မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Thursday, February 12, 2015
ကျေးရွာချင်းဆက် လမ်းပေါ်ဗရှိတံတားအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြင့်တင်
ကျေးရွာချင်းဆက် လမ်းမပေါ်ရှိ အသားတံတားအား ကွန်ကရစ်တံတားအဖြစ် အသစ်တည်ဆောက်
> မော်လူး၊ ဖေဖော်ဝါရီ ၁၂
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာနှင့် ဟောင်းတုန်းကျေးရွာ၊ မြေပလ္လင်ကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်းမပေါ်ရှိ အသားတံတားအား ကွန်ကရစ်တံတားအဖြစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆောက်လုပ်နေကြောင်း သိရသည်။
> အဆိုပါတံတားအား မံဟဲကျေးရွာနေ ဦးခင်မောင်မြင့် + ဒေါ်သန်းသန်းဝေ မိသားစု မတည်လှူဒါန်းငွေ ၁၅ သိန်းကျပ်ဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး၊ မံဟဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညွှန့်ရွှေမှ ဦးဆောင်ကာ ရွာသူ/သားများ လုပ်အားဒါနများဖြင့် ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။ တံတားမှာ အရှည် ၁၅ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၇ ပေရှိကြောင်း တံတားပြီးစီးသွားပါ ကျေးရွာသူ/သား ဒေသခံများ ခရီးသွားလာရေးတွင် လွယ်ကူချောမွေ့ အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်
ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ကဗျာ ၆
သူလိုလူ
********
"ကြည်ရေ ပဲပြုတ်နဲ့နံပြားရင်စားချင်တယ်''
အမိန့်သံမပါ မေတ္တာသံဖြင့်
စားချင်တာကိုသူတောင်းဆို
လူဖြောင့်လူမှန် လူအရိုးမို့( ရိုးသားသူ )
ရွှေခိုးဖို့ဆို သူမှာမသိ မြေခိုးဖို့သူ့မှာမသိ
တိုင်းပြည်အတွက်ပဲ သူအမြဲကြည့်
ခမဲပေးဖို့ရွှေကမရှိ
စကားဆိုတည့်ပြော
အလုပ်ဆိုတကယ်လုပ်
အခွင့်ထူးခံဆိုသူနှာခေါင်းရှုံ့
ရုပ်ရှင်ကြည့်ဖို့သွားပါတယ် လူ့အဆင့်အတန်းသူမခွဲခြားတကယ်
ငါးမူးတန်းကသူအမြဲတိုး
လေးစားထိုက်တဲ့ဗိုလ်ချုပ်မျိုး။ ။
အမည်မသိရှေးစာဆို
သာယာကုန်း - မြေပလ္လင် ချောင်းကူးတံတားတည်ဆောက်
မြေပလ္လင်ကျေးရွာနှင့် သာယာကုန်းကျေးရွာအား ဆက်သွယ်ထားသည့် ချောင်းကူးတံတား ပြန်လည် တည်ဆောက်
> မော်လူး၊ ဖေဖော်ဝါရီ ၁၂
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု သာယာကုန်းကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မြေပလ္လင်ကျေးရွာတို့အား ဆက်သွယ်ထားသည့် ချောင်းကူးတံတားအား ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြန်လည်တည်ဆောက်နေကြောင်း သိရသည်။
> အဆိုပါ ကျေးရွာချင်းဆက် ချောင်းကူးတံတားသည် ယခင်နှစ် မိုးရာသီက ရေကြီးရေလျှံမှုကြောင့် ရေတိုက်စားကာ မျှောပါသွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ပြန်လည် တည်ဆောက်နေကြခြင်း ဖြစ်ကြောင်း၊ တံတားဆောက်လုပ်ရာတွင် ဘက်ဟိုးယာဉ် အကူအညီဖြင့် ဆောက်လုပ်နေပြီး သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လှမှ ဦးဆောင်ကာ ကျေးရွာသူ/သားများ၏ လုပ်အားဒါနများဖြင့် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ တံတားဆောက်လုပ်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဋ္ဌာနမှ ခွင့်ပြုရံပုံငွေအဖြစ် ကျပ်သိန်း ၁၅၀ ချမှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ တံတားအရှည်မှာ ပေ ၃၀၀ ခန့်ရှိပြီး၊ ၃၀ ပေခန်း ၄ ခန်း၊ ၄၀ ပေခန်း ၄ခန်း၊ တစ်ခန်းလျှင် အသားတိုင် ၁၀ တိုင်နှုန်း၊ မြေဝင်အနက် ၉ ပေ၊ အမြင့် ၁၅ ပေ၊ အကျယ် ၁၂ ပေရှိ အသားတံတားအဖြစ် ဆောက်လုပ်မည်ဖြစ်ကြောင်း တံတားဆောက်လုပ်ရေးတွင် လုပ်အားဒါနပေးလှူနေသည့် သာယာကုန်းကျေးရွာသားတစ်ဦးမှပြောပြသည်။
Wednesday, February 11, 2015
ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ကဗျာ ၅
ဖခင်ဗိုလ်ချုပ်
***********
ဖခင်ဗိုလ်ချုပ်
သမီးတို့် မမီလိုက်ပေမဲ့
ဖခင်ဗိုလ်ချုပ်အကြောင်းတွေ
အဘိုးအဘွားဆီကတဆင့်
ကြားသိခဲ့ရတယ်....။
သမီးတို့ မတွေ့ ဖူးခဲ့ပေမဲ့
စာအုပ်ကြီးထဲမှာ သင်ကြားခဲ့ရတယ် ...။
သမီးတို့ကိုယ်တိုင် မကြုံဖူးခဲ့ပေမဲ့
ဗိုလ်ချုပ်ကိုချစ်သူတွေက
လက်ဆင့်ကမ်းပြောပြခဲ့ကြတယ်...။
ပုံပြင်မဟုတ်တဲ့ လက်တွေ့ဆန်တဲ့
ပြတ်သားတဲ့စိတ်နဲ့
လေးစားစရာ လုပ်ရှားမှုတွေအကြောင်းပေါ့
နိုင်ငံရေး ဆိုတာတွေ နားမလည်သေးတဲ့
သမီးပျိုလေးတို့ရဲ့ရင်ထဲမှာ
ဖခင်ဗိုလ်ချုပ်အကြောင်းအမြဲရှိခဲ့တယ် ...
ဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီး
အိမ်ဦးခန်းမှာ ဗိုလ်ချုပ်ပုံချိတ်ဆွဲထားတယ်
ဖခင် ဗိုလ်ချုပ် နှစ်တစ်ရာပြည့်မှသည်
နှစ်ပေါင်းများစွာ
လူထုရင်ထဲမှာ ထင်ကျန်နေဦး ....
ဖြိုးသင်ဇာ (လေးတန်သူ)
12.2.15
1:00 am
လေဘိုကျေးရွာ လူငယ်စွမ်းဆောင်ရည်မြင့်သင်တန်းကျင်းပ
မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာတွင် ကျေးလက်လူငယ် စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းပို့ချ
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာတွင် အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့လည် ၂ နာရီက ကွင်းငို့ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ လူငယ်စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းသို့ အင်းတော်မြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ဦးမျိုးမင်းစိုး၊ ဒုဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ အငယ်တန်းစာရေး ဦးအောင်မျိုးထက်နှင့် သင်တန်းသား ၂၇ ဦးတက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် သင်တန်းသားများအား ကျေးလက်လူငယ် စွမ်းဆောင်ရည်မြင့်မားရေးအတွက် လိုအပ်ချက်များကို တာဝန်ရှိသူများမှ အသီးသီးရှင်းလင်းပြောကြား ပို့ချခဲ့ကြောင်း၊ အင်းတော်မြို့နယ်အတွင်းတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ကြီးမှူးပြီး ကျေးလက်လူငယ် စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ကွင်းငို့ကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာတွင် ဟောပြောပို့ချမှုများ ပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
လေဘိုကျေးရွာ အမကတွင် သောက်သုံးရေတွင်း တူးဖော်
လေဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် သောက်သုံးရေတွင်းတူးဖော်
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် သောက်သုံးရေတွင်းတူးဖော်ခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေတွင်း တူးဖော်ရာသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးသောင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များ၊ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသွားရောက်ကြည့်ရှု့ရာ လေဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျေးရွာသူ/သားများက လိုက်လံရှင်းလင်းပြသခဲ့သည်။ မူလတန်းကျောင်းဝင်းအတွင်း သောက်သုံးရေတွင်း တူဖော်နိုင်ရန်အတွက် အင်းတော်မြို့နယ် အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့သည် အင်းတော်မြို့၊ မြို့မိမြို့ဖ ရံပုံငွေမှ ကျပ်ငွေသုံးသိန်းကို ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး သောက်သုံးရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ဇန်နဝါရီလကုန်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်လူးတွင် မိုးပွင့်အထူးစီမံချက် ကွင်းဆင်းဆောင်ရွက်
မော်လူးတွင် မိုးပွင့်အထူး စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် မိုးပွင့်အထူးစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးပွင့်အထူးစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးအောင်သူ၊ ဒုဦးစီးမှူး ဦးတင့်ဆွေဦး၊ တိုက်နယ်မှူး ဒေါ်အေးအေးဆွေနှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစီစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၊ပျောက်ပျက်သွားသူများ၊အသစ်လဲလှယ်လိုသူများ၊ အိမ်ထောင်စုစာရင်း မပြုလုပ်ရသေးသူများ၊ ပျောက်ပျက်သွားများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မော်လူးကျေးရွာအုပ်စုအတွင်းရှိ မော်လူး၊ အုန်းဒုတ်၊ မင်းသား၊ ဟဲနု၊ ကရင်၊ နန်းခွင်းကျင်၊ ပဲခူး၊ ရွာရှည်၊ သက်ရင်းသာကျေးရွာများတွင် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ မိုးပွင့်အထူးစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ၁၄၀ ဦးကို နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကွင်းငို့ကျေးရွာသို့ ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများပေးအပ်
ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ဖေဖော်ဝါရီ ၁၁ ရက် နေ့လည် ၁ နာရီက ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးသောင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျေးရွာသူ/သား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်မှ ပြည်ထောင်သုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျေးရွာမီးလင်းရေးအတွက် ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားပြီး၊ ကသာခရိုင် ကျေးလက်ဦးစီးမှူး ဦးသောင်းမြင့်မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန၏ လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ ခရိုင် ကျေးလက်ဦးစီးမှူး ဦးသောင်းမြင့်၊ မြို့နယ် ကျေးလက်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာမှ ကျေးရွာသူ/သားများအား ဆိုလာပြားများနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း၊ ကွင်းငို့ကျေးရွာသည် မော်လူးမှ ၁၂ မိုင်ခန့် ကွာဝေးသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ၂၄ နာရီလျှပ်စစ်မီး မရရှိသေးသည့် ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၁၀ ရှိကြောင်း၊ အိမ်ခြေအားလုံးကို ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရသည်။ ယင်းကွင်းငို့ကျေးရွာ မီးလင်းရေးအတွက် အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန၏ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုငွေ ကျပ် ၂၂၀ သိန်းဖြင့် လင်းရာမကုမ္ပဏီမှ တင်ဒါစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကွင်းငို့ကျေးရွာမှ ရပ်မိရပ်ဖ ဦးစိန်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆိုလာပြားပေးအပ်ပွဲအခမ်းအနား နေ့လည် ၂ နာရီတွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
Tuesday, February 10, 2015
ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ကဗျာ ၎
နှစ်တစ်ရာပြည့်မှသည် ....
*******************
"ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ..."
ငယ်ငယ်က အော်အော်ဆိုခဲ့တဲ့ စာသား
ဒီနေ့အထိလည်း ရိုးမသွား မေ့မသွားသေးပါဘူး။
သူရဲကောင်းတို့ မျိုးဆက်
ပျောက်ပျက်မသွားဘူးဆိုတာ
လက်ဆင့်ကမ်း သက်သေပြ
တို့ မြန်ပြည်အတွက်
အားရစရာပေပ ....။
လူ့ပြည် လူ့ရွာ
လူ့ဌာနေမှာ
ပေးဆပ်သူနဲ့ ရယူသူနှစ်မျိုးပဲ
ရှိတယ်တဲ့ ...။
ဗိုလ်ချုပ်က
သူ့မှာရှိတာထက် ပိုပေးခဲ့တယ်
သူ့ယူသွားခဲ့တာ
ဘာတစ်ခုမှ မရှိ ....။
ပေးဆပ်သူတို့နှလုံး
လှပလိုက်ပုံများ
တို့တစ်တွေ
ယနေ့အထိ မမေ့နိုင်တာပဲကြည့် ...။
တိုင်းပြည်အတွက် အသက်ပေး
လွတ်လပ်ရေးကို အရ ယူပေးခဲ့
"အာဇာနည်မျိုး သေရိုးမရှိ ..."။
အို ..ပြည်သူ ပြည်သားအပေါင်းတို့
ရင်ထဲက သတိရရုံနဲ့ ကျေနပ်မနေကြနဲ့
ဗိုလ်ချုပ်ကို စံထား
တို့များလည်း ညီညာကြိုးစား
သူမျှော်လင့်ခဲ့တဲ့
တန်းတူညီတူ အခွင့်အရေး
ငြိမ်းချမ်းရေး တိုးတက်ရေးဆီသို့
နှစ်တစ်ရာပြည့်မှာ သစ္စာပြုရင်း
ချီတက်ကြပါစို့ .....။
မေနှင်းကျော်
11.2.15
WED, 4:00AM
ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ကဗျာ ၃
ဖခင်ကြီးသို့ ဂုဏ်ပြုအလွမ်း
•••••••••••***••••••••••••
ကိုယ်ကျိုးမငဲ့၊တိုင်းပြည့်အကျိုးဆက်သည်
ရဲရင့်ရိုးသား၊သူဇာနည်ကား
နိုင်ငံ့အတွက်၊သန္ဓိဌာန်အညီ
အသက်ကိုတည်လို့
ပေးဆပ်ကာသွား၊ကျားဆိုမှကျားပဲ။
လေးစားထိုက်သူ၊သူလိုလူကား
ဇမ္ဗူတစ်လွှား၊ရှားမှရှားသည့်
လူထူးလူဆန်း၊ဗိုလ်ချုပ်အောင်ဆန်းတည်း။
သူမျှော်မှန်းကာရည်၊ချစ်ကြည်ငြိမ်းချမ်း
စိမ်းလန်းစိုပြည်၊ကမ္ဘာသစ်ဆီသို့
တိုင်းဝှမ်းမြန်ပြည်၊တိုးတက်ဆီသို့။
ပြည်လူထုက၊လေးစားစံပြု
ပြည်သူ့ချစ်ပန်း၊ဗိုလ်အောင်ဆန်းကို
သက်တစ်ရာပြည့်တိုင်၊မမေ့နိုင်ခဲ့ပြီ
ပြည်သူ့ရင်ထဲ၊အစဉ်အမြဲပေမို့။
အလွမ်းတွေနဲ့ မမေ့နိုင်အတည်
ရည်မှန်းဦးညွတ် ဂုဏ်ပြုသည်
ပြည်သူ့ချစ်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသို့။
ဝမ်းတူတူး
မလူးကျေးရွာ လေးတန်ချောင်းကူးတံတားကို ကြိုးတံတားအဖြစ်တည်ဆောက်မည်
မလူးကျေးရွာ လေးတန်ချောင်းကူးတံတားအား ကြိုးတံတားအဖြစ် အသစ်ဆောက်လုပ်မည်
မော်လူး၊ ဖေဖော်ဝါရီ ၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မလူးကျေးရွာတွင် မိုးရာသီက ရေတိုက်စားပြီး ပျက်စီးသွားသည့် လေးတန်းချောင်းကူးတံတားအား ကြိုးတံတားအဖြစ် အသစ်ပြန်လည် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြိုးတံတားမှာ အကျယ် ၅ ပေ၊ အရှည် ၃၆၀ ပေ(ကမ်းကပ်ခုံအပါ)၊ ချောင်းကမ်းနှစ်ဘက်လုံးတွင် ကမ်းကပ်ခုံအဖြစ် အရှည် ၉၀ ပေစီ ပြုလုပ်မည်ဖြစ်ကြောင်း၊ ကြိုးတံတားဆောက်လုပ်ရန်အတွက် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၇ နာရီက မလူးကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော် ဦးသုဘောဂမှ ပန္နက်တင်ပေးခဲ့ကြောင်း၊ ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ မံဟဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ မလူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ကျေးရွာသူ/သား အင်အား ၂၀၀ ကျော် တက်ရောက်ကြကြောင်း သိရသည်။ ကြိုးတံတား ဆောက်လုပ်ခြင်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း ၁၅၀ ခန့်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုရံပုံငွေမှာ ကျပ်သိန်း ၂၀ ဖြစ်ကြောင်း တစ်လအတွင်း ရွာသူ/သားများ၏ လုပ်အားဒါနဖြင့် တစ်လအချိန်ယူကာ ဆောက်လုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
စေတနာ စာကျက်ဝိုင်း ပြုလုပ်
အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား/သူများအား စာကျက်ဝိုင်းပြုလုပ်
မော်လူး၊ ဖေဖော်ဝါရီ ၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မလူးကျေးရွာ၊ အခြေခံပညာ အလယ်တန်း(ခွဲ)ကျောင်းတွင် အဋ္ဌမတန်းနှင့် စတုတ္ထတန်း ကျောင်းသား/သူများအား အောင်ချက်မြင့်မားရေးအတွက် ဆရာ/မများမှ တာဝန်ယူကာ စာကျက်ဝိုင်းပြုလုပ်လျှက်ရှိကြောင်း သိရသည်။
၂၀၁၄/၁၅ ပညာသင်နှစ်တွင် ပြောင်းလဲလိုက်သည့် ပညာရေးစနစ်ကြောင့် အစိုးရစစ်ဖြစ်သွားသော အဋ္ဌမတန်းနှင့် စတုတ္ထတန်းကျောင်းသား/သူများ အတန်းတင်စာမေးပွဲတွင် ကောင်းမွန်စွာဖြေဆိုနိုင်ပြီး အောင်ချက်မြင့်မားရေးအတွက် မလူးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဝင်း၊ ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိနှင့် နံနက် ၅ နာရီမှ နံနက် ၇ နာရီအထိ စာကျက်ဝိုင်းပြုလုပ်ကာ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ယခုနှစ်တွင် မလူးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲမှ အဋ္ဌမတန်း ကျောင်းသား/သူ (၁၄)ဦး၊ စတုတ္ထတန်း ကျောင်းသား/သူ(၃၄)ဦးဝင်ရောက် ဖြေဆိုကြမည်ဖြစ်ပြီး စာကျက်ဝိုင်းကို အတန်းတင် စာမေးပွဲ ပြီးဆုံးသည်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း စာကျက်ဝိုင်းကို တာဝန်ယူဆောင်ရွက်နေကြသည့် အဋ္ဌမတန်းကျောင်းသား/သူများကို ဆရာမ ဒေါ်ကွန်ရွှေနှင့် စတုတ္ထတန်း ကျောင်းသား/သူများကို ဆရာမ ဒေါ်နှင်းလွင်ဦးတို့မှ တာဝန်ယူကာ စာကျက်ဝိုင်းကို ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
Monday, February 9, 2015
ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ဒုတိယမြောက် ကဗျာ ၂
ဗိုလ်ချုပ်ရေ ....
****************
မွေးနေ့ နှစ်တစ်ရာ
ယနေ့အထိ မမေ့ပါ
တွေးမိတိုင်း ရင်နာရပါတယ်
ဗိုလ်ချုပ်ရေ ....
စွန့်လွှတ် စွန့်စား
ပေးဆပ်ခြင်းတရားတွေနဲ့
ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေဖြတ်
ပြည်သူတွေအတွက်
ဗမာ့တပ်မတော်ကိုဖွဲ့ခဲ့တယ်
ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီးလေ
ဟော ...
အခုတော့
ဗိုလ်ချုပ်ရေ ...
တပ်မတော်သာ အမိ
တပ်မတော်သာ အဖတဲ့
ပြည်သူတွေကို ကျွန်ပြု
နိုင်ငံကို ပိုင်းခြား
မြစ်တွေကိုပါ ရောင်းစားနေကြတယ်။
နှစ်တစ်ရာပြည့်မှာ
ချစ်စရာ ပီတိစကားတွေနဲ့
သတိရလွမ်းဆွတ်မှုတွေကိုပဲ
ပြောလိုပေမဲ့ ....
ဗိုလ်ချုပ်ရေ .........
•••••••••••••••••
•••••••••••••••••
•••••••••••••••••
သွန်းဆက်ကျော်
ကဗျာပြိုင်ပွဲသို့ ပေးပို့လာသည့် ကဗျာ ၁
နှစ်များစွာတိုင် ...
************
ရိုးရိုးလေးပါ
ရိုးသားမှုတွေကြောင့်
ကျုပ်တို့က ချစ်တာ
ကျုပ်တို့က သတိရတာ
ကျုပ်တို့က မမေ့နိုင်တာ
ဟော ....
အခု မွေးနေ့ နှစ်တစ်ရာပြည့်ပြီတဲ့
ကျုပ်တို့ရှင်ထဲမှာ ရှင်သန်နေမြဲ
ပိုက်ဆံတွေပေါ်က ဖျောက်ဖျက်
နံရံတွေပေါ်က ခွာချခဲ့လည်း
သိမ်းထားခဲ့တာက ကျုပ်တို့တွေရဲ့
ရင်ထဲ အသည်းထဲ နှလုံးသားထဲမှာလေ
သူရေးခဲ့တာက
ဘယ်လိုဖျက်ဖျက် မပျက်တဲ့သမိုင်း
ရိုးဂုဏ်ကို အဖော်ပြုပြီး
ပြည့်သူ့မျက်နှာ တိုင်းပြည်မျက်နှာပဲ
ကြည့်ခဲ့တာ
သူ့ရဲ့ ကြိုးပမ်းမှုတွေ
သူ့ရဲ့ ပေးဆပ်မှုတွေ
သူ့ရဲ့ အနစ်နာခံခဲ့မှုတွေ
စတာ ....
စတာတွေကို
ကျုပ်တို့ နှစ်တစ်ရာမက
နှစ်ပေါင်းများစွာတိုင်
သတိရတမ်းတ လွမ်းဆွတ်နေကြဦးမှာ
အသေအချာ ....
တာတေအမ်နိုင်း
Saturday, February 7, 2015
mawlu news group မှ ပြုလုပ်မည့် ကဗျာပြိုင်ပွဲ ကြေညာချက်
မော်လူးသူ/သား ကဗျာဝါသနာရှင်များ ခင်ဗျား ... ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်တစ်ရာပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျနော်တို့ mawlu news group မှ ဗိုလ်ချုပ် အောင်ဆန်းအကြောင်း ကဗျာ စာမူများကို ဖိတ်ခေါ်အပ်ပါသည်။ mawlu news group မှ အကြိုက်ဆုံး ကဗျာနှစ်ပုဒ်ကို ရွေးချယ်ပြီး ဆုချီြးှမှင့်မည် ဖြစ်ပါသည်။ ပထမဆုအဖြစ် ဖုန်းငွေဖြည့်ကတ် ၁၀၀၀၀ တန်ကတ်| ဒုတိယဆုအဖြစ် ဖုန်းငွေဖြည့်ကတ် ၅၀၀၀ တန်ကတ်တို့ကို ချီးမြှင့်မည် ဖြစ်ပါသည်။ သို့ပါ၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့နောက်ဆုံးထား၍ ကဗျာစာမူများကို ပေးပို့နိုင်ပါသည်။ ကိုယ်တိုင်ရေး ကဗျာစာမူဖြစ်ကြောင်း ဝန်ခံကတိပါရှိရပါမည်။ မိမိတို့၏ ဖုန်းနံပါတ်များကို ထည့်သွင်းဖော်ပြရပါမည်။ စာမူရှင်တစ်ဦးလျှင် ကဗျာ သုံးပုဒ်အထိသာ ပေးပို့နိုင်ပါသည်။ mawlu news group မှ Admin များ ပါဝင်ယှဉ်ပြိုင်ခွင့် မရှိပါ။ ပေးပို့လာသော ကဗျာ အားလုံးကို mawlu news တွင် ဖော်ပြပေးပါမည်။
mawluuvillagers@gmail.com သို့ ပေးပို့ကြပါရန်
with respect,
mawlu news group
ဓာတ်ပုံများအား linaungpyae facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
မြေပလ္လင်တွင် ရေလှောင်ကန်တည်ဆောက်
မြေပလ္လင်ကျေးရွာ ရေပေးဝေရေးအတွက် အုတ်ရေလှောင်ကန် တည်ဆောက်
မော်လူး၊ ဖေဖော်ဝါရီ ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ မြေပလ္လင်ကျေးရွာတွင် အုတ်ရေလှောင်ကန်အား ကျေးရွာသူ/သားများမှ ဖေဖော်ဝါရီ ၇ ရက်နေ့က တည်ဆောက်နေကြကြောင်း သိရသည်။
အဆိုပါ မြေပလ္လင်ကျေးရွာ ရေရရှိရေးအတွက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ရံပုံငွေကျပ်သိန်း ၈၀ ချမှတ်ထားပေးခဲ့ခြင်းဖြစ်ပြီး၊ ရေလှောင်ကန်မှာ အလျား၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိကြောင်း၊ ရေသွယ်ယူခြင်းလုပ်ငန်းကိုမူ ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ယူကှာဟွေ့မွန်းချောင်းမှ ကျေးရွာသို့ (၁ မိုင် အကွာအဝေးကို) ၄ လက်မ ရေပိုက် ၁၈၀ လုံးခန့်ဖြင့် ရေလှောင်ကန်တည်ဆောက်ရာ နေရာအထိ သွယ်ယူထားပြီး ဖြစ်ကြောင်း၊ ရေလှောင်ကန်ပြီးစီးသွားပါက ကျေးရွာအတွင်းရှိ နေအိမ်များသို့ သန့်ရှင်းကြည်လင်သော သောက်သုံးရေများကို ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း မြေပလ္လင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်မှ ပြောပြသည်။
နန့်စီးအောင် - ပေကုန်းတွင် နိုင်ငံသား စိစစ်ရေး ကတ်များပြုလုပ်ပေး
အထူးမိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
မော်လူး၊ ဖေဖော်ဝါရီ ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင် -ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အထူးမိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအထူးမိုးပွင့် စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပြုလုပ်ခြင်းကို ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၉ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အသက် (၁၀)နှစ်နှင့် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစီစစ်ရေးကတ်ပြား မရှိသေးသူများ၊ အသစ်လှဲလှယ်သူများ၊ ပျောက်ဆုံးသူများအား မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းများ ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိုးပွင့် အထူးစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးရာသို့ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဋ္ဌာန ဦးစီးအရာရှိ ဦးအောင်သူ၊ ဒုဦးစီးမှူး ဦးတင့်ဆွေဦးနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ပြီး နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့် (၁)ဒေါ်ဝင်းဝင်းခိုင်နှင့် ကျေးရွာများမှ ရာအိမ်မှူးများက လိုအပ်သည်များကို ပံ့ပိုးကူညီပေးကာ သုံးရက်တိုင်တိုင် နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသား စီစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်
Friday, February 6, 2015
မော်လူး အထကတွင် ဗိုလ်ချုပ် အောင်ဆန်း ရာပြည့်မွေးနေ့ အကြိုကျင်းပ
မော်လူး အထကတွင် ဗိုလ်ချုပ် အောင်ဆန်း ရာပြည့် မွေးနေ့နှင့်
မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့်
ဟောပြောပွဲ ကျင်းပ
မော်လူး၊ ဖေဖော်ဝါရီ ၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
၂၁၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏
နှစ်တစ်ရာပြည့် မွေးနေ့နှင့် မြန်မာနိုင်ငံကလေးများနေ့
အထိမ်းအမှတ်အကြိုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
မော်လူး အခြေခံပညာ အထက်တန်းကျောင်းတွင် ပြိုင်ပွဲများနှင့် ဟောပြောပွဲကို
ဖေဖော်ဝါရီ ၆ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
ရာပြည့်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်အကြိုအဖြစ်
မော်လူး အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့်
ဦးစီးပြီး ဆရာ/မများက မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်
စသဖြင့် အဆင့်သုံးဆင့်ခွဲကာ မူလတန်းအဆင့်ကျောင်းသူ/သားများကို
ပြေးပွဲပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊
ပန်ချီပြိုင်ပွဲများကိုလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသူ/သားများကို
ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကိုလည်းကောင်း
ကျင်းပပြုလုပ်ပေးခဲ့ပြီး၊ နေ့လည်ပိုင်းတွင် အလယ်တန်း၊ အထက်တန်း
ကျောင်းသူ/သား ၁၅၀၀ ခန့်ကို နှစ်ကြိမ်ခွဲကာ ပထမပိုင်းတွင် အထက်တန်းပြဆရာမ
ဒေါ်ခင်မာအေးမှ ဗိုလ်ချုပ် ဘဝဖြစ်စဉ်အကြောင်းကိုလည်းကောင်း၊ အလယ်တန်းပြ
ဆရာမ ဒေါ်ခင်စန်းရီမှ အတုယူသင့်သော ဗိုလ်ချုပ်
စိတ်ဓာတ်အကြောင်းကိုလည်းကောင်း၊ ဒုတိယပိုင်းတွင် အထက်တန်းပြ ဆရာ
ဦးညီညီနိုင်မှ ဗိုလ်ချုပ်၏ တက္ကသိုလ်ကျောင်းသားဘဝ၊ ခေါင်းဆောင်တို့၏
အရည်အချင်း၊ ကိုယ်ကျိုးအတွက် မကြည့်ပဲ အများအကျိုးအတွက် ဆောင်ရွက်ခဲ့ပုံ
အကြောင်းများကိုလည်းကောင်း၊ အထက်တန်းပြ ဆရာ ဦးပြုံးမောင်မောင်မှ
ဗိုလ်ချုပ်၏ ပညာရေးအမြင်ကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြကြောင်း သိရသည်။
cyclone
Wednesday, February 4, 2015
မော်လူးသတင်းအဖွဲ့နဲ့ မော်လူးသတင်းထောက်များကို အကြံပြုလွှာဆိုပဲ
mawlunews group မှ သတင်းတင်သူများ ခင်ဗျား။ ကြည့်ကျက်လည်းလုပ်ပါဦး ဘာတဲ့ ညတုန်းက ဖတ်လိုက်ရတဲ့ သတင်းက
"ဘုရားပွဲတော်တွင် ရောင်းချသည့် လယ်ယာလုပ်ငန်းသုံး ပစ္စည်းများတွင် ဓါးမြှောင်၊ ဓါးချွန်များ ပါဝင်နေမှု ပွဲတော် လုံခြုံရေးကို ထိခိုက်နိုင်"ဆိုပဲ ရေးထားပုံကတော့ လူရွှင်တော်တွေ စကား အငှားသုံးပြီးပြောရရင် ရီချင်ရက် ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ဆိုသလိုပါပဲ ကျုပ်တို့ ဒေသက ဘုရားပွဲကို ကျင်းပလာတာကြာပါပြီ။ ဒီနှစ်ဆို ၁၀၄ ကြိမ်ရှိခဲ့ပြီ မဟုတ်လား။ ဒီလိုကျင်းပလာတဲ့ အကြိမ်တွေတိုင်းမှာ လယ်ယာလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်က ဝယ်လာတဲ့ ဓါးကို အသုံးပြုပြီး ပွဲတော်အတွင်း ခိုက်ရန်ဖြစ်ပွားရာမှာ သုံးလို့ သေသွားတယ်ဆိုတဲ့ ဖြစ်စဉ်မျိုး ကျုပ်တစ်သက် မကြားဘူးပါဘူး။တကယ်တမ်းပြောရရင် သတင်းရေးတဲ့သူ တကယ်ပွဲတော်လုံခြုံရေးကို ထိခိုက်စေတာက ဘာလဲ။ ဗုဒ္ဓပူဇနိယပွဲတော်ဆိုတဲ့ အမည်နဲ့ မလိုက်ဖက်စွာ ကျုပ်တို့ ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ လူကျင့်ဝတ်ထဲမှာပါတဲ့ ငါးပါးသီလထဲ တစ်ပါးကို ကျိုးပျက်စေတဲ့ အရည်တွေ ရောင်းချနေတဲ့ ဈေးဆိုင်ခန်းပေါင်း ဘယ်လောက်ရှိသလဲဆိုတာ သတင်းရေးတဲ့သူ သိမှာမြင်မှာပါ။ ပွဲခင်းအတွင်း ခိုက်ရန်ဖြစ်မှု အများစုဟာ မူးလို့ဖြစ်ကြတာ အများဆုံးဆိုတာလည်း သတင်းရေးတဲ့သူ သိမှာပါ။ ဒီလို အဓိကကျတဲ့ အကြောင်းအရာတော့ မရေးပဲ မဆိုင်တဲ့ အပေါက်ကို ကလိုင်နဲ့ခေါက်တဲ့ သတင်းမျိုးရေးတဲ့ သတင်းထောက်နဲ့ ဒါကို အင်တာနက်ပေါ်တင်ပေတဲ့ မော်လူးသတင်းအဖွဲ့ တွေးတောဆင်ခြင်နိုင်အောင် ကျုပ်က ရေးသားတင်ပြလိုက်ရတာပါညယ်။
အော် မေ့တော့မလို့ ပွဲတော်မှာ ရောင်းချတဲ့ ယမကာဆိုင်တွေက မော်လူးသတင်းသမားတွေကို ဆက်ကြေးပေးရတယ်ဆို အဲ့ဒါလေးလည်း သတင်းရေးပါလား ကလိုင်ခေါက် သတင်းထောက်ရေ ...
tartaym9@gmail.com
မေလ်းထဲရောက်လာတဲ့ စာလေးပါ ခမျ။ နောက်ထပ်လည်း အခုလိုစာမျိုးတွေ ပေးပို့ဦးမယ်ဆိုပဲ welcome ပါ။tartaym9@gmail.com ရေ ။ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုမျိုးတော့ မဖြစ်စေနဲ့ပေါ့နော့။
with respect,
mawlunews group
ရံပုံငွေ ကံစမ်းမဲပေါက်တာ ရံပုံငွေ ထပ်ပေးရပြန်တယ်ဆိုပဲ
ဒီပင်္ကရာ ဘုရားပွဲ လပြည့်နေ့ညက ဖွင့်လှစ်လိုက်သည့် မော်လူးမီးသတ်ရံပုံငွေကံစမ်းမဲတွင် သုံးဘီးဆိုင်ကယ်ဆုဆွတ်ခူးသွားသည့် ကံထူးရှင်ထံမှ ရံပုံငွေအဖြစ် သုံးသိန်းကျပ်ထပ်မံတောင်းခံရာ ငါးသောင်းကျပ်ဖြင့် အပေးအယူတည့်သွားကြောင်း ကြားသိရသည်။
သတင်းရင်းမြစ်= ကံကိုယုံကြည်သော်လည်း လူများကို မယုံကြည်သူ
သတင်းဓာတ်ပုံ= ပုလင်းထောင် ကမြင်းကောင်
သတင်းရင်းမြစ်= ကံကိုယုံကြည်သော်လည်း လူများကို မယုံကြည်သူ
သတင်းဓာတ်ပုံ= ပုလင်းထောင် ကမြင်းကောင်
လယ်ယာသုံး အိမ်သုံးသံထည်များ ရောင်းချခြင်းနှင့်ပတ်သက်၍
ဘုရားပွဲတော်တွင် ရောင်းချသည့် လယ်ယာလုပ်ငန်းသုံး ပစ္စည်းများတွင် ဓါးမြှောင်၊ ဓါးချွန်များ ပါဝင်နေမှု ပွဲတော် လုံခြုံရေးကို ထိခိုက်နိုင်
မော်လူး၊ ဖေဖော်ဝါရီ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖြင့် အနယ်နယ်အရပ်ရပ်မှ ဈေးသည်များမှ လာရောက်ရောင်းချကြသဖြင့် ပစ္စည်းအမျိုးစုံလင်လှသည်။ ထိုသို့ ရောင်းချကြသည့် အမျိုးအစားစုံလင်လှသော ပစ္စည်းများထဲတွင် လယ်ယာလုပ်ငန်းသုံး ပစ္စည်းများ၊ အိမ်သုံးသံထည်ပစ္စည်းများနှင့် တွဲဖက်ရောင်းချလျှက်ရှိသော ဓါးမြှောင်အမျိုးမျိုးနှင့် ဓါးဦးချွန်များပါဝင်လျှက်ရှိသည်။ အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလှသဖြင့် ပွဲတော်တွင် လုံခြုံရေးတာဝန်ကို ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများအတွက် တုတ်၊ ဓါး၊ လက်နက်များ ကိုင်ဆောင်လာပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ပွဲတော်စည်ကားမှုကို ထိခိုက်နိုင်သလို ပွဲတော်ကျင်းပခွင့်ကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ပွဲတော်အတွင်း ရောင်းချလျှက်ရှိသော လယ်ယာလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များတွင် ဓါးမြှောင်အမျိုးမျိုးနှင့် ဓါးဦးချွန်များကို ရောင်းချနေခြင်းသည် ပွဲတော်လုံခြုံရေးကို ထိခိုက်စေနိုင်ကြောင်း၊ ရောင်းချလျှက်ရှိသော ဓါးများကို လုပ်ငန်းခွင်တွင် အသုံးပြုရန် ဝယ်ယူသူများ ရှိသကဲ့သို့ ခိုက်ရန်ဖြစ်ပွားရာတွင် အသုံးပြုရန် ကြိုတင်ကြံစည်ပြီး ဝယ်ယူသူများလည်း ပါဝင်နိုင်သဖြင့် ပွဲတော်လုံခြုံရေးကို စိုးရိမ်ရကြောင်း သို့အတွက် ပွဲတော်အတွင်း အဆိုပါပစ္စည်းများ ရောင်းချနေမှုကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်သင့်ကြောင်း ဒေသခံတစ်ဦးထံမှ ကြားသိရသည်။
cyclone
ရွှေဆိုင်းများ အလှူရှင်များကိုယ်တိုင် ကပ်လှူခွင့်ရ
ဒီပင်္ကရာ ဘုရားပွဲတော်တွင် ရွှေဆိုင်းများ ကိုယ်တိုင် ကပ်လှူ ပူဇော်နိုင်
မော်လူး၊ ဖေဖော်ဝါရီ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ကိုးတိုက်နယ်၊ (၁၀)အုပ်စု၏ သမိုင်းဝင်ဒီပင်္ကရာ စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတွင် ရွှေဆိုင်းများကို အလှူရှင်များကိုယ်တိုင် ကပ်လှူနိုင်ပြီဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဒီပင်္ကရာ စေတီတော်မြတ်၏ ဂန္ဓကုဋီတိုက်အတွင်း တည်ထားကိုးကွယ်လျှက်ရှိသော မဟာသေဋ္ဌဒီပမုနိ ရုပ်ပွားတော်မြတ်အား ယခင်နှစ်များက ရွှေဆိုင်းများကို လှူဒါန်းနိုင်သော်လည်း အလှူရှင်ကိုယ်တိုင် ကပ်လှူပူဇော်ခြင်း မပြုလုပ်ခဲ့ကြရချေ။ သို့အတွက် ယခုနှစ်တွင်မူ အလှူရှင် ဘုရားဖူးများ ကိုယ်တိုင် ရွှေဆိုင်းများကို ကပ်လှူပူဇော်ခွင့် ပြုထားကြောင်း သိရသည်။
"ယခင်နှစ်တွေက ရွှေဆိုင်း ကပ်လှူမယ်ဆိုရင် ဂေါပကအဖွဲ့တွေဆီမှာ ရွှေဆိုင်းဝယ်ယူ ရေစက်ချပြီး အပ်ထားခဲ့လိုက်ရတာပါ။ ဒီနှစ်မှာတော့ ရွှေဆိုင်းကို ကိုယ်တိုင်ကိုယ်ကျ ရုပ်ပွားတော်မြတ်ကြီးကို ရွှေဆိုင်းကပ်လှူခွင့်ပေးထားတဲ့အတွက် လှူဒါန်းရတဲ့ ကျွန်တော်တို့လို ရွှေဆိုင်းအလှူရှင်တွေ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ ကြည်လည်းကြည်နူးမိပါတယ်။ မန္တလေးမြို့က မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးမှာ ရွှေဆိုင်းကို အလှူရှင်ကိုယ်တိုင် ကပ်လှူနိုင်သလို ကျွန်တော်တို့ဒေသက ဒီပင်္ကရာဘုရားမှာလည်း ရွှေဆိုင်းကို အလှူရှင်ကိုယ်တိုင် ကပ်လှူနိုင်ပြီး ဖြစ်လို့ ကြည်နူး ပီတိဖြစ်မိပါတယ်။" ဟု ရွှေဆိုင်းကို ကိုယ်တိုင်ကိုယ်ကျ ကပ်လှူပူဇော်ခဲ့ရသူတစ်ဦးမှ ဝမ်းသာအားရ ပြောပြသည်။
"မနှစ်က မဟာသေဋ္ဌဒီပမုနိ ရုပ်ပွားတော်မြတ်ကြီးကို ရွှေဆိုင်း ၅ သိန်းဘိုး ကပ်လှူ ပူဇော်နိုင်ခဲ့ပြီး၊ ဒီနှစ်မှာတော့ ၇ သိန်းဘိုးအထိ ကပ်လှူပူဇော်နိုင်ခဲ့တယ်။ ရွှေဆိုင်းအလှူရှင်တွေ ကိုယ်တိုင်က ကပ်လှူချင်တယ်ဆိုရင်လည်း ကပ်လှူလို့ရအောင် စီစဉ်ပေးထားပါတယ်။ ဒီလိုစီစဉ်ပေးထားတဲ့အတွက် ရွှေဆိုင်းအလှူရှင်တွေလည်း စိတ်ချမ်းသာကြမယ်လေ။ ရွှေဆိုင်းတစ်ဆိုင်းကို ၁၀၀၀ ကျပ်နှုန်းနဲ့ ကပ်လှူပူဇော်နိုင်အောင် စီစဉ်ပေးထားတာမို့ ဆင်းရဲချမ်းသာ လူတန်းစားမရွေး လှူဒါန်းပူဇော်နိုင်ပါတယ်။ နောက်ပြီး စေတီတော် ရင်ပြင်အတွင်း လိုအပ်တဲ့ နေရာတွေမှာ ကျောက်ပြားခင်းနိုင်ဖို့အတွက် ကျောက်ပြားတစ်ပြားကို ၁၀၀၀ ကျပ်နှုန်းနဲ့ပဲ လှူဒါန်းနိုင်ပါတယ်။ ယခုနှစ် ရွှေဆိုင်း၊ ကျောက်ပြား၊ စေတီတော်အတွင်း အလှူခံဋ္ဌာနတွေကနေ အလှူငွေစုစုပေါင်း ကျပ်သိန်း ၂၀၀ ကျော်ခန့် ရရှိခဲ့ပါတယ်။"ဟု ဒီပင်္ကရာစေတီတော်မြတ် ဂေါပကအဖွဲ့ တာဝန်ရှိသူများမှ ပြောပြသည်။
cyclone
ဘုရားပွဲမှာ အရောင်းသွက်သွားတဲ့ ဘေထုပ်
ဒီပင်္ကရာစေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်တွင် အဟောင်းထည် ဘေထုပ်များ ရောင်းအားကောင်း
မော်လူး၊ ဖေဖော်ဝါရီ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်တွင် အဟောင်းထည် ဘေထုပ်များ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မော်လူးဒေသ၊ ကိုးတိုက်နယ်၊ (၁၀)အုပ်စု၏ သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချကြသည့် ဈေးသည်များဖြင့် စည်ကားလျှက်ရှိရာ အထူးသဖြင့် အဟောင်းထည် ဘေထုပ်ရောင်းချသူများမှာ ရောင်းအားကောင်းခဲ့သည်။
"ဒီနှစ်မှာ ဒေသခံအများစုဟာ တန်ဘိုးကြီးတဲ့ အဝတ်အထည်တွေကို မဝယ်ယူကြတော့ပဲ တန်ဘိုးနည်း အဝတ်အထည်တွေကိုသာ ဝယ်ယူကြတာမို့ ကျွန်တော်တို့ အဟောင်းတည်တွေဘက်ကို ဦးလှည့်လာကြတာပါ။ ကလေးဝတ်အင်္ကျီတွေဆို ငွေ ၅၀၀ ကျပ်နဲ့ နှစ်ထည်ရတယ်။ လူကြီးဝတ်က အနွေးထည်တစ်ထည်ကို ၁၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ဒီတော့ ငွေ ၅၀၀/၁၀၀၀ လောက်နဲ့ ရောင်းချပေးတာဆိုတော့ ဝယ်ယူတဲ့သူတွေအတွက် အဆင်ပြေစေတဲ့ နှုန်းထားဖြစ်နေတာပေါ့။ ဈေးရောင်းရတာလည်း အရင်နှစ်တွေထက် ရောင်းအားနည်းပါတယ်။ ပွဲတော်နောက်ဆုံးရက်မှာတော့ လျှော့ဈေးတွေနဲ့ ရောင်းချနေတာပါ။ ဘာလို့လဲဆိုတော့ ဒီအထည်တွေကို ကျွန်တော်တို့ ပြန်သယ်မသွားချင်တော့ဘူး ရတဲ့ဈေးနဲ့ အရှုံးခံရောင်းချပေးနေတာပါ။ တစ်ချို့ဆို လက်ဆောင်အနေနဲ့ အလကားပေးလိုက်တာမျိုးတွေလည်း ရှိပါတယ်။" ဟု ဒီပင်္ကရာ ဘုရားပွဲတော်တွင် အဟောင်းထည်များကို ရောင်းချသည့် ဆိုင်ရှင်တစ်ဦးမှ ပြောပြသည်။
" ဒီနှစ် ဘုရားပွဲကတော့ တော်တော်စည်ကားပါတယ်။ ဈေးဆိုင်ခန်းပေါင်း ၈၀၀ ကျော်နဲ့ ပစ္စည်းမျိုးစုံရောင်းချနေတာပါ။ လယ်ယာသုံးပစ္စည်းတွေ၊ အဝတ်အထည်တွေ၊ စားသောက်ကုန်တွေ အစရှိတာကို ရောင်းချနေကြတာပါ။ နှစ်စဉ်ကျင်းပတဲ့ ပွဲတော်မို့ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားစတဲ့ မြို့ကြီးတွေက ဈေးသည်တွေပါ လာရောက်ရောင်းချကြတာမို့ ပစ္စည်းစုံ အရောင်အသွေးစုံပါပဲ။ ဈေးသည်တွေ ရောင်းအားအကောင်းဆုံးကတော့ တပို့တွဲ လဆန်း ၁၄ ရက်နေ့ညနဲ့ ဆွမ်းကြီးလောင်းတဲ့ လပြည့်နေ့နဲ့ညမှာ အများဝယ်ယူကြတာပါ။ ကျွန်မကတော့ အိမ်က အမျိုးသားနဲ့ ကလေးတွေအတွက် အဟောင်းထည်အရောင်းဆိုင်က အင်္ကျီတွေ ဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးပေါ့တယ်။ ဝတ်ရတာလည်း အဆင်ပြေတယ် ပြောရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်လေ ၅၀၀/၁၀၀၀ ဆိုတာ ခေါက်ဆွဲ တစ်ပွဲဖိုးလောက်ပဲ ရှိတာမဟုတ်လား" ဟု ပွဲတော်သို့ လာရောက်သည့် သူရောင်းကျေးရွာမှ အိမ်ထောင်ရှင်မတစ်ဦးက ပြောပြသည်။
ယခုနှစ် ကျင်းပသည့် မော်လူးဒေသမှ သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်သည် ၁၀၄ ကြိမ်မြောက် ဖြစ်ကြောင်း၊ ယင်းပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဈေးသည်များ၊ ဘုရားဖူးလာရောက်ကြသူများ၊ သတင်းမှတ်တမ်းရိုက်ကူးလာသူများ၊ ဒေသခံ ဘုရားဖူးများဖြင့် တပို့တွဲလဆန်း ၁၀ရက်နေ့မှ လပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Monday, February 2, 2015
ကဲ ဘုရားပွဲကို မှတ်တမ်းတင်ရိုက်ကူးရေးလာတဲ့ မြဝတီရုပ်သံနဲ့ ပတ်သက်ပြီး ဒီလိုတွေကြားနေတယ်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ ကိုးတိုက်နယ် ၁၀ အုပ်စု၏ သမိုင်းဝင် ဒီပင်္ကရာ ဘုရားပွဲသို့ မှတ်တမ်းတင် ရိုက်ကူးရေးရောက်ရှိနေသော မြဝတီရုပ်မြင်သံကြားအဖွဲ့အား မှေတ်တမ်းတင်ရိုက်ကူးခအဖြစ် ၉ သိန်းကျပ်ပေးရမည်ဟု သတင်းထွက်နေပါသည်။ သတင်းအမှန်ဆိုလျှင် ထိုရိုက်ကူးရေးအဖွဲ့ကို မည်သူ၏ အဆက်အသွယ်ဖြင့် ခေါ်ယူခဲ့ပါသနည်း။ ပွဲတော်ဖြစ်မြောက်ရေး ဂေါပကလူကြီးမင်းများခေါ်ယူခဲ့ပါသလား။ ဘုရားရံပုံငွေထဲကနေပြီး ငွေကိုးသိန်းကို ပေးရမည်ဆိုလျှင် ဒေသခံများ သဘောတူကြပါသလား။ ဒီတော့ မြဝတီရုပ်မြင်သံကြားရိုက်ကူးရေးအဖွဲ့ကို ခေါ်ယူခဲ့သူမှာသာ အဓိက တာဝန်ရှိကြောင်း ပြောလိုပါတယ်။
မေလ်းးထဲရောက်လာတဲ့ သတင်းလေးပါ။ သတင်းအမှန်ဆို ဒီထက် ပိုတိကျခိုင်လုံတဲ့ အချက်အလက်လေးများ ရှိလိုပါတယ် ခမျာ။
ခိုချယ်ရွာနှင့် တာဖလ ကျေးရွာချင်းဆက် လမ်းမပြုပြင်
ခိုချယ်ကျေးရွာနှင့် တာဖလကျေးရွာ ကျေးရွာချင်းဆက် လမ်းမကြီးပြုပြင် ပညာအလင်းစာကြည့်တိုက်ဆောက်လုပ်ရန် မြေနေရာရှင်းလင်း
အင်းတော်၊ ဖေဖော်ဝါရီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာအုပ်စု၊ ခိုချယ်ကျေးရွာနှင့် တာဖလကျေးရွာ ကျေးရွာချင်းဆက် လမ်းမကြီး ပြုပြင်းခြင်းနှင့် ပညာ့အလင်း ကျေးရွာစာကြည့်တိုက် ဆောက်လုပ်ရန် မြေနေရာ ရှင်းလင်းခြင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခိုချယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီး ကျေးရွာချင်းဆက်လမ်းမကြီးဘေး မြေနေရာလွတ်တွင် ခိုချယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးပညာဇောတနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မောင်း၊ ကျေးရွာ စာကြည့်တိုက်ဖြစ်မြောက်ရေး အကျိုးတော်ဆောင် ကော်မတီဝင်များ စုပေါင်း၍ ပညာ့အလင်း စာကြည့်တိုက် ဆောက်လုပ်ရန် မြေနေရာ ရှင်းလင်းခြင်းနှင့် ကျေးရွာချင်းဆက်လမ်းမကြီး ပြုပြင်ခြင်းကို ဗန်းမောက် မော်တော်ကားလမ်းပြုပြင်ရေးအဖွဲ့မှ ဘက်ဟိုးယာဉ်ယန္တရားဖြင့် ဆောင်ရွက်ရာတွင် ဒေသခံကျေးရွာသူ/သားများက စုပေါင်းလုပ်အားဒါနဖြင့် ပြုပြင်ခဲ့ကြသည်။
"ဒီရွာမှာ ယခင်က ကျေးရွာစာကြည့်တိုက်ဆိုတာ မရှိခဲ့ပါဘူး။ အခုစာကြည့်တိုက် ဖြစ်မြောက်ဖို့ရာအတွက် ဆရာတော် ဦးပညာဇောတက ၃ နှစ် အချိန်ယူပြီး တစ်နှစ်ကို တစ်သိန်းနှုန်း သုံးနှစ်အတွင် သုံးသိန်းကျပ်တိတိကို စုဆောင်းပြီး စာကြည့်တိုက်အတွက် လိုအပ်မဲ့ သုတ၊ ရသအစရှိတဲ့ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းစတာတွေကို စုဆောင်းနေပါတယ်။ ပြီးတော့ စာကြည့်တိုက်ကို တည်တံ့ခိုင်မြဲအောင် စနစ်တကျ ဆောင်ရွက်နိုင်မဲ့ စာကြည့်တိုက်မှူး အဖြစ် ဆောင်ရွက်နိုင်အောင် ခိုချယ်ကျေးရွာက ကိုသဲမောင်က စာကြည့်တိုက်မှူးသင်တန်းကို အင်းတော်မြို့မှာ တက်ရောက်နေပါပြီ။ အခု စာကြည့်တိုက်ဆောက်လုပ်မဲ့ ဘုန်းတော်ကြီးကျောင်းနားက မြေလွတ်ကို မြေညှိခြင်း၊ ရှင်းလင်းခြင်းတွေ ဆောင်ရွက်နေတာပါ။ ကျေးရွာစာကြည့်တိုက်ကြီး ဆောက်လုပ်ပြီးစီးပြီး ဖွင့်လှစ်နိုင်မယ်ဆိုရင် ကျေးရွာသူ/သားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးနိုင်မှာ သေချာပါတယ်။"ဟု ခိုချယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းမှ ပြောပြသည်။
ခိုချယ်ကျေးရွာနှင့် တာဖလကျေးရွာကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမကြီး အရှည် ပေ ၇၀၀ ခန့်ရှိ တောင်တက်တောင်ဆင်း လမ်းပိုင်းကို ယခင်က နွားလှည်းများသာ မောင်းနှင်နိုင်ခဲ့သော်လည်း ယခုပြုပြင်မှုကြောင့် လမ်းအကျယ်မှာ ၃၅ ပေအကျယ်အထိ ဘက်ဟိုးယာဉ်ဖြင့် ပြုပြင်နိုင်ခဲ့သည့်အတွက် မော်တော်ကားများပါ မောင်းနှင်သွားလာနိုင်ပြီ ဖြစ်ကြောင်း ၄င်းမှ ဆက်လက်ပြောပြသည်။
Sunday, February 1, 2015
news of mawlu ( 27/28.1.15)
နန့်စီးအောင် - ပေကုန်းကျေးရွာတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကော်မတီဖွဲ့စည်း
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင် - ပေကုန်းကျေးရွာတွင် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ကော်မတီဖွဲ့စည်းပြီး သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ဇန်နဝါရီ ၂၇ ရက်နေ့က နန့်စီးအောင် - ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် နေ့လည် ၁၂ အချိန်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ကော်မတီဖွဲ့စည်းပြီး သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ညှိုနှိုင်းဆွေးနွေးရာသို့ နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့်(၁) ဒေါ်ဝင်ဝင်းခိုင်၊ ကျေးလက်ဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့ဝင်များနှင့် ကျေးရွာသူ/သား ၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
နန့်စီးအောင်-ပေကုန်းကျေးရွာ သဘာဝစိမ့်စမ်းရေရရှိရေးအတွက် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ခွဲဝေချထားပေးသည့် ကျပ်သိန်း ၄၀နှင့် အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ၄ လက်မနှင့် ၂ လက်မ ပိုက်များကို ပံ့ပိုးပေးထားကြောင်း၊ ထို့အတွက် သဘာဝစိမ့်စမ်းရေရရှိရေး ကော်မတီကို ဖွဲ့စည်းထားပြီး ရေရရှိရေးအတွက် အမြန်ဆုံး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တောင်သူလယ်သမားများအား လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအကြောင်း ရှင်းလင်း
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ တောင်သူလယ်သမားများအား လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများအကြောင်း ရှင်းလင်းပွဲကို ဇန်နဝါရီ ၂၈ရက် နံနက် ၁၀ နာရီတွင် မော်လူး အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများအကြောင်းရှင်းလင်းရာသို့ အင်းတော်မြို့ လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ အတွင်းရေးမှူး ဦးကျော်ကျော်လွင်(မြေစာရင်း ဦးစီးမှူး)၊ မြို့နယ်အထောက်အကူပြုကော်မတီဝင် ဦးချစ်ရွှေ၊
မြို့နယ် စိုက်ပျိုးရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ် ဒုတိယ ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက် ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း(SAE)၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မော်လူးဒေသ ကျေးရွာအုပ်စု အသီးသီးမှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ စာရေးများနှင့် ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် အင်းတော်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အတွင်းရေးမှူး ဦးကျော်ကျော်လွင်တို့မှ လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေအကြောင်းများကို ရှင်းလင်းပြောခဲ့ပြီး နေ့လည် ၁ နာရီခန့်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အင်းတော်မြို့နယ် တာဝန်ရှိသူများမှ လုပ်ငန်းပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာအထက်တန်းကျောင်းသို့ အင်းတော်မြို့နယ် တာဝန်ရှိသူများမှ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ဇန်နဝါရီလ ၂၈ ရက် နံနက် ၁၁ က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မော်လူးအခြေခံပညာ အထက်တန်းကျောင်းအတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ၂.၁၁.၂၀၁၄ ရက်နေ့က ကျပ်ငွေ ၁၅ သိန်းဖြင့် စာသင်ခုံ ၅၀ အား ပြုလုပ်နိုင်ရန် ချမှတ်ပေးထားခဲ့ရာ ယင်းစာသင်ခုံများ ပြုလုပ်ပြီးစီးမှုကို အင်းတော်မြို့ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်းနှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ် အထောက်အကူပြု အဖွဲ့ဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ရာ မော်လူးအခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့်မှ စာသင်ခုံ ပြုလုပ်ပြီးစီးမှုကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။
ဟောင်းတုန်းကျေးရွာအုပ်စု လေးတန်းချောင်းကူးတံတား ကမ်းကပ်ခုံ မြေသားဖို့ခြင်း ဆောင်ရွက်နိုင်ရန် ကွင်းဆင်း စစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာနှင့် ဟောင်းတုန်းကျေးရွာကို ဆက်သွယ် ဆောက်လုပ်ထားသည့် လေးတန်းချောင်းကူး ကြိုးတံတားအား မံဟဲကျေးရွာဘက်အခြမ်းတွင် ကမ်းကပ်ခုံ မြေသားဖို့ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းမံဟဲကျေးရွာနှင့် ဟောင်းတုန်းကျေးရွာကို ဆက်သွယ်ထားသည့် လေးတန်းချောင်းကူးတံတားသည် အရှည် ၅၈၆ ပေ၊ အကျယ် ၄ ပေ၊ အမြင့် ၁၇ ပေရှိ ကြိုးတံတားအမျိုးအစားဖြစ်ပြီး၊ ကမ်းကပ်ခုံအဖြစ် ၂၀၀ ပေခန့်ကို မြေသားဖို့ခြင်းလုပ်ငန်း ဆောင်ရွက်ရန်နိုင်ရန်အတွက် အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်းစစ်ဆေးရာ ဟောင်းတုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအုံးကျော်မှ လိုက်လံပြသ ရှင်းပြခဲ့သည်။ ယင်းတံတားအား ကမ်းကပ်ခုံ မြေသားဖို့ခြင်းလုပ်ငန်းအတွက် ကျပ်ငွေ ၃၅သိန်းကို လွှတ်တော်(၂၀၁၄/၁၅ ဘတ်ဂျက်ငွေ)မှ ချမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

mawlu news 31.1.15
နန့်စီးအောင် - ပေကုန်း အလကကျောင်းတွင် လုပ်ငန်းဆောင်ရွက်ထားမှုများ ကွင်းဆင်းကြည့်ရှု့
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင် -ပေကုန်း အခြေခံပညာ အလယ်တန်းကျောင်းတွင် လုပ်ငန်းဆောင်ရွက်ထားမှုများအား တာဝန်ရှိသူများမှ ဇန်နဝါရီ ၂၈ ရက်နေ့က ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာ အလယ်တန်းကျောင်းတွင် စာသင်ဆောင်သစ် ဆောက်လုပ်ရန်အတွက် ၂.၁၁.၂၀၁၄ ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ဘိလပ်မြေအိတ် ၃၀၀ လုံး၊ သွပ် ၁၆၀ ချပ်၊ စာသင်ခုံ ၃၀ လုံးအတွက် ၁၀ သိန်း ၅ သောင်း၊ ရေလောင်းအိမ်သာ ၂ ခန်းတွဲ ဆောက်လုပ်ရန် ၁၀ သိန်းကျပ်တို့ကို ချမှတ်ထားပေးခဲ့ရာ၊ လုပ်ငန်းဆောင်ရွက်ထားမှုများကို အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်းကြည့်ရှု့ကြရာ နန့်စီးအောင် - ပေကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့်(၁) ဒေါ်ဝင်းဝင်းခိုင်၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စင်းချိန်နှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို လိုက်လံ ရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။
ကူးဆိပ်ကျေးရွာ ရေဂါလံ ၅၀၀ ဆန့် အုတ်ရေလှောင်ကန် တည်ဆောက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှု
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ကူးဆိပ်ကျေးရွာတွင် ရေဂါလံ ၅၀၀ ဆန့် အုတ်ရေလှောင်ကန် တည်ဆောက်ပြီးစီးမှုအား တာဝန်ရှိသူများမှ ဇန်နဝါရီ ၂၈ ရက်နေ့က ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။
အဆိုပါ အုတ်ရေလှောင်ကန်ကို ဆောက်လုပ်ရန်အတွက် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ခွင့်ပြုရံပုံငွေ သိန်း ၁၆၀ ကို ချမှတ်ထားပေးခဲ့ခြင်းဖြစ်ပြီး၊ ရေလှောင်ကန်မှာ အကျယ် ၁၀ ပေပတ်လည်၊ အမြင့် ၈ ပေရှိပြီး လုပ်ငန်းဆောင်ရွက်ထားမှုမှာ ၉၀%ခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ရေသွယ်ယူခြင်းလုပ်ငန်းကိုမူ Teach Friend ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်း ကြည့်ရှု့ရာ ဂွေ့ကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ စာရေးအဆင့်(၁) ဒေါ်နှင်းဝေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များမှ လိုက်လံရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
ဂွေ့ကြီးကျေးရွာတွင် စိမ့်စမ်းရေးသွယ်ယူရန် ရေပိုက်များ ရောက်ရှိ
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဂွေ့ကြီးကျေးရွာအုပ်စု၊ ဂွေ့ကြီးကျေးရွာသို့ စိမ့်စမ်းရေ သွယ်ယူရန် ရေပိုက်များ ရောက်ရှိနေကြောင်း ဇန်နဝါရီ ၃၀ ရက်နေ့က သိရသည်။
ဂွေ့ကြီးကျေးရွာ သဘာဝစိမ့်စမ်းရေကို ကျေးရွာမှ ၂ မိုင်ခန့်ကွာဝေးသည့် မော်လူးကျေးရွာအုပ်စု၊ ကရင်ကျေးရွာ အရှေ့ဘက်မှ သွယ်ယူမည်ဖြစ်ပြီး၊ ရေပိုက်သွယ်ယူခြင်းလုပ်ငန်းကို ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၄လက်မ၊ ၂ လက်မရေပိုက်များဖြင့် သွယ်ယူမည်ဖြစ်သည်။ အဆိုပါ ရေသွယ်ယူမည့်ပိုက်များ ရောက်ရှိနေသည့် အခြေအနေများကို ဇန်နဝါရီ ၂၈ ရက်နေ့က အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်း ကြည့်ရှု့ရာ ထွဋ်ခေါင်ဦး ကုမ္ပဏီမှ တာဝန်ခံ၊ ဂွေ့ကြီးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ စာရေးအဆင့်(၁) ဒေါ်နှင်းဝေ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များမှ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
မော်လူး- လေးတန်ရိုးကျေးရွာများ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ တံတားများကို အသစ်ပြုပြင် တည်ဆောက်မည်
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးနှင့် လေးတန်ရိုးကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ နန့်ကျဲချောင်းကူးတံတားနှင့် ရေအေးချောင်းကူတံတားတို့ကို အသစ်ပြုပြင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တံတား ၂ စင်းကို အသစ်ပြုပြင်တည်ဆောက်နိုင်ရန်အတွက် မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ဘိလပ်မြေ ၆၀၀ အိတ်ကို ပံပိုးပေးထားခဲ့ကြောင်း၊ သို့အတွက် တံတားများကို အသစ်ပြုပြင်တည်ဆောက်နိုင်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်နေ့က အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်း ကြည့်ရှု့ခဲ့ကြောင်း၊ နန့်ကျဲချောင်းကူးတံတားမှာ အရှည် ၄၂ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၀ပေရှိပြီး၊ ရေအေးချောင်းကူးတံတားမှာ အရှည် ၄၀ ပေ၊ အကျယ် ၁၅ ပေ၊အမြင့် ၁၀ ပေရှိကြောင်း သိရသည်။
မော်လူး ပြည်သူ့အားကစားကွင်း ပြုပြင်မွမ်းမံမည်
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူး ပြည့်သူ့အားကစားကွင်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မော်လူး ပြည်သူ့အားကစားကွင်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်နိုင်ရန်အတွက် ခွင့်ပြုရံပုံငွေ ၁၀ သိန်းကျပ် ရရှိထားကြောင်း၊ ပြုပြင်မွမ်းမံမှုများ ပြုလုပ်နိုင်ရန်အတွက် ဇန်နဝါရီ ၂၈ ရက်နေ့က အင်းတော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်းကြည့်ရှု့ရာ မော်လူးဒေသ အားကစားနှင့် ကာယပညာ ဦးစီးဋ္ဌာန အတွင်းရေးမှူး ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များမှ ပြုပြင်မွမ်းမံရန် လိုအပ်သည်များကို ရှင်းလင်းပြောပြခဲ့ကြောင်း သတင်းရရှိသည်။
သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ်သို့ သွားရာကျေးရွာချင်းဆက်လမ်းအား ချောင်းရေတိုက်စားမှု ကာကွယ်ရန် ရေလွဲစပါးတည်ဆောက်
မော်လူး၊ ဇန်နဝါရီ ၃၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ်သို့ သွားသည့် ကျေးရွာချင်းဆက်လမ်းမကြီးအား ချောင်းရေတိုက်စားမှုမှ ကာကွယ်ရန် ရေလွဲစပါးတည်ဆောက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ လမ်းမအား ချောင်းရေတိုက်စားမှု ကာကွယ်ရန် ရေထိန်းနံရံတည်ဆောက်ထားမှုကို ဇန်နဝါရီ ၂၈ ရက်နေ့က အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ်ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးလင်းလင်းထွန်း (SAE)၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးမင်းအောင်၊ ဒုတိယ မြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်လွင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာန ဒုဦးစီးမှူး ဦးပြည့်ဖြိုးမောင်၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင် ဦးချစ်ရွှေတို့မှ ကွင်းဆင်းကြည့်ရှု့ခဲ့ရာ မင်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ အုန်းဒုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဋ္ဌေး၊ စာရေးအဆင့် (၁) ဒေါ်ဝင်းတာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များမှ ရေထိန်းနံရံ တည်ဆောက်ထားမှုကို လိုက်လံပြသ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ ထိုရေလွဲစပါးတည်ဆောက်နိုင် မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ငွေကျပ် ၁၀ သိန်း ပံ့ပိုးပေးထားခြင်း ဖြစ်ကြောင်း သိရသည်
မော်လူးတွင် နွေစပါး (ပုလဲသွယ်စပ်မျိုး) စိုက်ပျိုး
မော်လူး၊ ဇန်နဝါရီ ၃၁
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ စီးမော်ကျေးရွာအုပ်စု၊ စီပိန်းကျေးရွာတွင် ဇန်နဝါရီ ၃၁ ရက် နံနက် ၇ နာရီက နွေစပါး(ပုလဲသွယ်စပ်မျိုး)စိုက်ပျိုးနေကြောင်း သိရသည်။
အဆိုပါ နွေစပါး( ပုလဲသွယ်စပ်မျိုး) ကောက်စိုက်ခြင်းကို စီပိန်းကျေးရွာနေ တောင်သူ ဦးချစ်ထွန်း၏ လယ်ယာမြေတွင် စိုက်ပျိုးခြင်းဖြစ်ပြီး GAP စနစ်ဖြင့် ကောက်စိုက်သမ ၅ ဦးမှ စိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ အဆိုပါ နွေစပါးစိုက်ပျိုးရာသို့ အင်းတော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဋ္ဌာနမှ ဒုဦးစီးမှူး ဦးစိုးရွှေ၊ ဒုလက်ထောက် ဦးစီးမှူး ဦးမင်းညွှန့်ဦး၊ စီပိန်းကျေးရွာ အထောက်အကူပြုကော်မတီဝင် ဦးသန်းဦးတို့မှ လာရောက်အားပေးကြည့်ရှု့ရာ လယ်ပိုင်ရှင် နွေစပါးစိုက်ပျိုးသူ ဦးချစ်ထွန်းမှ နွေစပါးစိုက်ပျိုးနေမှုကို လိုက်လံပြသခဲ့ကြောင်း သတင်းရရှိသည်။
အုန်းဒုတ်ကျေးရွာ မူလတန်းလွန်ကျောင်း ရေလောင်းအိမ်သာနှင့် စာသင်ခုံများ ပြုလုပ်ပြီးစီး
မော်လူး၊ ဇန်နဝါရီ ၃၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာအုပ်စု၊ အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် လိုအပ်နေသည့် ရေလောင်းအိမ်သာနှင့် စာသင်ခုံများအတွက် ၂.၁၁.၂၀၁၄ ရက်နေ့က မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်မှ ငွေကျပ် ၁၇ သိန်းအား ပံ့ပိုးကူညီပေးမှုဖြင့် ဆောက်လုပ်ခဲ့သော ရေလောင်းအိမ်သာနှင့် စာသင်ခုံများ ပြုလုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေလောင်းအိမ်သာနှင့် စာသင်ခုံများ ပြုလုပ်ပြီးစီးမှုကို အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနမှ ဦးစီးမှူး ဦးမျိုးမင်းစိုး၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်းတို့မှ ဇန်နဝါရီ ၃၀ ၇က်နေ့က လာရောက် ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာ အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးနှင့် ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ အုန်းဒုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဋ္ဌေးတို့မှ လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်

Saturday, January 31, 2015
Wednesday, January 28, 2015
ဆွသဟာ Plan ကို ဖြုတ်ခြင်း& ပြန်ဖြတ်ပြီးမှ internet မတတ်သောသူများအတွက်
ပထမဦးဆုံးကျွန်တော်ပြောပါမယ် ကျွန်တော့်စိတ်အထင်လေးရယ်ကျွန်တော်တတ်နှိင်သလောက် ပြောတာပါ ကျွန်တော်ကိုယ်တိုင်လည်းမစမ်းရသေးဘူးဒါပေမဲ့စမ်းပြီးသားလူတွေဆီကို ပြောသံကြားလို့ပါမရခဲ့ရင်အဆင်မပြေခဲ့ရင်မဆဲပါနဲ့နားလည်ပေးပါကျွန်တော့်အထင်တော့MPTက ဆွေသဟာကို ဖြတ်ချလိုက်တော့ အရင် ဟာကိုပါ ဖြတ်ချလိုက်တယ်ထင်ပါရဲ့ ကဲနားလည်သလိုပြောတာပါ Access point name တွေကောပြန်ချိန်ကြည့်ပါအုံး.. အောက်မှာချိန်နည်းလေးတွေရေးပေးထာပါတယ် ဖတ်ပြီးလိုက်လုပ်ပေါ့ ..
*
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name –mptnet
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ ) တစ်ခါတစ်လေ Default လို့ရိုက်ပေးရပါသည် ( Samsung များတွင်တော့ Internet ဆိုတဲ့စာကြောင်းလေးကို ရွေးပေးရမှာဖြစ်ပါတယ် )
APN Protocol = IPv4 ကိုရွေးပါ
အားလုံးပြီးရင်တော့ Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး Save ကိုနှိပ်ပါ။
APN နောက်မှ ရွေးချယ် Select ပေးပြီး Mobile Data On / Off လုပ်ပြီး အင်တာနက်သုံးနိုင်ပါပြီ ...
ဆွေသဟာ Plan ကို ဖြုတ်ချင်ရင်
To:1332
SMS:UNSWE
လို့ရိုက်ပြီးပို့ပါ
မှတ်ချက် ။ ။ ဆွေသဟာ အစီအစဉ်ကိုဖြုတ်ပြီးမှ internet မတတ်ရင် 106 ကိုဖုန်းဆက်လို့ပြောတယ်ခင်ဗျာ
အားလုံးအဆင်ပြေပါစေ

Tuesday, January 27, 2015
င်္သုးဘီးဆိုင်ကယ်တွေအတွက်တဲ့ မေးကပို့တဲ့စာ
မော်လူးဒီဘင်္ကရာပြေးဆွဲမည့်သုံးဘီးများဘေးအချက်ပြမီးများတပ်သင့်ကြောင့်အသိပေးအပ်ပါသည်။အကြောင်းရင်းကတော့ညဆိုဆိုင်ကယ်မီးနဲ့မသဲကွဲဘဲနဲကပ်ခါလေးတိမ်းမိရင်ပွတ်မိရင်အန္တရာယ်ရှိသည်ကိုကြိုမြင်မိပါသည်
ကဲ တပ်ကုန်းပွဲ လူသတ်တရာခံမိပြီတဲ့
ဘုရားပွဲ ကြီး ကို ဘေးအန္တရာယ် ကင်းစေဘို့
မော်လူး ဒေသသားများ အားလုံး ဝိုင်းဝန်းကူညီကြစို့
မော်လူး ဒေသသားများ အားလုံး ဝိုင်းဝန်းကူညီကြစို့
Monday, January 26, 2015
ပေါ့ပေါ့ ပါးပါး ခရီးသွား....
၂၀၁၀ ခုနှစ်က ရေးဖြစ်တဲ့စာလေးပါ လိုင်းကောင်းနေတဲ့ အချိန် တင်စရာမရှိလို့ အဟောင်းလေးကို အကြံကုန် ဂဠုန်ဆားချက်လုပ်လိုက်ပါတယ်
@@@@@@@@@@@@@####@@@@@@@@
မနက်ခင်းသည် နှင်းမှုန်များနှင့်မသဲမကွဲ ဆောင်းကုန်ခါနီးနှင်းတို့ကအစွမ်းကုန်သွန်ချနေသယောင်
အအေးဓာတ်ကလေးကလည်းရှိနေဆဲမို့ ကျနော် အကျီင်္အထူနှင့်အနွေးဖိနပ်ကိုဝတ်ဆင်လျက် စီးတော်
ယာဉ်ကို လီဗာတင်ပြီး ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းဘက်သို့ထွက်လာခဲ့မိသည်။ ဒီနေ့မနက်ကျနော်
ခရီးတစ်ခုသွားစရာရှိ၍ဖြစ်သည်။ သွားရမည့်ခရီးကား ရွာနှင့်မိုင်သုံးဆယ်ကျော်ဝေးသောမြို့ငယ်
လေးသို့ဖြစ်သည်။ ကားလမ်းမသို့ရောက်သောအခါ လမ်းထောင့်ကွမ်းယာဆိုင်မှ ကွမ်းငါးရာဖိုးဝယ်
လိုက်သည်။ ခရီးမသွားတာခြောက်လခန့်ရှိပြီမို့ ဒီလမ်းခရီးကိုသွားရမှာပျင်းနေမိသည်။ အရင်ကတော့
တစ်လလျှင်သုံးလေးကြိမ်မျှ သွားရလေ့ရှိသည်။ ကွမ်းတစ်ယာကိုထုတ်ဝါးရင်း လမ်းမပေါ်သို့ငေးကြည့်
မိသည်။ လမ်းပေါ်တွင်ဈေးသွားဈေးပြန်များနှင့် လူမပြတ်ချေ။ တစ်ယောက်တည်းသွားရန်ပျင်း၍
သူငယ်ချင်းအား အဖော်ညှိထားသော်လည်း မလိုက်နိုင်ဟုဆိုလာသဖြင့်
တစ်ယောက်တည်းထွက်လာရခြင်းဖြစ်၏။ စီးတော်ယာဉ်ကိုခွပြီး မှန်မှန်မောင်းနှင်လာခဲ့သည်။
ရွာအပြင်ဓာတ်ဆီဆိုင်တွင် စီးတော်ယာဉ်အတွက်ဆီသုံးပုလင်းထည့်လိုက်သည်။
ပြီးနောက်ကျနော်ဆက်ထွက်လာခဲ့သည်။ ရွာပြင်ကားလမ်းတွင်
တော့ လူရောကားပါရှင်းနေ၏။ နံနက်စောစောမို့အသွားအလာရှင်းနေခြင်းဖြစ်သည်။
ချောင်းကလေးကိုဖြတ်ဆောက်ထားသောတံတားလေးကိုဖြတ်ပြီးတောင်ကုန်းလေးတစ်ခုကိုကျော်
လာသောအခါ လမ်းမှာဖြောင့်လာသဖြင့် စီးတော်ယာဉ်ကို လီဗာနည်းနည်းတင်လိုက်၏။
အရှေ့ခပ်လှမ်းလှမ်းသို့မျှော်ကြည့်သောအခါ တစ်ခုခုလိုနေသလိုခံစားရသည်။ အရင်မြင်နေ
ကျမဟုတ်သလိုရှင်းနေ၏။ သေချာစဉ်းစားကြည့်မှ ဤနေရာတွင် အရင်က ဥတုရာသီတောကိုမှီ
နှင့် လုံးပတ် ၁၉ ပေ ၆ လက်မဟူသော ဆိုင်းဘုတ်လေးများချိတ်ဆွဲထားသည့် ကညင်ပင်ကြီး
မရှိတော့ခြင်းပင်။ ဘာကြောင့်ခုတ်ပစ်သည်တော့မသိ ထားသင့်သည့်အပင်ဟုတွေးမိပါသည်။
နွေဦးအစတွင်ထိုကညင်ပင်ကြီးမှ ကညင်သီးများသည် ကလေးများအတွက် ကြက်တောင်
သဖွယ်ကစားစရာလေးများဖြစ်သောကညင်သီးများကြွေကျနေလေ့ရှိသည်။ ပြီးတော့
ခရီးထွက်လျှင် ကညင်ပင်ကြီးမှာမြင့်ုမင့်မားမားကြီးဖြစ်၍ ရွာမှဝေးလာပြီဟုသိနိုင်သလို
ပြန်လာလျှင်လည်း ကညင်ပင်ကြီးကိုမြင်ရလျှင် ရွာနှင့်နီးလာပြီဟူသောခံစားချက်ကို
ကျနော်တော့ခံစားမိရသည်။ ယခုတော့ဘာမှမရှိတော့။ ဆက်ပြီးစီးတော်ယာဉ်နှင့်ခရီးနှင်
လာခဲ့သည်။ လမ်းကားကောင်းသည်ဟူ၍မရှိချေ။ ချိုင့်ခွက်များကျောက်ခဲများကိုကွင်းကာ
ရှောင်ကာစီးနေရသည်။ သည်ခရီးကိုသွားလျှင်ကျနော်အမြဲနားလေ့ရှိသော နေရာလေးတစ်ခု
ရှိသည်။ ချောင်းကလေးနှင့်ဒီဘက်ကမ်းမှာတော့ ယူကလစ်ပင်ဖြူဖြူဖွေးများက အစိမ်းရောင်
ခေါင်းပေါင်းများနှင့် ဟိုဘက်ကမ်းမှာ ၁၉၀၆ခုနှစ်ကစိုက်ပျိုးထားသော ကျွန်းပင်အုပ်လေးရှိနေ
၏။ ဒီနေရာသို့ရောက်လျှင် ကျနော်စီးတော်ယာဉ်ကို အပူသက်သာစေရန်ချောင်းလေးထဲတွင်
ရေဆေးပြီး ခြေလက်မျက်နှာဆေးကြောကာ ကျွန်းပင်အုပ်လေးထဲမှနေပြီး တောင်တန်းပြာပြာ
ကြီးကိုခဏငေးနေရသည်မှာ အရသာတစ်မျိုးပင်..။ တစ်ခါတစ်လေတော့ ကျနော်တောင်တန်းပြာ
ကြီးကိုပင် ဟစ်အော်နှုတ်ဆက်လိုက်တတ်ပါသေးသည်။ နွေဦးအစကျွန်းရွက်ခြောက်ကြွေများကို
ဖြတ်နင်းရသောအခါ တရွမ်းရွမ်းမြည်သံကို နားဆင်ရသည်မှာလည်း တစ်မျိုးလေးပင် အတွေး
တွင်ခဏမျှမျောသွားသဖြင့် ရှေ့မှလမ်းချိုင့်ခွက်ကို မနည်းရှောင်လိုက်ရသည်။
စီးတော်ယာဉ်ကလည်း တရိပ်ရိပ်ပြေး အတွေးပလုံစီလေးတွေကလည်း တလွင့်လွင့်မျော
နေတော့၏။ မြင်ရချေပြီ ချောင်းကလေးကို ကျနော်ချောင်းကလေးနားရောက်တော့
ဟိုဘက်ကမ်းမှ ကျွန်းပင်အုပ်ဆီအကြည့်ရောက်သွားမိသည်။
ကျွန်းပင်တို့သည်မြေတွင်တုံးလုံးပက်လက် အပင်ငုတ်တိုတို့က၀မ်းနည်းပက်လက်
ချောင်းကလေးကတော့သူ့သူငယ်ချင်းတွေအတွက် ငိုသံပါကြီးနှင့် ကျနော်ကိုပြော
ပြနေသယောင်..ကျနော်ကရော ဘယ်လိုခံစားနေရပါသလဲ….
ကျနော်တောင်တန်းပြာကြီးဆီငေးရင်းးးဝမ်းခေါင်းသံဖြင့် အားရပါးရ ဟစ်အော်ပစ်မိ
ပါတော့သည်။ ကျနော့် စိတ်ထဲမှ မကျေနပ်မှုများကို ၀မ်းခေါင်းသံဖြင့် အားပါးတရ အော်ဟစ်ပစ်လိုက်မှုကို
တောင်တန်းပြာကြီးက ထပ်ကာထပ်ကာမြည်ဟီးစေပြီး ထောက်ခံနေသယောင်ပင်။
စိတ်ကျေနပ်အောင် အော်ဟစ်ပြီးနောက် ချောင်းကလေးထဲသို့ဆင်းပြီး မျက်နှာသစ်
ရန်ကြည့်မိသောအခါ ချောင်းရေ အရင်ကကဲ့သို့ ကြည်လင်နေခြင်းမရှိချေ။ နောက်ကျိကျိ
ဖြစ်နေ၏။ ဟာ …ဘာတွေဖြစ်ကုန်ပြီနည်း … နောက်မှ အတွေးထဲပေါ်လာသည် ဒီချောင်း
ဖျားတွင်ရွှေထွက်သဖြင့် ရွှေတွင်းများကြောင့် ချောင်းကလေး၏ ကြည်လင်သောရေများမှာ
နောက်ကျိသွားခဲ့ရခြင်းဖြစ်ပေမည်။ အရင်ကကြည်နူးငြိမ်းချမ်းဖွယ်နေရာလေးသည် အခုတော့
ကျနော့်အတွက် ကြေကွဲဝမ်းနည်းစရာနေရာလေးအဖြစ်သို့ပြောင်းလဲသွားခဲ့ချေပြီ။
ခဏကမကျေနပ်မှုဝမ်းနည်းမှုတွေက တဖန်ပြန်လည်နိုးထလာပြန်ချေသည်။ ဒီတစ်ခါတော့
အော်ဟစ်ပစ်ရန် အားအင်မရှိတော့သဖြင့် ကွမ်းတစ်ယာကိုထုတ်ဝါးပစ်သည်။ ဆိုင်မဆိုင်တော့
မပြောတတ်....
ကျနော်ကတော့မကျေနပ်မှုများကို ၀ါးပြီး ထွေးထွေးထုတ်နေမိသည်။
ဖရိုဖရဲခံစားချက်များနှင့်ကျနော် ခရီးဆက်လာခဲ့ရသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးတာလား
ဖျက်ဆီးကြတာလားဟုလည်း အတွေးများနှင့် မေးခွန်းတွေထုတ်နေမိသည်။ ရောက်ပြန်ပေပြီ
နောက်တစ်နေရာ ဒီနေရာကတော့ မိုးဖြတ်ကြောဟု ခေါ်ကြပြောကြသောနေရာလေးပါ
သစ်ပင်များထူထပ်သောနေရာလေးမို့ အရင်နေဘယ်လောက်ပူပူ ဒီနေရာရောက်ရင်အေးသွား
လေ့ရှိသည်။ နွေရာသီပင်အစိုဓာတ်မပျောက်သောနေရာလေးပါ။ မိုးတိမ်းများသူ့အပေါ်မှ
ဖြတ်သွားလျှင် တခြားနေရာမိုးမရွာသော်လည်းဒီနေရာမှာ မိုးတွေရွာချရသည်။ ဒါကြောင့်
ဒီနေရာလေးကို မိုးဖြတ်ကြောဟုခေါ်ဝေါ်ထားကြခြင်းဖြစ်သည်။ ဒီနေရာကလည်းအရင်
ကလောက်မအေးစိမ့်တော့ချေ။ စိတ်ထဲမှာ မကောင်းစွာဖြင့် ကျနော်ခရီးဆက်လာလိုက်
သည်မှာ မြို့လေးအ၀င်ဝသို့ရောက်လာပါတော့သည်။ မြို့အ၀င်ဘီးခွန်ဂိတ်တွင်
ယူနီဖောင်းဝတ်လူတစ်ဦး ( အရာရှိတော့မဟုတ်ပါ) ဘယ်သွားမှာလဲ ဘယ်ကလဲဟု
မေးနေပြန်သေးသည်။ စိတ်ကခရီးသွားရင်း အတွေးများနှင့်ဒေါသထွက်လာသူမို့
ပြန်ဖြေလိုက်သည်မှာ ဒေါသသံပါနေလိမ့်မည်။ ဒါ့အတွက်လည်း ကျနော့်ကို မေးခွန်းတော်
တော်များများလျှောက်ရစ်မေးနေခြင်းဖြစ်သည်။ အဲ့ဒီဘီးခွန်ဂိတ်မှ လွန်ပြီးမြို့ထဲသို့
ရောက်လာသောအခါ လဘက်ရည်ဆိုင်သို့တန်းသွားလိုက်၏။ တစ်နာရီလောက်သာ
စီးခဲ့သော်လည်း မနက်ထွက်မလာခင်က စားခဲ့သောထမင်းကြမ်းနှင့်တိုဟူးကြော်မှာ
လမ်းကြမ်းကြမ်းကြောင့်ဘယ်နားရောက်ကုန်လေပြီမသိချေ။
လဘက်ရည်ဆိုင်ဘေးတွင်စီးတော်ယာဉ်ကိုရပ်လိုက်သောအခါ ကောင်းလေးတစ်ဦးပြေး
လာပြီး အစ်ကိုဆိုင်ကယ်ကို ဒီနားမှာမရပ်ရဘူးဗျဟု ပြောလာ၏။ ကျနော်တော်တော်အတွေးရကြပ်
သွားသည်။ ဘာမှမပြန်မပြောဖြစ်ပဲငေးကြည့်နေလိုက်မိသည်။ အတန်ကြာမှ အရင်ကလာတော့လည်း
ဒီနေရာမှာပဲရပ်နေကြလေကွာဟုပြောလိုက်မိသည်။ အော်..ပြောင်းလဲနေသောခေတ်ကိုးးဗျ..
ကျနော်ကခေတ်နောက်ကျကျန်ခဲ့တာနေမှာပါလို့ပဲတွေးပြီး ဒါဆိုဘယ်နားရပ်ရမှာလဲကွဟု
ပြန်မေးလိုက်မိသည်။ ကောင်လေးကကျနော့်ကို ကဒ်ပြားလေးတစ်ခုထုတ်ပေးပြီး
ကျနော်သွားထားပေးမယ်ဟုဆိုကာ ဆိုင်ကယ်ကိုတွန်းသွားလေ၏။ ဘယ်သို့တွန်းသွား
ပါမလိမ့်ဟုကြည့်နေသောအခါ ခဏက ကျနော်ရပ်ထားသောနေရာနှင့်မလှမ်းမကမ်း
သို့တွန်းသွား၏။ ဟုတ်ပေသည်ထိုနေရာတွင် စက်ဘီးဆိုင်ကယ်များတန်းစီရပ်ထားသည်ကိုတွေ့
နေရသည်။ ကျနော်ထိုနေရာမှ လက်ဘက်ရည်ဆိုင်ထဲသို့ဝင်ထိုင်ကာ ပေါ့ဆိမ့်တစ်ခွက်
မှာလိုက်သည် စားပွဲထိုးလေးက ဘာစားဦးမလဲအစ်ကိုဟု မေးလာသေးသော်လည်း
ကျနော်ခေါင်းသာယမ်းပြလိုက်တော့သည်။ လမ်းကြမ်းတာရော ခံစားရတာတွေရော
များသွားသည့်အတွက်ကြောင့်လားမပြောတတ်ပေ။ စကားပင်မပြောချင်သလိုဖြစ်နေ၏။
စားပွဲထိုးလေးချပေးသောလက်ဘက်ရည်ကို တစ်ငုံသောက်လိုက်ပြီး လမ်းဘက်သို့
ကြည့်နေမိသည်။ ကျနော်ထိုင်နေသောလက်ဘက်ရည်ဆိုင်နှင့်မျက်နှာခြင်းဆိုင်တွင်
ဈေးရှိသည်။ ဈေးသွားဈေးလာများ ခုထိမကွဲသေးချေ။ ဆိုင်အတွင်းရှိနာရီကိုကြည့်
လိုက်တော့ ကိုးနာရီ ဆယ်ငါးမိနစ်တိတိ ကျနော်လက်ဘက်ရည်ဆိုင်မှ ထလာတော့
ကိုးနာရီခွဲချေပြီ။ ဆိုင်ကယ်ကိုကဒ်ပြားပြရွေးလိုက်ရသည် ခဏလေးနှင့်ပင် ဆိုင်ကယ်အပ်ခ
၂၀၀ပေးလိုက်ရ၏ ။ ကျနော်သွားရမည့်အိမ်သို့ ဆက်သွားလိုက်တော့သည်။ ထိုအိမ်တွင်ပြောစရာ
မေးစရာ ၀ယ်စရာရှိသည်များကိုလုပ်ပြီး ထွက်လာတော့ ၁၀နာရီခွဲချေပြီ။ ကျနော်ဝင်စရာနေရာ
တစ်ခုကျန်နေသေး၏ ။ ကျနော်နှင်မြစ်ကြီးနားတွင်ကျောင်းအတူတက်ခဲ့ရသော သူငယ်ချင်း
အိမ်ကိုဖြစ်သည်။ သူ့မြို့သို့ရောက်လာပြီးမ၀င်လည်လျှင် ပြောလို့မဆုံးဖြစ်နေတတ်သည်မို့
ဝင်ရခြင်းဖြစ်သည်။ သူကား ကဗျာများစာများနည်းနည်းပါးပါးရေးလေ့ရှိသူဖြစ်ပြီး ကျနော့်ကို
လည်းစာရေးရန်အမြဲတိုက်တွန်းတတ်၏။ ကျနော်ကတော့စာရေးပျင်းသူပီပီ အင်းးရေးချင်တယ်ကွ
ဒါပေမယ့် ဘယ်ကစရေးရမှန်းမသိဘူးဟုသာယောင်ချာချာပြန်ဖြေလေ့ရှိသည်။ သူ့ဆီဝင်လျှင်
ကျနော့်အတွက် မဂ္ဂဇင်း ဘာသာရေး လူမှုရေး စသောသူ့အတွက်လက်ဆောင်ရထားသောစာအုပ်များထဲမှ
တစ်အုပ်အုပ်ကိုလည်းပေးလေ့ရှိသည်။ ထိုစာအုပ်များထဲတွင်သူ့စာလေး ကဗျာလေးတွေလည်း
ပါ၏။ ကျနော်သူ့ဆီရောက်တော့ မောင်မင်းကြီးသားက အခန့်သား ကုလားထိုင်နှင့်နေပူဆာ
လှုံရင်း စာအုပ်ဖတ်နေသည်။ ကျနော်ဝင်လာသည်ကိုမြင်ပြီး ဟ…ကောင်ကြီး မလာတာကြာပေါ့
ဟုနှုတ်ဆက်ပြီးသူ့ဘေးကခုံလွတ်တွင် ထိုင်ခိုင်း၏။
ပြီးနောက်သူထသွားပြီး အိမ်ထဲသို့ဝင်သွားကာ ပြန်ထွက်အလာတွင် စာအုပ်တစ်အုပ်ပါလာ
လေသည်။ ကျနော့်အားလှမ်းပေးရင်း အဲ့စာအုပ်လေးဖတ်သင့်တယ်ကွဟုပြောရင်း
သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ကြွပ်ကြွပ်အိတ်အကြောင်းတွေ အကုန်ပါတယ်ဟု
ပြော၏ ။ စာအုပ်လေးကတော့ မဂ္ဂဇင်းစာအုပ်ဖြစ်သည်။ အေးကွာငါလည်းလမ်းမှာမြင်ခဲ့ရ
တာတွေစိတ်မချမ်းသာခဲ့ဘူးးဟုပြောလိုက်မိသည်။ သူနှင့်ထွေရာလေးပါးပြောရင်း နှုတ်ဆက်
ကာ ထွက်လာခဲ့မိတော့ လမ်းထိပ် သစ်တောရုံးရှေ့အရောက်တွင် အမှတ်တမဲ့
လှမ်းကြည့်မိရာ ဆိုင်းဘုတ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ အစိမ်းရောင်နောက်ခံတွင်
စာလုံးအဖြူများနှင့်ရေးထားသော ဆောင်ပုဒ်လေးတစ်ခုပါ ….
ကျနော် အသံထွက်ဖတ်လိုက်မိသည်……
နိုင်ငံအ၀ှမ်း သစ်တောစွမ်းဖြင့် စိမ်းလန်းစိုပြေရမည် …
အုန်းဒုတ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေး
ကျောင်းအခြေပြု အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းအခြေပြု အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုး ရောရွ ကာကွယ်ဆေး ထိုးနှံခြင်းကို ဇန်နဝါရီ ၂၆ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုးရောဂွ ကာကွယ်ဆေး ထိုးနှံရာသို့ မော်လူး ကျန်းမာရေးဋ္ဌာနမှ သားဖွားဆရာမ ဒေါ်ခင်ထွေးကြိုင်နှင့်အဖွဲ့အား အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးနှင့် ဆရာ/မများ၊ အုန်းဒုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဋ္ဌေး၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဦးအောင်ချစ်တို့ လိုအပ်သည်များကို ပံ့ပိုးကူညီပေးကာ ကျောင်းသား/သူ ၁၄၂ ဦးကို ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။
Sunday, January 25, 2015
မေလ်းထဲရောက်နေတာ ကြာပြီဖြစ်တဲ့ ကဗျာ နှစ်ပုဒ်
အမေ့မေတ္တာ
@@@@@@@@
*အမေ့တ္တော ပန်းရွှေ ကြာနဲ့ ပမာနိုင်း ဆို မပြောလိုဘူး ထိုပန်းကြွေ ကာ နွမ်းတတ်လို့ ။
* အမေ့မေတ္တာ စမ်းရေပြာနဲ့ ပမာနိုင်းဆို မပြောလိုဘူး ထိုစမ်းနွေမှာ ခမ်းတတ်လို့ ။
* အမေ့မေတ္တာ လစန္ဒာနဲ့ ပမာနိုင်ဆို မပြောလိုဘူး ထိုစန်းစန္ဒာ တိမ်လွှာ လွမ်းတတ်လို့ ။
* အမေ့မေတ္တာ နိုင်းဆိုပါရန် ပေစာကျမ်းဂန် ဖွေရှာလှန်လည်း နိုင်းရန်မတွေ့ ကာရန်မေ့သည် အမေ့မေတ္တာ မြသီတာ ။
( နန္ဒနန်းမိုး ) အမေနေ့ကို ဂုဏ်ပြုလျှက်
################################
နှလုံးသား မာန်
==========
စစ်မှန်သော နှလုံးသားနဲ့ ချ ဉ်းကပ်လာတဲ့ လူ တစ်ယောက်ကို မင်းဘဝရဲ့ သင်္ချာတစ်ပုဒ် အဖြစ် ထုဆစ်လိုက်တာဟာ ငါ့ ရဲ့ နှလုံးသားထဲ ဗုံးတစ်လုံးပစ်သွင်း လိုက်သလို ပဲ ။ ဝိတ်တား အပြည့်နဲ့ စိတ်အထားတွေ ခဝါကျ နေသူကို မှ မင်းရဲ့ ရင်ခုန်သံ အဖြစ် သတ်မှတ်တယ် ဆိုရင် မင်းအတွက် ငါ ဟာ မျ က်ရည် စက် မရှိဘူး ဆိုတာ ယုံလိုက်ပါ ။ တစ် ချိန်က မင်းရဲ့ ပုံရိပ် လေးတွေကို စိတ္တဇဆန် ရူးသွပ် ခဲ့ရတယ်ဆို တာ ဝန်ခံပါတယ် ။ အခု တော့းးးး နှလုံးအိမ်မှ စွဲလမ်းမိသော မင်းရဲ့ ပုံရိပ်တွေကို ငါ တွေရီ မနေတော့ဘူး ။ လူ တွေ နင်းခြေ သွားဖို့ မြက်ပင်တွေ ပေါက်လာတာ မဟုတ်သလို မင်း နင်းခြေသွားဖို့ ငါ့ရဲ့ နှလုံးသားကလည်း ပေါက်ဖွားလာတာ မဟုတ်ဘူး ။ ဒါပေမဲ့းးးးးးးးးမင်း နင်းခြေလိုက်တဲ့ ငါ့ရဲ့ နှလုံးသားကိုတော့ ပြု စုပျိုးထောင်ရဦးမယ်။
ပူပူ

ဒီပင်္ကရာ စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲ
သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
မော်လူး၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ ကိုးတိုက်နယ် (၁၀)အုပ်စု၏ သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀(ဇန်နဝါရီ ၂၉)ရက်နေ့မှ စတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့အထိ (ဇန်နဝါရီ ၂၉ မှ ဖေဖော်ဝါရီ ၃)ကျင်းပမည်ဖြစ်ပြီး၊ တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် ဒေသတွင်း ရဟန်းသံဃာတော်များ ပင့်သံဃာတော်များကို ဆွမ်းဆန်လောင်းလှူကြမည်ဖြစ်ကြောင်း၊ ယင်းပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် မန္တလေးဆန်းလင်းဇာတ်အဖွဲ့မှ ဖျော်ဖြေမည်ဖြစ်ပြီး၊ ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖြင့် အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများ၊ ကလေးကစားစရာပစ္စည်း အစရှိသည့်တို့ကို စုံလင်စွာ ရောင်းချကြမည်ဖြစ်ကြောင်း၊ ဒီပင်္ကရာစေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ မန္တလေးမြို့၊ မြစ်ကြီးနားမြို့များမှ ဈေးသည်များလာရောက်ရောင်းချကြသကဲ့သို့ ပွဲတော်သို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြသည့် နှစ်စဉ်ကျင်းပမြဲ ပွဲတော်ဖြစ်ကြောင်း သိရသည်။
ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် အင်းတော်မြို့သို့ ထွက်ခွာ
မော်လူး အထကမှ ကျောင်းသူ/သားများ ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် အင်းတော်မြို့သို့ မီးရထားဖြင့်ထွက်ခွာ
မော်လူး၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ/သားများသည် ဘက်စုံထူးချွန်စာမေးပွဲဖြေဆိုရန် ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီခန့်က အထူးအမြန်ရထား(အမှတ် ၅၆၊ အစုန်)ဖြင့် မော်လူးမီးရထားဘူတာ စီးနင်းလိုက်ပါသွားကြကြောင်း သိရသည်။
၂၀၁၄/၁၅ ပညာသင်နှစ် ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် မော်လူးအခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်စန်း ဦးစီးပြီး ဒသမတန်(GRADE 11)မှ ကျောင်းသူ/သား ၆ ဦး၊ နဝမတန်း(GRADE 10)မှ ကျောင်းသူ/သား ၅ ဦး၊ အဋ္ဌမတန်း(GRADE 9)မှ ကျောင်းသူ/သား ၂ ဦး စုစုပေါင်း ကျောင်းသူ/သား ၁၃ ဦး သွားရောက်ဖြေဆိုကြခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘက်စုံထူးချွန် စာမေးပွဲကို အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများသည် ခရိုင်၊ တိုင်းအထိ သွားရောက်ဖြေဆိုကြရမည်ဖြစ်ကြောင်း မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောပြသည်။
မြေကြီး မြေပုံ မှန်ကန်ရေး
အင်းတော်မြို့နယ်၊ မော်လူးအုပ်စု၌ လယ်ယာမြေများ မြေကြီး၊ မြေပုံ မှန်ကန်မှုရှိအောင် ကွင်းဆင်းဆောင်ရွက်
မော်လူး ၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးအုပ်စုတွင် လယ်ယာမြေများ မြေကြီး၊ မြေပုံမှန်ကန်မှုရှိစေရန် မြေစာရင်းဝန်ထမ်းများမှ ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အင်းတော်မြို့နယ်၊ မော်လူးအုပ်စုမှာ ၂၀၁၅ ခုနှစ်အတွက် မြေတိုင်းတာရန် ကွင်း(၅)ကွင်းကို စီမံချက်ရေးဆွဲပြီး တိုင်းတာခြင်းကို ဇန်နဝါရီ (၆)ရက်နေ့ကစပြီး အင်းတော်မြို့နယ်၊ မြေစာရင်းဦးစီးမှူး ဦးကျော်ကျော်လွင်ရဲ့ လမ်းညွှန်မှုနဲ့ လက်ထောက်ဦးစီးမှူး ဦးအောင်ရွှေက ကြီးကြပ်ပြီး အဖွဲ့ခေါင်းဆောင် ဦးထွန်းလွင်ဦးနဲ့ အဖွဲ့ဝင် (၄)ဦးတို့က R.T.K(GPS) မြေတိုင်းတာစက်ဖြင့် တိုင်းတာမှုတွေကို ကွင်းဆင်ဆောင်ရွက်ရာမှာ ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကွင်း(၃)ကွင်းကို တိုင်းတာပြီးစီးခဲ့ပါပြီ။ ကျန်နေသေးတဲ့ (၂)ကွင်းကို မြေကြီး၊ မြေပုံ မှန်ကန်မှုရှိအောင် အလျှင်အမြန် တိုင်းတာသွားမှာပါ"ဟု ကွင်းဆင်းဆောင်ရွက်လျှက်ရှိသည့် အင်းတော်မြို့ မြေစာရင်းဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
မေလ်းထဲရောက်လာတဲ့ စာနှစ်စောင်ပါ
မော်လူးဒီပင်္ကရာပြေးဆွဲမည့်သုံးဘီးများဘေးအချက်ပြမီးများတပ်သင့်ကြောင်းအသိပေးအပ်ပါသည်။အကြောင်းရင်းကတော့ညဆိုဆိုင်ကယ်မီးနဲ့မသဲကွဲဘဲနဲကပ်ခါလေးတိမ်းမိရင်ပွတ်မိရင်အန္တရာယ်ရှိသည်ကိုကြိုမြင်မိပါသည်။
@@######$%%&&&--***=====@@@@##########
စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်မော်လူးဒေသညောင်ပင်သာရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းကမ္ဘာငြိမ်းချမ်းရေးဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို၁၃၇၆ခုနှစ်တပို့တွဲလဆန်း၁၀ရက်နေ့ပနှက်ချမည်ဖြစ်ပါသဖြင့်မော်လူးဒေသနယ်သူနယ်သားများပါဝင်လှူဒါန်းနိုင်ရန်အသိပေးနိုးဆော်လိုက်ပါသ

မော်လူး နန့်စီးအောင်ကြား ကားလမ်းတံတားများ ပြုပြင်
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ တံတားများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ပင်ဝဲ - မော်လူး - နန့်စီးအောင်ကြားရှိ တံတားများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားများအား ပြုပြင်ထိန်းသိမ်းခြင်းကို လမ်း စီမံကိန်း အထူးအဖွဲ့(၁)မှ အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မော်လူး - နန့်စီးအောင်ကြားရှိ ကျိုးရွဲ့စောင်းနေသည့် အရှည် ၅ပေ၊ ၁၀ ပေရှိ အသားတံတားများကို မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ပထမအဆင့်အနေဖြင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ယင်းတံတားများအား ကွန်ကရစ်တံတားများအဖြစ် အဆင့်မြင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့က တံတားအမှတ် ၁၆၂ တွင် တံတားပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် လမ်းအထူးအဖွဲ့(၁)မှ ယာဉ်မောင်း ဦးစိုးဝင်းအောင်က ပြောပြသည်။
သမိုင်း
ဟေ့ >>မင်းရဲ့သမိုင်း မရိုင်းစေနဲ့
ရောင်စုံလှပ လူ့လောကကို
အမည်းစက်တွေ မင်း မခြယ်ခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
ပြုံးပျော်ရွှင်ပျ သူတို့ဘဝကို
စီးစေမျက်ရည် မင်း မချွေခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
စည်းလုံးညီညာ များတကာကို
သွေးဆောင်ဝင်ဆွဲ မင်း မခွဲခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
သူ့အမြင်သူ့အတွေး လွတ်လပ်ရေးကို
သြဇာအာဏာ လွှမ်းမိုးကာနဲ့
တင်းကျပ်ပုံသွင်း မကျူးကျော်နင်းခဲ့လေနဲ့
တိုတောင်းကာလ လူ့ဘဝမှာ
ကောင်းရာကိုညွှန် ကောင်းတာကိုလုပ်
အပိုမပါ ဝမ်းတထွာအတွက်
မမှန်စကား မုသားများနဲ့
လောကကိုဖျက် အများအတွက်
နာကျည်းစရာ ဒဏ်ရာတွေနဲ့
မထားခဲ့နဲ့ ။ ။ ။ ။ ။
*****************
မေလ်းထဲ ရောက်လာတဲ့ ကဗျာလေးပါ။
ရောင်စုံလှပ လူ့လောကကို
အမည်းစက်တွေ မင်း မခြယ်ခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
ပြုံးပျော်ရွှင်ပျ သူတို့ဘဝကို
စီးစေမျက်ရည် မင်း မချွေခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
စည်းလုံးညီညာ များတကာကို
သွေးဆောင်ဝင်ဆွဲ မင်း မခွဲခဲ့လေနဲ့
ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
သူ့အမြင်သူ့အတွေး လွတ်လပ်ရေးကို
သြဇာအာဏာ လွှမ်းမိုးကာနဲ့
တင်းကျပ်ပုံသွင်း မကျူးကျော်နင်းခဲ့လေနဲ့
တိုတောင်းကာလ လူ့ဘဝမှာ
ကောင်းရာကိုညွှန် ကောင်းတာကိုလုပ်
အပိုမပါ ဝမ်းတထွာအတွက်
မမှန်စကား မုသားများနဲ့
လောကကိုဖျက် အများအတွက်
နာကျည်းစရာ ဒဏ်ရာတွေနဲ့
မထားခဲ့နဲ့ ။ ။ ။ ။ ။
*****************
မေလ်းထဲ ရောက်လာတဲ့ ကဗျာလေးပါ။
Friday, January 23, 2015
Subscribe to:
Posts (Atom)