Monday, January 11, 2016

၁၃.၁.၂၀၁၆ ရက်နေ့တွင် ကျင်းပမည့် စာပေဟောပြောပွဲ



Credit to Htain Haw

ဖိတ်ကြားခြင်း

မော်လူးဒေသ၊စာပေမြတ်နိုးသူများ အဖွဲ့မှ ကျင်းပသော စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲ ကို
(၁၃.၁.၂၀၁၆၊ဗုဒ္ဓဟူးနေ့)၊
စီးမော်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဟောပြောမည့်အချိန်က-ည(၇)နာရီ မှ ည(၁၁)နာရီအထိဖြစ်ပါတယ်။
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
ဟောပြောမည့် စာရေးဆရာများက- ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင် ဆရာ-မေတ္တာ၊ဆရာ-ရန်ငြိမ်းသူ(ပရဟိတ)၊ဆရာ-ဇော်ခိုင်ဦး(မန္တလေး)တို့ဖြစ်ပါတယ်။
💬💬💬💬💬💬💬💬💬💬💬💬
မော်လူးဒေသ စာပေမြတ်နိုးသူများ၊စာပေ ဗဟုသုတများ၊စာပေ စကားသံများကို (၁၃.၁.၂၀၁၆)ရက်နေ့ ၊ည -(၇)နာရီအချိန် စီးမော်ဘုန်းတော်ကြီးကျောင်းသို့ လာရောက်နားထောင်လှည့်ကြပါ၊မှတ်သားနာယူလှည့်ကြပါလို့ ကျနော်တို့ မော်လူးပုံရိပ် မှ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ ခင်ဗျာ။
🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊
"ဆရာမေတ္တာ၏ ကိုယ်ရေးအတ္ထုပတ္တိ"
💢အမည်ရင်းမှာ ခင်မောင်မြင့်ဖြစ်သည်။
💢အဘအမည် ဦးသွင်၊အမိအမည်မှာ ဒေါ်သောင်းတင် ဖြစ်သည်။
💢ဇာတိမှာ ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်တွင် မွေးဖွား၍ ရန်ကုန်-စမ်းချောင်းချက်မြုပ်ဖြစ်သည်။
💢မိဘမျိုးရိုးမှာ ကရင်ပြည်နယ်၊မွန်ပြည်နယ်မှ ဆင်းသက်ပါသည်။
💢ငယ်စဉ်ကပညာရေးနယ်ပယ်တွင် (၅)တန်းမှ(၇)တန်းအထိ (၂)နှစ်-တစ်တန်းနှုန်းဖြင့် အခြေခိုင်ခိုင် တက်ခဲ့သည်။
💢ဆယ်တန်းပညာကို(၂)ခါဖြေ (၂)ခါ(B)ပါ၍ နောက်ဆုံးတစ်ခါတွင် ခုံအမှတ်-စခ၂၉၅၆၄ဖြင့် ဂုဏ်ထူးတစ်ဘာသာပါပြီး ခြေချော်လက်ချော်နဲ့ အောင်မြင်ခဲ့ပါသည်။
💢ယခုအခါတွင် ဇနီး-လွင်မီမီကို၊သား-မေတ္တာမြင့်မြတ်ဟိန်း၊သမီး-မသက်လျာလွင်(TTC) တို့နှင့် အမှတ်-(၁၅၃)ဘီ-ပထမထပ် ၊ကျွန်းတော်လမ်းနှင့်ဇေယျသုခလမ်းထိပ်တွင်၊ပျော်ရွှင်စွာနေထိုင်လျှက်ရှိသည်။
💦💦💦💦💦💦💦💦💦💦💦💦
"ဆရာရန်ငြိမ်းသူ၏ ကိုယ်ရေးအတ္ထုပတ္တိ"
🌟အမည်အရင်း-ဥာဏ်လှိုင်
ကလောင်အမည်-ရန်ငြိမ်းသူ(ပရဟိတ)
အဖအမည်-ဦးလှတင်
အမိအမည်-ဒေါ်ရင်လှ
🌟မွေးချင်း(၇)ယောက်အနက်(၆)ယောက်မြောက်သားဖြစ်သည်။
🌟ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊အနောက်ကြို့ကုန်းရပ်ကွက်တွင် (၁၉၇၄)ခုနှစ် ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် မွေးဖွားခဲ့ပါသည်။
🌟(၂၀၀၁)မှ (၂၀၁၃)ခုနှစ်အထိ "ဂရုဏာပရဟိတ" ပညာရေး၊ကျန်းမာရေးဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပြီး သွေးအခမဲ့ လှူဒါန်းခြင်း၊အသက်ကယ်အောက်ဆီဂျင်များအခမဲ့လှူဒါန်းခြင်း၊ဆင်းရဲနွမ်းပါးသော ကျောင်းသူ/သားကလေးများကိုလည်း ကျောင်းသုံးပစ္စည်များလှူဒါန်းခြင်း၊ငွေကြေးထောက်ပံခြင်းများကို ပညာဒါနကုသိုလ် ပြုပေးခဲ့ပါသည်။
🌟(၂၀၀၃)ခုနှစ်မှစ၍ ရနံ့သစ်မဂ္ဂဇင်းတွင် စာပေများရေးသားလျှက်ရှိပြီး ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်လျှက် ရှိပါသည်။
💧💧💧💧💧💧💧💧💧💧💧💧
"ဆရာဇော်ခိုင်ဦး(မန္တလေး)၏ ကိုယ်ရေးအတ္ထုပတ္တိ"
💥ပြင်ဦးလွင်မြို့မှာ (၁၉၇၀)ခုနှစ်၊အဖဦးကြွယ်၊အမိဒေါ်ခင်အုန်းမြင့်တိုမှ မွေးဖွားခဲ့ပါတယ်။
💥မူလတန်းနေ့ရက်များကို ပြင်ဦးလွင်မြို့တွင်ကုန်ဆုံးစေခဲ့ပြီး အလယ်တန်း၊အထက်တန်း၊သက္ကသိုလ်တန်းများကို မန္တလေးမြို့မှာ ဖြတ်သန်းခဲ့ပါတယ်။
💥မန္တလေးတက္ကသိုလ်တွင် မြန်မာစာအထူးပြုတက်ရောက်ခဲ့ပြီးနောက် ပြင်ပစာလေ့လာဖို့အတွက် ဒေါင်းအိုးဝေစာပေ ၊သုခမိန်စာပေ၊ဒုတိယချစ်သူ အစရှိတဲ့ လမ်းဘေးတက္ကသိုလ်များမှာ ပညာကိုဆက်လက်ဆည်းပူးခဲ့ရပါတယ်။
💥(၁၉၇၇)ခုနှစ်တွင် စာပေလောကသို့ "ဒဂုန်တာရာနှင့်လမ်းမခွဲပါ" စာမူဖြင့်စတင်ဝင်ရောက်ခဲ့ပါသည်။
💥(၂၀၀၀)ပြည့်နှစ်နောက်ပိုင်းတွင် ရနံ့သစ်မဂ္ဂဇင်း၊ချယ်ရီမဂ္ဂဇင်း၊ရုပ်ရှင်တေးမဂ္ဂဇင်း၊ရွှေအမြူတေမဂ္ဂဇင်း၊ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊မန္တလေးအိုင်ကွန်မဂ္ဂဇင်း၊အတွေးအမြင်၊အလင်းတန်းဂျာနယ်၊ပေါ်ပြူလာဂျာနယ်တို့တွင် ဆောင်းပါးရုပ်ပုံလွှာ၊ဘဝဖြတ်သန်းမှု၊ဝတ္ထုတိုတစ်ချို့နှင့် စာအုပ်အညွှန်းများ ရေးဖြစ်ခဲ့ပါသည်။
💥(၂၀၀၆)ခုနှစ်ဇန်နဝါရီလ၊"ဧရာဝတီရေဆန်" အနုပညာပွဲတော်တွင် "အမှာမုခ်ဦးများ" စာတမ်းငယ် ဖတ်ကြားတင်ဆက်ဖြစ်ခဲ့ပါသည်။
💥(၂၀၀၆)ခုနှစ်၊မေလ (၂၈)ရက်၊ ပထမအကြိမ် ရွှေအမြူတေစာပေဆုပေးပွဲတွင် ရွှေအမြူတေစာပေဆု (ဆောင်းပါးဆု)ကို"အမှာမုခ်ဦးများ"နှင့်ရရှိခဲ့ပါသည်။
💥(၂၀၀၆)ခုနှစ်ဇူလိုင်လတွင် HIV ကူးစက်ခံ မိဘမဲ့ကလေးများအတွက် "အဖြူရောင်တံ" အနုပညာလှုပ်ရှားမှုတွင် ပါဝင်တင်ဆက်ခဲ့ပါသည်။

အမေရိကန်က ကျောင်းကား က သမ္မတ စီးတဲ့ကားလိုဘဲ ခိုင်ခံမှု ကောင်းအောင်ပြုလုပ်ထားတယ်တဲ့ ဖတ်လိုက်ကြအုန်း ဗဟုသုတပေါ့




အမေရိကန်ကျောင်းကား
------------------------------
ရှေ့တစ်ရက်က ကျွန်မနဲ့အလုပ်တူတူ လုပ်သူတစ်ယောက်က သတင်းတစ်ပုဒ်လာပြတယ်။ Flushing လို့ခေါ်တဲ့ရပ်ကွက်ဖက်က ယာဉ်တိုက်မှုတစ်ခုပေါ့။ ပြိုင်ကားတစ်စီးနဲ့ ကျောင်းကားတိုက်တော့ ပြိုင်ကားပေါ်က ကောင်မလေးပွဲချင်းပြီး သေသွားတဲ့သတင်းပါ။ ကျောင်းကားနဲ့တိုက်တယ်ဆိုတော့ ယာဉ်မောင်းတဲ့သူက ကြီးလေးတဲ့အပြစ်တော့ခံရမှာပဲလို့ တွေးမိတယ်။

ဒီနိုင်ငံမှာ မတော်တဆယာဉ်တိုက်မှုက မကြာခဏဆိုသလိုဖြစ်နေတာမို့ သတင်းကထူးခြားမှုမရှိဘူး။ ဒါပေမယ့် သူပြတဲ့ သတင်းဓာတ်ပုံကိုကြည့်ပြီး ကျွန်မစိတ်ဝင်စားသွားတယ်။ ကားချင်းတိုက်တာ ကျောင်းကားက ဘာမှမဖြစ်ဘဲ ဘာဖြစ်လို့ ပြိုင်ကားက ကားခေါင်းပိုင်းတစ်ခုလုံး မွမွကြေသွားသလဲပေါ့။

သတင်းရှာဖတ်ကြည့်တော့ ဒီယာဉ်တိုက်မှုက မနက်သုံးနာရီကျော်မှာဖြစ်တာ။ ပြိုင်ကားမောင်းတဲ့သူက မူးနေပြီး ရပ်ထားတဲ့ကျောင်းကားကို ဝင်တိုက်တာ။ ဟိုင်းဝေးပေါ်မှာတိုက်တာမဟုတ်ဘဲ ရပ်ကွက်လမ်းထဲမှာပဲ တိုက်တာ။ မိုင်နှုန်း ၂ဝ သတ်မှတ်ထားတဲ့နေရာမှာ သူက ၃၃ နဲ့မောင်းခဲ့တယ်။ ၃၃ ဆိုတာလည်း ဘယ်လောက်မှ မြန်တာမဟုတ်ဘဲ ဘာလို့ ကျောင်းကားက ဘာမှမဖြစ်ဘဲ ပြိုင်ကားက မွမွကြေရသလဲဆိုပြီး အမေရိကန်ကျောင်းကား အကြောင်းကို ကျွန်မစိတ်ဝင်စားလို့ လိုက်ရှာဖတ်ကြည့်ခဲ့တယ်။

အမေရိကန်ကျောင်းကားနဲ့ပတ်သက်ပြီး အများနည်းတူ ကျွန်မသိထားတဲ့အကြမ်းဖျင်းအကြောင်းအရာက ဒီအဝါရောင်ကျောင်းကားတွေဟာ လမ်းပေါ်မှာ ထူးခြားတဲ့အခွင့်အရေးကိုရထားတဲ့ ကားဖြစ်တယ်။
သူနှေးရင် ကိုယ်လိုက်နှေးရတယ်၊ သူ့ဆီက အဝါရောင်မီး မှိတ်တုတ်မှိတ်တုတ်လင်းပြီဆို ကိုယ်အရှိန်လျော့မောင်းရတယ်၊ သူ့ဆီက အနီရောင်မီးလင်းပြီဆို ကိုယ့်ကားကိုရပ်ရတယ်။ တကယ်လို့ သူမီးနီပြပြီးရပ်နေရက်နဲ့ ကိုယ့်ကားကို အရှိန်မလျော့ဘူး၊ မရပ်ဘူးဆိုရင် ကြီးလေးတဲ့ပြစ်ဒဏ်ကို ခံရတယ်။ မီးသတ်ကား၊ လူနာတင်ကား၊ သမ္မတကားပဲဖြစ်ဖြစ် ဒီဥပဒေကို လိုက်နာရပါတယ်။

လူတွေပြောတာကတော့ အမေရိကန်ကျောင်းကားတွေဟာ တင့်ကားလိုခိုင်ခံ့ပြီး ထရပ်ကားလို အခြေခံထားသတဲ့။ သူ့ရဲ့လုံခြုံမှုက ရိုးရိုးကားရဲ့အဆ၄ဝလို့ဆိုတယ်။ ဆီတိုင်ကီရဲ့၎ စင်တီမီတာပတ်ပတ်လည်ကို သံချပ်ကာကာထားတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့အခါ မီးလောင်ပေါက်ကွဲမှု မဖြစ်အောင် ကာကွယ်တယ်လို့ဆိုတယ်။ ကားရဲ့ခိုင်ခံ့မှုက သမ္မတကားအဆင့်လောက်ရှိပါသတဲ့။ ခိုင်ခံ့မှုနှုန်းကို ရထားနဲ့တိုက်ပြီး စမ်းသပ်ခံထားတယ်လို့ ဆိုပါတယ်။ ထိုင်ခုံတွေကိုလည်း ယာဉ်တိုက်မှုဖြစ်တဲ့အခါ ထိခိုက်ဒဏ်ရာနည်းအောင် ပြုလုပ်ထားပြီး ကျောင်းသားတိုင်း ထိုင်ခုံနေရာရှိရပါတယ်။

ကျောင်းကားကို အဝါရောင်သတ်မှတ်ရခြင်းက ညအခါ၊ မြူတွေပိတ်ဆို့တဲ့အခါ၊ မှုန်ရီဝိုးတဝါးအချိန်မှာ အမှောင်ထုကြားထဲက ထိုးဖောက်မြင်ရဖို့ဖြစ်တယ်။ ကားကို ACD အမျိုးအစားသုံးမျိုးခွဲထားပြီး အကြီးဆုံးဖြစ်တဲ့ Dအမျိုးအစားက အလေးချိန်၁၆တန် ရှိတယ်လို့ဆိုပါတယ်။ ရေကြီးနေတဲ့ချောင်းကိုတောင် ကျော်ဖြတ်နိုင်ပါသတဲ့။

ဘာဖြစ်လို့ ကျောင်းကားတွေကို သမ္မတကားနီးနီး ခိုင်ခံ့အောင်လုပ်ထားသလဲ။ ဘာဖြစ်လို့ တခြားကားတွေထက် ထူးခြားတဲ့အခွင့်အရေး ရထားသလဲ။ ဘာဖြစ်လို့ သူမီးနီပြ stop ဆိုင်းပြတာနဲ့ ကိုယ့်ကားကိုရပ်ရသလဲ....

အဖြေကရှင်းရှင်းလေးပါ ...
ကားထဲမှာ ကျောင်းသား ကလေးသူငယ်တွေ ပါလို့.. ဒီကလေးတွေဟာ နောင်တစ်ချိန်မှာ နိုင်ငံ့သားကောင်းရတနာဖြစ်လာမယ့် သူတွေမို့ပါတဲ့။ ကလေးငယ်တွေရဲ့လုံခြုံစိတ်ချမှုကို အစိုးရက အပြည့်အဝ အကာအကွယ်ပေးထားပါတယ်။

ကျောင်းကားတွေ့တာနဲ့ အရှိန်လျော့တန်လျော့ ရပ်တန်ရပ် ကားတိုင်းလိုက်နာကြရပါတယ်.. တဲ့…




ရေးသူ- 99စနေ
‪#‎မယ်မင်းကြီးမဇဇ‬ တင်ထားတာပါ။ မသိတဲ့
သူငယ်ချင်းများဖတ်ဖို့ကော်ပီယူလာတာပါ။