Friday, July 25, 2014

မော်လူး ချောင်း အတွင်း ရေချိုးသောကလေးများ ဗုံး တွေရှိ

ဒုတိယ ကမ္ဘာ  စစ်အတွင်း  တိုက်လေယာဉ် မှ  ချသော

ဗုံး ဟု  ထင်ရ၏  ထိပ်ဖူးတွင်  နျူးကလီယား  ပါမပါ  မသိသေးပါ


♪ Sim Cardများကို အများပြည်သူ အကန့်အသတ်မရှိဝယ်ယူနိုင်ရန် နိုင်ငံတကာအော်ပရေတာများထက်ဦး၍


♪ Sim Cardများကို အများပြည်သူ အကန့်အသတ်မရှိဝယ်ယူနိုင်ရန် နိုင်ငံတကာအော်ပရေတာများထက်ဦး၍် MPT ကရောင်းချမည်(၂၅.၇.၂၀၁၄) ♫




Ooredoo Sim Card များကိုသြဂုတ်ကာလအတွင်း၌လည်းကာင်း၊  TelenorSimများကို စက်တင်ဘာလတွင် လည်းကာင်း ရောင်းချပေးနိုင်ရန်စီစဉ်သွားမည့်ဟုသက်ဆိုင်ရာMobileOperatorများက၀န်ကြီးဌာနသို့ပြော ကြားထားကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာညွှန်ကြားရေးမှူး ဦးသန်း ထွန်းအောင်ကပြောကြားခဲ့သည်။ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင် KDDI, Sumitomo Corporationတို့နှင့်ပူးပေါင်း၍ဆက်သွယ်ရေးကဏ္ဍအတွင်းအမေရိကန်ဒေါ်လာသန်း(၂,၀၀၀)ရင်းနှီးမြုပ်နှံသွား မည် ဖြစ်သည်။ပူးပေါင်းပြီးနောက်ပိုင်းကာလတွင်MPTအနေဖြင့်Ooredoo,Telenorအစရှိသည့်မိုဘိုင်းလ်အော် ပရေတာများထက်ပိုမိုကောင်းသည့်ဝန်ဆောင်မှုများကို ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဦးခင်မောင်ထွန်းက ပြောကြားခဲ့သည်။ "Telenor,OoredooSimCard တွေက အင်တာနက်ပါဝင် မယ်ဆိုတော့ကျွန်တော်တို့ကလည်းပြိုင်ဖက်အော်ပရေတာတွေထက်မလျော့စေရပါဘူး။သူတို့ထက်ဦးအောင် လုပ်သွားဖို့ပဲရှိပါတယ်။ US $ (2)ဘီလီယံကိုတော့ (၂) နှစ်(၃) နှစ်အတွက်ပုံးအောပြီး Telecom Sector မှာရင်နှီးမြုပ်နှံသွားနိုင်ပါတယ်။ နေရာဒေသမရွေး၊ကိုယ်ဝယ်ချင်တဲ့ Sim Card ကိုဝယ်သူစိတ်တိုင်းကျ အတိအကျဝယ်ယူနိုင်ပါတယ်။အကန့်အသတ်မရှိဝယ်နိုင်မှာပါ။GSM နဲ့ WCDMA ကိုရောင်းချပေး သွားမှာပါ။ အဓိကကတော့ WCDMA (3G)ကိုအသားပေးရောင်းချ သွားဖို့ရှိပါတယ်””ဟု MPTမှ ကိုသက်နောင်ထွန်းက၂၀၁၄ခုနှစ်ဇူလိုင်(၁၆) ရက်နေ့တွင်ပြောကြားခဲ့သည်။

KDDI, MPT နှင့်Sumitomo Corporation တို့အကျိုးတူပူးပေါင်း၍ (၁၀) နှစ်စာချုပ်ကို ချုပ်ဆိုထားပြီးဖြစ်သည်။ ထို့အပြင်Telecomကဏ္ဍအတွက်အလုပ်အကိုင်အခွင့်အလမ်းများကိုစီစဉ်ပေးအပ်သွားမည် KSGM (KDDI Summit GlobalMyanmarCo.,Ltd)ကိုဖွင့်လှစ်သွားမည်ဖြစ်သည်။လက်ရှိကာလ အထိမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် ၀န်ထမ်းဦးရေ (၈,၅၀၀) ရှိကြောင်းသိရှိရသည်။

အောင်ရဲကျော်



ယနေ့ မော်လူးဘုရားကြီးကျောင်း တရားပွဲ

ဝါဆိုလကွယ်နေ့ နေ့ မွန်းလွဲ(၂)နာရီအချိန်
တွင်မော်လူးဘုရားကြီးကျောင်းမှာ ဇလုံ
တောင်သာသနာပြုဆရာတော်တရားတော်
များဟောကြားတော်မူမည်. ....,,,