Thursday, April 30, 2015

ငါးေထာင္တန္ အသစ္အေၾကာင္း သိေကာင္းစရာ ဖတ္ထားလိုက္ၾကအုန္း အတုထင္မွာစိုးလို႕

ငါးေထာင္က်ပ္တန္အတုဟု ေျပာေနၾကေသာ
ယခု ေမာ္လူးတြင္ အသံုးမ်ားေနေသာ ပံုတြင္
ျပထားသည့္ ငါးေထာင္တန္ အမ်ိဳးအစားသည္
အစစ္ျဖစ္ပါသည္။

ေမာ္လူးတြင္ အတုဟု သတင္းထြက္ေနသျဖင့္
ျမန္မာ့စီးပြားေရးဘဏ္မွ တာဝန္ရွိသူ တစ္ဦးအား
ေမးျမန္း စံုစမ္းၾကည့္ရာ ႏိုင္ငံေတာ္အစိုးရမွ
လက္ရွိေနာက္ဆံုး ထုတ္ထားေသာ
ငါးေထာင္တန္ျဖစ္ေၾကာင္းသိရပါသည္။

အားလုံးသတိထားမိႏိုင္ရန္
ေနာက္ဆံုးထုတ္ ၅၀၀၀ က်ပ္တန္ အသစ္ တြင္..ေရစာႀကိဳးအျပားႀကီး၍
ေ႐ႊေရာင္ဖက္သန္းသည္။
အေဟာင္းတြင္...ေရစာၾကဳိးအျပားေသး၍
ေငြေရာင္ဖက္သန္းသည္။
အဓိကခြဲျခားရန္မွာ....
အသစ္တြင္...ငါးေထာင္တန္မွဆင္နွင့္
ေရစာမွဆင္သည္တစ္ဖက္တည္းသုိ႔လွည့္ေန၍
ဆင္၏ေနာက္ဖင္နားတြင္ေဘာ့လုံးကြက္ ပါရိွသည္
အေဟာင္းတြင္ ဆင္ႏွစ္ေကာင္ ေခါင္းခ်င္းဆိုင္ေန၏

ကဲေမာ္လူးေဒသသားေတြ ငါးေထာင္တန္အသစ္ကို
စိတ္ခ်လက္ခ် သံုးေပေတာ့ လံုးဝ လံုးဝ အတု မဟုတ္ပါ။

unicode ျဖင့္ ဖတ္သူမ်ားအတြက္


ငါးထောင်ကျပ်တန်အတုဟု ပြောနေကြသော
ယခု မော်လူးတွင် အသံုးများနေသော ပံုတွင်
ပြထားသည့် ငါးထောင်တန် အမျိုးအစားသည်
အစစ်ဖြစ်ပါသည်။

မော်လူးတွင် အတုဟု သတင်းထွက်နေသဖြင့်
မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဦးအား
မေးမြန်း စံုစမ်းကြည့်ရာ နိုင်ငံတော်အစိုးရမှ
လက်ရှိနောက်ဆံုး ထုတ်ထားသော
ငါးထောင်တန်ဖြစ်ကြောင်းသိရပါသည်။

အားလုံးသတိထားမိနိုင်ရန်
နောက်ဆံုးထုတ် ၅၀၀၀ ကျပ်တန် အသစ် တွင်..ရေစာကြိုးအပြားကြီး၍
ရွှေရောင်ဖက်သန်းသည်။
အဟောင်းတွင်...ရေစာကြိုးအပြားသေး၍
ငွေရောင်ဖက်သန်းသည်။
အဓိကခွဲခြားရန်မှာ....
အသစ်တွင်...ငါးထောင်တန်မှဆင်နှင့်
ရေစာမှဆင်သည်တစ်ဖက်တည်းသို့လှည့်နေ၍
ဆင်၏နောက်ဖင်နားတွင်ဘော့လုံးကွက် ပါရှိသည်
အဟောင်းတွင် ဆင်နှစ်ကောင် ခေါင်းချင်းဆိုင်နေ၏

ကဲမော်လူးဒေသသားတွေ ငါးထောင်တန်အသစ်ကို
စိတ်ချလက်ချ သံုးပေတော့ လံုးဝ လံုးဝ အတု မဟုတ်ပါ။

unicode ဖြင့် ဖတ်သူများအတွက်


မူလတန္းအဆင့္ ေက်ာင္းသားတိုင္း ေက်ာင္းစိမ္းအက်ႌမ်ား ဇြန္လကုန္ စေပးမည္

မူလတန္းအဆင့္ ေက်ာင္းသားတိုင္း ေက်ာင္းစိမ္းအက်ႌမ်ား ဇြန္လကုန္ စေပးမည္

ရန္ကုန္၊ ဧၿပီ ၂၇

ပညာေရး ဝန္ႀကီးဌာနက ႏိုင္ငံတစ္ဝန္းမွ မူလတန္းအဆင့္ ေက်ာင္းသားတိုင္းကို ေက်ာင္းလခႏွင့္ ျပဌာန္းစာအုပ္မ်ား အခမဲ့ သတ္မွတ္ေပးထားသည့္အျပင္ ေက်ာင္းစိမ္းဝတ္စုံ တစ္စုံစီကို လာမည့္ ဇြန္လကုန္တြင္ စေပးမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာန တာဝန္ရွိသူတစ္ဦးက The Voice သို႔ ေျပာၾကားသည္။
“အခုဆိုရင္ တခ်ဳိ႕ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြ ေရာက္ေနၿပီ။ မေရာက္ေသးတာေတြေတာ့ ရွိေသးတယ္။ ဇြန္လကုန္ေတာ့ အကုန္စေပးမွာပါ” ဟု ၎က ေျပာဆိုသည္။

ပညာေရး ဝန္ႀကီးဌာနက ဇြန္လ ၁၅ ရက္ ေနာက္ဆုံး အေျခခံပညာေက်ာင္းတိုင္းကို အေရာက္ပို႔ေပးမည္ ျဖစ္ေၾကာင္း၊ အခ်ဳိ႕အေျခခံပညာ ေက်ာင္းမ်ားသို႔ ေက်ာင္းဝတ္စုံမ်ား ရရွိေနၿပီျဖစ္ေၾကာင္း ပညာေရး ဝန္ထမ္းမ်ားထံမွ စုံစမ္းသိရွိရသည္။

“ရန္ကုန္တိုင္းကိုေတာ့ ေက်ာင္းဝတ္စုံေတြ ေရာက္ေနပါၿပီ” ဟု ရန္ကုန္တိုင္း ပညာေရးမွဴး႐ုံး တာဝန္ရွိသူတစ္ဦးက အတည္ျပဳသည္။

အလားတူ မေကြးတိုင္းေဒသႀကီး အေျခခံပညာေက်ာင္း အခ်ဳိ႕ကိုလည္း ေက်ာင္းစိမ္းဝတ္စုံမ်ား ေရာက္ရွိေနၿပီျဖစ္၍ ေက်ာင္းအပ္ႏွံမည့္ေန႔တြင္ ေက်ာင္းဝတ္စုံမ်ား တစ္ပါတည္းေပးမည္ ျဖစ္ေၾကာင္း ယင္းတိုင္းေဒသႀကီး မူလတန္း ေက်ာင္းအုပ္ဆရာတစ္ဦးက The Vocie သို႔ ေျပာၾကားသည္။

ေက်ာင္းစိမ္းဝတ္စုံမ်ား ပံ့ပိုးေပးမည့္ အစီအစဥ္ကို ပညာေရးဝန္ႀကီး ေဒါက္တာေဒၚခင္စန္းရီက ဒီဇင္ဘာလ ၅ ရက္က ေနျပည္ေတာ္တြင္ က်င္းပေသာ ကမာၻ႔အမ်ဳိးသမီးမ်ားဖိုရမ္တြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္


unicode version

မူလတန်းအဆင့် ကျောင်းသားတိုင်း ကျောင်းစိမ်းအကျႌများ ဇွန်လကုန် စပေးမည်

ရန်ကုန်၊ ဧပြီ ၂၇

ပညာရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းမှ မူလတန်းအဆင့် ကျောင်းသားတိုင်းကို ကျောင်းလခနှင့် ပြဌာန်းစာအုပ်များ အခမဲ့ သတ်မှတ်ပေးထားသည့်အပြင် ကျောင်းစိမ်းဝတ်စုံ တစ်စုံစီကို လာမည့် ဇွန်လကုန်တွင် စပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“အခုဆိုရင် တချို့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ရောက်နေပြီ။ မရောက်သေးတာတွေတော့ ရှိသေးတယ်။ ဇွန်လကုန်တော့ အကုန်စပေးမှာပါ” ဟု ၎က ပြောဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ဇွန်လ ၁၅ ရက် နောက်ဆုံး အခြေခံပညာကျောင်းတိုင်းကို အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ အချို့အခြေခံပညာ ကျောင်းများသို့ ကျောင်းဝတ်စုံများ ရရှိနေပြီဖြစ်ကြောင်း ပညာရေး ဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

“ရန်ကုန်တိုင်းကိုတော့ ကျောင်းဝတ်စုံတွေ ရောက်နေပါပြီ” ဟု ရန်ကုန်တိုင်း ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

အလားတူ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်း အချို့ကိုလည်း ကျောင်းစိမ်းဝတ်စုံများ ရောက်ရှိနေပြီဖြစ်၍ ကျောင်းအပ်နှံမည့်နေ့တွင် ကျောင်းဝတ်စုံများ တစ်ပါတည်းပေးမည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး မူလတန်း ကျောင်းအုပ်ဆရာတစ်ဦးက The Vocie သို့ ပြောကြားသည်။

ကျောင်းစိမ်းဝတ်စုံများ ပံ့ပိုးပေးမည့် အစီအစဥ်ကို ပညာရေးဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ဒီဇင်ဘာလ ၅ ရက်က နေပြည်တော်တွင် ကျင်းပသော ကမာ္ဘ့အမျိုးသမီးများဖိုရမ်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်