Thursday, March 31, 2016

ကဲဖတ်ထားလိုက်အုန်း ဖြစ်လာရင် အပြစ်ကြီးဘဲ တင်မနေကြနဲ့



မီးသတ်သမား နဲ့ ပြည်သူတစ်ဦး

ပြည်သူ...(မေး)…….ဟိတ်ကောင်…..မီးသတ်သမား 
မင်းတို့မီးသတ်သမားတွေကဘာလို့မီးလောင်တဲ့နေရာကို
နောက်ကျမှရောက်တာလဲကွ…… 

မီးသတ်သမား  (ဖြေ)……ဟုတ်ကဲ့ခင်ဗျ... ဘယ်နေ့ ၊ ဘယ်
အချိန် ၊ဘယ်ရပ်ကွက် ၊ဘယ်သူ့အိမ် ၊ဘယ်နေရာက မီးစ
ပြီးလောင်ပါမယ်လို့ဘယ်သူသိလဲ…???.မီးလောင်တယ်ကြိ
တ်ငြိမ်းမယ်မနိုင်တော့မှမီးသတ်ကိုအကြောင်းကြားတာ
မဟုတ်ဘူးလား….ဒါတောင်ပတ်ဝန်းကျင်က အကြောင်း
ကြားလို့သိရတာပါ……သိသိချင်းထွက်လာခဲ့တာပါဗျာ......

ပြည်သူ... (မေး)……ထားပါတော့ကွာ….ဒါဆိုမင်းတို့..
မီးသတ်ကားတွေက ရေပတ်တာမှဘယ်လောက်မှမကြာေ
သးဘူး ….ရေကုန်ပြီဆိုပြီးဘာလို့ ဆက်မပက်တော့တာလဲ…
ပိုက်ဆံမပေးလို့လား…

မီးသတ်သမား  (ဖြေ)…..မီးသတ်ကား
တစ်စီးဟာ…အမှန်တကယ်ရေပက်မယ်ဆိုရင်…မီးငြိမ်း
သတ်မယ်ဆိုရင်….(၃)မိနစ်ပဲပက်ရတယ်ခင်ဗျ…အဲဒီ(၃)မိ
နစ်မှာရေကုန်လို့နောက်ကားမလာသေးရင် အရှေ့မှာပို
က်ကိုင်ပြီး….မီးငြိမ်းသတ်နေတဲ့ တပ်ဖွဲ့ဝင်တွေအသက်
သေနိုင်တယ်ဆိုတာရော…သိရဲ့လားခင်ဗျ…..မီးသတ်ရဲ
ဘော်တွေက မီးငြိမ်းဖို့အဓိကဦးစားပေးပြီး…မိမိအသက်
ကို အဓိကမထားပဲမီးငြိမ်းသတ်နေတဲ့သူတွေဆိုတာ …
နားလည်ပေးပါခင်ဗျာ…….ခင်ဗျားတို့တွေပိုက်ဆံပေးလိုက်ရတယ်
ဆိုရင်…ကျွန်တော်တို့ကတပ်ဖွဲ့ဖြစ်တဲ့အတွက် …ကျွန်တော်တို့ကို အုပ်
ချုပ်တဲ့အရာရှိတွေဆီကို …တပ်စုအမည်လေးနဲ့ဒါမှမဟုတ်
..ဘယ်သူဆိုတာတိတိကျကျလေးတိုင်လိုက်စမ်းပါဗျာ......

ပြည်သူ... (မေး)……ရှိစေပေါ့ကွာ….မင်းတို့မီးသတ်
ကားတွေက…ဘာကြောင့်မီးသတ်ဥသြမဆွဲတာလဲမီးသတ်
ဥသြမဆွဲတော့…အခြားမှာအလုပ်သွားလုပ်နေတဲ့သူတွေ
က..သူတို့အိမ်နားမှာ မီးလောင်တာတောင်မသိတော့ဘူးေ
ပါ့ကွ…တောမီးမှန်းမသိ …အိမ်မီးမှန်းမသိနဲ့…

မီးသတ်သမား  (ဖြေ)….ကျွန်တော်တို့မီး
သတ်ဆိုတာ…တပ်ဖွဲ့ပါ ခင်ဗျ….တပ်ဖွဲ့ဆိုတာ…စာနဲ့ထွက်လာ
တဲ့အမိန့်ကိုလဲနာခံရသလို…ဒေသန္တအမိန့်ဆိုတဲ့နုတ်မိန့်ကို
လဲနာခံရတယ်ဗျ…..အထက်ဌာနက မီးတောက်မြင်မှမီး
သတ်ကားဥသြဆွဲရမယ်တဲ့…..ခင်ဗျားတို့ပြည်သူတွေ အထိတ်
တလန့်ဖြစ်မှာဆိုးလို့တဲ့လေ…..အဲဒီလိုနုတ်မိန့်နဲ့ညွန်ကြား
ထားကိုရော…ခင်ဗျားသိသလား…..

ပြည်သူ...(မေး)……ထားပါတော့ကွာ….ဒါဆိုရင်မင်း
တို့မီးသတ်တွေက …မီးလောင်တဲ့အခါမှာ မမြဲတမ်းဆုံးရှုံး
မှုတန်ဘိုးတွေလျှော့တွက်တယ်…အဲဒါဘာကြောင့်လဲ…..
မင်းသိသလားကွ……

မီးသတ်သမား  (ဖြေ)….အော်……
အမှန်တကယ်တော့…ဆုံးရှုံးမှုတန်ဘိုးလျှော့တွက်တာ
တချို့နေရာတွေမှာကောင်းပါတယ်…ဘာကြောင့်လဲ
ဆိုတော့…ပြည်သူတွေအနေနဲ့ကဆုံးရှုံးမှုတန်ဘိုးများ
ရင်..ပြစ်ဒဏ်ကပိုများမယ်….ဆုံးရှုံးမှုတန်ဘိုးနည်းရင်
…ပြစ်ဒဏ်ကနည်းမှာပေါ့….ဒါပေမဲ့ ခင်ဗျားသိထားရမှာက…အဲဒီဆုံးရှုံးမှုတန်ဘိုးကိုတွက်တာ
..မြို့နယ်/ခရိုင်မှာအမြင့်ဆုံရာထူးရှိတဲ့သူ….သူကပဲ
တွက်ပိုင်ခွင့်ရှိတယ် ခင်ဗျ......

ပြည်သူ...(မေး)……အေးထားကွာ…မင်းတို့
မီးသတ်ကားတွေက..အရမ်းမောင်းပြီးဘာကြောင့် 
ယာဉ်တိုက်မှုဖြစ်ရတာလဲကွာ….

မီးသတ်သမား  (ဖြေ)….အော်…မေးမှမေးရက်တယ်ဗျာ…မီးသတ်ကားဆိုတာ…. ဇိမ်ခံ
ကားပါကျဲဒိုးကြီးမဟုတ်သလို….မာစီးဒီးစ်ကားလဲ
မဟုတ်ဘူးခင်ဗျ…..မိနစ်အနည်းငယ်နောက်ကျတာနဲ့အမျှ
….ပြည်သူတွေရဲ့..အသက်၊အိုးအိမ်၊စည်းစိမ်…ကုန်မှာ
စိုးတဲ့အတွက်မောင်ရတဲ့ကားဆိုတာ နားလည်
ပေးပါ….ခင်ဗျားတို့ကရော…မီးသတ်ကားလာနေတာေ
တာင် အသိစိတ်နဲ့လမ်းဘေးဘယ်/ညာကိုချပေးလို့
လား….မချပေးမဲ့အပြင်မီးသတ်ကားနဲ့တောင်..အပြိုင်
မောင်းလိုက်သေးတယ်မဟုတ်လား…ခင်ဗျားတို့ကြောက်
တာ အဘကားပါကွာ….ခင်ဗျားတို့တချို့ပြည်သူတွေ …
အဲဒီလိုနားလည်မှုမရှိလို့…ကိုယ့်ထမင်းကိုယ်စားပြီး 
မီးသတ်ကားတက်မောင်းပေးတဲ့သူတွေထောင်ထဲမှာ
….ရပ်ကွက်က မီးသတ်ကားမှာယာဉ်မောင်းမရှိလို့…..
အခက်ကြုံရတဲ့ရပ်ကွက်တွေရှိတယ်ဗျ…ခင်ဗျားသိသ
လား……

ပြည်သူ... (မေး)...မင်းတို့မီးသတ်သမားတွေက မီးလောင်နေရင် ၊ လောင်နေတဲ့အိမ်ကို အရင်မငြိမ်းကျဘဲ ဘာဖြစ်လို့ ဘေးနားကမလောင်သေးတဲ့အိမ်တွေကို အရင်ရေနဲ့ပက်နေရတာလဲ???မလောင်သေးတဲ့အိမ်တွေက မင်းတို့မီးသတ်ကို ပိုက်ဆံပေးပြီး ရေပက်ခိုင်းလို့လား????

မီးသတ်သမား (ဖြေ)...မီးဆိုတာက မီးများရင်မီးနိုင်၊ ရေများရင်ရေနိုင် တယ်ခင်ဗျ။လောင်နေတဲ့အိမ်ကိုမီးသတ်ကား ၁စီးတည်းနဲ့ငြိမ်းအောင်ငြှိမ်းလို့ဘယ်လိုမှမရဘူးဗျ။ဒါ့ကြောင့် မီးသတ်ကားတွေများများရောက်လာမှ ဝိုင်းပြီးငြှိမ်းရတာ။မလောင်သေးတဲ့အိမ်ကိုအရင်ပက်ရတာကလည်း အဲ့အိမ်ရှင်ကပိုက်ဆံပေးထားလို့မဟုတ်ရပါဘူးခင်ဗျာ။လက်ရှိလောင်နေတဲ့အိမ်ကိုပက်ရင် ငြိမ်းမှာမဟုတ်တော့တဲ့အခြေအနေမှာ ဘေးပတ်ဝန်းကျင်ကိုဆက်ပြီးမကူးစက်၊မလောင်ကျွမ်းရအောင် ကြိုတင်တားဆီးထားတဲ့အနေနဲ့ ပက်ပေးထားရတာပါခင်ဗျ......မီးသတ်သမားတွေကို ဘယ်သူကမှပိုက်ဆံပေးပြီးခိုင်းလို့မရပါဘူးဗျာ.....မီးသတ်သမားတွေဆိုတာ ပြည်သူတွေအတွက်အသက်ကိုပေးထားပြီးတော့ လောင်နေတဲ့မီးတွေကိုငြှိမ်းသတ်ပေးနေတဲ့ မီးလျှ့ကြားကသူရဲကောင်းတွေပါဗျာ....

ပြည်သူ.. (မေး)……မင်းတို့မီးသတ်သမားတွေကို…
ငါအရမ်းလေးစားသွားပြီကွာ…ငါမေးခဲ့တာတွေမင်းစိတ်
မဆိုးပါနဲ့နော်..မီးသတ်သမား….ငါ့လိုပဲတစ်ခြားပြည်သူ
တွေလဲမီးသတ်သမားတွေအကြောင်းကိုသိချင်နေမှာပါကွာ………..

မီးသတ်သမား  (ဖြေ)….ကျွန်တော်တို့မီးသတ်သမားတွေက..ပြည်
သူတွေရဲ့ခံစားချက်ကိုနားလည်ပါတယ်ခင်ဗျာ.....ဘာကြောင့်
နားလည်လဲဆိုရင်…ကျွန်တော်တို့ကလဲ ပြည်သူထဲက ပြည်သူတွေဖြစ်နေလို့ပါဘဲခင်ဗျာ....

ပြည်ထောင်စု အစိုးရ အဖွဲ့ ဝန်ကြီးတွေ နာမည်နဲ့ လူမတွဲ မိသူများအတွက် သိမ်းထားလိုက်ကြအုန်း



၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ