Wednesday, July 15, 2015

တူယှဉ်နွဲပျော် ကဗျာပြိုင်စို့ online ပေါ်

ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ အာဇာနည်နေ့အား ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့ mawlu news group မှ ကဗျာပြပွဲကို ပြုလုပ်မည်ဖြစ်ပါသည်။ ယင်းကဗျာပြပွဲသို့ မိမိတို့ကိုယ်တိုင်ရေးစပ်သီကုံးထားသည့် ကဗျာများ ဇူလိုင်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့နိုင်ပါသည်။ မိမိကိုယ်တိုင် ရေးစပ်းထားကြောင်း ဝန်ခံကတိပါရှိရပါမည်။ ယင်းသို့ ပေးပို့လာသည့် ကဗျာများထဲမှ mawlu news group မှ Admin များ အနှစ်သက်ဆုံး ကဗျာ ငါးပုဒ်အားရွေးချယ်ပြီး ငါးထောင်တန် ငွေဖြည့်ကတ် တစ်ကတ်စီဆုချီးမြင့်မည် ဖြစ်ပါသည်။ သို့ပါ၍ ကဗျာနှင့်အတူ ကိုယ်တိုင်ရေးစပ်ကြောင်း ခံဝန်ကတိနှင့်အတူ မိမိတို့၏ ဖုန်းနံပါတ်များ ထည့်သွင်းပေးစေလိုပါသည်။ ကဗျာများကို mawluuvillagers@gmail.com သို့ လည်းကောင်း mawluu villagers facebook chatbox သို့လည်းကောင်း ပေးပို့နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ပေးပို့လာသည့် ကဗျာအားလုံးကို မော်လူးသတင်းဆိုဒ်တွင် ဖော်ပြပေးမည်ဖြစ်ပါသည်။ မမေ့သင့် မမေ့အပ်သော နေ့တစ်နေ့အား မမေ့သောအားဖြင့် mawlu news group