Sunday, January 3, 2016

ကဗျာပြပွဲအတွက် ပေးပို့ထားသည့် ဆယ်ပုဒ်မြောက် ကဗျာ

၆၈ နှစ်ပြည့်
@@@@@@
လွတ်လပ်ရေးကို မျှော်တွေးခဲ့ကြ ….
လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြ …
လွတ်လပ်ရေးရအောင် တိုက်ယူခဲ့ကြ …
ဂန္ဒီ၊ ဟိုဆေးရီဇာ၊ ဆွန်ယက်ဆင်
ဟိုချီမင်း … အာရှရဲ့ အလင်းတန်းတွေထဲမှာမှ
ငါတို့ရဲ့ အောင်ဆန်းဆိုတဲ့ အလင်းတန်းက ပိုတောက်ပ
မြန်မာပြည်ကို လွတ်လပ်ရေးစင်မြင့်ပေါ်တင်ပေးခဲ့
အဖိုးအောင်ဆန်းရေ …..
မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ
၂၀၁၆ ရဲ့ ဇန်နဝါရီ ၄ ရက်ဆို
၆၈ နှစ် တင်းတင်းပြည့်ခဲ့ပေါ့ …..။
သက်နှင်း(ပဲခူး)

ကဗျာပြပွဲအတွက် နဝမမြောက် ပေးပို့ထားသည့် ကဗျာ

တို့ပြေ တို့မြေ
@@@@@@
"တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ
တို့ပြေ …
တို့မြေ …
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ …."
ကလေးဘဝက ဆိုခဲ့ကြရပေါ့ ….
တရားမျှတခြင်း လွတ်လပ်ခြင်းတွေနဲ့
မသွေဖည်တဲ့
ငါတို့ရဲ့ ပြေ(ပြည်)
ငါတို့ရဲ့ မြေ
တိုင်းပြည်ကြီး ငြိမ်းချမ်း
တိုင်းရင်းသားတွေ ငြိမ်းချမ်း
ငြိမ်းချမ်း ….
အေးဆေးငြိမ်းချမ်း …………
………………………………
................................
သေနတ်သံတွေ မကြားရဘူး
စစ်ဘေးရှောင် စခန်းတွေမရှိဘူး
သယံဇာတကျိန်စာတွေ မသင့်ဘူး။
ခွင့်တူညီမျှခြင်း
သမ္မတကြီးလည်း ပြည်သူ
ပြည်သူတွေကလည်း ပြည်သူ
ဘယ်သူမှ အခွင့်အရေးပိုမယူကြတဲ့မြေ ….
ချစ်စရာ ဘယ်လောက်ကောင်းလိုက်လေသလဲ
လွတ်လပ်ပါစေ မြန်မာပြေ(ပြည်)….
ငြိမ်းချမ်းပါစေ မြန်မာပြေ(ပြည်)….
ခွင့်တူညီမျှပါစေ မြန်မာပြေ(ပြည်)…..။
၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုလျှက်
ခရေဖြူ (1.1.2016)
8:00 pm

ကဗျာပြပွဲအတွက် ပေးပို့လာသည့် အဋ္ဌမမြောက် ကဗျာပါ


လွတ်လပ် ဇန်နဝါရီ
@@@@@@@@@
နှင်းမှုန်ကြဲပက် ဇန်နဝါရီ ၄ရက်ရဲ့
နံနက် လေးနာရီ မိနစ် ၂၀
လွတ်လပ်ခဲ့ပေါ့
မြန်မာပြည် …..။
လွတ်လပ်ပြီဟေ့လို့
ကြွေးကြော် ပြည်သူတွေပျော်ရွှင်ကြပုံများ
အံ့သြဘနန်းဖြစ်လိမ့်မယ် ….
လွတ်လပ်မှုအထိမ်းအမှတ် အားကစားပွဲတွေကျင်းပ
လူငယ်ထုရဲ့ စိတ်ထဲ နှလုံးသားထဲကို
အားကစားစိတ်ဓာတ်နဲ့အတူ
လွတ်လပ်ရေး အသိပညာတွေ
ရိုက်သွင်း
လွတ်လပ်ခြင်းတို့ အရှည်တည်စေရမည် …..။
ချို ( သူရောင်း)

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲသို့ ပေးပို့လာသည့် သတ္တမမြောက် ကဗျာ

လွတ်လပ်ရေး
@@@@@@
သာကီမျိုးဟေ့ ၊ တို့ဗမာ
ကြွေးကြော်ကာလေ
နေထိုင်လာခဲ့ ….။
ကျူးကျော်လာသူ ကုလားဖြူတွေကို
ဝါးရင်းတုတ်ကိုင် နှိပ်နင်းခဲ့ပေါ့ …။
ကုန်းဘောင်ခေတ်ရဲ့ ရာဇဝင်
သီပေါဘုရင်ကြောင့်
မှေးမှိန်ခဲ့ပေါ့ …..။
သူ့ကျွန်အဖြစ် နွံ့နစ်မခံ
တွန်းလှန်တော်လှန် တိုက်ခိုက်ခဲ့ကြ
ဗမာသွေးတို့ ရဲရဲနီ
သိုးဆောင်းသားတို့ တုန်လှုပ်ခဲ့ရ ။
မြန်မာပြည်ရဲ့ ခေါင်းဆောင်ဟာ
နတ်မောက်မြို့က ပေါ်ထွက်လာ
အမည်သညာ အောင်ဆန်းပါတဲ့ . . .။
ပြည်သူ့ဆန္ဒ ဦးရွက်ကာ
အသက်ပေးကာ ယူဆောင်ပေးခဲ့ …
လွတ်လပ်ရေး …ဟေ့….
လွတ်လပ်ရေး ……
မြန်မာပြည်ရဲ့ လွတ်လပ်ရေး . . .။
ကိုဥာဏ် (ဟဲနု) 

Friday, January 1, 2016

၂၂၇ သွယ်သော ဝိနည်းတော်အကျဉ်း




၂၂၇ သွယ်သော ဝိနည်းတော်အကျဉ်း
==========================

-{ပါရာဇိက ၄ ပါး }-

၁ ။ မေထုန်မကျင့်ရ
၂ ။ သူတပါးဥစ္စာမခိုးရ
၃ ။ လူမသတ်ရ မသတ်ခိုင်းရ
၎ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ ။

-{သံဃဒိသိသ် ၁၃ ပါး }-

၅ ။ သုတ်မလွှတ်ရ
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ
၇ ။ အမျိုးသမီးနှင့် ညစ်ညမ်းရုန့်ရင်း စကားမပြောရ
၈ ။ မေထုန် အလှူမခံရ
၉ ။ မအောင်သွယ်ရ
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ
၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ
၁၄ ။ သံဃာကို သင်းမခွဲရ
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ
၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။

-{အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်)}-

၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ
၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ

-{ နိသဂ္ဂိပါစိတ် ၃၀ ပါး }-

၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။
၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဥ့်ကင်း၍ မနေရ။

Thursday, December 31, 2015

အုပ်ချုပ်ရေးမှူး တွေရဲ့ သက်တမ်း သမ္မတ သက်တမ်းနဲ့ အတူတူ ဖြစ်သွားပြီတဲ့




ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

    ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ဒီဇင်ဘာလ ၃၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြု လိုက်သည်။

ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အပိုဒ် (၂) ပိုဒ်ပါရှိပြီး မူလ ဥပဒေကြမ်း၏ ပုဒ်မ ၉ အား အစားထိုး ပြင်ဆင်ခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီမှ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည့် ပြင်ဆင်ချက်အား ပြည်သူ့ လွှတ်တော်မှ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၎င်းပြင်ဆင်ချက်မှာ ပုဒ်မ ၉ ပါ ပြည်သူ့လွှတ်တော်၏ သက်တမ်း နှင့်အညီ ဟူသော စကားရပ်နေရာတွင် နိုင်ငံတော် သမ္မတ၏ ရာထူး သက်တမ်း အတိုင်း ဟူ၍ စကားရပ်ကို အစားထိုး ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ဆိုသည့် အချက်အား ပြည်သူ့ လွှတ်တော်မှ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

  (Xinhua)
http://www.xinhuamyanmar.com

မော်လူး ဥက္ကဋ္ဌ အသစ် ရွေးချယ်ပြီး

မော်လူးကျေးရွာ အုပ်စု

ဥက္ကဋ္ဌ  အသစ်  အဖြစ်  ရွေးချယ်  ခံထားရသူကတော့

မော်လူး  ရုံးလမ်းနေ   ဦးစိုးမြင့်  ဖြစ်သည်ဟု  သိရပါသည်။


မအေးချမ်းပိုင် ဆေးကုရန် မန္တလေးမြို့သို့ သွားပြီ




မအေးချမ်းပိုင် ဆေးဝါးကုသခံယူရန် မန္တလေးမြို့သို့ အထူးအမြန်ဖြင့် စတင် ခရီးထွက်ပါပြီမိဘ နှစ်ယောက်လုံးလိုက်ပါသွားပါသည်။
အဝတ် အစားနှင့် စားသောက်စရာများလည်း ရထားတက်ခါနီးအထိ လာရောက်လှူဒါန်း ကူညီနေကြပါတယ်
မန္တလေးမြို့ one to one ပြည်သူ ကူညီရေး အသင်း မှ တာဝန်ယူ ကုသပေးမည် ဖြစိကြောင်းနှင့် မန္တလေး အဖွဲ့သို့ မော်လူးအေးချမ်းပိုင် ကျန်းမာရေး အထောက်အကူပြု အဖွဲ့ ဝင်များဖြစ်သော ဦးမြင့်ဦး ၊ ဦးအောင်စိုးမြင့် ၊ ဦးမျိုးမင်းလတ် တို့မှ စနစ်တကျ အပ်နှံပေးပါမည်။
လိုကိပို့ဆောင်ပေးသူများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်

**************
fb  မှ  သတင်း

Monday, December 28, 2015

လွတ်လပ်ရေးနေ့ ကဗျာပြပွဲအတွက် ပေးပို့လာသည့် ဆဋ္ဌမမြောက် ကဗျာ



လွတ်လပ်ရေးးး ´ သို့ ....
@@@@@@@@@@@
* ဧည့်သည် က သခင်ဖြစ် ...
အိမ်ရှင် က ကျွန် ဖြစ် တဲ့ ဇာတ် ...
ခင်ဗျားးး တို့ ကြည့်ခဲ့ ဖူး လား ???
* အဲ့ဒီ အချိန်က ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ...
ရေပန်းစားးးး လူကြိုက်များ ခဲ့တာက
ဘာတဲ့ .....
ကိုလိုနီ ဆိုလားးး နယ်ချဲ့ ဆိုလားးးးး
.........
...................
ကမ္ဘာကြီး ခမျာ သွေးတွေကို စွန်းလို့ .... ။
* ကြီးကျယ် တောင့်တင်းသော အင်ပါယာ ...
လောဘ ရမ္မက်ဇော နဲ့
မဟာ ဂုဏ်သိက္ခာတွေကြားးးးးးးး
အမှန်တစ်ကယ် နစ်နာရတာက
အသိမကြွယ် ... အင်အားငယ်လှ သူတွေလေ ။
* လိုရာပုံသွင်း ဂုတ်တက်နင်းပြီးးးး
ငါတို့ တွေဆီက .....
အနှစ်ဆိုတာတွေကြီးးးးး
သယ်ထုတ်သွားကြမယ် ထင်ပါရဲ့ ... ။
* အားမသန်လို့ မာန်လျှော့ခဲ့ရပေမဲ့ ...
အမှန်တော့ .....
နှစ်တစ်ရာ ကျော်ကျော်
ကော့ နေအောင်ခံစားခဲ့ ကြရမယ်ဆိုတာ
အဘိုးအဘေးးးး တို့ ကို
ကိုယ်ချင်းစာ ... ကိုယ်ချင်းစာ ...
............
ငါတို့ အားလုံးသည် မြန်မာ ( ဗမာ ... ) ။
* ထီး ၊ နန်း ၊ ကြဌာန်း ပျောက်လို့ ....
ုကုလား အဖြူ ၊ ကုလား အမဲ တို့
ရောက်လာလိုက်တာ ....
ခုချိန်ထိ ဆိုးမွေတွေ ကျန်တုန်းးးး
ကျန် နေတုန်းးးး ။
* ဆွေရင်း မျိုးရင်း တွေကို သွေးခွဲလို့ ....
ပြည်မ နဲ့ တောင်တန်းးးးးး
သပ်လျှို လို့ ထမ်းခိုင်းခဲ့တာလည်းးးး
သင်းးး တို့ရဲ့ ဗျူဟာ ....
ယုတ်မာမှု တွေပါ ..... ။
* သူတို့ .... သူတို့ တွေ .......
ဂုတ်သွေးစုပ် ခြေရှုပ်ခဲ့ သမျှ .....
အဘိုး အဘေး တို့ .....
တုပ်တုပ်မလှုပ် ခဲ့ကြတာမဟုတ်
အားချင်းမမျှ အရာရာကွာခြားခြင်းက
သူတို့ ....
အသက် ခန္ဓာ တွေ စတေးးးးး
ဆုံးရှူံးမှုတွေပဲ ပေးခဲ့ရတယ် လေ ။
* နောက်ဆုံးးးးးးး
........
.................
ပညာ ဥာဏ်သုံးးးး သံမဏိ နှလုံး နဲ့ ...
အောင်ဆန်းးးး တစ်ခေတ်
သုံးကျိတ် ခေတ် ရောက်မှ
သင်းးးး တို့တွေ ....
ဖရိုဖရဲ အလဲလဲ အကွဲကွဲ နဲ့
ဖျာလိပ် ဆွဲခဲ့ကြရတယ်ပေါ့ ။
ဒါကြောင့် .....
ခေတ် အဆက်ဆက် ....
နှစ် အထက်ထက် က .....
နှလုံးသွေး လက်ရုံးချွေး တွေ ထုတ်လို့
လွတ်လပ်ဖို့ ....
အသက်ကို ဖက်နဲ့ထုပ်
ကြိုးကုပ်ခဲ့သူတွေအတွက် ....
ဒီနေ့ ....
ဒီကဗျာ နဲ့ ...
` လွတ်လပ်ရေးနေ့ ´ ဆိုတာကို
ရွှေပိန်းးးးး ချလိုက် ပါတယ် ။
လူးငယ်
28 .12 . 2015
( ၆၈ နှစ်ပြည့် လွတ်လပ်ရေးနေ့ ကို
ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ..... 

"မြန်မာဖတ်စာအုပ်များတွင် ချန်လှပ်ကာ ထားခဲ့သည့် အ မေ့ခံစာဆိုများ"




သင်ထောက်ကူများစုဝေးရာ
"မြန်မာဖတ်စာအုပ်များတွင် ချန်လှပ်ကာ
ထားခဲ့သည့် အ မေ့ခံစာဆိုများ"

စာဆိုအမည် ချန်လှပ်ထားခဲ့သည့် အတန်း
အလိုက် ပြဋ္ဌာန်းကဗျာအချို့ မှာ-
၁။သူငယ်တန်း-က,က လေးငယ် ချစ်စဖွယ်
သင် ပုန်းကြီးလင်္ကာ(တင် မိုး)
၂။သူငယ်တန်း-တို့ကျောင်း(ပျဉ်းမနား-
မောင် နီသင်း)
၃။သူငယ်တန်း-မင်္ဂလာကဗျာ(ဒဂုန်ဦးထွန်းမြင့်)
၎။သူငယ်တန်း-ပျားသကာလိုစကားချို
(ရှင် မဟာရဋ္ဌသာရ)
၅။ပထမတန်း-သား/သမီးဝတ်လင်္ကာ(သင်္ဂဇာ
ဆရာတော်)
၆။ဒုတိယတန်း-မိဘဝတ်/ဆရာ့ဝတ်လင်္ကာ
(သင်္ဂဇာဆရာတော်)
၇။တတိယတန်း-ဗိုလ်ချုပ်အောင် ဆန်းသီချင်း
(သဟာယဆရာတင်)
၈။တတိယတန်း-အောင် ဆန်းဇာနည် ကဗျာ
(တင် မိုး)
၉။စတုတ္ထတန်း-အတတ်ပညာကဗျာ(စဥ့်ပါ
ဆရာတော်)
၁၀။စတုတ္ထတန်း-ဗမာ့သား(မောင် အာယု)
၁၁။ပဉ္စမတန်း-ချိုပေစွဟင်းချို{လွမ်းချင်း}
(ဦးကြီး)
၁၂။ပဉ္စမတန်း-ပညာလိုသော်(ကန်တော်
မင်းကျောင်းဆရာတော်)
၁၃။ပဉ္စမတန်း-ဘယ်မြို့ ပုံသာပါလိမ့်(ဦးကြီး)
၁၄။ပဉ္စမတန်း-ဒဟတ်ပန်း{လေးချိုး}(ဦးကြော့)
၁၅။ပဉ္စမတန်း-တစ်သင်းမှတ်ကြ(အမှာတော်
ရေး ဦးရှင် က လေး)
၁၆။ပဉ္စမတန်း-ဤမီးတိုင်(ငွေတာရီ)
၁၇။ဆဋ္ဌမတန်း-တို့တောရွာ(ဦးကြီး)
၁၈။ဆဋ္ဌမတန်း-တို့သွေး(မောင် အာယု)
၁၉။ဆဋ္ဌမတန်း-ပန်းငွေမိကျောင်း(ဦးကြော့)
၂၀။သတ္တမတန်း-မောင် စစ်သည်{အိုင် ချင်း}
(တောင် တွင်းရှင်ငြိမ်းမယ်)
၂၁။အဋ္ဌမတန်း-စိတ်နေမြင့်သူ{အိုင် ချင်း}
(တောင် တွင်းရှင်ငြိမ်းမယ်)
သို့သော်လည်း တောင်တောရယ်သာ…,ချိုး
နှစ်ကောင် ထ နောင်းပင် ညီနောင် က…,
ရွှေလမှာ ယုန်ဝပ်လို့… အစချီကဗျာများမှာမူ
အမည်မသိရှေးစာဆို ဖြစ်နေဆဲပင် ဖြစ်သည်။

@ပညာ့ခေတ်မဂ္ဂဇင်းပါ ဆရာကြီးမောင် ကျေးဇူး
၏ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။
‪#‎Photo‬ credit

‪#‎မေတ္တာဖြင့်‬
Mg Wisdom

နောင်တကြီး (၁၀) ပါး မမှားရအောင်



နောင်တကြီး (၁၀) ပါး မမှားရအောင်

၁။ ငယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။

၂။ ငယ်ရွယ်စဉ်က ပညာသင်ရန် အခွင့်ရေးရပါလျှက် ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာရခြင်း။

၃။ ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း

မော်လူး ဘုရားကြီးကျောင်း က စည်တော်စင် ရေစက်ချ




မော်လူးမြို့ ဘုရားကြီးကျောင်းတွင်
ရန်ကုန်မြို့ ဦးသန်းဝင်း ဒေါ်အေးလွင် မိသားစုမှ
လှူဒါန်းသော မင်္ဂလာစည်တော်ဗိမာန်တော်
ဖွင့်ပွဲ ရေစက်ချ အလှူပွဲ  ယနေ့ပြုလုပ်


Saturday, December 26, 2015

မော်လူးဒေသ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရန် ဒိုင်လူကြီးများ ရွေးချယ် သင်တန်းပေး



credit to cyclone's facebook

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲသို့ ပေးပို့လာသည့် ပဉ္စမမြောက်ကဗျာ

လွတ်လပ်ရေး
@@@@@@@
မြန်မာ အစ
တကောင်းကတဲ့ ....
သာကီနွယ်မျိုးတို့ ဂုဏ်မရိုးခဲ့ပါဘု ....
ကုန်းဘောင်ထိုခေတ်မှာဖြင့်
ကျူးကျော်စစ် သုံးကြိမ်ပြုကာ
မျက်နှာဖြူ အင်္ဂလိပ်မျိုးတို့က
တို့ပြည်ကို သိမ်းကာပိုက်လို့ ....
ထီးနန်းလည်းပျောက် ကျွန်ဘဝရောက်ခဲ့ရပေ။

တို့မြန်ပြည်တစ်လွှားဆီက
ချင်း၊ ကချင်၊ ကရင်နဲ့ ကယား စတဲ့
တိုင်းရင်းသားအပေါင်းကလည်း
သူ့ကျွန်အဖြစ် နွံ့နစ်မခံပါဘုဆိုပြီး
ရရလက်နက်ကို စွဲကိုင်
မြန်မာတို့ သမိုင်း မရိုင်းရအောင်
တော်လှန်ခဲ့ကြသပေါ့ ။

ထိုမှတဖန်
မြန်ပြည်အတွက် ပေးဆပ်ခဲ့သူရဲကောင်းဇာနည်
သခင်အောင်ဆန်းနဲ့တစ်ကွ အပေါင်းအပါတွေ
ကျေးဇူးကြောင့် ...
၁၉၄၈ ခုနှစ်ရဲ့ ဇန်နဝါရီ ၄ ရက်ရဲ့
နံနက် ၄ နာရီ ၂၀ မိနစ်မှာ
လွတ်လပ်ပြီတဲ့ ....
လွတ်လပ်ပြီ ....
တို့မြန်ပြည် တစ်ခွင်လုံး
ပျော်မဆုံးဆုံး တပြုံးပြုံး ....။

ညောင်ပင်သာသားလေး မောင်ပေါက်

Thursday, December 24, 2015

မင်းသာ ဘုန်းတော်ကြီးကျောင်းတွင် စဓမ္မစကူးလ် ဆရာဖြစ် သင်တန်းဖွင့်

၄၄၆ကြိမ်မြှောက်ဓမ္မစကူးလ်ဆရာဖြစ်သင်တန်း
ကိုမင်းသာကျေးရွာဘုန်းတော်ကြီးကျောင်းတွင်၂၅ရက်၁၂လ ၂၀၁၅ရက်နေ့မှစ၍ ၃၁ ၁၂ ၂၀၁၅ ရက်နေ့ထိသင်တန်းဖွင့်လှစ်နေပါပြီ


မော်လူး ဒေသမှ ကိုယ်ရင်လေး တွေ သာသနာ့တာဝန်ကို ထမ်းဆောင်နေတာ



မော်လူးဒေသက  ကိုယ်ရင်လေး  ခေတ်နဲ့  လိုက်လျောညီထွေစွာ  ဆွမ်းချိုင့်  ကောက်လာကြစဉ်

fb  မှ  cho gyi  မှ  မလာသည်။

Wednesday, December 23, 2015

မြိုင်သာယာ အထက ဆရာကန်တော့ပွဲ စာပေဟောပြောပွဲပါ ပါမည်

ကချင်ပြည်နယ်  ပင်လုံအုပ်စု  မြိုင်သာယာ အထက ခွဲကျောင်း ဆရာကန်တော့ပွဲ  ကျင်းပမည်



မအေးဆန်းပိုင်အား ကူညီထောက်ပံ့လိုသူများအတွက် ဘဏ်အကောင့်ဖွင်ထားပြီတဲ့


မော်လူးရပ်ကွက်(၆)တွင်နေထိုင်သည့်မောင်နှမ(၆)ယောက်မှပဉ္စမမြောက်(၁၁)နှစ်မိန်းကလေးမအေးဆန်းပိုင်၏ကျန်းမာရေးအတွက်ထောက်ပံ့ကူညီမှု့လိုအပ်နေပါသဖြင့် ဆက်သွယ်လှူဒါန်းရန်
CB Bank Account Number- 0046600100045241
Account Name- U WIN SEIN
ဖုန်း ၀၉၂၅၆၁၆၅၆၆၆
၀၉၄၀၀၄၃၆၂၅၂ ၀၉၇၉၂၇၃၄၁၃၁သို့ဆက်သွယ်နိုင်ပါသည်

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ ပြပွဲအတွက် စတုတ္ထမြောက် ပေးပို့လာသည့် ကဗျာ

သို့ .... ဇန်နဝါရီ
@@@@@@@@
အာဏာရှင်တွေက
သူကျူးလို့ ကိုယ်ကျော်
ကျူးကျော်စစ်တွေအကြောင်းပြု
နယ်မြေသစ်ချဲ့ထွင်မှုဆိုဆို
ကမ္ဘာကြီးရဲ့ နာဖျားမှုအစမှာပဲ
ကံဆိုးသွားတဲ့ နိုင်ငံတွေ . . .
ကျွန်ပြုခံခဲ့ကြရ ....။

လည်သူ စားစတမ်းခေတ်ကြီးမှာ
ဘရူးရင် ဘုရင်ရူးတွေက
ဟင်္သာကိုးသောင်းဇာတ်ကိုခင်း
ဇာတ်တူသားတွေစားလို့
သာကီနွယ်ဖွားတို့
ဟို ... အနောက်က မျက်နှာဖြူများကို
ဘုရားထူးရလေပြီပေါ့ . . . .။

သခင်အားရ ကျွန်ပါးဝဆိုတဲ့
စကားပုံအောက်မှာ
ဖိနှိပ်ရုံတင်အားမရ ချုပ်ခြယ်မှုပါပေါင်းထည့်
တုံးအောက်ကဖားတွေဘဝ
ပြားလည်း ဖား
ဖားလည်း ပြား
ငနင်းပြားတွေရဲ့ဘဝ
ခြုံဖို့ ချွတ်စရာမရှိ
ချွတ်ခြုံကျခဲ့ရ ......။

လစ်လပ်သွားမှ လွတ်လပ်မှုကို တမ်းတ
၁၉၂၀ ကျောင်းသားသပိတ်ကြီးကစလို့
ဥာဏ်အလင်းပွင့်
တော်လှန်ခြင်း ဂီတသံတွေရုန်းကြွ
မျိုးချစ်စိတ်ဓာတ်တို့ နိုးထခဲ့ကြလေပြီ .......။

ကျွန်သက်ရှည် ပညာရေးတွေအလိုမရှိ ...
ကျွန်သက်ရှည် အုပ်ချုပ်ရေးတွေအလိုမရှိ ....
ဖိနှိပ်မှုတွေကို တွန်းလှန်ပါ ....
ချုပ်ခြယ်မှုတွေကို တော်လှန်ပါ .....
တရားမျှတခြင်းတွေအတွက်
လှံလှံခြင်း ဓါးဓါးခြင်း
သေနတ် သေနတ်ခြင်း
တောင်းယူလို့မရတဲ့ လွတ်လပ်ခြင်းကို
တိုက်ယူဖို့ ကြိုးစားခဲ့ကြ ....။

ဒီမြေ၊ ဒီရေ၊ ဒီလေ ....
တိုပြေ ၊ တို့မြေ .....
လွတ်လပ်မှုတရားတွေအတွက်
တရားမမျှတမှုများစွာအောက်မှာ
ကျပျောက်ခဲ့ရတဲ့ အသက်တွေ
ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ
အို ..... မရေမတွက်နိုင်အောင်ပါပဲ .....။

ဇန်နဝါရီ ၄ ရဲ့ လွတ်လပ်ခြင်းတရားအောက်မှာ
ငါတို့ မျိုးဆက်သစ်တွေ ရေရွတ်ရမှာက
" တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ....
ဒို့ပြေ .... ဒို့မြေ ...........................။

ဒီပံ ( လေးတန်မြေ)

Sunday, December 20, 2015

အသက် ၁၁ နှစ်အရွယ် ကလေးငယ် ကျန်းမာရေးအကူအညီ လိုအပ်လျှက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူး ရပ်ကွက်(၆) နေ အသက် ၁၁ နှစ် အရွယ်ရှိ မမေဆန်းပိုင် ခံစားနေရသည့် ဝေဒနာအတွက် ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း khin swe facebook မှ တဆင့် သိရှိရပါသည်။ အကူအညီ ပေးလိုသူများ 09-400436252, 09792734131 သို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
ထပ်မံ စုံစမ်းရရှိသည့် သတင်း

ကလေးမလေး သုံးလသားအရွယ်မှာ ကချင်ပြည်နယ် မိုးညှင်းဆေးရုံကြီးမှာ သွားပြတော့ ဆရာဝန်က အရေပြားရောဂါလို့ ပြောလိုက်ပါတယ်တဲ့ . . . အဲ့ဒီကပြန်လာပီးတဲ့နောက်မှာတော့ ဆေးမြီးတိုနဲ့ ကုသနေတာ ယနေ့အထိပါတဲ့ ခမျ . . . အရင်ကတော့ နွေ နဲ့ မိုး ရာသီတွေမှာ ပျောက်သွားတတ်ပါတယ်တဲ့ . . .ယခုဆိုလျှင် အဖုလေးတွေက မျက်နှာတွေပေါ်ပါ ရောက်လာတော့မဲ့ အခြေအနေလို့ သိရပါတယ် . . . မိဘတွေကတော့ ကူညီပေးမဲ့သူရှိရင် သူတို့သမီးလေးကို ပျောက်ကင်းအောင် ဆေးကုလိုပါသတဲ့ ခမျာ . . .

” မော်လူး၊ဟဲနု ( မြို့ဖြူတော် ) အား ကောက်နုတ်ချက် တဲ့ ဖတ်ထားလိုက်ကြအုန်း



The Longest War 1941-1945
b y Louis Allen အား တောင်ခိုးဘာသာပြန်ထားသော
“ စစ်ညောင်းကြာရှည် မြန်မာပြည်မှ ” မော်လူး၊ဟဲနု
( မြို့ဖြူတော် ) အား ကောက်နုတ်ချက်
(စာ-၂၇၂၊ ၂၇၃၊ ၂၇၄၊ ၂၇၅ )
-----------------------------------------------------------
လေကြောင်းချီ တပ်များသည် အင်းတော်ကို ဗဟိုပြု၍ ပတ်လည်မိုင်(၃၀)မှ
(၄၀)အထိ စက်ဝိုင်းခြမ်းသဏ္ဍာန်နေရာ ယူထားကာ အင်းတော်မှ
မြစ်ကြီးနားသို့ မီးရထားလမ်းနှင့် အနောက်ဘက်၌ အမှတ်(၁၅)တပ်မတော်
မြစ်ကူးမည့် နေရာများသို့ ပေါက်သော လမ်းများကို ထိန်းထားသည်။
ထို့ပြင် ဖေဖေါ်ဝါရီ(၅)ရက်က လီဒိုမှ ထွက်လာသော ဖာဂူဆန်၏
တပ်မဟာ(၁၆)သည်လည်း အင်းတော်သို့ ဦးတည်လာနေရာ သူ့ရည်မှန်းချက်
ရောက်လုအချိန်တွင်မှ ဂျပန်တပ်များ သိတော့သည်။
လေကြောင်းချီ စစ်ဆင်ရေးသည် အင်းတော်ကို ဗဟိုပြုထားကြောင်း ဂျပန်တို့
ရိပ်မိလေပြီ။
မတ်လ(၁၀)ရက်နေ့တွင် အင်အားများ ရသမျှကို တပ်ခွဲ(၂)ခွဲ ဖွဲ့၍ ဌာနချုပ်မှ
ဦးစီးအရာရှိ တစ်ဦးဖြစ်သူ ဒုဗိုလ်မှူးကြီး နာဂါဟာရှိ ကို ကွပ်ကဲစေကာ
ရန်သူကို တွေ့အောင်ရှာတိုက်ရန် ဟူသောပြတ်သားရှင်းလင်းသည့် အမိန့်တစ်ရပ်
ဖြင့်စေလွှတ်လိုက်သည်။ ၄င်းတို့သည် မတ်လ(၁၇)ရက်နေ့တွင် မဟာမိတ်တို့
“ ၀ှိုက်ဆီတီ ” ဟု သညာဝှက် ပေးထားသော ဟဲနုတွင် ကဲလ်ဗတ်၏ တပ်နှင့်
တွေ့ပြီး ညတိုက်ပွဲဆင်နွဲသည်။ သို့သော် စိန်ပြောင်းလောက်သာ လက်နက်ကြီး
ပါသော ဂျပန်တပ်များကို ကဲလ်ဗတ်တပ်က ညကို နေ့သို့ ထိန်ထိန်လင်းအောင်
လင်းကျည်များ ပစ်ဖေါက်ပြီး စိန်ပြောင်း၊ စက်သေနတ်တို့နှင့် အတုံးအရုံး
သေကျေအောင် တစ်ခဏ အတွင်းချေမှုန်းနိုင်လေသည်။
ဒုဗိုလ်မှူးကြီး နာဂါဟာရှိ သည်လည်း ဒဏ်ရာဖြင့် ကျဆုံးသွားတော့သည်။

အင်းတော်မြို့နယ် မော်လူးဒေသ ညောင်ပင်သာကျေးရွာ ကမ္ဘ္ဘာငြိမ်းချမ်းရေးစေတီ အုတ်မြစ်စီ မင်္ဂလာကျင်းပ


credit to uwar yama

20.12.15 ရက်နေ့ မော်လူးဒေသ သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ် ဝန်းကျင်တွင် အမှိုက်ကောက်


credit to chake kwl

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် တတိယမြောက် ပေးပို့လာတဲ့ ကဗျာ

အဓွန့်ရှည်စေသော်ဝ် . . .
@@@@@@@@@@@

ကိုယ့်ထီး ကိုယ့်နန်း
ကိုယ့်ကြငှန်းကို
ဝင်ရောက်ဖြိုဖျက်
သိမ်းပိုက်ပစ်လိုက်ပြီး
နေမဝင်အင်ပါယာရဲ့
ကိုလိုနီအဖြစ် သွပ်သွင်း
လွတ်လပ်ခြင်းတွေ ပျက်သုဉ်းသွားခဲ့ . . .။

မတရားမှုတွေကို ဖြိုခွင်း
လွတ်လပ်ခြင်း အလင်းတစ်စအတွက်
အသက် ၊ သွေး ၊ ချွေးပေါင်းများစွာ
ပေးဆပ်ပစ်ခဲ့ကြရ . . .
သမိုင်းစာမျက်နှာမှာ
ရရာလက်နက်စွဲကိုင်တော်လှန်ခြင်းလို့
ရေးခြစ်ပစ်ခဲ့ . . . .။

ထလော့ ....
နိုးထကြလော့ . . .
သခင်မျိုးဟေ့ . . .
တို့တစ်ထွေ . . .
ဗမာပြည်သည် တို့ပြည်လို့
ကြွေးကြော်ခဲ့ခြင်းကိုက
အမျိုးသားစိတ်ဓာတ် ပြန်လည်နိုးထလာခြင်းတဲ့ . . .။

ဟော . . .
အင်္ဂလိပ်အခက်
ဗမာ့အချက်တဲ့ . . .
ထွက်ရပ်ဂိုဏ်းက စလိုက်တာ
ဘီအိုင်အေက
အင်္ဂလိပ်တွေကို မောင်းထုတ်ပစ်ခဲ့ပေါ့ ....။

ကျားထက်ဆိုးတဲ့ ရှင်ကြီးတွေကိုလည်း
ဘီဒီအေက တိုက်ထုတ်
ပင်လုံဆိုတဲ့ ရှမ်းနယ်မြေမှာ
တောင်တန်းမြေပြန့်
စည်းလုံးခြင်းတွေ ပြသနိုင်ခဲ့ပေါ့ . . . .။

၁၉၄၈ ခုနှစ် ဇန်နဝါရီလရဲ့
နံနက် လေးနာရီ နှစ်ဆယ်မိနစ်
ယူနီယံဂျက်အလံဖြုတ်ချ ....
နိုင်ငံတော်အလံကို လွှင့်တင်
ငါတို့ လွတ်လပ်ခြင်းတွေ ....
ကမ္ဘာသိခဲ့ပြီ . . . .။

အဲ့ဒီ လွတ်လပ်ခြင်းတွေက အစပြု
ငါတို့ . . .
ပြည်သူအားလုံးအတွက်
တိုင်းရင်းသားအားလုံးအတွက်
တန်းတူညီမျှဝါဒဖြူစင်ခြင်းတွေ
ယူဆောင်ပေးစေ . . .
ငြိမ်းချမ်းခြင်းတွေ ယူဆောင်ပေးစေ . . .
၆၈ နှစ်မှသည် . . .
နှစ်ပေါင်းများစွာ တည်တံ့စေသော်ဝ် . . . ။
A,yan (20.12.15)

Saturday, December 19, 2015

ကျူတာ လုပ်ချင်ပါတယ် ဆိုတဲ့ မဟာဘွဲ့ ရ မော်လူးသား တွေ ခေါ်ပြီ

အဆင့်မြင့်ပညာဦးစီးဌာန..နည်းပြ/သရုပ်ပြ
ရာထူးနေရာအတွက် လျှောက်လွှာခေါ်ယူခြင်း


လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် ဒုတိယမြောက်ပေးပို့လာသည့် ကဗျာပါ

ဇန်နဝါရီ
@@@@@@@
နှင်းစက်တွေကိုအံတု
လွတ်လပ်ရေးပွဲတော်ကိုအကြောင်းပြု၍
အားကစားနှင့် ဖျော်ဖြေပွဲများ
ကျင်းပကြသည်
လ ဇန်နဝါရီ။
ရှေ့ဆက်၍လည်း အနာဂတ်သစ်တွက်
စိတ်ဓါတ်အသစ်
ခွန်အားသစ်ဖြင့်
ရှေ့ဆက်ကြမည်။
ဇန်နဝါရီ နှစ်အစမှသည်
နှစ်ပေါင်းထောင်ချီ။
ဆီးနှင်းတပေါက်ပေါက်
မိုးနှင်းတဖြောက်ဖြောက်
အေးစက်စက်လေတွေကြားက
မိနစ် နှစ်ဆယ်နှင့်
လေးနာရီ။(4:20AM)

Naychi Nway Nwayု

Friday, December 18, 2015

အဲ ဒီ နေ့ . . . ( လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲ ပထမဆုံး ကဗျာ


အဲ ဒီ​ နေ့
@@@@

ဆီရာလီယွန်​နိုင်​ငံတွင်​ အီဘိုလာဗိုင်းရပ်​စ်​ ကင်းစင်​ပြီ ။
ငါတို့​ကောင်းကျိုးလုပ်​​ပေးရင်​ ငါတို့မိတ်​​ဆွေ
ငါတို့ချုပ်​ကိုင်​ထားတာ​တွေ ဘာလို့​ဖြေ​လျှော့ရတာလဲ
ငါတို့အမိန့်​​တွေကို ဘာလို့ဆန့်​ကျင်​တာလဲ
ပြည်​သူ​တွေဆီမှာ အာဏာရှိတယ်​ဆိုတာ ငါတို့ မယုံဘူး ။

ငါတို့က ဘာလို့ ပွင့်​ပွင့်​လင်းလင်း​ပြောရမှာလဲ
ငါတို့က ဘာလို့ထင်​သာမြင်​သာ​နေရမှာလဲ
ငါတို့က ဘာအ​ကြောင်းကိုသိရမှာလဲ
ငါတို့က ငါတို့အကျိုးကိုသိ​နေတာပဲ
ပြောင်းချိန်​တန်​ပြီ ​ပြောတဲ့လူ​တွေကို ငါတို့မုန်းတယ်​ ။

ငါတို့ပိုင်​ဆိုင်​တာ​တွေ ဘာလို့ပြရမှာလဲ
ငါတို့က ဘာလို့အခွန်​​ဆောင်​ရမှာလဲ
ငါတို့ သိမ်းယူခဲ့တာ​တွေ ပြန်​​ပေးရပြီ
အဲဒီလိုလုပ်​တဲ့ ဒီမိုက​ရေစီနဲ့ လူ​တွေကိုမုန်းတယ်​ ။

ငါတို့က အတိတ်​ကံ​ကြောင့်​ ​ကောင်း​နေတာ
လူအများက အတိတ်​ကံ​ကြောင့်​ ဆင်းရဲ​နေတာ
ငါတို့ကြမ်းချင်​တိုင်း ကြမ်းလို့မရတာ
ငါတို့လုပ်​ချင်​တိုင်း လုပ်​လို့မရတာ
ငါတို့​နေချင်​တိုင်း ​နေလို့မရတာ
အဲဒါ​ကြောင့်​ အဲဒီလူ​တွေကို ငါတို့မုန်းတယ်​ ။

အပြုတ်​ထင်​လို့ အထင်​ပြုတ်​ရင်​ အထုပ်​ပြင်​​တော့ အပြင်​ထုတ်​မယ်​ ။
ထု ခံ မှ ခံ ထု
ပြည်​သူလူထုက ​ပြောပါတယ်
ကဲ . . . သင်​တို့ သွားသင့်​ရာ သွားကြ​ပေ​တော့
အာဏာရှင်​​တွေကို အလိုမရှိပြီ ... ။

ငြိမ်းစိုးဦး
( 11 ; 11 ; 2015 )

ကရင် ကျေးရွာ မှ အခြေခံပညာမူလတန်းကျောင်း ဖွင့်ပြီ

စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ် မော်လူးအုပ်စု
ကရင်ရွာ အခြေခံ မူလတန်းကျောင်းဖွင့်ပွဲ
19/12/2015


Thursday, December 17, 2015

ကဗျာစာမူများ ဖိတ်ခေါ်ခြင်း



"မော်လူးသူ/သားများ အားလုံး မင်္ဂလာပါ ခင်ဗျာ . . . " ချိုသာကြည်မြ
နှုတ်ခွန်း ဆက်သပါရစေ .... ကျနော်တို့ရဲ့ မော်လူးသူားများ
(mawluuvillagers) အဖွဲ့က တင်ပြပေးနေတဲ့ သတင်း ဆောင်းပါး သုတ ရသ နည်းပညာ
အစရှိတဲ့ စာတွေကို အားပေးကြနေကြတဲ့ ဒေသခံပရိတ်သတ်ကိုလည်း
အထူးကျေးဇူးတင်မိပါကြောင်း ဒီနေရာကနေ ပြောပါရစေ ... ကျနော်တို့အဖွဲ့ဟာ
တိုးတက်လာတဲ့ နည်းပညာတွေကို လက်လှမ်းမီသလောက် လေ့လာပြီး
အခြားမြို့ရွာများနည်းတူ နည်းပညာမှာ နောက်ကျမနေစေပဲ .... ခေတ်နှင့်
ရင်ဘောင်တန်းနိုင်ကြရန် ကြိုးစားနေကြခြင်း ဖြစ်ပါတယ် . . .
ဒီလိုကြိုးစားခဲ့ရာမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီလို့လည်း
ကျနော်တို့ အဖွဲ့သားများက ယုံကြည်လျှက်ပါ ... ဘာကြောင့်လည်းဆိုတော့
ယခုဆိုလျှင် ဒေသတွင်းမှာ နည်းပညာကို ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုလာကြတာကို မြင်တွေ့ရလာလို့ပါပဲ . . . . .
နည်းပညာပိုင်းကို အသုံးချပြီး ခေတ်နှင့် ရင်ဘောင်တန်းနိုင်ရန်
ကြိုးစားသည်နှင့် အညီ စာပေကဏ္ဍကိုလည်း မြင့်တင့်နိုင်အောင်
ကြိုးစားနေပါသည်။ ထိုသို့ စာပေကဏ္ဍတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံ၏
အထိမ်းအမှတ်နေ့များတွင် ကဗျာပြိုင်ပွဲ ပြပွဲများကိုလည်း ပြုလုပ်ခဲ့ပါသည်။
ကဗျာရေးသားသူများကိုလည်း တတ်နိုင်သလောက် စာမူခများကို (အိတ်စိုက်)
ပေးအပ်ချီးမြင့်ခဲ့ပါသည်။  ယခုရေးသားတင်ပြမည့် အကြောင်းအရာမှာလည်း
ဒေသတွင်း စာပေဖွံ့ဖြိုးစေရန် ရည်ရွယ်ပြီး ပြုလုပ်မည့်
ပြိုင်ပွဲတစ်ခုအကြောင်း ကြေညာပေးရန် ဖြစ်ပါတယ်။ မကြာမီကာလတွင် ၂၀၁၅
ခုနှစ် ကုန်ဆုံးကာ ၂၀၁၆ ခုနှစ်သို့ ပြောင်းလဲ
ရောက်ရှိလာတော့မည်ဖြစ်ပါသည်။ နှစ်သစ်သို့ ပြောင်းလဲရောက်ရှိလာသည်နှင့်
အညီ ကျနော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့သည်လည်း ရောက်ရှိလာတော့မည်
မဟုတ်ပါလား။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှ စတင်ပြီး ကျနော်တို့
မြန်မာနိုင်ငံသူ/သားများ သူ့ကျွန်ဘဝမှ လွတ်မြောက်ကာ ကမ္ဘာအလယ်တွင်
လွတ်လပ်သောနိုင်ငံအဖြစ် ရပ်တည်ခဲ့နိုင်ခဲ့သည်။ ထိုသို့
လွတ်လပ်သောနိုင်ငံအဖြစ် ရောက်ရှိစေရန်ကား နှစ်ပေါင်းများစွာ
နိုင်ငံသူ/သားတို့၏ အသက်သွေးချွေးများစွာ စတေးခဲ့ရသည်။ ထိုသို့
မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်ကြိုးပမ်းပေးခဲ့ကြသည့်
မိမိတို့ဘိုးဘွားများ၏ ကျေးဇူးတရားကို
အောက်မေ့သတိရကြစေခြင်းငှာ(အခြားအကြောင်းအရာ များစွာရှိပါသေးသည်။)ဇန်နဝါရီ
၎ ရက်နေ့ကို မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပေသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ ၆၈
နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျနော်တို့ အဖွဲ့မှ
ကဗျာပြိုင်ပွဲလေးကို ကျင်းပပြုလုပ်ပါမည်။ ကဗျာများကို ၂၀၁၆ ခုနှစ်
ဇန်နဝါရီ ၄ ရက်နေ့အထိ ပေးပို့နိုင်ပါသည်။ တစ်ဦးလျှင် ကဗျာ တစ်ပုဒ်သာ
ပေးပို့ရပါမည်။ ကဗျာများရေးသားရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့နှင့်
သက်ဆိုင်သည့် အကြောင်းအရာများကို ရေးသားကြစေလိုပါသည်။ ကဗျာခေါင်းစဉ်ကိုမူ
မိမိကြိုက်ရာ ပေးနိုင်ပါသည်။ ပေးပို့လာသည့် ကဗျာများကို မော်လူးဒေသ
သတင်းများ စုစည်းရာနှင့် mawlu news page(facebook) စာမျက်နှာများတွင်
ဖော်ပြပေးသွားပါမည်။ ထိုသို့ ဖော်ပြရာတွင် လူကြည့်အများဆုံးနှင့်
လူကြိုက်အများဆုံး (Like)ရရှိသည့် ကဗျာများကို ရွေးချယ်ပြီး
ဆုချီးမြင့်ပေးသွားမည် ဖြစ်ပါသည်။
ထို့အပြင်  အကောင်းဆုံး ကဗျာ  ၅  ပုဒ်  ကိုလည်း
ရွေးချယ် ဆုချီးမြှင့် ပေးမည်ဖြစ်သဖြင့်
ဆု  ၆  ဆု  ချီးမြှင့် ပေးပါမည်။

ရေးသားပေးပို့လာသည့် ကဗျာများကို
စုစည်းပြီး ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေး အထိမ်းအမှတ် ကဗျာပြပွဲအဖြစ်
တင်ဆက်ပေးပါမည်။ ထို့ပါ၍ ယခုအချိန်မှ စတင်ပြီး ကဗျာများကို  facebook
သုံးစွဲသည့် ကဗျာဝါသနာရှင်များသည် mawluuvillagers facebook chat box
သို့လည်းကောင်း E-maiL ဖြင့် ပေးပို့လိုပါက mawluuvillgers@gmail.com
သို့ လည်းကောင်း ရေးသားပေးပို့နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
Like များများ ရစေရန်အတွက်မူ အမြန်ဆုံး ရေးသားပေးပို့ထားလျှင်
ဝင်ရောက်ကြည့်ရှူမှုအများဆုံးနှင့် လူကြိုက်အများဆုံး (Like)
ရရှိရန်အခွင့်အလမ်း ပိုကောင်းနေသည့်မို့ မြန်မြန်ရေးသားပေးပို့ကြပါဟု
တိုက်တွန်းအပ်ပါသည်။ ထို့အပြင် ကျနော်တို့အဖွဲ့၏ စိတ်ကြိုက်
ကဗျာတစ်ပုဒ်ကိုလည်း ရွေးချယ်ပြီး ဆုချီးမြင့်ပေးမည်ဖြစ်ပါသည်။
ရေးသားပေးပို့ကြမည့် ကဗျာအောက်ခြေတွင် ရေးသားသူအမည်
ကိုယ်တိုင်ရေးသားကြောင်း ကတိခံဝန်ချက်နှင့် ဖုန်းနံပါတ်များကို ထည့်သွင်း
ဖော်ပြပေးစေလိုပါသည်။

အားလုံးကို လေးစားစွာဖြင့် . . .
mawlunews admin group

မော်လူးဒေသအတွင်း တရားဝင် ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ပေါင်း ၄၇ကွက်ရှိနေ



မော်လူးဒေသအတွင်း တရားဝင် ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ပေါင်း ၄၇ကွက်ရှိနေ..(ဟာဂျူလီ-ကသာ)
*********
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် မော်လူးဒေသအတွင်း၌ တရားဝင်ခွင့်ပြုထားသော ကျောက်မျက်တူးဖော်ရေးလုပ်ကွက်ပေါင်း ၄၇ကွက်ရှိနေသည့် အပြင် ယခုစာရင်းတွင် မပါသေးဘဲ လုပ်ကိုင်နေသော လုပ်ကွက်များစွာလည်း လက်ရှိလုပ်ကိုင်နေကြသည့်အတွက်
မော်လူးဒေသအနေဖြင့် ဒုတိယဖားကန့်ဖြစ်လာတော့မှာ သေချာနေကြောင်း သိရှိရပါသည်၊
သတ္တုတွင်းဝန်ကြီးဌာနမှ မော်လူးဒေသအတွင်းတရားဝင်ခွင့်ပြုထားသော ကုမ္ပဏီနှင့် လုပ်ကွက်များမှာ
(က) သတ်မှတ်လုပ်ကွက်
(၁) မဟာကြယ်ကျောက်မျက်ကုမ္ပဏီ (၁)ကွက်
(၂) ကံပွင့်ဦး ကုမ္ပဏီ (၄)ကွက်
(၃) မြင့်ထက်ဇော်ကုမ္ပဏီ (၇)ကွက်
(ခ)ဖော်ထုတ်လုပ်ကွက်
(၄) ဝူဘရားသားကုမ္ပဏီ (၁)ကွက်
(၅) ဖော်အဲဗား စူပါဂျိတ်ကုမ္ပဏီ (၂၀)ကွက်
(၆) မန်းရတနာထွန်းကုမ္ပဏီ (၂)ကွက်
(၇)ဓူဝံကြယ် ကုမ္ပဏီ (၂) ကွက်
(၈) ဇဗ္ဘူသီရိ ကုမ္ပဏီ (၁၀)ကွက်တို့ ဖြစ်ကြပါသည်၊
တရားဝင်စာရင်းများတွင် သစ်တောအက်ဖြင့်တရားစွဲခံရပြီး ဒါဏ်ငွေ၅၀၀၀ကျပ်ဆောင်ပြီး ဆက်လက်လုပ်ကိုင်နေဆဲ အိပ်မက်ကျောက်ကုမ္ပဏီနှင့်အခြား jate co,t တို့ မပါသည်ကို တွေ့ရပါသည်၊ မော်လူးဒေသအတွင်း တူးဖော်ခွင့်လိုင်စင် မရသေးဘဲ လုပ်ကိုင်နေသော ကုမ္ပဏီများ ရှိသလို လုပ်ကွက်၂ကွက်သာ(လုပ်ကွက်၁ကွက်လျှင် ၁ဧကနှုန်းသတ်မှတ်ထားပါသည်) ရထားပြီး လုပ်ကွက်၈ကွက်စာ လုပ်ကိုင်နေသည့် ကုမ္ပဏီများလည်းရှိနေပြီး မော်လူးဒေသတွင် နေ့စဉ် ကျောက်မိုင်းခွဲတူးဖော်မှုများ ရှိနေကြောင်း သိရှိရပါသည်။ (ဟာဂျူလီ-ကသာ)
**********************

အစိုးရဖက်စပ် လုပ်ငန်းများ  တိုးလာသည်နှင့်အမျှ
မော်လူးဒေသခံများအတွက်တော့
ဒေသဖွံ့ဖြိုးရေး  အလုက်အကိုင်အခွင့်အလမ်း  လမ်းပန်းဆက်သွယ်ရေး  ဈေးအရောင်းအဝယ်  တွေတော့အပြောင်း  အလဲ  ရှိ  နေတယ် ဆိုတာတော့  သေချာ  မှာပါ။

Wednesday, December 16, 2015

အိမ်မှာ ကိုယ်တိုင် ကြေးအိုး ချက်ချင်သူများအတွက်



ကြေးအိုး ချက်နည်း
○●○●○●○●○●○●
ကြေးအိုးက ဆိုင်မှာ စားရသလို တူပါ့မလားဆိုတဲ့ စိုးရိမ်မှုပါဘဲ။ စိတ်မပူပါနဲ့။ ဟင်းရည်က အဓိက ကျတာမို့ အခု ပေးထားတဲ့ ချက်နည်းအတိုင်းသာ ချက်ပါ။ တထပ်တည်းမကျရင်တောင် စားရတာ စိတ်တိုင်းတော့ ကျပါမယ်။ အသားလုံးတဲ့ အခါမှာလည်း တရုတ်မဆလာ ကြိုက်ရင် ထည့်ပြီး နှပ်ထားနိုင်ပါတယ်။ အသားလုံးကို ငါးဖယ်ထည့်လုံးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ငါးဖယ် ၀ယ်မရနိုင်ခဲ့ရင်တော့ ကော်မှုန့် နိုင်နိုင်လေးနဲ့ လုံးပေးပါ။
ပါဝင်သော ပစည်းများ
၁။ ကြက်ရိုး (သို.မဟုတ်) ၀က်ရိုး
၂၊ အူစုံ ၊ အသည်းစုံ
၃၊ တောက်တောက်စင်းထားသော အသား
၎၊ ငုံးဥ
၅၊ ပဲပြား
၆၊ မုန်ညင်းစိမ်း
ရ၊ ဆန်ပြား၊ ကြာဆံ
၈၊ ဘဲငန်းပျံ ငရုပ်ဆီ
၉၊ ရှာလကာရည်
၁၀။ ငရုပ်သီးစိမ်း
၁၁။ ကြက်သွန်ဖြူ
ဟင်းရည်
အရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ရိုးရိုးနှင့် ထည့်ပြုတ်ပါ၊ ဆား ၊ အချိုမှုန်. သုံးလျှင် အချိုမှုန်. ထည့်လို.ရတယ်၊ ဒါပေမဲ့ ကြက်သားမှုန်. မထည့်ပါနဲ.၊ အရသာကို ပြောင်းသွားနိုင်လို.ပါ၊ နောက်ပြီး သကြားကို ချိန်ဆ ပြီး ထည့်ပါ၊အချို လေးလေး ဖြစ်အောင် ချိန်ဆ ထည့်ပါ၊ အရိုးများ နူး နေသည်အထိ ပြုတ်ပေးပါ၊
သတိပြုရန်မှာ- အထက်ပါ အစာပလာများမှ လွဲပြီး တခြား ကောင်းနိုင်မည် ထင်သည့် အရာများ လျှောက်မထည့်ပါနဲ.။ အထူးသဖြင့်.... ဂျင်း၊ တရုပ်နံနံ လုံးဝ မထည့်ရ။
အသားနှင့် အရွက်များ ပြင်ဆင်ခြင်း
၁၊ တောက်တောက်စင်းထားသော အသားများကို ကော်မှုန်.၊ ဆား၊ အချိုမှုန်.၊ ကြက်ဥ အကာ
( နှမြောလျှင် အနှစ်ပါ ထည့်)၊ တရုပ်ကြက်သွန်မိတ်၊ ငရုပ်ကောင်း တို.နှင့် နယ်ပြီး နှပ်ထားပါ၊
၂၊ မုန်ညင်းစိမ်းကို အရွက်ချွေထားပါ၊
၃၊ အသည်းအမြစ်၊ အူစုံ အသည်းစုံကို ရေစင်စင်ဆေး၊ အနေတော်လှီး ပြီး ဆား၊ အချိုမှုန်.တို.နှင့် နယ်ထားပါ၊ အမျိုးအစား တခု ချင်းဆီကို ရေလဲပြီး တခု ချင်းစီ ပြုတ်ပါ၊ ဗန်းထဲတွင် အသင့်ပြင်ထားပါ၊
( ဟင်းရည် ထဲတွင် အလွယ် ထည့်မပြုတ်ပါနှင့်)
၎၊ ငုံးဥ ကို ပြုတ်၊ အခွံနွာ အသင့်ပြင်ထား
၅၊ ပဲပြားကို လိုသလောက် လွာထားပါ၊
၆၊ ဆန်ပြား နှင့် ကြာဆံ ကို ရေစိမ်ပြီ စစ်ထား၊ ပြီးရင် ဗန်းထဲတွင် ခင်းထားပါ၊
နှမ်းဆီ ငရုပ်ကောင်း ပြင်ဆင်ထားခြင်း
နှမ်းဆီကို ပူအောင် ဒယ်အိုးမှာ တည်၊ ခွက်ထဲမှာ ငရုပ်ကောင်း လှော်ထောင်းကို ထည့်ထား၊ နောက် ဆီပူ လောင်းထည့် ပြီး ပွဲပြင်မည့် နားတွင် အဆင်သင့် ပြင်ထားပါ၊
ပွဲပြင်နည်း
- သီးသန်. လက်ကိုင် အိုးထဲတွင် တပွဲစာ ဟင်းရည်ထည့်၊ ပွက်အောင်တည်၊
တည်နေချိန်တွင် အသားကို လုံးပြီး ထည့်၊
- အူစုံ အသည်းစုံထည့်
- ကြာဆံ (သို.) ဆန်ပြားကို အလိုရှိသလောက်ထည့်ပြုတ်
- ပဲပြားထည့်
- ငုံးဥ ထည့်
- အရွက်စိမ်း နောက်ဆုံးမှ ထည့်
- ပွက်ပွက်ဆူလာလျှင် အသား ကျတ်မကျတ် ချိန်ဆ ပြီးမှ ပန်းကန်ထဲကို လောင်းထည့်ပါ
- ပြီးရင် နှမ်းဆီ ငရုပ်ကောင်း (သို.) ငရုပ်ကောင်း လှော်ထောင်းကို လိုသလောက်ထည့်ပြီး စားပါ
အချဉ်ရည် ပြင်ဆင်နည်း
ငရုပ်သီး စိမ်း ကို ပါးပါးလှီး
ရှာလကာရည် ၃ ဇွန်း
သကြားတဇွန်း
ဆားအနည်းငယ်
ငံပြာရည် အနည်း ငယ် နှင့် ရေအနည်းငယ် ထည့် ( ရေကျတ်အေး)
အားလုံးကို ထည့်မွေ၊ ပြီးလျှင် အချဉ် နဲ. အပေါ့ကို မြည်း၊ လိုတာ ထပ်ထည့်
ငရုပ်ဆီ နှင့် တွဲပြီ ကြေးအိုးကို စားနိုင်ပါပြီ။

Credit to ချက်ကြီးတို့မီးဖိုချောင်

မော်လူး အရှေ့ကျောင်းတိုက်တွင် တရားပွဲကျင်းပ



မော်လူးမြို့ အရှေ့ကျောင်းတိုက် ရွှေစင် တိပိဋက
အထူးဓမ္မသဘင် 16/12/2015
ပထမည
ဘယ်လိုအနိုင်ယူကြမလဲ ခေါင်းစည်းဖြင့် ဟောကြားတော်မူသည်

မော်လူးမှာ မီးလန့် တာတဲ့

ဒီဇင်ဘာ၁၆ရက်နံနက်၇နာရီခန့်အချိန်၌မော်လူးမြို့နယ်လျှပ်စစ်ရုံးဝင်းတွင်မီးလှန့်မှု့ဖြစ်


Monday, December 14, 2015

ဟင်းမျိုးစုံကို ကိုယ်တိုင်အိမ်မှာ ချက်လိုသူများအတွက်


ဟင်းချက်နည်း  အမျိုးအမျိုးကို ဖတ်ပြီး
အိမ်ရှင်မများ လက်စွမ်းပြရအောင်


နှိပ်ပြီး လေ့လာ့နိုင်ပါတယ်

ကိုရီးယား ထမင်းသုတ်(Bibimbap) စားကြချင်ကြသူများအတွက် ကိုးရီးယားထမင်းသုတ်နည်း



ကိုးရီးယားထမင်းသုတ်နည်းလေးပါ


နှိပ်ပြီး လေ့လာလိုက်ကြနော့

Sunday, December 13, 2015

စာအုပ်မျိုးစုံ ကိုယ်တိုင်ရှာဖွေ down လိုသူများအတွက်



စိတ်ကြိုက်ရှာဖွေနိုင်တဲ့  ဘလော့ ပါ


နှိပ်ပြီးရှာဖွေ နိုင်ပါသည်

window 7 တင် နည်း စာအုပ်



window 7 တင်နည်း မြန်မာလိုရေးသားထားသော
စာအုပ် ဖတ်လိုသူများ


နှိပ်ပြီး  သွားရောက် ဒေါင်းယူနိုင်ပါတယ်

facebook id photo lock ဖြည်​နည်း



facebook   လော့ကျလို့ စိတ်ညစ်နေကြလား

စိတ်ဝင်စားရင်


နှိပ်ပြီး  လို့အပ်တာတွေဒေါင်း  လုပ်နည်းဖတ်လိုက်တော့
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အင်းတော်မြို့နယ် ပညာရေး၏ ၂၃ ကြိမ်မြောက် ကျောင်းသားအားကစားပွဲ


credit to Thein Swe Win

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အချိန်စာရင်း

credit to Mizzima - News in Burmese

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အချိန်စာရင်းကို ပညာရေးဝန်ကြီး
ဌာနက ဒီဇင်ဘာ ၁၁ရက်တွင် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်အရ ၂၀၁၆ခုနှစ် မတ်လ ၉ ရက်နေ့ မှ ၁၈ ရက်နေ့အထိ သက်ဆိုင်ရာဘာသာတွဲများအလိုက် ဖြေဆိုကြရမည်ဖြစ်သည်။''

တစ်ခါက ညများ

တစ်ခါက ညများ
@@@@@@@@
"ညတွေ အိပ်မရတာ များနေပြီ. . ."
ဒီစာကြောင်းလေးကို ဖတ်မိပြီး ခင်ဗျားတို့တွေ ဘယ်လိုတွေးမိသလဲ ?
ဘာတွေတွေးမိသလဲ ? တစ်ချို့ကပြောမယ် .... ကြမ်းပိုးကိုက်လို့ ဖြစ်မှာပေါ့
. . . တစ်ချို့ကျတော့ "ဟေ့ ကောင် . . . မင်း . . ကြောင်နေပြီလို့လည်း
ဆိုချင် ဆိုကြလိမ့်မပေါ့ . . . ''

ဒီလိုထင်မြင်ယူဆချက်တွေဟာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ..... ညတွေရဲ့
တိတ်ဆိတ်မှုတွေတိုင်း ... ညတွေရဲ့ မှောင်မိုက်မှုတွေတိုင်း .....
အိပ်စက်လိုခြင်းတွေက ပျောက်ပျောက်သွားနေကြတာပါ . . .။

တကယ်တော့ အဲ့ဒီတိတ်ဆိတ်မှုတွေ အဲ့ဒီမှောင်မိုက်မှုတွေနဲ့ တန်ဆာဆင်ထားတဲ့
ညတွေထဲမှာ ကျနော့် အတွေးတွေဖြန့်ကျက်နေခဲ့တာ ... ကျနော့်အတွေးတွေ
ပြေးလွှားနေခဲ့တာ . . . ကျနော့်ရဲ့ည ဟင်းလင်ပြင်ကြီးမှာ
စိတ်ကူးကြယ်ပွင့်တွေ တလက်လက်တောက်ပလို့ပေါ့ . . . ကျနော် ဘယ်လို
အိပ်စက်ရပါ့မလဲ . . . .။

''မျက်စိမှတ်ပြီး အိပ်စက်ပစ်ဖို့ ကြိုးစားမိတယ် . . . ကျနော့်နားထဲမှ
အသံတွေကြားနေရတယ် . . . အဲ့ဒီအသံတွေရဲ့ နောက်ကိုလိုက်ရင်း ကျနော်
အိပ်စက်ပစ်ဖို့ မေ့မေ့နေခဲ့တာ ရက်ပေါင်း မနည်းတော့ဘူး . . . ။
အိပ်စက်ရမှာ ကြောက်လာတယ် . . . ဒါဘာဖြစ်တာပါလိမ့်လို့
မတွေးမိနိုင်လောက်အောင် ကျနော် အံ့သြနေမိတာ . . . ဒီခံစားမှုတွေကို
တောင်စဉ်ရေမရ အတွေးတွေကြောင့် "မင်းရူးနေပြီလို့ .....လာမစွပ်စွဲကြပါနဲ့
. . . " ကျနော့် ညတွေတိုင်း ကမ္ဘာကြီး ကို သိမ်းပိုက်ဖို့ ကြံစည်နေမိတာ .
. . .

"ဟော . . . ဒီညတော့ ထူးထူးဆန်းဆန်း ကျနော်အသံတွေကြားနေရပြန်ပေါ့ . . .
ကျနော့်စိတ်ကူး အတွေး အကြံအစည်တွေကို ဖျက်လို ဖျက်ဆီးလုပ်မဲ့
တစ်စုံတစ်ယောက်သောသူရဲ့ အသံတွေ . . . စိတ္တဇဆန်နေလိုက်ပုံများ . . . ညဟာ
ဖရိုဖရဲတွေ ဖြစ်လို့ . . . . ညရဲ့ကြမ်းပြင်မှာ ကြားနေရတဲ့
ခြေသံတစ်ရှပ်ရှပ်ဟာ ကျနော့်ကို အတားအဆီးတွေရဲ့ အလယ်က နံရံတွေဆီကို
တဖြည်းဖြည်းချင်း တွန်းပို့နေကြတယ် . . . .

"ညရဲ့ အသံတွေ ကျနော့်နားထဲမှာ ပဲ့တင်ထပ်နေတယ် . . . ကျနော်ဒီလောကကြီးထဲက
ထွက်ခွာသွားရလိမ့်မယ် . . . ကျနော်ဟာ တန်ဖိုးမဲ့ လူသားတစ်ယောက် . . ."
ကြားနေရတဲ့ ညရဲ့အသံဟာ အစစ်အမှန် မဟုတ်ဘူးဆိုတာ သက်သေပြဖို့လိုတယ် . . .
ဒါဟာ ညရဲ့ လှည့်ဖျားမှုသက်သက် ... ဒါဟာ ညရဲ့ မာယာ . . . မင့်ငါ့ကို
မလှည်းစားနဲ့ ညရေ . . . .

ဟော . . . ညရဲ့ နှုတ်ခမ်းကွေးကွေးလေးက ပြုံးပြနေတယ် . . . ဒါဟာ
လှောင်ပြုံးတစ်ခု . . . ဘာလို့ အမှောင်ဆုံးညတွေက အိပ်စက်ခြင်းကို
မဆောင်ကြဉ်းပေးတာပါလိမ့် . . . . ကျနော့်ဟာ အိပ်စက်ခြင်းနဲ့
တစ်ဖြည်းဖြည်းဝေးကွာ . . .

ဒီအမှောင်ညတွေကို ကျနော်တွန်းလှန်ဖို့ ကြိုးစားကြည့်တယ် . . . ဟော . . .
နားထဲက အသံတွေက . . . ဒီတစ်ခါတော့ ချစ်ခြင်းတရားထုံမွန်းနေတဲ့
ကလူကျီစယ်သံတွေ . . . ချစ်စရာအပြုံးတွေနဲ့ အပြစ်ကင်းစင်တဲ့
မျက်နှာလေးတစ်ခုပါ တွဲရက်ပါလာသေးရဲ့ . . . ကျနော် ချစ်လိုက်တာ . . .
ခံစားချက်တွေက မွန်းကြပ်ကြပ် . . . .

ကျနော် ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်း .... နှုတ်ဖျားကလည်း တဖွဖွရေရွတ်
. . . "ဒါမဖြစ်သင့်ဘူး . . . ဒါဟာ စိတ်အလိုလိုက်မှု တစ်ခု . . .
ဒါအချစ်ဆိုရင် . . . ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲမှာ ပက်လက်မျှောလိမ့်မယ်
. . . " ကျနော့်ရဲ့ညတွေထဲကို ကျနော့်ကိုယ်ကျင့်တရားတွေ
ရောင်းမစားဘူးဆိုတာ အသေအချာ . . .

အိပ်မရတဲ့ ည . . . တန်ဖိုးထားတဲ့ ကိုယ်ကျင့်တရား . . .  ရင်ထဲက
ချစ်ခြင်းတရားတစ်ခု . . . .
အသံတွေ ကျနော့်နားထဲမှာ တဝဲလည်လည် ပဲ့တင်ထစ်ချုန်း ခေါင်းတွေ
မကြည်လင်တော့ဘူး . . . .
ညတွေကို ကျနော်ကြောက်လာပြီ . . . ညရယ် မှောင်မိုက်မှုတွေကို
သယ်မလာခဲ့နဲ့တော့ .... ညရယ် ကျနော့်နားထဲကို အသံတွေကို သယ်မလာခဲ့ပါနဲ့ .
. . .
မဟုတ်ဘူး . . . ဒါဟာ ညရဲ့ ပြုစားမှု သက်သက် မဟုတ်ဘူး . . . ကျနော့်ရဲ့
အထီးကျန်ဆန်မှုအတွက် ဖြေသိမ့်ရာ . . . ကျနော့်ကို အကြောက်တရားတွေမပေးလာနဲ့
. . . အပြစ်ကင်းစင်တဲ့ သူမရဲ့ အပြုံး .... တီတီတာတာ သူမရဲ့ စကားသံ . . .
ကြွကြွရွရွ သူမရဲ့ ခြေလှမ်း . . . ကျနော့်ဘဝရဲ့ မျှော်လင့်ခြင်း . . . .
ကျနော် သူမကို ချစ်တယ် . . .။

ကျနော်ရဲ့ ညတွေတိုင်း သူမနဲ့အတူ ရင်ဆိုင်ဖြတ်သန်းဖို့အတွက်
အစီအစဉ်တွေချမှတ်နေခဲ့တာ။ ကျနော်ဘယ်သူ့ကိုမှ ဖွင့်မပြောမိဘူး။
လူတွေဆိုတာက ယုံကြည်ရတာမှ မဟုတ်တာပဲ။ ဟော . . . ညရဲ့ မျက်နှာပြင်မှာ
ခုနှစ်စင်ကြယ်လေးတွေ ပြုံးပြနေကြပါလား။

သူမရဲ့ အမည်နာမကို အဖျားဆွတ် တဖွဖွ ရေရွတ်မိရင်း . . . ချစ်ခြင်းဖွဲ့
အလင်္ကာတွေ စာမျက်နှာတွေပေါ်မှာချရေး . . . ဟော . . . ဒီလိုကျပြန်တော့လည်း
ညတွေဟာ လှတပတ ရှိနေလေရဲ့ . . . ကျနော့်ရဲ့ ညမှတ်တမ်းတွေဟာ ရဲရဲရင့်ရင့်
ချီတက်လို့နေပြန်ရော . . . ကျနော့် ရင်ဘတ်ကြီးကလည်း တလှပ်လှပ်တုန် . . .
ပျော်ဝင်သွားစေမဲ့ ချစ်ခြင်းဖွဲ့ စကားလုံးတွေက ဖွေးဖွေးလှုပ်လို့ . . . .။

ညရဲ့ ကိုယ်သင်းနံ့တွေကို ရှူရှိုက်ရင်း . . . ရင်ရဲ့ ဘယ်ဘက်က
တဒုတ်ဒုတ်ပုံမှန်ခုန်နေတဲ့ နှလုံးသားက ချစ်ခြင်းဖွဲ့ အလင်းတွေအကြောင်း
ကောင်းကင်ကို မော့မော့ကြည့်ရင်း ရှင်းပြနေမိတာလည်း အမော . . .

တစ်ခါတစ်လေ ညရဲ့ လေညှင်းမှာ နစ်မျှောပြီး . . . အသည်းကွဲ သီချင်း
တစ်ပိုင်းတစ်စကို တိုးတိုးလေး ငြီးမိပြီးမှ . . . ကိုယ်နဲ့
မသက်ဆိုင်မှန်း သိမိတဲ့ အဖြစ်မျိုးတွေနဲ့ ကုန်ဆုံးခဲ့ရတဲ့ ညတွေလည်း
နည်းမှ မနည်းပဲလေ . . . .

ညတွေရဲ့ အသံတွေက အိပ်စက်ခြင်းကို ယူဆောင်သွားသလို . . . အခုဆို
နေ့ခင်းအိပ်မက်တွေကိုပါ အသံတွေက စိုးမိုး . . . ဘယ်မှာလဲ
မျှော်လင့်ခြင်းတွေ . . . ကြောက်တတ်ခြင်းတွေက ပိုလာတယ် . . .
အစိုးရိမ်ကြီးမိတာပါလို့ . . . ဖြေသိမ့်ရင်း . . . ငြိမ်းချမ်းမှုမဲ့
နေ့တွေ ညတွေ . . . ကျနော် သေဆုံးပစ်လိုက်ချင်တယ် . . . .

ကျနော်သတ်ပစ်ဖို့ ကြိုးစားနေမိတဲ့ ညတွေအကြောင်း အသံတွေအကြောင်း ......
ကျနော်ပျော်ဝင်ခဲ့တဲ့ သူမရဲ့ အပြစ်ကင်းစင်မှုတွေအကြောင်း . . .
ကျနော် . . . . . ရှင်သန်မှုနေ့ရက်တွေအကြောင်း . . . .
ကျနော့် . . . . . မကျေမနပ်ဖြစ်ခဲ့ရတဲ့ နေ့ရက်တွေ . . . ကျနော်
နာကျည်းခဲ့ရတဲ့ မျက်နှာတွေ
ကျနော့်ရဲ့ မာနတရားတွေ . . . . .  အမှန်တရားဆိုတာကြီးက တစ်ခါတစ်လေတော့
ခါးသီးလွန်းတယ် . . .
တကယ်တော့ ကျနော်ဟာ ဒီလောကကြီးမှာ မရှိသင့်တော့တဲ့ လူတစ်ယောက် . . .
ဖျက်လိုဖျက်ဆီးနိုင်လှတဲ့ ပတ်ဝန်းကျင်ကို ကျနော် အနိုင်ယူဖို့
ကြိုးစားတယ် . . .

ကျနော်ဖတ်ထားဘူးတဲ့ ဆော့ခရိတ္တိအကြောင်း ခေါင်းထဲရောက်လာတယ် . . . .
သူရဲကောင်းဆန်စွာ မိမိကိုယ်ကို စွန့်ခွာရမယ် . . . .
ဆော့ခရိတ္တိက အဆိပ်ခွက်ကို ကိုင်မြောက် . . . .
. . . . . . . . . . . . . . . . . . .
အိပ်မပျော်တဲ့ ညတွေကို လွန်မြောက်စေဖို့ အတွက်
ကျနော့်လက်ထဲမှာတော့ . . . . .
....................................................................................
k.t.w.l

Saturday, December 12, 2015

အဌမတန်း ကျောင်းသား သူ မိဘများ သိစေဖို့

2015-2016  ပညာသင်နှစ်  အဌမတန်းစာမေးပွဲ  သည်

မိမိသားသမီး များ အတွက်  အရေးကြီးသည့်  စာမေးပွဲ တစ်ခု ဖြစ်နေပါသော ကြောင့်

သတိပြုနိုင်ရန်  အသိပေးလိုက်ပါတယ်။



အင်းတော် စည်ပင်သယာ နယ်မြေမှာ စည်ပင်သာယာက ယာဉ်မျိုးစုံဖြင် အမှိုက်များ နေ့စဉ်သိမ်းဆည်း



အင်းတော်မြို့သန့်ရှင်းသာယာလှပစေရေးတွက်စည်ပင်သာယာရေးဌာနကအမှိုက်သိမ်းယာဉ်ရေသယ်ယာဉ်များဖြင့်နေ့စဉ်ဆောင်ရွက်နေ

မော်လူးရွာသားများ  သိစေဘို့  fb  က  မ  လာသည်။

Friday, December 11, 2015

" သပိတ်အကြောင်း သိကောင်းစရာ"



ဓမ္မရတနာ
" သပိတ်အကြောင်း သိကောင်းစရာ"
++++++++++++++++

အမေး။ ။ ဘုန်းဘုန်းဘုရား။ သံဃာတော်တွေအတွက် သပိတ်ကို အမဲရောင်အဖြစ် ဘယ်သူသတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော်သိလိုပါတယ် ဘုရား။ နောက်ပိုင်းမှာ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။
မောင်ပြည့်စုံအောင်။ ရုရှား

အဖြေ။ ။ သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ ဘုရားအလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာလှူဒါန်းပါတယ်။ ဒီပရိက္ခရာထဲမှာ သပိတ်လည်း ပါပါတယ်။ ဗြဟ္မာလှူတဲ့သပိတ်ဟာ ဘာနဲ့လုပ်ထားတယ်ဆိုတာ တိတိကျကျ မဖေါ်ပေမဲ့ သုဇာတာသဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းတဲ့ကာလမှာ (ဃဋိကာရမဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပတ္တော) ဗြဟ္မာကြီးလှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ်(မြေသပိတ်)လို့ ဆိုပါတယ်။ ဘုရားလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့် ကျင့်နေတဲ့ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာသူဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းဖို့ လာတဲ့အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက်သွားခဲ့တယ်။ ဘုရားလောင်းတော်ဟာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။

အဲဒီကနေ သတ္တာသတ္တဟစံတော်မူကာ နောက်ဆုံး ရာဇာယတနသတ္တာဟ စံနေတော်မူတဲ့အချိန်မှာ နတ်မင်းကြီးလေးပါးက (ဣန္ဒနီလမဏိမယေ ပတ္တေ) မြဖြင့်ပြီးတဲ့ သိပတ်(မြသပိတ်)ကို ကပ်လှူကြပါတယ်။ ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တစ်ဖန် ပဲနောက်အဆင်းရှိတဲ့ ကျောက်နဲ့လုပ်ထားတဲ့ သပိတ်လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော်မူပါတယ်။ ဘုရားရှင်က ထိုပဲနောက်အဆင်းရှိတဲ့ သပိတ်လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ်လေးလုံးကနေ အနားရစ်လေးရစ်ပါတဲ့သပိတ်တစ်လုံးတည်း မြင်တွေ့ရပါတယ်။ ဒါကြောင့် ဘုရားရဲ့သပိတ်တော် အရောင်ဟာ ပဲနောက်အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။

တစ်ဖန် ပါတိမောက်ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီး မြေသပိတ် သံပိတ် နှစ်မျိုးသာ အပ်ပါတယ်လို့ဆိုပါတယ်။ ဒီနှစ်မျိုးမှာ မြေသပိတ်ကို (၂)ကြိမ်မီးဖုတ်ပြီး သံသပိတ်ကို (၅)ကြိမ် မီးဖုတ်ရမယ်လို့ အဋ္ဌကထာက ဆိုထားပါတယ်။ ဒီလို မီးဖုတ်ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းရှိစေလိုရင်းဖြစ်တယ်။ သပိတ်အမဲရောင်ဖြစ်အောင် ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ (သမဏသာရုပ္ပေန- ရဟန်းတို့အား လျောက်ပတ်သောအားဖြင့်၊ ပက္ကံ-ကျက်ပြီးသော)ဟုဆိုထားတဲ့အတွက် သမဏသာရုပ္ပဖြစ်အောင် (ရဟန်းများ ကြည်ညိုဖွယ် ဖြစ်အောင်) ဖြစ်ပါတယ်။

သတ်မှတ်တဲ့ကာလ ဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူတာက မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့ဖြစ်ပြီး၊ သတ္တာသတ္တာဟ (၄၉)ရက်အကြာ ၀ါဆိုလဆန်း(၄)ရက်နေ့ ခန့်မှာ နတ်မင်းကြီးလေးဦး၏ ပဲနောက်အဆင်းရှိ သပိတ်ကို အလှူခံယူတော်မူတဲ့အတွက် သပိတ်သတ်မှာရာကာလကို မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါတယ်။ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာကိုပြောရမယ်ဆိုရင် ဘုရား ဖြစ်တော်မူပြီး (၄၉)ရက်ခန့်အကြာမှာ နတ်မင်းကြီးလေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ်လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရားရုပ်ပွားတော်မြတ်အား မြသပိတ်လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ်လို့ခေါ်ကြတဲ့ ဖန်သပိတ်တွေပါ။ အဲဒီသပိတ်တွေလည်း ဘုရာအား လှူဒါန်းဖို့ရာ မသင့်တော်ဘူးလို့ ထင်ပါတယ်။

ဦးကောဝိဒ(မြိတ်)မှတစ်ဆင့်မျှဝေသည်။

မေတ္တာဖြင့်မျှဝေသူ

ကိုညာကြီး

ကြွက်နို့ အတွက်သဘာဝနည်းလမ်း ကောင်းများ


ကျန်းမာရေးအတွက်ဆေးတစ်ခွက်
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂
ကြွက်နို့ အတွက်သဘာဝနည်းလမ်း ကောင်းများ
▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂▂

အရေပြားပေါ်မှာ ဖြစ်လာတဲ့ရောဂါဖြစ်ဖြစ်၊ အရေပြားပြသနာပဲဖြစ်ဖြစ် အတော်စိတ်ညစ်ရပါတယ်နော်။ လှလှတွေ ပျက်တာကိုး ရုပ်ဆိုးဆိုးကြွက်နို့လေးတွေ အရေပြားပေါ်မှာပေါ်လာရင်တော့ ပိုဆိုးတာပေါ့။ ရုပ်ဆိုးဆိုးကြွက်နို့ဆိုလို့ ရုပ်ချောတဲ့ ကြွက်နို့ရှိလို့ဟုတ်ဘူး။ မာမာကြမ်းကြမ်းနဲ့ အရောင်ကလည်း ညိုသလိုလို မီးခိုးရောင်လိုလို မဲသလိုလိုနဲ့ဆိုတော့ ကြွက်နို့အဖုတွေက ရုပ်ဆိုးတာပဲလေ။ သူတို့ရုပ်ဆိုးတာ အရေးမကြီးဘူး။ ကိုယ်က အလှပျက်တာပေါ့။ အဲ့ဒီတော့ရုပ်ဆိုးဆိုးကြွက်နို့လေးတွေအကြောင်းကို လေ့လာကြည့်ရအောင်ပါ။

ကြွက်နို့ဟာ Human Papilloma Virus (HPV) ကြောင့် ဖြစ်တာပါ။ အဲ့ဒီအကောင်လေးတွေက ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကို ပိုမျက်စိကျတတ်တယ်နော်။ ဖြစ်လာပြီဆိုလည်း မျက်နှာလှလှလေးဆိုပြီး ချန်ထားတယ်မရှိဘူး။ တစ်ကိုယ်လုံး ပေါ်ချင်တဲ့နေရာ ပေါ်လာတတ်တာလေ။ ဒီလောက်ဆိုးတဲ့ ကြွက်နို့တွေကို နှိမ်နင်းရေးနည်းတွေ အများကြီးရှိပါတယ်။ ဆေးလိမ်း၊ ခွဲစိတ်၊ မီးရှို့ နည်းမျိုးစုံပါပဲ။ ဒါတွေကလည်း အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ သေချာလုပ်ရမှာပါ။

လိမ်းဆေးတွေက ပြင်းတော့ အခန့်မသင့်ရင် ဒုက္ခရောက်နိုင်တယ်။ ကိုယ့်ဟာကိုယ်ခွဲလို့မရ၊ မီးရှို့တာလဲ လူတိုင်းသိတဲ့မီးနဲ့ ရှို့တာမဟုတ်တော့လေ။ ဒီတော့ ဆရာဝန်ကြီးတွေဆီသွားဖို့ အဆင်မပြေသေးဘူးဆိုရင် အန္တရာယ်ရှိနိုင်တဲ့နည်းတွေကို ရမ်းသမ်းပြီးလက်တည့်မစမ်းဘဲ အိမ်မှာအလွယ်တကူလုပ်နိုင်တဲ့ နည်းလေးတွေကို စမ်းကြည့်ရအောင်။

ကြက်သွန်ဖြူ

အနံ့ကနဲနဲဆိုးပေမဲ့ အစွမ်းထက်တယ်နော်။ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ကြွက်နို့ပေါ် အုံလိုက်ပါ။ ပြီးတော့ ပတ်တီးစည်းရပါမယ်။ ၄ - ၅ နာရီကြာတဲ့အခါ ပတ်တီးကို ဖယ်လိုက်ပြီး ရေနွေးလေးနဲ့ ဆေးပါ။ ကြွက်နို့ပျောက်သွားတဲ့အထိ နေ့တိုင်းလုပ်ပေးရမယ်နော်။

နာနတ်သီး

ကြွက်နို့က နာနတ်သီးကို ကြောက်တယ်တဲ့။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ်တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာ ပစ်ထားလိုက်။ ပြီးတော့ နေ့တိုင်းသာ ပုံမှန်လုပ်ပေးရင် ရက်အနည်းငယ်အတွင်းမှာပျောက်တယ်လို့ သုတေသနတွေထဲမှာ ဖော်ပြထားပါတယ်ရှင်။

ကြက်ဆူဆီ

ကြွက်နို့ကိုတိုက်တဲ့အခါ အံ့ဖွယ်အစွမ်းထက်တဲ့ ကြက်ဆူဆီကို သုံးကြည့်ပါ။ စွမ်းပေမယ့် လွယ်တယ်နော်။ ကြက်ဆူဆီကို ကြွက်နို့ထဲစိမ့်ဝင်အောင် လိမ်းပေးရုံပါပဲ။ တရက်၂ကြိမ် လိမ်းပေးရမှာပါ။ ကြွက်နို့တွေဟာ တဖြည်းဖြည်း ခြောက်လာပြီး ပျောက်သွားပါလိမ့်မယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အရေပြားပြသနာတိုင်းမှာ သုံးလို့ရတယ်နော်။ ခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်ဆိုသလို ကြွက်နို့တွေပျောက်စေတဲ့အပြင် တခြားအနာအဆာတွေပါပျောက်ပြီး အသားအရေပိုလှလာအောင် ငှက်ပျောသီးက အစွမ်းပြနိုင်တယ်လေ။ ငှက်ပျောသီးကို အခွံခွာပြီးရင် စားလိုက်။ နောက်တာ ဟုတ်ဘူးနော်။ ခုက အခွံကိုပဲသုံးမှာလေ။ ငှက်ပျောသီးခွံကို သေးသေးလေးဖြစ်အောင်လုပ်ပြီး ကြွက်နို့ပေါ်ကပ်၊ ပြီးတော့ ပတ်တီးထပ်ပတ်၊ ပြီးတော့ ၁၂ နာရီတစ်ခါပြန်လဲ၊ ကြွက်နို့တွေပျောက်သွားတဲ့အထိလုပ်၊ ကြွက်နို့တွေမျိုးပြုတ်ရောတဲ့။

လ္ဘက်ဆီ

လ္ဘက်ဆီက ၀က်ခြံတွေကို ကောင်းကောင်းနှိမ်နင်းပေးသလို ကြွက်နို့တွေကိုလည်း ပျောက်ကင်းစေနိုင်တယ်လေ။ လ္ဘက်ဆီကို ၀ါဂွမ်းမှာဆွတ် ကြွက်နို့ပေါ်ကပ်ပြီး ပတ်တီးစီးထားဖို့ လိုပါတယ်။ ပြီးတော့ အနည်းဆုံး ၇ ရက်ထားပါ။ အရေပြားဆရာဝန်ကြီးတွေ ထောက်ခံထားတဲ့ နည်းလေးပါပဲ။

သံပုရာရည်

သံပုရာရည်ကိုလည်း အရေပြားပြသနာတော်တော်များများမှာ သုံးတယ်နော်။ ကြွက်နို့ကို နှိမ်နင်းဖို့ကတော့ သံပုရာရည်ကို ကြွက်နို့ပေါ်သုတ်လိမ်းပြီး မိနစ်၂၀ ကြာတဲ့အခါ ရေဆေးချလိုက်ရုံပါပဲ။ တစ်ရက်ကို နှစ်ကြိမ်လုပ်ပါ။ သံပုရာရည်ရဲ့ အက်ဆစ်ဓာတ်က ကြွက်နို့ကိုပျောက်စေပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဆိုတာနဲ့ အသားအရေလှစေတဲ့အပြင် ဆေးဘက်လဲဝင်တယ်ဆိုတာ သိကြတယ်နော်။ ခုလည်း ကြွက်နို့ကို နှိမ်နင်းပေးအုံးမှာပါ။ ရှားစောင်းလက်ပတ်ထဲက ဂျလ်တွေကို ကြွက်နို့ပေါ်လိမ်းပေးရုံပါပဲ။ တရက်ကို ၃ ကြိမ်သာလုပ်ပါ။ တစ်ပတ်လောက်ကြာတဲ့အခါ သိသိသာသာ သက်သာလာမှာပါ။
ဆရာဝန်ဖြစ်ပြီး ဗိန္ဓောနည်းတွေပေးနေလို့ အံသြမသွားပါနဲ့အုံး။ သဘာဝဆေးဖက်ဝင်အပင်တွေကလည်း စွမ်းတာပဲ။ ရင်နှင်းတို့ကျောင်းတက်တုန်းက သဘာဝဆေးဖက်ဝင်အပင်တွေနဲ့ တိုင်းရင်းဆေးကို ဘာသာရပ်တစ်ခုအနေနဲ့တောင် သင်ခဲ့ရတယ်လေ။ တကယ်က သဘာဝတရားကြီးက သူ့ရဲ့ရင်သွေးလေးတွေအတွက် လိုတာတွေ စီစဉ်ပေးပြီးသားပါ။ သဘာဝဆေးဘက်ဝင်အပင်တွေရဲ့အစွမ်းကို စမ်းကြည့်ပါဦးနော်။