Thursday, October 9, 2014

မော်လူး သီတင်းကျွတ် ပွဲတော်ကို အရောငိဆိုးခဲ့သူများ နှင့် ခိုင်းမှလုပ်တတ်သောတာဝန်ရှိသူများ

၁၀ စု နှစ် တစ်ခုအတွင်း ယခုနှစ်သည် အရောင်ဆိုးသူများ facebook စကားအရ ဆေးထိုးသူများ ပျော်ရွှင်လှုပ်ရှား ကားတိုက်ခဲ့ကြသော်လည်း မိသားစု အလိုက် ခြေလျငိလျှောက် လှည့်ပတ်သူများ နည်းသွားကာ ဗျောက်အိုးရောင်းချသူများ ခွင်မိသော နှစ်ဖြစ်ခဲ့သည်။ adm-mmt

အင်းတော်မြို့နယ်တွင်ကလေးဗဟိုပြုသင်ယူချဉ်းကပ်မှုဆိုင်ရာမြို့နယ်အဆင့်နည်းပြသင်တန်းဖွ

အင်းတော်မြို့နယ်တွင်ကလေးဗဟိုပြုသင်ယူချဉ်းကပ်မှုဆိုင်ရာမြို့နယ်အဆင့်နည်းပြသင်တန်းဖွင့် မော်လူး အောက်တိုဘာ ၉ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးကျေးရွာအုပ်စု၊ အုန်းဒုတ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် အောက်တိုဘာ ၉ရက်နံနက် ၉နာရီအချိန်ကမော်လူးဒေသအတွင်းရှိထက်၊လယ်၊မူကျောင်းများမှမူလတန်းပြဆရာဆရာမများအားကလေးဗဟိုပြုသင်ယူချဉ်းကပ်မှုဆိုင်ရာမြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနာကိုကျင်းပပြုလုပ်ရာအင်းတော်မြိုနယ်ဒုမြို့နယ်ပညာရေးမှူးဦးသိန်းဆွေဝင်းသင်တန်းကြီးကြပ်ရေးမှူးဒေါ်သီသီဝင်းနှင့်သင်တန်းနည်းပြဆရာ၊ဆရာမများပညာရေးအုပ်စုခေါင်းဆောင်ဆရာကြီးဆရာမကြီးများသင်တန်းသားမူလတန်းဆရာ၊ဆရာမ(၁၄၀)ဦးခန့်တက်ရောက်ကြသည်။ အခမ်းအနားတွင်ဒုမြို့နယ်ပညာရေးမှူးဦးသိန်းဆွေဝင်းကအမှာစကားပြောကြားရာတွင်CCAခေါ်ကလေးဗဟိုပြုသင်ကြားခြင်းကို၂၀၁၅တွင်မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိခေတ်စနစ်နှင့်လျော်ညီစွာသင်ကြားမှုပြောင်းလဲသွားမည်ဖြစ်ရာကလေးများစာပေတတ်မြောက်မှုတစ်ခုတည်းသာမကအတွေးအခေါ်မြင့်မားလာမှုပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာထိတွေ့ခံစားတတ်မှုများရှိလာစေရန်ကလေးဗဟိုပြုသင်ကြားမှုများတွင်စိန်ခေါ်မှုများရှိလာနိုင်ကြောင်းထိုစိန်ခေါ်မှုများအပေါ်ကျော်လွှားနိုင်ပြီးအောင်မြင်မှုရရှိစေရန်အတွက်နည်းစနစ်၊နည်းပညာရပ်များကိုစိတ်ရောကိုယ်ပါသင်ယူသွားကြရန်လိုအပ်ကြောင်းCCAနည်းစနစ်အောင်မြင်မှုသည်ဆရာဆရာမများ၏စေတနာနှင့်အပင်ပန်းခံနိုင်မှုတို့တွင်အဓိကကျကြောင်းပြောကြားပြီးသင်တန်းကြီးကြပ်ရေးမှူးဒေါ်သီသီဝင်းကမြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်ကလေးဗဟိုပြုသင်ကြားနည်းကို၉၀%အောင်မြင်အောင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့်ရှေးဟောင်းသင်ကြားနည်းများဖြစ်သောဆရာဗဟိုပြုသင်ကြားနည်းကို စွန့်လွှတ်ပြီးကလေးဗဟိုပြုသင်ကြားနည်းအဆင့်သို့ပြောင်းလဲကြရန်ယခုလိုသင်တန်းပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ထို့နောက်ကလေးဗဟိုပြုသင်ကြားနည်းဖြင့်မူလတန်းကျောင်းသား/သူများကိုသင်ကြားပြသခဲ့ ပြီးသင်တန်းကာလမှာ(၁၀)ရက် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်