Sunday, December 29, 2013

ပထမ ဆု ရဘောလုံးသင်း ဂုဏ်ပြု

2013ခုနှစ်  မော်လူး  အားကာဖလား  ဘောလုံးပြိုင်ပွဲတွင်

အုန်းဒုတ်ရွာ ဘောလုံး အသင်း က
စဥ့်ခိုးရွာ  ဘောလုံး အသင်းကို  အနိုင်ရ ဗိုလ်စွဲ  ခဲ့သောကြောင့်

30-12-2013 နေ့ အုန်းဒုတ်ရွာ  ဓမ္မာရုံ တွင်
အုန်းဒုတ်ဘောလုံသင်းအား  ဂုဏ်ပြုပွဲကျင်းပ


မော်လူး အထက အာစရိယပူဇော်ပွဲကျင်းပ

မော်လူး အထက တွင် ပညာသင်ကြားသွားသော  ကျောင်းသားကျောင်းသူ
တို့၏ ဒုတိယအကြိမ်မြောက်
အာစရိယပူဇော်ပွဲကို  29-12-2013
ရက်နေ့က ကျင်ပသွားခဲ့ပါသည်


Wednesday, December 18, 2013

Tuesday, December 17, 2013

မော်လူးမှာ အေးနေပြီ

ယခုနှစ်  ဆောင်းရာသီ  မော်လူးတွင်

အအေးဓါတ် များနေပါသည်


Thursday, December 12, 2013

facebook ပေါ်မှ သတင်းဆန်း

အိန္ဒိယ နိုင်ငံ ရောက် မော်လူးဒေသမှ ဦးပစင်း

တင်ခဲ့သော ဓါတ်ပုံတွေပါ

ဂျိန်းဘူန်းတော်ကြီးတွေပါ




Wednesday, December 11, 2013

ကမ္ဘာလှည့်ခရီးသည် မော်လူး ဖြတ်သန်း

ကမ္ဘလှည့်ခရီးသည်နှင့် မော်လူး

ကချင်ပြည်နယ်သို့ နောက်တွဲစက်ဘီးဖြင့် သွားရောက်ခဲ့သော

နိုင်ငံခြားသား ရီးသွား မော်လူးသို့ ဖြတ်သန်းသွား


အခမဲ့ ဆေးကုပေးပြီ

အင်းတော်မြို့တွင် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးမည်

 စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်း
တွင် ဒီဇင်ဘာ ၁၀ ရက်နံနက် ၉ နာရီအချိန်က ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းမှ ပြည်သူ
များ၏ ကျန်းမာရေးစောင့်ရှာက်မှုလုပ်ငန်းများကို ၁၂၊ ၁၃၊ ၁၄၊ ၁၅ ထိ(၄)ရက်တိတိ အခမဲ့ဆောင်
ရွက်ပေးမည်ဟု သိရသည်။
 အင်းတော်မြို့ စေတနာရှင် အလှူရှင် မိဘပြည်သူများ လူမှုကူညီရေးအသင်း အဖွဲ့အစည်း
များမှ ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိကနှင့် ဆရာဝန်/ဆရာမ(၈၀) ဦးအား တည်းခိုရေးနှင့် စား
သောက်ရေးကို သီးသန့်စီစဉ်ပေးပြီး လူနာများတွက် တည်းခိုရေးနှင့် စားသောက်ရေးတို့ကို စီစဉ်
ဆောင်ရွက် ပေးထားမည်ဟု သိရသည်။



Sunday, December 8, 2013

ဆီးဂိမ်း တွင် မေိာလူး သား အားကစားသမားပါဝင်

ဆီးဂိမ်း မြန်မာဘော့လုံးအသင်းတွင် မော်လူး ရတနာလမ်းမှ

လူငယ် တစ်ဦးပါဝင်ပါသည်

မော်လူး သားများ မြန်မာဘော့လုံးသင်းကို

အထူး အားပေးကြပါစို့


Saturday, December 7, 2013

နန့်စီးအောင်ဘူတာ စင်္ကြန် သွပ်မိုး

နန့်စီးအောင် (ပေကုန်း)ဘူတာ တိုးချဲ့

ဘူတာ စင်္ကြန်  သွပ်မိုး မှု ပြီးစီး


Thursday, December 5, 2013

gsm ဖုန်း တာဝါ တိုင်မှာ မီးစက် အမြန်ဆင်ပေးရန်လိုပြီ

မော်လူး ရှိ GSM ဖုန်းများ (၂၄)နာရီမီးပျက်လျှင် ဖုန်းပြောမရ


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာရှိ GSMဖုန်းများ

(၂၄)နာရီမီးပျက်လျှင် ဆိုလာမီးတစ်မျိုးတည်း ဖြင့် လျှပ်စစ်ဓာတ်အား သုံးထားသော

GSM တာဝါတိုင်ကြောင့် ဖုန်းပြောဆိုရာတွင် မော်လူး ဒေသရှိပြည်သူလူထုများ

အခက်အခဲ များ ကြုံတွေ့ နေရပါသည်

ထို့ကြောင့် မော်လူးကျေးရွာရှိ GSM တာဝါ အတွက် မီးစက် သီးသန့်မရှိသဖြင့်

အမြန်ဆုံး မီးစက် တပ်ဆင်ရန် ဆောင်ရွက်ပေးစေလို..

ဆိုလာဘက်ထရီ ရှိသော်လည်း မကြာခဏဆိုသလို အမြဲပျက်နေသော

  (၂၄)နာရီ လျှပ်စစ်မီးပျက်ချိန်များတွင် ဆိုလာဘက်ထရီ တစ်ခုတည်း

ဖြင့် အဆင်မပြေနိုင်တော့ပေ သို့ပါ၍ ဒေသခံ ပြည်သူများ အခြားမြို့/ကျေးရွာများ

နည်းတူ ၀န်ဆောင်မှု အပြည့်အ၀ပေးနိုင်ရန် အမြန်ဆုံး ဆောင်ရွက်ပေးစေ

လိုကြောင်း GSM ဖုန်း သုံးစွဲသူများ
facebookမှ ပြောဆိုနေကြပါသည်။


          GSM ဖုန်းသုံးစွဲသူများ


Tuesday, December 3, 2013

ငွေကျပ် သိန်း ၈၀ လှူဒါန်း

မော်လူး ဒက္ခိဏာရာမ ဘုးကြီးကျောင်းတိုက် အတွင်းရှိ

အသစ်ဆောက်လုပ်ဆဲ သုံးထပ် ကျောင်း အတွက်

အမည်မဖေါ်လိုသူ မှ

ငွေကျပ်  သိန်း  ၈၀  လှူဒါန်းသွားပါသည်





ရပ်ကွက်ချင်းကူး နန့်သဲလိမ်ချောင်းကူးတံတားဆောက်

ပေကုန်းကျေးရွာဘုန်းတော်ကြီး ဦးဆောင်ပြီး

ရပ်ကွက် သူ/သားတို့၏ လုပ်အားဖြင့် ချောင်းကူး

တံတား ဆောက်လုပ်


စစ်ကိုင်းတိုင်း နှင့် ကချင်ပြည်နယ် ကူးတံတားအသစ်ဆောက်တော့မည်

ပေကုန်း ကျေးရွာ နှင့် နန့်စီးအောင် ချောင်းကူးတံတား အသစ်ဆောက်လုပ်ပါတော့မည်
ခရီးသွားပြည်သူများအဆင်ပြေစေရန် ယာယီတံတား ဆောက်လုပ်နေပါပြီ


ခိုးကောင် ညောင်ကုန်းလမ်းပြင်

အင်းတော်မြို့နယ်၊ မော်လူးဒေသ

သူရောင်းအုပ်စု၊ ခိုးကောင်ကျေးရွာနှင့် ညောင်ကုန်းကျေးရွာ

နောင်ကွတ်ကျေးရွာ၊ ကုန်းခါးကျေးရွာ ဆက်သွယ်ထားသော

လမ်းမှ ပျက်စီးနေသော အပိုင်းများကို ပြင်ဆင်


Sunday, December 1, 2013

တရားစခန်း ယနေ့ ၂.၁၂.၂၀၁၃ စမည်

မော်လူးကျေးရွာ ၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်တွင်

၂.၁၂.၂၀၁၃ မှ ၁၈.၁၂.၂၀၁၃ထိ ကျင်းပပြုလုပ်သည့်

ဧကာဒသမအကြိမ်မြောက် ၀ိပဿနာ(၁၅)ရက်တရာစခန်းကို

ယနေ့ စတင်ပါပြီ


Tuesday, November 26, 2013

နန့်ဒရန့် တံတား ပ်ြင်ဆင်မှု ပြီး

19.11.2013  ရက်နေ့ည က ကျိုးကျသွားသော နန့်ဒရန့်ချောင်းကူး တံတားကို တစ်ပါတ်အတွင်း ပြင်ဆင်ပြီးစီးသွားပါပြီ
အများပြည်သူ များလွန်စွာပင် ဝမ်းမြောက် ဝမ်းသာ ဖြစ်နေကြပါသည်

သာ    ဓု     သာ     ဓု       သာ        ခေါ်နိုင်ကြပါစေ--------


Sunday, November 24, 2013

လမ်းသစ်ဖောက်

မော်လူး ရွာအတွင်း မီးရထားသံလမ်းအရှေ့ဘက်ခြမ်း
မော်လူးဘူတာနှင့် အုန်းဒုတ်သံလမ်းကျော်ကြား
စက်ယန္တယား အကူအညီဖြင့် လမ်းသစ်ဖောက်ပြီ
လမ်းသည့်ဖောက်သည့်နေရာကို
မြေပုံဖြင့် ဖေါ်ပြလိုက်ပါတယ်



Friday, November 22, 2013

အင်းတော် မှာ ဆိုင်ကယ် လိုင်စင် သက်တမ်းတိုးနေပြီ

ဆိုင်ကယ်လိုင်စင်  ယာဉ်မောင်းလိုင် သက်တမ်း တိုးခြင်း ယာဉ်မောင်းလိုင်စင် အသစ်လုပ်ပေးနေတယ် အမောင်းသင်နော့

၂၃ ရက် ၂၄ရက်   ၂ ရက်ထဲ

ဆိုင်ကယ်လိုင်စင် အသစ်လုပ်ရင်

ဆိုင်ကယ်  ပြစရာ  မလိုပါ

မှတ်ပုံတင်  တ စ်ခုသာ  မိတ္တူ  တစ်စောင်လိုတယ်

အရမ်း လွယ် ကူပါသည်

အချိန်ခဏ  နဲ့  ပြီးပါတယ်




Wednesday, November 20, 2013

နန့်ဒရန့် တံတား ကို ဒါမျိုး လုပ်ထားတာ



မြန်မာပြည်က တံတားပြင်နည်း

၁၉.၁၁.၂၀၁၃ ရက်နေ့ကုကျိုးကျသွားသော မော်လူးအနီး ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်ရှိ

နန့်ဒရန့် ချောင်းကူတံတား ကားမကျိုးကျမီ ရက်ပိုင်အလိုက

ကားသမား တစ်ယောက် ရိုက်ကူးထားသော တံတားပြုပြင်သူတွေ

 ပြင်ထားပုံက အောက်က ဓာတ်ပုံတွေကို

ကြည့်လိုက်ကြပါ

နိုင်ငံတကာ က ဆောက်လုပ်ရေးအင်ဂျင်နီယာတွေ ထိုင်ငိုသွားမယ်နော်

ပြုပြင်ထားတဲ့သူကို မအံ့သြဘူးဗျာ

ဖြတ်မောင်းတဲ့ ကားသမားတွေကို တော့ ချီးကျူးပါတယ်...




နန့်ဒရန့် ချောင်းတံတားကျိုးပြီ


    စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်၊ မော်လူးဒေသ၊ စီးမော်အုပ်စု
၊ စီပိန်းကျေးရွာအနီးရှိ
နန့်ဒရန့် တံတားပေါ်သို အထူးအဖွဲ့ (၁) ဆောက်လုပ်ရေး (၁၀)ဘီးကား ပေါ်
ယာဉ်တစ်စီးတင်ဆောင်ပြီး
 ဖြတ်သန်းစဉ် နိုဝင်ဘာ (၁၉)ရက် နေ့ည (၁၁း၃၀)အချိန်ခန့်တွင် တံတားကျိုးကျ ခဲ့သည်
     ဖြစ်စဉ်မှာ အထူးအဖွဲ့ (၁)မှ ယာဉ်တစ်စီးတင်ဆောင်ထားသော ဆောက်လုပ်ရေး (၁၀)ဘီးကား
နံပါတ် ၆ခ/၈၄၉၃ ယာဉ်မောင်း ဦးမင်းနိုင် အဆင့်(၅)  မောင်းနင်လာသည့် ယာဉ်သည်
ပေ ၂၄၀ အရှည် တံတားအမှတ် ၂/၂၆၀  နန့်ဒရန်ချောင်း တံတာပေါ်တွင် ကျိုးကျရာ
သံဘောင် တံတားပါ တိုင်စဉ် အခင်းပြား (၄၀)ပေခန့် ပျက်စီး ခဲ့သည်။
တံတားဖြတ်ကူးမရတော့သဖြင့် ခရီးသွား
ယာဉ်များ ဖြတ်သန်းသွားလာနေသော ဒေသခံ အခက်အခဲကြုံတွေ့နေရသဖြင့် လမ်းနှင့် တံတားများ
ကိုေ ဆာင်ရွက်ပေးစေလိုကြောင်း ခရီးသည်များ ၏
ပြောဆိုနေကြောင်း သိရပါသည်။




Monday, November 18, 2013

မော်လူ လေးတန်ရိုး လမ်းချဲ့

မော်လူး နှင့် သက်ရင်းတာ ကြား  လေးတန်ချောင်း တလျောက် ကျေးရွာများဖြင့်
ဆက်သွယ်ထားသော လမ်းကို

စက်ယန္တယားအကူအညီနှင့် လမ်းအကျယ် ၂၄ ပေ ထိ ချဲ့မည်ဟု သိရပါသည်


မြန့်မာ့အလင်း မှ မော်လူးသတင်း

သတင်းစာပါ မော်လူးသတင်းလေးပါ

ဖြန့်ဝေပေးလိုက်ပါတယ်



Saturday, November 16, 2013

မော်လူး အရှေ့ကျောင်းကထိန် အလှူတေိာ

ယနေ့ညနေ အလှူလှည့်

မနက်ဖြန် 17.11.2013 ရက်နေ့

ကထျန်အလှူ  ရေစက်ချ တရားနာပါမည်


Thursday, November 14, 2013

မော်လူ ဘုရာကြီးကျောင်း ကထိန် အလှူတော်

မော်လူး ဒက္ခိဏာရာမဘုရားကြီးကျောင်း

စုပေါင်းမဟာဘုံကထိန်အလှူတော်

ယနေ့ညနေ့ စည်ကားသိုက်မြိုက်စွာ

အလှူလှည့်ခဲ့ပါပြီ

မနက်ဖြန် ၁၃၇၅ခုနှစ် ၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်
15.11.2013

နေ့ တွင် ကထိန်အလှူတော် ဆင်ယင်ကျင်းပရာတွင်

ကြွရောက်လာသော ပရိတ်သတ်များ ကို

မြန်မာ့ရိုးရာမှုန့်များ ၊ ရေခဲမှုန့်များ နှင့် ထမင်း အစရှိသော

အာဟာရဒါနများ ကျွေးမွေးပြီး လျှင် ကထိန်သင်္ကန်းကပ်လှူ

မည်ဖြစ်ပါသည်။




Wednesday, November 13, 2013

မော်လူး အထက သို့ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ်



မော်လူး အထက သို့ ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ်
မော်လူး၊ နိုဝင်ဘာ ၁၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ
အထက်တန်းကျောင်းသို့ ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် မတည်ငွေ
ကျပ်သိန်း (၁၀၀)လှူဒါန်းပွဲကို နိုဝင်ဘာ ၁၃ ရက်၊ နေ့လည် ၂ နာရီအချိန်က
အဆိုပါကျောင်း သရဖီခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့်
ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင်များ၊ မော်လူး အထက
ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင်နှင့် ဆရာ/မများ၊
အငြိမ်းစားကျောင်းအုပ်ဆရာကြီးများ၊ ကျောင်းအကျိုးတော်ဆောင်
ကော်မတီဝင်များနှင့် အလှူရှင် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင်မှ မော်လူး အထကတွင် လိုအပ်နေသည့်
ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အလှူရှင် မန္တလေးမြို့ ၆၃ လမ်းနေ
ဦးစန်းလွင် + ဒေါ်ခင်မေသန်း မိသားစုတို့မှ အလှူငွေ ကျပ်သိန်း ၁၀၀
လှူဒါန်းခြင်းအပေါ် ဝမ်းသာဂုဏ်ယူ ကြည်နူးမိပြီး သာဓု အကြိမ်ကြိမ်
ခေါ်မိပါကြောင်း ပြောကြားပြီး၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး
ဦးဝင်းစိန်မှ အဆိုပါ လှူဒါန်းမှုအပေါ် ကျေးဇူး အထူးပင်တင်ရှိပါကြောင်း၊
မော်လူးဒေသ ဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်နေသည့် ကျောင်းဆောင်သစ်ကြီး
ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ လှူဒါန်းသည့်အတွက်
ဂုဏ်ယူဝမ်းသာမိပါကြောင်းတို့ကို ပြောကြားခဲ့ကြသည်။ ဆက်လက်၍
အလှူရှင်မိသားစုမှ လှူဒါန်းငွေကို ပေးအပ်လှူဒါန်းရာ
ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူပြီး အလှူရှင်မိသားစုအား
ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် မော်လူး
အထကကျောင်းရှိ အသက် ၅၀ နှစ်ပြည့် ဆရာ/မများအား တစ်ဦးလျှင်
ကျပ်ငါးသောင်းစီကိုလည်းကောင်း၊ ကျန်ဆရာ/မများ၊ ရုံးအဖွဲ့ဝန်ထမ်းများ၊
တက်ရောက်လာကြသော ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များကို
အလှူရှင်မိသားစုမှ ငွေကျပ် တစ်သောင်းစီကို လှူဒါန်းခဲ့ရာ
အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးမြသန်းမှ တက်ရောက်လာကြသူများ၏ ကိုယ်စား
အလှူရှင်မိသားစုကို  ဆုတောင်း မေတ္တာပို့သကာ နေ့လည် ၃ နာရီအချိန်တွင်
အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

Mawlu media group

ရွှေဘို - မြစ်ကြီးနား ဆက်သွယ်ရေး ဖိုင်ဘာလမ်းကြောင်း သွယ်ဆက်မှု ဆောင်ရွက်



ရွှေဘို - မြစ်ကြီးနား ဆက်သွယ်ရေး ဖိုင်ဘာလမ်းကြောင်း သွယ်ဆက်မှု ဆောင်ရွက်
အင်းတော်၊ နိုဝင်ဘာ ၁၃
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင်
ဆက်သွယ်ရေးလိုင်းများ ပိုမိုကောင်းမွန်လာစေရန်အတွက် ဆက်သွယ်ရေး
ဖိုင်ဘာလမ်းကြောင်း သွယ်ဆက်မှု လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း
သိရသည်။
အဆိုပါ ဆက်သွယ်ရေး ဖိုင်ဘာလမ်းကြောင်း သွယ်ဆက်မှု လုပ်ငန်းကို Nexus
မြန်မာ့ဆက်သွယ်ရေးမှ အောက်တိုဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး
ရွှေဘိုမြို့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အင်းတော်မြို့သို့
ရောက်ရှိနေပြီဖြစ်သည်။ ၄င်း ဆက်သွယ်ရေး ဖိုင်ဘာဆက်ကြောင်းကို
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထိ ဆက်သွယ်သွားမည်ဖြစ်ကြောင်း၊ ရွှေဘို -
မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ ကွန်ကရစ်တံတားများတွင်
လေးလက်မသံပိုက်လုံးများအတွင်း ဖိုင်ဘာကြိုးများထည့်သွင်းပြီး
တံတားဘောင်ဘေးတွင် တပ်ဆင်သွားမည်ဖြစ်ပြီး ကွန်ကရစ်တံတားမဟုတ်သည့်
တံတားများတွင် မြေအောက်သို့ မြုပ်ကာ ဆက်သွယ်သွားမည်ဖြစ်ကြောင်း၊ နေ့စဉ်
နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆက်သွယ်ရေး ဖိုင်ဘာလမ်းကြောင်း
သွယ်ဆက်မှုများကို လုပ်ဆောင်လျှက်ရှိကြောင်း Nexus မြန်မာ့ဆက်သွယ်ရေး
လမ်းပိုင်း ကြီးကြပ်ရေး တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

KMS


Sunday, November 10, 2013

Maw lu news

မော်လူး မီးရထား ဝန်ထမ်းမိသားစုများနှင့် စေတနာရှင်မိဘပြည်သူများ၏ ဒုတိယအကြိမ် စုပေါင်း မဟာဘုံကထိန်ကျင်းပ

မော်လူး၊ နိုဝင်ဘာ ၉

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး မီးရထား ဝန်ထမ်းမိသားစုများနှင့် စေတနာရှင် မိဘပြည်သူများ၏ ဒုတိယအကြိမ် စုပေါင်း မဟာဘုံကထိန်ပွဲကို နိုဝင်ဘာ ၄ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 


မော်လူးဒေသ သုံးဘီးမော်တော်ယာဉ်အသင်းမှ သုံးဘီးမော်တော်ယာဉ် ၂၀ စီးဖြင့် ပဒေသာပင်များ၊ ဖျော်ဖြေရေးအဖွဲ့ယာဉ်များဖြင့် မော်လူး မီးရထားဘူတာရုံမှ မြို့တွင်ရပ်ကွက်များသို့ လှည့်လည်ပြီး မော်လူးအရှေ့ မူလတောရ ဘုန်းတော်ကြီးကျောင်းသို့ ပို့ဆောင်ခဲ့ကြသည်။ ဆက်လက်၍ နံနက် ၈ နာရီ အချိန်မှစပြီး ဘုံကထိန်သို့လာရောက်ကြသူများကို ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးပြီး ဒေသတွင်းမှူသံဃာတော် ၄၀ ပါးအားလည်း ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ နေ့လည် ၁၂ နာရီအချိန်တွင် ကထိန်သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထု အစုစုတို့အား သံဃာတော်တို့အား ဆက်ကပ်လှူဒါန်းပြီး ဆရာတော်တို့က ဟောကြားတော်မူသော ပရိတ်တရားတော်နှင့် နိဗ္ဗာန်ရောက်ကြောင်း တရားများကိုနာကြားကြပြီး၊ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်း၊ လှူဒါန်းခဲ့သည် လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ငွေပဒေသာပင်များ၏ စုစုပေါင်းတန်ဘိုးငွေမှာ ကျပ် ၂၅ သိန်းဖြစ်ကြောင်း၊ ယခု ပြုလုပ်သည့် စုပေါင်း ဘုံကထိန်ပွဲသည် မော်လူး မီးရထား ဝန်ထမ်းများနှင့် စေတနာရှင် မိဘပြည်သူများ၏ ဒုတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

K.M.S

 

 

ကျောက်ဆင်းတု ရုပ်ပွားတော် ပုန်းဟုန် ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်
မော်လူး ၊ နိုဝင်ဘာ ၉


##############################

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပုန်းဟုန်အုပ်စု၊ ပုန်းဟုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ရန်အတွက် မန္တလေးမှ မီးရထားဖြင့် ပင့်ဆောင်လာသော ကျောက်ဆင်းတု ရုပ်ပွားတော်မြတ်အား မော်လူး မီးရထားဘူတာမှ ပုန်းဟုန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးစီးပြီး ဒါယိကာ၊ ဒါယိကာမ ရွာသူ/သားများလိုက်ပါကြကာ နိုဝင်ဘာ ၉ ရက်၊ နံနက် ၈ နာရီက ပုန်းဟုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ခဲ့သည်။

၎င်းကျောက်ဆင်းထုတော်၏ အလှူရှင်မှာ မော်လူးကျေးရွာ၊ မြမာလာရပ်နေ အလှူ့ဒါယိကာ ဦးလုံးဖြူ + အလှူ့ဒါယိကာမ ဒေါ်ညွှန့်စိန်တို့မှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်ပွားတော်အား ပင့်ဆောင့်ရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ ကြည်ညိုသဒ္ဓါပွားကာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ပုန်းဟုန်းကျေးရွာမှ အလှူဒါယိကာ၊ ဒါယိကာမများမှလည်း ဝမ်းမြောက်ဝမ်းသာ အတီးအမှုတ်အကခုန်များဖြင့် ပင့်ဆောင် ပူဇော်ခဲ့ကြကြောင်း သိရသည်။

K.M.S 

 

Saturday, November 9, 2013

မော်လူး သတင်းများ

မော်လူး အထကတွင် ကလေးဗဟိုပြု သင်ကြားနည်း သင်တန်းဖွင့်လှစ်
မော်လူး၊ နိုဝင်ဘာ ၉

@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမဆောင်တွင် ကလေးဗဟိုပြု သင်ကြားနည်း သင်တန်းကို နိုဝင်ဘာလ ၉ ရက်၊ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင်နှင့် မူလတန်းပြ ဆရာ/မများ၊ အုပ်စု အသီးသီးမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများနှင့် လက်ထောက်ဆရာ/ဆရာမများ စုစုပေါင်း ၂၀၀ ဦးခန့်နှင့် လက်တွေ့ သင်တန်းသား ကျောင်းသား/သူ ၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် ကျောင်းအုပ်ဆရာမကြီးက  CCA ကလေးဗဟိုပြုသင်ကြားနည်းနှင့် ပတ်သက်၍ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ပညာရေးစနစ်လည်း တိုးတက်မြင့်မားလာစေရန်အတွက် ကလေးသူငယ်များအား ကလေးဗဟိုသင်ကြားနည်းစနစ်ဖြင့် သင်ကြားရခြင်းဖြစ်ကြောင်း၊ ကလေးဗဟိုပြုသင်ကြားနည်းသည် ကလေးငယ်များ ပညာသင်ကြားရာတွင် ပျော်ရွှင်မှု ရရှိစေခြင်း၊ ဥာဏ်ရည်ဖွံ့ဖြိုးမှုတိုးတက်ကောင်းမွန်လာစေရန်နှင့် ဘာသာရပ်များအပေါ် စိတ်ပါဝင်စားမှု ပိုမိုလာစေခြင်း၊ ကျောင်းတွင်းပညာရေးသာမက ကျောင်းပြင်ပ ဗဟုသုတများ ပိုမိုသိရှိ နားလည်လာကြစေရန်၊ မျိုးဆက်သစ်ကလေးငယ်များသည် တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှု မူအရ အသိဥာဏ်ပညာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆက်လက်၍ သင်တန်းဆရာ ဦးဝင်းအောင်မှ ကလေးဗဟိုပြု သင်ကြားနည်းကို သင်တန်းသား/သူ ၆၀ ဦးတို့အား အုပ်စု ၄ စုခွဲကာ သရုပ်ပြ သင်ကြားပြခဲ့ပြီး တက်ရောက်လာသော ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် လက်ထောက် ဆရာ/ဆရာမများမှ လိုအပ်ချက်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။ အဆိုပါ ကလေးဗဟိုပြု သင်ကြားနည်းစနစ်ကို မြန်မာတနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၁၅ ခုနှစ်မှ စတင်၍ မူလတန်းဆင့် ပညာရေးစနစ်တွင် စတင်သင်ကြားမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ကြိုတင်ပြီး  ကလေးဗဟိုသင်ကြားနည်း သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

CYCLONE

 

 

 

မော်လူးဒေသတွင် တစ်ခါသုံး တနိုင်တပိုင် ဝါးတူလုပ်ငန်း အောင်မြင်ဖြစ်ထွန်း
မော်လူး၊ နိုဝင်ဘာ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသထွက်ကုန်ဖြစ်သော တစ်ခါသုံး ဝါးတူလုပ်ငန်းသည် ကျန်းမာရေးနှင့် အညီ စနစ်တကျထုတ်လုပ်ပြီး အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။
တစ်ခါသုံး ဝါးတူလုပ်ငန်းကို နွေမိုးဆောင်း ရာသီမရွေး သုံးစွဲနိုင်ရန် ထုတ်လုပ်ထားကြောင်း၊ နိုင်ကာတကာ အဆင့်မီ နောက်ဆုံးပေါ် ခေတ်မီစက်ကြီးများဖြင့် ဝါးများကို စနစ်တကျ ကြိတ်ခွဲကာ ထုတ်လုပ်ထားကြောင်း၊ သက်တမ်းရင့် ဝါးဖြူဝါး တစ်မျိုးတည်းကိုသာ စနစ်တကျ ခုတ်ယူပြီး သစ်တောဋ္ဌာန၏ လမ်းညွှန်မှုဖြင့်  ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ရွှေဝါးရုံ တစ်ခါသုံး ဝါးတူစက်ရုံ၏ ထုတ်လုပ်မှု တာဝန်ခံတစ်ဦးမှ ပြောပြသည်။

ယခင်က တစ်ခါသုံး ဝါးတူများကို တရုတ်ပြည်မှ တင်သွင်းပြီး အသုံးပြုခဲ့ကြရာ ၄င်းဝါးတူများမှ ကာလအတန်ကြာမြင့်လာသည့်နှင့်အမျှ သက်တမ်းနုဝါးများ ပါဝင်သည့်အတွက် ဝါးတူများမှ မှိုမှုန်ငယ်လေးများပေါ်ထွက်လာကြပြီး ထိုမှိုမှုန်လေးများသည် ကင်ဆာရောဂါကို ဖြစ်စေနိုင်သည်ကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားဖော်ပြထားသည်ကို ဖတ်ရှုရသည်။ သို့သော် ယခုအခါ ရွှေဝါးရုံ တစ်ခါသုံး ဝါးတူစက်ရုံမှ သက်တမ်းရင့် ဝါးဖြူဝါးတစ်မျိုးတည်းကိုသာ သုံးစွဲပြီး စနစ်တကျ ပေါင်းတင်ကာ ထုတ်ပိုး ထုတ်လုပ်ထားသည့်အတွက် ကျန်းမာရေးနှင့် ညီညွှတ်ပြီး စီးပွားရေးဈေးကွက်တွင် တစ်ခေတ်ရေပန်းစားလာကြောင်း သိရသည်။ ထိုကဲ့သို့ ပိုးမွှားကင်းစင်စေရန် သက်တမ်းရင့်ဝါးများကို ပေါင်းတင်ထုတ်လုပ်ထားသည့် အတွက် ထုတ်လုပ်သူများသာမက သုံးစွဲသူများ၏ စိတ်တိုင်းကျဖြစ်ကာ အကြိုက်တွေ့နေကြကြောင်း တစ်ခါသုံး ဝါးတူသုံးစွဲသူ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးမှ ပြောပြသည်။

ယခုကဲ့သို့ မော်လူးဒေသအတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းတစ်စုဖြစ်သည့် တစ်ခါသုံး ဝါးတူထုတ်လုပ်မှု လုပ်ငန်းကြောင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေသည့်အပြင် တောင်သူဦးကြီးများမှာလည်း ကုန်ကြမ်းဖြစ်သည့် ဝါးများကို ပို့ဆောင်ရောင်းချပေးကြခြင်းဖြင့် အပိုဝင်ငွေရရှိသည့်အပြင် နေ့စဉ် အလုပ်သမား ၂၀ မှ ၂၅ ဦးဖြင့် ပုံမှန်လည်ပတ်လုပ်ကိုင်ကာ လုပ်အားခအဖြစ် တစ်ရက်လျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ လုပ်ငန်းအရည်အချင်းအလိုက် ရရှိနေကြကြောင်း၊ ဒေသခံအများစုတို့ကလည်း ယခုလို အသေးစား စက်မှုလက်မှုလုပ်ငန်းများ တိုးပွားလာစေရန် လိုလားလျှက်ရှိကြောင်း၊ စက်ရုံမှ ထုတ်လုပ်သည့် တစ်ခါသုံး ဝါးတူများကို ဒေသတွင် စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ ထမင်းဆိုင်များသို့ နေ့စဉ်ပေးပို့နေရသည့်အပြင်၊ ကချင်ပြည်နယ် မိုးကောင်း၊ မြစ်ကြီးနားမြို့များသို့လည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ အင်းတော်၊ ကောလင်းမြို့များသို့လည်းကောင်း တင်ပို့ ရောင်းချနေရကြောင်း၊ ဝါးတူစက်ရုံမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းဖြစ်သည့် ဝါးမှုန်များသည် တောင်သူလယ်သမားအတွက် သဘာဝမြေသြဇာအဖြစ် အသုံးပြု၍လည်း ရကြောင်း ရွှေဝါးရုံ တစ်ခါသုံး ဝါးတူစက်ရုံပိုင်ရှင် ဦးဇေယျာအောင်မှ ပြောပြသည်။
ရွှေဝါးရုံ ဝါးတူစက်ရုံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာတွင် တည်ရှိသော အလျား ၈၀ ပေ၊ အနံ ၈၀ ပေ ရှိ အဆောက်အဦးဖြစ်ပြီး၊ အလုပ်သမားဦးရေ ၂၀ မှ ၂၅ယောက်ခန့်ဖြင့် နေ့စဉ် လုပ်ကိုင်နေသော စက်ရုံဖြစ်ကာ ပိုင်ရှင်မှာ ဦးဇေယျာအောင် ဖြစ်ကြောင်း၊ ၄င်းဝါးတူစက်ရုံသည် ဒေသတွင်း ထွက်ရှိသည့် ဝါးများဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ သမဝါယမဝန်ကြီးဋ္ဌာန၏ အသိအမှတ်ပြု စက်ရုံတစ်ခုဖြစ်ကြောင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး၊ သစ်တောဦးစီး၊ ကျန်းမာရေး၊ စည်ပင်သာယာ၊ မြေစာရင်း၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဒေသခံ အရံမီးသတ်တပ်ဖွဲ့များစသည့် ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဒေသခံပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေမှုရှိမရှိ၊  ပတ်ဝန်းကျင်ရှိ လူနေအိမ်များမှ ပြည်သူများအား ထိခိုက်စေမှု ရှိမရှိ၊ စက်ရုံအလုပ်ရုံ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိမရှိစသည့် လိုအပ်ချက်များကို လာရောက်ကြည့်ရှု့စစ်ဆေးကာ ဒေသတွင်း ဖွံ့ဖြိုးမှုအတွက် လိုအပ်သော လုပ်ငန်းတစ်ခုဖြစ်၍ အသိအမှတ်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ 
 

CYCLONE

Thursday, November 7, 2013

အင်းတော်မြို့မှ အလှူခံအဖွဲ့ မော်လူးသို့ ရောက်ရှိ

၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ (၁၃၊ ၁၄၊ ၁၅)ရက်တွင်

အင်းတော် အ.ထ.က ကျောင်းသို့ အနယ်နယ်အရပ်ရပ်မှ

ဆေးဝါးကုသမှု ခံယူကြမည့် လူနာများနှင့် လူနာရှင်မျာအား

ဧည့်ခံကျွေးမွေးရန် အင်းတော်မြို့ မှ အလှူ ခံအဖွဲ့ မော်လူးကျေးရွာတွင်

အလှူခံရောက်ရှိနေပါပြီ

အားလုံး ဒါနကုသိုလ် ယူနိုင်ရန် သတင်းကောင်းပါးလိုက်ပါသည်

Wednesday, November 6, 2013

မော်လူး လမ်းမတော်လမ်း ကတ္တရာ ခင်းရန် စတင်

လမ်းခင်းရန်ပြင်ဆင်မှု စတင်နေပြီ

 

နဘား - မော်လူး မော်တော်ကားလမ်းပိုင်း ကတ္တရာလမ်းခင်းရန် လမ်းမြေသားညှိခြင်း လုပ်ငန်းဆောင်ရွက်

မော်လူး ၊ နိုဝင်ဘာ ၁၀

@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် နဘား - မော်လူး မော်တော်ကားလမ်းပိုင်းအား ကတ္တရာခင်းရန်အတွက် လမ်းမြေသားညှိခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ အထူးစီးမံကိန်း လမ်းအဖွဲ့ (၁)က လမ်းအင်ဂျင်နီယာ AE ဦးထင်လင်းမှ ဦးစီးပြီး ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်က နဘားလမ်းခွဲ မိုင်တိုင်အမှတ် ၁၄၅ ကစပြီး မိုင်တိုင်အမှတ် ၁၆၈ အထိ လမ်းမြေသားညှိခြင်းကို 3 wheel roller (၁)စီး၊ Grader (၁)စီးနဲ့ နံနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ဆောင်ရွက်နေတာ နှစ်လနီးပါးရှိပါပြီ။ လမ်းမြေသားညှိခြင်းလုပ်ငန်းနဲ့အတူ လမ်းရဲ့ အကျယ်ကိုလည်း တစ်ခါတည်း သတ်မှတ်ခဲ့တာပါ။ သတ်မှတ်ထားတဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ ပါ။ ကတ္တရာခင်းဖို့အတွက် ပထမအဆင့်အနေနဲ့ လမ်းမြေသားညှိခြင်းလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ကတ္တရာခင်းခြင်းလုပ်ငန်းကိုတော့ ပွင့်လင်းရာသီရောက်ရှိမှ ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟု အထူးစီမံကိန်း လမ်းအထူးအဖွဲ့(၁)မှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

"ကျွန်တော်တို့ဒေသကို ဖြတ်သန်းသွားတဲ့ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးကို ပြည်ထောင်စုလမ်းမကြီး၊ ဗျူဟာလမ်းမကြီးလို့ ခေါ်ကြပါတယ်။ တကယ်လည်း ပြည်ထောင်စုကြီးလမ်းမကြီး ဗျူဟာလမ်းမကြီးပါ။ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ကို ချိတ်ဆက်ပေးထားတဲ့ လမ်းမကြီးပေါ့။ ဒီလမ်းမကြီးဟာ ပြုပြင်ထိန်းသိမ်းမှု မရှိလို့ ပျက်စီးနေတာကြာပါပြီ။ ကျွန်တော်တို့ ဒေသခံတွေရဲ့ လုပ်အားနဲ့ ကတ္တရာလမ်းဖြစ်အောင် ကြိုးစားခဲ့ကြပေမယ့် တန်ပိုယာဉ်ကြီးတွေ ဖြတ်သန်းမောင်းနှင်ကြတာ၊ ပြုပြင်ထိန်းသိမ်းမှု မရှိတာတွေကြောင့် အခုလို ကျောက်ခင်းလမ်းပြန်ဖြစ်သွားတာပါ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက အင်းတော် - မော်လူး - နန့်စီးအောင် လမ်းပိုင်းကို တာဝန်ယူသွားတဲ့ ဆုထူးပန်ဆိုတဲ့ ကုမ္ပဏီကလည်း အခုလိုပဲ လမ်းမြေသားညှိတာတွေလုပ်တယ်။ ပြီးတော့ ဂိတ်တွေဆောက်ပြီး လမ်းအသုံးပြုခတွေကောက်ခံတယ် သူတို့တာဝန်ယူတဲ့ အချိန်တွေမှာ လမ်းမြေသားညှိတာနဲ့တင် အချိန်ကုန်သွားခဲ့တာပါ။ အခုလည်း ကတ္တရာခင်းဖို့ လမ်းမြေသားညှိပြန်ပြီဆိုတော့ တကယ်ရော ကတ္တရာခင်းမှာလားဆိုတာတော့ လက်တွေ လာခင်းမှပဲ သြော်...တကယ်ကတ္တရာခင်းတာပါလားလို့ ယုံရမဲ့ အဖြစ်မျိုးပါ။ လောလောဆယ်ဆယ်တော့ လမ်းမြေသားညှိဖို့ သဲတွေဖို့ပြီး လမ်းကြိတ်စက်တွေနဲ့ ကြိတ်သွားတော့ သဲတွေကြပ်သွားတာပေါ့။ ကြာရင် သဲတွေကနေ ဖုန်တွေဖြစ်ပြီး ကျွန်တော်တို့လို ပြည်ထောင်စု လမ်းဘေးနေသူတွေ ခံပေဦး ရှူပေဦးတော့ ဖုန်မှုန့် သဲမှုန့်တွေပေါ့။ ဒီလမ်းမကြီးကို အမှန်တကယ် အဆင့်မြင့်တင်နိုင်ရန် ဒီမော်တော်ကားလမ်းတစ်လျှောက်က မြို့တွေ ရွာတွေအတွက် သွားလာဆက်သွယ်ရေး အဆင်ပြေတာပေါ့။ အခုတော့ မိုင်လေးဆယ်နီးပါးရှိတဲ့ ကသာမြို့ကို မော်တော်ဆိုင်ကယ်နဲ့ သွားတာ ၁ နာရီခွဲလောက် သွားနေရတာလေ။ မြင်ကောင်းအောင်၊ ကြားကောင်းအောင်၊ လုပ်နေ ပြောနေတာမျိုးမဟုတ်ပဲ အမှန်တကယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရင်တော့ တကယ်ဝမ်းသာမိမှာပါ"ဟု ပြည်ထောင်စု လမ်းမကြီးဘေးတွင်နေထိုင်သော မော်လူးဒေသခံတစ်ဦးမှ ပြောသည်။




 

Tuesday, November 5, 2013

မော်လူး အသင်းဗိုလ်စွဲ

အင်းတော်မြို့နယ်၊ မော်တိတ်ကျေးရွာ
ဖိတ်ခေါ် ဘော့လုံးပြိုင်ပွဲကို
(၂၆-၁၀-၂၀၁၃)မှ (၅-၁၁-၂၀၁၃)ရက်နေ့ထိ
အင်းတော်(က)
အင်းတော်(ခ)
မော်တိတ် (က)
မော်တိတ်(ခ)
မန်လည်
မော်လူး
အသင်း (၆)သင်း ၀င်ရောက်ယှဉ်ပြိုင်ရာ
နောက်ဆုံးဗိုလ်လုပွဲတွင်
မော်လူး အသင်း က မော်တိတ် (က)
အသင်းအား
၎း ၂ ဂိုးဖြင့်
အနိုင်ယူဗိုလ်စွဲခဲ့ပါသည်။



ပထမ ရခဲ့ပါပြီ


Monday, November 4, 2013

ယစ်မျိုးလိုင်စင်ခွန်ကို စနစ်တကျကောက်ယူ တရားမဝင်ရောင်းချမှုလျှော့နည်းပြီး သောက်စားမူးယစ်သူများ သိသိသာသာကျဆင်း

ယစ်မျိုးလိုင်စင်ခွန်ကို စနစ်တကျကောက်ယူ တရားမဝင်ရောင်းချမှုလျှော့နည်းပြီး သောက်စားမူးယစ်သူများ သိသိသာသာကျဆင်း
မော်လူး၊ နိုဝင်ဘာ ၎
@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ယစ်မျိုးလိုင်စင်ခွန်ကို စနစ်တကျကောက်ယူပြီး တရားမဝင်ရောင်းချသူများကို စိစစ်လာသောကြောင့် တရားမဝင်ရောင်းချမှု လျှော့နည်းပြီး သောက်စားမူးယစ်သူများ သိသိသာသာ ကျဆင်းလာကြောင်း သိရသည်။


မော်လူးဒေသတွင်း ကျေးရွာအုပ်စု(၁၀)အုပ်စု ကျေးရွာ(၄၃)ရွာ အသီးသီးသို့ မြန်မာနိုင်ငံ ယစ်မျိုးဥပဒေတွင် အခွင့်အာဏာရှိသူ၏ ခွင့်ပြုချက် လိုင်စင်မရှိဘဲ ယစ်မျိုးထွက် ပစ္စည်းများကို နိုင်ငံအတွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ထုတ်လုပ်ခြင်း၊ စုဆောင်းခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းတို့ကို မပြုလုပ်ရန် တားမြစ်ခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းအသိပေးခဲ့ရာ ယစ်မျိုးလုပ်ငန်း လုပ်ကိုင်သူများ မြို့နယ်သို့ သွားရောက်၍ ယစ်မျိုးလိုင်စင် ခွင့်ပြုချက် ရယူကာ မော်လူးမြို့ပေါ်တွင် ဆိုင်ဖွင့် ရောင်းချသူ (၆)ဦးခန့်ရှိပြီး ကျန်ကျေးရွာများမှ တောအရက်ခေါ် ချက်အရက်ဖိုများ လိုင်စင်ကြေး မဆောင်နိုင်ကြသဖြင့် ရပ်နားထားကြကြောင်း လိုင်စင်ခွန်တိုးမြင့်ကောက်ခံမှုကြောင့် လိုင်စင်ကြေးဆောင်ကာ အရက်ရောင်းချသူများက ယခင်အရက် ၄၀ ကျပ်သားဝင် ပုလင်းတစ်လုံးကို ၇၀၀ ကျပ်သာ ရောင်းချရာမှ ယခုတစ်ဆတိုး၍ ၁၄၀၀ ကျပ်ထိ တိုးမြင့်ရောင်းချလာမှုကြောင့် အရက်ကြိုက်တတ်သူများ၊ အလုပ်ပင်ပန်း၍ ဒဏ်ကြေသဘော ဆေးဝါးဖြစ်သောက်သုံးသူများ၊ အပျော်သောက်သူများ သိသိသာသာ လျှော့နည်းသွားကြောင်း လိုင်စင်ရ အရက်နှင့် အဖျော်ယမကာ ရောင်းချသူ ဆိုင်ရှင်တစ်ဦးထံမှ သိရသည်။
 

CYCLONE

ပုလဲသွယ်စပ်မျိုးစပါး စမ်းသပ်စိုက်ပျိုးမှု အောင်မြင်




ပုလဲသွယ်စပ်မျိုးစပါး စမ်းသပ်စိုက်ပျိုးမှု အောင်မြင်
မော်လူး၊ နိုဝင်ဘာ ၎
@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသအတွင်း ယခင်က မိုးရာသီကာလ မိုးစပါးအတွက် စပါးမျိုးကောင်းများဖြစ်သော ချင်း(၃)၊ ဆင်းဧကရီ(၃)၊ မနော်အုပ်စု၊ ငွေတိုး၊ စောရှုတ်၊ မှော်ဘီ၊ လုံးသွယ်မွှေး စသည့် စပါးများကို အလေးထား၍ စိုက်ပျိုးလာခဲ့ကြရာမှ ယခုနှစ်တွင် ပုလဲသွယ် စပ်မျိုးစပါးကို စမ်းသပ်စိုက်ပျိုး အောင်မြင်ခဲ့ကြောင်း သိရသည်။
 

"ပုလဲသွယ် စပါးကို ကျွန်တော်တို့ လယ်သမားတွေ အားလုံးက မစိုက်ပျိုးနိုင်ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ မျိုးဝယ်ယူမှုစရိတ်၊ စိုက်ပျိုးမှုစရိတ်၊ ဓာတ်မြေသြဇာသုံးစွဲမှု ကုန်ကျစရိတ်တွေ များလွန်းတာကတစ်ကြောင်း၊ ပုလဲသွယ် စပ်မျိုးစပါးက မျိုးအဖြစ် ယူထားလို့ မရတာပါ။ ယခင်ကစိုက်ပျိုးခဲ့တဲ့ စပါးမျိုးတွေဟာ မိမိလယ်ထဲက မျိုးကိုယူထားလို့ရတယ်၊ မျိုးယူထားလို့ရတဲ့ စပ်စပါးအမျိုးအစားဖြစ်ရင် ပိုကောင်းမှာပါ။ မျိုးနှစ်စဉ်ဝယ်ယူနေရတဲ့ ကုန်ကျစရိတ် အများကြီး သက်သာသွားတာပေါ့။ ဝတ်မှုန်ကူးပြီး စပ်မျိုးစပါးကို ထုတ်လုပ်သူတွေက ကျွန်တော်တို့ ယခင်က စိုက်ပျိုးခဲ့တဲ့ စပါးတွေလိုပဲ မျိုးအဖြစ်ယူထားလို့ရတဲ့ စပ်မျိုးစပါး ထုတ်လုပ်ပေးနိုင်ရင် ပိုကောင်းမှာပါ"ဟု ဒေသခံ တောင်သူဦးကြီး တစ်ဦးမှ ပြောပြသည်။
 

အထွက်ကောင်းမျိုးစပါးဖြစ်သည့် ပုလဲသွယ် စပ်မျိုးစပါးကို အင်းတော်မြို့နယ်တွင် ဧက(၁၀၀) စမ်းသပ်စိုက်ပျိုးခဲ့ရာ မော်လူးဒေသမှ တောင်သူအချို့ မိမိတို့ လယ်တွင် တစ်ဧက နှစ်ဧက စသဖြင့် စမ်းသပ်စိုက်ပျိုးခဲ့ကြရာ (၃)လ စပါးဖြစ်၍ အခြားစပါးများထက် ဦးစွာစော၍ ရိတ်သိမ်းကြရပြီး ခြွေလှေ့စက်ဖြင့် တစ်ဧက အထွက်နှုန်းကို စစ်ဆေးကြည့်ရာ တစ်ဧက တင်း၁၂၀မှ တင်း ၁၈၀ အထိထွက်ပြီး ရောင်းဈေးမှာလည်း တစ်တင်း ၅၀၀၀ ကျပ်နှုန်း ရရှိကြရာ ကောက်ဦးပေါ် ရောင်းဈေးကောင်းရ တွက်ခြေကိုက်သဖြင့် ပုလဲသွယ် စပ်မျိုးစပါး စမ်းသပ်စိုက်ပျိုးသူ လယ်သမားများ အထူးဝမ်းသာလျှက်ရှိကြောင်း သိရသည်။

CYCLONE

Sunday, November 3, 2013

မိုင်းအန္တရာယ် ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ




မိုင်းအန္တရာယ် ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လူး၊ အောက်တိုဘာ ၃

@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်၊ မော်လူးနယ်မြေ၊ ရဲတပ်ဖွဲ့စခန်းရုံးတွင် အောက်တိုဘာ ၃ ရက်၊ နေ့လည် ၁ နာရီက မိုင်းအန္တရာယ်ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မော်လူးနယ်မြေ ရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ် အေးမင်းသိန်းမှ နယ်မြေလုံခြုံရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက် အကြောင်းအရာများကိုလည်းကောင်း၊ ပေါက်ကွဲစေတတ်သော မိုင်းအမျိုးအစားအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားကာ မိုင်းဟုယူဆရသော မသင်္ကာစရာတွေ့ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ရန်၊ မိုင်းနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ မိုင်းအန္တရာယ်ရှိနိုင်သည့် နေရာများဖြစ်သည့် လူစည်ကားရာစည်ပင်သာယာဈေး၊ မီးရထားဘူတာရုံ၊ တည်းခိုခန်း၊ မော်တော်ကားဂိတ်၊ဒေသတွင်း စေတီပုထိုးများ(သမိုင်းဝင်ဒီပင်္ကရာစေတီတော်)တွင် လုံခြုံရေးကင်မရာများ တပ်ဆင်ရန်လိုအပ်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြီး ဒေသတွင်း မှုခင်းကျဆင်းရေးနှင့် ပတ်သက်၍ ခိုးဆိုးတိုက်ခိုက် လုယက်မှုများ၊ မူးယစ်ဆေးဝါးအန္တရာယ်များကို မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲနှင့်အတူ ရပ်မိရပ်ဖများ၊ဒေသခံများ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်းတားဆီးကာကွယ်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ဒေသခံများမှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ မေးမြန်းသည့် သိရှိလိုသည်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ မော်လူးဒေသ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့် ကျေးရွာ အထောက်အကူပြု ကော်မတီဝင်များ၊ အုပ်စုအသီးသီးမှ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ သတင်းမီဒီယာများ၊ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ၊ သမိုင်းဝင်ဒီပင်္ကရာစေတီ ဂေါပကဥက္ကဋ္ဌ ဦးတင်နွယ်၊ ဘဏ္ဍာထိန်း ဦးမြင့်အောင်၊ တည်ခိုးခန်းပိုင်ရှင်၊ စီးပွားရေးလုပ်ငန်းရှင်များ၊စည်ပင်သာယာဝန်ထမ်းများတက်ရောက်ကြကြောင်း သိရသည်။

CYCLONE