Monday, September 29, 2014

နောက်ဆုံးထွက် အစုံပါသော ✔ဖုန်းဝန်​​ဆောင်​မှုများApk(android)✔

✔ဖုန်းဝန်​​ဆောင်​မှုများApk(android)✔ အောင်ကျော်ခိုင်(ပုသိမ်) / 21 hours ago -MPT,MEC,OOREDOO,TELENOR များအတွက်​ -​ငွေလက်​ကျန်​စစ်​ရန်​ -ဖုန်းထဲသို့​ငွေပြန်​ဖြည့်​ရန်​ -အခြားဖုန်းသို့​ငွေဖြည့်​​ပေးရန်​ -အင်​တာနက်​​လျှောက်​ရန်​ -ဆက်​သွယ်​​ရေးဝန်​​ဆောင်​မှုများစုံစမ်းရန်​ -Call Forwarding ​လျှောက်​ရန်​ -Call Wating ​လျှောက်​ရန်​ -Miss Call Alert ​လျှောက်​ရန်​ -Voice Mail ​လျှောက်​ရန်​ -အပိုဝန်​​ဆောင်​မှုများပယ်​ဖျက်​ရန်​ -​ငွေဖြည့်​မရလျှင်​အကူအညီ​တောင်းရန်​ -အသံညွှန်​ကြားချက်​အတိုင်​​ငွေဖြည့်​/စစ်​ရန်​ -Mobile Money ဝန်​​ဆောင်​မှုအ​ကြောင်း -Mobile Money ​လျှောက်​ရန်​ -အခြားဖုန်းသို့​ငွေဖြည့်​ရန်​ -ဖုန်းထဲမှ​ငွေလွှဲ​ပြောင်း​ပေးရန်​ -​ငွေဖြည့်​​ပေးရန်​​တောင်းဆိုခြင်း -ဖုန်းပြန်​​ခေါ်ခိုင်းရန်​ -ဝန်​​ဆောင်​မှုများကိုစီမံရန်​ -အင်​တာနက်​Dataဝန်​​ဆောင်​မှုများ -ဖုန်းနံပါတ်​ကိုစစ်​​ဆေးရန်​........... စတဲ့ဝန်​​ဆောင်​မှာများကိုဒီapplication​လေး က​နေတဆင့်​အသုံးပြုလုပ်​​ဆောင်​​စေနိုင်​မှာဖြစ်​ ပါတယ်​။ -လိုအပ်​အသုံးပြုလိုပါက​အောက်​ကလင့်​ခ်​မှာ ​ဒေါင်းလုပ်​ဆွဲယူအသုံးပြုနိုင်​ပါပြီ- ➳DOWNLOAD ဆွဲရန်​ ဒီမှာ

Sunday, September 28, 2014

မော်လူး ဘုရားကြီးကျောင်းဆရာတော်ဘုရား၏ facebook မှ သိမှတ်ဖွယ်

(မဘသ. ဆရာတော်တစ်ပါး၏ဆုံးမစာ) ၁. စေတီပေါ်ဝယ်. ညောင်ပင်ငယ်. ပယ်ကာသတ်ရမည်.,, ၂. မပယ်ပါက. ညောင်ပင်မှ. ဒုက္ခပေးလိမ္မည်. ၃. စေတီတော်ကို. ညောင်ပင်မျို. ပြိုကာကျလိမ့်မည်..., ၄. စေတီမြန်မာ. တူလှစွာ. ပမာနှိုင်းပြသည်.., ၅ညောင်ပင်အလား. မွတ်ကုလား. ထင်ရှားသိစေသည်..,, ၆. မြို့ ရွာနှံ့ ပြား. ဗလီများ. တည်ထားနေရာယူကြသည်... ၇. မြန်မာမျိုးက. ရိုးသားကြ. ဘာမျှမသိပြီ.., ၈. တစ်ခြားဘာသာ. သာသနာ. ထိုနည်းတူစွာပြုကြသည်..,, ဗုဒ္ဓဘာသာ. မျိုးမြန်မာ. ကြီးစွာသတိထား ထားရမည်...,, ၉. မိတ်ဆွေများစွာ. သိစေရာ. ရှယ်ယာများများပြုသင့်သည်.

mpt ဆင်းကဒ်တွေ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ရင် ဖုန်းဆိုင်သွားမေးစရာ မလိုတော့ဘူး ကောစင်တာ နံပါတ်တဲ့ မှတ်ထားကြပါ

ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ အခမဲ့ဖြေကြားပေးရန်စီစဉ် @@@@######@@@@@ FB.com/MPT မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့်ပတ်သက် သည့်အခက်အခဲများ၊ သိလိုသည်များကိုမေးမြန်းလိုပါက 1876 Call Centerမှတစ်ဆင့် လိုင်းခွဲနံပါတ် ၁၀၆ကို နှိပ်၍ အခမဲ့မေး မြန်းမှုများပြုလုပ်နိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်။ ‘‘၁၀၆ကို နှိပ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ပတ်သက် တာတွေကိုမေးမယ်ဆိုရင် ဖုန်းဘီလ်ထဲကနေ လုံးဝမဖြတ်ပါ ဘူး။ သိချင်တာတွေကိုအခမဲ့မေးနိုင်ပါတယ်’’ဟု 1876Call Centerမှ လုပ်ငန်းတာဝန်ခံတစ်ဦးကပြောသည်။ ယခုဝန်ဆောင်မှုမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မို ဘိုင်းဖုန်းအသုံးပြုသူများအတွက် သီးသန့် Call Centerတစ်ခုအ နေဖြင့် လိုင်းခွဲတစ်ခုထားရှိပေးခြင်းဖြစ်ပြီး အခမဲ့မေးမြန်းနိုင် သည့် ၀န်ဆောင်မှုကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကစတင်၍ ပေး ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။ 1876သို့ ဖုန်းခေါ်ဆို၍ အခြားသိလိုသည်များ မေးမည်ဆိုပါက MPTမှ ငါးဆယ်ကျပ်၊ Call Center သုံးဆယ်ကျပ်ဖြင့် တစ်မိနစ်လျှင် ရှစ်ဆယ်ကျပ်ကို ဖုန်းဘီလ်ထဲမှ ဖြတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ပြည်ပဆက်သွယ်ရေးအော်ပရေတာများဖြစ် သည့် တယ်လီနောနှင့် အူရီးဒူးတို့မှာလည်း ၎င်းတို့၏ မိုဘိုင်းဖုန်း အသုံးပြုသူများမေးမြန်းနိုင်ရန်အတွက် သီးသန့် Call Centerများ ပြုလုပ်ပေးထားသည်။ Admin-mmt

၁၃၇၆. ခုနှစ်(၁၃)ကြိမ်မြောက်ဝါတွင်းတရားပွဲစဉ် အမှတ်. ၁၃. (အောင်ပွဲ)

၁၃၇၆. ခုနှစ်(၁၃)ကြိမ်မြောက်ဝါတွင်းတရားပွဲစဉ် အမှတ်. ၁၃. (အောင်ပွဲ) ဓမ္မကထိကဆရာတော်. အရှင်ဝိမလ (မဟာ စည်နယ်လည့်ဓမ္မကထိက) ရန်ကုန်မြို့  ဓမ္မဒါနအလှူရှင်. မော်လူးမြို့ ဒေါ်နှင်းမြ. မိသားစု. ဦဌေးအောင် ဒေါ်သန်းဟန် မိသားစု ဒေါ်ကြည်သန်း မိသားစု. ကသာမြို့  Dr. မျိုး အောင်. ဒေါ်စန်းစန်းအေး မိသားစုတို့မှ ပူဇော်ပါသည် ...,,,,

အာဇာနည် စန်းစန်း ဆပ်ကပ် မော်လူးမှာ ကနေပြီ

ဆင် မျောက် ဆိတ် မြင်း လိမ္မာ ပြကွက်များ နှငိ့ ကမ္ဘာ လုံးထဲမှာ ဆိုင်ကယ် ၄ စီး အပြိုင်စီးတဲ့ ပြကွက်များ အပြင် အခြားစိတ်လှုပ်ရှားဖွယ် ပြကွက်များကြောင့် မူးယစ်အော်ဟစ်သူများ အမူးပင် ပြေသွားပြီး ရင်သပ်ရှုမောဖြစ်ခါ ငြိမ်သွားကြကြောင်း ည ၉ နာတိတိ စက ပြီး ၁၂ နာရီ တိတိ တွင် ပြီးဆုံးကြောင်း ပေးရသော ရုံဝင်ခ နှင့်တန်သည်ဟု သိရပါသည်။

မိုးခြိမ်းစဉ် အပြင်မှာ ဖုန်းမပြောကြပါနဲ့===== မြိုင်မြို့နယ်၌ မိုးရွာထဲ ဖုန်းပြောနေသူတစ်ဦး ဖုန်းပေါက်ကွဲကာသေဆုံး

မြိုင်မြို့နယ်၌ မိုးရွာထဲ ဖုန်းပြောနေသူတစ်ဦး ဖုန်းပေါက်ကွဲကာသေဆုံး မြိုင် စက်တင်ဘာ ၂၇ မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ် လက်ယက်မကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်က အမျိုးသား တစ်ဦး ဖုန်းပြောနေစဉ် မိုးကြိုး ပစ်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ လက်ယက်မ ကျေးရွာနေ အောင်စိုး(၂၄)နှစ်သည် မိုးရွာနေစဉ် ကျေးရွာ အထက်တန်း ကျောင်း၏ မြောက်ဘက် လမ်းမပေါ်တွင် လမ်းလျှောက် ရင်း လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ် လျှပ်စီးဝင်၍ ဖုန်းပေါက်ကွဲကာ ဝဲဘက်နားထင် သွေးယိုစီးဒဏ်ရာ၊ ဝဲနားရွက် ညိုမည်း ဒဏ်ရာများဖြင့် လဲကျသေဆုံး ခဲ့ကြောင်း သိရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြိုင်မြို့နယ် လင်းကတောနယ်မြေ ရဲစခန်းမှ ရဲအုပ်မင်းယုနိုင်က တိုင်တန်းခဲ့ သဖြင့် မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်း မှသေမှုသေခင်းဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ (ကျော်ဇေယျ) The Mirror Daily https://www.facebook.com/TheMirrorDaily?fref=nf

Saturday, September 27, 2014

ရကြီး ရေလျှံမှုကြောင့် ဆိုင်ကယ် အငှားထမ်းသူများ အဆင်ပြေနေသော မော်လူးဒေသသားများ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ စော်မော်ချောင်းနှင့် နားရခေါင် ရေကျော်တံတားများတွင် မိုးရွာသွန်းပြီး ရေကြီး ရေလျှံမှုကြောင့် ဆိုင်ကယ် အငှားထမ်းသူများ ဝင်ငွေကောင်းကာ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် စက်တင်ဘာ ၁၈ ၊ ၂၄နှင့် ၂၆ ရက်နေ့များတွင် ရွာသွန်းသည့် မိုးကြောင့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမပေါ်ရှိ စော်မော်ချောင်းနှင့် နားရခေါင်ချောင်းများနှင့် အင်းတော်-ကသာ မော်တော်ကားလမ်းမပေါ်ရှိ လမ်းခွချောင်းများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ကာ မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားကြသူများ၏ ဆိုင်ကယ်များကို ချောင်းတစ်ဖက်ကမ်းသို့ အငှားထမ်းသူများ ဝင်ငွေကောင်းကာ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမ နဘားကျေးရွာ အနီးရှိ နားရခေါင် ရေကျော်တံတားသည် ပေအရှည် ၄၀၀ ခန့်ရှိပြီး စော်မော်ချောင်း ရေကျော်တံတားမှာ ပေအရှည် ၃၀၀ ခန့်ရှိကြောင်း၊ မိုးတွင်းကာလ ရေကြီး ရေလျှံချိန်များတွင် ၄င်းချောင်းကို ဖြတ်သန်း သွားလာရသည့် မော်တော်ယာဉ်(၅၀)စီးခန့်မှာ ချောင်းအနီးရှိ နားနေစခန်းများတွင် ရေကျချိန်အထိ ရပ်နား စောင့်ဆိုင်းနေကြရကြောင်း၊ နေ့စဉ်ဖြတ်သန်းသွားလာနေသည့် မော်တော်ဆိုင်ကယ် အစီးရေ ၄၀၀ ခန့်မှာ ချောင်းကို ဖြတ်သန်းရန် ဆိုင်ကယ်အငှားထမ်းသူများကို ငှားရမ်းကာ ဖြတ်သန်းသွားလာကြရကြောင်း၊ နဘားကျေးရွာ၊ နားရခေါင်းကျေးရွာများမှာ စေတနာရှင်လူငယ်များအဖွဲ့က ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသည့် ရှေးစကားပုံနှင့် အညီ နားရခေါင်းချောင်းတွင် ဆိုင်ကယ် တစ်စီးလျှင် ၁၀၀၀ ကျပ်၊ စော်မော်ချောင်းတွင် ၂၀၀၀ ကျပ်နှုန်းဖြင့် ချောင်းကို ဖြတ်သန်းပြီး ဆိုင်ကယ်များကို ထမ်းပိုးကာ ပို့ဆောင်ပေးလျှက်ရှိကြောင်း၊ မော်တော်ဆိုင်ကယ် တစ်စီးကို လူလေးယောက်ဖြင့် ထမ်းပိုလျှက် မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားသူများ လိုရာခရီးကို အချိန်မှီရောက်ရှိနိုင်ရန်အတွက် ပို့ဆောင်းပေးလျှက်ရှိကြောင်း ရှိသည်။ " ကျွန်တော်တို့ ဆိုင်ကယ်ထမ်းပိုး သယ်ဆောင်ပေးတဲ့ အဖွဲ့ဟာ ရေစီးသန်တဲ့ နားရခေါင်ချောင်း၊ စော်မော်ချောင်းတွေကို ဖြတ်သန်းသွားလာကြတဲ့ ခရီးသွားတွေ အခက်အခဲမရှိ ဘေးအန္တရာယ် မရှိအောင် တစ်ဘက်ကမ်းကို ပို့ဆောင်ပေးနေတာပါ။ ရေစီးသန်တဲ့ ချောင်းမို့ မော်တော်ကားတွေတောင် ရေစီးနဲ့ မျှောပါသွားတာမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့ အခုလို မိုးရာသီအချိန်မှာ ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို မဖြစ်မနေ ဖြတ်းသန်းသွားလာနေရတဲ့ မော်တော်ဆိုင်ကယ်စီး ခရီးသွားတွေကို လိုရာခရီးကို ဆက်သွားနိုင်ဖို့အတွက် တစ်စီးကို ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်နှုန်းတွေနဲ့  ပေ ၃၀၀၊ ၄၀၀ရှိတဲ့  စော်မော်ချောင်း နဲ့ နားရခေါင်ချောင်း ရေကျော်တံတားတွေမှာ ထမ်းပိုးပြီး ပို့ဆောင်ပေးနေပါတယ်။ တစ်ရက်ကို အလုပ်သမား တစ်ဦးကို ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ ရပါတယ်" ဟု စော်မော်ချောင်း ရေကျော်တံတားတွင် မော်တော်ဆိုင်ကယ်များကို ထမ်းပိုး ပို့ဆောင်ပေးနေသူများထံမှ ကြားသိရသည်။

မော်လူး က ဆာဖာရီ တရိစ္ဆာန် ဥယျာဉ် တဲ့

facebook မှ ကြော်ငြာ ပါ။ မော်လူးရပ်ကွက် ( ၅ ) ရတနာလမ်းတွင် ဆာဖာရီဥယာဉ်ဖွင့်လှစ်ထားသည် ဝင်ကြေး အခမဲ့

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူး ဖြစ်ခဲ့လျှင် အပိုင်း ၂

နောက်တစ်ချက်က ဧည့်စာရင်းမှုပြဿ နာ(၂)။ မြန်မာနိုင်ငံမှာ ခေတ်အစားဆုံးက ကိုယ့်မြို့၊ ကိုယ့်ရပ် ကွက်မှာ ငှားနေတာတောင်မှ တစ်လတစ်ကြိမ် ဧည့်စာ ရင်းသွားသွားတိုင်နေရတယ် ဆိုတဲ့ ကိစ္စပဲ။ စဉ်းစား ကြည့်လေ၊ အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင် ပြည်နယ်၊ ဒါမှမဟုတ် မြို့နယ်တူသူ တစ်ယောက်ဟာ ကိုယ့်မြို့ထဲ မှာပဲ အိမ်ငှားနေရင် ဧည့်စာရင်းတိုင်စရာ (လုံးဝ) မလို ပါဘူး။ ဒါက ခဏခဏတိုင်နေရတယ် ဆိုတဲ့အချက်ကို မရှင်းလို့။ ဒီစားပေါက်ကြီးက နှစ်ပေါင်းများစွာ ရိုးရှင်း ခဲ့ပါတယ်။ နောက်အများကြားမှာ ပြောစမှတ်တွင်တဲ့ စကားတစ်ခွန်းတောင်ရှိပါတယ်။ ''မင်းဟာက ဧည့်စာ ရင်းမှုနဲ့ ပုံစံထိုင်ခိုင်းပြီး၊ ရိုက်စစ်နေသလား အောင့်မေ့ရ'' ဆိုတာလို စစ်ဆေးလို့ မိသွားရင်လည်း အပြစ်သားလို သူတို့ ဘာကြောင့်ဆက်ဆံတတ်ကြသလဲ။ ဧည့်စာရင်း မတိုင်ခြင်းဟာ ရာဇဝတ်မှုမြောက်စေသလား။ နောက် လာစစ်တဲ့ပုံစံလည်း မေးဦး။ ညကြီးသန်းခေါင်အချိန် မတော်ကြီးမှာ အော်ကြီးဟစ်ကျယ်နဲ့ တံခါးကို ထုနှက် ပါလိမ့်မယ်။ အုပ်၊မှူးမှန်းသိအောင် အာဏာပြချင်တာ လည်း ပါမှာပေါ့။ ကျွန်တော်သာ အုပ်/မှူး ဖြစ်ခဲ့ရင် ဧည့်စာရင်း ကိစ္စကို ပြင်ဆင်စေချင်တယ်။ သူတို့သောက်မြင်ကပ်တဲ့ အိမ်နဲ့ အဆင်မပြေ၊ အမြင်မကြည်တဲ့ အိမ်ကိုမှ ရွေးစစ် တတ်တာကိုး။ ဧည့်စာရင်း မစစ်ခင် အိမ်ရှင်ကလည်း သူတို့ကို ပြန်စစ်ဆေးခွင့်ရှိပါတယ်။ သက်ဆိုင်ရာ လူကြီး တွေရဲ့ လက်ထဲ၊ အိတ်ကပ်ထဲမှာ ကြိုတင်ယူလာတဲ့ အထုပ်တွေ။ စာရွက် စာတမ်းတွေ ရှိသလား။ ရိုးသား ရဲ့လားဆိုတာ အိမ်ရှင်ဘက်က စစ်ဆေးရမယ့် တာဝန် ပါ။ တချို့များဆို ဧည့်စာရင်းစစ်ရင်းနဲ့ ဆေးမှုနဲ့ မိသွား တာ၊ နိုင်ငံရေးမှုနဲ့ ပျောက်သွားတာတွေ အများကြီးပဲ သမိုင်းသက်သေတွေ ရှိခဲ့ကြတယ်။ နောက်၊ ရပ်ကွက် ထောက်ခံစာ ပြဿ နာ(၃) ထောက်ခံစာရဲ့ အသက်က တစ်ပတ်နဲ့တစ်လကြားမှာမို့ ရက်ကျော်သွားရင် အသုံးမဝင်တော့ပါဘူး။ ဒါလေးက အုပ်/မှူးတွေအတွက် အသက်ရှုချောင်စေမယ့် စား ပေါက် လေးတစ်ခုပေါ့။ တစ်စောင်ကို ကျပ် ၁ဝဝဝပဲ ထားဦး။ တစ်ရက်ကို ၁ဝ ယောက်လာခဲ့ရင်ပဲ နေ့စား ကိုက်နေပြီ။ တစ်နေ့ အယောက် ၁ဝဝ လောက်လာရင် ပိုပြီးတော့တောင်ကြိုက်သေး။ လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းက တစ်အိမ်လုံး လူကြီးလုပ်စာနဲ့ ထိုင်စားတဲ့ ရပ် ကွက်လူကြီးမိသားစု တွေ့ဖူးတယ်။ သူ့ဇနီးသည်က ဘာမှ မလုပ်တတ်ဘူး။ ရပ်ကွက်ထောက်ခံစာနဲ့ ဧည့်စာ ရင်းကို သူတို့အိမ်မှာပဲ ဒိုင်ခံရေးတာ။ အရင်းက ဘာရှိလို့ လဲ။ ရုံးတံဆိပ်တုံးနဲ့ ဘောက်ချာစာရွက်ဖိုးပဲရှိမှာပေါ့။ ပြီးတော့ ရပ်ရွာကောင်းကျိုးလည်း ဘာမှပြန်မလုပ်ဘူး။ နောက် ရုံးဝင်ငွေ၊ ထွက်ငွေကိစ္စ ပြဿ နာ(၄) ဆက် တင်ပေးပါမည်။

Friday, September 26, 2014

မော်လူး ဒေသ သတင်းများ ၃ ပုဒ်

ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း တံတားရေတိုက်စားမှုကြောင့် မြေထိန်းနံရံပြိုကျ မော်လူး ၊ စက်တင်ဘာ ၂၄ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင်-ပေကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၁၆၆/၂၊ တံတားအမှတ် ၁၆၈/၄ သည် စက်တင်ဘာ ၂၄ ရက်နံနက် ၃နာရီ ၄၅ မိနစ်အချိန်ခန့်က ရွာသွန်းခဲ့သည့် မိုးကြောင့် မြေထိန်းနံရံ ပြိုကျခဲ့ကြောင်း သိရသည်။ ထိုသို့ တံတား မြေထိန်းနံရံ ပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေသဖြင့် အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၏ လမ်းညွှန်မှုအရ အင်းတော်မြို့နယ် မြန်မာ့စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေး အဆင့်(၁) ဒေါ်ဝင်းဝင်းခိုင်နှင့် ကျေးရွာဖွံ့ဖြိုးမှု အထောက်အကူပြု ကော်မတီဝင်များမှ လာရောက်ကြည့်ရှုခဲ့ရာ တံတား၏ မြေထိန်းနံရံမှာ ရေတိုက်စားမှုကြောင့် မြေသားများပြိုကျပြီး နေ့ညမပြတ် ဖြတ်သန်းသွားလာနေသည့် ကုန်တင်/ခရီးသည်တင် မော်တော်ကားများ၊ ဆိုင်ကယ်များအတွက် အန္တရာယ်ဖြစ်နိုင်၍ သက်ဆိုင်ရာ ဋ္ဌာနမှ တာဝန်ရှိသူများ အမြန်ဆုံး ဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ်အတွင်းရှိ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းပိုင်းကို လမ်းဋ္ဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ မော်တော်ကားလမ်း၊ တံတားများ ကြံ့ခိုင်မှုရှိစေရန် နေ့စဉ် ဆောင်ရွက်နေကြသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်မူ သက်ဆိုင်ရာ တာဝန်ရှိသူများမှ မော်တော်ကားလမ်းများ ၊ တံတားများကို ကြံ့ခိုင်မှုရှိစေရန် ဆောင်ရွက်မှု အားနည်းကြောင်း ဒေသခံများထံမှ ကြားသိရသည်။ ကျေးရွာချင်းဆက်လမ်း မြေထိန်းနံရံများ ရေတိုက်စားမှု ခံရ နန့်စီးအောင်၊ စက်တင်ဘာ ၂၄ @@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာအုပ်စု မြေပလ္လင်ကျေးရွာနှင့် နန့်စီးအောင်-ပေကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းရှိ မြေထိန်းနံရံသည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ရေတိုက်စားမှု ခံရကာ မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာချင်းဆက်လမ်း မြေထိန်းနံရံ ရေတိုက်စားခံရမှုကို အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်၏ ညွှန်ကြားမှုအရ အင်းတော်မြို့ မြန်မာ့စိုက်ပျိုးရေး မန်နေဂျာ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ နန့်စီးအောင်-ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့်(၁) ဒေါ်ဝင်းဝင်းခိုင်နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင်များ၊ မြေပလ္လင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်တို့မှ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ထိုကျေးရွာချင်းဆက်လမ်း မြေထိန်းနံရံသည် ဇူလိုင် ၂၂ ရက်နေ့က ရေတိုက်စားမှု ဖြစ်ပေါ်၍ ပြန်လည်ပြုပြင်ထားခဲ့ခြင်းဖြစ်ပြီး ယခုနောက်တစ်ကြိမ် မိုးသည်းထန်ကာ ရေကြီးရေလျှံဖြစ်ပြီး မြေထိန်းနံရံအား ထပ်မံရေတိုက်စား ခံရခြင်းဖြစ်ကြောင်း သိရသည်။ ဒေသခံပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန်နှင့် အသက်အန္တရာယ်မကျရောက်စေရန်အတွက် ရေတိုက်စားခံရသည့် ကျေးရွာချင်းဆက်လမ်း မြေထိန်းနံရံအား သက်ဆိုင်ရာတာဝန်ရှိသူများမှ အမြန်ဆုံး ပြုပြင်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ မော်လူးဒေသတွင်း ရေတိုက်စားခံရသည့် နေအိမ်များအား ထောက်ပံ့ငွေများပေးအပ် မော်လူး၊ စက်တင်ဘာ ၂၄ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်း စက်တင်ဘာ ၁၈ ရက်နေ့က ရွာသွန်းသည့်မိုးကြောင့် နေအိမ် ရေတိုက်စားခံရသည့် ပုန်းဟုန်ကျေးရွာအုပ်စု၊ ပုန်းဟုန်ကျေးရွာနေ ဒေါ်မပန်းအား အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ အင်းတော်မြို့နယ် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်၊ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့် အဖွဲ့ဝင်များမှ သွားရောက်ကာ ပုန်းဟုန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် စက်တင်ဘာ ၂၃ ရက်နေ့က ထောက်ပံ့ကြေးငွေ လေးသိန်းကျပ် ထို့အတူ နေအိမ်ရေတိုက်စားခံခဲ့ရသည့် ပင်ဝယ်ကျေးရွာအုပ်စု၊ တုံးလုံကျေးရွာနေ ဦးမြင့်လွင် + ဒေါ်စန်းရီတို့အား ထောက်ပံ့ကြေးငွေ နှစ်သိန်းကျပ် အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၈ ရက်နေ့က ရွာသွန်းခဲ့သည့် မိုးကြောင့် ပုန်းဟုန်ကျေးရွာ အုပ်စု၊ ပုန်းဟုန်ကျေးရွာတွင် ဆန်စက်တစ်လုံး ရေနစ်မြုပ်ပြီး၊ ရေတိုက်စားမှုခံရသည့် နေအိမ် ၃ အိမ်နှင့် နွား၊ ဝက်များ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ဒေါ်မပန်းတစ်အိမ်တည်းသာ ထောက်ပံ့ကြေးရရှိခဲ့ခြင်း ဖြစ်ကြောင်းကို ပုန်းဟုန်ကျေးရွာနေ ရွာသားတစ်ဦးထံမှ သိရသည်။

မော်လူးသားတွေ တိုင်ကြားနိုင်တယ်တဲ့ အစိုးရစီမံကိန်းများ စံချိန်စံညွှန်းမမီပါက သက်ဆိုင်ရာ ကုမ္ပဏီကို သမ္မတထံ လွှတ်တော်က တိုက်ရိုက်တိုင်ကြားမည်

အစိုးရစီမံကိန်းများ စံချိန်စံညွှန်းမမီပါက သက်ဆိုင်ရာ ကုမ္ပဏီကို သမ္မတထံ လွှတ်တော်က တိုက်ရိုက်တိုင်ကြားမည် နေပြည်တော်၊ စက်တင်ဘာ ၂၅ နိုင်ငံပိုင်ဘဏ္ဍာငွေဖြင့် ဆေးရုံ ဆေးခန်း၊ စာသင်ကျောင်း၊ လမ်းနှင့် တံတားစီမံကိန်းများ စံချိန်စံညွှန်းနှင့် မညီညွတ်ပါက တာဝန်ယူ ဆောက်လုပ်သော ကန်ထရိုက် ကုမ္ပဏီများကို နိုင်ငံတော်သမ္မတထံ လွှတ်တော်က တိုက်ရိုက်တိုင်ကြားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော် ကိုယ်စားလှယ်များကို ညွှန်ကြားလိုက်သည်။ လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် မိမိတို့၏ မဲဆန္ဒနယ်မြေတွင် တွေ့မြင်နေရသော ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ လမ်းနှင့်တံတား စီမံကိန်းများ စံချိန်စံညွှန်း မမီခြင်းကို လွှတ်တော်တွင် မေးမြန်းနေခြင်းထက် နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တိုင်ကြားခြင်းက ပိုမိုထိရောက်မည် ဖြစ်သောကြောင့် ယင်းသို့ ညွှန်ကြားခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။ နိုင်ငံပိုင်ငွေဖြင့် လုပ်ကိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဆီးသီး ဗန်းမှောက်ကျသလို တစ်ယောက် တစ်ဆုပ်စီ ယူငင်နေကြပြီး စံချိန်စံညွှန်းမီ ဆောက်လုပ်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က စက်တင်ဘာလ ၁၆ ရက်က ပြောကြားချက်ကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ပြန်လည်တုံ့ပြန်မှုကြောင့် ယင်းကဲ့သို့ ထုတ်ပြန်သည်ဟု ယူဆရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။ “လွှတ်တော်ဥက္ကဋ္ဌက ကန်ထရိုက်ကို ရည်ရွယ်တာ။ အဲဒါကို ဦးရဲထွဋ်တို့က နာသွားတာ ထင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ကို စာတွေပေးတယ်။ ပွဲကတော့ ကြည့်ကောင်းတာပေါ့။ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတာပေါ့” ဟု ၎င်းကဆိုသည်။ ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်သော အဆောက်အအုံနှင့် လမ်းများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်း မမီသော အထောက်အထားများ ကိုယ်စားလှယ် အများစုတွင် ရှိသောကြောင့် တင်ပြသွားမည် ဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်ချက်သည် ထိရောက်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။ ယင်းကဲ့သို့ စံချိန်စံညွှန်း မမီသော စီမံကိန်းများ တွေ့ရှိပါက လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ဓာတ်ပုံ အထောက်အထား မှတ်တမ်းများကို အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရန် အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။ ။

“ဘုရားပန်း မညှိုးမှ . . . အစွမ်းတိုးမယ်”

“ဘုရားပန်း မညှိုးမှ . . . အစွမ်းတိုးမယ်” •••••••••••••••••••••••••••••••••••••••••••••• လူအများစုရဲ့သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊ “နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေက ဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။ နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။ ဘုရားစင်မှာ ဆွမ်းခဲဖွယ်ချိုချဉ်ရသာ မရှိရင်သာနေမယ်။ နတ်ရှေ့မှာ အုန်းသီးဆိုလည်း အလုံးလိုက်၊ ငှက်ပျောသီးဆိုလည်း အဖီးလိုက်။ ယောဂီတို့ အိမ်တွင်းရေး မသာယာချင်ဘူးလား။ (သာယာချင်တယ်။) သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့။ ဘုရားပန်းညှိုးပြီဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်။ အိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊ တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ ၊ စိတ်ဝမ်းကွဲတာတွေဖြစ်ကြမှာပဲ။ လုပ်ငန်း၊ကိုင်ငန်း စီးပွါးရေးတွေလည်း အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။ ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊ သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်း အေးနေအောင်ထားမယ် ဆိုရင် အိမ်တွင်းရေးလည်း အေးချမ်း၊စီးပွားလမ်းလည်းဖြောင့် ၊ အစစအရာရာ အဆင်ပြေမှာပါ။ သောက်တော်ရေ တနေ့ ဘယ်နှစ်ခါလဲတုံး။ “နှစ်ခါ”။ နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။ ကဲ . . . ကိုယ်ကတော့ “ရေ” တနေ့ဘယ်နှစ်ခါ သောက်တုံး။ “ဆယ်ခါ”။ တော်တော်တရားတယ်။ ဘုရားကျတော့ ရေငတ် ထားတယ်။ ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။ အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင် ပိုကောင်းတယ်နော်။ အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ “မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ” တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေး လဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။ ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်၊ ကိုယ်သောက်မယ့်ခွက်ကို လက်ကလေးနဲ့ ကိုင်ထားပြီးတော့ “မြတ်စွာဘုရားရှင်အား သောက်တော်ရေ လှူဒါန်းပါတယ်”လို့ စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။ ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ ကပ်လိုက်ရုံပါပဲ။ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။ ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။ ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကို သောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။ အရက်သမား၊ဘီယာသမား တချို့တောင် အရက်သောက်ခါနီး၊ဘီယာသောက်ခါနီး ကိုယ်သောက်မယ့် အရက်ပုလင်း၊ဘီယာပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကို ပသတဲ့ အနေနဲ့ နဖူးရှေ့ လက်နဲ့ မြှောက်ပြီး၊ အာရုံပြုကြသေးတယ်မဟုတ်လား။ ကိုကြီးကျော် တပည့်တွေထက်၊ ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော်။ သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။ နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊ မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။ မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။ သရဏဂုံရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့ အချိန်လို့ သဘောထားပေါ့။ သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ “ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့ တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့ စွန့်ပြီး စားပေါ့နော်။ မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။ ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။ အဲဒီတော့ ဘုရားကပ်ပြီးတော့ စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။ နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။ အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။ သောက်တော် ရေချမ်းမနွေးပါစေနဲ့။ ဒါ အရေးကြီးပါတယ်။။ -【ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)】 (“ငါ့ကိုမချစ်ပါနဲ့” ကူးယူပူဇော်ပါသည်။) Posted by ►

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူး ဖြစ်ခဲ့လျှင်

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူး ဖြစ်ခဲ့လျှင် ========================= တစ်ခါတစ်ရံ ကျွန်တော်စဉ်းစားတယ်။ လူအချို့ဟာ ငွေကြေးနဲ့ အာဏာသာ ရသွားခဲ့ရင် မြင်းကို ချိုတပ်လိုက်သလိုကိုဖြစ်ပြီး ဘယ်လိုမှ ထိန်း မနိုင် သိမ်းမရ ဖြစ်သွားတတ်ပါကလားလို့။ ဟုတ်ပါ တယ်။ အဲဒီစကားရပ်အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်လေ့လာသုတေသန ပြုခဲ့မိသမျှသော ရပ်ကွက် အုပ်၊မှူးအချို့ဟာ စိတ်ဓာတ် နဲ့ အကျင့်ကလွဲရင် ပြောစရာမရှိတဲ့ လူတွေချည်းပါပဲ။ ဆိုလိုတာက ကောင်းတဲ့သူရှားတယ်။ (၈၈) ရှေ့ပိုင်း၊ ကောင်စီခေတ်တုန်းက လူကောင်း၊ သူကောင်းတွေရှိခဲ့ ဖူးတာတော့ကြုံဖူးတယ်။ ရပ်ကွက်ရဲ့ ဆန္ဒမဲနဲ့ တောင်းဆို မှုအရ သုံးလေးကြိမ် ဥက္ကဋ္ဌ ဆက်လုပ်ရသူတွေ၊ အဂတိ ကင်းကင်းနဲ့ ရပ်ကွက်ကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီးတော့ ''စံပြ'' ဖြစ်ခဲ့သူတွေ တွေ့ကြုံခဲ့ သလို စကားပြောခွင့်လည်းရခဲ့ပါတယ်။ ခုခေတ်အုပ်/မှူး အချို့ကတော့ ကြုံရင် ကြုံသလိုစား၊ အမြီးကျက် အမြီး စား၊ ခေါင်းကျက်ခေါင်းစားကြတာများတယ်။ ဒီမိုကရေစီပြောင်းလဲမှုနောက်ပိုင်း ၂ဝ၁၃-၂ဝ၁၄ လောက်မှာ တန်ဖိုးနည်းဖုန်းတွေ စတင်ချထားပေးမှုဟာ ဘယ်သူတွေကို အဓိက တိုက်ရိုက်အကျိုးပြုခဲ့သလဲဆို တော့ ရပ်ကွက်အုပ်/မှူးဆိုသူတွေသာ ချက်ချင်း နတ် ရေကန်ထဲ ချလိုက်သလိုကို ဆိုင်ကယ်၊ ဆွဲကြိုးနဲ့ ဟန်း ချိန်းနဲ့ကို ဘဝပြောင်းခဲ့ကြပါတယ်။ ဒီလိုတန်ဖိုးနည်းဖုန်းတွေ မဲနှိုက်ပေးရာကနေ အုပ်၊ မှူးနဲ့ အပေါင်းအပါများတစ်စု ရပ်ကွက်တိုင်း၊ ရုံးတိုင်း မှာ ဖုန်းခိုးနေကြတာ ဘယ်သူမှ မသိလို့လားဆိုတော့ တစ်နိုင်ငံလုံး၊ အားလုံး သိသိချည်းပဲ။ တချို့များဆို ပေါ် တင်ပဲ။ ''မင်းလဲသိ၊ ငါလဲသိ ဒါပေမဲ့ အေးဆေးပဲနေ၊ ငါ့ညီ'' ဆိုပြီး ခြိမ်းခြောက်တာကရှိသေး။ မတိုင်ဘူး လားဆိုတော့၊ ဘယ်ကို သွားတိုင်မှာလဲ။ သူတို့သူတို့ မ.ယ.ကနဲ့ ပင်းစားနေကြတာ။ မ.ယ.ကတိုင်စာပို့ လည်း ဘာထူးသေးလဲ။ တစ်ကျိတ်ထဲ တစ်ဥာဏ်ထဲမို့ ကိုယ့်မုန်းတာပဲ အဖတ်တင်မှာပေါ့။ မ.ယ.ကမှာထဲ ကိုက တစ်ယောက်ဘယ်နှလုံးယူဆိုတာ အပေးအယူ အချိတ်အဆက်က ရှိပြီးသား။ အရင်တုန်းက မိမိဟာ ဖုန်းသတင်းတွေကို အထူးပြုပြီး လိုက်ခဲ့တယ်။ တရားဝင် သတင်းပေးသူတွေ ဒုနဲ့ဒေးရှိခဲ့တယ်။ အုပ်/မှူးတွေကို လည်း လိုက်မေးတယ်။ ရပ်ကွက်ထဲမှာလည်း မေးရတယ်။ လစဉ်၊ လတိုင်း စုံစမ်းခဲ့တယ်။ ဆက်သွယ်ရေးထဲက တရားဝင်ချထားပေးတဲ့ ခြောက်လပတ်စာရင်းနဲ့ ရပ်ကွက် မှာ အမှန်တကယ် မဲနှိုက်တဲ့စာရင်းဟာ ရပ်ကွက် တစ်ခုကို ဖုန်း ၁ဝလုံးကနေ ၁၅လုံးလောက်အထိ ကွာဟ နေတတ်တယ်။ ဒါမျိုးကျတော့ ဘယ်သူမှ အရေးမယူ ကြဘူး။ ကျွန်တော်တို့ဆို သိသိလျက်နဲ့ ဘာမှလုပ်မပေး နိုင်ခဲ့ဘူး။ သူများအိမ်နောက်ဖေးတက်ခိုးတဲ့ သူခိုးကိုတော့ ဥပဒေအရ အရေးယူလို့ရပေမယ့် ခုလိုအိမ်ထဲမှာတင်၊ ရုံးမှာတင် ထိုင်ခိုးနေတဲ့ သူခိုးကိုတော့ ဥပဒေအရ ဘာမှလုပ်ပေးလို့ မရဘူးတဲ့လား။ ကျွန်တော်သာ အုပ်/ မှူးဖြစ်ခဲ့ရင် ခိုးတဲ့ ဒီအချက်ကိုပြင်ဆင်ချင်တယ်။ အုပ်/ မှူးကိုလည်း စောင့်ကြည့်တဲ့ ရပ်ကွက် လျှို့ဝှက်အဖွဲ့ဆို တာ ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဒါက ပြဿ နာ နံပါတ်(၁)။ နောက်တစ်ချက်က ဧည့်စာရင်းမှုပြဿ နာ(၂) ဆက်လက်တင်ပေးပါမည်။ ။

သူနဲ့လက်ထပ်တော့မယ် ဆိုရင် စစ်ရမည့် အချက် ၂၀ ဝါကျွတ်ရင် အစီအစဉ် ရှိသော ကိုကို မမ များအတွက်

သူနဲ့လက်ထပ်တော့မယ် ဆိုရင် စစ်ရမည့် အချက် ၂၀ ===================================== သူနဲ့လက်ထပ်တော့မယ်ဆိုရင် ဘဝတလျှောက်လုံး သူနဲ့ အေးအတူပူအမျှ နေသွားရမှာပါ။ ဒါပင်မဲ့ နှစ်ယောက်အတူတူနေတဲ့အခါကျရင် အဆင်ပြေပါမလားဆိုပြီး စိတ်ထဲမှာ စိုးရိပ်စိတ်ကလေးတွေက ဖြစ်နေတတ်ပါတယ်။ ဒီအတွက် ဘယ်အချက်လေးတွေကို လက်မထပ်ခင်ကြည့်ထားသင့်သလဲဆိုတာကို Share လိုက်ပြီနော်။ ၀၁. ပိုက်ဆံသုံးတာ စည်းကမ်းရှိလား ပိုက်ဆံသုံးတာ စည်းကမ်းရှိဖို့လိုအပ်ပါတယ်။ ပိုက်ဆံသုံးတာ စည်းကမ်းရှိလွန်းအားကြီးရင်လည်း ကိုယ့်အတွက် လိုအပ်ရင် သုံးဖို့တွန့်တိုရင်တော့ မကောင်းဘူးပေါ့နော်။ ၀၂. အကျွေးအမွေး ဝါသနာပါနေလား သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ရင် စိတ်ထဲမှာ ပျော်လို့ဆိုပြီး သူကချည်းပဲ ကျွေးနေလို့ကတော့ မဆင်မပြေပါ။ ၀၃. အကြွေးရှိလား။ ပိုက်ဆံချေးတဲ့အကျင့်ရှိတဲ့သူဟာ အကြွေးက အမြဲတမ်းရှိနေတတ်ပါတယ်။ အဲဒီလို အကျင့်ရှိတဲ့သူဟာ ဒီအကျင့်ကို ဖျောက်ဖျက်ဖို့ဆိုတာ မလွယ်ပါ။ ၀၄. ဘာမဆို တတ်တတ်ကြွကြွရှိရဲ့လား။ ပိတ်ရက်မှာ လျှောက်သွားဖို့အတွက် တတ်တတ်ကြွကြွရှိပြီး ဘယ်သွားမလဲဆိုတာကို အစီအစဉ် ဆွဲပေးတတ်လား။ ဘဝကို ဘယ်လိုလျှောက်လှမ်းမလဲဆိုတာကို သေသေချာချာ စဉ်းစားပေးသောသူကော ဟုတ်နဲ့လား။ ၀၅. လျှို့ဝှက်ချက်ရှိလား။ သမီးရည်းစားဘဝမှာတော့ လျှို့ဝှက်ချက်လေးတွေရှိတာက စိတ်ဝင်စားဖို့ကောင်းပင်မဲ့၊ လက်ထပ်ပြီးသွားတဲ့အချိန်မှာ လျှို့ဝှက်ချက်တွေများပြီး ခဏအပြင်သွားမယ်ဆိုပြီး ပြန်မလာရင် ဘယ်လိုတွေးရမလဲ။ ၀၆. အသေးစိတ်လား။ ဘာမှမဟုတ်တဲ့ကိစ္စလေးတွေကို အသေးစိတ်မေးနေတတ်သလား။ ဘယ်သူ့ဆိုက ဖုန်းလဲ။ ဒီနေရာလေး ညစ်ပစ်နေပြီ စသည်ဖြင့် ခဏခဏလုပ်နေရင်တော့ အဆင်မပြေပါ။ ၀၇. ပြောချင်သော စကားကိုပြောနိုင်ပါသလား။ သူ့ကို ဘယ်လောက်ပဲချစ်ချစ် သူပြောတဲ့အတိုင်းနေပြီး ကိုယ့်ရဲ့ရင်ထဲက စကားတွေကိုလည်း ပြောနိုင်ရဲ့လား။ ၀၈. ကိုယ်ရဲ့စကားတွေကို ဂရုတစိုက် နားထောင်ပေးလား။ ကိုယ့်အကြောင်းကို နားထောင်မပေးပဲ၊ အမြဲတမ်းသူ့အကြောင်းချည်းတွေပဲ ပြောနေလို့ကတော့ လက်ထပ်ပြီးရင်တော့ ဒီအတိုင်းပဲဖြစ်ပါလိမ့်မယ်။ ၀၉. သူငယ်ချင်းတွေကို တန်ဖိုးထားသောသူလား။ သူငယ်ချင်းတွေနဲ့ အဆင်မပြေရင် ချက်ချင်း အဆက်အသွယ်ဖြတ်ပြစ်တဲ့သူဆိုရင်တော့ မကောင်းပါ။ လူမူရေးကိစ္စတွေနဲ့ ကြုံတဲ့အခါ သူငယ်ချင်းတွေက ကူညီပေးတဲ့အခါလည်းရှိတတ်ပါတယ်။ ၁၀. သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးသလား။ သူ့ရဲ့အပေါင်းအသင်းတွေကို မိတ်ဆက်ပေးတယ်ဆိုတာ ကိုယ့်ကို တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ၁၁. သူ့မိသားစုကို အရေးပေးလွန်းလား။ မိသားစု စည်းလုံးတယ်ဆိုတာကောင်းပင်မဲ့ အမေအတွက် ညီမအတွက် အကြောင်းပြပြီး ကိုယ့်ကိုမေ့နေရင်တော့ မကောင်းပါ။ ၁၂. သူ့အမေအကြောင်းကို လုံးဝမပြောဘူး။ သူ့အမေအကြောင်းကို လုံးဝမပြောဘူးဆိုရင်တော့ အမေ့ကိုသိပ်ချစ်သောသူဖြစ်ပါလိမ့်မယ်။ ၁၃. အတင်းတွေချည်း ပြောနေလား။ အလုပ်မှာ စိတ်ညစ်စရာတွေ ကြုံတယ်ဆိုတာဟာ ဓမ္မတာပါ။ ဒီစိတ်ညစ်စရာတွေကို အိမ်ကိုသယ်လာပြီး တောက်လျှောက် နေ့တိုင်းပြောနေရင်တော့ စိတ်ညစ်စရာပါ။ ၁၄. ထမင်းချက်တတ်သလား။ ကိုယ်ကနေမကောင်းဖြစ်တဲ့အချိန်မှာ ကိုယ့်အစား ချက်တတ်ပြုတ်တတ်ရင်တော့ ကောင်းပါတယ်။ စားဖိုမှူးတယောက်လိုချက်တတ်ရမယ်လို့ မဆိုပါ။ ၁၅. သူ့ဝါသနာတွေနဲ့ပဲ အချိန်ကုန်နေလား။ အလုပ်က အိမ်ပြန်လာရင် ဘာမှမလုပ်ပဲ သူကစိတ်ဝင်စားတဲ့ဟာကိုပဲလုပ်နေတတ်သလား။ ၁၆. ဖင်ပေါ့ရဲ့လား။ သိပ်ပြီး အပြင်သွားလေ့မရှိတဲ့သူဖြစ်ရင်တောင် ကလေးတွေရလာရင် ကလေးတွေအတွက် သွားလားလှုပ်ရှားဖို့အတွက် တတ်တတ်ကြွကြွရှိဖို့လိုပါတယ်။ ၁၇. ပိုးကောင်တွေနဲ့ကော အဆင်ပြေရဲ့လား။ မိန်းကလေးတွေက အိမ်တွင်းက ပိုးကောင်တွေကို ကြောက်တတ်ပါတယ်။ သူပါကြောင်နေရင်တော့ အဆင်မပြေပါ။ ၁၈. ကလေးယူဖို့အတွက် သဘောတူရဲ့လား။ သာယာပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ ကလေးက အဓိကဖြစ်မှာပါ။ ကလေးယူမယ်ဆိုတဲ့ အတွေးလေးတွေလည်း တူရဲ့လား။ ၁၉. သူရဲ့အတူရှိရင် စိတ်ထဲမှာ အေးချမ်းရဲ့လား။ လက်ထပ်တယ်ဆိုတာ ဘဝတစ်လျှောက်လုံးအတူတူ လျှောက်လှမ်းရမှာပါ။ သူ့ဘေးမှာ အတူရှိနေပင်မဲ့ စိတ်ထဲမှာ အေးချမ်းတည်ငြိမ်မူ မရှိရင်တော့ စဉ်းစားပါ။ ၂၀. ပြုံးပျော်နေရဲ့လား။ ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သူ့မျက်နှာလေးကို ကြည့်လိုက်ရင် ပြုံးပြုံးရွှင်ရွှင်နေတတ်တဲ့သူကို ရွေးပါ။ အချက်တွေများသွားလို့ စိတ်ညစ်သွားမလားတော့ မသိဘူး။ ကလေးရရင် ပြောင်းလဲလာတဲ့ ယောင်္ကျားတွေလည်း အများကြီးပါ။ ကိုယ့်နဲ့အတူတူ ဘဝရဲ့ ခက်ထန်တဲ့လမ်းကို ရဲ့ရဲ့ဝံ့ဝံ့ရင်ဆိုင်နိုင်သောသူနဲ့ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ Credit to: Chelmo

Thursday, September 25, 2014

မော်လူးမှာ သုံး မရသေးသော တယ်လီနော ဆင်းကဒ် မန္တလေးမှာ 27-9-14 စရောင်းမည်

လာမယ့် စနေနေ့ မှာ မန္တလေးမြို့ကစပြီး တယ်လီနောရဲ့ မိုဘိုင်းကွန်ယက်ကို မြန်မာပြည်မှာ စတင်သွားတော့ မှာဖြစ်ပါတယ်။ အဲ့ဒီနေ့မှာပဲ မန္တလေးမြို့မှာရှိတဲ့ ဆိုင်ပေါင်း ၁၅၀၀ ကျော်မှာ SIM card များကို စတင်ရောင်းချသွားမှာဖြစ်ပါတယ်။ တယ်လီနောရဲ့ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချသွားမယ့် မိုဘိုင်းဖုန်းဝန်ဆောင်မှု အကြောင်းကို မန္တလေးမြို့မှာရှိတဲ့ partner များနှင့် ပြည်တွင်း ပြည်ပ မီဒီယာများသို့ အသိပေးပွဲကို Telenor House မှာ ကျင်းပခဲ့ပါတယ်။ တယ်လီနောကို အသုံးပြုမယ့် customerများအတွက် အဓိက အားသာချက်တွေကတော့ အကောင်းဆုံး အသံအရည်အသွေး ၊ ဖုန်းခေါ်ဆိုမှု နှင့် အင်တာနက်နှစ်မျိုးလုံးအတွက် သင့်တင့်မျှတသော ဈေးနှုန်း ၊ 2G 3G ဝန်ဆောင်မှု နှစ်မျိုးလုံး ရရှိနိုင်ခြင်းဖြစ်ပါတယ်။

ဆိုင်ကယ်စီး မော်လူးသား သတိပြုစရာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေမှာ ကိုယ့်ဘက်က မှားလို့ ကိုယ်သေသွားရင်တောင် ငရဲပြည် မရောကခင် တရာစွဲခံရသေးတယ်


ဆိုင်ကယ်မှ ရှေ့ယာဉ်အား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ လာသော ယာဉ်နှင့် တိုက်မိခဲ့သဖြင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၂၅

၂၄.၉.၂၀၁၄ ရက်နေ့ ၁၆၀၀ အချိန်တွင် လှည်းကူးမြို့နယ်၊ ဆားတလင်း ကျေးရွာ၊ အမှတ် (၂)လမ်းမကြီးအတိုင်း ဆားတလင်း ကျေးရွာဘက်မှ လေးထောင့်ကန် ကျေးရွာဘက်သို့ သန်လျင်မြို့နယ်နေ သန်းနိုင် စီးနင်း မောင်းနှင်လာသာ ၁၄ယ/---KENBO-125 အစိမ်းရောင် ဆိုင်ကယ်သည် မိုင်တိုင်အမှတ်(၂၄/၁)အနီးအရောက် ရှေ့ယာဉ်အား ကျော်တက် မောင်းနှင်စဉ် မျက်နှာချင်းဆိုင်မှ လှည်းကူး မြို့နယ်နေ ကိုဝင်းတင် (၄၅)နှစ်မောင်းနှင်လာသော 5A---မစ်ဆူဗီရှီ ကင်တာယာဉ်ကို ဝင်ရောက် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ သန်းနိုင်မှာ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများနှင့် ဝဲရင်အုံတွင် ဖူးရောင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ သန်းလှိုင်တွင် ခန္ဓာကိုယ်၌ ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့၍ လှည်းကူး မြို့နယ် ဆေးရုံမှ တစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်လူနာ(စိုးရိမ်ရ) အဖြစ်တင်ပို့ ကုသခဲ့ရပါသည်။

ယင်းသို့ ဆိုင်ကယ်အား မဆင်မခြင်မောင်းနှင်သူ သန်းနိုင်(သေဆုံး)အား ဒါးပိန်းနယ်မြေရဲစခန်းယာဉ် (ပ)၁၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Wednesday, September 24, 2014

နိုင်ငံသားတဦး မှတ်ပုံတင်လုပ်ခ ၆ ကျပ်မှ ၁၀ ကျပ်အတွင်းသာဖြစ်ဟု လဝကဝန်ကြီး တရားဝင်ဖြေကြ� thithtoolwin.com

မော်လူး သားတွေ  အင်းတော်မှာ  မှတ်ပုံတင် သွားလုပ်မယ်ဆို

ဒါလေးကိုဖတ်သွားအုန်း သက်သေ အတိအကျလိုတယ်တဲ့

လက်မှတ်ထိုးတဲ့  လူကြီး မရှိဘူး ဖြစ်နေမယ်
နောက်နေ့မှ လာယူ တော့ အဖြစ်မခံကြပါနဲ့
နောက်ထပ် တစ်ခေါက်  အင်းတော်ပြန်သွား
နေရမယ်  အဆင်ပြေအောင်သာ  လုပ်ကြပါ
တစ်ခါသွားစရိတ်က ၁၀၀၀ လောက်ကုန်တယ်လေ

@@@@@@@@@@@@@@@@


သစ်ထူးလွင်
“ ဟုတ်တယ် ဝန်ကြီးကလဲ အဲလိုဖြေတယ်။ လ၀က ရုံးတွေမှာလည်း မှတ်ပုံတင်လုပ်ခ ၆ ကျပ် သက်တမ်းတိုးခ ၃ ကျပ် ပျောက်ဆုံးပျက်စီးပါက ပြန်လုပ်ဖို့ဆိုရင် ၁၀ ကျပ် ပေးရမယ်ဆိုတာတွေပါရှိတယ်။ တကယ်တမ်းကျတော့ လုံးဝ မဟုတ် ပါဘူး။ နိုင်ငံရေးပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကျောင်းသားတွေတောင်မှ မှတ်ပုံတင်လဲလှယ်တာလုပ်ရင် ၅ သောင်း တောင်းခံရတယ်။ အဲတာကိုကျနော်က လွှတ်တော်မှာတင်ပြတော့ ဝန်ကြီးရဲ့ဖြေကြားစာထဲမှာ အကျင့်ပျက် ဝန်ထမ်းတွေကို သက်သေအထောက်အထားနှင့်တကွ လာတိုင်ကြားရင် ထိရောက်စွာ အရေးယူမယ်လို့ ပါရှိပါတယ်”


Admin  ရွာချစ်သား

လေးတန်ချောင်းရေ တက်ပြန်ပြီ

လေးတန်ချောင်းရေကြီးစဉ်



Tuesday, September 23, 2014

စောငမန်းကို ထိုးသတ်အနိုင်ယူ၍ နံပါတ်တစ်လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ပိုင်ရှင်ဖြစ်ခဲ့သည့် ထွန်းထွန်းမင်း

စောငမန်းကို ထိုးသတ်အနိုင်ယူ၍ နံပါတ်တစ်လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ပိုင်ရှင်ဖြစ်ခဲ့သည့် ထွန်းထွန်းမင်း



ရန်ကုန် စက်တင်ဘာ ၂၁

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်က ကြီးမှူးပြီးH & S မှ စီစဉ်သည့် မြန်မာပြည် လက်ဝှေ့ချန်ပီယံ လုပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ နံပါတ်တစ်ဘယ်သူလဲ ခေါင်းစဉ်ဖြင့် ရေကုန် ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

မြန်မာပြည်နံပါတ်တစ်လက်ဝှေ့ ချန်ပီယံလုပွဲတွင် ဒဂုံရွှေအောင်လံ သုံးထပ်ကွမ်းနှင့် လက်ရှိမြန်မာပြည် လက်ဝှေ့ချန်ပီယံ ရွှေခါးပတ်ပိုင်ဆိုင် ထားပြီး မအိုသေးကြောင်းပြချင်သည့် သမ္ဘာရင့်စောငမန်း (ရွှေဖူး) နှင့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ ရွှေဆုနှင့် ဒဂုံရွှေအောင်လံဆုရှင်ဖြစ်ပြီး ငယ်ရွယ်ဖျတ်လတ်သူ ချန်ပီယံဆုကို အရလိုချင်သူ ထွန်းထွန်းမင်း (မုဒုံသား)တို့ပွဲဖြစ်၍ ထိုင်ခုံလွတ်မရှိအောင် ပွဲကြည့်သူလက်ဝှေ့ဝါသနာရှင် ပရိသတ် က ပြည့်နေသည်။

သူတို့နှစ်ဦး ယခုတစ်ကြိမ်တွေ့ဆုံ သည့် ငါးချီအထူးစိန်ခေါ်ပွဲ ပထမအချီ စစချင်းပင် ထွန်းထွန်းမင်း(မုဒုံသား)၏ခေါင်းနှင့် ဒူးတိုက်ချက်တို့ကြောင့် စောငမန်းလဲကျပြီး အနားတောင်းရ သည်။ တတိယအချီတွင် စောငမန်း ထိုးပြီးခွာသည့်နည်းဖြင့် တိုက်ခိုက် သည်။ ခံစစ်ဖြင့် အနည်းဆုံးသရေရလဒ် ယူ၍ ချန်ပီယံသရဖူကာကွယ်နိုင်ရေးထိန်းပြီးကစားသည်။ ကိုင်ပေါက် သည်။ သို့သော် ငယ်ရွယ်ဖျတ်လတ်သူ ထွန်းထွန်းမင်း၏ အတင်းဝင် အတင်းထွက် ဘက်စုံသုံးဖွင့်ထိုး၊ ရင်ဆိုင်ထိုးသတ်ချက်များကို ကြာရှည် တောင့်မခံနိုင်တော့ဘဲ စတုတ္ထအချီ မှာပင် စောငမန်းဆက်လက်မယှဉ်ပြိုင် နိုင်တော့သဖြင့် ထွန်းထွန်းမင်း(မုဒုံ သား)နံပါတ်တစ် မြန်မာပြည်လက်ဝှေ့ ချန်ပီယံဘွဲ့ကို ဆွတ်ခူးပြီး ရွှေခါးပတ်ကို ရယူပိုင်ဆိုင်နိုင်ခဲ့သည်။

ဆက်လက်ယှဉ်ပြိုင်ထိုးသတ်သည့် စိန်ခေါ်ပွဲများတွင် တက်သစ်စ လူငယ် လက်ဝှေ့သမားများ ဖြစ်ကြသည့် မင်းနိုင်ထွန်း(စွမ်းကေကေ)နှင့် ခွန်ရှိုင်း ထက်(အဖြူရောင်သွေးသစ်)တို့ပွဲတွင် ပူးတွဲသရေကျခဲ့ပြီး စောဖြိုးဝေ (အဖြူရောင်သွေးသစ်)နှင့် ရဲသွေးနီ (တောင်ကလေး)တို့ပွဲတွင် ရဲသွေးနီက ဒုတိယအချီနှစ်မိနစ် လေးစက္ကန့်တွင် စောဖြိုးဝေကို အလဲထိုးအနိုင်ရရှိခဲ့ သည်။ ထွန်းနိုင်ဦး(အဖြူရောင်သွေး သစ်)နှင့်မြင့်အောင်(မုဒုံသား)တို့ပွဲတွင် စတုတ္ထအချီ၌ ထွန်းနိုင်ဦးအလဲထိုး အနိုင်ရရှိခဲ့ပြီး ဖြူလေး(မုဒုံသား)နှင့် ရှမ်းလေး(ဝါဆို)တို့ပွဲတွင် ဒုတိယအချီ မှာပင် ရှမ်းလေးဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိ ခဲ့သည်။

ထို့နောက် စောသဲဦး(T&T) နှင့် မိုးဟိန်း(မိဂသီ)တို့ပွဲတွင် မိုးဟိန်းအလဲ ထိုးအနိုင်ရခဲ့သလို ဆောအယ်လေး (ထော့မဲပါ)နှင့် သားအသဲတစ်ပွင့် (စွမ်းကေကေ/မန္တလေး)တို့ပွဲတွင် စောအယ်လေးက ဒုတိယအချီမှာပင် သားအသဲတစ်ပွင့်ကို အလဲထိုးအနိုင် ရရှိခဲ့သည်။ ထက်အောင်ဦး(တောင် ကလေး)နှင့် ကျားပေါက်(ရွှေသောင်း ရင်း/မြဝတီ)တို့ပွဲတွင် ပထမအချီမှာပင် နှစ်ဦးစလုံးသွေးဖြာကျ၍ ရေကုန် ရေခမ်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း စတုတ္ထအချီတွင် ထက်အောင်ဦးက အလဲထိုးအနိုင်ရရှိသွားသည်။ ဖိုးကေ (မန္တလေး)နှင့် စောရန်ပိုင်(မိဂသီ/ ဘားအံ)တို့ပွဲတွင် ပွဲချီပြည့်ယှဉ်ပြိုင်ထိုး သတ်ခဲ့သော်လည်း ပူးတွဲသရေဖြင့် အဆုံးသတ်ခဲ့သည်။

သတင်း-အောင်ကျော်ဦး
ဓာတ်ပုံ-ခင်မောင်ဝင်း



Sunday, September 21, 2014

ကျောင်းသား မိဘများ ဖတ်ပေးပါရန် ကျောင်းသားလေးများအတွက် အန္တရာယ် ဓါတုပစ္စည်းကစားစရာ


သတိပေးစရာ ကလေးကမ္ဘာ.....ဖတ်ကြည့်ပေးကြပါ၊ Share ပေးကြပါ
ပုံမှာမြင်တွေ့ရတဲ့ ပလပ်စတစ်အိတ်ထဲမှ အလုံးလေးတွေဟာ ဘေဘီခရစ် စတယ် လို့အမည်ရှိ ကလေးကစားစရာ ဖြစ်ပါတယ်။
ရေထဲမှာစိမ်လိုက်ရင်ဖောင်းပွပြီးကြီးထွားလာပါတယ်၊၊ ၄ နာရီကျော်ကြာ စိမ်လိုက်လျှင် ပင်ပေါင်ဘောလုံးအရွယ်စားထိ ကြီးလာပါလိမ့်မည်၊၊ သိပ်နားမလည်တဲ့ ကလေးတွေက ပါးစပ်ထဲထည့်မိလို့ ဗိုက်ထဲရောက်သွားခဲ့ရင် အရမ်းကို အန္တရယ်များပါတယ်၊၊ ဗိုက်ထဲမှာကြီးထွား (ပိုပွလာ) နိုင်ပါတယ်၊၊
ဒီ ကစားစရာကိုတွေ့ရင် မိမိ ကလေးငယ်များကို လုံးဝ လုံးဝ မ၀ယ်မိအောင်တားဆီးကြပါ၊၊ တစ်ယောက်နဲ့ တစ်ယောက် ပစ်ပေါက်ပြီး ကစားမိရင်လည်း ပုံထဲမှာ မြင်တွေ့ရတဲ့အတိုင်း ဖြစ်သွားပါလိမ့်မယ်။ ဒီကစားစရာဟာ မှတ်ပုံတင်ထားတဲ့အမှတ်အသားလည်း မပါရှိပါဘူး။
(Phayathonezu City Image Galleries)
စေတနာများစွာဖြင့် အသိပေးလိုက်ရခြင်းဖြစ်ပါတယ်။ ကလေးမိဘများလည်း သိအောင် ဖြန့်ဝေပေးကြပါ။


ယခုအပါတ် ဘုရားကြီးကျောင်းတရားပွဲအစီအစဉ်

ဝါတွင်းတရားပွဲစဉ်အမှတ်(၁၂)
တော်သတင်းလပြည့်ကျော် ၁၅ ရက် လကွယ်နေ့

ဓမ္မကထိကဆရာတော်. အရှင်သုတဓရ.
(ရွှေမျက်တောင် ဆရာတော်) ရတနာမာရ်
အောင်ကျောင်း. စစ်ကိုင်းမြို့ .
ဓမ္မဒါနအလှူရှင်. မိခင်ကြီးဒေါ်သန်းမေ. အမှူးထား၍ သားသမီး မြေးမြစ် တစ်စု
လမ်းမတော်လမ်း မော်လူး



Friday, September 19, 2014

ကဲ မော်လူးသားတွေ သင်ခနိးစာယူကြရအောင်

၁၇.,၉..၁၄.,နေ့ ကစစ်ကိုင်းတိုင်းဒေသကြီး
အင်းတော်မြို့နယ် နဘာကျေးရွာ နဘားဘူ
တာကျောင်းသို့ ဆွမ်းဒါနအလှူပွဲကြွရောက်
ခဲ့စဉ်က ကျေးရွာသံဃာ့နာယကဆရာတော်
များနှင့်ရွာသားများလျှောက်ထားမိန့်ကြားချက်မှာ. ..လွန်ခဲ့တဲ့..၁၀ခန့်ကနဘားကျေး
ရွာလေးမှာဘူတာရုံမှာထမင်းရောင်းတဲ့ မူစလင်ကလား ၉/ ၁၀အိမ်ပဲရှိပါတယ်
ရွာရှေ့ဘက်မှာ ဗလီကြီးကြီးတစ်လုံးကိုလဲ
နိုင်ငံရဲ့ခွင့်ပြုမိန့်မရပဲ အောက်ခြေမြို့နယ်လူကြီးများကိုငွေထိုးပေးပြီး
ခိုးဆောက်ခဲ့ပါတယ် ဆရာတော်များ ရွာသား
များကန့်ကွက်သော်လဲမရခဲ့ပါ. ဗလြီကီးပြီးသွားတော့ ဟိုကဒီကပြောင်းလာ
ကြတဲ့ကလားတွေအိမ် ၃၀ ကျော်ရှိသွားပါပြီ
အနောက်တံခါးကခိုးဝင်လာတဲ့ကလားတွေများဖြစ်နေမလား. စိုးရိမ်ထိတ်လန့်နေကြရပါ
တယ်လို့. ပြောကြားလို့သိခဲ့ရပါတယ်..,,
ကဲ ကဲ...ဘယ့်နှယ်. ဘယ်လို လုပ်ကြမလဲ
ဌာနဆိုင်ရာအရာရှိတို့. လွှတ်တော်ကိုယ်စား
လှယ်ကြီး ကိုယ်စားလှယ်လေးတို့ရေ..,,,

မော်လူးဒေသ ရေကြီး နောက်ဆက်တွဲ သတင်း ၃ ပု

အင်းတော်မြို့နယ်တွင် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မီးရထားခရီးစဉ် ရပ်ဆိုင်း
အင်းတော်၊ စက်တင်ဘာ ၁၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် စက်တင်ဘာ ၁၈
ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်တွင် လေပြင်းမုန်တိုင်းနှင့်အတူ
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မန္တလေး - မြစ်ကြီးနား အစုန်အဆန်
မီးရထားခရီးစဉ်များ ခေတ္တ ရပ်ဆိုင်းထားရကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက် နံနက် ၃ နာရီ အချိန်ခန့်က
လေပြင်းမုန်တိုင်းနှင့်အတူ လျှပ်စီးများလက်ကာ မိုးသည်းထန်စွာ
ရွာသွန်းမှုကြောင့် မန္တလေး - မြစ်ကြီးနား အမှတ် ၅၅ အထူးအမြန်ရထားသည်
ပင်ဝယ်ဘူတာတွင် ခေတ္တရပ်နားခဲ့ရသည်။ အဆိုပါ မိုးရွာသွန်းမှုကြောင့် မီးရထား
မိုင်တိုင်အမှတ် ၅၉၇/၁၄ နှင့် ၅၉၇/၁၅ အကြား တံတားအမှတ် ၄၆၈ သည်
မီးရထားသံလမ်း အောက်ခံ မြေသား တာပေါင်ရိုးသည် အနက် ၁၀ ၊ အကျယ် ၅၀ ပေခန့်
ရေစီးနှင့်အတူ မျှောပါသွားခဲ့ကြောင်း၊ အဆိုပါ တံတားရေပေါက်တွင်
မီးရထားလမ်း လုံခြုံရေး တာဝန်ကျစောင့်ကြပ်လျှက်ရှိသော အမှတ် ၆၃
ခြေလျင်တပ်ရင်းမှ ရဲဘော်ဇော်လင်းသည် မီးရထားလမ်း ရေပေါက်တံတား
ရေတိုက်စားမှုအကြောင်းကို ပင်ဝယ်မီးရထားဘူတာတွင် ခေတ္တရပ်နားကာ
ပြန်လည်ထွက်ခွာလာခဲ့သည် မန္တလေး - မြစ်ကြီးနား အမှတ် ၅၅ အထူးအမြန်ရထားအား
ရေတိုက်စား ပျက်စီးသွားသည့် တံတားသို့ မရောက်မှီ ကြိုတင် တားဆီး
အသိပေးနိုင်ခဲ့သဖြင့် မီးရထားမှာ ပင်ဝယ်ဘူတာသို့ ပြန်လည်
ဆုတ်ခွာခဲ့ရကြောင်း၊ အဆိုပါ မီးရထားတွင် အထက်တန်းတွဲ သုံးတွဲ၊
ရိုးရိုးတန်းတွဲ ရှစ်တွဲ၊ ဂါတ်ဗိုလ်တွဲတစ်တွဲ စုစုပေါင်း ၁၂ တွဲ
ပါရှိပြီး လိုက်ပါစီးနင်းခဲ့ကြသည့် ခရီးသည် ၅၀၀ တို့သည်
အန္တရာယ်ကင်းစွာဖြင့် ပြန်လည် ပင်ဝယ်ဘူတာသို့ ပြန်လည်
ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အလားတူ မိုင်တိုင် ၅၉၉/၂၂  နှင့် ၅၉၉/၂၃ ကြား
တံတားအမှတ် ၄၇၈ (အရှည် ၈၀ပေ) ဖားပန်ရေပေါက်တံတားမှာ မြစ်ကြီးနားဘက်
တိုင်အောက်ခြေ ဆယ်ပေခန့် ရေတိုက်စားပြီး ၄င်းနှင့်ကပ်လျှက် အလျား ၁၅ ပေ
အမြင့် ၁၃ ပေရှိ မြေသားတာပေါင်မှာ ရေတိုက်စားခဲ့ကြောင်း၊
ရေတိုက်စားခံရသည့် မီးရထားလမ်းတံတားနေရာများသို့ မြန်မာ့မီးရထားမှ
တာဝန်ရှိသူများနှင့် မော်လူး မီးရထားဘူတာမှ လမ်းဗိုလ်လေး
ထင်လတ်အောင်နှင့် အဖွဲ့၊ အမှတ် ၆၃ ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး
ဗိုလ်မှူး ရဲခေါင်ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မော်လူးနယ်မြေ
ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ် အေးမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ
သွားရောက်ကြည့်ရှုပြီး မီးရထားလမ်းများ အမြန်ဆုံးကောင်းမွန်ပြီး
မီးရထားများ ပုံမှန်သွားလာနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း
သိရသည်။

မော်လူးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ် ရေတိုက်စားပြီး
နွား ၄ ကောင်သေဆုံး
မော်လူး ၊ စက်တင်ဘာ ၁၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် စက်တင်ဘာ ၁၈ ရက်
နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်
နှစ်လုံးရေတိုက်စားပြီး နွား ၄ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၈ ရက် နံနက် ၃ နာရီအချိန်ခန့်က စတင်ရွာသွန်းသည့် မိုးကြောင့်
နံနက် ၄ နာရီခွဲအချိန်၌ တုံးလုံကျေးရွာ အရှေ့ဘက် တောင်တန်းမှ
ချောင်းဖျားခံကာ စီးဆင်းလာသည့် ပုန်းဟုန်ချောင်းရေသည် ရေစီးသန်၊
ရေလုံးကြီးမားမှုကြောင့် မော်လူးဒေသ၊ ပုန်းဟုန်ကျေးရွာအုပ်စု၊
ပုန်းဟုန်ကျေးရွာရှိ ဒေါ်မပန်း နေအိမ်သည် ရေတိုက်စားမှုကြောင့်
လဲပြိုကျခဲ့ပြီး၊ အိမ်အောက်တွင် ချည်ထားသည့် နွားမနှစ်ကောင်မှာ အိမ်ပိ၍
သေဆုံးခဲ့ကြောင်း၊ ဦးသန်းဝင်း၏ နေအိမ်မှာ ရေတိုက်စားမှုကြောင့်
အိမ်တိုင်များ ယိမ်းယိုင်သွားကာ ဦးမင်းအောင်၏ ဆန်စက်မှာ
ရေနစ်မြှုပ်ခဲ့ကြောင်း၊ အလားတူ ဦးစိုးအောင်ပိုင် ခိုင်းနွား
တစ်ရှဉ်းမှာလည်း ရေနစ်သေဆုံးခဲ့ကြောင်း၊ ပုန်းဟုန်ချောင်းရေ
ရေကြီးရေလျှံမှုကြောင့် ကျေးရွာတွင်း စိုက်ထူ သွယ်တန်းသွားသော လျှပ်စစ်
ဓာတ်တိုင်များနှင့် လျှပ်စစ်မီးကြိုးများမှာ လဲကျ
ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ချောင်းကူး တံတားနှစ်စင်းမှာလည်း
ရေစီးနှင့်အတူ မျှောပါသွားခဲ့ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းပြီး
ရေကြီးရေလျှံမှုကြောင့် ပုန်းဟုန်ကျေးရွာရှိ အခြေခံပညာ
အလယ်တန်းကျောင်း(ခွဲ)ကို ပိတ်ထားရကြောင်း သတင်းရရှိသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားပန်ချောင်းကူးတံတား ချဉ်းကပ်လမ်း
မြေသားများပြိုကျ
အင်းတော်၊ စက်တင်ဘာ ၁၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအုပ်စုတွင်
စက်တင်ဘာ ၁၈ ရက်နံနက်က ရွာသွန်းခဲ့သည့် မိုးကြောင့် ရွှေဘို - မြစ်ကြီးနား
မော်တော်ကားလမ်းမပေါ်ရှိ တံတားများ ရေတိုက်စားမှုဖြစ်ပွားခဲ့ကြောင်း
သိရသည်။
စက်တင်ဘာ ၁၈ ရက်နံနက် ၃ နာရီက လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊
လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့်
ပင်ဝယ်ကျေးရွာအုပ်စု၊ ဖားပန်ကျေးရွာအနီး ရွှေဘို- မြစ်ကြီးနား
မော်တော်ကားလမ်းမပေါ်ရှိ အရှည် ၂၄၀ ပေ ကွန်ကရစ် တံတား၏ ရွှေဘိုဘက်
ချဉ်းကပ်လမ်း မြေသားများ  အရှည် ၃၀ ပေခန့်   ရေတိုက်စားမှုကြောင့်
ပြိုကျခဲ့ကြောင်း၊ အလားတူ မော်တော်ကားလမ်း မိုင်တိုင်အမှတ် ၁၅၂/၁၅၃ အကြား
တံတားအမှတ် ၁၅၄/၄ ဒလက်ရှည်ချောင်းကူးတံတား ရေစီးနှင့်
မျှောပါသွားခဲ့ကြောင်း၊ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းပြီး
ရေကြီးရေလျှံဖြစ်ကာ တံတားများ ရေတိုက်စားခံရခြင်း၊ ရေစီးနှင့်
မျှောပါသွားခဲ့ခြင်းများကြောင့် မန္တလေး - မြစ်ကြီးနား (အသွား/အပြန်)
ခရိးသည်တင် မော်တော်ယာဉ်များ၊ ကုန်တင် မော်တော်ယာဉ်များ နီးစပ်ရာ မြို့၊
ကျေးရွာများတွင် ခေတ္တရပ်နားထားခဲ့ရပြီး၊ တာဝန်ရှိသူများ
သွားရောက်ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပုံမှန်သွားလာနိုင်ရေးအတွက်
ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်

အချိုရည်သောက်တဲ့အကျင့်ကို . . ဖျောက်ပါ

အချိုရည်သောက်တဲ့အကျင့်ကို . . ဖျောက်ပါ
==============================
ရေငတ်လို့ပဲဖြစ်ဖြစ် ပင်ပန်းနွမ်းနွယ်လို့ပဲ ဖြစ်ဖြစ် အချိုရည် ပုလင်းတွေ၊ သံဘူးတွေ သောက်ပါက သင်၏ သွေးဖိအားကို မြင့်တက်စေနိုင်ပါသည်. . . တစ်နေ့လျှင် သစ်သီးမှရသော
သကြားဓာတ် (Fructose) ၇၄ ဂရမ် စားသုံးပါက (အချိုရည် သံဘူး ၂ ဘူးခွဲနှင့်
ညီမျှသည် ) သွေးဖိအား ၃၆ ရာခိုင်နှုန်း တက်လာစေနိုင်ကြောင်း သိရသည်. . .

အ၀လွန်နေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း ၊ သွားပိုးစားခြင်း ပြဿနားများ လည်း
ဖြစ်စေနိုင်သည်. . အချိုဓာတ်လျော့ထားသည်ဟု ဆိုသော ဖျော်ရည်ဘူး (Diet Soft
Drink) များသည်လည်း စိတ်မချရပါ. .. ဟားဗတ်ဆေးကျောင်းတွင် လေ့လာမှုအရ
သကြားအတုဖြင့် ဖျော်ထားသော အချိုရည်ဘူး ၂ ဘူးနှင့် အထက်သောက်သည့်
အမျိုးသမီးများတွင် ကျောက်ကပ် လုပ်ငန်းစွမ်းရည် ကျဆင်းနိုင်သည့်
အခွင့်အလမ်း ၂ ဆ ပိုများ ကြောင်း ကြာလျှင် ကျောက်ကပ်
ပျက်စီးစေနိုင်ကြောင်း သိရပါသည်. .

မည်သည့် အချိုရည်ပဲ ဖြစ်ဖြစ် ကြောက်စရာကောင်းသည်က အဓိကဖြစ်သည်. . ထို့ကြောင့် အချိုရည်ဘူးများနှင့်
ပက်သက်လာလျှင် အထူးဧည့်ခံပွဲမျိုးတွင်သာ တစ်ခါတစ်ရံ သောက်ခြင်း သို့မဟုတ်
တစ်ဘူးလုံးကုန်အောင် မသောက်ဘဲ အနည်းငယ်မျှသာ ၊ သောက်တယ် ဆိုရုံမျှသာ
သောက်သင့်သည့် အကျင့်ကို ပြုလုပ်သင့်ပါသည်. .

မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းမှာ ဒေါ်လာ ငါးဘီလျံကျော် ရှိလာ အော်ဒုက္ခ မြန်မာပြည်သား မော်လူးသားများလည် အလကားနေရင်းကြွေးတင်နေပါလား

မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းမှာ ဒေါ်လာ ငါးဘီလျံကျော် ရှိလာ၍ ချေးယူထားသည့် ၀န်ကြီးဌာနများအနေဖြင့် စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

မြန်မာနိုင်ငံ၏ ပြင်ပကြွေးမြီ စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော် ရှိနေပြီဖြစ်သဖြင့် ချေးယူထားသည့် ဝန်ကြီးဌာနများအနေဖြင့် စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားသင့်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာသန်း ၁ဝဝ ချေးယူရန် ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက ထည့်သွင်းဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် အမေရိကန်ဒေါ်လာသန်း ၁ဝဝ ဖြင့် လူတိုင်းကျန်းမာရေးစောင့်ရှောက်မှုရရှိစေနိုင်မည့်လုပ်ငန်းများ အထူးသဖြင့် မိခင်၊ မွေးကင်းစကလေးနှင့် ကလေးကျန်းမာရေးတို့နှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ စသည်တို့ကို ပိုမိုထိရောက်စေရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနက တိုးမြှင့်ဆောင်ရွက်မည် ဖြစ်သည်။ ချေးငွေရယူမည့် သဘောတူညီချက်မှာ ဆိုင်းငံ့ကာလ ခြောက်နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ်ဖြင့် သက်တမ်း ၃၈ နှစ်ဖြစ်ပြီး အတိုးမဲ့ချေးငွေဖြစ်ကြောင်း၊ ဝန်ဆောင်ခတစ်နှစ်လျှင် ဝ ဒသမ ၇၅ ရာခိုင်နှုန်းဖြစ်ပြီး ကတိကြေးအား လက်ရှိကာလတွင် ဝ ရာခိုင်နှုန်းသတ်မှတ်ထားသော်လည်း ကမ္ဘာ့ဘဏ်မှ IDA ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက်အရ ပေးရန်ရှိလာပါက ဝ ဒသမ ၅ ရာခိုင်နှုန်းထက်မပိုသောနှုန်းကို သတ်မှတ်လာနိုင်ကြောင်း၊ ဝန်ဆောင်ခအား ချေးငွေထုတ်ယူသည့်အချိန်မှ စ၍လည်းကောင်း၊ အရင်းငွေအား ဆိုင်းငံ့ကာလ ကုန်ဆုံးချိန်မှစ၍လည်းကောင်း တစ်နှစ်လျှင်တစ်ကြိမ် ပေးဆပ်ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းချေးငွေအစီအစဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် “ မြန်မာနိုင်ငံရဲ့ ပြင်ပကြွေးမြီစုစုပေါင်းမှာ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်စာရင်းအရ အမေရိကန်ဒေါ် လာ ၅ ဒသမ ၃၇၉ ဘီလျံရှိနေပြီး ကြွေးမြီနှိုင်းယှဉ်မှုစာရင်းတွင် ၁၁၆ နိုင်ငံမြောက်ဖြစ်နေတယ်ဆိုတာ သတိရှိစေလိုပါတယ်။ သို့ပါသော်လည်း ယခုကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်ရန် ဖော်ပြထားသော ကျန်းမာရေးဝန်ကြီးဌာန၏ စီမံကိန်းအဆင့်ဆင့်များမှာ အမှန်တကယ် လက်တွေ့ဆောင်ရွက်နိုင်မည်ဆိုလျှင် နိုင်ငံအတွက် အမှန်တကယ်အကျိုးရှိမယ့် အစီအစဉ်ဖြစ်လို့ ထောက်ခံနိုင်ပါတယ်။ တင်ပြလိုတဲ့အချက်ကတော့ ယခုအစိုးရလက်ထက်တွင် ပြည်ပထောက်ပံ့မှုများမှလည်းကောင်း၊ ချေးငွေပေးသောသူများမှ လည်းကောင်း ချေးငွေများစွာရယူနေပြီး နောင်တက်လာမည့် အစိုးရတာဝန်သာဖြစ်သည်ဟူ၍ ပခုံးပေါ်တင်ပေးလိုက်ခြင်းမျိုး မဖြစ်သင့်ပါ။ တိုင်းပြည်နှင့် လူမျိုးအတွက် အမှန်တကယ်အလုပ်လုပ်နေကြသော ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ပခုံးပြောင်းတာဝန် လွှဲအပ်ရမည့် အချိန်တွင် သုံးစွဲထားသောချေးငွေများအတွက် စစ်ဆေးခံယူရန် ဝန်မလေးဘဲ အသင့်ရှိနေဖို့လိုအပ်ပါတယ်။ နိုင်ငံခြားချေးငွေများ အသုံးပြုခြင်းအပေါ်တွင် အသုံးပြုသွားသော သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အလေးအနက်ထား စိစစ်ခံနိုင်ရန် အသင့်ပြင်ဆင်ထားစေချင်ပါတယ်။ ဒါမှမဟုတ်ရင် လက်ရှိအစိုးရအဖွဲ့အနေနှင့် တာဝန်ပိုကြီးလာပါလိမ့်မယ်လို့ ယူဆပါတယ်”ဟု ဆွေးနွေးပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကလည်း မြန်မာနိုင်ငံ၏ ချေးငွေရယူသည့်အဆင့်သည် ၁၁၆ အဆင့်တွင် ရှိနေသည်ကို သတိပြုရန်လိုကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးရှိသီး၊ ဒေါက်တာမောင်မောင်ဝင့်၊ ဒေါက်တာမျိုးအောင်နှင့် ဦးမြင့်ဦးတို့က အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် လွှတ်တော်၏ အဆုံးအဖြတ်ခံယူရာတွင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူသည့်အတွက် ၎င်းချေးငွေအား လွှတ်တော်မှ သဘောတူကြောင်း ကြေညာခဲ့သည်။

မော်လူးဒေသ ပုန်းဟုန်ရွာ ရေကြီး အိမ်ပြို ခြင်း နှင့် လမ်းတံတာ ပျက်စီးမှုဓာတ်ပုံများ

ဖားပန် တံတားသစ်ကြီးပုံ





Thursday, September 18, 2014

ဝန်ကြီးချုပ် ဦးသာအေး မော်လူး ရောက်

ယနေ့ နေ့လည်  တစ်နာရီ ခန်  မော်လူး အုပ်ချုပ်ရေးမှူးရုံး တွင်

သက်ဆိုင်သူများနှင့် တွေ့ဆုံ

Wednesday, September 17, 2014

ရေးမိ ရေးရာ တွေးမိ တွေးရာ .....

လွန်ခဲ့တဲ့ လပိုင်းတုန်းက တင်ဖြစ်ခဲ့တဲ့ စာလေးပါ ... ပထမပိုင်းပဲ တင်ဖြစ်ခဲ့ပြီး ဒုတိယပိုင်း မတင်ဖြစ်ခဲ့ပါဘူး။ အခုတော့ အားလုံး အဆုံးအထိ ပေါင်းပြီး တင်လိုက်ပါတယ်.....။ ယခုစာနှင့် ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိနိုင်ပါကြောင်း ...... လွတ်လပ်စွာ တွေးခေါ် စဉ်းစားကြခြင်းဖြင့် တိုးတက်သော လူမှုအဖွဲ့အစည်း တစ်ခုဆီသို့ ရည်မျှော်လျှက်...........

" ရေးမိရေးရာ တွေးမိတွေးရာ "
@@@@@@@@@@@@@@@@@@@@@@@@@@
စာမရေးတာ တော်တော်ကြာလာတော့ ရေးချင် ပြောချင်တာလေးတွေ များသားဗျ…။
ဘာရယ်တော့ မဟုတ်ပါဘူး စပ်မိစပ်ရာလေးတွေပေါ့..။ ကိုယ်ကျင်လည်နေရတဲ့
ပတ်ဝန်းကျင်အကြောင်း လူတွေအကြောင်း နည်းနည်းပါးပါးပါ။ ဒီလိုဗျ… ကျနော်က
ရွာမှာ ဘာမှဟုတ်တဲ့ကောင်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း
ကိုယ်တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက်က အုတ်တစ်ချပ် သဲတစ်ပွင့်
ရပ်ရွာတိုးတက်ရေးကို လုပ်နေတာပါ။ ဒါက ကျနော့်ဘက်က အမြင်ပေါ့။
တစ်ဘက်ကအမြင်တွေကတော့ ကျနော်ဟာ နာမည်ရဖို့ အလုပ်လုပ်နေတာဆိုပဲ…။
ဒီလိုလူတွေကို ကျနော်မေးချင်တဲ့ မေးခွန်းတစ်ခုရှိနေပါတယ်။
ကျနော်နာမည်ရဖို့ လုပ်နေတာပဲ ထားပါတော့…နာမည်ရလာရင် ကျနော်
ဘာလုပ်လို့ရမှာလဲ။ ကျနော်က လွှတ်တော်အမတ်လုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။
နောက်ပြီး အုပ်ချုပ်ရေးမှူးလုပ်မဲ့ကောင်လည်း မဟုတ်ပါဘူး။
တစ်ခုတော့ရှိတာပေါ့နော့…နာမည်ကြီး ထမင်းငတ်ဆိုတာလေ…။ ပွင့်လင်းလာနေတဲ့
ဒီမိုကရေစီခေတ်ကြီးထဲမှာ…အင်းးးးဒီစာသားကို သုံးရတာလည်း သိပ်တော့
မမိုက်ပါဘူးဗျာ…။ တကယ်က မပွင့်လင်းသေးဘူးဗျ….။ စာတွေထဲမှာ ရေးနေကြတဲ့
ညီအစ်ကို မသိတသိအချိန်ဆိုတာမျိုးပါ။ ပြောချင်တာတွေကို ဟိုစပ်စပ်
ဒီစပ်စပ်ပဲ ရေးသွားမယ်ဗျာ…။ ၂၀၁၀ ရွေးကောက်ပွဲကြီးပြီးသွားတဲ့နောက်မှ
ဟိုလူပါးစပ်ဖျားမှာလည်း ဒီမိုကရေစီ၊ ဒီလူပါးစပ်ဖျားမှာလည်း
ဒီမိုကရေစီနဲ့… ဒီမိုကရေစီဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်
ဖြစ်လာတာပေါ့။ အရင်ကဆို ဒီမိုကရေစီလို့ ပါးစပ်က ကျယ်ကျယ် မပြောရဲတဲ့အပြင်
ဒီမိုကရေစီ အရေးလှုပ်ရှားနေတဲ့လူတွေကိုတောင်
ထောင်ထဲရောက်မယ့်ကောင်တွေ..ဒီကောင်တွေနဲ့ စကားပြောရင် ငါတို့ပါ
ထောင်ထဲရောက်မယ့်ကိန်းဆိုတဲ့ အတွေးတွေနဲ့ နိုင်ငံရေးသမားဆိုရင်
ဝေးဝေးကရှောင်ခဲ့ကြတာပါ။ အဲ့အချိန်က ကျနော်တို့ရွာမှာဆို
ဒီမိုကရေစီအရေးလှုပ်ရှားတဲ့သူ လက်ချိုးရေလို့ရတယ်…..။ ဟော….အခုတော့ဗျာ….
ပေါလိုက်တဲ့ နိုင်ငံရေးသမားတွေ ..သူရဲကောင်းတွေ…. အရင်က လှုပ်ရှားခဲ့ကြတဲ့
နိုင်ငံရေးသမားတွေတောင် ဘေးရောက်ကုန်ပါရောလား…။ ပြောလိုက်တဲ့
နိုင်ငံရေးစကားတွေကလည်း တကယ့်ရဲရဲတောက်တွေချည်းပဲ။ ဒီလို
ပြောရဲဆိုရဲတာကိုတော့ ချီးကျူးပါတယ်…ဒါပေမယ့် စကားစကား ပြောပါများးး
စကားထဲက ဇာတိပြဆိုသလို… ဒီမိုကရေစီ..ဒီမိုကရေစီလို့
ပါးစပ်ကပြောနေတဲ့လူတွေဟာ တကယ်ရော ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရား
လမ်းစဉ်အတိုင်း လျှောက်လှမ်းကြပါရဲ့လား… ကျနော်လည်း
တတ်သိနားလည်လွန်းလို့ရယ်တော့ မဟုတ်ပါဘူး…။ ကျနော်လက်ခံနားလည်ထားတဲ့
ဒီမိုကရေစီဆိုတာကတော့ အမြင် အယူအဆတွေ ကွဲပြားခြားနားနေကြပေမယ့် နိုင်ငံ
ရပ်ရွာ တိုးတက်ဖို့ဆိုလျှင် မည်သူနှင့်မဆို လက်တွဲ ဆောင်ရွက်နိုင်ရမယ်
ဆိုတာပါပဲ…… (တစ်ချို့ နိုင်ငံရေးအဖွဲ့အစည်း ခေါင်းဆောင်တွေက ဟိုလူက
ဘာဖြစ်လို့၊ ဒီလူက ဘာကောင်မို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့
ပူးပေါင်းလုပ်ဆောင်ဖို့ရာ တွန့်ဆုတ်သလို..
ပူးပေါင်းလုပ်ဆောင်နေသူတွေကိုလည်း ဝေဖန်ထိုးနှက်တတ်ပါသေးတယ်။)ဒီနေရာမှာ
ဆရာ ဒဂုန်တာရာရဲ့ စကားလေးက နိုင်ငံရေးသမားဆိုသူတွေ သေသေချာချာ
မှတ်သားထားသင့်ပါတယ် " နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်လာအောင်
လုပ်ရတာပါ"တဲ့….။ ကောင်းလိုက်တဲ့ စကားလေးဗျာ..။ နိုင်ငံရေးဆိုလို့
လွန်ခဲ့တဲ့ သုံးနှစ်ကျော်လောက်က အစ်ကိုတော်တစ်ယောက်နဲ့ နိုင်ငံရေးဆိုတဲ့
ဝေါဟာရနဲ့ ပတ်သက်ပြီး အခြေအတင်ပြောဘူးပါတယ်…။ ဒီနေရာမှာ
ကျနော်အဓိပ္ပါယ်ဖွင့်တဲ့ နိုင်ငံရေးဆိုတာရဲ့ ဝေါဟာရက နိုင်ငံ့အရေးပါ….
နိုင်ငံတိုးတက်အောင် လုပ်ဆောင်တာ မှန်သမျှ နိုင်ငံရေးလို့ ပြောမိသလို
လယ်သမား လယ်ထွန်တာလည်း နိုင်ငံရေး၊ ကျောင်းဆရာ စာသင်တာလည်း
နိုင်ငံရေးလို့ ပြောမိတာ.. ဟုတ်တယ်လေ… လယ်သမားလယ်ထွန်ပြီး လယ်လုပ်တယ်ဗျာ…
စပါးရအောင်ပေါ့.. စပါးရလာအောင် လုပ်ဆောင်တာ သူ့အကျိုးစီးပွားအတွက်
ဖြစ်သလို နိုင်ငံရဲ့ စားနပ်ရိက္ခာအတွက်လည်း တစ်ထောင့်တစ်နေရာက
တာဝန်ထမ်းဆောင်နေတာ မဟုတ်လား…။ ကျောင်းဆရာ စာသင်တာ
သူ့ဝမ်းရေးအတွက်ဖြစ်သလို နိုင်ငံတော်အတွက် ပညာတတ်လေးတွေကို
မွေးထုတ်ပေးဖို့ မဟုတ်လား…။ ဒီတော့ အစ်ကိုတော်က ဒီလိုဆိုရင်
သူစာပြန်သင်ရမယ်လို့ ပြောပါတယ်။ အစ်ကိုတော်ဟာ ကျနော့်ထက် အသက်ပိုကြီးပြီး
ပညာလည်း ပိုတတ်သူပါ…သူ့အယူအဆက ကျောင်းသားလူငယ်တွေ နိုင်ငံရေးမလုပ်သင့်ဘူး
နိုင်ငံရေးကို စိတ်မဝင်စားသင့်ဘူးလို့ ယူဆထားတာပါ။ ကျနော့်အယူအဆ
အမြင်ကတော့ ကိုယ်နေထိုင်နေတဲ့ နိုင်ငံရဲ့ အရေးကို ကိုယ့်နိုင်ငံသားတွေမှ
စိတ်မဝင်စားရင် ဘယ်သူတွေက လာစိတ်ဝင်စားမှာလဲ…..။ သူကလည်း
သူ့အယူအဆနဲ့သူဆိုတော့ ကျနော်ပြောတာကို လက်ခံချင်ပုံ မရလို့ လူထု အမေမာ
စကားလေးနဲ့ ကျနော်သူ့ကို ပြောခဲ့ပါတယ်…" ဒီနေရာမှာ အစ်ကိုနဲ့ ကျနော်
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိပါတယ်"လို့….။
ဒီမိုကရေစီနိုင်ငံကို ထူထောင်ခြင်သူတွေကလည်း
ဒီမိုကရေစီ..ဒီမိုကရေစီဆိုပြီး ကြွေးကြော် ခရီးဆက်နေကြသလို…
ဒီမိုကရေစီနိုင်ငံတကယ်ဖြစ်သွားမှာကို စိုးရိမ်ကြောင့်ကြနေသူတွေလည်း
ရှိကောင်းရှိနေပါလိမ့်မယ်….။ သူတို့တွေရဲ့ အယူအဆကတော့ ဒီမိုကရေစီဆိုတာ
အရင်းရှင်စနစ် ငွေရှိသူတွေသာ ကောင်းစားပြီး ဆင်းရဲသားတွေကတော့ ဆင်းရဲသထက်
ဆင်းရဲမယ်ဆိုတဲ့ အယူအဆပါ။ ဒီလိုအယူအဆမျိုး မရှိဘူးမထင်နဲ့ဗျ… ကျနော်တို့
ရွာက လွှတ်တော် အမတ်ဆိုတဲ့ လူကိုယ်တိုင် ပြောဘူးတာ ကျနော်မှတ်မိတယ်။
မည်သို့ပင်ဖြစ်စေပေါ့ သူတို့တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို
လက်ခံတယ်..ပြီးတော့ ခေတ်မီဖွံ့ဖြိုးတိုးတက်သော
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ဆိုတဲ့ ကြွေးကြော်သံအောက်မှာ
မဲပုံးတွေထောင်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ဝင်ပြိုင်ပြီး
ဒီမိုကရေစီခေတ်ရဲ့ လွှတ်တော်အမတ်တွေအဖြစ် တာဝန်ယူနေကြတာဆိုတော့
ဒီမိုကရေစီဆိုတာကြီးကို လက်ခံလို့ပေါ့နော့…။ ဟုတ်ပါပြီ…. ဒီမိုကရေစီလို့
ဆိုလိုက်တာနဲ့ လူ့အခွင့်ရေးဆိုတာကြီးကလည်း ကျွဲကူးရေပါဆိုသလို
ကပ်ပါလာတာပေါ့။ လူ့အခွင့်အရေးဆိုတာ ကမ္ဘာကုလသမ္မဂ္ဂအဖွဲ့ကြီးက
ထုတ်ပြန်ထားတဲ့အထဲမှာ အချက်ပေါင်း ၃၀ကျော်၄၀လား ရှိပါတယ်။ ဒါကို ဆရာတော်
ဦးကောသလ္လက မေတ္တသုတ်တစ်ခုတည်းနဲ့ လုံလောက်တယ်လို့ ဟောဘူးပါတယ်။ ထားတော့
ကျနော်အကြမ်းဖျင်းနားလည်ထားတဲ့ လူ့အခွင့်အရေး…အဲလေ…နားလည်တယ်ဆိုတာမှာ
ရှင်းပြပေးတဲ့လူရှိလို့ပေါ့နော့….။ လူတစ်ယောက်ရဲ့ မွေးရာပါ
အခွင့်အရေးအကြောင်းကို ၂၀၀၆ /၂၀၀၇ ခုနှစ်လောက်က မိုးညှင်းမြို့က ဆရာ
ဦးဖေစိန်က ရှင်းပြဘူးတယ်။ မွေးလာကတည်းက လူတွေမှာ ခြေ၊ လက်၊ မျက်စိ၊ နား၊
ပါးစပ်တွေ ပါလာကြတယ်တဲ့။ ခြေဆိုတာ သွားလိုရာသွားဖို့၊ လက်ဆိုတာ ရေးချင်ရာ
ရေးဖို့၊ ပါးစပ်ဆိုတာ ပြောချင်တာပြောဖို့၊ မျက်စိဆိုတာ
ကြည့်ချင်ရာကြည့်ဖို့၊ နားဆိုတာ နားထောင်လိုတာ နားထောင်ဖို့တဲ့… ဒါက
လူတစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးတွေပါတဲ့။ ဒါတွေကို အသုံးချခွင့်(ဝါ)
အသုံးပြုခွင့် မရဘူး ပိတ်ပင်ခံရတယ်ဆိုရင် လူတစ်ယောက်ရဲ့ မွေးရာပါ
အခွင့်အရေး ဆုံးရှုံးတာပါပဲတဲ့လေ….။
ကျနော်တို့တွေဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်မှုတွေအောက်မှာ
ပြားပြားဝပ်ခဲ့ရသလို စာနာနားလည်မှုဆိုတဲ့ စိတ်ထားတွေလည်း
ဖျက်ဆီးခံခဲ့ရတာပါ…။ ကိုယ့်နဲ့ မဆိုင်ရင် ဘာမှဝင်မလုပ် မပြောနဲ့….။
ကိုယ့်ထမင်း ကိုယ်စားပြီး အေးအေးနေဆိုတဲ့ အတွေးတွေပဲ
စိုးမိုးကုန်တော့တာပါပဲ။ တကယ်တော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှဟာ
ကိုယ်နဲ့ ဆိုင်တယ်ဆိုတဲ့ အတွေးမျိုး တွေးသင့်တယ်ဗျ…။ ကိုယ်နဲ့ မဆိုင်ရင်
အသာနေခဲ့တာများလို့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေ၊ ရပ်ရွာတွေ
နစ်နာနေကြတာလို့ ပြောရင် ရေးရင် လွန်သွားမလား။ တကယ်ပါ … ကျနော်တို့
ပြည်သူတွေနစ်နာနေခဲ့တာကြာပါပြီ။   ယခုထက်တိုင်
နစ်နာနေကြတုန်းပါပဲ။ အရင်က ကြွေးကြော်ခဲ့တဲ့ တပ်မတော်သာ အမိ တပ်မတော်သာ
အဖဆိုတဲ့ ဆိုတဲ့ စကားကို နည်းနည်းပြောချင်ပါတယ်။ မိဘဆိုတာ
သားသမီးတွေအတွက် အနစ်နာခံရမယ် မဟုတ်လား။ သားသမီးကောင်းစားဖို့အတွက်
မိဘတွေက ဖြည့်ဆည်းပေးရတာ မဟုတ်လား။ တကယ်က သားသမီးပြည်သူတွေက
မိဘတပ်မတော်ကို အနစ်နာတွေခံ ဖြည့်ဆည်းပေးခဲ့ရတာပါ။ အခုဒီဘက်ခေတ်မှာ
ပြောင်းသွားတဲ့ အစိုးရက ပြည်သူသာအမိ ပြည်သူသာ အဖဆိုပြီး
ကြွေးကြော်ပြန်ပါရောလား။ ဒီတော့လည်း သားသမီးဖြစ်တဲ့ အစိုးရရဲ့ ပြောသမျှ
လုပ်သမျှတွေကို မိဘဖြစ်တဲ့ ပြည်သူတွေ ခံကြရပြန်ရော..။ ဒီတော့
ကျနော်စဉ်းစားမိတာက ကျနော်တို့နိုင်ငံမှာ ပြည်သူတွေကို မိဘလို ဆက်ဆံမဲ့
သားသမီးအစိုးရ…ဒီလို အစိုးရမျိုးကို ဦးဆောင်မဲ့
ခေါင်းဆောင်မရှိတော့ဘူးလား။ နောက်တစ်ခုက ``ကျနော်တို့ဟာ မိမိတို့
စိတ်ဓာတ်နဲ့ ထိုက်တန်တဲ့ အစိုးရကိုသာ ရရှိတာပါ ``ဆိုတဲ့စကား
မှန်များမှန်နေပြီလား။ ဒီမေးခွန်းတွေက ကျနော့်ကို အတွေးများစေပါတယ်။
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံကြီးကို ကျနော်တို့
မျှော်လင့်တယ်ဆိုရင် ကျနော်တို့တွေရဲ့ စိတ်ထားတွေ အရင်ပြင်ကြရပါလိမ့်မယ်။
အစပိုင်းမှာ ကျနော်ရေးခဲ့သလို ကိုယ်နဲ့ မဆိုင်ပါဘူးဆိုတဲ့ အတွေးတွေကို
အရင်ဆုံးဖျောက်ကြရအောင်ဗျာ။ ကျနော်တို့နိုင်ငံဟာ ကျိန်စာတွေသင့်နေတဲ့
နိုင်ငံတစ်ခု… အခုနောက်ပိုင်းမှာ ကျိန်စာတစ်ခုတိုးလာပြန်ပါတယ်။
မူးယစ်ဆေးဝါးကျိန်စာပေါ့။ မူးယစ်ဆေးဝါးကျိန်စာဟာ ကျနော်တို့
အနာဂတ်တိုင်းပြည်ကို ဦးဆောင်မဲ့ ခေါင်းဆောင်လေးတွေကို
အမှည့်ခြွေခြွေနေတာပါ။ ဒါကို ဘယ်လို ချေမှုန်းတိုက်ခိုက်ကြမလဲ။
ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်နေပေမယ့် တရားဥပဒေကတော့
မစိုးမိုးသေးဘူး။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းဆီးနေတယ်ဆိုပေမယ့်
ဘာမှအရာမထင်ပါဘူး။ ဥပမာပြောရရင် အဆိပ်ပင်တစ်ပင်ကို အမြစ်ကနေ
ဆွဲမနှုတ်ပစ်ပဲ အကိုင်းအခက်လောက်သာ ချိုင်နေတော့ အဆိပ်ပင်ဟာ
ရွက်နုရွက်သစ်တွေ ဝေဝေဆာဆာနဲ့ ပြန်ပြန်ဖြစ်လာတာပါ။ နောက်ပြီး
လာဘ်ပေးလာဘ်ယူကိစ္စတွေ..ဒါကလည်း ငွေ ၃ သိန်းအထက်မှ
လာဘ်စားမှုမြောက်တယ်ဆိုတော့… အံ့သြမကုန်နိုင်အောင်ပါ။ ဥပဒေဆိုတာ
ပြည်သူတွေကို အကာအကွယ်ပေးဖို့ ရေးဆွဲပြဋ္ဌာန်းတာမဟုတ်ပါလား။ ခုတော့
ထွက်လာသမျှ ပြဋ္ဌာန်းသမျှ ဥပဒေက အစိုးရ အတွက်ချည်းပဲလို ဖြစ်နေတယ်လေ။
ဥပဒေတစ်ခု ထွက်လာလိုက် ပြည်သူတွေမှာ အခက်အခဲတွေကြုံလိုက်နဲ့ပေါ့။
တခြားမကြည့်နဲ့ဗျာ... ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပဲကြည့် ရအောင်...
တချို့ လူတွေထင်နေတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်လိုတာဟာ
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေချင်လို့ဆိုပြီး ပြောနေကြတယ်။ တကယ်က
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ချင်ကြတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို
သမ္မတဖြစ်စေချင်လို့လို့ ဆိုတာထက် ဒီအခြေခံဥပဒေကြီးကို
မပြင်နိုင်ခဲ့ဘူးဆိုရင် ခင်ဗျားတို့ ကျနော်တို့လို သာမန်ပြည်သူတွေ
နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတနေရာကို မျှော်လင့် မနေနဲ့တော့။
အခြေခံဥပဒေထဲက သမ္မတအရည်အချင်းထဲမှာ စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ပါသဗျ။
ခင်ဗျားတို့ ကျနော်တို့က စစ်ရေး အတွေ့အကြုံဆိုလို့
ရေစစ်သောက်ဘူးတာလောက်ရှိတာ မဟုတ်လား။ ဆိုလိုတာက စစ်ရေးအတွေ့အကြုံရှိတဲ့
လူတွေ နိုင်ငံကို အုပ်ချုပ်လာခဲ့တာ ကျနော်တို့ တိုင်းပြည်ကြီး
ဘာဖြစ်သွားခဲ့သလဲ။ ဒါတောင်မှ နောင်တမရနိုင်သေးပဲ  သမ္မတ အရည်အချင်းထဲမှာ
စစ်ရေးအတွေ့အကြုံရှိရမယ်လို့ ရေးဆွဲထားပုံထောက်တော့ ကျနော်တို့
ပြည်သူတွေအပေါ် ဘယ်လောက် စေတနာရှိတဲ့ လူတွေလည်းဆိုတာ
သဘောပေါက်သင့်ကြပါပြီ။  ဒီလို အခြေခံ ဥပဒေတွေရှိနေတာကို
ဘယ်လိုနည်းနဲ့များ ဒီမိုကို ကရေစီကြမယ် မသိ။ မူးယစ်ဆေးကိစ္စနဲ့
ပတ်သက်ပြီးတော့လည်း ပါတီခေါင်းဆောင်အချို့ရဲ့ အယူအဆက တစ်မျိုးဖြစ်နေတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းကာကွယ်တားဆီးရေးဟာ အစိုးရလုပ်ရမဲ့ အလုပ် ငါတို့တော့
မလုပ်ဘူး။ တကယ်လို့ ငါတို့ပါတီကလုပ်လိုက်ရင်
ထောက်ခံမှုတွေလျှော့ကျသွားမယ်။ ဆေးသမားလည်း မဲတစ်မဲပေးခွင့်ရှိတယ်။
မဲတစ်ပြား ဆုံးရှုံးမှာကို ကြောက်ပြီး ပြည်သူတွေကို မူးယစ်ဆေးကျိန်စာထဲမှာ
တဝဲလည်လည်ဖြစ်နေစေတာပါ။
နိုင်ငံရေးဆိုတာ နိုင်ငံတိုးတက်ဖို့ရာ လုပ်တဲ့သူမှန်သမျှ နိုင်ငံရေးလို့
ကျနော်ရေးခဲ့ပါတယ်။ ဒီလိုမဟုတ်ပဲ ကိုယ့်ပါတီ အာဏာရဖို့ကို အရင် …. ပြီးမှ
နိုင်ငံကောင်းစားဖို့ စဉ်းစားမယ်ဆိုတာမျိုးလို့ ဖြစ်နေမယ်ဆိုရင်…
ခံပေဦးတော့ ပြည်သူတွေပေါ့။ ဒါကတော့ မူးယစ်ဆေးကိစ္စပဲ
ရှိပါသေးတယ်..တခြားကိစ္စတွေလည်း အများကြီး ရှိနေသေးသဗျ..ဥပမာ .. ပြည်တွင်း
ငြိမ်းချမ်းရေး ကိစ္စ)
ဒီတော့ ကျနော်ပြောချင်တာက ခေါင်းဆောင်ဆိုတဲ့ လူတွေကို ရွေးချယ်တဲ့နေရာမှာ
ကျနော်တို့ပြည်သူတွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်စေဖို့ပါ။ ကျနော်တို့
ရွေးချယ်ခဲ့..အဲ…ဒီနေရာမှာလည်း နည်းနည်းတော့ ခက်သားဗျ…. ၂၀၁၀
ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကို
ကျနော်တို့ တကယ်ရွေးချယ်ခဲ့တာ ဟုတ်ပါရဲ့လား။ မည်သို့ပင်ဖြစ်စေကာမူ
သူတို့ကတော့ လွှတ်တော်ဆိုတာကြီးမှာ ``ပြည်သူများက
ရွေးချယ်တင်မြောက်လိုက်သော….`` ``မိဘပြည်သူများခင်ဗျားး``ဆိုပြီး
အားရပါးရ ကျေကျေနပ်နပ်ကြီးကို သုံးနေ ပြောနေတာတွေ့ရတော့ မိဘဖြစ်တဲ့
ပြည်သူတွေမှာ အားတုံ့အားနာစွာ လက်ခံပေးရတာပါပဲ။ လာမဲ့ ၂၀၁၅
ရွေးကောက်ပွဲမှာတော့ ကျနော်တို့ပြည်သူတွေ အမှန်အကန်
ရွေးချယ်ရလိမ့်မယ်လို့ မျှော်လင့်မိတာပါပဲ။ ဒီလိုရွေးချယ်ခွင့် ရှိလာတဲ့
အခါ ဘယ်လိုခေါင်းဆောင်မျိုးကို ကျနော်တို့ရွေးမလဲပေါ့။
ခေါင်းဆောင်ကောင်းကို ရွေးဖို့ရာ ကျနော်တို့ပြည်သူတွေမှာ
တာဝန်ရှိလာပါပြီ။ နိုင်ငံကို တကယ်တိုးတက်အောင်လုပ်ဆောင်နိုင်မဲ့၊
မိဘဖြစ်တဲ့ ပြည်သူတွေကို မိဘလိုဆက်ဆံမယ့် အစိုးရမျိုးခေါင်းဆောင်မျိုး
ရွေးချယ်ကြဖို့ပါပဲ။
ကျနော့်အမြင်ကတော့ ဘယ်ပါတီကပဲ ဖြစ်ဖြစ် ရပ်ရွာနိုင်ငံ တိုးတက်အောင်
အမှန်အကန်လုပ်ဆောင်မဲ့ ခေါင်းဆောင်ကောင်းကို ရွေးချယ်ကြဖို့ရာပါ။ ဒီလို
မရွေးချယ်ပဲ ရပ်ရွာနိုင်ငံကို ဘယ်သူတွေ ဦးဆောင် ဦးဆောင် ငါ့တို့ကတော့
လုပ်စားရမှာ… လုပ်စားရမှာပဲ ဆိုတဲ့ အတွေးတွေကို ဖျောက်ပစ်ကြပါ။ ဒီလို
အတွေးမျိုးတွေနဲ့ ဖြစ်သလို ရွေးချယ်လိုက်မိတဲ့ ခေါင်းဆောင်တွေဟာ
ရပ်ရွာနိုင်ငံအကျိုးထက် မိမိအကျိုး မိမိ ဆွေမျိုးသားချင်းများရဲ့
အကျိုးကိုသာ ဆောင်ရွက်သွားကြတာမို့ ကျနော်တို့တွေအတွက် အများကြီး
နစ်နာရပါတယ်။ တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ဆိုရင် ရပ်ရွာအဆင့်
အုပ်ချုပ်သူတွေကနေစပြီး နိုင်ငံအုပ်ချုပ်တဲ့သူအထိ ကောင်းဖို့လိုပါတယ်။
ဒီတော့ ရွေးချယ်ခွင့်ရှိတဲ့ ကျနော်တို့တွေ ကိုယ့်ရပ်ရွာနိုင်ငံကို
ဦးဆောင်တဲ့သူအဖြစ် ရွေးချယ်ရာမှာ သေသေချာချာ လေ့လာပြီး ရွေးချယ်ကြဖို့
လိုအပ်လှပါတယ်။
ဒီလို မှန်ကန်စွာရွေးချယ်နိုင်မှသာ ရှေ့ပိုင်းမှာ ကျနော်ရေးခဲ့တဲ့
မွေးရာပါ လူ့အခွင့်အရေးတွေနဲ့ ပြည့်စုံတဲ့ စည်းကမ်းပြည့်ဝပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေ နိုင်ငံကြီး ဖြစ်မှာမဟုတ်လားးးးး(
အမှန်က ဒီမိုကရေစီနိုင်ငံ ဆိုကတည်းက စည်းကမ်းတွေ ခေတ်မီတာတွေ
ပါပြီးသားဆိုပဲ….) ကျနော်ကတော့ ရွာက ကျနော့် ဦးလေးတစ်ယောက်ပြောသလို
ပြောပြီး အဆုံးသတ်ပါရစေ…``ဘာပဲဖြစ်ဖြစ်ဟေ့…… ရပ်ရွာ နိုင်ငံကို
အုပ်ချုပ်တဲ့ လူကြီးတွေ  မဟုတ်တာလုပ်လို့  ပြည်သူတွေက မကြိုက်ရင်
တရားစွဲခွင့်၊ နှုတ်ထွက်ဖို့ တောင်းဆိုခွင်ရှိတယ်ဆိုတာ တစ်ခုတည်းနဲ့
ဒီမိုကရေစီဆိုတာကြီးကို သဘောကျသဗျားးးးးးးး``။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ . . .
K.T.W.L

Tuesday, September 16, 2014

မူးယစ်ဆေးဝါးရောင်းဝယ်မှု မနှိမ်နင်းတဲ့အတွက် မြို့ခံများဆန္ဒပြ သစ်ထူးလွင်သတင်းမှာဖေါ်ပြထားသော မော်လူးသားတွေပါသောပွဲ

စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် အင်းတော် မြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ မှုတွေကို အုပ်ချုပ်ရေး အဖွဲ့အနေနဲ့ တားဆီးနှိမ်နှင်း ပေးဖို့ ဒေသခံ ၆၀၀နီးပါးက အင်းတော်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

မြို့နယ်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းချသူတွေကို သိပေမဲ့ အရေးမယူတဲ့ အတွက် ဆန္ဒပြတာဖြစ်တယ်လို့ အင်းတော်မြို့ခံ ကိုချမ်းအောင်က ပြောပါတယ်။

"တာဝန်ရှိတဲ့ အဖွဲ့အစည်းကနေပြီးတော့မှ မူးယစ်ကြောင့် ပတ်သက်လာတဲ့ မှုခင်းတွေကို ထိရောက်စွာ တားဆီးနှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ်ဗျ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းမှုတွေကို ဆိုချင်တာပါခင်ဗျ၊ မူးယစ်ဆေးဝါးရောင်းတဲ့လူတွေက လာတဲ့လမ်းကြောင်းတွေကို သူတို့သိနေပါတယ်၊ ရဲတပ်ဖွဲ့ဆိုတဲ့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေက သိနေပါတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ရွာမှာ ဘယ်လိုရောင်းနေတယ်ဆိုတာ သိနေပါတယ်၊ ဒါကိုထိရောက်စွာ မတားဆီးပဲနဲ့ ငွေကြေးအားဖြင့်သော်၎င်း လျစ်လျူရှုတဲ့အပိုင်းတွေ ဒါတွေကို ကျနော်တို့က မခံနိုင်တော့လို့ ဆန္ဒပြကြတာဖြစ်ပါတယ်"

အင်းတော်မြို့နယ်အတွင်းက လုယက်မှု၊ လူသတ်မှုတွေမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေက ကျူးလွန်တာများတယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

ဆန္ဒပြပွဲကို အင်းတော်၊ ကသာနဲ့ ဗန်းမော်မြို့နယ်တွေက မော်လူး၊ မော်တိတ်၊ မဲဇာ၊ သံဘို စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

RFA Burmese

Monday, September 15, 2014

မြို့သွားမည့် ကိုကို မမ တွေ တို့ဆေး မမိ အောင် ဒါလေး ဖတ်ထားကြ ဦးဦး ဘဘ တွေဆိုရင် နှစ်ခေါက်လောက် ဖတ်ကြပါ

တို့ ဆေး ==သတိထားဖို့  မြို့တက်မယ့်  ဦးဦး  ဘဘ  တို့
================


ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။

တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည် ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊ ဌင်းဆေးအသားတွင်း ၀င်သွားသည်နှင့် စက္ကန့် ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေး၀ါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။

သည်ဆေးဝါ့းတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေး တွေကို များသောအားဖြင့်သုံးကြသည်။
အဆိုပါဆေးဝါးတွေဟာ အမှုန့် -အဆီ-အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြ သည်၊ သူအဆက်သွယ်သွယ်နဲ့  ရှာရပါတယ် မူးရစ်ဆေးဝါးရှာရသည်ထက် လောက် မခက်လှပါ၊ ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ -ဇိမ်းခမ်းနဲ့  ကွမ်းယာဆိုင်တွေမှာပင် မျက်မှန်းတန်းမိလျှင်အလွယ်တကူဝယ်ရနိုင်၏။
တို့ ဆေးများကို ဒုစရိုက်လောကသားများ သုံးပြုနေပုံ

ဥပမာ ဘန်ကောက်မြို့ ကိုစရောက်လာပြီး နိုက်ကလပ်လိုနေရာမျိုးအားတဦးတည်း တယောက်ထဲ သွားမိသူတွေ အများဆုံး ခံရသည်၊ ညကပွဲရုံမှာ သားကောင်ရှာသူ အမျိုးသမီးနှင့်တွဲကမိရင် ရင်းနှီးကြ-အတူသောက်ပြီးရင် ကောင်မလေးက "အကိုနောက်လိုက်ခဲ့မယ်နော်" ဟုပြောကာ လူရှင်းသည့်တည်းခိုခန်းတွင်းရောက်သွားသည့်အခါအမျိုးသားအား ရေချိုးခိုင်း ပါလိမ့်မယ်။
အတူချိုးမယ်ဆိုလည်းလိုက်မည်မဟုတ်ပါ၊ မိန်းခလေးရေချိုးသည့်အလှည့်တွင် သူမဖွတ်ယူ လာသည့် ဆေးအဆီရည်ပုလင်းလေးတွင်းမှ ဆေးရည်စက်များကို လက်ဝါးပေါ်ထည့်၍ သူမရင်သားပေါ်မှာ လိမ်းထားပါလေသည်၊ဒါအပြင် ဘီယာခွတ်အတွင်းမှာလည်ူ အစက်ချထားတတ်သည်။

ကုတင်ပေါ်အိပ်တဲ့ကြတဲ့အခါ မှာ သာမန်နဲ့ မတူတဲ့ လိုက်လျှောမှုပေးပြီး သူမရင်သားကို ယောက်ကျားလေးမျက်နှာပေါ်ကပ်ရင်းမြူဆွယ်မည်၊မူးနေတဲ့ငနဲကတော့သိတဲ့အတိုင်း...ရင်သားတွေကို လျှာဖြင့်လျှက်သည့်ဖြစ်စေ ပါးစပ်ဖြင့်စုတ်သည်ဖြစ်စေ ဆေးရည်အဆီမှာ အမျိုးသား ပါစပ်တွင်းဝင်သွားပြီးနောက် မိနစ်ပိုင်းအတွင် ခေါင်းတွင်းချာချာလည်၍ အိပ်မောကြသွား ပါလိမ့်မယ်။
ဒီဆေးဟာ သုံးလေးနာရီလောက် သတိလစ်သွားစေနိုင်သဖြင့်၊ နိုးလာလျှင်တော့ အတွင်းခံ ဘောင်း ဘီသာကျန်ပါလိမ့်မည်။ သင်မှာတန်ဘိုးရှိတဲ့အရာအားလုံးဇိမ်နဲ့ မွေနှောက်ယူသွားပါပြီ။
နောက်သုံးတဲ့တနည်းက အငွေ့ ပါ -ရေမွေးဆပ်ပြာ အစရှိတဲ့ ရူရှိုက်မည့် ပစ္စည်းတွေမှာ အသင့်လုပ်ထားကြသည်၊ သားကောင်တွေကတော့ ပိုက်ဆံချမ်းသာတဲ့အိမ်မှာ တယောက်ထဲ နေတဲ့လူကြီးတွေ မိသားစုအပြင်ရောက်နေကြတုံး ၀တ်ကောင်းစားလှတွေဝတ်ပြီး အရောင်း စာရေး များကဲ့သို့  ဟန်ဆောင်ရင်း ဖေါ်ရည်စွာဆက်ဆံလျှက်အိမ်တွင်းသို့ ဝင်ဘို့ ကြိုးစားပါလိမ့်မည်။

နှစ်ယောက်သုံးယောက် အုပ်စုလိုက် လုပ်ကြသတဲ့ အလှပစ္စည်း အရောင်းကြော်ငြာပုံစံနဲ့ ဝင်ပြီး ရေမွှေး(သို့  )ဆပ်ပြာအား လူကြီးရော အိမ်ဖေါ်ပါ မည်းမျှအနံ့ ကောင်းကြောင်း နမ်းကြည့်ခိုင်း တဲ့အခါ မူးဝေပြီး မေ့သွားရော၊အဲဒိတော့မှ တအိမ်လုံးမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေ အေးဆေးယူ သွားကြမည်။
ယခုပြည်တွင်းမျာအများဆုံးသုံးနေတာ တို့ ဆေးဆိုပြီးေ၇ွှတွေဆင်ထားတဲ့ သူတွေ ခလေးတွေ ကို အနားကပ်ပြီး ဆေးထည့်ထားတဲ့ အပ်နဲ့ ပုတ်ထိုးခြင်း လိုက်ခြင်းဖြစ်သည် ခံရတဲ့သူက အဆိုပါမူး ရစ် ဆေး အသားတွင်းရောက်သည်အခါ ချက်ချင်း ဆေးရှိန်တက်လာလို့  ယိုင်လည်းခွေကျ သွားနိုင် ၏၊ ဘာမှမသိတော့အောင် မျှောသွားပြီး ကိုယ်အတွင်း ပိုင်းကြွက်သားများ လှုပ်မရ အောင်ထုံနေ ပါသည်။
အများဆုံးသုံးနေသည့် ဆေးဝါးများ
Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များ အတွက် မေ့ဆေး တစ်မျိုး အဖြစ် တရားဝင် သုံးစွဲကြ သည်။ သို့သော် ဥရောပနှင့် မက္ကစီကိုတို့တွင် အိပ်မပျော်သည့် ရောဂါများ အတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေး အဖြစ်လည်း တရားဝင် အသုံးပြု တတ်ကြသည်။တိရစ္ဆာန်များတွင် အများဆုံး အသုံးပြု ကြသည်။ တိရိစ္ဆာန် ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏ လုယက် ခံကြရကြောင်း သိရသည်။
ဆေးခတ် ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက် များအား မမှတ်မိခြင်း သွေးပေါင်ချိန် ကျခြင်း အိပ်ချင်လာခြင်း ကြွက်သားများ အားလျှော့ လာခြင်း သို့မဟုတ် ကြွက်သားများအား ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း အရက်မူး သကဲ့သို့ ဖြစ်ခြင်း မအီမသာနှင့် ပျို့ချင် အန်ချင်စိတ် ဖြစ်ခြင်း စကား မပြောနိုင်တော့ခြင်း လှုပ်ရှားရန် ခက်ခဲလာခြင်း အသိစိတ် ပျောက်ဆုံးခြင်း ဇဝေဇ၀ါ ဖြစ်ခြင်း အမြင်ေ၀၀ါးလာခြင်း မူးဝေခြင်း အစာအိမ် မအီမသာ ဖြစ်ခြင်းများ ဖြစ်ပါသည်။


GHB ၏ အာနိသင်များ
အာရုံ စူးစိုက်နိုင်ကြပါစေ။

Sunday, September 14, 2014

မော်လူး မှာ ည ၆ နာရီ နှင့် ၁၀နာရီကြား facebook ကိုအမြန်ဆုံးဖြစ်အောင်သုံးနည်း

မော်လူး မှာ ည ၆ နာရီ နှင့် ၁၀နာရီကြား facebook
ကိုအမြန်ဆုံးဖြစ်အောင်သုံးနည်း တကယ်မြန်တာဗျို့ ===




ကဲ မော်လူးသားတွေ နောက်ထပ် ၆ လ လောက်နဲ့

မော်လူးမှာ အင်တာနက် ကွန်နက်ရှင် ကောင်းလာနိုင်စရာမရှိပါ

ပိုဆိုးဖွယ်သာ ရှိပေမည်

ဒါကြောင် ကွန်နက်ရှင် မကောင်းချိန်မှာ

facebook နှင့် အခြား အရာများကို ကောင်းစွာ သုံးနိုင်ပါသည်
*************************

ကိုယ့်ကိုယ်ကို ဆရာကြီးလိုလို သဘာကြီးလိုလို ကယ်တင်ရှင်လိုလို

ယောင်ဝါးဝါး မေိာလူးသားများ ဆက်မဖတ်ပါနဲ့
မသိသေးရင်တော့ ဖတ်ပေါ့ဗျာ ခွင့်ပြုပါတယ်
***************************

အသုံးပြုနည်းက ဒီလိုပါ

facebook ကို facebook apk နဲ့ မသုံးဘဲ

ဘရောက်ဆာbrowser သုံးနည်းပါ


ဘရောက်ဆာ များစွာရှိပါသည် UC ဘရောက်ဆာ ကိုသုံးပါ


UC ဘရောက်ဆာတိုင်း အဆင်မပြေပါ

မြန်မာစာ ကို မှန်ကန်စွာ မမြင်ရပေ

စာရေးသူ လက်တွေ့စမ်းသပ် အင်္သုးပြုကြည့်ထားသော

UC ဘရောက်ဆာ 9.9.2 ကတော့ အဆင်ပြေပါ၏

သုံးစွဲသူ များ စမ်းကြည့်ပါ တကယ်မြန်ပါတယ်

အလိုရှိသူများ


ဒီမှာ


 ဒေါင်းလိုက်ပါ


လူလည်ကျလိုလျှင် ဖုန်းဆိုင်မှာ ucဘရောက်ဆာ 9.9.2ကို

သွားထည့်ခိုင်းလိုက်ပါ

သိသလောက် အကုန်မျှဝေပါသည်။


adm kmk (mdy)

Saturday, September 13, 2014

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦးမှ၂။ သုပ္ပဗုဒ္ဓ

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ (၅)ဦးမှ၂။ သုပ္ပဗုဒ္ဓ
=============================================
မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။

၂။ သုပ္ပဗုဒ္ဓ
သုပ္ပဗုဒ္ဓသည် ဘုရားရှင် သိဒ္ဓတ္ထမင်းသား ဘဝက တော်စပ်ခဲ့ရသည့် ယောက္ခမ သကျသာကီဝင် မင်းမျိုးဖြစ်၏။ ဒေဝဒတ်နှင့် ယသော်ဓရာတို့၏ အဖေ၊ သိဒ္ဓတ္ထမင်းသား၏ ဦးရီးတော်လည်း ဖြစ်၏။ သုပ္ပဗုဒ္ဓသည် တူတော်သိဒ္ဓတ္ထမင်းသာ ဘုရားအဖြစ်ကို ရောက်ပြီးနောက်ပိုင်း သမီးတော် ယသော်ဓရာကို ထားခဲ့သည့် အကြောင်း၊ သားတော် ဒေဝဒတ်၏ ရန်သူအရာ၌တည်ခဲ့သည့် အကြောင်း၊ မိမိထက်ငယ်ရွယ်သူ တူတော်မောင် တစ်ယောက်အပေါ် ရိုသေလေးစားမှု မပြုလိုသည့်အကြောင်း စသည့်အကြောင်းများဖြင့် ဘုရားရှင်အပေါ် ရန်ငြိုးထားသူ ဖြစ်သည်။ တစ်နေ့တွင် ဘုရားရှင်ကြွတော်မူရာ လမ်းကိုပိတ်ပင်တားဆီး၊ ဘုရားရှင်တို့၏ ခရီးလမ်းကို နှောက်ယှက်ဖျက်ဆီးသည်ကို အကြောင်းပြု၍ ဘုရားရှင်က ဦးရိးတော်သည် ဤအကုသိုလ်ကြောင့် (၇)ရက်လွန်သည့်အခါ ပြဿဒ်ခြေရင်း လှေခါးရင်းတွင် မြေမျိုခံရမည် ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအကြောင်းကို သုပ္ပဗုဒ္ဓ ကြားသိသည့်အခါ မြတ်စွာဘုရားစကား မမှန်အောင်နေပြီး မုသာဝါဒဖြင့် စွပ်စွဲမည်ဟု နှလုံးပိုက်ကာ ဘုံ(၇)ဆင့်ရှိသည့် ပြဿဒ်ထက်ဝယ် နေခဲ့လေ၏။ သို့သော် (၇)ရက်မြောက်သည့်နေ့တွင် ရှင်ဘုရင်၏ မင်္ဂလာစီးတော်မြင်း၏ မြည်ဟီးကာ သောင်းကျန်းနေသည်ကို အကြောင်းပြုပြီး စီးတော်မြင်အား တားဆီးရန် သတိလက်လွတ်ဖြင့် ပြဿဒ်ထက်မှ ဆင်းသက်မိရာက လှေကားခြေရင်းတွင် မြေမျိုကာ အဝီစိငရဲသို့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ဘုရားရှင်တို့၏ စကားတော်သည် လွဲချော်ရိုးထုံးစံမရှိသည့်အလျောက် (၇)ရက်မြောက်လျင် မြေမျိုခံရမည့် သုပ္ပဗုဒ္ဓ္ပသည်လည်း မဖြစ်မနေ အကြောင်းဖန်ကာ မြေမျိုသေဆုံးခဲ့ခြင်း ဖြစ်သည်။

K.K(ကနောင်

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ

ဗုဒ္ဓလက်ထက် အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ
======================================
မိလိန္ဒပဥှပါဠိတော် (၁၀ဂ)တွင် ဂေါတမဘုရားရှင် သာသနာတော်အတွင်း၌ အရှင်လတ်လတ် မြေမျိုခံခဲ့ရသူ ငါးဦးရှိကြောင်း ဖော်ပြထား၏။ ထိုငါးဦးမှာ
(၁) စိဉ္စမာဏ
(၂) သုပ္ပဗုဒ္ဓ
(၃) အရှင်ဒေဝဒတ်
(၄) နန္ဒကဘီလူး
(၅) နန္ဒလုလင် တို့ပင် ဖြစ်သည်။

၁။ စိဉ္စမာဏ

စိဉ္စမာဏသည် ဘုရားလက်ထက် တိတ္တိဆရာကြီးများ၏ စေခိုင်းမှုကြောင့် မြတ်စွာဘုရားရှင်အား အမျိုးမျိုး စွပ်စွဲခဲ့သူ ဖြစ်သည်။ စိဉ္စမာဏသည် မြတ်ဗုဒ္ဓအား လူအများ အထင်လွဲမှားစေရန် ရည်ရွယ်၍ ညနေချမ်းလူများ မြင်ရချိန်တွင် ဘုရားကျောင်းတော်အတွင်း ဝင်သွားပြီး မနက်စောစော လူအများကျောင်းကို လာချိန်တွင် ဘုရားကျောင်းတော်မှ ပြန်ထွက်လာဟန် ပြုမူနေထိုင်ခဲ့ပြီး အတော်အတန် ကြသည့်အခါ ရဟန်းဂေါတမနှင့် ကိုယ်ဝန်ရသည့် ပုံစံဖြင့် မိမိဝမ်းဗိုက်တွင် ပြင်ချပ်ချည်ကာ တရားဟောနေသည့် ဘုရားရှင်အား တရားနာပရိတ်သတ်ကြားတွင် စွပ်စွဲလေ၏။ မြတ်ဗုဒ္ဓက မေတ္တာတရားဖြင့်သာ နေတော်မူချိန် နတ်သားလေးယောက်တို့က ကြွက်ယောင်ဖန်းဆင်းပြီး စိဉ္စမာဏ၏ ကိုယ်ဝန်အတုကို ကိုက်ဖြတ်ကာ အမှန်ကို ဖော်ထုတ်ပေးခဲ့သည်။ ထိုအခါမှသာ တရားနာပရိတ်သတ်များလည်း အမြင်ရှင်းကာ ထိုအမျိုးသမီးအား ရိုက်ပုတ်ပြီး ကျောင်းအပြင်သို့ နှင်ထုတ်လိုက်ကြလေသည်။ စိဉ္စမာဏသည် ဘုရားရှင် မျက်ကွယ်သို့ ရောက်သည့်ခဏမှာပင် မြေမျိုခံခဲ့ရလေတော့သည်။ အဝီစိငရဲမှ မီးလျှံများသည် စိဉ္စမာဏအား ရစ်ပတ်၍ အဝီစိငရဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။

K.K(ကနောင်

Friday, September 12, 2014

အထူး ပရိုမိုးရှင်းးးပါတဲ့ ခင်ဗျာ.....

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ ငွေဖြည့်ကတ်အထူး
ပရိုမိုးရှင်းအနေနဲ့ GSM နဲ့ WCDMA တွေ ( စက်တင်ဘာ ၁၃| ၁၄ ရက် ) တွေမှာငွေဖြည့်သွင်းရင်
ကျပ်ငါးထောင်တန် ငွေဖြည့် ကတ်အတွက် အပိုငွေ ၂၀၀၀ကျပ်နဲ့ ငွေကျပ်တစ်သောင်းတန်ဆိုရင် အပိုငွေကျပ်ခြောက်ထောင်ပေးမှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၄ ရက်ကနေ ၁၂ ရက်နေ့အတွင်းငွေဖြည့်သူတွေကိုပေးတဲ့ အပိုနှုန်းထက် နှစ်ဆတိုးမြှင့်ပေးခဲ့ပါသေးတယ်
အဆိုပါအပိုငွေ ကို စက်တင်ဘာ ၃၀ ရက်နေ့အထိအသုံးပြုနိုင်မယ်လို့
သိရပါတယ်။

Author ရဲလင်းလင်းသန်း

facebook မှာ တွေ့လို့ share လုပ်လိုက်တာပါ......

mawlu news 12.9.14




ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း စတင်
မော်လူး ၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့က စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း ကွန်ကရစ်လမ်းခင်းနိုင်ရန်အတွက် လမ်းမြေသား ညှိခြင်းလုပ်ငန်းကို သြဂုတ်လကဆောင်ရွက်ခဲ့ပြီး ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်းကို ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်း  အင်းတော်မြို့အထွက်မှ နဘားလမ်းခွဲအထိ ၁ မိုင် ၁ ဖာလုံ၊ နဘားလမ်းဆုံ ၁ မိုင်၊ မိုင်တိုင်အမှတ် ၁၄၄/၆ (နဘားမှ ပင်ဝယ်ထိ) ၅ မိုင် ၄ ဖာလုံ စုစုပေါင်း ၇ မိုင် ၄ ဖာလုံ အထိ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကွန်ကရစ်လမ်း၏ အကျယ်မှာ ၁၈ ပေ၊ အမြင့် ၉ လက်မရှိမည်ဖြစ်ကြောင်း၊ အထူးစီမံကိန်းကြီး အဖွဲ့ (၁)မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ခွင့်ပြုရံပုံငွေ ကျပ်သန်း ၂၆၀၀ ဖြစ်ကြောင်းတို့ကို ကွန်ကရစ်ခင်းခြင်း ဆောင်ရွက်နေသည့် အထူးစီမံကိန်းကြီး အဖွဲ့(၁) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကျေးရွာချင်းဆက် လမ်းတံတား အဆင့်မြှင့်တင်ရန် တာဝန်ရှိသူများမှ ကွင်းဆင်း တိုင်းတာ ဆောင်ရွက်
မော်လူး၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်တော်မြို့နယ်၊ မော်လူးဒေသတွင် ကျေးရွာချင်းဆက်လမ်းတံတားများ အဆင့်မြှင့်တင်ရန်အတွက် အင်တော်မြို့နယ်မှ တာဝန်ရှိသူများ စက်တင်ဘာ ၁၀ ရက်နေ့က  ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်း တိုင်းတာ ဆောင်ရွက်ရာသို့ အင်တော်မြို့ ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုး၊ မြို့နယ်အထောက်အကူပြု ကော်မတီမှ ဦးချစ်ဆွေ၊ နမီးကျေးရွာ အုပ်စု၊ ဂွေ့ကြီးကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဝင်များ လိုက်ပါပြီး မော်လူး - ဂွေ့ကြီး (၂ - မိုင် )ကျေးလက်လမ်းကို အကျယ် ၁၂ ပေ၊ အမြင့် ၁ပေ ၉ လက်မအဖြစ် ကျောက်ချောလမ်းခင်းခြင်း၊  သက်ရင်းသာ- ဂွေ့ကြီး လေးတန်ချောင်းကူးတံတားအား ကမ်းကပ်ခုံ ဆောက်လုပ်ရန်၊ နမီးကျေးရွာ - ဂွေ့ကြီးကျေးရွာ မြေသားလမ်း (၈)မိုင် ဖောက်လုပ်ရန်နှင့် နမီးကျေးရွာ - ညောင်ပင်ဆိပ်ကျေးရွာ ချောင်းကူးတံတား(အရှည် ၂၀၀ ပေ၊ အကျယ် ၁၈ပေ၊ အမြင့် ၁၅ပေ) ဆောက်လုပ်ရန်တို့ကို  ကျေးလက်ဦးစီးဋ္ဌာနသို့ တင်ပြတောင်းဆိုနိုင်ရေးအတွက် ကွင်းဆင်တိုင်းတာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

အင်းတော်မြို့ သို့ ခရီးသွားမည့်သူများးးး သတိထားနိုင်ကြစေဖို့ ..........

ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများအား အရေးယူဆောင်ရွက်ခြင်းပြုလုပ်
အင်းတော်၊ စက်တင်ဘာ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့နယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူများအား နေ့စဉ်ရုံးဖွင့်ရက်တိုင်း အရေးယူဆောင်ရွက်လျှက်ရှိကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က သိရသည်။
" ကျွန်တော်တို့ အင်းတော်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့ လမ်းညွှန်မှုနဲ့ ယာဉ်ထိန်းရဲ၊ မြို့နယ်စည်ပင်၊ မစက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ဒေသအရံမီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူတွေကို အရေးယူဆောင်ရွက်နေတာပါ။ အဓိကကတော့ မော်တော်ဆိုင်ကယ် စီးနင်းရာမှာ ဆိုင်ကယ်စီးဦးထုပ် မဆောင်းတာ၊ ယာဉ်မောင်းလိုင်စင် မရှိပဲ မောင်းနှင်တာ၊ လမ်းစည်းကမ်း မလိုက်နာတာတွေကို အရေးယူဆောင်ရွက်နေတာပါ။ စကတင်ဘာ ၁၁ ရက်နေ့ ဒီနေ့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာတဲ့ မော်တော်ဆိုင်ကယ် ၂၃ စီးကို မော်တော်ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများကို ပုဒ်မ ၂၂ အရ အရေးယူပြီး ဒဏ်ငွေ ၁၅၀၀ ကျပ်၊ ယာဉ်မောင်းလိုင်စင် မပါသူတွေကို ပုဒ်မ ၂၁ အရ အရေးယူပြီး ဒဏ်ငွေ ၅၀၀ ကျပ် ဒဏ်ငွေ ဆောင်ရပါတယ်။ ဒဏ်ငွေကိုတော့ တရားရုံးမှာ သွားဆောင်ရတာပါ။ ကျွန်တော်တို့ ဒီလို ရုံးဖွင့်ရက်တိုင်း အရေးယူဆောင်ရွက်နေခြင်းဟာ မော်တော်ယာဉ် မောင်းနှင်သူတွေ၊ မော်တော်ဆိုင်ကယ် စီးနင်းသူတွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာလာအောင်နဲ့ ယာဉ်အန္တရာယ် ကင်းရှင်းစေဖို့ ရည်ရွယ်ပါတယ်" ဟု အင်းတော်မြို့မှ ယာဉ်ထိန်းရဲတပ်ကြပ်ကြီး စန်းယုအောင်မှ ပြောပြသည်။
kms

Thursday, September 11, 2014

♪ Video Call ပါခေါ်လို့ရလာပြီဖြစ်တဲ့ Viber v5.0.0.4083 APK (11-Sept) ♫

ဒီနေ့ Sept-11 ရက်နေ့မှာဘဲ Viber နောက်ဆုံးထွက် Version လေးထွက်လာပါပြီဗျာ။ ဆန်းပြားတဲ့အသွင် သစ်များအပြင် Video Call ပါပါဝင်လာပြီဆိုတော့ လုံးဝကိုလန်းသွားပါပြီ။ အသွင်အပြင်တွေကလည်း အရင် Version အဟောင်းတွေနဲ့မတူဘဲ ပြောင်းလဲသွားပါပြီ။ Sticker အသစ်တွေလည်းပါဝင်လာပါပြီ။ အောက်က Link မှာသာဒေါင်းယူသွားကြပါဗျာ


ဒီမှာ



ဒေါင်းလိုက်ပါ

ကိုယ်ကမှန်နေသော်လည်း တစ်ခြားသူက မှားနေတာ မဟုတ်ပါဘူး တစ်ခါတစ်လေ မိမိကိုယ်ကိုယ်..

ကိုယ်ကမှန်နေသော်လည်း တစ်ခြားသူက မှားနေတာ မဟုတ်ပါဘူး

တစ်ခါတစ်လေ မိမိကိုယ်ကိုယ် မှန်နေတယ်လို့ ထင်လိုက်တိုင်း တစ်ခြားသူတွေရဲ့ လုပ်ရပ်တွေကို မှားနေတယ်လို့ ထင်မြင်မိကြတယ်။ တကယ်တော့ တစ်ခြားတစ်ဖက် အပေါ်ကို မငှဲ့ကွက်ဘဲ မိမိအတွက်သာ စဉ်းစားလိုက်တဲ့ အချက်တစ်ခုသာ ဖြစ်ပါတယ်။

ဒါကြောင့် ပြဿနာတစ်ခု ရှိတိုင်း သူ့ဘက်ရော ကိုယ်ဘက်ပါ ညီမျှအောင် စဉ်းစားမှသာ အကောင်းဆုံးနဲ့ နည်းလမ်းအမှန်ဆုံး အဖြေတစ်ခုကို ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မိမိဘက်ကိုပဲ စဉ်းစားနေတယ် ဆိုရင် ဘယ်လောက်ပဲ မှန်နေမှန်နေ တရားမျှတသော ဆုံးဖြတ်ချက် တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် မိမိရဲ့ ဆုံးဖြတ်ချက်သည် အကောင်းဆုံးနဲ့ နည်းလမ်း အမှန်ဆုံး ဖြစ်အောင် တစ်ခြားတစ်ဖက်ကိုပါ ကြည့်၍ ထည့်သွင်း စဉ်စားစေချင်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး

Wednesday, September 10, 2014

ပရိဘောဂ လုပ်ငန်းရှင်များအား မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်းရှိ
ပရိဘောဂလုပ်ငန်းရှင်များ၏ လုပ်ငန်းရုံများသို့ မော်လူးကျေးရွာ
အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ စက်တင်ဘာ ၁၀ ရက် နေ့ ၁၂
နာရီအချိန်က လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေသတွင်းရှိ ပရိဘောဂလုပ်ငန်းရှင်များ လုပ်ငန်းလိုင်စင်
လျှောက်ထားခြင်းရှိမရှိ၊ တစ်ပေထက်ကျော်သည့် ပြန်စိတ် လွှဝိုင်းများ
တပ်ဆင်အသုံးပြုနေခြင်းရှိမရှိ၊ နိုင်ငံတော်မှ တားမြစ်ထားသည့် ကျွန်း၊
တန်မလန်းသစ်များ အသုံးမပြုရန်နှင့် တစ်ပေထက်ကျော်သည့်
ပြန်စိတ်လွှဝိုင်းများ တပ်ဆင်အသုံးမပြုရန်များကို
ပရိဘောဂလုပ်ငန်းရှင်များထံမှ ဝန်ခံကတိ လက်မှတ်များ ရေးထိုးစေခဲ့ကြောင်း
သိရသည်။ အဆိုပါ ဒေသတွင်း ပရိဘောဂလုပ်ငန်းရှင်များ၏ အလုပ်ရုံများသို့
လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ရာသို့ မော်လူးကျေးရွာ အုပ်စု
အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်နှင့်အတူ ကျေးရွာများမှ
အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသတွင်း အရံမီးသတ် တပ်ဖွဲ့ဝင်များ
လိုက်ပါ ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်

တရားဝင်သစ်အသုံးပြု နိုင်ရန်

သစ်ခွဲသားအရောင်းဆိုင်  မေိာလူးတွင် လိုအပ်ပါသည်


မ်ာလူး စည်ပင်သာယာဈေးသို့ မြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး စည်ပင်သာယာဈေးသို့
အင်းတော်မြို့နယ် စည်ပင် ဦးစီးအရာရှိ ဦးအေးမင်းထွန်းနှင့်
အဖွဲ့ဝင်များမှ စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီအချိန်က ကွင်းဆင်း ကြည့်ရှု
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ် စည်ပင်ဦးစီးအရာရှိ
ဦးအေးမင်းထွန်း၊ မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်
စည်ပင်ဈေး တာဝန်ခံ ဦးတင်မောင်အေး၊ ဈေးခေါင်း ဦးကံမောင်၊ မော်လူး
စည်ပင်သာယာဈေး ဈေးခေါင်း ဦးအောင်ကြူးတို့သည် မော်လူး
စည်ပင်သာယာဈေးအတွင်း ဈေးသူဈေးသားများနှင့် တွေ့ဆုံပြီး
ဈေးသူဈေးသားများ ရောင်းချရာတွင် အသုံးပြုသည့် အလေးချိန်ခွင်
မှန်ကန်မှုရှိမရှိ၊ သားငါးများ သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း
ရောင်းချပေးခြင်းရှိမရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်

မော်လူး  ကျေးရွာတွင်း  အမှိုက်များ  စွန့်ပစ်ရာတွင်
အဆင်ပြေစေရန်အတွက်တော့  ဆောင်ရွက်သွားခြင်း
မရှိကြောင်းသိရ။

ရွာချင်းဆက် လမ်းမပေါ်ရှိ တံတားအား ကွန်ကရစ်တံတားအဖြစ် ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးမှ
လေးတန်းရိုးကျေးရွာများသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းမပေါ်ရှိ
တံတားအား ကွန်ကရစ်တံတားအဖြစ် စက်တင်ဘာ ၅ ရက်နေ့က စတင်ဆောင်ရွက်နေကြောင်း
သိရသည်။
အဆိုပါ ကွန်ကရစ်တံတား၏ အရှည် ၁၈ ပေ၊ အကျယ် ၇ ပေခန့်ရှိပြီး
စည်ပင်နယ်နမိတ်အတွင်းရှိသည့် တံတားဖြစ်သဖြင့် အင်းတော်မြို့နယ်
စည်ပင်ဦးစီးဋ္ဌာနမှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ
ကွန်ကရစ်တံတား ဆောက်လုပ်နေမှုကို စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ခန့်က
အင်းတော်မြို့နယ် စည်ပင်ဦးစီးအရာရှိ ဦးအေးမင်းထွန်း၊ မြို့နယ်
စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်၊ အင်းတော်မြို့ စည်ပင်ဈေးတာဝန်ခံ
ဦးတင်မောင်အေး၊ အင်းတော်မြို့ စည်ပင်သာယာဈေး ဈေးခေါင်း ဦးကံမောင်၊
မော်လူး စည်ပင်သာယာဈေး ဈေးခေါင်း ဦးအောင်ကြူးနှင့် စည်ပင်သာယာဈေး
ကော်မတီဝင်များမှ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
မော်လူးဒေသ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ အခြားတံတားများကိုလည်း
ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် အစီအစဉ်ရှိကြောင်းလည်း
သိရသည်။

ကျေးရွာမှ  တာဝန်ရှသူများကလည်း  တံတာအဆငိ့မီ ခိုင်ခန့်ရန်  ကြပ်မှတ်သင့်ဘာကြောင်း

တက္ကသိုလ်ဝင်တန်း စာမေးပွဲအစား အခြေခံပညာ အထက်တန်းစာမေးပွဲဟု အမည်ပြောင်းရန် စီစဉ်..


The Voice Weekly's Facebook Wall

တက္ကသိုလ်ဝင်တန်း စာမေးပွဲအစား အခြေခံပညာ အထက်တန်းစာမေးပွဲဟု အမည်ပြောင်းရန် စီစဉ်

ရန်ကုန်၊ စက်တင်ဘာ ၉

အဆင့်မြင့်ပညာ တက္ကသိုလ်များ ဝင်ခွင့်အတွက် ဖြေဆိုရသော တက္ကသိုလ်ဝင်တန်း စာမေးပွဲ နေရာတွင် အခြေခံပညာ အထက်တန်းစာမေးပွဲဟုသာ ပြောင်းလဲခေါ်ဆိုရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများ စီစဉ်နေကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန (အထက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဝင်းက The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲစနစ် ပြောင်းလဲရန် ဆွေးနွေးမှုများ ပြုလုပ်နေဆဲဖြစ်၍ အကောင်အထည် ဖော်မည့် နှစ်ကိုမူ မထုတ်ပြန်နိုင်သေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ ပညာရေးနယ်ပယ် တက္ကသိုလ် ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးကမူ အဆိုပါ နာမည် အပြောင်းအလဲကို လာမည့် ၂၀၁၅ ခုနှစ်မှစ၍ ပြောင်းလဲနိုင်ဖွယ် ရှိကြောင်း ပြောဆိုသည်။

“အတည်ပြုချက်တော့ မရှိသေးဘူး။ တချို့လည်း ဆွေးနွေးနေတုန်းပဲ။ မပြီးပြတ်သေးပါဘူး” ဟု ဒေါက်တာစိုးဝင်းက The Voice သို့ ရှင်းပြသည်။

ယင်းမှာ ပညာရေး ဝန်ကြီးဌာနက တက္ကသိုလ် စာမေးပွဲစနစ် ပြောင်းလဲရန် ကနဦး အစီအစဉ်အဖြစ် စတင်ခြင်း ဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်း စာမေးပွဲအဖြစ် ပြောင်းလဲခြင်းကြောင့် အထက်တန်း ပြီးဆုံးသူများသည် ကြိုက်နှစ်သက်ရာ တက္ကသိုလ်တိုင်းကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုကာ တက်ရောက်နိုင်မည် ဖြစ်ကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ပညာရေး ဝန်ကြီးဌာနက ပြုလုပ်သော ပညာရေး ဆွေးနွေးပွဲများတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် အခြေခံပညာ အထက်တန်းစာမေးပွဲ အသုံးအနှုန်းတို့ကို ပြောင်းလဲရန် အချေအတင်ဝေဖန် ထောက်ပြလေ့ရှိပြီး လက်ရှိအချိန်ထိ သဘောတူညီချက် မရနိုင်သေးကြောင်း အခြေခံပညာ အသိုင်းအဝိုင်းထံ စုံစမ်းသိရှိရသည်။

သို့သော် လက်ရှိ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားပြီးသော အမျိုးသားပညာရေး ဥပဒေတွင် တက္ကသိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာ တက္ကသိုလ်များ၏ သတ်မှတ်ချက်အလိုက် ရွေးချယ်လက်ခံသောစနစ် ပြောင်းလဲရန် ထည့်သွင်းထားသည်။


Admin  kmk

Monday, September 8, 2014

ကူညီပါရစေ...

"ဝယ်ပေးပါဦး အစ်ကိုရာ အကူအညီတောင်းတာပါ...။ ဘာမှမပါပဲ သက်သက်အကူအညီ တောင်းတာမျိုးဆို မကောင်းဘူးလေ...။ အခု ဒီပုံလေးတွေက အပြင်မှာဆို တစ်ထောင်လောက်ပေးရမှာပေါ့.... ကျနော်တို့က တစ်ထောင့်ငါးရာဆိုတော့ များတော့များတာပေါ့ အစ်ကိုလေးရာ ... ဒါပေမယ့် များနေတဲ့ ငွေငါးရာနဲ့ ကျနော်တို့ မိသားစုတွေကို ထောက်ပံ့ပေးတယ် ကူညီပေးတယ်လို့ တွေးပါဗျာ...။" ကျနော့်ရှေ့မှ စစ်ယူနီဖောင်း ဝတ်ထားသည့် စစ်သားမှ ကျနော့်ကို ဘုရားပုံတော်များ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံများကို ပြသပေးရင်း ပြောနေခြင်းပါ။ ကျနော် ဘာမှပြန်မပြောဖြစ် ... ဒီလိုမျိုးတွေက ခဏခဏကြုံနေရတာ မဟုတ်လား။ ၂၀၁၀ ခုနှစ် မတိုင်မီကတော့ ယခုလိုပုံစံမျိုး မဟုတ်ပါချေ။ ယူနီဖောင်းဝတ် စစ်သားတွေ ရွာခံ ဥက္ကဋ္ဌ ဒါမှမဟုတ် ဆယ်အိမ်ခေါင်းကို ခေါ်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် မဝယ်မနေရဆိုတဲ့ ပုံစံမျိုးဖြင့် မျက်နှာထားခပ်တင်းတင်းနဲ့ အတင်းရောင်း အတင်းဝယ်ခိုင်းခဲ့ကြတာပါ။ မှတ်မှတ်ရရ ကျနော့်အမေနဲ့ ဒီလို ဘုရားပုံတွေ လာရောက်ရောင်းချတဲ့ စစ်သားကြီးတစ်ဦး စကားများဘူးသည်။ ထိုအချိန်က စစ်သားကြီးက အမေ့ကို လက်ညှိုးငေါက်ငါက်ထိုးပြီး အသံခပ်မာမာဖြင့် "ဒီမှာဗျ.... ခင်ဗျားတို့ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့အတွက် ကျုပ်တို့က အသက်စွန့်ပြီး တိုင်းပြည်တာဝန် ထမ်းဆောင်ခဲ့တာ ... တိုက်ပွဲမှာ ဒဏ်ရာရလို့ ခြေလက်မျက်စိတွေ စွန့်ရသူက စွန့်ရ အသက်သေတဲ့သူကသေနဲ့ ... ဒီလောက် ခင်ဗျားတို့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးခဲ့တာတောင် ခင်ဗျားတို့က ဒီလောက်လေး ကူညီပေးရတာကို မကူညီပေးနိုင်ဘူးလား...."ဆိုပြီး ပြောသွားပါတယ်။ ပြောရက်လေခြင်း..... အခုအချိန်မှာ ပြန်တွေ့လို့ မေးခွင့်ရှိရင် မေးကြည့်လိုက်ခြင်စမ်းပါဘိ။ "ကျနော်တို့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ ဟုတ်စ.... သေချာမှလည်း ပြောပါဗျာ.... ခင်ဗျားတို့ ရှေ့တန်းထွက်ရင် ပစ္စည်းတွေ သယ်ပိုးပို့ဖို့ ဘယ်သူ့တွေကို ပေါ်တာဆွဲခဲ့သလဲ... နောက်ပြီး ခင်ဗျားတို့က တိုင်းပြည်ရန်ကို ကာကွယ်နေတာရော ဟုတ်လို့လား ... တိုင်းရင်းသား အချင်းချင်း တိုက်ခိုက်နေကြတာ မဟုတ်လား ...။ ခင်ဗျားတို့ကြောင့် မြေစာပင် ဖြစ်ခဲ့ကြရတာ ဘယ်သူတွေလဲ .... ခင်ဗျားတို့ ငြိမ်းငြိမ်းချမ်းချမ်းနေစေချင်ပါတဲ့ ဆိုတဲ့ ပြည်သူတွေမဟုတ်လား..." ဆိုပြီးတော့လေ။ ကျနော်တို့ အထက်မြန်မာပြည်ဘက်က နယ်မြေတွေမှာ ပြည်သူတွေဟာ အေးအေးချမ်းချမ်း မနေခဲ့ရပါဘူး။ မငြိမ်းချမ်းတဲ့ကာလမှာ စစ်တပ်က ပေါ်တာဆွဲတယ်။ စစ်တပ် လုံခြုံဖို့အတွက် နယ်ခံတွေက စစ်တပ်ကို ခြံစည်းရိုးတွေ ကာပေးရ၊ ဝါးတွေချွန်ပြီး ညှောင့်သွားစိုက်ပေးရ... မီးရထားလမ်း ကားလမ်းလုံခြုံရေးအတွက်ဆိုပြီး ညကင်းစောင့်ရတာမျိုးတွေ လုပ်ပေးခဲ့ရတာပါ။ ပြည်သူဆိုတာက စစ်တပ်ခြံစည်းရိုး ကာခိုင်းရင် သွားကာပေးရတာပါပဲ။ ညကင်းစောင့်ဆိုတော့လည်း စောင့်ကြရတာပါပဲ။ ပြည်သူတွေ ညကင်းစောင့်ဆို စောင့်ရုံကလွဲပြီး ဘာလုပ်နိုင်မှာလဲ ဝေးဝေးရောက်အောင် ပစ်နိုင်တဲ့ လက်နက်ဆိုလို့ လေးခွလောက်သာရှိတဲ့ ပြည်သူတွေပါ။ တကယ်ဖြစ်လာရင် ဟိုဘက်က သေနတ်နဲ့ပစ် ... လက်ပစ်ဗုံးနဲ့ ထုလိုက်မှာလေ...။ ညကင်းစောင့်ချိန်မှာ သူတို့ စစ်သားတွေ ကင်းစစ်လာလို့ ကင်သမားတွေ အိပ်နေတာတွေ့ရင် ရိုက်နှက်ကန်ကျောက် ဟိန်းဟောက်ဆဲဆိုခြင်းတွေလည်း ခံကြရတာပါပဲ။ ပြီးတော့ ရပ်ရွာလုံခြုံရေးအတွက် ဆိုပြီး စစ်သင်တန်းတွေ ပို့ချတော့လည်း ကိုယ့်စားဝတ်နေရေးအတွက် ကုန်းရုန်းရှာဖွေနေရတဲ့ကြားက စစ်သင်တန်း တက်ကြရပြန်ရော။ သြော်.... ကျနော်တို့ပြည်သူတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့ သူတို့တွေ အသက်စွန့်ပြီး တိုင်ပြည်တာဝန် ထမ်းနေကြလို့သာပေါ့....။ အသက်မစွန့်ပဲ တိုင်းပြည်တာဝန်ထမ်းနေတာဆိုရင်တော့ ကျနော်တို့ ပြည်သူတွေအတွက် မတွေးဝံ့စရာပါ...။  မကူညီပေးချင်ဘူးလား...ဟုတ်စ... ကူညီပေးချင်တာပေါ့ဗျာ.... ကျနော်တို့ လူမျိုးတွေဟာ စာနာတတ်တဲ့ သနားတတ်တဲ့ သူတစ်ပါးကို ကူညီတတ်တဲ့ လူမျိုးတွေပါ..... ခက်တာက ခင်ဗျားတို့လို အကူအညီလိုနေတဲ့ လူတွေက နည်းမှမနည်းတာ တစ်ဖွဲ့ရောက်လာပြီး ဆယ်ရက် မကြာဘူး နောက်ထပ်တစ်ဖွဲ့ ထပ်ရောက်လာပြန်ရော ... သူတို့ကလည်း ခပ်မာမာနဲ့ အကူအညီတောင်းပြန်တော့ ... ကျနော်တို့ တောသူတောင်သားတွေ ဘယ်တတ်နိုင်ပါတော့မလဲ.... ပထမအဖွဲ့က ဘုရားပုံတွေရောင်းသွားရင် နောက်တစ်ဖွဲ့က စာအုပ်တွေ ရောင်းပြန်ရော.... ရောင်းတာတော့ ဟုတ်ပါပြီ....ဈေးနှုန်းကိုလည်း ကြည့်ပါဦး အပြင်မှာ ၂၀၀ လောက်တန်တဲ့ စာအုပ်ကို ၁၀၀၀ ကျပ်နဲ့ ရောင်းလိုရောင်း ... အပြင်မှာ ၅၀၀ ကျပ်လောက်ပေးရတဲ့ ဘုရားပုံတော်ကို ၁၅၀၀ / ၂၀၀၀ ကျပ်နဲ့ ရောင်းလိုရောင်းဆိုတော့ မခက်ဘူးလားဗျ။ အကူအညီက သူတို့တွေသာ လိုနေတယ်ထင်နေကြတာ .... ကျနော်တို့ ပြည်သူတွေလည်း အကူအညီလိုနေတာပဲဆိုတာ မတွေးမိကြပုံပါပဲ...။
တကယ်တမ်းပြောရရင် ကျနော်ငယ်ငယ် ကလေးဘဝက စစ်သားအလွန်ဖြစ်ချင်ခဲ့တာပါ။ ကြားဘူးတဲ့ သီချင်းလေးတစ်ပုဒ်တောင် မှတ်မိပါသေးရဲ့ " မေရယ်.... အထင်တော့ မလွဲလိုက်နဲ့ ဦး စာလွှာများ မရောက်လာခဲ့ရင် မောင့်အပေါ်မှာ မငြိုငြင်ပါနဲ့လေ.... အစ်ကိုလို စစ်သားဘဝက ချစ်သူကို လွမ်းဖို့ရာ တစ်ခါတစ်လေ အချိန်တော့ မပေးနိုင်ပါ.... တောတောင်ကို ကျော်ကာဖြတ်လို့ ကျောပိုးအိတ်ကိုလွယ်ကာ ဒါတွေကို တောင်ပြာတန်းက အသိဆုံးပါ မေရယ်...." ဆိုတဲ့ သီချင်းပေါ့။ နောက်တစ်ခုက မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို အားကျတာလည်း ပါတာပေါ့လေ....။ ဒီလို ငယ်ငယ်က စိတ်ကူးတွေ ပထမဆုံး အရောင်မှိန်သွားခဲ့စေတာက ကျနော် ခြောက်တန်းကျောင်းသားနှစ်ကပါ။ ကျနော်ဟာ ကျောင်းကို ၂ မိုင်လောက်ဝေးတဲ့ နေရာကနေ စက်ဘီးလေးနဲ့ ကျောင်းတက်ရတဲ့ ကျောင်းသားပါ။ တစ်ညနေ ကျောင်းဆင်းချိန်မှာ စက်ဘီးလေးနင်းပြီး ပြန်လာတော့ လမ်းမှာ ကျနော့်ရှေ့ကနေ စစ်သားတွေ တန်းစီပြီး သွားနေတာကို တွေ့ရတယ်။ စစ်ယူနီဖောင်း အပြည့်အစုံ၊ ကျောပိုးအိတ်တွေလွယ်ပြီး သေနတ်တွေ ထမ်းလို့ပေါ။ ကျနော်လည်း သူတို့ ဘေးနားကနေ စက်ဘီးလေးအသာနင်းပြီး ကျော်တက်တာပေါ.။ ပထမတစ်ယောက်၊ နောက်တစ်ယောက်၊ နောက်ထပ်တစ်ယောက်ကို ကျော်တက်တော့ "ဟေ့ကောင် .... ငါတို့သွားနေတာ မမြင်ဘူးလား ... မင်းရပ်နေခဲ့စမ်း..."ဆိုပြီး ကျနော့်ကို ဟောက်ပါတယ်။ ကျနော်လည်း ကြောက်ကြောက်နဲ့ စက်ဘီးပေါ်ကဆင်းပြီး ရပ်နေလိုက်ရပါတယ်။ ကြောက်ရတာပေါ့နော့။ သူတို့က သေနတ်ကြီးတွေနဲ့လေ စိတ်မထင်လို့ ပစ်လိုက်မှဖြင့် သေမှာပေါ့နော့။ အဲ့အချိန်က ကျနော့်စိတ်ထဲမှာ ဖြစ်သွားတဲ့ ခံစားလိုက်ရတဲ့ ခံစားချက်အတွေးကတော့ စစ်သားဆိုတာ ညှာတာမှု မရှိတဲ့သူတွေပါလားဆိုတဲ့ ခံစားချက်အတွေးမျိုးပါ။ ဆရာကြီး ရွှေဥဒေါင်း စကား ငှားသုံးရရင် ကျနော့်စိတ်ထဲမှာ ဆူးတစ်ချောင်း ပေါက်သွားတယ် ဆိုရမှာပါ။ နောက်ထပ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုက ကျနော် ရှစ်တန်းကျောင်းသားဘဝကပါ။ နွေရာသီ သင်္ကြန်ပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ပါ။ သင်္ကြန်အတွင်းမှာ ကျနော်တို့ရွာမှာက သင်္ကြန်သီချင်းတွေ၊ ခေတ်ပေါ်သီချင်းတွေ ဖျော်ဖြေတဲ့ မဏ္ဍပ်တစ်ခုရှိပါတယ်။ သိကြတဲ့အတိုင်း တီးဝိုင်းရှိတဲ့နေရာမှာ ရန်ပွဲဆိုတာကလည်း ရှိနေကြမဟုတ်လား။ အဲ့နေ့က မဏ္ဍပ်မှာ နေ့လည်ပိုင်းမှာ ရန်ပွဲလေးတွေ ဖြစ်ပြီး ဖျော်ဖြေမှုကို ရပ်လိုက်ရတဲ့ အထိ ဖြစ်သွားရပါတယ်။ ဒါပေမယ့် ကျနော်ဒေသမှာ တာဝန်ယူထားတဲ့ တပ်ရင်းမှူးက ဖျော်ဖြေရေးအစီအစဉ်ကို ဆက်ပြီး ဖျော်ဖြေခိုင်းပါတယ်။ သူကိုယ်တိုင်လာမယ်ဆိုတဲ့ သတင်းနဲ့အတူပါ။ ကံဆိုးချင်တော့ သူလာနေတဲ့ လမ်းကြောင်း ကျနော်တို့ အိမ်ရှေ့လမ်းမပေါ်မှာ လူသုံးယောက် စကားများပြီး စိန်ခေါ်နေကြချိန်နဲ့ တိုက်ဆိုင်သွားပါလေရော...။ စကားများနေတဲ့ လူသုံးယောက်ကို သူနဲ့အတူပါလာတဲ့ ရဲတွေ၊ စစ်သားတွေက သေနတ်တွေမောင်းတင်သံတွေနဲ့အတူ "ဟေ့ကောင်တွေ တစ်ယောက်မှ မလှုပ်နဲ့နော် အကုန်ပစ်သတ်ပစ်မယ်"ဆိုပြီး လက်မြှောက်ခိုင်းပြီး လမ်းမပေါ်မှာပဲ လက်တွေ ခေါင်းပေါ်တင် ဆောင့်ကြောင့် ထိုင်ခိုင်းထားပါတယ်။ နောက်ကပါလာတဲ့ အရပ်ထောင်ထောင်မောင်းမောင်း ဗလကောင်းကောင်းနဲ့ တပ်ရင်းမှူးက လမ်းဘေးမှာ ရှိနေတဲ့ တစ်ထောင်သာသာလောက်ရှိမဲ့ အဆစ်ပိတ်ဝါးကျစ်ကိုကိုင်ပြီး "မင်းတို့လားကွ ရန်ဖြစ်တဲ့ကောင်တွေ " ဆိုပြီး လက်တွေခေါင်းပေါ်တင်ပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ သုံးယောက်ရဲ့ ကျောပြင်တွေကို အားရှိအားကုန် လွဲလွဲပြီး ရိုက်လိုက်ပုံများ ရွာဦးကျောင်းက စည်ကြီးကို ကျနော်တို့ ငယ်ငယ်က သင်္ကန်းကိုကျစ်ထားတဲ့ ကြိုးကြီးနဲ့ လွဲလွဲရိုက်ရင် မြည်တဲ့အသံလိုပဲ ဗိန်းးးးဗိန်းးးးကြားရတော့တာ။ တစ်ယောက်ကို အနည်းဆုံး ငါးချက်စီလောက်ရိုက်ပြီး ရဲစခန်းကို ခေါ်သွားခိုင်းတော့တာပါ။ ကျနော့်စိတ်ထဲမှာ တော်တော်လေး ခံပြင်းသွားပါတယ်။ စကားများရုံများနေတဲ့ လူတွေကို သေနတ်နဲ့ချိန် လက်တွေခေါင်းပေါ်တင်ခိုင်း ဘာမှမေးမြန်းခြင်းမရှိပဲ ကျောပြင်ကို ဗြောအထင်နဲ့ ရိုက်နှက်သွားတာ လွန်လွန်းတယ်လို့ ခံစားရတာပါ။ သြော်..စစ်သားဆိုတာ အကြင်နာတရားမရှိတဲ့လူတွေ တော်တော်ရက်စက်တဲ့ လူတွေပါလားဆိုတဲ့ အတွေးနဲ့အတူ ဒုတိယ ဆူးတစ်ချောင်း ပေါက်လာရပြန်ပါတယ်။ နောက်ထပ်လည်း ကြုံတွေ့ရတာတွေရှိနေသေးပေမယ့် မရေးပြတော့ပါဘူး။ အဲ့အချိန်က သူတို့ လက်ညှိုးညွှန်ရာ ရေဖြစ်နေရတာလေ။ သူတို့က လက်ရှိ ကျနော်တို့ပြည်သူတွေက လက်မဲ့မဟုတ်လား။ သေနတ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တာ မိုးပေါ်ထောင်မပစ်ဘူးလို့ ပြောထားတယ်လေ...။ ဒီလိုနဲ့ ကျနော်တို့ပြည်သူတွေဟာ စစ်ဖိနပ်အောက်မှာ ပြားပြားဝပ်နေခဲ့တာပါ။
၂၀၁၀ ရွေးကောက်ပွဲကြီးပြီးလို့ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်လာချိန်မှာတော့ .... ငါတို့ပြည်သူတွေ ဒီမိုကရေစီရပြီဟဲ့ .... ဒါမျိုးတွေလွတ်ပြီ ကျွတ်ပြီဆိုပြီး တွေးထားပေမယ့် အရင်လို ခပ်မာမာ လေသံမဟုတ်ပဲ အပျော့ဆွဲလေသံနဲ့ .... "ကျနော်တို့က အကူအညီတောင်းတာပါ အစ်ကိုရာ ...ကျနော်တို့ စစ်မှုထမ်းဟောင်း မိသားစုတွေ အခက်အခဲတွေ့နေလို့ပါ ဆိုပြီး ပြောလာတာရယ် ... အရင်က ဘယ်တော့မှ မရောင်းဘူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်ပုံတွေပါလာတာရယ်ကြောင့် သြော်...တတ်လည်း တတ်နိုင်တဲ့ လူတွေပါလားလို့ပဲ တွေးမိပါတယ်။ သူတို့ဘက်က ကူညီပေးပါလို့ ပြောလာတော့လည်း ကျနော်တို့ပြည်သူတွေက ဘာသားနဲ့ ထုထားတာမို့ ခံနိုင်မှာလဲ... ဝယ်လိုက်ရပြန်တာပေါ့.... အပြင်မှာဆို သူတို့ရောင်းတဲ့ ပုံမျိုး အလွန်ဆုံးပေးရ ၈၀၀ ကျပ်ပေါ့...သူတို့ရောင်းတဲ့ စာရွက်သား ညံ့ညံ့နဲ့ စာအုပ်မျိုးတွေ အပြင်မှာ ပေးရ ၅၀၀ ကျပ်ပေါ့... ဘာပဲဖြစ်ဖြစ် သူတို့လေသံတွေ ပြောင်းသွားပျော့သွားတာ အပြောင်းအလဲပဲမဟုတ်လား။ အပြောင်းအလဲကို ကျနော်တို့ပြည်သူတွေ လိုချင်နေကြတာ မဟုတ်လား ...(သူတို့ အောက်ခြေက တပ်သားတွေရဲ့ဘဝတွေကလည်း အထက်က အဘတွေရဲ့ ဘဝနဲ့ မိုးနဲ့မြေ ကွားခြားလွန်းတယ်မဟုတ်လား) ကူညီပေးရမှာပေါ့ဗျာ... အပြောင်းအလဲလေ.... ကျနော်တို့မျှော်လင့်နေတဲ့ အပြောင်းအလဲ.... အရင်က တပ်မတော်သာ အမိ တပ်မတော်သာ အဖတဲ့... ဟော... အခုတော့ ပြည်သူသာ အမိ ပြည်သူသာ အဖဆိုပဲ.... အပြောင်းအလဲကို မျှော်လင့်နေတဲ့ ကျနော်တို့အတွက် ရဲစခန်းတွေရှေ့မှာ ရေးထားတဲ့ ဆိုင်းဘုတ် ကျနော်တို့ ပြည်သူတွေရဲ့ အိမ်တွေရှေ့မှာ ပြောင်းကပ်လိုက်ရင် ကောင်းမှာပါ... ဒါလည်း အပြောင်း အလဲ တစ်ခုပဲလေ... ဘာဆိုင်းဘုတ်လည်း  သိတယ်မဟုတ်လား ....."ကူညီပါရစေ..." ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ပေါ့။
ပျော်ရွှင် ချမ်းမြေ့ကြပါစေ.........
K.T.W.L

Sunday, September 7, 2014

ဆက်သွယ်ရေးက ကျပ်ငါးထောင်ထက်နည်းသည့် ငွေဖြည့်ကတ်များ ရောင်းချမည် ----

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းအသုံးပြုသူများအဆင်ပြေစေရန်အတွက် တန်ဖိုးနည်းငွေဖြည့်ကတ်များ ထုတ်လုပ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ယနေ့ တော်သလင်းလပြည့်နေ့ ဘုရားကြီးကျောင်း တရားပွဲ

တော်သလင်းလပြည့်နေ့ တရားပွဲစဉ်အမှတ်
(၁၀)ဓမ္မကထိကဆရတော်. အမရပူရမြို့ 
မဟာဂန္ဓာရုံကျောင်းတိုက်. စာချဆရာတော်
ဗဟုဇနဟိတဓရ. အရှင်ဣန္ဒာလောကာလင်္ကာရ  
ဓမ္မဒါနအလှူရှင် မော်လူးမြို့ (ဦးကောင်း)
ဒေါ်ခင်ဝင်း မိသားစု. ဒေါ်မူမူ. မဟာမိတ်မိ
သားစု ဒေါ်ထွေးမိသားစု   





အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား ဟူသည် = မှတ်သားစရာလေးမို့ တင်ပေးလိုက်တယ်



အင်း အိုင် ခါးလှည့် လက်ဖွဲ့ မန္တရား ဟူသည်
==============================
(၁) အင်း - အကွက်မှန်ချ၍ ဂဏန်းရေးသွင်းသော အရာဝတ္ထုကိုခေါ်ဆိုသည်။
(၂) အိုင် - အကွက်မှန်ချ၍ စ-ဓ-ဗ-၀ စသည် အက္ခရာ ရေးသွင်းထားသည့်အရာကိုဆိုသည်။
(၃) ခါးလှည့် - ရွှေပြား ငွေပြား ထန်းရွက် ပေရွက်စသည်တို့၌ စာတန်းရေး၍ ခါး၌ပတ်စည်း
ရသည့်အရာကိုဆိုသည်။
(၄) လက်ဖွဲ့ - အင်း အိုင် အပြားအချပ်ကိုလိပ်၍ ခေါက်၍ ကြိုးဖြင့်ဖွဲ့ဆောင်ရသောအရာကို ဆိုသည်။
(၅) မန္တရား - သြောင်း အစထား၍ ရွတ်ဆို မန်းမှုတ်ရသောအရာ၊
ဥပမာ "သြောင်း ဒူရေ ဒူရေ သွာဟ" စသည်မျိုး။
(၆) မန္တာန် - ဥုံ= အစခံ၍ ရွတ်ဆိုမန်းမှုတ်ရသည့်အရာမျိုး၊
ဥပမာ- "ဥုံ စွာရတီကျ မေ မာတာ" စသည်။
(၇) ဂါထာ - ဥုံ သြောင်း မပါသော ရွတ်ဆိုမှု။
ပရိတ်ကြီး(၁၁) သုတ်-သမ္ဗုဒ္ဓေဂါထာ၊ ဒိဝါ တပတိ စသော ဂါထာတို့သည် ဥုံ ၊ သြောင်း စသည် မပါသောကြောင့် သံသယ ရှင်းရှင်း ရွတ်ဖတ်သရဇ္ဈာယ် ကောင်း၏။ အထူးအဆန်း အသစ်အဆန်း အနေဖြင့် အများသူငါ မရဖူး မကြားဖူးသော ဂါထာများကိုသာ ရွတ်ရန် စိတ်ဝင်စားကြသော သူများ သတိမူကြပါကုန်။
ဂါထာ ရှေ့၌ဖြစ်စေ ၊နောက်၌ဖြစ်စေ ဥုံ - သြောင်း စသည် တွေ့မြင်ပါက ဘုရားဟော ဂါထာ မဟုတ်ဘဲ လောကီ ၀ိဇ္ဖာပညာရှင်တို့ လောကီအကျိုးအတွက် ရေးသွင်းခဲ့သော အစီအရင်ဂါထာများဖြစ်ပေသည်။
အင်းကန်းခြင်း ၇-ပါး
အင်းကွက်ထဲ၌ အင်းဆန်သွင်းသောအခါ အောက်ပါအပြစ် ၇-ပါးကြောင့် အကျိုခံစားခွင့်တန်ခိုးအာနိသင်မရှိ၊ အင်းသည် သူကန်းသဖွယ်ဖြစ်သွားသည်ဟူ၏၊
(၁) နက္ခတ် မမှန်ခြင်း၊
(၂) အင်းဆန်ဂဏန်းအက္ခရာ မမှန်ခြင်း၊
(၃) အင်းသွား အလှည့် မမှန်ခြင်း၊
(၄) အက္ခရာဂဏန်း မညီမတန်းခြင်း၊
(၅) ကိုယ်ဝန်ဆောင်မသန့်ရှင်းသူတို့ ကိုင်ခြင်း၊
(၆) အင်းချသူ၏ကိုယ်လက် မသန့်ရှင်း ညစ်ပတ်ခြင်း၊
(၇) ဂါထာဗန္ဓ မမှန်ခြင်း။
အင်းကျိုးခြင်း ၇-ပါး
အင်းချစဉ် အပြစ် ၇-ပါးကြောင့် အင်းကျိုးပျက်သွားသည်ဟူ၏၊
(၁) လူနေရာရွှေ့ခြင်း၊ ဣရိယာပုထ်ပြောင်းလဲခြင်း၊
(၂) စကားပြောခြင်း၊ တေးသီ လေချွန်ခြင်း၊
(၃) လူးလဲလှယ်၍ စီစဉ်ခြင်း၊
(၄) စီရင်မပြီးဆုံးခင် ထ၍သွားခြင်း၊
(၅) အင်းအုံပြတ်ခြင်း၊
(၆) စတုရန်း ၄-မျက်နှာမျဉ်းမတားမီ အတွင်းမျဉ်းများကိုတားခြင်း၊
(၇) အင်းပေါင်ရွှေ့ခြင်း။
အင်းချသူ အင်္ဂါ ၈-ပါး
ဤအင်္ဂါရှစ်ပါးပြည့်စုံမှသာလျှင် ထူးမြတ်လွန်ကဲသော အကျိုးကျေးဇူးဂုဏ်ထူး လာဘ်မြတ်တို့ကို ပေးစွမ်းနိုင်သည် ဟူ၏၊
(၁) မိမိစီရင်သောအင်းကို ယုံကြည်လေးမြတ်ခြင်း၊
(၂) ကောင်းသောအလိုဆန္ဒ ၀ီရိယရှိရခြင်း၊
(၃) ကောင်းမှန်သောအသိဥာဏ် ပညာရှိရခြင်း၊
(၄) အစီအရင်ကို အရိပ်ဖြင့်မကွယ်ရခြင်း၊
(၅) တစ်စုံတစ်ခုသော ဒွါရကိုမပိတ်ရခြင်း၊
(၆) စကားမပြောရ၊ အခြားသို့လှည့်မကြည့်ရခြင်း၊
(၇) မပြီးခင် ခေတ္တခဏမျှ ထ၍မသွားရခြင်း၊
(၈) မိမိစီရင်နေသောအင်းမှ တစ်ပါးသို့ အာရုံများကို
မတွေးတောရခြင်း။
အင်းပေါက်ခြင်း ၇ ပါး
ပေါက်ထွက်နေသောအင်းကား တန်ခိုးမရှိ တတ်ဟူ၏၊
(၁) အင်းဘောင်ချင်းမထိစပ်ခြင်း၊
(၂) အင်းဘောင်အင်းကွက်ကို မျဉ်းဖေါက်ထွက်နေခြင်း၊
(၃) အင်းချ မမှန်ခြင်း၊
(၄) အင်းဘောင်နှင့် အင်းဆံ ထိစပ်နေခြင်း၊
(၅) ဂဏန်းထောင့် မကိုက်ခြင်း၊
(၆) အက္ခရာမပီသ မမှန်ခြင်း၊
(၇) အင်းကွက်ချ မညီခြင်း။
ဘားနဒ် ပိဋကတိုက် လောကီပရပိုဒ် တစ်စောင်မှ ဘားမဲ့ လောကီကျမ်းကိုညွှန်းသည်။
မှတ်ချက်။ ။ယုံသော်ရှိ မယုံသော်ရှိ မိမိတို့ ကိုယ်ပိုင်အမြင်သာဖြစ်ပြီး ဗဟုသုတ ရစိမ့်သောငှာတင်ပေးခြင်းပါသည်။
ကိုးကား- ဘားမဲ့လောကီကျမ်း

Aye Chan Mon Credit To;The Express Times