Wednesday, April 6, 2016

ဒို့ဝန်ကြီးချုပ်ကတော့ ပထမ ဆုံး သင်ခန်းစာ စပြီ



စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်လမ်းကြောင်း မီးပွိုင့်များ ကြိုတင်စိမ်းမထားရန် ညွှန်ကြားထားဟုဆို
---------------------------------------

မုံရွာ၊ ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် ဧပြီလ ၁ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေပြီ ဖြစ်သော ဒေါက်တာမြင့်နိုင်က ဝန်ကြီးချုပ်လမ်းကြောင်းတွင် မီးပွိုင့်များ ကြိုတင်စိမ်းမထားဘဲ မီးနီပါက ယာဉ်တန်းအား ရပ်ရန်နှင့် ရှေ့ပြေးယာဉ်များကို ဖြည်းဖြည်းသာ မောင်းနှင်ရန် ညွှန်ကြားထားသည်ဟု အမှတ် (၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (မုံရွာ) မှ ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ရှေ့ပြေး ယာဉ်တန်းကိုလည်း လိုအပ်မှ ခေါ်မယ်လို့ ပြောတယ်။ အများနည်းတူ မီးပွိုင့်တွေမှာ ရပ်စောင့်ဖို့နဲ့ ဖြည်းဖြည်းမောင်းဖို့ ယာဉ်ထိန်းတပ်ဖွဲ့ကို ပြောထားပါတယ်” ဟု ၎င်းက ဆိုသည်။

လာဘ်ပေးလာဘ်ယူ ကိစ္စများ၊ မူးယစ်ဆေးဝါးကိစ္စနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များကို အဓိက ကိုင်တွယ်မည်ဟုလည်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောကြားထားသည်။

“အဲလိုကြားရတာ ဝမ်းသာတယ်။ ဖြစ်လည်းဖြစ်စေချင်ပါတယ်။ ရာထူးကြီးတဲ့သူကို VIP ဆိုပြီး လုပ်တာကတော့ တော်တော်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ မုန်းစရာကောင်းတာပေါ့နော်။ အာဏာပါဝါပြတာက လူထုကိုကြောက်အောင် လုပ်တာ။ အခုဟာကတော့ လူထုရဲ့မေတ္တာနဲ့ သွားရတဲ့ အုပ်ချုပ်ရေးပေါ့။ အဲဒီသတင်းစကားကို အတည်ဖြစ်စေချင်တယ်” ဟု မုံရွာမြို့ခံ ဘာသာပြန် စာရေးဆရာကြီး ဦးရဲခိုင်က မှတ်ချက်ပြုသည်။

ယခင်က အစိုးရအဖွဲ့ လမ်းကြောင်းများ ဖြတ်သန်းသွားပါက မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များ လမ်းဘေးချရပ်ပေးရခြင်း၊ အရှိန်လျှော့ မောင်းနှင်ရခြင်းများ ရှိခဲ့သည့်အပြင် ဖွင့်ပွဲအခမ်းအနားများ အတွက် အများပြည်သူ သွားလာအသုံးပြုသောလမ်းများ မကြာခဏ ပိတ်ထားခဲ့ရသည်များ ရှိခဲ့ကြောင်း မုံရွာမြို့ခံများက ပြောဆိုသည်။

မော်လူးဒေသားများအတွက် ဝမ်းသာစရာ ကသာမှာ ပညာရေး ကောလိပ်ဖွင့်တော့မှာတဲ့



ကသာ ပညာရေးကောလိပ်အတွက်နည်းပြတွေခေါ်ပါပြီ
နောက်ဆိုအဝေးကြီး သင်တန်းတက်ရတော့ဘူး