Saturday, April 11, 2015
သို့ . . . . မော်လူးရေကော်မတီ မှ ရပ်ကွက်သားတစ်ဦး မေလ်းထဲရောက်လာတဲ့စာ
ကျ​နော်​တို့ ရပ်​ကွက်​(၃)နှင့်​ ရပ်​ကွက်​(၅)
ရတနာလမ်း တစ်​လမ်းတည်းတွင်​ ကား
ဆိုင်​ကယ်​ ​ရေ​ဆေးလုပ်​ငန်း လုပ်​ကိုင်​သူ
ဆိုင်​ကယ်​ဝပ်​​ရှော့ (၄)ဆိုင်​ထက်​မနည်း
ရှိပါသည်​။
   ၎င်းတို့သည်​ အများပြည်​သူသုံး​ရေပိုက်​လိုင်း
များမှ ​မော်​တာများ ပန့်​များဖြင့်​တိုက်​ရိုက်​စုပ်​ယူ ၍ ကား ဆိုင်​ကယ်​​ရေ​ဆေးလုပ်​ငန်းများ
လုပ်​ကိုင်​​နေကြပါသည်​။ ​ဆောင်းရာသီတွင်
ပြဿနာ မရှိ​ပေမဲ့ ​နွေရာသီ​ရောက်​ချိန်​တွင်
ရေနည်း၍ ​ရေမသုံးကြရပါ။
   ၎င်းတို့​ရေစုပ်​ယူ​နေ​သောအချိန်​တွင်
ရေနည်းသွား၍ အများပြည်​သူများ ​ရေသုံး၍
မရပါ​သော​ကြောင့်​ ​မော်​လူးမြို့​ရေ​ပေး​ရေး
ကော်​မတီမှ ​ရေ​ဆေးလုပ်​ငန်းလုပ်​ကိုင်​သူများ
ကို ​ရေ​လှောင်​ကန်​တည်​​ဆောက်​ခိုင်း၍ ၎င်းမှ
တဆင့်​စုပ်​ယူအသုံးပြုကြဖို့ ညွှန်​ကြား​ပေးပါရန်
Mawluu new မှတဆင့်
တင်​ပြအပ်​ပါသည်​ခင်​ဗျား။
   ၎င်းပြင်​ ရပ်​ကွက်​(၅) ​ဘော်​ဒါ​ဆောင်
တစ်​​ဆောင်​မှ​ရေများကို ၂၄နာရီလုံး နစ်​ချီ၍
အမြဲဖွင့်​ချထားပါသည်​။  ​ရေမီတာနှင့်​ဆိုလျှင်
၎င်း​ဘော်​ဒါ​ဆောင်​မှ ၂၄နာရီလုံး​ရေဖွင့်​ချထား
ပါမည်​​လော။ အများပြည်​သူ​ရေသုံးသူများကို
ကိုယ်​ချင်းစာသင့်​ပါသည်​။
အတူ​မြှောင်းထဲသို့အမှိုက်​များပါပြစ်​ချပါ​သေး
သည်​။ အမှိုက်​များ ​မြှောင်းထဲသို့ မပြစ်​ချရန်
လည်းအ​ဆောင်​ပိုင်​ရှင်​က အမှိုက်​ပုံး
မထားပါ၍​လော။
   ပဂ္ဂိုလ်​​ရေးထိခိုက်​မှုမဖြစ်​​စေချင်​ပါ။
ပြုပြင်​ရန်​တင်​ပြခြင်းသာဖြစ်​ပါသည်​။
သက်​ဆိုင်​ရာ စည်​ပင်​မှလည်း ​မြှောင်းထဲသို့
အမှိုက်​မပြစ်​ချဖို့ ညွှန်​ကြား​ပေးပါရန်
Mawluu new မှတဆင့်
တင်​ပြအပ်​ပါသည်​ခင်​ဗျား။
ရပ်ကွက်သားတစ်ဦး