Monday, June 22, 2015

ဝါဆိုလ၀ယ် သိမှတ်ဖွယ် • သန္ဓေ • တောထွက် • ဓမ္မစက်၊ မိန့်မြွတ်သံချို လ၀ါဆို။ ******..

ဝါဆိုလ၀ယ် သိမှတ်ဖွယ်

• သန္ဓေ • တောထွက် • ဓမ္မစက်၊ မိန့်မြွတ်သံချို လ၀ါဆို။
*************************
• သန္ဓေတော်ယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့။
• တောထွက်တော်မူသောနေ့ = မဟာသက္ကရာဇ် ၉၇၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့။
• ဓမ္မစကြာဟောတော်မူသောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ၀ါဆိုလပြည့်၊ စနေနေ့။
*************************
သန္ဓေတော်ယူသောနေ့
*************************
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြ၀ဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဘို့ --- ကိန်းပါကို.....။
တောထွက်တော်မူသောနေ့
*************************
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ်လှုံသည်၊ စုံမြိုင်ပင်ရိပ် --- ခန်းမှာကို.....။
ဓမ္မစကြာ ဟောတော်မူသောနေ့
*************************
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် --- ရွမ်းတယ်ကို.....။

Credit to ဓမ္မဗျူဟာ