မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Wednesday, December 28, 2016
ဗုဒ္ဓဘာသာ(၅)မျိုး
ဗုဒ္ဓဘာသာ(၅)မျိုး
(၁) ကုလ ဗုဒ္ဓဘာသာ
(၂) လာဘ ဗုဒ္ဓဘာသာ
(၃) ဘယ ဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅) ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။
အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။
ဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ပွင့်မှန်းမသိ။
ဘုရားဘာတရား ဟောမှန်း လည်းမသိ။
ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်း လည်းမသိ။
တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။
ဘုရားကိုဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။
ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။
လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ
လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။
ဒီဘဝ စီးပွားရေးလေးတက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာရွေးပြီး
ကိုးကွယ်တယ်။ ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်
ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အနိမ့်တန်းစားဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ခန္ဓာမှာ အသိ၊ဘာသာရေးအသိ ဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်း နေပါတယ်။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဓါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဓါတရားကို အရင်းခံပါတယ်။
သဒ္ဓါတရားဆိုတာယုံကြည်ချက်ပါ။ ဘုရား၊တရား၊သံဃာကို
တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။
ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဓါဆိုပြီး (၂)မျိုးရှိပါတယ်။
မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် နက်ကိုဟောကြားတော် မူခဲ့ပါတယ်။
ပိဋကသုံးပုံကိုသံဃာတော်တွေကစောင့်ရှာက်ထားတာပါ။ သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဓါယုံကြည်မှု။
အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။ မှန်တာကို မှန်တယ်လို့သိတယ်။ သိတဲ့ အပြင်၊ အမှားလမ်းကို ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဓါ ရှိတဲ့ သဒ္ဓါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို့ သိတာကို ပညာ ဟုခေါ်ပါသည်။
သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္ဓာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။
အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။
သူ့ကိုတားချင်ရင်၊ သူ့ကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့
ဥာဏ်နဲ့ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ
သဒ္ဓါလည်းပါတယ်၊ ပညာလည်းပါတယ်။ ဒါသည် သဒ္ဓါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဓါနှင့် ပညာ balance (ဟန်ချက်ညီ)ဖို့လည်း လိုပါတယ်၊
သဒ္ဓါလွန်ကဲ ပညာနည်းပြန်ရင် (နှလုံးလှ လူမိုက်ကြီး)
သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊
သဒ္ဓါနည်းပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။
ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဖို့ပါဘဲ။
credit to မြတ်ဗုဒ္ဓသာသနာ
Tuesday, December 27, 2016
ကိုယ့်သားရဲ့ဇနီးကိုချွေးမလို့ခေါ် ဘာလို့ခေါ်တာလဲ
လူတွေက ဘာလို့ကိုယ့်သမီးရဲ့ယောက်ျားကို သားမက် ကိုယ့်သားရဲ့ဇနီးကိုချွေးမလို့ခေါ်တာလဲ အရင်ကသိပ်နားမလည်ဘူး
မနက်ကအစောကြီးနိုးလို့တရားခွေလေးဖွင့်နာမှ ပဲသိတော့တယ်
သားမက်လို့အဘယ့်ကြောင့်ခေါ်တာလဲဆိုတော့
ကိုယ့်သားထက် ကိုယ့်အပေါ်မှာပိုရိုသေ ပိုလေးစားပြီး ကိုယ့်သားအရင်းထက် ပိုပြီး ကိုယ့်ကိုယုယကြင်နာစွာပြု စုလုပ်ကျွေးတဲ့အတွက် ကိုယ့်သားအရင်းထက်ပိုမက်စရာကောင်းလို့ သားမက်လို့ခေါ်ရခြင်းဖြစ်ပါတယ်တဲ့ခင်ဗျာ
ဒါဆိုရင် ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ သားမက်အစစ်ဘယ်ရှိမယ်ထင်သလဲ?
ချွေးမလို့ခေါ်ရခြင်းအကြောင်းကတော့
ကိုယ့်သားကသူနဲ့လက်မထပ်ခင် သားရဲ့ဝေယျာဝစ္စမှန်သမျှကိုအမေက ချွေးတစ်လုံးလုံးနဲ့ပြုလုပ်ပေးရတာပေါ့ သားနဲ့လက်ထပ်ပြီးချိန်တဲ့အခါသူမက ကိုယ့်သားရဲ့ဝေယျာဝစ္စသာမက တစ်အိမ်လုံးမှာရှိတဲ့အမေလုပ်ခဲ့တာမှန်သမျှ ဝင်ရောက်လုပ်ကိုင်ပေးတယ် ဒါကြောင့် အမေဟာ သက်သက်သာသာနေရပြီး အရင်လိုချွေးတစ်လုံးလုံးဘဝကလွပ်ကင်းသွား တယ် ဒီလိုချွေးတစ်လုံးလုံးဘဝက လွတ်ကင်းအောင်မတင်ခဲ့လို့ ချွေးမလို့ ခေါ်ရတာပါတဲ့ခင်ဗျာ
ကဲ ဒါဆိုရင်ကောကျွန်တော်တို့ပတ်ဝန်းကျင်မှာ ချွေးမအစစ်ဘယ်လောက်ရှိမယ်ထင်လဲ?.
မူရင်း ပိုစ့်ပိုင်ရှင်အား credit ပေးပါ၏
အသက် (၈၀) အဘိုးအို တစ်ယောက်ရဲ့ ဘဝသင်ခန်းစာများ
အသက် (၈၀) အဘိုးအို တစ်ယောက်ရဲ့ ဘဝသင်ခန်းစာများ
--------------------
၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
၎။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။
၅။ ရန်မဖြစ်အောင်နေပါ ကိုယ့်အပေါ်ရန်ငြိုးထားတဲ့သူများလေလေ လွပ်လပ်မှုတွေပျောက်ဆုံးလေပါ ။
၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။
၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။
၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။
၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။
၁၀။ လေချွန်ပါ။
၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။
၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။
၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။
၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။
၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲ ရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။
၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။
၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမယ့် တတိယ အခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။
၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။
၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက် ဖြစ်အောင် နေပါ။
၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။
၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာမဟုတ်။
၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။
၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။
၂၄။ တစ်စုံတစ်ယောက်ကို လှို့ဝှက်ချက် မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။
၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင်လက်လွှတ်ပါစေ။
၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာပဲ ဂုဏ်တပ်ချင်တပ်ပါစေ။
၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။
၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထား ဆက်ဆံပါ။
၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့သြဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ်ဖြတ်ရဦးမယ် ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။
၃၀။ သေရင် အုတ်ဂူမှာ "နောင်တစိုးစဉ်းမျှ မရဖူးသူ" လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။
၃၁။ ကြီကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန်တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိတယ်။
၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။
၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။
၃၄။ ကိုယ့် အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။
၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ဖြစ်ဖြစ် မရောက် ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။
၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။
၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။
၃၈။ ချစ်သူများနေ့ ပို့(စ်)ကဒ် တွေ အမြောက်အများကို "သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်" လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ပေးပါ။
၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။
၄၀။ မှတ်စုလေးတစ်အုပ် နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ယာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:၀၀ နာရီမှာ ပေါ်လာတတ်တယ်။
၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။
၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။
၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကားအတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။
၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။
၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။
၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။
၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။
၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။
၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေး ကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။
၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။
Rain ပြန်လည်တင်ပြသည်။
Monday, December 26, 2016
လောကနီတိ အပိုင်း ၂
အခန်း ( ၅ )
(၈၈)။ ဥသြတို့၏ အဆင်းကား အသံလျှင်တည်း။ မိန်းမတို့၏ အဆင်းကား လင်ကို မြတ်နိုးခြင်းတည်း။ မကောင်းသော ရုပ်သဏ္ဌာန်ရှိသောသူ၏ အဆင်ကား အတတ်တည်း။ ရသေ့တို့၏ အဆင်းကား သည်းခံခြင်းတည်း။
(၈၉)။ မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း။ ယောက်ျားတို့၏ ဥစ္စာသည် အတတ်လျှင်တည်း။ ရဟန်းတို့၏ ဥစ္စာကား သီလတည်း။ မင်းတို့၏ ဥစ္စာသည်ကား ရဲမက်ဗိုလ်ပါတည်း။
(၉၀)။ ရသေ့ ရဟန်းတို့သည်ကား ကြုံမှသာလျှင် တင့်တယ်ကုန်၏။ ခြေလေးခုရှိသော သတ္တ၀ါတို့သည်ကား ဆူကုန်မှသာလျှင် တင့်တယ်ကုန်၏။ ယောက်ျားတို့သည်ကား အတတ်ပညာရှိမှသာလျှင် တင့်တယ်ကုန်၏။ မိန်းမတို့သည်ကား လင်သားရှိမှ တင့်တယ်ကုန်၏။
(၉၁)။ တတ်လှစွာသော စောင်းသမားသည် ငါးရက်မျှ စောင်းနှင့်ကင်းမူ ပျက်၏။ တတ်လှစွာသော လေးသမားသည် ခုနစ်ရက်မျှ လေးနှင့်ကင်းမူ ပျက်၏။ တော်မှန်လှစွာသော မယားဖြစ်လျှင်မူလည်း လင်နှင့် တစ်လကင်းမူ ပျက်၏။ တပည့်တို့ကား လခွဲကားမူ ပျက်၏။
လောကနီတိ အပိုင်း ၁
လောကနီတိ
လောကနီတိ 'နီတိ' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ 'လမ်းညွှန်'ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။
ရှေးလူကြီးတွေ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါသည်။ လောကနီတိသည် ဘုရားဟောဟု မဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန်များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များကို ထုတ်နှုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်သည်။ နီတိသည် ပါဋ္ဌိဝေါဟာရဖြစ်သည်။ မြန်မာလို လမ်းညွှန်ဟု အဓိပ္ပါယ်ရသည်။ လောကနီတိသည် လောကအကြောင်းနှင့် စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်းဖြစ်သည်။ စင်စစ် ဤကျမ်းသည် လောက၌ လူသားတို့၏ အနှစ်လည်းမည်၏။ မိဘလည်းမည်၏။ ဆရာလည်းမည်၏။ အဆွေခင်ပွန်း လည်းမည်၏။ ထိုကြောင့် ဤနီတိကျမ်းကို သင်ကြားတတ်မြောက်သော ယောက်ျားသည် အကြားအမြင်များသော၊ မြင့်မြတ် သော ပညာတတ်ယောက်ျား ဖြစ်၏။
အခန်း( ၁ )
(၁)။ ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။ အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။
Saturday, December 24, 2016
sky net HD စက်မှာ psi လိုင်းတွေ ထည့်လို့ရပီ
sn ဖမ်းစက်ပေါ်မှာ psi လိုင်းတွေ ဖမ်းပြီး မကြည့်ခြင်ဖူးလား
ကျနော်တော့ မဟာလိုင်းလေးနဲ့ ငြိမ့်နေဘီ
**************************************************
စကိုင်းနက် စက်ပေါ်မှာ အခြားလိုင်းတွေ ထပ်ထည့်ဖို့ဆိုတာ
အရင်ကမရဘူးနော်
ဘယ်လိုဘဲ ဖမ်းဖမ်း ၁၂၄ လိုင်းပဲ မိမှာပါ။
ခုမျှဝေမဲ့ အကြောင်း က စကိုင်းနက် hd ဖမ်းစက်KHDS 862
ထဲ ကို လိုင်းတွေ ထပ်သွင်း မဲ့ နည်းလမ်းပါ။
ပုံတွေကြည့်ရင်လည်း ရှင်းသွားမှာပါ။
ဒီနည်းလမ်းရဲ့ အဓိက အချက်က တော့ hide setting ပါပဲ။
ကဲစမယ်
ဗန်းကတော့ ဟိုဖက်ဒီဘက် မိအောင် ခွချိန်ထားပေါ့ဗျာ
ပထမဆုံး ရီမုတ်ကွန်ထရိုးပေါ် menu ကိုနှိပ်လိုက်ပါ။
menu ဇယား ကွက် ပေါ်လာပါလိမ့်မယ်
ပြီးတော့ အပေါ် အောက် ကီးနဲ့ installation ကိုရွေးထားပါမယ်
အဲဇယားပေါ်မှာ ဘာမှ မနှိပ်ပါနဲ့အူး
အဲဒီအချိန်မှာ hide setting ကို ဖော်ဖို့အတွက်
ရီမှတ်ဖြင့် 1126 ကို အလွတ်နှိပ်လိုက်ပါ။
ဒါဆိုရင် hide setting ဇယား ပေါ်လာပါပြီး
ရွေးစရာ သုံးခုရှိပါလိမ့်မယ်
အဲထဲက မှာ အောက်ဆုံး clear provider name ကို ok ပေးလိုက်ပါ။
ပြီးရင် ပြန်ထွက်ပြီး
အင်စတော်လေးရှင်းပြန်ဝင်ပါမယ်
အင်စတော်လေးရှင်းကိုနှိပ်လိုက်ပါ password တောင်းရင်
1126 ပေးလိုက်ပါ။
ဒါဆို tP နံပါတ်တွေကို ချိန်းလို့သွင်းလို့ရသွားပါပြီး
manual ဖြင့်ဝင်ပြီး psi ကုတ်နံပါတ်တွေကို ရိုက်သွင်းပါမယ်
transponder no 6 ကို ရောက်အောင်သွားပြီးတော့
12729v30000ကို ရိုက်သွင်းပြီး saveလိုက်ပါ။
ပြီးတော့ ဖမ်းလိုက်ပါ။
ပြန်ထွက်ပြီး လိုင်းတွေပြန်စစ်ကြည့်လိုက်ပါ။
ကဲ
စကိုင်းနက်ဖမ်းစက်ပေါ်မျာ မဟာလိုင်းအပါဝင်
အခြားလိုင်းများ နဲ့ လန်းနိုင်ပါပြီး
အခြားလိုင်းများလည်း ထပ်ထည့်လို့ရပါပြီး
hide setting က အပေါ်နှစ်ကြောင်းက ဘာလုပ်လို့ရသလဲ မသိပါ၊
စမ်းကြည့်ကြပါကုန်
hide setting ကို အစဆွဲထုတ်ပေးပါသော ကိုဇွဲမာန်ကို ကျေးဇူးတင်ပါသည်။
အဆင်ပြေကြပါဇေ
hellman
Friday, December 23, 2016
ကမ္ဘာမှာ ပထမဆုံး လေလံပွဲ မသာတစ်ခေါက် ကျောင်းဆယ်ခေါက်
ကမ္ဘာမှာ ပထမဆုံး လေလံပွဲ
•~•~•~•~•~•~••~•~•~•~•~•~•
ဘာ့ကြောင့် လူသေရင် ၃ ရက်ထားကြတာလဲ?
ဒီဓလေ့ဟာ သီရိမာ ဆိုတဲ့အမျိုးသမီးက
စတင်တာပါ။ သီရိမာဆိုတာ ပြည့်တန်ဆာတစ်ဦး
သူမနဲ့ ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်။
သူ့ကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မက
သံဃာတော်တွေပါ ပါဝင်ခဲ့တယ်။
ဥတ္တရာရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီး
သံဃာ ၈ပါးကိုနေ့စဉ်ဆွမ်းလှူခဲ့တယ်။
သူမသေဆုံးသွားတဲ့အခါ သူမကို
ချက်ချင်းမြေမမြှပ်စေပဲ လင့်စင်ထိုးပြီး သုဿန်မှာ
၃ရက်ထားစေဖို့ မြတ်စွာဘုရားရှင်က
ဗိဗ္ဗိသာရမင်းကြီးကို မှာကြားခဲ့တယ်။
၃ ရက်မြောက်တဲ့နေ့မှာ နာမကျန်းတဲ့သူနဲ့ ကလေးငယ်မှလွဲ၍ အားလုံး သီရိမာရဲ့မြေမြုပ်ပွဲကို လာရောက်ကြည့်ရှု့ရမည်၊
ပျက်ကွက်ပါက
ဒဏ်ငွေ ပေးဆောင်ရမည်ဆိုပြီး
မောင်းလှည့်ခတ်စေတယ်။
ဘုရားကလည်း သံဃာအားလုံး လာရောက်၍
ကြည့်ရှု့ရမည်ဟုအမိန့်ထုတ်တယ်။
၃ ရက်မြောက်တဲ့နေမှာ သီရိမာရဲ့ ရုပ်ကတော်တော်လေးပျက်စီးနေပြီ၊
ဒွာရပေါက် အပေါင်းမှစီးထွက်လာတဲ့ အရည်နံ့ကလဲ ထောင်းထောင်းထနေခဲ့ပြီ။
အဲ့ဒီအခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံးလေလံပွဲကို စတင်ပါတယ်။
သီရိမာကို လိုချင်တဲ့သူရှိရင် အဿ ပြာ တစ်ထောင်နဲ့ အပိုင်ယူနိုင်ပါတယ်တဲ့။
တစ်ယောက်မှ မလှုပ်ကြပါ၊ ဒါနဲ့ ၅၀၀ - ၂၅၀ - အလကားပေးမယ်ဆိုတာတောင် မယူကြတော့ဘူး။
ဒီတော့နောက်တစ်မျိုးပြောင်းပြီ သီရိမာကို ကြင်ကြင်နာနာနဲ့ခေါ်ထားမယ်ဆိုရင် အသပြာ ၁၀၀၀ ပေးမယ်ဆိုတာတောင် ဘယ်သူမှ ယူမယ့်သူမရှိဘူး။
အဲဒီတော့မှ ဘုရားက မရဏသဘောကိုတရားဟောတယ်၊
အားလုံးကိုလဲ သရဏံဂုံတင်ပေးတယ်။
လူအများ ကျွတ်တန်းဝင်ကြတယ်ပေါ့ဗျာ....
အဲဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘရှုတဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။
မှတ်ချက်။ ။ သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ။ ယခုအခါမှားယွင်းစွာ သေသူကိုတင်သည်ဟုထင်နေကြသည်။
နောက်တစ်ခုက
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတာကို မသာတစ်ခေါက်ပို့ခြင်းဟာ ကျောင်း ဆယ်ခေါက်သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်၊ တကယ်က မသာတစ်ခေါက်ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်းကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ။
Credit သုတ
တရုတ်ကတော့ ကြံပြန်ပြီလေ
ထိုင်းနဲ့  တရုတ် ပူးပေါင်းလာတဲ့ ကိစ္စကို ကျနော်တို့  မြန်မာပြည်က အထူး သတိထားရမယ်။ ရနောင်းမြို့ တောင်ဘက် စူးစူး တနေရာမှာ မုတ္တမ ပင်လယ်ကွေ့  နဲ့ ထိုင်းပင်လယ်ကွေ့ကို ဆက်သွယ်မဲ့၊ (တနည်းအားဖြင့်  အိန္ဒိယသမုဒ္ဒရာ နဲ့  တောင်တရုတ်ပင်လယ်ကို ဆက်သွယ်မဲ့ ) တူးမြောင်းကြီးကို တရုတ်ပိုက်ဆံနဲ့  တူးဘို့ အစီအစဉ်ဟာ ရှေ့ ဆက်သွားနေပါတယ်။ တူးဖြစ်မယ်၊ မတူးဖြစ်ဘူး စည်ဖြင့် အမျိုးမျိုး သုံးသပ်ကြပေမဲ့၊ တရုတ်ရဲ့  အရှေ့ အလယ်ပိုင်းက ရေနံအပေါ် မှီခို နေရမှု ဟာ အချိန်နဲ့ အမျှ ပိုဆိုးလာတာက တချက်၊ ရုရှကနေ တရုတ်ပြည်ကို တရုတ်ပြည်မြောက်ပိုင်းကို ဖြတ်ပြီး ပိုက်လိုင်း ကြီးနဲ့  ရေနံပို့ ဘို့ ပရောဂျက်ကြီး ပျက်သွားတာက တချက် တို့ ကြောင့်၊ ဒီတူးမြောင်းကြီးတူးဘို့  ကိစ္စဟာ၊ အနှေးနဲ့  အမြန် ဖြစ်လာလိမ့်မယ်လို့  သုံးသပ်ရပါတယ်။
-------------------------------
ဒီနေ့  RFA သတင်းမှာလည်း တရုတ်က စစ်လက်နက်တွေကို ထိုင်းနိုင်ငံထဲမှာ ထုတ်လုပ်ဘို့ စီစဉ် နေတဲ့သတင်းပါလာတဲ့ အတွက်၊ ထိုင်းနဲ့ တရုတ်ဆက်ဆံရေး ဟာ နီးကပ်သထက် နီးကပ်လာတယ်လို့  သုံးသပ်ရပါတယ်။
-------------------------------
ဒီနှစ်နိုင်ငံစလုံးဟာ ကျနော်တို့ တိုင်းပြည်ကို ဘယ်တုံးကမှ ကောင်းကျိုး မပေးခဲ့တော့၊ ကျနော်တို့  ထိုင်း-တရုတ် ဆက်ဆံရေးကို မျက်စိမပြတ် ထားမှ တော်ကာ ကျပါလိမ့်မယ်။
----------------------------------
#DYM
----------------------------------
ထိုင်းနဲ့ တရုတ် စစ်ပစ္စည်း ပူးပေါင်းထုတ်ဖို့ စီစဉ်
-----------------------------------
တရုတ်က ထိုင်းနိုင်ငံမှာ စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖို့ နှစ်နိုင်ငံဆွေးနွေးနေကြတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူက ဒီနေ့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်နဲ့ အဓိကမဟာမိတ်အဖြစ်နှစ်ရှည်လများရပ်တည်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေးအေးလာခဲ့သလို၊ ထိုင်းစစ်အစိုးရက တရုတ်အစိုးရနဲ့ ပိုပြီးဆက်ဆံလာနေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပြန်မသွားမချင်း အမေရိကန်အနေနဲ့ပုံမှန်ဆက်ဆံမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ (RFA news post)
----------------------------------------
Ye Myint
Thursday, December 22, 2016
Tuesday, December 20, 2016
တရားဝင် ထေရဝါဒဂိုဏ်း၉ဂိုဏ်းတဲ့
မြန်မာနိုင်ငံဗုဒ္ဓသာသနာတော်တွင်
အယူဝါဒဆိုင်ရာကွဲလွဲမှုများထဲမှ
နိုင်ငံတော်မှတရားဝင်အသိအမှတ်ပြုထားသော
ထေရဝါဒဂိုဏ်ကြီး၉ဂိုဏ်းရှိပါသည်။
အဆိုပါ ထေရဝါဒဂိုဏ်း၉ဂိုဏ်းစလုံးမှာ
သင်္ဂါယနာ ခြောက်တန်တင် ဓမ္မဝိနယများအပေါ်တူညီသည့်လက်ခံကျင့်သုံးမှုများရှိကြသဖြင့်
ကွဲပြားခြားနားခြင်းမရှိဟုသတ်မှတ်ကာ
၁၉၈၀ခု ဖေဖော်ဝါရီလ၁ရက်နေ့က သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်းဥပဒေအခန်း၂အပိုဒ်၎တွင်အတည်ပြုပြဌာန်းခဲ့ပြီး
မြန်မာနိုင်ငံ၌ ထေရဝါဒဂိုဏ်းခွဲအသစ်ထပ်မံထူထောင်ခွင့်မပြုကြောင်းနှင့်လိုက်နာခြင်းမပြုပါက
ဥပဒေအရ ထောင်ဒဏ်ကျခံရမှာဖြစ်ကြောင်းပြဋ္ဌာန်းထားခဲ့ပါသည်။
ထေရဝါဒဂိုဏ်း၉ဂိုဏ်းမှာ
၁ ။သုဓမ္မာဂိုဏ်း
၂။ရွှေကျင်ဂိုဏ်း
၃။အနောက်ချောင်းဒွါရဂိုဏ်း
၎။မဟာဒွါရဂိုဏ်း
၅။မူလဒွါရဂိုဏ်း
၆။ဝေဠုဝန်နိကာယဂိုဏ်း
၇။စတုဘုမ္မိကမဟာသတိပဌာန်ငှက်တွင်း
၈။ဂဏဝိမုတ္တိကူးတို့ဂိုဏ်း
၉။ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း
တို့ဖြစ်ကြောင်းလေ့လာသိရှိရသဖြင့်
ပြန်လည်မျှဝေပါသည်။
ယဉ်ယဉ်သိန်းနဘား
၂၀ ၁၂ ၂၀၁၆
Monday, December 19, 2016
ကျိုက်ထီးရိုးတွင် ကေဘယ်ကားများကို လာမည့်နှစ် ဧပြီ ၁ ရက်၌ စတင်ပြေးဆွဲမည်။
ကျိုက်ထီးရိုးတွင် ကေဘယ်ကားများကို လာမည့်နှစ် ဧပြီ ၁ ရက်၌ စတင်ပြေးဆွဲမည်။
Credit-AungKyawOo ᠌᠌᠌ ᠌᠌᠌
မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုးစေတီတွင် ကေဘယ်ကား (ကောင်းကင်ကြိုးရထား)ပြေးဆွဲခြင်းကို ၂၀၁၇ ဧပြီ၁ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း စီမံကိန်း ပြုလုပ်သည့် Sky Asia Co.,Ltd. မှ သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ကေဘယ်ကားပြေးဆွဲခြင်းကို ကျိုက်ထီးရိုးစေတီ၌ Sky Asia Co.,Ltd. ကစတင် အကောင်အထည်ဖော်လျက်ရှိပြီး ကျိုက်ထီးရိုး ဘေးမဲ့တော နယ်မြေရှိ မြေ ၁၃ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီး ဌာနတွင် နှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။
‘‘အခုလက်ရှိမှာ ဒီစီမံကိန်း အားလုံး ၂၀ ရာခိုင်နှုန်း ပြီးစီး နေပြီ။ကေဘယ်ကားပြေးဆွဲတဲ့အချိန်ကျရင်
လူတစ်ဦးကိုငွေဘယ် လောက်ယူမယ်ဆိုတာ မဆုံးဖြတ် ရသေးဘူး။ ကေဘယ်ကားတစ်စီး ကို လူရှစ်ယောက် တင်လို့ရတယ်။ရသေ့တောင်ကနေဘုရားအထိ ပြေးဆွဲမယ်။ဘုရားပေါ်ကို၁၀မိနစ်လောက်နဲ့ရောက်မယ်။အန္တရာယ်မရှိစေဖို့ နှစ်ပတ်တစ်ကြိမ် စစ်ဆေးမှုတွေ လုပ်မယ်။ ကိုယ်ပိုင်လျှပ်စစ် ၃၃ ကေဗီဓာတ်အားလိုင်းနဲ့ ပြေးဆွဲသွားမယ်’’ဟု Sky Asia Co.,Ltd. အထူး အကြံပေး အရာရှိ ဦးအောင်သန်းက ပြောသည်။
ဘုရားဖူးများ သဘာဝပတ် ၀န်းကျင်အလှအပများ
ကြည့် ရှုခံစားနိုင်ရန်၊ တည်းခိုနေထိုင် ရေးကိစ္စများ အဆင်ပြေချောမွေ့ စေရန် အဆိုပါ စီမံကိန်းကို
အ ကောင်အထည်ဖော်ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ဦးအောင်သန်း က ဆိုသည်။
ယခုအစီအစဉ်အတွက် ကေ ဘယ်ကားအစီးရေ
၄၃ စီးနှင့်အရန်တစ်စီးတို့ဖြင့်ပြေးဆွဲမည်ဖြစ်သည်။
ယင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၂၀ကုန်ကျခံ ပြုလုပ်မည်ဖြစ်ပြီး ကေဘယ်ကားနှင့်ဆက်စပ်ပစ္စည်းများ ကို ပြင်သစ်နိုင်ငံမှ မှာယူတင်သွင်း ထားကြောင်း သိရသည်။လက်ရှိတွင် ကင်မွန်းစခန်းမှရသေ့တောင်
အထိ ကားဖြင့် တက် ရောက်ပါက ကျပ် ၁,၅၀၀၊ ရသေ့တောင်မှ ဘုရားရင်ပေါ်အထိ ကျပ် ၁,၅၀၀ သုံးစွဲနေရသည်။
Sunday, December 18, 2016
Saturday, December 17, 2016
မော်လူးမှာပဉ္စမအကြိမ်မြောက်စာပေဟောပြောပွဲအဖြစ် ကျင်းပပြု လုပ်
မော်လူးဒေသ ဒီဇင်ဘာစာပေဟောပြောပွဲကို
ပြည်သူ့အားကစားကွင်း တွင်
ပဉ္စမအကြိမ်မြောက်စာပေဟောပြောပွဲအဖြစ်
ကျင်းပပြု လုပ်
မော်လူး ဒီဇင်ဘာ ၁၇
================================
စစ်ကိုင်းတိုင်းဒေသကြီး
အင်းတော်မြို့နယ် မော်လူးမြို့
ဘော့လုံးကွင်းပြင်တွင်
ဒီဇင်ဘာ ၁၇ရက် ည၇ နာရီ အချိန်က
စာပေချစ်မြတ်နိုးသူလူငယ်များ အဖွဲ့မှဦးစီးဆောင်ရွက်သော ပဉ္စမအကြိမ် မြောက် စာပေဟောပြောပွဲကိုကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားတွင်
မော်လူးအုပ်ချုပ်ရေးမှူး နှင့်
ပဉ္စမအကြိမ်စာဟောပြောပွဲဖြစ်မြောက်ရေး
အကျိုးတော်ဆောင်ဥက္ကဌ
ဦးတင်ငွေ(ညိုမင်းထက်- မြန်မာစာ)တို့က
အမှာစကားပြောကြားပြီး
အမျိုးသားစာပေဆုရှင်
တစ်သက်တာစာပေဆုရှင်ဆရာကြီး
ဦးကိုလေး ကိုလေး(အင်းဝဂုဏ်ရည်)
မှ ကဗျာရွတ်ကြစို့ခေါင်းစဉ်ဖြင့်၎င်း
ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)က
ရသစာပေခေါင်းစဉ်ဖြင့်၎င်း---
ဆရာဇော်ခိုင်ဦး(မန္တလေး)မှ
ကျော်ရမယ်ခေါင်စဉ်ဖြင့်၎င်း
ဟောပြောကြပါသည်။
မြန်မာပြည်အထက်ပိုင်းဒေသ၏
ကြမ်းတမ်းလှသောအအေးဒဏ်ကိုအံတုကာ
ဒေသခံစာပေချစ်သူများမှ
အားတက်သရောတက်ရောက်နားထောင်ခဲ့
ကြသည်ကိုတွေ့ရှိရပါသည်။
ယဉ်ယဉ်သိန်းနဘား
၁၇ ၁၂ ၂၀၁၆
Friday, December 16, 2016
Wednesday, December 14, 2016
တယ်လီနောဆင်းကဒ်တွေ အခမဲ့ မှတ်ပုံတင် လုပ်ပေးတယ်ဆိုဘဲ
ဒီဇင်ဘာ၁၄ရက်နံနက်၁၀နာရီအချိန်ခန့်မှာတယ်လီနောကုမ္ပဏီမှတယ်လီနောကိုယ်စားလှယ်(ကချင်ပြည်နယ်မိုးညှင်းမြို့)ကစစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်မော်လူးဒေသမံဟဲကျေးရွာအုပ်စုပေကုန်းကျေးရွာသို့သံုးဘီးကားဖြင့်လာရောက်ပြီးတယ်လီနောဆင်းကဒ်များကိုအခမဲ့မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ပေးနေသည်။အခြားမြို့များကိုလည်းသုးံဘီးကားဖြင့်လှည့်လည်ပြီးတယ်လီနောဆင်းကဒ်များကို(အခမဲ့)မှတ်ပုံတင်များပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းယာဉ်မောင်းမှပြောပြသည်။့
Tuesday, December 13, 2016
Monday, December 12, 2016
အစ္စလာမ်ကြောင့်ပျောက်ကွယ်ခဲ့ရသော မလေးရှားနိုင်ငံ ဗုဒ္ဓဘာသာ သမိုင်း
အစ္စလာမ်ကြောင့်ပျောက်ကွယ်ခဲ့ရသော မလေးရှားနိုင်ငံ ဗုဒ္ဓဘာသာ သမိုင်း
===========================
မလ္လာယုနိုင်ငံခေါ် မလေးရှားနိုင်ငံသို့ ဗုဒ္ဓသာသနာတော်သည် B.C,309 ဘုရားရှင်တော်မြတ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၂၅၀)ခန့့် အကြာ တတိယင်္ဂါယနာတင်ပြီး ချိန်မှစတင်၍ရောက်ရှိခဲ့ပြီး ထိုမလေးကျွန်းစွယ်ကိုလည်း သုဝဏ္ဏဘူမိဒေသတွင် ပါဝင်ကြောင်းကို ပညာရှင်တို့က ယူဆကြပါသည်။
တိကျခိုင်လုံသော သမိုင်းအထောက်အထားများအရ မလေးရှားနိုင်ငံတွင် သာသနာနှစ်(၉၀၀)နှင့် (၁၀၀၀)အတွင်း ခရစ်နှစ် ၄-ရာစုနှင့် ၅-ရာစုတွင်း အိန္ဒိယ ၌ အသုံးပြုသော သက္ကတဘာသာဖြင့် ရေးထိုးထားသော ဗုဒ္ဓဘာသာကျမ်းစာ ကျောက်ချပ်များစွာတို့ကို မလေးရှားနိုင်ငံအနှံ့တွင် တွေ့ရှိခဲ့ရပါသည်။
Friday, December 9, 2016
2017 ဆယ်တန်း စာမေးပွဲ အချိန်စာရင်း
၂၀၁၇ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းများထုတ်ပြန်
=-=-=-=-=-=-=-=-=-=-=-=-=-=-=
၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို
၂၀၁၇ခုနှစ် မတ်လ(၈)ရက်နေ့မှ(၁၇)ရက်နေ့
အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၉.၁၂.၂၀၁၆ ရက်နေ့က သိရသည်။
မတ်လ ၈ရက်နေ့တွင် မြန်မာစာ
မတ်လ ၉ရက်နေ့တွင် အင်္ဂလိပ်စာ
မတ်လ ၁၀ ရက်နေ့တွင် သချာင်္
မတ်လ ၁၁ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာ
မတ်လ ၁၃ရက်နေ့တွင် ဓာတုဗေဒ
မတ်လ ၁၄ရက်နေ့တွင် ရူပဗေဒ
မတ်လ ၁၅ရက်နေ့တွင် ဇီဝဗေဒ/ ဘောဂဗေဒ
မတ်လ ၁၆ ရက်နေ့တွင် ပထ၀ီဝင်
မတ်လ ၁၇ရက်နေ့တွင် သမိုင်း ဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်သည်။
ယခုပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို
တစ်နိုင်ငံလုံးအတွက် မေးခွန်းတစ်စုံ၊ ပြည်ပစာစစ်ဌာနများအတွက် မေးခွန်းတစ်စုံဖြင့်
စစ်ဆေးသွားမည်ဟု သိရသည်။
#ဆုဆက်
> Ye Lin Aung
Tuesday, December 6, 2016
ယူကလစ်ပင်များ စိုက်ပျိုးခြင်းကို တားဆီးရန် တတ်နိုင်သမျှ ရှယ်ပေးကြပါ။
ယူကလစ်ပင်များ စိုက်ပျိုးခြင်းကို တားဆီးရန် တတ်နိုင်သမျှ ရှယ်ပေးကြပါ။
=================================
ကျွန်မ ကွင်းဆင်းအင်တာဗျူးထားပါတယ်။ ဗွီဒီယိုလည်း ရိုက်ထားပါတဟ်။ ထန်းပင်ပိုင်ရှင်တွေက ရောင်းမယ်လို့ ဆုံးဖြတ်ရင် ထန်းရည်မထွက်တော့တဲ့ အပင်ကို ရွေးပြီးရောင်းတာပါလို့ ဒေသခံတွေက ဖြေပေးထားပါတယ်။ ထန်းရည် ဘာလို့ မထွက်တာလဲ??? လို့ မေးတော့ ၁။မိုးခေါင်လို့။ ၂။ ယူကလစ်တွေက မြေကြီးထဲက ရေတွေ မတရားစုပ်တော့ ထန်းပင်နဲ့ တခြားအပင်တွေက ရေကို ယူကလစ်နဲ့ ပြိုင်ပြီးမစုပ်နိုင်တော့လို့ဟု သူတို့ ထင်မြင်ယူဆကြောင်း ပြောခဲ့ပါတယ်။ ဒီအပင်တွေက ရေစုပ်တာကို ဘယ်လိုလုပ် သိတာလဲ ??? ဘယ်အချက်နဲ့ ပြောနိုင်တာလဲ???လို့မေးတော့ အပင်ထဲမှာကို ရေတွေ သိုလှောင်ထားတာပါလို့ ဖြေပါတယ်။ အတူပါလာတဲ့ ရုက္ခဗေဒ ဒေါက်တာက မဖြစ်နိုင်လောက်ဘူးလို့ ပြောပြီး ခေါင်းရမ်းရင်းပြုံးပါတယ်။
ကျွန်မကတော့ ဖြစ်နိုင်လောက်တဲ့ အထောက်အထား ပြပေးပါလားလို့ တောင်းဆိုလိုက်ပါတယ်။ ဒေသခံတစ်ယောက်က ချက်ခြင်းပဲ လက်ကောက်ဝတ်လောက် အပင်တစ်ပင်ခုတ်ယူလာပါတယ်။ ဒါဟာ တစ်သား ခုတ်ယူသွားပြီးသား အပင်ကြီးကနေ ပြန်ပေါက်လာတဲ့ အတက်တစ်ခုပါတဲ့။ အဲ့ဒီအပင်ငယ်ကနေ ရေတွေတစက်စက် ကျနေပါတယ်။ ကျွန်မနဲ့ အတူတူပါလာတဲ့ ရုက္ခဗေဒ ပညာရှင်က မျက်လုံးပြူးပါတဟ်။ "ဒါမျိုးတစ်ခါမှမတွေ့ဖူးဘူးးး ယူကလစ်အကြောင်း စာပဲဖတ်ဖူးခဲ့တာ။ အတော်ဆိုးတဲ့ အပင်ပါလားးးး" လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ခုတ်ယူပြီး ငါးမိနစ်ခန့်နေမှ ရေကို ဖန်ခွက်နဲ့ စတင်ခံယူလိုက်တော့ ခွက်ရဲ့ တစ်ဝက်နီးပါး ရရှိလိုက်ပါတယ်။ တစ်လီတာ ရေသန့်ဗူးထဲ ပြောင်းထည့်တော့ အရစ်တစ်ရစ်စာ ရှိပါတယ်။ ဒီအပင်ငယ်လေးက ဒီလောက်ရေတွေရတာဟာ အံ့သြစရာကြီးပါ။ ရေတွေက အစေးမဟုတ်ပါဘူးး ဂျယ်လီပုံစံ ခရင်မ်ပုံစံလည်း မဟုတ်ပါဘူးးး။ ရေမှရေစစ်စစ်တွေပါ။ လက်နဲ့တို့ပြီး မြည်းစမ်းကြည့်တော့ အချဉ်ဓါတ် မြင့်မားနေပြီးးး အက်ဆစ်ဓါတ် လွန်ကဲနေတာ တွေ့ရပါတယ်။
" မြင်ပြီလားဆရာမတို့ ဒီကောင်တွေက ရေတွေ ဒီလောက်စုပ်နေမှတော့ ကျုပ်တို့ထန်းပင်တွေ ရေဘယ်ရတော့မလဲဗျ။ ငှက်ပျောပင်ခုတ်ရင်တောင် ရေဒီလိုမထွက်ဘူး မရဘူးး။ ကျုပ်တို့ဒါ့ထက်ပိုပြီး သက်သေပြစရာလည်း မရှိတော့ဘူးးးး။ နောက်ထပ်ဆိုးတာက အရွက်တွေပဲ။ ဒီအရွက်တွေကြွေရင် ဘယ်မြက် ဘယ်အပင်ငယ်မှ သူ့အောက်မှာ မပေါက်နိုင်တော့ဘူးးးး။ ပူတာကိုးဗျ တရှိန်ရှိန်နဲ့။" လို့ ရှင်းပြခဲ့ပါတယ်။
ယူကလစ်ပင်က ထွက်ကျလာတဲ့ ရေတွေက နေ့လည်၁၂ကနေစပီးး ညထိ တစ်နေကုန်စာ ဖြူ စင်ကြည်လင်နေပါတဟ်။ နောက်ရက်မနက်ကစပြီး နီကျင်ကျင်ဖြစ်လာပါတယ်။ ၃ရက်လောက်နေလို့ ဓါတ်ခွဲခန်းပို့ဖို့ ထည့်ပေးလိုက်တော့ ဝါကျန်ကျန်တွေ ဖြစ်နေပါပြီ။ စေးထန်းခြင်း စေးကပ်ခြင်း လုံးဝမဖြစ်ဘဲ အရည်စစ်စစ်အဖြစ်နဲ့ပဲ ရှိနေပါတယ်။
နေထက်ထက်အောင်
Monday, December 5, 2016
Saturday, December 3, 2016
လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း တဲ့ လေ့လာထားလိုက်
လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း
========================
လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ်ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2) မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာ တရားလက်ကိုင်ထားသူ
(6)ဥပေက္ခာသမား
ဆိုပြီး (7)မျိုး ခွဲခြာထားပါတယ် .......။
တွက်နည်းကတော့ လွယ်ပါတယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို ဂဏန်းပြောင်းပြီး ပေါင်းပါ။
ရတဲ့ အဖြေ (7) နဲ့ စားရပါမယ် ထွက်လာတဲ့ အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ်စရိုက်ပေါ့ ။
ဥပမာ -
သင့် မွေးသက္ကရာဇ်က 1353 ခု သောကြာသားဆိုရင် 6ပေါ့။
1353+6=1359
1359÷7=1 ကြွင်းပေါ့
မြန်မာမွေးနှစ်မသိတဲ့လူတွေအတွက်တော့
http://www.mmcalendar.com/index.php
အဲဒီထဲမှာ အင်္ဂလိပ်ခုနှစ်က မြန်မာခုနှစ်ပြောင်းပြီး ကြည့်နိုင်ပါတယ်။
ယစ်မျိုးဥပဒေဆိုင်ရာ အသိပညာပေးတယ်ဆိုဘဲ
မော်လူးကျေးရွာတွင် ယစ်မျိုးဥပဒေဆိုင်ရာ အသိပညာပေးဟောပြော
မော်လူး၊ ဒီဇင်ဘာ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယစ်မျိုးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၁နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲသို့ အင်းတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ ဒုဦးစီးမှူး ဦးစိုးထိန်ဝင်း၊ အင်းတော်မြို့နယ် ပြည်တွင်းအခွန်ဦးစီးဋ္ဌာန၊ မြို့နယ်စည်ပင်ဦးစီးဋ္ဌာနတို့မှ တာဝန်ရှိသူများ၊ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ကျေးရွာအုပ်စုအသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ၊ ယစ်မျိုးထုတ်လုပ် ရောင်းချသူများ၊ စားသောက်ဆိုင်ပိုင်ရှင်များ စုစုပေါင်းအင်အား ၇၀ ခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
ယစ်မျိုးဆိုင်ရာ ဥပဒေများကို ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ အထောက်အကူပြုပစ္စည်း ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပြီး တက်ရောက်လာသူများမှ သိလိုသည်များ မေးမြန်းသည်ကို ပြန်လည် ဖြေကြားရှင်းလင်းခဲ့ကြောင်း သိရသည်။ နေ့လည် ၁၂ အချိန်ခန့်တွင် ယစ်မျိုးဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြီးဆုံးခဲ့သည်။
CD>>Khin Swe
Wednesday, November 30, 2016
ဘယ်တုန်းကစပြီး_ဥပုသ်နေ့တွင်_ဈေးပိတ်ခဲ့ကြသလဲ
#ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများသိထားသင့်ပါတယ်…
#ဘယ်တုန်းကစပြီး_ဥပုသ်နေ့တွင်_ဈေးပိတ်ခဲ့ကြသလဲ...?
=================================
#၁၃၀၀ပြည့်နှစ် တပိုတွဲလပြည့်ကျော် (၆)ရက်နေ့ အိမ်တော်ရာဘုရားအတွင်း စည်းဝေးပွဲ ပြုလုပ်သည်၊ ဆုံးဖြတ်ချက် (၇)ချက် ချမှတ်သည်၊ အချိန်မရ၍ နောက်နေ့မှ စီတန်းလမ်းလျောက်ရန် ဆုံးဖြတ်သည်၊ တပိုတွဲလပြည့်ကျော် (၇)ရက်နေ့ စီတန်းလမ်းလျောက်ရာ၌ အင်္ဂလိပ်အစိုးရက ဟန့်တားနှောက်ယှက် ဖြိုခွင်းရာ အာဇာနည်(၁၇)ဦး ကျဆုံးသည်၊ ယင်းကို ၁၃၀၀ပြည့် အရေးတော်ပုံဟု လွတ်လပ်ရေးသမိုင်း၌ ခေါ်ဝေါ်ကြလေသည်။
ထို့နောက် တဆက်တည်း ရဟန်းပျိုအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးကလျာဏာဘိဝံသကို ဖမ်းဆီးသည်။
#စစ်ကိုင်းမြို့ ဂဏသမူဟ ရဟန်းငယ်များ၏ အဖွဲ့ကြီးက ကြီးမှူးအုပ်ချုပ်၍ စည်းဝေးသော မြို့လုံးကျွတ် အစည်းဝေးကြီး၏ အထွေထွေအခန်း၏ စဉ်းစားချက်အရ မိုးဇာဈေးကြီးကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း ဝါတွင်းဝါပမကျန် ဥပုသ်သတင်းနေ့များ၌ ဈေးမထွက်ကြဘဲ ဥပုသ်သတင်းများ ဆောက်တည်၍ ပိတ်ထားသင့်ကြောင်းကို ရဟန်းတော်များနှင့်တကွ မြို့သူမြို့သား ဈေးသူဈေးသားတိုင်း အားလုံးသဘောကြိုက်ညီစွာ ဈေးသူဈေးသားပေါင်း (၁၉၃)ယောက်တို့၏ ကိုယ်တိုင်သဘောကြိုက်ညီကြောင်း အသီးသီးလက်မှတ်ထိုး၍ ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း၊
မန္တလေး ဦးကလျာဏအား ဖမ်းသည့်အတွက် တပေါင်းလဆန်း(၈)ရက်နေ့ ဈေးပိတ်ကြောင်း၊ ဥပုသ်သီတင်းနေ့များကို ထိုနေ့မှစ၍ ပိတ်မည်ဖြစ်ကြောင်း သိရလေသည်။
(ဆရာတော်ဦးကလျာဏာဘိဝံသ၏ အတ္ထုပ္ပတ္တိစာအုပ်မှ)
Monday, November 28, 2016
Sunday, November 27, 2016
မြန်မာအကြောင်း တစေ့တစောင်း
မြန်မာတွေဟာ လျင်မြန်ထက်မြက်ပြီး စစ်တိုက်ဖို့ ၀န်မလေးသူတွေ ဖြစ်ပါတယ်။ မြင်းစီးကျော်များ ဖြစ်တဲ့အပြင် လေးမြားကျွမ်းကျင်သူတွေလည်း ဟုတ်တယ်။ မြန်မာမြေပြန့်ကို ကိုးရာစု နှစ်လယ်လောက်ကစပြီး ၀င်ရောက်နေထိုင်တယ်။ ဦးစွာ ကျောက်ဆည်နယ်နဲ့ မင်းဘူးနယ်မှာ ရွာတည်ပြီး အခြေချ နေထိုင်ကြတယ်။ အဲဒီလို သူတို့ စတင်နေထိုင်တဲ့ အရပ်ကို ခရိုင်လို့ ခေါ်ပါတယ်။ ခရိုင်က တဖြည်းဖြည်း တိုးချဲ့ပြီး အလယ်ပိုင်း မြန်မာနိုင်ငံတခုလုံးမှာ မြို့ရွာတည်ပြီး နေကြတယ်။ နောက်မှ ပြန်ပွါးတဲ့နေရာကို တိုက်လို့ ခေါ်တယ်။ ခြေတံရှည်နဲ့ အိမ်တွေကို သစ်၊ ၀ါး၊ သက်ကယ်တွေနဲ့ ဆောက်တယ်။မြန်မာအလယ်ပိုင်းကို ၀င်မလာမီ မူလမြန်မာတွေဟာ အရင်အနှစ် ၄၀၀၀ လောက်ကစပြီး တရုတ် အနောက်မြောက် ကန်စူဒေသ၊ ထောင်မြစ်ဝှမ်းမှာနေတယ်လို့ ယူဆတယ်။ သက်သေအခိုင်အမာ မရှိပေမယ့် အခုလို ပြောပြချက်ကို ငြင်းပယ်ဖို့ ခက်ပါတယ်။ ခရစ် ၇ ရာစုမှာ မြန်မာတရုတ်နယ်စပ်ကို လာရောက်နေထိုင်တဲ့ တိဗက်မြန်မာနွယ်ဝင်တွေကို မန်လူမျိုးလို့ ခေါ်တယ်။ အဲဒီလူမျိုးတွေထဲက မန်းမန်ခေါ်တဲ့ လူတွေဟာ ကိုယ့်အကြီးအကဲကို မင်း၊ မင်းစောလို့ ခေါ်လေ့ရှိလို့ သူတို့ကို တရုတ်က မန်းမန်လို့ ခေါ်တာ ဖြစ်တယ်။ အဲဒီ လူတွေထဲက တချို့တ၀က်က သိုးမွေးပြီး တချို့တ၀က်က တောင်သူ ဖြစ်တယ်။ လယ်ယာကို ဆင်နဲ့ ထွန်တယ်လို့တောင် ပြောတယ်။ သူတို့က ထကြွလုံ့လရှိပြီး စစ်လိုလားတယ်။
စစ်ပွဲမှာ လှံလျင်ကို ကောင်းကောင်း အသုံးပြုတတ်တယ်။ မြင်းစီးတော်လို့ သူတို့ မြင်းစီးပုံဟာ ကောင်းကင်မှာ ငှက်ပျံသလို မြင်ရတတ်လို့ ချီးမွမ်းလေ့ရှိတယ်။ မြင်းကို ကုန်းနှီးမပါဘဲ ကောင်းစွာ စီးတတ်တယ်။ အမျိုးသမီးတွေ မြင်းစီးကျွမ်းတယ်လို့ လူစိမ်းတွေက ပြောလေ့ရှိတယ်။ လေးမြားအတတ်ကို များစွာ ကျွမ်းကျင်ပြီး ရန်သူကို အဆိပ်လူးမြားနဲ့ တိုက်ခိုက်ချေမှုန်းလေ့ ရှိတယ်။
နေအိမ်ဆောက်ရာမှာ အိမ်အဆင့်မြင့်မြင့် ခြေတံရှည်ရှည် ဆောက်တယ်။ အပြာရောင် ဘောင်းဘီဝတ် တယ်။ ပိုးခေါင်းပေါင်းအနီပေါင်းပြီး ခေါင်းပေါင်းစတခုကို အပြင်မှာ လွှင့်ချထားတယ်။ အိမ်ကြက်မွေးတယ်။
နန်ကျောင် လူမျိုးတို့က ၈ ရာစုနှစ် အစောပိုင်းမှာ သူတို့ကို ချုပ်ချယ်လာတယ်။ ခရစ် ၇၉၄ ကစပြီး နန်ကျောင် လက်အောက်ရောက်တယ်။ အခုပြောတာတွေက ခရစ် ၈၆၃ မှာ ဖန်ချိုရေးတဲ့ မန်ရှူခေါ် တောင်ဘက်လူရိုင်းတွေ အကြောင်း စာအုပ်ကနေ ကောက်နှုတ်ထားတာ ဖြစ်တယ်။
မြေပြန့်ကို မြန်မာတွေ ၀င်လာတဲ့ လမ်းကတော့ သံလွင်မြစ်တလျှောက် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ပြီး ကျောက်ဆည်ကို အရှေ့တောင်ဘက်က ၀င်တယ်။ ဆန်ရေစပါး ပေါများတဲ့ အရပ်ကို ရွေးချယ်ပြီး သိမ်းတယ်။ စစ်မှုရေးရာမှာ ခုခံအားကောင်းမယ်လို့ ထင်တဲ့ ပုဂံကို ဌာနချုပ်အဖြစ် ရွေးချယ်တယ်။ ဒါကြောင့် မြန်မာတွေ ဗဟိုမြေပြန့်ကို ၀င်ရောက်နေထိုင်တာဟာ စစ်အင်အားနဲ့ တိုက်ခိုက် သိမ်းယူတာမျိုး ဖြစ်တယ်လို့ ပြောရပါလိမ့်မယ်။
ဒေါက်တာသန်းထွန်း
မြန်မာတို့ ၏ သမိုင်းဦးခေတ် သဲလွန်စများ ·
Friday, November 25, 2016
တောင်တန်းသာသနာပြုဆရာတော်ဦးဥတ္တမသာရ
(တောင်တန်း သာသနာပြု ဆရာတော်ဘုရားကြီး
၏ပုံတော်အား ကိုယ်တိုင်ရေးဆွဲ ပူဇော်လှူဒါန်းပါသည်)
တောင်တန်းသာသနာပြုဆရာတော်ဦးဥတ္တမသာရ (သို့ )
မတ္တာဝိဟာရီ ဆရာတော်လောင်းလျာကို ၁၂၇၂ ခု၊ ပြာသို လပြည့်ကျော် ၁ ရက်၊ (၁၅ ဇန်န၀ါရီ ၁၉၁၁)တနင်္ဂနွေနေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် နွေတွင်းကုန်းကျေးရွာ တွင် ခမည်းတော် ဦးဘိုးညို မယ်တော်ဒေါ်သေးတာ မှ ဖွားမြင်ခဲ့သည်။၁၂၈၄ ခုနှစ်တွင် ရွာကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ မိဘ နှစ်ပါး တို့၏ ပစ္စယာ နုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ် ရောက်တော် မူသည်။ ၁၂၉၂ ခုနှစ်၊ နွေတွင်းကုန်းရွာ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသကို ဥပဇ္ဈာယ် ပြု၍ ရဟန်း အဖြစ်သို့ ရောက်တော်မူသည်။
Friday, November 18, 2016
အသက် ၄ဝ အရွယ်......သတိပြုဖွယ်ရာများ
အသက် ၄ဝ အရွယ်......သတိပြုဖွယ်ရာများ
လူငယ်ဘဝကို နှုတ်ဆက်ချိန်ပဲ ဖြစ်ပါတယ်။ လူငယ် တုန်းက စားချင်သလိုစား၊ သွားချင်သလို သွား၊ နေချင်သလိုနေခဲ့ပေမဲ့ ၄ဝ ပိုင်း ရောက်ပြီဆို သတိထားရပါတော့မယ်။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘာလို့လဲ ဆိုတော့ ရှေ့လာမယ့် အသက်ကြီးပိုင်း အတွက် ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်လို့ ပါ။ ကားတစ်စီးနဲ့ နမူနာပြုပြောရရင် အ နှစ် ၄ဝ လုံးလုံး သုံးလာတဲ့ ကားဟာ ကား အိုစာရင်းထဲ ရောက်နေပါပြီ။
ဒါပေမဲ့ စနစ်တကျနဲ့ ပြင်ဆင်မွမ်းမံတာမျိုး အမြဲ လိုလုပ်ပေးရင်တော့ ကားသစ်တွေနဲ့ ယှဉ် နိုင်သေးတာပေါ့။ (ကားအို၊ ကားဟောင်း တွေကိုတော့ အခုနေခါမှာ ပြန်အပ်နေရ ပါတယ်) လူကျတော့ ပြန်အပ်လို့ မရဘူး။ စလစ်အသစ်ထုတ် လုပ်လည်း မရဘူး။ Overhaul လုပ်လို့လည်း မရဘူး။ နှစ် ၄ဝ လုံးလုံး စားသောက်နေလာခဲ့တာ။ အဆိုး တွေရော၊ အကောင်းတွေရော သင့်တာရော၊ မသင်တာရော အစုံပဲ။ ကံကောင်း ထောက်မလို့ ကြီးကြီးကျယ်ကျယ် ထွေ ထွေထူးထူး ရောဂါကြီးတွေ မဖြစ်ခဲ့တာ။
ဒီတော့ ၄ဝ ရောက်ပြီဆိုတာနဲ့ လူငယ် တုန်းကလို မဆင်မခြင် လုပ်လို့ မရတော့ ပါဘူး။ ရှေ့လာမယ့် အသက်အပိုင်းအခြား အတွက် ဆင်ခြင်ပြင်ဆင်ရမယ်။
ကနေ့ ကမ္ဘာအဝှမ်း ကြည့်ကြည့်ပါ။ ၄ဝ ရောက်လာတဲ့တိုင် ဆင်ခြင်မပြင်ဆင် တာတွေ မရှိကြလို့ ၄ဝ နဲ့ ၆ဝ အရွယ်တွေ ရောဂါအထူဆုံး၊ အသေအများဆုံး ဖြစ် နေကြတယ်။
၎ဝ ဝန်းကျင် လူလတ်ပိုင်းတွေမှာ ဆိုရင် နှလုံးသွေးကြော အဆီပိတ်တာ၊ သွေးတိုး၊ သွေးချို၊ အသည်းအဆီဖုံး၊ သည်းခြေအိတ် ကျောက်တည်တာတွေ၊ အစာအိမ်ရောဂါတွေ၊ ကျောက်ကပ် ကျောက်တည်တာ၊ အဆစ်အမြစ်ရောင် ရောဂါတွေ အဖြစ်များကြတယ်။
ကင်ဆာ ရောဂါတွေကြောင့် သေတာလည်းများ တယ်။ ဒါကြောင့် သန်တုန်း၊ မြန်တုန်း ၄ဝ ဝန်းကျင် လူလတ်ပိုင်းကတည်းက ပြောခဲ့တဲ့ ရောဂါမျိုးတွေ မဖြစ်အောင် ကာကွယ်ရတယ်။ တားရမယ်။
ကာကွယ်မယ်၊ တားမယ်ဆိုပြီး ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ မဖြစ်ဘူး။ ဗဟု သုတ (Knowledge) တွေ ရှိရမယ်။ လေ့ လာရမယ်။ သဘောထား ခံယူချက် (Attitude) တွေ ပြင်ရမယ်။ ပြောင်းရ မယ်။ မှားနေတဲ့ အယူအဆ အတွေး အခေါ်တွေ ပြင်ရမှာ။ Attitude ပြောင်းပြီး ပြီဆိုရင်လည်း တကယ်လက်တွေ့ကျကျ လုပ်ဆောင်ရမယ်။ ကောင်းတဲ့ အမူအ ကျင့်စရိုက်တွေအဖြစ် Pratice လက်တွေ့ ကျင့်ဆောင်ရမယ်။
ငယ်ငယ်တုန်းက ကြိုက်တာတွေ အကုန်လုံး စားချင်သလို စားခဲ့တယ်။ ည ဘက်ဆိုလည်း မအိပ်ဘူး။ ကဲချင်တာတွေ ကဲခဲ့ကြတယ်။ အရက်ဆိုလည်း မူးအောင် သောက်ရမှ ကျေနပ်တယ်။ မမူးရင်တောင် အမူးပြိုင်ကြသေးတယ်။ အားကစားလည်း လုပ်ချင်မှ လုပ်တယ်။ မလုပ်တာ များပါ တယ်။ လုပ်ရကောင်းမှန်းလည်း မသိဘူး။ ဝါသနာပါတဲ့သူတွေကတော့ လုပ်ကြ
တယ်။ လုပ်တဲ့သူတွေ ကျတော့လည်း အပြင်းအထန်လုပ်ကြတာ။ နည်းစနစ်တွေ မရှိဘူး။ အပျော်အပါးဆိုလည်း ပွဲတိုင်း ကျော် မလွတ်စေရဘူး။ အန္တရာယ်ရှိတဲ့ ဆိုင်ကယ်စတန့်တွေ၊ ကားစတန့်တွေဆို လည်း လုပ်ခဲ့ကြတယ်။ အခုတော့ ဒါတွေ ...ဒါတွေ ...ပြီးခဲ့ပါပြီ ...ပြီးခဲ့ပါပြီ ဆိုပြီး အားလုံးကို မေ့ပစ်လိုက်ပါ။ြ>ွခင်း ချက်အနေနဲ့ မမေ့နိုင်စရာ မမေ့ရက် နိုင်သူ၊ ဒါ မျိုးလေးတွေတော့ ရှိပါလိမ့် မယ်။
၎ဝ အရွယ်ရောက်ပြီဆိုတာနဲ့ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးတွေ အဓိကစားရ မယ်။ ဒါမှ ကိုယ့်အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေရပြီး ရော ဂါဘယတွေ ကာကွယ်နိုင်မယ်။ သဘာဝ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးသီးတွေထဲမှာ ရောဂါတွေကို ကာ ကွယ်နိုင်၊ တိုက်ဖျက်နိုင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေ ပါတယ် လေ။ အဲဒါတွေသာ မှန်မှန်စားရင် ဘယ် အားဆေး၊ ထိုးဆေးမှ မလိုဘူး။ နှာစေး၊ ချောင်းဆိုးတောင် ဖြစ်ခဲတယ်။ အဲ တစ်ခု တော့ ရှိတယ်။ အဲဒီဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ဓာတုဆေးဝါး သုံးတာတွေ ကင်းဖို့တော့ အရေးကြီးတယ်။
သဘာဝ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ဓာတ်တိုးဆန့်ကျင် ဓာတ်ပစ္စည်းတွေ ပါတယ်။ အဲဒီဓာတ်တွေ ဟာ ခန္ဓာကိုယ်ထဲက ရောဂါဖြစ်နိုင်တဲ့ ကလာပ်စည်း (ဆဲလ်) တွေကို ရောဂါမ ဖြစ်အောင် ကာကွယ်တိုက်ဖျက်ပေးတဲ့ အစွမ်းတွေ ရှိတယ်။ ဒါကြောင့် လူလတ် ပိုင်းအရွယ်ကတည်းက ရောဂါတွေ မဖြစ် အောင် နေ့တိုင်း၊ အစာစားတိုင်း ဟင်းသီး ဟင်းရွက်တွေ စားပေးရမယ်။ အစာစား ပြီး တိုင်းလည်း အရည်ရွှမ်းတဲ့ သစ်သီး တစ်မျိုးမျိုး၊ ဒါမှမဟုတ် ဖျော်ရည်တစ်မျိုး မျိုး စားရမယ်။ သောက်ရမယ်။ အခုဖြစ် နေကြတာက ထမင်းစားပြီး ပြီဆိုရင် အချိုပွဲ တည်းနေကြတယ်။ အဲဒါလွဲနေတယ်။ တကယ်က သဘာဝသစ်သီးချဉ် ဒါမဟုတ် ဖျော်ရည်တစ်မျိုးမျိုး တည်းရမှာ။ အလှူ မင်္ဂလာပွဲတွေမှာဆို ထမင်းစားပြီး အချိုပွဲ တည်းကြတာ ထုံးစံဖြစ်နေပြီ။ တကယ်ဆို အချဉ်ပွဲတည်းရမှာ။
၎ဝ လူလတ်ပိုင်းအရွယ် ရောက်လာ ရင် ငယ်ငယ်တုန်းကလို အများကြီး မစား သင့်တော့ဘူး။ လျှော့စားရမယ်။ ဗိုက်ထဲ က အစာခြေအင်္ဂါအစိတ်အပိုင်းတွေဟာ နှစ်ပေါင်း ၄ဝ လောက် အလုပ်လုပ်ခဲ့ရတာ မို့ ပင်ပန်းနေကြပြီ။ နောက်တစ်ခုက အစာအများကြီး စားရင် နှလုံးကလည်း အလုပ်ပိုလုပ်ရတယ်။ ဒါကြောင့် အစာ စားရင် နှလုံးလည်း သက်သာ၊ ကိုယ်တွင်း က အစိတ်အပိုင်းတွေလည်း သက်သာ အောင် ညှာတဲ့ အနေနဲ့ ဗိုက်တင်းအောင် မစားပါနဲ့။ လျှော့စားပါ။ (မှတ်ချက်... ပုဆိုး လျှော့စားခိုင်းခြင်းမဟုတ်ပါ။ အစာ ပမာဏ လျှော့စားရန် ဆိုလိုခြင်း ဖြစ်ပါသည်။)
ကျွန်တော်တို့တစ်တွေဟာ ထမင်းကို အားပြုစားကြပါတယ်။ ဒါကြောင့်မို့လည်း ထမင်းကို မြန်မာတို့ရှဲ့Staple Foodသသိ လို့ တောင်းဆိုထားတယ်။ ထမင်းစားရမှ တင်းတိမ် ကျေနပ်ကြပါတယ်။ စားရင် လည်း ဗိုက်ကားအောင် စားတတ်ကြပါ တယ်။ ထမင်းဟာ ကစီဓာတ် (Carbohydrate) ဖြစ်တဲ့ ကစီဓာတ်တွေ များပြီး လူလတ်ပိုင်းတွေ ဆီးချိုဖြစ်ကြတာ။ မြန်မာပြည်မှာတော့ ထမင်းအစားများလို့ ဆီးချိုဖြစ်ကြတာပါ။ မဖြစ်ရိုးလား။ တစ် နေ့ကို ထမင်း ၃ နပ်စားတယ်။ တစ်ခါစား ရင်လည်း နှစ်ပန်းကန်၊ သုံးပန်းကန် စားကြတာဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေ များပြီး ဆီးချိုဖြစ်ကုန်ကြတာပေါ့။ ဒါကြောင့် လူလတ်ပိုင်းတွေ အချိုစားတာ ထိန်းဖို့လိုပါတယ်။
သကြားလုံးဝ ရှောင် နိုင်ရင် ကောင်းပါတယ်။ အခြားအချိုစာ တွေလည်း အတတ်နိုင်ဆုံး ရှောင်ရပါ မယ်။ တစ်သက်လုံး စားခဲ့ပြီးပြီပဲ။
ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ စားပါလို့ ပြောခဲ့တော့ သတ်သတ်လွတ် စားခိုင်းတာမဟုတ်ပါဘူး။ အလေးပေး စားဖို့၊ ဦးစားပေးစားဖို့ ပြောတာပါ။ အသားငါးတွေလည်း စားရမှာပါ။ ကိုယ်ခံ စွမ်းအား ဖြည့်ဖို့အတွက် အသားဓာတ် လည်း လိုပါတယ်။ အသားစားတဲ့ အခါ မှာတော့ အဆီ၊ အခေါက်တွေ ရှောင်ရပါ မယ်။ အသားချည်းသက်သက် စားရ မယ်။ ငါးကိုတော့ အဆီရော၊ အသားရော စားလို့ ရတယ်။ ငါးဆီကျတော့ အဆိုးမ ဖြစ်ပါဘူ။ အကျိုးပြုပါတယ်။
နောက်ပြီး လူလတ်ပိုင်းတွေ မလုပ် သင်တော့တဲ့ အရာတွေ ရှိပါတယ်။ အဲ့ဒါ ကတော့ ဆေးလိပ်သောက်တာနဲ့ အရက် သောက်တာပါဘဲ။ဆေးလိပ်သောက် တတ်ရင်လည်း ဖြတ်ပါ။ အရက်သောက် တတ်ရင်လည်း ဖြတ်ပါ။ ချက်ခြင်းကြီး မဖြစ်နိုင်ရင်လည်း ဖြည်းဖြည်းခြင်း ဖြတ် ပါ။
မလုပ်သင့်တာတွေ ဖြတ်ပြီးတော့ မ ဖြစ်မနေ လုပ်သင့်တာကတော့ ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရမှာပါ။ လေ့ကျင့်ခန်းတွေ အားကစားတွေ ပြင်း ပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ပါးပါး အားကစားတွေ ပြင်းပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ ပါးပါး အားကစားတစ်မျိုးမျိုးပေါ့။ ကြက် တောင်ရိုက်တာ၊ ပင်ပေါင် ရိုက်တာ (စားပွဲတင်တင်းနစ်)၊ ရေကူးတာ၊ ကာယ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ရပါ မယ်။ လေကောင်းလေသန့်ရတဲ့ နေရာ တွေမှာ လမ်းသွက်သွက်လျှောက်တာ၊ ရွ ရွလေး ပြေးတာမျိုး လုပ်ရင်လည်း ကောင်းပါတယ်။
ရောဂါတွေ မဖြစ်အောင် ကာကွယ် တဲ့ အနေနဲ့ အစာလည်းဆေး၊ ဆေးလည်း အစာ ဖြစ်တဲ့ အစားအစာတွေလည်း မကြာမခဏစားရပါမယ်။ နေ့တိုင်းလည်း စားနိုင်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံး ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုး ရောဂါတွေ မဖြစ်အောင် ကြက်သွန်ဖြု၊ ကြက်သွန်နီစားရမယ်။ ကင်ဆာတွေ မဖြစ်အောင် သင်္ဘောရွက်၊ ရဲယိုရွက်တွေ စားရမယ်။ ကျောက်တည်တာတွေ မဖြစ် အောင် ကျော်ကဖရုံသီးစားရမယ်။ ကိုယ် ထဲက အဆိပ်အတောက်တွေ ထုတ်တဲ့ အနေနဲ့ ကန်စွန်းနီစားရမယ်။ သွေးထဲမှာ အဆီဓာတ်တွေ ရှင်းအောင် ကြက်နားရွက် မှိုအနက် စားပေးရမယ်။ အသက်ရှည်စေ တဲ့ မြင်းခွာရွက် စားရမယ်။
အသက် ၄ဝ ပြည့်တော့မယ့် သူတွေ အတွက်လည်း စကားလက်ဆောင်ပါး လိုက်ပါတယ်။
အသက် ၄ဝ ပြည့်တဲ့ နေမှာ နွားနို့စစ်စစ် တစ်ပိဿာတိတိ သောက်ပါ။ တစ်ပိဿာကျော်လည်း ရပါ တယ်။ သောက်နိုင်သလောက်သောက်ပါ။ ဘာကြောင့် လဲဆိုတော့ အမေ့နို့ဟာ အသက် ၄ဝ အထိဘဲ စွမ်းအားပေးနိုင်ပါ တယ်။ အသက် ၄ဝ နောက်ပိုင်းကစလို့ စွမ်းအားတွေ ဆက်ရဖို့အတွက် သတိပြု တဲ့ အနေနဲ့ နွားနို့သောက်စေတာ ဖြစ်ပါ တယ်။တကယ်လည်း အသက် ၄ဝ နောက်ပိုင်းမှာ နို့ကို နေ့စဉ်သောက်သင့် ပါတယ်။ ကယ်စီယမ်ဓာတ် ဖြည့်ပြီးသား ဖြစ်တာပေါ့။
အမျိုးသမီးတွေဆို ပိုလို့ တောင့် သောက်သင့်သေးတယ်။ အရိုးပွ ရောဂါ ကာကွယ်ပြီးသားဖြစ်တာပေါ့။
ဘဝရဲ့ ကောင်းဆုံးအချိန် လူလတ် ပိုင်းအရွယ်တွေဟာ ဘဝမှာအောင်မြင်ချိန် အကောင်းဆုံးအချိန်ဖြစ်ပေမယ့် ကျန်းမာ ရေးအတွက် လစ်လျူရှုကြတာကြောင့် စောစောစီးစီး သေနေကြတယ်။ သားသ မီးတွေဆိုလည်း မိတဆိုး၊ ဖတဆိုးဖြစ်လို ဖြစ်၊ မိန်းမတွေလည်း မုဆိုးမ ဖြစ်ရ၊ ယောက်ျားလည်း မုဆိုးဖိုဖြစ်ရ၊ မိအို ဖအို တွေဆိုလည်း သားသမီးတွေ ဆုံးရှုံးရနဲ့ ကျန်းမာရေး အလေးပေး သတိချပ်ကြပါ။
Credit
Subscribe to:
Posts (Atom)


















































