Friday, October 31, 2014

မော်လူး ဂုဏ်ဆောင်မည့် တက္ကသိုလ်များ လက်ရွေးစင် ဘောလုံးသမားကျော်ကြီးရဲ့ စကားလုံးများ

အင် ဒို နီး ရှား နိုင် ငံ မှာ ကျင်း ပ မဲ့ Asian University Game အတွက် မြန် မာ့ တက္က သိုလ် လက် ရွေး စင် အသင်း မှာ ရွေး ချယ် ခံ ရတဲ့ အတွက် အရမ်း ဝမ်း သာ ပါ တယ် .... နိုင် ငံ အတွက် အ ကောင်း ဆုံး ကြိုး စား သွား မှာ ပါ...

Thursday, October 30, 2014

ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

ချိန်ခါမဟုတ် မိုးကြီးနိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး အိန္ဒိယနိုင်ငံကို အခုရက်ပိုင်း ၀င်ရောက်ဖွယ်ရှိတဲ့ ဆိုက်ကလုန်း မုန်တိုင်းကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်း နိုင်တဲ့ အတွက် စပါးရိတ်သိမ်းနေကြတဲ့ လယ်သမားတွေ သတိထားကြဖို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေးထားပါတယ်။ မိုးကြီးနိုင်လို့ လက်ရှိစပါးရိတ်သိမ်းချိန်ရာသီချိန်မှာ လယ်သမားတွေအနေနဲ့ အထူးသတိထားကြဖို့ ဦးထွန်းလွင်က အခုလိုပြောပါတယ်။ "လယ်သမားတွေကတော့ သတိထားရမှာပဲ၊ မွန်၊ ကရင်၊ တနင်္သာရီကတော့ တော်တော်ရွာတယ်၊ မြစ်ဝကျွန်းပေါ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်တို့ကတော့ မိုးက ကွက်ကြားလောက်ရွာတယ်၊ ရွာတော့ရွာတယ်၊ သတိတော့ထားရမှာပဲလေ၊ မိုးမိမခံနိုင်တဲ့ဟာတွေကတော့ ကြိုတင်မြန်မြန်ဆန်ဆန်လုပ်ဖို့နဲ့ အမိုးအကာအောက်ဖို့တော့ ဂရုစိုက်ရမှာပေါ့၊ တစ်ချက်မိလိုက်ရင် သွားမှာပဲ" အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာ တစ်နာရီ မိုင် ၁၃၀ နှုန်းနဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရက်ပြည်နယ်ကို ဦးတည်ဝင်ရောက်နိုင်ကြောင်း၊ မုန်တိုင်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်တွေအပါအဝင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ ချိန်ခါမဟုတ်မိုးကြီးနိုင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်အတွင်း လက်ကျန်မုန်တိုင်းတွေရှိနေသေးတာမို့ နိုဝင်ဘာလကုန်ပိုင်းအထိ မိုးရွာနိုင်ကြောင်း ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းပြောကြားထားပါတယ်။ RFA Burmese

မော်လူး တွင် လျှပ်စစ် မှ မီးပျက်မည့် ရက် နှင့် အချိန်တို့ကို ကြေငြာချက် ထုတ် မော်လူးလမ်းဆုံတွင် ရေးထား

လျှပ်စစ်မီးသုံးစွဲသူ မသိရှိသေးသောပြည်သူများအတွက်

မော်လူး အရံမီးသတ် လက်တွေ့ သရုပ်ပြ မီးငြိမ်းသတ်

၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က အခြေခံမီးသတ်သင်တန်း ၁/၁၄ မှ သင်တန်းသားများ မော်လူး အထကတွင် မီးသတ်ကားကြီးဖြင့် မီးငြိမ်းသတ်မှု လက်တွေ့ သရုပ်ပြ

မီးဖိုချောင်ထဲမှာ ထားလို့ရတဲ့ ဆီစက် (သို့) မိသားစု ဆီကြိတ်စက်တဲ့

Green Organic မိသားစုသုံး ဆီကြိတ်စက် များထပ်မံရောက်ရှိလာပါပြီ ။ သင့်မိသားစုကျန်းမာရေးအတွက် Green Organic မိသားစုသုံးဆီကြိတ်စက် ကို အသုံးပြုဖို့ အကြံပြုပါရစေ . . .ဈေးကွက်ထဲမှာ ရှိနေတဲ့ ဆီသန့်ဆိုတာတွေက စိတ်ချရပါ့မလား ?အခု Green Organic ကြောင့် ဆီ အတွက် စိတ်ပူစရာမလိုတော့ဘူးပေါ့ . .အမြန်မှာထားမှ စိတ်ချရမယ်နော် . . . မှတ်ချက် * * ဆင်တူရိုးမှား အတုအပ သတိပြုပါ ။ Green Organic အမှတ်တံဆိပ် ( တရားဝင်တင်သွင်းရောင်းချသည်။ ) ဈေးနှုန်း - 250,000 ကျပ် ============================ ပုံမှန် ၀ယ်စားနေတဲ့ ဆီထက် ၂၀ မှ ၄၀ ရာခိုင်နှုန်းအထိ ကုန်ကျစရိတ် လျော့ချနိုင်တာကြောင့် လ ပိုင်းနဲ့ အရင်းကျေပါတယ်။ ရန်ကုန်မြို့တွင်းဖြစ်ပါက အိမ်တိုင်ရာရောက် လိုက်လံ တပ်ဆင်မှာဖြစ်ပါတယ်။ နယ်မှ ကိုယ်စားလှယ်များ ဆက်သွယ် နိုင်ပါသည်။ ================================== အမေးအများဆုံး မေးခွန်း များ Frequently Ask Questions (FAQ) Q: ဈေးနှုန်း ဘယ်လောက်လဲ A: ၂ သိန်းခွဲ ကျပ်ပါ။ Q: မြေပဲ ၁ ပိသာကို ဆီဘယ်လောက်ထွက်လဲ A: ဆီ ၃၀ ကျပ်သားကနေ ၄၀ ကျပ်သားလောက်အထိ ထွက်ပါတယ်။ မြေပဲပေါ်မူတည်ပါတယ်။ စိုထိုင်းမှုများရင် ဆီထွက် နှုန်းနည်းတတ်ပါတယ်။ Q: ဆီ ၁ ပိသာထွက်ဖို့ ဘယ်လောက်ကြာအောင် ကြိတ်ရလဲ A: ၂ နာရီခွဲ လောက် ကြိတ်ရပါတယ်။ Q: ဘယ်နိုင်ငံထုတ်လဲ A: Taiwan Design, Manufacture In China ပါ။ Q: လျှပ်စစ်သုံးစွဲမှုက ဘယ်လိုလဲ။ A: Power= 200 Watt, Voltage= 220V ပါ။ တစ်နာရီကြိတ်ရင် 0.2kwh ပဲဖြစ်တဲ့အတွက် 0.2 x 35 = ၇ ကျပ် ပဲ ကျသင့်မှာပါ။ Q: စက်က ဘာ Material နဲ့ လုပ်ထားလဲ။ A: Food Grade, 304 Stainless Steel နဲ့ လုပ်ထားတာပါ။ Q: ဘယ် နှစ် နှစ် အာမခံ ရှိလဲ A: ၁ နှစ် အာမ ခံ ရှိပါတယ်။ ၁ နှစ်အတွက် စက် ချွတ်ယွင်းသွားပါက အခမဲ့ပြုပြင်ပေးပါတယ်။ (1 Year Service Guarantee) Q: အပို ပစ္စည်း (Spart Parts) တွေ ရှိလား A: Spare Parts ပစ္စည်းတွေ အလုံ အလောက်ရှိပါတယ်။ Q: မန္တလေးမှာ ရော ရုံးခွဲရှိလား A: လောလောဆယ် မရှိသေးပါဘူး။ မန္တလေးကိုယ်စားလှယ် နဲ့ ချိတ်နေပါတယ်။ Confirm ဖြစ်ပြီးသွားရင် အဲဒီ ကိုယ်စားလှယ်ဆီမှာ ၀ယ်ယူလို့ ရပါပြီ။ တခြားမြို့ကြီး တွေက ကိုယ်စားလှယ်တွေ နဲ့လည်းချိတ်ဆက်နေပါတယ်။ Q: နယ်တွေကရော ၀ယ်လို့ရလား A: ဘဏ်က ငွေလွှဲပြီးသွားရင် ကားဂိတ်ကနေ ပို့ပေးပါတယ်။ Q: စက်မှာ ဘာ Certificate တွေရှိလဲ။ A: CE, ISO စတဲ့ Certificate တွေ ရှိပါတယ်။ ============================== Brand Name : Green Organic Power(W) : 200W Voltage : 220V Size : 385 x 165 x 185mm Weight : 10 kg Model Number : GO-01 Materials : Stainless Steel Production Capacity : 1kg/h Oil Keep Working : 12 hr Certification : CE, ISO ======================== ရန်ကုန်မြို့တွင်းအိမ်အရောက်ပို့ ဝန်ဆောင်မှု ဆက်သွယ်ရန် မနီလာ ( iHome Online Shopping ) 0931482162 ကိုခင်ဇော်နိုင် ( iHome Online Shopping ) 095072164 မ၀ါဝါမိုး ( iHome Online Shopping ) 0930162220

Tuesday, October 28, 2014

မော်လူး အထက ဘုံကထိန်

မော်လူး အထက ဆရာ/မနှင့် ကျောင်းသား/သူများ မန်ကျည်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စုပေါင်းဘုံကထိန်ပွဲကျင်းပ မော်လူး၊ အောက်တိုဘာ ၂၉ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊  မော်လူးဒေသ၊ စီးမော်ကျေးရွာအုပ်စု၊ မန်ကျည်းကုန်းကျေးရွာတွင် မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းဘုံကထိန်အလှူလှည့်လည်ခြင်းကို အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ စုပေါင်းဘုံကထိန် အလှူပွဲကို မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင့် ဦးစီးဆောင်ရွက်ပြီး ဆရာ၊ ဆရာမနှင့် ပညာရေးဝန်ထမ်း (၈၂)ဦး၊ ကျောင်းသား/သူ (၁၅၀၀)ကျော်တို့က မန်ကျည်းကုန်းကျေးရွာ သာသနာ့ဂုဏ်ရည် ဘုန်းတော်ကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ကုသလအား အမှူးထား၍ ဆရာတော်၊သံဃာတော်များထံသို့ ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းရန်အတွက် မော်လူးမြို့တွင်းမှ မန်ကျည်းကုန်းကျေးရွာ သာ့သနာ့ဂုဏ်ရည်ကျောင်းတိုက်သို့ ဘုံကထိန်အလှူပွဲလှည့်လည်ခြင်းကို အောက်တိုဘာ ၂၈ ရက် ညနေ ၄ နာရီက စည်ကားသိုက်မြိုက်စွာ လှည့်လည်ခဲ့ကြသည်။ အဆိုပါ လှူဒါန်းမှု အစုစုတို့၏ တန်ဘိုးမှာ ကျပ် ၃၅ သိန်းခန့် ရှိကြောင်း၊ ပင့်သံဃာတော် အပါး ၅၀ တို့အား အောက်တိုဘာ ၂၉ ရက်နေ့တွင် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး ဆရာတော် သံဃာတော်တို့ထံမှ ပရိတ်တရားတော်နှင့် နိဗ္ဗာန်ရောက်ကြောင်း တရားများကို နာယူကြပြီး ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

၂၀၁၄-၂၀၁၅ ပညာသင် နှစ် မှ စတင်ပြီး မော်လူး အထက စာသင်ကျောင်း စတိုင် တစ်ဆစ်ချိုးကွေ့

မော်လူးစာသင် ကျောင်း သမိုင်းအတွက် အမှတ်တရဖြစ်မည့် နှစ်ဖြစ်ပါ၏ မော်လူးအထကကျောင်း သား/သူ ဆရာ ဆရာမတို့ ၏ ကထိန်ကို ပုံမှန် မော်လူးရွာသားများ နှင့် ပြုလုပ်ခြင်း မပြုလုပ်တော့ဘဲ သီးသန့် စီးမော်အုပ်စု မန်ကျည်းကုန်း ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ပြုလုပ်ပါသည်။ မိုးရွာသော်လည်း ကထိန်အလှူလှည့်မှာ စံချိန်တင်လောက်အောင် စည်ကားခဲ့ပါသည်။

စာပေလူကြမ်းမင်းသားကြီး ဆရာဦးအောင်သင်း (၁၉၂၇- ၂၀၁၄)

စာပေလူကြမ်းမင်းသားကြီး ဆရာဦးအောင်သင်း (၁၉၂၇- ၂၀၁၄) ၁၉၂၇ – ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင်ရပ်နေ၊ အဖ-သခင်ညီမောင်နှင့် အမိ-ဒေါ်ရွှေကြင်တို့က ဖွားမြင်သည်။ သားသမီး(၃)ယောက်အနက်-အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာလည်းဦးအောင်သင်းပင်ဖြစ်သည်။ ၁၉၃၂ – အသက်(၅)နှစ်အရွယ်တွင် တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ၏ မူလတန်း ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းအောင်ပြီးနောက် တောင်တွင်းကြီးမြို့ ”မိုးထိ” မြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာများ ဆက်လက်သင်ကြားခဲ့သည်။ ၁၉၃၈ – ဆဌမတန်းတွင် ကျောင်းသားသပိတ်နှင့်ကြုံခဲ့သည်။ ထိုနှစ်၌မိခင်ကွယ်လွန်သည်။ ၁၉၃၉ – သတ္တမတန်း၌ ပညာသင်ကြားနေစဉ် ပညာဘက်၌ အာရုံလျော့နည်းလာသဖြင့် စာမေးပွဲကျရှုံးခဲ့သည်။ ထို့နောက်ကျောင်းထွက်နေစဉ် ဖခင်နောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ – ရှင်သာမဏေ၀တ်၊ သာမဏေဘ၀နှင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ သာမဏေဘ၀မှ ထွက်လိုက်ရသည်။ ၁၉၄၇ -ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇-တွင် ပြည်သူ့ရဲဘော် တပ်ဖွဲ့သို့ ၀င်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှ တစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၄၉ – ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရ။ နိုဝင်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့။ ၁၉၅၂ – တောင်တွင်းကြီးမြို့သို့ ပြန်ရောက်လာကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့။ ၁၉၅၃ – တက္ကသိုလ်ဝင်တန်းအောင်။ အောက်တိုဘာလတွင် မိုးထိ အထက်တန်းကျောင်း၌ အလယ်တန်းပြ ဆရာအဖြစ် ၀င်ရောက် အမှုထမ်းခဲ့။ ၁၉၅၆ – အလယ်တန်းပြဆရာအလုပ်မှထွက်၍ မကွေးကောလိပ်၌ ဥပစာ-၀ိဇ္ဇာတန်းကို စတင်တက်ရောက်ခဲ့ သည်။ ၁၉၅၈ – ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့။ ‘သရက်ထောင်ဖောက်စဉ်က’ ကိုယ်တွေ့ဆောင်းပါး ရေးသားကာ ရှုမ၀မဂ္ဂဇင်းသို့ ပို့ခဲ့(ထိုစဉ်က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာများ မထည့်ရန် ရှုမ၀ က ဆုံးဖြတ်ထား၍ ဆောင်းပါးကို ပြန်ပို့ပေးခဲ့။) မြ၀တီမဂ္ဂဇင်းသို့ ပေးပို့ခဲ့။ ၁၉၅၉ – မေလထုတ် မြ၀တီမဂ္ဂဇင်းတွင် ”သရက်ထောင်ဖောက်ခဲ့စဉ်က” ဆောင်းပါးဖော်ပြခံရ။(အောင်သင်း၏ ပထမဆုံး စာပေလက်ရာဖြစ်။) ၁၉၆၀ – ၀ိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိက ဘာသာတွဲဖြင့် အောင်မြင်ခဲ့။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါး(၂)ပုဒ်(”လူသေလူမဖြစ်မီက ရှင်ဥက္ကဌ” ဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အင်္ဂလိပ်ကဗျာဘာသာ ပြန်(၁)ပုဒ်ကို ရေးသားခဲ့(မောင်သံနိုင်-အမည်ဖြင့်)။ ၁၉၆၁ – ဘီအီးဒီဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခဦးဝန်လက်ထက်၌ ‘မြန်မာစာမဟာဝိဇ္ဇာ အရည် အချင်းစစ်သင်တန်း တက်ရောက်ခွင့်”ဖြေဆိုအောင်မြင်ခဲ့။ ၁၉၆၂ – ရန်ကုန်တက္ကသိုလ်၌ နည်းပြဖြစ်လာ။ ”စာဆိုတော်” ပြားငါးဆယ်တန် မဂ္ဂဇင်းလေး၏ စာပေညွှန်ကြား ရေးမှူး(တာဝန်ခံ အယ်ဒီတာမှာ-တပ်မတော် မင်းရဲထွန်း ဖြစ်သည်)။ ထိုစာစောင်တွင် လစဉ် ၃-၄ ပုဒ်ရေး၍ ‘မောင်သံနိုင်’အမည်ဖြင့် ပြန်သုံးခဲ့။ နောက်ပိုင်းတွင် အမည်ရင်း ”အောင်သင်း” ဖြင့်သာ အသုံးပြုခဲ့။ ၁၉၆၃ – မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့။ ”ကံ့ကော်မြိုင် စာတန်းများ” စာစု၌ စာတန်း(၃)ပုဒ်ရေးခဲ့ ရာ (၂)ပုဒ်ကို ထိုစဉ်က အလယ်တန်း၊ အထက်တန်းမြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးပြဌာန်းခဲ့။ ၁၉၆၅ – မေလတွင် ပြင်ဦးလွင်စစ်တက္ကသိုလ် မြန်မာစာဌာနသို့ လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့ အမှုထမ်း။ ၁၉၆၆ – ”စိတ်ပင်လယ်စာတမ်းများ” အတွက် စာတမ်းငယ်(၂)ပုဒ် ရေးပေးခဲ့။ ၁၉၇၀ – အောက်တိုဘာလတွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းဆက်တက်ခဲ့။ ၁၉၇၁ – ရှုမ၀မဂ္ဂဇင်း၌”မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ” စာပေဝေဖန်ရေးဆောင်းပါးကို ရေးခဲ့။ ထိုအချိန်မှစ၍ စာပေသဘောတရား စာပေဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့။ ၁၉၇၄ – ”၀တ္ထုတိုများ လေ့လာချက်စာတမ်း” ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။ ၁၉၇၇ – ”စာပေရေးရာဆောင်းပါးများ” စာအုပ်ထွက်ခဲ့။ ၁၉၇၈ – ဧပြီလတွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆ သောကြောင့် အလုပ်မှထုတ်ပယ်ခြင်းခံရ။ ထိုအချိန်မှစ၍ အလွတ်နည်းပြတန်းများတွင် မြန်မာစာပေသင်ကြားပေး ခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ ၁၉၈၃ – နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ်(၁)မှစ၍ (၂၅)လတိုင်တိုင် ”အကြိုက်ဆုံးဝတ္ထုတိုကဏ္ဍ” ကို လစဉ်ရေးသားခဲ့။ ဤနောက်ပိုင်းတွင် မဂ္ဂဇင်းများတွင် အလျဉ်းသင့်သလို ရေးဖြစ်ခဲ့။ ပိဋကတ်မိတ်ဆက်၊ ဂန္တ၀င် မိတ်ဆက် စသည်ဖြင့် လူငယ်များအတွက် ရည်ရွယ်ရေးသော စာအုပ်များထွက်ခဲ့။ ၁၉၉၄ – ”၀တ္ထုရေးရာဆောင်းပါးများ” ထွက်။ ၁၉၉၅ – မေလတွင်”အမွေ” စာအုပ်ထွက်(မိုးမိုး(အင်းလျား) အမှတ်တရဟောပြောပွဲမှ ဟောပြောချက်များ)။ ၀င်းငြိမ်း အင်တာဗျူး ”စာပေလူကြမ်းမင်းသား အောင်သင်းနှင့်တွေ့ဆုံပေးခြင်း”ထွက်။ ၁၉၉၈ – ”မျိုးဆက်သစ်တိုးတက်ရစ်ဖို့”(တ)အကြိမ် ပြန်ထွက်။ ”ကိုယ်ကျင့်နဲ့ပညာ”စာအုပ်ထွက်။ ၁၉၉၉ – ”အကြိုက်ဆုံးဝတ္ထုတိုများနှင့် သုံးသပ်ချက်များ”(ပ၊ဒု)ထွက်။ ၂၀၀၀ – ”လက္ခံလိုက်စမ်းပါ တကယ့်အနုပညာ” စာအုပ်ထွက်။ ”နှစ်ကိုယ်သိ” (နိုင်ငံတကာဝတ္ထုတိုဘာသာပြန်)ထွက်။ ၂၀၀၂ – ”ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများ”။ ”လှလိုက်တာနော်နှင့် ရသစာတမ်းငယ်များ”။ ”ကမ္ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ”စာအုပ်များထွက်။ ၂၀၀၄ – ”ကန့်ကူလက်လှည့်”စာအုပ်ထွက်။ နောက်ပိုင်းတွင်လည်း စာအုပ်များ ဆက်လက်ထွက်ရှိခဲ့။ ယခုအခါ ဆရာအောင်သင်းသည် စာပေများပြုစုရင်း မိသားစုနှင့် အတူ-၄၆၊ ဓမ္မိက၀တီလမ်း၊ သံတံတားရပ်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တွင် နေထိုင်ခဲ့သည်။ ယနေ့ ၂၀၁၄ ခုနှစ် အောက်တိုဘာ ၂၅ ရက် မနက် ၁၀နာရီ ၇မိနစ်တွင် နှလုံးရောဂါဖြင့် အာရှတော်ဝင် ဆေးရုံတွင် ဘဝတပါးသို့ပြောင်းသွားခဲ့သည်

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ မြတ်စွာဘုရားရှင် အဇာတသတ်မင်းအား

ငြိမ်းလဲ့'s Facebook Wall / ငြိမ်းလဲ့ / 5 hours ago တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ မြတ်စွာဘုရားရှင် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလ သုတ္တန်တရားကို ဟောကြားတော်မူသည် ထို့ကြောင့်ပင်တန်ဆောင်မုန်လပြည့်နေ့၌ သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပကြလေသည် သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟု အဓိပ္ပါယ်ရလေသည်။ သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂပါဠိတော်၌ လာရှိသည်။ အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိ သာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီး ထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ သည်။ ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏ အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံ သွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး(သာမည ဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေ ကို မရရှိခဲ့ပါ။ နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြု ချက်အရ ရာဇဂြိဟ်မြို့အနီး ဇီဝကလှူဒါန်းထားသော သရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး လျောက် ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏ အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓ သာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထု ဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစား ခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီ စိငရဲတွင် မကျရောက်တော့ပဲ လေဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သော အခါ ဝိဇိတာဝီ မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

Sunday, October 26, 2014

ဂယက်ထနေတဲ့ ထိုင်းဇာတ်ကားပုံတူကူးချတဲ့ကိစ္စနဲ့ နေထူးနိုင် (ထူးထူးခြားခြားဘဲ)

ဂယက်ထနေတဲ့ ထိုင်းဇာတ်ကားပုံတူကူးချတဲ့ကိစ္စနဲ့ နေထူးနိုင် Byဟန်သူOn Mon, 2014-10-27 06:09Location ရန်ကုန်Issue No.No.544 Monday, October 27, 2014 ဖေ့စ်ဘွတ်ခ် လူမှုကွန် ရက်တွင် ပျံ့နှံ့နေသည့် ထိုင်းဗီဒီ ယိုဇာတ်ကားကို ပိုစတာမှအစ ပုံစံတူကူးချထားသည့်အတွက် ထိုင်းရုပ်ရှင်ထုတ်လုပ်ရေးက အာရှရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြား ထားပြီး ဘတ်ငွေသန်း ၃၀ လျော်ကြေးတောင်းထားသည့် အကြောင်းကို မသိရှိကြောင်း သရုပ်ဆောင် နေထူးနိုင်ကပြောသည်။ ‘‘ကျွန်တော် ဒီသတင်းကို မသိပါဘူး။ ကျွန်တော်အခုနယ် မှာ ဇာတ်ကားရိုက်နေတာပါ။ ဒါပေမဲ့ ဒီလိုသတင်းတွေ ထွက် ပေါ်လာတာကတော့ ဒီမြန်မာ နိုင်ငံမှာ ကျွန်တော်တစ်ယောက် တည်း သူများနိုင်ငံက ဇာတ်ကား တွေကို ကူးချရိုက်နေတာ မဟုတ် ဘူး။ ရိုက်နေတဲ့ လူတွေအများ ကြီးပါ။ ကျွန်တော်တစ်ခုတော့ ပြောချင်ပါတယ်။ တကယ်လို့ တရားစွဲမယ်ဆိုရင် IP Law (မူပိုင် ခွင့်ဥပဒေ) က အတည်ဖြစ်ပြီးလား ဆိုတာပဲ မေးချင်ပါတယ်’’ဟု ဆိုသည်။ အဆိုပါ ဇာတ်ကားကို ရိုက်ကူးထားသည်မှာ ခုနစ်နှစ်၊ရှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး မည်သည့်ထုတ်လုပ်ရေးနှင့် ရိုက်ကူးခဲ့သည်ကိုပင် မမှတ်မိတော့ကြောင်း အကယ်၍ တရားစွဲဆိုခဲ့ပါကလည်း ထိုင်းနိုင်ငံမှ တရားဝင်အကြောင်းကြား လာလျှင် စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ပြီး ပြည်သူများကို အသိပေးမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်တွင် ပျံ့နှံ့သည့် သတင်းမှာ မနာလိုသူများ၏လုပ်ကြံမှုတစ်ရပ်သာ ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနှင့်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိကြောင်း ဆိုသည်။ ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသည့် အကြောင်းအရာမှာ ထိုင်းနိုင်ငံ ချူလာထိုင်းရုပ်ရှင်ကုမ္ပဏီမှ သန်းတစ်ထောင်ကျော်ကုန်ကျခံ ရိုက်ကူးထားသော အက်ရှင်ဇာတ်ကားတစ်ကားကို မြန်မာနိုင်ငံမှ ပိုစတာပုံစံတူ ဇာတ်လမ်းဇာတ်ညွှန်းတစ်ပုံစံတည်း ရိုက်ကူးထားသည့် ‘‘မီးကျည်မင်းခေါင်’’အမည်ဖြင့် ရိုက်ခဲ့သဖြင့် မြန်မာနိုင်ငံမှ လျော်ကြေးငွေ အဖြစ် ဘတ်သန်း ၃၀ ကျော်ရရှိလိုကြောင်း တရားစွဲထားပြီး အာဆီယံရုပ်ရှင်အစည်းအရုံးသို့ တိုင်ကြားထားသည် ဟူ၍ဖြစ်သည်။ သို့သော်အချို့က ထို အကြောင်းအရာမှာ ယုတ္တိမရှိ သဖြင့် အတုအယောင်သတင်းမျှသာ ဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။ ထိုင်းနိုင်ငံမှ နာမည်ကြီး Pee Mark သရဲဟာသဇာတ်ကားကိုလည်း ပုံတူကူးချကာ ရိုက်ကူးခဲ့ကြ ဖူးသည်။

ဗန်းမောက်မှာ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆန္ဒထုတ်ဖော်

မော်လူး ဒေသ မှာ တောင်သူတွေ စပါးပိုးကျလို့ ဒုက္ခ ရောက် ငိုသူငိုနေကြပြီ

မော်လူးဒေသ တောင်သူများ စပါးပိုးကျသဖြင့် ရိတ်သိမ်းမှုကို လူအင်အားသုံးကာ အလျင်အမြန်လုပ်ကိုင်နေရ သက်ဆိုင်ရာ မှသိလျင် ဖုန်းဖြင့်ဆက်သွယ်ကာ ဟိုဓာတ်ပုံတောင်း ဒီဓာတ်ပုံတောင်း ကျေးရွာလူကြီးများ အလုပ်ရှုပ်တော့မည် ဖြစ်ကြောင်း မော်လူးဒေသတွင် ယခုကဲ့သို့ ပိုးကျခြင်းမျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ဘူးကြောင်း တောင်သူတစ်ဦးမှ မော်လူးသတင်း သို့ ပြောကြားသွားပါကြောင်း ဓာတ်ပုံတောင်းခြင်း လာရောက်စစ်ဆေးခြင်း ကင်းဝေးနိုင်ပါစေ---

Saturday, October 25, 2014

စာပေအပေါ် တန်ဖိုးဖြတ်ဝေဖန်ရဲသူ ဆရာကြီး ဦးအောင်သင်းကွယ်လွန်

စာရေးဆရာ အောင်သင်း လူကြီးရောဂါဖြင့် ကွယ်လွန် စာရေးဆရာ ဦးအောင်သင်း အသက် ၈၈ နှစ်ဟာ ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ ၇ မိနစ်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သားဖြစ်သူ ဦးအောင်မြိုင်သင်းက ဒီဗွီဘီကို ပြောပါတယ်။ “ခန္ဓာကိုယ်ထဲမှာ ပျက်စီးနေတာတွေတော့ အများကြီးပေါ့။ ကျောက်ကပ်လည်း သိပ်မကောင်း၊ အသည်းလည်း သိပ်မကောင်း၊ အဆုတ်လည်း သိပ်မကောင်း ဖြစ်နေတာ။ ပြီးခဲ့တဲ့ လကတည်းမှာထဲက ဆေးရုံတင်လိုက်ရတာ ရှိပါတယ်။ ဒီနေ့မနက်မှာ သတိမရတော့လို့ အာရှ တော်ဝင်ဆေးရုံမှာ ပြန်တင်တာ ၁၀ နာရီ ၇ မိနစ်မှာ ဆုံးတယ်လို့ သိရပါတယ်။” ဆရာအောင်သင်းနဲ့ နီးစပ်တဲ့ စာရေးဆရာ ကြည်မင်းက ဆရာ မမာနေတာ မနှစ်ကတည်းကလို့ ပြောပါတယ်။ sayar-aung-tin“အစားမ၀င်ဘူးလေ။ ကျနော်တို့ မနှစ်ကတုန်းက ဆေးရုံကို ၂ ကြိမ်ပြန်တင်ရတယ်။ ဒီနှစ်မှာ စက်တင်ဘာလဆန်းမှာ ရွှေဗဟိုဆေးရုံကို ပြန်တင်တယ်။ ပြဿ နာက အစာကို မကြိုက်တာဗျ။ အစာမကြိုက်တော့ ဘာလုပ်ရလဲဆိုတော့ ပရိုတင်းဖျော်ရေတွေကို ကျွေးနေရတယ်။ လမ်းမလျှောက်နိုင်တာ ၈ လလောက်ရှိပြီ။ တခါတလေတော့လည်း ကြိုးတန်းလေးနဲ့ တုတ်ကောက်လေးနဲ့ လျှောက်ပေါ့ဗျာ။” ဆရာအောင်သင်းဟာ အက်ဆေးစာပေ အပါအ၀င် ၀တ္ထု၊ ဆောင်းပါး၊ ဝေဖန်ရေးနဲ့ လူငယ်တက်ကျမ်းစာပေ စသဖြင့် စာမျိုးစုံရေးသားနိုင်တဲ့ စာရေးဆရာတဦးဖြစ်သလို စာပေဟောပြောတဲ့အပိုင်းမှာလည်း ထူးချွန်အောင်မြင်သူ ဖြစ်ပါတယ်။ ဆရာဟာ ၁၉၈၀ကျော်ကာလ မြန်မာဝတ္ထုတိုရွှေခေတ်လို့ တင်စားသုံးနှုန်းပြောဆိုရတဲ့အချိန်မှာ ကျနော်အကြိုက်ဆုံးဝတ္ထုတိုများဆိုတဲ့ ဝေဖန်ရေးဆောင်းပါးကို သဘင်မဂ္ဂဇင်းမှာ လစဉ်မပျက် ရေးသားခဲ့ပြီး စာပေပရိသတ်အကြိုက်ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်း အဲ့ဒီအချိန်က သဘင်မဂ္ဂဇင်းကိုင်ခဲ့တဲ့ အယ်ဒီတာ စာရေးဆရာ ချစ်ဦးညို က အခုလို ပြောပါတယ်။ “၁၉၈၃ ကစပြီး အမှတ် ၁ အတွဲ ၁ က စပြီး သဘင်မဂ္ဂဇင်းမှာ တောက်လျှောက်ရေးသွားတာ သဘင်မဂ္ဂဇင်း ချုပ်ငြိမ်းတဲ့ ၁၉၈၈ အထိပါပဲ။ အဲဒီမှာ သူအချိန်မီ ဖတ်နိုင်အောင် မဂ္ဂဇင်း စာအုပ်တွေ ၀ယ်ပေးရတာ ရှိတယ်။ နောက်တော့ မဂ္ဂဇင်းစာအုပ်တွေ ထွက်ရက်တွေ မမှန်တော့ သူ့ဘာသာသူ ၀ယ်ဖတ်ရတာတွေ ရှိတယ်။ တလတလကို မဂ္ဂဇင်းထဲမှာ ပါတဲ့ ၀တ္ထုတို အပုဒ် ၄၀၊ ၅၀၊ ၆၀၊ ၇၀ လောက် ဖတ်ရတယ်။ ဖတ်ပြီးတော့ သူအကြိုက်ဆုံး ရွေးပြီးတော့ ညွှန်းချင်တဲ့ဟာကို ရေးပေါ့။ တော်တော့်ကို သူအလုပ်လုပ်ရပါတယ်။ သူ့ရဲ့ ကျနော်အကြိုက်ဆုံးဝတ္ထုတိုများဟာ အဲဒီအချိန်တုန်းကလည်း ၀တ္ထုတို ရွှေခေတ်လို့ ပြောနေကြတဲ့ ကာလပေါ့။ အဲဒီတော့ ဦးအောင်သင်းရဲ့ ဒီကဏ္ဍထွက်ပေါ်လာခြင်းဟာ ဒီဝတ္ထုတိုရွှေခေတ်ကို အများကြီး အကျိုးပြုတယ်ပေါ့။ တချို့ဆိုရင် ဦးအောင်သင်း ရဲ့ ဒီကဏ္ဍမှာ ဘယ်သူပါမလဲ၊ ဘယ်သူပါမလဲဆိုပြီးတော့ ထီတိုက်သလိုတိုက်ခဲ့ရတာမျိုးရှိတယ်လို့ သိရတယ်။ ကျနော်က အယ်ဒီတာ လုပ်ခဲ့တာဆိုတော့ ကောင်းကောင်းသိတယ်။ ဆရာဦးအောင်သင်း တော်တော် အပင်ပန်းခံပြီး လုပ်ခဲ့တာပါ။” တခါ ဆရာအောင်သင်း စာဟောတဲ့အပိုင်း အောင်မြင်တဲ့အပေါ် ဆရာချစ်ဦးညို သုံးသပ်ပြတာက “သူက ငယ်ငယ်ကလေးကတည်းက စကားပြေတွေ ကဗျာတွေ လင်္ကာတွေကို မကျက်ပဲနဲ့ ရွတ်ရင်း ဖတ်ရင်းနဲ့ အလွတ်ရထားတဲ့ အားသာချက် သူ့မှာတယ်။ အဲဒါတွေကို စာသံပေသံနဲ့ ရွတ်ပြနိုင်တယ်။ အာဝဇ္ဇန်း ရွှင်တယ် အဲဒီတခုဗျ။ နောက်တခုက သူက စာဖတ်ပရိသတ်အပေါ်မှာ ရင်းရင်းနှီးနှီးထားတယ်။ တရားမှုဘက်က ပြည်သူလူထုဘက်က တောက်လျှောက် ရပ်တည်လာတဲ့ စာရေးဆရာ။ အဲဒီလို ရပ်တည်ပြီးတော့ မတရားမှုတွေကို ဘယ်သူ့မျက်နှာ ရော ဘာသောညာသော တပည့်တော့ အစိုးရရော ဗိုလ်ချုပ်ရော ဘာကိုမှမထောက်ဘူး။ ပြောရဲဆိုရဲ အာဝဇ္ဇန်း ရွှင်တယ်။ ပရိသတ်အပေါ်မှာ ချစ်ခင်ရင်းနှီးစွာ သဘောထားတယ်။ စေတနာကောင်းထားတယ်။ သို့ကြောင့် သူဟာ ဟောကောင်း ပြောကောင်း ပုဂ္ဂိုလ်တယောက် ဆိုပြီး အသိအမှတ်ပြုကြတယ်။” ဆရာအောင်သင်းဟာ လူငယ်တွေအတွက် ရည်ရွယ်ပြီး မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဈေးကွက်ဂျာနယ်မှာ အပတ်စဉ်ရေးသားခဲ့တာလည်း အောင်မြင်ခဲ့တာပါပဲ။ ဆရာ့ကို ၁၉၂၇ ခုနှစ်က တောင်တွင်းကြီးမြို့မှာ အဘ သခင်ညီမောင်နဲ့ အမိ ဒေါ်ရွှေကြင်တို့က မွေးဖွားခဲ့ပြီး သားသမီး ၃ ယောက်အနက် အကြီးဆုံးသား ဖြစ်ပါတယ်။ ဆရာကွယ်လွန်ချိန်ထိ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဓမ္မိက၀တီလမ်း၊ အိမ်အမှတ် ၄၆ မှာ နေထိုင်ခဲ့ပြီး ကွယ်လွန်ချိန်မှာ သားသမီး ၂ ယောက်နဲ့ မြေး ၄ယောက်၊မြစ် ၂ယောက် ကျန်ရစ်ပါတယ်။ ဆရာအောင်သင်းရဲ့ ဈာပနအခမ်းအနားကို ရန်ကုန်က ရေဝေးသုသာန်မှာ လာမယ့်တနင်္လာနေ့ ဂူသွင်းသင်္ဂြိုဟ်ဖို့ရှိတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။ By ရွှေအောင် (ဒီဗွီဘီ)

တက္ကသိုလ်ဆိုတာ စာတင်သင်တာမဟုတ်ဘူး၊ “စဉ်းစားနည်း”ကို ပဓာနထားပြီးသင်တာ။ စာသာတတ်ပြီး စဉ်းစားနည်းကို မတတ်ခဲ့ရင် ဘာဘွဲ့ကြီးကိုပဲ ရနေနေ အဓိပ္ပာယ်မရှိဘူး။

တက္ကသိုလ်ဆိုတာ စာတင်သင်တာမဟုတ်ဘူး၊ “စဉ်းစားနည်း”ကို ပဓာနထားပြီးသင်တာ။ စာသာတတ်ပြီး စဉ်းစားနည်းကို မတတ်ခဲ့ရင် ဘာဘွဲ့ကြီးကိုပဲ ရနေနေ အဓိပ္ပာယ်မရှိဘူး။ စဉ်းစားနည်းကိုသာရခဲ့ရင် ဘယ်ဘာသာယူပြီး ၊ ဘာဘွဲ့ကိုပဲရရ အဓိပ္ပာယ်ရှိတယ်။ ကိုယ်ပိုင်ဉာဏ် ဖွံ့ဖြိုးမှု၊ ကိုယ်ပိုင်ဆင်ခြင်ဉာဏ် ဖွံ့ဖြိုးအောင် ကြိုးပမ်းခြင်းမှာ “ပညာရေးတကာတို့ရဲ့ ဦးတည်ချက်” ဖြစ်ပါတယ်။ အဲဒီဉာဏ်မျိုးကိုမပေးနိုင်ရင်တော့ ဟိုလူပြောဟုတ်နိုး၊ ဒီလူပြောဟုတ်နိုး စကားလုံးပြောင်တာကို အကောင်းထင်၊ အလင်္ကာကို အဟုတ်မှတ်၊ ဆင်ခြင်မှုကင်းမဲ့ပြီး တစ်မျိုးသားလုံး အောက်တန်းကျ သွားနိုင်တယ်။ -【ဆရာအောင်သင်း-ဝေဖန်ချင့်ချိန်၍ -ပေဖူးလွှာ】 Posted by www.facebook.com/youngbuddhistassociation.m

Friday, October 24, 2014

မော်လူး မှာ MPT ဆင်းကဒ် ကို ၁၈၀၀၀ ကျပ် နဲ့ ဝယ်လို့ရပြီ

မော်လူး ကဖုန်းဆိုင် တစ်ဆိုင်မှာ ဘော်ဘော် တစ်ယောက် ဆင်းကဒ်ကို ၁၈၀၀၀ နဲ့ ဝယ်ခဲ့ပါကြောင်း သိရလို့ သတင်းပေးလိုက်ပါတယ်ဂျာ။ admin- kbl

Wednesday, October 22, 2014

ကထိန်ကျေးဇူးဟူသည်မှာ--- သိသလိုလို နှင့် မသိသေးသူက များပါတယ်

ဗုဒ္ဓစာပေ ဦးဇောတိက မုံရွာ ကထိန်ကျေးဇူးဟူသည်မှာ ကထိနသည် မလှုပ်မရှားခိုင်မြဲခြင်း၏အနက်ကိုဟော၏။ အကျိုးတရားငါးပါးတို့ကို ခိုင်ခိုင်မြဲမြဲ ဖြစ်စေတတ်သောကြောင့် ကထိန ကထိန်ဟုဆိုကြ၏။ (၁) (တစ်နည်း)ဝိနည်းနှံ့စပ် မထေရ်မြတ်တို့ ခင်းအပ်ခြင်းရာ ကထိန်သာမှန်စွာမှတ်လိုက်ပါ။ ကုသလေဟိ အတ္ထရီယတေဟိ ကထိနံ [ထရ-သန္ထရဏေ] (၂) ကောင်းသောခြင်းရာ မင်္ဂလာပေါင်း၊ ဝင်းထိန်ကြောင်း ထပ်လောင်းကထိန်သာ [ဒိဝု-ဒိတ္တိမှိ] (၃) အာပတ်ညစ်ကြေး၊ အပြစ်ဘေးမှ ကင်းဝေးစေဟု စင်ကြယ်မှု၊ ခေါ်ပြုကထိန်သာ ကတိ-ဆေဒနေ ကစ္ဆတီတိ ကထိနံ (၄) မြဲမြံခိုင်ခန့် တည်တန့်အကျိုး ရည်မျှော်ကိုး ပွါးတိုးကထိန်သာ [ရုဠီ အနိပ္ဖန္နပုဒ်၊ ကထိနံ ထိရန္တိ အတ္ထော။ ကင်္ခါဠီကာသစ်] (၅) ငြိငြင်မှုကင်း သက်ရှည်ခြင်းဖြစ်၊ ပင်ရင်းသစ်ပင်လို ပမာဆို ခေါ်ဆိုကထိန်သာ [တဋ္ဌ အတိစ္ဆဇီဝနေ-တဋ္ဌတီတိ ကထိနော၊ ကထိနောဝိ ယ ကထိနံ] ဝဿံ ဝုတ္ထာနံ အတ္ထရိတုံ အနုညာယတေတိ ကထိနံ ဝိဂြိုဟ်အရ = ပုရိမဝါကျွတ်သောရဟန်းတို့အား ခင်းခြင်းငှါခွင့်ပြုအပ်သောကြောင့် ကထိန်ဟုဆိုပါသည်။ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူ လူဖြစ်စေ၊ နတ်ဖြစ်စေ၊ ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏေမ၊ သိက္ခမာန်မဖြစ်စေ၊ မည်သူမဆို ကထိန်ကာလ၌သင်္ကန်းကိုလှူဒါန်းနိုင်၊ ကထိန်ဒါယကာပြုလုပ်နိုင်ကြ၏။ ကထိန်ခင်းသောကာလ ဘုရားရှင်သည် ကထိန်ခင်းခြင်းအမှုကို ခွင့်ပြုခဲ့သော်လည်း၊ ကထိန်ခင်းခြင်းကို ရာသီမရွေး အချိန်အခါ မရွေး ခင်းချင်တိုင်းတော့ မခင်းရပါ။ ကထိနဿ အတ္ထာရမာသော ဇာနိတဗ္ဗောတိ။ ဝဿာနဿ ပစ္ဆိမော မာသော ဇာနိတဗ္ဗော။ [ပရိဝါ ပါဠိ၊ ကထိန ဘေဒ] အထက်ပါ ပရိဝါ ပါဠိတော်ကထိနဘေဒ၌ လာသည့်အတိုင်း ကထိန်ခင်းထိုက်သောကာလဟူသည် မိုးလ၏နောက်ဆုံးတစ်လဟုဆို၏။ မိုးဥတု၏နောက်ဆုံးတစ်လကား သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသည်သာကထိန်ခင်းအပ်သော ကာလဖြစ်၏။ ထိုကာလတစ်လအတွင်း ကထိန်သင်္ကန်း ဖြစ်ပေါ်ရာ၊ ကထိန်ခင်းရန် သင်္ကန်းရသောနေ့၌ပင် ကထိန်ခင်းရသည်။ ကထိန်ခင်းခြင်းကို တစ်နှစ်မှာ တစ်လသာ တစ်လတွင်း၌ပင်၊ တစ်ရက်တည်းလည်း ကျောင်းတိုက်တစ်တိုက်တွင် တစ်ကြိမ်သာ ခင်းအပ်၏။ တစ်နှစ်တွင် ကျောင်းတိုက်တစ်တိုက်အတွင်း နှစ်ကြိမ်မခင်းအပ်ပါ။ လင်္ကာ**မိုးနောက်ဆုံးလ ၊ ကထိန်ကျ၊ ခင်းရထိုအခါ။ (သံခိပ်) **သံဃိကစစ် ၊ သင်္ကန်းဖြစ်မှ ခင်းလို့ရ ငါးဝအကျိုးရမည်သာ။ သင်္ကန်းသံဃိ ၊ မဖြစ်ဘိ၊ ခင်းသည့်မမြောက်ပါ။ ကထိန်မအပ် ၊ ကျိုးမမြတ် သိကြများသူငါ။ **ပုရိမဝါ ကောင်းစွာကျွတ်ထ ၊ ပဌမ ပဝါရဏာပြုပြီးခါ၊ သံဃာထံမှ သင်္ကန်းရ ခင်းရကထိန်သာ၊ ပုဗ္ဗကရဏံ ပစ္စု ဒ္ဓံစ ၊ အင်ရှစ်ဝနှင့်ပြည့်ထသူသာ၊ ကထိနာ ခင်းရာ ထိုက်လေမှတ်။ (သံခိပ်) ကထိန် အကျိုးကျေးဇူး ကထိန်ခင်းမှုကြောင့် ရဟန်းတော်တို့အား ရအပ်သော အာနိသင်အကျိုးတရားတို့ သည် (၅)ပါးဖြစ်ကုန်၏ ။ ခင်းပြီးကထိန်မနှုတ်မခြင်း ကာလတိုင်အောင် လည်းကောင်း၊ တန်ဆောင်မုန်းလပြည့်ကျော် (၁) ရက်နေ့မှတပေါင်းလပြည့်အထိ (၅) လတိုင်တိုင် ထိုကထိန် အာနိသင်အကျိုးတရား ငါးပါးတို့ကို ကထိန်ခင်းသည့် ရဟန်း၊ ကထိန်အနုမောဒနာပြုသည့် ရဟန်းများရှိကြလေကုန်၏။ ရဟန်းတော်တို့ ရအပ်သော ကထိန်အကျိုး(၅)ပါး (၁) အနာမန္တစာရ-ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ ရပ်ရွာအတွင်းသို့ သွားနိုင်ခြင်းအကျိုး။ (၂)အသမာဒါနစာရ-အဓိဋ္ဌာန်တင်ထားသော နှစ်ထပ်သင်္ကန်းကြီးနှင့် ညဥ့်ကင်းနေနိုင်ခြင်းအကျိုး။ (၃) ဂဏဘောဇန- မအပ်မရာပင့်ဖိတ်သည့် ဂဏဘောဇဉ်ကို ဘုန်းပေးသော်လည်း အာပတ်မသင့်ခြင်း အကျိုး။ (၄) ယာဝဒတ္ထစီဝရ- အဓိဋ္ဌာန်ဝိကပ္ပနာမပြုဘဲ သက်န်းကို အလိုရှိသလောက် ထားနိုင်ခြင်း။ (၅) ယောစတတ္ထစီဝရုပ္ပါဒ- ကထိန်ခင်းရာကျောင်း၌ ဖြစ်ပေါ်သော သံဃိက သင်္ကန်းကိုရပိုင်ခွင့်ရျိသောအကျိုး။ အတ္ထတကထိနာနံ ဝေါ ဘိက္ခဝေ ပဉ္စာနိသံသာ ကပ္ပိဿန္တိ အနာမန္တစာရော၊ အသမာဒါနစာရော ၊ ဂဏဘောဇနံ ၊ ယာဝဒတ္ထ ၊ စီဝရံ ၊ ယောစ တတ္ထ စီဝရုပ္ပါ ဒေါ ၊ သော နေသံ ဘဝိဿတီတိ။ [မသာဝါ ပါဠိတော်] ကထိန်အလှူရှင်တို့ ရအပ်သော အကျိုး(၅)ပါး လင်္ကာ**ကထိန်ဒါန လှူကြသူမှာ ကျိုးငါးဖြာကား သွားလေရာဝယ် အန္တရာယ်ကင်း ၊ ပစ္စည်းရင်းမှာ မီးပြင်းမဖျက်၊ ဆိပ်မတက်ဘဲ ၊ မေ့လျက်ဥစ္စာ ၊ မဆုံးပါရ ၊ ပြိုင်ရှာကြသော်၊ ကိုယ်ကဦးစွာ အရသာသည် ငါးဖြာ ကထိန်လှူကျိုးတည်း။ (၁) ပထမအကျိုး (က) ကထိန်ဒါနပြုကြသူမှာ ၊ လိုရာခရီးသွားသည့်အခါ ပိတ်ပင်စီးတား ၊ ဘေးများကင်းကွာ၊ အန္တရာယ်ကင်း ၊ သွားရင်းလွန်ချမ်းသာ၊ ပထမ ရအပ်အကျိုးပါ။ (၂)ဒုတိယ အကျိုး (ခ) ကထိန်ဒါန ပြုကြသူမှာ ရပ်ဝေးနယ်ခြား၊ သိမ်းထားဥစ္စာ ဘေးမခ အေးမြလွန်ချမ်းသာ၊ ဒုတိယ - ရအပ်အကျိုးပါ၊။ (၃) တတိယအကျိုး (ဂ) ကထိန်ဒါန ပြုကြသူမှာ ကောင်းမွန်ဟာရ ၊ စားရပေတာ အစာစား ဆိပ်ကား ၊ မသင့်တာ။ တတိယ ရအပ်အကျိုးပါ။ (၄) စတုတ္ထ အကျိုး (ဃ) ကထိန်ဒါန ပြုကြသူမှာ ရောက်ရာဘဝ ၊ ကြွယ်ဝချမ်းသာ၊ စည်းစိမ်များ ပေါများလွန်သာယာ စတုတ္ထ ရအပ်အကျိုးပါ။ (၅) ပဉ္စမ အကျိုး (င) ကထိန်ဒါန ပြုကြသူမှာ ဖြစ်ပေါ်လာငြား ၊ စီးပွားဥစ္စာ၊ လက်ဝယ်ပိုင်ထ ၊ ခိုင်လှသည်သာ။ ဆုံးဘဝ ရောက်ရ နိဗ္ဗုတာ။ ပဉ္စမ ရအပ် အကျိုးပါ။

စဥ့်ခိုးရွာသားတွေ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ များ အား ဖမ်းရန် အဖွဲ့ ဖွဲ့စည်း (လွှဲနေတယ်ထင်တာဘဲ လုပ်လို့ရဘူးထင်တယ်)

အင်းတော်မြို့နယ်မော်လူးဒေသ စဥ့်ခိုးရွာမှာရွာသားများစုပေါင်း၍မူးယစ်ဆေးဝါး ဆန့်ကျင်တားဆီးရေးလုပ်နေပြီ အခြားရွာများလဲလုပ်ဆောင်သင့်ပြီ ----========-------- facebook သတင်းလေးပါ

Tuesday, October 21, 2014

ဖတ်မိ မှတ်မိ ကြိုက်မိသည့်စာ ...

ဖတ်မိမှတ်မိသည့် စာ....... အသောက မင်းကြီးသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အသောကမင်းကြီးဖြန့်ဖြူးသော တရားဓမ္မမှာလည်း ဗုဒ္ဓတရားဓမ္မ၏ အခြေခံသဘောတရားများသာဖြစ်သည်။ ယင်းအချက်မှာ သိသာထင်ရှားသည်။ သို့ရာတွင် အသောကမင်းကြီး ဖြန့်ဖြူးခဲ့သော ဗုဒ္ဓ၏ တရားဓမ္မမှာ အစဉ်အဆက် ဆင်းသက်လာခဲ့သည့် အစဉ်အလာနှင့် မတူပေ။ အသောကမင်းကြီးသည် ဗုဒ္ဓအဘိဓမ္မာနှင့် ပတ်သက်ပြီး အငြင်းအခုံ အရှုပ်အထွေးဖြစ်နေကြသည့် ပြဿနာများကိုလည်း ဖြေရှင်းရန် မကြိုးစားပေ။ အသောကမင်းကြီးသည် တရားဓမ္မနှင့် ပတ်သက်ပြီး ငြင်းခုန်နေကြသည်ကို၊ ရန်ဖြစ်နေကြသည်ကို မလိုလားပေ။ မိမိတရားဓမ္မ၊ သို့မဟုတ် မိမိဘာသာတရားကို သိဒ္ဓိတင်လိုသည်ဖြစ်၍ အခြားတရားဓမ္မ၊ သို့မဟုတ် အခြားဘာသာတရားကို စကားလုံးတွေ ကြီးကြီးကျယ်ကျယ်သုံးပြီး ဝေဖန်ရှုတ်ချသည့် အလုပ်ကိုလည်း မနှစ်မြို့ပေ။ ဘာသာတရားဖြန့်ဖြူးသူများ၊ ဘာသာတရား တစ်ခုနှင့် တစ်ခု ဝေဖန်ရှုတ်ချခြင်း၏ အကျိုးမှာ တရားဓမ္မ၊ သို့မဟုတ် ဘာသာတရားသည် ကြင်နာမှု၊ ကိုယ်ချင်းစာနာမှု၊ စေတနာထားမှု စသော မွန်မြတ်သည့် တရားများကို ပေါက်ဖွားစေရမည့်အစား ဒေါသ၊ ဣဿာ၊ မစ္ဆရိယစသော စွန့်ပယ်ထိုက်သည့် မကောင်းသော တရားများ ပေါက်ဖွားဖြစ်ပေါ်ရာ ဖြစ်သွားတတ်လေသည်။ ယင်းအမှန်တရားကို အသောကမင်းကြီးသည် ကောင်းကောင်း နားလည် သဘောပေါက်လေသည်။ အသောကမင်းကြီးသည် ဘာသာတရားအားလုံး၌ ရှိသော အနှစ်သာရကို ကြီးပွား ထွန်းကား စေလိုသည့် ဆန္ဒရှိသည်။(ကျောက်စာ အမှတ် - ၁၂) ထို့ကြောင့် ဒဿနဗေဒ အတိုင်းအတာဖြင့် ဘာသာတရား၏ ဂုဏ်၊ သို့မဟုတ် အပြစ်ကို ဝေဖန်စောကြောဖို့ မည်သည့်အခါမျှ အားမထုတ်ပေ။ ဘာသာတရားတို့၏ အနှစ်သာရ ထွန်းကားတိုးတက်ရေးအတွက် နှုတ်စောင့်စည်း ချုပ်တည်းခြင်းကို အလေးထားလေသည် (ကျောက်စာ - ၁၂)။ မိမိဘာသာတရားကိုသာ လေးစားပြီး အခြားဘာသာတရားကို ပြစ်တင်ရှုတ်ချသည့် အလုပ်ကို မလုပ်စေလိုပေ (ကျောက်စာ - ၁၂)။ အသောကမင်းကြီးသည် အခြားသော ဘာသာတရားကို ပြစ်တင်ရှုတ်ချသူများကို တရားဓမ္မ၏ ရန်သူဟု သဘောထားသည်။ ယင်းအချက်နှင့် စပ်လျဉ်းပြီး ဤသို့ ပြတ်ပြတ်သားသား ကြေညာထားလေသည်။ " မိမိ၏ ဘာသာတရား၊ သို့မဟုတ် ဂိုဏ်းဂဏ ဂုဏ်သိက္ခာတက်စေရန်အတွက် မိမိဘာသာတရား သို့မဟုတ် မိမိဂိုဏ်းဂဏကို အမွှမ်းတင်ပြီး အခြားဘာသာရေး၊ သို့မဟုတ် အခြားဂိုဏ်းဂဏကို ရှုတ်ချကဲ့ရဲ့သူသည် အမှန်စင်စစ် မိမိဘာသာတရား သို့မဟုတ် မိမိဂိုဏ်းဂဏကို အကျိုးဆုတ်ယုတ်အောင်ပြုသူမည်ပေ၏။" (ကျောက်စာ - ၁၂) ဆရာ ပါရဂူ ဘာသာပြန်သည့် မင်းနှင့် ပြည်သူ စာအုပ် (နှာ - ၁၉ နှင့် ၂၀)မှ စာသားများးးးးးးး

မော်လူးတွင် မက်သဒုံးဆေးဖြင့် မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပေးနိုင်ရန် ကြိုးပမ်းကြမည်

မော်လူးဒေသတွင် မူးယစ်ဆေးစွဲသူများအတွက် မက်သဒုံးဆေးပေးပြီး ဆေးဖြတ်ပေးမည့်(ဋ္ဌာနခွဲ) ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းကြမည် မော်လူး၊ အောက်တိုဘာ ၂၁ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် မူးယစ်ဆေးစွဲသူများအတွက် ဆေးဖြတ်နိုင်ရန် မက်သဒုံးဆေးပေးပြီး ဆေးဖြတ်ပေးမည့်(ဋ္ဌာနခွဲ) ဖွင့်လှစ်နိုင်ရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူများထံမှသိရသည်။ မော်လူးဒေးသတွင် လူကြီး၊ လူလတ်၊ လူငယ်များအကြားတွင် မူးယစ်ဆေးဝါးများ ( ဘိန်းဖြူ၊ ယာမ) သုံးစွဲသူများပြားလျှက်ရှိပြီး တာဝန်ရှိသူများမှ ဖမ်းဆီးအရေးယူမှုများရှိသော်လည်း သုံးစွဲသူအများစုသာ အဖမ်းခံနေရခြင်း၊ လက်ကြီးရောင်းချသူများကို ဖမ်းဆီးရမိခြင်း မရှိသောကြောင့် ဒေသတွင်း လူကြီး၊ လူလတ်၊ လူငယ်များအကြားတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာလျှက်ရှိကြောင်း သိရသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာခြင်းကြောင့် မလိုလားအပ်သည့် ဥပဒေချိုးဖောက်မှုများ မကြာခဏဖြစ်ပွားနေကြောင်းလည်း သိရသည်။ "လွန်ခဲ့တဲ့ မေလ ၁၈ရက်တုန်းက ရွှေဘို -မြစ်ကြီးနား မော်တော်ကားလမ်းမ မော်လူး-ပင်ဝယ်ကြားမှာ မော်တော်ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးကို ဆေးစွဲနေတဲ့ အမျိုးသားတစ်ဦးက ရိုက်နှက်လုယက်မှု ဖြစ်ပွားခဲ့သလို၊သြဂုတ်လ ၂၃ရက်နေ့က မော်လူး-လေးတန်းရိုးရွာဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းမပေါ်မှာလည်း အမျိုးသမီးလေးဦးကို အမျိုးသားတစ်ဦးက ရိုက်နှက်ရာမှာ အမျိုးသမီးတစ်ဦးသေးဆုံးသွားခဲ့ရတဲ့ ဖြစ်စဉ်ဟာလည်း မူးယစ်ဆေးနဲ့ ဆက်စပ်နေတာပါပဲ။ ဒါတွေဟာ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာရတဲ့ ဆိုးကျိုးတွေပါ။ ဒီတော့ ကျနော်တို့ ဒေသခံတွေအနေနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ဖို့ ဘာလုပ်ကြမလဲလို့ ဆွေးနွေးကြတဲ့အခါမှာ ပထမဆုံးစဉ်းစားမိကြတာက ဆန္ဒထုတ်ဖော်ကြဖို့ပါ။ ဒါပေမယ့် ဆန္ဒထုတ်ဖော်ရုံနဲ့ မူးယစ်ဆေးပပျောက်နိုင်ပါ့မလား.... နောက်တစ်ခုက ဒီလိုလုပ်လိုက်ရင် ကျနော်တို့လုပ်တဲ့လူတွေအပေါ် မူးယစ်ဆေးဝါးသုံးစွဲသူတွေက ရန်ငြိုးထားလာနိုင်ပါတယ်။ ဒါတွေကြောင့် နောက်ထပ်ဆွေးနွေးတဲ့အခါမှာ မူးယစ်ဆေးသုံးသူတွေကို ဆေးဖြတ်ပေးဖို့ မက်သဒုံးနဲ့ ဆေးဖြတ်ပေးမယ့်နည်းကို စဉ်းစားမိလို့ အကောင်အထည်ဖော်ဖို့ရာ ကြိုးစားရတာပါ"ဟု မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးမှ ပြောပြသည်။ "ကျနော်တို့ရွာက သုသာန်မှာ မူးယစ်ဆေးရောင်းချမှုတွေရှိနေပါတယ်။ နေ့စဉ်လာရောက်သုံးစွဲနေသူတွေကို မြင်ရတာ စိတ်မချမ်းသာပါဘူး။ တကယ့်လူငယ်လေးတွေပါ။ ရုပ်ရည်သန့်သန့်ပြန့်ပြန့်လေးတွေနဲ့ မထင်ရက်စရာပါ။ ဒါကို တားဆီးကာကွယ်ဖို့အတွက် ကျနော်တို့ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ် သတိပေးစာတမ်းတွေကပ်တယ်။ မူးယစ်ဆေးဝါးလာရောက် သုံးစွဲသူတွေကိုလည်း နောက်ရက်မလာဖို့ ပြောပြကြပါတယ်။ ဒါပေမယ့် မရပါဘူး။ နောက်ရက်ကျတော့လည်း လာကြပြန်တာပါပဲ။ သူတို့လေးတွေ ဖမ်းမိသွားရင် မိဘတွေလည်း ရင်ကျိုးရမယ်။ သူတို့လေးတွေရဲ့ ဘဝတွေလည်း ထောင်ထဲမှာ နှစ်အကြာကြီး သွားနေရမယ်။ ထောင်ကျသွားတယ်ဆိုပေမယ့် ပြန်ထွက်လာရင်လည်း လူကောင်းဖြစ်လာဖို့ မလွယ်လှပါဘူး။ ဒီအတွက် မူးယစ်ဆေးစွဲသူတွေအတွက် ဆေးဖြတ်ဋ္ဌာနခွဲ ရအောင်လုပ်နိုင်ရင် ကောင်းတာပေါ့" မော်လူးဒေသ၊ စဥ့်ခိုးကျေးရွာသားတစ်ဦးမှ ပြောပြသည်။ "မက်သဒုံးဆေးဆိုတာက ဒုတိယကမ္ဘာစစ်တုန်းက ဂျာမနီနိုင်ငံက တိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို တိုက်ကျွေးခဲ့တဲ့ ဆေးပါ။ အခု မူးယစ်ဆေးဖြတ်ရာမှာ သုံးနေတာပါ။ ဒီလို အသုံးပြုဖို့အတွက် ဂျာမနီနိုင်ငံက လှူဒါန်းပေးတာလို့ သိရပါတယ်။ ဒီဆေးဟာ မူးယစ်ဆေးစွဲနေသူကို တိုက်ကျွေးရာမှာ ဥပမာဗျာ... တစ်စက်ပဲသောက်နိုင်တဲ့သူကို တစ်စက်ပဲတိုက်ပါတယ်။ ပုံမှန်တစ်စက်သောက်နေနိုင်တဲ့သူဟာ တစ်စက်မသောက်နိုင်ဘူးဆိုရင် ဒီဆေးစွဲသူဟာ ဆေးမဖြတ်သေးဘူးဆိုတာ သေချာပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေက ဆေးတိုက်ပြီး သူတို့တွေရဲ့ မျက်ခွံကို လှန်ကြည့်ပြီး ဒီဆေးစွဲသူ ယင်းကျန်သေးလား မကျန်တော့ဘူးလား အထိ ပြောနိုင်ပါတယ်။ ဒီဆေးလည်းသောက် မူးယစ်ဆေးလည်း သုံးစွဲနေတဲ့ ဆေးစွဲသူကို ဆရာဝန်က သိပါတယ်။ အနည်းဆုံး ခြောက်လ တစ်နှစ်သောက်လိုက်ရင် ဆေးစွဲသူဟာ ဆေးလုံးဝပြတ်ပြီး ပုံမှန်လူလို ဖြစ်သွားပါတယ်။ ကျနော်တို့ အင်တော်မြို့ မက်သဒုံးနဲ့ ဆေးဖြတ်ပေးတဲ့ဋ္ဌာနမှာ ဆေးဖြတ်ချင်သူတစ်ယောက်ဟာ တစ်နှစ်စာ သုံးသောင်းကျပ်ပေးသွင်းရပါတယ်။ ဒါကလည်း တတ်နိုင်တဲ့သူသွင်းပေါ့ မတတ်နိုင်တဲ့သူ မသွင်းလည်းရပါတယ်။ သုံးသောင်းဆိုတာကလည်း သူတို့ မက်သဒုံးဆေးသောက်ရာမှာ အသုံးပြုတဲ့ တစ်ခါသုံးခွက်ဖိုးပဲရှိတာပါ။ ဆေးဖြတ်ချင်သူတွေအနေနဲ့ မိမိပတ်ဝန်းကျင်က မက်သဒုန်းဆေးနဲ့ မူးယစ်ဆေးဖြတ်နေသူတွေကို မေးကြည့်ပါ။ ဆေးစွဲနေသူတွေအတွက် ငွေသုံးသောင်းဆိုတာ ဘာမှ မများပါဘူး သူတို့တစ်ခါနှစ်ခါသုံး ဆေးဘိုးလောက်ပဲရှိတာပါ။ မူးယစ်ဆေးကို တစ်ကယ်ဖြတ်ချင်တယ် တကယ်ပြတ်ချင်တယ်ဆိုရင် မက်သဒုံးဆေးနဲ့ ဖြတ်သင့်ပါတယ်" ဟု အင်းတော်မြို့မှ မက်သဒုံးဆေးဖြင့် မူးယစ်ဆေးဖြတ်နေသူ တစ်ဦးမှ ပြောပြသည်။ "ကျနော်တို့ မော်လူးမှာ မက်သဒုံးဆေးနဲ့ မူးယစ်ဆေးဖြတ်တဲ့ ဋ္ဌာနခွဲရအောင် ကြိုးပမ်းမယ်ဆိုပေမယ့် ... ကျနော်တို့နဲ့ ဒေသခံ ကျန်းမာရေးဋ္ဌာန၊ အုပ်ချုပ်ရေးပိုင်း၊ ရပ်မိရပ်ဖ၊ နောက် ဆေးစွဲနေသူတွေကိုယ်တိုင် ဒါမှမဟုတ် မိဘညီအစ်ကိုတွေ ပူးပေါင်းပါဝင်ပေးမှ ဖြစ်နိုင်မှာပါ။ အခုလောလောဆယ်ဆယ်တော့ ကျနော်တို့ အင်းတော်မြို့ကို မက်သဒုံးဆေးရအောင် ဆောင်ရွက်ပေးခဲ့တဲ့ လူတွေနဲ့ တွေ့ဆုံပြီး လုပ်နည်းကိုင်နည်းတွေကို လေ့လာနေပါတယ်။ သူတို့ပြောစကားအရဆိုရင် ကျနော်တို့အတွက် မူးယစ်ဆေးဖြတ်ခြင်တဲ့သူ အနည်းဆုံး ၁၀ ဦးလောက်တော့ လိုပါတယ်။ သူတို့တွေနဲ့အတူ မြို့နယ် မက်သဒုံးဆေးပေးတဲ့နေရာကိုသွားပြီး တင်ပြတောင်းဆိုရမှာပါ။ ရမယ်မရဘူးမသေချာပေမယ့် မရရအောင်တော့ ကြိုးစားမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဘာဖြစ်လာမလဲဆိုတော့ အနည်းဆုံး မူးယစ်ဆေး ဝယ်လိုအားလျှော့နည်းသွားမယ်ဗျာ...။ ဝယ်လိုအားလျှော့နည်းသွားရင် ရောင်းချသူတွေလည်း နည်းပါးသွားမယ်လို့ တွေးမိပါတယ်။ ဒီလိုနည်းနဲ့ ဖြည်းဖြည်းချင်း မူးယစ်ဆေးကို တိုက်ဖျက်သွားရမယ်လို့ ထင်ပါတယ်။ " ဟု မော်လူးဒေသတွင် မက်သဒုံးဆေးပေးပြီး ဆေးဖြတ်ပေးမည့်(ဋ္ဌာနခွဲ) ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းကြမည့် သူများထံမှ ကြားသိရသည်။ မော်လူးဒေသတွင် မူးယစ်ဆေးသုံးစွဲသူဦးရေ အနည်းဆုံးတစ်ထောင်ကျော်ခန့် ရှိနိုင်ပြီး အများစုမှာ လူငယ်များဖြစ်ကြောင်းလည်း သိရသည်။
မော်လူးဒေသ စဥ့်ခိုးကျေးရွာသားများ မူးယစ်ဆေးဝါးတားဆီးရေး စာရ

Monday, October 20, 2014

FACEBOOK PROFILE NAME ကို ရက်ပေါင်း ၆၀ စောင့် နေရလို့ စိတ်ညစ်နေလား ? ရက်ပေါင်း ၆၀ စောင့်စရာမ လိုပဲ ချက် ချင်း ပြောင်း လဲနည်း

FACEBOOK PROFILE NAME ကို ရက်ပေါင်း ၆၀ စောင့် နေရလို့ စိတ်ညစ်နေလား ? ရက်ပေါင်း ၆၀ စောင့်စရာမ လိုပဲ ချက် ချင်း ပြောင်း လဲနည်း Facebook အသုံးပြုသူ User များအနေနှင့် မိမိ တို့ရဲ့ Profile Name ကိုပြောင်းတဲ့အခါမှာ ပြဿနာ အမျိုး မျိုးနဲ့ ရင် ဆိုင် ကြုံတွေ့နေကြရပါတယ်။ တစ်ချို့ ကိုနာမည်ကိုပြောင်းလိုက်ပြီးမှ မလိုချင်တော့ လို့ နောက် ထပ်နာမည် တစ်မျိုးပြန်ပြောင်းချင်တဲ့ အခါ ပြောင်းလို့မရတော့ပဲ ရက်ပေါင်းခြောက်ဆယ် စောင့်ရမယ်လို့ Facebook Policy က ထုတ်ပြန်ရေး သားထားပါတယ်။ အချို့ User တွေကတော့ ရက်ပေါင်း ခြောက်ဆယ် စောင့်ရတာနဲ့ အဆင်ပြေတာရှိသလို အချို့ ကျတော့ လည်း အဆင်မပြေတာတွေ ရှိပါတယ်။ ဒီပြဿနာတွေပြေလည်စေဖို့အတွက် နည်းလမ်းလေးတစ်ခု မျှဝေပေး လိုက်ပါတယ်။ အဲ့ဒါကတော့ မိမိ ရဲ့ Facebook Profile Name ကိုရက်ပေါင်း ၆၀ စောင့်စ ရာမ လိုပဲ ချက် ချင်း ပြောင်း လဲနည်းပါ။ ပထမဦးဆုံးသင့်ရဲ့ Porfile Name ကိုပြောင်းလဲရန်အတွက် Facebook ရဲ့ Account Setting ထဲကိုဝင်လိုက်ပါ။ ပြီးတဲ့နောက်မှာတော့ Facebook Profile Name ကိုပြောင်းလဲရန်အတွက် Name ရဲ့ Edit ကိုနှိပ်လိုက်ပါ။ အကယ်၍ သင်ဟာ Profile Name ကိုပြောင်းလဲခွင့်ရရှိတဲ့လူဆိုရင် Full Name ကို အလွယ် တကူ ပြောင်းခွင့် ရရှိနိုင်မှာဖြစ်ပြီး ပြောင်းလဲခွင့်မရှိတဲ့လူကတော့ Full Name ဆိုတဲ့ text box လေးက မှိန်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြီးတော့ အောက်မှာလည်း သင်ဟာ သင့်ရဲ့ Profile Name ကိုပြောင်း လဲပြီးသားဖြစ်နေတဲ့ အတွက် နောက်ထပ် ရက်ပေါင်း ၆၀ စောင့်ပြီးမှသာ ပြောင်းလဲခွင့်ရရှိမယ် ( " You can't change your name right now because you've already changed it within the လို့ရေးသားထားပါတယ်။ ဒီလို last 60 days." ) ရေးသားထားတဲ့ စာကြောင်းရဲ့ တစ်ဆက်တည်းမှာပဲ Learn more ဆိုတဲ့ စာသားလေး ကိုတွေ့  ရပါ လိမ့်မယ်။ အဲ့ဒီ စာသားလေးကို နှိပ်လိုက်ပါ။ ပြီးတဲ့နောက်မှာတော့ Facebook ကသူ့ရဲ့ Policy Rule တွေကို ရှင်ပြထားတဲ့စာတွေကို တွေ့ရပါ လိမ့်မယ်။ အဲ့ဒီ စာသားတွေရဲ့ အောက်နားမှာတော့ သင့်အနေနဲ့ alternate name ကို Profile Name မှာ ထည့်သွင်းနိုင်တယ်ဆိုတဲ့ စာသားဖြစ်တဲ့ (You can also add an alternate name (ex: maiden name, nickname) to your profile. If your first and last name isn’t listed on your account and you’re unable to change it,) ဒီစာသားကိုတွေ့ရပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ Let us know ဆိုတဲ့ စာသားလေးလဲ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ တွေ့ရတဲ့ Let us Know စာသားလေးကို နှိပ်လိုက်ပါ။ အဲ့ဒါပြီးရင် Changing Your Name ဆိုတဲ့ Form လေးတစ်ခု ကျလာ ပါလိမ့်မယ်။ အဲ့ဒီ form မှာ ကိုလိုချင်တဲ့ နာမည် First Name , Middle Name , Last Name နဲ့ Pick One ဆိုတဲ့ Choose Box မှာတော့ Other ကိုရွေးပေးလိုက်ပါ။ဒါတွေပြီးရင် သင့်အတွက် အခက်ခဲဆုံး အပိုင်းရောက်လာပါပြီ။ အောက်နားမှာ Your ID ဆိုပြီး Choose Files လေး တစ်ခု တွေ့ရပါလိမ့်မယ်။ အဲ့ဒီ နေရာမှာတော့ သင့်ရဲ့ ဘာမှန်းမသိတဲ့ ID တွေလိုအပ်ပြီလို သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။ အရမ်း အာရုံမနောက်သွားပါနဲ့။ သင့်ရဲ့ လက်ရှိတင်ထားတဲ့ Porfile Photo ကို သင့်ကွန်ပျူတာ တွင် save လိုက်ပြီး Changing Your Name ဆိုတဲ့ form ရဲ့ Choose Files လေးမှာ ထည့်ပေးလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ညာဘက်ထောင့်နားက Send ဆိုတဲ့ Button လေးကို နှိပ်ပေးလိုက်ပါ။ သင့်ရဲ့ Facebook Profile Name ကို စက္ကန့်ပိုင်းအတွင်းရရှိတာကို သင်မြင်တွေ့ရပါလိမ့်မည်။ Facebook User အားလုံး Profile Name တွေ စိတ်ကြိုက်ပြောင်းလဲ နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.. Credit > MyanmarMobileSharingGroup

သိမ်းငှက်ပုံပြင် *************** သိမ်းငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျို..

သိမ်းငှက်ပုံပြင် *************** သိမ်းငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက်(78)နစ်အထိအသက် ရှင်နေထိုင်နိုင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက် ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်(48)နှစ် မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ် ချက်တစ်ခုကိုချကြရပါတယ်။ သူ့အသက် (48) နှစ် ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက် သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ် ။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ ပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက် ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။ သူ့မှာရွေးချယ် စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ် တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲ သေရတာထက်စာရင် စွန့်စားပြီးသေရတာကပို မြတ်ပါလိမ့်မယ်။ ဒါကြောင့်အလွန်မြင့်တဲ့တောင် တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက် လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနား နားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ် ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး ပါးကြာပါတယ်။ ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက် ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့နုတ်သီး အသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့် ဆိုင်းနေခဲ့ရပါတယ်။နုတ်သီးအသစ်ထွက်လာတော့ အဲ့ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတသ်ခု ဆွဲနုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရ ပြန်ပါတယ်။အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150) ပါပဲ ။ ဒီတော့မှသူဟာပျန်သန်းနိုင်ပြီး နောက်ထပ် နှစ်ပေါင်း(30)အကြာ အသက် (78)နှစ်အထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်း လဲမှု့ကိုပြောခြင်တာပါ။ တသ်ခါတစ်ရံမှာ ကျွန်တော် တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက် တွေချကြရပါတယ်။ ဘဝကိုအောင်အောင်မြင်မြင် နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့ ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ်မယ် ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ ကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုပ် နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည် ဆောက်နိုင်ရပါမယ်။ တိရိစ္ဆာန်ဖြစ်တဲ့ သိမ်းငှက် တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါ အသိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ် ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို(change) မလုပ်နိုင်ကြဘူးလား? သိမ်းငှက်ဟာ နာကျင်ခက်ခဲ စွာပြောင်းရတာပါ။ လူသားတွေဖြစ်တဲ့ကျွန်တော်တို့ က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူ အကျင့်အဟောင်း မကောင်းတဲ့စရိုက် တွေကိုမစွန့် လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား? ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေခြင် ပါတယ်။ credit>>>>Luu Phyu

အန္တရာယ်ရှိသော ကြက်သွန်နီခြမ်း

ကျန်းမာရေးသတင်းများ အန္တရာယ်ရှိသော ကြက်သွန်နီခြမ်း --------------------------------------- ထက်ခြမ်းခွဲထားသော ကြက်သွန်နီကို ချက်ချင်းအသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင် ပြန်၍အသုံးမပြုသင့်ပါ။ မစားသင့်ပါ။ အန္တရာယ်ကို ဖြစ်စေပါသည်။ ခွဲခြမ်းထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက်ကြာသွားသည့် ၄င်းကြက်သွန်နီခြမ်းဟာ အပုတ်နံ့များ၊ အနဲ့ဆိုးများကို စုပ်ထားထားနိုင်ပြီး ဘတ်တီးရီးယားပိုးမွှားများနှင့် အခြား အန္တရာယ်ကို ဖြစ်စေတတ်သည့် ပိုးမွှားများလည်း ပါရှိလာသည့်အတွက် ၀မ်းပျက်၊ ၀မ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ ဖော်ပြထားကြပါတယ်။ အခွံခွါထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကို ပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ ခွက်တို့ဖြင့် လုံခြုံစွာ ထည့်ထားသင့်ပါတယ်။ သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။ မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။ အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၄င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၄င်းနေရာမှာ ပါဝင်မှုအများဆုံးလို့ သိရပါတယ်။ အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။ နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ ကိုးကား ။ ။ The Danger Of Half Onion. မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

ဖုန်း တာအရှုံးခံလိုက်ပါ အဲ့လိုကြီးတော့လုပ်ကြနဲ့ @မိလ္လာကျင်းထဲ ဖုန်းဆင်းဆယ်ရာမှ လူနှစ်ဦးသေဆုံး @

မိလ္လာကျင်းထဲ ဖုန်းဆင်းဆယ်ရာမှ လူနှစ်ဦးသေဆုံး Monday, 20 October 2014 08:40 Print Email ပုသိမ်၊ အောက်တိုဘာ ၁၉ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ မြောက်ပိုင်းရပ်ကွက် အနော်ရထာလမ်းပေါ်ရှိ နေအိမ်တစ်အိမ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက မိလ္လာကျင်းထဲသို့ ဖုန်း (ဟန်းမ်ဆက်) ပြုတ်ကျသဖြင့် ဆင်းဆယ်ရာမှ လူနှစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောကြားသည်။ အနော်ရထာလမ်းနေ ဦးအမင်း၏ နေအိမ်တွင် အသက် ၁၇ နှစ်ရှိ မောင်ကျော်မင်းထွန်းက မိလ္လာကျင်းထဲသို့ ဖုန်း (ဟန်းမ်ဆက်) ပြုတ်ကျရာမှ ဆင်းဆယ်စဉ် နစ်မြုပ်သွားသဖြင့် မိခင်ဖြစ်သူ ဒေါ်ချိုက အနီးအနားသို့ အော်ဟစ်အကူ အညီတောင်းခံခဲ့ရာ အသက် ၃၂ နှစ်ရှိ ဦးသန်းမြင့်အောင် ရောက်ရှိလာပြီး ကျင်းနှုတ်ခမ်းမှ ဆွဲတင်စဉ် ပြုတ်ကျ၍ နှစ်ဦးစလုံး သေဆုံးရခြင်း ဖြစ်ကြောင်း ငပုတောမြို့ လူမှုကူညီရေးအသင်းဝင် ဦးဇော်ရဲနောင်က ပြောကြားသည်။ မိလ္လာကျင်းထဲ ပြုတ်ကျသူနှစ်ဦးကို ချက်ချင်းဆယ်ယူပြီး ရေဖြင့်သန့်စင်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်မမီတော့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ မိလ္လာကျင်းထဲ ပြုတ်ကျမှုကြောင့် လူနှစ်ဦး သေဆုံးသည်မှာ မှန်ကန်ကြောင်း၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်ရန် ငပုတော ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၄ ဖြင့် ဆောင်ရွက်နေကြောင်း ငပုတောမြို့မ ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဘုရားပန်း မညှိုးမှ . . . အစွမ်းတိုးမယ်

“ဘုရားပန်း မညှိုးမှ . . . အစွမ်းတိုးမယ်” •••••••••••••••••••••••••••••••••••••••••••••• လူအများစုရဲ့သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊ “နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေက ဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။ နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။ ဘုရားစင်မှာ ဆွမ်းခဲဖွယ်ချိုချဉ်ရသာ မရှိရင်သာနေမယ်။ နတ်ရှေ့မှာ အုန်းသီးဆိုလည်း အလုံးလိုက်၊ ငှက်ပျောသီးဆိုလည်း အဖီးလိုက်။ ယောဂီတို့ အိမ်တွင်းရေး မသာယာချင်ဘူးလား။ (သာယာချင်တယ်။) သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့။ ဘုရားပန်းညှိုးပြီဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်။ အိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊ တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ ၊ စိတ်ဝမ်းကွဲတာတွေဖြစ်ကြမှာပဲ။ လုပ်ငန်း၊ကိုင်ငန်း စီးပွါးရေးတွေလည်း အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။ ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊ သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်း အေးနေအောင်ထားမယ် ဆိုရင် အိမ်တွင်းရေးလည်း အေးချမ်း၊စီးပွားလမ်းလည်းဖြောင့် ၊ အစစအရာရာ အဆင်ပြေမှာပါ။ သောက်တော်ရေ တနေ့ ဘယ်နှစ်ခါလဲတုံး။ “နှစ်ခါ”။ နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။ ကဲ . . . ကိုယ်ကတော့ “ရေ” တနေ့ဘယ်နှစ်ခါ သောက်တုံး။ “ဆယ်ခါ”။ တော်တော်တရားတယ်။ ဘုရားကျတော့ ရေငတ် ထားတယ်။ ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။ အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင် ပိုကောင်းတယ်နော်။ အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ “မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ” တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေး လဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။ ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်၊ ကိုယ်သောက်မယ့်ခွက်ကို လက်ကလေးနဲ့ ကိုင်ထားပြီးတော့ “မြတ်စွာဘုရားရှင်အား သောက်တော်ရေ လှူဒါန်းပါတယ်”လို့ စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။ ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ ကပ်လိုက်ရုံပါပဲ။ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။ ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။ ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကို သောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။ အရက်သမား၊ဘီယာသမား တချို့တောင် အရက်သောက်ခါနီး၊ဘီယာသောက်ခါနီး ကိုယ်သောက်မယ့် အရက်ပုလင်း၊ဘီယာပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကို ပသတဲ့ အနေနဲ့ နဖူးရှေ့ လက်နဲ့ မြှောက်ပြီး၊ အာရုံပြုကြသေးတယ်မဟုတ်လား။ ကိုကြီးကျော် တပည့်တွေထက်၊ ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော်။ သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။ နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊ မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။ မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။ သရဏဂုံရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့ အချိန်လို့ သဘောထားပေါ့။ သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ “ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့ တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့ စွန့်ပြီး စားပေါ့နော်။ မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။ ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။ အဲဒီတော့ ဘုရားကပ်ပြီးတော့ စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။ နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။ အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။ သောက်တော် ရေချမ်းမနွေးပါစေနဲ့။ ဒါ အရေးကြီးပါတယ်။။ -【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】 (“ငါ့ကိုမချစ်ပါနဲ့” ကူးယူပူဇော်ပါသည်။) Posted by ► www.facebook.com/youngbuddhistassociation.mm

ဘွဲ့ဒီဂရီများစွာ မပိုင်ဆိုင်ချင်နေပါစေ မိမိတတ်ကျွမ်းထားတဲ့ ဝါသနာပါရာအလုပ်တစ်ခုနဲ..

ဘွဲ့ဒီဂရီများစွာ မပိုင်ဆိုင်ချင်နေပါစေ မိမိတတ်ကျွမ်းထားတဲ့ ဝါသနာပါရာအလုပ်တစ်ခုနဲ့တော့ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ လိုအပ်တယ်…………… မိမိလုပ်လိုက်ရတဲ့ လုပ်ရပ်တိုင်းရဲ့ ရလဒ်ဟာ အမြဲတမ်း မကောင်းချင်နေပါစေ ရလဒ်ကောင်းကိုဖြစ်စေမယ့် စိတ်စေတနာကောင်းလေးနဲ့တော့ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်…… ကမ္ဘာပေါ်မှာရှိတဲ့ ဆင်းရဲချို့တဲ့သူအားလုံးကို ကူညီထောက်ပံ့ဖို့ထိ မဖြစ်နိုင်ရင် နေပါစေ အားနည်းသူတွေကို ကူညီထောက်ပံ့လိုတဲ့ စိတ်ဓာတ်ရင်းခံလေးတော့ ရှိဖို့လိုအပ်တယ်………… များပြားလှတဲ့ အလုပ်တာဝန်တွေကို တာဝန်မယူနိုင်ရင်နေပါစေ မိမိလုပ်ဆောင်လိုက်တဲ့ အလုပ်တာဝန်တွေအတွက်တော့ တာဝန်ယူနိုင်ဖို့ လိုအပ်တယ်…… #မြရိပ် ငြိမ်းလဲ့ Page admin အသစ်

ဘယ်သူတွေ ဘာတွေပြောပြော ရိုးရာ ကို ရော့ကွာ ဆိုပြီး တရားတစ်ပုဒ်လောက်နဲ့ ဖျောက်လို့မရဘူးနော့

မိရိုးဖလာ ယုံကြည်မှု ဆိုတာ ရာစုနှစ်များစွာ ထဲ က တည်ရှိခဲ့တာပါ မိရိုးဖလာ ကို ယခု ခေတ် လူငယ်များ ထဲတွင် လှောင်ပြောင်ကြသူများ နှင့် ဟိုမရောက်ဒီမရောက် လူကြီးများ ဟာ မယုံကြည်ကြပေ ဒါပေမယ့် ရိုးရာဆိုတာ စိတ်ဓာတ်အင်အား ကြံ့ခိုင်မှု ရှိစေတယ်ဆိုတာတော့ သင့်ဥာဏ်ရည် အဆင့်မီရင်တော့ တွေးတောနိုင်ပါလိမ့်မယ် ဒါကြောင့်မို့ မော်လူးဒေသရွာတစ်ရွာမှနတ်ကြီးစဉ် update လုပ်နေစဉ် မှတ်တမ်း ပုံလေးပါ ============

G 610 နှင့် အခြား huawei ဖုန်းများ screenshoot လုပ်ရာတွင် အဆင်ပြေတဲ့ apk လေးပါ 1.4 mb ဘဲရှိပါတယ်

ခလုပ် မပျက် ခင် ဒေါင်း ပြီး အင်စတော လုပ်ထားကြအုန်း အထူးသဖြင့် G 610 ကိုင်ဆောင်သူများ လုံးဝ အိုကေ ဖုန်းဆိုင်မှာ ထည့်ခိုင်းရင် ပိုက်ဆံကုန်မှာစိုးလို့ ဒီမှာ ဒေါင်းလိုက်ကြ အဆင်ပြေကြပါစေ။ admin-kmk

အလှူခံစာအိပ်များ နှင့် မော်လူးဒေသသားများ အတွက် နည်းလမ်းကောင်း

ရထားပေါ်တွင် အလှူခံ သော သံဃာတော်မှ တဆင့် ကူးစက်လာ သော စာအိပ်အသုံးပြုပြီး အလှူခံနည်း ပညာ အင်းတော်မြို့နယ်မှ တာဝန်ရှိသူများ အသုံးပြု---- လူတန်းစား စုံလင် လှသော ပြည်သူများကြား မှ ပေါက်ဖွားလာသော တာဝန်ရှိသူတွေပါ ပြည်သူတွေဟာ အရောင်အသွေးအမျိုး စုံသလို တာဝန်ရှိသူတွေဟာ လည်း အရောင်အသွေးမျိုးစုံ ဖြစ်မှာပါ ဘယ်လို ယုံကြည်ကြမှာလည်း စဉ်းစားမရနိုင်အောင်ဖြစ်ခဲ့ရာမှ နည်းလမ်းလေးတစ်ခု တွေးမိခဲ့ပါတယ် စာအိပ်ထဲထည့်ဝင်သူ စေတနာ ရှင်များအနေနဲ့ ကုသိုလ် ဖြစ်စေ မည့် နည်းလမ်းကောင်းကတော့ ရထားပေါ်က စာအိပ် ကိုယ်တော်တွေကို လှူတယ်လို့ သဘောထားနည်းပါ။ ဆုတောင်းလေးက အခုလိုလှူဒါန်းရသော ကုသိုလ် အစွမ်း ကြောင့် နိဗ္ဗာန်သို့ ယခုချက်ချင် ရောက်ရလိုပါ၏ဘုရား **** ဆိုပြီးတောင်းလိုက်ကြပါ။

Bill Gate က ဘာကြောင့် အလှုအတန်းလုပ်သလဲ လို့မေးတော့ သူပြောတာ ရှင်းရှင်းလေးပါ .....

Bill Gate က ဘာကြောင့် အလှုအတန်းလုပ်သလဲ လို့မေးတော့ သူပြောတာ ရှင်းရှင်းလေးပါ ... ကျုပ်သေရင် ယူသွားလို့မရလို့တဲ့ ... သူဘဝမှာ အမှန်ဆုံး နဲ့ နောင်တမရဆုံးက ကျောင်ထွက်ခဲ့ခြင်းပဲ ... သူတွက်ချက်တာ တော်တယ် ... သူထင်တဲ့အတိုင်းပဲ သူဘဝပြောင်းလဲလာတယ် ... ဘဝဆိုတာ စွန့်စားမှ အောင်မြင်ပါတယ် ... ဒါပေမဲ့ နောင်တက ဒွန်တွဲပြီး ပါလာရင် ဘာလုပ်လုပ် အောင်မြင်ဖို့နည်းမယ် ... ဒါကြောင့်လည်း လက်ချိုးရေလို့ရတဲ့ လူစာရင်းထဲ ပါနေတာပါ ... ကျွန်တော်ကိုယ်တိုင်လည်း စွန့်စားခဲ့ပေမယ့် နောင်တက ပါလာတော့ အဆင်မပြေတာ ကြုံလာတယ် ... ဒါကြောင့် ဒါကို တွန်းလှန်နိုင်ဖို့ အားတွေ စုဆောင်းနေရတယ် ... ဘာကြောင့်လည်းဆိုတာ ရှင်းစရာမလိုတော့ပါဘူး ... အောင်မြင်ချင်လို့ပါ ... Credit to: Friday

Saturday, October 18, 2014

အိုဘားမား၏ ကိုယ်ရေးအကျဉ်း

အိုဘားမား၏ ကိုယ်ရေးအကျဉ်း ===================== မစ္စတာ ဘားရတ်အိုဘားမား၏ ကိုယ်ရေးအကျဉ်း မစ္စတာ ဘားရတ်အိုဘားမား အမေရိကန် ပြည်ထောင်စု၏ (၄၄)ဦးမြောက် သမ္မတ - မစ္စတာ ဘားရတ် အိုဘားမား အား ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုရှိ ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့တွင် မွေးဖွားခဲ့သည်။ - ၁၉၈၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ် ဥပဒေကျောင်းမှ ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ဟားဗတ် ဥပဒေ စာစောင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ - ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုတွင် Community Organizer အဖြစ် ဆောင်ရွက်ခဲ့သည်။ - ထို့နောက် ချီကာဂိုတွင် Civil Rights Attorney အဖြစ် အသက်မွေးဝမ်း ကျောင်းပြုခဲ့ပြီး ၁၉၉၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ချီကာဂို တက္ကသိုလ် ဥပဒေ ကျောင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ သင်ကြား ပို့ချခဲ့သည်။ - ၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့သည်။ - ၂ဝဝဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ဝင်ရောက်အရွေးခံခဲ့ရာ မအောင်မြင်ခဲ့ သောကြောင့် ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာလတွင် အထက် လွှတ်တော်၌ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ - ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကွန်ဂရက်၌ အထက်လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ - ၂ဝဝ၈ ခုနှစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာ အတွက် ယှဉ်ပြိုင်ရာတွင် မစ္စစ်ဟီလာရီ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိခဲ့သည်။ - ၂ဝဝ၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာ ဂျွန်မက်ကိန်းအား အနိုင်ရရှိခဲ့ပြီး ၂ဝ-၁-၂ဝဝ၉ ရက်နေ့တွင် (၄၄)ဦးမြောက် သမ္မတတာဝန်ကို စတင်ထမ်း ဆောင်ခဲ့သည်။ - ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာတွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။ - အမေရိကန်နိုင်ငံ စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေရန် အမေရိကန် နိုင်ငံ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီး မြှုပ်နှံခြင်းဆိုင်ရာ ဥပဒေ (American Recovery and Reinvestment Act) ကို ၂ဝဝ၉ ခုနှစ်၊ ဖေဖော် ဝါရီလတွင် လက်မှတ် ရေးထိုးခဲ့သည်။ ထို့အပြင် အခွန်လျှော့ပေါ့ရေး၊ အလုပ်လက်မဲ့ အာမခံများ ပြန်လည် ခွင့်ပြုခြင်းနှင့် အလုပ်အကိုင် ဖန်တီးရေး ဥပဒေ (Tax Relief, Unemployment Insurance Reauthorization, and Job Creation Act) တို့ကို ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် လက်မှတ် ရေးထိုး ခဲ့သည်။ - သမ္မတ အိုဘားမားသည် အခြားသော ပြည်တွင်း မူဝါဒများဖြစ်သည့် Patient Protection and Affordable Care Act, Dodd-Frank Wall Street Reform and Consumer Protection Act? Don't Ask, Don't Tell Repeal Act ESifh Budget Control Act of 2011 တို့ကိုလည်း အစပြုခဲ့သည်။ - နိုင်ငံခြားရေး မူဝါဒများတွင် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာရေး၊ အာဖဂန်နစ္စတန် နိုင်ငံသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေး၊ ရုရှားနိုင်ငံနှင့် START လက်နက်ထိန်းချုပ်ရေး စာချုပ်အသစ်အား လက်မှတ် ရေးထိုးခြင်း၊ လစ်ဗျား နိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် (No-fly zone on Libya) သတ်မှတ်ရေးနှင့် ပါကစ္စတန် နိုင်ငံရှိ အယ်လ်ခိုင်ဒါ အကြမ်းဖက်ခေါင်း ဆောင် အိုစမာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆင်ရေးတို့ကို လည်း ဆောင်ရွက် စေခဲ့သည်။ - ၂ဝ၁၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ် ကန်ပါတီမှ မစ္စတာ မစ်ရွမ်နီအပေါ် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ (၃ဝ၃-၂ဝ၆)မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမေရိကန် သမ္မတအဖြစ် ဒုတိယ အကြိမ် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။ - သမ္မတ အိုဘားမားသည် ၁၉၉၂ ခုနှစ်တွင် မီရှယ်လ် ရော်ဘင်ဆန်နှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ (၁၉၉၈)နှင့် ဆာရှာ(၂ဝဝ၁)တို့ကို မွေးဖွားခဲ့သည်

ရေစိုသွားသော ဖုန်းကို ပြန်လည်ပြုပြင်နည်း (၅) ချက်

ရေစိုသွားသော ဖုန်းကို ပြန်လည်ပြုပြင်နည်း (၅) ချက် (၁) ဘတ္တရီကို ချက်ချင်းဆွဲဖြုတ်လိုက်ပါ ဖုန်းကို ရေစိုလိုက်တာနဲ့ Power ပိတ်ဖို့ လုပ်မနေဘဲနဲ့ ဘတ္တရီကိုသာ ချက်ချင်း ဆွဲဖြုတ် လိုက်ပါ။ အဲလို ဘတ္တရီကို ဖြုတ်လိုက်ခြင်း အာဖြင့် သင့်ရဲ့ ရေစိုနေသော ဖုန်းကို ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ်။ အကယ်၍ iPhone ဆိုရင်တော့ power ကိုပဲ အမြန်ပိတ်လိုက်ပါ။ (၂) ဆင်းကဒ်ကို ဖြုတ်ပါ တကယ်၍ ဟန်းစက်ဟာ ပျက်စီးသွားတယ်ဆိုရင် မှတ်သားထားသော contact information ကို မပျောက်ပျက်စေရန် ဆင်းကဒ်ကို ဖြုတ်၍ လေမှုတ်စက်ဖြင့် မူတ်လိုက်ပါ။ (၃) ရေမချောက်မခြင်း ဖုန်းကို မဖွင့်ပါနဲ့ ရေအစိုဓာတ်တွေ မကုန်ဘဲ ဖုန်းပြန်ဖွင့်လိုက်မယ်ဆိုရင် သင့်ရဲ့ဖုန်းကို ပျက်စီး သွားစေမှာ ဖြစ်ပါတယ်။ (၄) ဆန်အိုးထဲတွင် မြုပ်ထားပါ ရေစိုသွားသော ဖုန်းကို ဘတ္တရီ ဖြုတ်ပြီးပြီးခြင်းမှာပဲ အနီးနားမှာ ရှိသော ဆန်အိုး အတွင်းသို့ အလျင်အမြန် မြုပ်ထားလိုက်ပါ။ (၅) ရေခဲသေတ္တာထဲတွင် လျှပ်စစ်မသုံးဘဲ ထည့်ထားပါ တကယ်လို့ အလွယ်တကူ ဆန်အိုး မရှိဘူးဆိုရင် ရေခဲသေတ္တာ အတွင်းသို့ ရေစိုနေသော ဖုန်းအား အဝတ်များနှင့် ပတ်ပြီး ထည့်ထားနိုင် ပါတယ်။ ထိုရေခဲ သေတ္တာဟာ လျှပ်စစ် မသုံးသည့် အတွက်ကြောင့် အအေးဓာတ် မရှိဘဲ အပူဓာတ် များကို ပေးစွမ်းမှာဖြစ်လို့ ဖုန်းကို အလွယ်တကူ ချောက်သွေ့ စေနိုင်မှာ ဖြစ်ပါတယ်။ Ref-positivemed.com ကျော်လင်းနိုင် (ရိုးရာလေး

Thursday, October 16, 2014

Android မှာ Original ပါလာတဲ့ Application တွေကိုဖျက်ချင်သူတွေအတွက်System App Safe Remover APK

Credit - MyanmarMobileApplicationStore(MMAS) Android Phone တွေမှာ ပါတဲ့ Original Application တွေကို ဖျက်ချင်တဲ့သူတွေအတွက် အဆင်ပြေဆုံး Application လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဒီ Application လေးကို အသုံးပြုနိုင်ရန် သင့်ဖုန်းမှာ Root Access ရရှိပြီးသား ဖြစ်ရပါမယ်။ ဒါကြောင့် သင့်ဖုန်းပာာ Root ဖောက်ပြီးသားဖြစ်ရပါမယ်။ အသုံးပြုရတာကတော့ တော်တော်လေးကောင်းပါတယ်။ တစ်ချို့က ကိုယ့်ဖုန်းမှာပါတဲ့ Original Application တွေကို ဖျက်ချင်ကြပါတယ်။ ဥပမာ – Huawei လို China ဖုန်းတွေပေါ့ဗျာ။ သူတို့မှာ ကိုယ့်နိုင်ငံနဲ့အသုံးပြုလို့မရတဲ့ Application တွေ ပါလာတက်ပါတယ်။ China Store တို့ဘာတို့ပေါ့ဗျာ။ အဲလို Application တွေကို တစ်ချို့ကမမြင်ချင်ကြဘူး။ တစ်ချို့ကလဲ ဖုန်းရဲ့ Memory ထဲမှာ နေရာတွေအသားလွတ်ယူနေတာကြောင့် ဖျက်ချင်ကြတယ်။ အဲဒီအခါတစ်ချို့က Setting ထဲက Manage Application ထဲကိုဝင်ပြီး ဖျက်တက်ကြသလို Root Explorer application တွေနဲ့ ဖျက်တက်ကြပါတယ်။ အဲလိုဖျက်တဲ့အခါ Error တွေတက်ကြတယ်။ Error တက်လို့ ကိုယ်ဖျက်လိုက်တဲ့ Application တွေကို ပြန်ထည့်ချင်တဲ့အခါ အခက်အခဲတွေ့ကြရပါတယ်။ တစ်ချို့ဆို Reset ပြန်ချကြ ၊ Reset ချလို့မရရင် Firmware ပြန်တင်ကြနဲ့ အလုပ်တော်တော် ရှုပ်ကြရပါတယ်။ အဲဒီလို Error တွေမတက်အောင် ဒီ Application လေးနဲ့ ဖျက်နိုင်တဲ့အပြင် ဖျက်ပြီးသား Application တွေကို ပြန်လိုချင်ရင်လဲ Restore ပြန်လုပ်လို့ရအောင် ဒီ Application ထဲမှာ Recycle Bin အနေနဲ့ ပါလာတာကိုလဲတွေ့ရပါတယ်။ဒီတော့ အဆင်ပြေတာပေါ့ဗျာ။ File size ကလဲ 317.7 KB သာရှိတာကြောင့် Android ဖုန်းကိုင်ဆောင်သူများအတွက် ဆောင်ထားသင့်တဲ့ Application လေးတစ်ခုလဲဖြစ်တာကြောင့် Download ရယူထားကြပါလို့လဲ တိုက်တွန်းချင်ပါတယ်။ လိုအပ်မဲ့သူများရှိရင်တော့ Download ရယူနိုင်ရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ သိပြီးသားသူတွေလဲရှိကြမှာပါ။ ပောာင်းနေလဲ ကောင်းနေဆဲမို့လို့ လိုအပ်ရင်တော့ အောက်ကနေ Download ရယူလိုက်ပါ။ ဒီမှာ

Wednesday, October 15, 2014

အခြေခံ မီးသတ်သင်တန်း (၁/၂၀၁၄)

မော်လူးတွင် ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်သင်တန်း(၁/၂၀၁၄) ဖွင့်လှစ် မော်လူး၊ အောက်တိုဘာ ၁၅ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လူငယ်အားကစားကွင်းတွင် ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်များ အခြေခံမီးသတ်သင်တန်း (၁/၂၀၁၄)ကို အောက်တိုဘာ ၁၃ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခြေခံ မီးသတ်သင်တန်း(၁/၂၀၁၄)ဖွင့်ပွဲတွင် မော်လူးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်လေးရပ်ဖြစ်သည့် မီးငြိမ်းသတ်နည်းစွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်များကို အစဉ်အဆက်မပြတ် လေ့ကျင့်သွားကြရန်နှင့် မီးဘေးအန္တရယ်ကင်းဝေးရေးအတွက် အထူးသတိရှိကြရန်တို့ကို ပြောကြားခဲ့ကြောင်း၊အခြေခံ မီးသတ်သင်တန်းသို့ မော်လူး၊ အုန်းဒုတ်၊ မင်းသာ၊ ဟဲနုစသည့် ကျေးရွာများမှ အခြေခံမီးသတ်သင်တန်း မတက်ရောက်ရသေးသည့် မီးသတ်တပ်ဖွဲ့ဝင်များတက်ရောက်ခြင်း ဖြစ်ပြီး မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ်အေးမင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များအနီးကပ်ကြီးကြပ်သင်ကြားပို့ချလျှက်ရှိကြောင်း၊ သင်တန်းသား ၃၅ ဦးရှိပြီး သင်တန်းကာလ ရက်သတ္တလေးပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မော်လူးက တောင်သူများအတွက် သတင်းကောင်း

ကွင်းကြီးရွာ ဗီယက်နမ်အထွက်တိုးမျိုးစပါး စမ်းသပ်စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်း          မျိုးစပါးများရရှိရန် တောင်သူများတန်းစီစနစ်ဖြင့် ကြိုတင်စောင့်ဆိုင်းလျှက်ရှိ မိုးညှင်း အောက်တိုဘာ ၁၅ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ကချင်ပြည်နယ်၊ မိုးးညှင်းမြို့နယ်၊ နမ္မားဒေသ၊ လယ်မှီးကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာတွင် အောက်တိုဘာ ၁၅ရက်နေ့က တောင်သူဦးဇော်ဝမ်း၏ လယ်မြေတွင် ဗီယက်နမ်အထွက်တိုး မျိုးစပါး၂ဧကကို စမ်းသပ်စိုက်ပျိုးခဲ့ရာ စပါးအသီးအနှံများ လှပဝေဆာစွာ အောင်မြင်ဖြစ်ထွန်းသောကြောင့် အဆိုပါမျိုးကောင်း မျိုးသန့်စပါးမျိုးရရှိနိုင်ရန်အတွက် တောင်သူများကတန်းစီစနှစ်ဖြင့် ကြိုတင်မှာယူခြင်း၊ ဗဟုသုတအဖြစ်လေ့လာသူများဖြင့်စည်ကားလျှက်ရှိကြောင်းသိရသည်။ ဗီယက်နမ်အထွက်တိုးမျိုးစပါးကို စမ်းသပ်စိုက်ပျိုးသော တောင်သူဦးဇော်ဝမ်း၏လယ်ယာမြေမှာ နန်းမားဒေသ၊ လယ်မှီးကျေးရွာအုပ်စု၊ ကွင်းကြီးရွာမြောက် ကွင်းအမှတ်(၂၆၈)၊ ဦးပိုင်အမှတ်(၁၉) တွင် လယ်မြေဧက(၂၀)အနက် စမ်းသပ်စိုက်ပျိုးမှုအဖြစ်(၂)ဧကကို ဗီယက်နမ်အထွက်တိုးမျိုးစပါး(၁)တင်းဖြင့်စတင်စိုက်ပျိုးခဲ့ကြောင်း၊ ယင်းမျိုးစပါးတစ်တင်းကို ၂၅၀၀၀ကျပ်ဖြင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရေကြည်ကျေးရွာနေ ကိုမောင်မျိုးထံမှဝယ်ယူခဲ့ကြောင်းသိရသည်။ (အဆိုပါစပါးမျိုးရရှိပုံကို ကိုမောင်မျိုးမှအခုလိုပြောပြသည်မှာ ``ကျွန်တော့မိတ်ဆွေ ရွှေဘိုကကိုဇော်မင်းနိုင်က ရွှေဘိုမြို့နိုဘယ်ဟက်ခန်းမဆောင်မှာ ၂၀၁၃ ခုနှစ်က ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံစိုက်ပျိုးရေးဋ္ဌာနကအထွက်တိုးစပါးစိုက်ပျိုးရေးတောင်သူအသိပညာပေးဟောပြောပွဲကနေလေ့လာပြီး နမူနာစမ်းသပ်စိုက်ပျိုးဘို့အတွက် ဗီယက်နမ်အထွက်တိုးစပါးမျိုး တစ်နှံ စပါးစေ့(၁၄၀၀)ခန့်ကိုယူခဲ့ပြီး ကျွန်တော်တို့ရေကြည်ရွာကျွန်တော့လယ်မှာ စိုက်ပျိုးခဲ့တာ အပင်(၈၀၀)ရတယ် အဲဒီကနေစိုက်ပျိုးလိုက်တာ စပါး၎တင်းရပါတယ် အဲဒီကနေအခုကွင်းကြီးရွာကတောင်သူဦးဇော်ဝမ်းကိုတစ်တင်း နောက်ပြီးကျော်တောရွာကိုတစ်တင်းမျှဝေခဲ့တာပါ ဒီနှစ်မှာပထမဦးဆုံးကချင်ပြည်နယ်မှာ စတင်စမ်းသပ်စိုက်ပျိုးခဲ့တာပါဟု ဗီယက်နမ် အထွက်တိုး စပါးမျိုးစေ့ဖြန့်ဝေပေးသူ ကိုမောင်မျိုးကပြောသည်။) ယခုအခါအဆိုပါဗီယက်နမ်အထွက်တိုးစပါးကို သိပ္ပံနည်းမပါ ပုံမှန်စိုက်ပျိုးနည်းအတိုင်စိုက်ပျိုးခဲ့ရာ စပါးအနှံများမှာယခင်စပါးပင်များနှင့်မတူ လှပဝေဆာစွာဖြင့်အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း၊ ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုမရှိ စေရန်အတွက် ယာယီတဲထိုးကာရိတ်သိမ်းချိန်အထိ အထူးစောင့်ရှောက်လျက်ရှိကြောင်း၊ လေ့လာသူများ၊ မျိုးစပါးကိုကြိုတင်အော်ဒါပေးကာမှာယူသူများ ဖြင့်နေ့စဉ်စည်ကားလျက်ရှိကြောင်း၊ ၄င်းမျိုးစပါးတစ်တင်းလျှင်ကျပ် (၃၀၀၀၀ိ/) ဖြင့်တောင်သူတစ်ဦးလျှင် ၁တင်း၊ ၂တင်း စသဖြင့်ခွဲဝေရောင်းချပေးမည်ဖြစ်ရာ ကြိုတင်အော်ဒါမှာယူသူများမှာ ဦးရေ (၂၀၀)ခန့်ထိရှိကြောင်း ဖခင်ဖြစ်သူဦးတင်မြင့် ကွင်းကြီးကျေးရွာနေသူကပြောပြသည်။ ``ဒီစပါးမျိုးကရေကိုအခြားစပါနဲ့မတူဘူး ရေကိုပိုကြိုက်ပါတယ် စပါးနှံကိုညွှတ်အောင်သီးလို့အပင်မနိုင်ဘဲ လဲတယ်ဆိုတာမရှိပါဘူး၊စိုက်ပျိုးတဲ့နေရာမျာလည်း ကောက်ပင်ကို နှစ်ပင်၊ သုံးပင်ဘဲစိုက်ရတယ် ပင်ပွါးနှုန်းကလည်းမြန်ပါတယ်၊ မနေ့က မိုးညှင်းခရိုင်က စိုက်ပျိုးရေးဦးစီးဋ္ဌာန ခရိုင်ဦးစီးမှူးအဖွဲ့ရောက်လာပြီး ကြည့်ရှုစစ်ဆေးခဲ့ပါတယ်၊ စပါးတစ်နှံကိုရေတွက်ကြည့်လိုက်တော့အဆံပြည့်စပါးစေ့(၁၂၅၀)ခန့် ရှိတာမို့ တစ်ဧကကို တင်း(၂၀၀)နှင့် အထက်ကိုထွက်နိုင်ပါတယ်``လို့ ခန့်မှန်းကြောင်း တောင်သူဦးတင်မြင့် ကပြောသည်။ ကျန်လယ်၁၈ဧကတွင် ဆင်းဧကရီ(၃)စပါးမျိုးကိုသာစိုက်ပျိုးသော်လည်း ယင်းစပါးတစ်နှံတွင် ပှံမှန်စပါးစေ့မှာ (၄၀၀)ခန့်အထိသာထွက်ကြောင်း၎င်းမှပြောသည်။ ဗီယက်နမ်အထွက်တိုးစပါးများရိတ်သိမ်းပြီးပါက မျိုးစပါးစောင့်ယူမည့်တောင်သူမှာများပြားကြောင်း ၄င်းတို့အထဲမှ ၀ီရိယကြီးစွာစောင့်ဆိုင်းကာ မျိုးယူကြမည့် တောင်သူများ ဖြစ်သည့်အင်းတော်ကြီးဒေသ လုံးစန့်ကျေးရွာနေဦးမြင့်ထွန်း၊ ဦးအောင်မျိုးညွှန့်၊ ဦးပွကြီး၊ ဟဲပါးရွာနေဦးသိုက်ဝင်းတို့ကလည်း ကြိုတင်စရံငွေပေးကာမှာယူကြောင်းသိရသည်။ ``ကျွန်တော်တို့က ဒီစပါးမျိုးကိုမရမှာစိုးလို့ တစ်တင်းကိုကျပ်သုံးသောင်းနဲ့ နှစ်တင်းဘိုးစရံငွေ (၆၀၀၀၀)ပေးထားတယ်၊ ဒီထက်ပိုယူလို့လဲမရဘူး၊ ဒီစပါးမျိုးကိုမရရင် ခေတ်နောက်ကျသွားနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော့တစ်သက်မှာ ဒီလောက်လှတဲ့စပါးနှံပင်မျိုးကိုမတွေ့ဘူးသေးလို့ပါ၊ ဘယ်စပါးမျိုးဘဲဖြစ်ဖြစ် အထွက်နှုန်းတိုးမယ်၊ စားလို့လည်းကောင်းမယ်၊ ကိုယ့်ရေ မြေနဲ့လည်းကိုက်ညီမယ်၊ စီးပွါးရေးဈေးကွက်လည်းကောင်းမယ် ဆိုရင်ဘယ်နိုင်ငံကဘယ်လိုစပါးမျိုးဘဲဖြစ်ဖြစ်၊ ဘယ်နေရာမှာဘဲရှိနေပါစေ ရအောင်ယူပြီးစိုက်ရမှာပါ၊ ဒါမှကျွန်တော်တို့တောင်သူတွေခေတ်မီတိုးတက်မှာပါ၊ ဒီစပါးမျိုးက ဗီယက်နမ်နိုင်ငံမှာ တင်း(၃၀၀)ကျော်ထွက်တယ်လို့သိရပါတယ်၊ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ဒေသမှာတော့ တစ်ဧကကိုတင်း(၂၀၀)ကျော်ထွက်ရင်တော့တောင်သူတွေမြေကြီးကရွှေသီးပြီပေါ့ဗျာ``ဟုလုံးစန့်ရွာ တောင်သူကြီးဦးအောင်မျိုးညွှန့်ကပြောသည်။  အဆိုပါဗီယက်နမ်အထွက်တိုးစပါးကို ရင့်မှည်ချိန်တွင် စံကွက်ချပြီးစနစ်တကျရိတ်သိမ်းကာ စပါးအလေအလွှင့်မရှိအောင်တိုင်းတာချိန်တွယ်ခြင်း၊ အထွက်နှုန်းစံချိန်စံညွှန်းနှင့်ကိုက်ညီမှုရှိ မရှိကိုလုပ်ဆောင်ကာ တောင်သူပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုးညှင်းခရိုင်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဋ္ဌာန စိုက်ပျိုးရေးဦးစီးဋ္ဌာန၊ ခရိုင်ဦးစီးမှူး ဦးစိန်မြင့်ထံမှသိရသည်။

မော်လူး ဒေသသားတွေ ဆိုတေး ပုန်းညက်ဖြူ ပိုင်သက်ကျော် တို့ကို အားပေးလိုက်ကြပါအုန်း

ကဲ နို့ဆီ ကို စားအုန်းဆီ နဲ့ ချက်နေတယ်တဲ့ ဟုတ်ကော ဟုတ်ရဲ့လားဗျာ

အံ့သြစရာတစ်ခု မထင် မှတ်ပဲ သိခဲ့ရတယ်။နို့ဆီကိုဘယ်ကရသလဲတဲ့။ မဆိုင်းမတွဖြေ လိုက်တယ် နွားနို့ကရတာပေါ့ လို့။လုံးဝမဟုတ်ဘူးတဲ့။စားအုန်းဆီကရတာတဲ့ ဟုတ်လို့လားလို့အံ့သြတကြီးမေးလိုက်တယ် fill pounder,နို့မှုန့်အနည်းငယ်နဲ့ ဈေးကွက်တွင်ရောင်းရန်အရည်အ သွေး မမှီသောစားအုန်းဆီဖြင့်ပြုလုပ်ထားကြောင်း နို့ဆီချက် ရန် စားအုန်းဆီပေပါများ ကွန်တိန်နာဖြင့်လာချကြောင်း။အန္တရာယ် ရှိ၍မစားသုံးရန် နို့ဆီစက် ရုံတွင် အလုပ်လုပ်နေသူတစ်ဦးကသူ့ ဆွေမျိုးမိတ်သင်္ဂံဟများကိုလိုက်လံသတိ ပေးပါသည်။နို့ဆီကိုချိုသာသောဈေးနှုန်း ဖ်ြင့်  များစွာထုတ်နိုင် ပါ သည်။ သို့သော် မြန်မာနိုင် ငံတွင် နွား မွေမြူရေးဇုံ အလုံအလောက်မရှိပါ။ ရှားပါးသော နွားနို့မှ ဈေးနှုန်းချိုသာ နို့ဆီထုတ် ရန် မဖြစ်နိုငှ် မှန်း ကောင်းစွာနားလည်လိုက်ပါပြီ ဒီသတင်းကြားပြီး ပြည်သူများ အတွက်စိုးရိမ်သွားပါသည်။facebook friendများအားလုံးမိမိဆွေမျိုးမိတ်ဆွေအားလုံးကိုshareပေးပါ။ယခုခေတ်တွင် အသက်၂၀ကျော်လူငယ်များတွင် သွေးတိုးရောဂါတွေ့နေရပါပြီ။လေဖြတ်တာတွေ လဲဖြစ်နေကြပါပြီ။ သွေးတွင်း cholestol ကိုအဆမတန်တက်စေပြီး သွေကြော များ ကျဉ်းစေ ပိတ်စေ သော နို့ဆီက အသံတိတ်လူသတ်သမားဖြစ် မှန်းသိသူ အလွန်နည်းမည်ထင် ပါသည်။ ဘယ်သူသေ သေ င တေ မာ ပြီး ရော ဆိုတဲ စီးပွားရေးသမားတွေဟာ ဘယ်သူတွေလဲ ဆိုတာ အားလုံးသိကြမှာပါ။့်admin -mmt facebook မှကူးယူသည်။

Tuesday, October 14, 2014

အင်းတော်တွင် ရေဘေး ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွား ပြgန်ပြီ

အင်းတော်မြို့နယ်၊အောင်ချမ်းသာရပ်ကွက်တွင် ၁၅့ ၁၀့ ၂၀၁၄ရက်နေ့နံနက် ၃း ၁၅ တွင်မီးလောင်မူ့ဖြစ်ပွါးနေအိမ်ပိုင်ရှင်မှာဒေါ်ခင်ကြည်ဖြစ်ကြောင်းသိရှိရပြီးလောင်ကျွမ်းသွားသောအိမ်မီးဖိုချောင်မှာထရန်ကာသက္ကယ်မိုးဖြစ်ကြောင်းသိရှိရပါသည်။ အင်းတော်သားတစ်ဦး

Monday, October 13, 2014

ခွးတစ်ကောင်ကိုခဲနှင့်ပစ်လိုက်လျှင် ထိုခွေးက ခဲကိုလိုက်ကိုက်သည်။ ခြင်္သေ့တစ်ကောင်..

ခွးတစ်ကောင်ကိုခဲနှင့်ပစ်လိုက်လျှင် ထိုခွေးက ခဲကိုလိုက်ကိုက်သည်။ ခြင်္သေ့တစ်ကောင်ကို ခဲနှင့်ပစ်လိုက်လျှင် ခြင်္သေ့က ခဲကိုဂရုမစိုက်ဘဲ ခဲလာရာ အရပ်ကို လှမ်းပြီးစူးစမ်းကြည့်သည်ဟု မှတ်သားရဖူးပါသည်။ ဆိုလိုသည်က တစ်စုံတစ်ခုသော ဖြစ်လာမှုအကျိုး တရားကိုတွေ့လျှင် ဖြစ်ပေါ်စေသည့် အကြောင်း တရားကို ရှာဖွေတတ်သည့် စူးစမ်းမှု၊ ရှာဖွေ နိုင်သည့် စွမ်းရည်ကိုပင်လျှင် “ပညာ”ဟု ကျွန်တော် ယူမှတ်မိပါသည်။ - ဆရာအောင်သင်း

“မနာလိုစိတ်၏ ဆိုးကျိုး

“မနာလိုစိတ်၏ ဆိုးကျိုး” •••••••••••••••••••••••••••••• လောကလူတွေဟာ ကိုယ်နဲ့ ပြိုင်ဘက်ဖြစ်စေ၊ ကိုယ့်အိမ်နီးနားချင်းဖြစ်စေ၊ ကိုယ့်အသိထဲကဖြစ်စေ၊မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ၊ကိုယ့်ထက်သာသွားလို့ရှိရင် ဝမ်းသာနိုင်ခဲတယ်။ဝမ်းမသာကြဘူး။ ဘာ့ကြောင့် ဝမ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။ အဲဒီ jealousy ဆိုတဲ့ သဘောတရားဟာ သူတစ်ပါးအောင်မြင်မှုနဲ့ ပတ်သက်ပြီး၊ စိတ်ထဲမှာ ပျော်မွေ့မှုမရှိဘူး။ အဲဒါလည်း စိတ်ရဲ့ emotion တစ်ခုပဲ။ အဲဒီအရာတွေ ဖြစ်လာပြီဆိုရင် jealousy တွေ ဖြစ်တယ်။ ထို jealousyတွေ လွှမ်းမိုးလာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ သူများကိုတောင် အန္တရာယ် ပြုတတ်တယ်။ တစ်ခါတုန်းကကြားဖူးကြပါလိမ့်မယ်။ အမေရိကန်နိုင်ငံမှာ စကိတ်စီးတဲ့အမျိုးသမီး ချန်ပီယံတစ်ယောက်၊ဒီအားကစားမှာ သူကထူးချွန်လို့ သရဖူဆောင်းထားတဲ့ ပုဂ္ဂိုလ်၊ နောက်ထပ် အမျိုးသမီး အားကစားသမား တစ်ယောက် ပေါ်လာတယ်။ စကိတ်စီးပြိုင်ပွဲမှာ သူနဲ့ ယှဉ်ပြိုင်လိမ့်မယ်။ သူ့ရဲ့သရဖူကို လုတော့မယ်။ သူ့ နေရာကို ယူတော့မယ်ဆိုတာကို မခံနိုင်ဘူး။ ဒါ့ကြောင့် လူဆိုးကိုပိုက်ဆံပေးငှားပြီး၊ အဲဒီအမျိုးသမီး ခြေထောက်ကို ရိုက်ချိုးခိုင်းတယ်။ ဒါ လောကမှာ တကယ်ဖြစ်ခဲ့တာ။ True Story တကယ့်အစစ်အမှန်ဖြစ်တယ်။ အဲဒါမျိုးဟာ ဘာ့ကြောင့်ဖြစ်တာတုန်း ဆိုလို့ရှိရင် Jealousy ကြောင့်ပေါ့။ -【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

Friday, October 10, 2014

ဟဲနုကျေးရွာ တွင် သက်ကြီးပူဇော်ပွဲကျငိးပ

ဟဲနုကျေးရွာ သက်ကြီးပူဇော် ကန်တော့ပွဲ ဓာတိပုံလေးပါ

Thursday, October 9, 2014

မော်လူး သီတင်းကျွတ် ပွဲတော်ကို အရောငိဆိုးခဲ့သူများ နှင့် ခိုင်းမှလုပ်တတ်သောတာဝန်ရှိသူများ

၁၀ စု နှစ် တစ်ခုအတွင်း ယခုနှစ်သည် အရောင်ဆိုးသူများ facebook စကားအရ ဆေးထိုးသူများ ပျော်ရွှင်လှုပ်ရှား ကားတိုက်ခဲ့ကြသော်လည်း မိသားစု အလိုက် ခြေလျငိလျှောက် လှည့်ပတ်သူများ နည်းသွားကာ ဗျောက်အိုးရောင်းချသူများ ခွင်မိသော နှစ်ဖြစ်ခဲ့သည်။ adm-mmt

အင်းတော်မြို့နယ်တွင်ကလေးဗဟိုပြုသင်ယူချဉ်းကပ်မှုဆိုင်ရာမြို့နယ်အဆင့်နည်းပြသင်တန်းဖွ

အင်းတော်မြို့နယ်တွင်ကလေးဗဟိုပြုသင်ယူချဉ်းကပ်မှုဆိုင်ရာမြို့နယ်အဆင့်နည်းပြသင်တန်းဖွင့် မော်လူး အောက်တိုဘာ ၉ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်၊မော်လူးကျေးရွာအုပ်စု၊ အုန်းဒုတ်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် အောက်တိုဘာ ၉ရက်နံနက် ၉နာရီအချိန်ကမော်လူးဒေသအတွင်းရှိထက်၊လယ်၊မူကျောင်းများမှမူလတန်းပြဆရာဆရာမများအားကလေးဗဟိုပြုသင်ယူချဉ်းကပ်မှုဆိုင်ရာမြို့နယ်အဆင့်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနာကိုကျင်းပပြုလုပ်ရာအင်းတော်မြိုနယ်ဒုမြို့နယ်ပညာရေးမှူးဦးသိန်းဆွေဝင်းသင်တန်းကြီးကြပ်ရေးမှူးဒေါ်သီသီဝင်းနှင့်သင်တန်းနည်းပြဆရာ၊ဆရာမများပညာရေးအုပ်စုခေါင်းဆောင်ဆရာကြီးဆရာမကြီးများသင်တန်းသားမူလတန်းဆရာ၊ဆရာမ(၁၄၀)ဦးခန့်တက်ရောက်ကြသည်။ အခမ်းအနားတွင်ဒုမြို့နယ်ပညာရေးမှူးဦးသိန်းဆွေဝင်းကအမှာစကားပြောကြားရာတွင်CCAခေါ်ကလေးဗဟိုပြုသင်ကြားခြင်းကို၂၀၁၅တွင်မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိခေတ်စနစ်နှင့်လျော်ညီစွာသင်ကြားမှုပြောင်းလဲသွားမည်ဖြစ်ရာကလေးများစာပေတတ်မြောက်မှုတစ်ခုတည်းသာမကအတွေးအခေါ်မြင့်မားလာမှုပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာထိတွေ့ခံစားတတ်မှုများရှိလာစေရန်ကလေးဗဟိုပြုသင်ကြားမှုများတွင်စိန်ခေါ်မှုများရှိလာနိုင်ကြောင်းထိုစိန်ခေါ်မှုများအပေါ်ကျော်လွှားနိုင်ပြီးအောင်မြင်မှုရရှိစေရန်အတွက်နည်းစနစ်၊နည်းပညာရပ်များကိုစိတ်ရောကိုယ်ပါသင်ယူသွားကြရန်လိုအပ်ကြောင်းCCAနည်းစနစ်အောင်မြင်မှုသည်ဆရာဆရာမများ၏စေတနာနှင့်အပင်ပန်းခံနိုင်မှုတို့တွင်အဓိကကျကြောင်းပြောကြားပြီးသင်တန်းကြီးကြပ်ရေးမှူးဒေါ်သီသီဝင်းကမြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်ကလေးဗဟိုပြုသင်ကြားနည်းကို၉၀%အောင်မြင်အောင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ဆရာမများအနေဖြင့်ရှေးဟောင်းသင်ကြားနည်းများဖြစ်သောဆရာဗဟိုပြုသင်ကြားနည်းကို စွန့်လွှတ်ပြီးကလေးဗဟိုပြုသင်ကြားနည်းအဆင့်သို့ပြောင်းလဲကြရန်ယခုလိုသင်တန်းပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ထို့နောက်ကလေးဗဟိုပြုသင်ကြားနည်းဖြင့်မူလတန်းကျောင်းသား/သူများကိုသင်ကြားပြသခဲ့ ပြီးသင်တန်းကာလမှာ(၁၀)ရက် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်

Tuesday, October 7, 2014

၎ တန်း နှင့် ၈ တန်း ဒီဇင်ဘာ စာမေးပွဲကို ဘုတ်စစ် စစ်ဆေးမည်တဲ့

အကြိုလေ့ကျင့်သည့် အနေဖြင့် ၄တန်းကို ခရိုင်စစ် ၈ တန်းကို တိုင်းစစ် ဒီဇင်ဘာ အစမ်းစာမေးပွဲကို စစ်မည်ဟု သတင်းတွင် ဖတ်ရပါကြောင်း

Monday, October 6, 2014

နန့်ဒရန့် ချောင်း ကွင်းလမ်း တံတာ ပြီးစီး

နန့်ဒန်ရကွင်းလမ်းတံတားမနေ့တုန်းကဆောက်လုပ်ပြီးစီးသွားပါသည် ******************************

facebook mawlu news page တွင် အကူအညီတောင်းလာ သော ပေါက်ကွဲသံ နှင့် တတ်နိုင်သလောက် သက်ဆိုင်သူများ သိနိုင်ရန်

mawlu news page မှာ အကူအညီတောင်းထားသူ ခင်ဗျာ ဖုန်းနံပါတ် 07529016 အင်းတော်စည်ပင်ရုံး ကို အကြောင်းကြား လိုက်ပါ -------------------- လုပ်ပါအုံး ဈေးပေါက်ဝက တုံးကြီးကတော့ ဘယ်လိုမှဈေးသည်တွေ အတွက် အဆင်မပြေပါဘူး ကျွန်တော်ရောက်ဖူးတဲ့ ကသာ မိုးညှင်း ဈေးတွေတောင် မှ အဲ့လို မလုပ်ထားဘူး သူတို့တွေတောင် တွန်းလှည်း ဆိုင်ကယ်တွေ ဝင်နေကြတာဘဲ မော်လူးမှာ မှ လုပ်လိုက်ရင် စောက်တလွဲ တွေကြီးဘဲ မော်လူးဈေးက နာရီပိုင်းဘဲ ရောင်းရတဲ့ ဈေး ပေါက်စ လေးပါဗျာ အချိန်တို အတွင်း မှာ ဈေးသူ ဈေးသားတွေ အဆင်ပြေပြေလေး ဈေးရောင်းရမှပေါ့ ဗျာ အိမ်က ပစ္စည်းဆိုင်ကယ်နဲ့ သယ်ခဲ့ရင် eg. ဆားအိပ် သကြားအိပ် ဆီပုန်း ဆိုရင် ဈေးပေါက်ဝ နဲ့ ဝေးတဲ့ ဆိုင်တွေဆို ဘယ်လိုပ်ပြီ သယ်နိုင်မှာလဲ ဗျာ အခု သီတင်းကျွတ်ကို ဈေးသည်တွေ က သုံးဘီနဲ့ ပစ္စည်းပို့ တယ် ဗျာ တုံးကြီးပိတ်ထားတော့ ဘယ်လို သယ်မလဲ ပစ္စည်း သယ်ရတာနဲ့ ဈေးကကွဲရော လှည်း ဆိုင်ကယ် သုံးဘီးတော့ စက်ဘီး ဈေးသူ ဈေးသားတွေ အသုံးပြုနေတဲ့ ပစ္စည်းတွေ့တော့ မဝင်နဲ့တဲ့ ဈေးသူ ဈေးသားတွေကို ဈေး ပတ်ဝန်းကျင်ကို ရှပ်ဆိုစေ တဲ့ နွားတွေတော့ ဝင်လိုက်ထွက်လိုက်နဲ့ဗျာ လုပ်ပုံကတော့ မဟုတ်သေးပါဘူး

Sunday, October 5, 2014

ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ်များ

ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ်များ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်မင်္ဂလာအခါတော်နေ... ငြိမ်းလဲ့'s Facebook Wall / ငြိမ်းလဲ့ ********************** ဗုဒ္ဓဘာသာဝင်တို့ အတွက် နေ့ထူးနေ့မြတ်များ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်မင်္ဂလာအခါတော်နေ့ ကဆုန်လပြည့်နေ့ ဗုဒ္ဓအခါတော်နေ့ နယုန်လပြည့်နေ့ မဟာသမယအခါတော်နေ့ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ဝါဆိုလပြည့်ကျော်(၅)ရက်နေ့ အနတ္တလက္ခဏအခါတော်နေ့ ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့ နိုင်ငံတော်ဘာသာနေ့ တော်သလင်းလပြည့်နေ့ ဂရုဓမ္မအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ နတ်တော်လပြည့်နေ့ ဓမ္မစာဆိုတော်များနေ့ ပြာသိုလပြည့်နေ့ ရှင်တစ်ထောင်အခါတော်နေ့ (အမေ နေ့) တပို့တွဲလပြည့်နေ့ သြဝါဒပါတိမောက်အခါတော်နေ့ တပေါင်းလပြည့်နေ့ မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ (အဖေ နေ့

ပျိုပျိုအိုအို အမျိုးသမီးများ သွားသတိ လာ သတိ တရားမှတ်ခြင်းမဟုတ် တဲ့ အသက်အန္တရာယ်သတိ

ကသာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်မွှန်းပြီး ကြိုးတုပ်ကာ အဓမ္မပြုကျင့်သူ အမျိုးသားကို ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထား စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာ မြို့နယ်တွင် အသက် ၃၃ နှစ်အရွယ် ရှိ အမျိုးသမီး တစ်ဦးကို ဓားဖြင့်မွှန်း ကာ ကြိုးတုပ်ပြီး အဓမ္မပြုကျင့်သူ အမျိုးသားကို သက်ဆိုင်ရာမြို့နယ် ရဲစခန်းက ပုဒ်မသုံးခုဖြင့် အမှုဖွင့်အ ရေးယူ ထားကြောင်း အောက်တိုဘာ လ ၁ ရက်က ကသာမြို့မရဲစခန်းမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်၊ ညနေ ၃ နာရီခန့်က စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မလွဲ ရွာတွင်နေထိုင်သူ အသက် ၃၃ နှစ် အရွယ် ရှိ အမျိုးသမီးတစ်ဦးသည် ကသာမြို့ပေါ်ရှိ ဘဏ်သို့လာရောက် ကာ ကျောက်ဆည်မြို့နယ်တွင်နေ ထိုင်သော မောင်ဖြစ်သူထံ ငွေ လွှဲပြီး နောက် နေအိမ်အပြန် ကသာမြို့နယ်၊ ဟဲနားရွာအနီး တောလမ်းခရီးတွင် အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးက နောက်မှလိုက်လာကာ ထိုးကြိတ် ရိုက်နှက်ပြီး နွယ်ကြိုးများ ဖြင့် သစ်ပင်တွင်ချည်နှောင်ကာ အဓမ္မပြုကျင့်ခဲ့သည် ဆို၏။ ထိုသို့ အဓမ္မပြုကျင့်ခံရသော အ မျိုးသမီးမှာ တစ်ညလုံး တစ်ဦးတည်း ကျန်ခဲ့ပြီး သတိပြန်လည်လာချိန် အော်ဟစ်အကူအညီတောင်းခဲ့သော ကြောင့် စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၅ နာရီခန့်တွင် ဟဲနားကျေး ရွာမှ ထင်းခုတ် သမားများနှင့်တွေ့ရှိ ခဲ့ပြီး ၎င်းကိုကယ်ဆယ်ကာ ရဲတပ်ဖွဲ့ ကို သတင်းပေး ခဲ့ကြောင်း၊ ယင်း နောက် အဓမ္မပြုကျင့်ခဲ့သူ၏ ပုံပန်း သဏ္ဍာန်ကို ၎င်းအမျိုးသမီး ကိုမေး မြန်းရာ စက်တင်ဘာလ ၂၉ ရက်၊ ညနေ ၃ နာရီတွင် ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဟဲနားကျေးရွာတွင် သက်သေခံဓားနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။ အဆိုပါ အမှုအခင်းနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအမျိုးသားကို ပြစ်မှုဆိုင်ရာ မှုခင်းအမှတ်(ပ)၂၀၀/၂၀၁၄၊ ပုဒ်မ ၃၄၂/၃၂၆၊ ၃၇၆ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မူခင်းသတင်း - ရာစုသစ်

Friday, October 3, 2014

ပျားတုတ် ခံရပြီဆိုရင် သိထားသင့်သော ဆေးမြီးတိုများ

အပင်တွေနားသွားရင်း၊ လာရင်းပဲ ဖြစ်ဖြစ် အခန့်မသင့်တဲ့အချိန်တစ် ချိန်ချိန်မှာ ပျားတုပ်ခံရဖူးမှာပါ။ အဆိပ်ကြောင့် အရေပြားဆဲလ် သာမက ကိုယ်ခံစွမ်းအားကိုပါ ထိခိုက်တဲ့အတွက် နာရီအနည်း ငယ်လောက်တော့ နာကျင်တဲ့ ဒဏ်ကိုပြင်းပြင်းထန်ထန်ခံရပါ တယ်။ ဒါကြောင့် ပျားတုပ်ခံရရင် ဘာလုပ်ရမှန်းမသိမဖြစ်ရလေ အောင် နည်းလမ်းလေးတချို့ကို ဖော်ပြပေးချင်ပါတယ်။ ပျားတုပ်ခံရတဲ့အနေအထား ပေါ်မူတည်ပြီး အနီစက်ကလေး လောက်နာကျင်မှုကနေ နာကျင် ယားယံတာတွေ၊ မူးဝေအော့အန် တာတွေ၊ အသက်ရှူကျပ်လာတာ မျိုးတွေအထိပါ ဖြစ်တတ်တာ ကြောင့် မပေါ့ဆသင့်ပါဘူး။ ပျားတုပ်ခံရတာနဲ့ အဆိပ် တွေမပြန့်သွားအောင် ဆပ်ပြာနဲ့ အမြန်ဆုံးဆေးပေးရပါမယ်။ ရေ ခဲအဆင်သင့်ရှိရင်လည်း အဝတ် နဲ့ထုပ်ပြီး အတုပ်ခံရတဲ့နေရာကို အနည်းဆုံးမိနစ် ၂၀ လောက်ကပ် ပေးနိုင်ပါတယ်။ နောက်ပြီး သွား တိုက်ဆေးနဲ့လည်း သုတ်လိမ်း ပေးနိုင်ပါတယ်။ ပျားရည်ရှိရင်လည်း သုတ် လိမ်းပေးနိုင်သလို အာလူးကိုခပ် ပါးပါးလှီးပြီးတော့ ဒဏ်ရာရှိတဲ့ နေရာကို အုပ်ပေးနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ်ရှားစောင်း လက်ပပ်ဂျယ်နဲ့လည်း လိမ်းပေး နိုင်ပြီး တရုတ်နံနံရွက်တို့၊ ပင်စိမ်း ရွက်တို့ကို ကြိတ်ချေပြီးတော့လည်း အုံပေးနိုင်ပါတယ်။ နောက်ပြီး သင်္ဘောသီးတို့၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အနှစ်ဖြစ်အောင်လုပ်ပြီး ပျားတုပ်ဒဏ်ရာကိုကပ်ပေး နိုင်ပြီး မုန့်ဖုတ်ဆော်ဒါမှုန့်ကို ခပ်ပျစ်ပျစ်ဖျော်ပြီးတော့ သုတ်လိမ်းရင် အနာဆိပ်တက်ပြီး ရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။ ပျားကော်လို့လည်းခေါ်ကြတဲ့ ဆေးဖက်ဝင်လိမ်းဆေးကို ဆောင်ထားရင်လည်း လိမ်းပေးနိုင်ပါတယ်။ ပျားတုပ်မခံရလေအောင် အရောင်တောက်တောက်တွေ၊ ပန်းပွင့်ပုံပါတဲ့အဝတ်အစားဝတ် တာမျိုးတွေ၊ ပျားအုံတွေနားသွား ခြင်းကနေ ရှောင်တာမျိုး၊ ရေမွှေး ဆွတ်ထားတာ(ဒါမှမဟုတ်)အမွှေးနံ့ပြင်းပြင်းပစ္စည်းတွေနဲ့ ပျားအုံနားသွားတာမျိုးတွေရှောင်ရပါ မယ်။ ဖြစ်ဖြစ်ချင်းမှာ အိမ်မှာ အသင့်ရှိနေတဲ့ပစ္စည်းတွေနဲ့ နာ ကျင်သက်သာအောင် လုပ်နိုင် သလို အခြေအနေပြင်းထန်ခဲ့ရင် လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်း ကို အမြန်ပြသဖို့လည်း လိုအပ်ပါ တယ်။ —Ref: homeremedyshop.com

Thursday, October 2, 2014

ရေထွက်ပေါက် မရှိသော မော်လူးဈေးအတွက် facebook မှ သရော်စာ

စည်ပင်သာယာဈေး ထဲ ဆိုက်ကား သုံးဘီး မဝင်ရ. . လက်တွန်းလှညိးဆိုဒ်မျိုးစုံ ဝင်ထွက်သွားလာနိုင်သည်. . အကြောင်းမှာ ရုံအမှတ်၁ ရှေ့ ကျောက်ထုပ်လမ်းမပျက်စီးစေရန် ဖြစ်ကြောင်းးးး ဆိုက်ကားတာယာ သုံးဘီးတာယာ များသည် လေပါ ပါသဖြင့် သွားလာ ရန်မသင့်ကြောင်းးး လက်တွန်းလှည်းများမှာမူကားးးး သံဘီးတပ် ..သစ်သားဘီးတပ်များ ဖြစ်လေသဖြင့် လမ်း ပျက်စီးနိုင်မှု မရှိနိုင်ပါသဖြင့် အသုံးပြုနိုင်ကြောင်းးးး သို့ပါ၍ ဈေးပေါက်အဝင်တွင် တွန်းလှည်းဘီးရာ ပေါက်မှလွဲပြီး ကျန် သယ်ယူရေးယာဉ် ကြီးငယ်မရွေး ဝင်ရောက်ခြင်းမပြုရန် သစ်တုန်းများဖြင့်ပိတ်ဆို့ထားခြင်း ဖြစ်ရပါကြောင်းးး အသိပေးအပ်ပါသည်ခင်ဗျားးးး ===========

အင်းတော်မြို့ ဌာနဆိုင်ရာ ဖုန်းနံပါတ်နှင့် ဈေးဆိုင်များ၏ ဖုန်းနံပါတ် APK zip ဖိုင်လေးပါ

အင်းတော် မြို့နယ် ပြည်သူများ ဆောင်ထားသင့်ပါသည်။ ဒီမှာ ဒေါင်းလိုက်ပါ။

Telenorဖုန်းနဲ့ Facebook Photo Lock ကျော်ဖြတ်ခြင်းနိုင်ပြီ facebook အကောင့်လည်း အလွယ်တကူ ဖွင့်လို့ရပြီတဲ့

Facebook မှာ Photo တွေရွေးခိုင်းတဲ့ Photo Verification lock ကျသွားရင်ကျော်ဖြတ်နည်းဖြစ်ပါတယ်။ အရင်နည်းတွေပါပဲ။ ခုကျွန်တော်တို့ နိုင်ငံမှာ ချထားပေးတဲ့ Telenor ဆင်းကဒ်တွေက international SMS စနစ်ပါဝင်တဲ့အတွက် Facebook မှ ကုဒ်ပို့ပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းနံပါတ်နဲ့လည်း Account တွေဖွင့်နိုင်သလို့ identify လည်းလုပ်နိုင်နေပါပြီ။ ဖေ့ဘုတ် Phone နံပါတ်တောင်းတဲ့ lock ကျတာကို Telenor နံပါတ်လေးနဲ့ ကျော်နိုင်ပါပြီ။ Photo လော့ကျရင်တော့ ပုံမှန်အတိုင်းဆို ပုံတွေကို မှန်အောင်ပြန်ရွေးပေးရပါတယ်။ ဒါကလည်း တော်တော်မလွယ်တဲ့ကိစ္စပါ။ အဲဒီတော့ အရင်လူတွေရေးခဲ့တဲ့ Japan IP ကျော်ပြီး photo lock ကျော်ဖြတ်တဲ့နည်းလေးကို  သာမန်သုံးသူတွေပါနားလည်အောင်ပုံလေးတွေနဲ့PDF အဖြစ်ရေးသားလိုက်ပါတယ် အရင်ကတော့ photo လော့ကျော်ပြီးတာနဲ့  ကုဒ်ပို့မယ့် နံပါတ်ကို Text Plus, Text Free, Text Now, Talkatone, Pinger, Heywire, UppTalk စသဖြင့် apk တွေနဲ့ကျော်သုံးကြပါတယ်။နောက်ပိုင်းမှာ အဲကောင်တွေက ကုဒ်တွေလာတဲ့ကောင်လာ မလာတဲ့ကောင်မလာနဲ့ ရှုပ်လာပါတယ်။ခုခါမှာတော့ Telenor ကဒ်တွေဝင်ရောက်လာတာကြောင့် မိမိ ဖုန်းနဲ့ပဲ သေချာပေါက် ကျော်ဖြတ်နိုင်ကြပါပြီ။ ခုလိုကျော်ဖြတ်ပုံကို နားလည်လွယ်အောင် ရေးသားထားပါတယ် အောက်မှာ ဒေါင်းလုပ်ဆွဲလိုက်ကြပါ ဒီမှာ ဒေါင်းပါ။