Wednesday, November 12, 2014

ဗီယက်နမ်မျိုးစပါး မော်လူးဒေသ မှာ တစ် ဧက တင်း ၁၂၀ ထွက်

မော်လူးဒေသ ပုန်းဟုန်ကျေးရွာ တောင်သူ တစ်ဦး လယ်မြေတွင် ဗီယက်နမ် မျိုစပါး ဖြင့် စိုက်ပျိုးခဲ့ရာ တစ်ဧက တင်း ၁၂၀ နှုန်း အမှန်တကယ် ထွကိရှိခဲ့ပါသဖြင့် သက်ဆိုင်သူများအား သိနိုင်ရန် ဖေါ်ပြအပ်ပါ၏

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းအသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်...

Minthura My > ‎မုံရွာမှာ ဘာတွေဖြစ်နေလဲ page မှ ဖေါ်ပြပေးလိုက်ပါ၏ ----------------==-------------- အသုံးပြုသူ များ ရွေးချယ်ခွင့်ရရှိစေမည့် ၀န်ဆောင်မှုပုံစံသစ်များကို မကြာမီချထားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ‘‘လူတော်တော်များများက တော့ ဈေးလျှော့ပေးမယ်ဆိုတာ ပဲ ပြောနေကြတယ်။ ဈေးလျှော့ပေးတာထက် သုံးစွဲသူတွေကို ရွေးချယ်ခွင့်ရစေမယ့် Plan အသစ် တွေ ချပေးသွားမယ်ဆိုရင် ပိုမှန်မယ်။ မကြာခင်မှာ စပြီးပေးသွား မှာပါ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြား သည်။ လက်ရှိတွင် မိုဘိုင်းအသုံးပြု သူများကြား၌ မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းသည် ဒီဇင်ဘာမှစ ၍ ဖုန်းခေါ်ဆိုခနှုန်းထားများ လျှော့ချပေးသွားမည်ဟု သတင်း များထွက်ပေါ်နေသော်လည်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းက အ တည်ပြုခြင်းမရှိဘဲ ရွေးချယ်စရာPlan အသစ်များကိုသာ ချပေး သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ ‘‘လက်ရှိ တခြားအော်ပရေ တာတွေ ပေးနေသလိုမျိုး Plan တွေနဲ့ ၀န်ဆောင်မှုပုံစံတွေ ချပေးသွားမှာပါ။ အရင်ကလို ၀န်ဆောင်မှုက ပုံသေကြီးမဟုတ်တော့ပါဘူး။ Plan တွေအများကြီးစီစဉ်ထားပါတယ်။ ဘာတွေပါမလဲဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ’’ဟု ဦးမြင့်သိန်းထွန်းက ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းအနေဖြင့် လက်ရှိတွင် ဖုန်း ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၅၀ ကျပ်နှင့် SMS တစ်စောင်လျှင်၁၅ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိပြီး အသစ်ချပေးသွားမည့် Planအသစ်များတွင် အဆိုပါဝန် ဆောင်မှုပုံစံမှာ ပြောင်းလဲသွားနိုင် သည်။ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းသည် လက်ရှိအချိန်အထိ ဆင်းမ်ကတ်ပေါင်း ၁၁ သန်းကျော်ရောင်းချပေးထားသည်။

မော်လူး ဒေသ မှာ ရေရှား ပါတယ်ဆိုတဲ့ ဥသျှစ်ကုန်းရွာ ယခု ရေ ပေါသွားပါပြီ

စစ်ကိုင်းတိုင်းဒေသကြီး| အင်းတော်မြို့နယ်| မော်လူးဒေသ| ဥသျှစ်ကုန်းကျေးရွာ သဘာဝစိမ့်စမ်းရေကို သွယ်တန်းပြီး ကြည်လင်အေးမြ သန့်ရှင်းသော ရေများကို ရွာသူရွာသားများ သုံးစွဲနေကြရလေပြီ ။

မော်လူး စည်ပင်သာယာဈေးတွင် အသားငါးရောင်းချမှု စစ်ဆေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး စည်ပင်သာယာဈေးတွင် ရောင်းချနေကြသည့် ကြက်၊ဝက်၊ အမဲ ဆိုင်များ ကျန်းမာရေးနှင့် ညီညွှတ်သည့် အသားများ ရောင်းချနေမှု ရှိမရှိကို တာဝန်ရှိသူများ စစ်ဆေး

နန့်စီးအောင် - ပေကုန်းကျေးရွာတွင် မိုးပွင့် အဆင့် (၇)နိုင်ငံသားစီစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးသွားပြီတဲ့

လာရောက်ပြုလုပ်သူ ၂၉၃ ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရ

မော်လူး ဒေသ သို့ မရောက်တာ ၁၀ စုနှစ်တစ်ခု ကျော် ကြာပြီဖြစ်သော ထူးထူးခြားခြားအလှူ ခံ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသသို့ နိုဝင်ဘာ ၁၂ ရက်နေ့တွင် မုံရွာမြို့ ရောင်ခြည်သစ် ပရဟိတ မျက်မမြင် သင်တန်းကျောင်းမှ တီဝိုင်းဆရာကြီး ဦးချို၊ အကြောပြင် ဆေးဆရာကြီး ဦးတင်ဦးတို့မှ ဦးစီးသည့် အဖွဲ့ရောက်ရှိခဲ့သည်။ ယင်းအဖွဲ့သည် ပညာသင်ကျောင်းအတွက် ရံပုံငွေများ ရရှိစေရန်နှင့် ဒေသအသီးသီးရှိနေသည့် မျက်မမြင်များအား ပညာသင်ကြားပေးနိုင်ရန်အတွက် လာရောက်ကြခြင်း ဖြစ်ကြောင်း၊ သင်တန်းကျောင်းတွင် အသက် ၆ နှစ်မှ ၂၅ အထိ မျက်မမြင်များအား လက်ခံပညာသင်ကြားပေးလျှက်ရှိကြောင်း၊ ပညာရေးကိုလည်း မူလတန်းအဆင့်မှ အထက်တန်းအဆင့်ထိ သင်ကြားပေးလျှက်ရှိကြောင်း၊ မည်သည့်ဒေသမှမဆို အသက် ၆နှစ်မှ ၂၅နှစ်အတွင်းရှိ မျက်မမြင်များ ရှိခဲ့ပါက မုံရွာမြို့ရှိ ရောင်ခြည်သစ် ပရဟိတ မျက်မမြင် ပညာသင်ကျောင်းသို့ လာရောက် အပ်နှံနိုင်ကြောင်း သိလိုက်ရ---

ဝန်ထမ်းလစာတိုးပေးရန် အဆို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု လိုက်ပြီတဲ့

ဝန်ထမ်းလစာတိုးပေးရန် အဆို လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု နိုဝင်ဘာ ၁၂ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ ၀န်ထမ်းလစာ တိုးပေးဖို့ အရေးကြီး အဆိုတရပ် တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု လိုက်ပါတယ်။ ဒီအရေးကြီး အဆိုဟာ လွှတ်တော် အစည်းအဝေး အစီအစဉ်မှာ မပါရှိဘဲ ရုတ်တရက် တင်သွင်း ခဲ့တာဖြစ်ပြီး အတည်ပြု ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား လွှတ်တော်အမတ် ဦးဇော်မြင့်ဖေက အရေးကြီး အဆိုတင်သွင်းခဲ့တာဖြစ်ပြီး အဆိုထဲမှာ ဦးသိန်းစိန်အစိုးရလက်ထက် ၀န်ထမ်းလစာ မဖြစ်စလောက်ပဲ တိုးပေးခဲ့တာကြောင့် မလုံမလောက် လစာ ဖြစ်နေတယ်။ လာမယ့် ဘတ်ဂျက်စပြီး ထိုက်ထိုက်တန်တန်တိုးပေးဖို့ ဖော်ပြပါ ရှိပါတယ်။ ဒီအကြောင်း ပြည်ထောင်စုလွှတ်တော်စည်းဝေးပွဲ တက်ခဲ့တဲ့ သီပေါအမတ် ဦးရဲထွန်း က အခုလို ပြောပါတယ်။ “၀န်ထမ်းတွေက မဖြစ်စလောက်လစာနဲ့ သုံးစွဲနေရတော့ အကျင့်ပျက် ခြစားမှုတွေ ဖြစ်ပေါ်စေတယ်။ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အလုပ်သမားတွေ အပါအ၀င်ပေါ့ လုပ်ခလစာတွေ နိမ့်ကျနေတယ်။ ဒါကြောင့် လာမယ့် ဘတ်ဂျက်အမီ ၀န်ထမ်းလစာကို ထိုက်ထိုက်တန်တန် လုံလုံလောက်လောက် တိုးပေးဖို့ အဆိုတင်တာ”လို့ ပြောပါတယ်။ ၀န်ထမ်းလစာတိုးပေးဖို့ အရေးကြီးအဆိုကို ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ အမျိုးသားစီမံကိန်းဝန်ကြီးဌာနမှာ ပြည်ထောင်စုဒုဝန်ကြီးတို့က ထောက်ခံ ဆွေးနွေးခဲ့ကြပြီး အငြိမ်းစားဝန်ထမ်းတွေ လစာပါ တိုးပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ တိုးမြှင့်မယ့် လစာနှုန်းထားအတိုင်းအဆနဲ့ သက်ရောက်နိုင်ဖွယ်ရှိတဲ့အချိန်ပိုင်းတွေကိုတော့ အသေးစိတ် ပြောကြားခြင်းမရှိပါဘူး။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုကို ကန့်ကွက်မယ့်သူ ရှိပါသ လားလို့ မေးမြန်းတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်ဒီအမတ်အချို့နဲ့ သင်္ယကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်တို့က မတ်တပ်ရပ်ခဲ့ကြပါတယ်။ ကောမှူးမြို့နယ်အမတ် ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်တာ မဟုတ်ဘဲ အဆိုပါ အချက်တချို့ ရောထွေးနေတာကို ထောက်ပြခဲ့တာလို့ ဦးရဲထွန်းက ပြောပါတယ်။ ဦးသိန်းညွန့်က လည်း အလားတူ ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယကက ကန့်ကွက်တာ မဟုတ်ရင် ဆွေးနွေးခွင့် မပြုဘူးလို့ ပြောပြီး ကျန်တဲ့သူတွေကို ဆက်လက် ဆွေးနွေးခွင့်မပြုတော့ဘဲ လစာတိုးပေးဖို့ကို အရေးကြီးအဆိုအဖြစ် အတည်ပြုခဲ့ပါတယ်။ လွှတ်တော်အစောပိုင်းကာလတွေကထဲက ၀န်ထမ်းလစာတိုးပေးဖို့ အစိုးရကို ၂ ကြိမ်ထက်မနည်း တိုက်တွန်းတင်ပြခဲ့ပြီး အစိုးရကတော့ မဆိုစလောက် ထောက်ပံ့ကြေးတွေသာ တိုးပေးခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကလည်း အမေရိကန်ပြည်ထောင်စုက ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ဖွဲ့ဖြိုးရေး ပါတီရဲ့ဗဟိုအကြံပေး ဦးအောင်သောင်းကို နာမည်ပျက်စာရင်သွင်းမှုအပေါ် ကန့်ကွက်ကြောင်း လွှတ်တော်တွေမှာ အရေးကြီးအဆိုတင်သွင်း အတည်ပြုခဲ့ကြပါတယ်။ By ရွှေအောင် (ဒီဗွီဘီ) http://burmese.dvb.no/archives/70644