Thursday, September 25, 2014

မော်လူးမှာ သုံး မရသေးသော တယ်လီနော ဆင်းကဒ် မန္တလေးမှာ 27-9-14 စရောင်းမည်

လာမယ့် စနေနေ့ မှာ မန္တလေးမြို့ကစပြီး တယ်လီနောရဲ့ မိုဘိုင်းကွန်ယက်ကို မြန်မာပြည်မှာ စတင်သွားတော့ မှာဖြစ်ပါတယ်။ အဲ့ဒီနေ့မှာပဲ မန္တလေးမြို့မှာရှိတဲ့ ဆိုင်ပေါင်း ၁၅၀၀ ကျော်မှာ SIM card များကို စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ တယ်လီနောရဲ့ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချသွားမယ့် မိုဘိုင်းဖုန်းဝန်ဆောင်မှု အကြောင်းကို မန္တလေးမြို့မှာရှိတဲ့ partner များနှင့် ပြည်တွင်း ပြည်ပ မီဒီယာများသို့ အသိပေးပွဲကို Telenor House မှာ ကျင်းပခဲ့ပါတယ်။ တယ်လီနောကို အသုံးပြုမယ့် customerများအတွက် အဓိက အားသာချက်တွေကတော့ အကောင်းဆုံး အသံအရည်အသွေး ၊ ဖုန်းခေါ်ဆိုမှု နှင့် အင်တာနက်နှစ်မျိုးလုံးအတွက် သင့်တင့်မျှတသော ဈေးနှုန်း ၊ 2G 3G ဝန်ဆောင်မှု နှစ်မျိုးလုံး ရရှိနိုင်ခြင်းဖြစ်ပါတယ်။

ဆိုင်ကယ်စီး မော်လူးသား သတိပြုစရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေမှာ ကိုယ့်ဘက်က မှားလို့ ကိုယ်သေသွားရင်တောင် ငရဲပြည် မရောကခင် တရာစွဲခံရသေးတယ်


ဆိုင်ကယ်မှ ရှေ့ယာဉ်အား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ လာသော ယာဉ်နှင့် တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၅

၂၄.၉.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ဆားတလင်း ကျေးရွာ၊ အမှတ် (၂)လမ်းမကြီးအတိုင်း ဆားတလင်း ကျေးရွာဘက်မှ လေးထောင့်ကန် ကျေးရွာဘက်သို့ သန်လျင်မြို့နယ်နေ သန်းနိုင် စီးနင်း မောင်းနှင်လာသာ ၁၄ယ/---KENBO-125 အစိမ်းရောင် ဆိုင်ကယ်သည် မိုင်တိုင်အမှတ်(၂၄/၁)အနီးအရောက် ရှေ့ယာဉ်အား ကျော်တက် မောင်းနှင်စဉ် မျက်နှာချင်းဆိုင်မှ လှည်းကူး မြို့နယ်နေ ကိုဝင်းတင် (၄၅)နှစ်မောင်းနှင်လာသော 5A---မစ်ဆူဗီရှီ ကင်တာယာဉ်ကို ဝင်ရောက် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ သန်းနိုင်မှာ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများနှင့် ဝဲရင်အုံတွင် ဖူးရောင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ သန်းလှိုင်တွင် ခန္ဓာကိုယ်၌ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့၍ လှည်းကူး မြို့နယ် ဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်လူနာ(စိုးရိမ်ရ) အဖြစ်တင်ပို့ ကုသခဲ့ရပါသည်။

ယင်းသို့ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ သန်းနိုင်(သေဆုံး)အား ဒါးပိန်းနယ်မြေရဲစခန်းယာဉ် (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice