Friday, July 17, 2015

၆၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲ


18.7.2015 ရက်နေ့အထိ ပေးပို့ထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာလေးတွေ နောက်ထပ်ပေးပို့လာတဲ့ ကဗျာတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါကြောင်း . . .

( ၁၉ ) ဇူလိုင်သို့.............
*********
အာဇာနည် တဲ့ ဟုတ်လား.......
ဒီနာမည်တစ်လုံး အတွက် ခင်ဗျားတို့ အသက်တွေပေးခဲ့ရတယ်ပေါ့....
မတန်လိုက်တာဗျာ..............။
မျှော်လင့်ချက်ရောင်ခြည်တွေ ပျောက်ဆုံးလို့
ကျုပ်တို့နိုင်ငံ အမှောင်တွေဖုံးလွမ်းနေခဲ့တာ
ရာစုနှစ် တစ်ဝက် ကျော်နေပြီဗျ.........
ဒါတွေကိုတော့
့ခင်ဗျားကြီးတို့ သိမသွားခဲ့ဘူးပေါ့.....။
၁၉၄၇ ရဲ့ နံနက်ခင်းဟာ မိုးတွေမရွာပဲ
နေခြည်တွေပဲ ဖြာဆင်းနေခဲ့ရမှာပါဗျာ.......
ခုတော့ အဲ့အချိန်က နိမိတ်ဆိုးတွေက
ခုချိန်ထိတိမ်ပုတ်တွေ အုပ်ြ်ပီး
ခိုး ဆိုး ညစ်ပတ်နေကြတုန်းပဲလေ....။
ငစော တစ်ဘို့ထဲသမား
မင်းကမြန်မာပြည်မှာကို
လူဖြစ်မလာသင့်တဲ့ကောင်........။
မင်း ရဲ့ လုပ်ရပ်ဆိုးကြီးက မင့်ထက်ဆိုးတဲ့ကောင်တွေကို
မွေးထုတ်ပေးလိုက်သလိုပဲ.........့
တိုင်းပြည်ကတော့
ချောက်ထဲကကို မတက်တော့ဘူး....။
အမည်မသိ ဘီလျံနာတွေပဲ
တစ်ယောက်ပီးတစ်ယောက့် ထွက်လို့
သူတို့ပိုင်တဲ့ ပြည်ကြီးကိုဖြစ်နေရောပဲ.........။
ရုပ်ရှင်လို ပြန်ရိုက်လို့ရရင်
စိုးကြီး တို့အဖွဲ့ ငစော အိမ်ကတောင်ထွက်လိုက်ရမှာမဟုတ်ဘူး...။
အတန်တန် သတိပေးတဲ့ကြားက
ကိုယ့်အတွက် ကိုယ့်အသက်ကို
ထည့်မတွက်ခဲ့ကြတဲ့လူတွေ......။
ခုတော့ ဇူလိုင် ၁၉ တစ်ရက်ပဲ ခင်ဗျားတို့
အပိုင်ရခဲ့တော့တာပေါ့ဗျာ.........။
ဒါတောင် ဆယ်စုနှစ်ချီပီး
အမေ့လျော့ခံခဲ့ရသေးတယ်...........။
ဇူလိုင် ရာ မင့်ရဲ့ ပြက္ခဒိန်ပေါ်မှာ
အစကတည်းက ၁၉ ဆိုတဲ့နေ့ကို ဖျောက်ပစ်ခဲ့ရမှာကွ။
ခုတော့ ...အဲ့ဒီနေ့ဟာ
ရောင်နီမလာ နေခြည်မဖြာရပါပဲ
ုဟိုမသာ အကောင်စုတ်တွေနဲ့
ဖောင်လုပ်ပီး ကူးနေလိုက်ရတာ
ကမ်းကို မမြင်သေးဘူးးးးးးးးးး။
လူးငယ်
17.7.2015/8:30PM
@@@@@@@@@@@@@@@@@@@@@@@@@
19th in July
*********
The day which the clouds met,
The day which the weather was wet,
was Saterday 19th in July,1947.

The day which General Aung San and Heros falled,
was Saterday 19th in July,1947.
 The day which we can't forget is Saterday 19th in July.


long=တောင့်တသည် အောက်မေ့သည်
wet= ( adj)်
  Naychi Nway Nway
@@@@@@@@@@@@@@@@@@@@@@@@@@@

မမေ့နိုင်တဲ့နေ့
*********
* နိုင်ငံလူမျိုး လွတ်လပ်စေဖို့
အားစိုက်ကြိုးပမ်း
ရွက်သယ်ထမ်းပိုး
အမျိုးကောင်းသားတို့ . . .
ကျဆုံးခဲ့ရ . . . .
တစ် ကိုး လေး ခွန်(၇)
ဇူလိုင် ၁၉
ကြမ္မာဆိုးကို
ယနေ့တိုင်သာ မမေ့နိုင်ပါ။
* ရှေး ရှေး ယခင်
ထိုဖြစ်အင်ကို သတိရစေဖို့
၁၉ ဇူလိုင်
ရောက်လာလေတိုင်း
ဥသြသံညံ
ရောက်ရာမှာရပ်
အောက်မေ့သတိရ တမ်းတမှုကို
ငြိမ်သက်စွာနဲ့
ဖော်ပြခဲ့ကြ . . . .
* အခုများတော့လေ
လွမ်းစရာပေပ
ဥသြသံဆိတ်
အာဇာနည်နေ့ကို
မမှတ်မိအောင်
ဖျောက်ဖျက်ပစ်ကြ
လုပ်ရက်ကြပေ . . . .။
* ဘယ်လိုဖျက်ဖျက်
ဘယ်သို့ဖုံးဖုံး
ပြည်သူတွေရဲ့
နှလုံးသားထဲမှာ
ကမ္ဘာဆုံးတိုင်
စွဲမြဲနေမယ့်
နေ့တစ်နေ့ပေ . . .။
မြန်မာ့လွတ်လပ်ရေးအတွက် အသက်စွန့်သွားခဲ့ကြသည် အာဇာနည်သူရဲကောင်းများအား အစဉ်သတိရ အောက်မေ့တမ်းတခြင်းများစွာဖြင့် . . .
မော်ဂင်
mawlu news group မှ ပြုလုပ်မည့် ၆၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် ပေးပို့လာသည့် ဒုတိယမြောက် ကဗျာ
@@@@@@@@@@@@@@@@@@@@@@@@@@@@@



ဇူလိုင်ရေ . . .
*********
ဇူလိုင်ရဲ့ မိုးရေစက်တွေက
ငါ့ရင်ဘတ်ကို ဝမ်းနည်အောင်
လာရိုက်ခတ်နေကြပေါ့ . . . .
ဇူလိုင်ရေ . . . .
နင့်ကို ငါမုန်းလိုက်တာ
၁၉ ဇူလိုင်ဆိုတာ မရှိခဲ့ရင်
ငါတို့ ဝမ်းနည်းနေရမှာ
အားငယ်နေရမှာ
အဖိနှိပ်ခံနေရမှာ
ဆင်းရဲနေရမှာ . . . မဟုတ်ဘူး . . .
ဇူလိုင်ရေ . . . .
ဒီအတွက်
မင်းနောင်တရနေပြီ မဟုတ်လား
ဒီအတွက် မင်းငိုနေရပြီ မဟုတ်လား
မင်းသိပ်ရက်စက်တယ် ဇူလိုင်ရေ . . .
ခေါင်းဆောင်ကြီးတွေကျဆုံး
တစ်တိုင်ပြည်လုံး သွေးပျက်
အလင်းမဲ့နေ့ရက်တွေကိုရောက်အောင်
မင်းဆောင်ကြဉ်းခဲ့ပေါ့။
ဒီလိုနဲ့ . . .
ငါတို့ရင်ဘတ်တွေထဲကို
တစ်သက်စာ အလွမ်းတွေနဲ့
တသသဖြစ်နေအောင်
မင်းလုပ်ထားရက်တယ်
ဇူလိုင်ရေ . . .။
လဘ်ကောင်
အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် ပထမဆုံးပေးပို့လာသည့် ကဗျာဆရာ လာဘ်ကောင်ရဲ့ ''ဇူလိုင်ရေ . . . ''ဆိုတဲ့ ကဗျာလေးပါ။

အုန်းဒုတ်​ရွာ၌ကတ်​တရာလမ်းထပ်​ပိုးလွာခင်း​ဆောင်​ရွက်

အုန်းဒုတ်​ဇူလှိုင်​၎
မော်​လူး​ဒေသအုန်းဒုတ်​ရွာတွင်​ကိုယ့်​အားကိုယ်​ကိုးကတ်​တရာထပ်​ပိုးလွှာခင်းလမ်းအကျယ်​၁၂​ပေအမြင့်​၆လက်​မအရှည်​​ပေ၂၀၀၀ဖြစ်​သည်









မော်လူး ဒေသ မှာ တော့ မြင်ကြတဲ့ အတိုင်းပါဘဲ

ထီးချိုင်မြို့မှာ သံဃာတော် ဆွမ်းခံထွက်ရင် စက်ဘီး/ဆိုင်ကယ်များက အောက်ဆင်းတွန်းသွားတဲ့ ချစ်စရာ ဓလေ့