မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Friday, August 22, 2014
မော်လူး နှင့် လေးတန်ရိုးလမ်း တွင် လုယက်မှု ဖြစ် လုယက်ခံရသူများ အခြေအနေဆိုး
တစ်နယ်လုံးသိပြီးပါပြီ
အဝေးရောက် မော်လူး ဒေသသားများ
အိမ်ကို ဖုန်းဆက် မေးပေတော့
Adm- ရွာချစ်သား
Thursday, August 21, 2014
၂၂.၈.၂၀၁၄..မော်လူးမြို့..သူရောင်းရွာ စာရေးတံမဲဆွမ်းကပ်လှူပူဇော်ပွဲ
စာရေးတံမဲဆွမ်းကပ်လှူပူဇော်ပွဲ သံဃာတော်
များနှင့်ရွာသူရွာသားများ မဲနိုက်ယူစဉ်
Tuesday, August 19, 2014
ဓမ္မစေတီခေါင်းလောင်းကြီးကို တွေ့ ပြီဟု နတ်စင်တစ်ရာဆရာတော်မိန့် ကြား
ဖေါ်ပြလိုက်ပါသည်။
တချို့က မဖြစ်နိုင်ဘူးတဲ့ ဘာဘဲပြောပြောတွေ့ပြီတဲ့
ဘာကိုယုံရမှာလဲဗျာ
---------=================-----
ရန်ကုန်၊ ဩဂုတ် ၁၇- ဓမ္မစေတီ ခေါင်းလောင်းတည်ရှိသောနေရာကို ဩဂုတ်၁၆ ရက် ကစတင်တွေ့ရှိထား ပြီဖြစ်ကြောင်း နတ်စင် တစ်ရာ ဆရာတော် က ပြည်တွင်း မီဒီယာအချို့ ကို မိန့်ကြားလိုက်သည်။
''ဓမ္မစေတီခေါင်းလောင်းရှာ တဲ့နေရာမှာ သူတို့က ခေါင်းလောင်း ကြီးကို သင်္ဘောပျက်ကြီးအောက် မှာလို့မိန့်တယ်။ ဆရာတော့်အမြင်က သင်္ဘောပျက် နဲ့ပေ၂၀ ၊ ၃ဝအကွာမှာ ရှာပါဆိုတော့ ဩဂုတ်၁၆ရက်နေ့က ဓမ္မစေတီခေါင်းလောင်း ကို တွေ့ထား ပါပြီ။ သို့သော်လဲ ဓမ္မစေတီခေါင်း လောင်း ရဲ့အသေးအကြီးကို ဆရာ တော်မခွဲနိုင်ပါဘူး။ နောက်လေးငါး ဆယ်ရက်အတွင်း မှာဆိုရင် ထင်ထင် ရှားရှားပေါ်လွင်လာပါလိမ့်မယ်''ဟု နတ်စင်တစ်ရာ ဆရာတော် က မိန့် ကြားသည်။
ဘုရားပစ္စည်း ဆိုသည် တကယ် တမ်းကြည့်မည်ဆိုလျှင် ငရဲမီးဖြစ် ပြီး အတ္တဝိသမလောဘ စိတ်များဖြင့် ဓမ္မစေတီခေါင်းလောင်း ကြီး ကို ပေါ် အောင်ဖော်မည် ဆိုပါက မည်သည့် အခါမှရရှိမည်မဟုတ်ကြောင်း ရဟန်း၊ ရှင်လူပြည် သူများအနေဖြင့်လည်း ယခု တစ်သက်ဖူး မြော်ခွင့်ရရှိမည် မဟုတ်ကြောင်း၊ မွန်အဖွဲ့နှင့်ဦးစံလင်း တို့အဖွဲ့သည် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ရဟန်းရှင် လူပြည်သူအများ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းမည့်အဖွဲ့ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။
မွန်ဓမ္မစေတီမင်းခေါင်းလောင်း တော်ကြီး အမြန်ဆုံးအောင်မြင်စွာ ဆယ်ယူနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်တွင် နတ်စင်တစ်ရာ ဆရာတော် ကြီးနှင့် သံယာတော်များ၊ မယ်သီလရှင် ဆရာလေးများနှင့် ဓမ္မစေတီမွန် ခေါင်းလောင်းတော်ကြီး ဆယ်ယူ ရေး အထောက်အကူပြု ဆပ်ကော် မတီ အဖွဲ့တို့မှ မြစ်အတွင်းဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ် ယူနေရာ ပတ်ပတ်လည်လှည့်၍ ပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။
မြစ်အတွင်းတွင်နတ်စင်တစ်ရာ ဆရာတော်မှ သမ္ဗန်တစ်စင်း၊ နေ့ နာမ်အလိုက် သံယာတော်သုံးပါးစီမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်ရှစ်စင်း၊ မယ်သီလရှင် ဆရာလေးလေး ပါးမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်နှစ်စင်း၊ ဓမ္မစေတီ မွန်ခေါင်းလောင်းတော် ကြီး ဆယ်ယူရေးအထောက်အကူပြု ဆပ် ကော်မတီ အဖွဲ့တို့မှလည်း သမ္ဗန်များ ဖြင့် မြစ်အတွင်း ပရိတ်တရားတော် များ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပြီး ဆု တောင်းမေတ္တာပို့ခဲ့ကြကြောင်း သိရ သည်။
သမ္ဗန်များဖြင့် ဆုတောင်း မေတ္တာ ပို့ခဲ့ကြသည့်အချိန်တွင် ရာသီ ဥတု သည် ကောင်း မွန်လျက်ရှိပြီး မိုးရွာသွန်းမှုလည်း မရှိခဲ့ကြောင်းသိ ရသည်။
''အခုလက်ရှိနုန်းတွေ အောက် ကသောင်ကို သောင်တူးစက်တွေ နဲ့ စုပ်ထုတ်နေ တယ်။ ရေကတော့ ငုပ်နေသေးတယ်။ ဘယ်နေရာမှာ ဆိုတာကတော့ပြော လို့မရသေးဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးအ ဖွဲ့၏ ဘဏ္ဍာရေးမှူးဦးသန်းစိန် က ပြောသည်။
ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းလုပ်ငန်းများကို ဩဂုတ်၈ ရက်နေ့မှစတင် ခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင် အပြီးသတ်ဆောင်ရွက် မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ် ယူသူ ဦးစံလင်းက ပြောသည်။
#Democracytoday
မဟာဒုတ်ကို အကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့်အလှူပွဲမျိုးကို ပြုလုပ်လာသည့် အကြောင်း
"၀ါခေါင်လနှင့် မဟာဒုတ် အလှူ"
မဟာဒုတ်မှာ သူဆင်းရဲလယ်သမားဖြစ်သည်။ ဆင်းရဲလွန်းသောကြောင့်ဝမ်းရေးကို အနိုင်နိုင် အသက်မွေး နေရသော လင်မယားနှစ်ယောက်ဖြစ် သည်။
တစ်ခုသော ၀ါခေါင်လ တစ်လတွင် မဟာဒုတ်တို့ ရွာမှ ဘုရားရှင်နှင့်သံဃာတော်များအား ဆွမ်းလှူရန် အလှည့်ကျသည်။ တစ်အိမ်တစ်ပါးစီ တာဝန်ယူရမည်ဟု သတ်မှတ်သောကြောင့် မဟာဒုတ်တို့ လင်မယား လည်း သံဃာတစ်ပါးကို တာဝန်ယူရမည်ဖြစ်သည်။
မဟာဒုတ်လင်မယားသည် ဆင်းရဲသော်လည်း သံဃာတစ်ပါးကိုတော့ဆွမ်းတစ်နပ် ရအောင်လှုမည်ဟု စိတ်ဆုံးဖြတ်လိုက်ပြီးအလုပ်ကို ကြိုးစားလုပ်ကိုင်ကြ၏။
ယောက်ျားလုပ်သူက လယ်လုပ်ရာတွင် သီချင်းတအေးအေးနှင့် ဆွမ်းကပ်ရတော့မည်ကို ပျော်နေ၏။ မယားလုပ်သူလည်း ဆန်ထောင်းရာတွင် သီချင်းလေးတအေးအေးနှင့် ပျော်နေ၏။
သံဃာတော်တို့ အားဆွမ်းပင့်ရမည့်အချိန်တွင် ရွာသူရွာသားအသီးသီးသံဃာတစ်ပါးစီ သူ့ ထက်ငါဦးအောင် ပင့်ဆောင်သွားကြသောကြောင့်မဟာဒုတ်တို့လင်မယားတွက် သံဃာကုန်နေပြီဖြစ်သည်။
ကံအားလျော်စွာ ဘုရားရှင်တစ်ပါးထဲသာကျန်တော့သည်။ မဟာဒုတ်လည်း အရဲစွန့် ပြီး အရှင်ဘုရား၏ သပိတ်တော်ကို တပည့်တော်အား ချီးမြှောက်ပါရန် လျောက်ထားသောအခါ မြတ်စွာဘုရားက မဟာဒုတ်
လက်သို့ သပိတ်ကို ပေးအပ်လိုက်လေသည်။
မဟာဒုတ်ဆင်းရဲသားလင်မယား မြတ်စွာဘုရား၏သပိတ်ကို ရသွားသည်ကိုသူဌေးသူကြွယ်များကမြင်သော အခါ . .အို မဟာဒုတ် သင့်အားရွှေငွဥစ္စာအမြောက်အများပေးပါမည်၊သင့်လက်ထဲမှ သပိတ်ကို ဒို့အားပေး ပါဟု ပြောကြသော်လည်း မဟာဒုတ်က မိမိ၏သဒ္ဓါကို အသပြာနှင့် မလဲနိုင်ဟုဆိုကာ မြတ်စွာဘုရားအား အိမ်သို့ ပင့်ဖိတ်သွား၏။
မြတ်စွာဘုရား ဆွမ်းဘုန်ပေးပြီးနောက် ဆွမ်းအနုမောဒနာတရားဟောသောအခါတွင် မဟာဒုတ်တို့ ဇနီး မောင်နှံနှစ်ဦး သောတာပန်တည်ကြလေသည်။ ဇနီးမောင်နှံနှစ်ဦး၏ ဆွမ်းအတွက် သဒ္ဓါထက်သန်စွာ
ကြိုးစားအားထုတ်နေသည်ကိုစောင့်ကြည့်နေသော သိကြားမင်းက မဟာဒုတ်တို့နေအိမ်ပေါ်သို့ ရတနာ မိုးကြီးရွာသွန်းချလိုက်သောကြောင့် မဟာဒုတ်ဆင်းရဲသားလင်မယားသည် နေ့ချင်းညချင်း ချမ်းသာသွားကြ
လေသည်။
မဟာဒုတ်ကို အကြောင်းပြု၍ ၀ါခေါင်လတွင် မဟာဒုတ်မဲဖေါက်သည့်အလှူပွဲမျိုးကို ပြုလုပ်လာကြပါသည်။
_/|\_
Monday, August 18, 2014
မော်လူး အထကတွင် မုန့်မျိုးစုံနှင့် စားသောက်ဖွယ်ရာများ ကျန်းမာရေးနှင့် ညီညွှတ်ခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်
အထက်တန်းကျောင်း မုန့်ဈေးတန်းတွင် ရောင်းချနေသည့် မုန့်မျိုးစုံနှင့်
စားသောက်ဖွယ်ရာများကို ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိမရှိကို သြဂုတ် ၁၆
ရက် နံနက် ၁၀ နာရီအချိန်က ဆရာ/ဆရာမများမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း
သိရသည်။ ကျောင်းတွင်းကျောင်းပြင် မုန့်ဆိုင်များကို စစ်ဆေးရာတွင် S
တံဆိပ် အမှတ်အသားပါသည့် မုန့်ကို အဓိကထား စစ်ဆေးခဲ့ကြောင်း၊
ကျန်းမာရေးနှင့် မညီညွှတ်သည့် မုန်းအမျိုးအစား ၁၅ မျိုးခန့် တွေ့ရှိ
သိမ်းဆည်းခဲ့ကြောင်း၊ ဤသို့ မုန့်မျိုးစုံနှင့် စားသောက်ဖွယ်ရာများ
ကျန်းမာရေးနှင့် ညီညွှတ်ခြင်းရှိမရှိ၊ စားသုံးရန်သင့်မသင့်
စစ်ဆေးဆောင်ရွက်ခြင်းကို အပတ်စဉ်တိုင်း
ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆရာ/ဆရာမများထံမှ သိရပါ၏
Sunday, August 17, 2014
မော်လူး သားတစ်ဦး ပါဝင်သော မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နှင့် ခြေစမ်းမည်
19-8-2014 ရက်နေ့ တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း
တွင်
ကစားကြမည်။
မြန်မာ့ လက်ရွေးစင်အသင်းတွင် မော်လူးမှ ရဲရင့်အောင်
ပါဝင်ယှဉ်ပြိုင်မည်ဟု သိရပါသည်။
အားပေးကြစို့ နှိုးဆော်လိုက်ပါတယ်။
Friday, August 15, 2014
ယခု အပတ် ဥပုသ်နေ့ ဘုရားကြီးကျောင်း တရားပွဲ
(၇)ကို ဝါခေါင်လဆုတ်(၈)ရက်နေ့ 
ဓမ္မကထိကဆရာတော် မှာ
အရှင်ဝဏ္ဏသာမိ. ဘုရားကြီးကျောင်း
ဓမ္မဒါနဓမ္မပူဇာအလှူရှင်. သမစိတ္တဓမ္မပါရမီ
လူငယ်များအဖွဲ့ ကောင်းမှု..မော်လူး
နိဗ္ဗာန် ရောက်ကြောင်း တရားတော်များ
ဟောကြားမည်ဖြစ်သည်။
Thursday, August 14, 2014
ဆယ်တန်း အောင်တာ အမှတ် စိတ်ကြိုက်မရလို့ စိတ်မညစ်ကြနဲ့ စနစ်သစ်တဲ့
------
လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍ ရွေးချယ်တက်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ ကြုံတွေ့ရမြဲဖြစ်သည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်ရရှိရန် အခွင့်အလမ်းနည်းပါးစေသည့် ကန့်သတ်ထားသည့် ဝင်ခွင့်အမှတ်များ မြင့်တက်ခြင်း၊ ကျောင်းသားလက်ခံမှုဦးရေ လျှော့ချခြင်း စသည့်ပြဿနာများကို လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။
ဓမ္မစေတီခေါင်းလောင်းပေါ်ရှိသင်္ဘောပျက်ကို ဖယ်ရှားနေကြောင်း ဆယ်ယူရေးအဖွဲ့ပြော
ဓမ္မစေတီခေါင်းလောင်းကြီး အပေါ်တွင် သင်္ဘောပျက်တစ်စီး က ဖုံးအုပ်လျက်ရှိနေသော ကြောင့် ယင်းသင်္ဘောကို ဖယ်ရှား နေသည့်အချိန်ဖြစ်နေပြီး ရေ အောက်တွင် ခေါင်းလောင်းအမှန် တကယ်တွေ့ရှိပြီလားဆိုသည့် မေးခွန်း နှင့်ပတ်သက်၍ ဆယ်ယူရေးအဖွဲ့က နောက်မှသတင်းထုတ်ပြန်မည်ဖြစ်၍ ပြောကြားခဲ့ခြင်းမရှိချေ။
ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူရေးလုပ်ငန်းကို ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်းနှင့် ရန်ကုန် မြစ်ဆုံစည်းရာ မြစ်ဝတွင် အမှတ်အသားပြုစည်းဝိုင်းတားကာ ရေငုပ်သမားများနှင့်အလှည့်ကျ လုပ်ဆောင်နေခြင်းဖြစ်သည်။ ရန်ကုန်မြစ်ဝတွင် သုံးထပ်သင်္ဘောတစ်စီးက ကျောက်ချရပ်နားထားပြီးယင်းအနီးတွင် စက်လှေငယ်တစ်စီးက ထပ်မံရပ်နားထားကာ ပရိတ်ရွတ်ခြင်း၊ စောင့်ကြည့်ခြင်းများကို အဆက်မပြတ်ပြုလုပ်လျက်ရှိသည်။
‘‘အသေးစိတ်အချက် အလက်ကို ရေးမှတ်ထားပါတယ်။ အခုချိန်မှာတော့ ပြောပြလို့မရ သေးပါဘူး။ မကြာမီသတင်းထုတ် ပြန်သွားမှာပါ’’ဟု ခေါင်းလောင်း ဆယ်ယူရေးအဖွဲ့ ဦးဆောင်သူ ဦးစံလင်းက ပြောသည်။
ဆလုံရေငုပ်သမား ၁၀ ဦး၊ ဆယ်ယူရေးအဖွဲ့တွင် လူဦးရေ ၇၀ စုစုပေါင်း လူပေါင်း ၈၀ ဖြင့် ဆယ်ယူနေကြပြီး တစ်ရက်လျှင် ရေထချိန်မနက်၊ ညနေတစ်ကြိမ် စီငုပ်ပြီး ရေစီးကြမ်းသည့်နေ့တွင် တစ်နေ့တစ်ကြိမ်သာ ငုပ်နိုင်ခဲ့ သည်ဟု သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့က ခွင့်ပြုချက်ပေးသည်နှင့် ဓမ္မစေတီခေါင်းလောင်းဆယ်ယူ ရေးလုပ်ငန်းကို ဩဂုတ် ၉ ရက် က စတင်ခဲ့ပြီး သုံးရက်ရှိပြီဖြစ် ကြောင်း ဦးစံလင်းက ပြောသည်။
သင်္ဘောနှစ်စီးဖြင့် ဆယ်ယူ မည်ဖြစ်ပြီး တစ်ရက်ဆယ်ယူ စရိတ်သည် ကျပ်သိန်း ၂၀၀ နီးပါးရှိသည်ဟုဆိုသည်။
‘‘ခေါင်းလောင်းရဲ့အပေါ်မှာ ဂျပန်ခေတ်တုန်းက နစ်မြုပ်ခဲ့တဲ့ သံထည်နဲ့လုပ်ထားတဲ့ သင်္ဘော တစ်စီးရှိတယ်။ အဲဒီအောက်မှာမှ ခေါင်းလောင်းရှိတယ်။ အဲဒီ သင်္ဘောကို ဖယ်နိုင်မှသာ ခေါင်း လောင်းကိုဆယ်လို့ရမယ်။ ခေါင်း လောင်းကြီးရဲ့အပေါ်မှာ ပုစွန် တုပ်ကွေးအကွင်းမရှိတော့ဘူး။ ခေါင်းလောင်းက အောက်ကို ၄၅ ဒီဂရီစောင်းပြီး အဝကအပေါ်မှာ ရှိနေတယ်။ ရေစီးကြမ်းတဲ့အချိန် က ဆယ်လို့အကောင်းဆုံးအချိန် ဖြစ်လို့ အဲဒီအချိန်ရွေးလိုက်တာ ပါ’’ဟု ဦးစံလင်းက ရှင်းပြသည်။
ဓမ္မစေတီခေါင်းလောင်းရှာ ဖွေရေးနှင့် ဆယ်ယူရေးလုပ်ငန်း များကို အထက်ပါပုဂ္ဂိုလ်က ၁၉၉၇ ခုနှစ်ကတည်းကပြုလုပ်ခဲ့ ပြီး ၁၉၉၈ ခုနှစ်တွင် ခေါင်း လောင်းတည်ရှိရာနေရာကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ခန့်တွင် စာနယ်ဇင်းမီဒီယာများက စတင်ဖော်ပြခဲ့ပြီးနောက် ခွင့်ပြုချက်ဖြင့် ဆယ်ယူရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည် ယခုသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်းဆယ်ယူရန် ခွင့်ပြုချက်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပစိတ်ဝင်စားသူများက ထပ်မံကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။
ပင်လယ်အောက်တွင် နစ်မြုပ်နေသော ရှေးဟောင်းပစ္စည်းများကို ရှာဖွေသည့်စင်ကာပူအခြေစိုက်အဖွဲ့အစည်းတစ်ခုသည် ၂၀၁၂ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဆက်သွယ်ခဲ့ပြီး ဆယ်ယူရာတွင် ဂျီပီအက်စ်စနစ် ဖြင့် နည်းပညာကူညီမည်ဟုဆိုခဲ့ သော်လည်း အစီအစဉ်မဖြစ်ခဲ့ပေ။
ကမ်းစပ်မှ မှုန်ပျပျသာမြင်ရ သည့် ရန်ကုန်မြစ်ရေပြင်တွင် ရပ် တန့်နေသော သင်္ဘောတစ်စီးကို လက်ညှိုးထိုးပြနေသည့် ကလေး တစ်သိုက်ဖြစ်သည်။ ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူသည့် နေရာဖြစ်ပြီး ယင်းနေရာသို့ သမ္ဗန်စက်လှေဖြင့် လိုက်ပို့ပေးမည်ဖြစ်ကာ အနီးကပ်လေ့လာ၍ရကြောင်း (၁၀) နှစ်အရွယ် ကလေးငယ်က ရှင်းပြသည်။
လူတစ်ဦး တစ်ထောင်နှုန်း ဖြင့် လိုက်ပါပို့ဆောင်ပေးကြောင်း၊ လိုက်ပါသူများ အသက်အန္တရာယ် အတွက် ပူပင်ရန်မလိုကြောင်း ကလေးငယ်များက လာသမျှ လူ တွေကို ရှင်းပြနေသည်။
နှစ်ပေါင်း ၄၀၀ ကျော်က တည်းက ရေထဲတွင် နစ်မြုပ်နေ သည်ဟု ယူဆရသော ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူမှုကို ကြည့်ရှုရန် ပြည်သူများသည် သာကေ တ ရှုခင်းသာ ကစားကွင်းအနီးရှိ ကုမ္ပဏီတစ်ခု၏ ဂိတ်ဝင်ပေါက်မှ ၀င်ရောက်လာသော လူအုပ်စုမှာ နေ့စဉ် လူရာချီရှိပြီး သက်ကြီး ပိုင်းအရွယ်များ၊ လူငယ်များ၊ အ မျိုးသမီးများ၊ ကိုယ်ပိုင်ကားဖြင့် လာရောက် လေ့လာသူများစ သည်ဖြင့် ရှိသည်။
လာရောက်ကြည့်ရှုသော အချို့လူများမှာ လှေမစီးရဲသော ကြောင့် ကမ်းစပ်မှနေ၍ မြစ်လယ် ရှိ သင်္ဘောနေရာကို မှန်ပြောင်းဖြင့်ကြည့်သည်။ အချို့ကမူ သမ္ဗန်စက်လှေဖြင့် သွားရောက် ကြည့်ရှုသူများ၏ ပြန်လည်ပြောပြချက်ကို စောင့်၍ နားထောင်ကြသည်။
သွားရောက် ကြည့်ရှုလိုသူ များသည် စက်လှေကို နှစ်မျိုး ရွေးချယ်နိုင်ပြီး တစ်ဦးလျှင် ငွေ ကျပ် တစ်ထောင်ဖြင့် ပြေးဆွဲနေ ရာမှ ယခု ငွေကျပ် ၂၀၀ ဖြင့် လိုက်သည့် ငါးဖမ်းလှေများနှင့် အသက်ကယ်အင်္ကျီပါသည့် လူ ဆယ်ယောက်ဆံ့ စက်လှေကြီးဖြင့် တစ်ဦးလျှင် ၅၀၀ ကျပ်နှုန်းဖြင့် အ ပြိုင်အဆိုင် ပြေးဆွဲနေသည်။
‘‘ဒီနေ့နဲ့ဆို လေးရက်ရှိပြီ။ ဆယ်နေတာပဲ။ သင်္ဘောတော့ တွေ့သွားပြီ။ ခေါင်းလောင်းကြီး က သင်္ဘောအောက်မှာ ရှိတယ်’’ ဟု ဆယ်ယူသည့် နေရာသို့ လိုက် ပို့ပေးသည့် လှေသမ္ဗန်သမား များက လှေပေါ်ရှိ ဧည့်သည်များ ကို ရှင်းပြနေသည်။
ဓမ္မစေတီခေါင်းလောင်းကြီး စတင်ဆယ်ယူသည့် ပထမနေ့ တွင် သမ္ဗန်သုံးစီးဖြင့် စတင်ပို့ ဆောင်ခဲ့ရာမှ သွားရောက်ကြည့် ရှုလိုသူ တစ်နေ့တခြား များလာ ၍ သမ္ဗန်လှေအစီး ၃၀ ခန့်ထိ တိုးချဲ့ပြေးဆွဲလျက်ရှိသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူသည့် အချိန်နှင့်တိုက် ဆိုင်၍ ငါးဖမ်းလှေသမားများမှာ ငါးမဖမ်းတော့ဘဲ လာကြည့်သူ များကို စက်လှေဖြင့် လိုက်ပို့သည့် အလုပ်ပြောင်းလုပ်လာကြခြင်း ဖြစ်သည်။
သမ္ဗန်စက်လှေစတင်ထွက် ခွာပြီး ၁၀ မိနစ်ခန့်အကြာတွင် သာသနာ့အလံ လွှင့်ထူထားကာ သင်္ဘောတစ်ဝိုက်တွင် ငှက်ပျော ရွက်များ ချည်နှောင်ထားသော သုံးထပ်သင်္ဘောတစ်စီးကို ရေ လယ်တွင် တွေ့ရမည်ဖြစ်သည်။ သင်္ဘောပေါ်ရှိ အဖြူရောင်ဝတ် ဆင်ထားသော လူများက သမ္ဗန် စက်လှေဖြင့် လာရောက်ကြည့်ရှု သူများကို လက်ပြနှုတ်ဆက်ကြ သည်။ သမ္ဗန်ပေါ်မှ လာရောက် ကြည့်ရှုသူ လူအများကလည်း ပြန်လည်လက်ပြ နှုတ်ဆက်ကြ သည်။
ယင်းသင်္ဘောပေါ်တွင် သာ သနာ့အလံ၊ ငှက်ပျောပွဲ၊ အုန်းပွဲ တို့ဖြင့် ကန်တော့ပွဲများပေး၍ အ စီအရင်များထားရှိထားကြောင်း သင်္ဘောပေါ်သို့ လူစိမ်းလုံးဝ အ တက်မခံကြောင်းလည်း သိရ သည်။
ထိုသင်္ဘော အကျော်တွင် ဓမ္မစေတီ ခေါင်းလောင်းရှိသည် ဟု ယူဆရသော နေရာ၌ လုပ်ငန်းခွင်ဝင်မည့် သင်္ဘောတစ်စီးကို ထပ်မံတွေ့ရှိရသည်။ ယင်းသင်္ဘောဘေးပတ်လည်တွင် ရေပေါ်တွင် ပေါ်နေသော လိမ္မော်ရောင် ဗော်ယာများ တွေ့ရသည်။
‘‘ခေါင်းလောင်းကြီးရယ်၊ ခုနစ်ပေမြင့်တဲ့ ဘုရားနှစ်ဆူ၊ ရတ နာသေတ္တာ ခုနစ်လုံးရှိသေးတယ်။ စာအုပ်ထဲမှာ အဲဒီလို ရေးထား တယ်’’ ဟု လာရောက်ကြည့်ရှုသူ တစ်ဦးက ဆိုသည်။
သမ္ဗန်စက်လှေဖြင့် ရန်ကုန် မြစ်အတွင်း မိနစ် ၃၀ ခန့်ထိ စီးရ ပြီး ယင်းနေရာတစ်ဝိုက်တွင် ရေ စီးသန်သော ရန်ကုန်မြစ်ရေ၏ လှိုင်းလုံးကြီးများ ပုတ်ခတ်နေ သည်ကို တွေ့ရသည်။
‘‘ဘာမှ ထွေထွေထူးထူး မ တွေ့ဘူး။ သင်္ဘောနဲ့ ဗောတွေပဲ တွေ့တယ်’’ ဟု သံလျင်မြို့တွင် နေထိုင်သည့် ကိုရဲနိုင်က ခေါင်း လောင်းဆယ်ယူရာသို့ သွား ရောက်ပြီး သမ္ဗန်လှေပေါ်မှ အ ဆင်းတွင် ပြောသည်။
နေ့စဉ် နံနက် ၈ နာရီမှ ည နေ ၆ နာရီအထိ လာရောက်ကြည့် ရှုသူများကို ပို့ဆောင်ပေးနေရပြီး သမ္ဗန်လှေတစ်စီးလျှင် ၀င်ငွေ ကျပ်တစ်သောင်းခွဲကျော် ရရှိနေကြောင်း သမ္ဗန်သမားများထံမှ သိရသည်။
‘‘အစတစ်စလောက် ပေါ် ထွက်လာလိုက်၊ ရန်ကုန်တစ် တိုင်းလုံးက လူတွေ ဒီနားမှာ စုပြုံ ပြီးကြိတ်ကြိတ်တိုးမှာ။ ခေါင်း လောင်းကို အုပ်နေတဲ့ သင်္ဘော ကြီးအစကို ဆွဲဖယ်လို့ရပြီဆိုရင် လူတွေဒီထက်တောင် လာကြည့် ဦးမှာ။ အခု ဘာမှမတွေ့သေး တာတောင် လာကြည့်တာ’’ ဟု လေးရက်ဆက်တိုက် ကမ်းတွင် လာကြည့်သူတစ်ဦးက မှတ်ချက် ပြုသည်။
ယခု သမ္ဗန်စက်လှေများမှာ ငါးဖမ်းလှေနှင့် ဒလဘက်မှ လာ ရောက်ပြေးဆွဲနေသည့် လူ ၁၀ ယောက်ဆံ့ စက်လှေများဖြစ်ပြီး လာရောက်ကြည့်ရှုသူ များပြား လာသဖြင့် စနစ်တကျနှင့် အရေး ပေါ်ဆောင်ရွက်နိုင်ရန် သက်ဆိုင် ရာက ကြီးကြပ်ဆောင်ရွက်သင့် ကြောင်း လာရောက်ကြည့်ရှုသူ အချို့က မှတ်ချက်ပေးသည်။
‘‘စလုပ်တည်းက လာကြည့် တာ။ လှေနဲ့တော့မသွားဘူး။ အန္တ ရာယ်များလို့’’ ဟု မြစ်ကမ်းနား တွင် ရပ်ကြည့်နေသည့် ဒေါပုံမြို့ နယ်မှ အသက် (၃၀) အရွယ် အ မျိုးသားက ဆိုသည်။
ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန် တောင်ချောင်းတို့ဆုံရာ ရန်ကုန် မြစ်တွင် အမှတ်အသားပြုလုပ်ပြီး ဒီရေတက်ချိန်တိုင်း ဆလုံလူမျိုး ရေလုပ်သား ၁၀ ဦးနှင့် သြဂုတ် ၉ ရက် မှစတင်၍ ခေါင်းလောင်း ကြီးကို ရေငုပ်ရှာဖွေလျက်ရှိရာ သြဂုတ်လ ၁၂ ရက်အထိ ခေါင်း လောင်းကြီးအပေါ်ရှိ သင်္ဘော ကို တွေ့ရပြီး ကြိုးချည်မှတ်သား ထားပြီဖြစ်ကြောင်း ခေါင်း လောင်းဆယ်ယူရေးအဖွဲ့က ပြောကြားထားသည်။
တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ရေငုပ်ရှာဖွေကြပြီး သြဂုတ် ၁၂ ရက်တွင် တစ် ကြိမ်သာ ရေငုပ်နိုင်ခဲ့ကြောင်း ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ ခေါင်းဆောင် ဦးဝင်းမြင့်က မီဒီ ယာတစ်ခုအား ဖြေကြားထား သည်။
‘‘မနေ့က တွေ့တာ။ ခု သင်္ဘောမြုပ်ကိုတွေ့တယ်လို့ ယူ ဆတဲ့ ဒီနားဧရိယာ၊ သင်္ဘော မြုပ် တာကို ကြိုးချည်ထားပြီးပြီ။ ရေ ငုပ်သမားတွေက ဆလုံလူမျိုး တွေ။ ဘာကိရိယာမှမပါဘူး။ ဒီ တိုင်းငုပ်တာ။ လူတစ်ယောက်ကို တစ်ခါငုပ်ရင် ၁၅ မိနစ်လောက် ငုပ်တယ်။ ရေငုပ်သမား ၁၀ ယောက်လောက်ရှိတယ်။ ရေငြိမ် တဲ့အချိန် ငုပ်ရတာ။ ရေကျတဲ့အ ချိန်ပေါ့။ ရေတအားစီးရင် လုပ် လို့မရဘူး’’ ဟု ရေလုပ်သား ဦးစံ လွင်က ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူသူ ဦးစံလင်းသည် ၁၉၉၇ခုနှစ်မှစတင်၍ ခုနစ်ကြိမ် ခန့်အထိယင်းခေါင်းလောင်းကြီး ဆယ်ယူရရှိရေး ကြိုးပမ်းခဲ့ပြီး အောင်မြင်မှု မရရှိခဲ့ပေ။
ဓမ္မစေတီခေါင်းလောင်းကြီး တူးဖော်သည့် ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ရှိမည်ဟု ခန့်မှန်းထားသည်။
ဓမ္မစေတီမင်းက ရွှေတိဂုံ စေတီတော်သို့ လှူဒါန်းရန် ခေါင်း လောင်းကြီးကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ ကြေး၊ ရွှေ၊ ငွေနှင့် သံ ဖြူစုစုပေါင်း တန် ၂၉၀ ကျော် အ သုံးပြုထားပြီး ကမ္ဘာပေါ်တွင် အ လေးချိန် အများဆုံးအဖြစ် မှတ် တမ်းဝင်ခဲ့သော ၁၁၆ မက်ထရစ် တန်ရှိသည့် ၂၀၀၀ ပြည့်နှစ်က သွန်းလုပ်သော တရုတ်နိုင်ငံမှ ကံ ကောင်းခြင်းခေါင်းလောင်း (Bell of Good Luck) ၏ အလေးချိန် ထက် နှစ်ဆရှိသည်
ဟုသိရ
admin= kmk
Wednesday, August 13, 2014
ကဲ သတိထားကြနော့ မိန်းမတွေ ယောက်ကျားအသည်းလည်း နုပါတယ် ခံနိုင်ရည်မရှိဘူးပေါ့
ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့တွင် သြဂုတ်လ ၁၁ရက်က အသက်(၃၇)နှစ်အရွယ် အမျိုးသား တစ်ဦးသည် စကားများ ရန်ဖြစ်ပြီး နေအိမ်မှ စိတ်ဆိုး ဆင်းသွားသည့် ဇနီးဖြစ်သူအား ပြန်ခေါ်မရသည့် အတွက် ဆွဲကြိုးချ သေဆုံးခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။
“မိန်းမကရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းသွားတယ်။ ပြန်လိုက်ခေါ်တာမလိုက်လို့ ကိုယ့်ကို ကိုယ်ဆွဲကြိုး ချသွားတာ” ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦး ကပြောသည်။
ဖြစ်စဉ်မှာစဉ်မှာ ရွှေတောင်မြို့နယ် ထန်းကုန်းကျေးရွာအုပ်စု ဥယာဉ်ရွာနေ ကိုဘိုဘိုအောင်သည် အရက်အလွန်အကျွံ သောက်စားပြီး ဇနီးဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ ရာ ဇနီးဖြစ်သူမှာ အိမ်ပေါ်မှ ဆင်းသွားခဲ့သည်။ ကိုဘိုဘိုအောင်သည် ဇနီးဖြစ်သူကို အိမ်ပြန်လိုက်ရန် ခေါ်ဆောင်ရာ ပြန်မလိုက်သဖြင့် စိတ်ညစ်ပြီး ဆွဲကြိုးချသေဆုံး ခဲ့ခြင်းဖြစ်သည်။
ထိုနေ့ညပိုင်း(၈)နာရီခန့် အချိန်က ရဲတပ်ဖွဲ့က သတင်းအရ အလောင်းအား သွားရောက် စစ်ဆေးရာ နေအိမ်အထက် ခြေရင်းဘက်တွင်ရှိသော ထုတ်မျောအား ခြောက်ပေခန့်ရှိ အ၀ါရောင် ပလပ်စတစ်ကြိုး အပြားဖြင့် လည်ပင်းကြိုးကွင်းစွပ်ကာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ရွှေတောင်မြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ် ၁၁/၂၀၁၄ ဖွင့်လှစ်ကာ ကိုဘိုဘိုအောင် သေဆုံးခြင်းနှင့် ပတ်သတ်ပြီး ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေး လျှက်ရှိသည်။
သတင်း။ ။ ပြည့်သဲမောင်(ပြည်
mail မှ တဆင့် ပို့လာသော မော်လူးဒေသားတစ်ဦးရဲ့ ကဗျာ
ကျနော့ရှေ့က ပန်းချီတစ်ချပ်လား
စိန်းစိုမြလို့ လောကအသွင်အေး ရိပ်ဆင်တယ် .အေးမြပါစေ ရာသီ လေကကူညီပြန်. . .
. . . . . . . . . . . . . . .
ကျေးရွာကိုချစ်တယ် ကျနော့ချက် မြုတ်ရာ ဒီဌာနေမို့. . .မြို့ပြကိုချစ် တယ်. . .လူလားမြှောက်ရာ ပညာ ရပ်ဝန်း သုတဗဟု သည်အမှုတွေ
အလင်းမျက်ဝန်း တပ်ပေးရာမို့. .
တို့နိုင်ငံဆို အပိုမပြော ကျနော့ရင် ထဲက အသည်းမွှာလေ. . .
တယုတယချစ်ပါရစေ. . .
. . . . . . . . . . . . . . . . .
ကျနော့ချက်ကြွေဇနပုဒ်လေးငယ်မူ
ငယ်သွေးမရွှန်းစိုတော့. . .
ရှေ့မှာကန့်ကော် မျှော်ကာမဆုံး
အလှဆုံးထင်. .မြောက်ဘက်တခွင်
ဖက်ဆွတ်ပင်စီသွယ်လို့သီ
တောင်ဘက်ချောင်းကျယ်ရေကြည်မြအေး နောက်ဘက်တောက ရွာ့အားထားရာပဒေသာပင် . .
ရွာ ပတ်လည်တခို ရွှေအဆင်းနဲ့ရွှေခင်းများ. . . .
ခုနဲ့ကွဲပြား. . .
အရင်ကဆို နွေအခါ တပေါင်း
ရွက်ညောင်းတွေ အိမ်အိုကိုစွန့်ခွာ တိုင်းနံရိုးပြိုင်းပြိုင်းအစီအရီ ကျနော့ ရွာအရှေ့မျက်နှာမှာရွက်အိုတွေ ချစ်သူ့ အချော့မျောပါလို့ ပြေးလွားချစ်ကြည်အထွေးပွေ့ဆီ ခိုဝင်မှေးမှိတ် ချွေးသိပ်ရာ တော ကြေးသားငှက် စိုးစီစိုးစီ ဥသြအသံ သာ တေးကဗျာရင်းထဲခုထိဆွတ်ပျံ့ ဆဲပါပဲထင် စိတ်တွင်းတွင်သာ လက်တွေ့မှာတော့ ရှေးတုန်းက ပေါ့. .
. . . . . . .
ရွာ့တောင်ဘက်ဆီက အရင်ခါ ဝါးဖောင်မျောချောင်း . . . ရေဆိုးမြောင်းသွင် ရင်ထဲမချိ. .
သူငယ်ချင်းရေ တို့အတူ ကျွမ်းပစ်ချ ခဲ့တဲ့အိုက်လေး ဘယ်ဆီရောက်. .
. . . . . . . .
လွမ်းဖွယ်အတိ ပါသည်းထဲထိနာ တယ် . .
ရွာ့နောက်က တလက်လက်ထနေ ရတနာ ဂရ အဖိုးထိုက်တန် သစ်မှာ ဘုရင်အရှင်သခင်တွေ နန်းကျသွား ခဲ့ ငုတ်တုတ်ငိုလျက် မျက်ရည်စက်
ကြွေ . .ဥတုတွေလည်းစည်းကမ်း
ဖောက်ပြား တို့တွေကို မသနားကြ တော့ဘူး . .
. . . . . . . . . .
အဘိုးမောင် ကြားသိ နိုင်ရင် ထုတဲ့ရင်လည်းနာလိမ့်မယ်
မထင် အဘိုးအသည်းကို နှုတ်ကြပြီ
ဓားမတစ်ချောင်းအားနဲ့ နှစ်ချီတဲ့ အဘိုးဇွဲ ရဲ့ အသီးအပွင့်ကို မစား
အညွှန့်ကိုမှချိုးဖျက်ကာ အဘိုးမျိုး
ဆက် သူတို့တွေလုပ်ရက်လို့. .
စက္ကူ ရွက်နဲ့ လဲလှယ်. . . လှသွေးကြွယ်ကို . . .ရင်ကိုခွဲမြေ့
အသည်းကို နှိုက်လို့ယူပြီ. . .
အဘိုး မသိနိုင်တော့ . . . . . .
. . . . . . . . .
မိထွေးညိုရေ တို့တွေရဲ့ထုပ်ဆီးထိုး
ကွင်း မြေသလင်းမှာလေ. . .
ကလပ် အဆင်အသွင်ပြင်နဲ့ လင်းလက်ကြယ်စင်တဲ့ နာမယ်လှလှနဲ့ ရုပ်ကြမ်းစိတ်ကြမ်း
beer bar ကနေရာ ရထားသဗျာ.
ဘုံဆိုင်လေးတို့ အခက်ကြုံပြီ. .
. . . . . . . .
ရွာအဝင် ကျနော့ရွာအဝင်က ညောင်ညိုပင်အောက်မှာ မြေဇာပင်
လေးများ လောင်းရိပ်မိမြေဇာလေး
များ ဆည်းဆာမဲ့ကြလေပြီ. . .
တကယ်တော့ ပညာအမိမဲ့လို့ အသိနည်းရရှာသူ ဘဝမွဲသားများရယ်. .
အမေတို့ မျက်ရည်မိုးသို့စွေကြပြီ. .
. . . . . . . .
ခွဲခွာခဲ့ရချိန် ရာသီတွေတစ်ပြ နှစ်ပြ
ထဲ ကျနော့ မွေးရပ်မြေလေ ဇရာက
ထုထောင်းခံရတဲ့ သူအို အလား အလှတို့ပြိုကျရင်မှမခြားကြည့်မိ
တိုင်း မြင်မိတိုင်း
ကြက်သီးဖျန်းထဆတ်ဆတ်ခါရင် မှာနာကျင်မချိတင်ကဲ
ရင်တွင်းကလှိုက်ဆူ သည်အပူကို
အသက်ကြွေ အရေခမ်းစေတော့
တတ်စွမ်းနိုင်သမျှ ပေးဆပ်ပါ့မယ် ကျနော့သွေးချွေး
ဒီဇနပုဒ်တွက်လို့တိုင်တည်မယ်. .
. . . . . .
Posted via Blogaway
♪ Telenor က 2G နှင့် 3G အတွက် ဆင်းမ်ကတ် တစ်မျိုးတည်း ရောင်းချမည်
တယ်လီနော့ကဒ်က ဘာဟင်းဆက်ဖြစ်ဖြစ် သုံး၍ရမည်
စက်တင်ဘာလအတွင်း 2G နှင့် 3G မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ရောင်းချပေးမည့် Telenor သည် ကွန်ရက်နှစ်မျိုးစလုံး အသုံးပြုနိုင်မည့် ဆင်းမ်ကတ်တစ်မျိုးတည်းကိုသာ ရောင်းချပေးသွားမည်ဟု Telenor မှ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
“ဆင်းမ်ကတ်က တစ်မျိုးတည်းထွက်မှာ။ 2G ဟန်းဆက်ထဲကို ထည့်လိုက်ရင် 2G ဖုန်းလိုင်း ဖြစ်သွားပြီးတော့ 3G ဟန်းဆက်ထဲကို ထည့်လိုက်ရင် 3G ဖုန်းလိုင်း ဖြစ်သွားမှာ”ဟု ၎င်းကပြောသည်။ Telenor သည် ကွန်ရက်နှစ်မျိုး တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ဆင်းမ်ကတ်ကို တစ်မျိုးတည်း ထုတ်လုပ်ခြင်း ဖြစ် သည်။ ဆက်သွယ်ရေး အော်ပရေတာများသည် 3G ကွန်ရက်ဆီသို့သာ ဦးတည်လုပ်ဆောင်နေသော်လည်း Telenor သည် ဈေးနှုန်းနိမ့် ဟန်းဆက်များကိုသာ ကိုင်ဆောင်ကြမည့် အခြေခံလူတန်းစားများအတွက် 2G ကွန်ရက်ကို ပူးတွဲတည်ဆောက်ခဲ့သည်ဟု သိရသည်။
မြန်နှုန်းမြင့် အင်တာနက်စနစ်ကို အသုံးပြုလိုသူများသည် 3G ကွန်ရက်ကို ထောက်ပံ့ပေးနိုင်သည့် ဟန်းဆက် များနှင့် တွဲဖက်အသုံးပြုရမည်ဖြစ်ပြီး ဘီလ်ဈေးနှုန်းသက်သာစွာဖြင့် ဈေးနှုန်းနိမ့် ဟန်းဆက်များကို အသုံးပြု လိုသူများသည် 2G ကွန်ရက်နှင့် တွဲဖက်အသုံးပြုရမည်ဖြစ်သည်။ Telenor သည် ၎င်းတို့ 3G ကွန်ရက်၌ အင်တာနက်အမြန်နှုန်း 1MB မှ အသုံးပြုသည့် အရေအတွက်ပေါ် မှုတည်၍ 7MB အထိ ရရှိမည်ဖြစ်ပြီး 2G ကွန်ရက်၌ 150KB မှ 250KB အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ကြေညာထားရှိသည်။ ၎င်းတို့သည် စက်တင်ဘာလအတွင်း ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့ကြီးများတွင် မိုဘိုင်းဖုန်းလိုင်းများ စတင်ရောင်းချပေးမည်ဖြစ်ပြီး အဆိုပါ နယ်မြေများ၌ တာဝါတိုင်ပေါင်း ၈၀၀ မှ ၁,၀၀၀ အကြား တည်ဆောက်ပေးထားမည်ဟု ပြောဆိုခဲ့သည်။
2G နှင့် 3G ကွန်ရက်ကို အဆင်ပြေစွာအသုံးပြုနိုင်သော်လည်း အင်တာနက် အမြန်နှုန်းမှာမူ တူညီမှု မရှိသည့်အတွက် အသုံးပြုခ ဘီလ်ဈေးနှုန်းအနေဖြင့်လည်း တူညီနိုင်မည်မဟုတ်ကြောင်း Telenor ကပြောဆိုထားသည။်
Posted via Blogaway
Monday, August 11, 2014
ယခု တစ်ပါတ်အတွင်း နိုင်ငံအလိုက် mawlu news ကို ဝင်ကြည့်သည့် အရေအတွက် စာရင်းပါ
ကြည့်ရှု သော အကြိမ်အရေအတွက် မပါဝင်သေးပါ
အင်တာနက်လိုင်းရှိ မှ ကြည့်နိုင်သော မော်လူးသတင်း APK အစိမ်းရောင်ဖြင့်ကြည့်သော အရေအတွက်နှင့်
ကွန်ပျူတာဖြင့် ဝင်ကြည့်သော အရေအတွက်သာ ဖြစ်ပါသည်။
နိုင်ငံတကာမှ ဝင်ရောက်ကြည့်ရှု သူများ
ပြည်တွင်းမှ ဝင်ရောက် ကြည့်သူများ ကို
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း -----
မော်လူးသတင်းအဖွဲသားများ။
လာပြန်ပြီ နောက်တစ်မျိုး MPT က ဆင်းက ဒ် ကို ပုံစံ အသစ်နဲ့ ရောင်းမယ်တဲ့
မြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်း ဆင်းကတ်တွေကို အောက်ခြေ ကျေးရွာနဲ့ ရပ်ကွက် တွေမှာ ခွဲတမ်းစနစ်နဲ့ ရောင်းချပေး နေရာကနေ သြဂုတ်လ လယ်ကစပြီး နောက်ထပ် စနစ် ၂ မျိုးနဲ့ ရောင်းချပေးနေပြီလို့ ကျောက်တံတားမြို့နယ် Elite Tech အရောင်းဆိုင် တာဝန်ရှိသူက ဒီဗွီဘီ ကို ပြောပါတယ်။
အကြောင်းပြန်ကြားစာ ရရှိသူဟာ အီလိုက်အရောင်းဆိုင်တွေမှာ ၁ ယောက် ဆင်းကတ် ၃ ကတ် ၀ယ်ယူနိုင်မယ်လို့ သူက ရှင်းပြပါတယ်။
Posted via Blogaway
♪ ဖုန်းတစ်လုံးမှာ Viber အကောင့်နှစ်ခုသုံးနိုင်တဲ့ - 2Lines for Viber ★ ROOT v 1.0.1 APK ♫
ဒီနေရာမှာ
ဒေါင်းလိုက်ပါ။
မော်လူး အရှေ့ကျောင်းတိုက်မှ လွှမ်းစေတီ မွန်းမံမည်တဲ့
မော်လူးမြို့ အရှေ့ကျောင်းတိုက်အတွင်း
၁၃၇၃ နှစ်တွင် တည်ထား ပူဇော်ခဲ့သည့်
စေတီတော်ကို ယခုအခါ
ဂြိုဟ်ရှစ်ခွင် နှင့် စေတီတော် အားပြန်လည် မွန်းမံ ပူဇော်မည်
ဟုသိရပါသည်။
Admin-- kmk
ဖားပန် အမကတွင် ကျောင်းကျန်းမာရေး စစ်ဆေးပြီး အာဟာရတိုက်ကျွေး
ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင်ကျောင်းသူ/သားများအား
ကျောင်းကျန်းမာရေး စစ်ဆေးပြီး အာဟာရ တိုက်ကျွေးခြင်းကို သြဂုတ် ၁၀ ရက်
နံနက် ၈ နာရီက ပြုလုပ်သည်။
ကျောင်းကျန်းမာရေး စစ်ဆေးရာသို့ အင်းတော်မြို့နယ်၊ အင်းတော်တော်မြို့နယ်
စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ဒုတိယ မြို့နယ် ပညာရေးမှူး
ဦးသိန်းဆွေဝင်း၊ မြို့နယ်ကျန်းမာဦးစီးဋ္ဌာန ဦးစီးမှူး ဒေါက်တာ
မျိုးဇော်လတ်၊ မော်လူးတိုက်နယ် ဆရာဝန် ဒေါက်တာ လာမာမီးနှင့်
ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်
ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ ဒေါ်မော်မော်အောင်နှင့် အဖွဲ့ဝင်များ၊
ပင်ဝယ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊
ဖားပန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများသည် ဖားပန်ကျေးရွာ
အခြေခံပညာ မူလတန်းကျောင်းမှ ဆရာ/မနှင့် ကျောင်းသား/သူ(၄၆)ဦး၊
ကျေးရွာသူ/သား (၃၅)ဦးတို့အား ကျန်းမာရေး စစ်ဆေးကုသမှုများ
ပြုလုပ်ပေးခဲ့ပြီး ကျောင်းသား/သူများအား အာဟာရဒါနတိုက်ကျွေးခဲ့ကြောင်း
သိရသည်။
မ်ာလူး အထကတွင် ၂၀၁၄ ခုနှစ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြော
မော်လူး၊ သြဂုတ် ၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ
အထက်တန်းကျောင်း သရဖီခန်းမတွင် သြဂုတ် ၁၀ ရက်၊ နေ့လည် ၂ နာရီ အချိန်က
မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ဆွေးနွေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း
သိရသည်။
အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ အင်းတော်မြို့နယ်
တရားဥပဒေအရာရှိ ဦးသက်ထွန်း၊ မြို့နယ် မူးယစ်ဆေးဝါးတားဆီး
ကာကွယ်နှိမ်နင်းရေး အထောက်အကူပြု ဥက္ကဋ္ဌ ဦးဆန်နီ၊ အင်းတော်မြို့နယ်
အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ
ဒေါ်မော်မော်အောင်နှင့် အဖွဲ့ဝင်များ၊ မော်လူးကျေးရွာ အုပ်စု
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ
ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မော်လူးနယ်မြေ
ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ် အေးမင်းသိန်း၊ ရပ်မိရပ်ဖများနှင့်
ကျောင်းသူ/သား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင်
မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မော်လူး ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ရဲအုပ် အေးမင်းသိန်း၊ မြို့နယ်
ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ မြို့နယ် မူးယစ်ဆေးဝါး တာဆီးကာကွယ်ရေး
ဥက္ကဋ္ဌ ဦးဆန်နီ၊ မြို့နယ် တရားဥပဒေ အရာရှိ ဦးသက်ထွန်း တို့က မူးယစ်ဆေးဝါး
တားဆီးကာကွယ် နှိမ်နင်းရေးအတွက် ပြည်သူနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့
ပူးပေါင်း၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူ့ဗဟိုပြု
မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးဆောင်ရွက်ရန်
လိုအပ်ကြောင်း၊မူးယစ်ဆေးဝါးများကို ကျောင်းသားလူငယ်များ
သုံးစွဲခြင်းမပြုမိစေရန်နှင့် မသုံးစွဲခင်က ကြိုတင်တားဆီးကာကွယ်ကြရန်
လိုအပ်ကြောင်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအကြောင်းအရာများကို
ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်
Posted via Blogaway
နန့်စီးအောင် ၂၀၁၄ ခုနှစ် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြော
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင်ကျေးရွာ၊
ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် သြဂုတ် ၁၀ ရက်၊ နံနက် ၁၀ နာရီ အချိန်က
မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေး ဆွေးနွေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း
သိရသည်။
အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ဥက္ကဋ္ဌ ဦးတင်မြင့်၏ လမ်းညွှန်မှုအရ
အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊ အင်းတော်မြို့နယ်
တရားဥပဒေအရာရှိ ဦးသက်ထွန်း၊ မြို့နယ် မူးယစ်ဆေးဝါးတားဆီး
ကာကွယ်နှိမ်နင်းရေး အထောက်အကူပြု ဥက္ကဋ္ဌ ဦးဆန်နီ၊ အင်းတော်မြို့နယ်
အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ
ဒေါ်မော်မော်အောင်နှင့် အဖွဲ့ဝင်များ၊ မံဟဲကျေးရွာအုပ်စု
နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေနှင့် ကျေးရွာ
အုပ်ချုပ်ရေးမှူးများ၊ နန့်စီးအောင် ရဲကင်း ဒုတိယ ရဲမှူး လှကြည်၊
နန့်စီးအောင်ကျေးရွာမှ အမျိုးသမီးရေးရာနှင့်
မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊ ကျေးရွာ ဖွံဖြိုးမှု
အထောက်အကူပြု ကော်မတီဝင်များ၊ ဒေသ အရံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ
ပြည်သူ့စစ်များ၊ ကျေးရွာသူ/သားများ၊ ကျောင်းသူ/သားများ စုစုပေါင်းအင်အား
၄၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ဟောပြောဆွေးနွေးပွဲတွင် မြို့နယ်
စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မံဟဲကျေးရွာ အုပ်စု
နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ နန့်စီးအောင်ရဲကင်း
ဒုတိယ ရဲမှူး လှကြည်၊ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်၊
မြို့နယ် မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေး ဥက္ကဋ္ဌ ဦးဆန်နီ၊ မြို့နယ် တရား ဥပဒေ
ဦးစီးအရာရှိ ဦးသက်ထွန်းတို့မှ မူးယစ်ဆေးဝါးတာဆီးကာကွယ်ရေးနှင့်
ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံများဖြစ်ကြသည့်
ဦးခင်မောင်ဇော်၊ ဦးချောစိန်၊ ဦးထွန်းရွှေ၊ ဦးစိုးမင်းနိုင်တို့မှ
မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး မရှင်းလင်းသည့်
အချက်အလက်များကို မေးမြန်းကြရာ မြို့နယ် တရား ဥပဒေ ဦးစီးအရာရှိ
ဦးသက်ထွန်းနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်တို့မှ ပြန်လည်
ရှင်းလင်း ပြောပြခဲ့ပြီး နေ့လည် ၁၂ နာရီခွဲတွင် ဆွေးနွေးဟောပြောပွဲ
ပြီးဆုံးခဲ့ကြောင်း သိရသည်
Sunday, August 10, 2014
မော်လူးဒေသ facebook သုံးစွဲသူများအတွက် သတင်းကောင်း
မော်လူးသတင်းမှ နည်းပညာအဖွဲ့ သို့
လော့ကျသော အကောင့်၏
**** အီးမေး လ်
**** အီးမေးလ် ၏ password
**** facebook ၏ password
mawluuvillagers@gmail.com မှ တဆင့် ပေးပို့ပြီး
အကူအညီတောင်း နိုင်ပါသည်။
Saturday, August 9, 2014
၈ လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား မော်လူးတွင်ကျင်းပ
မော်လူးအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့မှကြီးမှူးကျင်းပခဲ့ကြပါတယ်
Friday, August 8, 2014
facebook account ကို မြန်မာဖုန်းနံပါတ်နဲ့ ပြုလုပ်နိုင်ပြီတုဲ့
ဖုန်းနံပါတ်တောင်းရင်လဲမြန်မာပြည်ဖုန်းနံပါတ်သုံးပြီး Verify လုပ်လို့ရပါပြီး။
ဒီ Add-ons လေး ကို Firefox Browser ထဲကိုInstall လုပ်လိုက်ပါ။
Add-on Link - https://addons.mozilla.org/en-US/firefox/addon/anonymox/?src=search
Add-ons ကို install လုပ်ပြီးရင် Firefox ကို Restart လုပ်လိုက်ပါ။
ပြီးရင် Firefox add-ons Manager ထဲက Anonymox add-ons ကိုတွေ့ပါမယ်
Enable လုပ်လိုက်ပါ
ပြီးရင် ip address ကို www.whatismyip.com မှာသွားစစ်လိုက်ပါ။
Country မှာ USA လို့ပြရင်ရပါပြီ။
Firefox မှာ Error တက် နေ ရင်
Firefox > Options > Options > Advanced Tab > Network > Connection Setting > Use System Proxy Setting ကို အမှန်ခြစ်ပါ။
www.facebook.com မှာAccount အသစ်အလွယ်တကူဖွင့်လို့ရပါပြီ။
မှတ်ချက်
Lock ကျ နေတဲ့ Account များလဲဒီနည်းနဲ့ ဖြည်လို့ရပါတယ်။
Country ကို Myanmar ရွေးပေးပါ။
Ph no- 959xxxxxxx(eg- 9595196032 ကိုယ်ဖုန်းနံပါတ်ထည့်ပါ။)
SMS ပို့တာမရွေးပဲ ဖုန်းခေါ်တာကိုရွေးပါ။FaceBook ကဖုန်းခေါ်ပြီး Code no ပြောပါလိမ့်မယ်။
မသိသေးသူများကို မျှဝေပေးပါ။
Admin Jelly...
Credit>>> Chan Nyein
မူရင်း လင့် ==
♪ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech တို့ ပူးပေါင်းရောင်းချမည် MPT က အရူးထပြနပြီ
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁,၅၀၀ ကျပ်ဖြင့် WCDMA ဆင်းမ်ကတ် သုံး ကတ်ဝယ်ယူနိုင်သည်ဆိုသည့် SMS တစ်စောင်ကို မိမိမိုဘိုင်းဖုန်းအတွင်း လက်ခံရရှိသူတိုင်းသည် ဖုန်းနံပါတ် ၀၁- ၆၅၆၆၂၂ သို့ ဆက်သွယ်ပြီး မှတ်ပုံတင်စာရင်းသွင်းကာ နီးစပ်ရာ E-Lite Tech မိုဘိုင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ် သည်။
ဖုန်းနံပါတ် ၀၉ ၂၅၉ xxxxx ဖြင့်စသည့် WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည့် ယခုအစီအစဉ်တွင် ပထမဦးစွာ အထက်ပါဖုန်းနံပါတ်သို့ Message ဝင်သည့် ဖုန်းနံပါတ်၊ အမည်၊ နေရပ်လိပ်စာနှင့် ဆင်းမ်ကတ်ထုတ်ယူလိုသည့် E-Lite Tech ဆိုင်ခွဲတို့ကို စာရင်းပေးသွင်း ရမည်ဖြစ်သည်။
ထို့နောက် နှစ်ရက်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Confirm Message တစ်စောင်ဝင်လာမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ဆင်းမ်ကတ် သုံးကတ်ကို ငွေကျပ် ၁,၅၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။
ဘာတွေမှန်းကို သိပါဘူးဗျာ
Wednesday, August 6, 2014
MPT ၏ ၁၅ဝဝ တန် ဆင်းမ်ကတ်များ လိုသလောက် ရောင်းချတော့မည် ဒါပေမဲ့ တယ်လီနော့ ဆင်းကဒ် ချပြီး မှတဲ့
ထိုသို့ရောင်းချခြင်းကိုအော်ရီဒူး ဆင်းမ်ကတ်နှင့်တယ်လီနောဆင်းမ် ကတ်များထွက်ရှိပြီးမှ ပြုလုပ်မည် ဖြစ်ပြီး ၄င်းကုမ္ပဏီများကဲ့သို့ ဝယ် သူကိုယ်တိုင် မှတ်ပုံတင်ရုံဖြင့် အလွယ်တကူ ဝယ်ယူနိုင်မည်ဖြစ် ကြောင်း၎င်းကပြောသည်။''ကျွန် တော်တို့ MPT ကျပ်၁၅ဝဝ တန် တန်ဖိုးနည်း ဆင်းမ်ကတ်တွေကို သိပ်မကြာမီဆိုင်တွေမှာ ရောင်းချ တော့မှာပါ။ GSM,WCDMA နဲ့ CDMA အားလုံးကို ရောင်းချမှာ ပါ။ GSM ဖုန်းလိုင်းတွေကိုလဲ နယ်တွေမှာ အသုံးပြုနိုင်အောင် တိုးချဲ့နေပါတယ်။ အင်တာနက် လိုင်းဆွဲအားကို နိုင်ငံခြားကုမ္ပဏီနဲ့ ပေါင်းပြီး တိုးချဲ့ဖို့ရှိပါတယ်။ ဒရိုက်ကစ်ခေါ်တာပေါ့''ဟု ၄င်းကဆက်လက်ပြော ကြားသည်။
ပြည်ပကုမ္ပဏီများဖြစ်သည့်အော်ရီဒူးနှင့် တယ်လီနောတို့မှ ဆင်းမ် ကတ်များကိုမှတ်ပုံတင်ရှိရုံဖြင့် အလွယ်တကူဝယ်ယူနိုင်အောင်ဆောင်ရွက် ခဲ့ပြီး အော်ရီဒူးမှဆင်းမ်ကတ်များအား ဇူလိုင် ၂၉ရက်က မန္တလေး၊ နေပြည်တော်မြို့ကြီးများတွင်စတင်ရောင်းချကာ ရန်ကုန်မြို့တွင် သြဂုတ် ၂ ရက်က စတင်ရောင်းချပြီး တယ်လီနော(မြန်မာ)ကုမ္ပဏီမှ SIM Card များကို စက်တင်ဘာလတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
.. www.MyanmarExpress.net
Adm ရွာချစ်သား
မော်လူး က facebook သုံးစွဲသူ အထာတွေနဲ့ ပေါကိကွဲပြန်ပြီ ဖတ်ကြညိ့ရင် ပေါက်မှာပါ
နံပါတ်၎တဲ့....
အကြီးစားလူတွေတော့မလုပ်ပဲ..
ဘာမဟုတ်တဲ့မလောက်လေးမလောက်စားတွေကိုမှ...
ဗမ်းပြပီးလုပ်နေတော့ဘယ်လိုလုပ်
ကုန်တော့မှာလဲ...
စိတ်ညစ်ပါတယ်..
ပြောကောင်းတဲ့အမျိုးသာဆိုလို့တော့ဟွန့်..
ဟော့တစ်ယောက်..
ဟော့တစ်ယောက်...
ဟော့တစ်ယောက်..
ဆိုပီးလက်ညိုးသာထိုးပြလိုက်ချင်တော့တယ်နော်..
ငါသာသမ္မတဆိုရင်တော့..
အကုန်သိမ်းကြုံးပီးရိုက်သွင်းပြစ်မယ်မှတ်ပါ..
ဘာဖြစ်ဖြစ်ငိုစားရီစားတွေတော့ဒီနေ့အတွက်ဂွင်ပဲ....
စားကောင်းတုန်းစားထားပါ...
ပြန်အန်ဖို့သာပြင်ထားပါ.....
Tuesday, August 5, 2014
တရော်ကင်ပွန်း၏ ရာဇ၀င်လေးပါ မေ့သွားကြမည်စိုးသဖြင့် မျှဝေလိုက်၏
-----------------------------
ထိုမင်းကြီးကား နဖူးအလယ်တွင် မှဲ့ရှင်တော်တစ်ခုပါ၍ ” မျက်စိသုံးခု အတုမဲ့ပေါင် ဒွတ္တဘောင် ” ဟု နှောင်းလူများက မှတ်တမ်းတင်ခဲ့သည်။ ထို့ပြင် မင်းကြီးသည် သိကြားမင်းဆက်သော လက်နက်ငါးပါး၊ နာဠာဂီရိဆင်၊ ၀လာဟက နတ်မြင်းတို့ကိုလဲ ပိုင်ဆိုင်သည်ဆို၏။
တစ်ခါသော် သရေခေတ္တရာပြည်အနီးရှိ ဗိဿနိုးပြည်ကို သွားရောက်တိုက်ခိုက်ရာ ဗိဿနိုးမှ ပန်ထွာဘုရင်မက ရန်ပယ်ချောင်းရေကို စနစ်တကျ အသုံးချကာ ခုခံခဲ့သည်။
သို့ရာတွင် မင်းကြီးက သူလျှိုစေလွှတ်ကာ ဗိဿနိုး၏ ကာကွယ်ရေးစနစ်ကို ချေဖျက်ခဲ့ပြီး ဘုရင်မနှင့်တကွ ဗိဿနိုးပြည်ကို သိမ်းပိုက်ခဲ့သည်။
ပန်ထွာမိဖုရားသည် အတင်းအဓမ္မသိမ်းပိုက်ခံရခြင်းကို မကျေနပ်ပါ။ ထို့ကြောင့် မင်းကြီးကို လက်စားချေရန်ကြံလေ၏။
ကြံပုံမှာ- သူမ၏ ထဘီအောက်နားစ ကို ဖြတ်ကာ နံ့သာအမွှေးအကြိုင်များ ထုံမွှမ်းစေပြီး မင်းကြီး ထံ မျက်နှာသုတ်ပ၀ါအဖြစ် ဆက်ကပ်ခြင်းဖြစ်သည်။ (မူကွဲများတွင် သုဿာန်မှ အ၀တ်ဟုလည်းဆိုသည်)
မင်းကြီးလည်း ထိုမျက်နှာသုတ်ပ၀ါကို သုံးမိလျှင် ဘုန်းနိမ့်ကာ မှဲ့ရှင်တော်ကွယ်လေ၏။ လှံများ ဓါးများလည်း အရောင်မထွက်တော့ပေ။
ပန်ထွာလည်း မိမိအကြံဖြစ်ကြောင်း။ ယခုလောက်ဖြင့် မကျေနပ်သေးဘဲ နောက်ဘ၀များတွင်လဲ မင်းကြီး၏ ပျက်စီးကြောင်းကို ကြံစည်လိုသေးကြောင်း။ နောက်ထပ် လက်စားမချေရမခြင်း သရေခေတ္တရာ အနီးရှိ ပေပင် တို့သည် ယခုအရွယ်မှ မတက်ပါစေကြောင်း ဆုတောင်းကာ လက်ထဲမှ အဆိပ်ခွက်ကို မော့ချကာ သေလေ၏။ ( ထိုပေပင် တို့သည် ယနေ့တိုင် သရေခေတ္တရာမြို့ရိုးအနီးရှိပြီး အပင်ပု အရွယ်မှ မတက်ကြသေးချေ။ အံ့ဖွယ်ပင် )
မင်းကြီးတွင် ဘုန်းကံ နိမ့်ပါးကြောင်း သိလျှင် ကမ်းယံပြည် အပါအ၀င် အခြားလက်အောက်ခံမင်းများလည်း ထကြွ ပုန်ကန်ကြလေ၏။
မင်းကြီးကိုယ်တိုင် ပုန်ကန်မှုများကို နှိမ်နင်းသော်လဲ အရှုံးနှင့်ရင်ဆိုင်ရကာ ကမ်းယံပြည်မှ လက်လွတ်ပြေးရလေ၏။
ထိုသို့ပြေးစဉ် မိုးရွာလာသဖြင့် ကင်ပွန်းနွယ်များတက်နေသော တရော်ပင်ကြီး တစ်ပင်အောက်တွင် မိုးခိုရာ ထိုတရော်ကင်ပွန်း အရည်များ မင်းကြီး၏ ဆံပေါ်ကျလျှင် ကျခြင်း လက်ထဲမှ လှံသည် ချက်ချင်းအရောင်ထွက်လေ၏။ နဖူးပေါ်မှ မှဲ့သည်လည်း ပြန်ပေါ်လာတော့သည်။
မင်းကြီးလည်း အံ့သြ၀မ်းသာဖြစ်ကာ တရော်ကင်ပွန်းအပင်များကို မှတ်သားပြီး မိမိ၏ တပ်သားများကို စိတ်ဓာတ်ရွှင်လန်းစေကာ ရန်သူများကို တိုက်လေ၏။
များမကြာမီ ရန်သူအားလုံးကို နှိမ်နင်းအောင်မြင်ကာ သရေခေတ္တရာထီးနန်းကို ပြန်လည်စိုးစံလေတော့သတည်း။
ဤသည်ပင် တရော်ကင်ပွန်း၏ ရာဇ၀င်ဖြစ်တော့သည်။
Credit to Mr 7 cho (Search Myanmar)
K.K(ကနောင်
Monday, August 4, 2014
အင်တော်မြို့နယ်မှ miss မနန်စံ Nann San ၏ရင်တွင်းစကား
စကားစမြည်ပြောချင်လို့ပါ၊၊ ကျွန်မတို့ဒေသလေးက အရမ်း
ရာသီဥတုကောင်းမွန်ပီး ကောက်ပဲ
စပါးသီးနှံလည်း ဖြစ်ထွန်းလို့
အင်မတန်မှနေလို့ကောင်းပါတယ်၊၊
အဖိုးတန် ကျွန်းနှင့် အခြားသစ်တောများ ရွှေများထွက်သော ရွှေတောများ(အရပ်ခေါ်) စသည့်မြေပေါ် မြေအောက်သယံ
ဇာတများလည်း ရှိပါတယ်၊၊သို့သော်ငြား ကျွန်မတို့ ဒေသမှာ
တိုင်းဒေသကြီး၏ အစွန်အဖျားဖြစ်
နေခြင်းကြောင့်ဖြစ်မည် ထင်ပါသည်၊၊ အုပ်ချုပ်သူများက
ကျွန်မတို့ဒေသကို တိုးတက်အောင်
ဆောင်ရွက်ပေးဖို့ မေ့နေသည် ( စကားအလှသုံးခြင်း)၊၊ကိုယ်ထူ
ကိုယ်ထစနစ်ဖြင့်သာ သွားနေရသည်၊၊ လမ်းပန်းဆက်သွယ်ရေးမှာလည်း
အင်မတန်မှပြုပြင်ဖို့ လိုအပ်နေပါသေးသည်၊၊တကယ်တမ်းပြောရမယ်ဆိုရင်
ကျွန်မတို့ဒေသလေးဟာ တိုးတက်
ဖွံ့ဖြိုးနေရမှာပါ၊၊ ယခုမှာကား ဆုတ်
ယုတ်သည့်ဖက်ကိုသာ ဦးတည်နေပါသည်၊၊ ဒေသရဲ့စီးပွားရေး လူမှုရေး
အဖက်ဖက်မှ ချို့ယွင်းနေသလို
ဒေသနေလူတို့ရဲ့စိတ်ဓါတ်မှာလည်း အဆင်မပြေမှုများစွာများကြောင့်
ပျက်စီးလာပါတယ်၊၊ဒေသအကျိုး
သယ်ပိုးရမည့် လူငယ်များစွာမှာ
လည်း မူးယစ်ဆေးဝါး၏ ကျေးကျွန်
အဖြစ်သို့ ရောက်ရှိနေကြပါတယ်၊၊
အပြစ်ပြောရမယ်ဆိုရင်တော့
အုပ်ချုပ်သူမကောင်းခဲ့လို့ပေါ့၊၊
မြန်မာတို့၏စိတ်ဓါတ်မှာကား
တစ်ခုခုဆိုလျှင် သူများကိုအပြစ်ပုံ
ချဖို့သာတွေးကြသည် (ကျွန်မအပါအဝင်ပါ)၊၊ ကိုယ့်အပြစ်
ရှာဖို့ကိုကား နဲနဲမှမတွေး၊၊ ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်
ဗျိုင်းနားလို့ကိုင်းရတယ်ဆိုသည့် စာဆိုအတိုင်း သံသရာလည်နေ
သည်၊၊ အမှန်တကယ်တော့
ဒေသတစ်ခု၏တိုးတက်ခြင်းသည်
ထိုဒေသတွင် နေထိုင်သော လူ
တိုင်းနှင့်ဆိုင်သည်၊၊နိုင်ငံနှင့်ယှဉ်
ပြောရရင်လည်း ထိုနည်း၎င်းပဲဖြစ်
သည်၊၊ တစ်ဦးတစ်ယောက်ခြင်း
စီမှာလည်း ကောင်းမွန်တဲ့စိတ်ဓါတ်
ပြုပြင်ပြောင်းလဲလိုတဲ့စိတ်ဓါတ်
အရမ်းအရေးကြီးလာပါပီ၊၊ မြေပေါ်
မြေအောက် သယံဇာတများ လည်း
ဒေသခံများ သိထားသည့်အတိုင်း
ပျက်သုန်း ချို့ယွင်းလာပါပီ၊၊ ကျွန်မတို့ ကိုယ့်ဒေသကိုချစ်သော
လူတွေအနေနဲ့ စည်းစည်းလုံးလုံး
နဲ့ ဒေသအကျိုး ဆောင်ရွက်သင့်နေပါပီ၊၊ (အမှားပါသွားပါက ခွင့်လွှတ်ပေးပါရန်)
adm ရွာချစ်သား
ခြင်၊ယင်၊ပုရွက်ဆိတ်တို့ကိုအိမ်ပေါ်ကဘယ်လိုမောင်းထုတ်မ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ပိုးဟပ်၊ပင်ကူ၊ပုရွက်ဆိတ် စတဲ့ပိုးကောင်တွေကိုဆေးဖြန်းပြီးနှိမ်နှင်းမယ်ဆို
ရင်ဆေးနံ့ကအိမ်ထဲမှာစွဲကျန်ရစ်နေပါတယ်။ပြီးတော့ထိုဖြန်းဆေးထဲမှာပါတဲ့
ဓာတုပစ္စည်းကလည်းအိမ်သူ၊အိမ်သားတွေရဲ့ကျန်းမာရေးကိုထိခိုက်စေပါ
တယ်။ဒါကြောင့် သင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ပိုးကောင်တွေကို
သဘာဝနည်းအတိုင်းဘယ်လိုနှိမ်နှင်းရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။
Boric Acid
ဘိုင်အိုအက်စစ်နဲ့ဂျုံမှုန့်ကိုရောပြီးအင်းဆက်ပိုးကောင်တွေရှိတဲ့နေရာမှာဖြူး
လိုက်ပါ။ထိုအမှုန့်တွေကိုစားမိပြီးသူတို့သေသွားပါလိမ့်မယ်။
ပင်စိမ်းရွက်
ဟင်းချက်ရာမှာအသုံးပြုတဲ့လတ်ဆတ်တဲ့ပင်စိမ်းရွက်အနည်းငယ်ကိုတံခါး
ပေါက်မှာချိတ်ဆွဲထားလိုက်ရင်ခြင်၊ယင်၊တို့ရန်မှကင်းဝေးစေမှာဖြစ်ပါတယ်။
ကြက်သွန်ဖြူ
ပုရွက်ဆိတ် နဲ့ပိုးဟပ်ဟာ ကြက်သွန်ဖြူကိုအရမ်းကြောက်ပါတယ်။ကြက်သွန်
ဖြူတစ်ဥကို အင်းဆက်ပိုးကောင်တွေတွေ့တဲ့နေရာမှာထားခဲ့ရင် သူတို့တွေ
အနားတောင်မကပ်ရဲပဲထွက်ပြေးသွားပါလိမ့်မယ်။ကြက်သွန်ဖြူဥ ခြောက်သွား
ပါက အသစ်ပြန်လဲပေးပါ။
ရှာလကာရည်
ရှာလကာရည်ဟာအင်းဆက်ပိုးကောင်တွေကိုသေစေဖို့၊မောင်းထုတ်ဖို့အ
တွက် အလွန်အသုံးဝင်ပါတယ်။ဟင်းချက်ရာမှာထည့်သုံးဖို့အတွက်အန္တရာယ်
ကင်းပေမယ့်အိမ်တွင်းပိုးကောင်ပြသနာကို အမြန်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။
ငရုတ်သီးမှုန့်
အိမ်တွင်းမှာစိုက်တဲ့အပင်တွေကိုဒုက္ခပေးတဲ့အင်ဆက်ပိုးကောင်တွေကိုငရုတ်
သီးမှုန့်နဲ့နှိမ်နှင်းလို့ရပါတယ်။ဆေးဖြန်းပုံထဲမှာ ရေ၊ငရုတ်သီးမှုန့်နဲ့ဆပ်ပြာ
ရည်အနည်းငယ်ထည့်ပြီးအပင်ကိုဖြန်းပေးပါက ကပ်ညိနေသောအင်းဆက်ပိုး
ကောင်များကိုသေစေနိုင်ပါတယ်။
သံပုရာခွံ၊လိမ္မ်ာခွံ၊ရှောက်သီးခွံ
ထိုအခွံများဟာအင်းဆက်ပိုးများ အထူးသဖြင့်ပင့်ကူများကိုထွက်ပြေးစေပါ
တယ်။ပင့်ကူတွေအိမ်လာစောက်တတ်တဲ့နေရာမှာ ထိုအခွံကို သွားထားလိုက်ပါ။ ကျန်တာထိုအခွံကကြည့်လုပ် ပါလိမ့်မယ်။ စီးထရက်သီးတွေကိုမုန်းတဲ့ အင်းဆက်ပိုးများ သင့်အိမ်ပေါ်ကဆင်းသွားပါလိမ့်မယ်။
Credit to Health Digest
မောင်စိုင်း
MPT အချင်းချင်း ခေါ်ဆိုမှု တစ်မိနစ် ၂၅ ကျပ်သို့ လျှော့ချရန် စီစဉ် ကဲလာပြန်တော့မယ် နောက်တစ်မျိုး
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)က ယင်းတို့၏ မို ဘိုင်းဖုန်းအချင်းချင်း ခေါ်ဆိုမှုကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းသို့ လျှော့ချပေးရန် စီစဉ်လျက်ရှိပြီး အတည်ပြုနိုင်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိ သည်။ ‘‘တစ်မိနစ်ကို ၂၅ ကျပ် အထိ လျှော့ပေးဖို့အတွက် စဉ်းစားနေတာကတော့ ကြာပါပြီ။ ဘယ်တော့လောက်စပြီး ပေးဖြစ်မယ်ဆိုတာကတော့ ဆွေးနွေးနေတုန်းပါပဲ’’ ဟု
သိရပါကြောင်း
adm= kmk
Posted via Blogaway
Sunday, August 3, 2014
မော်လူးနယ်ကအနှိပ်သည်တွေ လျှာမြက်ပေါက်ကုန်အောင် လုပ်လိုက်သလိုဖြစ်သွားမည့်ဆေးတဲ့
ဒီနေ့ ဆေးမြစ်တူးတဲ့ ကြီးကြီးနဲ့ တွေ့ခဲ့လို့ သတင်းအပြည့်အစုံယူခဲ့တယ် မော်လူး ကရင်ရွာမှာနေတယ် နာမည်က ဒေါ်လှမယ်ပါ ဆေးနာမည်က ဆေးမခန်းတဲ့ အရွက်ကို လက်နဲ့ဆုပ်ဖြဲလိုက်ရင် ပိုးမျှင်တွေရှိတာကိုတွေ့ရတယ် သွေးတိုးပျောက်တယ် မီးယပ် ဒူလာ ညောင်းညာ ပျောက်ပါ တယ် လို့ ပြောခဲ့ပါတယ် အိမ်မှာ ရေနွေးဓာတ်ဗူးနဲ့ အမြဲတယ်ထားတာကို ကျနော်သောက်ခဲ့ရတယ် ယုံယုံကြည်နဲ့သောက်ပါ ကျနော် အနှိပ်ခံနေတဲ့သူနဲ့တွေ့လို့ပြောတော့ အမြဲမနှိပ်ရမှာစိုးလို့ မပြောတာတဲ့ အဲဒီလိုပြောခဲ့တယ်
မော်လူးသားများဖုန်းဝယ်ရင်ဂရုစိုက်မိဖို့ပါ
T Series လုံးဝမဝယ်ပါနဲ့ GSM သာsupportပေးပါတယ်။ P series P seriesမှာ ချွင်းချက်တစ်ခုသာရှိပါသည် ။ P6 C00 တစ်ခုသာလျှင် Ooreooမရပါ။ကျန်သော P1P2 P6 P7 အကုန် Ooredooရပါသည်။ မှတ်ချက် Ooredooအတွက် key pad phone . Slide Phone လုံးဝမရပါ ။မဝယ်ပါနဲ့
Adm-Lusolay
ရေသန့် တစ်လီတာခန့်  နေ့ စဉ်သောက်သုံးလျှင် အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်နိုင်…………
ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ ရှိချက်အရ တစ်နေ့ လျှင် ရေသန့်  တစ်လီလာ သောက်သုံးလျှင် မှတ်ဥာဏ်ချို့ ယွင်းမှု ဖြစ်ပေါ်စေသည့် အယ်လ်ဇိုင်းမား ရောဂါကို ကာကွယ်နိုင်ကြောင့် လေ့လာတွေ့ ရှိရသည်ဟု အေပီသတင်းဌာနက ဖော်ပြသည် ။
ဗြိတိန်သုတေသီများက စီလီကွန် ဓာတ်ပါဝင်နှုန်း ကြွယ်ဝသောရေသည် နျူထရိုတိုဇင် ဟု အမည်ရသော ကိုယ်တွင်းရှိ အလူမီနီယမ်ဓာတ်ကို လျှော့ချပေးနိုင်ကြောင့် လေ့လာတွေ့ ရှိရသည် ။
အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားခြင်းသည် အဆိုပါ ဓာတ်ပစ္စည်းနှင့် ဆက်နွယ်မှုရှိကြောင်း လေ့လာမှုများအရ သိရသည်
မှတ်ချက်။ ။ ရေ တစ်လီတာ = ပုံမှန် ရေသန့်ဗူးတစ်ဗူး
Saturday, August 2, 2014
ဆရာတော် ဦးနန္ဒောဘာသ စံလွန်တော်မူခြင်း ၃နှစ်ပြည့် အာစရိယ ဂုဏ ပူဇာ ဆွမ်းသင်္ကန်းကပ် အလှူ ကျင်းပ ပူဇော်မည်
ဆရာတော် ဦးနန္ဒောဘာသ စံလွန်တော်မူခြင်း ၃နှစ်ပြည့် အာစရိယ ဂုဏ ပူဇာ ဆွမ်းသင်္ကန်းကပ် အလှူ ကျင်းပ ပူဇော်မည် ။
ယနေ့ မော်လူး တရားပွဲ
(၈)ရက်. (၃ .၈.၁၄ .)နေ့ 
ဓမ္မကထိကဆရာတော် ပဲခူးကျောင်းဆရာတော် ဦးပါကဋ .ကတရား
ဟောကြားချီးမြှင့်မည်..,,,
ဖခင်ကြီးဦးသန်းဖေကိုရည်စူး၍ မိခင်ကြီးဒေါ်
ညိုနှင့် မခင်နှင်းဝေမောင်နှမတစ်စုတို့က ဓမ္မ
ဒါနုပြုပူဇော်မည်....,,,
Friday, August 1, 2014
မော်လူး တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်နေမှုအား မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှူ
မော်လူး တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်နေမှုအား မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
မော်လူး၊ သြဂုတ် ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ တိုက်နယ်ဆေးရုံ အသစ် ဆောက်လုပ်နေမှုအား အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သြဂုတ် ၁ ရက်၊ နေ့လည် ၁၂ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ ဒုဦးစီးမှူး ဦးကျော်စွာဝင်း၊ မြို့နယ် အမျိုးသားမှတ်ပုံတင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးအရာရှိ ဦးအောင်သူ၊ မြို့နယ်ကျန်းမာရေး ဦးစီးဋ္ဌာနမှူး ဒေါက်တာမျိုးဇော်လတ်၊ မြို့နယ်စည်ပင်သာယာ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးမင်းမင်းစိုး၊ အင်းတော်မြို့နယ် ဆည်မြောင်းဦးစီးဋ္ဌာန ဦးစီးမှူး ဦးတင်မျိုးဆွေလာရောက်ခဲ့ရာ မော်လူး ဒေသ တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာလာမာမီးနှင့် ဝန်ထမ်းများ၊ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်မှူး ဦးဝင်းစိန်နှင့် ဒေသဖွံ့ဖြိုးမှုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဆေးရုံသစ် ဆောက်လုပ်ရေး ကြီးကြပ်မှု ကော်မတီဝင်များ လိုက်ပါကာ ဆေးရုံဆောက်လုပ်နေမှု အခြေအနေများအား I Green ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးသန့်ဇင်မင်းမှ လိုက်လံရှင်းပြခဲ့သည်။ မော်လူးတိုက်နယ် ဆေးရုံသစ်ဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့ I Green ဆောက်လုပ်ရေး ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ရာ တိုက်နယ် ဆေးရုံအသစ်ကို ၇ လနှင့် အပြီးဆောက်လုပ်မည် ဖြစ်ကြောင်း၊ အသစ်ဆောက်လုပ်မည့် ဆေးရုံမှာ အလျား ၁၂၆ ပေ၊ အနံ ၁၁၇ ပေရှိ အာရ်စီအမျိုးအစား တစ်ထပ်အဆောက်အဦးဖြစ်ကြောင်း၊ ဇူလိုင် ၁၉ ရက်တွင် ဆောက်လုပ်ရေး လုပ်ငန်းစတင်ခဲ့ကြောင်း၊ အဆိုပါ ဆေးရုံသစ်ဆောက်လုပ်ရန်အတွက် နိုင်ငံတော်မှ ကျပ်သိန်း ၅၀၀၀ ချမှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ မော်လူးတိုက်နယ်ဆေးရုံတွင် အပတ်စဉ် ကြာသာပတေးနေ့တိုင်း အသက် ၆၀နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးနေပြီး အာဟာရဒါန အလှူရှင်များမှလည်း အပတ်စဉ် ကုသိုလ်ဒါနပြုကြကြောင်း သတင်းရရှိသည်
“နတ်ကိုးကွယ်သူများ သရဏဂုံ ပျက်- မပျက်”
“နတ်ကိုးကွယ်သူများ သရဏဂုံ ပျက်- မပျက်”
••••••••••••••••••••••••••••••••••••••••••••••••••
သရဏဂုံတည်မှု၊ သရဏဂုံပျက်မှု နှစ်ခုလုံးသည်
ရှိခိုးခြင်းစသည်ကိုပြုသူ၏ နှလုံးသွင်းစိတ်ထားအပေါ်
အခြေပြုနေကြောင်း ထင်ရှားပေသည်။
ဤသဘောကို “သုတ်သီလက္ခန်အဋ္ဌကထာ၊
အဂုင်္တ္တိုရ် အဋ္ဌကထာ” များ၌
“သေဋ္ဌ ဝသေနေဝ ဟိ သရဏံ ဂဏှာတိ၊ သေဋ္ဌဝသေန စ ဘိဇ္ဇတိ”
ဟု အတိအကျ မုချမိန့်ဆိုထားကြ၏။ အဓိပ္ပာယ်မှာ
“ရတနာသုံးပါးကို လောကဓာတ်တစ်ခုလုံး၌ အမြတ်ဆုံးအလှူခံဟု
မှတ်ယူကာ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ခရီးဦးကြိုဆိုခြင်း၊
အရိုအသေပြုခြင်းတို့ကို ပြုလုပ်လျှင် သရဏဂုံယူပြီးဖြစ်၏။
သရဏဂုံ တည်ပြီးဖြစ်၏။ (အသေချာ မှတ်သားထားသင့်၏)။
သရဏဂုံ တည်ပြီးသူသည် ရတနာသုံးပါးမှတစ်ပါး
အခြား နတ်၊ ဘိုးတော်၊ တိတ္ထိရဟန်း စသည်တို့တွင်
တစ်ဦးဦးကို တစ်လောကလုံးတွင် အမြတ်ဆုံးအလှူခံဟု
နှလုံးသွင်းကာ ရှိခိုးခြင်း စသည်တို့ကို ပြုမိလျှင်
မူလဆောက်တည်ထားသည့် သရဏဂုံ ပျက်တော့၏။”
ဟု ဆိုလိုပေသည်။
အဋ္ဌကထာများလာ ပါဠိဝါကျ၏ အနက်မှာ
“ဟိ- သရဏဂုံတည်ပုံ ပျက်ပုံကို အတိုချုပ်ပြဆိုဦးအံ့။
သေဋ္ဌဝသေနေဝ- တစ်လောကလုံးတွင် အမြတ်ဆုံး
အလှူခံပုဂ္ဂိုလ်၏ အစွမ်းအားဖြင့်သာလျှင်၊
သရဏံ- ကိုးကွယ်ခြင်းကို (ဝါ) သရဏဂုံကို၊
ဂဏှာတိ-ယူရာရောက်၏။
စ- ထို့ပြင်၊
သေဋ္ဌဝသေန- အမြတ်ဆုံး အလှူခံ ပုဂ္ဂိုလ်၏
အစွမ်းအားဖြင့်သာလျှင်၊
သရဏံ- တည်နေသော သရဏဂုံသည်၊
ဘိဇ္ဇတိ- ပျက်သွားတော့၏။”
ဤအဋ္ဌကထာများ၏ အဆိုအမိန့်သည် သရဏဂုံတည်မှု၊
သရဏဂုံပျက်မှုတို့နှင့်ပတ်သတ်၍ ခွဲခြမ်းဝေဖန် စိစစ်ရမည့်
“စံ” ဖြစ်သည်။ ဤ “စံ” ဖြင့် စိစစ်တိုင်းတာ၍
သရဏဂုံတည်သည်၊
သို့မဟုတ် သရဏဂုံပျက်သည်ဟု ဆုံးဖြတ်ရမည်။
နတ်ကိုးကွယ်သူ၊ ဘိုးတော် စသည်တို့ကို ကိုးကွယ်သူတို့
မူလခံယူဆောက်တည်ထားသည့် သရဏဂုံ ပျက်- မပျက်နှင့်
ပတ်သက်ရာ၌လည်း ဤအဋ္ဌကထာများလာ
(စံ) ဖြင့်ပင် စိစစ်တိုင်းတာ၍ ဆုံးဖြတ်ရပါမည်။
ကိုးကွယ် ဟူသော ဝေါဟာရကို
(၁)ဆည်းကပ်ပူဇော်အားထားသည်။
(၂)။ အားထားမှီခိုသည်။
(၃)။ နတ်ပူဇော် ပသသည်ဟု မြန်မာအဘိဓာန်၌
သုံးနက်ဖွင့်ဆိုထားသည်။
ဤပဏိပါတ သရဏဂုံအရ ရှိခိုးခြင်း၊ ခရီးဦးကြိုဆို ခြင်း၊
လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းတို့သည်လည်း
သရဏဂုံ= ကိုးကွယ်မှုပင်ဖြစ်၏။
■အကျဉ်းချုပ် စိစစ်ရလျှင် မူလသရဏဂုံတည်နေသော
ဗုဒ္ဓဘာသာဝင် တစ်ဦးတစ်ယောက်သည် တစ်လောကလုံးတွင်
အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်(အဂ္ဂဒက္ခိဏေယျ) ဟု
နှလုံးသွင်းမှတ်ယူကာ နတ်၊ ဘိုးတော်၊စသူတို့ကို
ကိုးကွယ်လျှင်(ဝါ)ရှိခိုးမှု၊ ခရီးဦးကြိုဆိုမှု၊ အရိုအသေပြုမှု၊
လက်အုပ်ချီမှုတို့ကို ပြုလျှင် မူလသရဏဂုံပျက်ပါသည်။
■တစ်လောကလုံးတွင် အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်ဟု
နှလုံးသွင်းမှတ်ယူမှုမျိုး မရှိဘဲ မပူဇော်၊မပသလျှင်
(ဝါ) မရှိခိုးလျှင် ဘေးအန္တရာယ်ပြုမည်စိုးသောကြောင့်လည်းကောင်း၊
စီးပွားလာဘ်လာဘ တိုးတက်စေလိုသော အကြောင်း
စသည်တို့ကြောင့်လည်းကောင်း ထိုနတ်၊ ဘိုးတော်၊
စသူတို့အား ပူဇော်ပသမှု၊ ရှိခိုးမှုကိုပြုလျှင်
မူလသရဏဂုံ မပျက်ပါချေ။( အသေအချာ မှတ်သားရန်လို၏)
■ဆက်၍ဆိုပါဦးမည်။
ဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့် နတ်၊ ဘိုးတော် စသူတို့ကို
ကိုးကွယ်ကောင်းသည်ဟု ဆိုရသော်လည်း သူတို့ကို
ကိုးကွယ်သည့်အခါ “ရတနာသုံးပါး” ထက် မကျော်လွန်မိဖို့
အထူးသတိပြုသင့်ကြ၏။ ဘုရားကို ဆွမ်း၊
ရေချမ်း၊ ဆီမီးတို့ကို ကပ်လှုပူဇော်ရန် သတိမရကြသော်လည်း
နတ်ပွဲ၊ ဘိုးတော်ပွဲများမှာ အုန်းသီး၊ ငှက်ပျောသီး၊ ပန်းစသည်တို့
မညှိုးနွမ်း မခြောက်ရလေအောင် အထူးဂရုစိုက်သူများ ရှိကြ၏။
နတ်၊ ဘိုးတော်တို့၏ ရုပ်တု၊ ရုပ်ပုံများကိုလည်း
ဘုရားစင်တွင် ဘုရားနှင့် တစ်တန်းတည်း
တင်ထားကိုးကွယ်ကြ၏။ အထူးသတိထားသင့်ပါသည်။
■ဤအပြုအမူများသည် နတ်၊ဘိုးတော်တို့ကို
ရတနာသုံးပါးထက် ပိုပြီး အမြတ်ထားသည့်သဘော
သက်ရောက်နေ သည့်အတွက်မူလ သရဏဂုံ ပျက်နိုင်ပါသည်။
ထို့ကြောင့် နတ် စသူတို့ကို ကိုးကွယ်သူများသည်
နတ်၊ ဘိုးတော် စသူတို့ထက် ရတနာသုံးပါးကို ပိုပြီး
ဂရုတစိုက် ကိုးကွယ်ဆည်းကပ်ကြရမည်။
ရတနာသုံးပါးကို ထိုအရာများ ထက် ပိုပြီး
အမြတ်တနိုးထားနိုင်ပါမှ၊ဂရုစိုက်နိုင်ပါမှ
မူလခံယူဆောက်တည်ထားသည့် သရဏဂုံ
တည်မြဲမည် ဖြစ်ပါသည်။
■“အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး”ကလည်း
ဤအဋ္ဌကထာများလာ အဆိုအမိန့်များကို ကိုးကား၍
ဖော်ပြခဲ့သည့်အတိုင်း ဆုံးဖြတ်ထားပေသည်။
အချုပ်မှာ နတ်၊ ဘိုးတော်၊ စသူတို့ကို ကိုးကွယ်တိုင်း
သရဏဂုံမပျက်၊ ပျက်သည်လည်းရှိ၏။
မပျက်သည်လည်းရှိ၏။ ကိုးကွယ်မှုအနေအထားကိုလိုက်၍
ပျက်- မပျက် ဆုံးဖြတ်ရမည်။
“သရဏဂုံညစ်နွမ်းခြင်း”
•••••••••••••••••••••••••••••
လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံနှစ်ပါးတို့တွင်
လောကုတ္တရာ သရဏဂုံသည် မည်သည့်အခါမျှ ညှိုးနွမ်းမှုမရှိ၊
ပျက်မှုမရှိ။ အမြဲတစေ သန့်ရှင်းစင်ကြယ်လျက်ရှိ၏။
ပုထုဇဉ်တို့ သန္တာန်၌ ဖြစ်သော လောကီသရဏဂုံမှာမူ
ရတနာသုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို
မသိနားမလည်ခြင်း(အညာဏ)၊
ရတနာသုံးပါးတို့အပေါ်၌
တကယ့်ဘုရားစစ် ဘုရားမှန်ပဲဖြစ်သလား၊
ဘုရားစစ်ဘုရားမှန် မဟုတ်ဘဲ ဖြစ်လေသလား”
ဟု ယုံမှားသံသယဖြစ်ခြင်း(သံသယ)၊
ရတနာသုံးပါးတို့၏ ဂုဏ်တော်၊ ကျေးဇူးတော်များကို
မှန်ကန်သည့် ဂုဏ်တော်၊ ကျေးဇူးတော်များ မဟုတ်ဟု
မမှန်မကန် ဖောက်ဖောက်ပြန်ပြန် ရှုမြင်ခြင်း၊(မိစ္ဆာဥာဏ)၊
ရတနာသုံးပါးတို့၌ လေးစားမှု ရိုသေမှုများ ကင်းမဲ့ခြင်း၊
(အနာဒရ၊ အဂါရဝ)) စသည်တို့ကြောင့် ညစ်နွမ်း၏။
ထိုသရဏဂုဏ်သည် မစင်ကြယ်၍ အရောင်မလတ်၊
အစွမ်းသတ္တိ မကြီးမြတ် တော့ချေဟု အဋ္ဌကထာ၌ ဖွင့်၏။
အထူးသတိထားရမည်ဖြစ်ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
[မှတ်ချက်။ ။ ဓမ္မာစရိယဦးအေးနိုင်(ဘီအေ)၏
“ဗုဒ္ဓဘာသာဂုဏ်ရည်စာအုပ်”မှ
ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။]
စာဖတ်သူအားလုံး ဘေးအန္တရာယ်ကင်းရှင်း၊
သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒများ ပြည့်ဝကြပါစေ။
-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
Posted via Blogaway



































