Tuesday, April 28, 2015

ေမာ္လူးေဒသ ျပည္သူျပည္သားမ်ား သိသင့္ သိထိုက္ မွတ္သား ကူးရန္ယူ

၂၇.၄.၂၀၁၅ ရက္ေန႔ ျမန္မာ့အလင္း သတင္းစာ စာမ်က္ႏွာ ၂၅ ပါ ေၾကာ္ျငာ စာပါ

ေမာ္လူးေဒသ ျပည္သူျပည္သားမ်ား သိသင့္ သိထိုက္ မွတ္သား ကူးယူ အိမ္တြင္
ေဆာင္ထားထိုက္သည္ ထင္၍ ေဖၚျပလိုက္ပါသည္။

ေမာ္လူးေဒသသားမ်ား အားလံုး အားလံုး သိရွိၿပီး ဗဟု သုတ တိုးပြားေစရန္ share
ေပးလိုက္ပါအုန္း

က်သင့္အခြန္ထမ္းေဆာင္ၾကပါစို႔
************************
၁။ အခြန္ဆိုသည္မွာ ႏိုင္ငံႏွင့္ျပည္သူမ်ားအတြက္ ေဆာင္ရြက္ရမည့္ လုပ္ငန္းမ်ားအတြက္ အခြန္ဥပေဒႏွင့္
အညီေကာက္ခံေသာေငြပင္ ျဖစ္ပါသည္။
၂။ တစ္ဦးခ်င္းပုဂၢိဳလ္မ်ားသည္ စာပိုဒ္ ၃ ပါ အေၾကာင္းအရာမ်ားႏွင့္ တိုက္ဆိုင္၍ မိမိတို႔သည္ အခြန္
ထမ္းေဆာင္ထိုက္ေသာ ပုဂၢိဳလ္ ဟုတ္/မဟုတ္ ဆန္းစစ္လ်က္ အခြန္ထမ္းေဆာင္ထိုက္သူျဖစ္ပါက အခြန္
ထမ္းေဆာင္ႏိုင္ေရးအတြက္ မိမိတို႔ႏွင့္သက္ဆိုင္ရာ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမွဴးရံုးမ်ားသို႔ ဆက္သြယ္ၾကပါရန္
ႏိႈးေဆာ္အပ္ပါသည္။
၃။ အခြန္ထမ္းေဆာင္ထိုက္သည့္ တစ္ဦးခ်င္းပုဂၢိဳလ္။ ၂၀၁၅-၂၀၁၆ ၀င္ေငြႏွစ္တြင္ ေအာက္ပါ၀င္ေငြ
အမ်ိဳးအစားမ်ားရရွိၿပီး သက္ဆိုင္ရာ၀င္ေငြႏွစ္အတြင္း စုစုေပါင္းရရွိထားေသာ ၀င္ေငြအနက္မွ အေျခခံ
သက္သာခြင့္အျဖစ္ ဝင္ေငြ၏ ၂၀ ရာခိုင္ႏႈန္း (က်ပ္သိန္း ၁၀၀ ထက္မပို)၊ အတူေန မိဘတစ္ဦးလွ်င္
က်ပ္ ၁၀ သိန္းစီျဖင့္ သက္သာခြင့္၊ အတူေန/ စာရိတ္ေထာက္ပံ့ရသည့္ အိမ္ေထာင္ဖက္အတြက္
က်ပ္ ၁၀ သိန္း သက္သာခြင့္ (ယင္းအိမ္ေထာင္ဖက္သည္ ဝင္ေငြႏွစ္အတြင္း ဝင္ေငြခြန္ ထိုက္သင့္သည့္
ဝင္ေငြမရွိသူျဖစ္ရမည္။) သားသမီးမ်ားတစ္ဦးလွ်င္ ၅ သိန္းစီ သက္သာခြင့္ (အိမ္ေထာင္မရွိသည့္
၀င္ေငြခြန္ထိုက္သင့္သည့္ ၀င္ေငြမရရွိသည့္ အသက္ ၁၈ ႏွစ္ မျပည့္ေသးသည့္ (သို႔မဟုတ္) အသက္ ၁၈
ႏွစ္ျပည့္ၿပီးေသာ္လည္း ပညာသင္ၾကားလွ်က္ရွိေသာသူမ်ား) အခြန္းထမ္းႏွင့္ အိမ္ေထာက္ဖက္၏ အသက္
အာမခံအတြက္ ေပးရေသာ ပရီမီယံ၊ နည္းဥပေဒမ်ားျဖင့္ ျပ႒ာန္းထားသည့္ လူမႈဖူလံုေရးရန္ပံုေငြသို႔ထည့္၀င္
ေငြတို႔ကို ႏုတ္ပယ္ၿပီးခ်ိန္တြင္ က်ပ္သိန္း ၂၀ အထက္ ရရွိပါက အခြန္ဥပေဒအရ အခြန္ထမ္းေဆာင္ရပါမည္-
 (က) လစာရရွိသူ (လစာတြင္လုပ္ခ၊ ႏွစ္စဥ္ေၾကး၊ ပင္စင္၊ လစာႏွင့္ လုပ္ခအစား၊ သို႔မဟုတ္
  ယင္းတို႔အျပင္ ထပ္ေဆာင္းရရွိသည့္ အခေၾကးေငြ၊ ေကာ္မရွင္ ႏွင့္ အက်ိဳးခံစားခြင့္တို႔ပါ၀င္
  သည္။
 (ခ) အသက္ေမြးဝမ္းေက်ာင္းပညာလုပ္ငန္းမွ၀င္ေငြရရွိသူ (ဆရာ၀န္၊ သူနာျပဳဆရာမ၊ ေရွ႕ေန၊
  အင္ဂ်င္နီယာ၊ ဗိသုကာ၊ ရုပ္ရွင္ပညာသည္ ၊ သဘင္ပညာသည္၊ စာေရးဆရာ၊ ပန္းခ်ီဆရာ၊
  ပန္းပုဆရာ၊ စာရင္းကိုင္၊ စာရင္းစစ္၊ ေဗဒင္ဆရာ၊ ေက်ာင္းဆရာ စသည္....)
 (ဂ) စီးပြားေရးလုပ္ငန္း၀င္ေငြရရွိသူ (စီးပြာေရးလုပ္ငန္းဆိုသည္တြင္ ကုန္သြယ္မႈလုပ္ငန္း
  ကူးသန္းေရာင္း၀ယ္ေရးလုပ္ငန္း၊ ကုတ္ထုတ္လုပ္မႈလုပ္ငန္း၊ ယင္းလုပ္ငန္းမ်ား၏ သေဘာ
  သဘာဝပါဝင္ သက္ေရာက္မႈရွိေသာ လုပ္ငန္းမ်ားႏွင့္ ၀န္ေဆာင္မႈလုပ္ငန္းမ်ားအားလံုးပါ၀င္
  ပါသည္။)
 (ဃ) အျခားရလမ္းမွ ၀င္ေငြရွိသူ (အထက္ေဖၚျပပါ ၀င္ေငြေခါင္းစဥ္မ်ား။ အေျခပစၥည္းမွ
  ျဖတ္စြန္းေငြ၊ စည္းၾကပ္မႈမွ လြတ္ကင္းေနေသာ ၀င္ေငြတို႔ႏွင့္ အက်ံဳးမ၀င္ေသာ ၀င္ေငြ
  ရရွိသူ။)
၄။ ေျမငွားရမ္းျခင္း၊ အေဆာက္အအံုငွားရမ္းျခင္း၊ အခန္းငွားရမ္းျခင္း၊ တို႔မွ ရရွိေသာ စုစုေပါင္း ငွားရမ္းခ
ရေငြအေပၚတြင္ သတ္မွတ္ထားေသာ သက္သာခြင့္မ်ား ႏုတ္ပယ္ၿပီးေနာက္ က်န္ေငြအေပၚ ၁၀ ရာခိုင္ႏႈန္းျဖင့္
၀င္ေငြခြန္ သီးျခား စည္းၾကပ္ပါမည္။ သတ္မွတ္ထားေသာ သက္သာခြင့္မွ စာပိုဒ္ ၃ ပါအတိုင္းျဖစ္ပါသည္။
၅။ ေအာက္ပါ၀င္ေငြအမ်ိဳးအစားရရွိသူမ်ားသည္ စာပိုဒ္ ၃ တြင္ ေဖာ္ျပထားေသာ သက္သာခြင့္မ်ားမရပါ
 (က) အေျခခံပစၥည္းမွ ျမတ္စြန္းေငြရရွိသူမ်ား (ေျမ၊ အေဆာက္အအံုႏွင့္ ယင္းတို႔၏ အခန္းမ်ား၊
  ယာဥ္ႏွင့္ လုပ္ငန္းဆိုင္ရာ မတည္ပစၥည္း၊ အစုရွယ္ယာႏွင့္ ကထိခံ၀န္ခ်ဳပ္တို႔အျပင္ ေငြေခ်း
  သက္ေသခံလက္မွတ္မ်ား၊ ယင္းတို႔ကဲ့သို႔ အလားတူ စာခ်ဳပ္စာတမ္းမ်ားကို ႏွစ္တစ္ႏွစ္
  အတြင္းေရာင္းခ်၍ ေရာင္းရေငြ စုစုေပါင္း က်ပ္သိန္း ၁၀၀ ထက္ေက်ာ္လြန္ၿပီး ျမတ္စြန္းေငြ
  လည္းရရွိသူ)
 (ခ) စည္းၾကပ္မႈမွ လြတ္ကင္းေနသာ ဝင္ေငြရွိသူ
၆။ မရွင္းလင္းသည္မ်ားရွိပါက အခြန္ဆိုင္ရာ၀န္ေဆာင္မႈရံုးမ်ား (ရန္ကုန္) ဖုန္း-၀၁ ၃၇၈၃၇၀၊
(မႏၱေလး) ဖုန္း-၀၂ ၃၀၁၉၂ ႏွင့္ မိမိတို႔ႏွင့္ သက္ဆိုင္ေသာ တိုင္းေဒသႀကီး/ျပည္နယ္ အခြန္ဦးစီးမွဴးရံုးသို႔
ေမးျမန္းႏိုင္ပါသည္။

      အခြန္ေကာင္ခံမႈစိစစ္ၾကပ္မတ္ေရးဘုတ္အဖြဲ႕

unicode ျဖင့္ ဖတ္ရန္

၂၇.၄.၂၀၁၅ ရက်နေ့ မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၂၅ ပါ ကြော်ငြာ စာပါ

မော်လူးဒေသ ပြည်သူပြည်သားများ သိသင့် သိထိုက် မှတ်သား ကူးယူ အိမ်တွင်
ဆောင်ထားထိုက်သည် ထင်၍ ဖေါ်ပြလိုက်ပါသည်။

မော်လူးဒေသသားများ အားလံုး အားလံုး သိရှိပြီး ဗဟု သုတ တိုးပွားစေရန် share
ပေးလိုက်ပါအုန်း

ကျသင့်အခွန်ထမ်းဆောင်ကြပါစို့
************************
၁။ အခွန်ဆိုသည်မှာ နိုင်ငံနှင့်ပြည်သူများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အခွန်ဥပဒေနှင့်
အညီကောက်ခံသောငွေပင် ဖြစ်ပါသည်။
၂။ တစ်ဦးချင်းပုဂ္ဂိုလ်များသည် စာပိုဒ် ၃ ပါ အကြောင်းအရာများနှင့် တိုက်ဆိုင်၍ မိမိတို့သည် အခွန်
ထမ်းဆောင်ထိုက်သော ပုဂ္ဂိုလ် ဟုတ်/မဟုတ် ဆန်းစစ်လျက် အခွန်ထမ်းဆောင်ထိုက်သူဖြစ်ပါက အခွန်
ထမ်းဆောင်နိုင်ရေးအတွက် မိမိတို့နှင့်သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရံုးများသို့ ဆက်သွယ်ကြပါရန်
နှိုးဆော်အပ်ပါသည်။
၃။ အခွန်ထမ်းဆောင်ထိုက်သည့် တစ်ဦးချင်းပုဂ္ဂိုလ်။ ၂၀၁၅-၂၀၁၆ ၀င်ငွေနှစ်တွင် အောက်ပါ၀င်ငွေ
အမျိုးအစားများရရှိပြီး သက်ဆိုင်ရာ၀င်ငွေနှစ်အတွင်း စုစုပေါင်းရရှိထားသော ၀င်ငွေအနက်မှ အခြေခံ
သက်သာခွင့်အဖြစ် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်း (ကျပ်သိန်း ၁၀၀ ထက်မပို)၊ အတူနေ မိဘတစ်ဦးလှျင်
ကျပ် ၁၀ သိန်းစီဖြင့် သက်သာခွင့်၊ အတူနေ/ စာရိတ်ထောက်ပံ့ရသည့် အိမ်ထောင်ဖက်အတွက်
ကျပ် ၁၀ သိန်း သက်သာခွင့် (ယင်းအိမ်ထောင်ဖက်သည် ဝင်ငွေနှစ်အတွင်း ဝင်ငွေခွန် ထိုက်သင့်သည့်
ဝင်ငွေမရှိသူဖြစ်ရမည်။) သားသမီးများတစ်ဦးလှျင် ၅ သိန်းစီ သက်သာခွင့် (အိမ်ထောင်မရှိသည့်
၀င်ငွေခွန်ထိုက်သင့်သည့် ၀င်ငွေမရရှိသည့် အသက် ၁၈ နှစ် မပြည့်သေးသည့် (သို့မဟုတ်) အသက် ၁၈
နှစ်ပြည့်ပြီးသော်လည်း ပညာသင်ကြားလှျက်ရှိသောသူများ) အခွန်းထမ်းနှင့် အိမ်ထောက်ဖက်၏ အသက်
အာမခံအတွက် ပေးရသော ပရီမီယံ၊ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းထားသည့် လူမှုဖူလံုရေးရန်ပံုငွေသို့ထည့်၀င်
ငွေတို့ကို နုတ်ပယ်ပြီးချိန်တွင် ကျပ်သိန်း ၂၀ အထက် ရရှိပါက အခွန်ဥပဒေအရ အခွန်ထမ်းဆောင်ရပါမည်-
 (က) လစာရရှိသူ (လစာတွင်လုပ်ခ၊ နှစ်စဥ်ကြေး၊ ပင်စင်၊ လစာနှင့် လုပ်ခအစား၊ သို့မဟုတ်
  ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင် နှင့် အကျိုးခံစားခွင့်တို့ပါ၀င်
  သည်။
 (ခ) အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ၀င်ငွေရရှိသူ (ဆရာ၀န်၊ သူနာပြုဆရာမ၊ ရှေ့နေ၊
  အင်ဂျင်နီယာ၊ ဗိသုကာ၊ ရုပ်ရှင်ပညာသည် ၊ သဘင်ပညာသည်၊ စာရေးဆရာ၊ ပန်းချီဆရာ၊
  ပန်းပုဆရာ၊ စာရင်းကိုင်၊ စာရင်းစစ်၊ ဗေဒင်ဆရာ၊ ကျောင်းဆရာ စသည်....)
 (ဂ) စီးပွားရေးလုပ်ငန်း၀င်ငွေရရှိသူ (စီးပွာရေးလုပ်ငန်းဆိုသည်တွင် ကုန်သွယ်မှုလုပ်ငန်း
  ကူးသန်းရောင်း၀ယ်ရေးလုပ်ငန်း၊ ကုတ်ထုတ်လုပ်မှုလုပ်ငန်း၊ ယင်းလုပ်ငန်းများ၏ သဘော
  သဘာဝပါဝင် သက်ရောက်မှုရှိသော လုပ်ငန်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းများအားလံုးပါ၀င်
  ပါသည်။)
 (ဃ) အခြားရလမ်းမှ ၀င်ငွေရှိသူ (အထက်ဖေါ်ပြပါ ၀င်ငွေခေါင်းစဥ်များ။ အခြေပစ္စည်းမှ
  ဖြတ်စွန်းငွေ၊ စည်းကြပ်မှုမှ လွတ်ကင်းနေသော ၀င်ငွေတို့နှင့် အကျံုးမ၀င်သော ၀င်ငွေ
  ရရှိသူ။)
၄။ မြေငှားရမ်းခြင်း၊ အဆောက်အအံုငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်း၊ တို့မှ ရရှိသော စုစုပေါင်း ငှားရမ်းခ
ရငွေအပေါ်တွင် သတ်မှတ်ထားသော သက်သာခွင့်များ နုတ်ပယ်ပြီးနောက် ကျန်ငွေအပေါ် ၁၀ ရာခိုင်နှုန်းဖြင့်
၀င်ငွေခွန် သီးခြား စည်းကြပ်ပါမည်။ သတ်မှတ်ထားသော သက်သာခွင့်မှ စာပိုဒ် ၃ ပါအတိုင်းဖြစ်ပါသည်။
၅။ အောက်ပါ၀င်ငွေအမျိုးအစားရရှိသူများသည် စာပိုဒ် ၃ တွင် ဖော်ပြထားသော သက်သာခွင့်များမရပါ
 (က) အခြေခံပစ္စည်းမှ မြတ်စွန်းငွေရရှိသူများ (မြေ၊ အဆောက်အအံုနှင့် ယင်းတို့၏ အခန်းများ၊
  ယာဥ်နှင့် လုပ်ငန်းဆိုင်ရာ မတည်ပစ္စည်း၊ အစုရှယ်ယာနှင့် ကထိခံ၀န်ချုပ်တို့အပြင် ငွေချေး
  သက်သေခံလက်မှတ်များ၊ ယင်းတို့ကဲ့သို့ အလားတူ စာချုပ်စာတမ်းများကို နှစ်တစ်နှစ်
  အတွင်းရောင်းချ၍ ရောင်းရငွေ စုစုပေါင်း ကျပ်သိန်း ၁၀၀ ထက်ကျော်လွန်ပြီး မြတ်စွန်းငွေ
  လည်းရရှိသူ)
 (ခ) စည်းကြပ်မှုမှ လွတ်ကင်းနေသာ ဝင်ငွေရှိသူ
၆။ မရှင်းလင်းသည်များရှိပါက အခွန်ဆိုင်ရာ၀န်ဆောင်မှုရံုးများ (ရန်ကုန်) ဖုန်း-၀၁ ၃၇၈၃၇၀၊
(မန္တလေး) ဖုန်း-၀၂ ၃၀၁၉၂ နှင့် မိမိတို့နှင့် သက်ဆိုင်သော တိုင်းဒေသကြီး/ပြည်နယ် အခွန်ဦးစီးမှူးရံုးသို့
မေးမြန်းနိုင်ပါသည်။

      အခွန်ကောင်ခံမှုစိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့