မီခဲ့ကြသော အဖိုးအဖွားများ
ပြောခဲ့သောကြောင့် အနည်းငယ်တော့ သိကြမှာပါ ...
တကယ်တမ်း ပြောရရင် တကယ်ပင် စိတ်ဝင်းစားစရာကောင်းလှပါသည်...
သို့သော် ဒုတိယကမ္ဘာစစ်အချိန်တုန်းက အခုလို ပုံစံ
လူသတ်လက်နက်တွေ့ ပြည့်လျှံခဲ့သည့် တောင်ကုန်းအား မော်လူးကိုးတိုက်နယ် ပြည်သူတွေရဲ့ကြိုးစားမှုဖြင့်
ယခုလို
ငြိမ်းချမ်းမှု၊ သာယာမှု၊ ကြည်နူးဖွယ်များနှင့် ပြည့်စုံနေသော တပ်ဦးဓာတ်ပေါင်းစု စေတီအားတည်းထား
ကိုးကွယ်နိုင်ခဲ့ပြီး
ကြမ်းတမ်းရက်စက်မှုကို သရုပ်ဖော်သည့် လူသတ်လက်နက် များကို ဖယ်ရှားနိုင်ခဲ့ပါပြီ..
သာဓု.... သာဓု..... သာ သာ
သို့သော်...
ဟဲနုခံတပ် (ယခု-တပ်ဦးဓာတ်ပေါင်းစုစေတီတော်) တွင် ကျဆုံပြီး ဘွဲတံဆိပ်ရခဲ့သည့်အကြောင်းရေးသား
ထားသည့် မှတ်တမ်းအမှန်အကန်လေးပါ သိချင်ရင် ဒီမှာနှိပ်ပြီး ကြည့်လိုက်ပါ....
ပြောခဲ့သောကြောင့် အနည်းငယ်တော့ သိကြမှာပါ ...
တကယ်တမ်း ပြောရရင် တကယ်ပင် စိတ်ဝင်းစားစရာကောင်းလှပါသည်...
သို့သော် ဒုတိယကမ္ဘာစစ်အချိန်တုန်းက အခုလို ပုံစံ
လူသတ်လက်နက်တွေ့ ပြည့်လျှံခဲ့သည့် တောင်ကုန်းအား မော်လူးကိုးတိုက်နယ် ပြည်သူတွေရဲ့ကြိုးစားမှုဖြင့်
ယခုလို
ငြိမ်းချမ်းမှု၊ သာယာမှု၊ ကြည်နူးဖွယ်များနှင့် ပြည့်စုံနေသော တပ်ဦးဓာတ်ပေါင်းစု စေတီအားတည်းထား
ကိုးကွယ်နိုင်ခဲ့ပြီး
ကြမ်းတမ်းရက်စက်မှုကို သရုပ်ဖော်သည့် လူသတ်လက်နက် များကို ဖယ်ရှားနိုင်ခဲ့ပါပြီ..
သာဓု.... သာဓု..... သာ သာ
သို့သော်...
Friday, September 13, 2013
မော်လူးသားများ နိဗ္ဗာန် ခရီး ဖြောင့်ဖြူး စေရန် ကသာအလုပ်သမား အဖွဲ့ အလှူခံ
ကသာအလုပ်သမားအဖွဲ့ မှ ဘုံကထိန်ခင်း ရန်အတွက် မော်လူ သို့ ရောက်ရှိ နေပါပြီ မော်လူးသူ မော်လူးသား များ ဒါနကုသိုလ်များ ပြုလုပ်ပြီး နိဗ္ဗာန်လမ်း ဖြောင့်ဖြူးနိုင်ပါစေ
သူခိုး အန္တရာယ် နှင့် မော်လူးကျေးရွာ
ပုံမှန်အဖိတ်နေ့ည တွင် မော်လူး မှာ ဖောက်ထွင်းမှုတွေ
ဖြစ်နေပါ၏ မည်သူ့ကိုမျှ စောင့်စားအားမကိုးကြပါနဲ့
ကိုယ့်အိမ်ကိုယ် စောင့်ရှောက် နိုင်ကြပါစေ
ဖြစ်နေပါ၏ မည်သူ့ကိုမျှ စောင့်စားအားမကိုးကြပါနဲ့
ကိုယ့်အိမ်ကိုယ် စောင့်ရှောက် နိုင်ကြပါစေ
Thursday, September 12, 2013
မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ
၂၀၁၂/ ၁၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ
မိုးညှင်း၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ယုဇနခန်းမဆောင်တွင် စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီ အချိန်က ၂၀၁၂/၁၃ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မော်ဟန်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဦးနှင့် အုပ်စု အထောက်အကူပြု ကော်မတီဝင်များ၊မိုးညှင်းမြို့နယ် ပညာရေးဋ္ဌာန ဒုတိယမြို့နယ်မှူး ဦးသောင်းဋ္ဌေး၊ ကျောင်းအုပ်ဆရာကြီး ဦးထွန်းဝင်းနှင့် ဆရာ/မများ၊ စခန်းမှူး ရဲအုပ် ဋ္ဌေးအောင်နှင့် ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ ဆုရ ကျောင်းသား/သူများနှင့် ယင်းတို့၏ မိဘများ တက်ရောက်ကြသည်။ ရှေးဦးစွာ သဘာပတိမှ အဖွင့်အမှာစကားပြောကြားပြီး မိုးညှင်းမြို့နယ် ပညာရေးဋ္ဌာန ဒုတိယမြို့နယ်မှူး ဦးသောင်းဋ္ဌေးမှ ပညာရေးဆိုင်ရာ သင်ကြားမှု၊ သင်ယူမှုများနှင့် ပတ်သက်၍ ပညာရေးဆိုင်ရာ ဗဟုသုတများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီးမှ ပညာသင်ကြားရေးနှင့် ပတ်သက်၍ မိဘဆရာ ပူးပေါင်ဒ ကလေးပညာရေးကောင်းဟူသည့် ဆောင်ပုဒ်နှင့်အညီ မိဘများဘက်မှလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန်လိုအပ်ကြောင်းနှင့် ကျောင်းဆောင်သစ်ဆောက်လုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ကျောင်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားကာ ၂၀၁၂/၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများနှင့် သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ထူးချွန်ဆုရရှိကြသူများကို ပညာရေးဋ္ဌာန ဒုတိယမြို့နယ်မှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြပြီး၊ကျောင်းအတွက် လိုအပ်လျှက်ရှိသော ခြံဝင်းအုတ်တံတိုင်းနှင့် ပညာရည်ချွန်ဆုပေးပွဲအတွက် အလှူငွေထည့်ဝင်ခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် ကျောင်းကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး ဆုပေးပွဲအခမ်းအနားကို နေ့လည် ၁၂ နာရီအချိန်တွင် ရပ်နားခဲ့ကြောင်း သိရသည်။
MAWLU MEDIAGROUP
မော်လူး သတင်း ၎
မော်လူးတွင် အပြည်ပြည်ဆိုင်ရာ အခြေခံ တရုတ်ဘာသာစကားပြော သင်တန်း ဖွင့်ပွဲကျင်းပ
မော်လူး၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် မော်လူးတရုတ်လူငယ်များ အဖွဲ့မှ ဦးစီးဆောင်ရွက်သည့် အပြည်ပြည်ဆိုင်ရာ အခြေခံ တရုတ်ဘာသာစကားပြောသင်တန်းဖွင့်ပွဲကို စက်တင်ဘာလ ၁၂ရက်၊ ကြာသာပတေးနေ့ နံနက် ရှစ်နာရီအချိန်က တရုတ်ဘုံကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲသို့ မော်လူးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ မော်လူး ရဲစခန်းမှ ရဲအုပ် အေးမင်းသိန်း၊ မော်လူးဒေသ တိုက်နယ် ဆရာဝန် ဒေါက်တာဇော်လင်းနှင့် မော်လူးဒေသမှ တရုတ်အမျိုးသားလူငယ်များအဖွဲ့နှင့် တရုတ်ဘာသာစကားကို တက်ရောက်ခဲ့ကြကြောင်းသိရသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အခြေခံ တရုတ်ဘာသာစကားပြောသင်တန်းကို သင်ကြားပို့ချပေးမည့် ဆရာမ ဒေါ်မီမီထွေးမှ "လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်ကြီးငယ်မရွေး တက်ရောက်နိုင်ကြောင်း၊ အချိန်ကိုလည်း သင်တန်းသား/သူများ အဆင်ပြေစွာ တက်ရောက်သင်ကြားနိုင်ရန် အချိန်ပိုင်းများဖြင့် စီစဉ်ထားကြောင်း၊ သင်တန်းကာလမှာ သုံးလခန့်ကြာမြင့်မည်ဖြစ်ကြောင်း"တို့ကို ပြောကြားခဲ့သည်။ ထို့နောက် အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ရဲအုပ် အေးမင်းသိန်းနှင့် တိုက်နယ်ဆရာဝန် ဒေါက်တာဇော်လင်းတို့မှ နံနက် ကိုးနာရီအချိန်တွင် ဖဲကြိုးဖြတ်ကာ သင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း ၊ မော်လူး တရုတ်ဘုံကျောင်းသို့ မြစ်ကြီးနားမြို့နေ ဦးမြင့်အောင် + ဒေါ်ကင်းချစ် သား ကိုရှောက်တီ(ခ) ရင်းရီတင်+ မယဉ်ယဉ်နိုင် (ခိုင်သူရ အီလစ်ထရောနစ် မိုဘိုင်း) မှ ဆမ်ဆောင်းအမှတ်တံဆိပ် ၂၉ လက်မ အပေါ်စက်နှင့် အောက်စက်တို့ကို လှူဒါန်းရာ မော်လူးတရုတ်အမျိုးသားလူငယ်များအဖွဲ့ လက်ခံယူခဲ့ကြောင်းသိရသည်။ အပြည်ပြည်ဆိုင်ရာ တရုတ်ဘာသာ စကားပြော သင်တန်းဖွင့်ပွဲသည် နံနက် ၁၀ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သင်တန်းသား/သူ ဦးရေ ၅၀ ကျော်ခန့် တက်ရောက် သင်ကြားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Mawlu mediagroup
Wednesday, September 11, 2013
မော်လူး သတင်း ၃
မော်လူးဒေသ တိုက်နယ်ဆေးရုံသို့ E.C.G စက်နှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်း
မော်လူး ၊ စက်တင်ဘာ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ
တိုက်နယ်ပြည်သူ့ဆေးရုံသို့ E.C.G စက်နှင့် ဆက်စပ် ပစ္စည်းများကို စက်တင်ဘာ
၁၁ ရက်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုက်နယ်ဆေးရုံသို့ E.C.G စက်နှင့် ဆက်စပ်ပစ္စည်းများကို
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဂွေ့ကြီးအုပ်စု၊
ဂွေ့ကြီးကျေးရွာမှ နှစ်ဖက်မိဘများအား အမှူးထား၍ ဦးမောင်စိုး+ ဒေါ်ဋ္ဌေးဋ္ဌေး၊
ဦးမင်းဇော် + ဒေါ်ခင်ထားမြင့် မိသားစုတို့မှ လှူဒါန်းခဲ့ခြင်းဖြစ်သည်။
အလှူရှင်များက အလှူပစ္စည်းများအား ပေးအပ်လှူဒါန်းရာ
မော်လူးတိုက်နယ်ပြည့်သူဆေးရုံ ဆရာဝန် ဒေါက်တာ ဇော်လင်း၊ ဆရာမကြီး
ဒေါ်ခင်မာချိုနှင့် ဆေးရုံကြီးကြပ်မှု ကော်မတီမှ လက်ခံရယူခဲ့သည်။ အဆိုပါ
E.C.G စက်နှင့် ဆက်စပ်ပစ္စည်းများ၏ ကာလတန်ဖိုးမှာ ငွေကျပ် ၁၈
သိန်းခန့်ဖြစ်ကြောင်း သိရသည်။
လောင်းကစားကင်းမဲ့ဇုန် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူ
အင်းတော်၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မြေပလ္လင်ကျေးရွာတွင် စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီ အချိန်က ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် လောင်းကစားကင်းမဲ့ဇုန် မြေစိုက် ပိုစတာဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုစတာဆိုင်းဘုတ် စိုက်ထူပွဲသို့ မံဟဲကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ နန့်စီးအောင်(ပေကုန်း) ရဲကင်းမှူး ရဲအုပ် မောင်မောင်လွင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြေပလ္လင်ကျေးရွာ၊ မံဟဲကျေးရွာ၊ ပေကုန်းကျေးရွာ၊ မလူးကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာလုံခြုံရေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသ အရံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။အခမ်းအနားတွင် ရဲကင်းမှူး ရဲအုပ် မောင်မောင်လွင်မှ တက်ရောက်လာသူများအား ပြောကြားရာတွင် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းစဉ်တစ်ရပ်အဖြစ် လောင်းကစား ပပျောက်ရေးကို အဓိကထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် အခြေခံတောင်သူလယ်သမားများ လောင်းကစားမှု ကင်းမဲ့မှသာလျှင် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ပြီး ခိုး ဆိုး တိုက်ခိုက်မှုများလည်း ပပျောက်လာနိုင်မည်ဖြစ်ကြောင်း၊ လောင်းကစားပပျောက်ရေးကို ဆောင်ရွက်သကဲ့သို့ မူးယစ်ဆေးဝါးပပျောက်ရေးကိုလည်း အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အုပ်စုအထောက်အကူပြု ကော်မတီဝင်များ ၀ိုင်းဝန်းကူညီပံ့ပိုးလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊လောင်းကစားမှုများကို ပပျောက်အောင် ဆောင်ရွက်နိုင်မှသာလျှင် ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုများကို အမှန်တကယ်လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း အသိပညာပေးဟောပြောပြီး လောင်းကစားကင်းမဲ့ဇုန် မြေစိုက်ပိုစတာ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြောင်း သိရသည်။
Mawlumedia
တွေးမိ တွေးရာ ရေးမိ ရေးရာ ၁
ဒီနေ့ ကျနော် လ္ဘက်ရည်ဆိုင်ကို သွားရင်း လမ်းမှာ လူတစ်ယောက်ကို တွေ့တယ်..။ အသက်က ငါးဆယ်နီးပါး ပိန်ပိန်ပါးပါး အရပ်ရှည်ရှည် ဆံပင်ရှည်ရှည် ပုဆိုးကို တိုတိုဝတ်ပြီး အကျီင်္ကလည်း ကြယ်သီးမတွယ် ရင်ဘတ်ဟောင်းလောင်းနဲ့ပေါ့…။ သူ့မျက်လုံးတွေက ကျီးကန်းတောင်မှောက် ဟိုကြည့် ဒီကြည့် ပါးစပ်ကလည်း မရပ်မနား တတွတ်တွတ် ဘာတွေရွတ်လို့ ရွတ်နေမှန်း မသိ…။ သြော်.. စိတ်မနှံသူ စိတ်ဖောက်ပြန်နေသူပါလား..။ ဒီလိုလူတွေ တော်တော်များများကို ကျနော်မြင်ဘူးတွေ့ဘူးပါတယ်..။ သူတို့လိုလူတွေကို ကျနော် တော်တော်ကြောက်မိပါတယ်…။ ဘာကြောင့်လည်းဆိုတော့ စိတ်မမှန်သူတွေဟာ ဘာမဆိုလုပ်နိုင်တာမို့လေ…။ ဒါပေမယ့် ဒီလို စိတ်မမှန် စိတ်ဝေဒနာခံစားနေရသူတစ်ဦးနဲ့ ကျနော် စကားတွေ အများကြီးပြောဘူးတယ်ဆို ယုံကြည်ကြမလား။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဟုတ်တယ်ဗျ… လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပေါ့…။ ကျနော် မြစ်ကြီးနားမှာ ဂျီတီအိုင်တက်တုန်းကလေ..။ ကျနော် ညနေပိုင်း ဒါမှမဟုတ် ညပိုင်းကို မြစ်ကြီးနား ဧရာဝတီမြစ်ရဲ့ဘေးမှာ ရှိတဲ့ ဆုတောင်းပြည့် ဘုရားကို အမြဲလိုလိုရောက်တယ်..။ ဘုရားဖူး ပြီးရင် ဧရာဝတီမြစ်ကမ်းဘေးမှာ ထိုင်ပြီး ရေပြင်ကြီးရယ်… စက်လှေတွေရယ်.. ဟိုးးး တစ်ဘက်ကမ်းက မှုန်ပျပျမြင်နေရတဲ့ အိမ်လေးတွေကို ငေးရင်းပေါ့… အဲ့ဒီဆုတောင်းပြည့်ဘုရားမှာ စိတ်မနှံတဲ့ လူကြီးတစ်ဦးရှိတယ်.. ဒီလူကြီးဟာ ကျနော်လမ်းမှာတွေ့မိတဲ့ လူကြီးအရွယ်ပါပဲ… ဒါပေမယ့် သူက ယဉ်ယဉ်လေးရူးနေတာလို့ ပြောရမယ်ဗျ…။ ကျနော်တွေ့ရမြင်ရသမျှ ကြမ်းကြမ်းတမ်းတမ်းသိပ်မရှိဘူး.. ပြီးတော့ စစ်ထွက်တစ်ယောက်ဖြစ်နေမလားတော့ မသိဘူးရယ်…။ သူ့ကို ကျနော်ဘယ်နေရာမှာ စပြီး သတိထားမိ သဘောကျမိသလဲဆိုရင် တစ်ညနေကျနော် ဘုရားကိုအလာ ကျနော့်ရှေ့နားက မိန်းကလေးတစ်အုပ် စက်ဘီးကိုယ်စီနဲ့ ဘုရားကိုလာကြတယ်.. အဲ့ဒီမှာ ဒီလူကြီးက လမ်းမအတိုင်း ဘုရားဘက်ကနေ ထွက်လာတယ်..။ ဘုရားကိုလာတဲ့ မိန်းကလေးတစ်သိုက်နဲ့ လမ်းမပေါ်မှာ ပက်ပင်းတိုးတော့တာပေါ့.. လူကြီးက လမ်းလယ်တည့်တည့် မိန်းကလေးအုပ်စုကလည်း စက်ဘီးကိုယ်စီနဲ့ လမ်းအပြည့်ဆိုတော့ … ဘယ်ကိုရှောင်လို့ ရှောင်ရမယ် မသိဖြစ်နေတဲ့ပုံနဲ့ပေါ့…. ဒီလိုအနေအထားမှာ မိန်းကလေးတွေကို လူကြီးကပြောလိုက်တဲ့ စကားလေး ကျနော်ကြားရတော့ ပြုံးမိတယ်… ” တိုက်မိလို့ကတော့ ဖူးစာပဲနော်…” တဲ့… မိန်းကလေးတွေကလည်း လူကြီး စိတ်မမှန်တာ သိကြဟန်ရှိရဲ့… ဘာမှပြန်မပြောပဲ.. တခစ်ခစ်ရယ်ပြီး ရှောင်ကွင်းစီးသွားကြတယ်….။ ဆုတောင်းပြည့်ဘုရားရဲ့ မြစ်ကမ်းဘက်အခြမ်းမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်.. ညောင်ပင်ကြီးရဲ့ အောက်နားလေးတွေမှာ အုတ်ထိုင်ခုံလေးတွေ လုပ်ထားပေးတယ်…ပြီးတော့ ညောင်ပင်ကြီးအောက်နားလေးမှာပဲ ဇရပ်ခေါ်မလား.. အမိုးပဲရှိပြီး အကာမရှိတဲ့ အဆောင်လေးတစ်ခုဆောက်ထားသေးတယ်…။ သူ့ကို ညောင်ပင်အောက်က အုတ်ခုံပေါ်မှာ ဒါမှမဟုတ် အဆောင်လေးထဲမှာ အမြဲတွေ့နေကျ… သူ့နဲ့ကျနော့်ကို မိတ်ဆက်ပေးတာက အင်းတော်မြို့က စီနီယာအစ်ကိုတစ်ယောက်ပါ… သူက ကျနော့်ကို အဲ့လူကြီးဆီခေါ်သွားပြီး ..” ဗိုလ်ကြီး ဒါက မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်က ဗိုလ်မှူးကြီးပါ…” ဆိုတော့ လူကြီးက မတ်တပ်ရပ် သတိတွေဆွဲပြီး ကျနော့်ကို အလေးတွေပြုနေတော့တာပါ..ပြီးတော့ ..”လေးစားပါတယ်…လေးစားပါတယ်… ကျနော်ကတော့ ဗိုလ်ဖိုးကွန်းပါ..” ဆိုပြီး ပြန်မိတ်ဆက်သဗျ…။ ကျနော် ရယ်ချင်စိတ်ကို မျိုသိပ်ပြီး ..”ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်…”လို့ပြန်ပြောရပါတယ်…။ ဒီလိုနဲ့ ကျနော်နဲ့ ဗိုလ်ဖိုးကွန်း မိတ်ဆွေဖြစ်ခဲ့ကြတယ်ဆိုပါတော့… နောက်ဘုရားသွားတိုင်း သူစားဖို့ ချိုချဉ်၊ နေကြာစေ့ စတာလေးတွေယူသွား သူနဲ့တွေ့ရင် တောင်ရောက်မြောက်ရောက် စကားတွေပြောပေါ့.. ကျနော်က လျှောက်မေး သူကဖြေချင်ရာဖြေနဲ့ အဆင်ပြေနေတော့တာပါပဲ….။ တစ်ခါတစ်လေ..သူပြောတာလေးတွေက စိတ်ဝင်စားဖို့ကောင်းသားဗျ…။ ဥပမာဗျာ…. လကမ္ဘာကို လူတွေအရောက်သွားနိုင်တယ်ဆိုတာ သူကမယုံဘူးဆိုပဲ… ဘာလို့လဲလို့ ကျနော်မေးတော့ ယုံကြည်လောက်အောင် မလုပ်ပြနိုင်လို့တဲ့လေ… ဘယ်လို ယုံကြည်နိုင်လောက်အောင် လုပ်ပြရမှာလဲဆိုတော့.. လကြီးက လင်းထိန်နေတာပဲတဲ့.. လကိုလူတွေရောက်တယ်ဆိုတာကို သက်သေပြဖို့ဆို လင်းထိန်နေတဲ့ လမင်းကြီးကို မလင်းအောင် တစ်ခုခုနဲ့ ကွယ်ပေး အုပ်ပေးထားပါလားတဲ့..ဒီလိုလုပ်ပြလိုက်ရင် အားလုံးက လကမ္ဘာပေါ်ကို လူရောက်တယ်ဆိုတာ ယုံကြမှာပေါ့ဆိုပဲ…။ပြီးတော့ သူကပြောသေးတယ်.. မိန်းကလေးတွေဟာ လကမ္ဘာကလာကြတာတဲ့လေ… လကနေ ဥတွေချလိုက်တာ.. လဥတွေကကွဲပြီး မိန်းကလေးတွေဖြစ်လာရတာတဲ့… ကဲ… ဒီလူကြီးရဲ့ အတွေးအခေါ်တွေက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ် မဟုတ်လား….။ သူက တစ်ခါတစ်လေ လူတွေကရူးနေကြတာတဲ့… ဒါပေမယ့် ရူးမှန်းမသိတော့ခက်တယ်ဆိုပဲ… သူကတော့ သူ့ကိုယ်သူ ရူးမှန်းသိတယ်တဲ့.. ဘယ်လိုသိတာလဲလို့ မေးတော့ လူတွေက သူ့ကို အရူးလို့ခေါ်ကြလို့ဆိုပဲ… ဒါက ဂုဏ်ယူစရာကောင်းတယ်တဲ့.. သူ့လိုလူတွေ များလာရင် လောကကြီးက သာယာလှပအေးချမ်းနေမှာဆိုပဲ…။ ကမ္ဘာကြီးဟာ ကိုယ့်ကိုကိုယ် ရူးမှန်းမသိကြတဲ့ လူတွေကြောင့် ပူလောင်နေရတာတဲ့လေ…။ သေချာတွေးကြည့်တော့လည်း ဟုတ်သလိုလိုပဲဗျ…။ ကျနော်တို့ မြတ်စွာဘုရားရှင်ကလည်း ဟောကြားထားတယ်မဟုတ်လား ပုထုဇဉ်မှန်သမျှ အရူးတွေ အကန်းတွေပဲလို့လေ…။
နောက်ပြီး အရူးစကား ကလေးစကားတွေက အမှန်တွေလို့ ကြားဘူးတာပဲ…။ ကျနော်တော့ တော်တော်လေးတွေးစရာလေးတွေ ရလို့ လူကြီးကို ကျေးဇူးတင်မိတာတော့ အမှန်ပါ….။ နောက်ပြီး ကချင်စစ်တပ်ကို ဗမာစစ်တပ်က ဘာလို့ နိုင်အောင် မတိုက်နိုင်တာလဲဗျလို့ ကျနော်မေးတော့..သူဖြေပုံလေးက ဒီလိုဗျ.. “လွယ်လွယ်လေးကို ခက်အောင်လုပ်နေကြတာပါဗျာ… ဧရာဝတီမြစ်ကြီးရဲ့ ဘေးမှာ ကချင်တပ်တွေ နေကြတာ… ဧရာဝတီမြစ်ကြီးရဲ့ အစမှာ ရေကို ခဏပိတ်ပြီး အရက်တွေလောင်းချပစ်လိုက်..အရက်တွေချောင်းစီးသွားလိမ့်မယ်.. အဲ့ဒီအရက်တွေကို ကချင်စစ်တပ်တွေ သောက်မိပြီး မူးကုန်မယ်… မူးကုန်တော့ အေးဆေးတက်သိမ်းလို့ ရပြီပေါ့ဆိုပဲ…”
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အခုဆို… ကျနော်နဲ့ မြစ်ကြီးနား ဆုတောင်းပြည့်ဘုရားက လူကြီးမတွေ့တာ ကြာပေါ့… သူဘယ်ရောက်နေလဲ အသက်ရှင်နေသေးလားတော့ မသိ… ကျနော့် အတွေးထဲဝင်ရောက်လာတာကတော့ .. ဒီလူကြီး တရုတ်ပြည်ရောက်သွားပြီး အကြံပေးလိုက်လို့များ မြစ်ဆုံစီမံကိန်းကြီး ပေါ်လာလေသလားးလို့…………
ပျော်ရွှင် ချမ်းမြေ့ကြပါစေ……
K.Latt
Monday, September 9, 2013
Sunday, September 8, 2013
Saturday, September 7, 2013
ကံကို ယုံပြီး နွားလှည်း စီးကြမယ်....
ကျနော်နေထိုင်တဲ့ တောမက မြို့မကျ ရွာကြီးမှာ မနေ့က မိုးတွေသည်းထန်စွာရွာသွန်းပြီး ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့တယ်...။ ရွာကြီးကို ဖြတ်သန်းသွားတဲ့ မော်တော်ကားလမ်းမကြီးပေါ်မှာလည်း ရေက တစ်ချို့နေရာတွေမှာ တစ်ပေခွဲ၊ တစ်ချို့နေရာတွေမှာ လေးပေခန့်အထိ ဖုံးလွှမ်းသွားခဲ့တယ်...။ရေပြန်ကျသွားချိန်ကျတော့ လမ်းမကြီးပေါ်မှာ ကျောက်တုံးကျောက်ခဲတွေ ကျင်းတွေချိုင့်တွေ ဖြစ်ကျန်ရစ်ခဲ့တာပေါ့။ ရွာကြီးရဲ့ အ၀င်က ချောင်းကို ဖြတ်သန်းဆောက်လုပ်ထားတဲ့ သစ်သားတံတားကြီးရဲ့ ကြံ့ခိုင်မှုဟာလည်း စိုးရိမ်စရာ အခြေအနေဖြစ်ခဲ့တာပေါ့..။ ရေကြီးရေလျှံမှုနဲ့အတူ မျှောပါလာတဲ့ အမှိုက်သရိုက် သစ်တုံးတွေက တံတားကြီးရဲ့ နာမကျန်းဖြစ်နေမှုကို ပိုမိုချည့်နဲ့အောင် ဇာတ်ရှိန်မြင့်ပေးသွားခဲ့လေရဲ့..။ ရေဖုံးလွှမ်းခဲ့တဲ့ မော်တော်ကားလမ်းမကြီးဟာ ဟိုးရှေးယခင်ကတည်းက ရှိနေခဲ့တာပါ...။ သမိုင်းနဲ့ချီပြီးပြောရရင်တော့ အရှည်ကြီးပေါ့...။ ကျနော်ငယ်ငယ်က ရွာကြီးကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားလေးကို အမှတ်ရနေမိတယ်...။ "ဒီမော်တော်ကားလမ်းမကြီးဟာ ကျွန်မဖေဖေလာတုန်းကလည်း ဒီအတိုင်းပဲ..အခုလည်း ဒီအတိုင်းပဲ ဘာမှ တိုးတက်လာတာ မရှိဘူး" တဲ့လေ..။ ဒါကလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ပြောသွားတာပါ...။ အခု ကျနော်က ထပ်ပြီး ပြောချင်ပါတယ်...။ အခုအချိန်ထိလည်း အရင်းအတိုင်းပါပဲ...တိုးတက်ပြောင်းလဲသွားတာဆိုလို့ တစ်ချို့သော လူကြီးတွေနဲ့ စားဖားကြီးတွေပဲရှိပါတယ်လို့လေ..။ ဒီလိုဆိုတော့ တာဝန်ရှိသူတွေ မပြုပြင်ကြဘူးလားလို့ မေးစရာရှိသပေါ့..။ ကျနော်ပြောချင်သည်မှာ တာဝန်ရှိသူတွေ ပြုပြင်မှုလုပ်ခြင်း မလုပ်ခြင်းကို မဟုတ်ပါ..။ ဒီမော်တော်ကားလမ်းမကြီးကို ကောင်းအောင် ကျနော်တို့ဒေသခံတွေ အများကြီး ကြိုးစားခဲ့ကြရတယ်ဆိုတာတော့ ခြွင်းချက်မရှိလက်ခံရမှာပါ...။ မော်တော်ကားလမ်းမကြီးဟာ အထက်မြန်မာပြည် မြစ်ကြီးနားကနေ မန္တလေးအထိ ဆက်သွယ်ထားတဲ့ လမ်းမကြီးပါ..။ ဗျူဟာလမ်းမကြီး၊ ပြည်ထောင်စုလမ်းမကြီးလို့ အမည်ကင်ပွန်းတပ်ကာ ခေါ်ဝေါ်သမုတ်ခဲ့ကြတာပေါ့။ ဟုတ်ပါပြီ... ကျနော်တို့ဒေသခံတွေ မော်တော်ကားလမ်းမကြီးကို ကတ္တရာလမ်းအဖြစ် အဆင့်မြင့်တင်ဖို့ ၁၉၉၃/၉၄ ခုနှစ်ဝန်းကျင်က တစ်အိမ်လျှင် လမ်းခင်းကျောက် ဘယ်လောက် ခွဲရမယ်..ဆိုပြီး လုပ်အားပေးနဲ့ ခွဲတမ်းကျ လုပ်ကိုင်စေခဲ့တာပါ.. ကျောက်တွေခွဲပြီးတော့ လမ်းပေါ်ရောက်အောင် ဒေသခံတွေကပဲ လှည်းနွားတွေနဲ့ ပို့ဆောင်ပေးခဲ့ကြရပြန်ရော... လမ်းကြီးကို ကတ္တရာလမ်းအဖြစ် အသက်သွင်းပြီး အဆင့်မြင့်တင်သွားခဲ့ပေမယ့်... ကတ္တရာလမ်းစစ်မဟုတ်ပဲ အမည်ခံ ကတ္တရာလမ်းသာဖြစ်ခဲ့သလို ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း ၀န်ပိုယာဉ်ကြီးများ ဖြတ်သန်းမောင်နှင်ကြခြင်းတွေကြောင့် နှစ်များမကြာမီမှာပဲ ကတ္တရာလမ်းမှ ကျောက်လမ်းဆီသို့ ပြန်လည် အဆင့်လျှော့ကျသွားပါတော့.... ဒီနောက်ပိုင်းမှာ ကုမ္ပဏီတွေက တာဝန်ယူသွားတယ်ဆိုတော့ လမ်းတွေကောင်းလာမယ် မျှော်လင့်နေပေမယ့် ဒုံရင်း ဒုံးရင်းပါ... ဒီတော့ ကျနော်တွေးမိတာလေးတွေ ဆက်ပြောပါတော့မယ်... ကျနော်တို့ အထက်မြန်မာပြည်ဟာ သဘာဝသယံဇာတတွေ မထွက်ဘူးလားဆိုတော့ ထွက်လိုက်သမှ .....မရေတွက်နိုင်အောင်ပါပဲလို့ပြောရမှာပါ။ ဒါဆို ဘာလို့ မတိုးတက်လာရတာလဲလို့ မေးစရာရှိလာမှာပေါ့...။ ဖားကန့်ကနေထွက်တဲ့ ကျောက်စိမ်းတွေနည်းမှမနည်းပဲ... ပြီးတော့ ကျွန်းသစ်၊ တမလန်း ပေါမှပေါ ...။ ဒီလိုသယံဇာတတွေပေါများခြင်းက ဒေသကို အကျိုးမပြုပဲ ကျိန်စာသင့်လေစေသလားမသိ...။ ဖားကန့်ဘက်ကို မောင်းနှင်တဲ့ ကားကြီးတွေက ၀န်ပိုတွေတင်ပြီး မော်တော်ကားလမ်းမပေါ် ဖြတ်မောင်း၊ သစ်ထုတ်ရေးဋ္ဌာနက သစ်လုံးတင်ကားကြီးတွေ တမလန်းမှောင်ခိုကားကြီးတွေ တဝီဝီဖြတ်သန်းမောင်နှင်သွားလိုက်ကြတာ ဘယ်သူတွေဘယ်လောက်အကျိုးအမြတ်ရှိသွားတယ် နိုင်ငံတော် ဘဏ္ဍာငွေ ဘယ်လောက်တိုးတက်သွားတယ်တော့ မသိ.. ကျနော်တို့ ဒေသခံတွေ ချွေးတွေ၊ သွေးတွေနဲ့ ရင်းနှီးထားခဲ့ရတဲ့ မော်တော်ကားလမ်းမကြီးကတော့ ကတ္တရာလမ်းမ ကျောက်ခင်းလမ်းဆီကို ပြန်လည်ရောက်ရှိသွားတာတော့ အမှန်တရားပါ... ဒါဟာ သဘာဝသယံဇာတ ပေါများခြင်းရဲ့ ကျိန်စာတွေထဲက တစ်ခုဖြစ်မယ်ထင်ပါရဲ့.. နောက်ပြီး သဘာဝသယံဇာတပေါများတော့ ငွေရွှင်တဲ့လူတွေများတယ်.. ဒီတော့ လောင်းကစား၊ မူးယစ်ဆေးတွေပါ နောက်ကလိုက်ပါ ပေါများလာတာမို့ သဘာဝသယံဇာတပါမက လူသားအရင်းအမြစ်တွေပါ ကျိန်စာသင့်ခံရတဲ့ အဖြစ်မျိုးကို မဖိတ်ခေါ်ပဲ ရောက်ရှိသွားရတော့တာပါ..။ ဒါက မော်တော်ကားလမ်းအပိုင်းပါ။ကျန်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီး၊ တယ်လီဖုန်း စတဲ့ စတဲ့ ဒေသခံတွေ ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ခဲ့ရတာတွေကို ရေးပြ ပြောပြရရင် တစ်ထောင့်တစ်ညပုံပြင်တွေထက် ရှည်လျားပါလိမ့်မယ်။ ကျနော်တို့အထက်မြန်မာပြည် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့အထိ ခရီးအကွာအဝေးဟာ မန္တလေးမြို့ကနေ ရန်ကုန်မြို့အထိ ခရီးအကွာအဝေးနဲ့ သိပ်ပြီး ကွာဟမှုမရှိလှပါဘူး။ မန္တလေးရန်ကုန် မော်တော်ကားလမ်းကြီးမှာ တစ်မိနစ်တစ်မိုင်နှုန်းနဲ့ မော်တော်ကားကြီးတွေ တဝီဝီမောင်းနှင်နေကြချိန်မှာ အထက်မြန်မာပြည် ဗျူဟာလမ်း၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာတော့ ယာဉ်မောင်းသူတွေ ခရီးသည်တွေဟာ ဘုရားစာကို အကြိမ်ကြိမ်ရွတ်ပြီး အသက်ကို ကြွပ်ကြွပ်အိတ်နဲ့ထုတ်ပြီး ခရီးနှင်နေကြရတာပေါ့...။ လမ်းတွေမကောင်းရုံတင်မကပဲ တံတားတွေကရော ကောင်းနေလားဆိုတော့ ထူးမခြားနားပဲဆိုရမှာပါ။ ကားသမားစကားနဲ့ပြောရရင်တော့ တရားခံရှာနေတဲ့ တံတားတွေပေါ့...။ ဒါက မော်တော်ကားလမ်းရဲ့ ဖြစ်စဉ်ပါ...။ မော်တော်ကားလမ်းမကြီးက အဆင်မပြေတာမို့ သွားလာရေးအတွက် ဘာကိုအားထားနေရလဲဆိုတော့ မြန်မာ့မီးရထားကို အားထားပြီး သွားလိုတဲ့ ခရီးကို ရ ရထားကြီး ပျော်ပျော်စီးပြီး ခရီးဆက်နေကြတယ်လို့ ပြောလို့ရမလားဆိုပြန်တော့....။ ကျနော် မန္တလေးဘူတာကြီးရောက်ရင် သိမ်ငယ်သွားသလို ခံစားရပါတယ်... မန္တလေးကနေ ရန်ကုန်ဘက်ကို နာရီဝက်ခြား မီးရထားတစ်စီး အချိန်အတိအကျ ပုံမှန်ကျစွာ မောင်းနှင်သွားလာနေကြသလို တွဲတွေကလည်း သန့်သန့်ပြန့်ပြန့် ခရီးသည်တွေကလည်း သူ့ခုံကိုယ့်ခုံတွေမှာ နေရာတကျနဲ့ပေါ့...။ ကျနော်တို့ မန္တလေး-မြစ်ကြီးနား ခရီးစဉ်ကိုထွက်ခွာမဲ့ မီးရထားတွေကတော့ မြန်မာ့မီးရထားဆိုတာမဟုတ်ပဲ မြင်မှ မီးရထားဆိုသလိုပါပဲ.. အချိန်အတိအကျ သတ်မှတ်ထားပေမယ့် မြင်မှ သာ သြော်...ဒါရထားပါလားပေါ့.... တွဲတွေ ခုံတွေကလည်း မသန့်မပြန့် ပြီးတော့ ရထားတွဲတစ်တွဲမှာ စုပြုံတိုးဝှေ့ပြီး လိုက်ပါ စီးနင်းနေရတဲ့ အဖြစ်...။ ထွက်တဲ့ ရထားအစီးရေခြင်းလည်း ဘယ်လိုမှ မယှဉ်နိုင် အချိန်တိကျမှုခြင်းလည်း မည်သို့မျှ စပ်ဟပ်မှုမရှိ...ဒီတော့ အောက်မြန်မာပြည်မှာနေတဲ့ သူတွေလည်း ပခုံးနှစ်ဘက်ကြား ခေါင်းပေါက်ကြတဲ့လူတွေ ကျနော်တို့ အထက်မြန်မာပြည်ကလူတွေလည်း ပခုံးနှစ်ဘက်ကြားခေါင်းပေါက်နေတဲ့လူတွေ လူချင်းတူတူ ဘာလို့များ ကျနော်တို့တွေက လူဟုအမည်တွင်ရုံမျှသာ ဖြစ်နေရသလဲဆိုတဲ့ အတွေးက မိမိကိုယ်ကို သိမ်ငယ်စေသလို မကျေနပ်မှုတွေကလည်း ရုန်းကြွလာပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ပြောပြောနေတဲ့ ကံပေါ့ကွာလို့ပဲ ရိုးမယ်ဖွဲ့ကြတော့မလား။ နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခု တိုးတက်ဖွံ့ဖြိုးလာဖို့ဆိုရင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ တယ်လီဖုန်း အစရှိတဲ့ အခြေခံလိုအပ်ချက်တွေကို အရင်ကြိုးစားဖြည့်ဆည်းပေးကြရမှာ မဟုတ်ပါလား။ အခုတော့ မီးရထားနဲ့ ခရီးသွားနေရတာကပင် အင်္ဂလိပ်အစိုးရက ဖောက်ပေးသွားတဲ့ မီးရထားလမ်းလေးရှိနေလို့ ကျနော်တို့ အထက်မြန်မာပြည်ရဲ့ အခြေခံလူတန်းစားတွေဟာ လူဟုအမည်တွင်နေပုံရပါတယ်...။ အကယ်၍များ မီးရထားလမ်း မရှိခဲ့ဘူးဆိုရင် ကျနော်တို့ အထက်မြန်မာပြည်က လူတွေဟာ ပေါင်းမိုးနွားလှည်းတွေ၊ ဆင်တွေ၊ မြင်းတွေနဲ့ ခရီးနှင်နေကြရလိမ့်မယ်ထင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး၊ ဒီမိုကရေစီနိုင်ငံသစ်၊ ဘယ်လိုတွေကြွေးကြော် ကြွေးကြော် အသံသာရှိပြီး တကယ်တမ်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိခဲ့လျှင် သိပ်မကြာခင်ကာလမှာ ကျနော်တို့ အထက်မြန်မာပြည်မှ လူတွေဟာ နွားလှည်းကြီးတွေနဲ့ တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဆိုပြီး လှည်းဝင်ရိုးသံတအီအီနဲ့ ခရီးနှင်နေကြရလေမလားဟု တွေးတော့နေမိပါတယ်... သြော်...ဒါကလည်း ကံကြောင့်ပေပဲလား ပရိတ်သတ်တို့ရယ်.....။
K.Latt
မော်လူး အွန်လိုင်းသုံးသူများအတွက် သတင်းကောင်း Gmail account ကို ဖုန်းမလိုဘဲ ဖွင့်လို့ရပြီ
gmail အကောင့် ဖေ့ဘုတ်ကို ဖုန်းမရှိဘဲ အကောင့်ဖွင့်မယ်.
gmail အကောင့်တော့ အမြဲရတယ် ဘာဖုန်းမှ မလိုဘူး...
၁၅၀၀ ကျပ်တန် ၂၅၆၀ ဖုန်းတွေ gmail လျှောက်မရလို့ စိတ်ညစ်တာနဲ့
အင်တာနက်ထဲ ရှာ ဖွေလိုက်တာ ဒီနေ့နံနက်ပိုင် (၅)နာရီလောက်ကြိုးစား စမ်းကြည့်လိုက်တယ်
မေး (၃)ခုနှင့် ဖေ့ဘုတ်အကောင့် (၂)ခုလုပ်ကြည့်တာအဆင်ပြေတယ်
ကိုယ်တိုင် လေ့လာချင်သူတွေ ဒီဆိုဒ်မှာ ကြည့်လိုက်ပါ
http://www.blackhatworld.com/ blackhat-seo/ black-hat-seo-tools/ 590568-make-gmail-account-witho ut-phone.html
အလွယ်တကူ ဖြတ်လမ်းကို သိလိုသူများ
အောက်တွင် ဆက်ဖတ်လိုက်ပါ။
အောက်ကလင့်မှာ
http://www.k7.net/index.htm
ဂျီမေးအကောင့်တစ်ခုနှင့် sign up လုပ်လိုက်ပါ
စကျူရတီ ကုတ်ကို 1234 သာရိုက်လိုက်
ဂျီမေးအကောင့်ထဲ ဖုန်းနံပါတ် နှင့် အခြားအချက်အလက်တွေပို့ခဲ့ပါမည်
အကောင့်တစ်ခုလုပ်လိုက်ပါ
ဖုန်းနံပါတစ်ခုရမယ်
အဲ့ဒီဖုန်းနံပါတ်နှင့်ဘဲ http://www.k7.net/index.htm
မှ sign in ၀င်ထားလိုက်ပါ
အဲ့ဒီဖုန်းနံပါတ်ကအမေရီကန်နိုင် ငံကို ကိုယ်စားပြုတယ်
ဂျီမေး အကောင့်လုပ်တဲံအခါ ဖုန်းနံပါတ် တောင်းခဲ့လျှင်
http://www.k7.net/index.htm ဆိုဒ်က ရထားတဲ့
ဖုန်းနံပါတ်ကိုထည့်လိုက်ပါပြီး လျှင်voice mail ကို သုံးပါ
ဖုန်းနံပါတ်ရှေ့က နိုင်ငံအကွက်မှ အမေရိကန် နိုင်ငံကို သုံးပါ
ပုံမှန်အတိုင်းသွားလိုက်ပါ
ကုတ်ဖြည့်ခိုင်းတဲ့အဆင့်ရောက်သွားရင်
ကုတ်နံပါတ်သိရန်အတွက်
sign in ၀င်ထားတဲ့ http://www.k7.net/index.htm
က my k7 ကိုကလစ်လိုက်ပါ
voice massage (အသံဖိုင်) ကို တွေ့ရပါလိမ့်မယ်
အဲ့ဒီ voice massage ကို ဒေါင်လော့ဆွဲပြီး ဖွင့်လိုက်ရင် ကုတ် နံပါတ်ကို
အင်္ဂလိပ် လိုပြောခဲ့ပါမည်
အဲ့ဒီကုဒ်ကို ဖြည့်လိုက်ရင် အားလုံးအိုကေပါ....
အဲ့ဒီမေးနှင့် ဖေ့ဘုတ်လုပ်လိုက်ရင် အဆင်ပြေတယ်....
ဖေ့ဘုတ်ကို လုပ်ပြီးတာ နဲ့ သူငယ်ချင်း တစ်ယောက်ကို request လုပ်
sign out မထွက်သေးဘဲနဲ့ သူငယ်ချင်းအကောင့်ကနေ confirm လုပ်ခိုင်း
ပြီးရင် ပိုစ်တစ်ခုတင်လိုက်
အဲ့ဒါပြီးရင် မေးထဲသွားပြီး Get start ကို မနှိပ်နှင့်
please let up know ကနေ ကလစ်ပြီးသွား
ဒါဆိုအိုကေ
လက်တွေ့စမ်းကြည့်ပြီး
အဆင်မပြေ ကွန်မင့်မှာ အော်ထားလိုက်...
မှတ်ချက်။ ။ Browser ကို inernet explorer ကိုသုံးပါ....
ဒီနေ့အထိတော့ရတယ် (၇.၉.၂၀၁၃)...
Friday, September 6, 2013
မော်လူး သတင်း ၂
တစ်ကိုယ်တော် စက်ဘီးသမား ကိုခင်မောင်သန်း မော်လူးကို ဖြတ်သန်းစဉ်
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် တစ်ကိုယ်တော် စက်ဘီးစီးသူ ကိုခင်မောင်သန်းသည် ပန်းတနော်မြို့မှ မြစ်ကြီးနားမြို့သို့ရောက်ရှိခဲ့ပြီး မြစ်ကြီးနားမှ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် မော်လူးကျေးရွာသို့ စက်တင်ဘာလ ၆ ရက် နေ့လည် ၂း၃၀ ခန့်တွင် ဖြတ်သန်းသွားပြီး ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်သို့ ဆက်လက် ခရီးနှင် သွားကြောင်း သိရသည်။
ရေကြီး ရေလျှံခြင်း၏ နောက်ဆက်တွဲ အတွေးလေးများ....
ရေကြီး ရေလျှံခြင်း၏ နောက်ဆက်တွဲ အတွေးလေးများ....
နွယ်နီ ရေးသား ပုံဖော်သည်။
မိုးနှင့်နွားသိုး အစိုးမရ ဆိုသည့် စကားပုံအတိုင်း သဘာဝဘေးအန္တရာယ်ကိုတော့ မည်သူမျှတားဆီး၍ မရနိုင်ပါ။ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်လျှင် ပျက်ရမည်မှာ ဓမ္မတာပင်…။ အခုလည်းကြည့်ပါ … စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးတွင် စက်တင်ဘာလ ၆ ရက် နံနက်မိုးမသောက်မီ ၃ နာရီအချိန်က မမျှော်လင့်ဘဲ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် မော်လူးမြို့ပေါ်ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ ရေကြီး ရေလျှံမှုတွေဖြစ်ပွားခဲ့ရပါတယ်။
မိုးရွာသွန်းချိန် ၃ နာရီကြာမြင့်ပြီးနောက် မော်လူးအရှေ့ဘက် တောင်တန်းများပေါ်မှ အခြေပြုစီးဆင်းလာကြသည့် ဟဲနုချောင်း၊ စီးမော်ချောင်း၊ နန့်ဒရန့်ချောင်းနှင့် ဖားပန်ချောင်းတို့မှ ရေများသည် ကမ်းပြည့်ကမ်းလျှံ မြင့်တက်ပြီး ကျေးရွာများဆီသို့ ဖြတ်သန်းဝင်ရောက်လာကြပါတယ်။ ချောင်းများမှ လျှံထွက်လာသည့် ရေတို့သည် မော်လူးကို တောင်မြောက်အလျားလိုက်ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး၏ ဘေးဘက်ဝဲယာရှိ ရပ်ကွက်များဖြစ်သည့် ရပ်ကွက် ( ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇)များသို့ ၀င်ရောက်ပါတော့သည်။ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများအတွင်းသို့ ၀င်ရောက်လာကြသည်မှာ ရေချည်းသက်သက်မဟုတ်ပေ..။ စည်းကမ်းမဲ့ စွန့်ပစ်ထားခဲ့ကြသည် အမှိုက်သရိုက်များ၊ ချောင်းများ ဖြတ်သန်းရာ လမ်းတစ်လျှောက်မှ သစ်ပင်ငယ်၊ သစ်တုံးငယ်များပါ ရောနှောပါလာကြပေသည်။ ရေကြီး ရေလျှံမှုဟာ မော်တော်ကားလမ်းမကြီးပေါ်မှာပင် အနည်းဆုံး တစ်ပေခွဲမှ အချို့နေရာ လေးပေခန့်အထိ မြင့်တက်ခဲ့ပါတယ်။ ဒီတော့ ဒေသခံတွေဟာ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နွား၊ ဝက်တွေကို ရေလွှတ်ရာနေရာများဆီသို့ အလျင်အမြန်ပြောင်း ရွေ့ကြရတော့၏။ မိုးရွာသွန်းမှုဟာ နံနက်မိုးလင်းချိန်အထိ ရေကြီးရေလျှံမှုနှင့် အပြိုင်ရွာသွန်းနေတာမို့ ဒေသခံပြည်သူများအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်မီးထုတ်လွှတ်မှုကို လေးနာရီခန့် ရပ်ဆိုင်းထားခဲ့ရပါတယ်..။ ဒီလိုရေကြီး ရေလျှံမှုတွေဟာ မော်လူးမှာ အရင်ကရှိခဲ့ ဖြစ်ခဲ့ပေမယ့် နာရီပိုင်းမျှ မိုးသည်းစွာရွာသွန်းရုံနဲ့ မဖြစ်ပွားခဲ့…ယခုတော့ နာရီပိုင်းမျှ မိုးသည်းစွာ ရွာလိုက်တာနှင့် ရေတွေက ရပ်ကွက်တွေအတွင်း ဈေးဆိုင်ခန်းတွေအတွင်း နယ်ချဲ့ဝင်ရောက်လာပြီး အချိန်တော်တော်ကြာအထိ ပြန်မကျတော့…။ အဘယ်သို့သော အကြောင်းအရင်းများကြောင့်နည်းဟု အဖြေရှာကြည့်သော်…ဒေသခံများ ပြောပြကြသည်မှာ " မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စီးမော်ချောင်း၊ ဟဲနုချောင်း၊ နန့်ဒရန့်ချောင်း၊ ဖားပန်ချောင်းများ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ စီးမော်ရွာရှိ ရေခဲစက် နှစ်လုံး ၊ ဆန်စက်နှစ်လုံး ရေနစ်ခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များ၊ ကျွဲနွားများကို ရေလွှတ်ရာနေရာများသို့ ခေတ္တပြောင်းရွေ့ခဲ့ရကြောင်း၊ မော်လူးကျေးရွာနှင့် သူရောင်းကျေးရွာသို့ ဆက်သွယ်ထားသည့် နှစ်မိုင်ခန့်ရှည်လျားသော ကျေးရွာချင်းဆက်လမ်းမကြီးတစ်လျှောက် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံများ၏ ခရီးသွားလာမှု ခေတ္တရပ်တန့်ခဲ့ရကြောင်း၊ နန့်စီးအောင် - ကသာ နှင့် မော်လူး - ကသာ ပြေးဆွဲနေသည့် ရွှေခေတ်သစ် မော်တော်ယာဉ်လိုင်းအား ခရီးစဉ်တစ်ရက် ရပ်နားခဲ့ရကြောင်း၊ မော်လူးတွင် နာရီပိုင်းအတွင်း မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှု မကြာခဏဖြစ်ပွားရသည်မှာ အမှိုက်သရိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ကြခြင်း၊ ကျေးရွာတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများ စနစ်တကျ ရှင်းလင်းထားမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း၊ သို့အတွက် တာဝန်ရှိဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ အမှိုက်သရိုက်များကို စည်းကမ်းတကျစွန့်ပစ်ကြရန်၊ ရေနှုတ်မြောင်းများကို စနစ်တကျ ရှင်းလင်းထားကြရန် လိုအပ်သည်ဟုထင်မြင်ကြောင်း" ဒေသခံတစ်ဦးမှ ပြောပြခဲ့၏။ ထို့အတူပင် ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးရှိ ဈေးသည်တစ်ဦးကလည်း ''ကျွန်မတို့ အိမ်တွေထဲမှာ၊ ဈေးဆိုင်ခန်းတွေနဲ့ အနားက လက်ဘက်ရည်ဆိုင်တွေထဲမှာ ရေတွေနဲ့အတူ မျောပါလာတဲ့ အမှိုက်သရိုက်တွေ ရွံ့နွံတွေက ရေပြန်ကျသွားတော့ တင်ကျန်ရစ်ခဲ့တာ… ဒီနေ့တစ်ရက်လုံး ကုန်အောင် သိမ်းပေမယ့် ပြီးနိုင်မယ် မထင်ဘူး" လို့ ပြောပြခဲ့ပါသေးတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများ ကမ်းပြည့်ကမ်းလျှံမြင့်တက်လာမှုဟာ ရေချည်းသက်သက်မဟုတ်…. အမှိုက်သရိုက်များနှင့် သစ်တုံးတွေပါ မျောပါလာကြတာမို့  ထိုချောင်းများကို ဖြတ်သန်းဆောက်လုပ်ထားသည့် တံတားများတွင် အမှိုက်သရိုက်တွေ ညှိပြီး ရေပြောင်းပြန်စီးတာတွေ၊ ရေ၀ဲကတော့ထိုးတာတွေဖြစ်ပြီး ကမ်းပါးပြိုမှု၊ တံတားတွေ ရေစီးနဲ့အတူ မျောပါမှုတွေ ဖြစ်လာနိုင်ပါတယ်။ လွန်ခဲ့သည့်နှစ် မိုးရာသီက ရေကြီးရေလျှံမှုဖြစ်စဉ် ရွေဘို - မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ စီးမော်ချောင်းကို ဖြတ်သန်းဆောက်လုပ်ထားသည့် သစ်သားတံတားတွင် ဒေသအရံ မီးသတ်တပ်ဖွဲ့တွေက ရေတွေနဲ့အတူ မျောပါလာတဲ့ အမှိုက်သရိုက်တွေ၊ သစ်တုံးတွေကို ဆယ်ယူဖယ်ရှားခဲ့ကြပေမယ့်.. ဒီနှစ်မှာတော့ မဆယ်ယူကြတော့။ ဒါလည်း သူတို့တွေ အပြစ်မဟုတ်…။ အမှန်က ကြံခိုင်မှုအားနည်းနေသည့် သစ်သားတံတားကို အဆင့်မြင့်တင်ခြင်းမရှိပဲ လိုအပ်သည့်နေရာများတွင်သာ ဖားထေးပြုပြင်နေခဲ့ကြသည့် အတွက် ရေရှည်ကြံခိုင်မှု အားနည်နေသည်မှာ အသေအချာပင်..။ " ဒီတံတားကို ပျက်တဲ့နေရာလေးပဲ ဖာထေးပြုပြင်နေမဲ့အစား အဆင့်မြင့် ကွန်ကရစ်တံတားဆောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့… ဘာလိုလဲဆိုတော့ ဒီတံတားဟာ ယာဉ်မောင်းတွေအတွက်ရော ဒေသခံတွေအတွက်ပါ အရေးပါတဲ့ တံတားတစ်စင်းဖြစ်လို့ပါပဲ….။ အခုတော့ တံတားက ကြံ့ခိုင်မှုအားနည်းနေပါပြီ… ယာဉ်မောင်းတွေ အထူးသတိထားမောင်နှင်နေရတဲ့ တံတားတစ်စင်းပေါ့…ကျွန်တော်တို့ ကားသမားစကားနဲ့ပြောရရင် တရားခံရှာနေတဲ့ တံတားလို့ အမည်ပေးရမလိုဖြစ်နေတယ်…ပြီးတော့ တံတားတစ်ခုခုဖြစ်ပြီဆိုရင် ကွင်းလမ်း ရှောင်လမ်း မရှိတာမို့ ကြံ့ခိုင်မှုရှိတဲ့ ကွန်ကရစ်တံတားတစ်စင်းအဖြစ် ဆောက်လုပ်ပေးသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်…" ယာဉ်မောင်းတစ်ဦးမှ သူ့အမြင် သူ့အတွေ့အကြုံ ခံစားချက်များကို ပြောပြခဲ့ပါသေးသည်။
ကဲ… မမြဲသည့် သဘောတရားများနှင့် လောကမို့ဟု တရားနှင့်ပင် ဖြေသိမ့်ရမည်လော… သဘာဝဘေးအန္တရာယ်ကိုတော့ တားဆီးလို့ မရနိုင်တာမို့ " သဘာဝဟာ….သဘာဝပါပဲ.."ဟုပင် ဆိုရမည်လား… ဝေခွဲမရနိုင်စွာဖြင့် စိတ်အစဉ်တို့သည် စက်တင်ဘာမိုးစက်ပွင့်တို့နှင့်အတူ ကြည်လင်အေးမြသည့် ရေများတသွင်သွင်စီးဆင်းနေသောချောင်းငယ်ကို ဖြတ်သန်းဆောက်လုပ်ထားသည့် ကွန်ကရစ်တံတားကြီးအား စိတ်ကူးပုံဖော်မျှော်လင့်နေမိပါတော့သည်။
နွယ်နီ
Subscribe to:
Posts (Atom)































