Tuesday, June 30, 2015
ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို ဖြေရှင်းနည်း
ဂွမ်းစောင်ပေါ်က သိန်းသောင်းပေါင်း များစွာ သော ပိုးမွှား များကို ဖြေရှင်းနည်း
========================================
အိမ်ထောင်စု တော်တော် များက ကတော့ ဂွမ်းစောင်ကို နေပူလှန်း လိုက်တာနဲ့ စိတ်ရှုတ်စရာ ဒီအကောင်တွေ သေဆုံးသွား မှာပဲလို့ ထင်နေကြတယ်။
-
ဒါပေမဲ့ နေပူထဲ လှန်းရုံနဲ့ ဒီပိုးမွှားတွေကို အမြစ်ဖြုတ် အသေ မသတ်နိုင်ပါဘူး။
မှန်ဘီလူးနဲ့ အကျယ်ချဲ့  ကြည့်လိုက်ရင် နေပူကျဲကျဲမှာ လှန်းထားတဲ့
ဂွမ်းစောင် ထဲမှာ ဒီ ပိုးမွှားတွေကို တွေ့နေ ရအုံးမှာပဲ။
-
နေလှန်းချင်တဲ့ ဂွမ်းစောင်၊ အင်္ကျီ ၊ အရုပ်၊ ကောဇော စသဖြင့် ကို အမဲရောင် ကျွတ်ကျွတ်အိတ်နဲ့ (အမဲရောင်နော်) အသေအချာ ထုတ်ပိုးပြီးထားပါ။
-
နေရောင် ပြင်းပြင်း အောက်မှာ 1-2 နာရီ ထားပါ ။
အမဲရောင်က အပူကို ပိုစုပ် ယူတဲ့ အတွက် အိတ်ထဲက ပစ္စည်းများကို အပူချိန် ပိုမြင့်စေပါတယ်။ ပိုးမွှားတွေဟာ အပူချိန် 50 ဒီဂရီ ရောက်ရင် သေဆုံး ကုန်ပါတယ်။
-
ကျွန်တော်တို့ မျက်စိနဲ့ မမြင်နိုင်ပေမဲ့ ၊ မှန်ဘီလူးနဲ့ နောက်ထပ်တခါ
အကျယ်ချဲ့  ကြည့်လိုက်ရင်တော့ ဒီပိုးမွှားတွေ သေဆုံးကုန်တာကို တွေ့ပါလိမ့်မယ် ။
တကယ်ကောင်းတဲ့ နည်းပါ ။
===========
CHO PHYU PHYU MYINT
Saturday, June 27, 2015
မိဘတွေ သားသား တွေကို သတိပေးလိုက်ကြအုန်း
ကြက်ဆူစေ့စားမိ၍ မြိတ်တွင် ကျောင်းသား ၅၀ ကျော် ဆေးရုံရောက်
မြိတ်၊ ဇွန် ၁၄
မြိတ်ခရိုင် ပုလောမြို့နယ် ပလတိုက်နယ် အထက်တန်းကျောင်းတွင် ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျောင်းတွင် စိုက်ထားသည့် ကြက်ဆူပင်များ၏ အစေ့ကို စားမိရာမှ ကျောင်းသူကျောင်းသား ၅၀ ကျော် မူးဝေအော့အန်သဖြင့် ဆေးရုံတင်လိုက်ရကြောင်း ယင်းတိုက်နယ် ဒေသခံများထံမှ သိရသည်။
ကျောင်းပတ်လည်တွင် စိုက်ထားပြီး လူတစ်ရပ်အမြင့် ရှိနေပြီ ဖြစ်သည့် ကြက်ဆူပင်၏ အသီးမှအစေ့ကို ထုခွဲစားရာမှ သူငယ်တန်းမှ ဆဋ္ဌမတန်းအထိ ကျောင်းသူကျောင်းသား ၅၀ ကျော်မှာ မူးဝေအော့အန်လာသဖြင့် ယင်းသို့ ဆေးရုံတင်ပို့ခဲ့ရခြင်း ဖြစ်ကြောင်း ပလဒေသခံ ဦးစိုးဝင်းက ပြောကြားသည်။
“စဖြစ်ချိန်မှာ ကလေး ၃၈ ဦး ကျောင်းခန်းထဲမှာ မူးဝေအော့အန်ပြီး လဲကုန်တယ်။ ဖြစ်ဖြစ်ချင်းတော့ ဒီကလူတွေ အကူအညီတောင်းပြီး ကလေးတွေကို ပလဆေးရုံကို ချက်ချင်းတင်လိုက်ရတယ် ပြောတယ်” ဟု ပလဒေသခံ ဦးကျော်မင်းက ပြောပြသည်။
ပထမတွင် ကလေး ၃၈ ဦးကို ဆေးရုံတင်ရပြီး နောက်ထပ် ၁၉ ဦး ထပ်မံတင်ပို့ရကာ စုစုပေါင်း ၅၇ ဦး ဆေးရုံရောက်ခဲ့သည်ဟု သိသည်။
ဆေးရုံတက်ရသည့် ကလေးများအားလုံး ပြန်လည်သက်သာသွားပြီ ဖြစ်သဖြင့် ဇွန်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ဝန်းကျင်က ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း ပလဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးထံမှ သိရသည်။
(Dawei Watch)
Visit website
Thursday, June 25, 2015
မော်လူးသားများ telenor ဆင်းကဒ် အသုံးပြု နိုင်မည် တာဝါတိုင် စတင်တည်ဆောက်
မော်လူး  မှာ  တော့  တာဝါ တိုင်  မစိုက်သေးပါ
ဖားပန်  ရွာလေးမှာ  စတင်တာပါ
ဖားပန်  ဆိုတော့ မော်လူးရမည် ထင်ပါသည်
လောလောဆယ်တော့  မော်လူး မစိုက်ထူသေးပါကြောင်း  သိရပါတယ်။
Monday, June 22, 2015
ဝါဆိုလ၀ယ် သိမှတ်ဖွယ် • သန္ဓေ • တောထွက် • ဓမ္မစက်၊ မိန့်မြွတ်သံချို လ၀ါဆို။ ******..
ဝါဆိုလ၀ယ် သိမှတ်ဖွယ်
• သန္ဓေ • တောထွက် • ဓမ္မစက်၊ မိန့်မြွတ်သံချို လ၀ါဆို။
*************************
• သန္ဓေတော်ယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့။
• တောထွက်တော်မူသောနေ့ = မဟာသက္ကရာဇ် ၉၇၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့။
• ဓမ္မစကြာဟောတော်မူသောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်၊ စနေနေ့။
*************************
သန္ဓေတော်ယူသောနေ့
*************************
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့ --- ကိန်းပါကို.....။
တောထွက်တော်မူသောနေ့
*************************
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် --- ခန်းမှာကို.....။
ဓမ္မစကြာ ဟောတော်မူသောနေ့
*************************
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် --- ရွမ်းတယ်ကို.....။
Credit to ဓမ္မဗျူဟာ
Tuesday, June 16, 2015
လူကြီးတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ
လူကြီးတွေ ဘာကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးကြရပါသလဲ
( အသက်ကြီးတဲ.သူတွေအတွက် မှတ်သားသင်.တဲ.အရာမို. ပြန်လည်ဝေငှ လိုက်ပါသည် )
>>> ၁၉၀၀ ပြည့်နှစ် ၀န်းကျင်လောက်က Thomas Vills “ သောမတ်စ် ဗီးစ် ” ဆိုတဲ့ ကောင်လေးတစ်ယောက်သူအရမ်းချ စ်တဲ့ သူ့အဖိုး...သူ့ရှေ့မှာ ဦးနှောက်သွေးကြောပြတ်သွား တာကိုကြုံခဲ့ရတယ်..။
ဘာမှ မသိသေးတဲ့ ကလေးလေးဆိုပေမဲ့ သူ့အရမ်းချစ်တဲ့ အဖိုးဖြေးဖြေးလဲကျသေဆုံးသွားပုံကို မျက်စိထဲက မထွက်ခဲ့ဘူး..။
ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီးတဲ့နောက်မှာ “သောမတ်စ် ဗီးလ်” ဟာ ဆရာဝန်ဖြစ်လာခဲ့တယ်..။
သူငယ်ငယ်ကတည်းက မျက်စိရှေ့တင် လဲကျသေဆုံးသွားတဲ့ အဖိုးအဖြစ်ကို ဘာကြောင့် ဦးနှောက်သွေးကြော ပြတ်ရတာလဲ လို့ သူ့လေ့လာခဲ့တယ်..။
မလေ့လာရင်သာနေမယ်.. လေ့လာရင် အရာရာ သိလာရတာပါပဲ..။ ဘာကြောင့်လို့ထင်ပါသလဲ သူငယ်ချင်း.....။
တစ်ခါတစ်လေ ကြီးမားတဲ့ အပြောင်းအလဲတွေဟာ မထင်မှတ်တဲ့ နေရာတွေက အစပြုတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဦးနှောက်သွေးကြောပြတ်ပြီးခဲ့ရတဲ့ လူတွေ အများကြီးပါ..။
သူတို့ဟာ အဓိကအားဖြင့် ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်တတ်ပါသလဲ..။
“ အလွန်ဒေါသထွက် ၊ ရန်ဖြစ်နေချိန်ကလွဲလို့ ဦးနှောက်သွေးကြောပြတ် သေဆုံးသူ အများစုဟာ အိမ်သာက အထွက်မှာ မူးပြီးလဲကျ ဦးနှောက်သွေးကြောပြတ်တယ်လို့ တွေ့ရမှာပါ.။ ဒီလိုပါပဲ... သောမတ်စ်ဗီးလ် လဲတွေ့ရှိခဲ့တယ်..။ ”
သူ့အဖိုးကလဲ အိမ်သာက အထွက်မှာလဲကျ သေဆုံးသွားခဲ့တာလေ..။ သူ သေသေချာချာ လေ့လာတော့ ရိုးရိုးအိမ်သာခွက်(ဆောင့်ကြောင့်ထိုင်ခွက်)မှာ ထိုင်ပြီး အိမ်သာတတ်သူဟာ ဒူးက ၁၅၀ ဒီဂရီကျော် ကွေးပြီး ထိုင်ရုံသာမက လူဝိတ်ကပါ ဖိမိထားတော့ ခန္ဓာကိုယ်က သွေးကြောတွေ ပိတ်မိနေတယ်..။
ဒီအချိန်မှာ အိမ်သာတတ်ပြီးလို့ ရုတ်တရက်ထလိုက်တော့ ကွေးနေတဲ့ ဒူးဟာ.. ရုတ်တရက်သွေးကြောကို ဖွင့်ပေးလိုက်သလို ဖြစ်ပြီး ဦးနှောက်သွေးကြောကိုဆောင့်တိုး စေတယ်..။
လူငယ်တွေမှာ ခံနိုင်ရည်ရှိပေမဲ့ လူကြီးတွေကျတော့ ခံနိုင်ရည်အား ကျနေပြီလေ.။
ဒါကြောင့် အိမ်သာက အထွက်မှာ လူတွေ ဦးနှောက်သွေးကြောပြတ်တာလို့... သူတင်ပြတယ်..။
ဒါနဲ့ လေ့လာတွေ့ရှိမှု နောက်ဆက်တွဲ အဖြစ်နဲ့ ရိုးရိုး အိမ်သာခွက်တွေ အစား ထိုင်ကမုတ်ခွက် တွေကို ပြောင်းသုံးဖို့ သူတီထွင်ခဲ့တယ်..။ ထိုင်ကမုတ်ခွက် တွေ အပြောင်းအလဲရဲ့ အကျိုးသက်ရောက်မှုကလဲ အံ့သြစရာကောင်းပါတယ်..။
၇၀ % သော လူတွေ ဦးနှောက်သွေးကြောပြတ်မှုကို ကာကွယ်နိုင်ခဲ့တယ်..။
ပြင်သစ် ၊ ဆွီဒင် ၊ ဂျာမနီ ၊ အမေရိကန် ၊ဟော်လန် နိုင်ငံတွေမှာ ထိုင်ကမုတ်ခွက် သုံးပြီးကတည်းက ဦးနှောက်သွေးကြောပြတ်သူ ၈၅ % လျော့ချနိုင်ခဲ့တယ်..။
အင်္ဂလန်အပါအ၀င် တခြားနိုင်ငံတွေမှာ ၇၀ % လျော့ချနိုင်ခဲ့တယ်..။
ဖွံဖြိုးပြီး အာရှနိုင်ငံများမှာ ၆၀ % ကျော်လျော့ချနိုင်ခဲ့တယ်.. ။
အာဖရိကတိုက်မှာတော့ ဦးနှောက်သွေးကြောပြတ်သူ တဖုတ်ဖုတ်ပါပဲ..။
Credit:Mr-Daung Char Sai
မော်လူး ဓမ္မစကူးလ် သင်တန်းသို့ ပစ္ဓည်းများ လှူဒါန်း
မော်လူးအမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအသင်းအား ဓမ္မစကူးလ် သင်ထောက်ကူပစ္စည်းအဖြစ် မန္တလေးမြို့မှ မသိမ်ဂီအောင်မှ ကွန်ပျူတာတစ်စုံ ပလတ်စတ်လောင်းစက် epsonကာလာပလင်တာတစ်ခု စုစုပေါင်းတန်ဖိုး (၈၃၀၀၀၀) ကျပ်ကို လှူဒါန်းခဲ့ပြီး မော်လူးဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးဝါယာမအားနဝကမ္မ အလှူတော်ငွေတို့ကို လှူဒါန်းသွားပါကြောင်း
Monday, June 15, 2015
ကျွန်တော်တို့ မသိကြသေးသော ဆားရဲ့အသုံးဝင်ပုံ လျှို့ဝှက်ချက် (၇) ချက်
ကျွန်တော်တို့ မသိကြသေးသော ဆားရဲ့အသုံးဝင်ပုံ လျှို့ဝှက်ချက် (၇) ချက်
================================================
မိမိတို့ နေ့စဉ်ဟင်းလျှာမှာခပ်ပြီး အိမ်မှာအသုံးပြုနေတဲ့ ဆားဟာ ဘယ်လောက်ထိအသုံးဝင်သလဲဆိုရင် မိမိနေထိုင်နေတဲ့ အိမ်တစ်အိမ်လုံးကို သန့်ရှင်းတောက်ပြောင်သွားတဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်ဆိုတဲ့ အကြောင်းကို စာနဲ့ပုံအတူတွဲပြီးပြောပြချင်ပါတယ်။
(၁). မီးပူမျက်နှာပြင်ကိုပြန်လည်ပြန်လည် ချောမောသန့်ရှင်းစင်ကြယ်စေသောနည်း
အကယ်၍သင်အသုံးပြုနေတဲ့ မီးပူရဲ့မျက်နှာပြင်ဟာ စေးကပ်ကပ်ဖြစ်ပြီး မီးပူတိုက်တဲ့အခါ စိတ်အနှောက်အယှက်ဖြစ်နေမယ်ဆိုရင်တော့ စက္ကူ သို့မဟုတ် သတင်းစာရွက် တစ်ရွက်ကိုရှာပြီး စာရွက်ပေါ်ကို ဆားလောင်းပြီးဖြူးထားလိုက်ပါ။ ထို့နှောက် မီးပူကို အပူရှိန်အကုန်ရှိတဲ့ ခလုပ်နေရာကိုနိုပ်ထားလိုက်ပါ။ ပြီးနောက် စက္ကူပေါ်ဆားဖြန့်ထားတဲ့နေရာကို မီးပူဖြင့် ၁ မိနစ်လောက်တိုက်ပေးလိုက်ပါ။ မီးပူပေါ်မှာရှိနေတဲ့ စေးကပ်ကပ်နဲ့အညစ်အကြေးများဟာ ဆားပေါ်ကိုသွားရောက်ကပ်ကုန်မှာဖြစ်ပြီး သင့်ရဲ့မီးပူမျက်နှာပြင်ဟာပြန်လည်ချောညှက်သန့်ရှင်းတောက်ပြောင်လာတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
(၂). ကွဲသွားတဲ့ကြက်ဥမှ ဖြစ်ပေါ်နေတဲ့အညစ်အကြေးတွေကို ပြန်လည်သန့်ရှင်းအောင်လုပ်နည်း
အခန့်မသင့်လို့ ကြက်ဥကွဲသွားတယ်ဆိုရင် ကြက်ဥအရည်များညစ်ပတ်ပေကျန်လို့ သန့်ရှင်းရေးလုပ်တဲ့အခါ အကုန်မသိမ်းနိုင်ဘူးဆိုရင် ကွဲသွားတဲ့ ကြက်ဥအရည်ပေါ်သို့ ဆားဖြူးလိုက်ပါ အချိန်အနည်းငယ်ကြာသောအခါ ဓါတ်ပြုပြီး အစိုင်အခဲ ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ် အဲဒီအခါကျမှ ကြက်ဥအခဲတုံးလေးကို အလွယ်တကူကောက်သိမ်းနိုင်တဲ့အတွက် သင့်ကြမ်းပြင်ကို တစ်ဖန်ပြန်လည်သန့်ရှင်းစေမှာပဲဖြစ်ပါတယ်။
(၃). မီးတောက်မီးလျှံတွေကို ချုပ်ငြိမ်းစေသောနည်း
မီးဖိုပေါ်ဒယ်အိုးတင်လိုက်လို့ ဒယ်အိုးထဲမီးထတောက်တဲ့ အခါ ကြောက်လှန့်လို့ ဒယ်အိုးပစ်မချလိုက်ပါနဲ့ ဒယ်အိုးထဲသို့ဆားကိုဖြူးလိုက်ပါ။ အဲဒီအချိန်မှာပဲ အောက်ဆီဂျင်များနေတဲ့ ဒယ်အိုးမှာဆားနဲ့ဓါတ်ပြုသွားသောအခါ မီးပြန်လည်ငြိမ်းသွားမှာဖြစ်ပြီး ပုံမှန်အတိုင်း ချက်ပြုတ်ကြော်လှော်လို့ရနိုင်မှာပဲဖြစ်ပါတယ်။
(၄). ဂျိုးကပ်နေတဲ့ ဒယ်အိုး၊ဒန်အိုးများကို ဂျိုးကွာကျစေသောနည်း။
ကြော်လှော်ချက်ပြုတ်တဲ့အခါမှာ ဟင်းတူးသွားလို့ပဲဖြစ်ဖြစ် ဂျိုးဖြစ်ပြီးကပ်နေကာခွာလို့ခက်ခဲနေမယ်ဆိုရင် ဒယ်အိုးတူးနေတဲ့နေရာ ဂျိုးကပ်နေတဲ့နေရာကို ဆားဖြူးကာရေနဲနဲလောက်ဖြန်းပြီး ၁၀ မိနစ် သို့မဟုတ် တူးတဲ့အရောင်ကွာကျလာတဲ့အချိန်ဖြစ်ဖြစ်ခဏထားပြီး ပုံမှန်ဆပ်ပြာဆေးရည်ဖြင့်ပွတ်တိုက်ကာဆေးကြောပေးရုံဖြင့် သင့်ရဲ့ ဒယ်အိုး၊ဒန်ခွက်များအသစ်ပြန်လည်၍တဖန်သစ်လွင်တောက်ပြောင်လာစေမှာပဲဖြစ်ပါတယ်။
(၅). အိုးတိုက်ရေမြုပ်ဖော့တုံးကို အသစ်ပြန်လည်ဖြစ်လာစေသောနည်း
ထမင်းပန်ကန်၊ဟင်းအိုး။ဒယ်အိုး စတာတွေကိုတိုက်လိုက်တဲ့အခါ အညစ်အကြေး အချွဲအပြစ် အစီးအကပ်များကို အရည်ပျော်ကွာကျသွားစေချင်ရင်တော့ အိုးခွက်ပန်းကန်တိုက်တဲ့ ရေမြုပ်ဖော့တုံးကို ဆားရေ ၁/၄ ဆဖြင့် ရေထဲသို့ဆားပျော်ဝင်သွားတဲ့အထိ မွေလိုက်ပါ။ထို့နောက် အိုးတိုက်ရေမြုပ်ဖော့တုံးကို ဆားပျော်ရည်ထဲသို့ တစ်ညလောက် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းတဲ့အခါ ရေသန့်ဖြင့်ဆေးကြောလိုက်သောအခါ အသစ်ကဲ့သို့ ပြန်လည်တောက်ပြောင်လာတာကိုမြင်တွေ့ရပါလိမ့်မယ်။
(၆). ရေချိုးရေစိမ်တဲ့ကန်ကို အသစ်တဖန်ပြန်လည်တောက်ပြောင်အောင်လုပ်နည်း
မိမိရေချိုးတဲ့ ရေစိမ်ကန်ဟာ ရေ၀င်ချိုး ၀င်စိမ်ချင်စိတ်မရှိလောက်အောင် ညစ်ပတ်လို့ နေတယ်ဆိုရင် ဆားကို ရေပမာဏနဲ့ အချိုးအစားတူရောပြီးမွေလိုက်ပါ။ ထို့နောက်ရေစိမ်ကန်တိုက်မယ့် အ၀တ်သို့မဟုတ်ရေမြုပ်ဖော့တုံးပေါ်သို့ တင်လိုက်ပြီး ရေစိမ်ကန်ကို တိုက်လိုက်ပါ ချက်ချင်းဆိုသလို သိသိသာသာ အရောင်တောက်ပြောင်သန့်ရှင်းလာတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
(၇). ရေဘေစင်ပိုက်လမ်းကြောင်း အညစ်အကြေးကြောင့်ပိတ်စို့နေသောပြဿနာကိုဖြေရှင်းသောနည်း
အကယ်၍များ ဒီချိန်မှာ သင့်အိမ်မှရေဘေစင် ပိတ်နေတယ်ဆိုပါစို့ အဲဒီပြဿနာတွေကိုဖြေရှင်းချင်တယ်ဆိုရင်တော့ ပိတ်နေတဲ့ရေဘေစင်ပိုက်လမ်းကြောင်းမှ အမှိုက်သရိုက်များကို အတတ်နိုင်ဆုံးဆွဲထုတ်လိုက်ပါ။ ထို့နောက် မုန့်ဖုတ်ဆော်ဒါကိုဆားနဲ့ ၁/၄ ပုံရောစပ်လိုက်ပြီး ရေပိုက်လမ်းကြောင်းထဲသို့လောင်းထည့်လိုက်ပါ။ပြီးတဲ့အခါမှာ ရှာလကာရည် တစ်ပန်းကန်းလုံးစာလောက်ထပ်ပြီးလောင်းထည့်ကာ ၁၅ မိနစ်လောက်ထား၍ ရေအပေါ်ရောက်လာစေအောင်ထားရတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ရေနွေးဆူဆူဖြင့် ပိုက်လမ်းကြောင်းကိုထပ်လောင်းလိုက်ပါ။ ဒီနည်းဖြင့် သင့်ရေဘေစင်ပိုက်လမ်းကြောင်းပိတ်စို့တဲ့ ပြဿနာကို ဖြေရှင်းနိုင်တာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ဒီနည်းအားလုံးကို အသုံးပြုပြီး အဆင်ပြေနိုင်ကြပါစေ....
Credit to: J Jin Tai
မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါး။
မြတ်ဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါး။
(၁) မြတ်စွာဘုရားရှင် ၀တ်ရုံတော်မူသည့် သင်္ကန်းတော်သည် ဟောင်းနွမ်းခြင်း၊ ဂျီးတင်ခြင်း၊ လျှော်ဖွယ်ရခြင်း မရှိခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။
(၂) မြတ်စွာဘုရားရှင်သည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူတော်မူသည့်အခါတွင် ထိုပရိက္ခရာအစုံတို့သည် ကိုယ်တော်နှင့်မထိမစပ်ပဲ လက်လေးသစ်မျှ ကွာတော်မူနေခြင်း တည်းဟူသော အံ့သြဖွယ်ရာတစ်ပါး။
(၃) မြတ်စွာဘုရားရှင်သည် တောထွက်တော်မူသည့်အချိန်မှစ၍ ပယ်ဖြတ်ထားတော်မူသော ဆံတော်တို့သည် ထိုဖြတ်ထားသည့်အတိုင်းအတာပမာဏ လက်လေးသစ်မျှသာလျှင် ရှည်ခြင်းမရှိ အမြဲတည်နေခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။
(၄) မြတ်စွာဘုရားရှင်သည် ဆွမ်းဘုဉ်းပေးပြီးတော်မူသည့်အခါ သပိတ်တော်ကိုဆေးလျှင် လက်တော်ဦးစွာ စင်တော်မူပြီး၊ လက်တော်ဆေးတော်မူလျှင် သပိတ်တော်သည် ဦးစွာစင်တော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၅) မြတ်စွာဘုရားရှင်သည် တန်ခိုးတော်ဖြင့် မုံညင်းစေ့ ကဲ့သို့သော သေးငယ်သည့် အရာထဲသို့ စံဝင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၆) မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော်ခြောက်သွယ်ကို ကွန့်မြူးလွှတ်လတ်သည်ရှိသော် အရပ်ဆယ်မျာက်နှာသို့ ဖောက်ထွင်း၍သွားတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၇) မြတ်စွာဘုရားရှင်သည် ကိုယ်တော်မြတ်ကဲ့သို့သော ပုံတော်တူ နိမ္မိတ ရုပ်ပွားတော်ပေါင်း အသင်္ချေမက ဖန်ဆင်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၈) မြတ်စွာဘုရားရှင်သည် အလင်းကိုလည်းကောင်း၊ အမိုက်တိုက်ကိုလည်းကောင်း၊ ခေတ်သုံးပါးတို့တွင် ပေးစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၉) မြတ်စွားဘုရားရှင်သည် သီတင်းသုံးစံနေ(ထိုင်)တော်မူသည်ရှိသော လူတို့သည် ကောင်းကင်ယံတွင် လပြည့်ဝန်ကို အတိုင်းသား မြင်ရသကဲ့သို့ မြတ်စွာဘုရားရှင်၏ အသရေတော်ကို အတိုင်းသား ဖူးမြင်နိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာ တစ်ပါး။
(၁၀) မြတ်စွာဘုရားရှင်သည် တရားဒေသနာ ဟောတော်မူသည့်အခါတွင် အသံတော်ရှစ်ပါးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍ တရားနာပရိဿတ်ကို တစ်ယောက်ချင်းစီ ကပ်လျှက် ဟောဘိနေသကဲ့သို့ နာ ကြားစေနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၁) မြတ်စွာဘုရားရှင်သည် လူ၊ နတ်၊ ဗြဟ္မာ သတ္တာတို့၏ စိတ်အလိုကို အာသယာ နုသယ ဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၂) မြတ်စွာဘုရားရှင်သည် ကျွတ်ထိုက်သော ဝေနေယျသတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိ ဉာဏ်တော်မြတ်ဖြင့် သိစွမ်းတော် မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၃) မြတ်စွာဘုရားရှင်သည် လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါတို့၏ ကျွတ်တန်းဝင်ရမည့်အချိန် အခါတည်းဟူသော ဣနြေ္ဒအနု၊ အရင့်ကို သိတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၄) မြတ်စွာဘုရားရှင်သည် ဉေယျဓံတရား(၅)ပါးကို သိမြင်တော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါ။
(၁၅) မြတ်စွာဘုရားရှင်သည် အလိုရှိတော်မူလတ်၍ လက်တော်ကိုဆန့်တန်းတော် မူလိုက်လျှင် သပိတ်တော် အစရှိသည့် အလိုရှိသည့် ပရိက္ခရာ များသည် အလိုအလျောက် ရောက်ရှိလာခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၆) မြတ်စွာဘုရားရှင်သည် ၀ဲဘက်မျက်လုံးတော်မှ ရေအလျှံ၊ယာဘက်မျက်လုံးတော်မှ မီးအလျှံ၊ အစရှိသော တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော်မူနိုင်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၇) မြတ်စွာဘုရားရှင်သည် တာဝတိံသာ နတ်ပြည်သို့ အဘိဓမ္မာတရားတော်မြတ် ဟောကြား တော်မူရန် ကြွရောက်တော်မူရာတွင် ပကတိ သုံးဖ၀ါးနှစ်လှမ်းမျှသာ ကြွချီတော်မူခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
(၁၈) မြတ်စွာဘုရားရှင်သည် ကြွချီတော်မူရာ လမ်းတစ်လျှောက်တွင် အဖုအထစ်၊ အနိမ့်၊ အမြင့် ရှိကြသော မြေအပြင်သည် ညီညာချောမွတ်ပြီး ခြေတော်ရာ မထင်ကျန်ခြင်း တည်းဟူသော အံ့ဖွယ်ရာတစ်ပါး။
ဤကားမြတ်စွာဗုဒ္ဓ၏ အံ့ဖွယ်ရာ (၁၈) ပါးပင်ဖြစ်၏။
(အကြောင်း၊အကျိုး၊အကောင်း၊ အဆိုးကို သိမြင်နားလည်နိုင် ကျင့်ကြံနိုင်ကြသူများ ဖြစ်ကြပါစေ)
Credit to ဓမ္မ၀ီရ အရှင်တေဇနိယ
ပင်လယ်သေမှာ ဘာကြောင့် လူကို ရေမနစ်နိုင်သလဲ
ပင်လယ်သေမှာ ဘာကြောင့် လူကို ရေမနစ်နိုင်သလဲ
ပင်လယ်သေဒေသဟာ ပူပြင်းလွန်းတယ် (တစ်နှစ်ရဲ့ပျှမ်းမျှအပူချိန်က ၂၅ ဒီဂရီစင်တီဂရိတ်မှာ ရှိတယ်)။ ရေငွေ့ပျံနှုန်း များတယ်။ ရေထဲမှာပါဝင်တဲ့ ဆားဓာတ်က ၂၅%-၃ဝ% ရှိတယ်။ ဆားဓာတ်ပါဝင်မှုမြင့်လို့ ပိုးမွှားတချို့ကလွဲပြီး တခြားရေသတ္တဝါတွေဟာ ပင်လယ်သေမှာ မရှင်သန်နိုင်ကြဘူး။
ပင်လယ်သေက ပေါင်းအိုးတစ်လုံးနဲ့တူတယ်။ ရေငွေ့တွေ အဆက်မပြတ်ပျံပြီး ဆားတွေကိုသာ ရေကန်ထဲ ကျန်စေခဲ့လို့ အခုအချိန် တချို့နေရာမှာ ရေထဲဆားဓာတ်ပါဝင်မှုက ပိုများလာပြီး သာမန်ပင်လယ်ရေထက် ဆားဓာတ်ပါဝင်နှုန်း ၈.၆ဆရှိခဲ့တယ်။ ဆားဓာတ်ပါဝင်နှုန်းများလို့ ဆက်စပ်သိပ်သည်းမှုလည်း များခဲ့တယ်။
ရေသိပ်သည်းမှု၁.၂ ခန့်က သာမန်လူတစ်ယောက်ရဲ့ ၁.၁ လောက်သာရှိတဲ့ သိပ်သည်းမှုထက် ပိုများနေခဲ့လို့ လူတွေဟာ ရေထဲနစ်မြှုပ်မသွားဘဲ ရေပေါ်ဘောလော ပေါ်နေတာဖြစ်တယ်။
ရေမကူးတတ်လည်း ပင်လယ်သေထဲမှာ သင်ဟာ ကုတင်ပေါ်လဲနေသလို စာဖတ်၊ အပန်းဖြေနိုင်ပါတယ်။
ပင်လယ်သေဟာ ဂျော်ဒန်နိုင်ငံအရှေ့ဘက်၊ ပါလက်စတိုင်းအနောက်ဘက်ကမ်းနဲ့ အစ္စရေးနိုင်ငံကြားမှာ တည်ရှိတယ်။ ပင်လယ်သေထဲ အဓိကစီးဝင်တဲ့မြစ်က ဂျော်ဒန်မြစ်ဖြစ်တယ်။
credit: လူဗိုလ်ဟူသည်
Sunday, June 14, 2015
မလူးကျေးရွာ ရှိ လေးတန်ချောင်းအနောက်ခြမ်းဖြင့် ဆက်သွယ်ထားသောကြိုးတံတားကြီး
တုံးလုံကျေးရွာတွင် သဘာဝစိမ့်စမ်းရေ ရရှိရေး ဆောင်ရွက်
မော်လူးဒေသ တုံးလုံရွာအရှေ့ဘက်ရှိ သဘာဝစိမ့်စမ်းရေကို အလျားပေ (၃၀)ပေ
အနံ (၂၀)ပေ ၊ အမြင့် (၁၀)ပေ ရှိရေကန်ကြီးတူးဖေါ်ကာ ကျောက်စီ နံရံဖြင့်
ခိုင်မာစွာ တည်ဆောက်ပြီး တုံးလုံ ကျေးရွာသို့ ရေပိုက်များသွယ်တန်းရာ
ကုန်ကျစရိတ် ကျပ်သိန်း (၁၅၀)ခန့် ကုန်ကျမည် ဟု သိရ။
Thursday, June 11, 2015
ဒီနေ့ မော်လူးမှာ တယ်လီနော တိုင်ထောင်ရန် အလုပ်ရှုပ်
မော်လူး  ဘူတာ  နား မှာ  လူတစ် စု ဟိုကြည်  ဒီကြည့်   လုပ်နေကြ   တယ်လီနော်  တာဝါတိုင်  ထောင်ရန်  နေရာရှာတာတဲ့
ဆိုင်ကယ်စီးရင်သတိထားကြတဲ့ မိုးတိမ်လေးက သတိပေးနေတယ်
မိုး တိမ်လေး shared his post to the group: အင်းတော်(INDAW)မြို့ နယ်သူ၊ နယ်သားများ ဆုံဆည်းရာ.
-----------==/
ဆိုင်ကယ်စီးလျင် ညာဘက်ကပ်မောင်းပါ
ဆိုင်ကယ်ဦးထုပ်ဆောင်းပါ
မိုး တိမ်လေး added 5 new photos.
--=====---=
အင်းတော်မြို့နယ် ၊အင်ပင်ရွာသားနှင့် ဗန်းမောက်မြို့နယ် အင်ပေါက် ရွာသား နှစ်ဦးစီ စီးနှင်းလာသောဆိုင်ကယ် နှစ်စီး သက္ကယ်ကျင်း ရွာနှင့် အောင်းကုန်း ရွာကြားတွင် ဒီနေ့ နေ့လည် ၁၂ နာရီကျော်ခန့်အချိန် တွင် စီးချင်းထိုးကြသတဲ့
လမ်းကအကျယ်ကြီးဗျာ ကပ်မောင်းတဲ့သဘော
ယဉ်မောင်းရင်သတိထားကြပါဗျာ
Wednesday, June 10, 2015
ပောာင်းတုန်းဆည်ကြီးအောင်မြင်စွားပြီးဆုံး လယ်သမားများ ရေ သုံးစွဲနိုင်ပြီ
စည်ပင်ဆြာ တို့ တံတားပေါက်နေတယ်တဲ့
ဇွန်၁၀
တံတားဘာကြောင့်ပေါက်ရတာလဲ၁၀တန်းစာမေးပွဲဖြေတဲ့အချိန်ကပေါ့။ကားတွေကွင်းလမ်းပေးဖြတ်တဲ့အချိန်ကလေခုချိန်ထိဘဲပေါ့ပေါက်လို့ပျဉ်ပြားအတိုအစလေးနဲ့အပေါ်ကဖုန်းထားတာကဈေးသွားဈေးလာတွေဆိုင်ကယ်စက်ဘီးစီးသူတွေတွက်အန္တရာယ်ကိုဖိတ်ခေါ်တာဘဲတံတားကအလယ်တည့်တည့်ပေါက်ဘီးစတင်းကလည်းရှိရှောင်ရကွင်းရတာကျဉ်းမည်သူ့တွင်တာဝန်ရှိတာဝန်ရှိသူအမြန်ဆုံးပြုပြင်ပေးစေလို။
ကျောင်းသားကျောင်းသူဈေးသွားဈေးလာဈေးဝယ်ကားဆိုင်ကယ်စက်ဘီးစီးသူများအတွက်အန္တရာယ်ကိုမြင်ကြိုပြီးစိုးရိမ်သူ။
အများပြည်သူတွက်စိုးရိမ်မိသူ။
Sunday, June 7, 2015
မီးတိုင်တွေ အသစ်နဲ့ ပြန်အစားထိုးတယ်တဲ့ မီးအားကောင်းတော့မယ်ထင်တယ်
မော်လူးရပ်ကွက်တွင်း၄၀၀ဗို့ဓါတ်အားလိုင်းရှိဆွေးမြည့်အသားတိုင်သံတိုင်များအား၉မီတာရှိကွန်ကရိတိုင်အသစ်များဖြင့်ဇွန်၇ရက်နံနက်၉နာရီကမော်လူးလျှပ်စစ်ဝန်ထမ်းများနှင့်နေ့စားဝန်ထမ်းများကအစားထိုးလှဲလှယ်ဆောင်ရွက်နေသည်။
မော်လူးသား
Friday, June 5, 2015
ကဲရော့ မော်လူး ၁၀ တန်း အောင်စာရင်း ၉ ရွက် ကြည့်လိုက်တော့
အင်းတော်မြို့နယ် ၁၀ တန်း အောင်ချက်ရာခိုင်နှုန်းတဲ့
Thein Swe Win   facebook
အင်းတော်မြို့နယ် (၁၀)တန်းအောင်
ချက်။။။။။။။။။။။
မြို့နယ်အောင်ချက် ၄၄.၅၃%
ထအင်းတော်။ ၃၇.၃၆%
ထမော်လူး။။။။ ၄၉.၄၀%
ထမဲဇာ။။။။။။။။။ ၅၁.၂%
မန်လည်။။။။။။။။ ၂၈.၁၈%
ထ(ခွဲ)မော်တိတ်။။။။။။ ၄၀.၃၈%
ထ(ခွဲ)နဘား။။။။။။။။။။ ၃၀.၉၅%
(၆)ဘာသာ။။။။။။။။။။။။။။ (၁)ဦး
(၅)ဘာသာ။။။။။။။။။။။။။။ ( ၃ )ဦး
(၄)ဘာသာ။။။။။။။။။။။။။။ ( ၁၃ )ဦး
(၃)ဘာသာ။။။။။။။။။။။။။။ ( ၄၁ )ဦး
(၂)ဘာသာ။။။။။။။။။။။ ( ၆၀ )ဦး
(၁)ဘာသာ။။။။။။။။။။။။။။ (၁၄၇ )ဦး
ခရိုင်အတွင်းအောင်ချက် ဒုတိယဖြစ်သည်။
ပထမ ကောလင်းဖြစ်ပါတယ်။
(၆)ဘာသာဂုဏ်ထူးမှာအင်းတော်
နှင့်ပင်လည်ဘူး သာပါပါသည်။
==========((((((((((=========
internet  မှ  ကြည့်လို့လည်း  ရဘူး
Tuesday, June 2, 2015
မော်လူးဒေသ မှ ၁၀ တန်းဖြေဆိုထားသော ကျောင်းသားများ အောင်စာရင်း ကြည့်ရန်
ဒီနှစ်ကတော့  အင်းတော်က  အောင်စာရင်း  စာရွက်ကို  စောင့်စရာ မလို  အင်တာနက်ကနေ
အောင်စာရင်းကြည့်မယ်  အောင်တဲ့သူများ  ကြိုတင်  သောင်းကျန်းရတာပေါ့  ကျတဲ့သူတွေအတွက်လည်း  အိပ်ရာစောစောထစရာမလိုဘဲ သာသာယာယာ ဆက်အိပ်တာပေါ့
ကဲအောင်စာရင်းကြည့်မယ်ဆိုရင်
ဒီမှာ
နှိပ်ပြီး ရှာကြည့်ပေတော့။
ဒီနေ့တော့ ရသေးဘူးနော်  အောင်စာရင်း
ထွက်တဲ့အချိန်မှ။
ကြည့်လိုမရဘူးဗျို့#######
apk  ဆိုတာ လည်းဒေါင်း  မနေနဲ့  ရဘူး######
တော်လိုက်တဲ့  မြန်မာပြည်က  နည်းပညာရှင်တွေ  
Sunday, May 31, 2015
လေးစားစွာဖိတ်ကြားအပ်ပါသည်ေ
ကျနော်များ မော်လူး - မန္တလေး လူစီးမှန်လုံ ခရီးသည် သီးသန့် မော်တော်ယာဉ်ငယ် အသင်း၏ ဖွင့်ပွဲ ၂. ၆. ၂၀၁၅ အင်္ဂါနေ့တွင် ဖွင့်လှစ်ပြေးဆွဲမည်ဖြစ်ပါ၍ ဖွင့်ပွဲသို့ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
ရွှေယောမန်း လူစီးသီးသန့်
မော်တော်ယာဉ်ငယ်အသင်း
မော်လူး
Saturday, May 30, 2015
fb က မ လာတဲ့ လက်နက် နဲ့ ငြိမ်းချမ်းရေ ဆိုတာ ဒါမှ အစစ် ကျန်တဲ့ အရာတွေ က အပေါ်ယံတွေ ဖတ်လိုက်ကြအုန်း
U War Ya Ma
ဒါကဘာကြီးလဲ ? ဒုတိယကမ္ဘာစစ်က
နယ်ချဲ့ နှင့် ဖက်ဆစ်တို့ တိုက်လေယာဉ်ပေါ်က
ချပေးထားခဲ့တဲ့အလျား ၄ပေခွဲ လုံးပတ်၎ပေ
ရှိတဲ့ဗုံးသီးအခွံကြီးပါ.
ရတနာသုံးပါးဂုဏ်ကျေးဇူးကြောင့်မပေါက်ကွဲ
ပဲကျန်ရှိခဲ့တာပါ ဆရာတော်အဆက်ဆက်က
ကျောင်းပေါ်မှာတင်ဆွဲပြီး. အချိန်နာရီသိကြ
စေရန်နှင့်ဘာသာရေးကောင်းမှုကုသိုလ်ပြုရန် နှိုးဆော်ခြင်း ရေစက်ချအမျှပေးဝေတဲ့အခါ
နတ်လူသာဓုခေါ်ကြစေရန် ခေါင်းလောင်း
ကြေးစည် မဟာစ ည်တော်ကြီးများနှင့်အတူ
တီးခတ်ကြပါတယ်
ဒီဗုံးသီးခွံရဲ့အသံကတော့. ၃ မိုင်ပတ်လည်က
ကောင်းကောင်းကြားရပါတယ်.
အသိဥာဏ်ရှိတဲ့ သက်ရှိလူသားတွေဟာ
သက်မဲ့အရာဝတ္ထုတွေကို. လူသားများ. ဆိုး
ကျိုး. ဖြစ်အောင်. ကောင်းကျိုးဖြစ်အောင်
လုပ်တတ်ကြပါတယ်.
မကောင်းဆိုးကျိုးပေးတတ်ခဲ့တဲ့ဒီဗုးံသီခွံကတော့ ဗုဒ္ဓရဲ့အရိပ်အောက်မှဆရာတော်များအ
ဆက်ဆက်လူသားများကောင်းကျိုးအတွက်
ဆက်လက်ထမ်းဆောင်နေဦးမှာပါတကား...
ဒုတိယကမ္ဘာစစ်တွင်းမြေဇာပင်ဖြစ်ခဲ့ရတဲ့
မော်လူးဒေသတွင်းရှိ နားခွင်းကျင်ဘုန်းတော်
ကြီးကျောင်းရောက်ခိုက် ဗုံးသီးခွံခေါင်းလောင်
းကိုမြင်လိုက်ရလို့ ဒီအကြောင်းရေးတင်လိုက်
ရပါတယ်. ကမ္ဘာကြီးအေးချမ်းသာယာပါစေ။
“နယုန်လပြည့် - မဟာသမယအခါတော်နေ့”
“နယုန်လပြည့် - မဟာသမယအခါတော်နေ့”
•••••••••••••••••••••••••••••••••••••••••••••••••••
ယနေ့သည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့၏
အလေးအမြတ်ထားသော နယုန်လပြည့်နေ့ ဖြစ်ပေသည်။
နယုန်လပြည့်နေ့တွင် မြတ်ဗုဒ္ဓသည် များပြားလှစွာသော
နတ်ဗြဟ္မာပေါင်းတို့ကို မဟာသမယသုတ္တန် တရားတော်ကို
ဟောကြားတော်မူခဲ့ပါသည်။ ဤနေရာတွင် မဟာသမယ၏
အဓိပ္ပာယ်ကို ရှာဖွေရသော် “မဟာ”ဟူသည် ကြီးကျယ်
မြင့်မြတ်ခြင်းဟုအဓိပ္ပာယ်ရ၍ “သမယ” သည်ကား
အချိန်-အခါ-ကာလဟု အဓိပ္ပာယ်ကောက်ယူနိုင်ပေသည်။
မဟာသမယသုတ်တော် ဟောကြားတော်မူရခြင်း၏
သမိုင်းကြောင်းကို ပြန်လိုက်ရသော် မြတ်ဗုဒ္ဓသည်
ဘုရားဖြစ်တော်မူပြီး စတုတ္ထ ၀ါတော်ကပ်စဉ် ကာလတွင်
ဖြစ်ပေသည်။ မဇ္ဈိမဒေသ ကပိလဝတ် နှင့် ကောလိယ
နှစ်ပြည်ထောင်ကြားတွင် ရောဟိဏီဟု အမည်ရှိသော
မြစ်ကလေး တစ်စင်း ရှိပေသည်။ မိုးတွင်းနှင့် ဆောင်းတွင်း
အခါသမယတွင်ကား ထိုမြစ်ကလေးအတွင်းဝယ်
ရေအလုံအလောက် စီးဆင်းနေသည့်အခါ နှစ်ပြည်ထောင်မှ
တောင်သူတို့သည် သူတို့၏ လယ်မြေတွေအတွက် ရေကို
သုံးရန်လုံလောက်ပေသည်။ ယခုကဲ့သို့သော မိုးခေါင်လှသော
နယုန်လတွင်ကား ရောဟိဏီမြစ်မှ ရေစီးဆင်းနေသော
ရေသည် နှစ်ပြည်ထောင် တောင်သူတို့အတွက် မလုံ
လောက်တော့ပေ။
သို့ဖြစ်သဖြင့် ထိုရေကို သူ ရသင့်သည်။
ငါရ သင့်သည်ဟုငြင်းခုန်ကြသည်။ ထိုမျှမက
တစ်ဖက်နှင့်တစ်ဖက် ငယ်ကျိုး ငယ်နာတွေလည်း
အပြန်ပြန် အလှန်လှန် ဖော်ကြလေသည်။
❦ကောလိယပြည်ဘက်မှ လယ်သမားများက
“နင်တို့က ခွေးတွေလို မောင်နှမချင်း အိမ်ထောင်ပြုတဲ့
အမျိုးတွေ၊”ဟု စတင်ပြောလေသည်။
❦တစ်ဘက်
(ကပိလ၀တ်) ကလည်း “နင်တို့က အနူမျိုးတွေ”
“အေး အနူမျိုးအကြောင်းသိစေရမယ်” စသည်ဖြင့်
အခြေအတင်ဖြစ်ရာမှ အထက်လူကြီးများ၊ နောင်ဆုံး
မင်းစိုးရာဇာများအထိ ပေါက်ကြားသွားရာ စစ်ခင်းကြမည့်
အခြေအနေအထိ ရောက်ရှိသွားလေသည်။
ထိုအကြောင်းကို သိတော်မူသော မြတ်စွာဘုရားရှင်
ကြွရောက်တော်မူလာပြီး “ဓား၊ လှံ၊ ဒူးလေး တွေ
သယ်ဆောင်လာကြတဲ့ ဒကာတို့ သင်တို့ဘာလုပ်ကြ
မလို့လဲ” ဟု မေးတော်မူလေသည်။ ထိုအခါ နှစ်ဘက်
ဆွေတော်မျိုးတော်များက -
“တပည့်တော်တို့ စစ်ခင်းကြမလို့ပါဘုရား။” ဟုလျှောက်
ထားလေသည်။ ဤတွင် ဗုဒ္ဓက“ဘာအတွက်စစ်ခင်း
ကြမှာလဲ”ဟု ဆက်လက်မေးတော်မူလေသည်။
နှစ်ပြည်ထောင်မှ ဆွေမျိုးတို့ကလည်း
“ရေအတွက်ပါဘုရား”ဟု လျှောက်ထားကြလေသည်။
ထိုအခါ ဘုရားရှင်က
“သင်တို့ဟာအဘိုးမတန်တဲ့ ရေအတွက်နဲ့ အဘိုးတန်တဲ့
သင်တို့ အသက်တွေ အဆုံးရှုံးခံတော့မလို့လား”ဟု
မေးမြန်းတော်မူကာ ငြိမ်းချမ်းရေး တရားကို စတင်
ဟောတော်မူပါသည်။ ဒီလိုဟောတဲ့နေရာမှာ မြတ်ဘုရားရှင်က
သာဓကအနေဖြင့်
(၁) ၀က်ဝံနှင့်ရုက္ခစိုး၊ ရန်ငြိုးထားရာက
နှစ်ဦးလုံးပျက်စီးကြရပုံ (ဖန္ဒနဇာတက)
(၂) အကြောက်ကြီးပြီး၊ စဉ်းစားဆင်ခြင်ဝေဖန်မှုမရှိသော
ယုန်တစ်ကောင် စကားကြောင့် ဥသျှစ်သီးကြွေသည်ကို
ကမ္ဘာပြိုသည်ထင်မှတ်ပြီး ပြေးကြသောကြောင့် တိရစ္ဆာန်များ
ဒုက္ခတွေ့ကြရပုံ (ပထ၀ီဣန္ဒြိယဇာတက)
(၃) တစ်ဖက်သားကို အားနည်းတယ်ထင်ပြီး အထင်သေး
အနိုင်ယူလိုပါက လွယ်ကူသည့်ကိစ္စမဟုတ်၍ အထင်မသေး
သင့်ကြောင်းကို အားကြီးသော ဆင်ပြောင်ကြီးကို နှံစုတ်ငှက်မက
အနိုင်ယူနိုင်ခဲ့သည့် သာဓကရှိပုံ။ (လဋုကိကဇာတက)
(၄) သစ်ပင်များ တစုတဝေးတည်း တည်ရှိနေမှုကြောင့်
လေဒဏ်မိုးဒဏ်ကို မပြိုမလဲ ကြံ့ကြံ့ခံနိုင်ပုံ(ရုက္ခမူလဇာတက)
(၅) ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့
ပိုက်ကွန်မှာ ငှက်များအမိခံ ကြရပုံ(၀ဋ္ဋကဇာတက)
(၆) မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်
နိုင်ပုံ(အတ္တဒဏ္ဍသုတ္တ) ဥပမာ (၆) ရပ်ပြပြီး တရားရေအေး
တိုက်ကြွေးကာ စေ့စပ်ရေးတရားဟောကြားခဲ့သည်။
ထိုအခါထိုနှစ်ပြည်ထောင်သားများသည် သူတို့၏ အမှားများကို
သိကာ ငြိမ်းချမ်း ရေးရခဲ့ကြသည်၊ ဤတွင်သာမက နှစ်ပြည်ထောင်မှ
စစ်သည် ၅၀၀ တို့သည် ဘုရားရှင်ရဲ့သာသနာတော်သို့ ဝင်ပြီး
ရဟန်းပြုကြသည်။
အဆိုပါရဟန်းများသည် သာသနာတော်မှာ မပျော်ပိုက်ကြ
သည့်အတွက် မြတ်ဗုဒ္ဓသည် ဟိမဝန္တာတော အတွင်းက
အလွန် မွေ့လျော်ဖွယ်ကောင်းသည့် ကုဏ္ဍလာအိုင်သို့
ခေါ်ဆောင်ကာ ဂါထာသုံးရာတို့ဖြင့်တန်ဆာဆင်အပ်သော
ကုဏ္ဍလငှက်မင်းဇာတ်ကြောင်းကို ဟောကြားတော်မူခဲ့ပါသည်။
ဇာတ်တော် ဆုံးသောအခါ ရဟန်း ၅၀၀-တို့ သောတာပတ္တိဖိုလ်၌
တည်တော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် ရဟန်းတော်
၅၀၀-နဲ့အတူ ကပိလဝတ် ပြည်အနီးရှိ မဟာဝုန်တောသို့
ကြွချီတော်မူခဲ့ပါသည်။
မဟာဝုန်တောတွင် မြတ်ဗုဒ္ဓသည် ထိုရဟန်းတို့အား ကမ္မဋ္ဌာန်းကို
ပေးတော်မူရာ မကြာမီကာလအတွင်းမှာ အရဟတ္တဖိုလ်ကို
ဆိုက်ရောက် တော်မူခဲ့ကြပါသည်။ ထိုရဟန်း၅၀၀တို့သည်
မိမိ တို့ရရှိထားသော တရားထူးကို လျှောက်ထားရန်နှင့် ဘုရား
ရှင်ကို ဖူးမြော်ရန်အတွက် နယုန်လပြည့်ညချမ်း မှာ မြတ်ဗုဒ္ဓ၏
အထံတော်သို့ စုရုံးရောက်ရှိ လာကြပါသည်။ ထိုနေ့ညချမ်း
အချိန်လေးမှာပင် မြတ်ဗုဒ္ဓနှင့် ရဟန္တာ ၅၀၀ တို့ကို တွေ့မြင်
ဖူးတွေ့ ကြည်ညိုလိုကြကုန်သော နတ်၊ ဗြဟ္မာ၊ အသူရာ၊
ဂဠုန်၊ နဂါးတို့များ မဟာဝုန်တောကို စုရုံးရောက်ရှိလာကြ
ပါတယ်။ ထိုကဲ့သို့ ပရိသတ်တို့ စုဝေးသောအချိန်တွင် မြတ်စွာ
ဘုရားရှင်ဟာ တရားနာရောက်ရှိလာသော နတ်၊ ဗြဟ္မာတို့၏
အမည်၊ အမျိုးအနွယ်တို့ကို ရဟန္တာငါးရာနှင့် နတ်ဗြဟ္မာများကို
သိစေလိုသည့်အတွက် အမျိုးတူအလိုက်စုပေါင်းကာ-
အမျိုးအနွယ်တစ်ခုချင်းစီကို ဖော်ထုတ်ပြီး နှုတ်ခွန်းဆက် စကား
မိန့်ကြားတော်မူပြီးမှသာ မဟာသမယသုတ်တော်ကြီးကို
ဟောကြားတော်မူခြင်းဖြစ်ပါသည်။
မဟာသမယ သုတ်ကို ဒေဝတာပီယ-နတ်တို့ချစ်ခင် မေတ္တာ
ဝင်သောသုတ်ဟူ၍လည်း ပညာရှင်တို့က ခေါ်ဝေါ်ကြသည်။
နတ်၏ ချစ်ခင်မှုကို လိုလားကြသော လာဘ်လာဘပေါများ
လိုသော ပုဂ္ဂိုလ်တို့သည် ဤမဟာသမယသုတ်ကို ရွတ်သင့်ပေသည်။
နတ်တို့သည် ဤသုတ်ကို အလွန်ကြားနာလိုကြသည်။ လူတိုင်းသည်
ကိုယ့်နာမည်လေးကို လူတွေရှေ့မှာခေါ်ခြင်း၊ ဖော်ပြခြင်းတို့ကို
ကြိုက်နှစ်သက်ကြလေသည်။ ဘုရားရှင်သည် ရောက်လာကြသော
နတ်ဗြဟ္မာအပေါင်းတို့အား
၁။ ရာဂစရိုက်-အားကြီးသူအတွက်—(သမ္မာပရိဗ္ဗာဇနိယသုတ်)
၂။ ဒေါသစရိုက်-အားကြီးသူအတွက်—(ကလဟဝိဝါဒသုတ်)
၃။ မောဟစရိုက်-အားကြီးသူအတွက်—(မဟာဗျူဟသုတ်)
၎။ ဝိတက်စရိုက်-အားကြီးသူအတွက်—(စူဠဗျူဟသုတ်)
၅။ သဒ္ဓါစရိုက်-အားကြီးသူအတွက်—(တုဝဋကသုတ်)
၆။ ပညာစရိုက်-အားကြီးသူအတွက်—(ပုရာဘေဒသုတ်)
တရားတော် တို့ကို ဟောကြားတော်မူခဲ့ပါသည်။
တရားတော်မြတ်အဆုံးမှာတော့
နတ်၊ဗြဟ္မာပေါင်းများစွာ သောတာပတ္တိဖိုလ်၊
သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ် အရဟတ္တဖိုလ်တို့သို့
အသီးသီးရောက်ရှိ ကြလေသည်။
အချုပ်အားဖြင့်သော်ကား နယုန်လပြည့်နေ့၏
ထူးမြတ်သော ဂုဏ်အင်များကို တွက်စစ်ရသော်
၁။ ရေလုပွဲဆင်နွှဲကြသော နှစ်ပြည်ထောင်သားတို့
ငြင်းခုံခိုက်ရန်ဘေးမှ ကင်းဝေးခြင်း။
၂။ ကပိလဝတ်နဲ့ ကောလိယ နှစ်ပြည်ထောင်
စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှာကင်းဝေးပြီး၊
ငြိမ်းချမ်းရေးရတဲ့နေ့ဖြစ်ခြင်း။
(၃)။ ရဟန်း ၅၀၀ လုံး ရဟန္တာဖြစ်တော်မူသောနေ့ဖြစ်ခြင်း။
(၄)။ နတ်၊ ဗြဟ္မာ၊ အသူရာ၊ ဂဠုန်၊ နဂါးများ ရဟန်းတော်များ
ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ ဖြစ်ခြင်း။
(၅)။ မဟာသမယကိုအကြောင်းပြု၍ ရန်ဘက်ဖြစ်သော
ဂဠုန်နဲ့ နဂါး ခိုက်ရန်မဖက်၊ မေတ္တာသက်ဝင်သောနေ့ဖြစ်ခြင်း။
(၆)။ မဟာသမယ ဆိုင်ရာ သုတ္တန်ခုနှစ်မျိုးကို
မြတ်ဗုဒ္ဓဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
စသည်ဖြင့် ၆ ချက် ပြည့်စုံနေသော ထူးမြတ်သောနေ့
ဖြစ်ပါသည်။ ထို့အပြင် ယနေ့သည်ကား
မြန်မာနိုင်ငံမှတစ်ပါး အခြားဗုဒ္ဓဘာသာတိုင်းပြည်များတွင်
မြတ်ဗုဒ္ဓပွင့်တော်မူသောနေ့ ဟု သတ်မှတ်ကာ
အကြီးအကျယ်ပူဇော်သော နေ့ဖြစ်ပါသည်။
သို့ဖြစ်သဖြင့် ထူးမြတ်မှုအပေါင်းနှင့်ပြည့်စုံသော
နယုန်လပြည့်နေ့တွင် အားလုံးသော ဓမ္မမိတ်ဆွေ
အားလုံးတို့သည် ရတနာသုံးပါးကို အာမိသပူဇာ
(ဆွမ်း၊သင်္ကန်း စသည်ကို လှူခြင်း)၊
ဓမ္မပူဇာ (၀ိပဿနာတရား ပွားများ အားထုတ်ခြင်းဖြင့်
ပူဇော်ခြင်း) တို့ဖြင့် ပူဇော်နိုင်ကြကာ ငြိမ်းချမ်းရေးနေ့တွင်
ငြိမ်းချမ်းမှုအပေါင်းဖြင့် ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေ။။
ကျမ်းညွှန်း – ဒီဃနိကာယ် မဟာဝါပါဠိတော်
စာမျက်နှာ ၂၀၂၊
၎င်းအဋ္ဌကထာ စာမျက်နှာ ၂၆၄၊ ၎င်းဋီကာ ၂၃၁။
တွင် အကျယ်ရှုနိုင်ပါသည်။
-【 Admin Team of
Young Buddhist's Association】
-【အရှင်ဇ၀န】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm &
https://www.facebook.com/youngbuddhistassociation.myanmar
Visit website
Friday, May 29, 2015
"ဘ၀ဆိုတာ အဲဒီရေကရားကြီးတစ်လုံးလိုပဲကွ။ ကျောက်ခဲတွေဆိုတာ
(Life and Work)
Credit to Tin Nyunt
K.K(ကနောင်
unicode version
ဘ၀ထဲမှာ သဲအရင်မဖြည့်ပါနဲ့
ဒဿနိက ပါမောက္ခဆရာကြီးဟာ စက္ကူသေတ္တာကြီးတစ်လံုးထမ်းပြီး အတန်းထဲ၀င်လာတယ်။ သူက ဖန် ရေကရားကြီးတစ်လံုးကို သေတ္တာထဲက ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ အဲဒီအချိန်အထိ စကားတစ်ခွန်းမှ မပြောသေးဘူး။ ပြီးတော့ သူက ကြက်ဥအရွယ် ကျောက်ခဲလံုး ကြီးကြီးတွေကို ရေကရားကြီးထဲ ထည့်လိုက် တယ်။ ရေကရားကြီး ထဲကို ကျောက်ခဲ တွေပြည့်သွားတော့
"တပည့်တို့ ထပ်ထည့်လို့ ရဦးမလား" လို့မေးလိုက်တယ်။
တပည့်တွေကလည်း "မရတော့ပါ ဆရာကြီး" လို့ ပြောလိုက်တယ်။
ဆရာကြီးက ကျောက်စရစ်ခဲသေးသေးလေးတွေ ထုတ်လိုက်ပြီး ရေကရားထဲကို လောင်းထည့်ပြန်တယ်။ ကျောက်ခဲတွေကြားထဲ ကျောက်စရစ်ခဲလေးတွေ ကျသွားပြီး ပြည့်သွားပြန်တယ်။ ထပ်ထည့်လို့ မရအောင် လှျံ ကျတော့ ဆရာကြီးက
"ပြည့်ပြီလားဟေ့ .. ထပ်ထည့်လို့ မရတော့ဘူးလား" လို့ ထပ်မေးတယ်။
ကျောင်းသားတွေကလည်း "ပြည့်သွားပါပြီ မရတော့ပါဘူး ဆရာကြီး" လို့ဖြေကြတယ်။ သူတို့ ဆရာကြီး ဘာလုပ်နေတယ်ဆိုတာ သဘောမပေါက်သေးဘူး။ စိတ်၀င်စားလွန်းလို့ မျက်လံုးလေးတွေ ပြူးနေကြတယ်။
ဆရာကြီးက နောက်ထပ် သဲအိတ်တစ်အိတ်ထုတ်ပြီး သဲတွေကို ကရားထဲ လောင်းထည့်ပြန်တယ်။ သဲတွေဆိုတော့ ကျောက်ခဲနဲ့ ကျောက်စရစ်တွေကြား ထပ်ပြီး၀င်သွားပြန်တယ်။ သဲတွေ လှျံကျလာတော့ ပါမောက္ခကြီးက ထံုးစံအတိုင်း
"ထပ်ထည့်လို့ ရဦးမလားဟေ့" လို့ မေးလိုက်ပြန်တယ်။ ကျောင်းသားတွေက "မရတော့ပါဘူး" လို့ ထပ်ဖြေကြ တယ်။
ပါမောက္ခကြီးက "မင်းတို့ကို ငါဒီနေ့သင်မယ့် သင်ခန်းစာပြီးပြီ" လို့ ပြောလိုက်တယ်။ တပည့်တွေက နားမလည်စွာနဲ့ တိတ်ဆိတ်နေရာက
"ဆရာကြီး အဲဒီလို လုပ်မသွားပါနဲ့။ ကျွန်တော်တို့ကို တစ်ခုခု ပြောခဲ့ပါ" လို့ ဆိုလိုက်မှ ပါမောက္ခကြီးက
"ဘ၀ဆိုတာ အဲဒီရေကရားကြီးတစ်လံုးလိုပဲကွ။ ကျောက်ခဲတွေဆိုတာ
ကတော့ ဘ၀အတွက် အရေးပါတာတွေ ပေါ့ကွာ။ ဥပမာ မိသားစု၊ ပညာရေး၊ ကျန်းမာရေးလို့ သဘောထားလိုက်။ ဘ၀ထဲမှာ အဲဒါတွေကို ပထမဆံုး ဖြည့်ဖို့လိုတယ်ကွ။
ကျောက်စရစ်ခဲလေးတွေကတော့ မင်းတို့ရဲ့ အလုပ်အကိုင်၊ အိုးအိမ်၊
စည်းစိမ်၊ ကား၊ အိမ်ထောင်ဖက်၊ သားသမီးစတာတွေလို့ ပြောနိုင်တယ်။ အဲဒါတွေက ဒုတိယပေါ့ကွာ။
သဲဆိုတာကတော့ ကျန်တဲ့ လိုအပ်ချက်တွေ အားလံုးလို့ပြောရမယ်။ သိပ်အရေးမပါတာတွေပေါ့ကွာ။ ဘ၀မှာရှိလည်းဖြစ်၊ မရှိလည်းဖြစ်တဲ့
ဟာတွေ။ ကဲ … တပည့်တို့ နားလည်ကြပြီလား" လို့ မေးလိုက်တော့ တပည့်တွေကလည်း သဘောမပေါက်သေးကြောင်း ပြန်ပြောကြတယ်။
ပါမောက္ခကြီးက ဆက်ပြီးတော့
"ဘ၀ထဲကို ဘာမှမဖြည့်ဘဲ သဲတွေချည်း အရင်ဖြည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ ကျောက်စရစ်တွေ၊ ခဲတွေထည့် လို့ မရအောင် ဖြစ်သွားမှာပေါ့။ သဲတွေက အပြည့်နေရာယူလိုက်ရင် မင်းတို့ဘာမှထပ်ထည့်လို့မရတော့ဘူး။
ဒါကြောင့် တပည့်တို့ ပညာတတ်အောင်သင်၊ မိသားစုနဲ့ ပျော်ပျော်နေ၊ အိမ်ထောင်ပြုချင်လည်း ပြုလိုက်ဦး၊ အလုပ်လည်းကြိုးစား၊ တိုက်ဆောက်ကားစီးနိုင်ရင်လည်း ပိုကောင်းတာပေါ့"
"ငါ့ တပည့်တွေကို တစ်ခုပဲ သတိပေးလိုက်မယ်။
မင်းတို့ဘ၀ထဲမှာ အရေးမပါတဲ့ သဲတွေကို အရင်မဖြည့်မိစေနဲ့" လို့ပြောပြီး ပါမောက္ခကြီးဟာ အပြင်ကို ငိုက်စိုက် ငိုက်စိုက်နဲ့ ထွက်သွားတော့တယ်။
(Life and Work)
Credit to Tin Nyunt
K.K(ကနောင်
Thursday, May 28, 2015
ရွှေယောမန်း( မန္တလေး - မော်လူး) လူစီးမှန်လုံ ခရီးသည် သီးသန့်
ကဲ ဘယ်တော့လဲ ဘာလဲမေးနေသူတွေအတွက်
၂. ၅.၂၀၁၅ စပြီ
ချစ်သူ မသိတဲ့ ရင်ထဲက မှတ်တမ်းတစ်စောင် . . .
ချစ်သူမသိတဲ့ရင်ထဲကမှတ်တမ်းစာတစ်စောင်
@@@@@@@###@@@@@@@@@@@
writen by phyo thi
မောင်
လောကကြီးမှာလေ အဆင့်အတန်း ဆိုတာကြီးမရှိခဲ့ရင် သိပ်ကောင်းမှာပဲနော်။ပြီးတော့အဲ့ဒီအဆင့်အတန်းဆိုတာကြီးကိုတွင်တွင်သုံးတတ်တဲ့ လူတွေမရှိရင်လည်း သိပ်ကောင်းမှာပဲလို့ အကြိမ်ကြိမ်တွေးမိတယ်။အဆင့်အတန်းဆိုတာ ဘာလဲမောင်။တကယ်တန်းကျတော့ အဆင့်အတန်းဆိုတာချမ်းသာ၏ ။ဆင်းရဲ၏။ဂုဏ်ရှိ၏။ဂုဏ်မဲ့၏။ ဒါတွေကိုဆိုလိုတာ မဟုတ်ပါဘူးမောင်။စိတ်ဓါတ်မြင့်မားဖို့သာ အဓိကမဟုတ်လား။ ဆင်းရဲပေမဲ့ရိုးရိုးကျင့် မြင့်မြင့်ကြံ တတ်တဲ့သူဟာ အဆင့်အတန်းမြင့်မားတဲ့လူ မဟုတ်လား။
မောင့်ရဲ့အသိုင်းဝိုင်းကို အယူအဆမှားယွင်းနေသူတွေလို့ သီ မစွပ်စွဲချင်ပါဘူးမောင်။ မောင့်ကိုချစ်ခဲ့ကတည်းက မောက့်အသိုင်းအဝိုင်းကြောင့် အချစ်ရေးမဖြောင့်ဖြူးနိုင်ဘူးဆိုတာ သိနှင့်ခဲ့ပါတယ်။ ဒါပေမဲ့ သီ့နှလုံးသားရဲ့ ဆုံးဖြတ်ချက်ကို သီမလွန်ဆန်နိုင်ခဲ့ဘူးမောင်ရယ်။ တစ်ချိန်ချိန်မှာ လွမ်းရမှာသိလျက်နဲ့ ပိုးဖလံလို မီးကိုတိုးတတ်တဲ့ ဥာဏ်မရှိတဲ့ မိန်းမတစ်ယောက်ဟာ သီ ဖြစ်နေခဲ့တယ်လေ
လူတွေပြောကြသလို မောင်တို့ကဂုဏ်သရေရှိ အသိုက်းအဝိုင်းကလူတွေ ။ သီင်္တို့က မောက့်မိဘတွေပြောသလို သာမန်လူတန်းစားတွေ။ ပြည့်စုံတယ်လို့ဆိုနိုင်ပေမဲ့ သီတို့အသက်မွေးဝမ်းကျောင်းကို မောင့်မိဘတွေသဘောမကျခဲ့ဘူး နော်။ လှလှပပ ဝတ်စားနိုက်ပေမဲ့
လူတွေကြားထဲမှာ အမြဲပျားပမ်းခတ်နေတဲ့ ကင်မရာမင်း ဆိုတဲ့သီတို့မိသားစုကို ဘယ်လိုမှ အထင်ကြီးလို့ မရဘူးပေါ့။
အလှူတွေ မင်္ဂလာတွေ မွေးနေ့ပွဲတွေမှာ ပျာယာခတ်နေကြတဲ့ ကင်မရာမင်းတွေက ရှက်စရာကောင်းတယ်တဲ့လားမောင်။မောင်တို့အနေနဲ့ဆိုရင် ရှက်စရာ ကောင်းချင်ကောင်းနေမယ်။ ဒါပေမဲ့မောင်ရယ် ဒီပညာလေးကို သီတို့ အဘိုးလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ကြတာ။ ပြီးတော့ဖေဖေကလည်း အဘိုးရဲ့အမွေကို မြတ်မြတ်နိုးနိုးဆက်ခံခဲ့တာ ။ဖေဖေချစ်တဲ့ ဒီပညာကို သီကလည်းချစ်တယ် ။ပြီးတော့မြတ်နိုးတယ် တန်ဖိုးထားတယ်။
မောင်တို့စကားတွေကို ဖေဖေ့ကိုပြန်မပြောဖြစ်ခဲ့ပါဘူး။ ဖေဖေဝမ်းနည်းမှာကိုသီမလိုလားဘူးလေ။ဖေဖေကအသက်ကြီးပြီ။ ဒီလုပ်ငန်းတွေကို သီတို့မောင်နှမတွေကပဲ ဦးဆောင်နေရတာ။ မောင်ရယ် အလုပ်ဟူသမျှ ဂုဏ်ရှိပါတယ်။ ချမ်းသာပြီး ဘာအလုပ်မှ မလုပ်ရင်လည်း ဘဝကြီးဟာ ဘာအဓိပ္ပါယ်ရှိတော့မလဲနော်။ လူ့ဘဝမှာအရေးကြီးဆုံးက ကျန်းမာရေးကောင်းဖို့ စီးပွားရေးပြေလည်ဖို့ မိသားစုပျော်ရွှင်ဖို့ပဲမဟုတ်လား။ အချပ်ပိုအနေနဲ့ အချစ်အမုန်းတွေလေ။
 မောင်ကပြောတယ်။ ဒီလုပ်ငန်းကိုရပ်လိုက်ပါ။ဆက်မလုပ်ပါနဲ့တဲ့။တခြားလုပ်ငန်းလုပ်ဖို့အကူအညီတွေပေးမယ်တဲ့။အဆက်အသွယ်တွေ ပေးမယ်တဲ့။ဒါပေမဲ့ သီတို့က ဒီအလုပ်ကို ခိုင်ခိုင်မာမာတည်ထောင်ပြီးနေပြီလေ။ ဘယ်လိုလုပ် ဖျက်ပစ်နိုင်ပ့ါမလဲ။သီ့ကိုနားလည်ပေးစေချင်တယ်။ မောင်ကလည်း သီ့ကိုသိပ်ချစ်တယ်ဆိုတာ သီသိတာပေါ့။ ဒီလုပ်ငန်းလုပ်လို့ပဲ အမှတ်မထင် မောင်နဲ့ဆုံခဲ့ရတာမဟုတ်လား။ သီကိုချစ်ပေမဲ့ သီ့လုပ်ငန်းကိုမောင်က ရှက်စရာအဖြစ်မှတ်ယူခဲ့တယ်နော်။သီ့ကိုတကယ်ချစ်ရင် သီ့ဘဝကိုလည်း နည်းနည်းဖြစ်ဖြစ် နားလည်ပေးပါလားမောင်ရယ်။ တခါတလေမှာ သီ့နားမှာ ကောင်လေးတွေ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတတ်တယ်။အဲ့ဒီလိုအချိန်ဆိုမောင့်မျက်နှာ သုန်မှုန်နေရပြီ။
သဝန်တိုနေရပြီ။ ဒါပေမဲ့ သီကချော့တော့ မောင်ကလျှော့ရပြန်ပြီပေါ့။ အဲ့ဒီတုန်းက ချော့လိုက် ပျော့လိုက် လျှော့လိုက်တွေကို ပျော်စရာတွေအဖြစ်မှတ်ယူခဲ့တယ်။ တကယ့်ဘဝတစ်ခုကိုတည်ဆောက်မဲ့အခါ အသေးအဖွဲလို့ ထင်ခဲ့မိတာတွေက တကယ့်အစိုက်အခဲကြီးတွေ ဖြစ်လာပြီ။ ဘယ်လိုမှ ချေဖျက်လို့မရနိုင်တဲ့ ထုထည်ကြီးမားတဲ့ အစိုင်အခဲတွေလေ။ ချေဖျက်လို့မရဘူးဆိုပေမဲ့ နားလည်မှုနဲ့သာ ချေဖျက်နိုင်မယ်ဆိုရင်တော့ အစိုင်အခဲကြီးက အရည်ပျော်သွားပါလိမ့်မယ်မောင်။ အခုအချိန်မှာ အရေးကြီးဆုံးက မောင်တို့ဘက်ကနားလည်မှုပါပဲ။ ဒါပေမဲ့ မောင့်မေမေက သီ့ကို ခါးခါးသီးသီး ငြင်းခဲ့တယ်နော်။ ဒီလိုအဆင့်အတန်းထဲက မိန်းကလေးကို ချွေးမ မတော်နိုင်ဘူးတဲ့။ သီသိပ်ဝမ်းနည်းခဲ့ရပါတယ်မောင်။ အမြဲတမ်းတက်ကြွနေခဲ့တဲ့ ပန်းသီခိုင် ဆိုတဲ့မိန်းကလေးဟာ မောင့်မေမေစကားကြောင့် မှိုင်မှိုင်တွေတွေ ဖြစ်လာခဲ့ရတယ်။ သီ့စိတ်တွေလွတ်ထွက်မသွားအောင်အတော်ကြိုးစားခဲ့ရပါတယ်။ သီလေ မောင့်ကိုချစ်တဲ့စိတ်နဲ့ မိန်းမပီသအောင်ကြိုးစားခဲ့တယ်။ အရင်က ဟင်းတစ်ခွက်ချက်ရမှာကို သေမလောက်ပျင်းခဲ့တဲ့သီဟာ အားတဲ့အချိန်လေးမှာ ဟင်းချက်နည်းတွေကို မေမေ့ဆီက သင်ယူခဲ့တယ်။ မောင်ကြိုက်တတ်တဲ့ ဟင်းလေးတွေကို လည်း ကျွမ်းကျွမ်း
ကျင်ကျင်ချက်တတ်ခဲ့တယ်။အလုပ်နည်းနည်းပါးတဲ့မိုးရာသီလို မချိန်မျိုးမှာ အိမ်တွင်းမှုလုပ်ငန်းတွေ သီလေ့လာခဲ့တယ်။ဖေဖေကဆိုသီ့ကိုအံ့သြနေတာ အိမ်မှုကိစ္စတွေ သီစိတ်ဝင်စားလာလို့တဲ့။ ဒါတွေအားလုံးက မောင့်ကိုချစ်လို့ပြောင်းလဲလာတာပဲမဟုတ်လား။ မေမေ့ကိုသီ နားလည်တတ်လာပြီ။ မေမေဟာ ဖေဖေ့အပေါ် လိုလေသေးမရရှိ မားဝတ္တရား ကျေပွန်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ အိမ်ထောင်ရှင်မတစ်ဦး။ မိန်းမကောင်းတစ်ဦးပါပဲ။ သီတွေးမိတယ်။ သီ့အလှည့်ရောက်ရင်ရော မောင့်အပေါ် တာဝန်ကျေပွန်နိုင်ပါ့မလား။ မောင်က စီးပွားရေးကို ကိုယ်တိုင်ပဲလုပ်ပြီး ဇနီးကိုတော့ ခင်ပွန်းပြန်အလာကို အပြုံးနဲ့ကြိုစေချင်ခဲ့တယ်။ သီကမောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလို ဒိုးတူပေါင်ဖက် ရဲဘောိရဲဘက်စိတ်မျိုးရှိတဲ့ သူကိုပဲ လိုချင်ခဲ့တာ။ သွားအတူ လာအတူ ဆင်းရဲအတူချမ်းသာအတူ အကြံဥာဏ်တွေပေးကြပြီး နားလည်မှုရှိတဲ့ စုံတွဲမျိုးပေါ့။ မဖြစ်နိုင်ဘူးဆိုတာ သိလျက်နဲ့လည်း ဖြစ်ချင်ဖြစ်လာနိုင်တယ်လို့ မျှော်လင့်မိသေးတယ်မောင်။ ပြီးတော့ ဖြစ်လာမှာပါလို့လည်း မိုက်မဲစွာ တွေးမိပြန်တယ်။ မောင်နဲ့အတူတူ ဆုတောင်းပြည့်ဘုရားကိုသွားခဲ့ကြသေးတယ်။ မောင့်ကို ဘာဆုတောင်းလဲမေးတော့ ချစ်တဲ့သူနဲ့ အမြန်ဆုံး နီးရပါလို၏တဲ့။
သီကတော့လေ မောင့်မိဘတွေသီကိုနားလည်ပြီး သီတို့နှစ်ယောက်ကို သဘောတူကြပါစေလို့။ မောင်က သီ့ကိုဘာဆုတောင်းလဲ မေဲးခဲ့ပေမဲ့သီမဖြေခဲ့ဘူးနော်။ တကယ်လို့များလေ မောင်နဲ့ လက်ထပ်ဖြစ်ခဲ့ရင်ဆိုပြီး သီ့အတွေးထဲမှာ အလုအ်တွေ တော်တော်ရှုပ်နေခဲ့တယ်မောင်။ မောင့်မိဘတွေကိုလည်း သီ့မိဘတွေလို ရိုသေချစ်ခင်မယ်ပေါ့။မောင့်ညီနဲ့ညီမလေးကိုလည်း သီ့ရဲ့တကယ့်မောင်နှမအရင်းတွေလို သဘောထားမယ်ပေါ့လေ။ ပြီးတော့ တာဝန်ကျေပွန်တဲ့ ချွေးမကောင်းလေးတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်။ မောင့်အတွက်လည်း တာဝန်ကျေတဲ့ လိမ္မာတဲ့ ဇနီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ပေါ့လေ။ မောင်ရယ် သီစိတ်ကူးယဉ်အိပ်မက်လေးက ပျော်စရာကောင်းလိုက်တာနော် ။ သီ့စိတ်ကူးထဲမှာ မောင့်မိဘနှင့်မောင်နှမတစ်တွေလည်း သီ့ကိုချစ်ကြမယ်ပေါ့။ မိသားစုအားလုံး ပျော်စရာကောင်းတဲ့ ဘဝလေးကို ဖြတ်သန်းကြမယ်ပေါ့လေ။ စိတ်ကူးထဲမှာတော့ ပြဿနာဆိုတာ မြူမှုန်တစ်မုန်လောက်တောင် မရှိပါလား မောင်ရယ်။ တက်တမ်းကျတော့လေ သီဖန်တီးခဲ့တဲ့စိတ်ကူးယဉ် အိပ်မက်က လုံးဝ ပျက်စီးသွားခဲ့တယ်။ မောင်တို့လိုအသိုင်းအဝိုင်းထဲက ဂုဏ်ဒြပ်တွေ တူတဲ့ မိသားစုထဲက မိန်းကလေးတစ်ယောက်နဲ့ မောင့်ကိုလက်ထပ်ပေးမယ်တဲ့။ သီလေ ရူးမတတ်ခံစားခဲ့ရတယ်။
အဲ့ဒီမိန်းကလေးကို သီတွေ့ဖူးပါတယ်။ အဖြစ်ဆိုစရာမရှိအောင် ချောမောပြီး ရှည်လျားလှပတဲ့ ဆံနွယ်တွေနဲ့ ရိုးရိုးယဉ်ယဉ် ဝတ်ဆင်တတ်တဲ့မိန်းကလေး။ စကားပြောတာကအစ ချစ်စရာကောင်းလှပါတယ်။ တကယ်လို့ ကြီးကြီးမားမား အပြစ်လုပ်ထားရင်တောင် အပြစ်မမြင်ဘဲ ခွင့်လွတ်ချင်စရာကောင်းတဲ့သူမျိုးပါ။ သူ့ကိုသာ မောင်အရင်တွေ့ခဲ့ရင် သီဆိုတဲ့မိန်းကလေးဟာ မောင့်နှလုံးသားထဲ ရောက်လာပါဦးမလား မသိဘူးနော်။ မောင် ကံကောင်းမှာပါ။ သူမရဲ့အသိုက်းအဝိုင်းကလည်း အပြစ်ပြောစရာမရရှိဘူးလေ။ မောင်တို့သုံးနှုန်းနေကျ စကားနဲ့ဆိုရင်ပေါ့။ မောက်လက်ထပ်တော့မယ်ဆိုတဲ့ သတင်းထွက်ပြီး သိပ်မကြာခင် မောင်သီ့ကိုလာတွေ့တယ်။ မောင့်မိဘတွေ သဘောမတူတဲ့ကြားက မောင့်နောက်ကို လိုက်မယ်မဟုတ်လားလို့ မေးခဲ့တယ်။ မိဘက လက်မခံတဲ့ ချွေးမမျိုးသီမဖြစ်ချင်ဘူးမောင်။ သီမျှောင်လင့်ခဲ့တာက သိုက်သိုက်ဝန်းဝန်းနဲ့ အပြန်အလှန် နားလည်တတ်တဲ့ မိသားစုတစ်ခု။ အသိအမှတ်ပြု မခံရတဲ့ ဘဝမျိုးမဟုတ်ဘူး မောင်သီ့ကိုနားလည်နိုင်ပါစေ။ ပြီးတော့ ဖေဖေ့ကို စိတ်မဆင်းရဲစေချင်ဘူး။ အစ်ကိုတွေ အစ်မတွေအားလုံးက တင့်တင့်တယ်တယ် လက်ထပ်ယူခဲ့ကြတဲ့သူတွေ။ သီအလှည့်ကျမှ ခိုးရာလိုက်လို့ဆိုပြီး ဖေဖေ့ကို သီမဖြစ်စေချင်ခဲ့ဘူး။ နှုတ်မဆက်ဘဲ
မောင်ပြန်သွားခဲ့တယ်။ မောင် သီ့အနားက ထွက်သွားတဲ့နောက်မှာ သီဟာ မတ်မတ်ရပ်ဖို့တောင် အင်အားမရှိတော့ပါဘူး။ မောင်ရယ်။ ဖြစ်နိုင်နိုင်ရင် သီလေ နေရာမှာတင် မြူမှုန်တစ်မှုန်လို ပျောက်ကွယ်သွားလိုက်ချင်တယ်။ တချိန်ချိန်မှာတော့ မောင့်ကိုသီ မေ့ကောင်းမေ့နိုင်မှာပါလိမ့်မယ်။ အဲ့ဒီအချိန်က သီအသက်ရှင်နေစဉ် ကာလအတွင်းဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် သီဒီလောကကြီးထဲမှာမရှိတော့တဲ့အချိန်လည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ နှလုံးသားမှာ အနာတရဖြစ်ခဲ့ပေမဲ့ ဘဝကို တော့ သီအရှုံးပေးမှာမဟုတ်ပါဘူး။ သီ့လုပ်ငန်းတွေကို သီ ဆက်လက်လုပ်ကိုင်သွားမှာပါ။ ပြီးတော့ ဝမ်းနည်းစရာကောင်းတာတစ်ခုက မောင့်မင်္ဂလာပွဲအတွက် ဓါတ်ပုံနဲ့ ဗွီဒီယိုကို သီတို့ကိုငှားခဲ့တယ်။အဲ့ဒါက သီ့ကိုပေးတဲ့ ဒါဏ်ကြေးတစ်ခုတဲ့လား။ မောင့်ကိုသီတွေ့တာ မောင့်မင်္ဂလာနေ့က နောက်ဆုံးဖြစ်မယ်ထင်တယ်နော်။
မတော်တဆ လမ်းမှာတွေ့ဖြစ်ခဲ့ရင်လည်း ဦးတဲ့သူက မျက်နှာလွဲကြေးပေါ့မောင်ရယ်။ ဂုဏ်ပကာသန အသိုင်းအဝိုင်းထဲမှာမောင်ပျော်ရွှင်နိုင်ပ်ါစေ။တခါတရံမှာ သီဆိုတဲ့ မိန်းမတစ်ယောက်အကြောင်းတွေးမိရင် မတွေးစရာကောင်းတဲ့အိပ်မက်တစ်ခုအဖြစ် မေ့ပြစ်နိုင်ပါစေ။ သီကတော့ အလွမ်းတွေကို ရင်ထဲမှာသိမ်းပြီး ရာသီတွေတစ်ပတ်လည်တိုင်း တိတ်တဆိတ် ငိုကြွေးနေပါဦးမယ် မောင်ရယ်။
Wednesday, May 27, 2015
သင့်ရဲ့ လွှဲ မှားတဲ့ သွားတိုက်နည်းကို ဒါဖတ်ပြီး ပြင်လိုက်ပါ
၁. သွားတိုက်စဉ် အချိန်ကြာမြင့် စွာတိုက်ခြင်း၊ မကြာခဏသွားတိုက် ခြင်း
မကြာခဏ သွားတိုက်ခြင်းဖြင့် သွား၏အပေါ်ယံလွှာတွေ စားသွား ပြီး နာကျင်မှုတွေ ဖြစ်လာနိုင်ပါ တယ်။ ဒါကြောင့် တစ်ရက်ကို သုံးကြိမ်ခန့် သွားတိုက်နိုင်ပြီး အနည်း ဆုံးမနက်တစ်ကြိမ်၊ ညတစ်ကြိမ် တစ်ခါတိုက်လျှင် ၂-၃ မိနစ်ခန့် သာ တိုက်ပေးသင့်ပါတယ်။
၂. သွားတိုက်စဉ် ကြမ်းတမ်းစွာ ဖိ တိုက်ခြင်း
ယင်းကဲ့သို့ဖိတိုက်ခြင်း က သွားတွေ ပိုဖြူလာမည်ဟု ယူဆမထားသင့်ပါ။ ဖြူလည်း မဖြူ လာနိုင်ပါ။ ဒါပေမယ့် ယင်းကဲ့သို့ ဖိတိုက်ခြင်းအားဖြင့် သွားဖုံးများ၊ သွားအပေါ်ယံကြွေလွှာများ စားသွား ကာ သွားပိုး ပိုစားနိုင်ပါ တယ်။
၃.စားပြီးပြီးချင်းသွားတိုက်ခြင်း
အစားစားပြီးပြီးချင်း လူအများ စုက သွားတိုက်လေ့ရှိပါတယ်။ ဒါက တော်တော်ကို လွဲနေတဲ့အမှားကြီးပါ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သွားကို ပိုမိုထိခိုက် ဒဏ်ရာရစေပါ တယ်။ အစာစားပြီးပြီးချင်း အစာထဲ မှာ ပါလာတဲ့ အက်ဆစ်တွေက သင့်ရဲ့ အပေါ်ယံကြွေလွှာကို အားနည်းစေ ပါတယ်။ ဒါကြောင့်စားပြီးနောက် မိနစ် ၃၀ လောက်ထားပြီး တံတွေးနဲ့ အစာထဲက အက်ဆစ် တွေကို ဓာတ် ပြယ်စေပြီးမှ သွားတိုက်သင့်ပါတယ်။
၎.သွားရဲ့မျက်နှာပြင်အားလုံး သွား မတိုက်ခြင်း
သွားတိုက်ရာမှာ အချို့က ဝါးစားတဲ့အခြမ်းကိုသာ တိုက်လေ့ရှိ ပါတယ်။ ဒါပေမယ့် အစာတွေက ဝါးတဲ့ဘက်မှာသာမက အခြား အတွင်း အပြင်တွေ မှာလည်း ကပ်နေပြီး သွားပိုးစားနိုင်တဲ့အတွက် သွားရဲ့ မျက်နှာပြင်အားလုံးကို တိုက်ဖို့ မမေ့သင့်ပါဘူး။
၅.သွားတိုက်ရာမှာ လျှာကို လျစ်လျူ ရှုမထားသင့်ပါဘူး။
အကြောင်းက လျှာကလည်း ဘက်တီးရီးယားတွေ ပေါက်ပွားတဲ့ နေရာတစ်ခု ဖြစ်လို့ပါပဲ။
၆.မိမိနဲ့သင့်တော်တဲ့ သွားပွတ်တံ မရွေး မိခြင်း
သင့်တော်တဲ့ သွားပွတ်တံ တစ်ခုမှာ သင့်တော်တဲ့အရွယ်အစားနဲ့ သင့်တင့်တဲ့နူးညံ့မှုရှိဖို့လိုပါတယ်။
၇. သွားပွတ်တံကို သေချာစွာ ဆေး ကြောမှု၊ အခြောက်ခံမှုမလုပ်ခြင်း
၈. သွားပွတ်တံကိုမလဲဘဲ အသုံးပြုခြင်း
ပုံမှန်အားဖြင့် သွားပွတ်တံ တစ်ချောင်းဟာ သုံးလတစ်ကြိမ် လဲ လှယ်သင့်ပါတယ်။
၉.အာလုပ်မကျင်းခြင်း
လူအများစုက စားပြီး သောက် ပြီးရင် အာလုပ်ကျင်းဖို့ သတိမရ တတ်ပါဘူး။ အာလုပ်ကျင်းခြင်း အားဖြင့် အစားအကြွင်းအကျန် တွေကို ဖယ်စေရုံသာမက ကြွေလွှာ တွေကို ပျက်စီးစေနိုင်တဲ့အက်ဆစ် ဓာတ်ပြင်းထန်မှုကိုပါ လျော့နည်းစေ ပါတယ်။
၁၀. သွားဆရာဝန်နှင့် ပုံမှန်မစစ် ဆေးခြင်း
စတဲ့လွဲမှားနေတဲ့ခံတွင်းသန့် ရှင်းရေး ဆိုင်ရာအချက်များကို ရှောင်ကျဉ်သင့် ပါတယ်။
Health Updates Journal
Monday, May 25, 2015
ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းမည်မဟုတ်ဟု ပညာရေးအတွင်းဝန်ဆို
ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းမည်မဟုတ်ဟု ပညာရေးအတွင်းဝန်ဆို
ရန်ကုန်၊ မေ ၂၄
အဆင့်မြင့်ပညာတက္ကသိုလ်များကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးမှ တက်ရောက်ခွင့်ပြုရန် ပညာရေး ဝန်ကြီးဌာနက စီစဉ်နေသော်လည်း ယခု ၂၀၁၅-၂၀၁၆ တက္ကသိုလ်ပညာသင်နှစ်တွင်မူ အပြောင်းအလဲရှိဦးမည် မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာန အတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောကြားသည်။
မေလ ၂၃ ရက် ညနေ ၃ နာရီခန့်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ပြုလုပ်သော တက္ကသိုလ်ဝင်ခွင့်စနစ်သစ် ပြောင်းလဲရေး နှီးနှောဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခြင်း ဖြစ်သည်။
“ပြင်ဆင်စရာတွေက အများကြီးပါ။ စနစ်သစ် ကျင့်သုံးမယ်ဆိုလည်း အခြေခံပညာကျောင်းတွေကို အသိပေးသွားမှာပါ” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ အတွင်းဝန် ဒေါက်တာစိုးဝင်းက ပြောဆိုသည်။
တက္ကသိုလ်ဝင်ခွင့်စနစ် အပြောင်းအလဲအတွက် သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ဝင်ခွင့်စာမေးပွဲ ကျင်းပရန် အစီအစဉ်အပြင် ခေတ်စနစ်နှင့် လိုက်လျောညီထွေသော တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှုဖြစ်ရန် လိုအပ်ကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက အကြံပြုကြသည်။
“ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းသား၊ မိဘတွေကို လုံလောက်တဲ့ အသိပေးမှု၊ ပြင်ဆင်ချိန်၊ ကုန်ကျစရိတ်တွေကိုလည်း စဉ်းစားရပါတယ်” ဟု မန္တလေးတက္ကသိုလ် အငြိမ်းစားပါမောက္ခချုပ် ဒေါက်တာမောင်သင်းက ပြောကြားသည်။
တက္ကသိုလ်ဝင်ခွင့်စနစ်ကို ၂၀၁၅-၂၀၁၆ တက္ကသိုလ်ပညာသင်နှစ်တွင် မစတင်ရန် တက္ကသိုလ် ၁၃၄ ခုမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများက မေလ ၂၃ ရက် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ယင်းပါမောက္ခချုပ်များက ဆိုသည်။
အဆိုပါ ဝင်ခွင့်စနစ်သစ်ကို အမျိုးသားပညာရေး ဥပဒေ၊ အဆင့်မြင့်ပညာရေး ဥပဒေနှင့် တက္ကသိုလ်ပဋိညာဉ်တို့ ရေးဆွဲအတည်ပြုပြီးမှသာ တရားဝင်ကျင့်သုံးနိုင်ဖွယ် ရှိကြောင်း အဆင့်မြင့်ပညာ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။
လက်ရှိ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် အပြောင်းအလဲစနစ်သစ်ကို လာမည့် ဇွန်လနှင့် ဇူလိုင်လတို့တွင်လည်း ထပ်မံဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆက်လက်ပြောကြားသည်။
ပညာရေး ဝန်ကြီးဌာန၏ အဆင့်မြင့်ပညာကဏ္ဍ မြှင့်တင်ရေး ဆွေးနွေးပွဲကို မေလ ၂၂ ရက်မှ ၂၅ ရက်အထိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပလျက်ရှိသည်
Saturday, May 23, 2015
မော်လူးတွင် မိုးပွင့်အထူးစီမံချက်ဖြင့် မှတ်ပုံတင်များပြုလုပ်ပေး
မော်လူ်းတွင် မိုးပွင့်အထူးစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဒုတိယအကြိမ် နေ့ချင်းပြီးဆောင်ရွက်ပေး
မော်လူး မေ ၂၃
@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မေိာလူးအုပ်ချုပ်ရေးမှူးရုံးတွင် မေ ၈၂၃ရက် နံနက် ၈ နာရီအချိန်က မိုးပွင့်အထူးစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဒုတိယအကြိမ် အဖြစ် နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးပွင်း အထူး နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးရာသို့ အင်းတော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုင်းမြစိုးလှိုင် ဒုလဝကမှူး ဦးတင့်ဆွေဦး လက်ထောက်လဝကမှူး ဒေါ်အေးအေးဆွေ တို့မှ လာရောက်ဆောင်ရွက်ပေးခဲ့ရာ မော်လူးကျေးရွာ အုပ်ချုပ်ရေးမှ စာရေးအဆင့် (၁) ဒေါ်ဝင်းတာနှင့် ရာအိမ်မှူးများမှ လိုအပိသည်များကို ပံ့ပိုးကူညီပေးခဲ့ကြသညိ။
အသက်  ၁၀နှစ်ပြည့် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများ ပျောက်ဆုံး ပျက်စီးသွားသူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်းနှင့်အတူ အိမ်ထောင်စုစာရင်းစာရွက်များ ဟောင်းနွမ်းစုတ်ပြဲနေခြင်းများကိုလည်း လဲလှယ်ပေးခဲ့သည်။ မေလ ၂၃ ရက်နေ့တွင် ဒေသခံ ၇၉ ဦးကို  နိုင်ငံသားစိစစ်
ရေးကတ်ပြားများကို နေ့ချင်းပြီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဖားပန်ကျေးရွာ သဘာဝစိမ့်စမ်းရေ ရရှိရေး အကူအညီလိုအပ်
ဖားပန်ကျေးရွာတွင် သဘာဝစိမ့်စမ်းရေရရှိရေး ဆောင်ရွက်လျက်ရှိ
အင်းတော် မေ ၂၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် ပင်ဝဲကျေးရွာအုပ်စု ဖားပန်ကျေးရွာတွင် သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ဒေသခံရွာသူ/သားများမှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဖားပန်ကျေးရွာသည် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးဘေးတွင် တည်ရှိသည့် ကျေးရွာ တစ်ရွာဖြစ်ကာ ကျေးရွာနေပြညိသူများ သောက်သုံးရေကို လွယိကူစွာ သုံးစွဲနိုင်ရေးအတွက် ကျေးရွာနှင့်တစ်မိုင်ခန့်ကွာဝေးသည့် စိမ့်ရေပေါက်မှ ရေကို ကျေးရွာသို့ သွယ်ယူရရှိနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။ ရေသိုလှောင်ကန်ကို အလျား ၄၀ ပေ အနံ ၂၀ ပေ အမြင့် ၁၀ရှိ မြေသားကန်အဖြစ် တူးဖော်ထားပြီး ရေပိုက်သွယ်တန်းမည့် လမ်းကြောင်းကိုလည်း တူးဖော်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ဖားပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဇနိန္ဒမှ မိန့်ကြားသည်။ စိမ့်စမ်းရေ သွယ်ယူရရှိရေးကို ၂၀၁၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သော်လည်း ငွေကြေးအင်အား မတတ်နိုင်သဖြင့် ပြီးစီးအောင် မဆောင်ရွက်နိုင်သေးကြောင်း ဖားပန်ကျေးရွာတွင် အိမ်ခြေ ၃၇ အိမ်ရှိပြီး လျှပ်စစ်မီးအတွက်မူကျေးလက်ဒေသဖွံ့ဖြိုးရေးမှ တပ်ဆင်ပေးထားသည့် ဆိုလာစနစ်ကိုသာ သုံးစွဲနေကြရသည့် ကျေးရွာတစ်ရွာဖြစ်ရာ သဘာစိမ့်စမ်းရေ သွယ်ယူရရှိရေး အောင်မြင်နိုင်ရန်လည်း အကူအညီလိုအပ်လျှက်ရှိကြောင်း သိရသည်။
မန်လည်ဆရာတော် ယနေ့ ပြန်လွန်တော်မူ
ယနေ့ ၂၃.၅.၂၀၁၅ နေ့လည် ၁၁း၃၀ အချိန်တွင် ဆဌမ မန်လည်ဆရာတော် ဦးဝိမလ. သက်တော် ၅၁ နှစ် ပြန်လွန်တော်မူသွားပါသည်။
ငွေဖြည့်ကဒ် ၅% ဆောင်ရတော့ဘူးတဲ့
ပြည်သူတွေရဲ့ဆန္ဒ အတိုင်းဖုန်းသုံးစွဲမှုအပေါ်ကောက်ခံတဲ့ကုန်သွယ်ခွန် ၅%ကိုပယ်ဖျက်ဖို့ပြည်ထောင်စုလွှတ်တော်မှာအမရပူရမဲဆန္ဒနယ် ဦးသိန်ထွန်းဦး( ပြည်ခိုင်ဖြိုးပါတီ)က အရေးကြီးအဆိုကိုဒီနေ့ ၂•၄၅ နာရီမှာတင်သွင်းခဲ့ပြီး၊ကိုယ်စားလှယ်အားလုံးကထောက်ခံလိုက်ပြီ။
Thursday, May 21, 2015
မော်လူးမှ ထူးချွန်ကျောင်းသား/သူတစ်ဦးအတွက် မန်းလေးဂဇက်မှ အစီအစဉ်
မော်လူးသူားများ အားလုံးမင်္ဂလာပါ ကျနော်တို့ mawlunews group မှ admin တစ်ဦးဖြစ်သူ၏ သတင်းပေးပို့မှုအရ ဤစာစုကို ရေးသားရခြင်းဖြစ်ပါသည်။ mawlunews group တွင် စာများရေးသားတင်ဆက်နေသည့် k.t.w.l သည် mawlunews group တွင်သာမက mandalaygazette.com တွင်လည်း စာများရေးသားနေသူ တစ်ဦးဖြစ်သည်။ ယင်းဝဘ်ဆိုဒ်ကြီးတွင် စာများရေးသားရင်းဖြင့် ဒေသတွင်း မူလတန်းကျောင်းလေးများသို့လည်း စာရေးကိရိယာများလှူဒါန်းခြင်း အပြီးမသတ်နိုင်သေးသည့် စာသင်ဆောင်များပြီးမြောက်အောင်မြင်နိုင်စေရန် online မှ အလှူရှင်များရှာဖွေ ချိတ်ဆက်ပြီး အပြီးသတ်နိုင်အောင် ဆောင်ရွက်ပေးခြင်း (ကရင်ကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း| မူလခေါင်တုန့်စည်ကျေးရွာ မူလတန်းကျောင်း| ဖားပန်ကျေးရွာ မူလတန်းကျောင်း)နှင့် ဥသျှစ်ကုန်းကျေးရွာ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် မတည်အလှူရှင် ရှာဖွေပေးခြင်းများကို ဆောင်ရွက်နိုင်ခဲ့သူဖြစ်ပါသည်။
ယင်းသို့ဆောင်ရွက်ပေးနိုင်ခဲ့ရာတွင်  မူလခေါင်တုန့်စည်ကျေးရွာ စာသင်ဆောင် ပြီးမြောက်အောင်မြင်စေရန်နှင့် ၂၀၁၃/၁၄ ပညာသင်နှစ်တွင် မူလတန်းကျောင်း ၁၀ ကျောင်းသို့ စာရေးကိရိယာများ လှူဒါန်းနိုင်ရေးတို့အတွက် mandalaygazette.com မှ အဖွဲ့ဝင်များမှ အဓိက ပံ့ပိုးကူညီပေးခဲ့ခြင်း ဖြစ်ပါသည်။ ထို mandalaygazette.com မှ အဖွဲ့ဝင်များသည် ကျွန်တော်တို့ဒေသ မော်လူးဆိုသည့်နေရာကို ရောက်ဖူးသူမရှိသလို ယင်းတို့၏ ဆွေမျိုးမိသင်္ဂဟများလည်း မရှိကြပါ။ သို့သော်သူတို့တတ်နိုင်သည့်ဘက်မှ တတ်နိုင်သည့်အကူအညီကို စေတနာဖြူစင်စွာဖြင့် ပေးအပ်လှူဒါန်းခဲ့ပါသည်။ ယင်းတို့၏ လှူဒါန်းမှုများကို k.t.w.l နှင့် မော်လူးဒေသမှ One Candle စေတနာရှင်လူငယ်များအဖွဲ့ သွားရောက်ပြီး ပို့ဆောင်လှူဒါန်းပေးခဲ့သလို လှူဒါန်းမှုမှတ်တမ်းများကို ဓာတ်ပုံများ အလှူခရီးစဉ်မှတ်တမ်းများဖြင့် mandalaygazette.com တွင် ပြန်လည်ဖော်ပြမျှဝေပေးသကဲ့သို့ ရှေ့ဆောင် ဗီဒီယိုမှ ကူညီမှတ်တမ်းတင်ပေးသည့် အလှူခရီးစဉ် မှတ်တမ်း DVD ခွေများကိုလည်း အလှူရှင်များ၏ လက်ဝယ်သို့ရောက်ရှိအောင် ပေးပို့ပေးခဲ့ပါသည်။ ထိုကဲ့သို့သော ဆောင်ရွက်ချက်များကြောင့် mandalaygazette.com တွင် စာရေးစာဖတ်ပြုလုပ်နေကြသည့်အဖွဲ့ဝင်များသည် မော်လူးဒေသအား ပိုမိုစိတ်ဝင်စားကာ ယခုနှစ်အတွက် လှူဒါန်းမှုတစ်ခုကို ပြုလုပ်လိုသည်ဟု k.t.w.lထံသို့ကမ်းလှမ်းလာကြောင်း သိရှိရပါသည်။ mandalaygazette.com ဆိုသည့် ဝဘ်ဆိုဒ်အား တည်ထောင်ထားသူမှာ အမေရိကားတွင်နေထိုင်သည့် မြန်မာလူမျိုးတစ်ဦးဖြစ်ပြီး ယင်းဝဘ်ဆိုဒ်မှ သတင်း ဆောင်းပါး အစရှိသည်များကို အမေရိကားတွင် နှစ်လတစ်ကြိမ် သတင်းစာအဖြစ် ပုံနှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေလျှက်ရှိသည်ဟုလည်း သိရပါသည်။ ယင်းဝဘ်ဆိုင်ကို တည်ထောင်သူကိုယ်တိုင် မတည်လှူဒါန်းကာ အဖွဲ့ဝင်များ စုပေါင်းထည့်ဝင်သည့် အလှူငွေဖြင့် မော်လူးဒေသမှ ၂၀၁၄/၁၅ ခုနှစ် ပညာသင်နှစ်တွင် မော်လူး စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းကို ဝင်ရောက်ဖြေဆိုပြီး အမှတ်အများဆုံး ရှိသည့် ကျောင်းသား/သူတစ်ဦးကို ရွေးချယ် ဆုချီးမြင့်လိုကြောင်းနှင့် ထိုမျှမကပဲ ဆက်လက်ထောက်ပံ့ချီးမြင့်ရန် အကောင်းဆုံးအခြေအနေရှိပါက အမေရိကားတွင် ပညာသင်အဖြစ် ခေါ်ယူရန် အစီအစဉ်များကိုလည်း ချမှတ်လိုကြောင်းများကို k.t.w.l ထံသို့ အကြောင်းကြားလာကြောင်း သိရှိရပါသည်။ ထိုအစီအစဉ်၏ ပထမဆုံး အဆင့်အဖြစ် မော်လူးဒေသမှ အမှတ်အများဆုံးဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင့်သည့် ကျောင်းသား/သူတစ်ဦးကို ဆုချီးမြင့်မည်ဖြစ်ပါသည်။ သို့ပါ၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းထွက်ပြီးပါက အမှတ်အများဆုံးကျောင်းသား/သူ ၏ အမည် မိဘအမည် အလုပ်အကိုင် နေရပ်လိပ်စာများကို ကျနော်တို့ mawlunews group မှ သိရှိလိုပါသည်။ သို့ပါ၍ ကူညီနိုင်သူများ ကူညီပေးကြပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။ ချီးမြင့်မည့် ဆုငွေ နည်းခြင်းများခြင်းများက အဓိကမဟုတ်ပဲ ကြိုးစားသူများအတွက် အခွင့်အလမ်းများစွာရှိနေသည်။ ကူညီလိုသူများရှိနေသည်ဆိုသည်ကို ကျနော်တို့ဒေသခံများ သိစေလိုခြင်း ထိုထူးချွန်ကျောင်းသား/သူကို အားကျအတုယူကာ ကြိုးစားသည့် လူငယ်များပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်သကဲ့ သို့ အင်တာနက်ကို အကျိုးကျိုးရှိရှိ အသုံးချတတ်ပါက ရပ်အကျိုးရွာအကျိုး ဒေသအကျိုးတို့ကို အုတ်တစ်ချပ် သဲတစ်ပွင့် ဆောင်ရွက်နိုင်ကြောင်းတို့ကို သိရှိစေလိုခြင်း ဖြစ်ပါသည်။
ကျနော်တို့၏ မေတ္တာရပ်ခံချက်ကို တတ်နိုင်သူများ ဝိုင်းဝန်း ကူညီ ပေးကြစေလိုပါသည်။ ကူညီပေးလိုသူများ mawluuvillagers@gmail.com သို့ ဆက်သွယ်ပေးကြစေလိုပါသည်။
လွိုင်မောက်တောင်စေတီ ဌာပနာ ထည့်သွင်း
မော်လူးဒေသ အရှေ့
unicode version
၁၃၇၇ ခုနစ် နယုန်လ္ဆန်း ( ၃ )ရက်
မော်လူးဒေသ အရှေ့
လွိုင်မောက်တောင်မူလစိန္တာမုနိစေတီတော်
အားငုံ၍ အသစ်တည်ထား ကိုးကွယ်မည့်
စေတီတော်အား နံနက် ၉-နာရီ ၃-မိနစ် တွင်
အောက်ဌာပနာထည့်သွင်းပူဇော်.......
မော်လူး- မန္တလေး | မန္တလေး - မော်လူး မှန်လုံယာဉ်လိုင်း ဇွန် ၂ ရက်နေ့တွင် စတင်ပြေးဆွဲမည်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူး မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့သို့ ခရီးသည်တင် မှန်လုံယာဉ်လိုင်းကို ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် စတင် ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ မော်လူးမှ လိုက်ပါစီးနင်းကြမည့် ခရီးသည်များအား အိမ်အရောက် လာကြိုပေးမည် ဖြစ်ပြီး မန္တလေးမြို့မှ လိုင်ပါစီးနင်းလာသူများအားလည်း နေအိမ်အရောက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ယာဉ်စီးခနှုန်းထားမှာ ခရီးသည် တစ်ဦးလျှင် ၁၅၀၀၀ ကျပ်နှုန်း သတ်မှတ်ထားကြောင်း မော်လူးမှ ည ၇ နာရီ ထွက်ခွာပြီး မန္တလေးမြို့မှ ထွက်ခွာချိန်မှာ ညနေ ၅ နာရီဖြစ်ကြောင်း လက်မှတ်ဝယ်ယူရမည့် နေရာနှင့် ဖုန်းနံပါတ်များကို မကြာမီရက်ပိုင်းတွင် ဗီနိုင်းချိတ်ဆွဲ ကြေညာပေးမည်ဖြစ်ကြောင်း ပြေးဆွဲမည့် ယာဉ်လိုင်းအမည်မှာ ရွှေယောမန်းဖြစ်ကြောင်း မော်လူးသတင်းအဖွဲ့မှ သတင်းရရှိပါသည်။
Tuesday, May 19, 2015
မော်လူးဒေသ သား တစ်ဦးရဲ့ fb ပေါ်က ဂုဏ်ယူဖွယ် စကား
ကျွန်တော်တို့ရွာကပါ ဂုဏ်ယူပါတယ် သင်တန်းတက်တဲ့ကလေးတွေ ၄၀၀ တောင်ရှိတယ်ဗျ ပီးတော့ ကျွန်တော်တို့နယ်မာ ကျွန်တော်တို့ရွာပဲ ဗလီမရှိ ခရစ်ယန်ဘုရားကျောင်းမရှိတဲ့ရွာလေးပါ ဆရာတော်အရှင်သူမြတ်များကျေးဇူးတော်ကြောင့်ပါ ရိုသေလေးမြတ်စွာဦးခိုက်ပါ၏ဘုရား။
လင်းယုန် Eagle ငှက် အကြောင်း မှတ်သားဖွယ်
လင်းယုန် (Eagle)
***************
ရှင်နေထိုင်နိုင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက်
ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်(40)နှစ်
သူ့အသက် (40) နှစ်
သူ့မှာရွေးချယ်
မြတ်ပါလိမ့်မယ်။
ပါးကြာပါတယ်။
ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ ပြန်လည်ပြုလုပ်နိုင်ခဲ့ပါပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။
တွေချကြရပါတယ်။
နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်
ဆောက်နိုင်ရပါမယ်။
အသိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ်
မလုပ်နိုင်ကြဘူးလား? လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲ
စွာပြောင်းရတာပါ။
လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား?
ပါတယ်။
လိုရာပန်းတိုင်ကို ထက်သန်သောယုံကြည်ချက်၊ပြင်းထန်သော လုံ့လဝီရိယနဲ့ သည်းခံတတ်သောစိတ်တို့ဖြင့် ရောက်အောင် လျှောက်လှမ်းနိုင်ကြပါစေ။
unicode version
ဆရာတော် ဦးနရိန္ဒ ငြိမ်းချမ်းရေး added 3 new photos.
လင်းယုန် (Eagle)
***************
လင်းယုန်ငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး
ငှက်တစ်မျိုးဖြစ်ပြီး အသက်(70)နစ်အထိအသက်
ရှင်နေထိုင်နိူင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက်
ရှည်ရှည်နေနိူင်ဖို့အတွက် သူတို့ရဲ့အသက်(40)နှစ်
မှာ ခက်ခဲတဲ့ဖြစ်စဥ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်
ချက်တစ်ခုကိုချကြရပါတယ်။
သူ့အသက် (40) နှစ်
ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက်
သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်
။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး
ကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ
ပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက်
ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။
သူ့မှာရွေးချယ်
စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ်
တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဥ်ကို
ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲ
သေရတာထက်စာရင် စွန့်စားပြီးသေရတာကပို
မြတ်ပါလိမ့်မယ်။
ဒါကြောင့်အလွန်မြင့်တဲ့တောင်
တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက်
လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနား
နားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဥ်ကိုကျော်ဖြတ်
ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး
ပါးကြာပါတယ်။
ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်
ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့နုတ်သီး
အသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့်
ဆိုင်းနေခဲ့ရပါတယ်။နုတ်သီးအသစ်ထွက်လာတော့
အဲ့ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတသ်ခု
ဆွဲနုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ
သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရ
ပြန်ပါတယ်။အတောင်ပံအသစ်တွေထွက်လာတော့
သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150)
ပါပဲ ။အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မှျ ပြန်လည်ပြုလုပ်နိုင်ခဲ့ပါပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိူင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်း
လဲမှု့ကိုပြောခြင်တာပါ။ တသ်ခါတစ်ရံမှာ ကျွန်တော်
တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။
ဘဝကိုအောင်အောင်မြင်မြင်
နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့
ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ်မယ်
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ
ကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုပ်
နိူင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်
ဆောက်နိူင်ရပါမယ်။
တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်
တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါ
အသိတ်အပိုင်းကို နုတ်ပယ်နူိင်သေးရင် အသိဥာဏ်
ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို(change)
မလုပ်နိူင်ကြဘူးလား? လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲ
စွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ကျွန်တော်တို့
က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူ
အကျင့်အဟောင်း မကောင်းတဲ့စရိုက် တွေကိုမစွန့်
လွှတ်နိူင်ကြဘူးလား? မပြောင်းလဲ နိူင်ကြဘူးလား?
ဒီအတိုင်းဆက်သွားမလား ဆိုတာ စဥ်းစားစေခြင်
ပါတယ်။
ဒီပံုပြင်လေးကိုသဘောကျနှစ်ခြိုက်လွန်းလို့မကြာခဏဖတ်မိပါတယ်။မူရင်းလင့်ကိုတင်ပေးသူကို ရှာမတွေ့နိုင်တော့လို့ credit မပေးဖြစ်တာကို ခွင့်လွှတ်စေချင်ပါတယ်။သူရေးထားတာကို မူရင်းအတိုင်းပဲ တတ်နိုင်သမှျကိုးကားပေးထားပါတယ်။အနဲငယ်ပဲ ပြင်ပေးလိုက်ပါတယ်။အဲဒါက မူရင်းမှာ သိမ်းငှက်လို့ခေါင်းစဥ်တပ်ထားတာကြောင့်ပါ။
ဘဝမှာဆံုးဖြတ်ချက်တွေကြီးကြီးမားမားချလိုက်ရလေတိုင်း ကျွန်တော်မကြာခဏ ဖတ်ဖြစ်တဲ့ ပံုပြင်လေးတစ်ပုဒ်ပါ။ နောက် စာအုပ်တစ်အုပ်ရှိပါသေးတယ်။အဲဒါက Johnathan Livingston Seagull ဆိုတဲ့စာအုပ်ပါ။နောင် အားတဲ့အချိန်မှာ အဲဒီစာအုပ်အကြောင်းသံုးသပ်ချက်မှတ်ချက်တွေကို ရေးသားပါအံုးမယ်။
လိုရာပန်းတိုင်ကို ထက်သန်သောယံုကြည်ချက်၊ပြင်းထန်သော လံု့လဝီရိယနဲ့ သည်းခံတတ်သောစိတ်တို့ဖြင့် ရောက်အောင် လှေ ျာက်လှမ်းနိုင်ကြပါစေ။
ကဲ ဒီနေ့ အမျိုးသား လွှတ်တော် မှာ ပိုက်ဆံ တစ်သိန်းတစ်သောင်း သွင်းခိုင်းပြီး လိမ်နေသော ကုမ္ပဏီ အကြောင်း ဆွေးနွေး
ဟဲဟဲ  မော်လူးမှာလည်း  ခေတ်စားခဲ့တယ်
ခုတော့ ငြိမ်သွားပြီ
မကွေးတိုင်း  မဲဆန္ဒနယ် အမှတ်  ၁၂  မှ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏
သိန်းတစ်သောင်းကိစ္စ
မေးမြန်းချက်ကို
ဒီနေ့  အစိုးရအဖွဲ့ ------ဒုဝန်ကြီးကလည်း  ဘာမှ မတတ်နိုင်လို့ ထင်တယ် အခြေခံဥပဒေနဲ့  ငြိလို့
ဆိုလား  ဘာလားဆိုလား  မယောင်ရာ  ဆီလူး လုပ်သွားပါ၏။
တိုင်ကြား  လာမှု မရှိဘူးလို့ပြောသွား
မကျေနပ်တာ ရှိ  ရင် ဥပဒေ နဲ့ အညီ တိုင်ကြားနိုင်တယ်  လို့ပြော,.
လွှတ်တော်ကိုယ်စားလှယ်ကလည်း  လုပ်ထားတာပိရိလို့  တိုင်လို့  ကို မရဘူးဖြစ်နေတယ်ပြောလို့
အမျိုးသားလွှတ်တော် ဥက္ကဌကြီးက
ဖြေရှင်းတဲ့  ဝန်ကြီးဌာန  မှားနေတယ်
မဆိုင်ဘူးထင်တယ်
တခြား
တိုင်တဲ့ နေရာ  မှာ  တိုင်ပါဆိုပြီး  ပြောလိုက်ပါ၏။
ကဲ  သတင်းစာထဲမှာ  ဖတ်ကြပါစို့
19.5.15  အမျိုးသား လွှတ်တော်သတင်း နော့
ပိုက်ဆံ တစ်သိန်း ရလိုရငြား  လုပ်လိုက်ကြအုန်း
Monday, May 18, 2015
မိုဘိုင်းဖုန်းသုံးစွဲသူတိုင်း ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်
မြန်မာပြည်ရဲ့ အဓိက မိုဘိုင်းဖုန်း အော်ပရေတာလုပ်ငန်း ၃ ခုဖြစ်တဲ့ အမ်ပီတီ၊ တယ်လီနော်နဲ့ အော်ရီဒူး ကုမ္ပဏီတွေက ဆင်းမ်ကတ်ဝယ်ယူ ငွေဖြည့်သုံးစွဲသူတွေထံက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့ စကောက်ခံ သွားမယ်လို့ အစိုးရက ဒီကနေ့ ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂ဝ၁၅/၂ဝ၁၆ ပြည်ထောင်စု အခွန်ဥပဒေသစ်အရ ခုလို ဖုန်းသုံးစွဲသူတွေထံက ကောက်ခံတာဖြစ်ပြီး အော်ပရေတာတွေအနေနဲ့လည်း သုံးစွဲသူတွေလိုပဲ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို အစိုးရ ထံပေးဆောင်ရမှာဖြစ်ပါတယ်။
အခွန်သစ်ကောက်ခံရခြင်းနဲ့ ပတ်သက်ပြီး မေလ ၁၈ ရက်က နေပြည်တော် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က “ကုန်သွယ်ခွန် Commercial Tax ဆိုတာကတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့အတွက် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ ကောက်ခံတာဖြစ်ပါတယ်။ ဒီကရရှိတဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်ရဲ့ လိုအပ်တဲ့ ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် အသုံးပြုရတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။
သုံးစွဲသူတွေ ပေးဆောင်ရမယ့် ကျသင့်နှုန်းထားသစ်တွေကိုတော့ ကုမ္ပဏီတွေရဲ့ အင်တာ နက်စာမျက်နှာ ၀က်ဆိုက်နဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွေမှာ ထုတ်ပြန်ထားသလို သုံးစွဲသူ တွေရဲ့ မိုဘိုင်းဖုန်းတွေဆီကို လည်း သတင်းတို မတ်ဆေ့ခ်ျတွေပေးပို့ထားပါတယ်။
သုံးစွဲသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ အော်ရီဒူးကုမ္ပဏီ ဆက်သွယ်ရေးဌာန ၀န်ထမ်းတဦးက “မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်ဖုန်းကိုပဲသုံးသုံး ၃ ခုစလုံးမှာ အကုန်လုံးက ငွေဖြည့်မယ်ဆိုရင် ငွေဖြည့်တဲ့ ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အခ အနေနဲ့ ပေးရမှာ ၁ထောင်ကျပ်ဖြည့်မယ်ဆိုရင် သုံးစွဲသူက ၉၅၂ ကျပ်သုံးရပြီးတော့ ၄၈ ကျပ်ကို အခွန်အဖြစ်ပေးရမယ်၊ ၃၀၀၀ ကျပ်ဖြည့်မယ်ဆိုရင် ၂၈၅၇ ကျပ်ကို သုံးရပြီး ၁၄၃ ကျပ်ကို အခွန်အဖြစ်ပေးရမယ်အဲလိုမျိုး ဒီဥစ္စာက မဖြစ်မနေပေါ့။ ဥပဒေက သတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် မဖြစ်မနေ ကောက်ခံရမှာပါ မေ ၃၁ ရက်အထိကတော့ ပုံမှန်အတိုင်းပဲ သုံးစွဲလို့ရမယ် ဇွန်၁ ရက်နေ့ကစပြီးနောက်ပိုင်း ငွေဖြည့်တဲ့ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အဖြစ်ပေးရမှာပါ”လို့ ပြောပါတယ်။
ခုလိုအခွန်ပေးထပ်ပေးဆောင်ရတာနဲ့ ပတ်သက်ပြီး ငွေဖြည့်ကတ် ၀ယ်ယူ သုံးစွဲသူတွေအကြား ကျေနပ်သူတွေရှိသလို မကျေနပ်တဲ့ သူလည်းရှိနေပြီး ဖေ့စ်ဘတ်လူမှုကွန်ရက်တွေကနေ ဝေဖန်ရေးသားမှုတွေလည်း အများအပြား ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးသူအရေအတွက်ဟာ နိုင်ငံခြားအော်ပရေတာတွေ ၀င်ရောက် လုပ်ကိုင်ခွင့်မရခင် ၂၀၁၃ ခုနှစ်မတ်လက ၄ ဒသမ ၄ သန်းရှိခဲ့ရာက ၂၀၁၅ မတ်လကုန်မှာ မိုဘိုင်းဖုန်းသုံးသူ ၁၈ ဒသမ ၁ သန်းထိ ရှိလာတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန် ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)ဟာ ဈေကွက်ပမာဏ အများဆုံး ဆက်ရှိနေပေမယ့် ၂၀၁၅ ဇန်န၀ါရီမှာ သုံးစွဲသူ ၁၁သန်းရှိရာက မတ်လကုန်မှာ ၈ ဒသမ ၄ သန်းအထိ ကျဆင်းသွားပြီး တယ်လီနော်ကတော့ သုံးစွဲသူ လက်ရှိ ၆ ဒသမ ၄ သန်းအထိရှိလာပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
unicode version
မြန်မာပြည်ရဲ့ အဓိက မိုဘိုင်းဖုန်း အော်ပရေတာလုပ်ငန်း ၃ ခုဖြစ်တဲ့ အမ်ပီတီ၊ တယ်လီနော်နဲ့ အော်ရီဒူး ကုမ္ပဏီတွေက ဆင်းမ်ကတ်၀ယ်ယူ ငွေဖြည့်သံုးစွဲသူတွေထံက ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကို ဇွန်လ ၁ ရက်နေ့ စကောက်ခံ သွားမယ်လို့ အစိုးရက ဒီကနေ့ ကြေညာပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အသစ်ပြင်ဆင်ပြဌာန်းလိုက်တဲ့ ၂ဝ၁၅/၂ဝ၁၆ ပြည်ထောင်စု အခွန်ဥပဒေသစ်အရ ခုလို ဖုန်းသံုးစွဲသူတွေထံက ကောက်ခံတာဖြစ်ပြီး အော်ပရေတာတွေအနေနဲ့လည်း သံုးစွဲသူတွေလိုပဲ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို အစိုးရ ထံပေးဆောင်ရမှာဖြစ်ပါတယ်။
အခွန်သစ်ကောက်ခံရခြင်းနဲ့ ပတ်သက်ပြီး မေလ ၁၈ ရက်က နေပြည်တော် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ၀န်ကြီးဌာနမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က “ကုန်သွယ်ခွန် Commercial Tax ဆိုတာကတော့ နိုင်ငံတော်အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိဖို့အတွက် နိုင်ငံတကာ လုပ်ထံုး လုပ်နည်းတွေနဲ့အညီ ကောက်ခံတာဖြစ်ပါတယ်။ ဒီကရရှိတဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်ရဲ့ လိုအပ်တဲ့ ကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသံုးပြုပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို လုပ်နိုင်ဖို့အတွက် အသံုးပြုရတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။
သံုးစွဲသူတွေ ပေးဆောင်ရမယ့် ကျသင့်နှုန်းထားသစ်တွေကိုတော့ ကုမ္ပဏီတွေရဲ့ အင်တာ နက်စာမျက်နှာ ၀က်ဆိုက်နဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွေမှာ ထုတ်ပြန်ထားသလို သံုးစွဲသူ တွေရဲ့ မိုဘိုင်းဖုန်းတွေဆီကို လည်း သတင်းတို မတ်ဆေ့ချ်တွေပေးပို့ထားပါတယ်။
သံုးစွဲသူတွေကို ၀န်ဆောင်မှုပေးနေတဲ့ အော်ရီဒူးကုမ္ပဏီ ဆက်သွယ်ရေးဌာန ၀န်ထမ်းတဦးက “မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘယ်ဖုန်းကိုပဲသံုးသံုး ၃ ခုစလံုးမှာ အကုန်လံုးက ငွေဖြည့်မယ်ဆိုရင် ငွေဖြည့်တဲ့ ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အခ အနေနဲ့ ပေးရမှာ ၁ထောင်ကျပ်ဖြည့်မယ်ဆိုရင် သံုးစွဲသူက ၉၅၂ ကျပ်သံုးရပြီးတော့ ၄၈ ကျပ်ကို အခွန်အဖြစ်ပေးရမယ်၊ ၃၀၀၀ ကျပ်ဖြည့်မယ်ဆိုရင် ၂၈၅၇ ကျပ်ကို သံုးရပြီး ၁၄၃ ကျပ်ကို အခွန်အဖြစ်ပေးရမယ်အဲလိုမျိုး ဒီဥစ္စာက မဖြစ်မနေပေါ့။ ဥပဒေက သတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် မဖြစ်မနေ ကောက်ခံရမှာပါ မေ ၃၁ ရက်အထိကတော့ ပံုမှန်အတိုင်းပဲ သံုးစွဲလို့ရမယ် ဇွန်၁ ရက်နေ့ကစပြီးနောက်ပိုင်း ငွေဖြည့်တဲ့ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို အစိုးရကို အခွန်အဖြစ်ပေးရမှာပါ”လို့ ပြောပါတယ်။
ခုလိုအခွန်ပေးထပ်ပေးဆောင်ရတာနဲ့ ပတ်သက်ပြီး ငွေဖြည့်ကတ် ၀ယ်ယူ သံုးစွဲသူတွေအကြား ကျေနပ်သူတွေရှိသလို မကျေနပ်တဲ့ သူလည်းရှိနေပြီး ဖေ့စ်ဘတ်လူမှုကွန်ရက်တွေကနေ ဝေဖန်ရေးသားမှုတွေလည်း အများအပြား ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသံုးသူအရေအတွက်ဟာ နိုင်ငံခြားအော်ပရေတာတွေ ၀င်ရောက် လုပ်ကိုင်ခွင့်မရခင် ၂၀၁၃ ခုနှစ်မတ်လက ၄ ဒသမ ၄ သန်းရှိခဲ့ရာက ၂၀၁၅ မတ်လကုန်မှာ မိုဘိုင်းဖုန်းသံုးသူ ၁၈ ဒသမ ၁ သန်းထိ ရှှိလာတယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန် ပါတယ်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)ဟာ စျေကွက်ပမာဏ အများဆံုး ဆက်ရှိနေပေမယ့် ၂၀၁၅ ဇန်န၀ါရီမှာ သံုးစွဲသူ ၁၁သန်းရှိရာက မတ်လကုန်မှာ ၈ ဒသမ ၄ သန်းအထိ ကျဆင်းသွားပြီး တယ်လီနော်ကတော့ သံုးစွဲသူ လက်ရှိ ၆ ဒသမ ၄ သန်းအထိရှိိလာပြီလို့ သတင်းမှာ ဖော်ပြပါတယ်။
By ပိုင်စိုး (ဒီဗီွဘီ)
http://burmese.dvb.no
Sunday, May 17, 2015
ဓမ္မစကူး သင်တန်း မော်လူး မှာ ယနေ့စဖွင့်
ဓမ္ဓစကူးလ်
unicode version
မော်လူးဒေသ မော်လူး မြို့ ဘုရားကြီးကျောင်းတိုက်ကြီးတွင် ယနေ့ 18/5/2015
ဓမ္ဓစကူးလ်
သင်တန်းဖွင့်လှစ်ပါပြီ အနယ်နယ်အရပ်ရပ် မှ သင်တန်း တက်ရောက်ချင်သူများ တက်ရောက် နိုင်ပါကြောင်းသိစေပါသည်
fb က မ လာ တဲ့ အင်းတော် ဘက်ကသတင်း ဆိုလား
unicode version
ယမန်နေ့၁၇ ၅ ၂၀၁၅ မှာအင်းတော်မှာသတင်းနှခုဖြစ်တယ်။
ကျနော်သိသမျှ ပထမသတင်း နေ့ ၁ နာရီကျော်မှာအောင်သာယာကုန်းနေအိမ်တခုနောက်တွင် ၁၇ နှစ်အရွယ်အမျိုးသားတဦးကြိုးဆွဲချသေဆံုးမ ဖြစ်ခ့ဲတယ်။အကြောင်းမေးတော့ ဒီကလေးအိမ်ထောင်မရှိ စိတ်မှုမမှန်ခြင်း မရှိ ပန်းရံ ကျဘမ်းလုပ် အရက်မှုးယစ်ဆေးမသံုးဟုသိရ ။အလုပ်နားနေ့ ဖခင်ဆိုင်ကယ်ယူစီးအပြင်သွားရာမှအပြန် ဖခင်ကဆူသည် ထို့နောက်ဖခင်နှင့် အတူဗီွဒီယိုကြည့်နေရာမှ ရုတ်တရက်အောက်ဆင်းသွားပြးအိမ်နောက်တနေရာတွင်ကျိူးဆွဲချသေဆံုးမှုဖြစ်သည်။ဒုတိယသတင်းမှာ အောင်မိုးစံ
ဘော်ဒါတွင် ရဲမှ မှုးယစ်ဆေးဖမ်းသည့်သတင်းပါ။ ကျနော်သိသမျှမှာ ည၉နာရီကျော်တွင် သတင်းရရှိမှုအရ ရဲမှစောင့်နေ၏ အောင်မိုးစံ နေအိမ်သို့ လူနှစ်ဦးဝင်ရောက်စဥ်ရဲမှဝင်ရောက်စစ်ဆေးနေချိန်တွင်တစ်ဦးမှာသက်သေခံဘိန်းဖြူများကိုသွန်ချပြီးရှေ့ပြတင်းမှခံုချပြေးပြီးကျန်တစ်ဦးမှာအိမ်ဝင်နောက်ဘက်သို့ပြေးရာ ရဲနှင့်ပြည်သူများမှ ဝိုင်းဖမ်း ရမိပြီး နေအိမ်တွင်းရဲမှတာဝန်အရ ဆက်လက်ရှာဖွေရာ အိမ်ရှင်တယောက်မှ ဒါးဖြင့်ရန်ပြုနေသည့်အတွက် ဝရုနး်သုန်းကာဖြစ်နေစဥ် လူ့ အခွင့်အရေးသမားလားဥပဒေဆရာကြီးလား ဘာမှန်းညာမှနး်မသိသူ ကဟေ့ ဘာဖြစ်နေကြတာလည်းတရာခံကိုမရိုက်နဲ့ကွဟုအော်သတဲ့ဗျဟို ရဲတွေက ဒါးကိုင်ထားတ့ဲ သူနဲ့ ရင်ဆိုင်နေတာပါ။တိုတိုပြောကြစို့ရဲ့ မြို့လည်ခေါင်က မှုးယစ်ဆေးဖြန့်နေတာကိုဖမ်းဆီးနိုင်ခဲ့တာကောင်းတ့ဲသတင်းပေါ့နော်
ဆက်လက်ဖေါ်ထုတ်နိုင်ပါစေ ။
ကားမှောက်တာတဲ့
ဆန်အိတ်များ တင်ဆောင်လာသည့် SKAT ခြောက်ဘီးယာဉ် တံတားပေါ်မှ ထိုးချမှု ဖြစ်ပွား
မော်လူး၊ မေ ၁၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးနှင့် နန့်စီးအောင်အကြား ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းပေါ်ရှိ တံတားအမှတ် ၁၆၇/၁ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ဘက်မှ ကချင်ပြည်နယ် နမ္မားမြို့ဘက်သို့ မောင်းနှင်လာသည့် ဆန်အိတ် ၁၀၀ လုံး တင်ဆောင်လာသော SKAT ခြောက်ဘီးယာဉ် (ယာဉ်အမှတ် 2G/4397)၊ ယာဉ်မောင်း …….. သည် မေ ၁၇ ရက် နံနက် ၃ နာရီ ၃၀ မိနစ်အချိန်တွင် တံတားလက်ရန်းတိုင်များကို တိုက်မိပြီး တံတားပေါ်မှ ထိုးချမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ ယာဉ်မတော်မဆဖြစ်ပွားရခြင်းမှာ ကားတိုက်ရော့ရ်တံ ကောက်ကွေးသွားမှုကြောင့် ဖြစ်ကြောင်း သိရသည်
မိုးကြိုးပစ် ပြန်ပြီတဲ့
မော်လူး၊ မေ ၁၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဟောင်းတုန်းကျေးရွာအုပ်စု၊ ဟောင်းတုန်းကျေးရွာ မြေပဲခင်းအတွင်းတွင် မေလ ၁၇ ရက် နေ့လည် ၂ နာရီ ၃၃ မိနစ်အချိန်က ပဲနုတ်ပဲခြွေပြုလုပ်နေစဉ် မိုးကြိုးထိမှန်ပြီး တစ်ဦးသေဆုံးကာ ခြောက်ဦးစက်ကွင်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၇ ရက် နေ့လည် ၂ နာရီ ၃၃ မိနစ်အချိန်တွင် ကွင်းအမှတ် ၅၃၂၊ ဦးပိုင် ၇ တွင်ရှိသည့် မြေပဲခင်းအတွင်းတွင် ပဲနုတ်ပဲခြွေပြုလုပ်နေကြစဉ် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ မခင်စန်းဝင်း ၃၈ နှစ် (ဘ) ဦးတင်ငွေ၊ ဟောင်တုန်းရွာနေသူမှာ ယာဘက်ပါးနှင့် လက်မောင်းတွင် ညိုးမည်းဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဒေါ်ခင်စီဝင်း ၃၈ နှစ် (ဘ) ဦးကြွယ်၊ ဒေါ်မအောင် ၅၃ နှစ်(ဘ) ဦးစောရ၊ ဒေါ်ခင်မာ ၂၉ နှစ် (ဘ) ဦးထွန်းရွှေ၊ ဦးသိန်းဝင်း ၄၀ နှစ် (ဘ) ဦးစောရ၊ ဒေါ်အေးမေ ၄၈ နှစ် (ဘ) ဦးစောရ၊ ဒေါ်ခင်စန်းအုန်း ၄၂(ဘ) ဦးသန်းအောင် ဟောင်းတုန်းကျေးရွာနေကြသူ ၆ ဦးမှာ မိုးကြိုးစက်ကွင်း မိသဖြင့် မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးလွှဲစာဖြင့် ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်
unicode version
မပဲခင်းအတွင် ပဲနုတ်/ပဲခြွေနေစဥ် မိုးကြိုးထိမှန်၍ တစ်ဦးသေ ခြောက်ဦးစက်ကွင်းမိ
မော်လူး၊ မေ ၁၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဟောင်းတုန်းကျေးရွာအုပ်စု၊ ဟောင်းတုန်းကျေးရွာ မြေပဲခင်းအတွင်းတွင် မေလ ၁၇ ရက် နေ့လည် ၂ နာရီ ၃၃ မိနစ်အချိန်က ပဲနုတ်ပဲခြွေပြုလုပ်နေစဥ် မိုးကြိုးထိမှန်ပြီး တစ်ဦးသေဆံုးကာ ခြောက်ဦးစက်ကွင်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မေ ၁၇ ရက် နေ့လည် ၂ နာရီ ၃၃ မိနစ်အချိန်တွင် ကွင်းအမှတ် ၅၃၂၊ ဦးပိုင် ၇ တွင်ရှိသည့် မြေပဲခင်းအတွင်းတွင် ပဲနုတ်ပဲခြွေပြုလုပ်နေကြစဥ် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ မခင်စန်းဝင်း ၃၈ နှစ် (ဘ) ဦးတင်ငွေ၊ ဟောင်တုန်းရွာနေသူမှာ ယာဘက်ပါးနှင့် လက်မောင်းတွင် ညိုးမည်းဒဏ်ရာဖြင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆံုးခဲ့ပြီး၊ ဒေါ်ခင်စီဝင်း ၃၈ နှစ် (ဘ) ဦးကြွယ်၊ ဒေါ်မအောင် ၅၃ နှစ်(ဘ) ဦးစောရ၊ ဒေါ်ခင်မာ ၂၉ နှစ် (ဘ) ဦးထွန်းရွှေ၊ ဦးသိန်းဝင်း ၄၀ နှစ် (ဘ) ဦးစောရ၊ ဒေါ်အေးမေ ၄၈ နှစ် (ဘ) ဦးစောရ၊ ဒေါ်ခင်စန်းအုန်း ၄၂(ဘ) ဦးသန်းအောင် ဟောင်းတုန်းကျေးရွာနေကြသူ ၆ ဦးမှာ မိုးကြိုးစက်ကွင်း မိသဖြင့် မော်လူးတိုက်နယ်ဆေးရံုသို့ ပို့ဆောင်ခဲ့ရာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရံုသို့ ဆေးလွှဲစာဖြင့် ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်