Sunday, January 31, 2016

မော်လူး မှာ အိမ်ဂရန် တွေ ထုတ်ပေးနေပြီ




ဒီနေ့၃၀.၁.၁၆ရက်နေ့ကမော်လူးကျေးရွာမြေငှါးဂရန်ထုတ်ပေးမှုပထမအကြိမ်၈၉ဦးအားပေးအပ်ပွဲကိုခရိုင်၊မြို့နယ်၊ရပ်ကျေးလုပ်ငန်းအဖွဲ့များပူးပေါင်းပြီးပေးအပ်နိုင်ခဲ့တယ်။

fb  မှ  ကူးယူသည်။

Wednesday, January 27, 2016

အလှူရှင် လိုအပ်နေတယ်ဆိုတဲ့ တံတားသစ်



နမီးအုပ်စု  နန်းမကျိုင်း အနောက်ခြမ်း  ချောင်းကူးတံတား
တည်ဆောက်နေရာ  အလှူငွေ  လိုအပ်နေကြောင်း
fb  မှ တဆင့်  သိရပါသဖြင့်  တင်လိုက်ပါတယ်။

Tuesday, January 26, 2016

တစ်နှစ်တစ်ခါစားရတဲ့မုန့်



မုန့် လေပွေ  စားဖြစ်အောင်စားကြဗျာ  အမှတ်တရပေါ့  နောင်ဆို  ပုံပြင် တစ်ပုဒ်  ဖြစ်တော့မှာ
  မော်လူးဒီပင်္ကရာဘုရားပွဲ  မှာမီးလုံရင်း  လိပ်ဥတူးလို့  ရတယ်ဆိုတဲ့  မုန့်လေပွေ  တန်းလေး
သတိရစေဖို့  ဒီပုံလေး တင်ပေးလိုက်တယ်


Saturday, January 23, 2016

ဦးပစင်း တစ်ပါးတော့ fb မှာ ဆုတောင်း သွားပြီဗျာ



ဘယ်လို  လုပ်ကြမလဲ

ဘာမှ  မဆိုင်တဲ့  မော်လူးသားတွေလည်း  မေတ္တာပို့  ခံရတော့မည်။


ပေကုန်း ဘုန်းတော်ကြီး ဈာပန တွင် ကမည့် ဇာတ်




စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နန့်စီးအောင် ပေကုန်းကျောင်းတိုက်ကြီး၏ဦးစီးပဓာနနာယကဆရာတော်ဖြစ်တော်မူသောဘဒ္ဒန္တစာရိန္ဒမထေရ်မြတ်ကြီး၏အန္တိမအဂ္ဂိဈာပနပွဲတော်တွင်၁၃၃၇ခုနှစ်တပို့တွဲလဆန်း 3/4/5/(11/12/13=2=2016)တို့တွင်ကပြဖျော်ဖြေမည့်တက္ကသိုလ်နှင်းခိုင်မန္တလေးဇာတ်ပွဲ

Friday, January 22, 2016

အုန်းဒုတ် ဘုန်းတော်ကြီး ပျံလွန်တော်မူတယ်တဲ့



စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးကျေးရွာအုပ်စု
ု အုန်းဒုတ်ရွာ ဗုဒ္ဓပိယကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဣန္ဒက သက်တော(် ၇၂) ဝါတော် (၅၂)ဝါရ ၁၃၇၇ခုနှစ် ပြာသိုလဆန်း ၁၃ရက်နေ့ နံနက် (၈း၃၀)နာရီအချိန် ပျံလွန်တော် မူသွားသည့် အကြောင်း ရပ်ဝေးရပ်နီးမှ ဒါယကာ ဒါယိကာမ အပေါင်းတို့အား အသိပေးလိုက်ရပါတယ်။


Wednesday, January 20, 2016

တိုက်ရိုက်မျိုးစေ့ချနည်းစနစ်ဖြင့် စိုက်ပျိုးတာတဲ့



ဇန်နဝါရီ၂၀ရက်ကတိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့်စပါးစိုက်ပျိုးမှု့ကိုအင်းတော်မြို့နယ်မော်လူးအုပ်စုဟဲနုရွာတောင်သူကြီးဦးသိန်းစိုးဝင်း၏လယ်တွင်ပထမဦးဆုံးအကြိမ်ဖြင့်စမ်းသပ်စိုက်ပျိုးခဲ့သည် အဆိုပါစမ်းသပ်စိုက်ပျိုးခြင်းကိုကသာခရိုင်စိုက်ပျိုရေးဌာနခရိုင်ဦးစီးမှူးဦးမောင်မောင်၏လမ်းညွှန်မှု့ဖြင့်အင်းတော်မြို့စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးစီးမှူးဦးမင်းအောင် မော်လူးစိုက်ပျိုးရေးပညာပေးစခန်းတာဝန်ခံဒု လ/ထဦးစီးမှူးဦးမင်းညွန့်ဦးတို့မှပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

Fb  မှ  မ   လာသည်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ?




Than Tun Aung > ဓမ္မစာပေ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မြန်မာနိုင်ငံသို့ ဘယ်နှစ်ကြိမ်ကြွခဲ့ပါသလဲ?

၁။ ပထမအကြိမ်
============
မဟာသက္ကရာဇ် (၁၀၄) ခုနှစ် ဒုတိယဝါ သက်တော် ၃၆ နှစ်တွင် ဖိုးဦးတောင် ( ပြည်မြို့အနီး ) သို့ကြွချီတော်မူသည်။ ပြည်ရွှေဆံတော် စေတီပေါ်ထွန်းခဲ့သည်။
===============

၂။ ဒုတိယ အကြိမ်
============
မဟာသက္ကရာဇ် ( ၁၁၁ )ခုနှစ် ဝါတော်( ၈ ) ဝါ သက်တော် ၄၃ နှစ်တွင် သုဝဏ္ဏဘုမ္မိ သထုံပြည်သို့ ရဟန္တာအရှင် ဂဝံပတိမထေရ်၏ ပင့်လျှောက်ချက်အရ ရဟန္တာ ( ၅၀၀ )တို့ နှင့်အတူ ကြွချီတော်မူသည်။ ကျိုက်ထီးရိုးစေတီ ပေါ်ထွန်းခဲ့သည်။
============

၃။တတိယ အကြိမ်
=============
မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဝါတော် (၁၀) ဝါ သက်တော် ၄၅ နှစ်တွင် ရခိုင်ပြည်သို့ ရဟန္တာ ( ၅၀၀ ) နှင့်အတူ ကြွချီတော်မူခဲ့သည်။
မဟာမြတ်မုနိအပါအဝင် မုနိလေးဆူ ပေါ်ထွန်းခဲ့ သည်။
========================

၎။ စတုတ္ထအကြိမ်
============
မဟာသက္ကရာဇ် (၁၂၃ ) ခုနှစ် ဝါတော် (၂၀) ဝါ သက်တော် (၅၅)နှစ်တွင် သုနာပရန္တတိုင်းသို့ ကြွချီတော်မူသည်။
မန်းရွှေစက်တော်ခြေတော်ရာများ
=====================
ကိုးကွယ်ရန် ချထားတော်မူခဲ့သည်။

၅။ ပဉ္စမအကြိမ်
===========
မဟာသက္ကရာဇ် (၁၃၆) ခုနှစ်ဝါတော် (၃၃) ဝါ သက်တော် ၆၈ နှစ်တွင် တကောင်းပြည်သို့ ကြွချီတော်မူသည်။
ဟန်လင်းကြီးစေတီ ပေါ်ထွန်းခဲ့သည်။
=============

မေမြင့်မိုရ်ကျော် ပြန်လည်မျှဝေသည်။

စာကိုး။ ။ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြန်မာ့ဗဟုသုတ(၁၀၀)ထဲမှ
Credit original writer
c/o ( မူကြိုဆရာ )

Sunday, January 17, 2016

ကောင်းလွန်းလို့ ဒီဆောင်းပါးလေး ကို ရှာဖတ်ထားလိုက်ကြအုန်း




တြိဂံပညာရေးမှသည်  ပဉ္စဂံပညာရေး  ဆီသို့

ကောင်းသန့်  ရဲ့  ဆောင်းပါးလေးပါ


Saturday, January 16, 2016

ပုရွက်ဆိတ် ပုံပြင် . . .

ပုရွက်ဆိတ်ပုံပြင် ......
@@@@@@@@@@

ပုံပြင်လို့ ပြောလိုက်ရင် လူတိုင်းသိကြတာပဲ မဟုတ်လား။ ငယ်ငယ်က မိဘဘိုးဘွားတွေ ပြောပြလို့ နားထောင်ခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်တွေ နည်းနည်းအရွယ်ရလာတော့ ကျောင်းက ဆရာ/မတွေပြောပြတဲ့ ပုံပြင်တွေ အသက်အရွယ်ရလာတော့ တွေးစရာတွေပါတဲ့ တွေးပြီးမှ ပြုံးရ ရယ်ရတဲ့ ပုံပြင်လေးတွေ နောက်အတွေးတွေ တသီကြီးပေးတဲ့ ပုံပြင်တွေ နည်းမှ မနည်းတာ။ ဆိုလိုချင်တာက ပုံပြင်ဆိုတာ ကျနော်တို့လူကြီးလူငယ်မရွေး အားလုံးနဲ့ ရင်းနှီးတဲ့ အရာ ... အားလုံးကလည်း နှစ်သက်တဲ့ နှစ်ခြိုက်တဲ့ အရာဆိုတာပါပဲ။ ကျနော်ဒီလို နိဒါန်းချီပြီး ရေးနေရတာကလည်း ပုံပြင်တစ်ပုဒ်အကြောင်း ပြောပြရေးပြချင်လို့ပါ။ ဒီပုံပြင်လေးကတော့ ကျနော်တို့မော်လူးကို စာပေဟောပြောပွဲလာရောက်ခဲ့တဲ့ နိုင်ငံကျော် ဟာသလူရွှင်တော် သရုပ်ဆောင် ဒါရိုက်တာ ဦးမေတ္တာပြောပြခဲ့တဲ့ ပုံပြင်လေးပါ။ စာပေဟောပြောပွဲ စင်မြင့်ပေါ်မှာ ပြောပြခဲ့တာမဟုတ်ပဲ . . . စာပေဟောပြောပွဲအပြီး လက်ဘက်ရည်ဝိုင်းမှာ ပြောပြခဲ့တဲ့ ပုံပြင်လေးဖြစ်သလို ပုံပြင်လေးပြီးတော့ တွေးစရာလေးတွေ သင်ခန်းစာယူစရာလေးတွေပါလို့ ပြန်လည်ဖောက်သည်ချရေးပြရခြင်းပါ။
"ကျနော်ခင်ဗျားတို့ကို ပုံပြင်လေးတစ်ပုဒ်ပြောပြချင်တယ်ဗျ။ ခင်ဗျားတို့ ကြားဘူးပြီးသားပုံပြင်လေးတစ်ပုဒ် ဖြစ်ရင်လည်း ဖြစ်နေမှာပါ ... ပုံပြင်လေးအဆုံးမှာ ပုံပြင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ... ပုံပြင်က ဘာကိုရည်ရွယ်သလဲ .. ဘာကိုပြောချင်သလဲဆိုတာလေးကို ကျနော့်ကို တစ်ချက်တော့ ပြန်ဆွေးနွေးပေး...."လို့ အစချီပြီး ပုံပြင်လေးကို စပြောပြပါတယ်။
" ဟိုးရှေးရှေးတုန်းက တောတစ်ခုထဲမှာ ပုရွက်ဆိတ်မလေး တစ်ကောင် ရှိသဗျ။ ပုရွက်ဆိတ်မလေးဟာ အသက် ၉ နှစ်အရွယ်ရောက်လာတော့ သူရဲ့ ဖူးစာဖက်ကို တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး လိုက်ရှာပါသတဲ့။ ဒီလိုတောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး ဖူးစာဖက်ကို လိုက်ရှာတဲ့ ပုရွက်ဆိတ်မလေးဟာ သူ့ဖူးစာဖက်ကို ရှာမတွေ့နိုင်ဖြစ်ပြီး စိတ်ဓာတ်တွေကျ စိတ်တွေပျက်ပြီး .. လာရာလမ်းအတိုင်း ပြန်လာခဲ့တာပေါ့။ သူဖြတ်သန်းခဲ့ရတဲ့ တောတွေတောင်တွေကို ပြန်လည်ဖြတ်သန်းရင်း ပုရွက်ဆိတ်မလေးဟာ သူ့ကိုယ်သူ မသယ်ချင်လောက်အောင် မသယ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်ဖြစ်နေတော့တာ ... ဒီလိုဖြစ်နေချိန်မှာ ပုရွက်ဆိတ်မလေးရဲ့ ကိုယ်ပေါ်ကို ရေမှုန်ရေမွှားလေးတွေ တဖွဲဖွဲကျလာတယ်။ အင်မတန်ပင်ပန်းနွမ်းနယ်နေတဲ့ ပုရွက်ဆိတ်မလေးဟာ သူ့ကိုယ်ပေါ်ကို ကျလာတဲ့ ရေမှုန်ရေမွှားလေးတွေကြောင့် ပင်ပန်းနွမ်းနယ်မှုတွေပျောက်ပြီး လန်းဆန်းလာတာပေါ့။ သူ့ကိုယ်ပေါ်ကိုကျလာတဲ့ ရေမှုန်ရေမွှားလေးဟာ ဘယ်ကကျလာသလဲလို့ အပေါ်ကိုမော့ကြည့်မိတဲ့အခါ အသက် ၄ နှစ်လောက်ရှိတဲ့ ဆင်ပေါက်လေးတစ်ကောင်က သူ့ရဲ့နှာမောင်းထဲကနေ ရေတွေကို ရေမှုန်ရေမွှားလေးတွေဖြစ်အောင် ဖန်တီးပြီး ပုရွက်ဆိတ်မလေးရဲ့ ကိုယ်ပေါ်ကို ပက်ဖြန်းပေးနေတာကို မြင်ရသတဲ့။ ဆင်ပေါက်လေးဟာ ပုရွက်ဆိတ်မလေးကို သူ့နှာမောင်လေးနဲ့ ညင်သာစွာ သယ်ယူပြီး ပုရွက်ဆိတ်မလေးရဲ့ နေထိုင်ရာဒေသအရောက် လိုက်ပို့ပေးတာပေါ့။ လမ်းခရီးမှာပဲ ပုရွက်ဆိတ်မလေးနဲ့ ဆင်ပေါက်လေးတို့ဟာ တစ်ဦးအပေါ် တစ်ဦး မေတ္တာမျှ ချစ်ကျွမ်းဝင်သွားကြတယ်။ ပုရွက်ဆိတ်မလေးနေထိုင်ရာဒေသကိုရောက်တော့ သူတို့နှစ်ဦး လက်ထပ်ကြမယ်လို့ တစ်တောလုံးကို ကြေငြာမောင်းခတ်လိုက်တာပေါ့။ ဒီလိုနဲ့ ပုရွက်ဆိတ်မလေးနဲ့ ဆင်ပေါက်လေး မင်္ဂလာဆောင်မဲ့နေ့မှာ ဆင်ပေါက်လေးဟာ ရုတ်တရက် ကွယ်လွန်သွားပါသတဲ့။ ဒီအဖြစ်အပျက်လေးကို ကြုံတွေ့လိုက်ရတဲ့ ပုရွက်ဆိတ်မလေးဟာ ဝမ်းနည်းစွာနဲ့ မြည်တမ်းရေရွတ်လိုက်မိတဲ့စကားလေးက "အားကိုးရတော့မယ်ဆိုပြီး တစ်ဘဝလုံးပုံအပ်မယ်လို့ကြံစည်ရည်ရွယ်မိတာ . . . အခုတော့ သူကို့မြုပ်ဖို့ ကျင်းအနက်ကြီး တူးရမှာပဲ အဖတ်တင်တယ်" တဲ့ ...........။

ကဲ .... ခင်ဗျားတို့ ဒီပုံပြင်လေးကနေ ဘာတွေရလိုက်သလဲ ဖြေကြပေတော့ဆိုပြီး ဆရာ မေတ္တာက သူ့ပုံပြင်လေးအဆုံးသတ်လိုက်ပါတယ်။ ပုံပြင်လေးကို ကျနော်အထက်မှာ ရေးပြခဲ့တာကို စာရှု့သူတွေလည်း ဖတ်ပြီးပြီဆိုတော့ ဘယ်လိုအတွေးတွေ ဘာတွေရလိုက်ပါသလဲ ...... ကျနော်ရလိုက်တဲ့ အတွေးတွေကို ဆက်ရေးပြမယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲကြပေါ့။
ပုံပြင်လေးရဲ့ အဆုံးသတ်မှာ ရေရွတ်လိုက်တဲ့ စကားလေးက ကျနော့်ရင်ကို ထိပါတယ်။
ဟုတ်ပါတယ် ...။ ကျနော်တို့ ဘဝမှာ အင်အားကြီးလို့ (အကောင်ကြီးလို့) အားကိုးရမယ်ထင်ပြီး အားကိုးမိပြီး ယုံကြည်လိုက်မိလို့ ..... ကိုယ့်ဘက်က ဆုံးရှုံးသွားရတာ နစ်နာသွားရတာတွေ ကြုံဘူးကြမှာပေါ့။ ဆိုကြပါစို့ ... အခုအချိန်မှာ ခေတ်စားနေတဲ့ လိမ်နည်းတစ်ခုပေါ့ .... ဖုန်းဆက်လာပြီး ... " ကံစမ်းမဲ့ သိန်းငါးရာပေါက်နေပါတယ် ... အဲ့ဒီသိန်းငါးရာကို လွဲပေးဖို့ ငွေလွဲခလိုနေလို့ အရင်ဆုံး ၁၅ သိန်းလောက် အရင်လွဲပေးခဲ့ပါလား" ပြောလာတယ်ဆိုကြပါစို့။ ကျနော်တို့ ဘဝတွေမှာ သိန်းငါးရာဆိုတဲ့ငွေဟာ မက်လောက်တဲ့ ပမာဏ ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ ပမာဏဖြစ်နေတော့ အရင်ဆုံးလွဲပေးလိုက်ရမဲ့ ဆယ့်ငါးသိန်းကို ယုံကြည်စွာ လွဲပေးလိုက်တယ်ပေါ့။ ဟိုက သိန်းငါးရာက ရောက်မလာဘူး အလိမ်ခံလိုက်ရပြီဆိုရင် ကျနော်တို့ ဘယ်လိုဖြစ်မလဲ .... သိန်းငါရာမရတဲ့အပြင် ဆယ့်ငါးသိန်းကို ချေးလို့ ငှားလို့ ပေးလိုက်ရတာဆိုရင် ??? "ပုံပြင်လေးရဲ့ အဆုံးသတ်က ပြောထားတဲ့ အားကိုးရတော့မယ်ဆိုပြီး တစ်ဘဝလုံးပုံအပ်မယ်လို့ ကြံစည်ရည်ရွယ်မိတာ... အခုတော့ သူ့ကိုမြုပ်ဖို့ ကျင်းအနက်ကြီးတူးရမှာပဲ အဖတ်တင်တယ်" ဆိုတာမျိုး မဖြစ်သွားဘူးလား။ ပုံပြင်ထဲမှာက ကျင်းအနက်ကြီးတူးတာပဲ ပြောထားပေမဲ့ တူးပြီး ဒီအတိုင်းပစ်ထားလိုက်လို့မရဘူးလေ.... ပြန်ဖို့ရမယ် မဟုတ်လား။
ပုံပြင်လေးကပေးတဲ့ အတွေးကတော့ အားကိုးရလိမ့်မယ်လို့ထင်မှတ်ထားပေမဲ့ ကိုယ့်ဘက်ပဲပေးဆပ်လိုက်ရတာမျိုးတွေ လောကမှာ ဘဝမှာ အများကြီးကြုံတွေကြရတတ်ပါတယ်။ တချို့ကျတော့ သက်သက်သာသာ တချို့ကျတော့ တသက်စာ တွင်းနက်ကြီးတွေ တူးကြရ ... ပြန်ဖို့ကြရနဲ့ အချိန်တွေအများကြီး ကုန်သွားခဲ့ကြရတာပေါ့။ ဒါက မြင်သာမဲ့နည်းကို ရေးပြလိုက်တာပါ။ ကျနော်တို့တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ ဒီလိုဖြစ်ရပ်မျိုးတွေ များစွာ များစွာ ကြုံတွေ့နေကြရတာ အမှန်ပါ။
နောက်ထပ်ရလိုက်တဲ့ အတွေးလေးကတော့ လောကမှာ အင်အားကြီးတိုင်း ယုံကြည်အားကိုးလို့ မရဘူးဆိုတာပါပဲ။ မိတ်ဆွေစစ် မိတ်ဆွေမှန်ကို ရှာဖွေတတ်မှာသာ ကျင်းအနက်ကြီးတူးရဖို့ရတဲ့ ဘေးမှ ကင်းဝေးကြမယ်မဟုတ်လား။ ဒီလိုပဲ မိမိအပေါ်ကို ယုံကြည်အားကိုးလာကြတဲ့ လူတွေကို ကျင်းအနက်ကြီးတွေ တူးရဖို့ရတာမျိုးမဖြစ်အောင် မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်ဖို့ ကြိုးစားကြသင့်တယ်မဟုတ်လား။ ဒါက ပုံပြင်လေးကို ကြားရပြီး... ကျနော်ဆန့်ထွက်တွေးမိတဲ့ အတွေးလေးသာ ဖြစ်ပါတယ် . . . စာရှု့သူများလည်း လွတ်လပ်စွာတွေးတော့ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ် ခင်ဗျား ......။

ပုရွက်ဆိတ် ပုံပြင်အား ပြောပြခဲ့သည့် ဆရာ ဦးမေတ္တာအား ကျေးဇူးအထူး တင်ရှိပါသည်။

ပျော်ရွှင် ချမ်းမြေ့ကြပါစေ ....
k.t.w.l

Thursday, January 14, 2016

၁၀ တန်းအောင်ထားတဲ့ ညီမလေးတွေ ကွန်ပျူတာ ဒီပလိုမာ တပ်ကြပ်ကြီး စာရေး ခေါ်နေပြီ



မိဘ  များ  သင်တန်း  စတင် တင်ရောက်ချိန် ကနေ  လစာ  သိန်းနှစ်သောင်းရမှာ

၁၀  တန်း အောင်ပြီး  ကျောင်းထားရန်  အဆင်မပြေရင်  ဘာ ဖေါင်ဒေးရှင်မှာ  မှ  လျှောက်စရာ  လိုတော့ဘူး  ဘဝအတွက်  လုံခြုံမှု  ရသွားပြီ

မော်လူးမှ စာပေချစ်မြတ်နိုးသူတစ်ဦးရဲ့ ပုံရိပ်


မော်လူဆေးရုံထဲက ထရန်စဖော်မာကြီးရဲ့ ကျန်းမာရေးကို ဆေးရုံဝန်ထမ်းတွေက တာဝန်ယူနေရသတဲ့


Facebook ကနေ မ လာတာ . . . 

မော်လူးဒေသသား လေးတန်ချောင်းရေ ကြည်လာပြီတဲ့ ဘာကြောင့်ဖြစ်ဖြစ် ကောင်းပါ၏





ခုဆို လေးတန်ချောင်းရေ ကြည်နေလို့ လေးတန်ရိုးသားတွေ စိတ်ချမ်းသာစွာ အသုံးပြု့နေပါသည်။ဒါပေမဲ့ ဖျက်စီးနေတဲ့ လူတွေတော့ ရှိအုံန်းမှာပေါဗျာ။
***********
fb  က  မ  လာပါသည်။

Wednesday, January 13, 2016

ဘွဲ့ရပြီးသော မမ များ ဗိုလ်လောင်း လျှေက် နိုင်ပြီတဲ့



ဘွဲ့  ရပြီး  ကျောင်းဆရာမ  လျှောက်မရ  ဓာတ်ခွဲမှူး  ဝင်ဖြေ  မအောင်လို့

စိတ်ညစ်နေတဲ့  ဘွဲ့ရ မမ  များ ဗိုလ်လောင်း  ရခဲ့ပါက

သင်တန်းဆင်းဆင်ပြီးချင်း

ရိုးရိုးဘွဲ့  ဆို  တစ်ပွင့်

မဟာဘွဲ့  ရထားသူဆိုရင်  ၂  ပွင်

ရမည်တဲ့

ကဲ  မိဘများ  အိမ်မှာ  ဘွဲ့ရပြီး  သမီးများ  ရှိနေရင်

ဖုန်း ထိုင်ပြီးပွတ်နေမည့်အစား  ရလိုရငြား  လျှောက်ထားသင့်ပါကြောင်း

သတင်းပေးလိုက်ပါတယ်  ။

Monday, January 11, 2016

၁၃.၁.၂၀၁၆ ရက်နေ့တွင် ကျင်းပမည့် စာပေဟောပြောပွဲ



Credit to Htain Haw

ဖိတ်ကြားခြင်း

မော်လူးဒေသ၊စာပေမြတ်နိုးသူများ အဖွဲ့မှ ကျင်းပသော စတုတ္ထအကြိမ်မြောက် စာပေဟောပြောပွဲ ကို
(၁၃.၁.၂၀၁၆၊ဗုဒ္ဓဟူးနေ့)၊
စီးမော်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဟောပြောမည့်အချိန်က-ည(၇)နာရီ မှ ည(၁၁)နာရီအထိဖြစ်ပါတယ်။
🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃🏃
ဟောပြောမည့် စာရေးဆရာများက- ရုပ်ရှင်နှင့်ဗီဒီယို ဟာသသရုပ်ဆောင် ဆရာ-မေတ္တာ၊ဆရာ-ရန်ငြိမ်းသူ(ပရဟိတ)၊ဆရာ-ဇော်ခိုင်ဦး(မန္တလေး)တို့ဖြစ်ပါတယ်။
💬💬💬💬💬💬💬💬💬💬💬💬
မော်လူးဒေသ စာပေမြတ်နိုးသူများ၊စာပေ ဗဟုသုတများ၊စာပေ စကားသံများကို (၁၃.၁.၂၀၁၆)ရက်နေ့ ၊ည -(၇)နာရီအချိန် စီးမော်ဘုန်းတော်ကြီးကျောင်းသို့ လာရောက်နားထောင်လှည့်ကြပါ၊မှတ်သားနာယူလှည့်ကြပါလို့ ကျနော်တို့ မော်လူးပုံရိပ် မှ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ ခင်ဗျာ။
🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊🔊
"ဆရာမေတ္တာ၏ ကိုယ်ရေးအတ္ထုပတ္တိ"
💢အမည်ရင်းမှာ ခင်မောင်မြင့်ဖြစ်သည်။
💢အဘအမည် ဦးသွင်၊အမိအမည်မှာ ဒေါ်သောင်းတင် ဖြစ်သည်။
💢ဇာတိမှာ ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်တွင် မွေးဖွား၍ ရန်ကုန်-စမ်းချောင်းချက်မြုပ်ဖြစ်သည်။
💢မိဘမျိုးရိုးမှာ ကရင်ပြည်နယ်၊မွန်ပြည်နယ်မှ ဆင်းသက်ပါသည်။
💢ငယ်စဉ်ကပညာရေးနယ်ပယ်တွင် (၅)တန်းမှ(၇)တန်းအထိ (၂)နှစ်-တစ်တန်းနှုန်းဖြင့် အခြေခိုင်ခိုင် တက်ခဲ့သည်။
💢ဆယ်တန်းပညာကို(၂)ခါဖြေ (၂)ခါ(B)ပါ၍ နောက်ဆုံးတစ်ခါတွင် ခုံအမှတ်-စခ၂၉၅၆၄ဖြင့် ဂုဏ်ထူးတစ်ဘာသာပါပြီး ခြေချော်လက်ချော်နဲ့ အောင်မြင်ခဲ့ပါသည်။
💢ယခုအခါတွင် ဇနီး-လွင်မီမီကို၊သား-မေတ္တာမြင့်မြတ်ဟိန်း၊သမီး-မသက်လျာလွင်(TTC) တို့နှင့် အမှတ်-(၁၅၃)ဘီ-ပထမထပ် ၊ကျွန်းတော်လမ်းနှင့်ဇေယျသုခလမ်းထိပ်တွင်၊ပျော်ရွှင်စွာနေထိုင်လျှက်ရှိသည်။
💦💦💦💦💦💦💦💦💦💦💦💦
"ဆရာရန်ငြိမ်းသူ၏ ကိုယ်ရေးအတ္ထုပတ္တိ"
🌟အမည်အရင်း-ဥာဏ်လှိုင်
ကလောင်အမည်-ရန်ငြိမ်းသူ(ပရဟိတ)
အဖအမည်-ဦးလှတင်
အမိအမည်-ဒေါ်ရင်လှ
🌟မွေးချင်း(၇)ယောက်အနက်(၆)ယောက်မြောက်သားဖြစ်သည်။
🌟ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊အနောက်ကြို့ကုန်းရပ်ကွက်တွင် (၁၉၇၄)ခုနှစ် ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့တွင် မွေးဖွားခဲ့ပါသည်။
🌟(၂၀၀၁)မှ (၂၀၁၃)ခုနှစ်အထိ "ဂရုဏာပရဟိတ" ပညာရေး၊ကျန်းမာရေးဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပြီး သွေးအခမဲ့ လှူဒါန်းခြင်း၊အသက်ကယ်အောက်ဆီဂျင်များအခမဲ့လှူဒါန်းခြင်း၊ဆင်းရဲနွမ်းပါးသော ကျောင်းသူ/သားကလေးများကိုလည်း ကျောင်းသုံးပစ္စည်များလှူဒါန်းခြင်း၊ငွေကြေးထောက်ပံခြင်းများကို ပညာဒါနကုသိုလ် ပြုပေးခဲ့ပါသည်။
🌟(၂၀၀၃)ခုနှစ်မှစ၍ ရနံ့သစ်မဂ္ဂဇင်းတွင် စာပေများရေးသားလျှက်ရှိပြီး ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်လျှက် ရှိပါသည်။
💧💧💧💧💧💧💧💧💧💧💧💧
"ဆရာဇော်ခိုင်ဦး(မန္တလေး)၏ ကိုယ်ရေးအတ္ထုပတ္တိ"
💥ပြင်ဦးလွင်မြို့မှာ (၁၉၇၀)ခုနှစ်၊အဖဦးကြွယ်၊အမိဒေါ်ခင်အုန်းမြင့်တိုမှ မွေးဖွားခဲ့ပါတယ်။
💥မူလတန်းနေ့ရက်များကို ပြင်ဦးလွင်မြို့တွင်ကုန်ဆုံးစေခဲ့ပြီး အလယ်တန်း၊အထက်တန်း၊သက္ကသိုလ်တန်းများကို မန္တလေးမြို့မှာ ဖြတ်သန်းခဲ့ပါတယ်။
💥မန္တလေးတက္ကသိုလ်တွင် မြန်မာစာအထူးပြုတက်ရောက်ခဲ့ပြီးနောက် ပြင်ပစာလေ့လာဖို့အတွက် ဒေါင်းအိုးဝေစာပေ ၊သုခမိန်စာပေ၊ဒုတိယချစ်သူ အစရှိတဲ့ လမ်းဘေးတက္ကသိုလ်များမှာ ပညာကိုဆက်လက်ဆည်းပူးခဲ့ရပါတယ်။
💥(၁၉၇၇)ခုနှစ်တွင် စာပေလောကသို့ "ဒဂုန်တာရာနှင့်လမ်းမခွဲပါ" စာမူဖြင့်စတင်ဝင်ရောက်ခဲ့ပါသည်။
💥(၂၀၀၀)ပြည့်နှစ်နောက်ပိုင်းတွင် ရနံ့သစ်မဂ္ဂဇင်း၊ချယ်ရီမဂ္ဂဇင်း၊ရုပ်ရှင်တေးမဂ္ဂဇင်း၊ရွှေအမြူတေမဂ္ဂဇင်း၊ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊မန္တလေးအိုင်ကွန်မဂ္ဂဇင်း၊အတွေးအမြင်၊အလင်းတန်းဂျာနယ်၊ပေါ်ပြူလာဂျာနယ်တို့တွင် ဆောင်းပါးရုပ်ပုံလွှာ၊ဘဝဖြတ်သန်းမှု၊ဝတ္ထုတိုတစ်ချို့နှင့် စာအုပ်အညွှန်းများ ရေးဖြစ်ခဲ့ပါသည်။
💥(၂၀၀၆)ခုနှစ်ဇန်နဝါရီလ၊"ဧရာဝတီရေဆန်" အနုပညာပွဲတော်တွင် "အမှာမုခ်ဦးများ" စာတမ်းငယ် ဖတ်ကြားတင်ဆက်ဖြစ်ခဲ့ပါသည်။
💥(၂၀၀၆)ခုနှစ်၊မေလ (၂၈)ရက်၊ ပထမအကြိမ် ရွှေအမြူတေစာပေဆုပေးပွဲတွင် ရွှေအမြူတေစာပေဆု (ဆောင်းပါးဆု)ကို"အမှာမုခ်ဦးများ"နှင့်ရရှိခဲ့ပါသည်။
💥(၂၀၀၆)ခုနှစ်ဇူလိုင်လတွင် HIV ကူးစက်ခံ မိဘမဲ့ကလေးများအတွက် "အဖြူရောင်တံ" အနုပညာလှုပ်ရှားမှုတွင် ပါဝင်တင်ဆက်ခဲ့ပါသည်။

အမေရိကန်က ကျောင်းကား က သမ္မတ စီးတဲ့ကားလိုဘဲ ခိုင်ခံမှု ကောင်းအောင်ပြုလုပ်ထားတယ်တဲ့ ဖတ်လိုက်ကြအုန်း ဗဟုသုတပေါ့




အမေရိကန်ကျောင်းကား
------------------------------
ရှေ့တစ်ရက်က ကျွန်မနဲ့အလုပ်တူတူ လုပ်သူတစ်ယောက်က သတင်းတစ်ပုဒ်လာပြတယ်။ Flushing လို့ခေါ်တဲ့ရပ်ကွက်ဖက်က ယာဉ်တိုက်မှုတစ်ခုပေါ့။ ပြိုင်ကားတစ်စီးနဲ့ ကျောင်းကားတိုက်တော့ ပြိုင်ကားပေါ်က ကောင်မလေးပွဲချင်းပြီး သေသွားတဲ့သတင်းပါ။ ကျောင်းကားနဲ့တိုက်တယ်ဆိုတော့ ယာဉ်မောင်းတဲ့သူက ကြီးလေးတဲ့အပြစ်တော့ခံရမှာပဲလို့ တွေးမိတယ်။

ဒီနိုင်ငံမှာ မတော်တဆယာဉ်တိုက်မှုက မကြာခဏဆိုသလိုဖြစ်နေတာမို့ သတင်းကထူးခြားမှုမရှိဘူး။ ဒါပေမယ့် သူပြတဲ့ သတင်းဓာတ်ပုံကိုကြည့်ပြီး ကျွန်မစိတ်ဝင်စားသွားတယ်။ ကားချင်းတိုက်တာ ကျောင်းကားက ဘာမှမဖြစ်ဘဲ ဘာဖြစ်လို့ ပြိုင်ကားက ကားခေါင်းပိုင်းတစ်ခုလုံး မွမွကြေသွားသလဲပေါ့။

သတင်းရှာဖတ်ကြည့်တော့ ဒီယာဉ်တိုက်မှုက မနက်သုံးနာရီကျော်မှာဖြစ်တာ။ ပြိုင်ကားမောင်းတဲ့သူက မူးနေပြီး ရပ်ထားတဲ့ကျောင်းကားကို ဝင်တိုက်တာ။ ဟိုင်းဝေးပေါ်မှာတိုက်တာမဟုတ်ဘဲ ရပ်ကွက်လမ်းထဲမှာပဲ တိုက်တာ။ မိုင်နှုန်း ၂ဝ သတ်မှတ်ထားတဲ့နေရာမှာ သူက ၃၃ နဲ့မောင်းခဲ့တယ်။ ၃၃ ဆိုတာလည်း ဘယ်လောက်မှ မြန်တာမဟုတ်ဘဲ ဘာလို့ ကျောင်းကားက ဘာမှမဖြစ်ဘဲ ပြိုင်ကားက မွမွကြေရသလဲဆိုပြီး အမေရိကန်ကျောင်းကား အကြောင်းကို ကျွန်မစိတ်ဝင်စားလို့ လိုက်ရှာဖတ်ကြည့်ခဲ့တယ်။

အမေရိကန်ကျောင်းကားနဲ့ပတ်သက်ပြီး အများနည်းတူ ကျွန်မသိထားတဲ့အကြမ်းဖျင်းအကြောင်းအရာက ဒီအဝါရောင်ကျောင်းကားတွေဟာ လမ်းပေါ်မှာ ထူးခြားတဲ့အခွင့်အရေးကိုရထားတဲ့ ကားဖြစ်တယ်။
သူနှေးရင် ကိုယ်လိုက်နှေးရတယ်၊ သူ့ဆီက အဝါရောင်မီး မှိတ်တုတ်မှိတ်တုတ်လင်းပြီဆို ကိုယ်အရှိန်လျော့မောင်းရတယ်၊ သူ့ဆီက အနီရောင်မီးလင်းပြီဆို ကိုယ့်ကားကိုရပ်ရတယ်။ တကယ်လို့ သူမီးနီပြပြီးရပ်နေရက်နဲ့ ကိုယ့်ကားကို အရှိန်မလျော့ဘူး၊ မရပ်ဘူးဆိုရင် ကြီးလေးတဲ့ပြစ်ဒဏ်ကို ခံရတယ်။ မီးသတ်ကား၊ လူနာတင်ကား၊ သမ္မတကားပဲဖြစ်ဖြစ် ဒီဥပဒေကို လိုက်နာရပါတယ်။

လူတွေပြောတာကတော့ အမေရိကန်ကျောင်းကားတွေဟာ တင့်ကားလိုခိုင်ခံ့ပြီး ထရပ်ကားလို အခြေခံထားသတဲ့။ သူ့ရဲ့လုံခြုံမှုက ရိုးရိုးကားရဲ့အဆ၄ဝလို့ဆိုတယ်။ ဆီတိုင်ကီရဲ့၎ စင်တီမီတာပတ်ပတ်လည်ကို သံချပ်ကာကာထားတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့အခါ မီးလောင်ပေါက်ကွဲမှု မဖြစ်အောင် ကာကွယ်တယ်လို့ဆိုတယ်။ ကားရဲ့ခိုင်ခံ့မှုက သမ္မတကားအဆင့်လောက်ရှိပါသတဲ့။ ခိုင်ခံ့မှုနှုန်းကို ရထားနဲ့တိုက်ပြီး စမ်းသပ်ခံထားတယ်လို့ ဆိုပါတယ်။ ထိုင်ခုံတွေကိုလည်း ယာဉ်တိုက်မှုဖြစ်တဲ့အခါ ထိခိုက်ဒဏ်ရာနည်းအောင် ပြုလုပ်ထားပြီး ကျောင်းသားတိုင်း ထိုင်ခုံနေရာရှိရပါတယ်။

ကျောင်းကားကို အဝါရောင်သတ်မှတ်ရခြင်းက ညအခါ၊ မြူတွေပိတ်ဆို့တဲ့အခါ၊ မှုန်ရီဝိုးတဝါးအချိန်မှာ အမှောင်ထုကြားထဲက ထိုးဖောက်မြင်ရဖို့ဖြစ်တယ်။ ကားကို ACD အမျိုးအစားသုံးမျိုးခွဲထားပြီး အကြီးဆုံးဖြစ်တဲ့ Dအမျိုးအစားက အလေးချိန်၁၆တန် ရှိတယ်လို့ဆိုပါတယ်။ ရေကြီးနေတဲ့ချောင်းကိုတောင် ကျော်ဖြတ်နိုင်ပါသတဲ့။

ဘာဖြစ်လို့ ကျောင်းကားတွေကို သမ္မတကားနီးနီး ခိုင်ခံ့အောင်လုပ်ထားသလဲ။ ဘာဖြစ်လို့ တခြားကားတွေထက် ထူးခြားတဲ့အခွင့်အရေး ရထားသလဲ။ ဘာဖြစ်လို့ သူမီးနီပြ stop ဆိုင်းပြတာနဲ့ ကိုယ့်ကားကိုရပ်ရသလဲ....

အဖြေကရှင်းရှင်းလေးပါ ...
ကားထဲမှာ ကျောင်းသား ကလေးသူငယ်တွေ ပါလို့.. ဒီကလေးတွေဟာ နောင်တစ်ချိန်မှာ နိုင်ငံ့သားကောင်းရတနာဖြစ်လာမယ့် သူတွေမို့ပါတဲ့။ ကလေးငယ်တွေရဲ့လုံခြုံစိတ်ချမှုကို အစိုးရက အပြည့်အဝ အကာအကွယ်ပေးထားပါတယ်။

ကျောင်းကားတွေ့တာနဲ့ အရှိန်လျော့တန်လျော့ ရပ်တန်ရပ် ကားတိုင်းလိုက်နာကြရပါတယ်.. တဲ့…




ရေးသူ- 99စနေ
‪#‎မယ်မင်းကြီးမဇဇ‬ တင်ထားတာပါ။ မသိတဲ့
သူငယ်ချင်းများဖတ်ဖို့ကော်ပီယူလာတာပါ။

Sunday, January 10, 2016

ဟဲနု ချောင်း မီးရထားတံတာ က သံလမ်းဇလီဖား တုံးတဲ့




ကောင်းလိုက်တဲ့မီးရထားသံလမ်းပြင်နည်းပညာသံလမ်းဘောင်အောက်ခံဖားတုံးတွေကဆွေးနေပြီနိမ့်နေတဲ့ဘက်ကကျွန်းသားတပ်နဲ့အောက်ခံအစားထိုးထားတယ်မီးရထားစီးခရီးသည်တွေအတွက်ရင်လေးမိပါတယ်ဟဲနုချောင်းကမီးရထားသံလမ်းနေရာဖြစ်ကြောင်းပါခင်ဗျား


မေးလ်က  တဆင့်  ပို့လာတာပါ

မကျည်းကုန်း မှာ ဓမ္မစကူးလ် ဖွင့်




၁၀.၁.၁၆. ရက်နေ့ နံနက်. ၀၉:၀၆:၀၉.အချိန်
(၉၆၉) တွင် မော်လူးဒေသ. မကျည်းကုန်း
သာသနာ့ဂုဏ်ရည်ကျောင်း၌ ဓမ္မစကူးလ်
သင်တန်းကျောင်း ဖွင့်ပွဲအခန်းအနား ကျင်း
ပပြုလုပ်ကြသည်...,,..

သင်ရိုးညွှန်းတမ်း အသစ် စသင်မည်



2016 -2017  ပညာသင်နှစ်  မှာ  သူငယ်တန်း နဲ့
ပထမတန်းကို  သင်ရိုးညွှန်းတမ်း  အသစ်  နဲ့  စသင်တော့မှာတဲ့  

Saturday, January 9, 2016

အင်းတော် နဘားကြား ရထား မှောက်တယ်ဆိုဘဲ




Eleven Media Group added 2 new photos.
မန္တလေး-မြစ်ကြီးနား အမှတ် ၉၃၄ အစုန်ကုန်ရထား တိမ်းမှောက်
မန္တလေး-မြစ်ကြီးနား အမှတ် ၉၃၄ အစုန်ရထားသည် ဇန်န၀ါရီ ၉ ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် အင်းတော်မြို့နယ် အတွင်း၌ တစ်တွဲဘီးချော်မှု ဖြစ်ပွားခဲ့ပြီး လေးတွဲ တိမ်းမှာက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရထားစက်ခေါင်းမောင်း ဦးဖုန်းနိုင်နှင့် ဂါတ်ဘို ဦးဝင်းလှိုင်တို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DF-2041 မန္တလေး-မြစ်ကြီးနား အမှတ် ၉၃၄ အစုန် ကုန်ရထားသည် နဘားဘူတာနှင့် အင်းတော်ဘူတာအကြားသို့ ရောက်ချိန်တွင် တွဲအမှတ် GBHAH 40819 ၏ ဘီးအမှတ် ၁ နှင့် ၂ တို့ သံလမ်း၏ အတွင်းသို့ ကပ်ကျပြီး ဘီးအမှတ် ၇ နှင့် ၈ သည် သံလမ်း၏ အပြင်သို့ ကပ်ကျမှု ဖြစ်ပွားခဲ့ရာမှ တွဲလေးတွဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကာ ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရှိရပါသည်။
စိုးစံ(အင်းတော်)

Friday, January 8, 2016

မော်လူး မှာလည်း ဘောလုံးပွဲ ကျင်းပပြီ



ဆောင်းရာသီ ဘောလုံးပွဲ   မော်လူးတွင်  စတင်ကျင်းပ

လွိုင်မောက်တောင် ဘုရား တောင်ပေါ်လမ်း ပြန်လည်ပြုပြင်




တောင်ပေါ်  ဘုရားဖူးဖို့
ဆိုင်ကယ်စီးလို့  တက်ကြစို့
************-*-********

ဖတ် သင့် တဲ့ ပုံပြင်





ဒေါသကြီးတတ်တဲ့ကျွန်တော်တစ်ယောက် ဒီပုံပြင်လေးကိုအမြဲဖတ်ပြီးကိုယ့်ကိုယ်ကိုအမြဲဆုံးမလေ့ရှိတတ်ပါတယ်..။

ဖတ်တိုင်းရိုးမသွားတဲ့အရမ်းကောင်းတဲ့ပုံပြင်ကောင်းလေပါဘဲ...

တစ်ခါတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက် ရှိသတဲ့ဗျာ။
တစ်နေ့ကျတော့ သူ့အဖေက သူ့ကို အိမ်ရိုက်သံတစ်ထုပ်ပေးပြီး ပြောပါတယ်။ "မင်း တစ်ခါ စိတ်ဆိုးဒေါသထွက်တိုင်း သံတစ်ချောင်းတစ်ချောင်း နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ပါ" တဲ့။ ကောင်လေးကလည်း အဲဒီလိုပေးတဲ့နေ့ တစ်ရက်တည်းမှာတင် ၀င်းထရံတိုင်မှာ သံအချောင်း ၄၀ လောက် ရိုက်ပစ်လိုက်ပါသတဲ့။ အဲဒီလောက်အထိ ဒေါသကြီးတဲ့လူငယ်ပေါ့ဗျာ။ သူ့ခမျာ နေ့စဉ်ရက်ဆက် ဒေါသထွက်တိုင်း ၀င်းထရံတိုင်မှာ သံတွေ သွားသွားပြီးရိုက်ရတာ အတော်ကြီးကို များလာပါသတဲ့။ ဒါပေမယ့် အံ့သြစရာကောင်းတာက နေ့စဉ် စိတ်တိုတိုင်း သံတွေသွားရိုက်ရင်းနဲ့ ကောင်လေးဟာ သူ့စိတ်ကိုသူ ထိန်းနိုင်လာတာပါပဲ။ သံရိုက်တဲ့ အကြိမ်အရေအတွက်ကလည်း တစ်နေ့ထက်တစ်နေ့ နည်းနည်းလာပါသတဲ့။ တဖြည်းဖြည်းနဲ့ ကောင်လေးက စိတ်တိုတိုင်း ၀င်းထရံမှာ သံတွေပြေးရိုက်တာထက်စာရင် စိတ်မတိုအောင်၊ ဒေါသမဖြစ်အောင် နေရတာက ပိုလွယ်တယ်ဆိုတာ သိလာပါသတဲ့။ နောက်ဆုံးတော့ ဘယ်လောက်အထိ ဖြစ်သွားသလဲဆိုရင် ကောင်လေးအတွက် သံမရိုက်ရတဲ့ နေ့တွေ ရှိလာပါသတဲ့။ သဘောကတော့ ဒေါသမဖြစ်တဲ့၊ စိတ်မတိုတဲ့နေ့တွေ ပိုင်ဆိုင်လာတာပေါ့လေ။
အဲဒါကြောင့် ကောင်လေးဟာ ၀မ်းသာအားရပဲ သူ့အဖေကို ဖွင့်ပြောပါသတဲ့။ "အဖေ... အခုဆိုရင် သားဟာ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်နေပြီဗျ" တဲ့။ အဲဒီတော့ အဖေလုပ်သူက ပြန်ပြောပါတယ်။ "ဒီအတိုင်း မရသေးဘူးကွ၊ ဒီလိုလုပ်၊ မင်းဒေါသမဖြစ်တဲ့နေ့တိုင်း၊ စိတ်မတိုတဲ့နေ့တိုင်း မင်းရိုက်ခဲ့တဲ့ သံတွေထဲက တစ်ရက်ကို တစ်ချောင်းပြန်နုတ်ကွာ" တဲ့။ ကောင်လေးခမျာလည်း နားမလည်နိုင်ရှာဘူးပေါ့။ ဒါပေမယ့် သူ့အဖေစကားကို ယုံကြည်တဲ့အတွက် ဘာမျှတော့ ပြန်မပြောရှာပါဘူး။ ဟုတ်ကဲ့ပေါ့။
ကောင်လေးဟာ ညအိပ်ရာဝင်ခါနီးတိုင်း ဒီနေ့ ငါစိတ်တိုခဲ့သလား၊ ဒေါသထွက်ခဲ့သလား ဆိုတာကို ပြန်စဉ်းစားပြီး ဘာမျှမဖြစ်ခဲ့ဘူးဆိုရင် ၀င်းထရံတိုင်မှာ သူအရင်ရိုက်ခဲ့တဲ့ သံချောင်းတွေထဲက တစ်ချောင်းတစ်ချောင်းစီကို ပြန်ပြန်နုတ်ခဲ့ပါသတဲ့။ ဒီလိုနဲ့ ရက်အတော်ကြာတဲ့အခါကျတော့ ၀င်းထရံတိုင်မှာ သူရိုက်ခဲ့သမျှ သံတွေအားလုံး မရှိတော့ပါဘူး။ ကောင်လေးခမျာလည်း ၀မ်းသာအားရနဲ့ သူ့အဖေဆီကို ပြန်ပြောရတော့တာပေါ့။ "အဖေ၊ ၀င်းထရံတိုင်မှာ ဘာသံမျှ မကျန်တော့ဘူး၊ ကျွန်တော် ကိုယ့်စိတ်ကိုကိုယ် ထိန်းနိုင်သွားပါပြီ" တဲ့။
အဖေလုပ်တဲ့လူက သားဖြစ်သူကို အဲဒီဝင်းထရံတိုင်နားကို ခေါ်သွားတယ်။ ပြီးတော့ ၀င်းထရံတိုင်ကို လက်ညှိုးထိုးပြီး သားဖြစ်သူကို တစ်လုံးချင်းပြောလိုက်တယ်။ "ဒီမှာကြည့် ငါ့သား၊ သားရိုက်ခဲ့တဲ့ သံတွေ တစ်ချောင်းမျှ မရှိတော့ဘူးဆိုတာ မှန်တယ်၊ ဒါပေမယ့် ၀င်းထရံမှာ အပေါက်တွေဖြစ်ပြီး ကျန်ခဲ့တယ်ဆိုတာ သားတွေ့လား။ ၀င်းထရံတိုင်ဟာ ဟိုးအရင်နဂိုကလို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးကွာ။ သားရိုက်ခဲ့၊ နုတ်ခဲ့တဲ့ သံချက်တွေကြောင့် အပေါက်ရာတွေ ဗရပွနဲ့ ကျန်ရစ်ခဲ့ရပြီ။"
အဲဒီလို ပြောလိုက်တဲ့အခါ သားဖြစ်သူခမျာ ကြက်သေသေပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားပါသတဲ့။ သူ့အတွေးတစ်ချက်လည်း လင်းသွားပြီး စိတ်မကောင်းတွေလည်း ဖြစ်သွားပါသတဲ့။ အဲဒီအချိန်မှာပဲ သူ့အဖေက သူ့ကို စကားတစ်ခွန်း ထပ်ပြောပါတယ်။
"ငါ့သား... စိတ်တိုဒေါသထွက်တဲ့အချိန်တုန်းက စိတ်အလိုလိုက်ပြီး အခြားလူတွေအပေါ်မှာ မောက်မောက်မာမာ၊ ရင့်ရင့်သီးသီး၊ ရိုင်းရိုင်းစိုင်းစိုင်း၊ ဒေါသတကြီးနဲ့ ပြောဆိုခဲ့တာတွေ ရှိမှာပါပဲ။ အေး.. သဘောကတော့ သားရဲ့ ဒေါသစကားလုံး သံချက်တွေကို သူတစ်ပါးရဲ့ စိတ်နှလုံးဝင်းထရံမှာ သွားရိုက်တာပါပဲ။ အခြေအနေ အချိန်အခါတွေအရ သားနဲ့ အခြားလူတွေအကြားမှာ ဘယ်လိုပဲ နားလည်မှုတွေ ပြန်ရှိခဲ့သည်ဖြစ်စေ သူတို့ရင်ထဲက ၀င်းထရံပေါ်မှာတော့ မူလအတိုင်း ဘယ်လော့မှ ပြန်မဖြစ်တဲ့ အပေါက်တွေ ဗရပွနဲ့ ကျန်ရစ်ခဲ့မှာ အသေအချာပါပဲ။ အဲဒါကြောင့် သားအနေနဲ့ နောက်ဆိုရင် ဒေါသသံချောင်းတွေ မရိုက်မိအောင် ကြိုးစားဆင်ခြင်ပါ"
ကျွန်တော်တို့တစ်တွေလည်း သူများတွေအပေါ်မှာ သံချောင်းတွေ ဘယ်လောက်တောင် ရိုက်ပြီးခဲ့ပြီလဲ မသိဘူးနော်။ ချစ်ခင်မြတ်နိုး တန်ဖိုးထားရသူတွေအပေါ်မှာ သံချောင်းတွေ မရိုက်မိအောင် ကြိုးစားနေထိုင်သွားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ဟိုးအရင်က ရိုက်မိခဲ့တဲ့ဒေါသသံချောင်းတွေအတွက်တော့ နောင်တရမနေတော့ပါနဲ့။နောင် ဒေါသထွက်လာတိုင်းဒီပုံပြင်လေးကို သတိရပြီး ဒေါသသံချောင်းတွေမရိုက်မိအောင် မိမိစိတ်ကို ထိန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။
Dec 29, 2015 · Public · in Photos from Wai Thurein's post in အလင်းပျိုးခင်း

Thursday, January 7, 2016

ပင်ဝယ်ကျေးရွာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် နှင့် ပညာရေးစုံညီပွဲတော် ကျင်းပ ပုံ



ပင်ဝယ်ကျေးရွာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် နှင့်
ပညာရေးစုံညီပွဲတော် ကျင်းပ ပုံ



Wednesday, January 6, 2016

ကျေးဇူးတင် ဝမ်းမြောက်ခြင်း

https://my.pcloud.com/publink/show?code=MTyctalK
( ၆၈ ) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲမှ ကဗျာများကို PDF file အဖြစ် ဖန်းတီးထားပါတယ် သိမ်းဆည်းထားလိုသူမှား အပေါ်က link မှာ သွားပြီး download ဆွဲယူနိုင်ပါတယ် . . .




Maw Lu News မှ ပြုလုပ်ခဲ့သည့် (၆၈)နှစ်မြောက် မြန်မာနိုင်ငံ
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲသို့ ရေးသားပေးပို့လာကြသည့်
ကဗျာများ၏ ခေါင်းစဉ်နှင့် ရေးသားသူများမှာ -
(၁) အဲဒီနေ့ - ငြိမ်းစိုးဦး
(၂) ဇန်နဝါရီ - နေခြည်နွေးနွေး
(၃) အဓွန့်ရှည်စေသော်ဝ် - အေယံ
(၄) သို့ ... ဇန်နဝါရီ - ဒီပံ (လေးတန်မြေ)
(၅) လွတ်လပ်ရေး - ညောင်ပင်သာသားလေး မောင်ပေါက်
(၆) လွတ်လပ်ရေး ... သို့ - လူးငယ်
(၇) လွတ်လပ်ရေး - ကိုဥာဏ် (ဟဲနု)
(၈) လွတ်လပ် ဇန်နဝါရီ - ချို (သူရောင်း)
(၉) တို့ပြေ တို့မြေ - ခရေဖြူ
(၁၀) ၆၈ နှစ်ပြည့် - သက်နှင်း (ပဲခူး) တို့ ဖြစ်ကြပါတယ်။
ရေးသားပေးပို့လာသည့် ကဗျာများကို မော်လူးဒေသ သတင်းများစုစည်းရာ
ဝဘ်ဆိုဒ်နှင့် Maw Lu News ဖေ့စ်ဘုတ် စာမျက်နှာများတွင် ဖော်ပြပေးခဲ့သလို
ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင်လည်း အွန်လိုင်း ကဗျာပြပွဲအဖြစ် ကဗျာ ၁၀
ပုဒ်လုံးကို ဖော်ပြ တင်ဆက်ပေးခဲ့ပါသည်။ မော်လူးဒေသအနေဖြင့်
ယခင်ကပြုလုပ်ခဲ့သော ကဗျာပြပွဲများ၏ အတွေ့အကြုံအရ ကဗျာပုဒ်ရေ
ယခုလောက်များပြားလာလိမ့်မည်ဟု ကျွန်တော်တို့ ထင်မထားခဲ့ပါ။
ကဗျာပြပွဲပြုလုပ်ခဲ့သည့်အကြိမ်ထဲတွင် ယခုအကြိမ်သည့် ကဗျာပုဒ်ရေ
အများဆုံးဖြစ်ခဲ့သလို ကဗျာရေးသားကြသူများမှာလည်း မော်လူးဝန်းကျင်
နေရာစုံမှ ပါဝင်လာကြသဖြင့် ကဗျာပြပွဲ ပြိုင်ပွဲ ဖြစ်မြောက်ရန်
အားထုတ်ကြိုးပမ်းရကြိုးနပ်သလို ယခုကဲ့သို့ စိတ်ဝင်တစားရှိလာမှုအပေါ်
များစွာ ဝမ်းမြောက်မိပါသည်။ သို့ဖြစ်၍ ကဗျာဝါသနာရှင်များအား
ကျွန်တော်တို့ဘက်မှလည်း မေတ္တာတုံ့ပြန်သည့်အနေဖြင့် ကဗျာစာမူရှင်
တစ်ဦးလျှင် စာမူခအဖြစ် MPT GSM ငါးထောင်တန် ငွေဖြည့်ကတ် တစ်ကတ်စီနှင့်
ဂုဏ်ပြု မှတ်တမ်းလွှာတို့ကို ပေးပို့ပေးခဲ့ပါသည်။ ထို့ပြင် Like
အများဆုံးရရှိသည့် "သို့ . . . ဇန်နဝါရီ - ဒီပံ (လေးတန်မြေ)အား MPT GSM
တစ်သောင်းတန် ငွေ့ဖြည့်ကတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို
ပေးပို့ခဲ့ပါသည်။ နောက်နောင် မြန်မာနိုင်ငံ၏ အထင်ကရနေ့များတွင်လည်း
ယခုကဲ့သို့ ကဗျာပြပွဲများကိုလည်း Maw Lu News မှ အခါအားလျော်စွာ
ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် ကဗျာဝါသနာရှင်များအနေဖြင့်
ယခုအကြိမ်ကဲ့သို့ ဝင်ရောက်ရေးသားပေးပို့ကြရန်လည်း
မေတ္တာရပ်ခံတောင်းဆိုပါသည်။ စာပေမြှင့်မှ လူမျိုးတင့်မည်ဟူသည့်
စကားအတိုင်း မော်လူးနယ်သူနယ်သားများ စာပေကို ပိုမိုစိတ်ဝင်စားစေရန်
ရည်ရွယ်ပြီး ပြုလုပ်ရခြင်း ဖြစ်ပါသည်။ မြို့တစ်မြို့ ရပ်ကွက်တစ်ခု
ကျေးရွာတစ်ရွာတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် အစရှိသူများ
တစ်ယောက်မကရှိနေနိုင်သော်လည်း(သို့) မွေးထုတ်ပေးနိုင်ပါသော်လည်း စာရေးဆရာ
ကဗျာဆရာတစ်ယောက်ကို မွေးထုတ်ပေးရန် မလွယ်ကူလှပါ။
ထိုသို့မမွေးထုတ်နိုင်သော်လည်း စာပေကို စိတ်ဝင်စားပြီး
စာဖတ်အားမြင့်တက်လာလျှင်ဖြင့် Maw Lu News မှ ယခုကဲ့သို့ပွဲမျိုးကို ပြုလုပ်ရကြိုးနပ်သည်ဟု ယူဆမိပါသည်။
မော်လူးဒေသ သတင်းများ စုစည်းရာ အက်ဒမင်များ

Tuesday, January 5, 2016

မော်လူးဒေသ မှ တောင်သူလယ်သမားများ ကျွဲ နွား များ သတိထားကြဖို့ လယ်သမားတစ်ဦး သတင်းလာပေးပါတယ်




ဆိုင်ကယ်ခိုး  စပါးခိုး   နွားခိုး  ကျွဲခိုး  ကြတော့မယ်
----------------------------------------------------

ဒီနေ့ ညနေမှာ ကျွန်တော့ကျွဲတွေကို ကျွန်တော့မရီး သွားမောင်းပါတယ် အဲ့ဒီမှာ ကျွဲတွေကို ခြုံထဲမှာချည်ထားတာကိုတွေရပါသတဲ့ခင်ဗျာ
ကျွန်တော့မရီးကလဲ မိန်းမသား ဆိုတော့ ကြောက်ကြောက်နဲ့ အကူရှာပါတယ် အဖော်ဆိုတော့ သားလေးတယောက်ပါပါတယ် ဒီလိုနဲ့ ကျွဲမောင်းလာတဲ့ရွာကကောင်လေးတွေ့လို့ကျွဲတွေကို လွှတ်ပေးခိုင်းလိုက်ပါတယ် ပြီးတော့ မရီးလဲမြန်မြန်ပဲ ကျွဲတွေမောင်းပြန်ခဲ့ပါတယ်။
ကျွန်တော် ပို့ချင်တဲ့သတင်းပါ
ကျွဲ နွားမွေးမြူထားတဲ့ တောင်သူတွေကို သတိပေးချင်ပါတယ်။ကျွဲနွားများကို ဂရုတစိုက်ထိမ်းသိမ်းဖို့ပါ
ကျွဲ နွားသူခိုးများ ကျွန်တော်တို့ နယ်မှာရောက်ရှိနေပြီဆိုတာ အသိပေးချင်ပါတယ်

စည်းမော် ဘုန်းတော်ကြီးကျောင်းကွင်းမှာ ပြုလုပ်သော sunday cup ဘောလုံးပွဲပြီးဆုံး



လွတ်လပ်ရေးနေ့ sun day cup ဖလားဗိုလ်လုပွဲ
ချန်ပီယံ စည်းမော်နှင့် ဒုတိယဆုရ ကူးဆိပ်ရွာ အသင်းတို့
ဆုလက်ခံ ရယူကြစဉ်

Sunday, January 3, 2016

ကဗျာပြပွဲအတွက် ပေးပို့ထားသည့် ဆယ်ပုဒ်မြောက် ကဗျာ

၆၈ နှစ်ပြည့်
@@@@@@
လွတ်လပ်ရေးကို မျှော်တွေးခဲ့ကြ ….
လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြ …
လွတ်လပ်ရေးရအောင် တိုက်ယူခဲ့ကြ …
ဂန္ဒီ၊ ဟိုဆေးရီဇာ၊ ဆွန်ယက်ဆင်
ဟိုချီမင်း … အာရှရဲ့ အလင်းတန်းတွေထဲမှာမှ
ငါတို့ရဲ့ အောင်ဆန်းဆိုတဲ့ အလင်းတန်းက ပိုတောက်ပ
မြန်မာပြည်ကို လွတ်လပ်ရေးစင်မြင့်ပေါ်တင်ပေးခဲ့
အဖိုးအောင်ဆန်းရေ …..
မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ
၂၀၁၆ ရဲ့ ဇန်နဝါရီ ၄ ရက်ဆို
၆၈ နှစ် တင်းတင်းပြည့်ခဲ့ပေါ့ …..။
သက်နှင်း(ပဲခူး)

ကဗျာပြပွဲအတွက် နဝမမြောက် ပေးပို့ထားသည့် ကဗျာ

တို့ပြေ တို့မြေ
@@@@@@
"တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ
တို့ပြေ …
တို့မြေ …
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ …."
ကလေးဘဝက ဆိုခဲ့ကြရပေါ့ ….
တရားမျှတခြင်း လွတ်လပ်ခြင်းတွေနဲ့
မသွေဖည်တဲ့
ငါတို့ရဲ့ ပြေ(ပြည်)
ငါတို့ရဲ့ မြေ
တိုင်းပြည်ကြီး ငြိမ်းချမ်း
တိုင်းရင်းသားတွေ ငြိမ်းချမ်း
ငြိမ်းချမ်း ….
အေးဆေးငြိမ်းချမ်း …………
………………………………
................................
သေနတ်သံတွေ မကြားရဘူး
စစ်ဘေးရှောင် စခန်းတွေမရှိဘူး
သယံဇာတကျိန်စာတွေ မသင့်ဘူး။
ခွင့်တူညီမျှခြင်း
သမ္မတကြီးလည်း ပြည်သူ
ပြည်သူတွေကလည်း ပြည်သူ
ဘယ်သူမှ အခွင့်အရေးပိုမယူကြတဲ့မြေ ….
ချစ်စရာ ဘယ်လောက်ကောင်းလိုက်လေသလဲ
လွတ်လပ်ပါစေ မြန်မာပြေ(ပြည်)….
ငြိမ်းချမ်းပါစေ မြန်မာပြေ(ပြည်)….
ခွင့်တူညီမျှပါစေ မြန်မာပြေ(ပြည်)…..။
၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုလျှက်
ခရေဖြူ (1.1.2016)
8:00 pm

ကဗျာပြပွဲအတွက် ပေးပို့လာသည့် အဋ္ဌမမြောက် ကဗျာပါ


လွတ်လပ် ဇန်နဝါရီ
@@@@@@@@@
နှင်းမှုန်ကြဲပက် ဇန်နဝါရီ ၄ရက်ရဲ့
နံနက် လေးနာရီ မိနစ် ၂၀
လွတ်လပ်ခဲ့ပေါ့
မြန်မာပြည် …..။
လွတ်လပ်ပြီဟေ့လို့
ကြွေးကြော် ပြည်သူတွေပျော်ရွှင်ကြပုံများ
အံ့သြဘနန်းဖြစ်လိမ့်မယ် ….
လွတ်လပ်မှုအထိမ်းအမှတ် အားကစားပွဲတွေကျင်းပ
လူငယ်ထုရဲ့ စိတ်ထဲ နှလုံးသားထဲကို
အားကစားစိတ်ဓာတ်နဲ့အတူ
လွတ်လပ်ရေး အသိပညာတွေ
ရိုက်သွင်း
လွတ်လပ်ခြင်းတို့ အရှည်တည်စေရမည် …..။
ချို ( သူရောင်း)

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲသို့ ပေးပို့လာသည့် သတ္တမမြောက် ကဗျာ

လွတ်လပ်ရေး
@@@@@@
သာကီမျိုးဟေ့ ၊ တို့ဗမာ
ကြွေးကြော်ကာလေ
နေထိုင်လာခဲ့ ….။
ကျူးကျော်လာသူ ကုလားဖြူတွေကို
ဝါးရင်းတုတ်ကိုင် နှိပ်နင်းခဲ့ပေါ့ …။
ကုန်းဘောင်ခေတ်ရဲ့ ရာဇဝင်
သီပေါဘုရင်ကြောင့်
မှေးမှိန်ခဲ့ပေါ့ …..။
သူ့ကျွန်အဖြစ် နွံ့နစ်မခံ
တွန်းလှန်တော်လှန် တိုက်ခိုက်ခဲ့ကြ
ဗမာသွေးတို့ ရဲရဲနီ
သိုးဆောင်းသားတို့ တုန်လှုပ်ခဲ့ရ ။
မြန်မာပြည်ရဲ့ ခေါင်းဆောင်ဟာ
နတ်မောက်မြို့က ပေါ်ထွက်လာ
အမည်သညာ အောင်ဆန်းပါတဲ့ . . .။
ပြည်သူ့ဆန္ဒ ဦးရွက်ကာ
အသက်ပေးကာ ယူဆောင်ပေးခဲ့ …
လွတ်လပ်ရေး …ဟေ့….
လွတ်လပ်ရေး ……
မြန်မာပြည်ရဲ့ လွတ်လပ်ရေး . . .။
ကိုဥာဏ် (ဟဲနု) 

Friday, January 1, 2016

၂၂၇ သွယ်သော ဝိနည်းတော်အကျဉ်း




၂၂၇ သွယ်သော ဝိနည်းတော်အကျဉ်း
==========================

-{ပါရာဇိက ၄ ပါး }-

၁ ။ မေထုန်မကျင့်ရ
၂ ။ သူတပါးဥစ္စာမခိုးရ
၃ ။ လူမသတ်ရ မသတ်ခိုင်းရ
၎ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ ။

-{သံဃဒိသိသ် ၁၃ ပါး }-

၅ ။ သုတ်မလွှတ်ရ
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ
၇ ။ အမျိုးသမီးနှင့် ညစ်ညမ်းရုန့်ရင်း စကားမပြောရ
၈ ။ မေထုန် အလှူမခံရ
၉ ။ မအောင်သွယ်ရ
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ
၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ
၁၄ ။ သံဃာကို သင်းမခွဲရ
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ
၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။

-{အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်)}-

၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ
၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ

-{ နိသဂ္ဂိပါစိတ် ၃၀ ပါး }-

၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။
၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဥ့်ကင်း၍ မနေရ။