Saturday, April 4, 2015

လွဲမုတ်တောင်ပေါ် ကားနဲ့တက်လို့ရပြီ


i


ဆောင်ခဲ့ကြပါသည်.
ပြည့်စုံနေ သည်ကိုမြင်တွေ့ ရလို့ ဝမ်းမြောက်

unicode version

၁၃၇၆ ခုနှစ် တံခူးလပြည့်ကျော်(၁)ရက်
(4.4.15)ရက်နေ ့ကမော်လူးမြို ့ လွဲမုတ်တောင်စေတီတော်သို ့အသစ်ဖောက်
လုပ်ထားသည့်လမ်းမှ. မော်တော်ယာဥ်ငယ်
ဖြင့် ဦးစွာပထမ တက်ရောက်ဖူးမြော်လာကြ
သည့်. ဦးသုန္ဒရ (ပြည်) ဦးဥတ္တမ(မိုးညို)ဦးစန္ဒ
န(ရန်ကုန်) ဦးဝါယာမ (မော်လူး) ဆရာတော်များဖြစ်ကြပါသည်.
လွန်ခဲ့သည့်နှစ်(၃၀)ခန် ့ကာလက ဒေသ သံ
ဃာ တကာတကာမများနှင့်အတူ စေတီ
တော်စတင်မွမ်းမံပြု ပြင်ရာမှာ အကျိုးတော်
ဆောင်ခဲ့ကြပါသည်.
မျက်မှောက်ခေတ်ခါတောင်တော်စေတီမှာ
ရေ. မီး. အစုံ. ဇရပ်တန်ဆောင်း. ဓမ္မာရုံနှင့်
ပြည့်စုံနေ သည််ကိုမြင်တွေ ့ရလိို ့ဝမ်းမြောက်
န ုမော်သာဓုခေါ်ခဲ့ကြပါသည် .,...်
credit to U War Ya Ma

ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အုတ်ဖောင်ဒေးရှင်း ဆောင်ရွက်ပြီးစီး



ကျောင်းဆောင်သစ်ဆောက်လုပ်ရန် အုတ်ဖောင်ဒေးရှင်း ဆောင်ရွက်ပြီးစီး
မော်လူး၊ ဧပြီ ၎
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


unicode version

ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ဆောင်ရွက်ပြီးစီး
မော်လူး၊ ဧပြီ ၄
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင် - ပေကုန်း အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းဆောင်သစ်ဆောက်လုပ်ရန်အတွက် အောက်ခြေဖောင်ဒေ.းရှင်း အုတ်လိုင်းပြေးခြင်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးမှ ဘိလပ်မြေအိတ် ၂၀၀၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ဘိလပ်မြေအိတ် ၃၀၀ တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း၊ အသစ်တည်ဆောက်မည့် ကျောင်းဆောင်သစ်မှာ အလျား ၂၀၀ ပေ၊ အနံ ၂၄ ပေ၊အမြင့် ၂၄ ပေ၊ ကော်ရစ်တာအကျယ် ၆ ပေရှိ အုတ်ညှပ်သွပ်မိုး နှစ်ထပ်ဆောင်ကို စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ပြီးစီးခဲ့သည့် အောက်ခြေဖောင်ဒေရှင်းမှာ အနက် ၄ ပေ၊ အမြင့် ၃ ပေရှိပြီး ဘိလပ်မြေအုတ် ၁၆၃၀၀ ချပ်၊ မြေအုတ် ၁၆၅၀၀ ချပ် ကုန်ကျခဲ့ကြောင်း၊ ယင်းလုပ်ငန်းဆောင်ရွက်ရာတွင် နန့်စီးအောင် - ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ စာရေးအဆင့်(၁) ဒေါ်ဝင်းဝင်းခိုင်၊ နန့်စီးအောင် အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စင်းချိန်၊ ကျောင်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအထောက်အကူပြုကော်မတီဝင်များမှ ဦးဆောင်ကြီးကြပ်ပြီး ရွာသူ/သားများ၏ လုပ်အားဒါနများဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး မတ်လ ၂၉ ရက်နေ့တွင့် အောက်ခြေဖောင်ဒေးရှင်း အုတ်လိုင်းဆောင်ရွက်ခြင်းလုပ်ငန်း ပြီးစီးခဲ့ကြောင်း သိရသည်။