Friday, September 12, 2014

အထူး ပရိုမိုးရှင်းးးပါတဲ့ ခင်ဗျာ.....

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ ငွေဖြည့်ကတ်အထူး
ပရိုမိုးရှင်းအနေနဲ့ GSM နဲ့ WCDMA တွေ ( စက်တင်ဘာ ၁၃| ၁၄ ရက် ) တွေမှာငွေဖြည့်သွင်းရင်
ကျပ်ငါးထောင်တန် ငွေဖြည့် ကတ်အတွက် အပိုငွေ ၂၀၀၀ကျပ်နဲ့ ငွေကျပ်တစ်သောင်းတန်ဆိုရင် အပိုငွေကျပ်ခြောက်ထောင်ပေးမှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၄ ရက်ကနေ ၁၂ ရက်နေ့အတွင်းငွေဖြည့်သူတွေကိုပေးတဲ့ အပိုနှုန်းထက် နှစ်ဆတိုးမြှင့်ပေးခဲ့ပါသေးတယ်
အဆိုပါအပိုငွေ ကို စက်တင်ဘာ ၃၀ ရက်နေ့အထိအသုံးပြုနိုင်မယ်လို့
သိရပါတယ်။

Author ရဲလင်းလင်းသန်း

facebook မှာ တွေ့လို့ share လုပ်လိုက်တာပါ......

mawlu news 12.9.14




ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း စတင်
မော်လူး ၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့က စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း ကွန်ကရစ်လမ်းခင်းနိုင်ရန်အတွက် လမ်းမြေသား ညှိခြင်းလုပ်ငန်းကို သြဂုတ်လကဆောင်ရွက်ခဲ့ပြီး ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်းကို ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း  အင်းတော်မြို့အထွက်မှ နဘားလမ်းခွဲအထိ ၁ မိုင် ၁ ဖာလုံ၊ နဘားလမ်းဆုံ ၁ မိုင်၊ မိုင်တိုင်အမှတ် ၁၄၄/၆ (နဘားမှ ပင်ဝယ်ထိ) ၅ မိုင် ၄ ဖာလုံ စုစုပေါင်း ၇ မိုင် ၄ ဖာလုံ အထိ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကွန်ကရစ်လမ်း၏ အကျယ်မှာ ၁၈ ပေ၊ အမြင့် ၉ လက်မရှိမည်ဖြစ်ကြောင်း၊ အထူးစီမံကိန်းကြီး အဖွဲ့ (၁)မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြုရံပုံငွေ ကျပ်သန်း ၂၆၀၀ ဖြစ်ကြောင်းတို့ကို ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေသည့် အထူးစီမံကိန်းကြီး အဖွဲ့(၁) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကျေးရွာချင်းဆက် လမ်းတံတား အဆင့်မြှင့်တင်ရန် တာဝန်ရှိသူများမှ ကွင်းဆင်း တိုင်းတာ ဆောင်ရွက်
မော်လူး၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်တော်မြို့နယ်၊ မော်လူးဒေသတွင် ကျေးရွာချင်းဆက်လမ်းတံတားများ အဆင့်မြှင့်တင်ရန်အတွက် အင်တော်မြို့နယ်မှ တာဝန်ရှိသူများ စက်တင်ဘာ ၁၀ ရက်နေ့က  ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ရာသို့ အင်တော်မြို့ ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်အထောက်အကူပြု ကော်မတီမှ ဦးချစ်ဆွေ၊ နမီးကျေးရွာ အုပ်စု၊ ဂွေ့ကြီးကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ လိုက်ပါပြီး မော်လူး - ဂွေ့ကြီး (၂ - မိုင် )ကျေးလက်လမ်းကို အကျယ် ၁၂ ပေ၊ အမြင့် ၁ပေ ၉ လက်မအဖြစ် ကျောက်ချောလမ်းခင်းခြင်း၊  သက်ရင်းသာ- ဂွေ့ကြီး လေးတန်ချောင်းကူးတံတားအား ကမ်းကပ်ခုံ ဆောက်လုပ်ရန်၊ နမီးကျေးရွာ - ဂွေ့ကြီးကျေးရွာ မြေသားလမ်း (၈)မိုင် ဖောက်လုပ်ရန်နှင့် နမီးကျေးရွာ - ညောင်ပင်ဆိပ်ကျေးရွာ ချောင်းကူးတံတား(အရှည် ၂၀၀ ပေ၊ အကျယ် ၁၈ပေ၊ အမြင့် ၁၅ပေ) ဆောက်လုပ်ရန်တို့ကို  ကျေးလက်ဦးစီးဋ္ဌာနသို့ တင်ပြတောင်းဆိုနိုင်ရေးအတွက် ကွင်းဆင်တိုင်းတာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အင်းတော်မြို့ သို့ ခရီးသွားမည့်သူများးးး သတိထားနိုင်ကြစေဖို့ ..........

ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများအား အရေးယူဆောင်ရွက်ခြင်းပြုလုပ်
အင်းတော်၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့နယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများအား နေ့စဉ်ရုံးဖွင့်ရက်တိုင်း အရေးယူဆောင်ရွက်လျှက်ရှိကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က သိရသည်။
" ကျွန်တော်တို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့ လမ်းညွှန်မှုနဲ့ ယာဉ်ထိန်းရဲ၊ မြို့နယ်စည်ပင်၊ မစက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ဒေသအရံမီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူတွေကို အရေးယူဆောင်ရွက်နေတာပါ။ အဓိကကတော့ မော်တော်ဆိုင်ကယ် စီးနင်းရာမှာ ဆိုင်ကယ်စီးဦးထုပ် မဆောင်းတာ၊ ယာဉ်မောင်းလိုင်စင် မရှိပဲ မောင်းနှင်တာ၊ လမ်းစည်းကမ်း မလိုက်နာတာတွေကို အရေးယူဆောင်ရွက်နေတာပါ။ စကတင်ဘာ ၁၁ ရက်နေ့ ဒီနေ့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတဲ့ မော်တော်ဆိုင်ကယ် ၂၃ စီးကို မော်တော်ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများကို ပုဒ်မ ၂၂ အရ အရေးယူပြီး ဒဏ်ငွေ ၁၅၀၀ ကျပ်၊ ယာဉ်မောင်းလိုင်စင် မပါသူတွေကို ပုဒ်မ ၂၁ အရ အရေးယူပြီး ဒဏ်ငွေ ၅၀၀ ကျပ် ဒဏ်ငွေ ဆောင်ရပါတယ်။ ဒဏ်ငွေကိုတော့ တရားရုံးမှာ သွားဆောင်ရတာပါ။ ကျွန်တော်တို့ ဒီလို ရုံးဖွင့်ရက်တိုင်း အရေးယူဆောင်ရွက်နေခြင်းဟာ မော်တော်ယာဉ် မောင်းနှင်သူတွေ၊ မော်တော်ဆိုင်ကယ် စီးနင်းသူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာလာအောင်နဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ရည်ရွယ်ပါတယ်" ဟု အင်းတော်မြို့မှ ယာဉ်ထိန်းရဲတပ်ကြပ်ကြီး စန်းယုအောင်မှ ပြောပြသည်။
kms