Monday, May 26, 2014

သူရောင်းဇာတိ သားတစ်ဦး ဖေ့ဘုတ်ပေါ်က ရင်ဖွင့်သံ





သိချင်လိုက်တာဗျာ

သူရောင်းကျေးရွာ...
ဟုတ်တယ် နယ်သူနယ်သားတွေက
 သရောင်း လို့ နှစ်
ချောင်းငင်ဖြုတ်ပြီးခေါ်ကြတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်
အင်းတော်မြို့နယ် မော်လူးဒေသ၊
ဟိုတုန်းက မော်လူးမြို့ပေါ့၊
ခုတော့ တိုင်းမှူး
ကြီးရဲ့ ကျေးဇူးတော်ကြောင့် စံပြကျေးရွာ
ပေါ့ဗျာ။အဲဒီမော်လူးရဲ့ အနောက်ဘက်ယွန်းယွန်း ..၂..မိုင်ခန့်ဝေးတဲ့ရွာကလေး။
သူရောင်းရွာ...ကျုပ်ရဲ့ဇာတိချက်ကြွေ
မွေးရပ်မြေ။
ရွာဖြစ်ပေါ်လာပုံ ပါးစပ်ရာဇ၀င်က အင်္ဂလိပ်
ခေတ် ဂျပန်ခေတ် ခေတ်ပျက်ကာလ သမယ ကပေါ့ ဖောင်းပြင် သရောင်း
 အရပ်မှ ရှမ်းနီ တိုင်းရင်းသားတစ်စုက ချင်းတွင်းမြစ်ရိုးကတစ်ဆင့် မဲဇာချောင်း ရိုးအတိုင်း ဆန်တက်ပြီး လေးတန်ချောင်းအရောက်မှာ သူရောင်းရွာ ဖောင်းပြင်ရွာရယ်လို့ ရွာတည်ခဲ့ကြတယ်ဆိုလား...
ဖြစ်နိုင်တယ်လို့တော့ ပြောရမလိုပါ။
ကျုပ်တို့အရပ်က ရှမ်းနီ ရှမ်းကဒူးတွေပြောကတဲ့ စကား လေယူလေသိမ်းက အဲဒီ
ဖောင်းပြင် သူရောင်းကလူတွေနဲ့ ခွဲမရအောင် တူလွန်းနေတယ်လေ။
ဘယ်သွားမှာလဲ ...လို့မေးချင်ရင်
ဘယ်သွားမှာလဲညယ်? ဘယ်သွားမှာလဲမောင်?ဟု ညယ်နဲ့မောင်ကိုအပိုအဆာ ထည့်ပြောတတ်ကြပါတယ်။
အံ့သြစရာ ထူးထူးဆန်းဆန်းအရာများကို
တွေ့ကြုံ တဲ့အခါ.....
အလ.....ကွေ့..!ကောင်းတာဂျီးဘာဂေါ
ညယ်...ဟုအာမေဍိတ်ကိုပြုတတ်ပါကြတယ်
အများကြီးပဲ..လို့
ပြောချင်တဲ့အခါ ဗလဲဘုံကြီးဟု၎င်း၊
ရှေးရှေးတုန်းက...ဆိုရင်
နှောင်းနှောင်းတုန်းက...တဲ့
အဲ...့ သူတို့မကြိုက်မနှစ်တဲ့အရာကိုမြင်တွေ့ကြားသိတဲ့အခါ
..ဗောက်မဲ့အေး..!အောက်အောက်ဆောက်
ဆောက် ဒါကြီးကို!....ဟုအလိုမကျစွာပြော
တတ်ကြပြန်တယ်လေ။သူများအရပ်ကတော့
ပြိုင်တူလုပ်ရတဲ့ အလုပ်တွေဆို တစ် နှစ် သုံး ဆိုပြီး ညာသံပေး လုပ်ကြတယ်။
ကျုပ်တို့ရွာသားတွေကတော့ အဲလိုဟုတ်ပါဘူး။ကျုပ်တို့ နယ်သားတွေသာ နားလည်ကြတဲ့....
စိန် ....စိန်း...နောင်...တဲ့ဗျား။ ဒါက..
ကျုပ်တို့ဆီက ချစ်စရာ ဒေသိယ စကားလေးတွေ့ပေါ့ညယ်...

   ပြောချင်တာက ဒီအကြောင်းမဟုတ်ပါဘူး။
အပေါ်ကပြောခဲ့သလို သရောင်းဆိုတဲ့ ကျုပ်ရဲ့ မွေးရပ်မြေကလေး....
စဥ့်ခိုး ကူးကာ သရောင်း ကူးဆိပ်
ခိုးကောင် သရင်းတာ ပဲခူး ရွာရှည် ဂွေ့ကြီး
နန့်ရုံ မလူး မာန်ဟဲ ဟောင်းတုန်း ပေကုန်း
လေးတန်းချောင်းရိုး တစ်လျောက်က ကျေးရွာ လေးတွေပါ။
ဒီရွာအားလုံးက လေးတန်ချောင်းကိုအမှီပြု
လို့ လယ်ယာလုပ်ငန်းနှင့်အသက်မွေးလို့
ဝမ်းကျောင်းနေကြတယ်ဆိုပါတော့...
ဟိုတုန်းက လေးတန်ချောင်းရေက ကြည်လင်လို့...သဲဖြူဖြူ သောင်းပြင်
လေးတွေ...
သောက်ရေအတွက်ေ နွဘက်ဆို လက်ယက် သဲတွင်းလေးတွေနဲ့ အဆင်ပြေခဲ့ကြတာ။မှတ်မိသေးတယ်၊ ပူပြင်းတဲ့
နွေရာသီမှာ ကျုပ်တို့ အိမ်ရှေ့က အဖိုးခင်
အဖိုးထွေးတို့ ဆိုတာ သားရေဖုံး စာအုပ်ထူ
ထူကြီးကိုင်လို့ လေးတန်ချောင်းမှာလုပ်ထားတဲ့ အုန်းလက်တွေကာထားတဲ့
လက်ယက် သောက်ရေ သဲတွင်းအထဲမှာ
အေးအေးလူလူစာဖတ်နေပုံတွေ။အဲဒီတုန်းကတော့...ဘာစာအုပ်ကြီးမှန်းဘယ်သိမှာလဲမောင်...ခုအသက်လေးရလာတော့မှ
ဓမ္မပဒ တို့ ဇာတ်ကြီးဆယ်ဖွဲတို့ ဖြစ်မှာပဲလို့
မှန်းကြည့်ရတာပ။ကျုပ်တို့ ကလေးတွေကတော့ ပူတာ အေးတာ သိပါဘူး..
နေ့လည်၁ချက်တီး ၂ချက်တီးလဲ လေးတန်
ချောင်းထဲပြေးဆင်း ပူနွေးနွေး ချောင်းရေ
ထဲ မှာ ရေယားကိုက်လို့ကိုက်မှန်းမသိ ဆော့ကစားခဲ့ကြတယ်လေ...

အော်....ခုတော့လဲ
ြွဲကည်လင်ခဲ့တဲ့လေးတန်ချောင်းကြီး...
လေးတန်ချောင်းရိုးတစ်လျောက်နေထိုင်
ကြတဲ့ လေးတန်ရိုးသား ရွာသူရွား လူအများ
ရဲ့ ကျေးဇူးရှင်ကြီး.....
မသမာသူ ၀ိသမလောဘသား
ရွှေတူးသမား တွေရဲ့ လက်ချက်
ကြောင့် သောက်မရ သုံးမဖြစ်
ချိုးမဖြစ်တော့ဘဲ ရွံရေအတိ
နောက်ကျိကျိနဲ့
ပြစ်ပြစ်ခဲခဲ နွံအိုင်ကြီးပဲလို့ ထင်မှတ်နေရပါလား...

ရွာသူရွာသား လူအများကတော့ သောက်မရ
သုံးမဖြစ်တော့ သောက်အတွက်ကြံဖန်ကြရပါတယ်...ကျွဲနွားတိရိစ္ဆာန်တွေကတော့ လေးတန်ချောင်းရေသောက်ရင်း
သူတို့ဘ၀တွေသေကြေပျက်စီးကြပြီပေါ့။

တကယ်တော့ လူတွေဟာ သဘာဝလွန်
လောဘသမားတွေ။ စားရုံ သောက်နဲ့မတင်းတိန်နိုင်ကြဘူး။
သဘာဝ သယံဇာတ
တွေကို အပြိုင်အဆိုင် ရယူဖို့ကြိုးစားကြတယ်....
သစ်တောတွေကို အပြိုင်ဆိုင် ခုတ်ယူကြတယ်...ရေနံနဲ့
ဓာတ်ငွေ့တွေကို အပြိုင်အဆိုင် ထုတ်ယူကြတယ်.......
ဒီလိုနဲ့ စစ်ပွဲတွေ အာဏာလုပွဲတွေ နှင့်
လောကကို အကျဉ်းတန် ရုပ်ဆိုးစေတယ်..
လူလူချင်း လုယက်ကြတာ ပြိုင်ဆိုင်ကြတာ
အရေးမကြီးဘူး။

ခုတော့ လူတွေပြုသမျှ .....နုကြရတဲ့
တိရစ္ဆာန် တွေ သစ်တော သစ်ပင် မြစ်
ချောင်း အင်းအိုင်တွေ ပြီးတော့ မြေကြီးတွေ
မြေအောက်ကရွှေငွေကျောက်သံပတ္တမြား
တွေ ရေနံ တွေကို ......ထင်တိုင်းကြဲ
စိတ်ရှိတိုင်း လုပ်နေကြတာ ကောင်း
မကောင်း ကျုပ်တို့လူတွေ စဉ်းစားသင့်တယ်။အစက သဘာဝ တရားက လူတွေပြုသမျှ
ငုံ့ခံမယ်လို့ ထင်ခဲ့ကြတယ်...
ခုတော့...သဘာဝကြီးကလဲ သီးမခံသာလွန်း
လို့ နာကျင်လွန်းလို့ တုန့်ပြန်လာပြီလေ။
သဘာဝရဲ့ တုန့်ပြန်မှုက လူတွေရဲ့ တုန့်ပြန်မှုထက် ပိုကြီးတယ်ဗျ။
သဘာဝမှာ နယ်နိမိတ် အကန့်အသတ်မရှိဘူး။
သဘာဝမှာလူမျိုးဆိုတာမရှိဘူး။....
လူတွေလို အဆင့်အတန်းမခွဲခြားဘူး။

ဘင်္ဂလားဒေ့ရှ်မှာ တိုက်တဲ့မုန်တိုင်းက
ရခိုင်ပြည်နယ်ကို အလွတ်မပေးခဲ့ဘူး။

ဧရာဝတီတိုင်းမှာ တိုက်ခတ်ခဲ့တဲ့
နာဂစ်မုန်တိုင်းက ရန်ကုန်ကိုလဲဒုက္ခပေးခဲ့တယ်။
ဒါကြောင့် သဘာဝရဲ့ တန်ဘိုးကို
သိကြရမှာ လူတစ်ယောက်ထဲ
လူတစ်စုတည်း မဟုတ်ဘူး။
လူတိုင်းလူတိုင်းမှာ တာဝန်ရှိကြပါတယ်။

You reap what you have sown.
ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်....တဲ့

မင်းတို့က မစိုက်ထားတာတွေကို အတင်း
အဓမ္မ ရိတ်သိမ်းနေကြတယ်။

မင်းတို့က သစ်တောတွေကိုခုတ်တယ်။
သယံဇာတ ကျောက်မျက်ရတနာတွေ
ရွှေ နဲ့သတ္ထုတွေကို အလွန်အကျွန်
တူးဖော်ထုတ်လုပ်ကြတယ်။

ဒီအတွက် မင်းတို့ပေးဆပ်ကြရတယ်။
မင်းတို့ဘိုကလေးမီးသွေး ဆိုပီး သုံးဖို့
ဒီရေတော သစ်ပင်တွေကိုခုတ်တယ်။
မီးသွေးဖုတ်တယ်။ ဒီတော့ သစ်တောတွေ
ပြုန်းတီး တယ်။နာဂစ်လို မုန်တိုင်းဝင်တော့
လူတွေ ထောင်ပေါင်းများစွာသေကြေပျက်စီးကြတယ်။
ဒီရေတောတွေထိမ်းသိမ်းထားတဲ့ မိန်းမလှကျွန်းဆိုရင်နာဂစ်လိုမုန်တိုင်းမျိုးအကြိမ်ကြိမ် တည့်တည့်မှတ်မှတ်ဝင်
ပေမဲ့ အသေအပျောက်နည်းတယ်။
 အဲဒါသိဖို့လိုတယ်။
တချို့က ဒါနိုင်ငံရေးစနနစ်ကြောင့်တဲ့။
စဉ်းစားကြည့် .....

ကိုလိုနီစနစ်တုန်းက...
လူတစ်ယောက်ထဲဆို မှောင်ရိပ်ခိုမှု...သူခိုး

လူစုပြီးတိုက်ခိုက်တော့..ဓားပြ၊သူပုန်

ဒါပေမဲ့....ဒါပေမဲ့...တစ်တိုင်းပြည်လုံးသိမ်းပိုက်တိုက်ခိုက်နိုင်ရင် ရှင်ဘုရင်တဲ့။

အရာရာ အပေးအယူမျှနေရင်
ကမ္ဘာကြီးငြိမ်းချမ်းမှာပါ။.(Dr.ခင်မောင်ညို)

ကေအိုင်အေ ဗိုလ်ကြီးတစ်ယောက်က
ကချင်လူထုကို မိန့်ခွန်းပြောရာမှာ
 ဒီမိုကရေစီရရင်...ကျုပ်တို့ ခင်ဗျားတို့
ရဲ့ကချင်တောင်တန်းကြီး
ဘာဖြစ်သွားမလဲ.......ဲ
လို့မေးပါသတဲ့။
ကချင်လူထုက ....တောင်ယာတွေဖြစ်သွားပါမယ်ဗိုလ်ကြီး...လို့တညီတညွတ်တည်းဖြေကြပါသတဲ့။
တကယ်တော့ လျှပ်စစ်မီးတွေ လင်းသွားပါမယ် ဆိုတဲ့အဖြေကိုလိုချင်ခဲ့တာပါ။

ခုလဲဒီလိုပဲ။

ဒီမိုကရေစီရရင် ကျုပ်တို့ရွာက လေးတန်
ချောင်းကြီး ဘာဖြစ်သွားမလဲ သိချင်လိုက်တာဗျာ။ ။ ။  

No comments:

Post a Comment