Sunday, March 12, 2017

ရုံးစာများကို Myanmar 3 နဲ့ပဲရိုက်​ရ​တော့မယ်

ရုံးစာများကို Myanmar 3 နဲ့ပဲရိုက်​ရ​တော့မယ်​ဆို​တော့ ရုံးလုပ်​ငန်းသမား​တွေ  မရှိမဖြစ်​သိထားရ​တော့ပါမယ်​ ​လေ့လာလို့ရ​အောင်​တင်​​ပေးလိုက်​ပါတယ်

တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့

“တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့”
••••••••••••••••••••••••••••••••••••••••••••••••••••••
(ကြည်နူးဖွယ်ကောင်း လတပေါင်း)
••••••••••••••••••••••••••••••••••••••••• 
အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊ ဇလေသိနော ဆဒနံ ၀ိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။

●ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံထင်ရှား
ရှင်ပင်မြတ်ဘုရား။
●ဒါနိ-ဣဒါနိ=ဆောင်းကိုလွန်မြောက် နွေးဦးပေါက်သို့
ရောက်လတ်တုံလာ ယခုအခါ၌။
●ဒုမာ=တခေတ်ကူးပြောင်း သစ်ပင်အပေါင်းတို့သည်။
●ဆဒနံ=ရှည်ကြာမြင့်ညောင်း အရွက်ဟောင်းကို။
●၀ိပ္ပဟာယ=စွန့်ပယ်သောထွေ ကြွေကျကုန်၍။
●ဖလေသိနော=အသစ်ဖြစ်သော အသီးကို
ရှာမှီးကြကုန်သကဲ့သို့ဖြစ်၍။
●အင်္ဂါရိနော=မီးကျီးအသွေး နီးတွေးသော ရွက်နု
အပွင့်အဖူးတို့နှင့် ပြည့်စုံကြကုန်၏။
●တေ=ထိုသစ်ပင်အပေါင်းတို့သည်။
●အစ္စိမန္တောဝ=ဥတုလှုံ့ဆောင် အရောင်ရှိကုန်သည်ဖြစ်၍ သာလျှင်။
●ပဘာသယန္တိ=ပြောင်တ၀င်းဝင်း ထွန်းလင်းတောက်ပကြကုန်၏။
●မဟာဝီရ=ကြီးမြတ်သော ၀ီရိယရှိတော်မူသော မြတ်စွာဘုရား။
●အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ငြိုးပြက် တလက်လက်ဖြင့်
ထွက်သောရောင်ခြည် ရှိတော်မူသော မြတ်စွာဘုရားတို့၏။
●သမယော=ဖွားရပ်ဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း
ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျောက်ပတ်
ကောင်းမြတ်သောအချိန်ပါဘုရား။

(ဒေါင်းသံသာစွ တပေါင်းလ)
•••••••••••••••••••••••••••••••••
“မယူရသံဃာ ဂိရိမုဒ္ဓနသ္မိံ၊ နစ္စန္တိ နာရီဟိ သမင်္ဂီဘူတာ။
ကူဇန္တိ နာနာ မဓုရဿရေဟိ၊ သမယော မဟာဝီရ အင်္ဂီရသာနံ။”
●ဘန္တေ=ကျေးဇူးငါးပုံ ကောင်းခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသော
ရှင်ပင်မြတ်ဘုရား။
●ဂိရိမုဒ္ဓနသ္မိံ=ကြွရာလမ်းတခွင် ၀ဲယာဖြစ်သော
တောင်ထိပ်အပြင်၌။
●မယူရသံဃာ=ဥဒေါင်းငှက် အပေါင်းတို့သည်။
●နာရီဟိ=ကြင်ဖော်မှန်လှ ချစ်ဒေါင်းမတို့နှင့်။
●သမင်္ဂီဘူတာ=တကွယှဉ်နွဲ မောင်နှံတွဲကြကုန်သည်ဖြစ်၍။
●နစ္စန္တိ=အမြီးကိုထောင် အတောင်ကိုကော့ ခေါင်းကိုမော့၍
ကျော့ကျော့ရွှင်ဖြိုး တင့်စနိုးလျှင် ရှေ့ထိုးနောက်ငင်
လူ့အသွင်သို့ မြူးရွှင်ကခုန်ကြကုန်၏။
●နာနာ မဓုရဿရေဟိ=အထူးထူးအထွေထွေ
အိုးဝေ အိုးဝေ ဟူသော သာယာသော အသံတို့ဖြင့်။
●ကူဇန္တိ=ဘာသာမဂဓ သဘာဝဖြင့် တွန်ကြမြူးကြ ကျူးရင့်ကြကုန်၏။
●မဟာဝီရ=ကြီးမြတ်သောဝီရိယ ရှိတော်မူသော မြတ်စွာဘုရား။
●အင်္ဂီရသာနံ=ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက်
တလက်လက်ဖြင့် ထွက်သောရောင်ခြည်တော်
ရှိတော်မူသော မြတ်စွာဘုရားတို့၏။
●သမယော=ဖွားရာဌာနီ ပြည်ကပ္ပီသို့ နှစ်လီစက်ပန်း
ကိုယ်တော်လှမ်း၍ ကြွမြန်းတော်မူရန် လျော်ကန်လျှောက်ပတ်
ကောင်းမြတ်သော အချိန်ပါဘုရား။

(တပေါင်းလပြည့် မြတ်ဗုဒ္ဓပြည်တော်ဝင်
အခါတော်နေ့ သိမှတ်ဖွယ်ရာများ)
•••••••••••••••••••••••••••••••••••••••••
(၁)။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့တွင်
ကာဠုဒါယီမထေရ်က ကပိလ၀တ်နေပြည်တော်သို့
ကြွရောက်တော်မူရန် လျှောက်ထားသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

(၂)။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်
ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ
အင်္ဂတိုင်းသားနှင့် မဂဓတိုင်းသားများကို တရားရေအေး
တိုက်ကျွေးလျက်ရှိပါသည်။

(၃)။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး
ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို
နောက်ပါအခြံအရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ
မြတ်စွာဘုရားကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက်ပါသည်။
နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီးက
ခေါင်းဆောင်၍ သွားရပါသည်။
မြတ်စွာဘုရားနှင့်တွေ့၍ တရားနာရသောအခါ
ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူ
အားလုံးတယောက်မကျန် သာသနာ့ဘောင်သို့
ဝင်ရောက်ပြီး ဧဟိဘိက္ခု ရဟန်းတွေချည်း
ဖြစ်ကုန်ကြပါသည်။

(၄)။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က
တပေါင်းလ၏ သာယာပုံကို “ဂါထာပေါင်း ၆၄-ဂါထာ”
သီကုံး၍ ခမည်းတော်၏ကျေးဇူးကို သိသောအားဖြင့်
ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့
ကြွချိန်တန်ပြီဖြစ်ကြောင်း လျှောက်ထားလေသည်။

(၅)။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ
မြတ်စွာဘုရားသည် ရဟန္တာပေါင်း ၂-သောင်း
ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော်
၁-ရက်နေ့တွင် ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော
ကပိလ၀တ်ပြည်တော်သို့ တနေ့လျှင်
၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာမျှ)
ဒေသစာရီ ကြွချီတော်မူပါသည်။

“ဖြစ်ပေါ်လာသော အကျိုးဆက်များ”
•••••••••••••••••••••••••••••••••••••
မြတ်စွာဘုရား ကပိလ၀တ် နေပြည်တော်သို့
ကြွတော်မူခြင်းဖြင့် သာသနာတော်သမိုင်းတွင်
ဖြစ်ပေါ်လာသော အကျိုးဆက်များမှာ-
(၁)။နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။

(၂)။သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို နုတ်ပယ်သောအားဖြင့်
ပေါက္ခရ၀ဿမိုးကို ရွာသွန်းစေခြင်း။

(၃)။ဂါထာတထောင်ဖြင့် တန်ဆာဆင်အပ်သော
ဝေဿန္တရာဇာတ်တော်ကြီးကို ဟောကြားခြင်း။

(၄)မဟာဓမ္မပါလ ဇာတ်တော်ကြီးကို နာကြားရ၍
ခမည်းတော်ကြီး “အနာဂါမ်” တည်ပြီး၊
နောင်အခါ အရဟတ္တဖိုလ်တည်ခြင်း၊

(၅)။မိထွေးတော်ဂေါတမီ သောတာပန်တည်ခြင်း၊
နောင်သောအခါ ဘိက္ခုနီသာသနာ ထူထောင်ခွင့် ကြုံခြင်း။

(၆)။ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ
ဇာတ်တော်ကြီး ဟောကြားခြင်း။

(၇)။ဇနပဒကလျာဏီ၏ ကြင်ယာတော်
နန္ဒမင်းသား ရဟန်းဖြစ်ခြင်း။

(၈)။သားတော်ရာဟုလာ အမွေတောင်း၍
သာမဏေဘ၀သို့ ရောက်ရှိခြင်း။

(၉)။သာကီဝင်မင်းမျိုးမှ မင်းသားတထောင်
ရဟန်းဘောင်သို့ ရောက်ခြင်း။

(၁၀)။ကာဠုဒါယီမထေရ်အား ဆွေမျိုးတို့အား
မြတ်စွာဘုရားကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌
အမြတ်ဆုံးဘွဲ့ “ကုလပ္ပသာဒ-ဧတဒဂ်” ကို ချီးမြှင့်တော်မူခြင်း။

(၁၁)။အရှင်သာရိပုတ္တရာ လျှောက်ထား၍
ဗုဒ္ဓ၀င် ဒေသနာကိုဟောကြားတော်မူခြင်း-
စသော အကျိုးဆက်များ ဖြစ်ပါသည်။

(ကာဠုဒါယီ လျှောက်ထားသည့် နောက်ဆုံးဂါထာ)
•••••••••••••••••••••••••••••••••••••••••••••••••••
နာတိသီတံ နာတိဥဏှံ၊ နာတိ ဒုဗ္ဘိက္ခ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊ ဧသ ကာလော မဟာမုနိ။
မုနိတို့၏ သခင်ဖြစ်တော်မူသော မြတ်စွာဘုရား-
ဆောင်းနှောင်းနွေးဦး တပေါင်းလ ဤအခါထူးသည်
အေးလည်း မအေးလွန်းလှပါဘုရား၊ ပူလည်း မပူလွန်းလှပါဘုရား။
ကောက်ပဲသိမ်းစ ဥတုမျှ၍ အာဟာရမွတ်ရှား ခေါင်းပါးခြင်း
ဆာလောင်ခြင်းမှလည်း ကင်းရှင်းပါသည်ဘုရား။
မြေပြင်သည်လည်း နေဇာမြက်ညွန့် ပေါက်ရောက်ရှင်သန်၍
မြစိမ်းရောင်လွှမ်း စိုပြည်လန်းဆန်း နေပါသည်ဘုရား။
ဆောင်းနှောင်းနွေဦး တပေါင်းလဤအခါထူးသည်
မွေးရပ်ဌာနီ ကပိလ၀တ်နေပြည်တော်သို့ ကြွချီရန်
လျော်ကန်လျောက်ပတ် ကောင်းမြတ်သော အချိန်ပါဘုရား။

(ရှင်အုန်းညို ရေးခဲ့သည့် ဂါထာခြောက်ဆယ်ပျို့မှ စာပိုဒ်)
••••••••••••••••••••••••••••••••••••••••••••••••••••••••
လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊
သတ္တ၀ါလူ၊ ခမ်းသိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊
ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေးတတ်သည်၊
လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊
ဗောဓိညောင်၌၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊
သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဖော်၊
တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ မြတ်ရှင်ချစ်။

အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊
ကြားလျှောက်ဆက်အံ့၊ ဖွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊
အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊
တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊
သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊
ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြက်ကြင်နာသော်၊
ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊
မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊
တသောင်းဗိုလ်တွင်၊ ကျွန့်ကို နောက်ဆင့်၊ ချီးပင့်ရရှာ၊
ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလဲပြောင်းသား၊
တပေါင်းနွေလ၊ ဂိမ္မာနဟု၊ သာလှပျော်မှု၊
သည်ရတု၌၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊
တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏။၊
ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှါ၊
တောင်းပန်ထွာသည်။ သွားခါကာလ တန်ပြီဘုရား။

တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်ဝင် အခါတော်နေ့
သိကောင်းဖွယ်ရာများ ဤတွင်ပြီးဆုံး၏။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
Posted by
www.facebook.com/youngbuddhistassociation.mm
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ (မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-

________________________

“နွေဦးတရားတော်”၊
“တပေါင်းလရာသီနှင့် သဲပုံစေတီပွဲတော်” ၊
“တပေါင်းလရာသီနှင့် ရှင်ကာဠုဒါယီ”၊
“အဖေနေ့” (တပေါင်းလပြည့်နေ့)- တရားတော်၊
“နှစ်၂၆၀၀ ပြည့် ရွှေတိဂုံစေတီတော်မြတ်
ကြီး၏သမိုင်း”(၁၉.၂.၂၀၁၂-ပြည်သူ့ဥယျာဉ်)၊
“မြတ်ဘုရား ရွှေတိဂုံ-တရားတော်-MP3”
••••••••••••••••••••••••••••••••••••••••••
Download လုပ်၍ နာယူပူဇော်နိုင်ရန် ကျေးဇူးတော်ရှင်
“သီတဂူ ဆရာတော်ဘုရားကြီး” ဟောကြားတော်မူသော

❖ “နွေဦးတရားတော်”
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 19.37 MB

http://www.mediafire.com/file/yl8lfjk8d37m8bw/%E2%80%9C%E1%80%B1%E1%82%8F%E1%80%BC%E1%80%A5%E1%80%AE%E1%80%B8%E1%80%90%E1%80%9B%E1%80%AC%E1%80%B8%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E2%80%9D.mp3

❖ “အဖေနေ့” (တပေါင်းလပြည့်နေ့)-
တရားတော်- MP 3 ကို ဓမ္မဒါနပြုလိုက်ပါသည်။

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 22.4 MB
http://www.mediafire.com/listen/t8e39hox6f4w9tk/“အဖေနေ့”.mp3

❖ “ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်း”
တရားတော်-MP3ကို ဓမ္မဒါနပြုလိုက်ပါသည်။

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့်Links :
File size : 32.64 MB

http://www.mediafire.com/download/wghxc4gjngmv251/“ရွှေတိဂုံစေတီတော်မြတ်ကြီး၏သမိုင်း”%28၁၉.၂.၂၀၁၂-ပြည်သူ့ဥယျာဉ်%29.mp3

❖ “မြတ်ဘုရား ရွှေတိဂုံ”တရားတော်-MP3ကို
ဓမ္မဒါနပြုလိုက်ပါသည်။

Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့်Links :
File size : 23.66 MB

http://www.mediafire.com/download/k7b2322mlx14i7b/“မြတ်ဘုရား_ရွှေတိဂုံ”.mp3

Download လုပ်၍ နာယူနိုင်ရန် ကျေးဇူးတော်ရှင်
“အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ”
ဟောကြားတော်မူသော-
“တပေါင်းလရာသီနှင့် သဲပုံစေတီပွဲတော်”
•••••••••••••••••••••••••••••••••••••••••••••••••••••
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 17.3 MB

http://www.mediafire.com/download/escz8clk96zn93q/“တပေါင်းလရာသီနှင့်_သဲပုံစေတီပွဲတော်”.mp3

“တပေါင်းလရာသီနှင့် ရှင်ကာဠုဒါယီ”
••••••••••••••••••••••••••••••••••••••••••••••••••••
Download နှင့် Online မှ တိုက်ရိုက်နာယူနိုင်မည့် Links :
File size : 14.42MB

http://www.mediafire.com/download/bob4xs9kytoc2zy/“တပေါင်းလရာသီနှင့်_ရှင်ကာဠုဒါယီ”.mp3

“နွေဦးဆောင်းနှောင်း လတပေါင်း”-MP4
【ကျေးဇူးတော်ရှင်သီတဂူဆရာတော်
ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ】

https://www.facebook.com/youngbuddhistassociation.mm/videos/1504030686273605/?pnref=store

Credit _
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm