Friday, March 20, 2015

"ကမၼ႒ာန္းဆရာ" ★★★★★★★★★ ဗမာျပည္မွာ ကမၼ႒ာန္းဆရာဆိုၿပီး ကမၼ႒ာန္းျပတဲ႔အထဲမယ္ စာတတ္..

"ကမၼ႒ာန္းဆရာ"
★★★★★★★★★

ဗမာျပည္မွာ ကမၼ႒ာန္းဆရာဆိုၿပီး ကမၼ႒ာန္းျပတဲ႔အထဲမယ္ စာတတ္ဖို႔ မလိုပါဘူး၊ အေတြ႔အႀကံဳရွိရင္ ၿပီးတာပဲလို႔ေျပာတဲ႔ ပုဂိၢဳလ္မ်ိဳးေတြကလည္း နည္းတာမဟုတ္ဘူး။တရားအားထုတ္တာေတာင္မွပဲ စာခံေနလို႔ တရားမတက္ဘူး လို႔ေျပာတဲ႔ ပုဂိၢဳလ္ေတြလည္း ရွိေသးတယ္။
အဲဒီလိုဆိုေတာ့ စာနဲ႔ တရားနဲ႔က တစ္ျခားစီလို႔ အဓိပၸါယ္ေရာက္သြားတယ္ေပါ့။

စာဆိုတာ ဘာကိုေျပာတာလဲဆိုေတာ့ ဘုရားေဟာတဲ႔တရား၊
အဲဒီဘုရားေဟာတဲ႔ တရားနဲ႔မွ မညီညြတ္ရင္ ဘယ္လိုလုပ္ၿပီးေတာ့ မွန္ကန္တဲ႔လမ္းေၾကာင္း ေရာက္မလဲ။ဒါေၾကာင့္မို႔ "စာခံတယ္" ဆိုတာလည္း မေျပာသင့္တဲ႔ စကားတစ္ခုပဲ။"စာတတ္ဖို႔ မလိုဘူး" ဆိုတာလည္း မေျပာသင့္တဲ႔ စကားတစ္ခုပဲ။တကယ္ေတာ့ စာတတ္တာကို
အေၾကာင္းျပဳၿပီး "မာနခံတယ္" လို႔ ေျပာရင္ မွန္တယ္။

ကမၼ႒ာန္းဆရာဆိုတာ အခု မိုးကုတ္ဆရာေတာ္ဘုရားကို ၾကည့္ေပါ့။
အဘိဓမၼာတရားေတြကို ေက်ေက်ညက္ညက္ ေလ့လာသင္ယူၿပီး သင္ၾကားပို႔ခ်ေနတဲ႔ အရည္အခ်င္းရွိတဲ႔ ဆရာေတာ္ေလ။
အဲဒီလို စာေပတတ္ကြ်မ္းလို႔ မွန္မွန္ကန္ကန္ ေဟာႏိုင္တာ။
စာတတ္ဖို႔ မလိုဘူးလို႔ေျပာရင္ လက္ခံစရာအေၾကာင္း မရွိဘူး။
ဘာျဖစ္လို႔လဲဆိုေတာ့ စာထဲကအတိုင္းမွ မေဟာရင္ ကိုယ္သိတာမွ မဟုတ္တာ။

ဆရာေတာ္ႀကီးတစ္ပါး တစ္ခါ စာေရးတယ္။ ေရးေတာ့ တျခားဆရာေတာ္တစ္ပါးက ေျပာတယ္၊
"ဆရာေတာ့္ေရးတဲ႔ ဆရာေတာ့္စာအုပ္က စာထဲအတိုင္း ေရးတာကိုး" တဲ႔။
သူေျပာခ်င္တာက လက္ေတြ႕နဲ႔ ေရးေစခ်င္တယ္ေပါ့၊ စာထဲအတိုင္း ေရးတာကိုးဆိုေတာ့ ဟိုဆရာေတာ္ႀကီးက ဘာျပန္ေျပာတုန္း
"စာထဲအတိုင္း မေရးရင္ မွားကုန္မွာေပါ့ဗ်ာ" လို႔ ေျပာတယ္။
ဒါလည္း အလြန္ မွတ္သားစရာေကာင္းတဲ႔ အရာတစ္ခုပဲ။

တရားဆိုတာက ျမတ္စြာဘုရားေဟာလို႔ သိခဲ႔ၾကရတာ။
နိဗၺာန္ဆိုတာလည္း ျမတ္စြာဘုရားေဟာလို႔ သိရတာ။
နိဗၺာန္ေရာက္ေၾကာင္း မဂၢင္ရွစ္ပါး အက်င့္တရားဆိုတာလည္း ဘုရားေဟာလို႔ သိတာ။ပိဋကတ္သံုးသြယ္ နိကာယ္ငါးျဖာ ဓမၼကၡႏၶာေပါင္း ရွစ္ေသာင္းေလးေထာင္ဆိုတာ သဂၤါယနာေျခာကိတန္တင္ၿပီး
အတည္ျပဳခဲ႔တဲ႔ စာေတြျဖစ္တယ္။
ဒီစာေတြက ခံေနတယ္ဆိုရင္ ဘယ္ဟုတ္မလဲ။
စာနဲ႔မညီတဲ႔လမ္းဟာ တစ္ျခားလမ္းပဲ ျဖစ္မယ္။
နိဗၺာန္လမ္းေတာ့ မဟုတ္ႏိုင္ဘူး။
ဘာျဖစ္လို႔လည္းဆိုေတာ့ ဘုရားေဟာတဲ႔တရားေတြက
နိဗၺာန္လမ္းကို ေဖာ္ျပတဲ႔ တရားေတြခ်ည္းပဲေလ။
အဲဒီေတာ့ တစ္ျခားလမ္းကို ေ႐ြးရင္ေတာ့ျဖင့္ စာခံတာ
ဟုတ္ေကာင္း ဟုတ္လိမ့္မယ္ေနာ္။
နိဗၺာန္သြားမယ့္လမ္းကေတာ့ စာခံစရာအေၾကာင္း မရွိဘူး။
စာတတ္ေလ ေကာင္းေလပဲ။

ဒါေၾကာင့္မို႔ ျမတ္စြာဘုရားသခင္ ကိုယ္ေတာ္ျမတ္ကိုယ္တိုင္က
"ယထာဘူတံ ဉာဏာယ သတၳာ ပရိေယသိ တေဗၺာ- အမွန္အကန္ သိဖို႔အတြက္ ဆရာေကာင္းကိုရွာ"
လို႔ ေျပာခဲ႔တာ။အဲဒါကို ရွင္မဟာဗုဒၶေဃာသက ၀ိသုဒၶိမဂ္မွာ ရွင္းျပထားတယ္။ျမတ္စြာဘုရားေဟာတဲ႔ ဂါထာတစ္ပုဒ္မွာ
"သီေလ ပတိ႒ာယ နေရာ သပၸေညာ၊ စိတၱံ ပညဥၥ ဘာ၀ယံ"
အဲဒါ စာပဲ၊ ဘာကိုေျပာတာတုန္းဆိုေတာ့

သီလအေပၚမွာ အခိုင္အမာ ရပ္တည္၊

ရပ္တည္ၿပီးတဲ႔အခါမွာ
စိတၱံ ပညဥၥ ဘာ၀ယံ
(စိတၱဆိုတာ ဒီေနရာမွာ တည္ၿငိမ္တဲ႔ သမာဓိကို ေျပာတာ)
သမာဓိ နဲ႔ ပညာကို ျဖစ္ပြားေစပါတဲ႔။
ဒါ စာကေျပာတဲ႔ အဓိပၸာယ္ေနာ္။

အဲဒီမွာ သမာဓိစိတ္နဲ႔ ပညာကို တိုးပြားေအာင္လုပ္လို႔ ဆိုတဲ႔ေနရာမွာ ရွင္မဟာဗုဒၶေဃာသက "ကထံ ဘာေ၀တေဗၺာ- သမာဓိ ဘယ္လိုျဖစ္ေအာင္ လုပ္မလဲ" ဆိုတဲ႔ ေနရာမွာ အဓိက ဘာေျပာတုန္းဆိုေတာ့ "ကမၼ႒ာနဒါယကံ ကလ်ာဏမိတၱံ ဥပသကၤမိတြာ" တဲ႔၊ ကမၼ႒ာန္းေပးႏိုင္တဲ႔ ေကာင္းျမတ္တဲ႔ ဂုဏ္ရည္ေတြနဲ႔ ျပည့္စံုတဲ႔ မိတ္ေကာင္းေဆြေကာင္း ဆရာေကာင္းကို ခ်ဥ္းကပ္ပါ လို႔ ဒီလိုေျပာတာေနာ္။

အဲဒီေတာ့ ဆရာမွားရင္ အမ်ားႀကီး ဒုကၡေရာက္ႏိုင္တယ္။ ဒါေၾကာင့္မို႔ "ကမၼ႒ာန္းဆရာ" ဆိုတာ သာမန္နဲ႔ ကမၼ႒ာန္းဆရာ ျဖစ္သင့္တာမဟုတ္ဘူး။

ကမၼ႒ာန္းဆရာဆိုသည္မွာ ရွင္မဟာဗုဒၶေဃာသက "ကမၼ႒ာနဒါယကံ ကလ်ာဏမိတၱံ"ဆိုတဲ႔ ကမၼ႒ာန္းဆရာရဲ႔ အရည္အခ်င္းေတြကို ထုတ္ေဖာ္ျပသထားတဲ႔အထဲမယ္ "ေအး-ကမၼ႒ာန္းေပးႏိုင္တဲ႔ ေကာင္းျမတ္တဲ႔ အရည္အခ်င္းေတြနဲ႔ ျပည့္စံုတဲ႔ မိတ္ေကာင္းေဆြေကာင္း ဆရာေကာင္းဆိုတာ
နံပါတ္(၁) "ဘုရားကိုပဲ ေျပာရမယ္"။
ေဟာ ဆရာဆိုတာ သူမ်ားကို ေျပာတာမဟုတ္ဘူး၊ ဘုရားကို ေျပာတာတဲ႔၊ ဒါ အျမင့္ဆံုးအဆင့္ကို ေျပာတာ။

ေအး- ဘုရားမရွိေတာ့ဘူးဆိုရင္ တရားရွိတယ္ေလ၊ ျမတ္စြာဘုရားကိုယ္တိုင္ကိုက ပရိနိဗၺာန္ စံကာနီးမွာ "ေယာ ေ၀ါ အာနႏၵ မယာ ဓေမၼာ စ ၀ိနေယာ စ ေဒသိေတာ ပညေတၱာ၊ ေသာ ေခါ မမစၥေယန သတၳာ" တဲ႔၊ "ငါမရွိတဲ႔ေနာက္ ငါေဟာခဲ႔တဲ႔ဓမၼ ငါပညတ္ခဲ႔တဲ႔ ၀ိနယဟာ မင္းတို႔ရဲ႔ဆရာပဲ" လို႔ ဒီလိုေျပာခဲ႔တာ။

ဒါက အင္မတန္မွ ထူးျခားတယ္။ သာမန္အဖြဲ႕အစည္းေတြနဲ႔ မတူဘူး။ ဗုဒၶဘာသာသာသနာ တည္ေထာင္မႈကို စဥ္းစားၾကည့္။ ဒိျပင္အဖြဲ႕အစည္းေတြမွာဆိုရင္ Successor လို႔ ေခၚတဲ႔ ရာထူးဆက္ခံသူေတြ ရွိရတယ္။ဥပမာမယ္ ႏိုင္ငံ တစ္ႏိုင္ငံမွာဆိုရင္ အုပ္ခ်ဳပ္တဲ႔ သမၼတတစ္ဦး
အနားယူသြားရင္ သူ႔ရာထူးကို ဆက္ခံသူဆိုတာ လာရတယ္။ ပုဂိၢဳလ္ေတြကပဲ ဆက္ခံသြားၾကတယ္။ အဲဒါကို အဂၤလိပ္လို Successor လို႔ ေခၚတယ္။ အဲဒီ Successor ဟာ ပုဂိၢဳလ္ပဲ ေရြးေလ့ရွိတယ္။
ဥပမာ ဘုရင္အုပ္ခ်ဳပ္တဲ႔ ႏိုင္ငံတစ္ႏိုင္ငံဆိုလို႔ရွိရင္ ဘုရင္ႀကီးမရွိရင္ ေနာက္ထပ္မင္းတစ္ပါး တက္ရတယ္။ Successor ဆက္ခံရတာ။

ျမတ္စြာဘုရားရဲ႔ သာသနာေတာ္က်ေတာ့ Successor ဆိုတာ ပုဂိၢဳလ္ကို ထားခဲ႔တာ မဟုတ္ဘူး။ ဓမၼကို ထားခဲ႔တာ။ အင္မတန္မွ ထူးျခားတယ္လို႔ ဒီလိုေျပာရမယ္။ဗုဒၶသာသနာေတာ္မွာ ဗုဒၶရဲ႔ Successor လို႔ေခၚတဲ႔ ဗုဒၶရာထူးကို ဆက္ခံမယ့္ ပုဂိၢဳလ္ဆိုတာ မရွိဘူး။ ျမတ္စြာဘုရားက ဓမၼကိုပဲ မိမိရဲ႔ Successor အေနနဲ႔ ထားခဲ႔တာ။ အဲဒီေတာ့ ဓမၼဟာ အေရးႀကီးဆံုးေပါ့။ အဲဒီဓမၼကိုသြားၿပီး စာခံတယ္ လို႔ ေျပာမိရင္ မွားလိမ့္မယ္။

ျမတ္စြာဘုရားကိုယ္တိုင္က ေသာ ေခါ မမစၥ ေယန သတၳာ- အဲဒီဓမၼ၀ိနယဟာ ငါမရွိတဲ႔ေနာက္မွာ မင္းတို႔ရဲ႔ဆရာပဲလို႔ ေျပာခဲ႔တယ္ေနာ္၊ ဒါကို သတိမေမ့ဖို႔ အင္မတန္ အေရးႀကီးတယ္။

ဒါျဖင့္ "ငါေဟာခဲ႔တဲ႔ဓမၼ ငါပညတ္ခဲ႔တဲ႔ ၀ိနယ" ဆိုတာ ဘာေတြတုန္း၊ အခု သဂၤါယနာေျခာက္တန္ တင္ထားတဲ႔ ပိဋကတ္သံုးသြယ္ နိကာယ္ငါးျဖာပဲ၊ ျမန္မာႏိုင္ငံမွာ အျပည့္အ၀ရွိတယ္။ ဆရာေတာ္ႀကီးေတြ အဆက္ဆက္ ထိန္းသိမ္း သင္ၾကားပို႔ခ်ေပးခဲ႔တဲ႔ စာေပေတြပဲ၊ ဘယ္အရာပဲျဖစ္ျဖစ္ စာေပနဲ႔အညီပဲ ျဖစ္သင့္တယ္ေပါ့၊ တစ္ဦးတစ္ေယာက္ရဲ႕ အေတြ႕အႀကံဳဆိုတာမ်ိဳးက ျပည့္စံုတာမဟုတ္ဘူး။ မျပည့္စံုဘူးဆိုတာ "ကႎသုေကာပမ"သုတ္ကို ၾကည့္ေပါ့။

{အဂၢမဟာပ႑ိတ အရွင္နႏၵမာလာဘိ၀ံသ(Ph.D)


unicode  ယူနီကုတ္ ျဖင့္ဖတ္ရန္

"ကမ္မဋ္ဌာန်းဆရာ"
★★★★★★★★★

ဗမာပြည်မှာ ကမ္မဋ္ဌာန်းဆရာဆိုပြီး ကမ္မဋ္ဌာန်းပြတဲ့အထဲမယ် စာတတ်ဖို့ မလိုပါဘူး၊ အတွေ့အကြံုရှိရင် ပြီးတာပဲလို့ပြောတဲ့ ပုဂိ္ဂုလ်မျိုးတွေကလည်း နည်းတာမဟုတ်ဘူး။တရားအားထုတ်တာတောင်မှပဲ စာခံနေလို့ တရားမတက်ဘူး လို့ပြောတဲ့ ပုဂိ္ဂုလ်တွေလည်း ရှိသေးတယ်။
အဲဒီလိုဆိုတော့ စာနဲ့ တရားနဲ့က တစ်ခြားစီလို့ အဓိပ္ပါယ်ရောက်သွားတယ်ပေါ့။

စာဆိုတာ ဘာကိုပြောတာလဲဆိုတော့ ဘုရားဟောတဲ့တရား၊
အဲဒီဘုရားဟောတဲ့ တရားနဲ့မှ မညီညွတ်ရင် ဘယ်လိုလုပ်ပြီးတော့ မှန်ကန်တဲ့လမ်းကြောင်း ရောက်မလဲ။ဒါကြောင့်မို့ "စာခံတယ်" ဆိုတာလည်း မပြောသင့်တဲ့ စကားတစ်ခုပဲ။"စာတတ်ဖို့ မလိုဘူး" ဆိုတာလည်း မပြောသင့်တဲ့ စကားတစ်ခုပဲ။တကယ်တော့ စာတတ်တာကို
အကြောင်းပြုပြီး "မာနခံတယ်" လို့ ပြောရင် မှန်တယ်။

ကမ္မဋ္ဌာန်းဆရာဆိုတာ အခု မိုးကုတ်ဆရာတော်ဘုရားကို ကြည့်ပေါ့။
အဘိဓမ္မာတရားတွေကို ကျေကျေညက်ညက် လေ့လာသင်ယူပြီး သင်ကြားပို့ချနေတဲ့ အရည်အချင်းရှိတဲ့ ဆရာတော်လေ။
အဲဒီလို စာပေတတ်ကျွမ်းလို့ မှန်မှန်ကန်ကန် ဟောနိုင်တာ။
စာတတ်ဖို့ မလိုဘူးလို့ပြောရင် လက်ခံစရာအကြောင်း မရှိဘူး။
ဘာဖြစ်လို့လဲဆိုတော့ စာထဲကအတိုင်းမှ မဟောရင် ကိုယ်သိတာမှ မဟုတ်တာ။

ဆရာတော်ကြီးတစ်ပါး တစ်ခါ စာရေးတယ်။ ရေးတော့ တခြားဆရာတော်တစ်ပါးက ပြောတယ်၊
"ဆရာတော့်ရေးတဲ့ ဆရာတော့်စာအုပ်က စာထဲအတိုင်း ရေးတာကိုး" တဲ့။
သူပြောချင်တာက လက်တွေ့နဲ့ ရေးစေချင်တယ်ပေါ့၊ စာထဲအတိုင်း ရေးတာကိုးဆိုတော့ ဟိုဆရာတော်ကြီးက ဘာပြန်ပြောတုန်း
"စာထဲအတိုင်း မရေးရင် မှားကုန်မှာပေါ့ဗျာ" လို့ ပြောတယ်။
ဒါလည်း အလွန် မှတ်သားစရာကောင်းတဲ့ အရာတစ်ခုပဲ။

တရားဆိုတာက မြတ်စွာဘုရားဟောလို့ သိခဲ့ကြရတာ။
နိဗ္ဗာန်ဆိုတာလည်း မြတ်စွာဘုရားဟောလို့ သိရတာ။
နိဗ္ဗာန်ရောက်ကြောင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာလည်း ဘုရားဟောလို့ သိတာ။ပိဋကတ်သံုးသွယ် နိကာယ်ငါးဖြာ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတာ သင်္ဂါယနာခြောကိတန်တင်ပြီး
အတည်ပြုခဲ့တဲ့ စာတွေဖြစ်တယ်။
ဒီစာတွေက ခံနေတယ်ဆိုရင် ဘယ်ဟုတ်မလဲ။
စာနဲ့မညီတဲ့လမ်းဟာ တစ်ခြားလမ်းပဲ ဖြစ်မယ်။
နိဗ္ဗာန်လမ်းတော့ မဟုတ်နိုင်ဘူး။
ဘာဖြစ်လို့လည်းဆိုတော့ ဘုရားဟောတဲ့တရားတွေက
နိဗ္ဗာန်လမ်းကို ဖော်ပြတဲ့ တရားတွေချည်းပဲလေ။
အဲဒီတော့ တစ်ခြားလမ်းကို ရွေးရင်တော့ဖြင့် စာခံတာ
ဟုတ်ကောင်း ဟုတ်လိမ့်မယ်နော်။
နိဗ္ဗာန်သွားမယ့်လမ်းကတော့ စာခံစရာအကြောင်း မရှိဘူး။
စာတတ်လေ ကောင်းလေပဲ။

ဒါကြောင့်မို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကိုယ်တိုင်က
"ယထာဘူတံ ဉာဏာယ သတ္ထာ ပရိယေသိ တဗေ္ဗာ- အမှန်အကန် သိဖို့အတွက် ဆရာကောင်းကိုရှာ"
လို့ ပြောခဲ့တာ။အဲဒါကို ရှင်မဟာဗုဒ္ဓဃောသက ၀ိသုဒ္ဓိမဂ်မှာ ရှင်းပြထားတယ်။မြတ်စွာဘုရားဟောတဲ့ ဂါထာတစ်ပုဒ်မှာ
"သီလေ ပတိဋ္ဌာယ နရော သပ္ပညော၊ စိတ္တံ ပညဥ္စ ဘာ၀ယံ"
အဲဒါ စာပဲ၊ ဘာကိုပြောတာတုန်းဆိုတော့

သီလအပေါ်မှာ အခိုင်အမာ ရပ်တည်၊

ရပ်တည်ပြီးတဲ့အခါမှာ
စိတ္တံ ပညဥ္စ ဘာ၀ယံ
(စိတ္တဆိုတာ ဒီနေရာမှာ တည်ငြိမ်တဲ့ သမာဓိကို ပြောတာ)
သမာဓိ နဲ့ ပညာကို ဖြစ်ပွားစေပါတဲ့။
ဒါ စာကပြောတဲ့ အဓိပ္ပာယ်နော်။

အဲဒီမှာ သမာဓိစိတ်နဲ့ ပညာကို တိုးပွားအောင်လုပ်လို့ ဆိုတဲ့နေရာမှာ ရှင်မဟာဗုဒ္ဓဃောသက "ကထံ ဘာေ၀တဗေ္ဗာ- သမာဓိ ဘယ်လိုဖြစ်အောင် လုပ်မလဲ" ဆိုတဲ့ နေရာမှာ အဓိက ဘာပြောတုန်းဆိုတော့ "ကမ္မဋ္ဌာနဒါယကံ ကလျာဏမိတ္တံ ဥပသင်္ကမိတွာ" တဲ့၊ ကမ္မဋ္ဌာန်းပေးနိုင်တဲ့ ကောင်းမြတ်တဲ့ ဂုဏ်ရည်တွေနဲ့ ပြည့်စံုတဲ့ မိတ်ကောင်းဆွေကောင်း ဆရာကောင်းကို ချဥ်းကပ်ပါ လို့ ဒီလိုပြောတာနော်။

အဲဒီတော့ ဆရာမှားရင် အများကြီး ဒုက္ခရောက်နိုင်တယ်။ ဒါကြောင့်မို့ "ကမ္မဋ္ဌာန်းဆရာ" ဆိုတာ သာမန်နဲ့ ကမ္မဋ္ဌာန်းဆရာ ဖြစ်သင့်တာမဟုတ်ဘူး။

ကမ္မဋ္ဌာန်းဆရာဆိုသည်မှာ ရှင်မဟာဗုဒ္ဓဃောသက "ကမ္မဋ္ဌာနဒါယကံ ကလျာဏမိတ္တံ"ဆိုတဲ့ ကမ္မဋ္ဌာန်းဆရာရဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြသထားတဲ့အထဲမယ် "အေး-ကမ္မဋ္ဌာန်းပေးနိုင်တဲ့ ကောင်းမြတ်တဲ့ အရည်အချင်းတွေနဲ့ ပြည့်စံုတဲ့ မိတ်ကောင်းဆွေကောင်း ဆရာကောင်းဆိုတာ
နံပါတ်(၁) "ဘုရားကိုပဲ ပြောရမယ်"။
ဟော ဆရာဆိုတာ သူများကို ပြောတာမဟုတ်ဘူး၊ ဘုရားကို ပြောတာတဲ့၊ ဒါ အမြင့်ဆံုးအဆင့်ကို ပြောတာ။

အေး- ဘုရားမရှိတော့ဘူးဆိုရင် တရားရှိတယ်လေ၊ မြတ်စွာဘုရားကိုယ်တိုင်ကိုက ပရိနိဗ္ဗာန် စံကာနီးမှာ "ယော ေ၀ါ အာနန္ဒ မယာ ဓမေ္မာ စ ၀ိနယော စ ဒေသိတော ပညတေ္တာ၊ သော ခေါ မမစ္စယေန သတ္ထာ" တဲ့၊ "ငါမရှိတဲ့နောက် ငါဟောခဲ့တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ၀ိနယဟာ မင်းတို့ရဲ့ဆရာပဲ" လို့ ဒီလိုပြောခဲ့တာ။

ဒါက အင်မတန်မှ ထူးခြားတယ်။ သာမန်အဖွဲ့အစည်းတွေနဲ့ မတူဘူး။ ဗုဒ္ဓဘာသာသာသနာ တည်ထောင်မှုကို စဥ်းစားကြည့်။ ဒိပြင်အဖွဲ့အစည်းတွေမှာဆိုရင် Successor လို့ ခေါ်တဲ့ ရာထူးဆက်ခံသူတွေ ရှိရတယ်။ဥပမာမယ် နိုင်ငံ တစ်နိုင်ငံမှာဆိုရင် အုပ်ချုပ်တဲ့ သမ္မတတစ်ဦး
အနားယူသွားရင် သူ့ရာထူးကို ဆက်ခံသူဆိုတာ လာရတယ်။ ပုဂိ္ဂုလ်တွေကပဲ ဆက်ခံသွားကြတယ်။ အဲဒါကို အင်္ဂလိပ်လို Successor လို့ ခေါ်တယ်။ အဲဒီ Successor ဟာ ပုဂိ္ဂုလ်ပဲ ရွေးလေ့ရှိတယ်။
ဥပမာ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံတစ်နိုင်ငံဆိုလို့ရှိရင် ဘုရင်ကြီးမရှိရင် နောက်ထပ်မင်းတစ်ပါး တက်ရတယ်။ Successor ဆက်ခံရတာ။

မြတ်စွာဘုရားရဲ့ သာသနာတော်ကျတော့ Successor ဆိုတာ ပုဂိ္ဂုလ်ကို ထားခဲ့တာ မဟုတ်ဘူး။ ဓမ္မကို ထားခဲ့တာ။ အင်မတန်မှ ထူးခြားတယ်လို့ ဒီလိုပြောရမယ်။ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓရဲ့ Successor လို့ခေါ်တဲ့ ဗုဒ္ဓရာထူးကို ဆက်ခံမယ့် ပုဂိ္ဂုလ်ဆိုတာ မရှိဘူး။ မြတ်စွာဘုရားက ဓမ္မကိုပဲ မိမိရဲ့ Successor အနေနဲ့ ထားခဲ့တာ။ အဲဒီတော့ ဓမ္မဟာ အရေးကြီးဆံုးပေါ့။ အဲဒီဓမ္မကိုသွားပြီး စာခံတယ် လို့ ပြောမိရင် မှားလိမ့်မယ်။

မြတ်စွာဘုရားကိုယ်တိုင်က သော ခေါ မမစ္စ ယေန သတ္ထာ- အဲဒီဓမ္မ၀ိနယဟာ ငါမရှိတဲ့နောက်မှာ မင်းတို့ရဲ့ဆရာပဲလို့ ပြောခဲ့တယ်နော်၊ ဒါကို သတိမမေ့ဖို့ အင်မတန် အရေးကြီးတယ်။

ဒါဖြင့် "ငါဟောခဲ့တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ၀ိနယ" ဆိုတာ ဘာတွေတုန်း၊ အခု သင်္ဂါယနာခြောက်တန် တင်ထားတဲ့ ပိဋကတ်သံုးသွယ် နိကာယ်ငါးဖြာပဲ၊ မြန်မာနိုင်ငံမှာ အပြည့်အ၀ရှိတယ်။ ဆရာတော်ကြီးတွေ အဆက်ဆက် ထိန်းသိမ်း သင်ကြားပို့ချပေးခဲ့တဲ့ စာပေတွေပဲ၊ ဘယ်အရာပဲဖြစ်ဖြစ် စာပေနဲ့အညီပဲ ဖြစ်သင့်တယ်ပေါ့၊ တစ်ဦးတစ်ယောက်ရဲ့ အတွေ့အကြံုဆိုတာမျိုးက ပြည့်စံုတာမဟုတ်ဘူး။ မပြည့်စံုဘူးဆိုတာ "ကိံသုကောပမ"သုတ်ကို ကြည့်ပေါ့။

{အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိ၀ံသ(Ph.D)