Thursday, February 2, 2017

<^><^><^>#နေတတ်ရင်ကျေနပ်တယ်

<^><^><^>#နေတတ်ရင်ကျေနပ်တယ်
                  ***********************
ရုပ်
အရမ်းမလှလဲ ကိစ္စမရှိပါဘူး....
သပ်သပ်ရပ်ရပ် နေတတ်၊ဝတ်တတ်၊ပြုံးတတ်ရင်
ကြည့်လို့ အဆင်ပြေပါတယ်....

စိတ်
အရမ်းသဘောထား မကြီးနိုင်လဲ ကိစ္စမရှိပါဘူး....
ဒေါသ နဲနဲလျော့၊ မနာလိုစိတ်ကင်းပြီး
ရှင်းရှင်းလင်းလင်းတွေးတတ်ရင်ပဲ
ကြည်လင်ပါတယ်....

ငွေ
အများကြီး မချမ်းသာလဲ ကိစ္စမရှိပါဘူး....
ကိုယ်ရှိတဲ့အတိုင်းအတာလေးကို
အကျိုးရှိရှိသုံးစွဲနိုင်ရင်ပဲ
ကျေနပ်စရာကောင်းပါတယ်.....

မိတ်ဆွေ
အများကြီးမရှိလဲ ကိစ္စမရှိပါဘူး....
အပြန်အလှန် လေးစားယုံကြည်မှုနဲ့
ရိုင်းပင်းတတ်သူတချို့ရှိရင်ပဲ
နေပျော်ပါတယ်....

အလုပ်
ဝင်ငွေအများကြီးရတဲ့ အလုပ်မဟုတ်လဲ
ကိစ္စမရှိပါဘူး....
သမ္မာအာဇီဝကျတဲ့ အလုပ်နဲ့
မိသားစုနောင်ရေး စိတ်အေးရတဲ့ အာမခံချက်
ရှိရင်ပဲ ရောင့်ရဲနိုင်ပါတယ်....

ကံ
အများကြီးမကောင်းလဲ ကိစ္စမရှိပါဘူး....
ကိုယ်စွမ်းကိုယ်စနဲ့ လူ့အောက်မကျတဲ့
ဘဝမျိုးပိုင်ဆိုင်ခွင့်ရရင်ပဲ သာယာပါတယ်...

မေတ္တာ
အများကြီး ပြန်မရလဲ ကိစ္စမရှိပါဘူး
ကိုယ်ပေးတဲ့မေတ္တာကို
အတိုင်းအတာတစ်ခုလောက်အသိအမှတ်ပြုပေးရင်ပဲ
နှစ်သိမ့်နိုင်ပါတယ်....

~WPH~

                           ဘိက္ခုမဟာ ကစ္စာယနထေရ်
¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥¥

                       #ကောင်းကျိုးလိုရာပြည့်ကြပါစေ

"အထင်တစ်လုံးနဲ့ ဘဝကို အရောင်မဆိုးပါနဲ့"

"အထင်တစ်လုံးနဲ့ ဘဝကို အရောင်မဆိုးပါနဲ့"

ခွေးဟောင်ခံရသူတိုင်းဟာ သူခိုး မဟုတ်သလို ဆံပင်ရှည်ထားသူတိုင်းလဲ အနုပညာသမား မဟုတ်နိုင်ဘူး။ ဒါပေမဲ့ တစ်ချို့လူတွေမှာ “နှိမ်ကြည့်တတ်တဲ့” မျက်လုံးတွေရှိတယ်။ ကိုယ်မြင်သမျှ “လူ”ကို အဲဒီမျက်လုံးတွေက “အထင်အမြင်” မှားစေတတ်တယ်။

ရုံးပိတ်ရက်တွေမှာ နာမကျန်းတဲ့ မိခင်ကို ကြည့်ဖို့ပြန်တဲ့ မိန်းမကို သူက သောကြာနေ့ ညတိုင်း ဘူတာရုံ လိုက်ပို့တတ်တယ်။ သူ့ မိန်းမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်အကြာမှာ မိန်းမ မရှိတုန်း အိမ်မှာ လာကူပေးမဲ့ သူ့ညီမစီးတဲ့ ရထားဆိုက်တယ်။တနင်္ဂနွေနေ့မှာတော့ မိန်းမနဲ့ ညီမရဲ့ ခရီးစဉ်က ပြောင်းပြန်ပါ။ ညီမစီးတဲ့ ရထားထွက်ပြီး ၁၀မိနစ်မှ မိန်းမစီးတဲ့ ရထားဆိုက်တယ်။

တစ်ညမှာ ညီမရဲ့ ရထားထွက်သွားပြီး မိန်းမ ပြန်အလာကို သူဆက်စောင့်နေခဲ့တယ်။ ဘူတာဝန်ထမ်းတစ်ဦးက သူ့ဆီလျှောက်လာပြီး “ဆရာ.. ခင်ဗျာ သိပ်ပိုင်တာပဲ။ တစ်နေ့နေ့ မိသွားမှာ မစိုးရိမ်ဘူးလား” လို့ ရယ်ကျဲကျဲနဲ့ မေးတော့တယ်။

တစ်ချို့ လူတွေက တစ်ခြားသူတွေနဲ့ ဆက်ဆံရမှာ “ကြိုတင် ရှုတ်ချမဲ့” မျက်မှန်ကို တပ်ထားတတ်တယ်။ လူတွေကို လေးထောင့် “ဘောင်”ထဲ ထည့်ပြီး သူရဲ့အကျင့်စရိုက်၊ သူ့ရဲ့ သဘောထားကို ဘောင်ခတ်ပြီး “သူက လူဆိုး”“သူက လူကောင်း” “နောက်မီးလင်းနေတာ” “သူ့ကိုယ်သူ ဟုတ်လှပြီ ထင်နေတာ” လို့ ထင်မြင်ချက်တွေ ပေးတော့တယ်။ နောက်တော့ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲနေတာတွေ ဖြစ်တတ်တယ်။

နောက်အဖြစ်အပျက် တစ်ခုက ဆိုင်တစ်ဆိုင်ရဲ့ စားပွဲတစ်လုံးမှာ အမျိုးသမီးနှစ်ဦး ထိုင်ပြီး အစားစားနေကြတယ်။ တစ်ယောက်က သူ့ထီးကို စားပွဲဘေးမှာ ထောင်ထားတယ်။ ကျန်တဲ့တစ်ယောက် အရင်စားပြီးတော့ အယောင်ယောင် အမှားမှားနဲ့ ထီးကို ယူပြီး ထထွက်ဖို့ လုပ်တယ်။ ဒါကို ထီးပိုင်ရှင် အမျိုးသမီးက မြင်တော့ “ဒါ ကျွန်မရဲ့ ထီး” ဆိုပြီး လှမ်းအော်တယ်။ အယူမှားသွားတဲ့ အမျိုးသမီးက အားတုန့်အားနာနဲ့ ကိုယ့်ထီးလို့ထင်ပြီး ယူမိကြောင်း တောင်းပန်ပါတယ်။

ထီးမှားယူမိတဲ့ အမျိုးသမီးက ဆိုင်အပြင် ရောက်တော့ ထီးဝယ်ဖို့ သတိရလိုက်တယ်။ အပြန်လမ်းမှာ သူနဲ့သားအတွက် ထီးနှစ်ချောင်း ၀ယ်လိုက်တယ်။ ဖြစ်ချင်တော့ ဆိုင်မှာတွေ့ခဲ့တဲ့ ထီးပိုင်ရှင်ကို ဘတ်စ်ကားပေါ်မှာ ပြန်တွေ့လိုက်တယ်။ ထီးပိုင်ရှင်က သူ့လက်ထဲက ထီးနှစ်ချောင်းကို ကြည့်ပြီး အထင်အမြင်သေးတဲ့ ပုံစံနဲ့ “ မဆိုးဘူးဘဲ.. ဒီနေ့ တွက်ခြေကိုက်တာပဲ” လို့ ပြောလိုက်တယ်။

တစ်ချို့လူတွေက တစ်ခြားသူကို ဝေဖန်တဲ့အခါမှာ အဲဒီလူကို “အကောင်း” သို့မဟုတ် “အဆိုး” လို့ မြင်ပြီး ကိုယ်ထင်မြင်ချက်တွေကို ပေးတတ်ကြတယ်။ ကိုယ့်အတွက် “အကောင်း” လို့ ထင်တဲ့လူကို သူ့ရဲ့စကား၊ သူ့ရဲ့ ကောင်းကွက်ကို ကြည့်ပြီး ဝေဖန်တယ်။ ကိုယ့်အတွက် “အဆိုး” လို့မြင်သူကိုတော့ ကိုယ်မြင်သမျှ မကောင်းကွက်တွေကို သူ့အပေါ် ပုံအောပစ်လိုက်တတ်ကြတယ်။ ဒါကို “Halo Effect” (ရောင်ခြည်အ၀န်း အကျိုးသက်ရောက်မှု) လို့ခေါ်တယ်။ ဥပမာ - လူတွေက လကို ကြည့်လိုက်တာနဲ့ လရဲ့ဘေးမှာ ဖြာထွက်နေတဲ့ ရောင်ခြည်ကိုလဲ သတိထားမိတတ်ကြသလိုပေါ့။

တစ်ချို့ လူတွေက ကိုယ့်ရဲ့ ပထမဆုံးမြင်တဲ့ ထင်မြင်ချက်နဲ့ တစ်ခြားလူတစ်ယောက်ရဲ့ အပြုအမှု၊ အပြောအဆိုကို ဝေဖန်တတ်ကြတယ်။ စကားပုံတစ်ခုမှာ “နှိမ်ကြည့်တတ်တဲ့ အကြည့်ဟာ အသိဥာဏ်မရှိတဲ့ ကလေးနဲ့ တူတယ်” လို့ ဆိုထားပါတယ်။ လူအများစုက ကိုယ့်ကို နားမလည်သလို ကိုယ်ကလဲ လူတိုင်းကို နားလည်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်နှိမ့်ကျတဲ့အကြည့်၊ အထင်အမြင်မှားတဲ့ အတွေးမျိုးနဲ့ တစ်ဖက်သားကို မဝေဖန်သင့်ဘူး။ ဝေဖန်ခံခဲ့ရရင်လဲ စိတ်ထဲမှာ တေးမှတ်မထားသင့်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ကြယ်သီးတစ်လုံးကို လူတိုင်း မှားတပ်မိခဲ့ဖူးကြမယ် မဟုတ်ပါလား....

original from http://www.youthwant.com.tw
နိုင်းနိုင်းစနေ ဘာသာပြန်သည်။

နှစ်သက်၍ မျှဝေတာပါ။

အသံတိတ် လူသတ်သမား

******အသံတိတ် လူသတ်သမား
*
အပေါ်သွေး၁၄၀ သို့မဟုတ် အောက်သွေး ၉၀ နှင့်အထက်ရှိနေသော လူတစ်ယောက်ကို သွေးတိုးရောဂါရှိနေသည်ဟုဆိုနိုင်သည်။ အပေါ်သွေးဆိုသည်မှာ နှလုံးခုန်ချိန်တွင် နှလုံးမှညှစ်ထုတ်လိုက်သော သွေးဖိအား ဖြစ်ပြီး၊ အောက်သွေးဆိုသည်မှာ နှလုံးမခုန်သောအချိန်တွင် ရှိနေသော သွေးဖိအားဖြစ်သည်။

သွေးတိုးရောဂါကိုအသံတိတ် လူသတ်သမားဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ ၄င်းသည် အန္တရယ်အလွန်ကြီးမားပြီး ဖြစ်ခါစတွင်သိသိသာသာခံစားရလေ့မရှိပေ။ လူအများက သတိမထားမိသဖြင့် မကုသခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိအစိတ်အပိုင်းများ တဖြည်းဖြည်းချင်းပျက်စီးလာတတ်သည်။
ဥပမာ သွေးတိုးလာခြင်းကြောင့်နှလုံး၏အစိတ်အပိုင်းတစ်ချို့ ပျက်စီးသွားလျှင် ရုတ်တရက်နှလုံးခုန်ရပ်နိုင်သလို၊ နှလုံး၏ကြွက်သားများအားနည်းလာပြီး နှလုံးသည် ခန္ဓာကိုယ်တကိုယ်လုံး အတွက်လိုအပ်သော သွေးများကို စုတ်တင်မပေးနိုင်တော့သည့်အခြေအနေမျိုးလည်းဖြစ်တတ်သည်။

အချိန်ကြာလာတာနှင့်အမျှကုသမှုမရှိသော သွေးတိုးရောဂါသည် သွေးကြောများကို ပေါက်ထွက်စေခြင်း သို့မဟုတ် သွေးကြောများကိုကျဉ်းမြောင်းစေခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်လာစေပြီးခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုကို ရပ်တန့်စေသည်။
ဦးနှောက်ရှိ သွေးကြောများတွင်ပေါက်ထွက်၊ပိတ်ဆို့လျှင်လေဖြတ်ရောဂါ၊ နှလုံးရှိသွေးကြောများပိတ်ဆို့ပေါက်ထွက်လျှင် နှလုံးရောဂါ (သို့) နှလုံးခုန်ရပ်ခြင်း၊ကျောက်ကပ်ရှိ သွေးကြောများ ပိတ်ဆို့၊ ပေါက်ထွက်သွားလျှင် ကျောက်ကပ်အလုပ်မလုပ်သောရောဂါ၊မျက်လုံးရှိ သွေးကြောလေးများပေါက်ထွက်ပျက်စီးသွားလျှင် မျက်စိကွယ်ခြင်းများ ဖြစ်တတ်ပါသည်။
သွေးတိုးရောဂါကိုဆရာဝန်များက လုံးဝပျောက်ကင်းအောင်ကုသ၍ မရသောရောဂါအဖြစ်သတ်မှတ်ကြသည်။ သို့သော်လည်း မိမိ၏နေထိုင်စားသောက်ပုံ ကိုပြုပြင်ခြင်း၊ လင်ဇီးကဲ့သို့သော ဆေးဖက်ဝင် မှိုများကို စားသုံးခြင်းဖြင့်၎င်းတို့၏ သွေးတိုးရောဂါကို ရာသက်ပန် တိုးတက်ကောင်းမွန်လာအောင် ထိန်းချုပ်နိုင်သည်။

သွေးတိုးရောဂါကိုကုသခြင်း
ဆေးဝါးများကိုအသုံးပြုပြီး ကုသလျှင် တိုးနေသော သွေးကို လျှင်မြန်စွာလျှောချနိုင်သည်။ သို့သော် သွေးတိုးရောဂါကိုလုံးဝပျောက်ကင်းအောင် မကုသနိုင်ခြေ။ သင်၏ အစားအသောက်နှင့် အနေအထိုင်ကို မပြောင်းလည်းလျှင်သော်လည်းကောင်း၊လက်ရှိအသုံးပြုနေသော ဆေးကို ရပ်လိုက်လျှင်သော်လည်းကောင်း သွေးတိုးမှု ပြန်လည်ဖြစ်ပွားနိုင်ပါသည်။

သွေးတိုးရောဂါကိုကုသရန် ဆေး ၄ မျိုး

(၁) နှလုံး၏ ညှစ်အားနှင့် ကျုံ့ သည့်အရေအတွက်ကိုတိုက်ရိုက်လျှော့ချပေးသည့်ဆေး။ (Beta Blocker)
၎င်းဆေးသည်ခန္ဓာကိုယ်၏ ပင်မ အာရုံကြော စနစ်ကိုလည်း တိုက်ရိုက်သက်ရောက်စေသည်။
၎င်းဆေးနမူနာများမှာpropanolol (Inderal), metoprolol(Lopressor), atenolol (Tenormin), bisoprolol (Zebeta) and carvedilol (Coreg)တို့ဖြစ်ကြသည်။
၎င်းဆေးများကို သုံးခြင်းဖြင့် အိပ်မပျော်ဖြစ်ခြင်း၊စိတ်တည်ငြိမ်မှုမရှိခြင်း၊ အားအင်ယုတ်လျှော့ခြင်း၊ နှလုံးအား အနှောက်အယှက်ပေးခြင်းနှင့်ပန်းနာရင်ကျပ်ဖြစ်ခြင်း စသည့် ဘေးထွက်ဆိုးကျိုး များခံစားရသည်။

(၂)ကျောက်ကပ်အတွင်း ရေနှင့် ဆားများ ထိန်းသိမ်းမှုကို ခက်ခဲအောင်ပြုလုပ်စေပြီး ဆီး (သို့)ကျင်ငယ် အဖြစ် စွန့်ပစ်စေသည့်ဆေး။ (Diuretic)
ထိုသို့ပြုလုပ်ခြင်းဖြင့် စွန့်ပစ်သော ဆီး (သို့)ကျင်ငယ် ပမာဏ များပြားလာပြီး သွေးအတွင်းရှိ ရေဓါတ်ပမာဏကို နည်းသွားစေချင်းဖြင့် သွေးကြောများ၏ နံရံကို သက်ရောက်နေသော ဖိအား ပမာဏကိုလျှောချပေးသည်။
၎င်းဆေးနမူနာများမှာfuresamide (Lasix), chlorothiazide(Diuril), and spironolactone (Aldactone).
၎င်းဆေးများကို သုံးခြင်းဖြင့် နှုတ်ခမ်းနှင့် ပါးစပ်များခြောက်လာပြီး၊ အလွန်အမင်းရေဆားခြင်း၊ နှလုံးခုန်မှု ပုံမမှန်ဖြစ်ခြင်း သို့မဟုတ် နှလုံးအားနည်းခြင်း၊အားအင်ယုတ်လျှော့ခြင်း၊ ဆီး (သို့) ကျင်ငယ် ထဲတွင် သကြားဓါတ်ပါဝင်မှု များနေခြင်း၊ စိတ်တိုလွယ်ခြင်းစသည့်ဘေးထွက်ဆိုးကျိုး များခံစားရသည်။

(၃)သွေးဖိအားကို တိုးပွားစေသည့် ဟော်မုန်း (Angiotensin II) တစ်မျိုးကို တာဆီးပေးသည့်ဆေး။ACE inhibitor
၎င်းဆေးနမူနာများမှာbenazepril (Lotensin), captopril(Capoten), enalapril (Vasotec), fosinopril (Monopril).
၎င်းဆေးများကို သုံးခြင်းဖြင့် ကျောက်ကပ်များပျက်စီးခြင်း၊သွေးထဲတွင်ပါဝင်သော သွေးဖြူဥ များကိုလျှော့ချစေသဖြင့် အခြားရောဂါကူးစက်မှုများ ပိုမိုဖြစ်ခြင်းစသည့်ဘေးထွက်ဆိုးကျိုးများခံစားရသည်။

(၄)သွေးစီးဆင်းရာတွင် ခုခံနေမှုကိုဖြေရှင်းပေးရန် သွေးကြောများကို ကျယ်လာအောင်ပြုလုပ်ပေးသောဆေး (Calcium Channel blocker)
အမေရိကန် နိုင်ငံတွင် ယနေ့ အသုံးများနေသောဆေးဖြစ်သည်။
၎င်းဆေးနမူနာများမှာ amlodipine (Norvasc),bepridil (Vascor), nifedipine (Adalat), felodipine (Plendil), verapamil (Calan,Covera-HS, Isoptin, Verelan).
၎င်းဆေးများကို သုံးခြင်းဖြင့် မူးဝေခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ခန္ဓာကိုယ်အတွင်း ရေပါဝင်နှုံးလိုအပ်သည်ထက်ပိုများပြီး ခန္ဓာကိုယ်အစိတ်အပိုင်များ ရောင်ခြင်း၊ခေါင်းကိုက်ခြင်း နှင့် ရင်တုန်ခြင်း စသည့် ဘေးထွက်ဆိုးကျိုးများကို ခံစားရသည်။
သွေးတိုးရောဂါသည် အချိန်ကြာရှည်စွာ ကုသရသည် ရောဂါဖြစ်သဖြင့်အထက်တွင်ဖေါ်ပြခဲ့သော ဆေးဝါးများကို ကြာရှည်စွာ အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများကိုကြာရှည်စွာ သင်ခံစားနိုင်ပါမည်လား သင်စဉ်စားကြည့်ပါ။ ၄င်းအချက်များကို သဘောပေါက်သောအချို့ လူများသည် ရေတိုအတွက်သာ ကောင်းသော အထက်တွင်ဖေါ်ပြခဲ့သည့် ဆေးများကို ရေရှည်မသုံးဆွဲကြပေ။သွေးတိုးထက် အဆ များစွာဆိုးသော ရောဂါများရနိုင်သောကြောင့်ဖြစ်သည်။
အကောင်းဆုံးသောနည်းလမ်းမှာ သွေးတိုးလာလျှင် ပထမဦးစွာဆရာဝန်ညွှန်ကြားသော ဆေးကို သောက်သုံး၍ အခြေအနေကို ထိန်းချုပ်ပြီးလျှင် လင်ဇီးကဲ့သို့သောဆေးဘက်ဝင် မှိုများမှ ထုတ်လုပ်ထားသော ကျန်းမာရေးဖြည့်စွက် အစာများကို သုံးဆွဲပြီး ရေရှည်တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်သည်။
လင်ဇီး ၏ အဆိပ်ဖြေနိုင်သည့် စွမ်းရည်ဖြင့် သွေးတိုးကျဆေးများတွင်ပါဝင်သောဘေးထွက်ဆိုးကျိုးဖြစ်စေသည့် အဆိပ်များကို ပျယ်စေ သဖြင့် သွေးတိုးကျဆေးများသုံးဆွဲခြင်းကြောင့်ဖြစ်ပေါ်လာသောဘေးထွက်ဆိုးကျိုးများကို လျှောနည်းစေပြီး သင့်၏ အသည်းနှင့် ကျောက်ကပ်ကို ကာကွယ်ပေးသည်။

သွေးတိုးရောဂါတိုးတက်ကောင်းမွန်လာအောင် သဘာဝနည်းဖြင့်မည်သို့ပြုလုပ်မည်နည်း
သွေးတိုးရောဂါကိုထိန်းချုပ်ရန် ကျန်းမာရေးနှင့်ညီညွှတ်သောအစားအသောက် ကိုစားရန် နှင့် အနေအထိုင်ပြောင်ရန် အထူလိုအပ်သည်။

(၁) ပိုတတ်ဆီယံ ကြွယ်ဝသော အသီးအရွက်များဖြစ်သည့် ကန်ဇွန်းဥ၊မှို၊ ခရမ်းချဉ်သီး၊ အာလူး၊ လိမ္မော်သီး၊ ငှက်ပျောသီးများကို များများစားသုံးပေးပါ။
(မှတ်ချက်။ ။ မြန်မာနိုင်ငံတွင် လွယ်ကူစွာရရှိနိုင်သော အစားအစာများကိုသာဖေါ်ပြထားသည်)

(၂) ဆားနှင့် သကြားကို လျှော့စားပေးပါ။ သွေးထဲတွင်သကြားဓါတ်များလာလျှင်အင်ဆူလင်ဟုခေါ်သော သကြားဓါတ်သွေးထဲဝင်မှုကိုထိန်းပေးသည့် ဒြပ်ကို သင်၏ခန္ဓာကိုယ်အတွင်းရှိပန်ကရိယမှထုတ်လွှတ်ပေးသည်။ ခန္ဓာကိုယ်ထဲတွင် အင်ဆူလင်များလာလျှင် အဆိပ်ဖြစ်တတ်သည်။ အင်ဆူလင်သည်မဂ္ဂနီဆီယမ် ကို သိုလှောင်ထားသည်။ အင်ဆူလင်လက်ခံသော ခေါင်းများတုံးလာသည်နှင့်အမျှ ဆဲလ်းများသည်အင်ဆူလင်ကိုလက်မခံနိုင်တော့ဘဲ အင်ဆူလင်နှင့်အတူရှိသော မဂ္ဂနီဆီယမ်များကို ဆီး (သို့)ကျင်ငယ် မှတဆင့် ခန္ဓာကိုယ်အပြင်ဘက်သို့ ထုတ်လိုက်သည်။ ထိုကြောင့် လိုအပ်သောမဂ္ဂနီဆီယမ်ပမာဏကို ကြွက်သားများရှိ ဆဲလ်းများ တွင် သိုလှောင်ထားနိုင်ခြင်းမရှိတော့ပေ။ မဂ္ဂနီဆီယမ်လျှော့နည်းနေခြင်းကြောင့် သွေးကြောများသည် သက်တောင့်သက်သာရှိမနေတော့ဘဲ တင်းကျပ်လာကာသွေးဖိအားကို မြင့်တက်စေပြီး သင့်၏ခန္ဓာကိုယ်စွမ်းအင် ကိုလျှော့ချစေသည်။
အင်ဆူလင်သည်လည်း သင်၏ခန္ဓာကိုယ်အတွင်း ဆိုဒီယမ် ထိန်းသိမ်းမှုကိုများစေခြင်းဖြင့် သွေးတိုးမှုကိုဖြစ်စေသည်။ ဆိုဒီယမ်များထိန်းသိမ်းထားခြင်းသည် ရေဓါတ်ထိန်းသိမ်းမှုကိုများလာစေပြီးသွေးဖိအားကိုတိုးလာစေကာ ရုပ်တရက် နှလုံးခုန်ရပ်မှုဖြစ်ပေါ်စေသည်။

(၃) ခန္ဓာကိုယ်အလေးချိန်တိုးလာသည်နှင့်အမျှ သင့်၏ သွေးဖိအားလည်းတိုးလာသည်။ခန္ဓာကိုယ်အလေးချိန်းကို ၁၀ပေါင်မျှ လျှော့ချခြင်းဖြင့် သင့်၏ သွေးတိုးထိန်းချုပ်မှုကိုကူညီပေးနိုင်သည်။

(၄) တစ်နေ့လျှင် မိနစ် ၃၀ မှ မိနစ် ၆၀ အတွင်း လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့်တစ်ပတ်အတွင်း သွေးပေါင် ၄ မှ ၉ အထိ လျှောချပေးနိုင်သည်။ အချိန်မပေးနိုင်သော သူများအတွင်၁၀မိနှစ်ခန့်မျှ ခပ်သွက်သွက် လမ်းလျှောက်ပေးခြင်းဖြင့် သွေးတိုးလျှော့ချမှုကို ကူညီပေးနိုင်သည်။

(၅) တစ်ရက်လျှင် ဘီယာတစ်ဘူး (သို့) တစ်ပုလင်း (၁၂အောင်စ) သို့မဟုတ် ၀ိုင်တစ်ခွက် (၅ အောင်စ) သို့မဟုတ် အရက် ဖန်ခွက်တစ်ဝက် (၁.၅ အောင်စ)သောက်သုံးပေးခြင်းဖြင့်လည်း သွေးတိုးကိုလျှောချပေးနိုင်သည်။ ထို့ထက်ပို၍ သောက်သုံးလျှင်တော့သွေးတိုးလျှော့ချမှုကို ကူညီမပေးနိုင်တော့ဘဲ သွေးပိုမိုတိုးလာစေသည်။

(၆) အရက်နှင့် ဆေးလိပ်တွင်ပါဝင်သော ဓာတုဗေဒ ပစ္စည်းများကြောင့်တစ်ခါတစ်ရံ နှလုံးသည် ခုန်နှုံးမြန်ပြီး သွေးများကို ခက်ခဲစွာစုပ်တင်ရသည်။ ၄င်းကောင်းအချက်သည်လည်းသွေးတိုးရောဂါဖြစ်ရသော အကြောင်းအရင်း တစ်ချက်ပင်ဖြစ်သည်။ အရက်နှင့် ဆေးလိပ် သောက်ခြင်းကိုထိန်းချုပ်ခြင်းသည်လည်း သွေးတိုးကိုထိန်းချုပ်မှုကိုကူညီပေးနိုင်သည်။

(၇) လက်ဖက်ရည် ကို သောက်သုံးခြင်းဖြင့်လည်း သွေးတိုးကိုလျှော့ချနိုင်သည်။

(၈) စိတ်ဖိစီးမှုဖြစ်ခြင်း နှင့် စိတ်လှုပ်ရှား မှုဖြစ်ခြင်းသည်ယာယီ သွေးတိုးမှုကိုဖြစ်ပေါ်စေနိုင်သည်။ ဥပမာ....တရားထိုင်ခြင်း အနှိပ်ခံခြင်းဖြင့်လည်းစိတ်ဖိစီးမှုကို လျှော့ချနိုင်သည်။

(၉) မနက်ခင်း နေပူဆာလှုံပေးပါ။ နေရောင်ခြည်သည် သင့်၏ခန္ဓာကိုယ်အတွင်းမှ ဗိုက်တာမင် D ကို ထုတ်ပေးသည်။ နေရောင်ခြည်မရလျှင် ခန္ဓာကိုယ်အတွင်းဗိုက်တာမင် D နည်းလာပြီး ပိုင်ရာသိုင်းရိုက် ဟုခေါ်သော ဟော်မုန်းထုတ်ပေးမှုတိုးပွားလာပြီးသွေးတိုးမှုကိုဖြစ်ပေါ်စေသည်။
ဗိုက်တာမင် D သည် သွေးဖိအားကို တိုးပွားစေသည့် ဟော်မုန်း(Angiotensin II) ထုတ်ပေးသည့်စနစ်ကို တားဆီးပေးသည်။ ဗိုက်တာမင် D ချို့ တဲ့လျှင် ၄င်းဟော်မုန်းထုတ်ပေးသည့် စနစ်မမှန်တော့ဘဲ သွေးတိုးမှုကိုဖြစ်ပွားစေသည်။
နေရောင်ခြည်တွင်ပါသော ခရမ်းလွန်ရောင်ခြည်သည် ဦးနှောက်အတွင်းရွှင်လန်းဝမ်းမြော်စေပြီး နာကျင်မှုကိုသက်သာစေသော ခံစားချက်ကိုထုတ်ပေးသည့် ဓါတုဗေဒ ဓါတ်တစ်မျိုးကိုထုတ်ပေးသဖြင့်စိတ်ဖိစီးမှုကိုလျှော့နည်းစေသဖြင့် သွေးတိုးလျှော့ချမှုတွင်အရေးပါသည်။

(၁၀) အခြားဆေးဘက်ဝင်အပင်များ(သို့) လင်ဇီးကဲ့သို့သော ကျန်းမာရေး ဖြည့်စွက်အစာများကို ပုံမှန်စားသုံးခြင်းဖြင့်လည်းသွေးတိုးကို ထိန်းချုပ်နိုင်သည်။
လင်ဇီးကို အသုံးပြုခြင်းဖြင့် သွေးတိုးရောဂါထိန်းချုပ်မှုမည်သို့ တိုးတတ်လာသနည်း
သွေးတိုးရောဂါဖြစ်ရသော အကြောင်းအရင်းတစ်ခုသည် သွေးကြောနံရံများတွင်အဆီများ စုနေခြင်းကြောင့် ဖြစ်သည်။ ကျဉ်းမြောင်းသော သွေးကြောငယ်များထဲသို့ သွေးများရောက်ရန်နှလုံးသည် ခက်ခဲစွာ သွေးများကို စုတ်တင်ပေးရသဖြင့် သွေးဖိအားပိုမိုမြင့်လာသည်။
လင်ဇီးတွင်ပါဝင်သော ထရိုက်တာပင်နွိုက်(Triterpenoid) သည် သွေးကြောများထဲတွင် ပိတ်ဆို့နေသော အဆီများကို ရှင်းလင်းပေးသည်။
အသက်ကြီးရင့်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏သွေးကြောများသည်အဆီများစုစည်းခြင်းကြောင့် မာကြောလာပြီး ကျုံ့ နိုင်ကျယ်နိုင်သည့် သတ္တိရောနည်းလာပြီးနှလုံးသည် ၄င်း၏ ကျုံ့ အားကို ပို၍စိုက်ထုတ်ရသည်။ ၄င်းအချက်သည်လည်း သွေးတိုးရသော အကြောင်းအရင်းဖြစ်သည်။
လင်ဇီးတွင်ပါဝင်သော အက်ဒီနိုစင်း မိုနိုဖေါ့စဖိတ်(Adenosine Monophospate, AMP) သည် သွေးခဲများကို အရည်ပျော်စေသဖြင့် ပိတ်ဆို့နေသောသွေးကြောများကိုဖွင့်ပေးခြင်း၊ ပျော့ပြောင်းသွာအောင်ပြုလုပ်ပေခြင်း စသည့် အစွမ်းသတ္တိရှိသည်။
လင်ဇီးကို အသုံးပြုခြင်းဖြင့် သွေးကြောများကို ပိုမိုချောမွေ့စေပြီးနှလုံးတွင်ရှိသောဖိအားကို လျှောချပေးနိုင်သည်။ ထိုနည်းဖြင့် သွေးဖိအား မြင့်မာမှုသည်သဘာဝအလျောက်လျှောချ သွားအောင် လင်ဇီးက ကူညီပေးသည်။ 

သွေးဖိအား သာမာန်ထိန်းချုပ်ခြင်း (သို့မဟုတ်) သွေးတိုးရောဂါကိုကြိုတင်ကာကွယ်ခြင်း
လင်ဇီးသည် သင့်နှလုံး၏ သွေးစုပ်တင်မှုအားကို တည်ငြိမ်အောင်ထိန်းပေးနိုင်ပြီ်း လိုတာထက်ပို၍ စုပ်တင်နေလျှင် သွေးဖိအားကို အလိုအလျောက်လျှောပေးပြီးနှလုံး အားနည်းနေလျှင်လည်း သွေးဖိအားကို အလိုအလျောက်တိုးပေးသည်။
လင်ဇီးကို သွေးတိုးရောဂါတိုးတက်ကောင်းမွန်စေရန်သာမကသာမန်သွေးဖိအားကို ထိန်းသိမ်းထားရန်အတွက် သုံးရန်သင့်တော်သည်။ ထိုသို့အသုံးပြုခြင်းဖြင့်သွေးတိုးရောဂါဖြစ်ခြင်းကို ကြိုတင်ကာကွယ်ပေးနိုင်သည်။ ရောဂါဖြစ်မှကုသခြင်းထက် မဖြစ်ခင်ကတဲကကြိုတင်ကာကွယ်ခြင်းသည်ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ကာကွယ်ရန်အကောင်းဆုံးသောနည်းလမ်းပင်ဖြစ်ပါတော့သည်။

(Myanmar High Flyer page မှ ညီအစ်ကိုမောင်နှမများအတွက် ဗဟုသုတရစရာများကို မျှဝေပေးပါသည်။)

စိုးလင်း
၁၀ အောက်တိုဘာ ၂၀၀၄။

References
http://www.pingofhealth.com/2012/02/effects-of-ganoderma-lingzhi-on-high.html
http://www.ganoderma-for-health.com/herbs-for-high-blood-pressure.html
http://www.prevention.com/health/health-concerns/how-lower-blood-pressure-naturally
http://www.mayoclinic.org/diseases-conditions/high-blood-pressure/in-depth/high-blood-pressure/art-20046974?pg=2
http://www.health.com/health/gallery/0,,20488689,00.html
http://articles.mercola.com/sites/articles/archive/2009/12/15/how-you-can-normalize-your-blood-pressure-without-drugs.aspx

Wednesday, February 1, 2017

နွားတို့အသား မစားဖို့ရာ -ဇော်လွင်ထွန်း-

နွားတို့အသား မစားဖို့ရာ
-ဇော်လွင်ထွန်း-
*********************************

နွားတို့၏ ကျေးဇူးကား လွန်စွာမှ ကြီးမားလှ ပေ၏။ နွားတို့သည် မွေးဖွားသည်မှ သေလွန်သည့် တိုင် လူသားတို့ကို အကျိုးပြုလျက်ရှိ၏။ နွားကလေး တစ်ကောင်သည် မွေးဖွားလာသည်နှင့် သဘာဝက ပေးသော မိခင်နွားမကြီး၏နို့ရည်ချိုကို သောက်စို့ခွင့် ရရှိလေ၏။
သို့ရာတွင် နွားကလေးသည် နို့ရည်ချိုကို ၀လင်စွာ သောက်စို့ခွင့်မရရှိပေ။ လူသားတို့က နွား ကလေး၏ ရပိုင်ခွင့်နို့ရည်ချိုတို့ကို အာဟာရအဖြစ်မှီဝဲ သောက်သုံးရန်အတွက်လည်းကောင်း၊ ငွေကြေးအလို့ ငှာ ရောင်းချခြင်းပြုရန်အတွက်လည်းကောင်း နွား ကလေး၏ မိခင်နွားမကြီးထံမှ နို့ရည်ချိုတို့ကိုညှစ်၍ ယူကြလေ၏။
တစ်ဖန် နွားကလေး အရွယ်ရောက်လာသော အခါ လူသားတို့သည် ခိုင်းစေရန်အတွက် နွားက လေး၏ နှာနုနုကို တုတ်ချွန်၊ သံချွန်စသည်တို့ဖြင့် ထိုးဖောက်၍ နဖားကြိုးထိုးကာ ခိုင်းစေကြတော့၏။သို့ရာတွင် နွားကလေးကား အားကောင်းမောင်းသန် အရွယ်ဖြစ်၍ ငြိုငြင်မှုမပြုဘဲ ပခုံး(ကုပ်ပိုး)ထက် ထမ်းပိုး တင်ကာ ဆန်စပါး ကောက်ပဲသီးနှံ စသည်တို့ကို စိုက်ပျိုးရန်အတွက် ထွန်ယက်ပြီး လူသားတို့အား အလုပ်ကျွေးပြု၏။ ကုန်စည်ဝန်တို့ ထမ်းပိုးပေးရှာ၏။ဤသို့ဖြင့် အတိတ်ဘ၀ကပြုခဲ့ဖူးသော ၀ဋ်ေ<ကးကို နွားကလေးသည် လူသားတို့အတွက် ခွန်အားဖြင့် ရုန်းကန်ပေးဆပ်ကာ လူသားတို့အား စား၊ ၀တ်၊ နေရေးနှင့် စည်းစိမ်ဥစ္စာတို့ကို ပေးလေ၏။
သို့ပါသော်လည်း လူသားတို့ကား ညှာတာ ထောက်ထားမှုမရှိဘဲ စိတ်တိုင်းကြ စေခိုင်း၍ မရမည် စိုး၍ အရွယ်ရောက် နွားကလေး၏ အိမ်ထောင်ပြု လိုစိတ်၊ မေထုန်မှီဝဲလိုစိတ်၊ ဆန့်ကြင်ဖက် နွားမများ အပေါ် စိတ်ပါဝင်စားလိုစိတ်တို့ မရှိစေရန် နွားက လေး၏ ငယ်ပါကို ရက်စက်စွာသံညှပ်ဖြင့် ညှပ်ခြင်း၊ တူဖြင့်ထုခြင်းတို့ဖြင့် ဖိုအောင် မျိုးဆက်မပြန့်ပွား အောင်ပြုကြလေ၏။
ဤသို့နှစ်ပေါင်းများစွာ လူသားတို့အား ခွန် အားဖြင့် အလုပ်ကျွေးပြုပြီးနောက် နွားကလေးသည် ယခင်လို နုပျိုသန်မာခြင်းမရှိတော့ဘဲ အိုမင်းမစွမ်း ဖြစ်လာ၏။ နွားအိုကြီးဖြစ်လာ၏။ ထိုအခါ ]အိုမင်း မစွမ်း}ဟူသောစကားအတိုင်း ]အိုရင် မင်းမစွမ်းတော့ ဘူး}ဟုယူဆကာ လူသားတို့သည် နွားအိုကြီးကို  ရသည့်ဈေးဖြင့် သားသတ်သမားတို့ထံ ရောင်းချရန် အတင်းအကျပ်ကြိုး ဖြင့် ဆွဲခေါ်ကြလေ၏။ သေခြင်း တရားနှင့် နောက်ဆုံးရင်ဆိုင်ရတော့မည်ကို သိနေ သော နွားအိုကြီးသည် ကြောက်ရွံ့တုန်လှုပ်စွာ ရုန်း ကန်လေ၏။ ထိုအခါ လူသားတို့က ပြုခဲ့ဖူးသော နွားအိုကြီး၏ ကျေးဇူးတရားကို မထောက်ထား မစာ နာ ရိုက်နှက်၍ အတင်းအဓမ္မ ဆွဲခေါ်ကြလေ၏။နွားအိုကြီး၏ သုသာန်တစ သင်္ချိုင်းဝကား နာကျင် ကြေကွဲမှု မျက်ရည်များစွာဖြင့် နိဂုံးကမ္ပတ် အဆုံး သတ်ရလေတော့၏။
ဤမျှနှင့် မပြီးသေး။ နွားအိုကြီး၏အသားနှင့် နွားအိုကြီး ထွန်ယက်စိုက်ပျိုးထားသော ဆန်စပါး၊ ကောက်ပဲသီးနှံတို့ဖြင့် လူသားမိသားစုတို့ကား မြိန်ရှက် စွာနှင့် စားရက်၊ သောက်ရက်၊ မြိုရက်ကြပါ၏။နွား အိုကြီး၏ ဘ၀ခန္ဓာချုပ်ငြိမ်းပြီးသော်လည်း ကျန်ရစ် ခဲ့သော အရိုး၊ အရေ၊ ဦးချိုစသည်တို့ကို လူသား တို့က အမျိုးမျိုး အသုံးပြုကာ ရောင်းချစားသောက် ခွင့်ပင် ရရှိကြပါသေး၏။ ထို့ကြောင့် နွားတို့သည် မွေးဖွားသည်မှ သေလွန်သည့်တိုင် လူသားတို့ကို အကျိုးပြု၍ လွန်စွာကျေးဇူးကြီးမားလှပေ၏။ သို့ပါ သောကြောင့် လူသားတို့သည် နွားသားကို မစားသင့်၊ မစားအပ်ပေ။
ကျွန်ုပ်သည် အထက်တွင်တင်ပြခဲ့သော နွား မေတ္တာစာကို နွားကလေး၏ နေရာမှနေ၍ ခံစားရေးဖွဲ့ ပါ၏။ ဤကဲ့သို့ နွားမေတ္တာစာကို ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီးသည် ကြီးမားသော ကရုဏာတရားဖြင့် ရေးဖွဲ့တော်မူခဲ့ပါ၏။ ထို့ပြင်လော ကနီတိကျမ်း ပကိဏ္ဏက ကဏ္ဍ ဂါထာအမှတ် (၁၄) တွင် နွားတို့သည် လူသားတို့အား အ၀တ်အထည်၊ စည်းစိမ်ဥစ္စာ၊ အစားအသောက်တို့ကိုပေးပါသော ကြောင့်အမိçအဖတို့ကဲ့သို့ပင် နွားများကို မြတ်နိုးသင့်၊ ရိုသေသင့်ကြောင်းကို အောက်ပါအတိုင်းပါရှိ၏။
ဂေါဏာဟိ သဗ္ဗဂီဟိနံ၊
ပေါသကာ ဘောဂဒါယကာ။
တသ္မာဟိ မာတာပိတူဝ၊
မာနေယ သကၠေရယ် စ။
အနက်
ဂေါဏာ-နွားတို့သည်၊ သဗ္ဗဂီဟိနံ-ခပ်သိမ်း သောသူတို့ကို၊ ဟိ ယသ္မာ-အကြင်ကြောင့်၊ ပေါသ ကာ-ကျွေးမွေးတတ်ကုန်၏။ ဘောဂဒါယကာ-စည်း စိမ်တို့ကို ပေးတတ်ကုန်၏။ တသ္မာ ဟိ တသ္မာ ဧ၀ - ထိုကြောင့်သာလျှင်၊ မာတာပိတူဝ-အမိçအဖ တို့ကဲ့သို့၊ တေ-ထိုနွားတို့ကို မာနယေ-မြတ်နိုးရာ၏။သက္ကရေယျ စ-အရိုအသေလည်း ပြုရာ၏။
ထို့အပြင် နွားတို့ကို မသတ်ဖြတ်ကြဘဲ သူ့ အလိုလို အသက်တမ်းကုန်ဆုံးပြီဆိုမှသာ ရေမျှော ခြင်း၊ လင်းတငှက်တို့ကို ပေးခြင်းများပြုလုပ်သင့် ကြောင်းနှင့် နွားတို့၏အသားကို စားသုံးပါက အမိç အဖတို့၏အသားကိုသာ စားခြင်းမည်ကြောင်းကို လောကနီတိကျမ်း၊ ပကိဏ္ဏက ကဏ္ဍ၊ ဂါထာ အမှတ် (၁၅)တွင် အောက်ပါအတိုင်း ဆက်လက်ပြဆိုထား၏။
ယေ စ ခါဒန္တိ ဂေါမံသံ၊
မာတုမံသံဝ ခါဒယေ။
မတေသု တေသု ဂိဇ္ဈာနံ၊
ဒဒေ သောတေစ ၀ါဟယေ။
အနက်
ယေ စ-အကြင်သူတို့သည်လည်း၊ ဂေါမံသံ- နွားတို့၏ အသားကို၊ ခါဒန္တိ-စားကုန်၏။ တေ-ထိုသူတို့သည်၊ မာတုမံသံဝ-အမိ၏ အသားကိုသာ လျှင်။ ခါဒယေ-စားသည်မည်ကုန်၏။ တေသု-ထိုနွားတို့သည်၊ မတေသု-သေကုန်သည်ရှိသော်၊ ဂိဇ္ဈာနံ-လင်းတတို့အား၊ ဒဒေ-ပေးရာ၏။ သောတေ စ-ရေအလျင်၌သော်လည်း၊ ၀ါဟယေ-မျှောရာ၏။
]နွားတို့အပေါ် ကြင်နာနိုင်ကြပါစေ}
]နွားတို့အပေါ် စာနာနိုင်ကြပါစေ}
အင်းဝခေတ် စာဆိုတော်
ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာအတိုင်း-]ကိုယ်နှင့်လည်း စာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို၊ ချစ်ပါလေ}ဟူ၍သာ ပြောချင်ပါ တော့၏။
ဗဟုသုတ အသိအလိမ္မာတိုးပွားကြပါစေ။
ဇော်လွင်ထွန်း
ကျမ်းကိုး
(၁) ညောင်ကန်ဆရာတော်ဘုရားကြီး ဦးဗုဓ် နိဿယ ပြန်ဆိုသော လောကနီတိကျမ်း။
(၂) လယ်တီဆရာတော်ဘုရားကြီး၏ နွား မေတ္တာစာ။
(၃) ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာ။