Saturday, August 24, 2013

အခမဲ့ ကွန်ပျူတာ သင်တန်း ဖွင့်လှစ်..













အခမဲ့ ကွန်ပျူတာ သင်တန်းဖွင့်ပွဲ ကျင်းပ
မော်လူး၊ သြဂုတ် ၂၀ 
@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် အခမဲ့ကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၀ရက် နံနက် ၉း၃၀ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အင်းတော်မြို့ အမျိုးသားဒီမိုကရေအဖွဲ့ချုပ် နာယကများ၊ ဥက္ကဋ္ဌ၊ ပါတီဝင်းများ၊ မော်လူးကျေးရွာမှ ရပ်ကျေးဥက္ကဋ္ဌ၊ ပါတီဝင်များနှင့် သင်တန်းတက်ရောက်မည့်သူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွက် မြို့နယ် အဖွဲ့ချုပ် နာယက ဦးဥာဏ်က ကွန်ပျူတာသင်တန်းတက်ရောက်မည့်သူများသို့ သင်တန်းကို တက်ရောက်ပြီး တတ်မြောက်အောင်သင်ယူကြရန်၊ သင်တန်းဆရာများမှလည်း ကြိုးကြိုးစားစား သင်ကြားပို့ချပေးကြရန်၊ အနာဂတ်မြန်မာနိုင်ငံသည် လူငယ်များ၏ လက်ဝယ်တွင်ရှိသဖြင့် ပညာပြည့်ဝပြီး ထူးချွန်သော နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြေားကြားခဲ့သည်။ မြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ မော်လူးတွင် ဖွင့်လှစ်သည့် အခမဲ့ကွန်ပျူတာ သင်တန်းသည် အင်းတော်မြို့နယ်တွင် ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ သင်တန်းဖွင့်လှစ်နိုင်ရန် အင်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်(၁၉၉၀) ဦးစောလှိုင်မကွယ်လွန်မှီကပင် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်နိုင်ပြီဖြစ်သဖြင့် ကောင်းမွန်သည့်ဘုံဘ၀မှနေပြီး ၀မ်းမြောက်ပါစေကြောင်း၊ သင်တန်းဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ၀ိုင်းဝန်းကြိုးပမ်းပေးကြသူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ မော်လူးကျေးရွာ ရပ်ကျေးဥက္ကဋ္ဌမှလည်း သင်တန်းဖွင့်လှစ်သဖြင့် လူငယ်များအတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါကြောင်း ကြိုးစားသင်ယူပြီးလျှင် ထပ်ဆင့် ပြန်လည်ပို့ချသင်ကြားပေးစေလိုကြောင်းပြောကြားပြီး သင်တန်းတာဝန်ခံမှလည်း မိမိတို့ဘက်မှ အတတ်နိုင်ဆုံး ကြိုးစားပြီး သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား/သူများအနေဖြင့်လည်း ကြိုးကြိုးစားစား သင်ယူကြစေလိုကြောင်း ၊ ဘာသာရပ်အနေဖြင့် windows operating system, microsoft word, microsoft excel, microsoft powerpoint, Adobe pagemaker နှင့် internet & email စသည့်တို့ကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့နောက် မြို့နယ် ဥက္ကဋ္ဌ ဦးဘိုသန်းညွှန့်မှ ပေးအပ်ရာ မော်လူးအုပ်စု ရပ်ကျေးဥက္ကဋ္ဌ ဦးစိုးမြင့်မှ လက်ခံယူခဲ့သည်။ သင်တန်းကာလမှာအနည်းဆုံး တစ်လကြာမြင့်မည်ဖြစ်ပြီး ပထမအကြိမ်အဖြစ် သင်တန်းသားဦးရေ ၂၄ ဦးရှိကြောင်း၊ ပထမအကြိမ်သင်တန်းပြီးဆုံးပါက ဒုတိယအကြိမ်အဖြစ် သင်တန်းကိုဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။