Wednesday, August 27, 2014

အမျိုးသမီးဘော့လုံးအားကစား အောင်နိုင်ရေး အလံနှင့် အားကစားဝတ်စုံ ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး
အုပ်ချုပ်ရေးမှူးရုံးတွင် သြဂုတ် ၂၆ ရက် နေ့လည် ၁ နာရီအချိန်က
အမျိုးသမီးဘော့လုံး အားကစား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနား
ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၂၈ ရက်တွင် စတင်ကျင်းပမည့် ကသာခရိုင် ၇ မြို့နယ်
အမျိုးသမီးဘော့လုံးပြိုင်ပွဲသို့ အင်းတော်မြို့နယ် ကိုယ်စားပြု သွားရောက်
ယှဉ်ပြိုင်မည့် မော်လူးဒေသ အမျိုးသမီးလက်ရွေးစင် အားကစားသမားများ၊
အသင်းနည်းပြ အုပ်ချုပ်သူများအား မော်လူးဒေသ အားကစားနှင့် ကာယပညာ ကော်မတီ
ဥက္ကဋ္ဌ ဦးဝင်းစိန်မှ အောင်နိုင်ရေးအလံနှင့် အားကစားဝတ်စုံမျာ
ပေးအပ်ခဲ့ကြောင်း သိရသည်