Saturday, January 31, 2015

မြဝတီ ရုပ်သံ ဘုရားပွဲ ကို မှတ်တမ်း တင်

ဒီပင်္ကရာမဟာစေတီတော်ဘုရားပွဲတော် ပထမနေ့ကို မြဝတီရိုက်ကူးရေးအဖွဲ့မှ ရိုက်ကူးနေပုံ(29-1-2015) ပွဲတော်ရက်မှာ 29-1-2015မှ 3-2-2015ထိ


Wednesday, January 28, 2015

ဆွသဟာ Plan ကို ဖြုတ်ခြင်း& ပြန်ဖြတ်ပြီးမှ internet မတတ်သောသူများအတွက်

ပထမဦးဆုံးကျွန်တော်ပြောပါမယ် ကျွန်တော့်စိတ်အထင်လေးရယ်ကျွန်တော်တတ်နှိင်သလောက် ပြောတာပါ ကျွန်တော်ကိုယ်တိုင်လည်းမစမ်းရသေးဘူးဒါပေမဲ့စမ်းပြီးသားလူတွေဆီကို ပြောသံကြားလို့ပါမရခဲ့ရင်အဆင်မပြေခဲ့ရင်မဆဲပါနဲ့နားလည်ပေးပါကျွန်တော့်အထင်တော့MPTက ဆွေသဟာကို ဖြတ်ချလိုက်တော့ အရင် ဟာကိုပါ ဖြတ်ချလိုက်တယ်ထင်ပါရဲ့ ကဲနားလည်သလိုပြောတာပါ Access point name တွေကောပြန်ချိန်ကြည့်ပါအုံး.. အောက်မှာချိန်နည်းလေးတွေရေးပေးထာပါတယ် ဖတ်ပြီးလိုက်လုပ်ပေါ့ ..
*

1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name –mptnet
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ ) တစ်ခါတစ်လေ Default လို့ရိုက်ပေးရပါသည် ( Samsung များတွင်တော့ Internet ဆိုတဲ့စာကြောင်းလေးကို ရွေးပေးရမှာဖြစ်ပါတယ် )
APN Protocol = IPv4 ကိုရွေးပါ


အားလုံးပြီးရင်တော့ Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး Save ကိုနှိပ်ပါ။
APN နောက်မှ ရွေးချယ် Select ပေးပြီး Mobile Data On / Off လုပ်ပြီး အင်တာနက်သုံးနိုင်ပါပြီ ...

ဆွေသဟာ Plan ကို ဖြုတ်ချင်ရင်

To:1332
SMS:UNSWE
လို့ရိုက်ပြီးပို့ပါ



မှတ်ချက် ။ ။ ဆွေသဟာ အစီအစဉ်ကိုဖြုတ်ပြီးမှ internet မတတ်ရင် 106 ကိုဖုန်းဆက်လို့ပြောတယ်ခင်ဗျာ



အားလုံးအဆင်ပြေပါစေ

Tuesday, January 27, 2015

င်္သုးဘီးဆိုင်ကယ်တွေအတွက်တဲ့ မေးကပို့တဲ့စာ

မော်လူးဒီဘင်္ကရာပြေးဆွဲမည့်သုံးဘီးများဘေးအချက်ပြမီးများတပ်သင့်ကြောင့်အသိပေးအပ်ပါသည်။အကြောင်းရင်းကတော့ညဆိုဆိုင်ကယ်မီးနဲ့မသဲကွဲဘဲနဲကပ်ခါလေးတိမ်းမိရင်ပွတ်မိရင်အန္တရာယ်ရှိသည်ကိုကြိုမြင်မိပါသည်

ကဲ တပ်ကုန်းပွဲ လူသတ်တရာခံမိပြီတဲ့

ဘုရားပွဲ  ကြီး ကို  ဘေးအန္တရာယ်  ကင်းစေဘို့

မော်လူး  ဒေသသားများ   အားလုံး ဝိုင်းဝန်းကူညီကြစို့

Monday, January 26, 2015

မော်လူ မူလတောရကျောင်းမှ ကြာဖြူကန် ပြုပြင်




သတင်းရင်းမြစ် ဆရာတော် ဦးဝါယမ၏ facebook စာမျက်နှာမှ

ပေါ့ပေါ့ ပါးပါး ခရီးသွား....


၂၀၁၀ ခုနှစ်က ရေးဖြစ်တဲ့စာလေးပါ လိုင်းကောင်းနေတဲ့ အချိန် တင်စရာမရှိလို့ အဟောင်းလေးကို အကြံကုန် ဂဠုန်ဆားချက်လုပ်လိုက်ပါတယ်
@@@@@@@@@@@@@####@@@@@@@@
မနက်ခင်းသည် နှင်းမှုန်များနှင့်မသဲမကွဲ ဆောင်းကုန်ခါနီးနှင်းတို့ကအစွမ်းကုန်သွန်ချနေသယောင်
အအေးဓာတ်ကလေးကလည်းရှိနေဆဲမို့ ကျနော် အကျီင်္အထူနှင့်အနွေးဖိနပ်ကိုဝတ်ဆင်လျက် စီးတော်
ယာဉ်ကို လီဗာတင်ပြီး ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းဘက်သို့ထွက်လာခဲ့မိသည်။ ဒီနေ့မနက်ကျနော်
ခရီးတစ်ခုသွားစရာရှိ၍ဖြစ်သည်။ သွားရမည့်ခရီးကား ရွာနှင့်မိုင်သုံးဆယ်ကျော်ဝေးသောမြို့ငယ်
လေးသို့ဖြစ်သည်။ ကားလမ်းမသို့ရောက်သောအခါ လမ်းထောင့်ကွမ်းယာဆိုင်မှ ကွမ်းငါးရာဖိုးဝယ်
လိုက်သည်။ ခရီးမသွားတာခြောက်လခန့်ရှိပြီမို့ ဒီလမ်းခရီးကိုသွားရမှာပျင်းနေမိသည်။ အရင်ကတော့
တစ်လလျှင်သုံးလေးကြိမ်မျှ သွားရလေ့ရှိသည်။ ကွမ်းတစ်ယာကိုထုတ်ဝါးရင်း လမ်းမပေါ်သို့ငေးကြည့်
မိသည်။ လမ်းပေါ်တွင်ဈေးသွားဈေးပြန်များနှင့် လူမပြတ်ချေ။ တစ်ယောက်တည်းသွားရန်ပျင်း၍
သူငယ်ချင်းအား အဖော်ညှိထားသော်လည်း မလိုက်နိုင်ဟုဆိုလာသဖြင့်
တစ်ယောက်တည်းထွက်လာရခြင်းဖြစ်၏။ စီးတော်ယာဉ်ကိုခွပြီး မှန်မှန်မောင်းနှင်လာခဲ့သည်။
ရွာအပြင်ဓာတ်ဆီဆိုင်တွင် စီးတော်ယာဉ်အတွက်ဆီသုံးပုလင်းထည့်လိုက်သည်။
ပြီးနောက်ကျနော်ဆက်ထွက်လာခဲ့သည်။ ရွာပြင်ကားလမ်းတွင်
တော့ လူရောကားပါရှင်းနေ၏။ နံနက်စောစောမို့အသွားအလာရှင်းနေခြင်းဖြစ်သည်။
ချောင်းကလေးကိုဖြတ်ဆောက်ထားသောတံတားလေးကိုဖြတ်ပြီးတောင်ကုန်းလေးတစ်ခုကိုကျော်
လာသောအခါ လမ်းမှာဖြောင့်လာသဖြင့် စီးတော်ယာဉ်ကို လီဗာနည်းနည်းတင်လိုက်၏။
အရှေ့ခပ်လှမ်းလှမ်းသို့မျှော်ကြည့်သောအခါ တစ်ခုခုလိုနေသလိုခံစားရသည်။ အရင်မြင်နေ
ကျမဟုတ်သလိုရှင်းနေ၏။ သေချာစဉ်းစားကြည့်မှ ဤနေရာတွင် အရင်က ဥတုရာသီတောကိုမှီ
နှင့် လုံးပတ် ၁၉ ပေ ၆ လက်မဟူသော ဆိုင်းဘုတ်လေးများချိတ်ဆွဲထားသည့် ကညင်ပင်ကြီး
မရှိတော့ခြင်းပင်။ ဘာကြောင့်ခုတ်ပစ်သည်တော့မသိ ထားသင့်သည့်အပင်ဟုတွေးမိပါသည်။
နွေဦးအစတွင်ထိုကညင်ပင်ကြီးမှ ကညင်သီးများသည် ကလေးများအတွက် ကြက်တောင်
သဖွယ်ကစားစရာလေးများဖြစ်သောကညင်သီးများကြွေကျနေလေ့ရှိသည်။ ပြီးတော့
ခရီးထွက်လျှင် ကညင်ပင်ကြီးမှာမြင့်ုမင့်မားမားကြီးဖြစ်၍ ရွာမှဝေးလာပြီဟုသိနိုင်သလို
ပြန်လာလျှင်လည်း ကညင်ပင်ကြီးကိုမြင်ရလျှင် ရွာနှင့်နီးလာပြီဟူသောခံစားချက်ကို
ကျနော်တော့ခံစားမိရသည်။ ယခုတော့ဘာမှမရှိတော့။ ဆက်ပြီးစီးတော်ယာဉ်နှင့်ခရီးနှင်
လာခဲ့သည်။ လမ်းကားကောင်းသည်ဟူ၍မရှိချေ။ ချိုင့်ခွက်များကျောက်ခဲများကိုကွင်းကာ
ရှောင်ကာစီးနေရသည်။ သည်ခရီးကိုသွားလျှင်ကျနော်အမြဲနားလေ့ရှိသော နေရာလေးတစ်ခု
ရှိသည်။ ချောင်းကလေးနှင့်ဒီဘက်ကမ်းမှာတော့ ယူကလစ်ပင်ဖြူဖြူဖွေးများက အစိမ်းရောင်
ခေါင်းပေါင်းများနှင့် ဟိုဘက်ကမ်းမှာ ၁၉၀၆ခုနှစ်ကစိုက်ပျိုးထားသော ကျွန်းပင်အုပ်လေးရှိနေ
၏။ ဒီနေရာသို့ရောက်လျှင် ကျနော်စီးတော်ယာဉ်ကို အပူသက်သာစေရန်ချောင်းလေးထဲတွင်
ရေဆေးပြီး ခြေလက်မျက်နှာဆေးကြောကာ ကျွန်းပင်အုပ်လေးထဲမှနေပြီး တောင်တန်းပြာပြာ
ကြီးကိုခဏငေးနေရသည်မှာ အရသာတစ်မျိုးပင်..။ တစ်ခါတစ်လေတော့ ကျနော်တောင်တန်းပြာ
ကြီးကိုပင် ဟစ်အော်နှုတ်ဆက်လိုက်တတ်ပါသေးသည်။ နွေဦးအစကျွန်းရွက်ခြောက်ကြွေများကို
ဖြတ်နင်းရသောအခါ တရွမ်းရွမ်းမြည်သံကို နားဆင်ရသည်မှာလည်း တစ်မျိုးလေးပင် အတွေး
တွင်ခဏမျှမျောသွားသဖြင့် ရှေ့မှလမ်းချိုင့်ခွက်ကို မနည်းရှောင်လိုက်ရသည်။
စီးတော်ယာဉ်ကလည်း တရိပ်ရိပ်ပြေး အတွေးပလုံစီလေးတွေကလည်း တလွင့်လွင့်မျော
နေတော့၏။ မြင်ရချေပြီ ချောင်းကလေးကို ကျနော်ချောင်းကလေးနားရောက်တော့
ဟိုဘက်ကမ်းမှ ကျွန်းပင်အုပ်ဆီအကြည့်ရောက်သွားမိသည်။
ကျွန်းပင်တို့သည်မြေတွင်တုံးလုံးပက်လက် အပင်ငုတ်တိုတို့က၀မ်းနည်းပက်လက်
ချောင်းကလေးကတော့သူ့သူငယ်ချင်းတွေအတွက် ငိုသံပါကြီးနှင့် ကျနော်ကိုပြော
ပြနေသယောင်..ကျနော်ကရော ဘယ်လိုခံစားနေရပါသလဲ….
ကျနော်တောင်တန်းပြာကြီးဆီငေးရင်းးးဝမ်းခေါင်းသံဖြင့် အားရပါးရ ဟစ်အော်ပစ်မိ
ပါတော့သည်။ ကျနော့် စိတ်ထဲမှ မကျေနပ်မှုများကို ၀မ်းခေါင်းသံဖြင့် အားပါးတရ အော်ဟစ်ပစ်လိုက်မှုကို
တောင်တန်းပြာကြီးက ထပ်ကာထပ်ကာမြည်ဟီးစေပြီး ထောက်ခံနေသယောင်ပင်။
စိတ်ကျေနပ်အောင် အော်ဟစ်ပြီးနောက် ချောင်းကလေးထဲသို့ဆင်းပြီး မျက်နှာသစ်
ရန်ကြည့်မိသောအခါ ချောင်းရေ အရင်ကကဲ့သို့ ကြည်လင်နေခြင်းမရှိချေ။ နောက်ကျိကျိ
ဖြစ်နေ၏။ ဟာ …ဘာတွေဖြစ်ကုန်ပြီနည်း … နောက်မှ အတွေးထဲပေါ်လာသည် ဒီချောင်း
ဖျားတွင်ရွှေထွက်သဖြင့် ရွှေတွင်းများကြောင့် ချောင်းကလေး၏ ကြည်လင်သောရေများမှာ
နောက်ကျိသွားခဲ့ရခြင်းဖြစ်ပေမည်။ အရင်ကကြည်နူးငြိမ်းချမ်းဖွယ်နေရာလေးသည် အခုတော့
ကျနော့်အတွက် ကြေကွဲဝမ်းနည်းစရာနေရာလေးအဖြစ်သို့ပြောင်းလဲသွားခဲ့ချေပြီ။
ခဏကမကျေနပ်မှုဝမ်းနည်းမှုတွေက တဖန်ပြန်လည်နိုးထလာပြန်ချေသည်။ ဒီတစ်ခါတော့
အော်ဟစ်ပစ်ရန် အားအင်မရှိတော့သဖြင့် ကွမ်းတစ်ယာကိုထုတ်ဝါးပစ်သည်။ ဆိုင်မဆိုင်တော့
မပြောတတ်....
ကျနော်ကတော့မကျေနပ်မှုများကို ၀ါးပြီး ထွေးထွေးထုတ်နေမိသည်။
ဖရိုဖရဲခံစားချက်များနှင့်ကျနော် ခရီးဆက်လာခဲ့ရသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးတာလား
ဖျက်ဆီးကြတာလားဟုလည်း အတွေးများနှင့် မေးခွန်းတွေထုတ်နေမိသည်။ ရောက်ပြန်ပေပြီ
နောက်တစ်နေရာ ဒီနေရာကတော့ မိုးဖြတ်ကြောဟု ခေါ်ကြပြောကြသောနေရာလေးပါ
သစ်ပင်များထူထပ်သောနေရာလေးမို့ အရင်နေဘယ်လောက်ပူပူ ဒီနေရာရောက်ရင်အေးသွား
လေ့ရှိသည်။ နွေရာသီပင်အစိုဓာတ်မပျောက်သောနေရာလေးပါ။ မိုးတိမ်းများသူ့အပေါ်မှ
ဖြတ်သွားလျှင် တခြားနေရာမိုးမရွာသော်လည်းဒီနေရာမှာ မိုးတွေရွာချရသည်။ ဒါကြောင့်
ဒီနေရာလေးကို မိုးဖြတ်ကြောဟုခေါ်ဝေါ်ထားကြခြင်းဖြစ်သည်။ ဒီနေရာကလည်းအရင်
ကလောက်မအေးစိမ့်တော့ချေ။ စိတ်ထဲမှာ မကောင်းစွာဖြင့် ကျနော်ခရီးဆက်လာလိုက်
သည်မှာ မြို့လေးအ၀င်ဝသို့ရောက်လာပါတော့သည်။ မြို့အ၀င်ဘီးခွန်ဂိတ်တွင်
ယူနီဖောင်းဝတ်လူတစ်ဦး ( အရာရှိတော့မဟုတ်ပါ) ဘယ်သွားမှာလဲ ဘယ်ကလဲဟု
မေးနေပြန်သေးသည်။ စိတ်ကခရီးသွားရင်း အတွေးများနှင့်ဒေါသထွက်လာသူမို့
ပြန်ဖြေလိုက်သည်မှာ ဒေါသသံပါနေလိမ့်မည်။ ဒါ့အတွက်လည်း ကျနော့်ကို မေးခွန်းတော်
တော်များများလျှောက်ရစ်မေးနေခြင်းဖြစ်သည်။ အဲ့ဒီဘီးခွန်ဂိတ်မှ လွန်ပြီးမြို့ထဲသို့
ရောက်လာသောအခါ လဘက်ရည်ဆိုင်သို့တန်းသွားလိုက်၏။ တစ်နာရီလောက်သာ
စီးခဲ့သော်လည်း မနက်ထွက်မလာခင်က စားခဲ့သောထမင်းကြမ်းနှင့်တိုဟူးကြော်မှာ
လမ်းကြမ်းကြမ်းကြောင့်ဘယ်နားရောက်ကုန်လေပြီမသိချေ။
လဘက်ရည်ဆိုင်ဘေးတွင်စီးတော်ယာဉ်ကိုရပ်လိုက်သောအခါ ကောင်းလေးတစ်ဦးပြေး
လာပြီး အစ်ကိုဆိုင်ကယ်ကို ဒီနားမှာမရပ်ရဘူးဗျဟု ပြောလာ၏။ ကျနော်တော်တော်အတွေးရကြပ်
သွားသည်။ ဘာမှမပြန်မပြောဖြစ်ပဲငေးကြည့်နေလိုက်မိသည်။ အတန်ကြာမှ အရင်ကလာတော့လည်း
ဒီနေရာမှာပဲရပ်နေကြလေကွာဟုပြောလိုက်မိသည်။ အော်..ပြောင်းလဲနေသောခေတ်ကိုးးဗျ..
ကျနော်ကခေတ်နောက်ကျကျန်ခဲ့တာနေမှာပါလို့ပဲတွေးပြီး ဒါဆိုဘယ်နားရပ်ရမှာလဲကွဟု
ပြန်မေးလိုက်မိသည်။ ကောင်လေးကကျနော့်ကို ကဒ်ပြားလေးတစ်ခုထုတ်ပေးပြီး
ကျနော်သွားထားပေးမယ်ဟုဆိုကာ ဆိုင်ကယ်ကိုတွန်းသွားလေ၏။ ဘယ်သို့တွန်းသွား
ပါမလိမ့်ဟုကြည့်နေသောအခါ ခဏက ကျနော်ရပ်ထားသောနေရာနှင့်မလှမ်းမကမ်း
သို့တွန်းသွား၏။ ဟုတ်ပေသည်ထိုနေရာတွင် စက်ဘီးဆိုင်ကယ်များတန်းစီရပ်ထားသည်ကိုတွေ့
နေရသည်။ ကျနော်ထိုနေရာမှ လက်ဘက်ရည်ဆိုင်ထဲသို့ဝင်ထိုင်ကာ ပေါ့ဆိမ့်တစ်ခွက်
မှာလိုက်သည် စားပွဲထိုးလေးက ဘာစားဦးမလဲအစ်ကိုဟု မေးလာသေးသော်လည်း
ကျနော်ခေါင်းသာယမ်းပြလိုက်တော့သည်။ လမ်းကြမ်းတာရော ခံစားရတာတွေရော
များသွားသည့်အတွက်ကြောင့်လားမပြောတတ်ပေ။ စကားပင်မပြောချင်သလိုဖြစ်နေ၏။
စားပွဲထိုးလေးချပေးသောလက်ဘက်ရည်ကို တစ်ငုံသောက်လိုက်ပြီး လမ်းဘက်သို့
ကြည့်နေမိသည်။ ကျနော်ထိုင်နေသောလက်ဘက်ရည်ဆိုင်နှင့်မျက်နှာခြင်းဆိုင်တွင်
ဈေးရှိသည်။ ဈေးသွားဈေးလာများ ခုထိမကွဲသေးချေ။ ဆိုင်အတွင်းရှိနာရီကိုကြည့်
လိုက်တော့ ကိုးနာရီ ဆယ်ငါးမိနစ်တိတိ ကျနော်လက်ဘက်ရည်ဆိုင်မှ ထလာတော့
ကိုးနာရီခွဲချေပြီ။ ဆိုင်ကယ်ကိုကဒ်ပြားပြရွေးလိုက်ရသည် ခဏလေးနှင့်ပင် ဆိုင်ကယ်အပ်ခ
၂၀၀ပေးလိုက်ရ၏ ။ ကျနော်သွားရမည့်အိမ်သို့ ဆက်သွားလိုက်တော့သည်။ ထိုအိမ်တွင်ပြောစရာ
မေးစရာ ၀ယ်စရာရှိသည်များကိုလုပ်ပြီး ထွက်လာတော့ ၁၀နာရီခွဲချေပြီ။ ကျနော်ဝင်စရာနေရာ
တစ်ခုကျန်နေသေး၏ ။ ကျနော်နှင်မြစ်ကြီးနားတွင်ကျောင်းအတူတက်ခဲ့ရသော သူငယ်ချင်း
အိမ်ကိုဖြစ်သည်။ သူ့မြို့သို့ရောက်လာပြီးမ၀င်လည်လျှင် ပြောလို့မဆုံးဖြစ်နေတတ်သည်မို့
ဝင်ရခြင်းဖြစ်သည်။ သူကား ကဗျာများစာများနည်းနည်းပါးပါးရေးလေ့ရှိသူဖြစ်ပြီး ကျနော့်ကို
လည်းစာရေးရန်အမြဲတိုက်တွန်းတတ်၏။ ကျနော်ကတော့စာရေးပျင်းသူပီပီ အင်းးရေးချင်တယ်ကွ
ဒါပေမယ့် ဘယ်ကစရေးရမှန်းမသိဘူးဟုသာယောင်ချာချာပြန်ဖြေလေ့ရှိသည်။ သူ့ဆီဝင်လျှင်
ကျနော့်အတွက် မဂ္ဂဇင်း ဘာသာရေး လူမှုရေး စသောသူ့အတွက်လက်ဆောင်ရထားသောစာအုပ်များထဲမှ
တစ်အုပ်အုပ်ကိုလည်းပေးလေ့ရှိသည်။ ထိုစာအုပ်များထဲတွင်သူ့စာလေး ကဗျာလေးတွေလည်း
ပါ၏။ ကျနော်သူ့ဆီရောက်တော့ မောင်မင်းကြီးသားက အခန့်သား ကုလားထိုင်နှင့်နေပူဆာ
လှုံရင်း စာအုပ်ဖတ်နေသည်။ ကျနော်ဝင်လာသည်ကိုမြင်ပြီး ဟ…ကောင်ကြီး မလာတာကြာပေါ့
ဟုနှုတ်ဆက်ပြီးသူ့ဘေးကခုံလွတ်တွင် ထိုင်ခိုင်း၏။
ပြီးနောက်သူထသွားပြီး အိမ်ထဲသို့ဝင်သွားကာ ပြန်ထွက်အလာတွင် စာအုပ်တစ်အုပ်ပါလာ
လေသည်။ ကျနော့်အားလှမ်းပေးရင်း အဲ့စာအုပ်လေးဖတ်သင့်တယ်ကွဟုပြောရင်း
သဘာဝပတ်ဝန်းကျင်အကြောင်းတွေ ကြွပ်ကြွပ်အိတ်အကြောင်းတွေ အကုန်ပါတယ်ဟု
ပြော၏ ။ စာအုပ်လေးကတော့ မဂ္ဂဇင်းစာအုပ်ဖြစ်သည်။ အေးကွာငါလည်းလမ်းမှာမြင်ခဲ့ရ
တာတွေစိတ်မချမ်းသာခဲ့ဘူးးဟုပြောလိုက်မိသည်။ သူနှင့်ထွေရာလေးပါးပြောရင်း နှုတ်ဆက်
ကာ ထွက်လာခဲ့မိတော့ လမ်းထိပ် သစ်တောရုံးရှေ့အရောက်တွင် အမှတ်တမဲ့
လှမ်းကြည့်မိရာ ဆိုင်းဘုတ်ကြီးတစ်ခုကို မြင်လိုက်ရသည်။ အစိမ်းရောင်နောက်ခံတွင်
စာလုံးအဖြူများနှင့်ရေးထားသော ဆောင်ပုဒ်လေးတစ်ခုပါ ….
ကျနော် အသံထွက်ဖတ်လိုက်မိသည်……
နိုင်ငံအ၀ှမ်း သစ်တောစွမ်းဖြင့် စိမ်းလန်းစိုပြေရမည် …

အုန်းဒုတ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေး



ကျောင်းအခြေပြု အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ကျောင်းအခြေပြု အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုး ရောရွ ကာကွယ်ဆေး ထိုးနှံခြင်းကို ဇန်နဝါရီ ၂၆ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု အစုလိုက် ဝက်သက်နှင့် ဂျိုက်သိုးရောဂွ ကာကွယ်ဆေး ထိုးနှံရာသို့ မော်လူး ကျန်းမာရေးဋ္ဌာနမှ သားဖွားဆရာမ ဒေါ်ခင်ထွေးကြိုင်နှင့်အဖွဲ့အား အုန်းဒုတ်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေးနှင့် ဆရာ/မများ၊ အုန်းဒုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဋ္ဌေး၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဦးအောင်ချစ်တို့ လိုအပ်သည်များကို ပံ့ပိုးကူညီပေးကာ ကျောင်းသား/သူ ၁၄၂ ဦးကို ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

Sunday, January 25, 2015

မေလ်းထဲရောက်နေတာ ကြာပြီဖြစ်တဲ့ ကဗျာ နှစ်ပုဒ်

အမေ့မေတ္တာ
@@@@@@@@

*အမေ့တ္တော ပန်းရွှေ ကြာနဲ့   ပမာနိုင်း ဆို  မပြောလိုဘူး    ထိုပန်းကြွေ ကာ နွမ်းတတ်လို့ ။
* အမေ့မေတ္တာ စမ်းရေပြာနဲ့  ပမာနိုင်းဆို မပြောလိုဘူး ထိုစမ်းနွေမှာ  ခမ်းတတ်လို့ ။
* အမေ့မေတ္တာ  လစန္ဒာနဲ့ ပမာနိုင်ဆို  မပြောလိုဘူး ထိုစန်းစန္ဒာ တိမ်လွှာ  လွမ်းတတ်လို့ ။
* အမေ့မေတ္တာ နိုင်းဆိုပါရန် ပေစာကျမ်းဂန် ဖွေရှာလှန်လည်း  နိုင်းရန်မတွေ့ ကာရန်မေ့သည် အမေ့မေတ္တာ မြသီတာ ။

  ( နန္ဒနန်းမိုး )                  အမေနေ့ကို ဂုဏ်ပြုလျှက်


################################

နှလုံးသား မာန်
==========

စစ်မှန်သော နှလုံးသားနဲ့  ချ ဉ်းကပ်လာတဲ့                                                      လူ တစ်ယောက်ကို   မင်းဘဝရဲ့ သင်္ချာတစ်ပုဒ် အဖြစ်    ထုဆစ်လိုက်တာဟာ ငါ့ ရဲ့ နှလုံးသားထဲ                                      ဗုံးတစ်လုံးပစ်သွင်း လိုက်သလို ပဲ   ။                                    ဝိတ်တား အပြည့်နဲ့   စိတ်အထားတွေ  ခဝါကျ နေသူကို မှ            မင်းရဲ့ ရင်ခုန်သံ  အဖြစ် သတ်မှတ်တယ်  ဆိုရင်    မင်းအတွက်            ငါ ဟာ  မျ က်ရည် စက် မရှိဘူး ဆိုတာ ယုံလိုက်ပါ  ။                  တစ် ချိန်က မင်းရဲ့ ပုံရိပ် လေးတွေကို  စိတ္တဇဆန် ရူးသွပ် ခဲ့ရတယ်ဆို တာ ဝန်ခံပါတယ် ။                                                                 အခု တော့းးးး နှလုံးအိမ်မှ စွဲလမ်းမိသော   မင်းရဲ့                  ပုံရိပ်တွေကို   ငါ တွေရီ မနေတော့ဘူး  ။                                    လူ တွေ နင်းခြေ သွားဖို့   မြက်ပင်တွေ    ပေါက်လာတာ          မဟုတ်သလို    မင်း  နင်းခြေသွားဖို့  ငါ့ရဲ့ နှလုံးသားကလည်း          ပေါက်ဖွားလာတာ  မဟုတ်ဘူး ။ ဒါပေမဲ့းးးးးးးးးမင်း နင်းခြေလိုက်တဲ့     ငါ့ရဲ့ နှလုံးသားကိုတော့  ပြု စုပျိုးထောင်ရဦးမယ်။
ပူပူ

ဒီပင်္ကရာ စေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲ



သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
မော်လူး၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ ကိုးတိုက်နယ် (၁၀)အုပ်စု၏ သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ၁၀၄ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀(ဇန်နဝါရီ ၂၉)ရက်နေ့မှ စတင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သမိုင်းဝင် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို တပို့တွဲလဆန်း ၁၀ ရက်နေ့မှ လပြည့်နေ့အထိ (ဇန်နဝါရီ ၂၉ မှ ဖေဖော်ဝါရီ ၃)ကျင်းပမည်ဖြစ်ပြီး၊ တပို့တွဲလပြည့်နေ့ နံနက်ပိုင်းတွင် ဒေသတွင်း ရဟန်းသံဃာတော်များ ပင့်သံဃာတော်များကို ဆွမ်းဆန်လောင်းလှူကြမည်ဖြစ်ကြောင်း၊ ယင်းပွဲတော်တွင် ပျော်ပွဲရွှင်ပွဲအဖြစ် မန္တလေးဆန်းလင်းဇာတ်အဖွဲ့မှ ဖျော်ဖြေမည်ဖြစ်ပြီး၊ ဆိုင်ခန်းပေါင်း ၈၀၀ ကျော်ဖြင့် အဝတ်အထည်များ၊ စားသောက်ဖွယ်ရာများ၊ ကလေးကစားစရာပစ္စည်း အစရှိသည့်တို့ကို စုံလင်စွာ ရောင်းချကြမည်ဖြစ်ကြောင်း၊ ဒီပင်္ကရာစေတီတော်မြတ်၏ ဗုဒ္ဓပူဇနိယပွဲတော်သို့ မန္တလေးမြို့၊ မြစ်ကြီးနားမြို့များမှ ဈေးသည်များလာရောက်ရောင်းချကြသကဲ့သို့ ပွဲတော်သို့ ရပ်ဝေးရပ်နီးမှ ဘုရားဖူးများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြသည့် နှစ်စဉ်ကျင်းပမြဲ ပွဲတော်ဖြစ်ကြောင်း သိရသည်။

ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် အင်းတော်မြို့သို့ ထွက်ခွာ



မော်လူး အထကမှ ကျောင်းသူ/သားများ ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် အင်းတော်မြို့သို့ မီးရထားဖြင့်ထွက်ခွာ
မော်လူး၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ/သားများသည် ဘက်စုံထူးချွန်စာမေးပွဲဖြေဆိုရန် ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီခန့်က အထူးအမြန်ရထား(အမှတ် ၅၆၊ အစုန်)ဖြင့် မော်လူးမီးရထားဘူတာ စီးနင်းလိုက်ပါသွားကြကြောင်း သိရသည်။
၂၀၁၄/၁၅ ပညာသင်နှစ် ဘက်စုံထူးချွန်စာမေးပွဲ ဖြေဆိုရန် မော်လူးအခြေခံပညာအထက်တန်းကျောင်းမှ  အထက်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်စန်း ဦးစီးပြီး ဒသမတန်(GRADE 11)မှ ကျောင်းသူ/သား ၆ ဦး၊ နဝမတန်း(GRADE 10)မှ ကျောင်းသူ/သား ၅ ဦး၊ အဋ္ဌမတန်း(GRADE 9)မှ ကျောင်းသူ/သား ၂ ဦး စုစုပေါင်း ကျောင်းသူ/သား ၁၃ ဦး သွားရောက်ဖြေဆိုကြခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘက်စုံထူးချွန် စာမေးပွဲကို အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဇန်နဝါရီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း၊ မြို့နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများသည် ခရိုင်၊ တိုင်းအထိ သွားရောက်ဖြေဆိုကြရမည်ဖြစ်ကြောင်း မော်လူးအခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောပြသည်။

မြေကြီး မြေပုံ မှန်ကန်ရေး



အင်းတော်မြို့နယ်၊ မော်လူးအုပ်စု၌ လယ်ယာမြေများ မြေကြီး၊ မြေပုံ မှန်ကန်မှုရှိအောင် ကွင်းဆင်းဆောင်ရွက်
မော်လူး ၊ ဇန်နဝါရီ ၂၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးအုပ်စုတွင် လယ်ယာမြေများ မြေကြီး၊ မြေပုံမှန်ကန်မှုရှိစေရန် မြေစာရင်းဝန်ထမ်းများမှ ဇန်နဝါရီ ၆ ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အင်းတော်မြို့နယ်၊ မော်လူးအုပ်စုမှာ ၂၀၁၅ ခုနှစ်အတွက် မြေတိုင်းတာရန် ကွင်း(၅)ကွင်းကို စီမံချက်ရေးဆွဲပြီး တိုင်းတာခြင်းကို ဇန်နဝါရီ (၆)ရက်နေ့ကစပြီး အင်းတော်မြို့နယ်၊ မြေစာရင်းဦးစီးမှူး ဦးကျော်ကျော်လွင်ရဲ့ လမ်းညွှန်မှုနဲ့ လက်ထောက်ဦးစီးမှူး ဦးအောင်ရွှေက ကြီးကြပ်ပြီး အဖွဲ့ခေါင်းဆောင် ဦးထွန်းလွင်ဦးနဲ့ အဖွဲ့ဝင် (၄)ဦးတို့က R.T.K(GPS) မြေတိုင်းတာစက်ဖြင့် တိုင်းတာမှုတွေကို ကွင်းဆင်ဆောင်ရွက်ရာမှာ ဇန်နဝါရီ ၂၅ ရက်နေ့အထိ ကွင်း(၃)ကွင်းကို တိုင်းတာပြီးစီးခဲ့ပါပြီ။ ကျန်နေသေးတဲ့ (၂)ကွင်းကို မြေကြီး၊ မြေပုံ မှန်ကန်မှုရှိအောင် အလျှင်အမြန် တိုင်းတာသွားမှာပါ"ဟု ကွင်းဆင်းဆောင်ရွက်လျှက်ရှိသည့် အင်းတော်မြို့ မြေစာရင်းဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မေလ်းထဲရောက်လာတဲ့ စာနှစ်စောင်ပါ

မော်လူးဒီပင်္ကရာပြေးဆွဲမည့်သုံးဘီးများဘေးအချက်ပြမီးများတပ်သင့်ကြောင်းအသိပေးအပ်ပါသည်။အကြောင်းရင်းကတော့ညဆိုဆိုင်ကယ်မီးနဲ့မသဲကွဲဘဲနဲကပ်ခါလေးတိမ်းမိရင်ပွတ်မိရင်အန္တရာယ်ရှိသည်ကိုကြိုမြင်မိပါသည်။

@@######$%%&&&--***=====@@@@##########

စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ်မော်လူးဒေသညောင်ပင်သာရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းကမ္ဘာငြိမ်းချမ်းရေးဓါတ်ပေါင်းစုဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို၁၃၇၆ခုနှစ်တပို့တွဲလဆန်း၁၀ရက်နေ့ပနှက်ချမည်ဖြစ်ပါသဖြင့်မော်လူးဒေသနယ်သူနယ်သားများပါဝင်လှူဒါန်းနိုင်ရန်အသိပေးနိုးဆော်လိုက်ပါသ

မော်လူး နန့်စီးအောင်ကြား ကားလမ်းတံတားများ ပြုပြင်


ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ တံတားများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၂၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ပင်ဝဲ - မော်လူး - နန့်စီးအောင်ကြားရှိ တံတားများအား ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားများအား ပြုပြင်ထိန်းသိမ်းခြင်းကို လမ်း စီမံကိန်း အထူးအဖွဲ့(၁)မှ အဖွဲ့နှစ်ဖွဲ့ခွဲကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မော်လူး - နန့်စီးအောင်ကြားရှိ ကျိုးရွဲ့စောင်းနေသည့် အရှည် ၅ပေ၊ ၁၀ ပေရှိ အသားတံတားများကို မော်တော်ယာဉ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ပထမအဆင့်အနေဖြင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ယင်းတံတားများအား ကွန်ကရစ်တံတားများအဖြစ် အဆင့်မြင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့က တံတားအမှတ် ၁၆၂ တွင် တံတားပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေသည့် လမ်းအထူးအဖွဲ့(၁)မှ ယာဉ်မောင်း ဦးစိုးဝင်းအောင်က ပြောပြသည်။


သမိုင်း

ဟေ့ >>မင်းရဲ့သမိုင်း  မရိုင်းစေနဲ့
          ရောင်စုံလှပ  လူ့လောကကို
           အမည်းစက်တွေ မင်း မခြယ်ခဲ့လေနဲ့

ဟေ့>> မင်းရဲ့သမိုင်း  မရိုင်းစေနဲ့
        ပြုံးပျော်ရွှင်ပျ  သူတို့ဘဝကို
        စီးစေမျက်ရည် မင်း မချွေခဲ့လေနဲ့

ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
       စည်းလုံးညီညာ များတကာကို
      သွေးဆောင်ဝင်ဆွဲ မင်း မခွဲခဲ့လေနဲ့

ဟေ့>> မင်းရဲ့သမိုင်း မရိုင်းစေနဲ့
      သူ့အမြင်သူ့အတွေး လွတ်လပ်ရေးကို
     သြဇာအာဏာ လွှမ်းမိုးကာနဲ့
    တင်းကျပ်ပုံသွင်း မကျူးကျော်နင်းခဲ့လေနဲ့

တိုတောင်းကာလ  လူ့ဘဝမှာ
ကောင်းရာကိုညွှန် ကောင်းတာကိုလုပ်
အပိုမပါ  ဝမ်းတထွာအတွက်
မမှန်စကား  မုသားများနဲ့
လောကကိုဖျက် အများအတွက်
နာကျည်းစရာ  ဒဏ်ရာတွေနဲ့
မထားခဲ့နဲ့ ။ ။ ။ ။ ။
*****************
မေလ်းထဲ ရောက်လာတဲ့ ကဗျာလေးပါ။

Friday, January 23, 2015

ဗိုလ်ချုပ် အောင်ဆန်း ရာပြည့် လှုံ့ဆော်ရေး တတိယနေ့ ၂၃.၁.၁၅







မြတ်ပါရမီ ပညာရေးဖောင်ဒေးရှင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပ



မြတ်ပါရမီ ပညာရေးဖောင်ဒေးရှင်း နှစ်ပတ်လည် အစည်းအဝေးနှင့် အလှူရှင် ဂုဏ်ပြုလွှာမှတ်တမ်းပေးအပ်ပွဲကျင်းပ
မော်လူ| ဇန်နဝါရီ ၂၃
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူဒေသ မြတ်ပါရမီ ပညာရေးဖောင်ဒေးရှင်း၏ နှစ်ပတ်လည် အစည်းအဝေးနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့လည် ၁၂က မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မော်လူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန် အထောက်အကူပြု ကော်မတီဝင်များ ရပ်မိရပ်ဖများ မြတ်ပါရမီ ပညာရေးဖောင်ဒေးရှင်း ဥက္ကဌ ဦးသောင်းဖေနှင့် အဖွဲ့ဝင် အသင်းသူအသင်းသားများ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ အမှာစကားပြောကြားပြီး မြတ်ပါရမီ ပညာရေးဖောင်ဒေးရှင်း ဥက္ကဌ ဦးသောင်းဖေမှ ဆင်းရဲနွမ်းပါး လူချွန်များသို့ အားဖြည့်ကူညီ မြတ်ပါရမီဆိုသည့် အသင်း၏ ဆောင်ပုဒ်နှင့်အညီ တက္ကသိုလ်ဝင်တန်းကို ထူချွန်စွာအောင်မြင်ပြီး ဆက်လက်ပညာသင်ကြားရန် အခက်အခဲရှိနေသည့် ကျောင်းသား/သူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်နိုင်ရန် ရည်ရွယ် ဖွဲ့စည်းခဲ့ပုံ | ဖောင်ဒေးရှင်းမှ ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများနှင့် ဖောင်ဒေးရှင်း၏ ဆောင်ရွက်ချက် လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြတ်ပါရမီ ပညာရေးဖောင်ဒေးရှင်း၏ ၂၀၁၃/၂၀၁၄ ခုနှစ်အတွက် ရသုံးငွေစာရင်းရှင်းတမ်းကို ဖောင်ဒေးရှင်း၏ စာရင်းစစ်ဖြစ်သူ ဒေါ်ခင်မာချိုမှ ရှင်းလင်းပြောကြားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Wednesday, January 21, 2015

ဒီပင်္ကရာဘုရားပွဲ ဇာတ်ငှားသူတွေကို ဒီလိုတွေ ပြောနေတယ်




သတင်းရင်းမြစ် မော်လူးသားတစ်ဦး၏ facebook စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

Tuesday, January 20, 2015

ဖုန်ကုန်း ဆရာတော်၏ ဆံတော်များ လုံးပြီး ဆံပွားများဖြစ်ပေါ်နေ




ဘဝနတ်ထံ ပျံလွန်တော်မူသည့် ဖုန်ကုန်းတောင် မင်္ဂလာကျောင်းတိုက် ဆရာတော်
> ဘဒ္ဒန္တ ဝိသုဒ္ဓမထေရ်၏ ဆံတော်များမှ ဆံလုံး ဆံတော်ပွားများ
> ဖြစ်ပေါ်လျှက်ရှိ
> မော်လူး၊ ဇန်နဝါရီ ၂၀
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဖုန်ကုန်းတောင်
> မင်္ဂလာကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ မထေရ်သည် ဇန်နဝါရီ ၁၈
> ရက်နေ့တွင် ဘဝနတ်ထံသို့ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ ဆံချထားသည့်
> ဆံတော်များမှာ လုံးပြီး ဆံတော်ပွားများ ဖြစ်ပေါ်လျှက်ရှိကြောင်းကို
> ဇန်နဝါရီ ၂၀ ရက်နေ့က တွေ့ရှိရသည်။
>
> ဆရာတော်လောင်းလျာကို ကချင်ပြည်နယ်၊ ချီဗွေမြို့၊ တမူကျေးရွာတွင် ၁၂၉၈
> ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် အဖ ဦးလဆန်းနော်၊ အမိ
> ဒေါ်ယိန်းလုံတို့မှ ဖွားမြင်သော ဒုတိယမြောက်သားဖြစ်သည်။ ကချင်မျိုးနွယ်
> လာချိတ်တိုင်းရင်းသားဖြစ်ပြီး မဂေါင်မူလတန်းကျောင်းတွင်
> ပညာသင်ကြားခဲ့ပြီး အသက်(၁၆)နှစ်မှ (၂၆)နှစ်အရွယ်ထိ ကိုးနှစ်ကျော်
> ဆယ်နှစ်နီးပါး  တိုင်းပြည်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး၊
> အသက် ၂၂ နှစ်အရွယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
> မော်တိတ်ကျေးရွာသူနှင့် အိမ်ထောင်ကျကာ သားလေးဦး သမီးတစ်ယောက်
> ထွန်းကားခဲ့သည်။ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းကာ အသက် ၃၀
> အရွယ်တွင် ဒုလ္လဘ ရဟန်းပြုလျှက် သတိပဋ္ဌာန် ဝိပဿနာတရားများကို
> ကြိုးစားအားထုတ်လျှက် တစ်ဖန် ၁၃၄၇ ခုနှစ်တွင် ဝန်းသိုမြို့ ခန္တီးရိပ်သာ
> ဆရာတော်၏ ပစ္စယ ဓမ္မ ထောက်ပံ့မှုဖြင့် သာသနာဘောင်တွင် ပျံလွန်တော်မူသည့်အထိ
> ဝိပဿနာ တရားတို့ကို ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်း၊ တကည့် ဒါယိကာ
> ဒါယကာမတို့အားလည်း တရားစခန်းများဖွင့်လှစ်ကာ ဝိပဿနာတရားများကို
> ပွားများအားထုတ်ခွင့်ရစေနိုင်ရန် ဟောပြောပြသနည်းလမ်းပေးခြင်းများကို
> စဉ်ဆက်မပြတ် ဟောပြောပြသတော်မူခဲ့သည်။ ဆရာတော်သည် သက်တော် ၇၉နှစ်
> သိက္ခာတော် ၃၀ပြည့်  ၁၃၇၆ ခုနှစ် ပြာသိုလပြည့်ကျော် ၁၄ ရက်(၂၀၁၅ ခုနှစ်
> ဇန်နဝါရီ ၁၈ ရက်) နေ့လည် ၂ နာရီ ၂၀ မိနစ်တွင် ကချင်ပြည်နယ်
> မိုးညှင်းမြို့နယ် မြို့သစ်ကလေးကျေးရွာ ဥတ္တရာသီရိကျောင်းတွင်
> ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။  ကြွင်းကျန်ရစ်သော ရုပ်ကလာပ်အား ဆရာတော်၏ မိန့်မှာချက်အရ ၁၃၇၆ ခုနှစ် တပို့တွဲလဆန်း ၂ ရက်(၂၀၁၅ ခုနှစ် ဇန်နဝါရီ
> ၂၁ရက်) နေ့လည် ၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊
> အင်းတော်မြို့နယ်၊ ဖုန်ကုန်းတောင် သီရိမင်္ဂလာကျောင်းတိုက်တွင်
> မီးသဂြိုဟ်ပြီး ဂူသွင်းပူဇော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မော်လူးတွင် ဈေးရောင်းပွဲတော်ကျင်းပ



> မော်လူးတွင် မြင့်သော်တာထွန်း ကုမ္ပဏီလီမိတက်မှ စုစည်းကျင်းပသည့်
> ဈေးရောင်းပွဲတော် စည်ကား
> မော်လူး၊ ဇန်နဝါရီ ၂၀ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး
> ဆက်သွယ်ရေးစာတိုက်နှင့် ဟဲနုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအကြားရှိ
> ယခင် စိုက်ပျိုးရေးရုံးမြေနေရာဟောင်းတွင် မြင့်သော်တာထွန်း
> ကုမ္ပဏီလီမိတက်မှ စုစည်းကျင်းပသည့် ဈေးရောင်ပွဲတော်တွင်
> ရောင်းချသူဝယ်ယူသူများဖြင့် စည်ကားလျှက်ရှိကြောင်း ဇန်နဝါရီ ၂၀ ရက် ည
> ၈နာရီက မြင်တွေ့ခဲ့ရသည်။
> အဆိုပါဈေးရောင်းပွဲတော်တွင် အဝတ်အထည်များ၊ မီးဖိုချောင်းသုံးပစ္စည်းများ၊
> အီလက်ထရောနစ် ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ ကလေးကစားစရာ
> ပစ္စည်းမျိုးစုံ၊ စားသောက်ဖွယ်ရာများ စုံလွင်စွာဖြင့် ရောင်းချလျှက်ရှိပြီး မော်လူးဒေသရှိ ကျေးရွာအသီးသီးမှ လာရောက်
> လေ့လာဝယ်ယူကြသူများ၊ အမှတ်တရလက်ဆောင်ပစ္စည်း ဝယ်ယူသူများ၊ ထူးဆန်းထွေလာ
> ပစ္စည်းများ ဝယ်ယူစုဆောင်းကြသူများဖြင့် စည်ကားလျှက်ရှိသည်။ ပွဲတော်တွင်
> လူကြီးများအတွက် ကုန်ပစ္စည်းမျိုးစုံ ရောင်းချပေးရုံမကပဲ ကလေးငယ်များအတွက်
> စိတ်ကြိုက်တွေ့စေမည့် Happy World ကစားကွင်း၊ ချားရဟတ်၊ အပျော်စီး
> ပင်လယ်ဓားဒမြရွက်လှေများပါရှိသကဲ့သို့ လူငယ်များအကြိုက်တွေ့
> ပျော်ရွှင်စေမည့် ကုန်ပစ္စည်းအရောင်းမြင့်တင်ရေး စင်တင်တေးဂီတ၊
> မော်ဒယ်ရှိုးများဖြင့် အကအလှစုံလင်စွာ တင်ဆက်ဖျော်ဖြေပေးနေသဖြင့်
> ယခင်နှစ်ဈေးရောင်းပွဲတော်ထက် ပိုမိုစည်ကားကြောင်း ဒေသခံတစ်ဦးမှ
> ပြောပြသည်။
> " ဒီဈေးရောင်းပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်း ၆၀ ခန့်ရှိပြီး တစ်ခန်းကို
> အကျယ် ၁၄ ပေပတ်လည် လျှပ်စစ်မီးပွင့်တစ်ပွင့်နဲ့ ၂၀ လီတာဝင် သောက်ရေသန့်
> တစ်ဗူးကို ပွဲတော်ရက် ၅ ရက်ထိကို  ၆၅၀၀၀ ကျပ် ပေးရပါတယ်။ ပွဲတော်ကို
> လာရောက်ကြသူတွေကများပါတယ်။ ရောင်းချရမှုကတော့ အခြားမြို့နဲ့စာရင်
> ရောင်းအားနည်းပါတယ်။ "ဟု ဈေးရောင်းပွဲတော်တွင် အဝတ်အထည်များ ရောင်းချနေသည့် ဆိုင်ခန်းပိုင်ရှင်တစ်ဦးမှ ပြောပြသည်။
> "ဈေးရောင်းပွဲတော်မှာ ရောင်းချတဲ့ ပစ္စည်းတွေက အမျိုးအမည်စုံလင်ပြီး
> ဈေးနှုန်းကလည်း သင့်တယ် ပြောရမှာပါ။ ဒါပေမယ့် ကျွန်မတို့ဒေသမှာ ပွဲတွေများနေတာမို့ သိပ်မဝယ်နိုင်ပါဘူး။ ဒါ့အပြင် ကျွန်မတို့
> မော်လူးဒေသရဲ့ နှစ်စဉ်ကျင်းပမြဲပွဲတော်ဖြစ်တဲ့ သမိုင်းဝင်
> ဒီပင်္ကရာစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးရောက်ဖို့ကလည်း
> ရက်အနည်းပဲလိုတော့သလို အခုဈေးရောင်းပွဲတော်နဲ့ ဟဲနုကျေးရွာ
> တပ်ဦးဓာတ်ပေါင်းစု စေတီတော် ဗုဒ္ဓပူဇနိယပွဲနဲ့လည်း
> တိုက်ဆိုင်နေပြန်ဆိုတော့ ဈေးပွဲတော်ကို
> လာပြီးလှည့်လည်ကြည့်ရှုသူသာများပြီး တကယ်ဝယ်ယူတဲ့သူက နည်းမယ်ထင်ပါတယ်။"ဟု
> ဈေးရောင်းပွဲတော်သို့ လာရောက်သူ မောလူးဒေသခံ အမျိုးသမီးတစ်ဦးမှ
> ပြောပြသည်။
> ဈေးရောင်းပွဲတော်အား မြင့်သော်တာထွန်း ကုမ္ပဏီမှ
> စုစည်းကျင်းပခြင်းဖြစ်ပြီး မော်လူးတွင် ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ
> နေ့စဉ်နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ၅ ရက်တိုင်တိုင် ရောင်းချမည်ဖြစ်ပြီး၊
> ကသာမြို့သို့ သွားရောက်ကာ ဆက်လက်ရောင်းချကြမည်ဖြစ်ကြောင်း၊
> ဈေးရောင်းပွဲတော်ကာလဖြစ်သည့် ပွင့်လင်းရာသီတွင်
> ရှမ်းပြည်မြောက်ပိုင်း/တောင်ပိုင်းဒေသများ၊ ကချင်ပြည်နယ် ဗန်းမော်မြို့၊
> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့၊ မော်လူး၊ ကသာမြို့များမှ တစ်ဆင့်
> မိုးမကျမှီအထိ ဈေးရောင်းပွဲတော်ကို အမြို့မြို့အနယ်နယ်သို့
> ဆက်လက်ပြုလုပ်ရောင်းချသွားမည်ဖြစ်ကြောင်းကို ဈေးရောင်းပွဲတော်တွင်
> လိုက်ပါပြီး ဈေးရောင်းသူ တစ်ဦးထံမှ သိရသည်

Monday, January 19, 2015

မော်လူး မီးရထားဘူတာမှာ ရထားစီးဖို့ စောင့်ဆိုင်းသူများ သတိထား



 စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး မီးရထားဘူတာတွင် ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီအချိန်ခန့်တွင် မော်လူး မီးရထားဘူတာတွင် မီးရထားစီးရန် စောင့်ဆိုင်းနေသည့် ခရီးသွားအား တာဝန်ရှိ ဝန်ထမ်းမဟုတ်သူမှ မှတ်ပုံတင်ပြခိုင်းခြင်း၊ ပိုက်ဆံအိတ်များအား စစ်ဆေးခြင်းများ ပြုလုပ်ကာ ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် ရဲဝန်ထမ်းများ ကိုင်ဆောင်သည့် လက်ထိပ်ကို ပြသကြောင်း စစ်ဆေးခံရသည့် ခရီးသည်ထံမှ သိရသည်။

*မေလ်းထဲရောက်လာတဲ့ သတင်းလေးပါ။

မော်လူး အထကတွင် ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေး





မော်လူး အထကတွင် ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၁၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမတွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီအချိန်က အသက် ၅ မှ ၁၅ နှစ်အထိ ကျောင်းသား/သူလေးများအား ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မော်လူး တိုက်နယ်ဆေးရုံမှ ဒေါက်တာ လာမာမီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကျောင်းသား/သူ ၁၇၀၆ ဦးကို တစ်ရက်လျှင် ၅၀၀ ဦးနှုန်းဖြင့် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း၊ မော်လူးဒေသတစ်ခုလုံးရှိ အသက် ၅ နှစ်မှ ၁၅နှစ်အထိ ကျောင်းသား/သူများအား ဇန်နဝါရီ ၁၉ ရက်မှ ၂၇ ရက်နေ့အထိ သက်ဆိုင်ရာကျောင်းများသို့ သွားရောက်ပြီး ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

Thursday, January 15, 2015

ဒီပင်္ကဘုရားပွဲ ကို တပ်ဦးဓါတ်ပေါင်းစု ဘုရားပွဲ ပထမ ည က ပြဿနာသတင်းက သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပြီ

နံနက် ခင်း  မော်လူးသားများရဲ့  facebook  မှာ ဖတ်လိုက်ရတဲ့  သတင်းဆိုးပါ

ဖြစ်သွားပြီဆိုတော့ စိတ်မကောင်း ဖြစ်တာလွှဲလို့  ဘာမှ  မတတ် နိုင်ပါ။

ဒါပေမဲ့  နောက်ထပ်ကျင်းပ  လာမည့်  ဘုရားပွဲမှာ

တာဝန်ရှိသူတွေ  သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲရေးလုပ်သင့်ပါတယ်

တပ်ဦးဘုရားပွဲ  ပထမည ပြသနာ ဘာကြောင့်
ဖြစ်တယ်ဆိုတာ  ကလေးကအစ  ဘုန်းကြီး အထိ  အားလုံးသိပြီးသားပါ

ဒီပင်္ကရာဘုရားပွဲတော်မှာ  ပြဿနာများ လျော့နည်း  စေရန်  ကြိုတင် ကာကွယ်ရန်
အကောင်းဆုံး  နဲ့  အခြေခံအကျ  ဆုံး  နည်း
ကတော့   အချို့သော  ဆိုင်များကို
ဘုရားပွဲတော်ဖြစ်မြောက်ရေးအတွက် အဓိက
ကျသော  မည်သူမျှပြန်ပြောခွင့်မရှိသော
@#$$&  များ  က  အကောင်းဆုံး  ဖြစ်အောင်
စီမံသင့်ပါကြောင်း

မစီမံ နိုင်၍  ပြဿနာ  ဖြစ်လာပါ  သံသရာ  မှာ
အပြစ်ရှိသူက  အကြီးဆုံး  တာဝန်ရှိသူမျာပါ။
ပြုသူက  ခံရမှ  ၁၀  နှစ်ပေါ့။


ကဲကဲ  မော်လူးသတင်းအဖွဲ့  အရှင်းဆုံး

ပြောလိုက်မယ်

--------------  မပါလည်း

တပို့တွဲလဆန်း  ၁၀  ရက်ဆိုရင်ပွဲ  စ မှာ  သေချာတယ်

တချိန်က  မော်လူးသား

ဈေးဆိုင်ခန်းဆောက်မည်ဆိုပဲ (မေလ်းထဲ ရောက်လာတဲ့ သတင်းလေးပါ)


ယခင်​က​မော်​လူးသစ်​ထုတ်​​ရေးဌာနပိုင်​​မြေ​နေရာကို​မော်​လူး​ဒေသဖွံ့ဖြိုး​ရေးအတွက်​ဆိုပြီး​ရောင်းစားခဲ့ပြီးပြီကဲခူလည်းကြည့်​ကြပါအုန်း​မော်​လူးလျှပ်​စစ်​ဝင်း​မြောက်​ဘက်​ခြမ်းလမ်း​မြေ​နေရာကို​ဆိုင်​​ဆောက်​​ရောင်းကြပြန်​​တော့မယ်​​မော်​လူး​ဒေသဖွံ့တိုးတက်​​ရေးရန်​ပုံ​ငွေလားရန်​ပုံး​ငွေဆိုလားသိပါဘူးဗျာအ​ပြေး​လေးနှင့်​သာဝယ်​ထား​နော်​​ဈေးက​တော့သက်​သာတယ်​လို့ထင်​တာဘဲ၄၅သိန်းဆိုတာဘဲ။

ဆိုင်​ခန်း​​ဆောက်​မည့်​ရပ်​ကွက်​၇​နေသူတစ်​ဦး

နန့်စီးအောင် သစ်ဆိပ်မှ သစ်လုံးများ သယ်ယူ

နန့်စီးအောင် သစ်ဆိပ်မှ သစ်လုံးများ မော်တော်ယာဉ်များဖြင့် သယ်ယူ
မိုးညှင်း၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းစီးအောင် သစ်ဆိပ်မှ သစ်လုံးများကို ကသာမြို့ဘက်သို့ သယ်ယူရန် မော်တော်ယာဉ်များပေါ်သို့ သစ်လုံးများတင်ထားသည်ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက တွေ့ရှိရသည်။
နန့်စီးအောင် သစ်ဆိပ်မှ ကညင်သစ်အမျိုးအစား သစ်လုံးကြီးများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အောင်ချမ်းသာ သစ်ဆိပ်သို့ သယ်ယူရန်အတွက် သစ်ထုတ်ရေးဋ္ဌာနမှ ပြင်ပ သစ်သယ်မော်တော်ယာဉ်များကို ငှားရမ်းကာ ပြည်ပရောင်း လပ်ပုံထိုင်ပြီး သစ်လုံးတန် ၂၀၀၀ ခန့်ကို သယ်ယူရန် တင်ဆောင်ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီး၏ ခွင့်ပြုချက်လက်မှတ်ရရှိမှသာ သယ်ဆောင်ခွင့်ရမည်ဖြစ်သည့်အတွက် သစ်လုံးများ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ထားပြီး ဖြစ်သော်လည်း ထွက်ခွာခွင့်မရရှိသေးပဲ စောင့်ဆိုင်းနေရသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ကြောင်း ၊ သစ်တင်မော်တော်ယာဉ်တစ်စီးလျှင် သစ်တန်ချိန် ၁၀ တန်ခန့်တင်ဆောင်နိုင်ကြောင်း သစ်တင်မော်တော်ယာဉ်မောင်းသူမှ ပြောပြသည်။ ယင်းသစ်လုံးများကို မည်သည့်ကုမ္ပဏီသို့ ရောင်းချထားသည်ကိုမူ မသိရချေ

မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ထုတ်ချေး

ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
မိုးညှင်း၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မြိုင်သာယာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆောင်းသီးနှံ စိုက်ပျိုးကြမည့် တောင်သူဦးကြီးများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဒေါ်ခင်အုန်းမြင့်နှင့် အဖွဲ့၊ သစ်ဆန်း လယ်ယာနှင့် အထွေထွေ စီးပွားရေး ဥက္ကဋ္ဌ ဦးဘကြည်၊ အတွင်းရေးမှူး ဦးဘဝင်း၊ ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ ယူကြမည့် တောင်သူဦးကြီး ၆၂ ဦးတက်ရောက်ခဲ့ကြပြီး၊ မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်ခင်အုန်းမြင့်မှ တောင်သူဦးကြီးများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၄၀၀ကျော်ကို အဖွဲ့ ၄ ဖွဲ့ခွဲကာ ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူဦးကြီးများကို ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ပင်လုံကျေးရွာအုပ်စုမှ တောင်သူဦးကြီး ၆၂ဦးအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များထုတ်ချေးပေးပြီး ၂၀၁၅ ခုနှစ် ဇွန်လတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မော်လူးတွင် မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရေးကွင်းဆင်းစစ်ဆေး

မော်လူးတွင် ပျောက်ဆုံး မီတာယူနစ်များ လျှော့နည်းစေရန် လျှပ်စစ်ဋ္ဌာနမှ ကွင်းဆင်းစစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရန် ဇန်နဝါရီ ၁၅ နံနက် ၉နာရီက မြို့နယ် လျှပ်စစ်မှူးများနှင့် ဝန်ထမ်းများ ပူးတွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ ဗန်းမောက်မြို့နယ်၊ လျှပ်စစ်မှူး ဦးမောင်တိုးနှင့် အဖွဲ့၊ မော်လူး မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနှင့် ပူးပေါင်းအဖွဲ့တို့သည် အိမ်သုံး၊ စက်မှုသုံး၊ တစ်လုံးတစ်ခဲတည်းသုံး မီတာများကို တိုင်းလျှပ်စစ် ညွှန်ကြားချက်ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်လူး လျှပ်စစ်ဋ္ဌာနမှ ဗန်းမောက်မြို့နယ်ရှိ လျှပ်စစ်မီတာများကိုလည်းကောင်း ဗန်းမောက်မြို့ လျှပ်စစ်ဋ္ဌာနမှ မော်လူးဒေသရှိ လျှပ်စစ် မီးတာများကိုလည်းကောင်း မြို့နယ်လျှပ်စစ်ဋ္ဌာနမှ တာဝန်ရှိသူများသည် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ အပြန်အလှန်သွားရောက်ကာ လျှပ်စစ်ဓာတ်အား မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရေးအတွက် စစ်ဆေးဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ မော်လူးဒေသတွင် အိမ်သုံး မီတာ အလုံးရေ ၄၉၀၀၊ စက်မှုလုပ်ငန်းသုံး မီတာ ၄၃ လုံး၊ တစ်လုံးတစ်ခဲတည်းသုံး မီတာ ၁၇ လုံးတို့ကို လျှပ်စစ်ဓာတ်အား ပျောက်ဆုံး မီတာယူနစ်များ လျှော့နည်းစေရန်အတွက် မြို့နယ်လျှပ်စစ်မှူးများနှင့် တာဝန်ရှိသူများမှ ပူးပေါင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, January 13, 2015

မံထုံကျေးရွာမှ ဘွားသက်ရှည်

>
> အသက် ၁၀၂ နှစ်ရှိ မံထုံကျေးရွာမှ ဒေါ်ဖွားဆုံ ကျန်းမာရေး ကောင်းမွန်လျှက်ရှိ
> ဗန်းမောက်၊ ဇန်နဝါရီ ၁၃
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံထုံကျေးရွာအုပ်စု၊
> မံထုံကျေးရွာတွင် အသက် ၁၀၂ နှစ်ရှိ ဒေါ်ဖွားဆုံမှာ ကျန်းမာရေး
> ကောင်းမွန်ကာ သာသနာပြုလုပ်ငန်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
> အဘွား ဒေါ်ဖွားဆုံအား ၁၉၁၂ ခုနှစ၊် ဒီဇင်ဘာလ၂၆ရက၊်
> ကြာသာပတေးနေ့(မြန်မာသက္ကရာဇ် ၁၂၇၄ခုနှစ၊် နတ်တော်လပြည့်ကျော် ၃ရက်)တွင်
> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စု
> ခေါင်တုန့်စည်ကျေးရွာတွင် အဖ ဦးဖိုးစော၊ အမိဒေါ်မယ်ဥတို့မှ
> မွေးဖွားခဲ့သည်။ မွေးချင်း ၇ ယောက်ရှိသည့်အနက် အကြီးဆုံးသမီးဖြစ်ကြောင်း၊
> စာရေးစာဖတ် မတတ်သော်လည်း ဘုရားရှိခိုး အမျိုးမျိုးနှင့်  ဆုပေး၊ ဆုံးမ
> သြဝါဒများကို ကျွမ်းကျင်စွာဖြင့် ယနေ့တိုင် သားမြေးမြစ်များကို
> ဆုံးမသွန်သင်လျှက်ရှိကြောင်း၊ ၄င်းကိုယ်တိုင် ဆေးလိပ်ဖက်ကြမ်းကို
> မြိန်ရှက်စွာ သောက်သုံးနေသော်လည်း ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို
> ဆိုးဝါးစွာ ထိခိုက်စေနိုင်သဖြင့် ဆေးလိပ်သောက်သုံးခြင်းကို
> ရှောင်ကြဉ်ကြရန် ဆုံးမသွန်သင်ကြောင်း၊  အစားအသောက်နှင့်ပတ်သက်၍ အဘွားသည်
> အခါကြီးရက်ကြီးများတွင် ဥပုသ်သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ
> ကျင့်ကြံဆောက်တည်ပြီး သတ်သတ်လွှတ်စားသုံးကြောင်း၊ ကျန်းမာရေးအတွက်မူ
> ဥပုသ်ရက်များမှ လွဲ၍ ကျန်ရက်များတွင် အသားငါးများကို သင့်လျော်သလို
> မှီဝဲသုံးဆောင်ကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက စတင်၍ အသက် ၈၀ အထိ မိရိုးဖလာ
> တောင်သူလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း အသက် ၉၅ နှစ်အထိအောင်
> နေ့စဉ်လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း၊ ဘုရားစေတီပုထိုးများသို့
> ဆွမ်းဆီမီးပန်းရေချမ်းကပ်လှူခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ
> အိမ်ပေါ် အိမ်အောက် အိမ်တွင်း အိမ်ပြင်များသို့ တစ်ကိုယ်တည်း
> သွားလာနိုင်သကဲ့သို့ ထမင်းကိုလည်း
> ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ကြောင်း၊ ဆံပင်အနည်းငယ်ဖြူခြင်း၊
> မျက်စိအနည်းငယ်မှုန်ခြင်း၊ အောက်သွားများမရှိတော့ပဲ အပေါ်သွားများ
> ကျန်ရှိနေသေးသဖြင့် အစားအသောက်များကိုလည်း ပုံမှန်စားသုံးနိုင်ကြောင်း၊
> ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံထုံကျေးရွာတွင်
> သားသမီး ၄ ဦး၊ မြေး ၂၃ ဦး၊ မြစ် ၂၅ဦး၊ တီ ၃၀ ဦးတို့နှင့်
> ကျန်းမာစွာနေထိုင်လျှက်ရှိကြောင်း မံထုံကျေးရွာနေ မြေးဖြစ်သူ
> ဦးမောင်မောင်ထံမှ သိရသည်