Monday, January 19, 2015

မော်လူး မီးရထားဘူတာမှာ ရထားစီးဖို့ စောင့်ဆိုင်းသူများ သတိထား



 စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး မီးရထားဘူတာတွင် ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီအချိန်ခန့်တွင် မော်လူး မီးရထားဘူတာတွင် မီးရထားစီးရန် စောင့်ဆိုင်းနေသည့် ခရီးသွားအား တာဝန်ရှိ ဝန်ထမ်းမဟုတ်သူမှ မှတ်ပုံတင်ပြခိုင်းခြင်း၊ ပိုက်ဆံအိတ်များအား စစ်ဆေးခြင်းများ ပြုလုပ်ကာ ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် ရဲဝန်ထမ်းများ ကိုင်ဆောင်သည့် လက်ထိပ်ကို ပြသကြောင်း စစ်ဆေးခံရသည့် ခရီးသည်ထံမှ သိရသည်။

*မေလ်းထဲရောက်လာတဲ့ သတင်းလေးပါ။

မော်လူး အထကတွင် ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေး





မော်လူး အထကတွင် ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၁၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမတွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီအချိန်က အသက် ၅ မှ ၁၅ နှစ်အထိ ကျောင်းသား/သူလေးများအား ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မော်လူး တိုက်နယ်ဆေးရုံမှ ဒေါက်တာ လာမာမီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကျောင်းသား/သူ ၁၇၀၆ ဦးကို တစ်ရက်လျှင် ၅၀၀ ဦးနှုန်းဖြင့် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း၊ မော်လူးဒေသတစ်ခုလုံးရှိ အသက် ၅ နှစ်မှ ၁၅နှစ်အထိ ကျောင်းသား/သူများအား ဇန်နဝါရီ ၁၉ ရက်မှ ၂၇ ရက်နေ့အထိ သက်ဆိုင်ရာကျောင်းများသို့ သွားရောက်ပြီး ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Thursday, January 15, 2015

ဒီပင်္ကဘုရားပွဲ ကို တပ်ဦးဓါတ်ပေါင်းစု ဘုရားပွဲ ပထမ ည က ပြဿနာသတင်းက သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပြီ

နံနက် ခင်း  မော်လူးသားများရဲ့  facebook  မှာ ဖတ်လိုက်ရတဲ့  သတင်းဆိုးပါ

ဖြစ်သွားပြီဆိုတော့ စိတ်မကောင်း ဖြစ်တာလွှဲလို့  ဘာမှ  မတတ် နိုင်ပါ။

ဒါပေမဲ့  နောက်ထပ်ကျင်းပ  လာမည့်  ဘုရားပွဲမှာ

တာဝန်ရှိသူတွေ  သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲရေးလုပ်သင့်ပါတယ်

တပ်ဦးဘုရားပွဲ  ပထမည ပြသနာ ဘာကြောင့်
ဖြစ်တယ်ဆိုတာ  ကလေးကအစ  ဘုန်းကြီး အထိ  အားလုံးသိပြီးသားပါ

ဒီပင်္ကရာဘုရားပွဲတော်မှာ  ပြဿနာများ လျော့နည်း  စေရန်  ကြိုတင် ကာကွယ်ရန်
အကောင်းဆုံး  နဲ့  အခြေခံအကျ  ဆုံး  နည်း
ကတော့   အချို့သော  ဆိုင်များကို
ဘုရားပွဲတော်ဖြစ်မြောက်ရေးအတွက် အဓိက
ကျသော  မည်သူမျှပြန်ပြောခွင့်မရှိသော
@#$$&  များ  က  အကောင်းဆုံး  ဖြစ်အောင်
စီမံသင့်ပါကြောင်း

မစီမံ နိုင်၍  ပြဿနာ  ဖြစ်လာပါ  သံသရာ  မှာ
အပြစ်ရှိသူက  အကြီးဆုံး  တာဝန်ရှိသူမျာပါ။
ပြုသူက  ခံရမှ  ၁၀  နှစ်ပေါ့။


ကဲကဲ  မော်လူးသတင်းအဖွဲ့  အရှင်းဆုံး

ပြောလိုက်မယ်

--------------  မပါလည်း

တပို့တွဲလဆန်း  ၁၀  ရက်ဆိုရင်ပွဲ  စ မှာ  သေချာတယ်

တချိန်က  မော်လူးသား

ဈေးဆိုင်ခန်းဆောက်မည်ဆိုပဲ (မေလ်းထဲ ရောက်လာတဲ့ သတင်းလေးပါ)


ယခင်​က​မော်​လူးသစ်​ထုတ်​​ရေးဌာနပိုင်​​မြေ​နေရာကို​မော်​လူး​ဒေသဖွံ့ဖြိုး​ရေးအတွက်​ဆိုပြီး​ရောင်းစားခဲ့ပြီးပြီကဲခူလည်းကြည့်​ကြပါအုန်း​မော်​လူးလျှပ်​စစ်​ဝင်း​မြောက်​ဘက်​ခြမ်းလမ်း​မြေ​နေရာကို​ဆိုင်​​ဆောက်​​ရောင်းကြပြန်​​တော့မယ်​​မော်​လူး​ဒေသဖွံ့တိုးတက်​​ရေးရန်​ပုံ​ငွေလားရန်​ပုံး​ငွေဆိုလားသိပါဘူးဗျာအ​ပြေး​လေးနှင့်​သာဝယ်​ထား​နော်​​ဈေးက​တော့သက်​သာတယ်​လို့ထင်​တာဘဲ၄၅သိန်းဆိုတာဘဲ။

ဆိုင်​ခန်း​​ဆောက်​မည့်​ရပ်​ကွက်​၇​နေသူတစ်​ဦး

နန့်စီးအောင် သစ်ဆိပ်မှ သစ်လုံးများ သယ်ယူ

နန့်စီးအောင် သစ်ဆိပ်မှ သစ်လုံးများ မော်တော်ယာဉ်များဖြင့် သယ်ယူ
မိုးညှင်း၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းစီးအောင် သစ်ဆိပ်မှ သစ်လုံးများကို ကသာမြို့ဘက်သို့ သယ်ယူရန် မော်တော်ယာဉ်များပေါ်သို့ သစ်လုံးများတင်ထားသည်ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက တွေ့ရှိရသည်။
နန့်စီးအောင် သစ်ဆိပ်မှ ကညင်သစ်အမျိုးအစား သစ်လုံးကြီးများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အောင်ချမ်းသာ သစ်ဆိပ်သို့ သယ်ယူရန်အတွက် သစ်ထုတ်ရေးဋ္ဌာနမှ ပြင်ပ သစ်သယ်မော်တော်ယာဉ်များကို ငှားရမ်းကာ ပြည်ပရောင်း လပ်ပုံထိုင်ပြီး သစ်လုံးတန် ၂၀၀၀ ခန့်ကို သယ်ယူရန် တင်ဆောင်ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီး၏ ခွင့်ပြုချက်လက်မှတ်ရရှိမှသာ သယ်ဆောင်ခွင့်ရမည်ဖြစ်သည့်အတွက် သစ်လုံးများ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ထားပြီး ဖြစ်သော်လည်း ထွက်ခွာခွင့်မရရှိသေးပဲ စောင့်ဆိုင်းနေရသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ကြောင်း ၊ သစ်တင်မော်တော်ယာဉ်တစ်စီးလျှင် သစ်တန်ချိန် ၁၀ တန်ခန့်တင်ဆောင်နိုင်ကြောင်း သစ်တင်မော်တော်ယာဉ်မောင်းသူမှ ပြောပြသည်။ ယင်းသစ်လုံးများကို မည်သည့်ကုမ္ပဏီသို့ ရောင်းချထားသည်ကိုမူ မသိရချေ

မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ထုတ်ချေး

ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
မိုးညှင်း၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မြိုင်သာယာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆောင်းသီးနှံ စိုက်ပျိုးကြမည့် တောင်သူဦးကြီးများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဒေါ်ခင်အုန်းမြင့်နှင့် အဖွဲ့၊ သစ်ဆန်း လယ်ယာနှင့် အထွေထွေ စီးပွားရေး ဥက္ကဋ္ဌ ဦးဘကြည်၊ အတွင်းရေးမှူး ဦးဘဝင်း၊ ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ ယူကြမည့် တောင်သူဦးကြီး ၆၂ ဦးတက်ရောက်ခဲ့ကြပြီး၊ မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်ခင်အုန်းမြင့်မှ တောင်သူဦးကြီးများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၄၀၀ကျော်ကို အဖွဲ့ ၄ ဖွဲ့ခွဲကာ ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူဦးကြီးများကို ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ပင်လုံကျေးရွာအုပ်စုမှ တောင်သူဦးကြီး ၆၂ဦးအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များထုတ်ချေးပေးပြီး ၂၀၁၅ ခုနှစ် ဇွန်လတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မော်လူးတွင် မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရေးကွင်းဆင်းစစ်ဆေး

မော်လူးတွင် ပျောက်ဆုံး မီတာယူနစ်များ လျှော့နည်းစေရန် လျှပ်စစ်ဋ္ဌာနမှ ကွင်းဆင်းစစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရန် ဇန်နဝါရီ ၁၅ နံနက် ၉နာရီက မြို့နယ် လျှပ်စစ်မှူးများနှင့် ဝန်ထမ်းများ ပူးတွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ ဗန်းမောက်မြို့နယ်၊ လျှပ်စစ်မှူး ဦးမောင်တိုးနှင့် အဖွဲ့၊ မော်လူး မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနှင့် ပူးပေါင်းအဖွဲ့တို့သည် အိမ်သုံး၊ စက်မှုသုံး၊ တစ်လုံးတစ်ခဲတည်းသုံး မီတာများကို တိုင်းလျှပ်စစ် ညွှန်ကြားချက်ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်လူး လျှပ်စစ်ဋ္ဌာနမှ ဗန်းမောက်မြို့နယ်ရှိ လျှပ်စစ်မီတာများကိုလည်းကောင်း ဗန်းမောက်မြို့ လျှပ်စစ်ဋ္ဌာနမှ မော်လူးဒေသရှိ လျှပ်စစ် မီးတာများကိုလည်းကောင်း မြို့နယ်လျှပ်စစ်ဋ္ဌာနမှ တာဝန်ရှိသူများသည် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ အပြန်အလှန်သွားရောက်ကာ လျှပ်စစ်ဓာတ်အား မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရေးအတွက် စစ်ဆေးဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ မော်လူးဒေသတွင် အိမ်သုံး မီတာ အလုံးရေ ၄၉၀၀၊ စက်မှုလုပ်ငန်းသုံး မီတာ ၄၃ လုံး၊ တစ်လုံးတစ်ခဲတည်းသုံး မီတာ ၁၇ လုံးတို့ကို လျှပ်စစ်ဓာတ်အား ပျောက်ဆုံး မီတာယူနစ်များ လျှော့နည်းစေရန်အတွက် မြို့နယ်လျှပ်စစ်မှူးများနှင့် တာဝန်ရှိသူများမှ ပူးပေါင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, January 13, 2015

မံထုံကျေးရွာမှ ဘွားသက်ရှည်

>
> အသက် ၁၀၂ နှစ်ရှိ မံထုံကျေးရွာမှ ဒေါ်ဖွားဆုံ ကျန်းမာရေး ကောင်းမွန်လျှက်ရှိ
> ဗန်းမောက်၊ ဇန်နဝါရီ ၁၃
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံထုံကျေးရွာအုပ်စု၊
> မံထုံကျေးရွာတွင် အသက် ၁၀၂ နှစ်ရှိ ဒေါ်ဖွားဆုံမှာ ကျန်းမာရေး
> ကောင်းမွန်ကာ သာသနာပြုလုပ်ငန်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
> အဘွား ဒေါ်ဖွားဆုံအား ၁၉၁၂ ခုနှစ၊် ဒီဇင်ဘာလ၂၆ရက၊်
> ကြာသာပတေးနေ့(မြန်မာသက္ကရာဇ် ၁၂၇၄ခုနှစ၊် နတ်တော်လပြည့်ကျော် ၃ရက်)တွင်
> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စု
> ခေါင်တုန့်စည်ကျေးရွာတွင် အဖ ဦးဖိုးစော၊ အမိဒေါ်မယ်ဥတို့မှ
> မွေးဖွားခဲ့သည်။ မွေးချင်း ၇ ယောက်ရှိသည့်အနက် အကြီးဆုံးသမီးဖြစ်ကြောင်း၊
> စာရေးစာဖတ် မတတ်သော်လည်း ဘုရားရှိခိုး အမျိုးမျိုးနှင့်  ဆုပေး၊ ဆုံးမ
> သြဝါဒများကို ကျွမ်းကျင်စွာဖြင့် ယနေ့တိုင် သားမြေးမြစ်များကို
> ဆုံးမသွန်သင်လျှက်ရှိကြောင်း၊ ၄င်းကိုယ်တိုင် ဆေးလိပ်ဖက်ကြမ်းကို
> မြိန်ရှက်စွာ သောက်သုံးနေသော်လည်း ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို
> ဆိုးဝါးစွာ ထိခိုက်စေနိုင်သဖြင့် ဆေးလိပ်သောက်သုံးခြင်းကို
> ရှောင်ကြဉ်ကြရန် ဆုံးမသွန်သင်ကြောင်း၊  အစားအသောက်နှင့်ပတ်သက်၍ အဘွားသည်
> အခါကြီးရက်ကြီးများတွင် ဥပုသ်သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ
> ကျင့်ကြံဆောက်တည်ပြီး သတ်သတ်လွှတ်စားသုံးကြောင်း၊ ကျန်းမာရေးအတွက်မူ
> ဥပုသ်ရက်များမှ လွဲ၍ ကျန်ရက်များတွင် အသားငါးများကို သင့်လျော်သလို
> မှီဝဲသုံးဆောင်ကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက စတင်၍ အသက် ၈၀ အထိ မိရိုးဖလာ
> တောင်သူလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း အသက် ၉၅ နှစ်အထိအောင်
> နေ့စဉ်လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း၊ ဘုရားစေတီပုထိုးများသို့
> ဆွမ်းဆီမီးပန်းရေချမ်းကပ်လှူခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ
> အိမ်ပေါ် အိမ်အောက် အိမ်တွင်း အိမ်ပြင်များသို့ တစ်ကိုယ်တည်း
> သွားလာနိုင်သကဲ့သို့ ထမင်းကိုလည်း
> ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ကြောင်း၊ ဆံပင်အနည်းငယ်ဖြူခြင်း၊
> မျက်စိအနည်းငယ်မှုန်ခြင်း၊ အောက်သွားများမရှိတော့ပဲ အပေါ်သွားများ
> ကျန်ရှိနေသေးသဖြင့် အစားအသောက်များကိုလည်း ပုံမှန်စားသုံးနိုင်ကြောင်း၊
> ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံထုံကျေးရွာတွင်
> သားသမီး ၄ ဦး၊ မြေး ၂၃ ဦး၊ မြစ် ၂၅ဦး၊ တီ ၃၀ ဦးတို့နှင့်
> ကျန်းမာစွာနေထိုင်လျှက်ရှိကြောင်း မံထုံကျေးရွာနေ မြေးဖြစ်သူ
> ဦးမောင်မောင်ထံမှ သိရသည်

ကဲဗျာ သွားသတိ လာသတိ ....

ကျွန်နော်သည်မော်လူးသားတယောက်ဖြစ်သည်အလျှောက်အခုဖြစ်ပျက်နေသည့်မူးယစ်စေသောဆေးများသောင်းကျန်းလျှက်ရှိရာမော်လူး၏အနောက်တခွင်ဘက်မှာအရမ်းဆိုးရွားနေပါသည်မှာအမှန်ပင်ဖြစ်လေသည်ကျွန်နော်တို့မှာသည်လမ်းကသာဖြတ်နေရသည်ဖြစ်၍ဖမ်းဆီးရေးများနဲ့တွေ့လျှင်ဖြတ်လာသူအားလုံးကိုစစ်ဆေးနေသည်ဆိုတော့ဖြတ်လာသူများမှာလဲကြောက်ကြောက်ရွှံ့ရွှံ့ဖြတ်လာဖမ်းဆီးရေးတွေကလဲစစ်ဆေးလျှင်ညင်ညင်သာသာမရှိငေါက်ငေါက်ငန်းငန်းမေးတော့ကြောက်အားလန့်အားနဲ့ဖြေအဖြေမှားရင်ဖမ်း အမှန်တကယ်ပြောရယင်ကျွန်နော်သည်ကွမ်းယာဆေးလိပ်တောင်သောက်တဲ့သူမဟုတ်တော့စစ်ဆေးခံရလျှင်သိတ်ခါတော့ကျမည်အမှန်ပင်ဘယ်သူဘယ်ဝါစစ်ဆေးခံရသည်ဆိုတာတော့မော်လူးမှာဟိုးဟိုးကြော်ရော့ပေါ့ဒါကြောင့်မို့မဆိုင်တဲ့သူတွေသိတ်ခါမကြရအောင်မူးယစ်ဆေးဝါးတိုက်ဖြက်ရေးများဆောင်ရွှက်ပေးစေလိုကြောင်း ဖြန့်ဖြူးရောင်းချသောသူများအဓိကတရားခံကိုသာဖေါ်ထုပ်ပေးစေလိုကြောင်းအနူးညွတ်တောင်းပန်ပါသည်။

mail ထဲကို ရောက်ရှိလာတဲ့ ရင်ဖွင့်လွှာလေးပါ။

မိုးကြိုးထိမှန် သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ကြေးပေးအပ်

> > မိုးကြိုးပစ်သေဆုံးသူအား ထောက်ပံ့ငွေပေးအပ်
> > မော်လူး၊ ဇန်နဝါရီ ၁၃
> > @@@@@@@@@@@@@@@@@@@@@@@@@@@@@@
> > စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့ အထွေထွေ
> > အုပ်ချုပ်ရေးမှူးရုံးတွင် မိုးကြိုးထိမှန်သေးဆုံးသွားသူ၏ ကျန်ရစ်သူ
> > မိသားစုဝင်အား ဇန်နဝါရီ ၁၂ ရက် နံနက် ၁၁ နာရီအချိန်က ထောက်ပံငွေ
> > ပေးအပ်ခဲ့ကြောင်း သိရသည်။
> > အဆိုပါ မိုးကြိုးထိမှန် သေဆုံးခဲ့သူ မနုနုစိုးသည် အင်းတော်မြို့နယ်၊
> > မော်လူးဒေသ၊ သူရောင်းကျေးရွာအုပ်စု၊ ခိုးကောင်ကျေးရွာတွင်
> > နေထိုင်သူဖြစ်ပြီး  ၂၀၁၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က လယ်ကွင်းထဲတွင်
> > ကောက်စိုက်နေစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့ရခြင်းဖြစ်သည်။
> > ၄င်းသေဆုံးသွားသူ၏ ကျန်ရစ်သူ မိသားစုဝင်အား ထောက်ပံ့ကြေးငွေ
> > တစ်သိန်းကျပ်ကို တိုင်းလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
> > ဋ္ဌာနမှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ငွေကို အင်းတော်မြို့
> > စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်မှ ပေးအပ်ရာ ကျန်ရစ်သည့်
> > မိသားစုဝင်များမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

မော်လူး အရှေ့ကျောင်းတိုက် ဂြိုဟ်ပြေနံပြေ ဆုတောင်းပြည့်စေတီ ရွှေထီးတော် တင်လှူ

 မော်လူး အရှေ့ကျောင်းတိုက် ဂြိုလ်ပြေနံပြေ ဆုတောင်းပြည့်စေတီ
> > စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူပွဲကျင်းပ
> > မော်လူး၊ ဇန်နဝါရီ ၁၃
> > @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> > စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ
> > အရှေ့ကျောင်းတိုက်တွင် ဂြိုလ်ပြေနံပြေ ဆုတောင်းပြည့်စေတီတော်အား
> > စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူပွဲအား ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၁
> > နာရီ ၁၅ မိနစ်အချိန်က ကျင်းပပြုခဲ့ကြောင်း သိရသည်။
> > အခမ်းအနားတွင် ဆရာတော် သံဃာတော်များနှင့် တက်ရောက်လာကြသော
> > ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့
> > ဖွင့်လှစ်ကြပြီး စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူခြင်းကို မော်လူး
> > ဝေဘူဝေဘာတောရကျောင်းမှ ဆရာတော် ဦးအာဒိစ္စဝံသမှ အောင်ခြင်းရှစ်ပါး
> > ဂါထာရွတ်ဆိုခြင်း၊ မော်လူး ဘုရားကြီးကျောင်းတိုက်မှ ဆရာတော် ဦးဝါယမမှ
> > ဇယန္တောဗောဓိယာ ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ပြီး ပရိတ်သတ်အပေါင်းတို့က
> > ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မော်လူး အရှေ့ကျောင်းတိုက်မှ
> > ပန်းဒကာ ဦးတေမှ ဂြိုဟ်ပြေနံပြေ ဆုတောင်းပြည့်စေတီ တည်ထားရာတွင်
> > သာသနာတော်စောင့်နတ်အပေါင်းအား ဖိတ်ကြား၍ အမှားရှိက
> > ခွင့်လွှတ်ရန်တောင်းဆိုခြင်းနှင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ
> > သာသနာတော် သက္ကရာဇ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်
> > ပြာသို့လပြည့်ကျော် ၉ ရက် အင်္ဂါနေ့တွင် ကောင်းမြတ်သော မင်္ဂလာနက္ခတ်နှင်ြ
> > ပည့်စုံသော နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင်  ဂြိုဟ်ပြေနံပြေ
> > ဆုတောင်းပြည့်စေတီအား စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူ ပူဇော်ကာ
> > နေ့လည် ၁ နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ပြီး စိန်းဖူးတော်နှင့်
> > ရွှေထီးတော်တင်လှူပူဇော်ပွဲသို့ လာရောက်ကြသူများအား အာဟာရဒါနများဖြင့်
> > ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်

Monday, January 12, 2015

မော်လူးတွင် ဘဲသားပေါက် ရောင်းကောင်းနေ

မော်လူးတွင် ဘဲသားပေါက်များ ရောင်းအားကောင်း
မော်လူး၊ ဇန်နဝါရီ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် မန္တလေးမြို့မှ
မီးရထားဖြင့် သယ်ယူရောင်းချနေသည့် ဘဲသားပေါက်များ
ရောင်းအားကောင်းလျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ဘဲသားပေါက်တွေကို မန္တလေးမြို့မှာ သားဖောက်ပြီး
သယ်ယူရောင်းချတာပါ။ ဘဲသားဖောက်ဖို့အတွက် ဘဲဥအလုံးရေ ၉၀၀၀ မှ ၁၀၀၀၀ အထိ
တစ်လကြာ စပါးခွံနဲ့ အပူပေးပြီး ဖောက်ရတာပါ။ သားဖောက်မဲ့ ဘဲဥတစ်လုံးကို
၁၀၀ ကျပ်မှ ၁၅၀ ကျပ်အထိ ပေးဝယ်ရပြီး ဘဲဥတွေကို အောက်ခံဖဲစပေါ်မှာ
စပါးခွံတွေကို ဖြန့်ခင်းပြီး ဘဲဥတွေကို စီထည့်ရပါတယ်။ စီထည့်ထားတဲ့
ဘဲဥတွေကို တစ်ရက်မှာ သုံးကြိမ်လောက် အထက်အောက်လှဲလှယ်တာကို
တစ်လလောက်လုပ်ပြီး တစ်လကျော်တဲ့အခါ လေးငါးရက်ခန့် အပြင်ထုတ်ကာ စပါးခွံနဲ့
အပူဓာတ်ရအောင် လုပ်ပေးလိုက်ရင် ဘဲဥတွေကနေ ဘဲသားပေါက်လာပါတယ်။ ရလာတဲ့
ဘဲသားပေါက်တွေကို ဂျပ်ဖာတွေထဲကို ထည့်ရပါတယ်။ ဂျပ်ဖာတစ်ဖာမှာ ဘဲသားပေါက်
အကောင်ရေ ၈၀၊ ၁၀၀ ခန့်အထိထည့်ပြီး မီးရထားဖြင့် သယ်ယူပြီး ကောလင်း၊
အင်းတော်၊ နဘား၊ မော်လူးစတဲ့ မြို့ရွာများမှာ ရောင်းချပါတယ်။ ဘဲသားပေါက်
အမတစ်ကောင်ကို ၆၀၀ ကျပ်၊ အထီးဆိုရင် ၂၀၀/၃၀၀ ကျပ်ရောင်းချပါတယ်။
မော်လူးမှာ ရောင်းရတဲ့ရက်ဆို တစ်နေ့တည်း ဘဲသားပေါက် အကောင်ရေ ၁၀၀၀မှ ၁၂၀၀
အထိ ရောင်းချရပါတယ်။"ဟု မော်လူးတွင် ဘဲသားပေါက်ရောင်းချနေသူထံမှ သိရသည်

မော်လူးမှာ တယ်လီနော တာဝါတိုင် ထောင်တော့မည်

မော်လူး မြန်မာ့မီးရထားပိုင်မြေတွင် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည်
မော်လူး၊ ဇန်နဝါရီ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
မော်လူးမီးရထားပိုင်မြေတွင် တယ်လီနောလက်အောက်ခံ IGT ကုမ္ပဏီမှ တာဝန်ယူကာ
ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူရန် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက
ကုမ္ပဏီမှ တာဝန်ရှိသူများ လာရောက်ကာ မြေနေရာကြည့်ရှု့ရွေးချယ်မှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ကုမ္ပဏီက မြန်မာ့မီးရထားပိုင်မြေတွေပေါ်မှာ
ဆက်သွယ်ရေးတာဝါတိုင်တွေ တည်ဆောက်ဖို့အတွက် မြေနေရာတွေကို
လာရောက်ကြည့်ရှု့ရွေးချယ်တာပါ။ မြန်မာ့မီးရထားပိုင်မြေနေရာတွေဖြစ်တဲ့
လာရှိုး(LSR)၊ စစ်ကိုင်း(SGR)၊ မန္တလေး(MDR)စတဲ့ နေရာတွေမှာ
ဆက်သွယ်ရေးတာဝါတိုင်တွေကို တည်ဆောက်နိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး၊
ကန့်ဘလူမီးရထားဘူတာကနေ မော်လူးမီးရထားဘူတာအထိ
မီးရထားလမ်းတစ်လျှောက်ဘူတာတွေကိုလည်း ဝင်ရောက်ပြီး တာဝါတိုင်တွေ
တည်ဆောက်နိုင်ဖို့ မြေနေရာတွေကို သက်ဆိုင်ရာ မီးရထားဘူတာက
တာဝန်ရှိသူတွေနဲ့အတူ လိုက်လံကြည့်ရှု့ရွေးချယ်နေတာပါ။
မြန်မာ့မီးရထားပိုင်မြေတွေပေါ်မှာ ဆက်သွယ်ရေးတာဝါတိုင်တွေ တည်ဆောက်ဖို့
မြန်မာ့မီးရထားက တာဝန်ရှိသူတွေက ခွင့်ပြုပေးပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ တည်ဆောက်မဲ့ တာဝါတိုင်တွေဟာ MPT၊ တယ်လီနော၊ အော်ရီဒူးစတဲ့
ကုမ္ပဏီက တာဝါတိုင်တွေနဲ့ ချိတ်ဆက်ပြောဆိုလို့ရတဲ့အထိ မြေမျက်နှာပြင်
အနေအထားပေါ် လိုက်ပြီး တာဝါတိုင်အမြင့်ကို ၃၅၊ ၄၅၊ ၇၂ မီတာအမြင့်အထိ
တည်ဆောက်မှာပါ။ "ဟု IGT ကုမ္ပဏီမှ ဦးသိန်းထိုက်အောင်က ပြောပြသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း ပိုမိုကောင်းပြီး
တစ်နိုင်ငံလုံး ဆက်သွယ်ရေးကွန်ယက် လွမ်းခြုံစေနိုင်ရန် သက်ဆိုင်ရာ
ကုမ္ပဏီများမှ ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်

Sunday, January 11, 2015

One Candle စေတနာရှင်လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် ၈


One Candle စေတနာရှင်လူငယ်များ အဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၈)

ကျနော်တို့အဖွဲ့ နားဖာကျေးရွာသို့ ဝင်လာစဉ်က ရွာ၏ အရှေ့ဘက်မှ ချောင်းကူးကာ ဝင်လာကြခြင်းဖြစ်ပြီး ပြန်ထွက်သောအခါ ရွာ၏ မြောက်ဘက်မှ ချောင်းကူးကာ ပြန်ထွက်လာခဲ့ကြသည်။ အကြောင်းမှာ ကျနော်တို့ ယနေ့သွားရောက်ကြမည့် ကျေးရွာလေးရွာတွင် နားဖာကျေးရွာ အခြားရွာများကဲ့သို့ လမ်းတစ်ခုတည်းပေါ်တွင် ရှိမနေပဲ သီးခြားရှိနေသောကြောင့်ပင် ဆားမှော်ကျေးရွာမှ လမ်းအတိုင်းသွားလျှင် နားမကျိုင်းကျေးရွာ၊ မူလခေါင်တုန့်စည်ကျေးရွာ ရောက်မည်ဖြစ်သော်လည်း နားဖာကျေးရွာလေးမှာ သီးခြားခွဲထွက်သွားရသော ရွာဖြစ်နေသည်။ ထို့ကြောင့် ကျနော်တို့အဖွဲ့မှာ လွန်ခဲ့သည့်နှစ် အလှူခရီးစဉ်တွင် အပြန်ခရီးမှ ဝင်ပြီး လှူကြရခြင်းပင်။ ယခုနှစ်မှာတော့ လူအင်အားနည်းနေသဖြင့် အပြန်ခရီးကို မိုးမချုပ်စေလိုပါ။ သို့အတွက် နားဖာကျေးရွာကို အရင်ဝင်ပြီး မူလခေါင်တုန့်စည်ကျေးရွာတွင် အလှူကိစ္စပြီးသည်နှင့် တန်းပြန်ကြမည်ဟု ရည်ရွယ်ကာ အလာခရီးမှာကတည်းက ဝင်ပြီး စာရေးကိရိယာ လှူဒါန်းမှုကို ပြုလုပ်ခဲ့ကြခြင်းပင်….။ နားဖာကျေးရွာမှ ထွက်လာပြီး ချောင်းကူးကာ တစ်ဘက်ကမ်းရောက်တော့ ကျနော့် ဆိုင်ကယ်မှာ စက်သံ မမှန်တော့ချေ။ စက်နှိုး၍ ရသော်လည်း ဂီယာထည့်လိုက်လျှင် စက်က ထိုးထိုးရပ်သွားသည်။ ကျနော်စိုးရိမ်စိတ် ဝင်သွားသည်။ ပလပ်ရေစိုခြင်းကြောင့်ဆိုလျှင် အကြောင်းမဟုတ်သော်လည်း ကွိုင်ကျွမ်းသွားသည်ဆိုလျှင် မလွယ်တာ အသေအချာမို့ပါ။ စက်နှိုးလိုက် ဂီယာထိုးလိုက် ထိုးရပ်သွားလိုက် ဖြစ်နေသည်။ စက်ကနှိုးလို့ ရနေသေးတာမို့ ကွုင်ကျွမ်းတာတော့ မဟုတ်လောက်ဟု တွေးမိပြီး နည်းနည်းတော့ စိတ်ပူသက်သာသွားရသည်။ မနှစ်က မူလခေါင်တုန့်စည်ရွာက အပြန် ချောင်းကူးမှာ ဆိုင်ကယ်ပျက်တော့ ကျနော်တို့အဖွဲ့ကို စေတနာထက်သန်စွာ အလကားမတ်တင်းဖြင့် ဗွီဒီယိုလိုက်ရိုက်ပေးသည့် အစ်ကိုတော်ပြောသော စကားလေးကို အမှတ်ရနေမိသေးသည်။ "ဟေ့ကောင် မင်းတို့ကောင်တွေက ခရီးရှည်သွားမယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ပြင်ဆင်ပြီး ထည့်လာရတယ်ကွ…မင်း ငါ့ဆီကနေသင်ယူစရာတွေ အများကြီးရှိသေးတယ်"တဲ့လေ…။ဟုတ်ပါသည်… ကျနော်ကလည်း ကျနော် သွားချင်သည်သာ သိသည် လမ်းမှာဖြစ်လာမည့် ပြဿနာတွေကို လမ်းမှာသာ ကြုံသလို ဖြေရှင်းတတ်သည့် ကောင်စားမျိုး မဟုတ်လား။
ယခုလည်း ဆိုင်ကယ်က ဖောက်နေပြီ… ကျနော် စက်နှိုးပြီး ချုပ်ဆွဲထားကာ လီဖာကို နည်းနည်းတင်လိုက်သည်… စက်အသံ မှန်သွားသည်နှင့် ဂီယာထည့်လိုက်တော့ အိုကေသွားတာမို့ ရှေ့ဆက်ချီတက်ခဲ့ကြတော့သည်။ နားဖာရွာနှင့် နားမကျိုင်းကျေးရွာမှာ မိုင်ဝက် တစ်မိုင်ခန့်သာ ကွာဝေးပေလိမ့်မည်။ နားမကျိုင်းရွာသို့ ရောက်သောအခါ နေ့လည်ကျောင်းဆင်းသွားပြီမို့ ကျောင်းလေးမှာ လူရှင်းနေ၏။ ကျနော်တို့အဖွဲ့ ကျောင်းလေးဆီကို ဦးတည်လာတာမြင်တော့ ကျောင်းလေးအနားရှိ အိမ်မှ အဖြူအစိမ်းဝတ် လူငယ်တစ်ဦးထွက်လာပြီး အကျိုးအကြောင်းမေးတာမို့ ကျနော်မှ စာရေးကိရိယာ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းပြပြီး အပြန်မှ ဝင်ပြီးလှူမည်ဖြစ်ကြောင်း စာရေးကိရိယာများကို ထားခဲ့လိုကြောင်း၊ အကယ်၍ ကျောင်းဆင်းချိန်အထိ ကျနော်တို့အဖွဲ့ရောက်မလာသေးလျှင်လည်း နာရီဝက်ခန့်မျှ ကျောင်းမဆင်းသေးပဲ စောင့်ပေးစေလိုကြောင်း ပြောဆိုပြီး ကျောင်းလေးပေါ်တွင် စာရေးကိရိယာများတင်ထားခဲ့ပြီး ကျနော်တို့အဖွဲ့ မူလခေါင်တုန့်စည် ရွာလေးဆီသို့ ဆက်လက်ထွက်ခွာလာခဲ့ကြတော့သည်။ အချိန်ကား နေ့လည် တစ်နာရီထိုးပြီးချေပြီ။
နားမကျိုင်းကျေးရွာနှင့် မူလခေါင်တုန့်စည်ကျေးရွာကြားလမ်းမှာ ကျနော်တို့ လာရောက်ခဲ့သည့် နှစ်နှစ်လုံး ဆိုးဝါးခဲ့သည်ချည်းသာ…. ယခုနှစ်မှာတော့ မိုးပြတ်သည့်ရက် ကြာနေသည်မို့ အချို့နေရာတွင်သာ လမ်းကပျက်နေပြီး နေရာတော်တော်များများတွင် လမ်းက ခံသာနေပေသည်။ အဖွဲ့ဝင်အင်အားကလည်း နည်းပြီး လမ်းကလည်း မဆိုးတာမို့ ခါတိုင်းနှစ် နားမကျိုင်းနှင့် မူလခေါင်တုန့်စည်ရွာ ၅ မိုင်ခရီးမျှကို ၁နာရီခွဲ ၂ နာရီမျှ မောင်းရသော်လည်း ယခုမူ နာရီဝက်ကျော်ကျော်မျှသာ မောင်းရသည်။ မူလခေါင်တုန့်စည်ကျေးရွာ မူလတန်းကျောင်းလေးကား ရွာ၏ အရှေ့ဘက်တွင် တည်ရှိ၏။ ဤရွာလေးကား အိမ်ခြေသုံးဆယ်ကျော်မျှသာ ရှိပေလိမ့်မည်။ ယခင်က ရွာပျက်သွားခဲ့ပြီး ယခုနောက်ပိုင်းမှ ရွာပြန်တည်ကာ နေထိုင်နေကြခြင်းပင်။ ရွာလေးအား တောင်တန်းကြီးများက ပတ်ပတ်လည် ကာဆီးထားသကဲ့သို့ ချောင်းလေးမှာလည်း ရွာလေးအား ကွေ့ဝိုက် စီးဆင်းနေပေသည်။ ဘုန်းတော်ကြီးကျောင်းလေးမှာ ကုန်းမြင့်လေးတစ်ခုပေါ်တွင် တည်ရှိကာ ကြည့်လေမြင်လေရာ နေရာတိုင်း စိမ်းစိမ်းစိုစို အုံ့အုံ့မှိုင်းမှိုင်းနှင့်မို့ လက်ဝဲသုန္ဒရ အမတ်၏ မဲဇာတောင်ခြေရတုကိုသာ သတိရမိချေတော့သည်။ ဒီရွာလေးသို့ ကျနော်တို့အဖွဲ့ စာရေးကိရိယာ ပထမဆုံးလာရောက်လှူဒါန်းကြသည့် ၂၀၁၂/၁၃ ခုနှစ် ပညာသင်နှစ်တွင် စာသင်ဆောင်လေးမှာ အပြီးမသတ်နိုင်သေးသဖြင့် ကျောင်းပင်မဖွင့်နိုင်ဖြစ်နေသည့် အခြေအနေပင်…။ ကျနော်ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာလေးကို mandalaygazette.com တွင် ပုံလေးများနှင့်တစ်ကွ စာရေးတင်လိုက်ရာ mandalaygazette.com မှ အဖွဲ့ဝင်များ၏ စိတ်အားထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းမှု၊ ကူးဆိပ်ကျေးရွာ ဘုန်းတော်ကြီး၏ ကမကထအားထုတ်ကြိုးပမ်း ဆောင်ရွက်မှုတို့ကြောင့် ၄င်းနှစ်မှာပင် စာသင်ဆောင်လေးအား အပြီးသတ်နိုင်ခဲ့ပေသည်။ ကျနော်တို့အဖွဲ့မှလည်း သင်ပုန်း၊ အမှိုက်ပုံး၊ ရေလောင်းအိမ်သာခွက်များကို လှူဒါန်းပေးခဲ့သည်။ ထိုသို့စာသင်ဆောင်လေး အောင်မြင်ပြီးမြောက်သွားပြီးနောက် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းအဆင့်မှ အခြေခံပညာ မူလတန်းကျောင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။ မည်သို့ပင်ဖြစ်စေ ကလေးများအတွက် မူလတန်းပညာရေးကို ရွာမှ မခွာပဲ သင်ယူရနိုင်သည်မို့ ကျေးဇူးတင်စရာပင်….။ ကျနော်တို့အဖွဲ့ ကျောင်းလေးဆီသို့ရောက်တော့ နေ့လည်ကျောင်းတက်နေပြီမို့ ဆရာမလေးများ ရောက်နေကြချေပြီ….။ ကျောင်းသား/သူလေးများမှာလည်း ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်လေးများကို မြင်တော့ ဝမ်းသာသည့် မျက်နှာလေးများကား ဖြူဖြူစင်စင်နှင့် မို့ ချစ်စရာ ကောင်းလှသည်။ ဆရာမလေးများအား စာရေးကိရိယာများလာလှူသည့်အကြောင်းပြောပြတော့ ကျေးဇူးတင်ပါကြောင်း ပြောကြ၏။ ကျနော်မှ ကျောင်းသားအရေအတွက်ကိုမေးသည့်အခါ ကျောင်းသား/သူ ၂၇ ဦးရှိကြောင်း သိရသဖြင့် လှူဒါန်းမည့် စာရေးကိရိယာများကို ပြင်ဆင်ကာ ကျောင်းသုံးပစ္စည်းလေးများကို ဆရာမလေးအား ပေးအပ်သည့် မှတ်တမ်းဓာတ်ပုံ ရိုက်ယူလိုက်သည်။ ဤကျောင်းလေးတွင် ဆရာမလေးသုံးဦးမှ တာဝန်ယူ သင်ကြားပေးနေကြခြင်းပင်… အိမ်ခြေနည်းသည့်အကြောင်းကို ဆရာမလေးတစ်ဦးမှ.. "ကျောင်းအကျိုးတော်ဆောင်ကော်မတီဖွဲ့လိုက်တာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေနဲ့တင် ရွာကလူတွေကုန်သွားရော အဖွဲ့ဝင်တောင် မရှိတော့ဘူး…"ဟု ရယ်မောကာ ပြောပြသည်။ ကျနောတို့အဖွဲ့ ကလေးများကို စာရေးကိရိယာများ ဝေငနေကြစဉ် ကျေးရွာမှ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များရောက်လာကြပြီး ကြိုအကြောင်းမထားခြင်းကို စိတ်မကောင်းဟု ပြောနေပြီး ရွာထဲသို့ လိုက်ပြီး နားကြရန်လည်း ဖိတ်ခေါ်နေကြသေး၏။ ကျနော်တို့ ယခင်နှစ်များတွင် ဒီရွာလေးမှာ နံနက်စာစားကြခြင်းပင်… ကျနော်တို့ အဖွဲ့လာမည့်ရက်ကို ကြိုတင်အသိပေးထားသဖြင့် ရွာမှ နံနက်စာကို ပြင်ဆင်ပေးထားကြခြင်းဖြစ်သည်။ ယခုနှစ်မှာတော့ ကြိုတင်အကြောင်းမကြားတော့ပဲ လာရောက် လှူဒါန်းကြခြင်းဖြစ်သည်။ လူအင်အား မများခြင်းနှင့် ကျနော်တို့အဖွဲ့အတွက် ရွာသူ/သား အလုပ်ရှုပ် ပင်ပန်းနေကြမည်ကိုလည်း မလိုလားခြင်းကြောင့် ဖြစ်၏။ ကျနော်မှ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများကို ကြိုအကြောင်းမကြားမိသည်ကို တောင်းပန်ပါကြောင်း အပြန်ခရီးမိုးချုပ်မည်စိုးသဖြင့် ရွာထဲသို့လည်း လိုက်မနားနိုင်တော့ကြောင်း တောင်းပန်စကားပြောကြားပြီး … ဆရာမလေးများ၊ ကျောင်းသား/သူလေးများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များနှင့် စာသင်ဆောင်လေးရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်လိုက်ကြသည်။ ပြီးနောက် အားလုံးကို နှုတ်ဆက်ကာ ပြန်ထွက်လာကြတော့ ညနေ ၂ နာရီ ထိုးပြီးချေပြီ။ နှုတ်ဆက်ခဲ့ပါတယ်… မူလခေါင်တုန့်စည် ရွာလေးရေ…. နောက်နှစ်လည်း တစ်ခါပြန်ရောက်ချင်ပါသေးတယ်…. ဟု စိတ်ထဲမှာ ရေရွတ်ရင်း…….



Saturday, January 10, 2015

မော်ဟန် သီရိဝေလာကျောင်းတွင် ဂြိုဟ်ရှစ်ခွင် စေတီ အုတ်မြစ်စီ မင်္ဂလာ ကျင်းပ


တစ်အိမ်ကို ၁၂၀၀ ကျပ် ထည့်ဝင်ထားရတဲ့ ဘုရားပွဲ ကျင်းပတော့မည်


မော်လူးဒေသ ဟဲနုကျေးရွာ တပ်ဦးဓာတ်ပေါင်းစု စေတီ ဗုဒ္ဓပူဇနိယပွဲ 15.1.15 ရက်နေ့မှ 19.1.15 ရက်ထိ ကျင်းပမည်။
အေးအေးချမ်းချမ်း ပျော်ရွှင်ကုသိုလ်ယူနိုင်ကြပါစေ။
မူးယစ် ရန်ဖြစ် ရဲဖမ်းခြင်းမှ ကင်းဝေးကြပါစေ။

သတင်းရင်းမြစ် Facebook အကင်ဆိုင်

Friday, January 9, 2015

MPT နှုန်းထားအသစ် နှင့် ၀န်ဆောင်မှုအသစ် 35ကျပ်တဲ့ ယုတ်တုန်းရှိသေးတယ်

MPT နှုန်းထားအသစ် နှင့် ၀န်ဆောင်မှုအသစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် နှုန်းထားအသစ် နှင့် ၀န်ဆောင်မှုအသစ်ကို စတင် ဆောင်ရွက်မည်။

ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ အတွေ့အကြုံများဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ(၁၂)ရက်နေ့ တွင် ဝန်ဆောင်မှု အသစ်များနှင့် နှုန်းထားအသစ်များကို ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းသည့်အနေနှင့် စတင် ဆောင်ရွက်မည် ဖြစ်ပါသည်။
“ကျွန်တော်တို.ရဲ. ၀န်ဆောင်မှု နှုန်းထားသစ်များ ကြေညာ တာကို သိရှိနိုင်ဖို.အတွက်သုံးစွဲသူများဟာ စောင့်ဆိုင်းနေခဲ့ကြရပါတယ်။ ယခုအခါမှာဆိုရင် ကျွန်တော်တို.ရဲ. ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု စွမ်းပကားနှင့် ၀န်ဆောင်မှုပေးနေတဲ. အခြေအနေတွေအပေါ်မှာ ကောင်းစွာ ယုံကြည်မှု ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့် ကမ်းလှမ်းမှုနှုန်းထား အသစ်တွေနှင့်အတူ မြန်မာနိုင်ငံသူနိုင်ငံသားများကို ဆက်သွယ်ချိတ်ဆက်ပေးမဲ့ နောက်ထပ် ခြေလှမ်းသစ်ကို မျှဝေပေးချင်ပါတယ်။”ဟု MPT-KDDI-Sumitomo ပူးပေါင်းလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက ဇန်နဝါရီလ (၉)ရက်၊ သောကြာနေ့၌ ပြုလုပ်သော ဝန်ဆောင်မှု အသစ်များ မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်ဦးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများအတွက် ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှု(၅)ခုကို ကြေညာခဲ့ပါသည်။
၁။ ဆွေသဟာ အစီအစဉ်သစ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ(၁၂)ရက် နေ့တွင် ဆွေသဟာ အမည်ရှိ အစီအစဉ်သစ်ကို စတင် ၀န်ဆောင်မှု ပေးမည် ဖြစ်ပါသည်။ ထိုအစီအစဉ်အရ ပြည်သူများအနေနှင့် ဖုန်း ပြောခြင်း၊ SMS ပေးပို့ခြင်း တို့ကို ဈေးနှုန်း ချိုသာစွာဖြင့် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ကာ ပိုမိုမြန်နှုန်းမြင့်သော အင်တာနက်အသုံးပြုခွင့်ကိုပါ ရရှိမည် ဖြစ်ပါသည်။ ဆွေသဟာအစီအစဉ်ကို ရယူရန် အတွက် မှတ်ပုံတင် စာရင်းပေးပို့ရန် လိုအပ် ပါသည်။ ထို့ ပြင် GSM နှင့် WCDMA သုံးစွဲသူများသာလျှင် ဆွေသဟာ အစီအစဉ်ကို ရယူ သုံးစွဲနိုင်ခွင့် ရှိပါသည်။
ဆွေသဟာ၊ “သုံးသလောက် ပေးရမည့် ” အစီအစဉ်သစ်၏ အဓိက အချက်များ
ဈေးနှုန်းချိုသာခြင်း
တစ်မိနစ်လျှင် ၃၅ကျပ် နှုန်း မျှ ဖြင့် မည်သည့် ဖုန်းနံပါတ် ကိုမဆို အချိန် မရွေး ခေါ်ဆို နိုင်ပါမည်။
SMS ပို့ခ မှာ တစ်စောင် လျှင် ၁၅ ကျပ်နှုန်း ဖြစ်ပါသည်။
ဈေးနှုန်းနှင့် ၀န်ဆောင်မှု အသစ် ကို စတင် မိတ်ဆက် အရောင်း မြှင့်တင်ခြင်း ပြုလုပ်သည့် နေ့မှ စ၍ ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ အထိ ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင် သုံးစွဲသူတိုင်း သည် မိမိနှစ်သက်ရာ MPTနံပါတ် (၃)ခုကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။
အင်တာနက် ချိတ်ဆက်ခ ပေးရန် မလိုဘဲ အင်တာနက်ကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ခြင်း။
ဆွေသဟာအစီအစဉ်တွင် မှတ်မုံတင်စာရင်းသွင်းလိုက်လျှင် အင်တာနက် ချိတ်ဆက်ခ ပေးရန်မလိုပဲ အင်တာနက် ချိတ်ဆက်အသုံးပြုခွင့် ရပါမည်။
အင်တာနက်အသုံးပြုမှုကို “မိနစ်” ဖြင့် မကောက်ခံပဲ သုံးစွဲသည့် “ပမာဏ” ဖြင့်သာ ကောက်ခံပါမည်။ ကောက်ခံမည့်နှုန်းထားမှာ 1 MB လျှင် ၁၅ ကျပ် ဖြစ်ပါသည်။
ဈေးနှုန်း နှင့် ၀န်ဆောင်မှု အသစ် ကို စတင် မိတ်ဆက်ကာ အရောင်း မြှင့်တင်သည့် နေ့မှ စ၍ ၂၀၁၅ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ အထိ ဆွေသဟာ အစီအစဉ်ကို သုံးစွဲသူတိုင်း အား အင်တာနက် 50 MB အခမဲ့ သုံးစွဲခွင့် ပေးပါမည်။
 မြန်နှုန်းမြင့် အင်တာနက် သုံးစွဲခွင့် ရခြင်း
ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင်သုံးစွဲခြင်းဖြင့် HSPA+3G ဆက်သွယ်ရေးကွန်ရက်နည်းပညာဖြင့် ချိတ်ဆက်ကာ ပိုမိုမြန်ဆန်သော အင်တာနက်ကို သုံးစွဲခွင့် ရလာကြမည် ဖြစ်ပါသည်။ အမြင့်ဆုံး အမြန်နှုန်းမှာ သီအိုရိအရ 42Mps ဖြစ်ပါသည်။ (သို့သော် ထိုမြန်နှုန်းမှာ အသုံးပြုသည့် နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်းနှင့် အသုံးပြုနေသော နေရာရှိ ဆက်သွယ်ရေး စနစ်က ပေးထားသည့် အခြေအနေတို့အပေါ် မူတည်ပါသည်။)
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မည့် ဧရိယာ ပိုမိုကျယ်ပြန့်လာအောင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ပြင် အင်တာနက် ဆက်သွယ်ရေး ကွန်ရက်၏ မြန်နှုန်းကိုပါ တိုးမြှင့်ဆောင်ရွက်ခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အဆင်ပြေ ချောမွေ့သော အင်တာနက်ဆက်သွယ်မှုကို ခံစားခွင့် ရလာမည့် ဖြစ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အချိန်ပေါ် အခြေခံ၍ ကောက်ယူသည့် စနစ်တွင် 3G ကွန်ရက် အတွက် 256Kbps မြန်နှုန်းနှင့် 2G ကွန်ရက်အတွက် 128Kbps မြန်နှုန်းဖြင့်သာ သုံးစွဲခွင့် ရခဲ့ကြပါသည်။ (အသုံးပြုသောနေရာ၊အချိန်၊လက်ကိုင်ဖုန်း အမျိုးအစား၊မိုဘိုင်းဖုန်း စနစ် အတွင်းရရှိမှု တို့အပေါ်မူတည် ၍ အင်တာနက် မြန်နှုန်း ကို အကောင်းဆုံးရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ထားပါသည်။)



မူလနှုန်းထား
ဆွေသဟာ
သုံးစွဲနိုင်ခွင့်ရှိသူ MPT သုံးစွဲသူအားလုံး GSM/ WCDMA သုံးစွဲသူများ
မှတ်ပုံတင်နည်း Default tariff Prepaid သုံးစွဲသူအတွက် “SWE” ဟု ရိုက်ပါ။ (သို့မဟုတ်)Postpaid သုံးစွဲသူအတွက် “POSTSWE“ ဟု ရိုက်ပါ။ထို့နောက် ၁၃၃၂ သို့ SMS ပို့ပါ။(မူလဈေးနှုန်းမှ ဆွေသဟာသို့ပြောင်းသုံးခြင်း)
ဖုန်းခေါ်ဆိုခ နှုန်း တစ်မိနစ် ၅၀ ကျပ်အသုံးမများချိန်(၂၃း၀၀-၀၇း၀၀)တွင် တစ်မိနစ် ၂၅ကျပ် အရောင်းမြှင့်အစီအစဉ်း နှစ်သက်ရာMPT နံပါတ်(၃)ခုအတွက် တစ်မိနစ်လျှင် ၂၅ကျပ် နှုန်းဖြင့် ရက်ပေါင်း(၃၀)
SMS ပို့ခ နှုန်း တစ်စောင် ၂၅ကျပ် တစ်စောင်လျှင် ၁၅ကျပ်
အင်တာနက် သုံးခနှုန်း တစ်မိနစ် ၄ကျပ်(3G ကွန်ရက်)တစ်မိနစ် ၂ကျပ်(2G ကွန်ရက်)
အင်တာနက်ဖွင့်ခ ၁၀၀၀၀ကျပ်
အင်တာနက်မြန်နှုန်း 256kbps for 3G and 128Kbps for 2G SIM cards.
1MB လျှင် ၁၅ကျပ်
အင်တာနက် လျှောက်ထားခြင်း အခမဲ့
မြန်နှုန်းမြင့်အင်တာနက် (42Mbpsထိ)
အရောင်းမြှင့်အစီအစဉ်: မှတ်ပုံတင်ပြီးသည့် နေ့မှစ၍ ရက်(၃၀) အတွင်း 50MB အပိုဆောင်း ပေးခြင်း
 ၂။ ဖုန်းခေါ်ခြင်း၊ အင်တာနက် အသုံးပြုခြင်းကို ဈေးချိုချိုဖြင့် ဆောင်ရွက်ပေးခြင်း

ဆွေသဟာအစီအစဉ်သည် မိုဘိုင်းဖုန်းဖြင့် ကြိမ်ဖန်များစွာ ချိတ်ဆက်ပြောဆို၊ အင်တာနက် ကြည့်လိုသူများအတွက် ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးရန် အထူး စီစဉ်ထားပါသည်။ ထိုအထူးအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ဆွေသဟာအသုံးပြုသူများအတွက် မူလ ကမ်းလှမ်းချက် များထက် ပိုမိုသက်သာသော နှုန်းထားများကို ခံစားခွင့် ရမည် ဖြစ်ပါသည်။
Package
ခွင့်ပြုပမာဏ Package ဈေးနှုန်း သက်တမ်း
မည်သို့ ၀ယ်ယူမည်
Voice Package MPT ဖုန်းနံပါတ်များ အားလုံးသို့ မိနစ်ပေါင်း ၄၈၀ ခေါ်ဆိုနိုင်ခြင်း ၁၂၀၀၀ကျပ်တစ်မိနစ် ၂၅ကျပ်နှုန်း ၃၀ ရက် “480MIN” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊*
Internet Package 400MB 400 MB ၅၀၀၀ကျပ်1MBလျှင် ၁၂.၅ကျပ် ၃၀ ရက် “400MB” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊*
Internet Package 1GB 1 GB ၁၀၀၀၀ကျပ်1MBလျှင် ၁၀ကျပ် ၃၀ ရက် “1GB” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊* * မှတ်ပုံတင်ပြီးသည်နှင့် ဖုန်းလက်ကျန်ငွေမှ Packages ၏ ကျသင့်ငွေကို နုတ်ယူပါမည်။
ဆွေသဟာအစီအစဉ် ရယူထားပြီးသော GSM/WCDMA သုံးစွဲသူ (Prepaid & Postpaid) များသာလျှင် ဆွေသဟာ Packages များကို ရရှိနိုင်ပါသည်။

၃။ အခမဲ့ ထပ်ဆောင်းဝန်ဆောင်မှု အသစ်များ
ထို့အပြင် ထပ်ဆောင်း ၀န်ဆောင်မှု အသစ်များကိုလည်း မှတ်ပုံတင်ကာ အခမဲ့ ရယူ သုံးစွဲနိုင်ပါသည်။
ဝန်ဆောင်မှု
ဖေါ်ပြချက်
မည်သို့ ရယူမည်
Voicemail သုံးစွဲသူထံသို့ ခေါ်ဆို မရသည့်အခါ ခေါ်ဆိုသူဘက်မှ အသံဖြင့် သတင်းစကား ချန်ထား နိုင်ပါသည်၊ “VMS” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊
Missed call alert ဖုန်းပိတ်ထားစဉ်တွင် တစ်စုံတစ်ဦးမှ ခေါ်ဆိုထား ပါက အကြောင်းကြားချက် ပေးပို့ နိုင်ပါသည်၊ “MCA” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊
Call forward သုံးစွဲသူထံ ခေါ်ဆိုမှုများကို အခြားနံပါတ်များသို့ လွှဲပြောင်း ပေးပို့ နိုင်ပါသည်၊ “CF” ဟု ရိုက်၍ 1331 သို့ SMS ပို့ပါ၊
Call waiting သုံးစွဲသူမှ ဖုန်းပြောနေစဉ် အတွင်း ဒုတိယလူ တစ်ဦးဦးက ခေါ်ဆိုလာခဲ့လျှင် ခေါ်ဆိုကြောင်း သိရမည်ဖြစ်ပြီး၊ ဒုတိယ ခေါ်ဆိုသူအား လက်ခံစကားပြော နေစဉ်တွင် ပထမ ပြောနေသူကို စောင့်ဆိုင်းထားစေ နိုင်ပါသည်၊ “CW” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊၄။ ဆက်သွယ်ရေးဝန်ဆောင်မှုကို လူတိုင်း လက်လှမ်း မီစေမည့် တန်ဘိုးနည်း ငွေဖြည့်ကဒ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည် ပြည်သူလူထု အများစုကြီးက တယ်လီဖုန်း ဆက်သွယ်မှုကို လက်လှမ်းမီစွာ သုံးစွဲနိုင်ရန်အတွက် တန်ဘိုးနည်း ငွေဖြည့်ကဒ်များ ဖြစ်သည့် ၁၀၀၀ ကျပ်တန် နှင့် ၃၀၀၀ ကျပ်တန် ငွေဖြည့်ကဒ်များကို စတင် မိတ်ဆက် ရောင်းချပေးမည် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက် နေ့ မှ စတင်၍ ပုံမှန် အရောင်း ဆိုင်များ နှင့် e-top-up မှတဆင့် အဆိုပါ ငွေဖြည့်ကဒ်များကို ၀ယ်ယူ ရရှိနိုင်ပါသည်။

၅။ Sim Card အစားထိုး လဲလှယ်ခ နှုန်းထား လျှော့ချခြင်း

ယခင်က Sim Card ပျောက်ဆုံး သွားလျှင် Sim Card အသစ် ပြန်လည်ရယူလိုသူများ အနေနှင့် ငွေကျပ် ၂၀,၀၀၀ ကျခံရပါသည်။ သုံးစွဲသူများ၏ အကြံပြုချက်များ အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Sim Card ပျောက်ဆုံး၊ ပျက်စီး မှုများ အတွက် ၁၅၀၀ ကျပ် ပေးရုံမျှဖြင့် ကဒ်အသစ်တစ်ခု ပြန်လည် ရရှိ စေရန် စီစဉ်ထားပါသည်။ Sim Card ပျက်များအတွက် ပျက်စီးမှုသည် သုံးစွဲသူကြောင့် မဟုတ်ပါက Sim Card ကို အခမဲ့ ပြန်လည် ထုတ်ပေး ပါမည်။
ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အသစ်နှင့် ပက်သက်၍ “ဆက်သွယ်ရေး ကွန်ရက် ဧရိယာလွှမ်းခြုံမှုကို ကျေးလက်ဒေသများသို့ တိုးချဲ့ နေစဉ်နှင့် တစ်ဆထက် တစ်ဆ ပိုမို များပြားလာသော သုံးစွဲသူများအား ဝန်ဆောင်မှုပေးနေစဉ် အတွင်း အကောင်းဆုံးအဆင့်မီ စွာ ဆောင်ရွက် ပေးနိုင်ရန်အတွက် ဆက်သွယ်ရေး ကွန်ရက်၏ စွမ်းပကားကို ဆက်လက် တိုးချဲ့ဆောင်ရွက် သွားမည်” ဟု မစ္စတာ နာဂရှီးမားက နိဂုံးချုပ်စကားပြော ကြားသွားပါသည်


အသေးစိတ်သိရှိလိုပါက www.mpt.com.mm နှင့် MPT ၏ facebook စာမျက်နှာ www.facebook.com/mptofficialpage တို့တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

ရန်ကုန်၊၂၀၁၅ခုနှစ်၊ဇန်န၀ါရီလ(၉)ရက်

မော်လူး မြမာလာ ရပ် တွင် မီးလောင်


ဇန်​နဝါရီ၉ရက်​ည၇နာရီ၃၀မိနစ်​အချိန်​က​မော်​လူးမြမာလာရပ်​ကွက်​ရှိကုန်​တင်​ကုန်​ချအလုပ်​သမားရုံး၌မီး​လောင်​မှုဖြစ်​ပွားခဲ့သည်​။

အနီးရှိလူများမှဝိုင်း​ဝန်းငြိမ်းသတ်​မှု့​ကြောင့်​၁၀မိနစ်​ခန့်​သာမီး​လောင်​ခဲ့သည်​။
ဘယ်​ကစဘာ​ကြောင့်​​လောင်​တာကိုတာဝန်​ရှိသူများကစုံစမ်းလျက်​ရှိ

ဒေသခံတစ်​ဦး


စက်ပိုင်ရှင်များ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမှု ဆောင်ရွက်ပေး


စက်ပိုင်ရှင်များအား လုပ်ငန်းလိုင်စင်သက်တမ်း တိုးမြင့်ခြင်း ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာတွင် ဆန်စက်ပိုင်ရှင်များအား အင်းတော်မြို့ စီးပွားကူးသန်း ကုန်သွယ်မြင့်တင်မှု ဦးစီးဋ္ဌာနမှ ဇန်နဝါရီ ၅ ရက်နေ့က လုပ်ငန်းလိုင်စင် သက်တမ်း တိုးမြင့်ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းလုပ်ငန်းလိုင်စင် သက်တမ်း တိုးမြင့်ဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ စီးပွားကူးသန်း ကုန်သွယ်မြင့်တင်မှု ဦးစီးဋ္ဌာန မြို့နယ်တာဝန်ခံ ဦးကြည်နိုင်ဦး၊ အကူ ဦးမျိုးနိုင်တို့သည် ဆန်စက်ပိုင်ရှင်များအား SME အသေးစား စက်မှုလက်မှု လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဆန်စက် ၁၂ လုံးကို လုပ်ငန်းလိုင်စင် သက်တမ်းတိုး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်း လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကို တစ်နှစ်တစ်ကြိမ် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

မြိုင်သာယာကျေးရွာတွင် တာဝါတိုင် စိုက်တော့မည်

ကချင်ပြည်နယ် မြိုင်သာယာကျေးရွာတွင် GSM ဖုန်း တာဝါတိုင် စိုက်ထူတော့မည်
မိုးညှင်း၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် အောင်မြင့်ကြိုင် ကုမ္ပဏီမှ တာဝန်ယူကာ GSM ဖုန်းတာဝါတိုင်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်စိုက်ထူတော့မည်ဖြစ်ကြောင်း သိရသည်။
စိုက်ထူမည့် ဖုန်းတာဝါတိုင်မှာ ဖောင်ဒေးရှင်းအပါ အမြင့် ၇၀ မီတာ(၂၂၀ ပေခန့်)၊ အကျယ် ၁၅ မီတာ ပတ်လည်(၄၅ ပေခန့်)၊ မြေကြီးအတွင်းသို့ အနက် ၁၀ ပေခန့်ရှိမည်ဖြစ်ကြောင်း၊ ဖုန်းတာဝါတိုင် စိုက်ထူခြင်းကို အောင်မြင့်ကြိုင် ကုမ္ပဏီမှ တာဝန်ယူကာ လုပ်သားအင်အား ၂၀ဦးခန့်ဖြင့် ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၂၀ အတွင်း အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း အောင်မြင့်ကြိုင်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

မော်လူးဘူတာနှင့် ပင်ဝဲဘူတာကြား ဖားတုံးများလဲလှယ်တပ်ဆင်



မန္တလေး - မြစ်ကြီးနား မီးရထားလမ်း ပင်ဝဲဘူတာနှင့် မော်လူးဘူတာကြား မီးရထားလမ်း အဆင့်မြင့်တင်ခြင်း ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ပင်ဝဲဘူတာနှင့် မော်လူးဘူတာကြား မီးရထားလမ်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်၍ ကွန်ကရစ် ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်ကာ မီးရထားလမ်း အဆင့်မြင့်တင်ခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယင်းမီးရထားလမ်း ကွန်ကရစ် ဇလီဖားတုံး လှဲလှယ်တပ်ဆင်ခြင်းကို အင်းတော်မီးရထားဘူတာမှ လမ်းဗိုလ်ကြီး ဦးတင်လှ ဦးဆောင်ပြီး မော်လူးမီးရထားဘူတာမှ လမ်းဗိုလ်လေး ဦးထင်လတ်အောင်နှင့်ပြင်ပ သံလမ်းအလုပ်သမား ၁၅ ဦးတို့သည် သစ်သားဇလီဖားတုံးများနေရာတွင် ကွန်ကရစ်ဇလီဖားတုံးများဖြင့် လှဲလှယ်တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး တစ်ရက်လျှင် ဇလီဖားတုံး ၅၀တုံး လှဲလှယ်ဆောင်ရွက်နိုင်ကြောင်း၊ ပင်ဝယ်ဘူတာနှင့် မီးရထားဘူတာကြားတွင် ကွန်ကရစ်ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်ပြီးစီးပါက မော်လူးမီးရထားဘူတာယာဒ်ဝင်းရှိ မီးရထားလမ်းများအား ကွန်ကရစ်ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

နန့်စီးအောင် အလက ရှေ့ ကတ္တရာ လမ်းပြုပြင်


ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး ကတ္တရာလမ်းသား တိုးချဲ့ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး ဖြတ်သန်းသွားရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင်-ပေကုန်းကျေးရွာတွင် လမ်းမကြီးအား ကတ္တရာလမ်းသား တိုးချဲ့ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်က လမ်းအထူးအဖွဲ့(၂)မှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယင်း လမ်းအထူးအဖွဲ့(၂)မှ SAE ဦးမြင့်သန်းအောင် ဦးစီးပြီး လမ်းအဖွဲ့ခေါင်း ဦးကျင်တိတ်မှ တာဝန်ယူကာ လုပ်သားအင်အား ၆၀ ဦးဖြင့် လမ်းအကျယ် ၂၄ ပေ၊ အရှည် ၂ ဖာလုံကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ နန့်စီးအောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှေ့ရှိ ပျက်စီးနေသော ကတ္တရာလမ်းအား အမြင့် ၈ လက်မထု၊ အရှည် ၄ ဖာလုံ အထိ အောက်ခံကျောက် ၂×၄ ၊ အပေါ်ပိုင်း ၁×၂ ကျောက်များဖြင့် ထိန်းသိမ်းရေးအဖြစ် နေ့စဉ် နံနက် ၇ နာရီမှ နေ့လည် ၁၁နာရီခွဲအထိလည်းကောင်း၊ နေ့လည် ၁၂ နာရီခွဲမှ ညနေ ၄ နာရီအထိလည်းကောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိကြောင်း လမ်းအထူးအဖွဲ့(၂) လမ်းအဖွဲ့ခေါင်းမှ ပြောပြသည်။

မြထုံးတောင်စေတီ ထီးတင်ပွဲ ကျင်းပမည်

သတင်းရင်းမြစ်  facebook မှ ဖြစ်ပါတယ်။

Thursday, January 8, 2015

အသွင်သစ် တွေနဲ့ အမြင်ထူးလာသော မော်လူး တောင်စူးစူးက စေတီ update ဓါတ်ပုံ

ဘုရားကြီးကျောင်းတိုက်က

စေတီတော်ပါ


မြန်မာပြည်တွင်နေထိုင်သောတိုင်းရင်းသား (၁၃၅) မျိုး မော်လူးဒေသ သားများမှတ်သားစေဘို့




တိုင်းရင်းသား (၁၃၅) မျိုးကို တင်ပြလိုက်ပါတယ်။
ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။
(၁) ကချင် Kachin
(၂) တရုမ်းTaron Taron
(၃) ဒလောင် Dalaung
(၄) ဂျိန်းဖော Jinghpaw
(၅) ဂေါ်ရီ Guar
(၆) ခခူ Hkahu
(၇) ဒူးလန်း Duleng
(၈) မရူ (လော်ဝေါ်) Maru (Lawgore)
(၉) ရ၀မ် Rawang
(၁၀) လရှီ (လချိတ်) Lashi (La Chit)
(၁၁) အဇီး Atsi
(၁၂) လီဆူး Lisu
ကယားတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၁၃) ကယား Kayah
(၁၄) ဇယိမ်း Zayein
(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)
(၁၆) ကဲ့ခို Gheko
(၁၇) ဂေဘား Kebar
(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)
(၁၉) မနုမနော Manu Manaw
(၂၀) ယင်းတလဲ Yin Talai
(၂၁) ယင်းဘော် Yin Baw
ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိသည်။
(၂၂) ကရင် Kayin
(၂၃)ကရင်ဖြူ Kayinpyu
(၂၄) ပလေကီး Pa-Le-Chi
(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)
(၂၆) စကော Sgaw
(၂၇) တာလှေပွား Ta-Lay-Pwa
(၂၈) ပကူး Paku
(၂၉) ဘွဲ Bwe
(၃၀) မော်နေပွား Monnepwa
(၃၁) မိုးပွား Monpwa
(၃၂) ရှူး (ပိုး) Shu (Pwo)
ချင်းတွင် လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိသည်။
(၃၃) ချင်း (ဇိုမီး) Chin (Zomi)
(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)
(၃၅) ဆလိုင်း Saline
(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)
(၃၇) ခမီ Khami (or)ခူမီး Khumi
(၃၈) အ၀ခမီ Awa Khami
(၃၉) ခေါနိုး Khawno
(၄၀) ခေါင်စို Kaungso
(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin
(၄၂) ခွာဆင်းမ် Kwelshin
(၄၃) ခွန်လီ (ဆင်) Kwangli (Sim)
(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)
(၄၅) ဂွေးတဲ Gwete
(၄၆) ငွန်း Ngorn
(၄၇) ဆီစာန် Zizan
(၄၈) ဆင်တန် Sentang
(၄၉) ဆိုင်းဇန် Saing Zan
(၅၀) ဇာဟောင် Za-How
(၅၁) ဇိုတုံး Zotung
(၅၂) ဇိုဖေ Zo-Pe
(၅၃) ဇို Zo
(၅၄) ဇန်ညှပ် Zahnyet (Zanniet)
(၅၅) တပေါင်Tapong
(၅၆) တီးတိန် Tiddim (Hai-Dim)
(၅၇) တေဇန် Tay-Zan
(၅၈) တိုင်ချွန်း Taishon
(၅၉) သဒို Thado
(၆၀) တောရ် Torr
(၆၁) ဒမ် Dim
(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)
(၆၃) နာဂ Naga
(၆၄) Tanghkul
(၆၅) Malin
(၆၆) Panun
(၆၇) Magun
(၆၈) Matu
(၆၉) Miram (Mara)
(၇၀) Mi-er
(၇၁) Mgan
(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)
(၇၃) Laymyo
(၇၄) Lyente
(၇၅) လောက်တူ Lawhtu
(၇၆) လိုင် Lai
(၇၇) လိုင်ဇို Laizao
(၇၈) ၀ါကင်းမ် Wakim (Mro)
(၇၉) Haulngo
(၈၀) အနူး Anu
(၈၁) အနန် Anun
(၈၂) Oo-Pu
(၈၃) လင်းဘု Lhinbu
(၈၄) အရှိုAsho (Plain)
(၈၅) Rongtu
ဗမာတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။
(၈၆) ဗမာ Bamar
(၈၇) ထားဝယ် Dawei
(၈၈) မြိတ် Beik
(၈၉) ယော Yaw
(၉၀) ယဗိန်း Yabein
(၉၁) ကဒူး Kadu
(၉၂) ကနန်း Ganan
(၉၃) ဆလုံ Salon
(၉၄) ဖွန် Hpon
မွန်တွင် လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိသည်။
(၉၅) မွန် Mon
ရခိုင်တွင် လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိသည်။
(၉၆) ရခိုင် Rakhine
(၉၇) ကမန်လူမျိုး Kamein
(၉၈) ခမွီး Kwe Myi
(၉၉) ဒိုင်းနက် Daingnet
(၁၀၀) မရမာကြီး Maramagyi
(၁၀၁) မြို Mro
(၁၀၂) သက် Thet
ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိသည်။
(၁၀၃) ရှမ်း Shan
(၁၀၄) ယွန်း (လော) Yun (Lao)
(၁၀၅) ကြီ Kwi
(၁၀၆) ဖျင် Pyin
(၁၀၇) ယောင် Yao
(၁၀၈) ဓနော Danaw
(၁၀၉) ပလေး Pale
(၁၁၀) အင် Eng
(၁၁၁) စုံ Son
(၁၁၂) ခမူ Khamu
(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)
(၁၁၄) ကိုးကန့် Kokant
(၁၁၅) ခန္တီးရှမ်း Khamti Shan
(၁၁၆) ဂုံရှမ်း Hkun
(၁၁၇) တောင်ရိုး Taungyo
(၁၁၈) ဓနု Danu
(၁၁၉) ပလောင် Palaung
(၁၂၀) မြောင်ဇီး Man Zi
(၁၂၁) ယင်းကျား Yin Kya
(၁၂၂) ယင်းနက် Yin Net
(၁၂၃) ရှမ်းကလေး Shan Gale
(၁၂၄) ရှမ်းကြီး Shan Gyi
(၁၂၅) လားဟူ Lahu
(၁၂၆) အင်းသား Intha
(၁၂၇) အိုက်ဆွယ် Eik-swair
(၁၂၈) ပအိုဝ်း Pa-O
(၁၂၉) တိုင်းလွယ် Tai-Loi
(၁၃၀) တိုင်းလျမ် Tai-Lem
(၁၃၁) တိုင်းလုံ Tai-Lon
(၁၃၂) တိုင်းလေ့ Tai-Lay
(၁၃၃) မိုင်းသာ Maingtha
(၁၃၄) မောရှမ်း Maw Shan
(၁၃၅)၀ Wa
အားလုံးအတွက်အသုံးတည့်မယ့် လူဦးရေ ( ၁၃၅ ) မျိုးပါ။
Sk
Credit to Original Writer
K.K(ကနောင်)

ဆယ်စုနှစ် တစ်ခုကျော်သို့ ကျနော့် အလွမ်း ....

အခုရက်ပိုင်း မြစ်ကြီးနားမြို့မှာ ကျောင်းအတူတက်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ facebook ပေါ်မှာ ပြန်ဆက်သွယ်မိကြတယ်။ ဝမ်းသာစရာပေါ့။ အပြင်မှာ မတွေ့ကြရပေမဲ့ လိုင်းပေါ်မှာ ဆုံကြတဲ့ အချိန်လေးမှာ သာကြောင်းမာကြောင်းတွေ | ဘယ်ရောက်နေလဲ ဘာတွေလုပ်နေလဲ ဆိုတာတွေ အိမ်ထောင်ကျပီးပီလား ကလေးဘယ်နှစ်ယောက်ရပြီလဲ စသဖြင့် မေးဖြစ်ကြ ပြောဖြစ်ကြတာပေါ့။ နောက်တစ်ခါတွေ့ချိန်ကျတော့ ဟေ့ ဘယ်သူက ဘယ်ရောက်နေလဲ ဘာတွေလုပ်နေလဲ ဆိုတာတွေ ကျောင်းတုန်းက ဘာကို ဘယ်လိုလုပ်ခဲ့တာ ဆိုတာတွေပြောပြီး ကျောင်းတုန်းက ဘဝတွေကို ပြန်ပြောင်းအောက်မေ့တမ်းတ လွမ်းဆွတ်စွာ ပြောမိကြပြန်ရော။ ဒီရက်ပိုင်းအတွင်းမှာ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ တွေ့ပြီး အရင်ကအကြောင်းတွေ ပြောဖြစ်တော့ ကိုယ်တိုင် အသက်တွေငယ်သွား သလို ခံစားရတာပေါ့။ ကျနော်တို့တွေ လွန်လေပြီးခဲ့တဲ့ အတိတ်တိုင်းကို သတိရနေတတ် လွမ်းမိနေတတ်တာမှ မဟုတ်ပဲ။ သတိရစရာ လွမ်းမောစရာ ပျော်ရွှင်စရာ ကောင်းတဲ့ အတိတ်ကိုသာ ပိုမိုတမ်းတ သတိရလိုကြတာ မဟုတ်လား။ ဒီလို သတိရစရာ အတိတ်နေ့ရက်တွေ အကြောင်းကို ၂၀၁၁ ခုနှစ်လောက်က ဆယ်စုနှစ် တစ်ခုကျော်သို့ ကျနော့်အလွမ်းများဆိုပြီး စာလေးတစ်ပုဒ် multiply.com နဲ့ mandalaygazette.com ဝဘ်ဆိုဒ်တွေပေါ် ရေးတင်ဖြစ်ခဲ့ပါတတယ်။ အခု ကျောင်းတုန်းက သူငယ်ချင်းတွေပြန်ဆုံဖြစ်တော့ ကျနော့ အလွမ်းစာလေးကို သူတို့ကို ဖတ်ကြည့်စေသလို ကိုယ်တိုင်လည်း ပြန်ဖတ်ကြည့်မိပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်က ရေးထားတဲ့ စာမို့ လိုအပ်မှုတွေ ရှိကောင်းရှိနေပါလိမ့်မယ်။ ဒါပေမယ့် အရင်ကရေးထားတဲ့ မူရင်းလေးအတိုင်းပဲ ယခု mawluvillagers.blogspot.com မှာ တင်ဖြစ်ပါတယ်။
@@@@@@@@@@@@@@@@@@@@@@@@
ကျနော် အိပ်မရနိုင်ဖြစ်နေသော ညမှာ အခန်းငယ်လေးထဲမှနေ၍ အတိတ်ကို
တိတ်တဆိတ်သတိရနေမိ၏။ ကျနော့် အခန်းငယ်လေးဟု သုံးနှုန်းရခြင်းမှာ
ကျနော်နေသောအခန်းငယ်လေးသည် ၁၀ပေပတ်လည်မျှရှိသော အခန်းလေးဖြစ်
ခြင်းကြောင့်ပင်…။ ဒီအခန်းငယ်လေးကို ကျနော်အိပ်ချိန်နှင့် စိတ်ဖိစီးမှုများချိန်မှသာ
နေလေ့ရှိသည်။ ဒီအခန်းငယ်လေးထဲမှာ ခုတင်တစ်လုံး၊ စာအုပ်စင်လေးတစ်ခု၊ စာကြည့်စားပွဲ
တစ်လုံး၊ စာအုပ်သေတ္တာနှစ်လုံးမှအပ ကျန်ပစ္စည်းများဘာဆိုဘာမျှမရှိချေ။
ဒီည ကျနော် ၁၁နာရီထိုးမှအခန်းသို့ပြန်ရောက်ခဲ့သည်။ တစ်နေ့လုံး အလုပ်များနေသည့်အတွက်
အားပါးတရ အိပ်စက်ပစ်မည်ဟုကြံရွယ်သော်လည်း လဲလျောင်းလိုက်ခါမှ အိပ်ချင်စိတ်တို့က
လွင့်ပါးပျောက်ကွယ်သွားကြလေ၏။ တောင်စဉ်ရေမရ အတွေးများကြားမှ ဆယ်စုနှစ်တစ်ခုကျော်
က နေထိုင်ခဲ့ရသော မြို့လေးဆီသို့ အတွေးများရောက်ရှိသွားပေတော့သည်။
အတိတ်မှ နေ့ရက်များသည် ကျနော့်အား ကလူကျီစယ်နေကြ၏။ မြို့လေးမှာ နေထိုင်ခဲ့ရသော
သုံးနှစ်တာကာလအပိုင်းအခြားလေးသည် အပူပင်မဲ့သော နေ့ရက်များဟု အမည်တပ်မရသော်လည်း
မွန်းကြပ်မှုများနည်းပါးသောနေ့ရက်များဟုဆိုလျှင်မှားအံ့မထင်။ မြို့လေးဆိုပေမယ့် မြန်မာပြည်
မြောက်ပိုင်းမှာတော့ မြို့ကြီးပင်။ ကချင်ပြည်နယ်၏ မြို့တော်မို့ လူမျိုးစုံ အရောင်အသွေးစုံပင်။
ကျနော် အဲ့ဒီဧရာဝတီကမ်းနဘေးက မြို့လေးဆီကို ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ
တပြုံတမနှင့် ရောက်ခဲ့ခြင်းပါ။ ဒါပေမယ့် ဘ၀ဆိုသည်မှာ ကိုယ်ဖြစ်ချင်တာမဖြစ် သူဖြစ်ချင်တာ
တွေဖြစ်နေတတ်တာမျိုး မဟုတ်လား။ ဒါပေမယ့် ဒီမြို့လေးမှာ ကျနော်ပညာရင်နို့သောက်စို့ခဲ့
ရသော ဗာဒံပင်ပုလေးတွေ၊ အင်ဂျင်ပျက်တွေ၊ တွင်ခုံပျက်တွေ၊ ၀ပ်ရှော့ရုံတွေ၊ တံစဉ်းတွေ၊
ပြုတ်တူတွေနှင့် ကျောင်းတော်ကြီးကို ဒီညမှာ ကျနော်တမ်းတလွမ်းဆွတ်နေမိပါသည်။
အဘယ်ကြောင့်လွမ်းနေမိပါသနည်းဟုမေးခဲ့ကြသော် ဒီမြို့လေးမှာ ကျနော်အလွဲတွေ
အမြောက်အများရှိနေခဲ့သောကြောင့်ဟုသာ ဖြေပါရစေတော့။ ခြွင်းချက်အနေဖြင့် ကျနော်
လွမ်းနေမိသည်မှာ အကြောင်းဆက်၍ မပေါင်းဖက်ရသော ချစ်သူလေးသို့မဟုတ်သည်ကို
သိစေလိုပါသည်။ ( ပေါရဲလိုက်တာဟု ဆိုကြလျှင်လည်း ဆိုကြစေတော့..။ ) ကျနော့်အလွမ်းများ
ကိုဖတ်ပြီးလျှင် ကျနော်ဒီမြို့လေးမှာ ဘယ်လိုရှင်သန်နေထိုင်ခဲ့သည်ကို အရိပ်အမြွက်လောက်တော့
ရိပ်မိကြလိမ့်မည်ဟုထင်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီညတော့ကျနော်လွမ်းပါသည်။
အမှန်တော့ ဒီမြို့လေးက ဒီကျောင်းတော်လေးမှာ လွမ်းစရာကောင်းသည့်အကွက် မရှိတာတော့
သေချာပါသည်။ သို့သော် ဘာကြောင့်မှန်းမသိ ကျနော်ဒီညမှာ လွမ်းမိတာတော့ အသေအချာပင်။
ကျနော့်မှတ်ဥာဏ်ထဲမှာ ပထမဆုံး သတိရမိသည်က ကျောင်းပေါက်ဝမှ ၂၅ကျပ်သာပေးရသော်လည်း
မနက်တိုင်းမှန်မှန် ၀ယ်မစားနိုင်ခဲ့သော မုန်းဟင်းခါးဆိုင်လေးပင်။ ထို ၂၅ကျပ်တန်မုန့်ဟင်းခါးဆိုင်လေး
ကိုကျနော်လွမ်းပါသည်။ ဆေးလိပ်၊ ကွမ်းယာ၊ ချိုချဉ်၊ ပီကေများရောင်းသည့် မုန်းဟင်းခါးဆိုင်လေးဘေး
မှ နာနီး ( ကျနော်တို့က ဆိုင်ရှင်ကုလားမကြီးကိုခေါ်သော အမည် ) ဆိုင်က ကျားခုံလေးကို
လွမ်းမိပါသည်။ ၀ပ်ရှော့( လက်တွေ့)ချိန်တိုင်း သံလုံးကို လေးထောင့်ဖြစ်အောင် တိုက်စားရသော
တံစဉ်းပြားကြီးကိုလည်း လွမ်းမိပါသည်။ ကျနော်ပျင်းလျှင် အတန်းလစ်ကာ သွားသွားပြီးထိုင်ငေးတတ်
သော မြစ်ကမ်းနဘေးက ဘိလိယက်ခုံကြီးကိုလည်း ကျနော်လွမ်းပါသည်။ ( ယနေ့အထိ ကျနော်
ဘိလိယက်မထိုးတတ်သော်လည်း သူများတွေ ဘိလိယက်ထိုးတာကိုတော့ စိတ်ဝင်တစား ထိုင်ငေး
တတ်ပါသည်။ ) ကြက်မောက်သီးများပေါသော အချိန် ညပိုင်းများတွင် အဆောင်ရှေ့မှာ ဂစ်တာတီး
ချင်ယောင်ဆောင်ပြီး ကြက်မောက်သီးခိုးစားခဲ့ရသည့် ဗန်းမော်သူများနေသည့် အဆောင်ရှေ့က
ကြက်မောက်ပင်ကြီးကိုလည်း လွမ်းမိပါသည်။ ( တစ်ညမှာတော့ အဆောင်ရှင်လိုက်၍ ပြေးခဲ့ရသေး
၏။ ) ဟတ်တီးခေါ် ဖန်ခွက်သေးသေးလေးနှင့် အလင်းတန်းလ္ဘက်ရည်ဆိုင်မှ ပေါ့ဆိမ့်တစ်ခွက်ကို
လည်း လွမ်းမိပါသည်။ အချို့သော ညနေများတွင် ဆုတောင်းပြည့် ဘုရားမှာ စိတ်မမှန်သောလူကြီး
နှင့် ပေါက်တတ်ကရစကားတွေပြောရတာကိုလည်း လွမ်းမိပါသည်။ ( ထိုလူကြီးထံမှ ထူးထူးဆန်းဆန်း
စကားများကို ကြားရတတ်ပါသည်။ )
ဆောင်းတွင်းမနက်စောစောမှာ ဘုရားရှိခိုးကျောင်းသို့ လိုက်ကူပေးခဲ့ရသော ကချင်သူငယ်ချင်း
လေးကိုလည်း လွမ်းမိပါသည်။ ( စာမေးပွဲဖြေခါနီးသော စာမရသောသူငယ်ချင်းက ဘုရားရှိခိုး
ကျောင်းသို့ ဆုတောင်းသွားခြင်းပါ။ )မနက်တိုင်း အဆောင်ပိုင်ရှင်မိန်းမကြီးကသားဖြစ်သူကို
နိုးသော “အာစလမ်း…အာစလမ်း..”ဟူသော အသံနှင့်အတူ “ ဂျေ…အာယား..အာယားး”ဟု
ထူးတတ်သော ကျနော့်ကိုခင်သော အစ္စလာမ်ဘာသာဝင် သူငယ်ချင်းကိုလည်းလွမ်းမိပါသည်။
( သူနဲ့ခင်ပြီးနောက် ကျနော်အမဲသားမစားတော့သည်မှာ ယနေ့အထိပါ။ )
ကျနော်နှင့်အတူ လက်တွေ့လုပ်ရန်ကျသော်လည်း ကျနော်တစ်ဦးတည်းကိုသာ ပုံအပ်ပြီး ပြန်ပြန်
သွားတတ်ကြသော သူငယ်ချင်းမလေးများကိုလည်း ကျနော်လွမ်းပါသည်။ကျနော့်ကို ကျောင်းအားရက်
များတွင် သူနှင့်အတူ အလုပ်ကူလုပ်ပေးရန်ခေါ်ကာ သူ့အပ်ထည်များ အဆင်ပြေလျှင် လ္ဘက်ရည်
ဝယ်တိုက်တတ်သော ကျနော့်၏လက်တွေ့ဆရာကိုလည်းလွမ်းမိပါသည်။
ပဲဖတ်ချဉ်ကောင်းသည်ဟု အကြောင်းပြကာ အိမ်မှငွေပို့သော လဆန်းရက်များတွင် အာမီရမ်သွား
သွားသောက်ရသော ထောက်(၈)နား အရက်ဆိုင်လေးကိုလည်းလွမ်းမိပါသည်။ ပိုက်ဆံပြတ်တိုင်း
မုန့်ဝယ်ကျွေးသလို ပိုက်ဆံလည်းချေးပေးသော ကျနော်တို့မေဂျာက ကွင်း (queen) လေးကိုလည်း
ကျနော်လွမ်းပါသည်။ ကျောင်းတွင်းဘော့လုံးပြိုင်ပွဲတွင် ကျနော့်အား အ၀ါကတ်ပြသော ဘော့လုံး
ဒိုင်လူကြီးနှင့် ဗိုလ်လုပွဲမှာ ကျနော့်အားပန်းစည်းဆက်ခဲ့သော စီနီယာ မမကိုလည်း လွမ်းမိပါသည်။
မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေး ဗရပျစ်နှင့် ကွမ်းတဖွတ်ဖွတ်ဝါးသော အဆောင်ပိုင်ရှင် မာမူကြီးကိုလည်း
လွမ်းမိပါသည်။ ( သူကကျနော့်ကို အသားဖြူစပ်စပ်နှင့် တစ်ဆောင်လုံးမှာ ပြောရခက်ဆုံးကောင်ဟု
မှတ်ချက်ပေးပါသည်။ ) ဗလမင်းထင်တံတားဖွင့်ပွဲမှာ မနက်အစောကြီး ကျနော့်ကိုလာနှိုးကာ
ကျနော်မလိုက်ချင်ဟုဆိုသဖြင့် စိတ်ဆိုးပြန်သွားကြသော သူငယ်ချင်းများကိုလွမ်းမိပါသည်။
ကျနော်အစသန်သဖြင့် ငိုယိုသွားရသော အတန်းထဲမှ ရိုးဝမ်း ( အဆင့်တစ်) သူငယ်ချင်းမလေး
ကိုလည်းလွမ်းမိပါသည်။ တန်ဆောင်တိုင်ညမှာ မအိပ်ကြကြေးဟုဆိုကာ တစ်ညလုံးစက်ဘီး
လျှောက်စီးကာ မနက်၂နာရီထိုး အဆောင်ရှင်က တံခါးမဖွင့်ပေးသဖြင့် ရေတမာပင်အောက် အုတ်ခုံ
ဝိုင်းလေးမှာ တစ်ညလုံးမိုးလင်းခဲ့ရသည် ဆေးပေါင်းခသောညကိုလည်း လွမ်းမိပါသည်။
၁၀ရက်ကျော်ကျော် အိပ်ရေးပျက်ခံပြီး အဆောင်မှ အ၀တ်အစားများကို ခိုးသော သူခိုးလေး
ကိုဖမ်းမိသော ညကိုလည်း သတိတရလွမ်းနေမိ၏။ ( သူခိုးလေးမှာ အသက် ၁၂နှစ်ခန့်သာ
ရှိပါလိမ့်ဦးမည်။ )
ကျနော်ရေးပေးသောရည်းစားစာနှင့် အဆင်ပြေသွား၍ ရွှေတောင်တန်းခေါက်ဆွဲဆိုင်တွင်
အ၀စားစေသော ဟိုပင်မြို့သားသူငယ်ချင်းအားလည်း လွမ်းမိပါသည်။ (ဒီအချိန်လောက်ဆို
ဒီကောင် ကလေး သုံးယောက်လောက်တော့ရနေလောက်ပေပြီ။ ) သူတို့မေဂျာဘော့လုံးအသင်း
ကျနော်တို့မေဂျာဘော့လုံးအသင်းကို ရှုံးသဖြင့် ကျနော့်အားလာရန်တွေ့သော ကချင်တိုင်းရင်သူ
သူငယ်ချင်းမလေးအားလည်း လွမ်းးမိပါသည်။ ညအချိန်ပျင်းလျှင် စက်ဘီးတစ်စင်းဖြင့် တာရိုးလမ်း
ပေါ်မှာ သီချင်းအော်ဆိုခဲ့ရသော ညများကိုလည်း မေ့မရပဲ လွမ်းမိပါသည်။ ထမင်းလခမှန်မှန်မပေး
သော်လည်း ကျနော့်အား ထမင်းမှန်မှန်ကျွေးပေးသော ထမင်းဆိုင်ပိုင်ရှင် အန်တီကြီးကိုလည်း
ကျနော်လွမ်းပါသည်။ သုံးနှစ်သုံးမိုး ပညာဆည်းပူးပြီး ကျောင်းတော်ကြီးက ထွက်ခွာလာချိန်မှာ
မြို့လေးနှင့်အတူ လက်ပြကျန်ရစ်ခဲ့သော မုံရွာမြို့သားကျနော့်ဆရားအားလည်းလွမ်းမိပါသည်။
ဒါတွေကတော့ ဒီညကျနော့်အတွေးထဲဝင်ရောက်လာသော တောင်စဉ်ရေမရအလွမ်းများပင်..။
ဘာပဲဖြစ်ဖြစ် ကျနော်လွမ်းနေမိပါသည်…။
ခင်မင်လေးစားစွာဖြင့်….
K.T.W.L

Android ဖုန်းတွေမှာ Gmail အကောင့်သစ်ထပ်ဖွင့်လို့ မရ တော့တဲ့ပြသာနာဖြေရှင်းနည်း

Android ဖုန်းတွေမှာ Gmail အကောင့်သစ်ထပ်ဖွင့်လို့ မရ တော့တဲ့ပြသာနာဖြေရှင်းနည်း
အောင်ကျော်ခိုင်(ပုသိမ်) / 12 hours ago



_ _ _ _ _ _ _ _ _ _ _ _ _ _

ကျွန်တော်တို့ Android ဖုန်းတွေမှာအော်ရီဂျင်နယ်ပါတဲ့ Gmail app ပဲဖြစ်ဖြစ် Gappinstallerတွေနဲ့ ကိုယ့်ဖာသာ ထည့်ထားတဲ့Gmail app ပဲဖြစ်ဖြစ် အကောင့်ဖွင့်တဲ့အခါအကောင့်ဆယ်ခုလောက်ဖွင့်ပြီးရင်အကောင့်
သစ်ထပ်ဖွင့်လို့မရတော့ပါဘူး။တစ်ခါတစ်လေမှာလုပ်ပြီးသားအကောင့်ကို
sign in ဝင်တာတောင်မှပဲဝင်လို့မရတတ်တော့ပါဘူး။အဲဒီလိုပြဿနာမျိုးကို Gmailအကောင့်တွေအများကြီးလုပ်တတ်တဲ့သူတိုင်းကြုံဖူးကြလိမ့်မယ်ထင်ပါတယ်။
အဲဒီပြဿနာကိုဖြေရှင်းနိုင်တဲ့နည်းလမ်းကိုဖေ့ဘုတ်ကနည်းပညာGroup တစ်ခုမှအကိုတစ်ယောက်ကပြောပြတဲ့အတွက် ပြန်လည်ဝေမျှ
လိုက်ရပါတယ်။Gmail အကောင့်သစ်ထပ်ဖွင့်လို့မရတော့တဲ့
ပြဿနာကိုဖြေရှင်းဖို့အတွက်ပထမဆုံးအနေနဲ့ Setting ထဲက ACCOUNTS
ဆိုတဲ့ ခေါင်းစဉ်အောက်က Google ဆိုတဲ့အထဲကိုဝင်ပါ။အဲဒီထဲမှာလုပ်ပြီးသား Gmailအကောင့်တွေရှိတယ်ဆိုရင်အားလုံးကိုRemove account လုပ်ပါ။


ဒုတိယအနေနဲ့ကတော့
Setting >>Manage apps >> ALL ကို
သွားပါ။ Gmail app နဲ့ Google Account Manager နဲ့ Google Services
Framework တို့ကို Clear data လုပ်ပေးလိုက်ပါ။
တတိယအနေနဲ့တော့ဖုန်းကို Restart ချပေးလိုက်ပါ။အဲဒါဆိုရင် Gmail အကောင့်အသစ်တွေပြန်ဖွင့်ဖို့အတွက်လုံးဝကိုအဆင်ပြေသွားပါပြီခင်ဗျာ။
အခုရေးပြခဲ့တဲ့နည်းလမ်းလေးကိုမသိခင်ကပေါ့ဗျာ။အဲဒီလိုပြဿနာမျိုးကြုံတာနဲ့ Gmailအကောင့်သစ်တွေပြန်ဖွင့်နိုင်ဖို့အတွက်ကျွန်တော်ဟာ Factory data reset ချတဲ့နည်းနဲ့ပဲဖြေရှင်းနေရပါတယ်။ကျွန်တော်ဟာ G mail အကောင့်တွေ အများကြီး လုပ်တတ်သူဆိုတော့Gmail အကောင့်သစ်ဖွင့်လို့မရတော့တဲ့
အခါတိုင်းပဲ ကျွန်တော့်ရဲ့ဖုန်းကို reset ချနေရတော့ Contacts တွေ data တွေကို Backupဆွဲရ Restore ပြန်ပြီးလုပ်ရနဲ့ ခဏတိုင်းဒုက္ခ
များနေခဲ့ရပါတယ်။

အခုတော့ Factorydata reset ချစရာမလိုပဲဖြေရှင်းလို့ရတဲ့နည်းလမ်းကိုသိရပြီ ဆိုတော့အဲဒီဒုက္ခတွေမရှိတော့ဘူးပေါ့ဗျာ။ကျွန်တော့်လို Gmail အကောင့်တွေအများကြီးလုပ်တတ်သူတွေအတွက်ဒီပိုစ့်လေးကထဲကနည်းလမ်း
လေးတွေကအကျိုးရှိစေမယ်လို့်မျှော်လင့်ပါတယ်။

အခုရေးပြခဲ့တဲ့နည်းလမ်းလေးကို ပြောပြပေးခဲ့တဲ့ Facebook နည်းပညာGroup တစ်ခုမှArker Linmg ဆိုတဲ့အကောင့်ပိုင်ရှင်အကို့ကို
ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Post ရေးသူ / Zaw Myo Htet



Visit website

Wednesday, January 7, 2015

မော်လူးဒေသ ကိုးတိုက်နယ် သမိုင်းဝင် ဒီပင်္ကရာ စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဈေးဆိုင်ခန်းများ ပန္နက်ရိုက်

မော်လူးဒေသ ကိုးတိုက်နယ် သမိုင်းဝင် ဒီပင်္ကရာ စေတီတော်  ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဈေးဆိုင်ခန်းများ ပန္နက်ရိုက်
မော်လူး | ဇန်နဝါရီ ၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကိုးတိုက်နယ် ဆယ်အုပ်စု၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော သမိုင်းဝင် ဒီပင်္ကရာ စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ရောင်းချကြမည့် ဈေးသည်များအတွက် ဈေးဆိုင်ခန်းများ ဆောက်လုပ်ရန်အတွက် ဆိုင်ခန်းနေရာများ သတ်မှတ်ကာ ပန္နက်ရိုက်ခြင်းကို ဇန်နဝါရီလ ၈ ရက် နံနက် ၇ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။
ဈေးဆိုင်ခန်းများ ပန္နက်ရိုက်ဆောက်လုပ်နေစဉ်ကာလအတွင်း ဈေးဆိုင်ခန်းများရောင်းချခြင်းကို ယခင်နှစ်များကဲ့သို့ မရောင်းချပဲ ဒီပင်္ကရာ စေတီတော် ကွပ်ကဲရေးရုံးတွင် ပြာသို လပြည့်ကျော် ၁၀ ရက်မှ တပို့တွဲ လဆန်း ၉ ရက်အထိ နံနက် ၇ နာရီ မှ နေ့လည် ၁၁နာရီ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီ အချိန်များတွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဆိုင်ခန်းတစ်ခန်း၏ အကျယ်မှာ ၅တောင် ၅တောင်တစ်မိုက်လျှော့များဖြစ်ပြီး တစ်ခန်းလျှင် ၂၀၀၀၀ ကျပ် ပျံကျဆိုင်ခန်းတစ်ခန်းလျှင် ၁၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချမည် ဖြစ်ကြောင်း ဆိုင်ခန်းရောင်းချခြင်းကို ဒီပင်္ကရာ စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော် ဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင် ၆ ဦးနှင့် သံဃာတော်သုံးပါးတို့မှ ဦးစီးကြီးကြပ် ရောင်းချမည် ဖြစ်ကြောင်း အမည်ပေါက် ဆိုင်ခန်းပိုင်ရှင်များသည် ကိုယ်တိုင်ပစ္စည်းရောင်းချခြင်းမရှိပဲ အခြားသူများအား ပြန်လည်ရောင်းချခြင်း ငှားရမ်းခြင်းမပြုလုပ်ရကြောင်း ထိုသို့ပြုလုပ်သည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေတစ်သိန်းအပြင် အမည်ပေါက်ဆိုင်ခန်း ပိုင်ရှင်အဖြစ်မှ ရပ်နားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်ကျင်းပမြဲဖြစ်သည့် တပို့တွဲလဆန်း ၁၀ ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မန္တလေးမှ ဆန်းလင်းဇာတ်ပွဲဖြင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်ကြောင်း တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် ဒေသတွင်း သံဃာတော်များ ပင့်သံဃာများ(၇၀၀)ပါးခန့်နှင့် သီလရှင်ဆရာလေးများ နှင့်ကယ်ပါများကိုပါ ဆွမ်းဆန်စိမ်းလောင်းလှူကြမည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်သို့ အထက်မြန်မာပြည် မြစ်ကြီးနားမြို့ မန္တလေးမြို့များနှင့် အခြားမြို့များမှ ဈေးရောင်းချသူများနှစ်စဉ်လာရောက် ရောင်းချကြကြောင်း မြန်မာ့ရိုးရာ စားစရာများ အဝတ်အထည်များ ကလေးကစားစရာများ လယ်ယာသုံးပစ္စည်းများ အစရှိသဖြင့် အမျိုးအစားစုံလင်စွာ ရောင်းချကြသည့် ဘုရားပွဲဖြစ်ကြောင်း သိရသည်။

One Candle စေတနာရှင် လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၇)

One Candle စေတနာရှင် လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၇)

ဆားမှော်ကျေးရွာလေးမှ ကျနော်တို့အဖွဲ့ ထွက်ခွာလာတော့ နံနက် ၁၁ နာရီ ထိုးတော့မည်။ နောက်မှ လိုက်ပါလာသည့် ကျနော်တို့ အဖွဲ့ဝင်တစ်ဦးမှာလည်း ဆားမှော်ကျေးရွာတွင် ကျနော်တို့အား မီလာသည့်မို့ အဖွဲ့ဝင်အင်အား ၇ ဦးဖြစ်သွားတော့သည်။ ကောင်းကင်တွင်ကား တိမ်တိုက်များက ဟိုနားတစ်စု ဒီနားတစ်စုနှင့် …. ဒီရက်ပိုင်းများအတွင်း မိုးပြတ်သွားသည်မို့ လမ်းမှာ ကျနော်တို့ မျှော်လင့်ထားသည့်အတိုင်း ဆိုးဝါးသည့်နေရာ သိပ်မတွေ့ရ…။ အရင်နှစ်များကဆိုလျှင် ဆားမှော်ကျေးရွာ မရောက်မီ ဟောင်းတုန်းကျေးရွာမှ ထွက်လျှင်ပင် ရွံ့များ ဗွက်များကို စတင်ရုန်းကြရပြီ ။ ယခုနှစ်မှာတော့ လမ်းခရီးက သိပ်မဆိုးဝါးတာကတစ်ကြောင်း လူအင်အားနည်းသည်မို့ တစ်စီးနှင့်တစ်စီး သိပ်စောင့်စရာမလိုသလို ဆိုင်ကယ်စီးကျွမ်းကျင်ကြသူများမို့ ခရီးတွင်သည်ဟု ဆိုရပေမည်။ ခရီးဆက်လာကြရင်း ပထမကျနော် စဉ်းစားထားသည့် နှစ်တိုင်းသွားနေကျ ဆားမှော်ကျေးရွာမှ နားကျိုင်းကျေးရွာ၊ ထိုမှတစ်ဆင့် မူလခေါင်တုန်းစည်ကျေးရွာကိုဆက်သွား ပြန်လာပြီး ရွာစဉ်အလိုက်မဟုတ်ပဲ အပြန်လမ်း၏ နားမကျိုင်းကျေးရွာမှ ချောင်းကူးသွားရသည့် နားဖာကျေးရွာသို့ ဝင်သည့် အစီအစဉ်ကို ဖျက်ကာ နားဖာကျေးရွာကို အရင်ဝင်ပြီး နားမကျိုင်း၊ မူလခေါင်တုန့်စည်ရွာသို့ ခရီးဆက်မည့် အစီအစဉ်ကို ဆိုင်ကယ်မောင်းနေကြရင်း တိုင်ပင်တော့ အားလုံးက သဘောတူသည်။ အဘယ်ကြောင့် နားဖာကျေးရွာသို့ အရင်သွားလိုသနည်းဟုဆိုသော် ကျနော်တို့ ဒီဘက်ရွာတွေကို စာရေးကိရိယာ အလှူခရီးရောက်ရှိခဲ့သည့် နှစ်နှစ်လုံး ညနေပိုင်း ကျောင်းဆင်းပြီးချိန်မှသာ ရောက်ရှိကြတာမို့ ကျောင်းသူ/သားလေးများကို စုံစုံညီညီ မတွေ့ရခြင်းက တစ်ချက်၊ နောက်တစ်ချက်မှာ အပြန်လမ်းတွင် တောက်လျှောက် ပြန်နိုင်ရန် တွေးမိသည်က တစ်ချက်ကြောင့် နားဖာကျေးရွာလေးဆီသို့ ဦးတည်လိုက်ကြခြင်းပင်…။ နားဖားကျေးရွာလေးကား ချောင်းကမ်းဘေးလေးတွင် တည်ရှိသည့် ကျေးရွာလေးဖြစ်ပြီး အိမ်ခြေ ၇၀ နီးပါးခန့်ရှိလိမ့်မည်ထင်ပါသည်။ ကျနော်တို့အဖွဲ့ ရွာလေးအနီးက ချောင်းလေးကို ရောက်တော့ တစ်ဖက်ကမ်းမှ ရွာခံတစ်ဦးမှ ချောင်းကို ဖြတ်ကူးရမည့် ရေတိမ်သည့် နေရာလေးအား လမ်းညွှန်ပေး၏၊။ နားဖာကျေးရွာသို့ ချောင်းလေးကူးပြီး တက်ရသည့် ကမ်းပါးမှာ နည်းနည်းမက်စောက်နေသည့်မို့ ကျနော်မို့ အဖွဲ့သားများကို ဆိုင်ကယ် သေသေချာချာ မောင်းကြရန် အော်ဟစ် သတိပေးနေရသည်။ ကျနော့်သတိပေးသံ မဆုံးသေးခင် ချောင်းကမ်းကိုတက်သည့် အဖွဲ့သား ဆိုင်ကယ်တစ်စီး ပြန်လျှောကျကာ လှဲတော့သည်။ ကျနော်တို့တွေ ဆိုင်ကယ်များကို စက်ရပ်ကာ သွားရောက် ကူညီကြရ၏။ ပြီးရင် တစ်စီးချင်း တစ်စီးချင်းကို ဝိုင်းဝန်းကူတွန်းကာ ကမ်းပါးပေါ်ရောက်အောင် ကြိုးစားကြရသည်။ ကျနော်တို့အား ချောင်းကိုဖြတ်ကူးသည့် ရွာခံလူကြီးကို စာသင်ကျောင်းသို့ စာရေးကိရိယာ လာရောက်လှူဒါန်းကြခြင်း ဖြစ်ကြောင်း ပြောပြတော့ ဝမ်းသာအားရဖြင့် ကျောင်းလေးဆီသို့ ကျနော်တို့အဖွဲ့အား ခေါ်ဆောင်သွားတော့သည်။ နားဖာကျေးရွာ မူလတန်းကျောင်းလေးမှာ ပြောင်းလဲမှု ကြီးကြီးမားမား မရှိချေ။ စာသင်ဆောင်လေး အောက်သို့ ကျနော်တို့ ဆိုင်ကယ်များ မောင်းဝင်ရပ်တန့်ပြီး စာရေးကိရိယာများကို စာသင်ဆောင်ပေါ်သို့ သယ်ယူရန် ပြင်ဆင်နေကြစဉ် ကျောင်းဆရာလေးက ကျနော်တို့အား လာရောက်နှုတ်ဆက်၏။ ကျောင်းဆရာလေးမှ ကျနော့်အား "ဟာ… ဆရာကြီးပါလား…."ဟု အသံပြုနှုတ်ဆက်သည့်အတွက် ကြည့်မိသည့်အခါ ကျနော် ကျူရှင်ဆရာအဖြစ် အသက်မွေးသည့် ဒုတိယမြောက်နှစ်တွင် ကျနော် စာသင်ကြားပေးခဲ့ရသည့် နားမကျိုင်းကျေးရွာမှ ကျောင်းသားလေးပင်…. သူမှ ဝမ်းသာအားရနှုတ်ဆက်တော့ ကျနော်မှလည်း" ဟာ..ဟေ့… မင်းဒီကျောင်းမှာ တာဝန်ကျနေတာလား … မနှစ်တုန်းက မတွေ့ပါဘူး…"ဟု ပြန်နှုတ်ဆက်ရတော့သည်။ စိတ်ထဲမှလည်း ကြည်နူးမိ၏။ မိမိသင်ကြားပေးလိုက်သည့် ကျောင်းသားသည့် ကျောင်းဆရာတစ်ဦးအဖြစ် ဤသို့သော စာသင်ကျောင်းလေးမှာ တာဝန်ကျကာ ကလေးငယ်များ၏ ပညာရေးအတွက် တတ်သည့် ပညာဖြင့် ပြန်လည် သင်ကြားပေးနေသည် မဟုတ်ပါလား….။ ကျနော်နှင့် ကျနော့်တပည့်လေး ကျောင်းဆရာမှာ စကားတပြောပြောနှင့် စာသင်ဆောင်လေးပေါ်သို့ တက်လာကြသည်။ သူ၏ ပြောစကားအရ ဤနားဖာ မူလတန်းကျောင်းလေးတွင် တာဝန်ခံကျောင်းအုပ်အဖြစ် တာဝန်ယူနေရကြောင်းသိရသလို စာသင်ဆောင်လေးကိုလည်း အခန်းတိုးချဲ့ထားကြောင်း သူပြောမှ သတိထားမိတော့သည်။ ကျနော်မှ ကျောင်းသား/သူ အရေအတွက်ကို မေးမြန်းသည့်အခါ စုစုပေါင်း သူငယ်တန်းမှ စတုတ္ထတန်းအထိ ၄၅ ဦးရှိကြောင်း သိရသဖြင့် လှူဒါန်းမည့် စာရေးကိရိယာများကို တွက်ချက်နေရာချကာ ကျောင်းသုံး မြေဖြူ၊ ဘောလ်ပင်(နီ)၊ သင်ပုန်းဖျက်များကို ပေးအပ်သည့် ပုံလေးကို မှတ်တမ်းတင်ရိုက်ကူးပြီး ကျောင်းသားလေးများကို စာရေးကိရိယာလေးများ ဆက်လက် ဝေငကြတော့သည်။ ကျနော့်မှာ ကျောင်းဆရာလေးနှင့် စကားပြောရင်း အလှူမှတ်တမ်းလေးရေးမှတ်နေသဖြင့် ဓာတ်ပုံမှတ်တမ်းတင်ခြင်းကို ကျနော့်အဖွဲ့သားတစ်ဦးမှ တာဝန်ယူကာ မှတ်တမ်းတင်ပေးနေသည်။စာရေးကိရိယာများ လာရောက်လှူဒါန်းကြကြောင်း ကြားသိသွားကြသည့် ကျေးရွာအတွင်းမှ ရွာခံများ စာသင်ကျောင်းလေးဆီသို့ တစ်ဦးပြီး တစ်ဦး ရောက်လာကြသည်။ မနှစ်က ကြုံခဲ့ရသည့် မူလတန်းအဆင့် အောင်မြင်ပြီး အလယ်တန်းအဆင့်အား နမီးကျေးရွာတွင် ကျောင်းထားရာ မိဘများနှင့် ခွဲမနေနိုင် ကျောင်းလည်း နေချင်သေးသဖြင့် စတုတ္ထတန်းတွင် ပြန်လည်ပညာသင်ကြားနေသည့် ကျောင်းသားလေးမှာ ကျနော်တို့အဖွဲ့ စာရေးကိရိယာ လှူဒါန်းရာ သူ့အတွက် မပါမည်ကို စိုးရိမ်ပြီး စာသင်ဆောင်လေး အောက်တွင် တရှုံ့ရှုံ့ငိုကြွေးနေသည်ကို အမှတ်ရ၍ မေးကြည့်သည့်အခါ ကျောင်းထွက်လိုက်ပြီဟု သိရသဖြင့် စိတ်မကောင်း ဖြစ်ရသေး၏။ ကျနော် ဘာပြောနိုင် ဘာလုပ်ပေးနိုင်မှာလဲ… ဒီလို ကလေးမျိုးတွေ ဘယ်နှစ်ယောက်လောက်များ ရှိခဲ့ပြီ… ရှိနေပြီလဲ ဟု တွေးမိချေသည်။ စိတ်မကောင်းစရာကို ကြာကြာမတွေးလိုသည့်အတွက် ကျနော့်တပည့် ကျောင်းဆရာလေးအား ကျနော်ယူဆောင်လာသည့် ကလေးများအတွက် စာစောင်လေးများနှင့် လူကြီးများအတွက် ဂျာနယ်များကို ပေးရာ ဝမ်းသာအားရဖြင့် စာကြည့်တိုက်လေး တည်ထောင်ရန် အစီအစဉ်ရှိကြောင်း ပြောပြနေသေး၏။ ကျနော်မှလည်း မော်လူးသို့ရောက်လျှင် ကျနော့်ထံသို့ ဝင်ပြီး ဂျာနယ်စာစောင်များ လာယူရန်ပြောမိသည်။ အလှူမှတ်တမ်း စာရင်းလေး ရေးမှတ်ပြီးသောအခါ ဓာတ်ပုံမှတ်တမ်းတင်သူမှ သူ့ရိုက်ထားသည့် ဓာတ်ပုံလေးများ ကောင်းမကောင်းကြည့်ရန် ကင်မရာလေးအား ကျနော့်ကိုပေး၍ ကြည့်မိရာ တစ်ပုံမှ မရိုက်ထားသေးကြောင်း တွေ့ရသဖြင့် ကလေးများအား စာရေးကိရိယာ ပေးအပ်နေသည့် ပုံလေးများကို ပြန်ရိုက်ရပြန်သည်။ လှူဒါန်းမှုအားလုံး ပြီးဆုံးသောအခါ ကျနော်တို့အဖွဲ့ ကျန်နေသေးသည့် ကျေးရွာများသို့ ခရီးဆက်ရန် အားလုံးကိုနှုတ်ဆက်ပြီး ပစ္စည်းများကို ဆိုင်ကယ်များပေါ်သို့ ပြန်လည်တင်ဆောင်ပြီး ခရီးဆက်တော့ နေ့လည် ၁၂နာရီ ခွဲချေပြီ….။



ဖြန့်ဝေ ပေးကြပါအုန်း

မိဘတွေဆိုတာ
အသက်ကြီးလာတဲ့အခါ
သားသမီးအပေါ်မှာ မှီခိုမူရှိလာတယ်။
ပစ္စည်းဥစ္စာပြည့်စုံလို့
ရုပ်ပိုင်းဆိုင်ရာ မမှီခိုရင်တောင်မှ
စိတ်ပိုင်းမှီခိုမူတော့ ရှိသေးတယ်။
သားသမီးက
ချစ်တာ ခင်တာ မေးတာ ပြုတာ
ပြုစုတာ ယုယတာ သိပ်လိုချင်တယ်။
အထူးသဖြင့်
နေမကောင်းတဲ့အခါပိုလိုချင်တယ်။
ဒါတွေအတွက်
အချိန်ပေးနိုင်ကြရဲ့လား?
ပေးနိုင်ဖို့လိုတယ်နော်။

ဆရာတော် ဦးဇောတိက 

အချိုမှုန့် ဆိုတာ ဘာလဲ" ဘယ်လောက်များအန္တရာယ် ပေးနှိုင်လဲသိစေချ

ချစ်မိတ်ဆွေ.......

သင့်အိမ်ထဲမှာ သင်နှင့်အတူ သင့်မိသားစုကိုပါ အသံတိတ်
သတ်ဖြတ်သွားနိုင်တဲ့ လူသတ်သမားကို သင်ကိုယ်တိုင် အိမ်ထဲသို့
ဖိတ်ခေါ်ထားမိသလားဆိုတာ မိတ်ဆွေကိုယ်တိုင် စီစစ်သင့်ပါပြီ။

အချိုမှုန့် ဆိုတာ ဘာလဲ" ဘယ်လောက်များအန္တရာယ် ပေးနှိုင်လဲသိစေချင်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ရေရှည် မှန်မှန် စားသွားရင် ဒီလောက်အန္တရာယ် များပါတယ်ဆိုတဲ့
အချိုမှုန့်ဆိုတာ Monosodium glutamate(MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု
ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး
စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ
အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွား တိုးပေးလိုက်တာ
ဖြစ်ပါတယ်။အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု
ဟုတ်ပါသလား?ပုံမှန်သုံးသင့်တဲ့ ဟင်းခတ် အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။
နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့
ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP)
လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့
အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ
မပါပါဘူး။အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ
ရှိလာနိုင်မလဲ။

ဲ(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin)
ရဲ့ လုပ်ငန်း ဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့
ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလိုအ၀လွန်ခြင်းကို
တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို
ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊
နှလုံးသွေးကြောပိတ် စတဲ့အဖော်အပေါင်းတွေပါ ပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို
အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ
အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီး စားတဲ့
ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်
ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား
ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ
စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ
မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း
(Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့်
ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ
ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့
အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့
အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or
hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့
အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက်
စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက် ဧရိယာတွေ ဖြစ်လို့ ဒီလို
ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာအ၀လွန်ပြီး
ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။(ဒါဟာ
အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး
(National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့်
ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့်
တခြားအရာတွေဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ
နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ
ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု
ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက်
စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ
ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ခေါင်းမူးခြင်း၊ မျက်နှာမှာ
တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊
ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့
ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု
ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့
ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး
တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင်
အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊
အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ်
(Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ်
မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့်
သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို
အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ
မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို
(၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက်
ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ
အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ
အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့
အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်
တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့
အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ
ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ)
ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက်
ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့်
မစားခဲ့ကြတာလည်း ပါပါတယ်ခင်ဗျား။

Facebook စာမျက်နှာမှကူးယူဖော်ပြပါသည်...
ကျေးဇူးတင်စွာဖြင့်......
                                    တာကော(မော်လူး

Tuesday, January 6, 2015

မေးလ် က ပို့လာတဲ့ သတင်း

မော်လူးသူမော်လူးသားများခမျာမော်လူးသားများရဲ့ကျေးဇူးရှင်ဖြစ်သောမန္တလေးနန်းဦးတိုက်ဇေတဝန်ကျောင်းဆရာတော်ဦကုသလသည်ပြာသိုလပြည့်နေ့ပြန်လွန်တော်မူ၍ယနေ့ပြာသိုလ္ဆုပ်၂ရက်နေ့၁၂နာရီတောင်အင်းတောင်မြင့်သုတ်သန်သို့သယ်ယူပို့ဆောင်မီးသင်းကြိုပြီဆိုတဲ့အကြောင်းသီတင်းကောင်းပါးအပ်ပါသည်

Monday, January 5, 2015

အင်းတော်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း ရာပြည့်ပွဲအတွက် ပြင်ဆင်နေကြလေပြီ


မော်လူးဒေသ နန့်ရုံကျေးရွာတွင်ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲ








စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်
 မော်လူးဒေသ နန့်ရုံကျေးရွာ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ကလေးသူငယ်များ စာဖတ်ရှိန်မြင့်တင်ရေး အခမ်းအနားမှ အနာဂတ်သားကောင်းများ ကဗျာရွတ်ဆိုကြသည့် ပုံရိပ်များ

သတင်းဓာတ်ပုံ ရင်းမြစ် အကျိုးဆောင် ဖိုးထောင် ဖြစ်ပ့ါသည်။

ကဲ ဒီပင်္ကရာ ဘုရားပွဲမှ ဆိုင်ခန်းပိုင်ရှင်များ သတိ

အင်းးးးးးးးး
ဘယ်လိုပြောရမလဲ  ။ ဗမာလိုပဲပြောရမှာပေါ့။ ဘယ်သူ့စတိုင်နဲ့ပြောမလဲ   ဦးဝင်းဦး စတိုင်နဲ့ ပြောမှာပေါ့။
"ကောင်းပါတယ် ခင်ဗျားး"

နောက်တစ်ခုထပ်တိုးလိုက်ပါဦးး
"ဘုရားပွဲတော်ရက်များတွင် ကြွရောက်လာကြမည့် ဆိုင်ရာ ပိုင်ရာ လူကြီးမင်းများ ကိုယ့်စရိတ် ကိုယ်စားဖြင့် မကြွရောက်နိုင်လျှင် မလာရ ။ ဧည့်ခံစရိတ်များကို ဘုရားရံပုံငွေထဲမှ သုံးစွဲနိုင်မည် မဟုတ်ပါ။"
ဂဠိုဒါဆို
ပို၍ ပို၍ ပို၍ ကောင်းပါသည် ခများးးပေါ့ ။

သတင်းရင်းမြစ် - ပုလင်းဆောင် ကမြင်းကောင်

Sunday, January 4, 2015

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
မိုးညှင်း| ဇန်နဝါရီ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု ပင်လုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဇန်နဝါရီ ၄ ရက်က ၆၇  နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော်အလံ လွှင့်တင်ခြင်း အခမ်းအနားကို နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။ ထို့နောက် ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်| ရာအိမ်မှူး ဦးဝင်းမြင့်| မြိုင်သာယာကျေးရွာ အထက ကျောင်းအုပ်ဆရာကြီး ဦးတီခင်တန်နှင့် ဆရာမကြီး ဒေါ်မြင့်မြင့်အေးတို့မှ အမှာစကားပြောကြားကြပြီး ၂၀၁၃/၂၀၁၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆု ရရှိခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြင့်ခဲ့ကြကြောင်း ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများအား မုန့်ဟင်းခါး အာဟာရဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ပင်လုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်| ရာအိမ်မှူး ဦးဝင်းမြင့်| မြိုင်သာယာကျေးရွာ အထက ကျောင်းအုပ်ဆရာကြီး ဦးတီခင်တန်နှင့် ဆရာ ဆရာမများ| ကင်းထောက် လူငယ် ကျောင်းသား ကျောင်းသူလေးများ| ဘင်ခရာတပ်ဖွဲ့ဝင်များ| အလှူရှင်များ| ဖိတ်ကြားထားသူများနှင့် ဋ္ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား ၁၅၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်