Thursday, October 16, 2014

Android မှာ Original ပါလာတဲ့ Application တွေကိုဖျက်ချင်သူတွေအတွက်System App Safe Remover APK

Credit - MyanmarMobileApplicationStore(MMAS) Android Phone တွေမှာ ပါတဲ့ Original Application တွေကို ဖျက်ချင်တဲ့သူတွေအတွက် အဆင်ပြေဆုံး Application လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ Application လေးကို အသုံးပြုနိုင်ရန် သင့်ဖုန်းမှာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ ဒါကြောင့် သင့်ဖုန်းပာာ Root ဖောက်ပြီးသားဖြစ်ရပါမယ်။ အသုံးပြုရတာကတော့ တော်တော်လေးကောင်းပါတယ်။ တစ်ချို့က ကိုယ့်ဖုန်းမှာပါတဲ့ Original Application တွေကို ဖျက်ချင်ကြပါတယ်။ ဥပမာ – Huawei လို China ဖုန်းတွေပေါ့ဗျာ။ သူတို့မှာ ကိုယ့်နိုင်ငံနဲ့အသုံးပြုလို့မရတဲ့ Application တွေ ပါလာတက်ပါတယ်။ China Store တို့ဘာတို့ပေါ့ဗျာ။ အဲလို Application တွေကို တစ်ချို့ကမမြင်ချင်ကြဘူး။ တစ်ချို့ကလဲ ဖုန်းရဲ့ Memory ထဲမှာ နေရာတွေအသားလွတ်ယူနေတာကြောင့် ဖျက်ချင်ကြတယ်။ အဲဒီအခါတစ်ချို့က Setting ထဲက Manage Application ထဲကိုဝင်ပြီး ဖျက်တက်ကြသလို Root Explorer application တွေနဲ့ ဖျက်တက်ကြပါတယ်။ အဲလိုဖျက်တဲ့အခါ Error တွေတက်ကြတယ်။ Error တက်လို့ ကိုယ်ဖျက်လိုက်တဲ့ Application တွေကို ပြန်ထည့်ချင်တဲ့အခါ အခက်အခဲတွေ့ကြရပါတယ်။ တစ်ချို့ဆို Reset ပြန်ချကြ ၊ Reset ချလို့မရရင် Firmware ပြန်တင်ကြနဲ့ အလုပ်တော်တော် ရှုပ်ကြရပါတယ်။ အဲဒီလို Error တွေမတက်အောင် ဒီ Application လေးနဲ့ ဖျက်နိုင်တဲ့အပြင် ဖျက်ပြီးသား Application တွေကို ပြန်လိုချင်ရင်လဲ Restore ပြန်လုပ်လို့ရအောင် ဒီ Application ထဲမှာ Recycle Bin အနေနဲ့ ပါလာတာကိုလဲတွေ့ရပါတယ်။ဒီတော့ အဆင်ပြေတာပေါ့ဗျာ။ File size ကလဲ 317.7 KB သာရှိတာကြောင့် Android ဖုန်းကိုင်ဆောင်သူများအတွက် ဆောင်ထားသင့်တဲ့ Application လေးတစ်ခုလဲဖြစ်တာကြောင့် Download ရယူထားကြပါလို့လဲ တိုက်တွန်းချင်ပါတယ်။ လိုအပ်မဲ့သူများရှိရင်တော့ Download ရယူနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ သိပြီးသားသူတွေလဲရှိကြမှာပါ။ ပောာင်းနေလဲ ကောင်းနေဆဲမို့လို့ လိုအပ်ရင်တော့ အောက်ကနေ Download ရယူလိုက်ပါ။ ဒီမှာ