Wednesday, August 24, 2016

ပုဂံမှာ ငလျင်လှုပ်တာတဲ့ ဒီနေ့ညနေတဲ့






ငလျင်ကြောင့် ပုဂံရှိဘုရားစေတီများ ပြိုကျပျက်စီး
#Earthquake #Update
မြေငလျင်လှုပ်ခတ်မှုကြောင့် ပုဂံမြို့ရှိ နာမည်ကြီးဘုရားစေတီများ ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် အများအပြားလည်း ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ပုဂံမြို့ရှိ ထီလိုမင်းလိုဘုရား၊လောကနန္ဒာဘုရား၊ အာနန္ဒာ၊ သဗ္ဗေညု ၊ဓမ္မရံကြီး ၊ဂူပြောက်ငယ် ဘုရား၊ ရွှေလိပ်တူးဘုရားနှင့် စေတနာကြီးဘုရား စသည့် ဘုရားအပါအဝင် ကျန်ဘုရားများလည်း ထီးတော်မြေခမှု၊ အနည်းငယ် ပျက်စီးမှုများ ရှိကြောင်း သတင်းရရှိသည်။
လက်ရှိ ကောက်ယူထားသည့် စာရင်းများအရ ပုဂံဘုရား ၁၁ဆူ ထိခိုက်မူရှိခဲ့ပြီး ဘုရားစေတီများ ပျက်စီးမူ များပြားသည့်အတွက် ထိခိုက်ပျက်စီးမူ အခြေအနေအား 
အသေးစိတ် ကောက်ယူလျှက်ရှိကြောင်း ရှေးဟောင်းသုတေသန ၊အမျိုးသားပြတိုက်နှင့် ယဉ်ကျေးမူ ဦးစီးဌာနမှ သိရသည်။
" ဘုရားစေတီတွေ ထိခိုက်မူ တော်တော်များပါတယ် ၁၁ဆူထက်ပိုပါတယ် ၊အခုမှ စာရင်းကောက်ယူနေတုန်း ဖြစ်တဲ့အတွက် အတိအကျတော့ မသိရသေးပါဘူး " 
ရှေးဟောင်းသုတေသန ၊အမျိုးသားပြတိုက်နှင့် ယဉ်ကျေးမူ ဦးစီးဌာန ပုဂံရုံးခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကပြောသည်။
ဓာတ်ပုံ-မင်းနိုင်အောင်၊ ဂျက်မ

facebookမှ

#Eleven_News_Update
ယနေ့ ညနေပိုင်းက လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် မကွေးတိုင်း ရေနံချောင်းမြို့၊ မြို့မဈေးကြီး အရှေ့ဘက်ရှိ ကျမ်းကိုင်ဘုရားဝင်း အတွင်းရှိ စေတီတော်တစ်ဆူ ကိုယ်လုံးတော်မှ အုတ်ချပ်များ ပေါက်ထွက်၍ စိန်ဖူးတော်လည်း မြေခခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါ ငလျင်မှာ ယနေ့ (သြဂုတ်လ ၂၄ ရက်) ညနေ ၅ နာရီ ၅ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ချောက်မြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာ စကေး (၆.၈)အဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခုဖြစ်သည်။

■ အောင်သူငြိမ်း