Saturday, February 18, 2017

မူလခေါင်တုန့်စည် ကျေးရွာတွင် စေတီတော်အဟောင်းအား တူးဖော်ရာမှ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ၊ မော်လူးဒေသ၊ မူလခေါင်တုန့်စည် ကျေးရွာတွင် စေတီတော်အဟောင်းအား တူးဖော်ရာမှ ရှေးဟောင်း ရုပ်ပွားတော်များ၊ ဓာတ်တော်များနှင့် အတူ သက္ကရာဇ် ၄၈၊ ဝါဆိုလဆုတ်၊ သောကြာနေ့ ဟူသည့် ပယင်း ဆင်းတုတော် တစ်ဆူအား ရရှိခဲ့သည်။ တူးဖော်ရရှိခဲ့သည့် ရုပ်ပွားတော်များတွင် ကျောက်ဆင်းတုများ၊ ကြေးဆင်းတုများလည်း ပါရှိခဲ့ပြီး ပယင်းဆင်းတုတော်၏ အောက်ခြေတွင် မှတ်တမ်းရေးထိုးထားသည့် စာကို တွေ့ရှိရကြောင်း သိရသည်။ ယင်းဆင်းတုတော်တွင် ပါရှိသည့် စာတမ်းအရ အလွန်ရှေးကျသည့် ဆင်းတုတော် ဖြစ်သဖြင့် သမိုင်းပညာရှင်များအား လာရောက် ကြည့်ရှုကြစေလိုကြောင်း ဦးဆောင် ဆရာတော်များမှ မိန့်ကြားသည်။ မူလခေါင်တုန့်စည် ကျေးရွာသည် ရှေးယခင်က ရှမ်းစော်ဘွားများ၏ မြို့တော်ဟောင်း တစ်ခုဖြစ်ကြောင်းနှင့် စေတီလေးဆူ တည်ထားခဲ့ကြောင်း၊ ယင်းစေတီလေးဆူအနက် ယခုတူးဖော်သည့် စေတီတော်မှာ မြို့ဦးစေတီတော်ဖြစ်နိုင်ကြောင်း၊ ကျန်စေတီနှစ်ဆူမှာမူ ရှေးယခင်ကတည်း တူးဖော်ခဲ့ကြပြီး ခေါင်တုန့်စည် ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ စေတီတော်တွင် ဋ္ဌာပနာထားပြီး ကိုးကွယ်ခဲ့ကြကြောင်း၊ စေတီလေးဆူအနက် မြောက်ဘက်အကျဆုံး ကိုးနဝင်းစေတီတော်မှာ တူးဖော်ခြင်း မပြုပဲ ပြန်လည်ပြုပြင်ထားခဲ့ရာ ယခုအခါ ယိုယွင်းလျက်ရှိနေကြောင်း၊ တူးဖော်ရရှိသည့် ရှေးဟောင်း ရုပ်ပွားတော်များ၊ ဓာတ်တော်များကို စုပေါင်းပြီး ဓာတ်ပေါင်းစု စေတီတော်အဖြစ် မူလခေါင်တုန့်စည် ကျေးရွာတွင် တည်ထားကိုးကွယ်ရန် စီစဉ်လျှက်ရှိကြောင်းနှင့် စေတီတော် တည်ထားကိုးကွယ်နိုင်ရန် အလှူရှင်များလည်း လိုအပ်လျှက်ရှိကြောင်း သိရသည်။ လှူဒါန်းလိုသူများ အနေဖြင့် ဖုန်း - 09790415529၊ 09259527623 များသို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း မော်လူးသူ၊ မော်လူးသားအပေါင်းတို့ ခင်ဗျား ......

လူပုဂ္ဂိုလ်များ သပိတ်ဖြင့် စားသင့် မစားသင့်"

"လူပုဂ္ဂိုလ်များ သပိတ်ဖြင့် စားသင့် မစားသင့်"
==ဦးနန္ဒာစာရ (မုံရွာ)==
■■■■■■■■■■■■■■■■■■■■■■■■■■■

မေး။ အရှင်ဘုရား ရဟန်း သံဃာတော်များ ဆွမ်းဘုဉ်းပေးသည့် သပိတ်ဖြင့် လူပုဂ္ဂိုလ်များ ထမင်းထည့်စားကောင်းပါသလား ဘုရား။

ဖြေ။ မစားကောင်းပါ။
သပိတ် သင်္ကန်းစသော ရဟန်းတို့အသုံးပြုအပ်သော အသုံးအဆောင် ပရိဘောဂများသည် လူပုဂ္ဂိုလ်အတွက် ရိုသေမြတ်နိုး ရှိခိုးပူဇော်ရာ စေတီထိုက်သောကြောင့် စားခွက်အဖြစ်ဖြင့် အသုံးမပြုကောင်းပါ။

ပဗ္ဗဇိတ ပရိဘောဂေါ ဟိ အဂါရိကာနံ စေတိယဋ္ဌာနိယော (၀ိနယသင်္ဂဟ၊ဋ္ဌ၊၁၃)

ထို့အတူ သင်္ကန်းကိုလည်း လက်နှီးစုပ်အဖြစ်ဖြင့်သော်လည်းကောင်း၊ ခြေသုပ်အဖြစ်ဖြင့်သော်လည်းကောင်း အသုံးမပြုကောင်းပေ။

ပန္ထေ ဒိသွာန ကာသာဝံ၊ ဆဋ္ဋိတံ မီဠှမက္ခိတံ။
သိရသ္မိံ အဉ္ဇလိံကတွာ၊ ၀န္ဒိတဗ္ဗံ ဣသိဒ္ဓဇံ။
အဗ္ဘတီတာစ ယေ ဗုဒ္ဓါ၊ ပစ္စုပ္ပန္နာ စ နာဂတာ၊
ဓဇေနာနေန သုဇ္ဈန္တိ၊ တသ္မာ ဧတံ နမဿိယံ။ (အပ၊၁၊၅၂၊ ထေရ၊ဋ္ဌ၊၁၊၄၇၄)

လမ်းပေါ်မှာ မစင်လူးလျက်လွှင့်ပစ်ထားသော သင်္ကန်းကိုတွေ့မြင်သည်ရှိသော် ဦးခေါင်းထိပ်ပေါ်တင်လျက် အထွဋ်အမြတ်ထားကာ ရှိခိုးပူဇော်ထားထိုက်ပေ၏။

ပွင့်တော်မူပြီး ပွင့်တော်မူဆဲ ပွင့်တော်မူလတ္တံသော ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဤသင်္ကန်းကို အမှီပြု၍ ကိလေသာကင်းစင်တော်မူကြလေကုန်၏၊

ဤသင်္ကန်းသည် ရဟန္တာတို့၏ အောင်လံ တံခွန်ပင်ဖြစ်၏ဟုနှလုံးသွင်းကာ ရှိခိုးပူဇော်ထိုက်ပေ၏-အထူး ရိုသေ လေးစားထိုက်၏။

အချို့ ဘုန်းကြီးကျောင်းများ၌ ကျောင်းဝင် အ၀ ခြေသုပ်ခုံနေရာတွင် ခြေသုပ်အဖြစ် သင်္ကန်းစုပ်များ ထားရှိတတ်ကြသည်။ ကျောင်းထဲသို့ ရဟန်းသံဃာတင်မက လူ ဒကာ ဒကာမများလည်း မကြာခဏ ၀င် ထွက် သွားလာတတ်သောကြောင့် သင်္ကန်းစုပ်များကို အပေါက်ဝတွင် ခြေသုပ်အဖြစ် မထားသင့်ပေ။

ထို့အတူ မီးဖိုချောင်မှာလည်း သင်္ကန်းစုပ်များ ထားရှိတတ်ကြ၏၊ ရဟန်းတော်များချည်း အသုံးပြုပါက ကိစ္စမရှိသော်လည်း ချက်ပြုတ်သော ဒကာ ဒကာမများအနေနဲ့ လက်နှီးစုပ် အဖြစ် အသုံးပြုပါက အပြစ်ကြီးလှပေသည်။

အချို့သော ဒကာ ဒကာမတို့သည် ဟယ် သင်္ကန်းစုပ်ကြီး ငရဲကြီးလိမ့်မယ်ဟုဆိုကာ အသုံးပြုရမှာ တွန့်ဆုတ်သွားသော်လည်း အခြားလက်ခုမရှိသဖြင့် သင်္ကန်းစုပ်ကိုပင် လက်ခုလုပ်လိုက်ရပေသည်။

တချို့သော သူတို့ကား သင်္ကန်းစုပ်မှန်းသိသော်လည်း အရေးမစိုက် လက်နှီးစုပ်အဖြစ် မကြောက် မရွံ့လက်ရဲ ဇက်ရဲ အသုံးပြုတတ်ကြလေ၏။

သင်္ကန်းစုပ်ကို ငရဲကြီးသည်ဟူသောအသိစိတ်ဖြင့် မလွှဲသာလို့ အသုံးပြုလိုက်ရသူနှင့် သင်္ကန်းစုပ်ကို သင်္ကန်းပဲဟုထည့်တွက်မနေပဲ အရေးစိုက်မနေပဲ လက်ရဲ ဇက်ရဲ အသုံးပြုကြသော သူနှစ်ယောက်တို့ ပူလောင်ခံရမူခြင်း တူမည်မဟုတ်ပေ။

အကုသိုလ်ကို အကုသိုလ်မှန်းသိ၍ မလွှဲသာ၍ ပြုလိုက်ရသူနှင့် အကုသိုလ်ကို အကုသိုလ်မှန်းမသိသဖြင့် ရဲရဲတင်းတင်းပြုလုပ်သူတို့ အကျိုးပေးကား မတူပေ။

ဥပမာ မီးခဲကို မီးခဲမှန်းသိလျက် မလွှဲသာ၍ကိုင်ရသောလူကြီးတစ်ယောက်သည် အမြန်ကိုင်၍ အမြန်လွှင့်ပစ်မည်ဖြစ်သဖြင့် ပူလောင်မှု သိပ်မများလှပေ။

မီးခဲကို မီးခဲမှန်းမသိသေးသော သုံးနှစ်သားအရွက် ကလေးငယ်သည် ၀င်းဝင်းလေးပဲလှလိုက်တာဟူသောအတွေးဖြင့် မီးခဲကို မီးခဲမှန်းမသိကောက်ကိုင်လိုက်ရာ ပူသော်လည်း ချက်ချင်းလွှင့်ပစ်ရကောင်းမှန်းမသိ မြဲမြဲဆုပ်ကိုင်ထားတတ်သောကြောင့် ပို၍ ပူလောင်ခံရတတ်လေသည်။

ထို့ကြောင့် သိပိတ်ကို ခွက်တစ်အခုအဖြစ်အသုံးပြုသောသူများနှင့် သင်္ကန်းကို ခြေသုပ်၊ လက်နှီးစုပ်အဖြစ် အသုံးပြုလေ့ရှိသောသူများ အထူးသတိထား ရှောင်ကြဉ်တတ်ကြစေရန် အသိပေး ရေးသားလိုက်ရပေသည်။

ဦးနန္ဒာစာရ (မုံရွာ)

☆မဘသ(ဗဟို)Online Media☆

Friday, February 17, 2017

ဒူးအဆစ်ရောင်ရောဂါ နဲ့ ပက်သက်ပြီး ဝေမျှပါရစေ

#ဒူးအဆစ်ရောင်ရောဂါ နဲ့ ပက်သက်ပြီး ဝေမျှပါရစေ ..................
      ဘာဖြစ်လို့ ဒူးအဆစ်ရောင်ကြတာလဲဆိုရင် ..ဒူးအရိုး၏ အဆစ်တွင် အရိုးနုများ လျှော့ပါးလာကာ အရိုးအချင်းချင်းထိခိုက်မိပြီး ဒူးအဆစ်များ ရောင်ရမ်းနာကျင်ကိုက်ခဲလာပါတယ်... တဖြည်းဖြည်း လမ်းလျှောက်ဖို့ ခက်ခဲလာပြီး ... နောက်ဆုံး လမ်းမလျှောက်နိုင်တော့သည်အထိဖြစ်နိုင်ပါတယ် ...........

ဒူးအဆစ်ရောင်ရောဂါ လက္ခဏာတွေက ဘာတွေလဲဆိုရင်..
(၁) စစချင်းမှာ ဒူးအဆစ်၏ အရှေ့နှင့် အနောက် ဒါမှမဟုတ် ခြေသလုံးတွင် တောင့်တင်းပြီး နာကျင်ကိုက်ခဲမယ် ..လမ်းလျှောက်နေချိန်မှာ ဒူးဆစ်အတွင်း ဓာတ်လိုက်သလို ဖြစ်မယ်
(၂) လမ်းလျှောက်နေတဲ့အချိန်မှာ ဒူးခေါင်းတွင် အသံမြည်သလို ခံစားရမယ်
(၃) ဒူးဆစ်ရောင်ရမ်းမယ်။
(၄) ဒူးဆစ်၏ အရှေ့နှင့်အနောက်တွင် ကောက်နေသလို ဖြစ်နေပြီးတော့ ခြေထောက်အနေအထားပုံမှန်မဟုတ်ပဲ နာကျင်ကိုက်ခဲကာ လမ်းလျှောက်ရခက်ခဲမယ်။
(၅) ဒူးဆန့်ဖို့ ခက်မယ်၊ ဒူးကွေးဖို့ ခက်မယ်
အဲဒီလိုမျိုး ခံစားနေရမယ်ဆိုရင် ဒူးအဆစ်ရောင်ရောင်ဂါ ဖြစ်နေပါပြီ...

ဟုတ်ပြီ.. ဒီဝေဒနာကို ပျောက်ကင်းအောင် ဘယ်လိုကုသကြမလဲ ????
ပထမဆုံး ဆေးဝါးနဲ့ ကုသလို့ရပါတယ် ..လေ့ကျင့်ခန်းလုပ်လို့ရပါတယ်..
အဲဒီလိုမှ မသက်သာတော့ဘူးဆိုရင်တော့ Knee arthroplasty လို့ခေါ်တဲ့ နောက်ဆုံးပေါ်နည်းပညာဖြင့် ဒူးဆစ်အစားထိုးကုသလို့ရတယ်ဆိုတာ ပြောပြပါရစေ..........
ထိုင်းနိုင်ငံ ၀ိချိုင်ဝေ့ (Vichaivej) ဆေးရုံမှာ အတွေ့အကြုံရင့်ကျက်ပြီး ကျွမ်းကျင်တဲ့ဆရာဝန်ကြီးများက Knee Arthroplasty ခေါ် နောက်ဆုံးနည်းပညာဖြင့် ဒူးဆစ်အစားထိုးကုသပေးနေပါတယ် အသေးစိတ်သိရှိလိုပါက ..Illuminating Success Medical Service သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

Illuminating Success Medical Service
—————————————————
Yangon Office: ☎️ 09 779-892-103, 09 501-5802, 01 511-044
Mandalay Office: ☎️ 09 782-051-356, 09 777-888-806
Facebook Page: Illuminating Success Medical Service

PS: ထိုင်းနိုင်ငံ ဝိချိုင်ဝေ့ (Vichaivej) ဆေးရုံမှာ အထွေထွေ ကျန်းမာရေး၊ သွား၊ အလှအပ နဲ့ ပက်သက်ပြီး ဆေးဝါးကုသမှုခံယူရန် ဆွေးနွေးမေးမြန်းနိုင်ဖို့အတွက်  Illuminating Success Medical Service FB Page လေးကို Like လုပ်ထားလိုက်ပါနော်..

Thursday, February 16, 2017

ရွှေကျင်ဂိုဏ်းသည် ၁၂၂၂- ခုနှစ်တွင် ပေါ်ထွန်းခဲ့ပါသည် ...

ရွှေကျင်ဂိုဏ်းသည်  ၁၂၂၂- ခုနှစ်တွင်
ပေါ်ထွန်းခဲ့ပါသည် ...

၁၂၂၂ ခုနှစ်ကို ရွှေကျင်ဂိုဏ်းကြီး ပေါ်ထွန်းရာနှစ်အဖြစ် "အင်ကြင်းခက်ကြိုင်း ရွှေကျင်ဂိုဏ်း" ဟု သမိုင်းမော်ကွန်းထိုးခဲ့ကြသည် ...

ပထမရွှေကျင်ဆရာတော်၏ ရုပ်ပုံတော်မှာ မပိန်လွန်း မဝလွန်း အရပ်တော်မြင့်မြင့် ထောင်ထောင် မောင်းမောင်း ရှိတော်မူသည် ... ဦးခေါင်းတော်ပြေပြစ်၍ ဖွံ့ဖြိုးသည်၊ နဖူးတော်ကျယ်သည်၊ နားတော်ကြီး၍ နှာတံပေါ်သည်၊ အသံတော်မှာ အသံဝါဖြစ်၍ ခံ့ညားသာယာသည်၊ သြဇာရှိသောအသံမျိုးဖြစ်သည်၊ အသားတော်မှာ အသားလတ်ဖြစ်သည်၊ ၀တ်သောသင်္ကန်းတော်မှာ ပိန္နဲဆိုး အဝါရင့်ရောင် တိစီဝရိတ်ဓူတင် အမြဲဆောင်ထား၍ ဤသင်္ကန်းများဖြင့် အမြဲဖူးတွေ့ရသည်၊ သင်္ကန်းတော်နွမ်းလှမှ လှူသူရှိလျှင် လဲလှယ်ဝတ်ရုံတော်မူသည်၊ သို့သော် အရောင်အသွေးမှာ အဝါရင့် အရောင်မှိန်မှိန်သာဖြစ်သည်၊ ဝတ်ပုံမှာ သင်းပိုင်ကို ဒူးအောက် လက်ရှစ်သစ်ခန့်၊ ဧကသီကို ဒူးအောက် လက်လေးသစ်ခန့်ချ၍ အမြဲတန်း သေသေသပ်သပ် ဝတ်ရုံ သီတင်းသုံးတော်မူသည်၊ နံနက်ပိုင်း ညဥ့်သီတင်းသုံးရာ တောရကျောင်းကလေးမှ ပြန်ကြွလာသောအခါ၌၄င်း၊ ညဥ့်အခါ ညဥ့်စာဝါချပို့အပြီး တောရကျောင်းကလေးသို့ ကြွသွားသောအခါ၌၄င်း၊ အရောင်တူ နှစ်ထပ်သင်္ကန်း ခပ်နွမ်းနွမ်းကို ပခုံးပေါ်တင်ပြီး ကြွလာသည်၊ ကြွသွားသည်တို့ကို ဖူးတွေ့ရသည်၊ အလွန်ဣနြေ္ဒရှိသော အမူအရာတော်ရှိသည် ...

တနေ့သ၌ မင်းတုန်းမင်းတရားကြီးသည် အမတ်တယောက်ကို စေလွှတ်၍ ရွှေကျင်ဆရာတော်ဘုရားကြီးအား ဆွမ်းအလှူခံကြွတော်မူရန် နန်းတော်သို့ပင့်စေသည်၊ အမတ်သည် ရွှေကျင်တိုက်သို့သွား၍ ရွှေကျင်ဆရာတော်ဘုရားကြီးထံမှောက် ရောက်ကာလ ရွှေကျင်ဆရာတော် ဘုရားကြီး သင်္ကန်းရုံတော်မူနေသည်ကို တွေ့မြင်ရ၏ ...

ဒကာတော် ရေမြေ့ရှင်က နန်းတော်သို့ ကြွရောက် ဆွမ်းအလှူခံတော်မူရန် ပင့်လျှောက်ပါကြောင်း လျှောက်ထားသည်၊ ဆရာတော်ဘုရားကြီးသည် မည်သို့မျှ ပြန်၍ အမိန့်မရှိဘဲ သင်္ကန်းရုံပြီးက သပိတ်ကိုလွယ်တော်မူ၍ ကျောင်းပေါ်မှ သက်ဆင်းကြွသွားတော်မူသဖြင့် အမတ်သည် နောက်မှလိုက၍ အခြေအနေကိုကြည့်ရာ မန္တလေးတောင်ခြေ၏မြောက် အဘိုးအို အမယ်အိုတို့ တဲသို့ ဆွမ်းခံကြွ၍ ဆွမ်းစားသည်ကို သိရလေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီး ကိုလည်း နန်းတော်သို့ကြွရန် ထပ်မံမပင့်ဝံ့၊ မင်းတရားကြီးကိုလည်း မတင်ဝံ့နှင့် အချိန်ကြာမြင့်မှ နန်းတော်သို့ရောက်၍ မင်းတရားကြီးက ရွှေကျင်ဆရာတော် ကြွလာပြီလား-ဟု မေးမြန်းမှ မြင်ခဲ့သည့်အတိုင်း တင်လျှောက်ရာ မင်းတရားကြီးသည် ၀မ်းသာအားရ ရှိလှ၍ ငါကဲ့သို့မင်း ရှိသေး၏လော-ဟုဆို၍ လက်ပန်းပေါက်ခတ်သည်ဟူ၏ ... အကြောင်းမူကား ရှင်ဘုရင်ကပင့်လျက် ဘုရင့်မျက်နှာကို မကြည့်၊ ဦးစွာပင့်ထားသော သူဆင်းရဲအဘိုးအိုတို့တဲသို့သာ တရားအားလျှော်စွာ ကြွသွားတော်မူခြင်းဖြင့် ယထာဓမ္မသာသနာကိုသာ သတ္တိရှိရှိ ကြည့်တော်မူသောဂုဏ်နှင့် ပြည့်စုံတော် မူသော ရဟန်းကောင်းရဟန်းမြတ်ကို အားထားကိုးကွယ်ရသော သာသနာ့ဒါယကာအနေဖြင့် ဝမ်းမြောက်သောကြောင့် ဖြစ်ပေသည် ...

ရွှေကျင်ဂိုဏ်းသည်  ရဟန်းများအတွက်သာမက
ဂိုဏ်းတစ်ခုလုံးအတွက် " ရွှေကျင်ဂိုဏ်းဥပဒေ " ...
ရွှေကျင်ကျောင်းတိုက် ၅ တိုက်မှာရှိတဲ့ သံဃာများအတွက် " ဓမ္မဝိနယစာတမ်း " ...
ရွှေကျင်တိုက်မှာရှိတဲ့ကျောင်းသားတွေအတွက် " ရွှေကျင်ကျောင်းသားကျင့်ဝတ် " ...
ရွှေကျင်ဂိုဏ်းကသံဃာတွေကိုကိုးကွယ်ဆည်းကပ်တဲ့ ဒါယကာ ဒါယိကာမတွေအတွက် " ဂီဟိစာရိတ္တကျင့်ခန်း " စတာတွေနဲ့ စနစ်တကျအုပ်ချုပ်ကာ သာသနာပြုတော်မူခဲ့ပါသည် ...

ကြည်ညိုနိုင်ရန်အလို့ငှါ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး (၁၄)ပါးကိုတင်ပြအပ်ပါသည်။

ရွှေကျင်သာသနာပိုင်များ(၁၄)ပါး ဘွဲ့တော်များ

၁။ ပထမ ရွှေကျင်သာသနာပိုင်
ရွှေကျင်ဆရာတော် ဘဒ္ဒန္တဇာဂရ

၂။ ဒုတိယ ရွှေကျင်သာသနာပိုင်
မဟာဝိသုဒ္ဓါရုံဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရ

၃။ တတိယ ရွှေကျင်သာသနာပိုင်
ဒီပဲယင်းဆရာတော် ဘဒ္ဒန္တဥာဏဝရ (အထက်မြန်မာပြည်) နှင့်
ကျိုက္ကဆံဆရာတော် ဘဒ္ဒန္တဥတ္တမ (အောက်မြန်မာပြည်)
အဖြစ်နှစ်ပါး

၎။ စတုတ္ထ ရွှေကျင်သာသနာပိုင်
အလုံဆရာတော် ဘဒ္ဒန္တတိဿ

၅။ ပဉ္စမ ရွှေကျင်သာသနာပိုင်
ချမ်းသာကြီးဆရာတော် ဘဒ္ဒန္တဇလိန္ဒ

၆။ ဆဋ္ဌမ ရွှေကျင်သာသနာပိုင်
လှတောကြီးဆရာတော် ဘဒ္ဒန္တရာဇိန္ဒ

၇။ သတ္တမ ရွှေကျင်သာသနာပိုင်
ကျိုက်လတ်ဆရာတော် ဘဒ္ဒန္တကေလာသ

၈။ အဋ္ဌမ ရွှေကျင်သာသနာပိုင်
ကနီဆရာတော် ဘဒ္ဒန္တကောသလ္လ

၉။ နဝမ ရွှေကျင်သာသနာပိုင်
စံကင်းဆရာတော် ဘဒ္ဒန္တစန္ဒာဘိဝံသ

၁၀။ ဒသမ ရွှေကျင်သာသနာပိုင်
မြောင်းမြဆရာတော် ဘဒ္ဒန္တဥာနာဘိဝံသ

၁၁။ ဧကာဒသမ ရွှေကျင်သာသနာပိုင်
ကြေးမြင်ဆရာတော် ဘဒ္ဒန္တဇောတယာဘိဝံသ

၁၂။ ဒွါဒသမ ရွှေကျင်သာသနာပိုင်
ရွှေဟင်္သာဆရာတော် ဘဒ္ဒန္တပဏ္ဍိတသိရီ

၁၃။ တေရသမ ရွှေကျင်သာသနာပိုင်
ညောင်ရွှေ ကန်ကြီးဆရာတော် ဘဒ္ဒန္တဝိမလာဘိဝံသ

၁၄။ စုဒ္ဒသမ ရွှေကျင်သာသနာပိုင်
ဝါဆိုဆရာတော် ဘဒ္ဒန္တအဂ္ဃိယ မဟာထေရ်တို့ ဖြစ်ပါသည်။

ကိုးကား - အင်တာနက်

Wednesday, February 15, 2017

ဝက်အကြောင်း သိကောင်းစရာ ၁၂ ချက်။

ဝက်အကြောင်း သိကောင်းစရာ ၁၂ ချက်။

၁) ၀က်တွေမှာ အလွန်ညစ်ညမ်းတဲ့ အစာအိမ်အူရှိပါတယ်။ ကျင်ငယ်၊ မစင်၊ အညစ်အကြေး၊ အသားအပုပ်သိုး၊ လောက်၊ အသီးအနှံအပုပ်အသိုးစသဖြင့် မစင်အားလုံးကိုစားပါတယ်။
ဒါ့အပြင် ၀က်အချင်းချင်းနဲ့ တခြား တိရိစ္ဆာန်တွေမှာ ဖြစ်ပွားနေတဲ့ ကင်ဆာအလုံးတွေကိုလည်း စားပါသေးတယ်တဲ့။

၂) ၀က်ရဲ့ အသားနဲ့ အဆီဟာ အဆိပ်အတောက်တွေကို ရေမြှုပ်တစ်ခုလို စုပ်ယူတတ်ပါတယ်။ ၀က်ရဲ့ အသားဟာ နွားသား၊ သမင်သားတွေ အဆိပ်ကို အဆ ၃၀
ပိုမိုစုပ်ယူနိုင်ပါတယ်။

၃) နွားသားနဲ့ သမင်တွေကို စားလိုက်မယ်ဆိုရင် အစာကြေဖို့ အချိန် ၈နာရီကနေ ၉နာရီထိ ကြာမြင့်တတ်ပြီး အသားထဲကထွက်တဲ့ အဆိပ်အတောက်တွေကို အစာကြေချိန်ကြာမြင်တဲ့ အတွက် သွေးလည်ပတ်မှုစနစ်ထဲ တဖြည်းဖြည်းချင်းဝင်ရောက်တတ်ပြီး အသည်းကနေ အေးအေးဆေးဆေး စွန့်ထုတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ၀က်သားစားလိုက်ရင် အစာကြေချိန်ဟာ ၄နာရီသာကြာမြင့်ပါတယ်။ ဒါကြောင့် အဆိပ်အတောက်တွေက အချိန်တိုအတွင်း အလုံးအရင်းနဲ့ သွေးလည်ပတ်မှုစနစ်ထဲ ၀င်ရောက်ပြီး အသည်းအပေါ် ၀န်ပိစေပါတယ်။

၎) တခြားသော နို့တိုက်သတ္တ၀ါတွေနဲ့ မတူညီစွာပဲ ၀က်တွေဟာ ချွေးမပြန်ပါဘူး။ ချွေးပြန်ခြင်းဟာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ နည်းလမ်းထဲကတစ်ခုပါ။ ၀က်တွေကချွေးမပြန်တော့ ချွေးထွက်ရင်းနဲ့ ထွက်သွားသင့်တဲ့ အဆိပ်အတောက်တွေက ၀က်ရဲ့ ခန္ဓာကိုယ်တွင်း (အသားတွင်း)မှာပဲ ကိန်းအောင်းနေပါတော့တယ်။

၅) ကြွက်သေဆေးမှာပါတဲ့ Strychnine လို အဆိပ်နဲ့ တခြားအဆိပ်တွေတောင် ၀က်ကိုသတ်ဖို့ မလွယ်လောက်အောင် ၀က်ဟာ အဆိပ်ပြင်းတဲ့ သတ္တ၀ါတစ်ကောင်ပါ။

၆) လယ်သမားတွေဟာ ခလောက်မြွေ (Rattlesnake) အသိုက်ရှိတဲ့နေရာမှာ ၀က်တွေကို လွှတ်ပေးလိုက်တတ်ပါတယ်။ ၀က်တွေက ခလောက်မြွေကို စားပါတယ်။ ခလောက်မြွေကိုက်လို့လည်း ၀က်က အဆိပ်မသင့်ပါဘူး။
(((၀က်က ခလောက်မြွေကို စားနေတာပါ။ ဗီဒီယိုပါ။ http://www.youtube.com/watch?v=jBlcMaMw0Xk )))

၇) ၀က်တစ်ကောင်သေပြီဆိုရင် လောက်နဲ့ တခြားအင်းဆက်ပိုးမွှားတွေဟာ တခြားတိရိစ္ဆာန် အသေတွေမှာ တွယ်ကပ်တာထက် ပိုမိုမြန်ဆန်စွာ အချိန်တိုအတွင်းမှာပဲ လာရောက်တွယ်ကပ်တတ်ကြပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ၀က်သေသားဟာ လောက်တွေနဲ့ ပြည့်နှက်သွားတာကိုမြင်တွေ့ရမှာပါ။

၈) ၀က်တွေရဲ့ ခန္ဓာကိုယ်ထဲမှာ Parasite လို့ ခေါ်တဲ့ ကပ်ပါးကောင် ဒါဇင်ပေါင်း များစွာနေထိုင်ပါတယ်။ တုပ်ပြားကောင်၊ သံကောင်၊ အစရှိတဲ့ သံကောင်အမျိုးအစား များစွာနေကြပါတယ်။
အဲ့ဒီ ကပ်ပါးကောင်တွေ အကုန်သေအောင်နဲ့
သူတို့ရဲ့ ဥတွေ၊ အိတ်တွေ အကုန်သေအောင် ချက်ပြုတ်ဖို့အတွက် လုံလောက်တဲ့ အပူချိန်တစ်ခု မသတ်မှတ်နိုင်သေးပါဘူး။

ဝက်သားကိုစားလိုက်ပြီဆိုရင် အဟာရဓါတ် ရလိုက်ပြီလို့ ထင်နေပေမယ့် သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးလောက်လန်းများစွာကို ပါးစပ်အပြည့် စားမိနေတယ်လို့ ပြောလို့ရပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ လူတွေကို အတိဒုက္ခပေးခဲ့တဲ့ Swine Flu ၀က်တုပ်ကွေး ဆိုတာလည်း ကြားဖူးကြမှာပါ။

ဝက်ထဲမှာရှင်သန်ပေါက်ဖွားတဲ့ Parasite တွေအကြောင်း အသေးစိတ်လေ့လာလိုလျှင် (http://www.dpi.nsw.gov.au/agriculture/livestock/pigs/health/internal-parasites
http://extension.missouri.edu/p/g2430)။

၉) ၀က်သားမှာ အမဲသားထက် အဆီနှစ်ဆ ပိုမိုပါဝင်ပါတယ်။
သုံးအောင်စ ရှိတဲ့ဝက် T bone steak (၀က်အသားပြား) မှာ အဆီ ၈.၅ ဂရမ်ပါဝင်ပြီး သုံးအောင်စ ရှိတဲ့ Pork Chop မှာတော့
အဆီ ၁၈ ဂရမ် ပါဝင်ပါတယ်။
သုံးအောင်စ ရှိတဲ့ အမဲသားနံကပ်သားမှာ
အဆီ ၁၁.၁ ဂရမ် ပါဝင်ပြီး ၀က်နံရိုးမှာတော့
၂၃.၂ ဂရမ် အဆီပါဝင်ပါတယ်။

၁၀) နွားတွေမှာရှုပ်ထွေးတဲ့ အစာခြေစနစ်အဖြစ် အစာအိမ်လေးခု ပါဝင်ပါတယ်။ နွားတွေဟာ သူတို့စားသောက်တဲ့ အပင်၊ အရွက်တွေ အစာကြေဖို့အတွက် ၂၄နာရီစောင့်ဆိုင်းရပါတယ်။ ဒီလိုအချိန်ကြာမြင့်တဲ့ အတွက် ခန္ဓာကိုယ်ကနေ အဆိပ်တွေကို သန့်စင်ဖို့ အချိန်ပိုမိုရစေပါတယ်။ ၀က်မှာ အစာအိမ်တစ်ခုသာပါဝင်ပြီး သူစားတဲ့ အညစ်အကြေး အစားအသောက်တွေ ချေဖျက်ဖို့အတွက် အချိန် ၄နာရီသာ ကြာမြင့်ပြီး အစာထဲကရတဲ့ အဆိပ်တွေကို အသားထဲမှာစုပြုံစေပါတယ်။
ဝက်ရဲ့အသားဟာ အဆိပ်သင့်နေပါတယ်။

၁၁) ၀က်တစ်ကောင်မှာ လူတွေကို အလွယ်တကူကူးစက်နိုင်တဲ့ရောဂါပေါင်း
၃၀ ပါဝင်ပါတယ်။
Trichinae လို့ ခေါ်တဲ့ ၀က်တွေမှာရှိတဲ့ သံကောင်ဟာ မိုက်ခရိုစကုပ်နဲ့ ကြည့်လိုက်ရင် သေးငယ်ပါတယ်။ ဒါပေမယ့် စားလိုက်ပြီဆိုတာနဲ့ အစာအိမ်၊ ကြွက်သားတို့အပြင် ကျောရိုးအာရုံကြောမကြီးနဲ့ ဦးနှောက်ထဲ အထိအောင် ပြန့်နှံ့ရှည်လျားစွာ ပေါက်ဖွားနိုင်ပါတယ်။
နောက်ဆုံးတော့ Trichinosis http://en.wikipedia.org/wiki/Trichinosis လို့ ခေါ်တဲ့ရောဂါဖြစ်ပါတော့တယ်။ ဒီရောဂါဟာ လက္ခဏာ လွယ်လွယ် မပြတတ်ပါဘူး။ ပြတဲ့လက္ခဏာတွေကလည်း တိုက်ဖွိုက်၊ နှလုံး၊ လေးဖက်နာ၊ အစာအိမ်ရောင်နာ၊ နှလုံးအဆို့ရှင်
ကျ ဉ်းခြင်း၊ ဦးနှောက်အမှေးရောင်ခြင်း၊ သည်းခြေအိတ်ရောင်ရမ်းခြင်းတို့လို ရောဂါလက္ခတွေပြပါတယ်။ လက္ခဏာတွေက သီးသန့်မရှိပဲ ဒီလိုရောနှောနေတဲ့အတွက် အချိန်လွန်မှ စစ်ဆေးတွေ့ရှိတာ များတတ်ပါတယ်။

၁၂) ၀က်ဟာကမ္ဘာပေါ်မှာ အညစ်ညမ်းဆုံး သတ္တ၀ါ တစ်ကောင်လည်းဖြစ်ပါတယ်။ အရှက်အမဲ့ဆုံးအကျင့်စာရိတ္တရှိတဲ့ အကောင်တစ်ကောင်လည်းဖြစ်ပါတယ်။
ကိုယ့်ရဲ့မိတ်လိုက်ဖော် မိတ်လိုက်ဖက်ကို တခြားဝက်တစ်ကောင်ကလာပြီး မိတ်လိုက်ဖို့ ဖိတ်ခေါ်တတ်ပါတယ်။ ဒီလိုအကျင့်စာရိတ္တမျိုးကို အနောက်နိုင်ငံတွေက ပါတီတွေမှာ ကျင့်သုံးကြပြီး Swapping Party အဖြစ် ဇနီးမယား လဲလှယ်ကာ ဆက်ဆံကြပါတယ်။

#Credit Mhyu Hnin Zan

myanmar 3 font နည်းနည်းခေတ်စားလာလို့ပါ

myanmar 3 font နည်းနည်းခေတ်စားလာလို့ပါ
စာရိုက်နည်းလေး မရှိသေးသူတွေအတွက် ပြန်လည်မျှဝေခြင်းပါ။

Credit..Org