Thursday, January 5, 2017

ပန္နက် ရိုက်နည်း


ပန္နက် ရိုက်နည်း 

သီဟသူရ ဘွဲ့ရ ဗိုလ်ကြီး အကြောင်းတဲ့

မှန်ဘောင်ထဲက စာသားလေး
^^^^^^^^^^^^^^^^^^^^®
ဗိုလ်ကြီးသီဟသူရ စွမ်းရည်အောင်(ကျဆုံး)
စစ်တက္ကသိုလ်အမှတ်စဉ် (၅၁)

ဗိုလ်ကြီး စွမ်းရည်အောင်သည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတိစဉ် (၅၁) တွင် ဗိုလ်လောင်းအမှတ် ၁၉၁၇၀ ဖြင့်တက်ရောက်ခဲ့ပြီး
၂၀၀၈ ခုနှစ်တွင် တပ်မတော်ပြန်တမ်းဝင်အရာရှိ
ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခံရပါသည်။

ဗိုလ်ကြီးစွမ်းရည်အောင်သည် အမှတ် (၁၀၉)
ခြေမြန်တပ်ရင်းတွင်တာဝန်ထမ်းဆောင်စဉ်
၂၀၁၅ ခုနှစ် မေလ (၁၂) ရက်နေ့ လောက်ကိုင်
ဒေသ ပွိုင့်- ၂၂၀၂ တောင်ကုန်း ခန့်မှန်း(အမ်ဂျီ-၇၇၃၂၈၁) စခန်းသိမ်းတိုက်ပွဲတွင် တိုက်ပွဲစဉ်
တစ်လျောက် အဓိကချေမှုန်းရေး ကွန်မန်ဒို တပ်စိတ် (၂) စိတ်၏ ကွပ်ကဲကြပ်မတ်သူအရာရှိ
အဖြစ်ပါဝင်ခဲ့ပါသည်။ စစ်နညှ်းဗျူဟာမြောက် ပစ်ခတ်မှု နှင့်ရွေ့လျားမှုကို ဟန်ချက်ညီစွာ ရှေ့မှ
ဦးဆောင်၍ စံနမူနာပြ ချီတက် တိုက်ခိုက်ခဲ့ပြီး
ရ ရှိသည့် မြေအနေအထားပေါ်တွင် မှန်ကန်စွာ
သုံးသပ်နိုင်ခဲ့ကာ ကျဉ်းမြောင်း၍
ခက်ခဲကြမ်းတမ်းသည့် မြေအနေအထားနှင့်
မြင်ကွင်းကန့်သတ်ချက်ရှိသည့် ညအခ်ျန်တွင်
ရန်သူအား ရဲဝံ့စွန့်စားစွာဖြင့် ၄၀မမ မီးကျည် ပစ်ခတ်၍ အပြီးသတ်တိုက်ပွဲဝင်ရန် တွန်းအားပေး
ဆောင်ရွက်ရင်း ခန့်မန်း(အမ်ဂျီ- ၇၇၂၂၇၈) တွင်
ရန်သူ့ လက်နက်ငယ်ကျည် ဦးခေါင်းအား ထိမှန် ကျဆုံးခဲ့သည့်အထိ စွန့်လွှတ်စွန့်စားစွာဖြင့်
တိုက်ပွဲဝင် ဆောင်ရွက်နိုင်ခဲ့ခြင်းတ်ု့ကြောင့်
ပြန်တမ်းဝင်အမှတ် ကြည်း ၅၃၀၉၈ ဗိုလ်ကြီး
စွမ်းရည်အောင်အား နိုင်ငံတော်သမ္မတရုံး၏
၂/ ၂၀၁၆ အမိန့်အာဏာဖြင့် သီဟသူရ ဘွဲ့ကို
၂၀၁၆ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင်
ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။

Credit : Tin Ko Win

အုပ်ချုပ်ရေးမှူးအသစ်

အင်းတော်မြို့နယ်သို့ ပြောင်ရွှေ့ လာသည့်  မြို့နယ်အုပ်ချုပ်ရေးမှူး၏ မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
------------------------------------
အင်းတော် Jan 5
အင်းတော်မြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်မှ ပြောင်ရွေ့တာဝန်ထမ်းဆောင်လာသည့်  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေး မှ အင်းတော်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုစာရေး များနှင့် (၅.၁.၂၀၁၇)ရက်နေ့တွင် မိတ်ဆက်တွေ့ဆုံခြင်း အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးနှင့် ဇနှီး ဒေါ်ဝေညို တို့မှ မိတ်ဆက်စကားများ ပြောကြားခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ အုပ်စုစာရေးဝန်ထမ်းများကို လက်ဆောင် ပစ္စည်းများ ပေအပ်ကာ ဒံပေါက်ထ္မင်းဖြင့်ဧည့်ခံ ကျွေးမွေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ ကြောင်း သိရှိရသည်

Soe Nyein(ပေကုန်း)