Sunday, February 28, 2016

ဘွဲ့ရတွေ လယ်တန်းပြခေါ်ပြန်ပြီ



မြေအောက်ရေ ရှာနည်း



ဒီနည်းလမ်းလေး တော်တော်ကောင်းတယ်ဗျာ
" မြေအောက်ရေရှာ ဖွေနည်း"
မြေအောက်ရေ လိုချင်ပြီး ဘယ်နေရာ တူးရင်
ရေတိမ်၂ပေါ၂ လိုချင်သူများ စိုက်ပျိုးရေးလုပ်
ချင်လို့ ရေဘယ်နေရာမှာ တူးရင် အဆင်ပြေမလည်း
သိချင်သူ မိတ်ဆွေ သူငယ်ချင်းများအတွက်
မြေအောက်ရေရှာ ဖွေနည်း
ပုံတွင်မြင်တွေ့နေရတဲ့ နံပါတ် ၄; ၆; ၈ ရရာ
ကြေးချောင်း၂ ချောင်းတွင် ၁ချောင်းလျှင်
၁၈လက္မခန့် လိုပါမယ်: ၅လက္မ ကျန် ၉၀°
ချိုးလိုက်ပါ ၄င်းကြေးချောင်း၂ချောင်းကို
လက်ဖြင့် ခပ်ဖွ၂လေးဆုပ်ကိုင်ပြီး မျက်နှာ
ရှေ့တည့်၂အပြိုင် ဖွ၂လေးဆုပ်ကိုင်လိုက်
ပါ ဆုပ်ကိုင်ပြီး ဖိနပ်ချွတ်လျက် လမ်းလျှောက်
ပါ လမ်းလျှောက်ရာတွင်ရှေ့ခြေဖနောင့်နှင့်
နောက်ခြေမ ထိအောင်လှမ်းပါ 
(cat walk) လျှောက်သလိုရှေ့နောက်ထိအောင်လှမ်းပါ
ရေရှိသောနေရာရောက်လျှင် အပြိုင်ခပ်ဖွ၂
ဆုပ်ကိုင်ထားသောကြေးချောင်း ၂ချောင်းမှာ 
အလို၂တွန်းကန်လာပါလိမ့်မည်
မြေအောက်ရေနည်းလျှင်နည်း၂ပဲ တွန်းကန်ပြီး
မြေအောက်ရေများရေကြောသန်လျှင်
များ၂တွန်းကန်ပြီး အတွင်းသို့ ပါးဘက်ဆီသို့
တွန်းကန်လာပါလိမ့်မည်
ဤနည်းကိုသုံး၍
မြေအောက်ရေအနည်းအများကို စမ်းသပ်ကြည့်နိုင်ပါပြီ
NB : ရွှေသာလျောင်းတောင်ခြေ
ကျောက်ဆည်မှာ စမ်းထားတာပါ 
၂၀၀ နဲ့ ၃၀၀ကြား မှန်းထားပါတယ်
၀၉၂၆၅၃၇၀၁၁၃. ၀၉၂၆၅၆၃၆၈၉၇ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Wynn Thann Twara
https://www.facebook.com/WynnThann/posts/833841820047717?pnref=story

Thursday, February 25, 2016

နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့သော မော်လူး မီးသတ်မျှော်စင်ကြီး ပင်စင်ယူပြီ



ဟောင်းနွမ်း ဆွေးမြေ့အန္တရာယ်ရှိသောမီးသတ်မျှော်စင်ကိုစစ်ဆေး အချိန်မီရှင်းလင်းဖယ်ရှားတော့မည်
မော်လူး ဖေဖော်ဝါရီ၂၅
@@@@@@@@@@@@@@@@@@@@@စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသအရံမီးသတ်မျှော်စင်သည် အောက်ခြေယက္မတန်းများဆွေးမြေ့ပြီး ကြံ့ခ်ုင်မှုအားနည်းကာအန္တရာယ်ရှိနိုင်သဖြင့် ဖေဖော်ဝါရီ၂၄ရက်နေ့ကတာဝန်ရှိသူများစစ်ဆေးခဲ့ပြီး အချိန်မီဖယ်ရှားရှင်းလင်းတော့မည်ဖြစ်ကြောင်းသိရသည် 
အနစ်၃၀ကျော်သက်တမ်းရှိသောအဆိုပါ မီးသတ်မျှော်စင်သည်မော်လူးဒေသ(၉)တိုက်နယ် (၁၀)အုပ်စုကျေးရွာပေါင်း (၄၂)ရွာအတွက်မရှိမဖြစ်အရေးပါသောမျှော်စင်တစ်ခုဖြစ်သကဲ့သို့ ဟောင်းနွမ်းဆွေးမြေ့ကာကြံ့ခိုင်မှုမရှိသဖြင့်အချိန်မီဖယ်ရှားသင့်ကြောင်း အမြင့်ပေ(၆၀) အောက်ခြေအကျယ်၁၅ပေရှိပြီး အောက်ခြေယက္မတန်းများဆွေးကာခိုင်ခန့်မှုမရှိတော့သဖြင့်သဘာဝဘေးအန္တရာယ်ကြောင့်အချိန်မရွေးလှဲပြို နိုင်သည့်အတွက် ပြန်လည်ပြု ပြင်ခြင်းမပြုတော့ဘဲရှင်းလင်းဖယ်ရှားတော့မည်ဖြစ်ကြောင်း ဒေသအရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပြသည်
....အခုဆိုရင်ဒီမီးသတ်မျှော်စင်ဟာ အနှစ်၃၀ကျော်ခဲ့ပါပြီတိုင်အားလုံးကလည်းသစ်သားတိုင်ပါ ယက္မထောက်းတန်းတွေလည်းဆွေးနေပါပြီ ဒါကြောင့်အချိန်မီဖယ်ရှားဘို့လိုအပ်နေတဲ့အတွက်မော်လူးဒေသအရံမီးသတ်တပ်ခွဲမှူး ဦးခင်အောင်ဦးဆောင်တဲ့အဖွဲ့တွေနဲ့စစ်ဆေးနေတာပါ အန္တရာယ်ရှိတဲ့အတွက် ဖျက်မှာပါဟု မော်လူးအုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းစိန်ကပြောပြသည် အဆိုပါမီးသတ်မျှော်စင်ကိုဖယ်ရှားရှင်းလင်းပြီးပါက ၄င်းနေရာတွင်အသစ်ထပ်မံရောက်ရှိလာတော့မည့်မီးသတ်ကားအသစ်တစ်စီးနှင့်အတူမီးသတ်ကားနှစ်စီးဝင်အဆောက်အဦးကိုဆောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်
Cyclone

မော်လူး လမ်းမတော်လမ်းက သံဓာတ်တိုင်တွေ ကွန်ကရစ်တိုင် တွေနဲ့ အစားထိုးပြီ



Khin Swe  fbမှ
ဖေဖော်ဝါရီ၂၅ရက်နေ့ကမော်လူးမြို့နယ်လျှပ်စစ်မှူးဦးမောင်မောင်ငြိမ်းမှအနီးကပ်ကြီးကြပ်ပြီးနေ့စားနှင့်လျပ်စစ်ဝန်ထမ်းများကမြို့တွင်းရှိဆွေးမြေ့ဓာတ်တိုင်များအားကွန်ကရစ်ဓာတ်တိုင်ဖြင့်အစားထိုးလှဲလှယ်ဆောင်ရွက်

Wednesday, February 24, 2016

ကျိုက်ထီးရိုးစေတီတော်ရဲ့စိန်ဖူးတော် အနီးကပ်ဖူးမြော်ရအောင်ပါ...








ကျိုက်ထီးရိုးစေတီတော်ရဲ့စိန်ဖူးတော် အနီးကပ်ဖူးမြော်ရအောင်ပါ...
အများဖူးမြော်ရန်လည်း Like & Share လုပ်ပေးပြီး ကုသိုယူကြရအောင်နော်...

ယခုနှစ် ဒီပင်္ကရာဘုရားပွဲ ဇာတ်ပွဲဖျာလက်မှတ်ရောင်းရငွေ စာရင်းတဲ့




ဒီပင်္ကရာ ဘရားပွဲတော် ဖျာရောင်းရငွေစာရင်း
ပထမ ည = 122000
ဒုတိယည = 648000
တတိယည=871000
စတုတ္ထည =890000
ပဉ္စမ ည =944000
ဆဋ္ဌမ ည =688000
စုစုပေါင်းရငွေ= 4163000
လေးဆယ်တစ်သိန်းခြောက်သောင်းသုံးထောင်ကျပ်တိတိ ရရှိပါသည်။


fb  မှာ  တွေ့လို့  ကျန်သောစာရင်းများလည်း  တင်ပေးခဲ့ရင်  ဆက်လက်ဖေါ်ပြပေးပါမည်။

Monday, February 22, 2016

♪ 1MB ကိုပြား၈၀ သာကျသင့်မည့် အသက်သာဆုံးအင်တာနက် Plan အသစ်ကို MPT မိတ်ဆက်

♪ 1MB ကိုပြား၈၀ သာကျသင့်မည့် အသက်သာဆုံးအင်တာနက် Plan အသစ်ကို MPT မိတ်ဆက် ♫


ဒေတာများနဲ့ညဟူသော အစီအစဉ်သစ်တစ်ခုကို MPT က မိတ်ဆက်လိုက်ကြောင်း ကြေညာခဲ့သည်။

အဆိုပါအစီအစဉ်သည် ညအချိန်အင်တာနက်အသုံးပြုသူများ အတွက် သီးခြားစီစဉ်လိုက်သည် အစီအစဉ်ဖြစ်ပြီး ည ၁၁ မှ နံနက် ၇ အထိသာ အကျုံးဝင်သည်ဟု သိရသည်။ ဒေတာများနဲ့ည အစီအစဉ်သည် ဆွေသဟာအသုံးပြုသူများ အတွက်သာ အကျုံးဝင်ပြီး ၁ ညစာအင်တာနက် အသုံးပြုသူများအတွက် 250 MB ကို ၃၀၀ ကျပ်၊ ၁ ပတ်စာအင်တာနက် အသုံးပြုလိုသူများအတွက် 1GB လျှင် ၁ ထောင်ကျပ်၊ တစ်လစာအသုံးပြုလိုသူများအတွက် 4GB လျှင် ၃၂၀၀ ကျပ်ဟူ၍ ဈေးနှုန်း သတ်မှတ်ထားကြောင်း သိရသည်။

Credit to ==> Internet Journal

မြို့နယ်​ ​မော်​လူးတွင်​​ဖေ​ဖော်​ဝါရီ၂၁ရက်​​နေ့​နေ့လည်​၁၂နာရီအချိန်

 ဒုတိယအကြိမ်​​မြောက်​အင်း​တော်​မြို့နယ်​သတင်း​ထောက်​များအသင်းအစည်းအ​ဝေးပွဲကျင်းပပြုလုပ်
မော်​လူး ​ဖေ​ဖော်​​ဝါရီ ၂၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဒုတိယအကြိမ်​​မြောက်​ အင်း​တော်​မြို့နယ်​သတင်း​ထောက်​များအသင်းအစည်းအ​ဝေးကို
ကသာခရိုင်​အင်း​တော်​မြို့နယ်
မော်​လူးတွင်​​ဖေ​ဖော်​ဝါရီ၂၁ရက်​​နေ့​နေ့လည်​၁၂နာရီအချိန်​ကကျင်းပပြုလုပ်​သည်​။
မော်​လူး ရပ်​ကွက်​(၂)မြို့နယ်​သတင်း​ထောက်​တွဲဖက်​အတွင်း​ရေးမှူးဦးခင်​​မောင်​​ဆွေ၏​နေအိမ်​တွင်​အသင်းသူအသင်းသားစုစု​ပေါင်း(၁၅)​ယောက်​တက်​​ရောက်​ကြပြီး
အစီအစဉ်​အရ နာယက
ညိုမင်းထက်​ကသတင်း​ထောက်​များရှိသင့်​ရှိထိုက်​​သောအရည်​အချင်းများအ​ကြောင်းနှင့်
့​ပြည်​​သူအတွက်​​ခေါင်​စဉ်​ဖြင့်​၎င်း
မြို့နယ်​သတင်း​ထောက်​ဥက္ကဋ္ဌ္ကဒုံးကျည်​(နဘား)က
စာနယ်ဇင်းအဖွဲ့ဝင်များကအင်း​တော်​မြို့နယ်​၏ဂုဏ်​ကိုမြင့်​တင်​​ပေးနိုင်​သဖြင့်​ဝမ်းသာမိပါ​ကြောင်း
သတင်းရယူခြင်းနှင့်​ပါတ်​သက်​ပြီး
သိ​ကောင်းစရာများအများပြည်​သူအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်​​ရေး
သတင်း​ရေးသားရာတွင်​တာဝန်​ယူမှု တာဝန်​ခံမှုနှင့်
သတင်းမီဒီယာများဆောင်​ရန်​​ရှောင်​ရန်
သိ​ကောင်းစရာများအ​ကြောင်းကို၎င်း
ဒုတိယဥက္ကဌ​လေ​ပွေနီကမြို့နယ်​သတင်း​ထောက်​များဖွဲ့စည်းပုံနှင့်​ပါတ်​သက်​ပြီး

မိမိတို့အဖွဲ့အစည်း​ရေရှည်​တည်​တန့်​ခိုင်​မြဲနိုင်​​ရေး
သက်​ကြီးမီဒီယာများအား ကူညီ​ထောက်ပံ့​ပေးနိုင်​​ရေး
တို့ကိုရှင်းလင်း​ပြောကြားပြီးတက်​​ရောက်​လာကြသူများကအင်း​တော်​မြို့နယ်
သတင်း​ထောက်​များအသင်း​ရေရှည်​တည်​တန့်​ခိုင်​မြဲ​ရေးအတွက်​ဝိုင်းဝန်းအကြံပြုကြ​ကြောင်းနှင့်
မြို့နယ်​သတင်း​ထောက်​ဥက္ကဌနှင့်​ အဖွဲ့ဝင်​များက
(၁၀၅)ကြိမ်​​မြောက်​​မော်​လူး​ဒေသ
သမိုင်းဝင်​ဒီပင်္ကရာပွဲ​တော်​သို့သွား​ရောက်​ကာ
သတင်းမှတ်​တမ်းဓာတ်​ပုံများရယူခဲ့​ကြောင်းသိရသည်

Sunday, February 21, 2016

နိုင်ငံရေးသမားတွေသတိထား


နိုင်ငံရေးသမားတွေသတိထား
--------------------------------------
အမေရိကန်သမ္မတ ဘုရှ်ကို ဘာ့ကြောင့် ဘုရားကျောင်းမသွားတာလဲ ဆိုတော့
ငါ အလုပ်မအားလို့  မသွားနိုင်ဘူးတဲ့
အဲဒီဘာသာရေးနဲ့ ပါတ်သတ်တဲ့စကားကို
ပြောခဲ့ပေမဲ့ သူ ဘာမှမဖြစ်ဘူး။
သခင်သန်းထွန်းဟာ နိုင်ငံရေးသမားကောင်းတဦးပဲ ဒါပေမဲ့ ငါသာနိုင်ငံ့ခေါင်းဆောင်ဖြစ်ခဲ့ရင် ရွှေတိဂုံဘုရားကရွှေတွေကိုခွါပြီုးပြည်သူလူထုအတွက် အသုံးချမယ်တဲ့ အဲဒီစကားတစ်ခွန်းက သူ့ ကိုကျရှုံးစေခဲ့ပြီး ပြည်သူလူထုရဲ့ မုန်းတီးမှုကို ရရှိစေခဲ့တယ်။
မိုးသီးဇွန်ဟာ မြန်မာနိုင်ငံပညာရေးနိမ့်ပါး
တာဟာ ဗုဒ္ဓဘာသာတွေရဲ့ စာပေတွေ
ကြောင့်လို့ ပြောခဲ့တယ် သူအခု မြန်မာ့
နိုင်ငံရေးလောကမှာ မဝင်ဆန့် တော့ဘူး
ဘင်လာဒင်ဟာ အာဖဂန်နစ္စတန်ကဗုဒ္ဓ
ဆင်းတုတော်တွေကို ဖျက်စီးတော့
ဆင်းတုတော်ရဲ့နောက်ကျောနံရံမှာ
ဤဆင်းတုတော်ကိုဖျက်ဆီးသူသည်
တလအတွင်း သေပွဲဝင်ပါစေဆိုတဲ့စာမ်း
ကိုတွေ့ ရှိခဲ့တယ် ဒါပေမဲ့ သူဖျက်စီးခဲ့တယ်
ဆင်းတုတော်ဖျက်စီးပြီးတလပြည့်ဲ့တဲ့နေ့ မှာ သူ အသတ်ခံခဲ့ရတယ်။
ဘာသာတရားကိုစော်ကားတာချင်းတူ
ပေမဲ့ ပျက်စီးပုံချင်းအကျိုးပေးကျတော့
မတူတော့ဘူး။
အဲဒါဟာ ဘာသာတရားရဲ့မြင့်မြတ်ပုံချင်း
ကွာခြားလို့ ပဲ။
မြန်မာ့နိုင်ငံရေးလုပ်ရင် ဘာသာရေးကို
ဥပေက္ခာပြုလို့ မရဘူး ဘာဖြစ်လို့ လည်း
ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ 
ဘာသာရဲ့စစ်မှန်မှူ့ နဲ့ အတိမ်အနက်ကို
သိလို့ ပဲ။
ဒါဟာ မြန်မာ့နိုင်ငံရေးသမားတွေ
သတိထားသင့်တယ်။
နောက်ပြီး ဘုရားရှင်တွေရဲ့ ဂုဏ်ကျေးဇူး
ကွာတဲ့အတွက် စော်ကားသူကိုအကျိုး
ပေးတာလည်းကွာခြားလိမ့်မယ်။
ဗုဒ္ဓဘာသာကိုစော်ကားမိရင်တော့
စော်ကားသူရဲ့အကြောင်းမကောင်းနိုင်ဘူး။
ဘာ့ကြောင့်လည်းဆိုတော့
တခြားဘုရားတွေလို လွယ်လွယ်ဘုရား
ဖြစ်လာတာမဟုတ်ပဲ
လေးသင်္ချေကမ္ဘာတစ်သိန်းပေးဆပ်ခဲ့ရတဲ့
မဟာကရုဏာတော်ကြောင့်ပဲ။
@@@ သီတဂူဆရာတော်-
(သာသနနွယ်fbစာမျက်နှာမှ)

Friday, February 19, 2016

U Zanaka Mawlu ၏ time line မှ ဘဝ မှာ အခြေခံ အကျဆုံး ဆုံးမစာ

U Zanaka Mawlu added 3 new photos.
မပြစ်မှား မစော်ကားမိပါစေနဲ့
♬ ♬ ♬ ♬ ♬ ♬ ♬ ♬ ♬
သုံးပါးရတနာ၊ဆရာမိဘ
ဂုဏဝုဎ္ဋာ၊ဝယာဝုဒ္ဓ
ဟူသမျှအား၊ ပြစ်မှားလေက
ခုဘဝတွင်၊ပြင်းစွအနာ
ဥစ္စာဆုံးရှုံး၊ကိုယ်လုံးပေါက်ကွဲ
နူဝဲဆွံ့အ၊ရူးရတဖြာ
ကြုံလာမင်းဆိုး၊ဆွေမျိုးပျက်စီး
ပြုန်တီးဥစ္စာ၊အိမ်မှာမီးလောင်
နောင်သံသရာ၊အပါယ်ရွာကျ
ဆယ်ဝဒါဏ်မျိုး၊ လက်ငင်းကျိုးတွေ
ကြုံရပေလိမ့်။......
(ရှေးဆရာ)


ဘုရားပွဲ မှာ သောင်းကျန်းသူတွေကို fb မှာ ဆုတောင်းထားတယ်ဗျာ



ကို သု

မှန်တယ်လေး.......
လူ့အလိုနတ်မလိုက်နိုင်ဘူးဆိုတာ
ပွဲမကောင်းတော့လည်း
မကောင်းဘူး..မကောင်းဘူးညဉ်းလိုက်ကြတာ
ကောင်းပြန်တော့လည်း ကောင်းမွန်ဘေးကင်းစွာမပျော်ကြဘူး......
Fbစကားနဲ့များပြောရရင်တော့...,**ငိုးမသာတွေပေါ့**.....။

Thursday, February 18, 2016

မော်လူး ဟဲနု စာသင်ကျောင်းမှသင်ထောက်ကူပစ္စည်းများ ဖောက်ထွင်းခိုးသူအား နဘားဘူတာ၌ဖမ်းဆီးရမိ






စာသင်ကျောင်းမှသင်ထောက်ကူပစ္စည်းများ
ဖောက်ထွင်းခိုးသူအား
နဘားဘူတာ၌ဖမ်းဆီးရမိ
၂၀၁၆ဖေဖော်ဝါရီ၁၉
နဘား.
19.2.2016ရက်နေ့မနက်33း0အချိန်ကနဘားဘူတာသို့ဆိုက်ရောက်လာသောအမှတ်50အစုန်
နဘား_မြစ်ကြီးနားလော်ကယ်ရထားဖြင့်လိုက်ပါလာသောခရီးသည်တစ်ဦးအားမသင်္ကာဖွယ်
်အနေအထားဖြင့်မြင်တွေ့ရသောကြောင့်
နဘားဘူတာလုံခြုံရေးတာဝန်ယူထားသော
မှုခင်းကျဆင်းရေးအဖွဲ့
မီးရထားရဲတပ်ဖွဲ့. ခွဲ(၂)တပ်စု(၁)နဘားစခန်းမှ
ဒုရဲအုပ်အောင်ကျော်မိုး. ဒုတပ်ကြပ်သန်းဇော်
တပ်သားကျော်မင်းဦးတို့မှစစ်ဆေးခဲ့ရာ
တီဗွီအပေါ်စက်အောက်စက်နှင့်ကျောင်းသုံးပစ္စည်းများကို.
ဦးအောင်ကျော်မိုး. (ဘ)ဦးရဲမြင့် အသက်၄၅နှစ်ထံမှတွေ့ရှိခဲ့သည်။
ထို့နောက် နဘားအုပ်ချုပ်ရေးမှုးဦးညီညီဝင်း.
နဘားဘူတာဒုရုံပိုင်ဦးဘရန်ရှောင်တို့ရှေ့မှောက
်တွင်သက်သေခံပစ္စည်းများကိုသိမ်းဆည်းကာ
အဆိုပါဦးအောင်ကျော်မိုး. ဖောက်ထွင်းခိုးယူလာသည်မှာ မော်လူးမြို့ဟင်းနု
အခြေခံပညာမူလတန်းကျောင်းမှဖြစ်ကျောင်း
သိရှိရပါသည်။
ခိုးယူလာသူ၏ထွက်ဆိုချက်အရ
ယခင်ကလည်းနဘားရွာလာရောင်းချခဲ့ဖူးကြောင်းသိရှိရပါသည်။
ယဉ်ယဉ်သိန်း နဘား
19.2.2016

တော်သေးပါ၏  မော်လူး&%$ ကိုအားကိုးလို့  တော့ 

ရွှေတိဂုံ စေတီတော် သမိုင်းကြောင်း




သိန်း မြင့်
ရွှေတိဂုံ စေတီတော် သမိုင်းကြောင်း
------------------------------------------
ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိသိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။
တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ(၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး (ကမ္ဘာ့အံ့ဘွယ်)
အမည်ခေါ်တွင်ပုံ
-------------------
ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟုေ

ဒုက္ခ ၇ မျိုး




ဒုက္ခ ( ၇ ) မျိုး
=========
လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ=

(၁) ဒုက္ခ ဒုက္ခ။

(၂) ၀ိပရိဏာမဒုက္ခ။
(၃) သင်္ခါရဒုက္ခ။

(၄) ပဋိ စ္ဆန္နဒုက္ခ။

(၅) အပ္ပဋိ စ္ဆန္နဒုက္ခ။

(၆) ပရိယာယဒုက္ခ။

(၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။

(၁) ဒုက္ခ ဒုက္ခ = =
ကိုယ်ထဲမှာ နာကျင်ကိုက်ခဲခြင်း စသည်ဖြင့် အခံခက်တဲ့ ကိုယ်ဆင်းရဲကတစ်မျိုး၊ စိတ်ထဲမှာ စိတ်ပူခြင်း၊ စိတ်ညစ်ခြင်း၊ နှလုံးမသာခြင်း၊ ၀မ်းနည်းခြင်း စသည်ဖြင့် အခံခက်တဲ့ စိတ်ဆင်းရဲကတစ်မျိုး၊ ဒီ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲကို ဒုက္ခ ဒုက္ခလို့ ခေါ်ပါတယ်။ သူ့သဘောကလည်း အခံရခက်တဲ့ ဆင်းရဲပဲ။ သူ့အမည်ကလည်း ဒုက္ခဆင်းရဲပဲ။ ဒါကြောင့် ဒုက္ခဒုက္ခလို့ ခေါ်ပါတယ်။ ဆင်းရဲသဘောရှိတဲ့ ဆင်းရဲတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့ လူတိုင်းလူတိုင်းက ကြောက်ကြပါတယ်။ ကိုယ်ထဲစိတ်ထဲ၌ မခံသာတဲ့ ဆင်းရဲကို ဒုက္ခဒုက္ခလို့ ခေါ်ပါတယ်။

Wednesday, February 17, 2016

မူလတန်းဆရာ တစ်သိန်းကျော်တိုးချဲ့ခန့်အပ်မယ် တဲ့



 ပညာရေး စနစ် ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဆရာတွေရဲ့ အရည်အချင်း အပြင် နိုင်ငံတော် အစိုးရ အနေနဲ့ ဘယ်လောက် အထိ ပံ့ပိုး ပေး နိုင်သလဲ ဆိုတာ ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်


အခြေခံပညာ မူလတန်း ကျောင်းများမှာ ဖွဲ့စည်းပုံ ပြင်ဆင် ပြောင်းလဲပြီး ဆရာ တွေ တစ်သိန်းကျော် တိုးချဲ့ ခန့်ထားမယ်လို့ ပညာရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေး သဘောတူညီချက် အရ မူလတန်း ကျောင်း တစ်ကျောင်းမှာ ကျောင်းအုပ်တစ်ဦး၊ မူလတန်းပြ ဆရာ ၆ ဦး၊ ပြီးတော့ အထွေထွေ လုပ်သား တစ်ဦး တို့နဲ့ ပြင်ဆင် ပြောင်းလဲ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဒါပေမယ့် နယ်မြို့တွေက ကျောင်းတွေမှာ ဆရာ ၂ ဦး ၃ ဦးသာ ရှိနေပြီး ဆရာ အချိုးအစား မညီမျှတာတွေ၊ တကယ် လိုအပ်နေတဲ့ နေရာတွေမှာ ဆရာ မရှိပဲ၊ မလိုအပ်တဲ့ နေရာတွေမှာ ဆရာတွေ ပိုနေတယ်လို့ အခြေခံပညာ ဦးစီးဌာန ဦးစီး အရာရှိ ဦးငွေတိုးက ပြောပါတယ်။

သိန်းနဲ့ချီပြီး အရည်အချင်း ပြည့်ဝတဲ့ ဆရာတွေ ရအောင် ရှာဖို့ အတွက် ပညာရေး ကောလိပ်တွေကနေ ရှာဖွေမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

လေ့ကျင့်သား ပြည့်ဝတဲ့ ဆရာ ကောင်းတွေ ဖြစ်လာဖို့ အတွက် နှစ်ချီ လေ့ကျင့် ခဲ့ရပြီး လတ်တလော သိန်းနဲ့ချီတဲ့ ဆရာတွေ ဖြည့်တင်း ရမယ်ဆိုတဲ့ အတွက် အခက်အခဲတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

ပညာရေး ဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ အမိန့်စာ ထွက်လာခဲ့ပြီး ဖြစ်ပေမယ့် အခု ပညာသင် နှစ်မှာ ဆရာ အင်အား ဖြည့်တင်းမှာလား၊ ဒါမှမဟုတ် ဘယ်အချိန်မှာ ဖြည့်တင်းမှာလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပညာရေး စနစ် ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဆရာတွေရဲ့ အရည်အချင်း အပြင် နိုင်ငံတော် အစိုးရ အနေနဲ့ ဘယ်လောက် အထိ ပံ့ပိုး ပေး နိုင်သလဲ ဆိုတာ ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Tuesday, February 16, 2016

2016 ဒီပင်္ကရာ ဘုရားပွဲ လိုင်စင်မဲ့ အရက်ရောင်းရင် ဖမ်းမယ်ဆိုတာ ဂယ်ကြီးတဲ့

fb  မှာတွေ့လို့  ဂယ်ကြီးဆိုရင်တော့  ကောင်းတာပေါ့ခင်ဗျာ



အဲ . . . မော်လူးသူ/သားများ အားလုံးမင်္ဂလာပါလို့ . . . အဲ . . . ဒီပင်္ကရာ ဘုရားပွဲကြီး ရောက်ပါတော့မယ်လို့ . . . အဲ . . . အရက်ဆိုင်တွေ မရောင်းရပါဘူးလို့ . . . အဲ . . . ငါကလည်း အရက်မသောက်တာ နှစ်သုံးဆယ်လောက်ရှိပါပြီလို့ . . . အဲ . . . အရက်ဆိုင်တွေ့ရင် ဖမ်းပါမယ်လို့ . . . အဲ . . . ဂေါပကတွေကလည်း တာဝန်ယူရပါမယ်လို့ . . . အဲ . . . အခုတော့လည်းလို့ . . . အဲပါပဲလို့ . . . .

မိုးညှင်းဈေး မီးလောင်မှု ဓာတ်ပုံ






 ဖေဖော်ဝါရီလ ၁၆ ရက် မနက် ၂ နာရီ အချိန်ခန့်က
ကချင်ပြည်နယ်၊မိုးညှင်းမြို့ အောင်သပြေ
အမှတ်(၂)ဈေး မီးလောင် ပြီး ဆိုင်ခန်း (၆) ခန်း မီးလောင် ဆုံးရှုံးခဲ့ပါသည်၊၊
Credits - Lynn Loon

စကိုင်းနက် စလောင်းဖမ်းစက် ကဒ်သက်တမ်း အင်တာနက်မှာ ကြည့်လို့ရပြီတဲ့



နှိပ်ပြီး  သွားရောက်  လေ့လာ နိုင်တယ်





SkyNet DTH added 2 new photos.
မိမိတို့ SkyNet စက်၊ ကတ်သက်တမ်းကို website ကနေ http://www.skynet.com.mm မိမိကိုယ်တိုင်ဝင်ရောက်ကြည့်ရူနိုင်ပါပြီခင်ဗျာ သို့ မဟုတ် Android Devices များအတွက်လည်း http://www.skynet.com.mm/SkyNet.apk မှ download ချပြီး ကြည့်ရူနိုင်ပါပြီခင်ဗျာ
Desktop အသုံးပြုနည်း
.............................
Step 1. Internet Browser ကိုအသုံးပြု ပြီး http://www.skynet.com.mm သို့ ဝင်ရောက်ပါ။
Step 2. Smart Card တွင်ပါဝင်သော PIN နံပါတ်16 လုံးကိုမြားပြထားသည့်နေရာ တွင်ရိုက်ထည့်ပါ။
Step 3. ပုံတွင်ပေါ်နေသည့်စာသား (Human Verification Code) ကိုမြားပြထားသည့်အကွက်တွင် ရိုက်ထည့်ပါ။ ပြီးလျှင် Enquiry ကိုနှိပ်ပါ။ လူကြီးမင်းသက်တမ်းလက်ကျန်ဖော်ပြပါလိမ့်မည်။
Android Application အသုံးပြုနည်း
..........
Step 1. SkyNet app ကို ဖော်ပြပါ link ကနေ download ချပါ။
Step 2. ကနဦးဆောင်ရွက်ရန်ကိုနှိပ်ပြီး မိမိ၏ ကတ်နံပါတ်ကိုဖြည့်ပါ။ အိုကေကိုနှိပ်ပါ။ လူကြီးမင်း၏သက်တမ်းလက်ကျန် ၊ RSP လိပ်စာ အစရှိသည့်တို့ ကိုဖော်ပြပါလိမ့်မည်။

Monday, February 15, 2016

အုပ်ချုပ်ရေးမှူးကို ထိုးစုတ်ပြီးမှ ကန်တော့တောင်းပန်လိုက်တာ အဆင်ပြေသွားတယ်တဲ့ သဘောကောင်းတာကတော့ 9+ ဘဲ



YinYin Thein Naba added 2 new photos.


15.2.2016ရက်နေ့ကအင်းတော်မြို့နယ်အုပ်ချုပ်ရေးမှုးရုံးတွင်
နဘားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးယာယီတာဝန်ခံဦးညီညီဝင်းအား
နဘားကျေးရွာအုပ်စုစာရေးဦးအောင်ဖြိုးမြင့်က. မြို့နယ်အထွေ့ထွေအုပ်ချုပ်ရေးမှုးရုံး၌ကျင်းပပြုလုပ်သောလဝက်အစည်းအဝေးတွင်. တက်ရောက်လာသူများရှေ့တွင်ဦးခေါင်းအားလက်သီးဖြင့်ဒေါသအလျောက်ထိုးနက်မှုဖြစ်ပွားခဲ့ပါသည်။
ပဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍
နဘားကျေးရွာရပ်မိရပ်ဖအဖွဲ့မ
ှအင်းတော်မြို့နယ်ရဲစခန်းသို့အမှုဖွင့်ရန်သွားရောက်ခဲ့သော်လည်း. မြို့နယ်ရဲတပ်ဖွဲ့မှာစာရေးမှာအုပ်ချုပ်ရေးမှုးရုံးမှဝန်ထမ်းဖြစ်နေပါသဖြင့် သူနှင့်သက်ဆိုင်သည့်အထက်အရာရှိထ
ံတိုင်ကြားဖြေရှင်းကြပါရန်ပြောဆိုပြီး
တိုင်ကြားချက်ကိုလက်ခံရယူထားပါသည်။
မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးတင်မြင့်နှင့်ဒု
မြို့နယ်အုပ်ချုပ်ရေးမှုးဦးမင်းမင်းလတ်တို့၏မေတ္တာရပ်ခံကာစေ့စပ်ညှိနှိုင်းပေးမှုကြောင့်
အထိုးခံရသူဦးညီညီဝင်းအား. ထိုးမိသူဦးအောင်ဖြိုးမြင့်ကကန်တော့
တောင်းပန်သဖြင့်နှစ်ဖက်ကြေအေးခဲ့ကြကြောင်းသိရှိရပါသည်။
ဝန်ထမ်းတစ်ဦးအနေဖြင့်. ဒေါသအလျောက်ကိုယ်ထိလက်ရောက်ပြုကျင်မှုအပေါ်ဌာနအတွင်းဥပဒေဖြင့်လည်းပစ်ဒဏ်ပေးသွားမည်ဖြစ်ကြောင်းအင်းတော်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ အုပ်ချုပ်ရေးမှုးဦးတင်မြင့်မှပြောပါသည်။

fb  က  မ လာတာပါ

ဘုရားပွဲ မှာ ဟိုဟာ မရောင်းရလို့ ဆုတောင်းတာ ထင်လို့ fb က မ လာတာပါ




ဥာဏ်ကြီးရှင်တွေ။ပွဲမှာမရောင်းလည်းမော်လူးမှာသောက်ပြီးပွဲမှာမူးကြအုံးမှာပဲလူငယ်တွေကတော့။မူးကြောင်မူးကြောင်အရက်သမားတွေလမ်းမှယဉ်တိုက်မှူဖြစ်မှာမြင်ယောင်သေး။

တရားပွဲစီစဉ်သူများ သတိထားစရာ



သျှင်သောဘိတ added 5 new photos.


တရားပွဲစီစဉ်သူများ သတိထားစရာ
=====================
၃၁..၁၂..၁၅
-
တရားပွဲ တွေမှာ အလှူခံ ဖလားတွေချထားတယ်။
တရားလာနာတဲ့ လူတစ်ယောက်ဟာ ဒါကိုမြင်ပြီး သူမလှူနိုင်တဲ့အခါ
စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားတယ်ဆိုရင် ဒါဟာမကောင်းတော့ဘူး။
-
ပိုက်ဆံပေးပြီး မှတရားနာရတယ်ဆိုရင်ဘုန်းကြီးတို့က
တရားကိုရောင်းနေသလိုဖြစ်နေမယ်။
ရောင်းရအောင်ကလည်းကိုယ့်တရားမဟုတ်ဘူး ဘုရားတရားတော်တွေ။
-
တချို့နေရာတွေ လမ်းကိုပိတ်ပြီးတော့တောင် အလှူခံတာတွေ့ရတယ်။
သဒ္ဓါရှိတဲ့သူက လာလှူတာမျိုး မဟုတ်ဘဲကြိုနေ စောင့်နေ ပြောဆို
အလှူခံနေရင် ဒါတောင်းနေတာနဲ့အတူတူဘဲ ။
ဒါကိုလက်ခံရင်ဘုန်းကြီးတို့သူတောင်းစားဖြစ်သွားမယ်။
-
ဒါကြောင့်ဘုန်းကြီးတို့တရားပွဲတွေမှာ စာအုပ် တို့အခွေတို့အရောင်းမခံဘူး။
ဘုန်းကြီးကရောင်းတယ် ရောင်းခိုင်းတယ်ထင်မှာသိပ်စိုးရိမ်တယ်။
===============
( ပါမောက္ခချုပ်ဆရာတော် )
ဒေါက်တာနန္ဒမာလာဘိဝံသ

Sunday, February 14, 2016

မော်လူးဒေသသားတွေ အတွက် လက်သမားဆရာတွေကို ခနေစရာ မလိုသောနည်း



ပစ္စည်းတွေကို  စနစ်တကျ သိမ်းထားလို့ရတယ်  ဈေသည်တွေအတွက် ပိုအဆင်ပြေ တာပေါ့

fb  မှာတွေ့လို့

Wednesday, February 10, 2016

mawluuvillagers.blog.spot.com မော်လူးဒေသ သတင်းများစုဆည်းရာ ဘလော့ သို့ လေ့လာခဲ့သော နိုင်ငံများ



မော်လူးဒေသ သတင်းများ စုဆည်းရာ  ဘလော့ သို့  တစ်ပါတ်အတွင်း  လေ့လာသွား သော  နိုင်ငံ များ စာရင်းပါ
အဲ့ဒီနိုင်ငံတွေမှာ  မော်လူးဒေသသား တွေ  ရောက်နေကြပြီ
ဂုဏ်ယူမိပါသည်။

ပေကုန်းဆရာတော် ဈာပနပွဲ ကျင်းပနေပြီ

fb  က  မလာသည်




အင်းတော်မြို့နယ်သတင်း သမားတွေ ကြည့်လည်းလုပ်ကြအုန်း အမှားတွေကြီးထဲ လုပ်နေတယ်



မော်လူး  ဒီပင်္ကရာပွဲ  ကျင်းပမည်ဆိုပြီး  သတင်းစာတွေ မှာ ပါပါနေတာ  တစ်စောင်မှားရင်လက်ခံနိုင်တယ်  ခုဟာက  ဟိုသတင်းစာ ဒီသတင်းစာဖတ်ဖတ်  ဖတ်လိုက်လည်း  ၅  ရက်တိုင်တိုင်  ၁၈  ရက်ကနေ  ၂၂  ရက်ထိဘဲ  ရေးနေကြတယ်

ကိုယ်ရေးတဲ့  ရက်  မှန်လား  မှားလား  ပြက္ခဒိန်  လည်းလှန်ကြည့်ကြအုန်း  မော်လူးဒေသ  က သတင်းသမားတွေက  လည်း  ခက်တယ်
ကိုယ့်ပေါင်ကိုယ်ပြန်မထောင်းချင်ပါဘူး

သတင်းသမား တွေ ပြောပြမယ်  မသေမချင်း မှတ်သားထား

မော်လူး  ဒီပင်္ကရာ  ဘုရားပွဲဆိုတာ

နှစ်စဉ်  တပို့တွဲ လဆန်း  ၁၀ ရက်နေ့  မှ  တပို့တွဲလဆန်း  ၁၅ ရက် လပြည့်နေ့ ထိ  ၆  ရက်  တိုင်တိုင် ကျင်းပတာ
ပွဲက တာက  ည  ၆  ချီ  နေ့  ၄ ချီ   ပေါင်း  ၁၀ချီ

အင်္ဂလိပ်ရက်က  တော့  နှစ်စဉ် သိနိုင်အောင်  မြန်မာရက်ပါတဲ့  ပြက္ခဒိန်  တော့  နှစ်စဉ် ဝယ်ထားကြ

ဒီနှစ်ကတော့ 18-2-16  မှ 23-2-16  ထိ

နန့်ရုံ - ဂွေ့ကြီး ဘုန်းတော်ကြီးကျောင်း တွင် တည်ထားကိုးကွယ်သော စေတီ ဌာပနာ ပိတ်


စစ်ကိုင်းတိုင်းဒေသကြီးအင်းတော်မြို့နယ် နန့်ရုံ - ဂွေ့ကြီးဘုန်းတော်
ကြီးကျောင်း တွင်းရှိ
လောကနာထဓာတုစေတီတော် အား
ဌာပဏာထည့်သွင်း ကြတယ် ဆိုဘဲ

သားသား မီးမီး မရဘူးဖြစ်နေတဲ့ ဦးဦး တို တီတီ တို့ သိစေဘို့


ကုသ  နိုင်ပြီတဲ့

Tuesday, February 9, 2016

၁၀ ဘီး ကား ၀င်ရိုး သုံး တန်း ဘာကားခေါ်မယ်တော့ မသိဘူး ၁၇ သိန်းတဲ့ ကသာမှာ ဝယ်လို့ရတယ်ဆိုဘဲ








မောင်းလို့လွယ် သုံးလို့ကောင်း ဈေးလည်းချို
***********
ကျွန်တော်တို့ ကသာနယ်အတွက် ဈေးနှုန်း နှင့် လုပ်ငန်းနှင့် ကိုက်ညီတဲ့ ဒီဇယ်5×6အင်္ဂျင်
ဆယ်ဘီး ၂ တန်း ဇုန်ရုန်း တောင်သူသုံး ကားလေးပါ ၊
ဈေးနှုန်းအရလည်း အရမ်းသက်သာလှပါတယ်၊
ကသာမြို့နှင့် မိုင်၂၀ အတွင်း အရောက်ပို့ ဈေးက ၁၇၄၅၀၀၀ ကျပ်ဖြစ်ပါတယ်၊
အသေးစိတ်သိလိုပါက 
ကိုပေါက်စီ
( ခိုင်ရတီကျော်ကုမ္ပဏီလီမီတက် ) ကသာမြို့
096468156
09444026668
0949259802
09787111222

fb  က  မ လာသည်။

Monday, February 8, 2016

ပုန်းဟုန်ကျေးရွာ ချောင်းကူးကွန်ကရစ်တံတား တည်ဆောက်နေ




ပုန်းဟုန်ကျောင်းဆရာတော်ဦးဆောင်ပြီး ပြည်တော်သာတံတားငုပ်ဟောင်းမှစတင်၍ကိုယ်ထူကိုယ်ထ ကွန်ကရစ်တံတားတည်ဆောက်နေသော မြင်ကွင်းတနေရာပါ

fbမှ  မလာသည်။

Saturday, February 6, 2016

ခြင်မှတစ်ဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်တဲ့ ရေမြောင်းမတူးဘူးတဲ့ မော်လူးသားတွေတော့ ဒုက္ခ ပါဘဲ




ခြင်မှတစ်ဆင့် ကူးစက်တဲ့ ဇီကာဗိုင်းရပ်စ်ဟာ
နိုင်ငံပေါင်း ၂၀ကျော်ကို လျှင်မြန်စွာပျံ့နှံ့ခဲ့လို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက အရေးပေါ်အခြေအနေ
ကြေညာထားပါတယ်။ ဒီရောဂါဟာ သွေးလွန်တုပ်ကွေးနဲ့
ရောဂါလက္ခဏာဆင်တူပြီး လူကြီးတွေအတွက်
ကြီးမားတဲ့အန္တရာယ်မရှိပေမဲ့ သန္ဓေသားတွေအတွက်တော့
မသန်စွမ်းတဲ့ကလေးတွေအဖြစ် မွေးဖွားလာနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာ
ဇီကာရောဂါရှင်ကို တွေ့ရှိထားပြီဖြစ်လို့
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့
အရေးတယူ ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။
ပြည်သူတွေအနေနဲ့လည်း အသိစိတ်ဓာတ်နဲ့
မိမိပတ်ဝန်းကျင်မှာ ခြင်/ပိုးလောက်လန်းတွေ
မပေါက်ဖွားနိုင်အောင် ရေအိုးရေခွက် အစရှိတာတွေမှာ
ဖုံးအုပ်ထားကြဖို့
တိုက်တွန်းနိုးဆော်လိုက်ပါတယ်။

Thursday, February 4, 2016

၁၀ တန်း စာမေးပွဲ ဖြေမည့်သူများ တစ်နိုင်ငံလုံး အခွင့်ရေးတူ ဖြစ်တော့မည်



2016 တက္ကသိုလ် ဝင်တန်း  စာမေးပွဲ  မေးခွန်း  တစ်စုံတာမေးမြန်းမည်တဲ့

ဦးကြီး သာအေး ဒီနေ့ မော်လူးသား တွေကို ကယ်သွားပြီဗျာ


ဒါကတော့  လူ  တစ်ရပ်မလွတ်တဲ့  ဆောက်လုပ်ဆဲ  တံတားလေးပေါ့




ဟဲနု  ချောင်းတံတာ  တည်ဆောက်မှု  ပြန်လည်ပုံစံချပေးမယ်တဲ့ဗျာ

မော်လူး  ဒေသ  ၂၀၁၀  ရွေးကောက်ပွဲ  နိုင်
တိုင်းဒေသကြီး လွှတ်တော်အမတ် ကြီး
ဦးတင်မြင့်  မှ  နောက်ဆုံးအခြေအနေထိ
ဒေသအကျိုးအတွက်  တင်ပြတောင်းဆိုခဲ့ရာ

ဝန်ကြီးချုပ်  ဦးကြီးသာအေး  က  ဒေသအကျိုး
ရေရှည်မျှော်ကိုးကာ  ဖြည့်ဆည်းပေးသွားပါတယ်တဲ့ဗျာ

သက်တော်  ၁၂၀  ရှည်စေသော်ဝ်---

Wednesday, February 3, 2016

ရလိုရငြား ဆိုပြီး ဦးပစ္စင်း တစ်ပါး ဆုတောင်းထားလို့



မော်လူးမြို့၏အရှေ့ဘက်မှာ ဟိုတုန်းကကချင်တွေနေခဲ့သော နားပုန်ရွာ၏ချောင်းဖြား သည် မိုးလကာလှတုန်းက ရေများတိုက်စားမှု့ကြောင့် တောတောင်သူလယ်သမာများ သီးနံစပါးများပျက်ခဲ့ရသည် ဌာနဆိုင်ရာတွေကတော့ ပျက်ခဲ့သောလယ်များစာရင်တင်ခိုင်သော်လည်း စာရွက်နဲ့ဘောပင်မင်ကုန်တာပါဘဲ ဘာတစ်ခုမှအထောက်အပံမရခဲ့ပါဘူး အခုလည်းမရှိမဲ့ရှိတဲ့ထဲကနေ ဘက်ဖိုး ၁နာရီတစ်သိန်းနဲ့ ရေတိုက်ပျက်စည်းသွားသောလယ်ယာကိုပြန်လုပ်နိုင်အောင် မြေတူ မြေုာင်းဖော် ရေလာကောင်းဖြစ်အောင် သိန်း၂၀ဆယ်ကုန်ကြခဲ့ပါသည် စိုက်ပျိုရေးဌာနဆိုင်ရာများသိရင် အထောက်အပံလေးမျာရလိုရငြာ အသိပေးတင်ပြလိုက်ပါတယ်