Tuesday, May 17, 2016

မော်လူးသား ဒေါက်တာ တစ်ဦး ကတော့ မော်လူး ဆေးရုံအတွက် စတင် လှူဒါန်းပြီဗျာ



မော်လူးတိုက်နယ်ဆေးရုံသို့ မန္တလေး မြို့နေ
 ဒေါက်တာမျိုးအောင် +ဒေါ်စန်းစန်းအေး မိသားစုတို့မှ သားဖွားမီးယပ်ဆိုင်ရာ လေစုပ်စက် ကို ယနေ့နံနက် ၈နာရီအချိန်က လှူဒါန်းခဲ့ပါတယ်
နတ်လူသာဓုခေါ်စေသော်.....

လွိုင်မောက် တောင်ပေါ်က ပဋ္ဌာန်းပွဲ စတင်ပါပြီ




မော်လူးဒေသသားများအားလုံးကို
နှိုးဆော်လိုက်ပါတယ်......
ဒီနှစ်လွိုင်မောက်တောင် ပဋ္ဌာန်းပွဲသို့
ကြွရောက်ကြပါရန်။
ပြုပြင်တည်ဆောက်ဆဲစေတီတော်ကြီ
း ပြီးမြောက်ရန်အလှူငွေများလှူဒါန်း
ကြပါရန်။
တောင်ပေါ်တက်၍စတုဒီသာအာဟာရသုံးဆောင်ပြီး ဘုန်းဘုန်းတို့ နှင့်အ
တူလုပ်အားဒါနများအားပါးတရလှူ
ဒါန်းကြပါရန်။ 
အထူး အထူးနှိုးဆော်ရင်းဖိတ်ခေါ်
လိုက်ပါရစေ..
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ ..,

ကျောင်းအပ်နှံရေးး အစီအစဉ်ဆိုင်ရာ  သိရှိရန် အချက်များးး .....



ကျောင်းအပ်နှံရေးး အစီအစဉ်ဆိုင်ရာ
သိရှိရန် အချက်များးး ...

သူငယ်တန်းသင်ရိုးသစ်စတင်ရန် ရွှေ့ဆိုင်းသောသတင်းမဟုတ်မှန် ရှုပ်နေတာဘဲဆိုတာ အဲ့ဒါဘဲ


သူငယ်တန်း (KG) သင် ရိုးညွှန်းတမ်းအသစ်ကို စတင်သင်ကြားရန် လာမည့် ၂၀၁၇-၂၀၁၈ပညာသင်နှစ်သို့ ရွှေ့ဆိုင်း သည်ဆိုသည့်သတင်းမှာ မဟုတ် မှန်ကြောင်း  အခြေခံပညာဦးစီး ဌာနက ငြင်းဆိုသည်။

အခြေခံပညာကျောင်းများ တွင် သူငယ်တန်းကျောင်းသား များထားရှိရန် စာသင်ခန်းများ တိုးချဲ့တည်ဆောက်ရေး ရန်ပုံငွေ မရှိခြင်းသည် ယင်းအစီအစဉ်ကို အဓိကစိန်ခေါ်မှုဖြစ်နေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က  မန္တလေးမြို့၌  မေလ ၁၄ ရက်၌ ပြုလုပ်ခဲ့သည့် အစည်းအ ဝေးတွင်ပြောကြားခဲ့သည်ဟု ရေး သားကာ ‘‘သူငယ်တန်း (KG) သင်ရိုးညွှန်းတမ်းအသစ်ကို လာ မည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ၌ စတင်သင်ကြားရန် ရွှေ့ဆိုင်း’’ ဟူသော ခေါင်းစဉ်ဖြင့် မေလ ၁၆ ရက်က အင်္ဂလိပ်ဘာသာဖြင့်ထုတ် ဝေသည့် နိုင်ငံပိုင် The Global Newlight of Myanmar သတင်း စာတွင် ဖော်ပြထားခဲ့ခြင်းဖြစ် သည်။

‘‘KG ကို လာမယ့်ပညာသင် နှစ်ကို ရွှေ့ပြောင်းပြီးတော့ စသင် မယ်ဆိုတာ မဟုတ်ပါဘူး။ ဒီနှစ် ပညာသင်နှစ်မှာ စသင်ကြားမှာ ပါ’’ဟု အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တွင် သူငယ်တန်းသင်ရိုးညွှန်း တမ်းအသစ် (KG)ကို စတင် သင်ကြားနိုင်ရန် မူလတန်းပြ ဆရာ၊ ဆရာမများအား KG သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ ပြီး အခြေခံပညာကျောင်းများသို့ သူငယ်တန်းသင်ရိုးညွှန်းတမ်း သစ်အတွက် သင်ကြားသင်ယူမှု အထောက်အကူပြုပစ္စည်း (KG Kit) များ ဖြန့်ဝေပေးခဲ့သည်။

‘‘KG အတွက် သင်ထောက် ကူပစ္စည်းတွေတောင် သွားထုတ် ပြီးပြီဆိုတော့ ဒီနှစ်စမယ်ထင် တယ်’’ဟု ကြည့်မြင်တိုင်မြို့နယ်မှ မူလတန်းပြဆရာမတစ်ဦးက ပြောသည်။

သူငယ်တန်းစတင်တက် ရောက်မည့် ကျောင်းသူ၊ ကျောင်း သားများသည် ပြဋ္ဌာန်းစာအုပ်ကို မကိုင်ရတော့ဘဲ ကလေးများသည် စာသင်ကျောင်းများ၌ ဆရာက စနစ်တကျပြင်ဆင်ထားသည့် ပုံပြင်များ၊ တေးကဗျာများ အပါ အ၀င် လေ့ကျင့်ခန်းများကို ပုံစက္ကူ ကတ်ပြားများ၊ လက်ထိုးရုပ်များ ပါဝင်သည့် သင်ကြားသင်ယူမှုအ ထောက်အကူပြုပစ္စည်း (KG Kit)များဖြင့် ကလေးဗဟိုပြု ချဉ်းကပ် သင်ကြားနည်းအသုံးပြု၍ လေ့ ကျင့်သင်ကြားပေးမည်ဖြစ်သည်။

အခြေခံပညာကျောင်းများ တွင် ကျောင်းအပ်နှံရေး ရက် သတ္တပတ်ကို မေလ ၂၅ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားပြီး သူငယ်တန်း (KG) တက်ရောက် မည့် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းအပ်နှံရာတွင် ငွေကြေး ပေးသွင်းရန်မလိုအပ်ဘဲ ကျောင်း ၀တ်စုံတစ်စုံစီ အခမဲ့ဖြန့်ဝေပေး ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသည်။