Monday, August 18, 2014

မော်လူး အထကတွင် မုန့်မျိုးစုံနှင့် စားသောက်ဖွယ်ရာများ ကျန်းမာရေးနှင့် ညီညွှတ်ခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ
အထက်တန်းကျောင်း မုန့်ဈေးတန်းတွင် ရောင်းချနေသည့် မုန့်မျိုးစုံနှင့်
စားသောက်ဖွယ်ရာများကို ကျန်းမာရေးနှင့် ညီညွှတ်မှု ရှိမရှိကို သြဂုတ် ၁၆
ရက် နံနက် ၁၀ နာရီအချိန်က ဆရာ/ဆရာမများမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း
သိရသည်။ ကျောင်းတွင်းကျောင်းပြင် မုန့်ဆိုင်များကို စစ်ဆေးရာတွင် S
တံဆိပ် အမှတ်အသားပါသည့် မုန့်ကို အဓိကထား စစ်ဆေးခဲ့ကြောင်း၊
ကျန်းမာရေးနှင့် မညီညွှတ်သည့် မုန်းအမျိုးအစား ၁၅ မျိုးခန့် တွေ့ရှိ
သိမ်းဆည်းခဲ့ကြောင်း၊ ဤသို့ မုန့်မျိုးစုံနှင့် စားသောက်ဖွယ်ရာများ
ကျန်းမာရေးနှင့် ညီညွှတ်ခြင်းရှိမရှိ၊ စားသုံးရန်သင့်မသင့်
စစ်ဆေးဆောင်ရွက်ခြင်းကို အပတ်စဉ်တိုင်း
ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆရာ/ဆရာမများထံမှ သိရပါ၏