Friday, September 28, 2018
ဆဲကြပါစေ
.   
                   ဆဲကြပါစေ
.             💬💬💬💬💬
🔹️ ဆဲကြပါစေ ...
      ဓာတ်တိုင်ခြေရင်း ၊ သွေးအိုင်တွင်းမှ
      သက်ကင်းလဲလျောင်း ၊ မင့်အလောင်းကို
      ငဲ့စောင်းတစ်မူ ၊ အရေးတယူ ဖြင့်
      သူတို့ ကြည့်မှာ  မဟုတ်ပေ ။
🔹️ ဆဲကြပါစေ ...
      သူတို့တစ်တွေအတွက်
      နေပူပြင်းပြ ၊ မိုးလေကျလည်း
      နေ့ည အခင်း ၊ လျှပ်စစ်လင်းဖို့
      မင်းကြိုးပမ်းရာ ၊ စေတနာကို
      ဘယ်မှာ သူတို့  မသိနိုင် ။
🔹️ ဆဲကြပါစေ ...
      ဆဲပါလေတော့
      သေကံ ရှင်ကံ ၊ ဓာတ်ကြိုးမှန်လျှင်
      အန္တရာယ်ရှိ ၊ မင်းတို့သိလျှက်
      မိမိရပ်ရွာ ၊ ထိန်လင်းသာအောင်
      အခါခါအောက်ကြို့ ၊ ထမ်းဆောင်လို့လည်း
      သူတို့ အကောင်း  မပြောပေ ။
🔹️ ဆဲကြပါစေ ...
      နာတာရှည်သနစ် ၊ ခေတ်အဆက်ဆက်
      အပျက်ပျက်ကို
      ဆက်ခံခဲ့ရ ၊ သည်ကာလ၏
      ကျဆင်း ပုံရိပ်
      ဝိပ္ပတ္တိခေတ် ၊ ဝန်ထမ်းဖြစ်သည့်
      စနစ်၏ သားကောင်  မင်းတို့တစ်တွေ ။
🔹️ ဆဲကြပါစေ ...
      သာယာမှုကင်း ၊ မင်းမိသားစု
      နွမ်းပါးမှုနဲ့
      လူ့ဂုဏ်သိက္ခာ ၊ သိမ်ငယ်စွာဖြင့်
      အနာဂတ်လမ်း ၊ စမ်းတဝါးဝါး
      ဝမ်းခါး မလှ ၊ မင့်ဘဝ ကို
      ဆဲကြသူတို့  မသိနိုင်ပေ ။
🔹️ ဆဲကြပါစေ ...
      လက်ညှိုးတွေထိုး 
      သည်မိုး သည်လှေ ၊ သည်လူတွေနဲ့
      သည်မြေ ဝန်းဝိုင်း ၊ မင်းကျောခိုင်းလို့
      ဆဲတိုင်း မနာ ၊ ခွင့်လွှတ်ပါလည်း
      မင်း ဈာပန ၊ စာနာကြသည့်
      သောကကြေကွဲ ၊ လူတွေထဲမှာ
      ဆဲဆိုသူတို့  မပါချေ ။
      ပေးဆပ်တာက  မင်းတို့တစ်တွေ ။
      ဆဲလိုသူတို့  ဆဲပါစေ ။      ။
                      နွေကိုတူး(ပခုက္ကူ)
[ဤကဗျာဖြင့် (၁၈.၉.၂၀၁၈) ရက်နေ့ညတွင်
 တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့ရသည့်
 တောင်-ဒဂုံ လျှပ်စစ်မန်နေဂျာရုံးမှ
 လျှပ်စစ်လိုင်းလုပ်သား
 မောင်ထွေးမင်းအောင်သူမျိုး(ခ)ဇာနည်
 အသက်(၂၅)နှစ် အား
 ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်]
ရင်သွေးငယ်တို့အတွက်
ရင်သွေးငယ်တို့အတွက်
Thursday, September 27, 2018
WYသုံးစွဲထားရင်၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ်
WYသုံးစွဲထားရင်၂၄နာရီအတွင်း ဆီးစစ်ရင်
ပေါ်ပါတယ် ။ ၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။
၂နှစ်အတွင်း ဆံပင်ကို ဓါတ်ခွဲ စစ်ရင် ပေါ်ပါတယ် ။
-
-
-
-
WYကို လူငယ်တွေက ကြယ်သီး လို့ 
အလွယ်ခေါ် ကြပါတယ် ။
အရောင် အလိုက် ပုံစံအလိုက်
အမျိုးအစား ခွဲ ကြတယ် ။
-
နောက် အရောင်
အများ အားဖြင့် အရောင် က
ပန်းဆီရောင် လိမ္မော်ရောင်
ချောကလက်ရောင် ဒီလို ခွဲခြား
သတ်မှတ် ကြတယ် ။
-
အစိမ်းရောင် နဲ့ ငွေမှင်ရောင် ပါ တဲ့
အစက်အပြောက်ပါတဲ့ အခြားအရောင်တွေကို
အထူးထုပ် ကာလာတွေကို
တစ်ရာ နှစ်ရာ ယူမှ (ရာစီး)
လက်ဆောင် ၂လုံးလောက်ပါတတ်တယ် ။
-
နောက်
WYထက် အဆင်ြ့မင့်ထားတဲ့
ICEက လည်း အဖြူ ရောင်
ကျောက်ချဉ်ခဲ အကြေနဲ့ တူပါတယ် ။
-
လူငယ်တွေဘာလို့ စွဲလည်း
ဘာအရသာလည်း ကလည်း
စိတ်ပျော့သူဆို ဆွဲတယ် ။
မျောဘို့ များပါတယ် ။
-
၃လုံး လောက် ရှူ ရှိုက်မိရင်
ကချင် ခုန်ချင် လှချင်ပ ချင်
သွားချင် လာချင်
သုံးစွဲသူ သန္ဓေလိုက်ပြီး
အမျိုးမျိုး ဖြစ်ပေါ်လာတတ်ပါတယ် ။
-
၃လုံးလောက် ရှူမိသူဟာ
ထမင်း ၂ရက်လောက်မဆာပါဘူး ။
-
၃ညလောက် မအိပ်ပဲ
အိပ်ရေးဝ လန်းဆန်းနေတယ် ။
-
လွန် သွားရင် အာရုံ သေ သွားပြီး
တစ်ခုခုထဲ မြုတ်သွား သလို ပေါ့ ။
အလုပ်တစ်မျိုးမျိုး
ဝါသနာပါရာgame လို မျိုးကို နစ်
မအိပ်မနေ ဆော့နေတတ်တယ် ။
ဆေး ကျချိန် ရဲ့ဒဏ်ကို မခံနိုင်တဲ့လူ
စွဲသွား တာပါပဲ ။
-
ဆေး ကျချိန်မှာ
ဆေးအာနိသင် ပြယ်ချိန်ဟာ
ချက်ခြင်းလူမမာ တစ်ယောက်လို
ပျော့ခွေပြီး အဆစ်အမြစ်ကိုက်ခဲ
အရိုးထဲကိုက်တဲ့ ဝေဒနာ
အားအင်ကုန်ခမ်းနွမ်းနယ်နေ သူတစ်ယောက်လို
ဒေါသ အလို လို ဖြစ်လာတာ ။
-
တကယ့်ကို လူမမာ လုံးလုံး ဖြစ်နေချိန်
တစ်ချက် နှစ်ချက် တစ်လုံးရဲ့ ၅ပုံ ၁ ပုံ လောက်
အနံ့ ရတာနဲ့ ငေါက်ခနဲ ထထိုင်
ဇာတ်ကြိုးမနိုင်တဲ့ မြင်းလို
ခုနက မောပမ်ကိုက်ခဲနေတာ
ချက်ခြင်းပျောက် သွားတဲ့ သုခ
အဲ့ဒီ သုခ ကို စွဲလမ်းသွား တာပါ ။
-
စွဲသွားသူတစ်ယောက် ဆေးကျချိန် မှာ
ဆေးသာ ရမယ်ဆို ဒုစရိုက် လုပ်ဘို့ 
၇၀ရာနူန်း တွန်းအားပေးပါတယ် ။
-
ဈေးကွက် ပေါက်ဈေးအရ
တစ်လုံး ၃ထောင် ကို စွဲလန်း သုံးစွဲသူ
လူငယ်တစ်ယောက်အနေ နဲ့
၃လုံး လောက် သုံးစွဲဘို့
တစ်နေ့  တစ်သောင်း လို အပ်ပါတယ် ။
-
ဒါဟာကျောင်သား လူငယ်တစ်ယောက်အနေနဲ့
ရေရှည် မဖြစ်နိုင်ပါဘူး ။
-
ထိုအချိန်မှာ မူးယစ်သားကောင် လူငယ်ဟာ
ဆေး ရဘို့  မိမိကဲ့သို စမ်းသပ်မယ့်
သားကောင် အသစ် ရှာ ရပါတယ် ။
-
သားကောင်အသစ် ရရင်
ရောင်းဝယ်သူ ပေးတဲ့ကော်မရှင် နဲ့ 
ဈေးနူန်း ကွာတဲ့ ၅၀၀ လောက်ရဘို့ 
အပိုအဆစ် ဆယ်လုံး မှ တစ်လုံး
အပို လေး ကို မျှော်လင့်ပြီး
အလို လို ရောင်း ဝယ်သူ
ဆေး ကယ်ရီသမား ဖြစ်မှန်း မသိ
ဖြစ်လာပါတော့တယ် ။
-
နီးစပ်ရာ မိန်း ကလေး ယောကျာင်္း လေး သူငယ်ချင်း များ ကို ဆွယ်ရပါတော့တယ် ။
-
နောက်ဆုံး မိမိ ပတ်ဝန်းကျင် လူစုမိပြီး
အားလုံး သားကောင်ဖြစ်သွားကြပြီး
သားကောင်အသစ် ထပ်မံမရတော့ တဲ့အချိန်
မသုံးစွဲရ မနေနိုင်အခြေအနေ မှာ
ဒုစရိုက်လုပ်ဘို့  ကြံစည်ပါတော့တယ် ။
-
ယခုတစ်လော လူငယ်တွေ အစုလိုက်အဖွဲ့လိုက်
လုယက်မှုကြူး လွန်နေတာ ဟာ
မူးယစ် သားကောင်တွေ ပါ ။
-
ဒါကြောင့်  လူငယ်များ မစမ်းသပ် သင့်ပါဘူး ။
-
မိမိသုံးစွဲတာ
တာဝန်ရှိသူတွေမသိဘူး မထင်ပါနဲ့ ။
၂၄နာရီအတွင်း ဆီးစစ်ရင် ပေါ်ပါတယ် ။
-
၆လအတွင်း သွေးစစ်ရင် ပေါ်ပါတယ် ။
-
၂နှစ်အတွင်း ဆံပင်ကို CID
အမျိုးသား ဓါတ်ခွဲ ဌာနပို့ စစ်ရင် ပေါ်ပါတယ် ။
-
မိဘများကလည်း
ကိုယ့်သားသမီး ရဲ့အမူအကျင့် တွေ
ပြောင်းလဲလာရင် လစ်လျှူ မရှူသင့်ပါဘူး ။
-
သုံးစွဲသူတွေက သိသာထင်ရှားပါတယ် ။
-
သိသိသာသာကိုယ်အလေးချိန် လျှော့လာမယ် ။
မလိုအပ်ပဲ စကားများလာမယ် ။
မျက်ကွင်းညိုလာမယ် ။
အစား အသောက်ပျက်လာမယ် ။
အထူးခြားဆုံး က ချွေးနံ့ !
-
ကိုယ် နံ့ ဟာ လိမ်ညာမရအောင်
ချောကလက် အနံ့ အမြဲမွှေးနေပါတယ် ။
ဆပ်ပြာနဲ့ ဆေးလို့ မပျောက်ပါဘူး ။
ဒါ ထူးခြားပါတယ် ။
-
သွားများ ကျိုးပဲကုန်ပါတယ် ။
ဒါနောက်ဆုံးအဆင့်ပါ !
-
လူငယ် အညွန့် အဖူးများ
အနာဂတ် လမ်းမမှားစေဘို့ 
တိုင်းပြည် သာယာ အေးချမ်းစေဘို့ 
အားလုံး ပူးပေါင်းပါဝင်စေလိုပါတယ် ။
-
တကယ်ဖြန့် ဖြူး ရောင်းချ တဲ့
ကုန်သည်ကြီးတွေကိုသာ ဖမ်းဆီးစေလို ပါတယ် ။
တာဝန်သိ သတင်းပေးစေလိုသလို
တကယ့်ကိုပဲ ထိထိရောက်ရောက်
အရေးယူစေလိုပါတယ် ။
-
Credit - Nang Htwe Khin
& Ng Wo Kham
-
#မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။
Wednesday, September 26, 2018
အာဠာဝကဘီလူး နှင့် ဂေါတမမြတ်စွာဘုရား အမေးအဖြေ
အာဠာဝကဘီလူး နှင့် ဂေါတမမြတ်စွာဘုရား အမေးအဖြေ
အာဠာဝက မေး ၍
မြတ်စွာဘုရားက ဖြေဆို​တော်​မူသည်​။
အမေး - လောကမှာ အကောင်းဆုံး
ဥစ္စာက ဘာလဲ။
အဖြေ - သဒ္ဓါသည် အကောင်းဆုံး ဥစ္စာ။
၁။ (သဒ္ဓိဓ ၀ိတ္တံ ပုရိသဿ သေဌံ)
အမေး - လောကမှာ ဘာလုပ်ရင်
ချမ်းသာမှာလဲ။
အဖြေ - ဓမ္မကို ကျင့်သုံးရင် ချမ်းသာမယ်။
၂။ (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)
အမေး - လောကမှာ အကောင်းဆုံး
 အရသာက ဘာလဲ။
အဖြေ - အကောင်းဆုံး အရသာဟာ သစ္စာ။
၃။ (သစ္စံ သာဓုတရံ ရသာနံ) 
အမေး - လောကမှာ အကောင်းဆုံးသော  အသက်ရှင်နည်းက ဘာလဲ။
အဖြေ - အသိပညာနဲ့ အသက်ရှင်တာ  အသက်မွေးတာ အကောင်းဆုံး။
၎။ (ပညာဇီဝိံဇီဝိတ မာဟု သေဌံ)
အမေး - အခက်အခဲကို ဘာနဲ့ ဖြတ်ကျော်ရမှာလဲ။
အဖြေ - သဒ္ဓါနဲ့ ဖြတ်ကျော်ရမယ်။
၅။ (သဒ္ဓါယ တရဟိ သြဃံ)
အမေး - ကျယ်ပြောသော ဘ၀ကြီးကို
ဘာနဲ့ ဖြတ်ကူးရမှာလဲ။
အဖြေ - သတိနဲ့ ဖြတ်ကူးရမယ်။
၆။ (အပ္ပမာဒေန အဏ္ဏ၀ံ) 
အမေး - ဆင်းရဲဒုက္ခကို ဘာနဲ့
ဖယ်ရှားမှာလဲ။
အဖြေ - ကြိုးပမ်းအားထုတ်မှု ၀ိရိယဖြင့်
ဖယ်ရှားနိုင်မယ်။
၇။ (၀ီရိယေန ဒုက္ခမစ္စေတိ)
အမေး - စိတ်ဖြူစင်အောင်  ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပညာ ဖြင့်သာ ဆေးကြောရမယ်။
၈။ (ပညာယ ပရိသုဇျွတိ)
အမေး - ပညာကို ဘယ်လိုရအောင် ယူရမှာလဲ။
အဖြေ - နားလည်ချင်တဲ့စိတ် နားထောင်ချင်တဲ့စိတ်
မှတ်သားချင်တဲ့ဆန္ဒရှိရင်
ပညာရပါတယ်။
၉။ (သုဿုတသာ လဘတေ ပညံ) 
အမေး - ဥစ္စာကို ဘယ်လို ရှာမှာလဲ။
အဖြေ - လုံလ၀ီရိယရှိပြီး
တက်တက်ကြွကြွ ကြိုးစားအားထုတ်ရမယ်။
၁၀။ (ပတိရူပကာရီ ဓုရ၀ါ၊
ဥဌာတာ ဝိန္ဒတေ ဓနံ)
အမေး - အကျော်အစောရှိရန် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - သစ္စာရှိ ကတိတည် မှန်ကန်ရန်လိုတယ်။
၁၁။ (သစ္စေန ကိတ္တိံ ပပ္ပေါတိ)
အမေး - မိတ်ဆွေတွေ ရချင်ရင် ဘယ်လိုလုပ်ရမှာလဲ။
အဖြေ - ပေးကမ်းပါ။
၁၂။ (ဒဒံ မိတ္တနိ ဂန္ထတိ) 
အမေး - ဘယ်တရားတွေ ကျင့်သုံးမှ နောက်ဘ၀အရေး စိတ်အေးရမှာလဲ။
အဖြေ - အမှန်တရား၊ အသိပညာ၊ လုံလ၀ီရိယ၊စွန့်ကြဲပေးကမ်းမှု၊ရှိရမယ်။
၁၃။ (သစ္စံ ဓမ္မော ဓိတိ စာဂေါ)
ဓမ္မဒါန အဖြစ် မျှဝေပါသည် ...
Copy by write - Zin Mon ၊ အရှင်​မုနိန္ဒ
Photo - မူလပိုင်ရှင်အား
Credit ပေးပါသည် ။
Wednesday, September 19, 2018
ငရဲကိုသွားမဲ့ ဥပုသ်သည်
ငရဲကိုသွားမဲ့ ဥပုသ်သည်
_____________________
တစ်ခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတစ်ပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ကြည့်မိသတဲ့။ အဲဒီလိုကြည့်မိတဲ့အခါ လူ့ပြည်မှာ ၀ါတွင်းကာလဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။
အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို
အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာနေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။
သိကြားမင်းက တရားတော်နဲ့အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်ကရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါမပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။
အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက်(၆၀)ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ (၁၆)နှစ်အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။
လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကိုစုံတွဲခုတ်ပြီး သွားလာလည်ပတ်ကြသတဲ့။ အဲဒီအခါ ဇရပ်တစ်ဆောင်ပေါ်မှာ အမျိုးသမီးတစ်စုဟာ ဥပုသ်စောင့်တယ်ဆိုပြီး စုဝေး၀ိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက (၁၆)နှစ်ရွယ် သမီးပျိုလေးကို
" ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား" လို့ စပ်စပ်စုစု မေးကြသတဲ့။
မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးက
"အဘိုးကြီးဟာ ကျွန်မရဲ့ခင်ပွန်းပါရှင့်"
လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး
" ကြည့်စမ်းပါဦးတော် ရုပ်ကလေး
သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။
ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအိုမြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့"
လို့ တစ်ယောက်တစ်ပေါက် အတင်းပြောကြသတဲ့။
အဲဒီကနေ နောက်တစ်နေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေစုပြီးနေတဲ့ ကျောင်းဆောင်တစ်ခုအနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ်ဆိုရင်ပဲ ယောက်ျားတွေက
" ကြည့်စမ်းဟေ့ မလိုက်တဲ့စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီးကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား "လို့ မကြားတကြား သရော်ကြသတဲ့။
အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တစ်ခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတစ်ဦးဟာဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။
မိန်းမပျိုယောင်ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားအိုနားကိုသွားပြီး
" အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မခင်ပွန်း ရေဆာနေလို့ပါရှင်"
လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက
" ရှိပါတယ် သူငယ်မရယ်။ သဘောရှိသောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ "
လို့ ပြောပါတယ်။ ပြီးတော့မှ အဘိုးကြီးယောင်ဆောင်ထားတဲ့ သိကြားမင်းကို တစ်ချက်လောက်ကြည့်လိုက်ပြီး
" သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးကရေစက်ဆိုတာ အမျိုးမျိုးဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်းထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။ ရိုရိုသေသေပြုစုပေါ့ကွယ် "လို့ ဆုံးမစကားပြောပါတယ်။
အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကိုပြန်သွားသတဲ့။
နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက " ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့များပါရဲ့၊ အများစုက စေတနာမသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ်လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။
ဒါကြောင့် အခု ဥပုသ်စောင့်တဲ့သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတစ်ယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ" လို့ နတ်သမီးလေးကို ပြောပြပါတယ်။
ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရမပါတဲ့ အသွင်သဏ္ဍာန်ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။
#Credit-မူရင်း​ရေးသူ
🙏ဓမ္မမိတ်​​ဆွေများ ​ကောင်းကျိုး တရား တိုးပွားကြပါ​စေ🙏
Save & Copy & Share
Thursday, September 13, 2018
ဗုဒ္ဓဘာသာကိုတစ်ခြားဘာသာတွေနဲ့တန်းညှိဖို့လုပ်တဲ့အစိုးရကို ဆရာတော်သတိပေးပြီ
“ဘာသာပေါင်းစုံညီညွတ်ရေးအကြောင်းပြ ဗုဒ္ဓဘာသာကိုတစ်ခြားဘာသာတွေနဲ့တန်းညှိဖို့လုပ်တဲ့အစိုးရကို ဆရာတော်သတိပေးပြီ
ကြေးလည်း သတ္တု၊ ရွှေလည်း သတ္ထုဆိုပြီး
ဘယ်​သူမှ ​တန်းတူ​ဈေးထားပြီး မ​ရောင်း။
အိုင်​ဖုန်းလည်း ဖုန်း၊ ဟွာ​ဝေးလည်း ဖုန်းဆိုပြီး
ဘယ်​သူမှ တန်းတူ​ဈေးထားပြီး မ​ရောင်း။
ခွေးဘီလူးလည်း ကား၊ မာစီးဒီးလည်း ကားဆိုပြီး
ဘယ်​သူမှ တန်းတူ​ဈေးထားပြီး မ​ရောင်း။
အ​ပေါ်ယံ အသွင်​အပြင်​ကိုကြည့်​ပြီး အားလုံးတန်း
တူပဲလို့ ​ပြောခဲ့ရင်​ ရူးသွပ်​​နေသူမှတပါး အခြားမဖြစ်​နိုင်​ပြီ။ ဒီ​နေ့  စဉ့်​ကိုင်​မှာ တန်းတူပင်​မဟုတ်​၊ ​လျော့​ဈေးနှင့်​ အ​ရောင်းခံလိုက်​ရသည်​ဟု ခံစားရသည်​။
“ဒါဆို ကိုယ်​​တော်​တို့က  အခြားဘာသာ​ရေး
ဝန်​ထမ်း​တွေထက်​ မြင့်​မြတ်​သာလွန်​တယ်​လို့
ပြော​တာလား​” မေးရင်​ “ဟုတ်​တယ်​ ၊သာတယ်​”
လို့ ​ဖြေပါတယ်​။
ဘာ​ကြောင့်​လဲ...?
ရှင်းပါတယ်​— ဘုန်းကြီးချင်း အ​ခေါ်တူ​ပေမယ့်
သူတို့ကျင့်​တဲ့အကျင့်​နဲ့ ဘုန်းကြီးတို့ကျင့်​တဲ့အကျင့်​က
ဆီနဲ့​ရေ၊ နံ့သာနဲ့အီး၊ ရွှေနဲ့ရွှံ့  လိုကွာခြားပါတယ်​။
ဘုန်းကြီးတို့ဟာ ဆီပါ ၊ နံ့သာပါ၊​ရွှေပါ။
တန်းညှိမခံနိုင်​ပါဘူး။
       မူလပဏ္ဏာသပါဠိ၊စူဠသီဟနာဒ သုတ်​​တော်​မှာ
မြတ်​စွာဘုရားက “ဗုဒ္ဓသာသနာက ရဟန်း​တွေသည်​   အခြားသာသနာက ရဟန်း​ခေါ်သူ​တွေထက်
သာ​ကြောင်း” ခြ​င်္သေ့လိုကြုံးဝါးဖို့ မိန့်​မှာခဲ့တယ်​။
ဘာသာခြား​တွေ ဘာသာမဲ့​တွေ ဘာသာဝင်​အတု​တွေက  “သူတို့မှာလည်း ဘုရားရှိ တရားရှိ သံဃာရှိ  ကိုးကွယ်​သူရှိ​နေတာပဲ  ဘာထူးလို့လဲ  ဘာကွာလို့လဲ  ဘာခြားလို့လဲ” ဟု တန်းညှိစကား​ပြောလာလျှင်​ ...
“သူတို့သာသနာမှာ သောတာပန်​ရဟန်း၊
သကဒါဂါမ်​ရဟန်း၊ အနာဂါမ်​ရဟန်း၊ ရဟန္တာတို့
မရှိဘူး။ သူတို့ဘုရားက အဲဒီလို အဆင့်​​ရောက်​​အောင်
မ​ဟောနိုင်​ဘူး။ လမ်းမညွှန်​နိုင်​ဘူး။ သစ္စာသိရဟန်း
မရှိဘူး” လို့  ဗုဒ္ဓသာသနာရဟန်း​တော်​များက 
မ​ကြောက်​မရွှံ့  ကြုံးဝါးဟိန်း​ဟောက်​ဖို့
မြတ်​စွာဘုရားက မိန့်​​တော်​မူခဲ့တယ်​​။
ယခု မြတ်​ဘုရားမိန့်​​တော်​မူချက်​အတိုင်း
ကြုံးဝါးဟိန်း​ဟောက်​လိုက်​ပါသည်​။
““ ငါတို့ဗုဒ္ဓသာသနာသည်​  သင်​တို့သာသနာထက်​ အဆ​ပေါင်းများစွာ သာလွန်​မြင့်​မြတ်​သည်​ ””
သင်​တို့သာသနာ့ဝန်​ထမ်းတို့ထက်​ သာလွန်​မြင့်​မြတ်​သည်​ ””
““ ငါတို့နှင့်​သင်​တို့ တန်းညှိခြင်းကို လက်​မခံနိုင်​ ””                                                             
          ■သီတဂူဆရာတော်■
Sunday, September 9, 2018
သစ္စာဖောက်ကို ပုဆိန်ရိုးလို့ ဘာဖြစ်လို့ခေါ်တာလဲ...?"
"ငါ့မြေး...
သစ္စာဖောက်ကို ပုဆိန်ရိုးလို့ ဘာဖြစ်လို့ခေါ်တာလဲ...?"
"မသိပါဘူး အဘိုး"
"ပုဆိန်ရိုးကို ဘာနဲ့ လုပ်ကြသလဲကွ..?"
"သစ်သားနဲ့ လုပ်ပါတယ် အဘိုး"
"အဲဒီပုဆိန်နဲ့ ဘာကို ခုတ်သလဲ ငါ့မြေးရ...?
"သစ်ပင်ကို ခုတ်ပါတယ် အဘိုး"
 "အေး....သစ်သားနဲ့လုပ်တဲ့ ပုဆိန်ရိုးက ကိုယ်နဲ့မျိုးတူဖြစ်တဲ့ သစ်ပင်ကိုခုတ်ဖို့
သံပုဆိန်သွားကို ကူညီသလို
ကိုယ့်အမျိုးသား ပျက်စီးရာပျက်စီးကြောင်းအတွက် တခြားလူကို အကူအညီပေးတာဟာ သစ္စာဖောက်တာပဲပေါ့ကွ
ဒါကြောင့်.....သစ္စာဖောက်ကို ပုဆိန်ရိုးလို့ တင်စားသုံးတာပေါ့ကွယ်"
"ငါ့မြေးလည်း ပုဆိန်ရိုးလိုလူ မဖြစ်စေနဲ့ကွ မှတ်ထား"
"ဟုတ်...အဘိုး မှတ်ထားပါ့မယ်"
စောင်အောက်က ခြေထောက်နှစ်စုံ
စောင်အောက်က ခြေထောက်နှစ်စုံ
****************************
အမျိုးသမီးတစ်ဦးသည် ညည့်နက်သန်းခေါင်မှ
သူမအိမ်သို့ ပြန်ရောက်လာရာ ....
အသံမကြားရအောင် တံခါးကိုဖွင့်လျက်
အိပ်ခန်းဆီသို့ တန်းသွားလေသည်။
အခန်းထဲရောက်သောအခါ
ခုတင်ပေါ်က စောင်အောက်ဘက်တွင်
သူမခင်ပွန်းသည်၏
ခြေထောက်တစ်စုံသာ ထွက်နေရမည့်
အစား........
ခြေထောက်လေးချောင်းထွက်နေသည်ကို
မြင်လိုက်ရလေသည်။
မိန်းမခြေထောက်တစ်စုံနှင့်
ယောက်ျားခြေထောက်တစ်စုံဟု
မြင်သာနေသည့်အတွက်.....
ဒေါသထွက်သွားသော သူမသည်
ဘေ့စ်ဘောရိုက်သော ဘက်တံကို ယူပြီး
စောင်ခြုံထားသောစုံတွဲကို
အားရပါးရစိတ်ရှိသလောက် ရိုက်နှက်
ပစ်လိုက်လေသည်။
ဒေါသအလျောက် ရိုက်နှက်ပြီးနောက်
မောမောနှင့် ရေသောက်ရန်
မီးဖိုထဲသို့ ၀င်လာသောအခါ မီးဖိုထဲတွင်
မဂ္ဂဇင်းတစ်စောင်ထိုင်ဖတ်နေသော
သူမ၏ ခင်ပွန်းကိုအံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။
သူမ ဘာမှမပြောရသေးခင် သူမခင်ပွန်းသည်က .....
''မိန်းမရေ ....
 မင်းအဖေနဲ့အမေ ရောက်လာတယ်ကွ ၊
 ကိုယ်လည်း သူတို့ကို တလေးတစားနဲ့
 ကိုယ့်တို့ခုတင်ပေါ်မှာပဲ
 အိပ်ခိုင်းထားလိုက်တယ်ကွာ....
 သွားပြီး နှုတ်ဆက်လိုက်ပါဦး'' ဟုဆိုလေသည်။
😥😫😩😩😫😣😣😣😓😓😓
မှတ်သားရန် သင်ခန်းစာမှာ.....
ဒေါသဖြင့် အလောတကြီးဆုံးဖြတ်လိုက်သော
တချို့ကိစ္စများသည်
အမှားမှန်းသိလိုက်ရသောအချိန်တွင်
ပြုပြင်ရ အလွန်ခက်သွားတတ်သည်။
အရာအားလုံးကို နှလုံးသာနှင့်.....စီမံပြီး
အပြုံးဖြင့် .......နာခံစဉ်းစား ဆင်ခြင်နိုင်ကြပါစေဗျာ။
မရင်းတင်​သူကို
Credit ပါ
Kkp
Saturday, September 8, 2018
★ အာစိဏ္ဏကံ ဆိုတာ
#အာစိဏ္ဏကံ
▬▬▬▬▬
★ အာစိဏ္ဏကံ ဆိုတာ နေ့စဉ် ဆွမ်းလောင်း၊ နေ့စဉ် ဘုရားဝတ်တက်၊ နေ့စဉ် ပုတီးစိပ် စသဖြင့်ရှိတယ်။ သေခါနီး ကိုယ့်စိတ်ထဲမှာ ပုတီးစိပ်တာ တရားထိုင်တာ၊ ဆွမ်းလောင်းတာတွေ ခံစားနေရတယ်။
★ အဲဒီလို အာရုံကောင်းကောင်လေးနဲ့ အမြဲလုပ်နေတာကို အာစိဏ္ဏကံလို့ ခေါ်တယ်။ မကောင်းတဲ့ အာစိဏ္ဏကံလုပ်တဲ့ ပုဂ္ဂိုလ်ကျတော့ မကောင်းတဲ့ အာရုံတွေ လာထင်မှာပဲ။ သေခါနီး အင်မတန် အရေးကြီးတယ်။
★ အာစိဏ္ဏကံ မရှိဘူးဆိုရင် အမှတ်တမဲ့ပြုလုပ်ထားတဲ့ကံတွေက ၀င်ပြီး အကျိုးပေးတယ်။ အဲဒီကံမျိုးကို ကဋတ္တာကံလို့ ခေါ်တယ်။ အဲဒါက ကံတွေရဲ့အကျိုးပေးတဲ့ အဆင့်ပဲ။ တစ်ခုနဲ့တစ်ခု မတူဘူး။ စေတနာပေါ် မူတည်ပြီး အကျိုးပေးတယ်။
★ ဒီလို အကျိုးပေးပေမယ့် ကံတွေဟာ အကျိုးပေးပုံချင်း တစ်ယောက်နဲ့တစ်ယောက် တူနိုင်သလားလို့ မေးရင် မတူဘူး။ လူရဲ့ qualification ပေါ်မူတည်ပြီး ကံကလိုက်အကျိုးပေးတာ၊ ဒါကြောင့် မတူဘူး။
★ ကုသိုလ်ကောင်းမှုကို စုပေါင်းပြီးပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေမှာ ဆိုပါစို့၊ စုပေါင်းပြီး ကထိန်ခင်းတာ၊ စုပေါင်းပြီး တရားနာတာတွေမှာတောင် အလုပ်က တူကောင်းတူနိုင်ပေးမယ့် စိတ်စေတနာချင်းကတော့ မတူလို့ အကျိုးပေးချင်လည်း မတူနိုင်ကြဘူး။ quality က ဘာလဲဆိုရင် ကံနဲ့ပတ်သက်လာရင် ကံမှတစ်ပါး အခြားအခြေခံကောင်းတွေ ကိုယ့်သန္တာန်မှာ ရှိနေဖို့လိုတယ်။
★ လူတွေထဲမှာလည်းကြည့် မတူတာတွေ ပြောရရင် တချို့ပုဂ္ဂိုလ်တွေက လူတစ်ယောက်ကို သတ်တဲ့ ပါဏာတိပါတာကံ ကျူးလွန်လိုက်လို့ သေစားသေစေ (သို့) ထောင် တစ်သက်တစ်ကျွန်း ကျသွားစေတယ်။ တချို့ကျတော့ သူတစ်ပါးရဲ့အသက်ကို သတ်ပေမယ့် အပြမ်မရရုံမျှမက ဆုတောင်ရသေးတယ်။
★ အဲဒါမျိုး ရှိဘူးလား၊ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ condition ချင်း မတူဘူးလေ။ condition ဆိုတာ ရှိသေးတယ်။ ကံကလည်း လူတိုင်းမှာ ဖိဖိစီးစီး အကျိုးမပေးနိုင်ဘူး။ အခြားအကြောင်းတွေ ရှိသေးတယ်။
★ ဥပမာ - မြတ်စွာဘုရားဟောထားတဲ့ လာဏကပလ္လသုတ်ဟာ အင်မတန်မှ မှတ်သားစရာကောင်းတယ်။ ဆားခဲလေးယူပြီး ဖန်ခွက်ထဲရှိ ရေထဲထည့်ပြီး အဲ့ဒီရေကို သောက်ကြည့်ရင် အင်မတန် ငန်သွားမယ်။ အဲဒီပမာဏ ဆားခဲ့ကိုပဲ ဂင်္ဂါမြစ်ထဲ၊ ဧရာဝတီမြစ်ထဲ၊ ရေကန်ကြီးထဲ ထည့်လိုက်ပါဦး။ ဆားရဲ့ အရသာ ပေါ်ပါတော့မလားတဲ့။
★ အဲဒီလိုပဲ တချို့ပုဂ္ဂိုလ်တွေကျတော့ ကိုယ်ကျင့်တရားကလည်း မကောင်းဘူး၊ ကုသိုလ်ကောင်းမှုလည်း ဘာမှမလုပ်ဘူးဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ အကုသိုလ်နည်းနည်း လုပ်ပေမယ့်လည်း အများကြီးခံရမယ်။ သူများထက် ပြင်းပြင်းထန်ထန် ခံရမယ်။ ငွေတစ်မက်နဲ့ ထောင်ကျချင်ကျတာ။ ငွေတစ်သိန်းနဲ့ ထောင်ကျချင်မှ ကျတာ။
★ ပိုက်ဆံရှိရင် မကျဘူး။ ပိုက်ဆံရှိသူနဲ့ ပိုက်ဆံမရှိသူကလည်း အခြေအနေကွာသေးတယ်။ ပိုက်ဆံမရှိရင် ထောင်ကျမယ်။ ပိုက်ဆံရှိရင် ထောင်မကျဘူး။ All are equal under the law လို့ဆိုပေမယ့် ပိုက်ဆံပေးနိုင်လို့ လွတ်သွားတာတွေ အများကြီးရှိတယ်။ ဒါက လောကဖြစ်ရပ်ပဲလေ။ အဲဒီမှာ ပိုက်ဆံဟာ အရည်အချင်းတစ်ခုဖြစ်တယ်။ ဘုရားဟောတဲ့ စာထဲမှာလည်း ပါပါတယ်။
★ ဒီအတိုင်းပဲ ကံအကျိုးပုံချင်း မတူကြဘူး။ တချို့မှာ ကုသိုလ်စိတ်များတယ်။ ပုထုဇဉ်မို့လို့ မကောင်းမှုကို တစ်ခါတစ်ရံ လုပ်မိပေမယ့် ပျောက်သွားတယ်။ သိပ် အကျိုးမထင်ဘူး။ ကံက မျက်နှာလိုက်တာ မဟုတ်ဘူး။ ကံမှာလည်း အရည်အချင်းတွေရှိတယ်။ အခြား condition တွေရှိသေးတယ်။ သဘာဝတရားတွေမှာ ဆိုင်ရာဆိုင်ရာ အထောက်အကူ အကြောင်းတရားတွေ ရှိသေးတယ်။
★ မြတ်စွာဘုရား ဟောထားတာတစ်ခု ရှိသေးတယ် - ငါးသယ်ထံက ဆင်းရဲသားက ငါးတစ်ကောင်ခိုးယူရင် အလေးနဲ့ အထုခံရမှာနော်။ ကားနဲ့သူဌေးတစ်ယောက်က ယူရင်တော့ နောက်တစ်ကောင်တောင် ထပ်ပေးလိုက်ဦးမယ်။ ချမ်းသာတဲ့သူကို ဦးစားပေးပြီး မချမ်းသာတဲ့သူကိုတော့ ဦးစားမပေးဘူး။
★ ဒါက လောကရဲ့ဖြစ်စဉ်ပဲလေ။ ကံကျတော့ ပိုက်ဆံရှိတာ မရှိတာကို ပြောတာမဟုတ်ဘူး။ ကျန်တဲ့ အရည်အချင်း တွေရှိတာ၊ မရှိတာကို ပြောတာ။ ကျန်တဲ့ အရည်အချင်းတွေ ရှိတဲ့သူက အပြစ်သက်သာသွားမယ်။
★ ဆိုပါစို့၊ ကိုယ်ကျင့်တရားပြည့်စုံပြီး၊ စိတ်ကောင်းနုလုံးကောင်း အမြဲထားပြီး ကုသိုလ်ကောင်းမှုတွေ လုပ်တဲ့ပုဂ္ဂိုလ်တစ်ဦးဟာ တစ်ခါတစ်ရံ မကောင်းမှုလုပ်ပေမယ့် ထိုအကုသိုလ်က ပျောက်ပျက်သွားတယ်။
★ ဘာမှ ကောင်းမှုကုသိုလ် မရှိတဲ့ ပုဂ္ဂိုလ်ကျတော့ အကုသိုလ် နည်းနည်း လုပ်တာနဲ့ များများခံရမှာပဲ။
★ လောကမှာလည်း ဖြစ်စဉ်က ဒီအတိုင်းပဲ။ အဲဒီတော့ မကောင်းတဲ့ကံလုပ်မိရင် ထိုကံမှ သက်သာဖို့ ကောင်းတာ များများလုပ်ထားလို့ ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြေတာ။
★ အေး- ကံတရားဆိုတာ ပထမဘ၀မှာ အကျိုးပေးတာရှိတယ်။ ဒုတိယဘ၀မှာ အကျိုးပေးတာရှိတယ်။ တတိယဘ၀မှာ အကျိုးပေးတာ ရှိတယ်။ ဒီကံတရားတွေဟာ အခြေခံပေါ်မူတည်ပြီး ထိုကံတရားရဲ့ အကျိုးဟာလည်း ထက်သန်မှု၊ နိမ့်ကျမှုဆိုတာ ဖြစ်သွားခဲ့တယ်။ ဘယ်လောက်ပဲ ကောင်းတဲ့ကံဖြစ်စေ၊ အထက်တန်းရောက်တဲ့ကံ ဖြစ်စေ အခြေခံ တစ်ခုညံ့ရင် နိမ့်ကျတဲ့ဘ၀ကို ရသွားမှာပဲ။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏
‘နိဗ္ဗာန်တံခါးကြီး ဖွင့်တော်မှုပါ အပိုင်း(၃)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
#mp3_link
http://media.thitsarparamisociety.com/mp3/DrNandamalabhivamsa/DVD-171/0061-NDML.mp3
#ebook_link
http://www.drnandamalabhivamsa.com.mm/book/570
ဆရာတော်ဘုရား တရားတော်များနာယူရန်⤵️
https://www.thitsarparamisociety.com/dr-nandamarlabiwinsa
Tuesday, September 4, 2018
“ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။”
“ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။”
••••••••••••••••••••••••••••••••••••••••
ငါးပါးသီလကို “ဝါရိတ္တသီလ”လို့ ခေါ်တယ်။
တစ်ပါးမှ လျော့လို့မရဘူးနော်။
ငါးပါးသီလပြည့်စုံမှ လူ့ဘဝ ပြည့်စုံမယ်။
အဲဒါလေးကို နည်းနည်းလောက်
ပြန်စဉ်းစားကြည့်ရအောင်။
လူတစ်ယောက်ဟာ အရင်ဘဝတုန်းက
ငါးပါးသီလထဲ လေးပါးလောက်ကို
ပြည့်စုံအောင်ဖြည့်ကျင့်ခဲ့တယ်နော်။
အဲဒီအထဲမှာ . . .
❦ “ပါဏာတိပါတကံ”ကို မလုံခြုံခဲ့ဘူးဆိုရင်
လူ့ဘဝရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာဖြစ်ပေမဲ့လို့ အသက်တိုမယ်။
ဘယ်သူက အသက်တိုတို နေချင်မလဲနော်။
ပါဏာတိပါတကံ မလုံခြုံခဲ့ရင် လူဖြစ်လာတဲ့အခါမှာ အနာရောဂါများမယ်၊ အသက်တိုမယ်၊
ဒါက အပေါ့ဆုံးအပြစ်နော်။
ငရဲကျတာ ၊မကျတာ အသာထားနော်။
ငါးပါးသီလရဲ့ အပေါ့ဆုံးအပြစ်က ဒီအထိအောင် ခံရမယ်။
❦ “အဒိန္နာဒါနကံ”မလုံခြုံခဲ့ရင် ပစ္စည်းဥစ္စာတွေဟာ ရှာလို့တော့ ရပါရဲ့။ခဏခဏ ပျက်စီးသွားမယ်။ မီးလောင်တဲ့အထဲ ပါသွားမယ်။
ကိုယ့်ရဲ့ပစ္စည်းဟာ အမြဲတမ်းပျက်စီးနေမယ်။
❦နောက်တစ်ခုက ကာမေသုမိစ္ဆာစာရကံ
မလုံရင်လူမုန်း များတယ်။ သူနဲ့ ဘယ်သူမှ မတည့်ဘူး။ သူ့ မျက်နှာမြင်တာနဲ့ အလိုလိုမုန်းလာတယ်။ အခြောက်တိုက်မုန်းတာမျိုးပေါ့။
နောက်ပြီးတော့ “ကျား”မဟုတ်၊ “မ”မဟုတ်
ဖြစ်တတ်တယ်။
❦ “မုသာဝါဒကံ”မလုံရင် သူ့စကားကို မယုံကြတော့ဘူး။ သူ ပြောသမျှ မည်သူတစ်ဦးတစ်ယောက်မျှ မယုံကြည်တဲ့အခါ သူ့ရဲ့စကားအရာမရောက် ဖြစ်တယ်။
ဒါကြောင့် “မုသားဆို ရယ်စရာ အနေနဲ့တောင်
မပြောဘဲ ရှောင် ကြဉ်သင့်တယ်”လို့
မြတ်ဗုဒ္ဓ ဟောကြားထားတယ်။
❦ “သုရာမေရယကံ” မလုံခြုံခဲ့သူဟာ ဖြစ်ရာဘဝမှာ ဦးနှောက် မပြည့်ဘူး။ ကျပ်မပြည့်ဘူးပြောကြတယ်။ ရူးနှမ်းနှမ်းဖြစ်တတ်တယ်။
ဒါ့ကြောင့် လူတွေရဲ့ အခြေခံသီလဖြစ်တဲ့
ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်းသင့်တယ်။
ငါးပါးသီလထဲက တစ်ခုမှ လျော့လို့ မရဘူး။
လူရယ်လို့ ဖြစ်လာတဲ့အခါ အသက်ရှည်ရမယ်။
ကျန်းမာပြီး အနာကင်းရမယ်။
ပစ္စည်းဥစ္စာ ရှိရမယ်။
လူချစ်လူခင် ပေါများရမယ်။
ဉာဏ်ပညာ ပြည့်စုံရမယ်။
ဩဇာရှိရမယ်။
ရူးနှမ်းနှမ်းမဟုတ်ဘဲ ၊တည်ကြည်သူ ဖြစ်ရမယ်။
ငါးပါးသီလလုံခြုံရင် အဲဒီ အကျိုးတွေရမယ်။
ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ပြောလို့ရမယ်။
ငါးပါးသီလဖောက်ဖျက်ခဲ့ရင် လူ့ဘဝမှာ
တစ်ခုခုလိုနေလိမ့်မယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
Saturday, September 1, 2018
`လူတွေလုံးဝမေ့ထားကြတဲ့အရေးကြီးအင်္ဂါတစ်ခုသို့မဟုတ်ဘေလုံး(ခေါ်)သရက်ရွက်´
`လူတွေလုံးဝမေ့ထားကြတဲ့အရေးကြီးအင်္ဂါတစ်ခုသို့မဟုတ်ဘေလုံး(ခေါ်)သရက်ရွက်´
လူအများစုကမိမိတို့ရဲ့ဝမ်းဗိုက်ထဲမှာအရေးကြီးတဲ့အင်္ဂါတွေအဖြစ်နှလုံးတို့အသည်းတို့ကျောက်ကပ်တို့လောက်ပဲသတိထားမိကြလေ့ရှိပါတယ်။လုံးဝမေ့ထားကြတာကတော့ဘေလုံးလို့ခေါ်တဲ့သရက်ရွက်ပဲဖြစ်ပါတယ်။ရှိလို့ရှိမှန်းတောင်မသိကြသလိုကြားတောင်မကြားဖူးတဲ့သူတွေလည်းအများကြီးပါပဲ။
တကယ်တော့သရက်ရွက်ကိုရှေးခေတ်မြန်မာ့ဆေးပညာကဘေလုံးလို့ခေါ်ခဲ့တာကြာပါပြီ။အင်္ဂလိပ်လိုတော့spleenလို့ခေါ်ပါတယ်။ဘယ်သူတွေကသရက်ရွက်လို့အမည်ပေးခဲ့မှန်းမသိပါဘူး။သရက်ရွက်နဲ့လည်းမတူပါဘူး။ဒါကြောင့်ရှေးခေတ်မြန်မာ့ဆေးပညာအခေါ်အတိုင်းဘေလုံးလို့ပဲသုံးသွားပါမယ်။
ဘေလုံးဟာဝမ်းဗိုက်ရဲ့ဘယ်ဘက်နံရိုးအတွင်းဘက်မှာတည်ရှိပါတယ်။အလွန်နူးညံ့တဲ့သွေးအိတ်တစ်ခုဖြစ်ပါတယ်။သွေးတွေကိုသိုလှောင်ပေးထားတဲ့သွေးဘဏ်တိုက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲကသွေးခွက်လို့လည်းတင်စားကြပါတယ်။မတူညီတဲ့Tissueတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ဘေလုံးဟာသွေးတွေကိုစစ်ပေးတဲ့filterတစ်ခုဖြစ်ပါတယ်။ခန္ဓာပြန်ရည်ကြောစနစ်ရဲ့အကြီးဆုံးသောအင်္ဂါ လည်းဖြစ်ပါတယ်။သွေးထဲမှာပါလာတဲ့သွေးနီဥအဟောင်းတွေနဲ့Cellအပျက်တွေကိုစစ်ယူပြီးပြန်ရည်ကြောတွေကနေတစ်ဆင့်စွန့်ပစ်ပေးပါတယ်။အဲဒီအပြင်သွေးဖြူ ဥတွေကိုလည်းစစ်ထုတ်ဖယ်ရှားပေးပြီးသွေးကိုသန့်စင်အောင်ပြု လုပ်ပေးပါတယ်။စွန့်ပစ်လိုက်တဲ့သွေးနီဥအဟောင်းတွေထဲကသံဓါတ်ကိုလည်းစုပ်ယူပေးထားတဲ့အတွက်သံဓါတ်အားမနည်းအောင်ကူညီပေးပါတယ်။
ကိုယ်ခံအားကောင်းပြီးရောဂါတွေကိုတိုက်ဖျက်နိုင်ဖို့ဘေလုံးမရှိလို့မဖြစ်ပါဘူး။ဘေလုံးကသွေးအားကောင်းစေပြီးကိုယ်ခံအားတက်ဖို့အတွက်ကိုယ်ခံအားcellတွေကိုမွေးထုတ်ပေးတယ်။ရောဂါပြီးစနစ်ကိုကူညီတယ်။ရောဂါမဖြစ်အောင်လုပ်ပေးတယ်။သွေးလှည့်ပတ်မှုကောင်းအောင်လုပ်ပေးတယ်။ရောဂါကူးစက်မှုကိုကါကွယ်တယ်။ဗက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေကိုသုတ်သင်ပေးတယ်။အခြားသောကိုယ်အစိတ်အပိုင်းတွေသွေးလိုအပ်တာနဲ့ချက်ချင်းပို့ပေးတယ်။ခန္ဓာကိုယ်ရဲ့ရေဓါတ်Levelကိုညှိပေးတယ်။ဒဏ်ရာများကိုကုသပေးတယ်။ပြန်ရည်ကြောစနစ်ကိုထိန်းချုပ်ပေးတယ်။သွေးဖြူ ဥတွေမများလာအောင်ထိန်းချု ပ်ပေးတယ်။အူတွေသန့်ရှင်းအောင်ကူညီတယ်။နှလုံးလောင်ကြွမ်းမှုမဖြစ်အောင်ကာကွယ်ပေးတယ်။အသည်းဝန်ပိမှုကိုလျှော့ချပေးတယ်။နှလုံးလုပ်ဆောင်ချက်ကောင်းအောင်လုပ်ပေးတယ်။အစာခြေမှုစနစ်ကိုကူညီပေးတယ်စသည်ဖြင့်သူ့ရဲ့အလုပ်တွေကအများကြီးပါပဲ။ဒါကြောင့်မို့ဘေလုံးကိုခန္ဓာကိုယ်အတွက်အလွန်အရေးကြီးတဲ့အင်္ဂါတစ်ခုလို့ပြောရတာပါ။
အကယ်၍ဘေလုံးမရှိဘူးဆိုရင်သို့မဟုတ်ဘေလုံးပျက်စီးယိုယွင်းသွားမယ်ဆိုရင်အထက်ပါအလုပ်တွေမလုပ်နိုင်တော့ပါဘူး။အဲဒီအခါကျတော့ခန္ဓာကိုယ်မှာရောဂါမျိုးစုံဖြစ်လာနိုင်ပါတယ်။အဆိုးဆုံးကတော့သွေးဖြူ ဥတွေများလာပြီးသွေးဖြူ ဥကင်ဆာ၊သွေးကင်ဆာတွေဖြစ်လာတာပါပဲ။အဲဒီအခါကျတော့မသေမချင်းတစ်သက်လုံးသွေးသွင်းနေရပါလိမ့်မယ်။ဝဋ်တအားကြီးပါတယ်။ဒါကြောင့်ဘေလုံးမပျက်စီးအောင်ထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်။
ဘေလုံးဟာအေးလွန်းတဲ့အစာတွေကိုမကြိုက်ပါဘူး။ဒါကြောင့်ရေခဲနဲ့သိပ်အေးတဲ့အစာတွေရှောင်ရပါမယ်။အေးတဲ့ရာသီဥတုကိုလည်းမကြိုက်တဲ့အတွက်ဝမ်းဗိုက်ကိုနွေးနွေးထားရမယ်။ပြီးတော့JUNK.FOODတွေFIRST FOODတွေကိုမကြိုက်ဘူး။မိမိနဲ့ဓါတ်မတည့်တဲ့အစာတွေစားရင်ဘေလုံးကိုထိခိုက်တယ်။အစာအဆိပ်မိရင်လည်းဘေလုံးကိုထိခိုက်တယ်။သကြားပါတဲ့အချိုစာတွေကလည်းဘေလုံးကိုထိခိုက်တဲ့အတွက်ရှောင်ရှားဖို့လိုပါတယ်။
ဘေလုံးကိုအားကောင်းဖို့အတွက်အဟာရနဲ့ပံ့ပိုးပေးရမယ်။ဘေလုံးကိုအားကောင်းစေတာကတော့အဝါရောင်အသီးအရွက်နဲ့ကောက်​နှံတွေပဲဖြစ်ပါတယ်။အဝါဆိုတဲ့အထဲမှာလိမ္မော်ရောင်လည်းပါပါတယ်။လိမ္မော်သီး၊သင်္ဘောသီး၊ဖရဲဝါ၊ခါကျက်ဥ၊​ရွှေဖရုံသီး၊အဝါရောင်ဆီ၊ငါးကြီးဆီ၊ဥအနှစ်၊ချင်း၊နနွင်းတွေနဲ့အဝါရောင်ကောက်နှံတွေအဝါရောင်ပဲတွေဖြစ်ပါတယ်။သူ့အတွက်အကောင်းဆုံးဆေးကတော့အဝါရောင်ဆီဖြစ်တဲ့သံလွင်ဆီနဲ့နနွင်းတို့ကိုရောပြီး​နေ့စဉ်မှီဝဲဖို့ပဲဖြစ်ပါတယ်။
အနေအထိုင်အားဖြင့်လည်းဘေလုံးကိုထိန်းသိမ်းရပါဦးမယ်။ညဘက်အိပ်တော့မယ်ဆိုရင်ဘယ်ဘက်ကို၁၅မိနစ်လောက်စောင်းအိပ်ပေးဖို့ဖြစ်ပါတယ်။အဲဒီလိုအိပ်တော့မှ​ဘေလုံးထဲမှာသွေးတွေပြည့်အိုင်လာပြီးသွေးစစ်ခြင်းပြန်ရည်ထုတ်ခြင်းစတဲ့အလုပ်တွေကိုကောင်းစွာလုပ်နိုင်မှာဖြစ်ပါတယ်။အဲဒီအပြင်နေ့စဉ်ရေများများသောက်ပေးမှလည်းသွေးနဲ့ပြန်ရည်ကြောစနစ်တွေအလုပ်ကောင်းကောင်းလုပ်နိုင်မှာဖြစ်ပါတယ်။ဗိုက်ထဲကကလီစာတွေကသူ့သဘောနဲ့သူလုပ်နေကြတာပါ။ကိုယ်ကလုပ်လို့မရပါဘူး။ကူညီလို့ပဲရမယ်။အဲဒီအင်္ဂါတွေထဲကဘေလုံးခေါ်သရက်ရွက်ကိုလည်းမေ့မထားကြဖို့မိတ်ဆွေတို့ကိုအသိပေးလိုက်ပါတယ်။
Thursday, August 30, 2018
ပညာရှိ သတ်ရင် ပိုကြောက်စရာပါ
ပညာရှိ သတ်ရင် ပိုကြောက်စရာပါ
===================
ပညာတကယ်တတ်သူက
ဘယ်တော့မှ မဆဲဘူး
ဒါပေမယ့် ;
စကားလုံးလေးများနဲ့ သေအောင်
ရိုက်သတ်တယ်လေ။
ပညာရှိက အမျက်ဒေါသကို
လူသိအောင် ထုတ်မပြတတ်ဘူး
ဒါပေမယ့်;
လုပ်ရပ်မှန်ကန်မှူ နှင့်
သက်သေပြတတ်တယ်လေ။
ပညာမဲ့က ဆဲလည်းဆဲတတ်ပြီး
ဟောင်ဖွာဟောင်ဖွာ လုပ်တယ်လေ
ဒါပေမယ့်;
သင်္ကြန် အမြောက်လို
အသံကျယ်ပြီး လူမလေးစားဘူးလေ။
လူလိမ္မာ အမျက် အပြင်မထုတ်သလို
ပညာရှိက အမျက်ကို လူမြင်အောင်
မပြတတ်ဘူး။
ဒါပေမယ့်;
တုန့်ပြန်မှူတိုင်းက ပညာသားပါပြီး
စကားတစ်လုံးက လူတစ်ယောက်၏ဘ၀ကို
များစွာ သက်ရောက်မှူရှိတယ်။
ပညာရှိတို့ တွေးကြည့်ရင် ပြေးကြည့်တာထက်
မှန်သလို ပညာရှိတို့ တုန့်ပြန်ခံရရင်လည်း
လူမိုက်ဆယ်ယောက်ထက်
ပိုကြောက်စရာကောင်းတယ်။
တကယ်တော့....
ပညာရှိ ဆိုတာ အကောင်းအဆိုးကို
ခွဲခွားသိမြင်သလို
တုန့်ပြန်သင့်သည်ကိုလည်း အဆင့်အတန်းရှိစွာ
တုန့်ပြန်တတ်ပြီး ဥပက္ခာပြုတော့မယ်ဆိုရင်လည်း
ဟောင်ဖွာဟောင်ဖွာမလုပ်ဘဲ
ပြတ်သားစွာ လစ်လျူ ရူတတ်သည်။
ပညာမဲ့သူ အယောက်တစ်ရာက
သင့် ကိုမုန်းတီးနေတာထက်
ပညာရှိ တစ်ယောက်က
သင့်ကို လစ်လျူ ရူပြီး ဥပက္ခာပြုသွားမှာကို
သတိထားပါ။
လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး.credit
Wednesday, August 29, 2018
နှမြောတတ်သော ဘုန်းကြီး။ 😂😂😂
နှမြောတတ်သော ဘုန်းကြီး။   😂😂😂😂
==================
သူများထံမှကူးလာသည်
   .   တစ်ခါတုန်းက ခရီးသွားဧည့်သည် နှစ်ယောက်ဟာ
မွန်းတည့်ခါနီး ခရီးကလည်းပန်းနေတာမို့ ရွာတစ်ရွာရှိ ဘုန်းတော်ကြီးကျောင်းမှာဝင်နားကြတာပေါ့။
" တို့ခရီးကလည်း ပန်း။ ဆာကလည်း ဆာတယ်။
ဆရာတော်ထံမှာ ဆွမ်းကျန် ဟင်းကျန်လေး
လျှောက်ပြီး တောင်းစားရအောင်" ဆိုပြီး
ကျောင်းပေါ်တတ် ရှိခိုးနေပါသတဲ့။
ကျောင်းထိုင်ဆရာတော်က"… ဒကာတို့ ဘာကိစ္စ"လို့
မေးတဲ့အခါ "တပည့်တော်တို့ခရီးသွားတွေပါဘုရား"
အရှင်ဘုရားထံမှာ ဆွမ်းကျန် ဟင်းကျန်ကလေးများ
ရှိမလား " လို့ လျှောက်လိုက်တော့
" ကုန်ပြီ " လို့ ဘုန်းကြီးက ခပ်ပြတ်ပြတ်
ဖြေလိုက်သတဲ့။
Tuesday, August 28, 2018
မှတ်သားဖွယ်
ဆောင်သင့်တဲ့မှတ်သားဖွယ်ရာ
ခွေးတစ်ကောင်
ကိုက်တတ်မှန်းသိနေရ
သတိထား ရှောင်လိုက်ပါ
ဒါမှ အန္တရာယ်ကင်းမယ်
လူတစ်ယောက်
စိတ်ဓာတ်မကောင်းမှန်း သိနေရင်
သတိထား ရှောင်လိုက်ပါ
ဒါမှ အန္တရာယ်ကင်းမယ်
Monday, August 27, 2018
ခေတ်သစ် ငွေလိမ်နည်ူ
မိသားစု တစ်စုကို ၁၅ သိန်း ထုတ်ချေးပေးမယ်။ ဒါပေမယ့် ငွေမထုတ်ပေးခင်မှာ စာရွှက်စာတမ်းကြေး ၂၀၀၀၀ အရင်သွင်းရမယ် ။ နှင့် ခေတ်သစ်ငွေကြေးလိမ်လည်မှု့
      ကျွန်တော်တို့ကုမ္ပဏီက အသေးစားငွေကြေး ကုမ္ပဏီ ဖြစ်ပါတယ်။ ဆင်းရဲသားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီဖို့ရည်ရွှယ်ချက်နဲ့ မိသားစုတစ်စုကို တစ်လ ၂ ကျပ်တိုး နဲ့ ၁၅ သိန်းချေးပေးပါမယ်။ ဒါပေမယ့် ငွေထုတ်မပေးခင်မှာ တော့ စာရွှက်စာတမ်းကြေး ၂၀၀၀၀ အရင်သွင်းရပါမယ်။ ၁ လ ပြည့်တဲ့နေ့မှာ ကျွန်တော်တို့ငွေထုတ်ပေးပါမယ်။ စသည် ဖြင့် အပြောချိုချိုလေးနဲ့မက်လုံးပေးပြောဆိုနေသူကတော့ ကုမ္ပဏီက တာဝန်ရှိသူဆိုသော လူတစ်ဦး။
       ရွှာက လူတွေက လက်ရှိအနေအထားအရ ငွေကြေးကျပ်တည်းသူများဖြစ်လေတော့ ၂ ကြိမ်စဉ်းစားရန်ပင်မလို။ ချေးလိုသူများစုစည်း၍စာရင်း လုပ်ကြသည်။ ရွှာထဲမှ ဦးဆောင်ချေးငှားသူထံ စာရင်းပေးသည်။ ငွေ ၂၀၀၀၀ ဆိုသည်မှာ များသည့်ပမာဏ မဟုတ်တော့ ချက်ခြင်းပင် စုစည်းမိသွားလေပီ။ ချက်ခြင်းငွေ ၂၀၀၀၀ မရှိသူကလည်း ရှိသည့် သူဆီက ခဏချေးငှားပြီး စာရွှက်စာတမ်းကြေး ပေးလိုက်သည်။
        တစ်ရွှာလျင် အိမ်ထောင်စု ၅၀ ခန့် ချေးသည်။ ငွေ ၁၀ သိန်း မှာ ငွေချေးပေးမည်ဟု ကတိပြုသူ ကုမ္ပဏီ ထံပါသွားလေပြီ။
          ထို့နောက်
           ထို့နောက်
           ထို့နောက်
           (၁) လသာပြည့်မြောက်ကုန်လွန်သွားသည်။ ချေးငွေ ရတော့မည်ဆိုပြီး ပျော်နေသော ရွှာသူရွှာသားတို့ စိတ်ပူ လာလေပြီ။ ဦးဆောင်ချေးငှားသူ ခေါင်းဆောင် လူကြီးထံ စုံစမ်းသည်။ ဦးဆောင်သူကလည်း အခြေအနေမှန်ကို မသိ။ ချေးငွေရမည်ဟုပင် ယုံကြည်နေဆဲ။
       ထို့နောက်
        နေ့ရက်များထပ်မံကုန်ဆုံးလာသည်။ ရွှာသူရွှာသား တို့ အခြေအနေမှန်ကို ရိပ်မိစပြုလာပြီ။ ခေါင်းဆောင် လူကြီး မှ တစ်ဆင့်ကုမ္ပဏီ ထံ ဖုန်းဆက်စုံစမ်းသည်။
       အဖြေသိရပါပြီ။ လက်ရှိလိုင်စင်မကျသေးတဲ့ အတွက် ၃ လခန့်ကြာမှရပါမယ်။ မစောင့်နိုင်လျင် သွင်းထားတဲ့ ငွေ ၂၀၀၀၀ ကို ရန်ကုန်မှာရှိတဲ့ ကုမ္ပဏီမှာ လာထုတ်ပါ။ တစ်ယောက်ချင်းစီပဲ ထုတ်ပေးပါမယ်။ ကိုယ်စားထုတ်လို့မရပါ တဲ့ဗျာ။
     ဘယ်သူမှသွားထုတ်ဖို့ စိတ်မရှိတော့။ ပြန်ထုတ်ရမည့်ငွေက ၂၀၀၀၀ ။ ခရီးစရိတ်က ဒီထက်မက ကုန်ကျမယ်။ လိမ်သွားပီဆိုတာ သိပေမယ့် အမှု့ဖွင့်မယ်ဆိုပြန်က အလုပ်ရှုပ်အုံးမယ်ဆိုတော့ ဘယ်သူကမှလည်းမဖွင့်ချင် ။ ဒီလို ပုံစံမျိုးနဲ့ လိမ်နေကြသူတွေ ဘယ်လောက်များနေပြီလဲ။ အလိမ်ခံနေရသူတွေကကော ဘယ်လောက်ရှိပြီလဲ။
     ရိုးသားကြတဲ့ နယ်ကလူတွေ ဒီစာဖတ်ပြီး သတိပြုနိုင်ကြပါစေ။ လိမ်လည်လှည့်ဖြားခံရခြင်းမှ ကင်းဝေးကြပါစေ။
စာချုပ်ရှေ့နေ
9:21 PM
22-8-2018
မဟာသုခ
Wednesday, August 22, 2018
အလွန် အရေးကြီးပါတယ်။ စေတနာက ဝေဒနာ ဖြစ်သွားတတ်တယ်။ အထူးသတိပြုဂရုစိုက်ရမယ့် အရာပါ။
အလွန် အရေးကြီးပါတယ်။  စေတနာက ဝေဒနာ
ဖြစ်သွားတတ်တယ်။ အထူးသတိပြုဂရုစိုက်ရမယ့်
အရာပါ။
သူဘာကြောင့် သေသွားသလဲ ကျွန်တော်ပဲ သိတယ်
===================================
အရေးပေါ်ဖုန်းဝင်လာတယ်
ဆိုင်ကယ် အက်ဆီးဒင့်တဲ့
ဆေးရုံ ရှေ့နားမှာဖြစ်တော့ ကျွန်တော့်
Ambulance Rescue ကားက
နောက်ကျမှ ရောက်သွားခဲ့တယ်။ 
ဖြစ်တဲ့နေရာကနေ
ကရုဏာနဲ့ ကူညီလိုတဲ့ လူတွေက
ဖြစ်ဖြစ်ချင်းမှာ
မှောက်ရက်လဲနေတဲ့ လူနာကို
အားခြင်း ကောက်အပွေ့ မှာ
အင့် ဆိုတဲ့
အသံတစ်သံပဲကြားလိုက်ရတယ်လို့ဆိုတယ်။
ထို့နောက်ေ ဆးရုံသို့ ပွေ့ချီအပြေး
ဆေးရုံးလဲရောက်
အသက်လဲပြောက်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု။
ကျွန်တော်ရောက်သွားတော့
အသက်မဲ့ခန္ဓာနဲ့ ပတ်လက်အနေအထား
အမြင်အားဖြင့် စီစစ်ကြည့်တော့
ပြင်ပ ဒဏ်ရာ ကြီးကြီးမားမား မရှိခဲ့ပါ။
""သူဘာကြောင့်သေသွားသလဲ
ကျွန်တော် သိလိုက်ရပြီ""
ဝမ်းနည်းစရာ သိပ်ကောင်းတာပဲလို့
ရင်ကျိုးမရဖြစ်ခဲ့ရတယ်။
သူ ဆိုင်ကယ်တိုက်လို့ သေခဲ့တာ
မဟုတ်ခဲ့ပါဘူး။
ကျွန်တော်ထင်ထားတာနဲ့
တစ်ထပ်တည်းဖြစ်လိမ့်မည်ဟု
ခန့်မှန်းတွေးတောရင်း
သူ့ရဲ့ ရုပ်အလောင်းကို
ကျွန်တော့် Ambulance ယာဉ်နဲ့သယ်သွားပြီး
မြို့ရင်ခွဲရုံ ဆေးရုံတွင်ရင်ခွဲ စစ်ဆေးလိုက်တဲ့အခါ
ကျွန်တော်တွေးထားတာနဲ့ တစ်ထပ်တည်းဖြစ်ခဲ့ရတယ်။
ဆေးရုံနဲ့အဝေး မှာသာ မင်း ယာဉ်တိုက်မှုဖြစ်ခဲ့ရင်
မင်းကို ကူညီလိုတဲ့ လူတွေက ငါ့ရဲ့ ယာဉ်အလာကို
စောင့်ခဲ့ရင် မင်းသေမှာ မဟုပ်ဘူးလို့
ရင်ထဲက ရင်ကျိုးမရပြောပြဖြစ်ခဲ့တယ်။
ဆေးရုံနဲ့ အနီးမှာဆိုတော့
ကားအလာ မစောင့်တော့ဘူး
ကြာမယ်ထင်ပြီး
အားခြင်းကောက်အပွေ့မှာ
အင့် ဆိုတဲ့ အသံဟာ
ကျိုးနေတဲ့ ရင်ညွန့်ရိုးက
နှလုံးကို
ဓါးနဲ့ တေ့ထိုးလိုက်သလိုဖြစ်ခဲ့ရပြီး
အဲဒီနေရာမှာပဲ အသက်ပျောက်ခဲ့ရှာတာပါပဲ။
တိုက်မိချိန်မှာ အရိုးကျိုးသွားတာမှန်ပေမယ့်
လူခန္ဓာကိုယ်ဟာ မြေပြင်မှာဆန့်ဆန့်ဖြစ်နေချိန်
အရေးတကြီး စေတနာဂရုဏာတွေနဲ့ စိုးရိမ်ပူပန်မှုနဲ့
ဆေးရုံ အမြန်ရောက်ဖို့ စိတ်ဆန္ဒဇောနဲ့ ကောက်ချီပွေ့လိုက်
တော့ လူက ကွေးသွားပြီး ကျိုးနေတဲ့ အရိုးက ငေါပီး
နှလုံးကို သွားစိုက်ခဲ့တာ ဘယ်သူမှ မသိခဲ့ကြပါဘူး။
ထိုဖြစ်စဉ်ကို
ဖေးမကူညီခဲ့တဲ့ ကူညီသူတွေလဲ
မသိခဲ့ကြပါဘူး။
ကျွန်တော်သိခဲ့ပါတယ် ဘာကြောင့်လဲ
ကျွန်တော်
ပရဟိတ ကယ်ဆယ်ရေးအလုပ်ကို
လုပ်တော့မယ်လို့ရည်ရွယ်ထဲက
ကယ်ဆယ်ရေး ပညာရပ်တွေ
ရှေ့ဦးသူနာပြုစုနည်းတွေကို
လေ့လာ သင်ယူခဲ့ပါတယ်။
စေတနာဟာ ဝေဒနာမဖြစ်ဖို့
-------------------------------------
ကယ်ဆယ်လိုတဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ကယ်ဆယ်ရေး
------------------------------------------------------------------------
သးမားမဖြစ်ပဲ ကိုယ်မသိ သူမသိ
--------------------------------------------- လူသတ်သမားအဖြစ်ကိုမဖြစ်စေဖို့ လူနာတစ်ဦးကို
--------------------------------------------------------------------
ကိုင်တွယ်နည်းတွေ
----------------------------
ကားပေါ် လူနာပါလာရင် ဘယ်လို ကီလိုနှုန်းနဲ့
-----------------------------------------------------------
လမ်းအခြေအနေကို ကြည်ပြီး မောင်းရမလဲဆိုတာတွေ
------------------------------------------------------------------------
ဆောင်ရန် ရှောင်ရန်တွေကို နည်းစနစ်တကျ သင်ယူခဲ့ပြီး မှ
ဒီလောကထဲဝင်ခဲ့ပါတယ်
အလွန်အရေးကြီးပါတယ်ဗျာ
ဒီဖြစ်စဉ်မှာ ဆိုင်ကယ်တိုက်လို့ သေခဲ့တာမဟုပ်ဘူးလို့
ပြောလိုပြီး လူနာကောက်ယူတဲ့အခါ ဆောင်ရန်ရှောင်ရန်
မသိခဲ့တဲ့အတွက် လူနာကောက်စဉ်မှာ သေခဲ့ရတဲ့
အဖြစ်တွေ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် အများကြီးရှိနေ
နိုင်ပါတယ်
ဒါကြောင့် ဒီဖြစ်စဉ်မျိုးတွေ မိမိအရှေ့ မှာတွေ့ကြုံခဲ့မယ်
ဆိုရင် ကူညီလိုတဲ့ စေတနာ စိတ်ဆန္ဒမလောပါနဲ့
---------------------------------------------------
လူနာရဲ့ ဘေးကို လူနာတင်ကပ် ချပီး မှ လူနာကို
ခေါင်းပိုင်းတစ်ယောက် ခါးပိုင်းတစ်ယောက်
ခြေထောက်ပိုင်းတစ်ယောက် အဖြောင့်ကိုင်ပြီးမှ ကပ်ပေါ်
------------------------------------
တင်၍ ဆေးရုံပို့ပါ။
------------------------
ကပ်မရှိက အနီးဆုံး ယာဉ်ပေါ်တင်မယ်ဆိုလည်းပဲ
လူနာကို မကွေးစေပဲ အဖြောင့်တင်ဖို့ လိုအပ်ပါကြောင်း
-----------------------------------------------------------------------
သူသေတာဘာကြောင့်လဲဆိုတာ ကျွန်တော်သိခဲ့တာဟာ
လူမှုကူညီရေးအတွေ့အကြုံနဲ့ အရေးပေါ်ကယ်ဆယ်ရေးသင်တန်းများမှ လူ့အသက်တွေကယ်တင်ဖို့ဆောင်ရန် ရှောင်ရန်များ၏
အတွေ့အကြုံများမှ သိရှိခဲ့ရပါကြောင်း
ဒီဖြစ်စဉ်က 2017 ခုနှစ်ထဲက ဖြစ်စဉ်တစ်ခုဖြစ်ခဲ့ပါသည်။
Crd
မျိုးဆက်(လူမှုကူညီရေး-ချောင်းကြီး)
09 78 27 27 207
via Songhnin Phyu
Thursday, August 16, 2018
နိုင်ငံတော်ဘာသာနေ့(၀ါခေါင်လပြည့်)
နိုင်ငံတော်ဘာသာနေ့(၀ါခေါင်လပြည့်)
🌿🌿🌿🌿🌿🌿🌿🌿🌿
ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ဘာသာ ဖြစ်လာပုံ သမိုင်းအကျဉ်း
========================
နိုင်ငံတော်ဘာသာပြဋ္ဌာန်းခဲ့သည့်နေ့ရက်
--------------------------------
၁၃၂၃ ခုနှစ် ၀ါခေါင်လပြည့်
(1961 ခုနှစ် ဩဂုတ်လ 26 ရက် ) စနေနေ့
နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ
-------------------------------
နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းသည့်ဥပဒေ၁၉၆၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြခံဥပဒေ (တတိယပြင်ဆင်ချက်) အက်ဥပဒေ
ပုဒ်မ ၂၁၊ ပုဒ်မခွဲ ၁ အစား ထည့်သွင်းရမည့်စာသား
ပုဒ်မခွဲ (၁) ဗုဒ္ဓဘာသာ သာသနာတော်သည်
နိုင်ငံတော်၏ နိုင်ငံသားအများဆုံး
ကိုးကွယ်ရာဘာသာကြီး ဖြစ်သည့်အားလျော်စွာနိုင်ငံတော်ဘာသာ သာသနာဖြစ်စေရမည်။
၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သည့်စာသား
-------------------------------------------------------
ပုဒ်မ ၃၆၁ - နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကိုနိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သောဂုဏ်ထူး
ဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ်ပြုသည်။
နိုင်ငံတော်ဘာသာ အက်ဥပဒေကို အတည်ပြုပြဌာန်းခြင်း
---------------------------------------------------------
၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ၀ါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက
ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုနေ့ နေ့လည် ၁ နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦးဝင်းမောင်က အခမ်းအနားဖြင့်လက်မှတ်ရေးထိုး
အတည်ပြုပြဋ္ဌာန်းခဲ့သည်။
(၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည်
၁၀ နှစ်အကြာ ၁၉၆၁
ခုနှစ်တွင်အကောင်အထည်ပေါ်လာခဲ့ပါသည်။)
ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းနိုင်ရန် ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ကြသူများ သမိုင်းမှတ်တမ်း
--------------------------------------------
၁။ လွတ်လပ်ရေးအကြိုကာလ အင်္ဂလိပ်အစိုးရလက်ထက်ကပင် ရဟန်း ရှင် လူ ပြည်သူအပေါင်းတို့သည်ဗုဒ္ဓဘာသာကို
နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းနိုင်ရေးအတွက် ဆန္ဒပြုနှိုးဆော်ခဲ့ကြသည်။
၂။ ၁၉၄၇ ခုနှစ်၊ မေလ ဂျူဗလီဟော ဖ-ဆ-ပ-လ ပဏာမညီလာခံတွင် အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ် ဦးဘချိုက
လွတ်လပ်ရေးရသည့်အခါ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းသင့်ကြောင်း အဆိုတင်သွင်းခဲ့သည်။
သို့သော်လည်း လွတ်လပ်ရေးက အရေးကြီးနေ၍ မပြဋ္ဌာန်းနိုင်ခဲ့ပေ။
၃။ ၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ပြည်သူ့လွှတ်တော်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ (စမ်းချောင်း)က ပြည်ထောင်စု
မြန်မာနိုင်ငံတော်ကို ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ် အတိအလင်းကြေညာပေးပါရန် အဆိုတင်သွင်းခဲ့သည်။ ပါလီမန်အမတ်
ဗိုလ်ခင်မောင်က ထောက်ခံသည်။ သာသနာရေးဝန်ကြီး ဦးဝင်းက ကန့်ကွက်သဖြင့် အတည်မပြုနိုင်ခဲ့ပေ။
၎။ ၁၉၅၅ ခုနှစ်တွင် သံမဏိဦးဝမ်းမောင်နှင့် သခင် ဗသောင်းတို့ တည်ထောင်သော ရီပတ်ဗလီကင်ပါတီ (ခေါ်) သမ္မတဂိုဏ်းပါတီ၊
၁၉၅၈ ခုနှစ်တွင် ဆာအမ်အေမောင်ကြီး အပါအ၀င် နိုင်ငံရေးသမားကြီး ကိုးဦးပါဝင်သော The Buddhist Democratic Party နှင့်
၁၉၅၉ ခုနှစ်တွင် သီပေါမင်း၏ တတိယသမီးတော် အသျှင်ထိပ်စုမြတ်ဘုရား နာယကနှင့် မြေးတော် တော်ဘုရားလေး ဦးအောင်ဇေ
ဦးဆောင်သော နိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေးအဖွဲ့တို့နှင့် ရဟန်းပျိုအဖွဲ့များ၊ ရခိုင်သံဃာတော်များသမဂ္ဂ အစရှိသော
အဖွဲ့အစည်းများက နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးအတွက် နှိုးဆော်ဆောင်ရွက်ခဲ့ကြသည်။
၅။ ၁၉၆၀ ပြည့်နှစ်တွင် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းရေးဆိုင်ရာ အကြံပေးအဖွဲ့နှင့် စုံစမ်းရေးကော်မရှင်များကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံ
တစ်ဝှမ်းသို့သွားရောက်ကာ သဘောထားများတောင်းခံခဲ့သည်။ ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။
၆။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်ဘာသာ အက်ဥပဒေကြမ်းကို
ဝန်ကြီးချုပ် ဦးနုက လွှတ်တော်သို့တင်သွင်းသည်။
၇။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက် ၁၃၂၃ ခု ၀ါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ အစည်းအဝေးက
ထောက်ခံမဲ ၃၂၄ မဲ၊ ကန့်ကွက်မဲ ၂၈ မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုနေ့ နေ့လည် ၁ နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦးဝင်းမောင်က အခမ်းအနားဖြင့်လက်မှတ်ရေးထိုး
အတည်ပြုပြဋ္ဌာန်းခဲ့သည်။
(၁၉၅၁ ခုနှစ်တွင် ပါလီမန်အမတ် ဒေါ်ခင်လှ တင်သွင်းခဲ့သော နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးသည် ၁၀ နှစ်အကြာ ၁၉၆၁
ခုနှစ်တွင်အကောင်အထည်ပေါ်လာခဲ့ပါသည်။)
ကျင်းပရန် အစီအစဉ်များ
=============
၁။ နံက်ပိုင်းတွင် သာသနာ့အလံတော်များကို စတင်လွှင့်ထူကြရပါမည်။
၂။ ဥပုသ်သီတင်း ဆောက်တည်ခြင်း၊ အလှူဒါနများပြုလုပ်ခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ခြင်း၊
ပရိတ် ပဋ္ဌာန်း မေတ္တာပို့စသည်များ စုပေါင်းရွတ်ဆိုခြင်း၊ တရားပွဲများ ဟောပြောပွဲများ ကျင်းပခြင်းတို့ကို(မိမိတို့ စွမ်းနိုင်သမျှ)
ဆောင်ရွက်ကြရပါမည်။
(နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းခဲ့သည့်နေ့ကလည်း ရဟန်းရှင်လူများသည် ထိုသို့ပင် ဆောင်ရွက်ခဲ့ကြပါသည်။)
၃။ ညနေတွင် သာသနာ့အလံတော်များကို ပြန်လည်သိမ်းဆည်းနိုင်ကြပါသည်။
နိုင်ငံတော်ဘာသာနေ့ ကျင်းပရန်နှိုးဆော်ချက်
==========================
ပထစအစိုးရလက်ထက် (1961 ခုနှစ် သြဂုတ်လ 26 ရက်) ၁၃၂၃ ခု ၀ါခေါင်လပြည့်နေ့တွင် လွှတ်တော်နှစ်ရပ် တွဲဖက်ညီလာခံ
အစည်းအဝေးက ထောက်ခံမဲ 324 မဲ၊ ကန့်ကွက်မဲ 28 မဲဖြင့် ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် အတည်ပြု
ပြဋ္ဌာန်းခဲ့သည်။ ထိုနေ့ နေ့လည် 1 နာရီတိတိတွင် နိုင်ငံတော်သမ္မတ အိမ်တော်တွင် သမ္မတ ဦးဝင်းမောင်က အခမ်းအနားဖြင့်
လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့သည်။
ထိုတိမ်မြုပ်နေသော ဂုဏ်ယူဖွယ် သမိုင်းကြောင်းကို
ယခုအခါ ပြန်လည်ဖော်ထုတ်ရန် အမျိုး ဘာသာ သာသနာချစ်မြတ်နိုးသူများ၏
တာဝန်တစ်ရပ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျရောက်မည့် ၅၇- နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ် အခမ်းအနားများကို
မြန်မာတစ်နိုင်ငံလုံးတွင် ညီညွတ်စွာကျင်းပကြရန်
ဆရာတော် သံဃာတော်များနှင့်
သာသနာရေး လူမှုရေးအသင်းအဖွဲ့များအား
                   နှိုးဆော်လျက်။
          Crd:သူရိန်​စိုး(ဓမ္မဒူတ)
Wednesday, August 15, 2018
ပဋ္ဌာန်းပါဂဠိတော် မြန်မာပြန်
ပဋ္ဌာန်း ပစ္စယနိဒ္ဒေသ ပါဠိတော်/မြန်မာပြန်
--------------------------------------
----------------------------
မဟာဗောဓိ / Mahar Bodhi  ( page ) မှ ထပ်ဆင့် ဓမ္မဒါနပြုပါသည်။                    ဆရာကြီး ဒေါက်တာမင်းတင်မွန် ရေးသော
.  ❄၂၄ ပစ္စည်း ပဋ္ဌာန်းအဓိပ္ပာယ်❄
💫💫💫💫💫💫💫💫💫💫
၁။ ဟေတုပစ္စည်း၏ ကျေးဇူးပြုပုံ
➖➖➖➖➖➖➖➖
ဟိတ် (၆) ပါးသည် ၎င်းတို့နှင့် တပေါင်းတည်း ယှဉ်ဖြစ်ကြသော စိတ်စေတသိက်များ ဟူသည့်တရားတို့ကိုလည်းကောင်း၊ ထိုစိတ်စေတသိက်တို့ ဖြစ်စေသော စိတ္တဇရုပ်ကိုလည်းကောင်း ဖြစ်ပေါ်စေ၍ မြဲမြံခိုင်ခံ့၊ သန်စွမ်းစွာ တည်နေအောင် ဟေတုပစ္စယသတ္တိဖြင့် ကျေးဇူးပြု၏။
၂။ အာရမ္မဏပစ္စည်း၏ ကျေးဇူးပြုပုံ
➖➖➖➖➖➖➖➖➖
(၁) ရူပါရုံသည် မြင်သိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၂) သဒ္ဒါရုံသည် ကြားသိစိတ်နှင့် ။ပ။
(၃) ဂန္ဓာရုံသည် နံသိစိတ်နှင့် ။ပ။
(၄) ရသာရုံသည် စားသိစိတ်နှင့် ။ပ။
(၅) ဖောဋ္ဌဗ္ဗာရုံသည် ထိသိစိတ်နှင့် ယှဉ်ဘက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၆) ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့သည် မနောဓာတ်အမည်ရသည့် ပဉ္စွဒွါရ၀ဇ္ဇန်းစိတ်၊ သမ္ပဋိစ္ဆိုန်းစိတ်နှင့် ယှဉ်ဖက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၇) အလုံးစုံသော တရားတို့သည် တနည်း အာရုံ ၆-ပါးတို့သည် မနောဝိဉာဏဓာတ်အမည်ရသော စိတ် ၇၆-ပါးနှင့် ယှဉ်ဘက်စေတသိက်တို့ကို ၎င်းအားဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
(၈) အကြင်အကြင် အာရုံတရားတို့ကို အာရုံပြု၍ စိတ်စေတသိက်မားဟူသည့် တရားတို့ ဖြစ်ပေါ်လာကြ၏။ ထိုထိုအာရုံတို့သည် ထိုထို စိတ်စေတသိက်တို့အား ၎င်းတို့ကို ဆွဲတွယ်ထောက်တည်၍ ဖြစ်ပေါ်လာအောင် အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြု၏။
ငါးပါးသီလ စောင့်ထိန်းခြင်း အကျိုးများ
“ငါးပါးသီလ စောင့်ထိန်းခြင်း အကျိုးများ”
💫💫💫💫💫💫💫💫💫💫
▬▬▬▬▬▬▬▬▬▬▬▬▬
၁။“ပါဏာတိပါတ သိက္ခာပုဒ် စောင့်ထိန်းခြင်းအကျိုး၂၂မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬
(၁)။အင်္ဂါကြီးငယ်နှင့် ပြည့်စုံခြင်း၊
(၂)။အလုံးအရပ်နှင့် ပြည့်စုံခြင်း၊
(၃)။လျင်မြန်မှု နှင့် ပြည့်စုံခြင်း၊
(၄)။ခြေဖဝါးအပြင် ကောင်းစွာတည်ခြင်း၊
(၅)။တင့်တယ်လှပခြင်း၊
(၆)။နူးညံ့သိမ်မွေ့ခြင်း၊
(၇)။သန့်ရှင်းစင်ကြယ်ခြင်း၊
(၈)။ရဲရင့်ခြင်း၊
(၉)။ခွန်အားကြီးခြင်း၊
(၁၀)။သန့်ရှင်းပြေပြစ်သော စကားရှိခြင်း၊
(၁၁)။သတ္တဝါအများက ချစ်ခင်နှစ်သက်ခြင်း၊
(၁၂)။ပရိသတ် စည်းလုံးညီညွှတ်ခြင်း၊
(၁၃)။မတုန်လှုပ်ခြင်း၊
(၁၄)။သူတစ်ပါးတို့က မဖျက်ဆီးနိုင်ခြင်း၊
(၁၅)။သူတစ်ပါး ပရောဂကြောင့် မသေရခြင်း၊
(၁၆)။အခြွေအရံများခြင်း၊
(၁၇)။အဆင်းလှခြင်း၊
(၁၈)။အသွင်အပြင်ကောင်းခြင်း၊
(၁၉)။အနာရောဂါကင်းခြင်း၊
(၂၀)။စိုးရိမ်သောကကင်းခြင်း၊
(၂၁)။ချစ်သောသူတို့နှင့် မကွဲမကွာ အတူနေရခြင်း၊
(၂၂)။အသက်ရှည်ခြင်း။
▬▬▬▬▬▬▬▬▬▬▬▬▬▬
၂။ “အဒိန္နာဒါန သိက္ခာပုဒ် စောင့်ထိန်းခြင်း အကျိုး ၉မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬▬
(၁)။ဥစ္စာစပါး ပေါများခြင်း၊
(၂)။သုံးမကုန်အောင် စည်းစိမ်ကြွယ်ဝခြင်း၊
(၃)။မြဲမြံတည်တံသော စည်းစိမ်ရရှိခြင်း၊
(၄)။လိုချင်သော စည်းစိမ်ရလွယ်ခြင်း၊
(၅)။ရန်သူမျိုးငါးပါးနှင့်မဆက်ဆံသော စည်းစိမ်ရှိခြင်း၊
(၆)။ပြန့်ပြောသော စည်းစိမ်ရှိခြင်း၊
(၇)။ရောက်ရာအရပ်၌ အကြီးအကဲ ဖြစ်ရခြင်း၊
(၈)။မရှိသည်၏ အဖြစ်ကိုမသိရခြင်း၊
(၉)။ချမ်းသာစွာ နေရခြင်း။
▬▬▬▬▬▬▬▬▬▬▬
၃။“ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်စောင့်ထိန်းခြင်း အကျိုး၁၇မျိုး”
▬▬▬▬▬▬▬▬▬▬▬
(၁)။ရန်သူမရှိခြင်း၊
(၂)။သတ္တဝါတို့၏ ချစ်ခင်မှုကို ခံရခြင်း၊
(၃)။ထမင်း အဖျော် အဝတ် စသည်ရလွယ်ခြင်း၊
(၄)။ချမ်းသာစွာ အိပ်စက်ရခြင်း၊
(၅)။ ချမ်းသာစွာ နိုးကြားခြင်း၊
(၆)။အပါယ်ဘေးမှ လွတ်ခြင်း၊
(၇)။မိန်းမဘဝ၊နပုံးဏ္ဍုတ်ဘဝမဖြစ်ခြင်း၊
(၈)။အမျက်မထွက်ခြင်း၊
(၉)။အမှန်ကို ပြုလေ့ရှိခြင်း၊
(၁၀)။ကြည်သာရွှင်ပျ မျက်နှာလှခြင်း၊
(၁၁)။ချမ်းသာသုခ နှင့် ပြည့်စုံခြင်း၊
(၁၂)။ ဣနြေ္ဒ ပြည့်စုံခြင်း၊
(၁၃)။လက္ခဏာ ပြည့်စုံခြင်း၊
(၁၄)။ယုံမှား သံသယကင်းခြင်း၊
(၁၅)။ကြောင့်ကြမှုကင်းခြင်း၊
(၁၆)။ချမ်းသာစွာနေရခြင်း၊
(၁၇)။ဘေးရန်မရှိခြင်း။
▬▬▬▬▬▬▬▬▬▬▬▬▬
၎။ “မုသာဝါဒ သိက္ခာပုဒ် စောင့်ထိန်းခြင်း အကျိုး ၁၄ မျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬
(၁)။ဣနြေ္ဒ ကြည်လင်ခြင်း၊
(၂)။သန့်ရှင်းသာယာချိုသာသောစကားရှိခြင်း၊
(၃)။ညီညာသောသွားရှိခြင်း၊
(၄)။မဝလွန်းခြင်း၊
(၅)။မပိန်လွန်းခြင်း၊
(၆)။မပုလွန်းခြင်း၊
(၇)။မရှည်လွန်းခြင်း၊
(၈)။အတွေ့ကောင်းခြင်း၊
(၉)။ခံတွင်းမှ ကြာနံ့သင်းခြင်း၊
(၁၀)။မိမိပြောစကား ပရိသတ်က နာယူခြင်း၊
(၁၁)။ရိုသေလေးစားထိုက်သော စကားရှိခြင်း၊
(၁၂)။ကြာပွင့်လွှာနှင့်တူသော နူးညံ့နီမြန်း၍ပါးသောလျှာရှိခြင်း၊
(၁၃)။မဆုတ်နစ်ခြင်း၊
(၁၄)။မတုန်လှုပ်ခြင်း။
▬▬▬▬▬▬▬▬▬▬▬▬
၅။ “သုရာမေရယ သိက္ခာပုဒ် စောင့်ထိန်းခြင်း အကျိုး၂၃မျိုး”
▬▬▬▬▬▬▬▬▬▬▬▬
(၁)။ကာလသုံးပါး၌ မမေ့လျော့ခြင်း၊
(၂)။ဉာဏ်ကောင်းခြင်း၊
(၃)။သတိကောင်းခြင်း၊
(၄)။အရာဋ္ဌာနအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ရှိခြင်း၊
(၅)။မပျင်းရိခြင်း၊
(၆)။မဆွံ့အခြင်း၊
(၇)။မရူးခြင်း၊
(၈)။မတုန်လှုပ်ခြင်း၊
(၉)။ချုပ်ချယ်စော်ကားမှုမခံရခြင်း၊
(၁၀)။မငြူစူခြင်း၊
(၁၁)။ဝန်တိုမှုကင်းခြင်း၊
(၁၂)။စကားမှန်ကန်ခြင်း၊
(၁၃)။ကုန်းတိုက်စကား၊
ကြမ်းတမ်းစကား၊ပြိန်ဖျင်းစကားမပြောခြင်း၊
(၁၄)။ကျေးဇူးကို သိခြင်း၊
(၁၅)။စွန့်ကြဲခြင်း၊
(၁၆)။သီလရှိခြင်း၊
(၁၇)။ဖြောင့်မတ်ခြင်း၊
(၁၈)။အမျက်မထွက်ခြင်း၊
(၁၉)။အရှက်အကြောက်နှင့်ပြည့်စုံခြင်း၊
(၂၀)။အယူဖြောင့်မတ်ခြင်း၊
(၂၁)။မြင့်မြတ်ခြင်း၊
(၂၂)။ပညာရှိခြင်း၊
(၂၃)။အကျိုး ရှိသည်၊ မရှိသည်၌ လိမ္မာခြင်း။
(မှတ်ချက်။ ။ ဣတိဝုတ် အဋ္ဌကထာ နှင့်
ခုဒ္ဒကပါဌ အဋ္ဌကထာတို့တွင် လာရှိသည်။)
_____________________________________________________
"ငါးပါးသီလ (Five Precepts) အနက်အဓိပ္ပာယ်"
             ပါဠိ -  မြန်မာ -  English
              <><><><><><><><>
(၁) "ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ"
       သတ္တဝါတို့၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
       I shall abstain from killing.
(၂) "အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ"
       သူတစ်ပါး၏ ပစ္စည်းဥစ္စာကို မတရားရယူခြင်းမှ ရှောင်ကြဉ်ပါ၏။
      I shall abstain from taking what is not given.
(၃) "ကာမေသုမိစ္ဆာစာရာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ"
       ကာမဂုဏ်တို့၌ မှားယွင်းစွာ ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။
       I shall abstain from illegal sexual conduct.
(၄) "မုသာဝါဒါ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ"
       မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။
       I shall abstain from telling lies.
(၅)"သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရာမဏိသိက္ခာပဒံ သမာဒိယာမိ"
      မူးယစ်မေ့လျော့စေတတ်သော အရက်သေစာတို့ကို
      သောက်စားခြင်းမှ ရှောင်ကြဉ်ပါ၏။
      I shall abstain from any kind of  intoxicant.
                      ( ချမ်းမြေ့ဆရာတော် )
_____________________________________________________
ငါးပါးသီလ ခံယူဆောက်တည်ပုံ
➖➖➖➖➖➖➖➖
အဟံ ဘန္တေ တိသရဏေန သဟ
ပဉ္စသီလံ ဓမ္မံ ယာစာမိ၊ အနုဂ္ဂဟံ ကတွာ
သီလံ ဒေထ မေ ဘန္တေ။
(ဒုတိယမ္ပိ၊ တတိယမ္ပိ)
ယမဟံ ၀ဒါမိ တံ ၀ဒေထ။
အာမ ဘန္တေ
နမော တဿ ဘဂ၀တော အရဟတော သမ္မာသဗ္မုဒ္ဓဿ ( သုံးကြိမ်)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
(ဒုတိယမ္ပိ၊ တတိယမ္ပိ)
သရဏ ဂမနံ ပရိပုဏ္ဏံ ။ အာမ ဘေႏၱ
🔸ပါဏာတိပါတာ ေ၀ရမဏိ သိကၡာပဒံ
      သမာဒိယာမိ၊
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
🔹အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ
     သမာဒိယာမိ။
သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
🔸ကာမေသုမိစ္ဆာစာရာ ဝေရမဏိ သိက္ခာပဒံ
     သမာဒိယာမိ၊
သူတစ်ပါး သားမယား ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏၊
🔹မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ၊
လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏၊
🔸သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ
     သိက္ခာပဒံ သမာဒိယာမိ၊
သေရည် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
_______________________________________________________
“ ငါးပါးသီလ သာသနာ ”
➖➖➖➖➖➖
■ သရဏဂုံတည်ပြီးတဲ့နောက်မှာ ပါဏာတိပါတာ ဝေရမဏိ-သတ္တ၀ါတွေရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုတဲ့ သာသနာရော ငါ့သန္တာန်မှာ
တည်ရဲ့လား ?
■ အဒိန္နာဒါနာဝေရမဏိ ...သူများဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်မှု လို့ဆိုတဲ့ ဒီသီလသာသနာရော ငါ့သန္တာန်မှာ တည်သလား ?
■ကာမေသုမိစ္ဆာစာရာဝေရမဏိ ... ကာမဂုဏ်ကိစ္စတွေမှာ မှားမှား ယွင်းယွင်း ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ ဒီကိုယ်ကျင့်သီလ
သာသနာရော ငါ့သန္တာန်မှာ ရှိရဲ့လား ?
■မုသာဝါဒါ ဝေရမဏိ ... လိမ်လည်လှည့်စား ပြောကြားခြင်း သူတစ်ပါး အကျိုး ပျက်စီးအောင် လိမ်ခြင်းဆိုတာမျိုးမှ ရှောင်ကြဉ်မှုလို့ ဆိုတဲ့ ကိုယ်ကျင့်
သီလ သာသနာမျိုးရော ငါသန္တာန်မှာ တည်သလား ?ဆိုတာ ဆင်ခြင်စဉ်းစားရမယ်။
■ သုရာမေရယမဇ္ဇပ္ပဒဋ္ဌာနာ ဝေရမဏိ ... မူးယစ်စေတတ်တဲ့အရာတွေ အရက်တို့ ဘီယာတို့ အခြားမူးယစ်ဆေးဝါးတွေတို့ သုံးစားခြင်းမှ ရှောင်ကြဉ်မှုဆိုတဲ့ ဒီ ကိုယ်ကျင့်သီလရော ငါသန္တာန်မှာ တည်သလား ?
ဟော .....
ကိုယ့်သန္တာန်မှာ သာသနာဘယ်နှစ်ခု တည်သလဲဆိုတာ ဆန်းစစ်ကြည့်ရမယ်။
လူတိုင်းလူတိုင်းဟာ အကယ်၍ ကိုယ့်သန္တာန်မှာ။ ဥပမာ ... ငါးပါး သီလထဲက
တစ်ပါးမတည်ဘူး ဆိုရင် သာသနာတစ်ပါး ကွယ်တာလို့ပဲ ပြောရမယ်။
အဲဒီတော့ ...
သာသနာတည်တယ် , မတည်ဘူးဆိုတာ ကျင့်သုံးတဲ့ပုဂ္ဂိုလ် နဲ့ဆိုင်တယ်။အဲဒါကို သတိထားကြဖို့ လိုတယ်ပေါ့။ကိုယ့်သန္တာန်မှာ သာသနာတည်အောင် ကြိုးစား။
အဲ ... တစ်ချို့က
သာသနာတည်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိသည့်
အတွက်ကြောင့် ကိုယ်ကျင့်တရားကောင်းအောင် မကြိုးစားပါဘဲနဲ့ အခြားကိစ္စတွေမှာ ပြိုင်ဆိုင်နေတာမျိုးကတော့ တလွဲဆံပင်ကောင်း နေတာမျိုး ဖြစ်တယ်။
အဲဒီတော့ ...
အခြားကိစ္စတွေမှာ ပြိုင်ဆိုင်မှုမပြုဘဲနဲ့ ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး ကိုယ်သန္တာန်မှာ ဘယ်လောက်တည်သလဲ ဆိုတာ ကိုယ့်ဟာကိုယ် စစ်ဆေးသင့်တယ်။ မတည်သေးလို့ရှိရင် တည်အောင် ကြိုးစား
တည်လို့ရှိရင် ခိုင်မာအောင် ကြိုးစား။ဒီလို ကြိုးစားရမယ် ။
အဲဒီလို ကြိုးစား
လို့ရှိရင် ကိုယ်အတွက်တော့ ကျေနပ်စရာချည်းပဲ။
ငါသန္တာန်မှာ သာသနာတည်နေတယ်လို့ ဒီလို ပြောရမယ်။
- ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာ နန္ဒမာလာဘိဝံသ - အဂ္ဂမဟာပဏ္ဍိတ
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Tuesday, August 14, 2018
တစ်ကယ်ရောတန်သလား
#တစ်ကယ်ရောတန်သလား???
***********************
ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့
ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။
" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့
ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊
ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။
" ခွေးရူးကိုနိုင်တော့
ဂုဏ်ယူစရာ ကောင်းသလား သား? " ၊
ကျားငယ်ခေါင်းခါပါတယ်!
" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား? "
ကျားငယ်က ခေါင်းခါပြန်တယ်!
" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊
ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာ
လျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား
မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊
လူတွေတော်တော်များများက ခွေးရူးနဲ့ ပြိုင်တု
ကိုက်နေကြတာ " တဲ့။
#သင်ခန်းစာ
တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်
တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။
Credit;original uploader
Tuesday, August 7, 2018
ဘဝ နေနည်း
ဘဝနေနည်း
**********
၁။ မရှိဘဲ မကြွားနဲ့။
၂။ အဝတ်အစားကို ကြည့်ပြီး လူတစ်ယောက်ကို အထင် မသေးမိပါစေနဲ့။
၃။ သူများဆီက အလကားရမည်ကို မမျှော်လင့်ပါနဲ့။
၎။ ကျေးဇူးရှိသူကို ကျေးဇူး အကန်းမိအောင် ကြိုးစားပါ။
၅။ မိဘတွေကို အမြဲတန်း ပြုစုနိုင်ပါစေ။
၆။ အချိန်တွေ ပိုမနေပါစေနဲ့။
၇။ မိမိကြောင့် တပါးသူ ဒုက္ခမရောက်ပါစေနဲ့။
၈။ ငွေကို ချွေတာပါ။
၉။ စာဖတ်ဖို့ အချိန် အမြဲပေးပါ။
၁၀။ စိတ်ချမ်း သာအောင်နေ။
Credit: ကျော်လင်းနိုင် (ပစ်တိုင်းထောင်).*
Tuesday, July 31, 2018
အသီးအရွက်များများစားကြစို့
သက်ရှည်ကျန်းမာနေထိုင်ဖို့အသီးအရွက်များများစားကြစို့
***************************************
ကျွန်ုပ်တို့နေ့စဉ် စားသုံးသည့် အစားအစာတွင် အသီးအရွက် အတော်အသင့် ပါဝင်သင့်ကြောင်း သိရှိပြီးဖြစ်ပါသည်။ ၎င်းမှာ ၄ဝဝ ဂရမ်ခန့်ဟု နားလည်ထားပါသည်။ သို့ပါသော်လည်းအင်္ဂလန်နိုင်ငံအင်ပီးရီးယယ်ကောလိပ်မှ သုတေသန တွေ့ရှိချက်အရ နေ့စဉ် စားသုံးနေသည့် အသီးအရွက်ကို ၈ဝဝ ဂရမ်ထိ တိုး၍စားလျှင် ပိုကောင်းကြောင်း သုတေသနတွေ့ရှိချက်များကအတည်ပြု လိုက်ပါသည်။
ယင်းသုတေသီတို့၏ ယူဆချက်မှာ တစ်ကြိမ်စားလျှင် အသီးအရွက် ၈ဝ ဂရမ် ပါဝင် သင့်ကြောင်းနှင့် တစ်နေ့လျှင် အသီးအရွက် ၈ဝဝ ဂရမ်စားသုံးလျှင် နှလုံးသွေးကြော ပိတ်ခြင်း၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများဖြစ်ခြင်းကို သိသိသာသာ လျော့ကျစေသည်ဟု တင်ပြထားပါသည်။ ထို့ပြင် ဤသို့ စားသုံးခြင်းဖြင့် တစ်နှစ်လျှင် ရှစ်သန်းခန့်သော လူများ သက်တမ်းမစေ့မီ သေဆုံးခြင်းကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
ယင်းသုတေသီတို့သည် လူပေါင်း နှစ်သန်းပါဝင်သော သုတေသန ၉၅ ခုကို စနစ်တကျ လေ့လာပြီး သုတေသနပေါင်းချုပ် အနှစ်ချုပ်အဖြစ် အဖြေထုတ်ခဲ့ပါသည်။
ဤသုတေသန ပေါင်းချုပ်တွင် နှလုံးရောဂါသည် ငါးသောင်း၊ လေဖြတ်ရောဂါ ခံစားရသည့် ဝေဒနာရှင် ငါးသောင်း၊ သွေးတိုးရောဂါသည် ရှစ်သောင်း၊ ကင်ဆာရောဂါသည် တစ်သိန်းတို့ ပါဝင်ပါသည်။ထို့ပြင်သေဆုံးသွားသူတစ်သိန်းကိုလည်း လေ့လာခဲ့ပါသည်။
ဤသုတေသနတွင် အသီးအရွက် လုံးဝမစားသူများအုပ်စု၊ အသီးအရွက် တစ်နေ့လျှင်၂ဝဝ ဂရမ် စားသည့်အုပ်စုနှင့် အသီးအရွက် တစ်နေ့လျှင် ၈ဝဝ ဂရမ်စားသည့်အုပ်စုဟူ၍ အုပ်စုကြီးသုံးစု ခွဲကာလေ့လာခဲ့ပါသည်။
အသီးအရွက်တစ်နေ့လျှင် ၂ဝဝ ဂရမ် စားသုံးသည့် သူများသည် လုံးဝ မစားသုံးသူများနှင့် ယှဉ်သော် နှလုံးရောဂါနှင့် လေဖြတ်ရောဂါကို ၁၅ ရာခိုင်နှုန်း လျော့ကျ စေနိုင်ကြောင်း၊ ကင်ဆာရောဂါ ဖြစ်ခြင်းကို ၄ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်းနှင့် သက်တမ်းမစေ့မီ သေဆုံး စေနိုင်ခြင်းကို ၁၅ ရာခိုင်နှုန်း ကျဆင်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။
သို့ပါသော်ငြားလည်း နေ့စဉ်အသီးအရွက် စားသုံးမှုကို ၈ဝဝ ဂရမ်အထိ တိုးလိုက်သောအခါ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကို ၃ဝ ရာခိုင်နှုန်းထိ ထပ်မံ လျော့ကျစေနိုင်ကြောင်း၊ ကင်ဆာရောဂါ ဖြစ်ခြင်းကို ၁၃ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်းနှင့် သက်တမ်း မစေ့မီ သေဆုံး စေနိုင်ခြင်းကို ၃ဝ ရာခိုင်နှုန်း ကျဆင်းစေသည်အထိ တွေ့ရှိရပါသည်။
နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် သက်တမ်းမစေ့မီ သေဆုံးစေနိုင်ခြင်းကို ကာကွယ် နိုင်သည့် အကောင်းဆုံး အသီးအရွက်များမှာ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဂရိတ်ဖရုသီး စသော ချဉ်သော အရသာရှိသည့် အသီးများ၊ ပန်းသီးအမျိုးမျိုး၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ မုန်ညင်းရွက်၊ မုန်လာရွက် စသည့် အစိမ်းရောင်ရှိသည့် အရွက်များနှင့် ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့ ပါဝင်ပါသည်။
ကင်ဆာဖြစ်နှုန်းကို လျော့ကျစေသည့် အသီးအရွက်များမှာ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ မုန်ညင်းရွက်၊ မုန်လာရွက် စသည့် အစိမ်းရောင်ရှိသည့် အရွက်များ၊ အဝါရောင်ရှိသည့် ငရုတ်ပွနှင့် ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့ ဖြစ်ပါသည်။
အသီးအရွက်များသည်ကျွန်ုပ်တို့ ၏ သွေးအတွင်းရှိ ကိုလက်စထရောကို လျော့ကျစေပါသည်။ သွေးကြောများကို ပိုမိုကျယ်စေပြီး သွေးတိုးခြင်းမှလည်း ကာကွယ်ပေးပါသည်။
ထို့ပြင် ကျွန်ုပ်တို့ သွေးကြောများ၏ သန်စွမ်းကောင်းမွန်မှုကို အထောက်အကူဖြစ်စေပါသည်။ ကိုယ်ခံစွမ်းအားကိုလည်း တက်စေပါသည်။ အသီးအရွက်များတွင် ဓာတ်မတိုးပစ္စည်းများ ပါဝင်သဖြင့် ဆဲလ်များ၏ ဒီအင်န်အေ ပျက်စီးမှုကို လျော့နည်းစေပြီး ကင်ဆာဖြစ်ပွားခြင်းကို ဟန့်တားပေးခြင်းဖြစ်ပါသည်။
အသီးအရွက်များတွင် ဖော်ပြပါ တန်ဖိုး မဖြတ်နိုင်သည့် အစွမ်းသတ္တိများရှိသဖြင့် တတ်နိုင်သရွေ့ များများ စားသုံး သင့်ပါသည်။
ထို့ပြင်ဟင်းသီးဟင်းရွက်များကိုလတ်လတ်ဆတ်ဆတ်သာ စားသုံးသင့်ပါသည်။
သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အားလုံး နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါများကို ကာကွယ်ပြီး အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် အသီးအရွက်ကို နေ့စဉ် ၈ဝဝ ဂရမ်ခန့်စားသုံးသင့်ကြောင်း တင်ပြအပ်ပါသည်။
#{{ မှတ်ချက်။   ။ ၁၀၀ဂရမ် = ၆ကျပ်တမတ်သား}}#
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Crd:     :ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ
Tuesday, July 17, 2018
ပူစီနံ အကျိုးကျေးဇူး
ပူစီနံ(ပူဒီနာ)၏ ကျန်းမာရေးအကျိုးကျေးဇူးများ
**********************************
ပူစီနံရွက်ထဲတွင် အမျှင်ဓာတ်အမြောက်အမြား ပါရှိသဖြင့်၊ မကောင်းသော ကိုလက်စထရော(LDL )ကိုလျှော့ချပေးပြီး ကောင်းသောကိုလက်စထရော(HDL)ကို မြှင့်တင်ပေးလို့ နှလုံးရောဂါကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင် မဂ္ဂနီစီယမ်ဓာတ်ပါရှိလို့ နှလုံးခုန်နှုန်းကို ပုံမှန် ထိန်းသိမ်းပေးနိုင်၏
ပူဒီနာ(ပူစီနံ)ဟာရှေးကျသောဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်အဖြစ်လူသိများပါတယ်။ကမ္ဘာပေါ်တွင်ပူစီနံပင်အမျိုးအစားပေါင်း ၃၀ ခန့်ရှိပြီး၊အပူအအေးမျှတသောဥရောပနှင့် အာရှတိုက်ဒေသများတွင်ကောင်းစွာဖြစ်ထွန်းကြ၏။အာရှတိုက်ရှိပူစီနံသည်ဥရောပတိုက်ရှိပူစီနံထက်အရသာမှာအနည်းငယ်ပို၍စူးရှပါတယ်။ပူစီနံပင်သည်ခရမ်း (သို့မဟုတ်) မရန်းနုရောင်ပန်းပွင့်ကလေးများဝေဝေဆာဆာဖူးပွင့်ကာသဲဆန်သောမြေတွင်ပိုမိုဖြစ်ထွန်းကြ၏။ရေအလွန်ကြိုက်သော အပင်ဖြစ်ပြီး၊မြေပြင်ပေါ်တွင်လျင်လျင်မြန်မြန်အမြစ်တွယ်ဖြန့်ကျက်၍ ပေါက်ရောက်လေ့ရှိကြပါတယ်။
ပူစီနံရွက်ကိုမိမိနှစ်သက်ရာငါး၊ပုစွန်နှင့်အသားအမျိုးမျိုးတို့တွင်ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော်လည်းကောင်း၊မြန်မာ့ရိုးရအစားအစာမုန့်ဟင်းခါးဖြင့်တွဲဖက်၍သော်လည်းကောင်း၊အသုပ်၊တို့စရာအဖြစ်သော်လည်းကောင်းစားသုံးကြပါတယ်။ ထို့ပြင်ရေနွေးဆူဆူတွင်ပူစီနံရွက်ကိုအစိမ်းလိုက်ခတ်ထည့်၍သော်လည်းကောင်း၊သို့မဟုတ်အခြောက်ခံ၍သော်လည်းကောင်း၊သို့မဟုတ်အရွက်ခြောက်ကိုအမှုန့်ကြိတ်၍သော်လည်းကောင်းလက်ဖက်ရည်အဖြစ်သောက်သုံးကြပါတယ်။
၎င်း၏ ရှင်းသန့်တဲ့ရနံ့ကြောင့် ရှေးအီဂျစ်နှင့်ရောမလူမျိုးများက နေအိမ်နှင့်ဘုရား ကျောင်းများတွင် ပူစီနံပင်ကို အထူးတလည် စိုက်ပျိုးခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး။ ပူစီနံရွက်ဟာ ရေကိုသန့်စေတဲ့ အစွမ်းသတ္တိရှိလို့၊ သောက်ရေသန့် လုပ်ရာမှာလည်း အသုံးပြုလေ့ရှိပါတယ်။ ထူးခြားကောင်းမွန်သော ရနံ့နှင့် အရသာတို့ကြောင့် အချို့နိုင်ငံများတွင် ပူစီနံရွက်၏ သတ္တုရည်ကိုအသုံးပြု၍ ပျားရည်၊ သကြားလုံး၊ ဂျယ်လီ၊ ပီကေ၊ အချိုရည်နှင့် ရေခဲမုန့်တို့ ပြုလုပ်ကြပါတယ်။
ကမ္ဘာပေါ်တွင်ဆေးဖက်ဝင်အပင်အမျိုးအစားပေါင်း မြောက်မြားစွာရှိနေသည့်အနက်ပူစီနံရွက်သည်လည်းတစ်ခုအပါအဝင်ဖြစ်ကာအနာရောဂါများကိုသူမတူအောင်ကုသနိုင်စွမ်းရှိပါတယ်။
WH Foods မှဆေးသုတေသီများ၏ဓာတ်ခွဲစမ်းသပ်ချက်များအရ
၁၀၀ ဂရမ်ရှိသော ပူစီနံရွက် လတ်လတ်ဆတ်ဆတ်ထဲတွင် လူသားတို့ကျန်းမာရေးကို အထောက်အကူပြုစေသော
ကယ်လိုရီ ၇၀ ၊
အဆီဓာတ် သုည ဒသမ ၉၄ ဂရမ်၊
ချေဖျက်လွယ်သောအမျှင်ဓာတ် ၈ ဂရမ်၊
ဗီတာမင်အေ ၁၄၁ ရာခိုင်နှုန်း၊
ဗီတာ မင်စီ ၅၃ ရာခိုင်နှုန်း၊
ကော့ပါး ၃၆ ရာခိုင်နှုန်း၊
သံဓာတ် ၆၃ ဒသမ ၅ ရာခိုင်နှုန်း၊
မဂ္ဂနီစီယမ် ၂၀ ရာခိုင် နှုန်း၊
မဂ္ဂနီးစ် ၅၁ ရာခိုင်နှုန်း၊
ဇင့် ၁၀ ရာခိုင်နှုန်း၊
ဖောလိပ် ၂၈ ရာခိုင်နှုန်း၊
ကယ်လ်စီယမ် ၂၄ ရာခိုင်နှုန်းတို့အသီးသီး ပါရှိကြပါတယ်။
၁။ ပူစီနံထဲတွင်ပါရှိသော ဗီတာမင်စီနှင့် ဗီတာမင်အေတို့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအဖြစ် စွမ်းဆောင်ပေးပါတယ်။ ဒါ့ပြင် မဂ္ဂနီးစ်ဓာတ်သည် ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေရုံသာမက၊ပူစီနံရွက်ဟာ Omega-3 Fatty Acids တို့စုဝေးရာအရင်းအမြစ်ဖြစ်လို့ကင်ဆာရောဂါတွေကို ကြိုတင်ကာကွယ်ပေးပါတယ်။
ပူစီနံထဲတွင် Phytonutrient (ခေါ်) Perillyl Alchol ပါရှိလို့၊ ကင်ဆာ အဖုအကျိတ် ကြီးထွားလာမှုကိုနှေးကွေးစေကာ၊ အထူးသဖြင့် အဆုတ်၊အူမကြီးနှင့်အရေပြားကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆေးသုတေသီများကဆိုပါတယ်။
၂။ ပူစီနံရွက်ဟာ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးလို့ဆီးရွှင်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။အသည်းနှင့်သည်းခြေအိတ်တို့ကိုလည်းကောင်းကျိုးပြုပါတယ်။
၃။ ပူစီနံရွက်ထဲမှာ Anti-Spasmodic, Anti-Fungal နှင့် Rosmarinic Acid (ခေါ်) Anti-Inflamma- tory အစွမ်းသတ္တိများပါရှိသဖြင့် သဘာဝပိုးသတ်ဆေးအဖြစ်မှိုပိုးများကိုသေစေနိုင်သောအစွမ်းရှိလို့ပန်းနာရင်ကျပ်ရောဂါ၊အအေးမိတုပ်ကွေးနှင့်ချောင်းဆိုးချွဲကျပ်ရောဂါများကို သက်သာစေနိုင်ကြောင်း၊နားတွင်ရောင်ရမ်းခြင်းနှင့်အနာများကိုကျက်စေနိုင်ကြောင်းအိန္ဒိယဆေးပညာရှင်များကဆိုပါတယ်။ထိုအဆိုပြုချက်ကို WHF Foods နှင့် အနောက်ဗာဂျီးနီးယားတက္ကသိုလ်တို့မှလည်းအတည်ပြုထောက်းခံထားကြပါတယ်။
၎။ ပူစီနံရွက်ထဲရှိ သဘာဝဓာတုဓာတ်ပေါင်းစုတို့က ခံတွင်းထဲရှိ ဗက်တီးရီးယားပိုးများကိုသေစေပြီး ခံတွင်းရောဂါအမျိုးမျိုးနှင့် ခံတွင်းရနံ့ဆိုးများကို ပျောက်ကင်းစေပါတယ်။တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ပူစီနံကို မှန်မှန်ဝါးပေးရုံဖြင့်သွားများကို ဖြူဖွေးစေရုံသာမက၊ အသက်ရှူ လမ်းကြောင်းကို ပွင့်စေနိုင်၏။ပူစီနံရွက်ဖြင့်ဖော်စပ်ထားသော သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင် ဆေးရည်များကိုလူကြိုက်များရေပန်းစားလျက်ရှိပါတယ်။
၅။ ပူစီနံရွက်၂၀၀ ဂရမ်ကိုရေ ၃ လီတာဖြင့် ရောစပ်၍အပူချိန် 37.C တွင်ပြုတ်ပါ။ထိုပြုတ်ရေကိုခပ်နွေးနွေး အနေအထားတွင်ရေချိုးပေးခြင်းဖြင့် အကြောဆွဲခြင်းနှင့်ဒူလာပါဒရက်ရောဂါဝေဒနာများကို သက်သာလာစေနိုင်၏။
၆။ ပူစီနံရွက်ထဲတွင် အမျှင်ဓာတ်အမြောက်အမြား ပါရှိသဖြင့်၊ မကောင်းသောကိုလက်စထရော(LDL) ကိုလျှော့ချပေးပြီး ကောင်းသောကိုလက်စထရော(HDL) ကို မြှင့်တင်ပေးလို့ နှလုံးရောဂါကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင် မဂ္ဂနီစီယမ်ဓာတ်ပါရှိလို့ နှလုံးခုန်နှုန်းကို ပုံမှန် ထိန်းသိမ်းပေးနိုင်၏။
၇။ သွေးသန့်စေပြီး ကာမအားကို တိုးပွားလာစေပါသည်။
၈။ ပူစီနံရွက်ထဲတွင်ကယ်လ်စီယမ်နှင့်မဂ္ဂနီစီယမ်တို့အလုံအလောက်ပါရှိသဖြင့်ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေကာအရိုးကိုသန်စွမ်းစေပါတယ်။မဂ္ဂနီစီယမ်အစွမ်းကြောင့် သွေးထဲရှိသကြားပမာဏကိုထိန်းညှိပေးခြင်း၊သွေးခုန်နှုန်းကိုပုံမှန်ဖြစ်စေခြင်း၊ခန္ဓာကိုယ်တစ်သျှူးများကို ပြန်လည်အား ဖြည့်ပေးခြင်း၊ကြွက်သားနှင့်အာရုံခံအင်္ဂါအဖွဲ့အစည်းကို ကောင်းစွာအလုပ်လုပ်စေခြင်းစသည်ဖြင့်ကောင်းကျိုးပြုပါတယ်။
၉။ လေချုပ်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ဝမ်းသွားခြင်း၊ လေထိုး လေအောင့်ခြင်းနှင့် အစာအဆိပ်သင့်ခြင်းတို့မှ ပျောက်ကင်းစေပြီး အစာအိမ်၊ အူသိမ်၊ အူမနှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများကိုကောင်းစွာ ကုသပေးနိုင်ပါတယ်။ ပူစီနံရွက်ခြောက်ကို လက်ဖက်ရည်ကြမ်းခတ်၍သောက်သုံးခြင်းဖြင့် အစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေကာအစာအိမ်နာအမျိုးမျိုးမှ ကာကွယ်ပေးနိုင်ပါတယ်။
ပူစီနံရွက်အဆီနှင့် ကျန်းမာရေး
--------------------------------
၁။ ပူစီနံရွက်မှ ရရှိသောအဆီသည် လူကိုလန်းဆန်းတက်ကြွစေကာ၊ ခွန်အားဖြစ်စေ၏။ထို့ကြောင့် စိတ်ပင်ပန်း နွမ်းလျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ခေါင်း ကိုက်ဝေဒနာအမျိုးမျိုးတို့အတွက် ပူစီနံရွက်အဆီကို နားထင်နှင့်ဇက်ပိုးများတွင် ပွတ်လိမ်းပေးခြင်းဖြင့် ဝေဒနာများ သက်သာကောင်းမွန်လာစေပါတယ်။
၂။ လည်ချောင်းနာရောဂါများနှင့် အသံဝင်၊ အသံကွဲ၊ အသံပြာခြင်းတို့အတွက် ပူစီနံရွက်အဆီ အနည်းငယ်ကို ရေနွေးဖြင့်ရောစပ်၍ ပလုတ် (အာလုတ်) ကျင်းပေးနိုင်ပါတယ်။
၃။ ပူစီနံရွက်အဆီ ၅ ဂရမ်ကို၊ အရက် ၉၅ ဂရမ်ဖြင့်ရောစပ်၍ လိမ်းကျံပေးခြင်းဖြင့် ဒူလာရောဂါကြောင့် အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းနှင့် ကိုယ်လက် ယားယံခြင်းတို့ကိုလည်း သက်သာလာစေနိုင်ပါ တယ်။
၎။ ပူစီနံရွက်အဆီကို Aroma အဖြစ် အရေပြားပေါ်လိမ်းကျံ၍ အသာအယာနှိပ်ပေးရုံမျှဖြင့်အေးမြစေကာ ချွေးထွက်လွန်ခြင်းကို သက်သာလာစေနိုင်ပါတယ်။
၅။ အင်းဆက်ပိုးမွှားများ ကိုက်ခံရပါက ပူစီနံရွက်အဆီကို လိမ်းပေးနိုင်ပါတယ်။
၆။ ကြွက်တက်ခြင်း၊ အဆစ်လွဲခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
ပူစီနံရွက်နှင့် အသားအရေထိန်းသိမ်းနည်း
-------------------------------------------
၎င်း၏ထူးခြားသောရနံ့နှင့်ကောင်းမွန်သောအစွမ်းသတ္တိများကြောင့်ကရင်(မ်)၊လိုးရှင်း၊ခေါင်းလျှော်ရည်၊မျက်နှာသန့်စင်ဆေးရည်၊အလှဆီ၊ဆပ်ပြာစသည့်အလှကုန်ပစ္စည်းအမျိုးမျိုးနှင့်ရေမွှေးများထုတ်လုပ်ရောင်းချလျက်ရှိကြပါတယ်။ပူစီနံရွက်တွင် Antibacterial အစွမ်းသတ္တိများပါရှိခြင်းတို့ကြောင့်မျက်နှာပေါ်ရှိဝက်ခြံ၊ တင်းတိတ်နှင့်အမည်းစက်များကိုသက်သာလာစေနိုင်ပါတယ်။
ပူစီနံရွက်ဖြင့် ငွေကုန်ကြေးကျမများဘဲ လွယ်လင့်တကူ
အောက်ပါနည်းလမ်းတို့ဖြင့် အသားအရေထိန်း သိမ်းနိုင်ပါတယ်။
(၁) သဘာဝ အသားအရေပိုင်ရှင်များအတွက် ကြိတ်ချေထားသော ပူစီနံရွက်တစ်ခွက်၊သုံးခွက်၊သဘာဝဆားစားပွဲတင်ဇွန်းတစ်ဇွန်းတို့ကိုမိမိသုံးနေကျ Facial Cleanser ထဲထည့်ရောမွှေကာမျက်နှာအနှံ့စက်ဝိုင်းပုံသဏ္ဌာန်လိမ်းကျံပေးပြီးနောက် ရေနွေးနွေးဖြင့်သစ်ပေးနိုင်ပါတယ်။
(၂) မကြာခဏ ဝက်ခြံပေါက်သော အသားအရေပိုင်ရှင်များသည် ကြိတ်ချေထားသောပူစီနံရွက်ကို အုတ်ဂျုံဖြင့် ရောနယ်လိမ်းပေးကာ မိနစ် ၂၀ အကြာတွင် ရေနွေးနွေးဖြင့်
သန့်စင် ဆေးကြောပေးနိုင်ပါ တယ်။
(၃) မျက်နှာပေါ်တွင် အမည်းအစက်ပြောက် ရှိသူများအတွက် ပူစီနံရွက်ခြောက်ကိုမန်ကျည်းသီးအနှစ်၊ ရေအနည်းငယ်တို့ဖြင့် ခပ်ပျစ်ပျစ်ဖျော်ကာ အမည်းအစက်အပြောက်
များပေါ်သို့ လိမ်းကျံပေးနိုင်ပါတယ်။
(၄) ခန္ဓာကိုယ်အသားအရေ ညက်ညောလိုသူများသည် ပူစီနံရွက်နှင့် ဗာဒံစေ့တို့ကိုကြိတ်ချေကာ ရေနွေးနည်းနည်းရော၍ ရရှိလာသောအနှစ်ဖြင့် တစ်ကိုယ်လုံးကို လိမ်းကျံပြီး
ခြောက်သွားသောအခါ ရေနွေးဖြင့် ရေချိုးသန့်စင်ပေးနိုင်ပါတယ်။
(၅) ပူစီနံရွက်ပြုတ်ဖြင့် ရေချိုးပေးခြင်းဖြင့်အသားအရေခြောက်သွေ့ခြင်းမှ ကင်းဝေးကာ စိုပြည် လှပလာပါလိမ့်မယ်။
***ဘေးထွက်ဆိုးကျိုးများ***
################
(က) ပူစီနံရွက်အဆီသည် ကိုယ်ဝန်ဆောင်မိခင်များ၊နို့တိုက်မိခင်များနှင့် ရင်ခွင်ပိုက်ကလေးငယ်များ အတွက် မသင့်လျော်ပါ။
(ခ) အဆီကို သောက်သုံး၍မရပါ။ (External Use အတွက်သာဖြစ်ပါသည်။)
(ဂ) Aroma Oil Cream အဖြစ်အရေပြားကိုလိမ်းကျံရာတွင် အစက် ၃၀ ထက်ပို၍မသုံးသင့်ပါ။
ပူစီနံရွက်သည် သဘာဝဆေးစွမ်းသတ္တိများစွာ စုဝေးရာအရင်းအမြစ်ဖြစ်သောကြောင့်လူသားတို့ကျန်းမာရေးကို များစွာ အထာက်အကူပြုစေပါတယ်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ
ကောင်းမွန်သော သဘာဝ ဆေးဖက်ဝင်ပူစီနံရွက်ကို လက်လွှတ်မခံဘဲ အလေ့အကျင့်ကောင်းတစ်ခုလုပ်ယူကာ၊ စားသုံးပေးကြပါ ရန်တိုက်တွန်းအပ်ပါသည်။
မှီးငြမ်း
Health Benefits of Mint Leaves By Derek and Deepika Sahu, TNN Oct 22,2011.
ပေါက်ပေါက်
ကြေးမုံသတင်းစာ
ဒီဇင်ဘာလ (၂၉) ရက်၊ ၂၀၁၄ ခုနှစ်
ဒန့်သလွန်သီး နဲ့ ကျန်းမာရေး
ဒန့်သလွန်သီးက ကျန်းမာရေးအတွက်ဘာတွေရမလဲ
***************************************
ဒန့်သလွန်ပင်သည် အတန်ငယ်ခြောက်သွေ့သော အပူလျော့ဇုန်ပိုင်း ဒေသများတွင် ကောင်းစွာဖြစ်ထွန်းပြီး အစေ့မှ အပင်ပေါက်ခြင်း ဖြစ်ပါသည်။ ရှင်သန်မှုလျှင်မြန်သော နှစ်ရှည်ပင်ဖြစ် ပါသည်။ မိုးဥတုတွင်တော့ ဒန့်သလွန်ပင်၏ အကိုင်းရင့်ရင့် အပိုင်းကိုခုတ်၍ စိုက်ပျိုးရှင်သန်နိုင်ပါသည်။ သို့သော် အစေ့မှ စိုက်ပျိုးခြင်းက သေချာမှုရှိစေပါသည်။ ဒန့်သလွန်ပင်၏ ပင်စည်အသားသည် အခြားအပင်များနှင့်မတူ တုတ်ခိုင်ခြင်းမရှိဘဲ ကိုင်းဆတ်ပြီး၊ ပိုးကိုက်တတ်သော ပင်စည် အမျိုးအစား ဖြစ်သည့်အတွက် အပင်ပေါ်တက်ရန် အန္တရာယ် များလှပါသည်။ ထို့ကြောင့် အသီးတောင့်နှင့် အရွက်တို့ကို အောက်မှ ၀ါးလုံးတံချူဖြင့်သာ ခူးဆွတ်လေ့ ရှိကြပါသည်။ အသီးတောင့်များ မရင့်မှည့်ခင် အပင်ပေါ်မှ ခူးဆွတ်ပေးရပါသည်။ တစ်နှစ်ပတ်လုံးလိုလို အစိမ်းရောင် အရွက်ဝိုင်းဝိုင်း ကလေးများဖြင့် ဝေနေတတ်သော်လည်း ဆောင်းအကုန် နွေဦးရာသီတွင်တော့ အရွက်ကြွေလေ့ ရှိပါသည်။ ထို့နောက် ရွက်ဟောင်းကြွေပြီး ရွက်နုပြန်ထွက်ကာ အဖြူရောင် အဖူး၊အပွင့်ပွင့်ပြီး အသီး စတင်သီးပါတော့သည်။ ရွက်နုပြန်ထွက်ခါစ အချိန်တွင် ဒန့်သလွန်ရွက်က ပို၍ချို ပါသည်။ တုတ်ချောင်းပုံသဏ္ဍာန် အသီးတောင့်များသည် ပင်စည်ကိုင်းခတ်များမှ တွဲလွဲခို၍ သီးကြပါသည်။
ကမ္ဘာပေါ်တွင် ဒန့်သလွန်ပင် စတင်ပေါက်ရောက်ရာ ဇာစ်မြစ်မှာ အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက် ဒေသဖြစ်ပြီး၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖကန်နစ္စတန် စသည့် အပူပိုင်းဇုန်တို့တွင်လည်း လှိုင်လှိုင်ပေါပါသည်။ ဒန့်သလွန်သီး အကြောင်းကို လွန်ခဲ့သော အနှစ် ၂၀-ကျော် ခန့်က၊ အိန္ဒိယနိုင်ငံတွင် ဆေးသုတေသနပြုလုပ်ပြီးနောက်မှာတော့ ဒန့်သလွန်သီးသာမက၊ အပွင့်၊ အရွက်၊ အစေ့၊ အပင်၏ အခါက်နှင့် အမြစ်အပါအ၀င် တစ်ပင်လုံး၏ ထူးခြားဆန်းပြား အံသြဘွယ်ကောင်းလောက်အောင် ဆေးဘက်ဝင်ပုံကို လေ့လာသိရှိလာခဲ့ ကြပါသည်။ထိုအချိန်မှစ၍ဒန့်သလွန်ပင်သည် အရေးပါသော စားသောက်ကုန် သီးနှံတစ်ခုအဖြစ် အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ ဆူဒန်၊ အရှေ့ -အနောက်-တောင် အာဖရိက၊ လက်တင် အမေရိက၊ ကာရေဘီယံ၊ ဖလော်ရီဒါနှင့် ပစိဖိတ်ကျွန်းစုတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလာခဲ့ကြပါသည်။
မြန်မာပြည်၏ အထက်အညာဒေသတွင် ဒန့်သလွန်ပင်များ လက်ညှိုးထိုးမလွဲ ပေါများလှပါသည်။ မိမိအိမ်ဝိုင်း၏ နောက်ဖေးမြေကွက်လပ်တွင် စိုက်ပျိုးလေ့ ရှိကြပါသည်။ ဒန့်သလွန်သီး ရာသီချိန်ရောက်သော အခါတွင် အရသာလည်းရှိကာ၊ ရနံ့လည်းမွှေးသည့် ဒန့်သလွန်သီးကို ဟင်းအမယ် မျိုးစုံချက်ကာ မြန်မာအိမ်ရှင်မများ လက်စွမ်းပြလေ့ ရှိကြပါသည်။ ဒန့်သလွန်ရွက်နှင့် အဖူးအပွင့်တို့ကို ဟင်းချို၊ ဟင်းခါးနှင့် အသုပ်အဖြစ် စားနိုင်ပါသည်။ ဒန့်သလွန်သီးကို ငရံ့ (သို့ မဟုတ်) ငရံ့ခြောက် (သို့မဟုတ်) ကြက်ဥ/ဘဲဥ တို့ဖြင့် တွဲဖက်၍သော်လည်းကောင်း၊ ပဲကုလားဟင်း၊ သီးစုံချဉ်ရည်ဟင်း အဖြစ်လည်းကောင်း၊ ဒန့်သလွန်သီးတောင့်ကို အစိမ်းလိုက် (သို့ မဟုတ်) မီးကင်ပြီး အတွင်းသားနှင့် အစေ့တို့ကို ဇွန်းဖြင့်ခြစ်ကာ ကြက်ဥဖြင့် မွှေကြော်၍သော်လည်းကောင်း၊ (သို့ မဟုတ်) ဘူသီးဖြင့် ကြော်ချက်ဟင်းအဖြစ်လည်းကောင်း အရသာရှိရှိ စားသုံးနိုင်ပါသည်။ အနောက်နိုင်ငံ များတွင်တော့ သူ့ရိုးရာဒေသအလိုက် ဟင်းလျာအဖုံဖုံကို ချက်ပြုတ်စားသောက်ကြသလို ဒန့်သလွန်ရွက်နှင့် အပွင့်တို့ကို နည်းပညာဖြင့် ပြုပြင်ကာ ကိတ်မုန့် ဖုတ်စားကြပါသည်။
ဒန့်သလွန်သီးနှင့် အရွက်တို့ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့်
Protein,
Carotene,
Carbohydrates,
Water,
Calorie,
Fiber,
Fat,
Vitamin A,
Vitamin B(choline),
Vitamin B1(thiamin),
Vitamin B2(riboflavin),
Vitamin B3(nicotinic acid),
Vitamin C(ascorbic acid),
Calcium,
Magnesium,
Phosphorous,
Potassium,
Copper,
Iron,
Sulphar,
Arginine,
Histidine,
Isoleucine,
Leucine,
Lysine,
Methionine,
Phenylalanine,
Threonine,
Tryptophan,
Valine စသည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်တို့ မြင့်မားစွာပါရှိပါသည်။ အသီးနှင့်အရွက်သာမက အဖူးအပွင့်များထဲတွင်လဲ အဟာရဓာတ်ပမာဏ အမြောက်အများ ပါဝင်ပါသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ဟိုးရှေးနှစ်ပေါင်း များစွာမှစ၍ ယနေ့တိုင်အောင် ရိုးရာကုထုံးများတွင် ဘေးဥပါသ်ကင်းဝေးစွာ အသုံးပြု လျှက်ရှိပါသည်။
Trees for Life Organization ၏ မှတ်တမ်းများအရ ဒန့်သလွန်သီးနှင့် အရွက်ထဲတွင်ပါရှိသော--
vitamin C သည် လိမ္မော်သီး ထဲတွင်ပါရှိသော ပမာဏထက် ၇-ဆ ပိုသောကြောင့် အအေး မိ၊ နှာစေး၊ ချောင်းဆိုးခြင်းကို ကာကွယ်ပေးနိုင်ပါသည်။
calciumသည်နို့ထဲတွင်ပါရှိသောပမာဏထက်၎-ဆပိုသောကြောင့်အရိုးနှင့်သွားများကိုခိုင်မာသန်စွမ်းစေနိုင်ပါသည်။
iron သည် ဟင်းနုနယ်ထဲတွင် ပါရှိသော ပမာဏထက် ၅-ဆ ပိုသောကြောင့် သွေးကို သန့်စေပါသည်။
potassium သည် ဌက်ပျောသီး ထဲတွင်ပါရှိသော ပမာဏထက် ၃-ဆ ပိုသောကြောင့် ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းကို ကောင်းစွာ အလုပ်လုပ်စေနိုင်ပါသည်။
vitamin A သည် မုန်လာဥနီ ထဲတွင်ပါရှိသော ပမာဏထက် ၄-ဆ ပိုသောကြောင့် မျက်စေ့ရောဂါ၊ အရေပြားရောဂါနှင့် နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါသည်။
ပရိုတင်း သည် နို့နှင့် ကြက်ဥ ထဲတွင်ပါရှိသော ပမာဏထက် ၂-ဆ နီးပါး ပိုသောကြောင့် ခန္ဓာကိုယ်ထဲရှိ ဆဲလ်များပိတ်ဆို့မှုတို့ကို ကာကွယ်ပေးနိုင်ပါသည်။
(၁) သွေးတိုးရောဂါသည်များအတွက်ဒန့်သလွန်ရွက်နှင့် အသီးတို့ကဆရာဝန်တစ်ဦးကဲ့သို့ အားထားလောက်ပါသည်။
(၂) သွေးကိုသန့်စင်စေကာ၊ သွေးလည်ပတ်စီးဆင်းမှုကို ချောမွေ့စေပြီး၊ ခွန်အားလည်း တိုးပွားစေသဖြင့် ကြီးကောင်ဝင်စ ဆယ်ကျော်သက်ရွယ် ကလေးများ မှန်မှန်စားသုံးပေးသင့်ပါသည်။
(၃) အရိုးအားကို တိုးပွားစေသည့်အတွက် နို့စို့ရွယ် ကလေးငယ်များကိုလည်း ဒန့်သလွန်သီးနှင့် အရွက်ပြုတ်ရည်တို့ကို အ၀တ်ပါးဖြင့်စစ်ကာ နို့ချိုဖြင့်ရော၍ တိုက်ကျွေးသင့်ပါသည်။
(၄) လှပပြီးမွှေးကြိုင်သော အဖြူရောင် ဒန့်သလွန်ပန်းပွင့်ရနံ့က ကောင်းစွာ အိပ်မောကျစေနိုင်ပါသည်။
(၅) မွေးဖွားခါနီး မိခင်လောင်းများအတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်စီယမ်၊ ဗီတာမင်နှင့် သံဓာတ်တို့သည် အသီးနှင့် အရွက်များထဲတွင် အလုံအလောက် ပါရှိပါသည်။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက အသီးနှင့် အရွက်တို့ကို မှန်မှန်စားပေးခြင်းဖြင့် နို့ရည်လိုက်စေပါသည်။ ဒန့်သလွန်ရွက်ကို ဆားအနည်းငယ်ဖြင့်ပြုတ်ပြီးနောက် အရွက်ကိုရေစစ်ပြီး ထောပတ်ဖြင့် သုပ်စားပေးခြင်းဖြင့်လဲ နို့တိုက်မိခင်များ နို့ရည်
လှိုင်လှိုင်ပေါစေပါသည်။ ထို့ပြင် သားအိမ်ကို အားရှိစေကာ၊ မွေးဖွားရ လွယ်ကူစေသည့်အပြင် မွေးဖွားပြီးနောက် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ မီးယပ်ဝေဒနာအမျိုးမျိုးတို့ကိုလည်း သက်သာစေနိုင်ပါသည်။
(၆) အစာချေစံနစ်ကို ကောင်းမွန်စေပြီး၊ အူရောင်ငန်းဖျားရောဂါ၊ ၀မ်းသွားခြင်း၊ ကာလ၀မ်းရောဂါ၊ ၀မ်းကိုက်ရောဂါနှင့် အသဲရောင်အသားဝါတို့ကိုလည်း ကောင်းစွာ ကုသပေးနိုင်ပါသည်။ (လက်ဖက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော ဒန့်သလွန်ရွက် သတ္တုရည်ကို ပျားရည်၊ အုန်းရည် အနဲငယ်တြို့ဖင့် ရောစပ်ကာ တနေ့ လျှင် ၂-ကြိမ် မှ ၃-ကြိမ်ခန့် သောက်ပေးရုံဖြင့် ထိုရောဂါများကို ယူပစ်သလို ပျောက်ကင်းစေနိုင်ပါသည်)
(၇) ဒန့်သလွန်ရွက်သည် penicillin ကဲ့သို့ ပိုးသတ်နိုင်စွမ်းရှိသဖြင့် ခန္ဓာကိုယ်တွင်းကိုယ်ပနှင့် အရေပြားပေါ်ရှိ ကူးစက်ရောဂါအမျိုးမျိုးတို့ကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ပြင် အူထဲရှိ သန်ကောင်များကိုလည်း ကျစေပါသည်။ အရေပြားမှိုစွဲခြင်းနှင့် ယားနာအမျိုးမျိုးတို့ အတွက်လည်း ဒန့်သလွန်ပင်စည်၏ အခေါက်မှုန့်ဖြင့် လိမ်းကျံ ပေးနိုင်ပါသည်။
(၈) ဖိုမ သဘာဝ ကာမအားအင် ကုန်ခမ်းခြင်းနှင့် မျိုးကန်းခြင်းတို့အတွက် ဒန့်သလွန်ပန်းပွင့်ကို နို့ဖြင့် ပြုတ်သောက်ပေးသင့်ပါသည်။
(၉) ဒန့်သလွန်ပင်စည်၏ အခေါက်ကို အမှုန့်ကြိတ်၍ လျက်ပေးခြင်းဖြင့် အမျိုးသားများ သုက်ရည်ကျဲခြင်းကို ကုသပေးနိုင်ပြီး၊ ဖခင်ကောင်း တစ်ယောက်အဖြစ် စွမ်းဆောင်နိုင်ပါသည်။
(၁၀) ဒန့်သလွန်သီးသည် အသည်းနှင့်သရက်ရွက်တို့ ရောင်ကိုင်းခြင်း၊ မေးခိုင်ရောဂါ၊ အာရုံကြောအားနဲခြင်း၊ သွက်ချာပါဒ၊ ပြည်တည်နာနှင့် အနာကြီးရောဂါ စသည့် ကိုယ်တွင်းကိုယ်ပ ဝေဒနာအမျိုးမျိုးတို့ကို ပျောက်ကင်းစေနိုင်ပါသည်။
(၁၁) ဒန့်သလွန်ပင်၏ အခေါက်ထဲတွင် အစေးများပါရှိပါသည်။ အစာအိမ်နာ ရောဂါသမားများသည် ထိုအခေါက်ကို ပြုတ်သောက်ပေး သင့်ပါသည်။
(၁၂) ဒန့်သလွန်သီးသည် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာ ကောင်းမွန်စေနိုင်ပါသည်။
(၁၃) ဆီးသွားလွန်ခြင်း ရောဂါအတွက် ဒန့်သလွန်ရွက် သတ္တုရည်ကို သောက်သုံးပေးသင့်ပါသည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြသနာများအတွက် ဒန့်သလွန်ရွက် သတ္တုရည် စားပွဲတင်ဇွန်း ၁-ဇွန်းစာ ပမာဏထဲသို့ ဆားအနည်းငယ်ရော၍ မုန်လာဥနီ (သို့ မဟုတ်) သခွားသီး ဖျော်ရည် အနဲငယ်ဖြင့် ရောသောက်ပေးသင့်ပါသည်။
(၁၄) အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများအတွက် ဒန့်သလွန်ရွက် လက်တဆုပ်စာကို ဆား၊ ငရုပ်ကောင်း၊ သံပုရာရည် အနည်းငယ်ထည့်ကာ ရေ ၃ပုံ ၄ပုံ ခန့်ကို အချိန် ၅-မိနစ်လောက် ကြိုချက်ပြီးနောက် အအေးခံကာ သောက်ပေးခြင်းဖြင့် ချမ်းသာမှုကို ရစေပါသည်။
(၁၅) ဒန့်သလွန်သီးနှင့် သံပုရာရည်တို့ကို ရောကျိတ်ပြီးနောက် ရရှိလာသော အနှစ်ရည်ကို မျက်နှာအနှံ့ လိမ်းကျံပေးခြင်းဖြင့် ၀က်ခြံစို၊ ၀က်ခြံခြောက်၊ ဆားဝက်ခြံ၊ မှဲ့ခြောက် တို့ကို ပျောက်ကင်းစေနိုင်ပြီး မျက်နှာအသားအရေကို ၀င်းပလာစေပါသည်။ (သို့မဟုတ်) လတ်ဆတ်သော ဒန့်သလွန်ရွက် သတ္တုရည်ကို သံပုရာရည်ဖြင့် ရောစပ်၍ လိမ်းကျံပေးနိုင်ပါသည်။
(၁၆) အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း ဝေဒနာများအတွက် ဒန့်သလွန်ရွက်ကို ထောင်း၍ အုံပေးနိုင်ပါသည်။
(၁၇) ဒန့်သလွန်သီး အစေ့က ရေကို သန့်စင်ပေးနိုင်သော ဂုဏ်သတ္တိရှိပါသည်။ မိမိအိမ်ရှိ ရေချိုးကန်များ သန့်စင်စေရန်အတွက် ဒန့်သလွန်သီး အစေ့ကို ကျိတ်ချေထောင်းထုပြီးနောက် အ၀တ်ဖြင့်ထုပ်ကာ ရေကန်ထဲသို့ ထဲ့စိမ်ပေးခြင်းဖြင့် သန့်စင်သောရေကို ရှိစေနိုင်ပါသည်။ (ထို့ပြင် ပျားရည် စစ်- မစစ် ကိုလည်း ဤနည်းဖြင့် စမ်းသပ်နိုင်ပါသည်)
(၁၈) ဒန့်သလွန်သီးအစေ့မှ အနည်းငယ်ချိုသော အရသာရှိသည့် အဆီကို ရရှိပါသည်။ ထိုအဆီသည် ချွဲပျစ်ခြင်း မရှိသည့်အပြင် ဆီချေးစော်လဲ မနံသဖြင့် အသုပ်သုပ်ရာတွင်လည်းကောင်း၊ စက်ဆီ/ချောဆီအဖြစ် လည်းကောင်း၊ အသုံးပြုနိုင်ပါသည်။ ထို့ပြင် ထိုအဆီကို အခြေခံ၍ ရေမွှေး၊ ပေါင်ဒါနှင့် ခေါင်းလိမ်းဆီအဖြစ်လည်း ထုတ်လုပ်ကြပါသည်။
(၁၉) အီသီယိုးပီးယားကဲ့သို့ အာဟာရချို့ တဲ့သော အရပ်ဒေသများတွင် ဒန့်သလွန်ရွက် အမှုန့်က သက်စောင့်ဆေးအဖြစ် စွမ်းဆောင်ပေးနိုင်ပါသည်။ ဒန့်သလွန်ရွက်အမှုန့်ကို ရေခဲသေတ္တာထဲတွင် အထူးတလည် သိမ်းဆည်းထားစရာ မလိုဘဲ အာဟာရဓာတ် ပျက်ပြယ်ခြင်းမရှိ ရက်ရှည်လများ ထားနိုင်ပါသည်။
(၂၀) ဒန့်သလွန်ရွက်သည် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ချွဲသလိပ်ထခြင်း၊ ပန်းနာရပ်ကျပ် ချောင်းဆိုးခြင်း၊ တီဘီအဆုတ်နာနှင့် လည်ချောင်းနာခြင်း ဝေဒနာတို့အတွက် အလွန်ဆေးဘက်ဝင်ပါသည်။
(၂၁) ပန်းနာရင်ကျပ် ရောဂါသည်များနှင့် အဆုတ်ဝေဒနာသည်များသည် ဒန့်သလွန်သီးနှင့် အရွက်ပြုတ်သည့် အခိုးငွေ့ကို ရှုရိုက်ပေးခြင်းဖြင့် များစွာ ကောင်းကျိုးပြုပေးနိုင်ပါသည်။
ဒန့်သလွန်ပင်ကို “ဗီတာမင်နှင့် သတ္တုဓာတ်တို့ စုဝေးရာအိမ်ကြီး ” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ မှန်ပါသည်။ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ လူသားတို့ ကျန်းမာရေးကို အထောက်အကူပေးသည့် လက်တစ်ကမ်းမှ အလွယ်တကူ ရရှိနိုင်သော ထိုဟင်းသီးဟင်းရွက်ကို လက်လွတ်မခံဘဲ စားသုံးကြစေလို ပါကြောင်း……..။
မှတ်ချက်။
(က) အချို့သောသူများသည် ဒန့်သလွန်သီးနှင့် မွေးရာပါ ဓာတ်မတဲ့ရောဂါ ရှိတတ်သဖြင့်၊ သတိပြုစေလိုပါသည်။
(ခ)ဒန့်သလွန်သီးနှင့်ကလောဥတို့ကိုတွဲဖက်၍ မစားသင့်ပါ။
crd::မူရင်းရေးသားသူ
Wednesday, July 11, 2018
မှတ်သားစရာ
ယနေ့ နှစ်သက်မိသော ပုံ
၁။ စာလဲ မဖတ်ဘူး
ပညာလဲ မတတ်ဘူး
စီးပွားရေးလဲ မရှိရင်
သာယာတဲ့လောကကြီးကို မြင်ရမှာလဲ မဟုတ်ဘူး
ကြည့်ခွင့်လဲ မရဘူး
၂။ စာတွေဖတ် ပညာတတ်ပါသော်လည်း
စီးပွားရေးလဲ မရှိရင်
လောကကြီးရဲ့ အောက်ခြေအလွှာ တစ်စွန်းတစ်စပဲ သင်မြင်ရလိမ့်မယ်
၃။ စာမတတ် ပေမတတ်နဲ့
စီးပွားရေးပဲ ချမ်းသာကြတဲ့အခါ
သာယာလှတဲ့ လောကကြီးကို အပေါ်စီးက ဘောင်ကျော်သွားပီး မမြင်နိုင်တော့ဘူး
၎။ စာတတ် ပေတတ် ပညာတတ်သည့်အပြင်
စီးပွားရေးလဲ မျှတသင့်တော်စွာ ရှာနိုင်ပါမှ လောကအလယ် လှပတင့်တယ်စွာ မြင်နိုင် ရှု့နိုင်ပါလိမ့်မည်
#ဓမ္မအလင်းရောင်
credit:orginal writer.