Monday, October 20, 2014

FACEBOOK PROFILE NAME ကို ရက်ပေါင်း ၆၀ စောင့် နေရလို့ စိတ်ညစ်နေလား ? ရက်ပေါင်း ၆၀ စောင့်စရာမ လိုပဲ ချက် ချင်း ပြောင်း လဲနည်း

FACEBOOK PROFILE NAME ကို ရက်ပေါင်း ၆၀ စောင့် နေရလို့ စိတ်ညစ်နေလား ? ရက်ပေါင်း ၆၀ စောင့်စရာမ လိုပဲ ချက် ချင်း ပြောင်း လဲနည်း Facebook အသုံးပြုသူ User များအနေနှင့် မိမိ တို့ရဲ့ Profile Name ကိုပြောင်းတဲ့အခါမှာ ပြဿနာ အမျိုး မျိုးနဲ့ ရင် ဆိုင် ကြုံတွေ့နေကြရပါတယ်။ တစ်ချို့ ကိုနာမည်ကိုပြောင်းလိုက်ပြီးမှ မလိုချင်တော့ လို့ နောက် ထပ်နာမည် တစ်မျိုးပြန်ပြောင်းချင်တဲ့ အခါ ပြောင်းလို့မရတော့ပဲ ရက်ပေါင်းခြောက်ဆယ် စောင့်ရမယ်လို့ Facebook Policy က ထုတ်ပြန်ရေး သားထားပါတယ်။ အချို့ User တွေကတော့ ရက်ပေါင်း ခြောက်ဆယ် စောင့်ရတာနဲ့ အဆင်ပြေတာရှိသလို အချို့ ကျတော့ လည်း အဆင်မပြေတာတွေ ရှိပါတယ်။ ဒီပြဿနာတွေပြေလည်စေဖို့အတွက် နည်းလမ်းလေးတစ်ခု မျှဝေပေး လိုက်ပါတယ်။ အဲ့ဒါကတော့ မိမိ ရဲ့ Facebook Profile Name ကိုရက်ပေါင်း ၆၀ စောင့်စ ရာမ လိုပဲ ချက် ချင်း ပြောင်း လဲနည်းပါ။ ပထမဦးဆုံးသင့်ရဲ့ Porfile Name ကိုပြောင်းလဲရန်အတွက် Facebook ရဲ့ Account Setting ထဲကိုဝင်လိုက်ပါ။ ပြီးတဲ့နောက်မှာတော့ Facebook Profile Name ကိုပြောင်းလဲရန်အတွက် Name ရဲ့ Edit ကိုနှိပ်လိုက်ပါ။ အကယ်၍ သင်ဟာ Profile Name ကိုပြောင်းလဲခွင့်ရရှိတဲ့လူဆိုရင် Full Name ကို အလွယ် တကူ ပြောင်းခွင့် ရရှိနိုင်မှာဖြစ်ပြီး ပြောင်းလဲခွင့်မရှိတဲ့လူကတော့ Full Name ဆိုတဲ့ text box လေးက မှိန်နေတာကိုတွေ့ရပါလိမ့်မယ်။ ပြီးတော့ အောက်မှာလည်း သင်ဟာ သင့်ရဲ့ Profile Name ကိုပြောင်း လဲပြီးသားဖြစ်နေတဲ့ အတွက် နောက်ထပ် ရက်ပေါင်း ၆၀ စောင့်ပြီးမှသာ ပြောင်းလဲခွင့်ရရှိမယ် ( " You can't change your name right now because you've already changed it within the လို့ရေးသားထားပါတယ်။ ဒီလို last 60 days." ) ရေးသားထားတဲ့ စာကြောင်းရဲ့ တစ်ဆက်တည်းမှာပဲ Learn more ဆိုတဲ့ စာသားလေး ကိုတွေ့  ရပါ လိမ့်မယ်။ အဲ့ဒီ စာသားလေးကို နှိပ်လိုက်ပါ။ ပြီးတဲ့နောက်မှာတော့ Facebook ကသူ့ရဲ့ Policy Rule တွေကို ရှင်ပြထားတဲ့စာတွေကို တွေ့ရပါ လိမ့်မယ်။ အဲ့ဒီ စာသားတွေရဲ့ အောက်နားမှာတော့ သင့်အနေနဲ့ alternate name ကို Profile Name မှာ ထည့်သွင်းနိုင်တယ်ဆိုတဲ့ စာသားဖြစ်တဲ့ (You can also add an alternate name (ex: maiden name, nickname) to your profile. If your first and last name isn’t listed on your account and you’re unable to change it,) ဒီစာသားကိုတွေ့ရပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ Let us know ဆိုတဲ့ စာသားလေးလဲ တွေ့ရပါလိမ့်မယ်။ အဲ့ဒီ တွေ့ရတဲ့ Let us Know စာသားလေးကို နှိပ်လိုက်ပါ။ အဲ့ဒါပြီးရင် Changing Your Name ဆိုတဲ့ Form လေးတစ်ခု ကျလာ ပါလိမ့်မယ်။ အဲ့ဒီ form မှာ ကိုလိုချင်တဲ့ နာမည် First Name , Middle Name , Last Name နဲ့ Pick One ဆိုတဲ့ Choose Box မှာတော့ Other ကိုရွေးပေးလိုက်ပါ။ဒါတွေပြီးရင် သင့်အတွက် အခက်ခဲဆုံး အပိုင်းရောက်လာပါပြီ။ အောက်နားမှာ Your ID ဆိုပြီး Choose Files လေး တစ်ခု တွေ့ရပါလိမ့်မယ်။ အဲ့ဒီ နေရာမှာတော့ သင့်ရဲ့ ဘာမှန်းမသိတဲ့ ID တွေလိုအပ်ပြီလို သင်ထင်ကောင်း ထင်နေပါလိမ့်မယ်။ အရမ်း အာရုံမနောက်သွားပါနဲ့။ သင့်ရဲ့ လက်ရှိတင်ထားတဲ့ Porfile Photo ကို သင့်ကွန်ပျူတာ တွင် save လိုက်ပြီး Changing Your Name ဆိုတဲ့ form ရဲ့ Choose Files လေးမှာ ထည့်ပေးလိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ညာဘက်ထောင့်နားက Send ဆိုတဲ့ Button လေးကို နှိပ်ပေးလိုက်ပါ။ သင့်ရဲ့ Facebook Profile Name ကို စက္ကန့်ပိုင်းအတွင်းရရှိတာကို သင်မြင်တွေ့ရပါလိမ့်မည်။ Facebook User အားလုံး Profile Name တွေ စိတ်ကြိုက်ပြောင်းလဲ နိုင်ကြပါစေလို့ ဆန္ဒပြုရင်း.. Credit > MyanmarMobileSharingGroup

သိမ်းငှက်ပုံပြင် *************** သိမ်းငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျို..

သိမ်းငှက်ပုံပြင် *************** သိမ်းငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက်(78)နစ်အထိအသက် ရှင်နေထိုင်နိုင်ပါတယ် ဒါပေမဲ့ သူတို့ဟာ အသက် ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့အသက်(48)နှစ် မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ် ချက်တစ်ခုကိုချကြရပါတယ်။ သူ့အသက် (48) နှစ် ရောက်တဲ့အခါမှာ သားကောင်ကိုဖမ်းဖို့အတွက် သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ် ။နုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာ ပါတယ် အမွှေးတွေကလဲအရမ်းထူလာတဲ့အတွက် ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။ သူ့မှာရွေးချယ် စရာနှစ်လမ်းပဲရှိပါတယ်။ဒီအတိုင်းနေပြီးဘာမှမလုပ် တော့ပဲအသေခံမလား? နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ဖြတ်သန်းပြီးအသက်ဆက်ရှင်မလား? မစွန့်စားပဲ သေရတာထက်စာရင် စွန့်စားပြီးသေရတာကပို မြတ်ပါလိမ့်မယ်။ ဒါကြောင့်အလွန်မြင့်တဲ့တောင် တစ်ခုဆီပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက် လိုက်ပါတယ် ပြီးတော့ထပ်မပျံသန်းပဲ အဲဒီမှာပဲနား နားနေပါတယ်။နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကိုကျော်ဖြတ် ဖို့အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး ပါးကြာပါတယ်။ ဒီတော့သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက် ဆောင်နဲ့ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ပြီးတော့နုတ်သီး အသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့စောင့် ဆိုင်းနေခဲ့ရပါတယ်။နုတ်သီးအသစ်ထွက်လာတော့ အဲ့ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတသ်ခု ဆွဲနုတ်ရပါတယ်။ခြေသည်းအသစ်တွေထွက်လာမှ သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရ ပြန်ပါတယ်။အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ရက်ပေါင်းက(150) ပါပဲ ။ ဒီတော့မှသူဟာပျန်သန်းနိုင်ပြီး နောက်ထပ် နှစ်ပေါင်း(30)အကြာ အသက် (78)နှစ်အထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်း လဲမှု့ကိုပြောခြင်တာပါ။ တသ်ခါတစ်ရံမှာ ကျွန်တော် တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက် တွေချကြရပါတယ်။ ဘဝကိုအောင်အောင်မြင်မြင် နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့ ရဲ့အကျင့်ဆိုးတွေ။ ထုံးစံတွေကိုလွှင့်ပြစ်ရပါလိမ်မယ် ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ ကိုစွန့်ပြစ်ရလိမ့်မယ်။ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုပ် နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည် ဆောက်နိုင်ရပါမယ်။ တိရိစ္ဆာန်ဖြစ်တဲ့ သိမ်းငှက် တောင်သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါ အသိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ် ရှိတဲ့လူသားတွေကရော ကိုယ့်ကိုယ်ကို(change) မလုပ်နိုင်ကြဘူးလား? သိမ်းငှက်ဟာ နာကျင်ခက်ခဲ စွာပြောင်းရတာပါ။ လူသားတွေဖြစ်တဲ့ကျွန်တော်တို့ က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း အမူ အကျင့်အဟောင်း မကောင်းတဲ့စရိုက် တွေကိုမစွန့် လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား? ဒီအတိုင်းဆက်သွားမလား ဆိုတာ စဉ်းစားစေခြင် ပါတယ်။ credit>>>>Luu Phyu

အန္တရာယ်ရှိသော ကြက်သွန်နီခြမ်း

ကျန်းမာရေးသတင်းများ အန္တရာယ်ရှိသော ကြက်သွန်နီခြမ်း --------------------------------------- ထက်ခြမ်းခွဲထားသော ကြက်သွန်နီကို ချက်ချင်းအသုံးမပြုနိုင်ပဲ ရက်ကျော်လွန်သွားလျှင် ပြန်၍အသုံးမပြုသင့်ပါ။ မစားသင့်ပါ။ အန္တရာယ်ကို ဖြစ်စေပါသည်။ ခွဲခြမ်းထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက်ကြာသွားသည့် ၄င်းကြက်သွန်နီခြမ်းဟာ အပုတ်နံ့များ၊ အနဲ့ဆိုးများကို စုပ်ထားထားနိုင်ပြီး ဘတ်တီးရီးယားပိုးမွှားများနှင့် အခြား အန္တရာယ်ကို ဖြစ်စေတတ်သည့် ပိုးမွှားများလည်း ပါရှိလာသည့်အတွက် ၀မ်းပျက်၊ ၀မ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာဖြစ်နိုင်သည့်အပြင် အဆိပ်အတောက်ကိုလည်း ဖြစ်စေနိုင်ပါတယ်လို့ နိုင်ငံတကာ ကျန်းမာရေးစာမျက်နှာများမှာ ဖော်ပြထားကြပါတယ်။ အခွံခွါထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်းခွဲထားသည့် ကြက်သွန်နီခြမ်းကို ပြန်လည်အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ ခွက်တို့ဖြင့် လုံခြုံစွာ ထည့်ထားသင့်ပါတယ်။ သို့မဟုတ် ရေခဲသေတ္တာထဲတွင် ထည့်သွင်းသိမ်းဆည်းထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။ မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန်ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည်ဆိုလျှင်လည်း ပုံထဲမှာ မြင်ရသည့်အတိုင်း အလယ်တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ်ပစ်သင့်ပါတယ်။ အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၄င်းနေရာမှ အဓိက စုပ်ယူထားပြီး ပိုမွှားများလည်း ၄င်းနေရာမှာ ပါဝင်မှုအများဆုံးလို့ သိရပါတယ်။ အသက်ကို ဥာဏ်စောင့်ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေပေးလိုက်ရပါသည်။ နေဆိုင် (ပူတာအို) ကျန်းမာရေးသတင်းများ ကိုးကား ။ ။ The Danger Of Half Onion. မူရင်း = www.facebook.com/pages/ကျန်းမာရေးသတင်းများ/231741783686751

ဖုန်း တာအရှုံးခံလိုက်ပါ အဲ့လိုကြီးတော့လုပ်ကြနဲ့ @မိလ္လာကျင်းထဲ ဖုန်းဆင်းဆယ်ရာမှ လူနှစ်ဦးသေဆုံး @

မိလ္လာကျင်းထဲ ဖုန်းဆင်းဆယ်ရာမှ လူနှစ်ဦးသေဆုံး Monday, 20 October 2014 08:40 Print Email ပုသိမ်၊ အောက်တိုဘာ ၁၉ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ မြောက်ပိုင်းရပ်ကွက် အနော်ရထာလမ်းပေါ်ရှိ နေအိမ်တစ်အိမ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေပိုင်းက မိလ္လာကျင်းထဲသို့ ဖုန်း (ဟန်းမ်ဆက်) ပြုတ်ကျသဖြင့် ဆင်းဆယ်ရာမှ လူနှစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောကြားသည်။ အနော်ရထာလမ်းနေ ဦးအမင်း၏ နေအိမ်တွင် အသက် ၁၇ နှစ်ရှိ မောင်ကျော်မင်းထွန်းက မိလ္လာကျင်းထဲသို့ ဖုန်း (ဟန်းမ်ဆက်) ပြုတ်ကျရာမှ ဆင်းဆယ်စဉ် နစ်မြုပ်သွားသဖြင့် မိခင်ဖြစ်သူ ဒေါ်ချိုက အနီးအနားသို့ အော်ဟစ်အကူ အညီတောင်းခံခဲ့ရာ အသက် ၃၂ နှစ်ရှိ ဦးသန်းမြင့်အောင် ရောက်ရှိလာပြီး ကျင်းနှုတ်ခမ်းမှ ဆွဲတင်စဉ် ပြုတ်ကျ၍ နှစ်ဦးစလုံး သေဆုံးရခြင်း ဖြစ်ကြောင်း ငပုတောမြို့ လူမှုကူညီရေးအသင်းဝင် ဦးဇော်ရဲနောင်က ပြောကြားသည်။ မိလ္လာကျင်းထဲ ပြုတ်ကျသူနှစ်ဦးကို ချက်ချင်းဆယ်ယူပြီး ရေဖြင့်သန့်စင်ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း အသက်မမီတော့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ မိလ္လာကျင်းထဲ ပြုတ်ကျမှုကြောင့် လူနှစ်ဦး သေဆုံးသည်မှာ မှန်ကန်ကြောင်း၊ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင်ရွက်ရန် ငပုတော ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၄ ဖြင့် ဆောင်ရွက်နေကြောင်း ငပုတောမြို့မ ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဘုရားပန်း မညှိုးမှ . . . အစွမ်းတိုးမယ်

“ဘုရားပန်း မညှိုးမှ . . . အစွမ်းတိုးမယ်” •••••••••••••••••••••••••••••••••••••••••••••• လူအများစုရဲ့သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊ “နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေက ဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။ နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။ ဘုရားစင်မှာ ဆွမ်းခဲဖွယ်ချိုချဉ်ရသာ မရှိရင်သာနေမယ်။ နတ်ရှေ့မှာ အုန်းသီးဆိုလည်း အလုံးလိုက်၊ ငှက်ပျောသီးဆိုလည်း အဖီးလိုက်။ ယောဂီတို့ အိမ်တွင်းရေး မသာယာချင်ဘူးလား။ (သာယာချင်တယ်။) သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့။ ဘုရားပန်းညှိုးပြီဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်။ အိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊ တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ ၊ စိတ်ဝမ်းကွဲတာတွေဖြစ်ကြမှာပဲ။ လုပ်ငန်း၊ကိုင်ငန်း စီးပွါးရေးတွေလည်း အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။ ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊ သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်း အေးနေအောင်ထားမယ် ဆိုရင် အိမ်တွင်းရေးလည်း အေးချမ်း၊စီးပွားလမ်းလည်းဖြောင့် ၊ အစစအရာရာ အဆင်ပြေမှာပါ။ သောက်တော်ရေ တနေ့ ဘယ်နှစ်ခါလဲတုံး။ “နှစ်ခါ”။ နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။ ကဲ . . . ကိုယ်ကတော့ “ရေ” တနေ့ဘယ်နှစ်ခါ သောက်တုံး။ “ဆယ်ခါ”။ တော်တော်တရားတယ်။ ဘုရားကျတော့ ရေငတ် ထားတယ်။ ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။ အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင် ပိုကောင်းတယ်နော်။ အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ “မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ” တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေး လဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။ ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်၊ ကိုယ်သောက်မယ့်ခွက်ကို လက်ကလေးနဲ့ ကိုင်ထားပြီးတော့ “မြတ်စွာဘုရားရှင်အား သောက်တော်ရေ လှူဒါန်းပါတယ်”လို့ စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။ ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ ကပ်လိုက်ရုံပါပဲ။ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။ ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။ ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကို သောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။ အရက်သမား၊ဘီယာသမား တချို့တောင် အရက်သောက်ခါနီး၊ဘီယာသောက်ခါနီး ကိုယ်သောက်မယ့် အရက်ပုလင်း၊ဘီယာပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကို ပသတဲ့ အနေနဲ့ နဖူးရှေ့ လက်နဲ့ မြှောက်ပြီး၊ အာရုံပြုကြသေးတယ်မဟုတ်လား။ ကိုကြီးကျော် တပည့်တွေထက်၊ ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော်။ သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။ နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊ မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။ မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။ သရဏဂုံရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့ အချိန်လို့ သဘောထားပေါ့။ သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ “ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့ တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့ စွန့်ပြီး စားပေါ့နော်။ မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။ ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။ အဲဒီတော့ ဘုရားကပ်ပြီးတော့ စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။ နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။ အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။ သောက်တော် ရေချမ်းမနွေးပါစေနဲ့။ ဒါ အရေးကြီးပါတယ်။။ -【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】 (“ငါ့ကိုမချစ်ပါနဲ့” ကူးယူပူဇော်ပါသည်။) Posted by ► www.facebook.com/youngbuddhistassociation.mm

ဘွဲ့ဒီဂရီများစွာ မပိုင်ဆိုင်ချင်နေပါစေ မိမိတတ်ကျွမ်းထားတဲ့ ဝါသနာပါရာအလုပ်တစ်ခုနဲ..

ဘွဲ့ဒီဂရီများစွာ မပိုင်ဆိုင်ချင်နေပါစေ မိမိတတ်ကျွမ်းထားတဲ့ ဝါသနာပါရာအလုပ်တစ်ခုနဲ့တော့ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ လိုအပ်တယ်…………… မိမိလုပ်လိုက်ရတဲ့ လုပ်ရပ်တိုင်းရဲ့ ရလဒ်ဟာ အမြဲတမ်း မကောင်းချင်နေပါစေ ရလဒ်ကောင်းကိုဖြစ်စေမယ့် စိတ်စေတနာကောင်းလေးနဲ့တော့ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်…… ကမ္ဘာပေါ်မှာရှိတဲ့ ဆင်းရဲချို့တဲ့သူအားလုံးကို ကူညီထောက်ပံ့ဖို့ထိ မဖြစ်နိုင်ရင် နေပါစေ အားနည်းသူတွေကို ကူညီထောက်ပံ့လိုတဲ့ စိတ်ဓာတ်ရင်းခံလေးတော့ ရှိဖို့လိုအပ်တယ်………… များပြားလှတဲ့ အလုပ်တာဝန်တွေကို တာဝန်မယူနိုင်ရင်နေပါစေ မိမိလုပ်ဆောင်လိုက်တဲ့ အလုပ်တာဝန်တွေအတွက်တော့ တာဝန်ယူနိုင်ဖို့ လိုအပ်တယ်…… #မြရိပ် ငြိမ်းလဲ့ Page admin အသစ်

ဘယ်သူတွေ ဘာတွေပြောပြော ရိုးရာ ကို ရော့ကွာ ဆိုပြီး တရားတစ်ပုဒ်လောက်နဲ့ ဖျောက်လို့မရဘူးနော့

မိရိုးဖလာ ယုံကြည်မှု ဆိုတာ ရာစုနှစ်များစွာ ထဲ က တည်ရှိခဲ့တာပါ မိရိုးဖလာ ကို ယခု ခေတ် လူငယ်များ ထဲတွင် လှောင်ပြောင်ကြသူများ နှင့် ဟိုမရောက်ဒီမရောက် လူကြီးများ ဟာ မယုံကြည်ကြပေ ဒါပေမယ့် ရိုးရာဆိုတာ စိတ်ဓာတ်အင်အား ကြံ့ခိုင်မှု ရှိစေတယ်ဆိုတာတော့ သင့်ဥာဏ်ရည် အဆင့်မီရင်တော့ တွေးတောနိုင်ပါလိမ့်မယ် ဒါကြောင့်မို့ မော်လူးဒေသရွာတစ်ရွာမှနတ်ကြီးစဉ် update လုပ်နေစဉ် မှတ်တမ်း ပုံလေးပါ ============

G 610 နှင့် အခြား huawei ဖုန်းများ screenshoot လုပ်ရာတွင် အဆင်ပြေတဲ့ apk လေးပါ 1.4 mb ဘဲရှိပါတယ်

ခလုပ် မပျက် ခင် ဒေါင်း ပြီး အင်စတော လုပ်ထားကြအုန်း အထူးသဖြင့် G 610 ကိုင်ဆောင်သူများ လုံးဝ အိုကေ ဖုန်းဆိုင်မှာ ထည့်ခိုင်းရင် ပိုက်ဆံကုန်မှာစိုးလို့ ဒီမှာ ဒေါင်းလိုက်ကြ အဆင်ပြေကြပါစေ။ admin-kmk

အလှူခံစာအိပ်များ နှင့် မော်လူးဒေသသားများ အတွက် နည်းလမ်းကောင်း

ရထားပေါ်တွင် အလှူခံ သော သံဃာတော်မှ တဆင့် ကူးစက်လာ သော စာအိပ်အသုံးပြုပြီး အလှူခံနည်း ပညာ အင်းတော်မြို့နယ်မှ တာဝန်ရှိသူများ အသုံးပြု---- လူတန်းစား စုံလင် လှသော ပြည်သူများကြား မှ ပေါက်ဖွားလာသော တာဝန်ရှိသူတွေပါ ပြည်သူတွေဟာ အရောင်အသွေးအမျိုး စုံသလို တာဝန်ရှိသူတွေဟာ လည်း အရောင်အသွေးမျိုးစုံ ဖြစ်မှာပါ ဘယ်လို ယုံကြည်ကြမှာလည်း စဉ်းစားမရနိုင်အောင်ဖြစ်ခဲ့ရာမှ နည်းလမ်းလေးတစ်ခု တွေးမိခဲ့ပါတယ် စာအိပ်ထဲထည့်ဝင်သူ စေတနာ ရှင်များအနေနဲ့ ကုသိုလ် ဖြစ်စေ မည့် နည်းလမ်းကောင်းကတော့ ရထားပေါ်က စာအိပ် ကိုယ်တော်တွေကို လှူတယ်လို့ သဘောထားနည်းပါ။ ဆုတောင်းလေးက အခုလိုလှူဒါန်းရသော ကုသိုလ် အစွမ်း ကြောင့် နိဗ္ဗာန်သို့ ယခုချက်ချင် ရောက်ရလိုပါ၏ဘုရား **** ဆိုပြီးတောင်းလိုက်ကြပါ။

Bill Gate က ဘာကြောင့် အလှုအတန်းလုပ်သလဲ လို့မေးတော့ သူပြောတာ ရှင်းရှင်းလေးပါ .....

Bill Gate က ဘာကြောင့် အလှုအတန်းလုပ်သလဲ လို့မေးတော့ သူပြောတာ ရှင်းရှင်းလေးပါ ... ကျုပ်သေရင် ယူသွားလို့မရလို့တဲ့ ... သူဘဝမှာ အမှန်ဆုံး နဲ့ နောင်တမရဆုံးက ကျောင်ထွက်ခဲ့ခြင်းပဲ ... သူတွက်ချက်တာ တော်တယ် ... သူထင်တဲ့အတိုင်းပဲ သူဘဝပြောင်းလဲလာတယ် ... ဘဝဆိုတာ စွန့်စားမှ အောင်မြင်ပါတယ် ... ဒါပေမဲ့ နောင်တက ဒွန်တွဲပြီး ပါလာရင် ဘာလုပ်လုပ် အောင်မြင်ဖို့နည်းမယ် ... ဒါကြောင့်လည်း လက်ချိုးရေလို့ရတဲ့ လူစာရင်းထဲ ပါနေတာပါ ... ကျွန်တော်ကိုယ်တိုင်လည်း စွန့်စားခဲ့ပေမယ့် နောင်တက ပါလာတော့ အဆင်မပြေတာ ကြုံလာတယ် ... ဒါကြောင့် ဒါကို တွန်းလှန်နိုင်ဖို့ အားတွေ စုဆောင်းနေရတယ် ... ဘာကြောင့်လည်းဆိုတာ ရှင်းစရာမလိုတော့ပါဘူး ... အောင်မြင်ချင်လို့ပါ ... Credit to: Friday