Wednesday, November 30, 2016

ဘယ်တုန်းကစပြီး_ဥပုသ်နေ့တွင်_ဈေးပိတ်ခဲ့ကြသလဲ



#ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများသိထားသင့်ပါတယ်…
#ဘယ်တုန်းကစပြီး_ဥပုသ်နေ့တွင်_ဈေးပိတ်ခဲ့ကြသလဲ...?
=================================
#၁၃၀၀ပြည့်နှစ် တပိုတွဲလပြည့်ကျော် (၆)ရက်နေ့ အိမ်တော်ရာဘုရားအတွင်း စည်းဝေးပွဲ ပြုလုပ်သည်၊ ဆုံးဖြတ်ချက် (၇)ချက် ချမှတ်သည်၊ အချိန်မရ၍ နောက်နေ့မှ စီတန်းလမ်းလျောက်ရန် ဆုံးဖြတ်သည်၊ တပိုတွဲလပြည့်ကျော် (၇)ရက်နေ့ စီတန်းလမ်းလျောက်ရာ၌ အင်္ဂလိပ်အစိုးရက ဟန့်တားနှောက်ယှက် ဖြိုခွင်းရာ အာဇာနည်(၁၇)ဦး ကျဆုံးသည်၊ ယင်းကို ၁၃၀၀ပြည့် အရေးတော်ပုံဟု လွတ်လပ်ရေးသမိုင်း၌ ခေါ်ဝေါ်ကြလေသည်။
ထို့နောက် တဆက်တည်း ရဟန်းပျိုအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးကလျာဏာဘိဝံသကို ဖမ်းဆီးသည်။
#စစ်ကိုင်းမြို့ ဂဏသမူဟ ရဟန်းငယ်များ၏ အဖွဲ့ကြီးက ကြီးမှူးအုပ်ချုပ်၍ စည်းဝေးသော မြို့လုံးကျွတ် အစည်းဝေးကြီး၏ အထွေထွေအခန်း၏ စဉ်းစားချက်အရ မိုးဇာဈေးကြီးကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း ဝါတွင်းဝါပမကျန် ဥပုသ်သတင်းနေ့များ၌ ဈေးမထွက်ကြဘဲ ဥပုသ်သတင်းများ ဆောက်တည်၍ ပိတ်ထားသင့်ကြောင်းကို ရဟန်းတော်များနှင့်တကွ မြို့သူမြို့သား ဈေးသူဈေးသားတိုင်း အားလုံးသဘောကြိုက်ညီစွာ ဈေးသူဈေးသားပေါင်း (၁၉၃)ယောက်တို့၏ ကိုယ်တိုင်သဘောကြိုက်ညီကြောင်း အသီးသီးလက်မှတ်ထိုး၍ ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း၊
မန္တလေး ဦးကလျာဏအား ဖမ်းသည့်အတွက် တပေါင်းလဆန်း(၈)ရက်နေ့ ဈေးပိတ်ကြောင်း၊ ဥပုသ်သီတင်းနေ့များကို ထိုနေ့မှစ၍ ပိတ်မည်ဖြစ်ကြောင်း သိရလေသည်။
(ဆရာတော်ဦးကလျာဏာဘိဝံသ၏ အတ္ထုပ္ပတ္တိစာအုပ်မှ)

ဘွဲ့ရတွေ ဒုဦးစီးမှူး ခေါ်တာတဲ့






အသက်၃၀အောက်၊ဝန်ထမ်း၃၅နှစ်အောက်ဘွဲ့ရများကို
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး
ဌာနမှ လစ်လပ်လျှက်ရှိသော ဒုဦးစီးမှုးနေရာများ၊ငယ်/ယာ
၊ပုံဆွဲနှင့်စာရင်းကိုင်များအတွက် အလုပ်ခေါ်နေပါတယ်။
လစာ၁၉၀၀၀၀ိကျပ်။လျှောက်လွှာပိတ်ရက်၂၀.၁၂.၂၀၁၆။